YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Scandal (2024) E31 WEB-DL 720P (CM).mp4

207.23 MB N/A video/mp4 57 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Assassination Games
6.2

အက်ရှင်ကားတွေကိုကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့ ကြည့်ရတာတန်စေမဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဗင်းဆင့်ဆိုတဲ့သူက Hitmanအလုပ်လုပ်ကိုင်နေတဲ့သူတစ်ယောက် ဖြစ်ပြီး အလုပ်လုပ်ကိုင်ရာမှာ အမှားအယွင်းမရှိသူအဖြစ်နာမည်ကြီး တစ်ယောက်ပါ။တစ်ရက်မှာတော့ မူူးယစ်ရာဇာပိုလိုတစ်ယောက် ထောင်ကနေထွက်လာပြီမလို့ လက်စဖျောက်ပေးဖို့ အလုပ်လက်ခံ ခဲ့ရပါတယ်။ သေချာစီစဉ်ထားတဲ့သူ့ရဲ့အလုပ်မှာ ဖလင့်ဆိုတဲ့ လူတစ်ယောက်ကြောင့် အမှားဖြစ်ခဲ့ရပြီး ဖလင့်ကဘယ်လိုကြောင့် ပိုလိုကိုလက်စားချေဖို့ကြိုးစားနေတယ်ဆိုတာကို ဇာတ်လမ်းထဲမှာပဲ အဖြေရှာကြည့်လိုက်ရအောင်ပါ။ Action , Thriller အမျိုးအစားဖြစ်ပြီး IDMB rating မှာလဲ ၆ကျော် ရထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ File size…1.47GB / 713MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 41m Genre ..... Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Charm

Comedy • Drama
6.2 2011 101 mins
Assassination Games
When the Screaming Starts
5.1

သင် Serial Killer တစ်ယောက် ဖြစ်ချင်ခဲ့ဖူးလား။ သင်ဟာ သမ္မတတွေ နိုင်ငံကျော်ဘောလုံးသမားတွေ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်တွေမဖြစ်ခဲ့ရင်တောင် လူတွေအများကြီးကိုသတ်ဖြတ်ခဲ့တဲ့ Serial Killer ဆိုရင် သူတို့လိုပဲ ကမ္ဘာ့သမိုင်းမှာအမြဲရှိနေမှာလေ... မဟုတ်ရင် Serial Killer တစ်ယောက်ရဲ့နေထိုင်ပုံ သတ်ဖြတ်ပုံ စတာတွေကို Interview တွေနဲ့ရော သူလူသတ်တဲ့နေရာမှာ ကင်မရာတွေထောင်ပြီးတော့ပါ တကယ်ကို အမှန်အကန်ရိုက်ထားတဲ့ Documentary Movie ကြီးကို ကြည့်ရမယ်ဆိုရင် ဘယ်လောက်များ Hype လိုက်မလဲ... အဲလိုအတွေးအခေါ်ကို ရိုက်ကူးထားတဲ့ When the Screaming Starts ဟာ ဒီ Message ကို ဟာသပေါင်းစုံနဲ့ ရောစပ်ရိုက်ကူးထားတာဖြစ်ပါတယ်။ Norman Greysmith ဟာ Documentary ရိုက်ကူးသူ တစ်ယောက်ဖြစ်ပါတယ်။ Norman ဟာ အထက်ပါပုံစံ Documentary ကိုရိုက်ရင် လူတွေအရမ်းစိတ်ဝင်စားပြီး သူအောင်မြင်မှုတွေများစွာရမယ်လို့ ယုံကြည်သူပါ။ ဒီလိုနဲ့ Aidan Mendle ဆိုတဲ့ အရမ်းကြမ်းတဲ့ Serial Killer တစ်ယောက်ကို Internet ပေါ်က ရှာဖွေတွေ့ရှိပြီးနောက်မှာ သူ Documentary ဇာတ်လမ်းကို စတင်ပါတော့တယ်။ သရုပ်ဆောင်တွေကလည်း နာမည်အရမ်းမကြီးပေမယ့် တကယ် Comedian ရုပ် ပီသပြီး တကယ်ရယ်ရတာမို့ ဒီ လူသတ်ဟာသ ဇာတ်ကားကြီးက အတော်လေး Entertaining ဖြစ်စေမယ့်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Nyan Hlyan Chit မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 870MB Quality - 1080p, 720p IMDb Rating - 5.2/10 Format - mp4 Duration - 1H 28Min Genre - Comedy, Horror Subtitle - Myanmar Subtitle (Hardsub) Translated by Nyan Hlyan Chit Encoded by Y

Drama
5.1 2021 89 mins
When the Screaming Starts
She Said
7.3

2017 လောက်က ဟောလိဝုကိုရော ကမ္ဘာကြီးကိုပါ တုန်လှုပ်စေခဲ့တဲ့ အမှုအခင်းကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ ဟာဗီဝိုင်းစတိန်းဆိုတဲ့ ကမ္ဘာကျော် ရုပ်ရှင်ထုတ်လုပ်သူကြီး၊ Miramax ကုမ္ပဏီကို တည်ထောင်သူကြီးရဲ့ လိင်အကြမ်းဖက်မှုနဲ့ မုဒိန်းမှုတွေအကြောင်းပဲဖြစ်ပါတယ်။ မီရာမက်စ်ကုမ္ပဏီဆိုတာ Pulp Fiction, Kill Bill လိုမျိုး ကမ္ဘာကျော်ရုပ်ရှင်တွေ မရေတွက်နိုင်အောင် ထုတ်လုပ်ခဲ့တဲ့အပြင် ဟောင်ကောင်ဌာနခွဲကနေပဲ Shaolin Soccer လို ရုပ်ရှင်မျိုးတွေထုတ်ခဲ့တာပါ။ ဒါကြောင့် ဧရာမကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး ကမ္ဘာကျော် မင်းသား၊မင်းသမီး၊ ဒါရိုက်တာတွေအကုန် ဟာဗီနဲ့ ပတ်သက်နေရတာ များပါတယ်။ အဲဒီအမှုမီးပွားကို စတင်ခဲ့သူကတော့ တိုင်းမ်မဂ္ဂဇင်းရဲ့ စုံစမ်းဖော်ထုတ်ရေး သတင်းထောက် ဂျိုဒီကန်တာနဲ့ မီဂန်တူဟီတို့ပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာလည်း ဒီနှစ်ယောက်ကို အဓိက ဇာတ်ကောင်အနေနဲ့ ထည့်သွင်းထားပြီး ဟာဗီဝိုင်းစတိန်းရဲ့လုပ်ရပ်တွေကို ဖော်ထုတ်ဖို့ ကြိုးစားပုံကို ပြသထားတာပါ။ စုံထောက်ကားတစ်ကားကိုကြည့်ရသလိုပဲ အတော်ကို အရသာရှိပါတယ်။ သတင်းစာဆိုတာ စတုတ္ထမဏ္ဍိုင်လို့ ခေါ်ကြတာလည်း ဒီလို သတင်းမျိုးတွေဟာ နိုင်ငံကိုရော ကမ္ဘာကိုရော ရိုက်ခတ်စေနိုင်တာမို့ပါ။ ဒီသတင်းအပြီးမှာ ဟာဗီဝိုင်းစတိန်းရဲ့ အနိုင်ကျင့်မှုခံရသူ အမျိုးသမီး ၈၀ ကျော်ထွက်ပေါ်လာပြီး စွပ်စွဲခဲ့ကြပါတယ်။ ဟာဗီလည်း အဖမ်းခံခဲ့ရပြီး ပြစ်မှုထင်ရှားတာကြောင့် ထောင်ဒဏ် ၂၃ နှစ်ချမှတ်ခံထားရပါပြီ။ ဒါတောင် စွဲချက်တွေမကုန်သေးဘဲ အကုန်လုံးအတွက်ဆို နှစ် ၁၄၀ လောက်ကျခံရမှာဖြစ်တာကြောင့် ထောင်ထဲမှာပဲ ဘဝဆုံးဖို့များသွားပါပြီ။ ဒီသတင်းနောက်ပိုင်းမှာ ကမ္ဘာအနှံ့ နာမည်ကြီးသွားတဲ့ #MeToo ဆိုတဲ့ လှုပ်ရှားမှုတစ်ခုပေါ်လာပြီး လုပ်ငန်းခွင်အတွင်း လိင်အနိုင်ကျင့်တာတွေ အသားယူတာတွေကို ထုတ်ဖော်ပြောကြားမှု အရမ်းအားကောင်းလာခဲ့ပါတယ်။ လုပ်ငန်းခွင်စည်းမျဉ်းတွေ ဥပဒေတွေကိုပါ ပြောင်းလဲစေခဲ့တဲ့အထိ ရိုက်ခတ်ခဲ့တဲ့ သတင်းတစ်ပုဒ်ဖြစ်ခဲ့တာပါ။ ဒီသတင်းကိုလည်းလွယ်လွယ်ရခဲ့တာမဟုတ်ပါဘူး။ ဟာဗီဟာ သူ့ရဲ့သားကောင်တွေကို ငွေသန်းချီပေးတဲ့အထိ ကျေအေးပြီး လျို့ဝှက်ချက်မထုတ်ဖော်ရေး စာချုပ်တွေနဲ့ချုပ်ကိုင်ထားတာမို့ နာမည်တပ်ပြောကြားခံရဲတဲ့သူ တစ်ယောက်တောင် ရဖို့မလွယ်ခဲ့တာပါ။ ဒီအမှုဟာ မုဒိန်းကောင်တစ်ယောက်တည်းအတွက်တင်မဟုတ်ဘဲ ဒီလိုအရေးပါတဲ့ လူကြီးလူကောင်းတွေကို ဝိုင်းကာကွယ်ပေးနေတဲ့ ကုမ္ပဏီကြီးတွေရှေ့နေတွေနဲ့ စနစ်ကြီးတစ်ခုလုံးကိုပါ ဖော်ထုတ်လိုက်သလိုဖြစ်သွားတာပါပဲ။ ခု သတင်းထောက်နှစ်ယောက်ဆိုရင်လည်း ဟာဗီရဲ့ သားကောင်တွေကို နိုင်ငံထဲတင်မက လန်ဒန်၊ ဝေလလို အခြားနိုင်ငံတွေမှာပါ လိုက်ပြီး စုံစမ်းမေးမြန်းခဲ့ရတာပါ။ နောက်ပြီး တရားစွဲမခံရဖို့ ရှေ့နေတွေနဲ့ လုံခြုံရေးအကြံပေးတွေနဲ့ဆက်တိုက်တိုင်ပင်ပြီး စွန့်စားခဲ့ရတာမို့ အတော်ကို ကြီးမားတဲ့အတွေ့အကြုံနဲ့ ဘတ်ဆဲလား စာအုပ်တွေပါ ထွက်လာခဲ့တာပါ။ ဒီကားရဲ့ ရုပ်ရှင်ထုတ်လုပ်သူတွေထဲမှာ မင်းသား ဘရက်ပစ်လည်း ပါဝင်ခဲ့ပါတယ်။ ဘရက်ပစ်ဟာ ဟာဗီရဲ့ သားကောင်ဖြစ်ဖူးတဲ့ မင်းသမီးတွေနဲ့ ဒိတ်ခဲ့ဖူးသူဖြစ်လို့ ဟာဗီအကြောင်းတွေကို အရင်ကတည်းက သိခဲ့ရသူလည်းဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ရုပ်ရှင် Inglourious Basterds လိုဟာတွေကို ဟာဗီဝိုင်းစတိန်းနဲ့အတူ ပူးပေါင်းပြီးထုတ်ခဲ့တဲ့သူဆိုတော့ ဒီအမှုပေါ်လာချိန်မှာ အတော်လည်း နာမည်ထိခဲ့သလို ဟာဗီရဲ့သားကောင်ထဲမှာ ဂျိုလီလည်း ပါဝင်ခဲ့တာမို့ လင်မယားပဋိပက္ခလည်း အတော်ကို ကြီးမားခဲ့ပါတယ်။ ဒီရုပ်ရှင်ထဲမှာ ဟာဗီရဲ့ သားကောင်ဖြစ်ခဲ့သူ၊ တိုင်းမ် သတင်းစာတိုက်ကို ထုတ်ဖော်ပြောခဲ့သူတွေကိုယ်တိုင်လည်း သူတို့နေရာမှာသူတို့ ပါဝင်သရုပ်ဆောင်ထားကြပါသေးတယ်။ အဓိကမင်းသမီးတွေဖြစ်တဲ့ Carey Mulligan ဟာလည်း Promising Young Woman (2020), An Education (2009) တို့နဲ့ အော်စကာဆန်ကာတင်ဝင်ခဲ့သူဖြစ်ပြီး။ နယူးယော့ခ်တိုင်းမ်ရဲ့ အယ်ဒီတာ Rebecca Corbett အနေနဲ့ သရုပ်ဆောင်ထားတဲ့ Patricia Clarkson ဆိုရင်လည်း Pieces of April (2003) နဲ့ အော်စကာဆန်ကာတင်ဝင်ခဲ့ပါသေးတယ်။ ဒီရုပ်ရှင်မှာလည်း သူတို့တွေ အော်စကာဝင်ဦးမလား ဆက်စောင့်ကြည့်ရမှာပဲ။ ဒီတော့ ကြည့်ကိုကြည့်ဖူးသင့်တဲ့ ရုပ်ရှင်ထဲမှာပါလို့ ချန်နယ်မြန်မာကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.3GB, 1.2GB, 660MB Quality - 1080p, 720p, 480p IMDb Rating - 7.4/10 Format - mp4 Duration - 2H 9Min Genre - Drama, History Subtitle - Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

Drama • Romance
7.3 2022 129 mins
She Said
Life Is Beautiful
7

ဒီဇာတ်ကားဟာ Drama, Romance, Musical ထဲမှာ အတော် အောင်မြင်တဲ့ ရုပ်ရှင်လေးလို့ပဲ ပြောရမှာပါ။ Genre အရ စစချင်းမှာ သိပ်အလေးပေးမခံခဲ့ရပေမဲ့ ရုံတင်ပြသချိန်မှာတော့ ထင်မထားလောက်အောင်ကို ရုံဝင်ငွေ အမြောက်အများ ရရှိခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း ... "Life Is Beautiful" ဆိုတဲ့ ဇာတ်ကားလေးဟာ ဘဝတစ်လျှောက်လုံးမှာ ခင်ပွန်းသည်အပေါ်ကိုပဲ သစ္စာရှိရှိချစ်ခဲ့ပြီး သမီးလေးအတွက် အရာရာပေးဆပ်ရင်း အသက်ရှင်ခဲ့တဲ့ အိုဆယ်ယွန်း ဆိုတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပါ။ ကံဆိုးစွာနဲ့ တစ်နေ့မှာတော့ အိုဆယ်ယွန်းတစ်ယောက် သူ လောကကြီးမှာ နေရမဲ့ အချိန် သိပ်မကျန်တော့ဘူးဆိုတာကို သိလိုက်ရပါတယ်။ ဒီအချိန်မှာတော့ တစ်ဘဝလုံး မိသားစုအတွက်ပဲ စိတ်နှစ်မြှုပ်ခဲ့တဲ့ အမျိုးသမီးက သူ့ရဲ့ ခင်ပွန်းဖြစ်သူကို ထူးဆန်းတဲ့ တောင်းဆိုမှု တစ်ခုပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့ အချစ်ဦးကို ရှာဖွေပေးဖို့ပါတဲ့။ ဇနီးသည်ရဲ့ နောက်ဆုံး ဆန္ဒဖြစ်နေလေတော့ သူ့ရဲ့ခင်ပွန်းသည်လည်း ငြင်းရခက် လိုက်လျောခက် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်းနောက်ဆုံးမှာတော့ ဒီဇနီးမောင်နှံနှစ်ယောက်ဟာ အိုဆယ်ယွန်းရဲ့ အချစ်ဦး ရှာပုံတော် ဖွင့်ကြပါတော့တယ်။ သူတို့နှစ်ဦးရဲ့ ဒီခရီးစဉ်လေးဟာ ချိုတစ်လှည့် ခါးတစ်လှည့်နဲ့ ဘာတွေဘယ်လိုဖြစ်ကြမလဲ? ဇနီးသည်ရဲ့ အချစ်ဦးကို ရှာဖွေပေးဖို့ အကြောင်းဖန်လာရင်းကနေမှ သူတို့နှစ်ဦးရဲ့ အိမ်ထောင်ရေး နဲ့ အချစ်ရေးက ဆုတ်ယုတ်သွားမလား? သူတို့နှစ်ဦးကြား သံယောဇဉ်တွေ ပိုမို ခိုင်မြဲလာမလား? ဆိုတာတော့ ဇာတ်လမ်းလေးထဲ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပါ။ Cast တွေအနေနဲ့လည်း ~ Seoul Vibe မှာ ရူပါအလန်း သရုပ်ဆောင်အမိုက်စားနဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့တဲ့ Wanna One ရဲ့ Ong Seong Wu ... ~ 6/45 မှာ ယွန်းဟီး အဖြစ်ပါဝင်ခဲ့တဲ့ Park Se Wan တို့အပြင် ~ နာမည်ကျော် ဇာတ်ပို့သရုပ်ဆောင်ကြီး Park Yeong Gyu တို့က အားဖြည့်ပါဝင်ထားတာဆိုတော့ သီချင်းကောင်းကောင်းလေးတွေ အခွီလေးတွေနဲ့ ကြည့်ရပျင်းစရာကောင်းတယ်ဆိုတာ ရှိမှာ မဟုတ်ပါဘူး။ File Size          : 2.2GB, 883MB, 450MB Quality            : 1080p WEB-DL, 720p WEB-DL, 480p Format            : mp4 Duration         : 2hr & 2mins Genre              : Drama, Romance, Musical Translated by Estel, Thynn Miri & Hnin Wai Oo Encoded by Kinnov

Action • Thriller
7 2022 122 mins
Life Is Beautiful
Stabbing Into the Throat
4

ဒီတစ်ခေါက်မှာတော့ CM တရုတ်ကားချစ်ပရိသတ်တွေအတွက်ကို Stabbing Into theThroat ဆိုတဲ့ အက်ရှင်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဇာတ်လမ်းလေးကတော့ လုယောင်ဆိုတဲ့ ရဲအရာရှိက သူ့ညီမလေးအပေါ် ရဲတာဝန်နဲ့ယှဉ်ရင် ဒုတိယနေရာမှာ ထားဖြစ်နေတာမို့ အမြဲ အပြစ်ရှိသလို ခံစားနေခဲ့ရသူပေါ့.. ဒါကို ညီမလေးက ဘိန်းဝိဇ္ဇာတွေက ပြန်ပေးဆွဲထားပြီး သူတို့အစ်ကိုကြီးနဲ့ ပြန်လဲမယ်ဆိုတဲ့ အပေးအယူဖြစ်လာခဲ့တယ်... လုယောင်တစ်ယောက် တာဝန်ကို သစ္စာဖောက်ပြီး သူ့ညီမကို ကယ်မလား ညီမလေးအတွက်နဲ့ ဘိန်းဝိဇ္ဇာကို လွှတ်ပေးမလား... နောက်ပြီး လုယောင်တို့ အဖွဲ့ လိုက်နေတဲ့ မီလဲ့ဆိုတဲ့ ဘိန်းဝိဇ္ဇာချုပ်ကြီးကိုရော သူတို့တကယ် ဖမ်းမိမှာလား... ဒီခြေရာခံမရအောင် ပျောက်နေတဲ့ မီလဲ့ဆိုတဲ့ ဘိန်းဝိဇ္ဇာချုပ်ကြီးက ဘယ်မှာဖြစ်မလဲ... စိတ်ဝင်စားစရာကောင်းတဲ့ တင်ဆက်မှုကွင်းဆက်တွေနဲ့ကို တွေ့ရမှာပါ... ကြားထဲ မထင်မှတ်ထားတဲ့ အချိုးအကွေ့တွေ ဘယ်လိုကြုံတွေ့ပြီး အဆုံးသတ်က ဘယ်လိုဖြစ်မယ်ဆိုတာတွေကို ရိုက်ကွက်ကောင်းတွေနဲ့ တင်ဆက်ထားတဲ့အပြင် ဒီကားလေးမှာ မျက်နှာသစ်တွေအများကြီးပါဝင်ထားပေမယ့် တကယ့်ကို သရုပ်ဆောင်ချက်ပီပြင်တဲ့ အက်ရှင်ကားကောင်းလေးတစ်ခုမို့ ကြည့်ဖြစ်အောင်ကြည့်သင့်တယ်လို့ ပြောလိုက်ချင်ပါတယ်... Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Crime Runtime : 1h 11min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

TV Movie • Thriller
4 2022 71 mins
Stabbing Into the Throat
Look Both Ways
6.4

Look Both Ways (2022) ================= IMDb Rating – 6.4/10 ဘဝအတွက် ရေရှည်စီမံကိန်းတွေဆွဲပြီး စနစ်တကျ တည်ဆောက် ထားပေမယ့် ကံကြမ္မာအပြောင်းအလဲတစ်ခုကြောင့် စီမံကိန်းတွေ ပျက်စီးသွားပြီး မထင်မှတ်ထားတဲ့ လမ်းကြောင်းပေါ် ရောက်သွားရတဲ့ အဖြစ်မျိုးက အားလုံးနဲ့ ရင်းနှီးကျွမ်းဝင်နေပြီးသား ဖြစ်မှာပါ။ ဘဝမျှော်မှန်းချက်တွေအပြည့်နဲ့ နက် ဆိုတဲ့ ကောင်မလေးတစ်ယောက် ကလည်း ဘွဲ့ရရင် အယ်လ်အေမှာ အလုပ်သွားလုပ်မယ်ဆိုပြီး ငါးနှစ်တာ စီမံကိန်းတွေနဲ့ လူငယ်တစ်ယောက်ပါ။ နက် တို့ ဘွဲ့ရတဲ့ ပါတီညမှာ သူငယ်ချင်းဖြစ်သူ ဂေ့ဘ်နဲ့ လူငယ်သဘာဝ ကျူးလွန်မိကြပြီး အကာအကွယ်သုံးကြပေမယ့် မမျှော်လင့်ဘဲ နက် တစ်ယောက် ကိုယ်ဝန်ရှိသွားခဲ့တယ်။ ဗိုက်ထဲမှာ လူမမည်ကလေးလေးတစ်ယောက် ကပ်တွယ်နေပြီဆိုတာ သိလိုက်ရတဲ့ နက် အတွက် သူ့ရဲ့ ငါးနှစ်တာ စီမံကိန်းကို ပစ်ပြီး မိဘတွေ အိမ်ကိုပြန် ဂေ့ဘ်နဲ့တူတူ ကလေးကို စောင့်ရှောက်ဖို့ ကြိုးစားရပါတော့တယ်။ မိခင်တစ်ဖြစ်လဲ နက်ဟာ သူငယ်ချင်းတွေ အယ်လ်အေမှာ အလုပ်လုပ် နေကြတဲ့ ပုံတွေကို မြင်တိုင်း အဲဒီမှာ ရှိနေသင့်တဲ့ သူ့ရဲ့ဘဝနဲ့ လက်ရှိမိခင် ဘဝကို ယှဉ်တွေးကြည့်ပုံတွေကို မြင်တွေ့ရမှာပါ။ တစ်ခါတရံမှာ ဘဝဟာ ကိုယ်ထင်ထားသလို ဖြစ်မလာပေမယ့်လည်း ရတဲ့ဘဝမှာ ဘယ်လို အကောင်းဆုံးကြိုးစားရပ်တည်သင့်လဲဆိုတဲ့ အရာ တွေကို ရိုက်ပြထားတဲ့ ဇာတ်ကားလေးမို့ လူငယ်ပရိသတ်တွေ အကြိုက် တွေ့ကြမယ်လို့ ထင်ပါတယ်။ Netflix ကနေ အသစ်ထွက်ရှိလာတဲ့ IMDb Rating 6.4/10 ရထားတဲ့ လူငယ်ကိုယ်စားပြုဇာတ်ကားလေးလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ နက်အဖြစ် မင်းသမီးချောလေး Lili Reinhartက သရုပ်ဆောင်ထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို May Thet Khine Soeမှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေးသူများကတော့ May Thet Khine Soe, Khant Sett Naingတို့ဖြစ်ပါတယ်)

Comedy • Family
6.4 2022
Look Both Ways
The Kerala Story
7.1

The Kerala Story (2023) ” ကီရယ်လာဇာတ်လမ်းတစ်ပုဒ်” ============================================= ချန်နယ်မြန်မာပရိသတ်တွေအတွက် ထွက်ရှိစဉ်က ငြင်းခုန်စရာတွေ တော်တော်လေးဖြစ်ခဲ့တဲ့ မင်းသမီး အာဒါရှရ်မာရဲ့ The Kerala Story ဆိုတဲ့ IMDb 7.1 ရထားတဲ့ မှုခင်းဒရာမာရုပ်ရှင်လေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ အကြမ်းဖက်မှုနဲ့ အာဖဂန်က ထောင်တစ်ခုမှာ အဖမ်းခံထားရတဲ့ ဖာတီမာဘာဆိုတဲ့ အိုင်းဆစ်အဖွဲ့ဝင်အမျိုးသမီးဟာ စစ်ကြောရေးလုပ်နေသူတွေကို သူ့ရဲ့ဘဝဇာတ်ကြောင်းကို ပြန်ပြောပြနေပါတယ်။ သူဟာ ဖာတီမာဆိုတဲ့ အိုင်းစစ်အဖွဲ့ဝင် အစ္စလာမ်အစွန်းရောက်တစ်ယောက် ဖြစ်မလာခင်က ရှာလင်းနီဆိုတဲ့ ကီရယ်လာသူ ဟိန္ဒူအမျိုးသမီး ပညာတတ်တစ်ဦးဖြစ်ခဲ့ပါတယ်။ သူဟာ အဲဒီလို ပညာတတ်တစ်ယောက်ကနေ ဘယ်လို လွဲမှားပြီး အမှားတွေကို ကိုယ်တိုင်ဝင်လုပ်တဲ့အထိ အိုင်းဆစ်အဖွဲ့ဝင် ဘယ်လိုဖြစ်လာခဲ့တာလဲဆိုတာ ဒီရုပ်ရှင်ထဲမှာ ပုံဖော်ပြထားတာပါ။ ဒီ ၂၀၂၃ ခုနှစ်ထွက် The Kerala Story ဆိုတဲ့ ရုပ်ရှင်ဟာ အမှန်တရားတွေအပေါ် အခြေခံပြီး စိတ်ကူးပုံဖော်ဖန်တီးထားတဲ့ ဒါရိုက်တာ ဆူဒီပ်တိုဆန်ရဲ့ လက်ရာတစ်ခုပဲဖြစ်ပါတယ်။ စနစ်တကျဖန်တီးထားတဲ့ ဝါဒမှိုင်းတွေက လူ့အတွေးအခေါ်တွေကို ဘယ်လောက်ထိ အကျိုးသက်ရောက်မှုရှိနိုင်လဲဆိုတာကို ဒီရုပ်ရှင်ထဲမှာ အနည်းအကျဉ်းမြင်ရမှာပါ…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

7.1 2023
The Kerala Story
Woody Woodpecker Goes to Camp

သစ်တောက်ငှက် ဝူဒီလေးရဲ့ ဒုတိယကားထွက်ရှိလာပါပြီ….။ ဝူဒီလေးကိုတော့ အားလုံးသိကြပြီးသားဖြစ်မှာပါ … သူ့ကိုယ်ပိုင်ရယ်သံလေးနဲ့အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ သစ်တောက်ငှက်လေးပေါ့…။ ဇာတ်လမ်းအကျဥ်းလေးကိုပြောပြရရင် ဝူဒီ ဆိုတာ တိတ်ဆိတ်ငြိမ်းချမ်းတဲ့ သူ့တောအုပ်ထဲမှာ ဆူညံပူညံလာလုပ်တဲ့လူတွေ၊ လာဖျက်ဆီးတဲ့လူတွေကို ပညာပေးပြီး နှင်ထုတ်လေ့ရှိတဲ့ သစ်တောက်ငှက်လေးပေါ့….။ ကံဆိုးချင်တော့ လူတွေဖျက်ဆီးတာထက် ဝူဒီရဲ့အဆင်အခြင်မဲ့ လုပ်ဆောင်မှုကြောင့် သစ်တောပျက်ဆီးရတာကပိုများပါတယ်…။ ဒါကြောင့် တောပိုင်ကြီးက ဝူဒီလေးကို အသင်းအဖွဲ့နဲ့နေတတ်မှ ပြန်လာခဲ့ဆိုပြီးတောအုပ်ထဲမှ နှင်ထုတ်လိုက်ပါတယ်…။ ဒီလိုနဲ့ ဝူဒီလေးတစ်ယောက် အသင်းအဖွဲဲ့နဲ့ နေတတ်အောင် သင်ယူဖို့ဆိုပြီး နွေရာသီစခန်းတစ်ခုကိုရောက်သွားပါတယ်…။ ဒီစခန်းမှာရော ဘယ်လိုလူတွေနဲ့စုံရမလဲ၊ ဘယ်လိုစွန့်စားခန်းတွေက စောင့်ကြိုနေဦးမလဲဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ File size…2.79GB / 1.26GB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ….. Adventure , Comedy , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Science Fiction • Comedy • Horror
0 2024
Woody Woodpecker Goes to Camp
Sniper 3
5.5

အမေရိကန်မရိန်းတပ်ရဲ့ လက်အဖြောင့်ဆုံး စနိုက်ပါလူသတ်သမား မာစတာတပ်ကြပ်ကြီး Thomas Beckett ကို စစ်ဆင်ရေးတခု ဆောင်ရွက်ဖို့ CIA က တာဝန်ပေးခဲ့ပါတယ်။ သူ့ရဲ့မစ်ရှင်တာဝန်က ဟိုချီမင်းမြို့ရဲ့ အရက်စက်ဆုံး ဒုစရိုက်မှောင်ခိုဂိုဏ်းချုပ်ကြီးကို ရှင်းပစ်ဖို့ပါ။ ဒါပေမဲ့ အဲဒီ ဘိန်းမှောင်ခိုဆရာကြီးဟာ Beckett ရဲ့ အသက်သခင်ကျေးဇူးရှင်ဖြစ်နေတဲ့အပြင် သူနဲ့ အတူတူ တာဝန်ထမ်းဆောင်ဖူးတဲ့ စစ်ပြန်ဟောင်းတဦးဖြစ်နေတဲ့အခါမှာတော့ သစ္စာတရားနဲ့ သစ္စာဖောက်မှုကြားက မျဉ်းပါးပါးလေးကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမှာလဲ၊ စီအိုင်အေက သူ့ကို အသုံးချခဲ့တယ်ဆိုတာကို သိရှိသွားတဲ့အခါမှာ တကိုယ်တော်စွန့်စားမှုနဲ့ အမှန်တရားကို ဘယ်လိုရှာဖွေသွားမလဲဆိုတာ အမိုက်စား စောင့်ကြည့်ရမယ့် အက်ရှင်ကားကောင်းတကားဖြစ်ပါတယ်။ File size…1.92GB / 966MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 30m Genre ….. Action , Thriller , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint

5.5 2004
Sniper 3
The Braid
7.2

The Braid (2023) IMDb Rating (7.2) Alejandroရဲ့ Babel (2006 )လိုမျိုး မတူညီတဲ့နိုင်ငံတွေက အဖြစ်အပျက်တွေကို ချိတ်ဆက်ရိုက်ကူးထားတဲ့ သူ့အရသာနဲ့ ခပ်ဆင်ဆင် ကားလေးလို့ပြောရမယ်။ တော်တော်လည်း ကြည့်လို့ကောင်းပါတယ်။ ဒီရုပ်ရှင်မှာတော့ အမျိုးသမီးဇာတ်ကောင်တွေနဲ့ သူတို့ရဲ့ဖြတ်သန်းရုန်းကန်မှုတွေကိုပဲ အသားပေးပြီး အမျိုးသမီးတွေရဲ့အင်အားကို ပြသပြီး အမျိုးသမီးတွေကို ဂုဏ်ပြုထားတယ်ပြောရမယ်။ ပြင်သစ်ဒါရိုက်တာ Laetitia Colombaniက သူရေးခဲ့တဲ့ နာမည်တူဝတ္တုကိုပဲ ပြန်ရိုက်ကူးထားတာပါ။ ဒီလိုမတူတဲ့နေရာတွေက မတူတဲ့လူတွေရဲ့ အဖြစ်အပျက်တွေကို သူတင်ဆက်တာက တည်းဖြတ်တာကအစ ခြောက်ပြစ်ကင်းနေတယ်လို့တော့ ပြောမရပေမဲ့ ကြည့်လို့ကောင်းတဲ့ အရသာတစ်ခုတော့ ပေးနိုင်တဲ့ ရုပ်ရှင်ပါပဲ။ အိန္ဒိယ, ကနေဒါနဲ့ အီတလီနိုင်ငံသုံးနိုင်ငံက အမျိုးသမီးသုံးယောက်ကို အဓိကထားပြီး သူတို့ရဲ့နေလာရင်းဘဝမှာ ရှိပြီးသား အခက်အခဲတွေ, အသစ်ထပ်ကြုံလာရတဲ့အခက်အခဲတွေ အဲဒီအခက်အခဲတွေကို သူတို့ရင်ဆိုင်ဖြေရှင်းကြပုံတွေကို ပြထားပေးတယ်။ ဒီမတူတဲ့နိုင်ငံသုံးခုက အနိမ့်ဆုံးကနေ အမြင့်ဆုံး ဘယ်လိုမှ မတူတဲ့ဘဝ၃ခုကို ချိတ်ဆက်ပြသသွားပုံကလည်း ထူးခြားတယ်။ မသေခင်ကြည့်သင့်တဲ့တို့ ဘာတို့စာရင်းမဝင်ပေမဲ့ ရသတစ်ခုလိုချင်ရင် ကြည့်သင့်ကြည့်ထိုက်တဲ့ရုပ်ရှင်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(2.7 GB) / (1.2 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….02:01:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by WiRa Aung

7.2 2023 121 mins
The Braid
Sleeping Princess Princesa Adormecida
4.4

Sleeping Princess (2024) Princesa Adormecida Paula Pimenta ရဲ့ဝတ္ထုကိုအခြေခံထားရိုက်ကူးထားတဲ့ Sleeping Princess ဇာတ်ကားဟာဆိုရင် ခေတ်သစ်တော်ဝင်နွယ်ဖွားကောင်မလေးတစ်ယောက်ရဲ့ဘဝကြောင်းကိုပုံဖော်ထားတဲ့ Fantasy, Romance, Comedy အမျိုးအစား Brazilian Portuguese စကားပြောရုပ်ရှင်ဖြစ်ပါတယ်။ Áurea Bellora ဆိုတဲ့ Lichtenstein နိုင်ငံငယ်လေးက တော်ဝင်နွယ်ဖွားမိန်းကလေးဟာ ငယ်ငယ်က လုပ်ကြံခံရပြီးသေဆုံးသွားခဲ့တယ်လို့ ကမ္ဘာတစ်ဝှမ်းသိရှိခဲ့ကြပါတယ်။ ဒီဇာတ်လမ်းကို အမြဲတမ်းနားထောင်ခဲ့ရတာကတော့ Rosa ဆိုတဲ့ Brazil နိုင်ငံကကောင်မလေးတစ်ယောက်ပေါ့။ တစ်ဖက်မှာတော့ မင်းသမီးလေးရဲ့မိဘတွေဟာ Queen of Disguise အနေနဲ့ Evil Mouth လို့လူသိများတဲ့ Marie Malleville ရဲ့ခြိမ်းခြောက်မှုတွေကို အလူးအလဲခံနေခဲ့ရပါတယ်။ Marie ဆိုတာက မင်းသမီးလေးရဲ့အဖေကို သဘောကျနေခဲ့သူဖြစ်ပြီး တခြားသူနဲ့လက်ထပ်သွားတာကြောင့် လက်‌စားချေဖို့ ကြိုးစားနေသူတစ်ဦးဆိုရင် မမှားပါဘူး။ သူလိုချင်ခဲ့တဲ့ကြင်ယာတော်နေရာကို လုယူသွားလို့ဆိုတဲ့အကြောင်းပြချက်တွေနဲ့ မင်းသမီးလေးတို့မိသားစုရဲ့‌ပျော်ရွှင်မှုဆိတ်သုဉ်းရအောင် မင်းသမီး‌လေးကိုမရမကလုပ်ကြံဖို့ကြိုးစားတတ်တဲ့ Marie က မင်းသမီးလေးအသက်ရှင်နေဆဲဆိုတာသိသွားမှာလား။ မင်းသမီးလေးကရော တကယ်ပဲအသက်ရှင်နေသေးသလား။ Rosa နဲ့ရော ဘယ်လိုပတ်သက်မှုတွေရှိမှာလဲဆိုတာကို ခန့်မှန်းရင်း ရင်ခုန်စရာကောင်းတဲ့ဇာတ်ကားဖြစ်တာကြောင့် ကြည့်ရှုရတာတန်စေမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ T Lone ဖြစ်ပါတယ်။) File size…(1.6 GB) / (910 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Fantasy, Romance Duration….01:21:30 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by T Lone

4.4 2024
Sleeping Princess Princesa Adormecida
The Best of Me
6.7

လူဆိုတာတွေ့ရမယ်၊ ကြုံရမယ်၊ ဆုံရမယ် ပြီးရင်ကွဲရမယ်တဲ့။ ဘဝရယ်လို့ ဖြစ်တည်လာလို့ရှိရင် ဒါကိုမလွဲမသွေကြုံရမှာပဲ။ သိလျက်နဲ့မိုက်တယ်လို့ပြောရမလား ချစ်လို့ မျက်စိကန်းတယ်ပဲပြောရမလား အရုပ်လေးတစ်ခုလက်ထဲရောက်လာရင်တောင် ဒါငါ့အရုပ်၊ အရုပ်လေးကို တန်ဖိုးထားတတ်ကြတာ လူ့သဘာဝပဲလေ။ လူနှစ်ယောက်ချစ်ကြတယ်ဆိုရင်ပိုဆိုးတာပေါ့။ The Best of Me ကတော့ ဒီသဘောကို အကောင်းဆုံးမဟုတ်တောင် ပြီးပြည့်စုံအောင်ဖော်ပြသွားပါတယ်။ ဒီကားကိုကြည့်လိုက်ရတာ တာရာပွကြီးရဲ့ ကာတွန်းတစ်အုပ်ကိုပြန်ဖတ်လိုက်ရသလို၊ ငယ်ဘဝကိုပြန်ရောက်သွားရသလို၊ လွမ်းခြင်းနဲ့ ဝမ်းနည်းခြင်း နှစ်ခုပေါင်းပြီး ရင်ထဲဆို့တက်လာရပါတယ်။ ရင်ထဲမှာ ဆွေးပြီးတော့ ကျန်ခဲ့ရမယ့် ရုပ်ရှင်ဖြစ်လို့ တစ်ရှူးလေးဆောင်ပြီး ကြည့်ဖို့အကြံပေးပါတယ်။ ဇာတ်ညွှန်း ကိုးလ် မိသားစုဆိုတာရှိတယ်။ ဒုစရိုက်လူမိုက်ဖခင်ကမွေးလာတဲ့ သားသုံးယောက်မှာ နှစ်ယောက်က အဖေခြေရာကိုထပ်ခဲ့တယ်။ ဒေါ်ဆင်ကိုးလ် ဆိုတဲ့ အငယ်ဆုံးသားကတော့ အကြီးနှစ်ယောက်နဲ့မတူပဲ အဖေနဲ့ ဆန့်ကျင်ဖက်ဖြစ်ခဲ့ပါတယ်။ ငယ်ငယ်ကတည်းက ရိုက်နှက်ဆုံးမခံလာရတဲ့ ဒေါ်ဆင်အတွက် လောကကြီးကထင်သလောက်ရှင်သန်ရတာ လွယ်ကူမနေပါဘူး။ အရောင်မဲ့နေတဲ့ ဒေါ်ဆင်ရဲ့ ဘဝထဲကို အရောင်စိုပြေအောင် စွမ်းဆောင်ပေးမယ့် အမန်ဒါဆိုတဲ့ ကောင်မလေးတစ်ယောက်မမျှော်လင့်ပဲရောက်လာခဲ့ပါတယ်။ ဘဝမှာ မမျှော်လင့်ထားတာတွေအများကြီးဖြစ်တတ်ပါတယ်။ မမျှော်လင့်ထားခြင်းမှာ ကောင်းခြင်းဆိုတဲ့အရာကနည်းလှပါတယ်။ ဒေါ်ဆင်လိုမျိုး လူတစ်ယောက်အတွက်ကတော့ အမန်ဒါဟာ ဘုရားပေးတဲ့ဆုလာဘ်ထက်ကိုပိုခဲ့ပါတယ်။ ဒါပေမယ့် ဘဝဆိုတာကလည်းအခက်သား ပျော်တစ်ရက်၊ မပျော် တစ်လ လောက်နှိပ်စက်ချင်တာ။ အချစ်ကံကောင်းပေမယ့် ဘဝကံမကောင်းခဲ့တဲ့ ဒေါ်ဆင်ရဲ့ ဘဝထဲမှာ အမန်ဒါတစ်ယောက်ဘယ်လိုများဖြစ်မှာလဲ။ ပြီးပြည့်စုံတဲ့ကောင်မလေးနဲ့ မပြီးပြည့်စုံတဲ့ ဒေါ်ဆင်တို့နှစ်ယောက်ရဲ့ ဘဝနှစ်ခုက ဘယ်လိုကြမ္မာငင်ကြမှာလဲ။ သေချာတာတစ်ခုကတော့ အမန်ဒါဟာ ဒေါ်ဆင်ရဲ့ “အကောင်းဆုံးဖြစ်တည်မှု”တစ်ခုပါပဲ။ Dawson အဖြစ်မင်းသား James Marsden Amanda အဖြစ် မင်းသမီး Michelle Monaghan တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ မင်းသားနဲ့မင်းသမီးကလည်း ပရိသတ်နဲ့မစိမ်းတာမလို့ ခံစားကြည့်လိုက်ကြပါ။ File size… 2 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 58m Genre ….. Dram / Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Lucifer Maximoff

Drama • Music
6.7 2014 117 mins
The Best of Me