YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Scarborn (2023) WEB-DL,720p(CM).mp4

419.84 MB N/A video/mp4 287 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Vive L'Amour
7.1

~ IMDb - 7.4/10, Rotten Tomatoes - 86% ~ Directed by "Tsai Ming-liang" ထိုင်ဝမ်ရဲ့ ပထမနယူးဝေ့ကို ၁၉၈၂ နှောင်းပိုင်းတွေမှာ Edward Yang တို့ Hou Hsiao-hsien တို့နဲ့ တခြားဒါရိုက်တာတချို့ရဲ့ ရုပ်ရှင်တွေနဲ့ စတင်ခဲ့ပြီးတဲ့နောက် Tsai Ming-liang တို့ Ang Lee တို့အပါအဝင် ၁၉၉၀နှောင်းပိုင်း ဒါရိုက်တာတစ်ချို့က သူတို့ရုပ်ရှင်တွေနဲ့ ဒုတိယနယူးဝေ့ကို အသက်သွင်းခဲ့ကြပါတယ်။ အားလုံးဟာ ဟောင်ကောင် ပြည်မတို့နဲ့မတူတဲ့ ထိုင်ဝမ်ရုပ်ရှင်ဆိုတဲ့ အငွေ့အသက်တစ်ခု သီးခြားခံစားရအောင် လုပ်နိုင်ခဲ့တဲ့ ဒါရိုက်တာကောင်းတွေချည်းပါပဲ။ သူတို့ထဲမှာ Tsai Ming-liang ရဲ့ ရုပ်ရှင်တွေဟာ တင်ပြပုံ အထူးခြားဆုံးလို့ပြောရမှာပါပဲ။ Ang Lee ကတော့ အမေရိကန်ရောက်သွားပြီး ပေါကားပေါင်းစုံပါရိုက်လာပေမဲ့ Tsai Ming-liang ဟာ နှစ်ပေါင်းများစွာကနေ ပြီးခဲ့တဲ့ ၂၀၂၀အထိလည်း ဒီလိုပုံစံကားမျိုးတွေကို ရိုက်တုန်းပါပဲ။ သူ့ရဲ့ပထမဆုံးရုပ်ရှင် Rebels of the Neon God မှာ သူ့ရုပ်ရှင်ဟာ ထိုင်ပေမြို့အငွေ့အသက် တော်တော်လေးလွှမ်းထားတယ်လို့ဆိုလို့ရပေမဲ့ အဲဒီနောက်ပိုင်းရုပ်ရှင်တွေမှာတော့ သူဟာ နေရာအစွဲကင်းတဲ့သူလို့ သူပြောဖူးတဲ့စကားနဲ့အညီပဲ သူ့ရုပ်ရှင်တွေဟာ ဒေသအပိုင်းအခြားမရွေးတဲ့ မြင်နေကြုံနေခက်ခဲခြင်းတွေ အာသီသတွေကို ပုံဖော်တဲ့ ရုပ်ရှင်တွေပိုဆန်လာတယ်။ သိသလောက်တော့ သူဟာ ဇာတ်လမ်းတစ်ခုတည်းထဲ နောက်ဇာတ်လမ်းပိစိလေးတွေကို ယက်ဖွဲ့တတ်တဲ့ဒါရိုက်တာမျိုးဖြစ်ပြီး အဲဒီဇာတ်လမ်းတွေမှာလည်း သေချာတဲ့ပြချင်တာတစ်ခု ရှိနေတတ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာဆိုရင်လည်း Main Story ဖြစ်တဲ့ မသိလိုက်ပါဘဲ တစ်ခန်းတည်း နေဖြစ်သွားကြတဲ့ လူသုံးယောက်ရဲ့ ဇာတ်လမ်းသုံးခုကို ပေါင်းစပ်ပေးထားပြီး တခြားဇာတ်လမ်းပိစိလေးပါထည့်ထားပါသေးတယ်။ သူ့ရုပ်ရှင်တွေဟာ ကင်ကီဒွပ်ရဲ့တစ်ချို့ကားတွေလောက်တော့ လုံးဝစကားမပြောတဲ့ ကားတွေတော့မဟုတ်ပေမဲ့ တော်တော်လေး စကားနည်းပြီး အပြကို ဦးစားပေးတဲ့ ရုပ်ရှင်တွေပါပဲ။ သူ့အပြတွေဟာလည်း တစ်ခါတလေကျ နိမိတ်ပုံဆန်ပြီး တစ်ခါတလေကျ တော်တော်လည်းစားပါတယ်။ ဒီထဲမှာဆို ဒီကားရဲ့ Theme ကို အရိုးအိုးရောင်းတဲ့နေရာနဲ့ ထပ်ဆင့်ပုံဖော်သွားခဲ့သလို ဖရဲသီးတစ်လုံးနဲ့ အာသီသကိုပုံဖော်သွားခဲ့သလိုပေါ့။ နားလည်ရတော့ခက်တဲ့အခန်းတွေလည်း ပါတတ်ပါတယ်။ အရေးတော့မကြီးလှပါဘူး။ သူပြတာကို ကြည့်လိုက်တယ်၊ ကြည့်နေတုန်း အဲဒီခပ်ဆန်းဆန်းအပြတွေကို သဘောကျနေမယ်၊ ကိုယ့်စိတ်နဲ့ကိုယ် အဓိပ္ပာယ်ကောက်ပြီး တစ်ခုခုခံစားလိုက်ရမယ်၊ အရသာရှိနေမယ်ဆို ပြီးပြီပဲမလား။ ကိုယ့်စက္ခုနဲ့ သိစိတ်ကရတဲ့ အရသာကိုမခံစားဘဲ ဒါရိုက်တာ တကယ်တမ်းပြချင်တာဘာလဲ ထိုင်ခေါင်းစားနေမယ်ဆို Art House ကားကြည့်ပေမဲ့ Art House ကား အရသာမရသလို ဖြစ်သွားမလားပဲ။ ဒီတော့ ဒီရုပ်ရှင်ဟာလည်း တစ်ခုခုကိုနားလည်ချင်စိတ်နဲ့ကြည့်ရမယ့် ရုပ်ရှင်မျိုးလို့တော့ ကျွန်တော်တော့မထင်ဘူး။ သူ့အရသာကို ခင်ဗျား ဒီတိုင်းခံစားလိုက်ရမယ့် ရုပ်ရှင်မျိုးပါပဲ။ အရင်နှစ်က သူ့ပထမဆုံးကားဖြစ်တဲ့ Rebels of the Neon God ကို တင်ပေးခဲ့ပြီးဖြစ်ပါတယ်။ အခု Vive L'Amour ကတော့ သူ့ရဲ့ ဒုတိယကားပါ။ အနောက်တိုင်း ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုတွေရခဲ့သလို Art Film ကောင်းတွေကို ပြန်လည်ထိန်းသိမ်းထုတ်ဝေပေးတဲ့ Criterion Collection ကလည်း ဒီကားကို ပြန်ထုတ်ပေးထားခဲ့ပါတယ်။ Vive L'Amour ဆိုတဲ့ ပြင်သစ်စကားရဲ့ အဓိပ္ပာယ်ကတော့ ချစ်သက်ရှည်စေလို့ အဓိပ္ပာယ်ရနေပြီး တစ်ချို့ရုပ်ရှင်တွေလို ရုပ်ရှင်ရဲ့အပြနဲ့ ဒီစကားလုံးကို တွဲဖက်ခံစားကြည့်ဖို့ကလည်း တော်တော်တော့နားလည်ရခက်ပါတယ်။ ဘာလို့ဆို ဒီရုပ်ရှင်ရဲ့ Theme လို့ ခံစားရတဲ့အရာနဲ့ တော်တော်မဆီမဆိုင်ဖြစ်နေတာကိုး။ ယူသလိုပဲ ရမှာပါပဲ။ တစ်ချို့အတွက်တော့ အကြိုက်ဆုံးကားဖြစ်သွားနိုင်တာပါပဲ။ တစ်ချို့အတွက်ကလည်း ဖြစ်ခဲ့ပြီးပါပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 820MB Quality - 1080p, 720p IMDb Rating - 7.4/10 Format - mp4 Duration - 1H 58Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.1 1995 118 mins
Vive L'Amour
Love Destiny: The Movie
6.8

အယုဒ္ဓခေတ်မှာသေကွဲကွဲခဲ့ရပေမယ့် အလယ်ခေတ်မှာလူပြန်ဝင်စားလာတဲ့ Bhop နဲ့ Gaysorn မှာ Bhop ကသာ အတိတ်ဘဝကချစ်သူဟောင်းကို ၁၀နှစ်လုံးလုံးအိပ်မက်ထဲမှာပြန်တွေ့ပြီး မှတ်မိနေခဲ့ပါတယ်။ အိပ်မက်ထဲကမိန်းကလေးနဲ့တစ်ထပ်တည်းတူတဲ့ Gaysorn ကိုတွေ့လိုက်ရချိန်မှာတော့ Bhop တစ်ယောက် အနောက်ကတကောက်ကောက်လိုက်ရတဲ့အထိကို အရူးအမူးဖြစ်ပါတော့တယ်။ Gaysorn ကတော့ ကံမကုန်တာတွေ ပြန်ဆုံတာတွေကိုမယုံတတ်တဲ့မိန်းကလေးပီပီ ခေတ်ဆန်ဆန်ဗန်းစကားလေးတွေညှပ်ညှပ်ပြီးပြောတတ်တဲ့ Mathus ဆိုတဲ့ကောင်လေးကိုပဲစိတ်ဝင်စားနေပါတယ်။ Mathus ဆိုတာကတော့ အယုဒ္ဓယခေတ်ကမှတ်တမ်းစာအုပ်ထဲမှာပါတဲ့ ရှေ့ဖြစ်ဟောတမ်းတွေနဲ့ တိုက်တိုက်ဆိုင်ဆိုင်ကိုက်ညီနေတဲ့ လူထူးလူဆန်းလေးတစ်ယောက်ပေါ့။ အနာဂတ်က Time traveler လေး Mathus ခမျာ ကံမကောင်းရှာတော့ ရှေးခေတ်စုံတွဲကြားညပ်ရတဲ့အပြင် နန်းတွင်းပုန်ကန်မှုအရှုပ်တော်ပုံထဲမှာပါ ခြေစုံပစ်လျက်သားဖြစ်ပါတော့တယ်။ Cast အနေနဲ့ကလည်း My Ambulance Ost အဆိုတော်လေး P'Paris မို့လို့ ကြည့်ရတာအတော်လေး မျက်စိအားရှိစေမယ့် movie လေးပါနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Hnin Wut Yi  က ရေးပေးထားပါတယ်။) File Size          : 3.1GB, 1.2GB, 619MB, 217MB Quality            : 1080p WEB-DL, 720p WEB-DL, 480p, 360p Format            : mp4 Duration         : 2hr 46mins Genre              : Comedy, Romance, History Translated by Chothet_mlmt & Hnin Wut Yi Encoded by Kinnov

Action • Science Fiction • Thriller
6.8 2022 166 mins
Love Destiny: The Movie
Three Thousand Years of Longing
7

ဒီရုပ်ရှင်ကို ရိုက်တဲ့သူက Mad Max ကားတွေရဲ့ ဒါရိုက်တာ စာရေးဆရာဖြစ်တဲ့ George Miller ဖြစ်တဲ့အပြင်ကို အမျိုးအစားကလည်း Fantasy, ပိုစတာကြည့်တော့လည်း မီးခွက်စောင့်ဘီလူးလိုဘဲနဲ့ဆိုတော့ Fantasy / Adventure ဆန်ဆန်ကားဖြစ်မယ် ထင်ခဲ့မိတာပေါ့။ တက်တက်စင်အောင်လွဲပါတယ်။ Before Trilogy နဲ့များ မှားဒေါင်းမိသလားထင်ရတဲ့အထိ အတိတ်မှာ ဂျင် ဖန်ပုလင်းထဲ ဆော်လမုန်ပိတ်တာခံရတဲ့ ရှီဘာဘုရင်မနဲ့ဆော်လမုန်တို့ခေတ်တို့၊ ကွန်စတန်တီနိုပယ်နန်းတော်ထဲရောက်သွားတာတို့၊ ဒါဗင်ချီလိုလို ဂျီးနီးယပ်စ်မနဲ့ ခေတ်သုံးခေတ်ကလွဲ ကျန်တဲ့တစ်ကားလုံး Tilda Swinton ရဲ့ဇာတ်ကောင် အလစ်သီယာနဲ့ အခန်းထဲ စကားတွေထိုင်ပြောရင်းတင် ပြီးသွားပါတယ်။ ရိုလည်းရိုပါတယ်။ စကားတွေက ဒိလည်းဒိပါတယ်။ ဒါကြောင့် Before Trilogy နဲ့များ မှားသွားလား ပြန်မေးယူရတာပါပဲ။ ဇာတ်ကတော့ အလစ်သီယာလို့ ခေါ်တဲ့မိန်းမတစ်ယောက်က ဖန်ပုလင်းတစ်ခု ဝယ်တာကနေ စတာပါပဲ။ အထဲက အာလာဒင်ရဲ့ မီးခွက်စောင့် ဘီလူးလို ဂျင်တစ်ကောင် ထွက်လာပြီး သူ့ကိုဆုတောင်း၃ခုဖြည့်ပေးမယ်ပြောတယ်။ ဒါပေမဲ့ ဆော်လမုန်က ဂျင်ဟာ သူ့ဆန္ဒ ထုတ်ပြမိလို့ ဖန်ပုလင်းထဲ ပိတ်ထားခဲ့တာဆိုတော့ သူဖြည့်ပေးရမယ့်ဆုသုံးခုက ဆုတောင်းတဲ့သူ အသည်းထဲကနေ နှစ်နှစ်ကာကာ တကယ်လိုချင်တဲ့ဆုဖြစ်ရပါမယ်။ အဲဒီလိုဆုမဟုတ်ရင် သူမလွတ်နိုင်ပါဘူး။ ဒီလိုနဲ့ဂျင်နဲ့ အလစ်သီယာဟာ အလစ်သီယာ ဘာလိုချင်တာလဲ သိရဖို့ စကားတွေထိုင်ပြောကြရင်း ဂျင်ကလည်း အလစ်သီယာကို သူ့အခြေအနေကို နားလည်အောင် သူ သုံးကြိမ်သုံးခါပိတ်လှောင်ခံထားခဲ့ရတဲ့ နှစ်ပေါင်းသုံးထောင်အကြောင်း ပြန်ပြောကြရင်း သူတို့၂ယောက်ကြားက ကွက်လပ်ကို အဖြေရှာကြမှာပါ။ ဘယ်လိုဆုမျိုးတောင်းမလဲကတော့ ခင်ဗျားလည်း ထင်မိမှာမဟုတ်ပါဘူး။ တော်တော်လေး စိတ်ဝင်စားစရာကောင်းပါတယ်။ ဇာတ်လမ်းထဲမှာ အလစ်သီယာက ပုံပြင်တွေဇာတ်လမ်းတွေကို လေ့လာတဲ့သူပါ။ သူက ဆုတောင်းတာရဲ့ အန္တရာယ်များတဲ့အကြောင်းတွေ အကုန်လုံးသိထားတယ်။ ဟိုကြားဖူးနေကျ လှေပေါ်သောင်တင်နေရာက ရှေ့ကဆုတောင်းပြီး လစ်သွားတဲ့ ၂ကောင်ကို တတိယကောင်က ကျွန်တော့်သူငယ်ချင်းတွေကို လွမ်းတယ်ဆိုပြီး ပြန်ခေါ်ခိုင်းတဲ့ ဇာတ်လမ်းကိုတောင် ထည့်ပြောထားပါတယ်။ ဆုတောင်းမတော်ရင် ဖြစ်တတ်တဲ့ အကျိုးဆက်တွေကို ကောင်းကောင်းနားလည်ထားတဲ့သူက ဆုကိုသတိထားပြီးတောင်းတာကို ပြထားတာက မိုက်ပါတယ်။ ဒီကားကြည့်ရတာ အာလာဒင်လိုကားမျိုးဖြစ်မလားထင်ခဲ့ပေမဲ့ တက်တက်စင်အောင်လွဲပြီး အနီးစပ်ဆုံးတူတဲ့ ဥပမာပေးရရင် The Man from Earth ကားနဲ့တူပါတယ်။ စကားပဲထိုင်များနေပေမဲ့လည်း သူက သိပ်တော့မပျင်းရအောင် (တကယ်ဆို စကားတွေက ပျင်းစရာလည်းမရှိပါဘူး) ဆော်လမုန်နဲ့ရှီဘာတို့လို စိတ်ဝင်စားစရာ ဒဏ္ဍာရီလာဇာတ်ကြောင်းတွေကို ညှပ်ညှပ်ပြီး စိတ်ကူးယဉ်ဆန်ဆန်လည်း ပြသွားတော့ အပျော်ကြည့်ကားဘက်ကို သိပ်မရောက်ဘဲ ဒိနေပေမဲ့လည်း ကြည့်လည်းပျော်ပါတယ်။ ဒီဇာတ်လမ်းဟာ သူ့နာမည် Three Thousand Years of Longing လို့တဲ့အတိုင်းပဲ ဆန္ဒတွေ အချစ်တွေအကြောင်းကိုပိုဦးတည်ထားတဲ့ ဇာတ်လမ်းပါပဲ။ ဒီဇာတ်လမ်းကို အစအဆုံးကြည့်မိရင် သေချာတာတော့ အဆုံးကျရင် ဒီဇာတ်လမ်းကို ခင်ဗျားချစ်မိမှာပါပဲ။ ကြည့်ဖူးသမျှ မီးခွက်စောင့်ဘီလူးကားထဲတော့ အကောင်းဆုံးကားလို့ပြောလည်း မလွန်တော့မလွန်ပါဘူး။ ကောင်းလည်းကောင်း၊ ဆန်းလည်းဆန်းတဲ့ ကားမျိုးကြည့်ချင်ရင်တော့ ကွက်တိပါပဲ။ ဒီရုပ်ရှင် ဘယ်လိုရုပ်ရှင်မျိုးလဲ ပြောရရင် စိတ်ရောဂါကုဆရာဝန်နဲ့ လူနာစကားပြောနေတာကို ထိုင်ကြည့်နေရသလို ရုပ်ရှင်မျိုးပေါ့။ မတူတာကတော့ အခုဒီမှာ ကျွန်တော်တို့ ကြည့်ရမှာက ရူးနေတဲ့ စိတ်ရောဂါကုဆရာဝန်တွေနှစ်ယောက် စကားထိုင်ပြောတာကို ထိုင်ကြည့်နေရတဲ့ ဖီလင်မျိုးပေးပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 1.3GB, 680MB Quality - 1080p, 720p, 480p IMDb Rating - 6.9/10 Format - mp4 Duration - 1H 48Min Genre - Drama, Fantasy, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Romance
7 2022 108 mins
Three Thousand Years of Longing
Cha Cha Real Smooth
7.1

ခင်ဗျားတို့ဘ၀မှာ အချစ်ဆိုတာကို ဘယ်လို အဓိပ္ပါယ်ဖွင့်ကြသလဲ ? အတူရှိနေရတာက အချစ်လား ? ပေးဆပ်နေရတာက အချစ် လား ? ဒါမှမဟုတ် အချစ် ဆိုတာက တစ်ဘ၀လုံးမှာ တစ်ခါပဲ ကြုံမှာလား ? သေချာတာကတော့ အချစ်နဲ့ဘ၀ဟာ အမြဲတမ်း တစ်ထပ်တည်း မကျနိုင်သလို တစ်ထပ်တည်းကျတဲ့သူတွေကတော့ တကယ်ကံကောင်းတာပါပဲ။ ဒီဇာတ်ကားလေးဟာလည်း အချစ်နဲ့ဘ၀ဟာ တစ်ထပ်တည်း ကျနိုင်၏ မကျနိုင်၏ ဆိုတာကို ဖော်ကျူးသွားတဲ့ ဇာတ်ကားလေးပါ အဓိကဇာတ်ကောင်ဖြစ်တဲ့ အန်ဒရူးဟာ ကောလိပ်ကျောင်းပြီးကာစ ကောင်လေးတစ်ယောက်ဖြစ်ပြီး အရာရာကို ကူညီတတ်ပြီး ဆက်ဆံရေးလည်းပြေပြစ်တဲ့ ကောင်လေးတစ်ယောက်... အန်ဒရူးကတော့ ဂောာလိပ်ကျောင်းပြီးသွားတာကို အ‌တော် စိတ်ပျက်နေပြီး လက်ရှိမှာ အလုပ်အကိုင်မကောင်းတဲ့သူ့ဘ၀ကနေ အမြဲရုန်းထွက်ချင်နေခဲ့ပါတယ် သူ့ကောင်မလေး ပြောင်းသွားတဲ့ ဘာစီလိုနာကို ပိုက်ဆံစုပြီးတာနဲ့ ချက်ချင်းထွက်သွားဖို့ ကြံနေခဲ့တယ် အန်ဒရူးတစ်‌ယောက် သူ့ဘ၀အပေါ် ထားတဲ့အမြင်တွေ ပြောင်းလဲဖို့ဖြစ်လာရတာကတော့ ပါတီပွဲတစ်ခုမှာ သူတွေ့ခဲ့တဲ့ ဒိုမီနို နဲ့ သူ့ရဲ့ ‌အော်တစ်ဇင်ရောဂါသည်သမီးလေး လိုလာ လေးတို့ကြောင့်ပဲ ကူညီတတ်ပြီး ဆက်ဆံရေးကောင်းမွန်တဲ့ အန်ဒရူးကြောင့် ဒိုမီနိုနဲ့လိုလာ တို့နဲ့ အန်ဒရူး တို့ဟာ ချက်ချင်းပဲ ခင်မင်သွားခဲ့တယ် ရောဂါသည်လေး လိုလာကြောင့် ဘယ်သူနဲ့မှ သိပ်အဆင်မပြေတဲ့ ဒိုမီနိုဘ၀ထဲကို နွေး‌နွေးထွေးထွေးရှိတဲ့ အန်ဒရူးတစ်ယောက် ၀င်လာတဲ့အချိန်မှာ အန်ဒရူးနဲ့ ဒိုမီနိုတို့ကြား သံယောဇဉ်ကြိုးလေးတစ်ခု သွယ်တန်းမိပါတော့တယ် မဖြစ်သင့်တဲ့ဆက်ဆံရေးတစ်ခုကြောင့် ဒိုမီနို နဲ့ အန်ဒရူးတို့ဟာ ချစ်သင့် မချစ်သင့် လွန်ဆွဲရင်း နှစ်ယောက်သား နောက်ဆုံး ဘယ်လိုအဆုံးသတ်ရမယ်ဆိုတာကတော့..... အညွှန်း နဲ့ ဘာသာပြန်ကတော့ Chuck ပဲ ဖြစ်ပါတယ်။ Genre.....Comedy, Drama Quality…. 1080p | 720p | 480p File size… 1.9GB | 577MB | 285MB Format… mp4 Duration…. 1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Chuck Encoder ..... August

Action • Crime • Drama
7.1 2022 108 mins
Cha Cha Real Smooth
Outside the Wire
6.4

ဒီနေ့အတွက် Netflix ကထွက်ရှိလာတဲ့ အလန်းစား Action, Fantasy ကားကောင်းလေး တစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ အရင်ဆုံးပြောချင်တာကတော့ Anthony Mackie ပါဝင်ထားပြီး . Damson Idris နဲ့အတူ ဒိတ်ဒိတ်ကြဲအပြိုင်သရုပ်ဆောင်ထားတဲ့ ကားလေးပါ . ဒီကားအတွက်လည်း ဘတ်ဂျက်ကို အတော် အကုန်ကျခံရိုက်ကူးထားတယ်လည်းသိရပါတယ်။ 2021 ရဲ့ အစဟာ မူဗီချစ်ပရိသတ်တွေအတွက်တော့ အတော်လေးကျေနပ်စရာကောင်းလောက်မယ့်ကား ကောင်းလေးတစ်ချို့ထွက်ရှိလာတာကိုလည်းတွေ့ရပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ဟာ့ပ်ဆိုတဲ့ drone pilot တပ်သားတစ်ယောက်ဟာ drone ပစ်ခေတ်မောင်းနှင်ရာမှာအတော်လေးကျွမ်းကျင်ပြီး ပစ်မှတ်ကိုတိတိကျကျပစ်ခတ်နိုင်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် Mission တစ်ခုမှာ သူ့ရဲ့ စိတ်လောပြီး တဇွတ်ထိုးနိုင်တဲ့စိတ်ကြောင့် အမှားတစ်ခုကျူးလွန်မိပြီး . မိမိတပ်ဘက်ကစစ်သားတစ်ချို့ရဲ့ အသက်ပါ ပေးဆပ်လိုက် ရတာကြောင့် ဒဏ်ပေးခံရတဲ့အနေနဲ့ စစ်ဇုံတစ်ခုကိုအပို့ခံရပါတော့တယ်။ အဲ့ဒီ စစ်စခန်းရောက်မှ လီယိုနဲ့တွေ့ပြီး ခက်ခဲကြမ်းတမ်းတဲ့ Mission ကို ရပ်တန့်ရင်ဆိုင်ရမှာကို ပစ်ကွင်းပစ်ကွက် အတိုက်အခိုက်တွေနဲ့ ရိုက်ပြသွားတာကို ကြည့်ရှုရမှာပါ။ Anthony ဖန်တွေကတော့ အကြိုက်ဖြစ်ဦးမှာမလွဲပါဘူး။ (ဒီဇာတ်ကားရဲ့ အညွှန်းကို Yoon Sandi Aungကရေးသားပေးပြီး . ဘာသာပြန်ပေးသူများကတော့ Yoon Sandi Aung, Jerrica, MTA တို့က ဘာသာပြန်ပေးထားပါတယ်။) Quality – 1080p, 720p WebRip Duration - 1h 54min Subtitle – Myanmar Hardsub Format – Mp4 Genre :  Action, Adventure, Fantasy Source : 1080p.WebRip Translator –  MTA, Jerrica, Yoon Sandi Aung Encoder – SWM

Drama • Sci-Fi & Fantasy
6.4 2021 116 mins
Outside the Wire
Tigertail
6.8

Tigertail (2020) ~ IMDb - 6.6/10, Rotten Tomatoes - 82% ~ ၁၉၇၀ ဝန်းကျင်နှစ်တွေတုန်းကပေါ့… အကကောင်းတဲ့ ရုပ်ဖြောင့်ဖြောင့် စက်ရုံလုပ်သားလေးတစ်ယောက်ဟာ သူ့ရဲ့ အမေရိကန်အိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် ဘဝရဲ့ ငယ်ချစ်ကို စွန့်လွှတ်၊ အမေတစ်ခု သားတစ်ခုဘဝရဲ့ အမေ့ကို ထားခဲ့ရစ်ပြီး အမေရိကကို ရောက်ခဲ့တယ်။ တကယ်တမ်းရောက်သွားတဲ့အခါမှာတော့ စိတ်ကူးထဲက အမေရိကဟာ နဖူးတွေ့ဒူးတွေ့ နိစ္စဓူဝရင်ဆိုင်ရမယ့် အမေရိကနဲ့ လုံးလုံးမျှ မတူကြောင်း ရင်နာနာနဲ့ သိလိုက်ရပါတယ်။ အချစ်ထက် ဘဝကို ဦးစားပေးခဲ့တဲ့သူ့အနေနဲ့ နေ့စဉ်ဘဝကို အကောင်းဆုံးကြိုးစားပြီး ကိုယ်ပိုင်မိသားစုဘဝလေးနဲ့ ချိန်ညှိဖို့ ကြိုးစားခဲ့ပေမဲ့ ထင်သလိုဖြစ်မလာခဲ့ရှာပြန်တယ်။ ဒီရုပ်ရှင်ဟာ အရွယ်ရောက်ပြီးသားသမီးဖြစ်သူနဲ့ ဇာတ်လိုက်ရဲ့ကြားက ဆက်ဆံရေးကနေမှ အတိတ်နဲ့ ပစ္စုပ္ပန်ကြား လူးလာကူးခတ်နေတဲ့ မှတ်ဉာဏ်တွေပါ။ ဒီရုပ်ရှင်ဟာ စိတ်ကူးယဉ်ဇာတ်လမ်းမဟုတ်ဘဲ နေ့စဉ်ဘဝမှာ လူသားတွေ ကြုံတွေ့ဖြတ်သန်းနေရတာတွေပါ၊ ဒီကားထဲက ဇာတ်လိုက်ဟာဆိုရင်လည်း သူ့ကာရိုက်တာအရဆို ကိုယ်မကြိုက်ချင်လှပေမယ့် နောင်တတွေကို သူနဲ့ထပ်တူ နှောင်းတမြေ့မြေ့ခံစားရင်း သူ့အပေါ်သနားမိပြန်ပါတယ်။ ဒီလို လေးနက်ပြီး လူသားဆန်တဲ့ ရုပ်ရှင်မျိုးကို ဖြစ်နိုင်ရင်တော့ လက်လွတ်မခံလိုက်ပါနဲ့။ ဒါနဲ့ ဒီဇာတ်ကားမှာ လက်ရှိကာလကို Digital နဲ့ ရိုက်ထားတာပေမဲ့ နောက်ကြောင်းပြန်ခန်းတွေအားလုံးကို 16mm Film နဲ့ ရိုက်ထားတာပါတဲ့... (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 730MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 34Min Genre - Adventure, Comedy, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Action • Adventure • Animation • Science Fiction
6.8 2020 91 mins
Tigertail
Kisna
4.5

ဤဘဒ္ဒကမ္ဘာလောကမှာ ကမ္ဘာဦးအစကတည်းက ဆင့်ကဲပြောင်းလဲခြင်းတွေ များမြောင်စွာဖြစ်ပေါ်လာခဲ့ပါတယ်.. လူသားတွေ ပြောင်းလဲလာတယ်…မြစ်ချောင်းအင်းအိုင်တွေ ပြောင်းလဲလာခဲ့တယ်..နိုင်ငံတွေ ဖြစ်ပေါ်လာတယ် လူ့စိတ်သဘောထားတွေ ပြောင်းလဲလာတယ်… ဒီထဲမွာမွ မပြောင်းလဲဘဲ တည်မြဲနေတာဆိုလို့ အချစ်စစ်ပဲရှိပါတယ်… ဟုတ်ပါတယ် ဒီဇာတ်လမ်းလေးက ကစ္စနဆိုတဲ့ ကောင်လေးတစ်ယောက်ရဲ့ အချစ်စစ်တို့သက်သေထူရာကို ဖေါ်ပြထားတဲ့ ကားလေးပါ.. ၁၉၄၇ခုနှစ် အစောပိုင်း အိန္ဒိယနိုင်ငံလွတ်လပ်ရေးမရခင် ဗြိတိသျှတို့ အိန္ဒိယမြေပေါ် အုပ်စိုးခဲ့စဉ်က…။ ကစ္စန..ကက်သရင်း..လက်ရှမီးဆိုတဲ့ သူငယ်ချင်းသုံးယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကို ဖေါ်ကျူးရိုက်ကူးထားပါတယ်… ဒီကားလေးဟာ သိပ်ကိုနူးညံ့လွန်းတယ်.. ရင်ထဲလည်း ပီတိဖြစ်ရပါတယ် အိန္ဒိယကို လွတ်လပ်ရေးပေးဖို့ ကြေညာလိုက်တော့ နိုင်ငံတွင်း ဗြိတိသျှအရာရှိတွေကို အင်္ဂလန်အမီ ပြန်ခိုင်းတယ်.. ဒီထဲမွာ ကက်သရင်းရဲ့အဖေနဲ့ အေမဟာ အသတ်ခံလိုက်ရပါတယ် တစ်ဦးတည်းကျန်ခဲ့တဲ့ သူငယ်ချင်းမလေး ကက်သရင်းကို အိန္ဒိယသားလေး ကစ္စနက ဘေးမသီရန်မခဘဲ ဘေးကင်းရာကို ပို့ပေးရမှာပါ… ကိုယ့်မိသားစုက သူ့မိဘတွေကို ရန်သူလို့ သတ်မှတ်ပြီး လိုက်သတ်နေတဲ့ကြားထဲက မိသားစုနဲ့ အတိုက်အခံလုပ်ပြီး ကက်သရင်းကို ကယ်တင်ရင်းနဲ့….။ ပိုင်ဆိုင်ရမှ အချစ်မဟုတ်ပါဘူး ခွဲခွာခြင်းဟာလည်း အချစ်ရဲ့တစ်စိတ်တစ်ဒေသပါပဲ တစ်ခါတလေကျရင် စွန့်လွှတ်ခြင်းက အချစ်ကို ပိုလို့တိုးလာစေပါတယ် အချစ်မှာ ကောင်းခြင်းတွေရတတ်သလို ခွဲခွါခြင်းမှာလည်း ကောင်းခြင်းတွေ ရတတ်ပါတယ် အချစ်ဆိုတာက အတူတူနေရဖို့ပဲမှ မဟုတ်တာ.. ဒီတော့ ရိုချင်သူ FA နဲ့ ဆော်ပစ် ဘဲပစ်များ စောက်ကိုက် တစ်သျှူးဆောင်ပြီး ကြည့်လို့ရပါပြီလို့ ညွှန်းပေးလိုက်ပါတယ်…

Comedy • Romance
4.5 2005
Kisna
D@bbe 6: The Return
5.6

IMDb- 5.5 Rotten Tomatoes- 80% ဇာတ်လမ်းအညွှန်း ဒီဇာတ်လမ်းကတော့ မူခက်ဒါ ရာမန်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ကို ကျိန်စာတိုက်ဖို့ ဘယ်သူမှန်းမသိရတဲ့အမျိုးသမီးတစ်ဦးက စုန်းကဝေတစ်ယောက်ဆီမှာ အစီအရင်ပြုလုပ်ခိုင်းရာကနေ အစပြုထားပါတယ်။ နောက်နေ့မှာတော့ မူခက်ဒါ ဟာ သေဆုံးသွား ပါတယ်။ မှုခင်းဆေးပညာရှင်တွေက သေဆုံးခြင်းအကြောင်းရင်းဟာ ဦးနှောက်သွေးယိုစိမ့်မှုလို့ ကောက်ချက်ချပေမယ့် သူ့အမေသေဆုံးတာကို မျက်မြင်တွေ့ထားတဲ့ သမီးငယ် အိုင်လာကတော့ သူ့အမေကို ဂျင် သတ်သွားတာလို့ပဲ ပြောနေတာပါ။ အဲ့နောက်ပိုင်းမှာစိတ်ကယောင် ချောက်ချားတွေဖြစ်ပြီး အပြုအမူတွေလည်း ထူးဆန်းလာတဲ့ အိုင်လာကို ဆေးပညာအရလည်း အဖြေရှာကုသလို့မရဖြစ်နေတဲ့အခါ အမ ဖြစ်သူ ဇီရန်က ဘယ်လို အဖြေရှာ ကုသပေးသွားမလဲ။ အမေဖြစ်သူ သေဆုံးသွားရတာက တကယ်ပဲ ဂျင်က သတ်သွားတာလား။ ကျိန်စာအစီအရင်ကြောင့်လား။ကျိန်စာကြောင့်ဆိုရင်ရော ဘယ်သူက ဘာလို့လုပ်ရတာလဲ။ ညီမဖြစ်သူ အိုင်လာကရော ဘာတွေကြုံတွေ့နေရ တာလဲ။ ဇီရန် တစ်ယောက် ဘာတွေဆက်လုပ်မလဲဆိုတာကို အံဩစရာ ဇာတ်လမ်းဇာတ်ကွက်တွေထဲ စီးမြောပြီး ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ Dabbe ဇာတ်လမ်းတွေထဲက ၆ကားမြောက် တူရကီ horror ဇာတ်လမ်းလေးဖြစ်ပါတယ်။ အခန်းမီးကိုပိတ်ပြီး ညအမှောင်ထဲ တစ်ယောက်တည်းကြည့်လိုက်လို့ကတော့ horror ရဲ့ အရသာကို အပြည့်အဝပေးမယ့်ဇာတ်လမ်းဖြစ်တာကြောင့် horror ပရိတ်သတ်တွေအတွက် တကယ် အကြိုက်တွေ့စေမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်။) File size…1.62GB / 746MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….2h 40m Genre ….. Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Orika

5.6 2015
D@bbe 6: The Return
Robot No. 8
5.7

CM ကနေဒီတစ်ခါစုံထောက်ဇာတ်လမ်းတွဲတွေကမှ အက်ရှင်ဇာတ်ကားလေးတစ်ကားလေးဖြစ်တဲ့ Robot No8 ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ယနေ့ခေတ်နည်းပညာတိုးတက်လာတဲ့အချိန်စက်ရုပ်တွေ တီထွင်လာတဲ့ခေတ်မှာ အကျိုးအပြစ်ဆိုတာရှိလာတတ်ကြတာပေါ့။ ဇာတ်လမ်းလေးထဲမှာ စက်ရုပ်ကိုသုတေသနလုပ်တဲ့ စင်တာတစ်ခုမှာ လောရှောင်တန်လို့ပါမောက္ခက ကမ္ဘာအပြင်ဘက်ကနေစီလီကွမ် အခြေခံထားတဲ့ ဇီဝရုပ်ဖြစ်တစ်ခုကိုတွေ့ရှိခဲ့ပြီးသူ့ကို စက်ရုပ်ကိုယ်ထဲသွင်းဖို့ကြိုးစားတယ်။ သူ့ကို စက်နှလုံးသားလို့ခေါ်ပြီးသူသာလူ့ခန္ဓာကိုယ်ထဲ ရောက်သွားရင်ရက်စက်ကြမ်းကြုတ်ပြီး အထိန်းအကွပ်မဲ့သွားတဲ့ လူသားအဖြစ်ပြောင်းလဲသွားမှာဖြစ်တယ်။ တစ်ရက်ကျတော့ ချန်နန်ဆိုတဲ့ မိန်းကလေးဟာ လောရှောင်တန်ကိုတစ်ဖက်သတ်ကြိုက်နေပြီး အဲ့ဒီ့ စက်နှလုံးသားကိုသူ့ခန္ဓာကိုယ်ထဲ ထည့်သွင်းစမ်းသပ်ဖို့ ကြိုးစားတဲ့အချိန်မှာတကယ်ပဲ အထိန်းအကွပ်မဲ့ပြီး လူတွေကိုရက်ရက်စက်စက် သတ်ဖြတ်တဲ့လူသားအဖြစ် ပြောင်းလဲသွားတဲ့အချိန် ရှောင်ခယ်ဆိုတဲ့လောရှောင်တန်ပါမောက္ခရဲ့ သမီးရှေ့မှာ သူ့အဖေအသတ်ခံရတာကို မြင်သွားခဲ့တာပေါ့။ အဲ့အချိန်မှာသူ့အဖေကိုယ်တိုင် လုပ်ထားတဲ့ ပါးဟောက်ဆိုတဲ့ စက်ရုပ်လေးကနိုးထလာပြီး သူ့သမီးနဲ့သူ့အဖေသူငယ်ချင်းကို လိုက်လံကာကွယ်ပေးသလို အသိဉာဏ်မဲ့သွားတဲ့ စက်ရုပ်တွေတိုက်ခိုက်မှုကနေလည်း ကာကွယ်ပေးတယ်။ ကဲဒီတော့ဒီစက်ရုပ်သုတေသန စင်တာတစ်ခုလုံးမှာ အသိဉာဏ်မဲ့နေတဲ့စက်ရုပ်တွေကြားက ဒီပါးဟောက်စက်ရုပ်ဘယ်လိုဖြစ်ပြီး အသိဉာဏ်အပြည့်အဝရှိနေတာလဲ။ လောရှောင်တန်ပါမောက္ခကကော ဘာရည်ရွယ်ချက်နဲ့များဒီစက်ရုပ်ကို ထွင်ထားခဲ့တာလဲ။ အချစ်ကနေအမုန်းအဖြစ်ပြောင်းလဲသွားတဲ့ ချန်နန်တစ်ယောက်ဘယ်လိုတွေလိုက်တိုက်ခိုက်နေမလဲ။ အသိဉာဏ်မဲ့စက်ရုပ်တွေကို ဘယ်လိုအဆုံးသတ်ရှင်းပစ်မလဲစတဲ့ စိတ်ဝင်စားစရာကောင်းစရာတွေကိုကြည့်ရူလိုက်ရအောင်။ ဒီဇာတ်ကားလေးကတော့ အချစ်အမုန်းခံစားချက်ရှိတဲ့လူသားနှလုံးသားကို တုပပြီးစက်ရုပ်ကိုယ်ထဲထည့်ဖို့တီထွင်ဖန်တီးနေကြတဲ့ ယနေ့ခေတ် နည်းပညာလောကရဲ့ဖြစ်တည်လာမယ့်ဆိုးကျိုးတွေကို မီးမှောင်းထိုးပြသွားတာဖြစ်သည့်အတွက်ကြည့်ရူသင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။

5.7 2023
Robot No. 8
Dark Windows

Drama နဲ့ Horror အစိတ်အပိုင်းတို့ အချိုးကျကျ ရောစပ်ထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ် ‘တေလီ’ ‘မိုနီကာ’ ‘ပီတာ’ ‘အာလီ’ တို့ သူငယ်ချင်း ၄ ယောက်သား ကားပေါ်မှာ… အာလီ့ ကို ဝိုင်းစကြနောက်ကြရင်း အက်ဆီးဒင့်ဖြစ်ပြီး ဆုံးသွားတယ် ဒါကို ‘တေလီ’ က အပြစ်ရှိစိတ်ကြောင့် ဖြေမဆည်နိုင်ဖြစ်နေတဲ့အတွက် မိုနီကာ၊ ပီတာတို့က ဖြောင်းဖျပြီး… နယ်ဘက်က ဘိုးဘွားပိုင်အိမ်လေးကို စိတ်ပြေလက်ပျောက် ခရီးထွက်လာတယ် လွမ်းစရာ၊ နာစရာတို့ကို ပျော်စရာနဲ့ဖုံးပြီး မေ့ဖျောက်ပြီး လာခဲ့တဲ့ အပျော်ခရီးလေးကနေ… အပြစ်ရှိစိတ်၊ ပူဆွေးခြင်းတို့က သူတို့ကို ဆက်လက်ခြောက်လှန့်လို့ အိမ်လေးကလည်း အိပ်မက်ဆိုးသဖွယ်ဖြစ်လာပါတော့တယ် ခေါ်သံသဲ့သဲ့ကြားနေရသလို အာလီတစ္ဆေက သူတို့ကို ဘယ်လိုဆက်ပြီး ဒုက္ခပေးသွားမလဲဆိုတာကို ပရိသတ်ကြီးကပဲ ဆက်လက်အားပေးလိုက်ပါဦး File size…(919 Mb)/(525 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:20:00 Genre…Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

Drama • Crime • Thriller
0 2023 80 mins
Dark Windows
The Caregiver

နောက်ပိုင်း Entertainment ဇာတ်လမ်းတွေများလာတဲ့အချိန် အရင်လို Horror/Thriller ဆန်ဆန်ဇာတ်လမ်းတွေကြည့်ချင်တဲ့သူတွေအတွက် ၂၀၂၃ ခုနှစ်ထွက် The Care Giver ဆိုတဲ့ ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ စစ်အေးကာလအကုန်ပိုင်းလောက်မှာ ဇတ်လမ်းဆင်ထားပြီးတော့ အမေရိကန်တိုင်းက ကွန်မြူနစ်တွေကိုမုန်းနေတဲ့ကာလမှာပေါ့ Special Nurse အဖြစ်လုပ်ကိုင်နေတဲ့ အမ်မာတစ်ယောက် အလုပ်ကလဲမရှိ အိမ်နဲ့လဲအဆင်မပြေတော့ အလုပ်ကိုအသဲအသန်ရှာနေတဲ့အချိန်မှာ ရုရှားကနေ ဆိုဗီယက်ခေတ်ကတည်းကနေ ပြောင်းရွှေ့နေထိုင်လာတဲ့ မိသားစုက အဘွားကြီးတစ်ယောက်ကို Special Nurse အဖြစ်အလုပ်ကမ်းလှမ်းလာတော့ အမ်မာတစ်ယောက် ဘာမှစဉ်းစားမနေတော့ပဲ အလုပ်လက်ခံလိုက်ပါတော့တယ်။ ဒါပေမဲ့ အဲ့အိမ်ကအဘွားကြီးကို ပြုစုပေးတဲ့ Nurse တွေအကုန် ဘာကြောင့်မှန်းမသိပဲ အလုပ်တွေထွက်ကုန်ကြပြီး အမြဲ Nurse တွေတစ်ယောက်ပြီးတစ်ယောက် ပြောင်းနေခဲ့တာကို အမ်မာတစ်ယောက် တဖြည်းဖြည်းနဲ့ နောက်ပိုင်းမှသိလာရတဲ့အခါမှာတော့ ဘာကြောင့် Nurse တွေတစ်ယောက်ပြီးတစ်ယောက်ပြောင်းသွားလဲဆိုတာကိုတော့ စောင်ခြုံကွေး ကျေခြမ်းရင်းနဲ့ တစိမ့်စိမ့် ကြည့်ရှုလိုက်ကြပါဦး …. အညွှန်းနဲ့ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ် Genre….. Horror, Drama, Thriller Quality…. 1080p WEB-DL | 720p WEB-DL File size… 526MB | 265MB Format… mp4 Duration….1h 26min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

0 2023
The Caregiver
Hello Ghost!
6

Hello Ghost (2010) ကိုရီးယားကားကို တချို့ ကာရိုက်တာ ပလော့တွေပြောင်းထားပြီး ထိုင်ဝမ်ဗားရှင်းနဲ့ 2023 ခုနှစ်မှာ ရိုက်ကူးတင်ဆက်ထားတာကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းအကျဉ်းလေးကိုပြောရရင်… ဒီလူ့ဘဝကြီးမှာ အသက်ရှင်ဖို့ အကြောင်းပြချက် လိုက်ရှာနေတဲ့ ကောင်လေးတစ်ယောက်… ဘာပဲပြောပြော မွေးနေ့မှာ ဟက်ပီးဘတ်ဒေး ပြောတဲ့သူရှိသင့်တယ်မလား… တစ်ခုခုပင်ပန်းတဲ့အခါ မှီဖို့အနားမှာလူရှိသင့်တယ်လေ… ဘာကြောင့် ဘယ်သူ့အတွက် ဒီလောကမှာ နေပေးရမယ်ဆိုတဲ့ အဖြေကို ရှာမတွေ့တဲ့ ရွှီချန်ဝေတစ်ယောက် အဆုံးစီရင်ဖို့ ကြိုးစားခဲ့တာပေါ့… အကြိမ်ကြိမ် ကြိုးစားပြီး အကြိမ်ကြိမ် ထူးထူးဆန်းဆန်း သတ်သေတာ မအောင်မြင်ခဲ့ရာကနေ.. ၂၂ ကြိမ်မြောက် ကြိုးစားရာမှာ ခဏတာ နှလုံးရပ်သွားခဲ့ပါတယ်… ပြန်နိုးလာချိန်မှာတော့ ထူးထူးဆန်းဆန်း သူ့ဘဝထဲကို သရဲ ၄ ကောင်ပေါ်လာပါတယ်… ဆေးလိပ်သောက်ကြိုက်တဲ့ အစ်ကိုကြီး… အမြဲ ငိုငိုနေတတ်တဲ့ အစ်မကြီး…. အားနေ ကစားကွင်းသွားချင် ကိတ်မုန့်စားချင်နေတဲ့ ကောင်လေး…. နောက်ပြီး အကကချင်ပါတယ်.. အောင်သွယ်ပေးချင်ပါတယ်ဆိုတဲ့ အဖွားကြီး… တို့ပေါ့… ဒီသရဲလေးကောင်နဲ့ဘယ်လိုစခန်းသွားကြမလဲဆိုတာ ကိုဆက်လက်ကြည့်ရှုရမှာပါ ရယ်မောစရာတွေပါသလို ငိုချင်စရာအခိုက်အတန့်လေးတွေလဲပါတာဆိုတော့ ရသစုံတဲ့ရုပ်ရှင်လေးတကားပဲဖြစ်ပါတယ်

6 2023
Hello Ghost!
The Public
6.6

The Public(2018) IMDb …… 6.6 နိုင်ငံခြားက အိမ်ခြေယာမဲ့တွေကတော့ တချို့တလေက သူတောင်းစားတွေပါ… တချို့တလေကတော့ အလုပ်လုပ်ကြပါတယ်… ဒါပေမဲ့ အိမ်ခြေယာမဲ့ကတော့ အိမ်ခြေယာမဲ့ပါပဲ… သူတို့တွေ ဘယ်အချိန်မှာ ဒုက္ခအရောက်ဆုံးလဲဆိုရင် ရာသီဥတုဖောက်ပြန်တဲ့အချိန်လို့ပဲပြောရမှာပါ. ..နွေရာသီအရမ်းပူတဲ့အချိန်…မိုးရာသီ မိုးအရမ်းကြီးတဲ့အချိန်…ဆောင်းရာသီ အရမ်းအေးတဲ့အချိန်မျိုးပေါ့… ဒီဇာတ်ကားထဲမှာတော့ Ohio ပြည်နယ် Cincinnati မြို့ကို အအေးလှိုင်းဖြတ်တဲ့အခါမှာ အိမ်ယာမဲ့တွေ ဒုက္ခရောက်တဲ့အကြောင်း ရိုက်ကူးထားတာပါ… အအေးဒဏ်ကြောင့် မြို့တွင်း အိမ်ယာမဲ့ဂေဟာတွေမှာ လူတွေပြည့်လျှံလာခဲ့ပါတယ် ဒီလိုနဲ့ အခြေအနေပိုမိုဆိုးရွားလာပြီး အသေအပျောက်တွေရှိလာတဲ့အခါမှာတော့ အိမ်ယာမဲ့တွေဟာ တစ်ညတာခိုနားနိုင်မယ့် နေရပ်အဖြစ် မြို့လယ်ခေါင်က အများပိုင် စာကြည့်တိုက်ကြီးကို ရွေးချယ်လိုက်ပါတော့တယ်… ဒါပေမဲ့လည်း အာဏာပိုင်တွေက ဒီကိစ္စကို ခွင့်မပြုဘဲ တားဆီးလာချိန်မှာတော့ အစိုးရအဖွဲ့များနဲ့ အိမ်ခြေယာမဲ့တို့အကြား ပဋိပက္ခ ပြဿနာတွေဖြစ်ပွားလာခဲ့ပြီး ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာကတော့… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်….. File Size : 1.97GB / 800MB Quality : Blu-Ray 1080p / Blu-Ray 720p Format…mp4 Duration…02:00:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Tiff

6.6 2018 122 mins
The Public
Holiday Hold-Up
5.6

ဒီတစ်ခါမှတော့ Rating တန်းဝင်တဲ့ထဲက အခွီကားကောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ လူတိုင်းပျော်ရတဲ့ ခရစ်စမတ်ကာလကြီးမှာမှ စားသောက်ဆိုင်ပိတ်ပြီး ရုတ်တရက် အလုပ်ထုတ်ခံလိုက်ရတဲ့ ဝန်ထမ်းတစ်စု… အလုပ်ပြုတ်သွားလို့ မကျေနပ်ကြဘဲ စားသောက်ဆိုင်ပိုင်ရှင် ဘော့စ်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ လက်စားချေဖို့ ဇာတ်လမ်းတွေ ဆင်ကြတာကို မှုခင်းဟာသအရောလေးနဲ့ ရင်ခုန်စွာကြည့်ရှုရမှာပါ… ဘော့စ်ရဲ့ စားသောက်ဆိုင်ပိတ်ရခြင်း နောက်ကွယ်မှာရော ဘယ်လိုမျိုးလျှို့ဝှက်ချက်တွေရှိနေလဲဆိုတာကိုလည်း ကိုယ်တိုင်ခံစားကြည့်ရှုပေးဖို့ ညွှန်းပေးလိုက်ပါတယ်။ File size… (1.25 GB) / (710 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 29m Genre ….. Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo

5.6 2024 89 mins
Holiday Hold-Up