YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Scandal (2024) E17 WEB-DL 1080P (CM).mp4

568.81 MB N/A video/mp4 42 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Enough Said
6.7

Genre – Comedy, Romance, Drama IMDB – 7.0/10 အချစ်ကားလေးဆိုလို့ နုနုငယ်ငယ်လေးတွေ ဖလန်းဖလန်း ထကြတဲ့ကားမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒါကိုက ဇာတ်ကားနဲ့ ဒိုင်ယာလော့ခ်တွေကို ပိုပြီး စစ်မှန်စေတယ်လို့ ကျွန်တော်ကတော့ ခံစားရတယ်။ စိတ်ကူးယဉ်မဟုတ်ပဲ လက်တွေ့လောကကို ပိုပြီး မြင်ရသလိုမျိုးပေါ့။ ဇာတ်လမ်း ကတော့ အိမ်ထောင်ကွဲထားပြီး သမီးကိုယ်စီမွေးထားတဲ့ သက်လတ်ပိုင်းအရွယ်တွေရဲ့ ဘဝနေထိုင်မှုကို အသားပေးထား တာမျိုးပါ။ အီဗာဆိုတဲ့အမျိုးသမီးကတော့ ကွာရှင်းထားတာ ၁၀ နှစ်ရှိနေပြီ သမီးလေးကလည်း ကောလိပ်သွားတက်ရတော့မယ် သူကိုယ်တိုင်ကလည်း သူများကိုနှိပ်နယ်ပေးရတဲ့ ပရော်ဖက် ရှင်နယ် အနှိပ်သည်တစ်ယောက်ပေါ့လေ။ တစ်ဖက်က အဲဘတ်ကကျ ကွာရှင်းထားတာ ၄ နှစ်လောက်ရှိပြီ သမီးကလည်း ကောလိပ်သွားတော့မယ် သူကကျ ရိုးရာသမိုင်း စာကြည့်တိုက်မှာ တီဗီအစီအစဉ် ထိန်းသိမ်းတာမျိုး လုပ်တဲ့လူ။ အီဗာက နှိပ်ပေးရင်းနဲ့ သူငယ်ချင်းရထားတာရှိတယ် ယောက်ျားမကောင်းကြောင်း အင်မတန်ပြောလေ့ရှိတဲ့ ကဗျာ ဆရာမ မယ်ရီအန်းပေါ့လေ။ ဒီလိုနဲ့ ပါတီတစ်ခုမှာ အီဗာနဲ့ အဲဘတ်တို့ တွေ့ခဲ့ကြပြီး နောက်ပိုင်း တွဲဖြစ်ခဲ့ကြပါတယ် အဲဘတ်က လူဝကြီးဆိုပေမဲ့ အီဗာ့အတွက် အဆင်ပြေခဲ့တယ်။ အဲဒီမှာပဲ တစ်ရက်ကျ အီဗာဟာ ကိုယ့်ချစ်သူအဲဘတ်ရဲ့ အရင်မိန်းမ ဆိုသူက ကိုယ်နှိပ်ပေးနေကြ ဘော်ဒါ မယ်ရီအန်းဖြစ်နေတာကို သိလိုက်ရတဲ့အခါမှာတော့…… ဘာတွေ ဆက်ဖြစ်ကြမလဲ ပေါ့ပေါ့ပါးပါးနဲ့ လက်တွေ့ဆန်ဆန်လေး ကြည့်ရမှာပဲ ဖြစ်ပါတယ်။ အနောက်တိုင်းရဲ့ အိမ်ထောင်ရေး ပြဿနာတွေ၊ ကလေးပြုစုပျိုးထောင်ရေးလေးတွေ၊ သူတို့ဆီက လက်တွဲဖော်ဆိုတာ ဘယ်လိုမျိုးဆိုတာတွေ သိရှိရစေမှာလည်း ဖြစ်ပါတယ်။ မင်းသမီးနေရာသရုပ်ဆောင် Julia ကတော့ မင်းသမီးလေး Anna Kendrick ကို အသက်ကြီး ထားတဲ့ပုံမျိုးပါ ချစ်စရာကောင်းအောင် သရုပ်ဆောင်ထားပါတယ်။ မင်းသားနေရာက James Gandofini ဆိုရင် နာမည်ကြီး Soprano စီးရီးထဲမှာ Tony Soprano နေရာ ပွဲကြမ်းထား သလောက် ဒီထဲမှာတော့ သဘောကောင်းပြီး ကြင်နာ တတ်တဲ့လူဝကြီးအနေနဲ့ သဘာဝကျကျ ပါဝင်ထားပါတယ်။ File size…1.50GB / 689MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 33m Genre ..... Comedy, Romance, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Action
6.7 2013 93 mins
Enough Said
My Name is Huang Zhonghua
3.5

❐ ဒီဇာတ်ကားလေးဟာဆိုရင် ၁၉၉၀ ခုနှစ်အတွင်း တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း​မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဇာတ်လမ်းလေး​ကိုရေသားဖော်ပြထားတဲ့ Kong Ergou ရဲ့ "The Past in Northeast China" ဝတ္ထုကို အခြေခံရိုက်ကူးထားသော ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်ရှင် ၁၉၉၀ ပြည့်နှစ်ဝန်းကျင် မိုးများသည်းထန်စွာ ရွာသွန်းနေချိန်..., ကျောက်ဟုန်ပင်းဆိုသူဟာ ယန်တယုံဆိုတဲ့ လူတစ်ယောက်ကို ကားနဲ့မတော်တဆတိုက်မိပြီး ထွက်ခွာလာခဲ့ပါတယ် ၂ နှစ်လောက်ကြာပြီးတဲ့နောက်မှာတော့ ကျောက်ဟုန်ပင်းဟာ ဇာတိမြေဆီကိုပြန်လာခဲ့ပါတယ် တစ်ဖက်မှာလဲ ဖခင်က ကားတိုက်ခံတဲ့ဒဏ်ရာကြောင့် ဒုက္ခတဖြစ်နေသည့်အတွက် ယန်တယုံရဲ့တစ်ဦးသော သားဖြစ်သူ ၁၀ နှစ်သားအရွယ်ရှောင်လုံဟာ သူတို့နယ်မြေရဲ့ လူမိုက်တစ်ယောက်ထံမှာ အလုပ်ဝင်လုပ်ရင်း အခက်အခဲပေါင်းများစွာ/အနိုင်ကျင့်ခံမှုပေါင်းများစွာကိုခံစားရပါတော့တယ် ဒ ါတွေအားလုံးကို မျက်မြင်ကိုယ်တွေ့ကြုံတွေ့ပြီး သူ့ကိုယ်သူအပြစ်ရှိသလိုခံစားနေရတဲ့ ကျောက်ဟုန်ပင်းဟာ အရာအားလုံးအရင်လိုပြန်ဖြစ်ရေး/ အေးချမ်းတဲ့နေ့ရက်တွေကို ပြန်လည်ရရှိစေရေးအတွက် နောက်မဆုတ်တမ်း ကြိုးစားခဲ့ရင်းကနေ ပြဿနာကြီးတစ်ခုဖြစ်ပွားလာခဲ့တဲ့အခါ....? ❐ ဘာတွေဆက်ဖြစ်ပြီး ဘယ်လိုမျိုးရင်ဆိုင်မှုတွေနဲ့ ကြုံတွေ့ကြရမှာလဲ? ❐ လူတစ်ယောက်ဖြစ်လာရင် အသိစိတ်ရှိပြီး လိပ်ပြာလုံလုံနဲ့ နေနိုင်ရမယ်လို့ မှတ်ယူထားတဲ့ ကျောက်ဟုန်ပင်းတစ်ယောက် အတိတ်ကဖြစ်ခဲ့တဲ့ အမှားတွေကိုပြန်လည်ပြင်ဆင်နိုင်ပါ့မလား...? ဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုလိုက်ရအောင်လားရှင် ဒီဇာတ်ကားထဲမှာဆိုရင် ညီအစ်ကိုတွေကြားထဲက သံယောဇဥ်/ မိတ်ဆွေတွေရဲ့ သံယောဇဥ် အစရှိတဲ့ သံယောဇဥ်နက်ရှိုင်းပုံတွေကို ဦးစားပေးဖော်ပြထားတာမို့ ကြည့်ရှုသူတွေအတွက် ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်းခံစားစေမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama Runtime : 1h 17 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Drama • Romance
3.5 2022 96 mins
My Name is Huang Zhonghua
Gods of Egypt
5.6

ရှေးခေတ် အီဂျစ်ပြည်ဆိုတာ အရမ်းကိုကြီးကျယ်ခမ်းနားပြီး ပျော်ဖို့ကောင်းတဲ့တိုင်းပြည်တစ်ခု။ နေနတ်မင်းကြီး Ra ရဲ့ သားတော်နှစ်ပါးထဲက Osiris က အုပ်ချုပ်ခဲ့ပြီး ခုတော့ သူ့သားဖြစ်တဲ့ ကောင်းကင်ကိုအစိုးရတဲ့ Horus နတ်ကို ထီးနန်းလွှဲပေးဖို့လုပ်တယ်။ ဒါပေမဲ့ Osiris ရဲ့ ညီ Horus ရဲ့ ဦးလေးဖြစ်တဲ့ သဲကန္တာရကိုအစိုးရတဲ့ Seth နတ်မင်းက ထီးနန်းလုတဲ့အတွက် Horus လည်း သူ့ရဲ့ အစွမ်းထက်လှပါတယ်ဆိုတဲ့ All seeing eye (Eye of horus) လည်း အဖြုတ်ခံရပြီး အကျဉ်းသားဖြစ်သွားရတယ်။ ထီးနန်းလုတာတင်မဟုတ်ဘဲ အရမ်းကိုရည်မှန်းချက်တွေကြီး ပါဝါအရမ်းမက်နေတဲ့ Seth လက်အောက်မှာ တခြား နတ်မင်းတွေအပြင် လူသားတွေပါ မျိုးပြုတ်မဲ့ကိန်းဖြစ်နေလို့ Bek လို့ခေါ်တဲ့ အညာတရ သူခိုးလေးက ချစ်သူရဲ့ တိုက်တွန်းချက်နဲ့ နတ်မင်းကြီး Horus ရဲ့ မျက်လုံးကို ခိုးပြီး Horus ကိုကူညီပြီး အီဂျစ်ပြည်ကို အတူတကွ ကယ်တင်ပုံကို အမိုက်စား စိတ်လှုပ်ရှားဖွယ် ရှုစားကြရမှာပါ။ (ဒီဇာတ်ကားက CGI အသားပေး Action,Fantasy ရုပ်ရှင်ဇာတ်ကားဖြစ်တာကြောင့် 4K HDR Quality နဲ့တင်ဆက်လိုက်ပါတယ်...HDR ဖြစ်တာကြောင့် 4K ဖိုင်ကို ဒေါင်းမယ့်သူတွေက HDR Support လုပ်မယ့် Device တွေနဲ့ကြည့်မှ ကာလာစုံမြင်ရမှာပါ...PC တို့ Android Box တို့ ခေတ်ပေါ်ဖုန်းတချို့နဲ့ ကြည့်လို့ရပါတယ်။ 1080p နဲ့ 720p ကတော့ ဘယ် Device နဲ့ဖြစ်ဖြစ် ကြည့်လို့ရပါတယ်။) File size…(4.7 GB)/(2.5 GB)/(1.1 GB) Quality….BluRay 4K HDR HEVC /1080p/720p Format…mp4 Duration….02:07:20 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung

Reality
5.6 2016 127 mins
Gods of Egypt
Kinsenas, Katapusan
6.2

ဒီဖိလစ်ပိုင်ဇာတ်ကားက Thriller,Psychological ပုံစံပါ။ ကွန်နရာဒိုဟာအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်၊ အလိုက်သိဖြည့်ဆည်းတတ်တဲ့ဇနီးချောနဲ့သမီးလိမ်မာလေးကိုပါ ပိုင်ဆိုင်ထားတဲ့ အားကျစရာဘဝပိုင်ရှင်လူလတ်ပိုင်းတစ်ဦးပါ။ဒါဆိုရင်သူ့မှာ ဘာချို့ယွင်းချက်ရှိနေမလဲဆိုတော့ ဘာမှရှိမနေပါဘူး။ အဲ့ဒါတွေတင်မကပဲနဲ့ စော်လဲမတရားကြည်ပါသေးတယ်။ သူ့ရုံးကလက်ထောက်ကောင်မလေးဆို မနည်းရှောင်တဲ့ကြားထဲက အတင်းကြီး စားပွဲပေါ်လာတင်ကျွေးလို့အားနာပြီးစားလိုက်မိရာကနေ လာလာနွယ်နေလို့သူစိတ်ညစ်နေရတာလေးတစ်ကွက်တော့ရှိတယ်။ပြောရမယ်ဆိုရင်မွေးရာပါ အားနည်းချက်က စော်ကြည်တာပေါ့ဗျာ။ အဲ့ဒီကနေမှသူ့သမီးကျောင်းကိုအသစ်ရောက်လာတဲ့ အတန်းဖော်မိန်းကလေး၊ အထက်တန်းကျောင်းသူလို့မထင်ရစရာ ဖွံ့ဖွံ့ထွားထွားနဲ့ ဆွဲဆောင်မှုပြင်းလွန်းတဲ့ကောင်မလေးကပါ သူ့သမီးကတစ်ဆင့် သူ့ကိုအတင်းဝင်လုံးဝင်ရော နည်းပေါင်းစုံနဲ့ဇာတ်လမ်းတွေထွင် ဗီဒီယိုကောတွေနဲ့ပြ တစ်ဆင့်ပြီးတစ်ဆင့်တက်လှမ်းလာတဲ့အခါ..။ ကောင်မလေးရိုးမှရိုးရဲ့လားလို့တွေးမိကြမှာပါပဲ။ ကောင်မလေးမှာသူမသိတဲ့ဘယ်လိုနောက်ကြောင်းတွေရည်ရွယ်ချက်တွေရှိမလဲ၊ ဒီကောင်မလေး ခြိမ်းခြောက်လာခဲ့သလို သူချစ်တဲ့ဇနီးနဲ့သမီးတို့နဲ့သာယာတဲ့အိမ်ထောင်ရေးကိုထိခိုက်ခံရတော့မှာလား? ဒီရမ္မက်နွံကနေ ဘယ်လိုရုန်းထွက်ရမလဲစတဲ့ မေးခွန်းတွေကို အဖြေရှာရှုစားကြပါ။ မင်းသားကြီးရဲ့ဘဝဟာဆိုရင်ဖြင့် စောင်းပုလွေဘာဂျာအစုံနဲ့ သာယာပုံတွေက တကယ့်ကိုအားကျစရာကြီးဆိုတော့ ငါဆိုရင်ကောရုန်းနိုင်ပါ့မလားဆိုတဲ့မေးခွန်းတော့ ကိုယ့်ကိုယ်ကိုပြန်မေးဖြစ်ကြပါလိမ့်မယ်။ 18+ ပါပဲဆိုတာတော့ပြောစရာမလိုဘူးထင်ပါတယ်။ File size…(800 MB)/(400 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:28:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Alias

Comedy • Drama
6.2 2022 87 mins
Kinsenas, Katapusan
Drawing Sword: Blood Payment

တရုတ်နိုင်ငံအတွင်း ဂျပန်တပ်တွေ အုပ်စိုးချယ်လှယ်စဥ်အချိန်ကာလ..., အဋ္ဌမလမ်းကြောင်း(ပါးလု)တပ်မတော်ရဲ့ အဖွဲ့ချုပ် ဖြစ်သူ လီယွင်လုံ နဲ့ ရှို့ချင်တို့ရဲ့ မင်္ဂလာပွဲညမှာ ဂျပန်အထူးတပ်ဖွဲ့ဟာ ဝင်ရောက် ထိုးစစ်ဆင်ပါတော့တယ် ။ အဲဒါအပြင် ကျောက်ကျားတောင်ကြားရွာက ရွာသူရွာသား အများအပြားဟာ ဂျပန်တွေလက်ထဲမှာ အပြစ်မဲ့စွာသေဆုံးသွားခဲ့ကြပြီး သတို့သမီးဖြစ်သူ ရှို့ချင်ကိုလဲ အရှင်လတ်လတ်ဖမ်းဆီးသွားခဲ့ပါတော့တယ် ။ ဒီလုပ်ရပ်ကို မခံမရပ်ဖြစ်နေကြတဲ့ အဋ္ဌမလမ်းကြောင်း(ပါးလု) တပ်မတော် နဲ့ ကျောက်ကျားတောင်ကြားရွာ ရွာသူရွာသားတွေဟာ ဖက်စစ်ဂျပန်တွေကို တိုက်ခိုက်ဖို့အတွက် တစ်ဖန်ပြန်ကာ ထိုးစစ်ဆင်လာခဲ့ပါတယ် ။ ဒီတော့ - ❏ သူတို့တွေရဲ့ တိုက်ပွဲ အောင်မြင်နိုင်ပါ့မလား ? ❏ အသက်နဲ့ရင်းကား ပေးဆပ်ခဲ့ကြတဲ့ ကျောက်ကျားတောင်ကြားရွာ ရွာသူရွာသားတွေအတွက် လက်စားချေပေးနိုင်ပါ့မလား ? ❏ မဂ်လာဦးညမှာတင် ကွဲကွာသွားခဲ့တဲ့ လီယွင်လုံ နဲ့ ရှို့ချင်တို့ကတော့ ပြန်လည်တွေ့ဆုံ နိုင်ပါ့မလားဆိုတာ ဒီဇာတ်ကားလေးကို ကြည့်ရှုလိုက်ရအောင်ပါနော် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , War Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Comedy • Romance
0 2023 71 mins
Drawing Sword: Blood Payment
KKN, Curse Of The Dancing Village
6.2

KKN, Curse of the Dancing Village (2022) Synopsis IMDB – 6.2/10 ညဆိုတာ အာဘွားတောင်းဖို့ မဟုတ်ပါဘူး စောင်ခြုံပြီး သရဲကားကြည့်ဖို့ပါ :’P ဒီတစ်ခါမှာတော့ အရှေ့တောင်အာရှရဲ့ နာမည်ကြီး horror film တွေထွက်နေကျဖြစ်တဲ့ အင်ဒိုနီးရှား horror film တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားလေးကတော့ အင်ဒိုနီးရှားနိုင်ငံ နယ်စွန်နယ်ဖျား တောအုပ်လေးထဲက ရွာလေးတစ်ရွာကို ဘွဲ့ကြိုကျောင်းသားကျောင်းသူ ခြောက်ယောက် ကျောင်းပြင်ပ လှုပ်ရှားမှုတွေ လုပ်ဖို့လာကြရင်း တားမြစ်ချက်တွေကို ချိုးဖောက်မိရာက ပရလောကနဲ့ ပတ်သက်မိပြီး အမျိုးစုံကြိုးခုန်ကြပုံကို ရိုက်ပြထားတာပါ။ အနောက်တိုင်း သရဲကားတွေနဲ့ မတူဘဲ တစိမ့်စိမ့် တွေးပြီးကြောက်ရမယ့် ထူးထူးခြားခြား အရှေ့တောင်အာရှ အငွေ့အသက်လေး ရနေမယ့် ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ အာယူ၊ နော်၊ ဝဒီယ၊ ဘီမာ၊ ဝယုနဲ့ အန်တွန်တို့ ကျောင်းနေဖက် သူငယ်ချင်းခြောက်ယောက်ဟာ ဘွဲ့အတွက် ကျောင်းပြင်ပ လှုပ်ရှားမှုလုပ်ဖို့ တောအုပ်ထဲက ရွာလေးကို ရောက်လာကြပါတယ်။ အဲဒီရွာလေးမှာ ထူးထူးခြားခြား တားမြစ်ထားတာကတော့ ရွာနဲ့ တောအုပ်ကို ခြားထားတဲ့ နတ်ကွန်းကို ကျော်ပြီး တောအုပ်ထဲ မသွားမိဖို့ပါပဲ။ အဲဒီ တားမြစ်ချက်ကို ချိုးဖောက်မိရာကနေ သူငယ်ချင်းခြောက်ယောက် ဘယ်လို ထိတ်လန့်ခြောက်ခြားဖွယ်ရာတွေနဲ့ ကြုံရမလဲ၊ ရှေးရိုးရာကို လျစ်လျူရှုပြီး နာနာဘာဝကို သွားပလေးရင် ဘာဖြစ်တတ်လဲဆိုတာကို ဒီကားလေးမှာ စောင့်ကြည့်လိုက်ပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leo ပဲ ဖြစ်ပါတယ်။ Genre….. Horror, Mystery Quality…. 1080p | 720p | 480p File size… 2.05GB | 913MB | 487MB Format… mp4 Duration…. 2h 10min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leo Encoder ….. August

6.2 2022
KKN, Curse Of The Dancing Village
Yunxi: Poison Valley Bride
5.7

အဆိပ်တောင်ကြားမှသတို့သမီး အဆိပ်မျိုးနွယ်စုရဲ့ မြင့်မြတ်တဲ့ပစ္စည်းဖြစ်တဲ့ နှစ်ထောင်ချီ ကုမုဒြာကြာပန်းက သရဲတောင်ကြားမှာပေါ်ထွက်လာခဲ့ပါတယ် ။ ကုမုဒြာကြာပန်းက အဆိပ်ထောင်ချီ‌ဖြေပေးနိုင်တဲ့စွမ်းရည်ရှိတဲ့အပြင်ကို မအိုဘဲ လှပတဲ့ရုပ်ရည်ကိုထိန်းသိမ်းပေးပြီးအသက်လည်းရှည်စေနိုင်တယ် ။ အဲလို့ မြင့်မြတ်တဲ့ပစ္စည်းကိုရဖို့အတွက် နိုင်ငံနေရာအနှံ့အပြားက သူရဲကောင်းတွေက သရဲတောင်ကြားကိုလာရောက်ယှဉ်ပြိုင်ပြီး အလုအယက်ဝယ်ယူကြတော့တာပေါ့ ။ ကြာပန်းကိုပြသတဲ့ညမှာပဲ ရုပ်ဆိုးဆိုးအဘွားအိုတစ်ယောက်ရောက်လာပြီး အဲ့ဈေးတန်းမှာရှိနေကြတဲ့ လူတွေအကုန်လုံးနဲ့တိုက်ခိုက်ကြတော့တယ် ။ ထိုအဘွားအိုထွက်သွားပြီးတဲ့နောက် အိမ်ရှေ့စံရဲ့ညီတော် ထန်စုန့်ကလည်းအဲ့နေရာကနေ အသက်လုပြီးပြေးလာခဲ့တယ် ။ ဒါပေမဲ့ သူ့မှာအဆိပ်ကမိလာခဲ့ပြီးပါပြီ။ ကံကောင်းထောက်မစွာနဲ့ အိမ်ရှေ့စံရဲ့အိမ်တော်မှာ မိဖုရားခေါင်ကြီးကချီးမြှင့်ထားတဲ့မင်္ဂလာပွဲကြောင့်ရောက်ရှိနေတဲ့ အဆိပ်မျိုးနွယ်ရဲ့ပါရမီရှင် ဟန်ယွင်ရှီးကရောက်ရှိနေတာကြောင့် ထန်စုန့်ရဲ့အဆိပ်ကိုဖြေနိုင်လိုက်တယ် ။ နောက်တော့ ထန်စုန့်ရဲ့သတင်းစကားအရ သရဲတောင်ကြားသခင်နဲ့သရဲတောင်ကြားရဲ့ မူမမှန်ဖြစ်မှု့တွေ ၊ မသင်္ကာစရာတွေကို ရှာဖွေဖို့အတွက် သရဲတောင်ကြားဆီ သုံးယောက်သားခရီးနှင်ခဲ့ပါတော့တယ် ။ သရဲတောင်ကြားမှာဘာတွေကြုံတွေ့ရမလဲ ၊ ဘယ်လိုအခက်အခဲတွေက သူတို့ကိုစောင့်ကြိုနေမလဲ ? မိဖုရားခေါင်ကြီးကြောင့်လက်ထပ်လိုက်ရပြီး မချစ်ခင်ကြတဲ့ အိမ်ရှေ့စံနဲ့ဟန်ယွင်ရှီးကရော ဒီခရီးမှာဘယ်လိုချစ်ကြိုက်သွားကြမလဲဆိုတာကို ရင်တမမနဲ့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှု့လိုက်ကြပါအုံး ပရိတ်သတ်ကြီး ~

5.7 2019
Yunxi: Poison Valley Bride
Spiral: From the Book of Saw Saw 9
5.8

Saw Collection ============== CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director’s cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။ Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ အောင်မြင်သွားခဲ့ပါတယ်။ Saw ဟာ ဘယ်လိုရုပ်ရှင်တွေလဲဆိုတာကိုတော့….(လူသာမန်ရဲ့ အညွှန်း နဲ့ညွှန်းခဲ့ချင်ပါတယ်။) ဆိုးဆိုးရွားရွား လူသတ်ပြတဲ့ဇာတ်ကွက်တွေ၊ သွေးထွက်သံယို ရာဇဝတ်မှုတွေကို အိပ်မက်ထဲအထိ သယ်ပိုးယူဆောင်ကာ လန့်နိုးတတ်သူတွေအတွက် SAW Series ကို လုံးဝ ရှောင်သင့်တယ်။ ကြည့်မိရင် ကာလတစ်ခုစာအထိ ရက်စက်တဲ့လူသတ်ပုံတွေကို မေ့နိုင်မှာမဟုတ်လို့ ဒီလိုဆိုရခြင်းပါ။ Horror ရုပ်ရှင်တွေကို စွဲကြည့်တတ်သူတွေကတော့ SAW ကို လုံးဝ လက်မလွှတ်ကြ။ ● Jigsaw ဆိုပြီး ရဲတွေက အမည်သညာပေးထားတဲ့ ကွင်းဆက်လူသတ်သမားရဲ့ ထူးခြားတဲ့စီမံမှုတွေကြား Jigsaw ရွေးချယ်ထားတဲ့လူတွေဟာ ရှင်သန်မှုအတွက် ပါဝင်ကစားကြရတယ်။ ကစားကွင်းနယ်မြေကို Jigsaw က ရွေးချယ်ထားတာဖြစ်ပြီး ပါဝင်ကစားသူတွေဟာလည်း နိုးလာတာနဲ့ သူ့ကစားကွင်းထဲကို ရောက်နေကြရတာ ဖြစ်တယ်။ ထူးခြားတာက ဒီကစားပွဲမှာ ရှုံးရင် အသက်တွေ ပေးအပ်ကြရတာ။ Jigsaw ဟာ သူ ရွေးချယ်လိုက်တဲ့လူတွေကို မေ့မြောနေတဲ့အချိန်မှာကတည်းက သတ်ဖြတ်ပစ်လိုက်လို့ရပေမယ့် မသတ်ဘူး။ သူ့ရည်ရွယ်ချက်က ကိုယ့်အသက်ရှင်သန်မှုအတွက် ကိုယ်တိုင် ပါဝင်ပြီး ရွေးချယ်ဆုံးဖြတ်ကြစေလိုတာပဲ။ သူက တိကျတဲ့အချိန်တွေ သတ်မှတ်ပေးတယ်။ ရွေးချယ်ခွင့်တွေ ပေးတယ်။ လိုအပ်တဲ့တန်ဆာပလာတွေ ပေးတယ်။ ပေးထားချက်တွေကို ကိုယ် တတ်စွမ်းသမျှနဲ့ ဆောင်ရွက်ရင် အသက်ရှင်မယ်။ (တချို့သော ခန္ဓာကိုယ်အစိတ်အပိုင်းတွေတော့ ဆုံးရှုံးကောင်း ဆုံးရှုံးမယ်။) ပါဝင်ကစားရတဲ့သူတွေကလည်း အဆက်အစပ်မဲ့သူတွေ မဟုတ်ကြ။ တစ်နည်းမဟုတ်တစ်နည်းနဲ့ ဘဝမှာ ပတ်သက်ဖူးသူတွေကို ကွင်းတစ်ခုထဲ ချထားပေးသလို သူက ရွေးချယ်ထားတာ။ လူဖြစ်မှုနဲ့ပတ်သက်ပြီး Jigsaw ခံယူထားတာက ” ကိုယ့်ရှင်သန်မှုကို တန်ဖိုးထား တွယ်တာမှ လူဟာ ရှင်သန်နေထိုင်သင့်တယ် ” ဆိုတာပဲ။ ဒီ့အပြင် Jigsaw ဖော်ပြလိုတဲ့တခြားသောအရာတွေ ရှိသေးတယ်။ အထူးသဖြင့် ကလဲ့စားချေလိုမှုနဲ့ ခွင့်လွှတ်မှုပေါ့။ နောက် မိသားစုဘဝနဲ့ ရွေးချယ်ထားတဲ့အလုပ်ပေါ် တန်ဖိုးထားမှု။ Jigsaw ဆိုတဲ့ ကွင်းဆက်လူသတ်သမား ဖြစ်ပေါ်လာရခြင်းအကြောင်းကလည်း စိတ္တဇလူသတ်သမားတွေဖြစ်ပေါ်လာတတ်တဲ့အကြောင်းရင်းတွေအတိုင်းပါပဲ။ သို့သော် Jigsaw ရဲ့ ကြိုတင်စီမံမှုတွေကကျ တခြားလူသတ်သမားတွေထက် အဆင့်မြင့်တယ်။ မြင်နေကျ သာမန်သတ်ဖြတ်မှုပုံစံတွေလည်း မဟုတ်။ ရက်စက်လွန်းတဲ့သတ်ဖြတ်မှုပုံစံတွေဆိုတာကိုတော့ ပုံတွေ ကြည့်ရုံနဲ့တင် ခန့်မှန်းလို့ ရပါလိမ့်မယ်။ ● ကမ္ဘာပေါ်မှာ သမ္မာကျမ်းစာ စာအုပ်တွေပြီးရင် ရောင်းအကောင်းဆုံးဖြစ်တဲ့စာအုပ်တွေက ဖြစ်ရပ်မှန် ရာဇဝတ်မှုတွေအကြောင်းကို ပုံတွေနဲ့တကွ သေသေချာချာ ဖော်ပြ ရေးသားထားတဲ့စာအုပ်တွေပါတဲ့။ ဒီရုပ်ရှင်ဟာ အဲဒီလို လူတွေ အကြိုက်ဆုံးရုပ်ရှင်တွေထဲက တစ်ခုလို့ ဆိုကြတယ်။ တချို့လူတွေမှာ ဒီလိုအကြောင်းနဲ့ပတ်သက်ပြီး မေးခွန်းတစ်ခု ရှိတယ်။ ဒီလိုရက်ရက်စက်စက် ပြကွက်တွေ၊ ရေးသားချက်တွေကို လူတွေက ဘာလို့ကြိုက်ကြတာလဲ တဲ့။ စိတ်ပညာရှုထောင့်အရတော့ လူမှာ အမြဲဒွန်တွဲနေလေ့ရှိတဲ့ ဆန့်ကျင်ဘက် စိတ်နှစ်မျိုးအရ ဒီလိုကားတွေကို တချို့တွေ ကြိုက်ကြတာလို့ ဆိုတယ်။ လူဟာ သူတော်စင်လုပ်မလား၊ မကောင်းဆိုးဝါးလုပ်မလားဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်ကြရတာပဲ။ သူတော်စင်ဘက် ယိမ်းသူက မကောင်းဆိုးဝါးကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ၊ မကောင်းဆိုးဝါးဘက် ယိမ်းသူက သူတော်စင်ကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ။ တချို့တွေကတော့ သူ ဖြတ်သန်းနေရတဲ့ဘဝအခြေအနေအရ ဟိုဘက် ယိမ်းလိုက် ဒီဘက် ယိမ်းလိုက်ဖြစ်နေကြသူတွေ။ လူတွေဟာ ကိုယ်တိုင် လက်တွေ့ မလုပ်ရဲတာတွေကို စိတ်ကူးနဲ့ပဲ ပုံဖော်ကြရတယ်။ ကိုယ့်အပေါ် တစ်ခုခု မတရားကျူးလွန်ခဲ့သူကို လက်တွေ့ မှာ ပေါ်ပေါ်ထင်ထင် မသတ်ရဲကြပေမယ့် စိတ်ကူးနဲ့ နေ့စဉ် သတ်ဖြတ်နေသူတွေ၊ ဝဇီကံနဲ့ သတ်ဖြတ်နေသူတွေ မနည်းလှဘူး။ ဒီလူတွေကပဲ ဘဝမှာ ခံခဲ့ရတဲ့မတရားမှုတွေ၊ အဆင်မပြေမှုတွေကို ဖြေဖျောက်ဖို့အတွက် သူတို့လိုတွေးတဲ့တခြားစိတ်ကူးတွေကို ရှာဖွေကြတယ်။ နွားရိုင်းသတ်ပွဲလို သွေးထွက်သံယို ပွဲတော်တွေကို နှစ်သက်ကြတယ်။ လူချင်း ထိုးသတ်ကြတဲ့ပွဲတော်တွေဆီ သွားကြတယ်။ နောက်တော့ စာပေထဲက ရက်စက်မှုတွေဆီ ရောက်တယ်။ ရုပ်ရှင်ကတော့ ကိုယ့်စိတ်ကူးနဲ့ကို ရိုက်စရာမလိုတော့ဘူး။ (စာပေက ကိုယ့်ဘာသာ ပြန်ရိုက်နေရသေးတာကိုး။) ဒါရိုက်တာက ပြထားတဲ့အတိုင်း ရက်စက်မှုတွေကို လိုက်ပါခံစားရုံ၊ ရင်ထိတ်ရုံ၊ ကျေနပ်ရုံပဲ။ ဒီတော့ Horror ကြိုက်တယ်ဆိုရင် . . . Jigsaw က စောင့်နေကြောင်း ဆိုပါရစေလား။ -လူသာမန်- Saw ဇာတ်ကားများအားလုံးကို ဒီမှာ https://channelmyanmar.to/category/special-package/saw-collection/ ကြည့်ပါ။ Spiral: From the Book of Saw (2021) Saw 9 Saw ရုပ်ရှင်တွေရဲ့ ၉ ကားမြောက်ရုပ်ရှင်ဖြစ်တဲ့ Spiral လာပါပြီ။Spiral ဆိုတဲ့ ခရုပတ်ပုံလေးက ပြောင်းလဲခြင်း၊တော်လှန်ခြင်း၊တိုးတက်ခြင်းတွေကို ရည်ညွှန်းတယ်တဲ့။ဒီရုပ်ရှင်မှာတော့ လူသတ်သမား ပြောင်းလဲဖို့ကြိုးစားခဲ့တာကတော့ ရဲတွေကိုပါပဲ။အကျင့်ပျက်ရဲတွေအပြင် ရဲဥပဒေ အပိုဒ်ခွဲ-၈ ဖြစ်တဲ့ မိမိကိုယ်ကိုယ် ခုခံဖို့လက်နက်သုံးခွင့် ဥပဒေကိုပါ အလွဲသုံးစားလုပ်ခဲ့တဲ့ ရဲတွေ၊တစ်နည်းအားဖြင့် မလိုအပ်ဘဲ လူမတရားသတ်ပြီး လွတ်မြောက်နေတဲ့ ရဲတွေကို အပြစ်ပေးဖို့ကြိုးစားခဲ့တာပါပဲ။saw ရဲ့ထုံးစံအတိုင်း သူ့ကို လိုက်ဖမ်းဖို့ကြိုးစားနေကြတဲ့ကြားကတစ်ယောက်ပြီးတစ်ယောက်ကို သူတို့ရဲ့ အတိတ်တွေနဲ့ ပတ်သတ်တဲ့အပြစ်ပေးနည်းတွေနဲ့ကစားနည်းတွေ ကစားခိုင်းပြီး သတ်ဖြတ်ခဲ့တာကို ကြည့်ရမှာပါပဲ။ ဟော်ရာ ရုပ်ရှင် ပရိသတ်တွေအတွက် ကြည့်စရာ တစ်ကားရပါပြီ။

Adventure • Drama • Family
5.8 2021
Spiral: From the Book of Saw Saw 9
Tainted Love
6

ဒီရုပ်ရှင်ကားလေးကတော့ တရုတ်ရုပ်ရှင်တွေရဲ့ အမြင့်ဆုံးဆုကြီးသုံးဆုပိုင်ဆိုင်ထားတဲ့ ၊ ရုပ်ရှင်လောကမှာ ACE လို့ခေါ်ရလောက်တဲ့အထိတော်တဲ့ မင်းသမီးလေး Zhou Dong Yu ကအဓိကသရုပ်ဆောင်အဖြစ်ပါဝင်ထားပြီး Zhang Yu , Zhang Youhao နဲ့ Meng li တို့လို သရုပ်ဆောင်ကောင်းတွေပါ ပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် ။ ဇာတ်လမ်းကတော့ 2016ခုနှစ်လောက်က တရုတ်ပြည်မှာ အွန်လိုင်းလိမ်လည်မှုတွေကနေတစ်ဆင့် နစ်နာခဲ့ကြရတဲ့ အမျိုးသမီးနှစ်ဦးအကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရုပ်ရှင်အဖြစ်ပြန်လည်ပုံဖော်ရိုက်ကူးထားတာပါ ။ 2016 ခုနှစ် တရုတ်မှာ အွန်လိုင်းကနေတစ်ဆင့် ငွေကြေးလိမ်လည်နည်းအသစ်တစ်ခုက မှိုလိုပေါက်အောင်ပေါ်ပေါက်လာခဲ့ပါတယ် ။ ငွေကြေးလိမ်လည်သူတွေရဲ့ အဓိကပစ်မှတ်က အမှီအခိုကင်းကင်းနဲ့ရပ်တည်နေတဲ့ မြို့ကြီးပြကြီးက အမျိုးသမီးတွေကိုဖြစ်ကာ သူတို့နဲ့ချစ်သူရည်းစားဆက်ဆံရေးတည်ဆောက်ပြီး ငွေကြေးလိမ်ယူကြတာပါ ။ ထိုလိမ်လည်မှုတွေကြား ကျိုးရန်နဲ့ဖန်နင်ကလည်း နစ်နာသူတွေထဲက နစ်နာသူနှစ်ဦးဖြစ်ပါတယ် ။ ဒါပေမဲ့ ရဲရင့်ပြီး ဉာဏ်ကောင်းလှတဲ့ ကျိုးရန်နဲ့ဖန်နင်က သူတို့ကိုလိမ်သွားတဲ့သူတွေရဲ့နောက်ကြောင်းကိုလိုက်ရင်း လင်ကွမ်းမြို့ကိုရောက်လာချိန်မှာတော့…. သူတို့ကိုလိမ်တဲ့သူတွေနဲ့‌ပြန်တွေ့မလား … ဘယ်လိုလူတွေနဲ့တွေ့ပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်ကြည့်ကြဖို့တိုက်တွန်းပါရစေ

Horror • Thriller • Science Fiction
6 2023
Tainted Love
The American President
6.8

The American President (1995) ~ IMDb – 6.8/10, Rotten Tomatoes – 91% ~ အမေရိကန် ရုပ်ရှင်အစည်းအရုံး (AFI) ရဲ့ အမေရိကန်သမိုင်းတလျှောက် အကောင်းဆုံး အချစ်ရုပ်ရှင် ၁၀၀ မှာ နံပါတ် ၇၅ ချိတ်ခဲ့တဲ့ ရုပ်ရှင်ပါ။ အတိုချုပ်ပြောရရင် ဒီရုပ်ရှင်က နိုင်ငံရေးနဲ့အချစ်ရေးကို ဟာသဓာတ်လေးဖြည့်ရင်း လှလှပပဖျော်ထားတဲ့ ကော်ဖီတစ်ခွက်ပဲဖြစ်လိမ့်မယ်။ ၉၀ ခုနှစ်တွေဆိုတာ ရုပ်ရှင်လောကအတွက် တော်တော်ကို အရှိန်မြင့်လာတဲ့ကာလလို့ဆိုနိုင်တယ်။ ဒီရုပ်ရှင်ဆိုလည်း ဇာတ်ညွှန်းရေးဆရာနဲ့ ဒါရိုက်တာတင်မက သရုပ်ဆောင်တွေပါ Prime ဖြစ်ခဲ့တဲ့ကာလမှာရိုက်ခဲ့တယ်။ ဇာတ်ညွှန်းရေးတဲ့လူက A Few Good Men တို့ Money Ball တို့ကိုရေးခဲ့တဲ့ Aaron Sorkin… သူ့အရေးအသားက ပြတ်တယ် မြန်တယ် ရှင်းတယ်။ ဒိုင်ယာလော့ဂ်တွေကို တစ်ခါတလေ အရှည်ကြီးတွေပြောတတ်တယ်။ သူ့ရဲ့ လမ်းလျှောက်ရင်းပြောတဲ့ ဒိုင်ယာလော့ဂ်တွေကတော့ ချီးကျူးအခံရဆုံးပေါ့။ ဒါရိုက်တာ Rob Reiner ဆိုရင် ၁၉၈၄ ကနေ ၁၉၉၂ အထိ ၈ နှစ်အတွင်း ဆောင်သမျှအောင်တယ်လို့ပြောရလောက်အောင် အောင်မြင်တဲ့ ရုပ်ရှင် ၅ ကား ရိုက်ပြခဲ့တဲ့လူ။ သူ့အနေနဲ့ ဒီလိုတောက်ပနေတဲ့ကာလမှာ ဒီရုပ်ရှင်ကိုရိုက်တယ်။ နိုင်ငံရေးဇာတ်လမ်းတွေကို ပိုင်ပိုင်နိုင်နိုင်ရိုက်နိုင်တဲ့သူ့အတွက် ဒီရုပ်ရှင်က သူ့ရဲ့ The West Wing စီးရီးအတွက် အများကြီး လွှမ်းမိုးမှုရှိခဲ့တယ်။ ဒီရုပ်ရှင်မှာ အထူးတလှယ် ချီးကျူးခံခဲ့ရတဲ့သူတွေက Michael Douglas နဲ့ Anette Bening ပဲ။ သူတို့ ၂ ယောက်လုံးက Golden Globe မှာ အကောင်းဆုံး မင်းသားဆုကော မင်းသမီးဆုပါ ဆန်ခါတင်ဝင်ခဲ့တယ်။ ဇာတ်ရံတွေအနေနဲ့လည်း Martin Sheen တို့ Michael J. Fox တို့ ပါတယ်ဆိုတော့ သရုပ်ဆောင်အပိုင်းက ကြည့်ရတာ အရသာရှိပါတယ်။ ဇာတ်လမ်းက‌ အမေရိကန်သမ္မတဖြစ်တဲ့ Andrew Shepherd က သက်တမ်းသစ်ရွေးကောက်ပွဲအတွက် မဲဆွယ်‌နေတဲ့ကာလကိုရောက်နေတယ်။ သူမဲနိုင်ဖို့အတွက် လွှတ်တော်ကို ဥပဒေမူကြမ်းတစ်ခုတင်သွင်းဖို့လိုတယ်။ ရွေးစရာ ၂ ခုက လက်နက်ကိုင်မှုလျှော့ချဖို့ ရာဇဝတ်မူကြမ်းနဲ့ သဘာဝပတ်ဝန်းကျင်အသင်း ဂျီဒီစီက တောင်းဆိုတဲ့ ရုပ်ကြွင်းလောင်စာအသုံးချမှု ၂၀% လျှော့ချရေး စွမ်းအင်မူကြမ်း။ အမေရိကန်လွှတ်တော်မှာ မူကြမ်းတစ်ခုအတည်ပြုခွင့်ရဖို့ဆိုရင် အမတ်တွေရဲ့ မဲလိုတယ်။ အဲဒီမှာ ဂျီဒီစီဘက်က နိုင်ငံရေးနည်းလမ်းနဲ့ဝင်ဖို့ ‌ဆစ်ဒနီကို ငှားတယ်။ သမ္မတနဲ့ ဆစ်ဒနီညှိရင်း စွမ်းအင်မူကြမ်းအတွက် ၂၄ မဲရှာနိုင်ရင် အိမ်ဖြူတော်ဘက်က မူကြမ်းတင်သွင်းပေးမယ်လို့ ညှိလို့ရသွားတယ်။ အဲဒီမှာ သမ္မတကြီးနဲ့ ဆစ်ဒနီ စတွေ့ဖြစ်ရင်း ချစ်ကြိုးလေးတွေသီတာပေါ့လေ။ နိုင်ငံရေးလောကက အချစ်ဇာတ်လမ်းဆိုတော့ သိပ်တော့လည်းမလွယ်ကူဘူး။ သမ္မတကလည်း သူ့ဇနီးကင်ဆာနဲ့ဆုံးသွားတော့ Single Father အဖြစ်နေနေတဲ့လူ။ သူ့အနေနဲ့ အချစ်ကိုတွေ့တော့ မအားလပ်တဲ့ကြားကနေ အလုံးစုံတိုင်ပတ်ခံပြီး နီးစပ်ဖို့ကြိုးစားခဲ့တာပေါ့လေ။ “If he wants to, he will” ဆိုသလိုပါပဲ။ အချစ်နဲ့တွေ့ရင် လူတိုင်းက‌ ဆယ်ကျော်သက်ဆိုတော့ သမ္မတကြီးကလည်း သူ့သမီးသူ မိန်းကလေးတွေဘာကြိုက်လဲမေးရတဲ့အခြေအနေပါရောက်သွားတယ်။ သေချာတာကတော့ ဒီရုပ်ရှင်ဟာ သက်လတ်ပိုင်းအချစ်ကို လှလှပပ ချပြရင်း နိုင်ငံရေးအရ အတုယူစရာတွေကိုပါ ထည့်ရိုက်ထားတဲ့ ဟောလိဝုဒ်ခေတ်ပြောင်းကာလရဲ့ ရုပ်ရှင်‌ကောင်းတစ်ခုပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 685MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 54Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

6.8 1995
The American President
Cargo
6.1

၂၀၀၉ခုနှစ်က ထွက်ရှိခဲ့တဲ့ ဂျာမန်Sci-fi/Thrillerရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။ ခရစ်သက္ကရာဇ် ၂၂၆၇ခုနစ်အချိန်၊ ဂေဟစနစ်ပြိုလဲတာကြောင့် ကမ္ဘာကြီးဟာ အသက်ရှင်နေထိုင်ဖို့မသင့်တော့ပါဘူး။ ဒီတော့ အသက်ရှင်ကျန်နေတဲ့လူသားတွေဟာ ကမ္ဘာပတ်လမ်းကြောင်းမှာရှိတဲ့ အာကာသစခန်းတွေမှာနေထိုင်ကြရပါတော့တယ်။ ဒေါက်တာလော်ရာပေါ့မန်းက ဒုက္ခတွေကြုံတွေ့နေရတဲ့ အမျိုးသမီးဆရာဝန်တစ်ဦး။ အစ်မဖြစ်သူမိသားစုရှိတဲ့ ရီယာဆိုတဲ့ လူတွေနေထိုင်နေကြတဲ့ဂြိုလ်ဆီကိုသွားဖို့ ရည်မှန်းထားသူ။ အဲဒီဂြိုလ်မှာနေထိုင်ဖို့ အသုံးစရိတ် နေထိုင်ခွင့်အတွက် ပိုက်ဆံရှာဖို့ ကတ်ဆန်ဒရာကုန်တင်အာကာသယာဉ်ပေါ်မှာ ဆေးအမှုထမ်းအနေနဲ့ လိုက်ပါခဲ့ပါတယ်။ ယာဉ်ပေါ်မှာက ၈လကျော်ကြာတစ်ဆိုင်းနှုန်းနဲ့ တစ်ယောက်စီ အလှည့်ကျကင်းစောင့်ရပါတယ်။ ဒေါက်တာပေါ့မန်းအဆိုင်းတာဝန်ချိန်မှာပဲ ထင်မှတ်မထားတာတွေ တစ်ခုပြီးတစ်ခုဖြစ်လာတဲ့အခါ…။ သူသွားချင်တဲ့ ရီယာဆိုတဲ့ဂြိုလ်ကလည်း ဖုံးကွယ်မှုတွေများစွာနဲ့တည်ရှိနေတာကို သိလိုက်ရတဲ့နောက်မှာတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(2 GB)/(916 Mb) Quality….Blu-ray 1080p/720p Format…mp4 Duration….01:52:00 Genre…Drama, Mystery, Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo

Action • Comedy
6.1 2009 120 mins
Cargo
Scent of Love

The Scent Of Love (2003) ကျွန်တော်ကတော့ တစ်သက်တာလို့ ပြောတော့ သူက တစ်ခဏဖြစ်မှာပါတဲ့။ ဒီလိုနဲ့ သူ့ထက်ငယ်တဲ့ငချွတ်လေး ကျွန်တော့်အချစ်ကို မယုံကြည်ခဲ့ပါဘူးပေါ့။ သူ့ကို နောက်ထပ်မဆုံးရှုံးချင်တော့တဲ့အခါ ရေစက်ဆိုတာ ဖန်တီးယူရမယ်မှန်း လက်ခံလိုက်ရတာပဲ။ “အသက်ရှင်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်၊၊ မင်းလိုတာမှန်သမျှ ဖြည့်ဆည်းပေးပါ့မယ်” လူချင်းနီးနေပေမဲ့ မပြောနိုင်တာတွေ များတဲ့အခါ ဒဏ်ရာတွေက မကုစားနိုင်ပြန်ဘူး။ ချစ်ခြင်းတွေက ဖြူစင်တော့လည်း နောင်တတွေက လျော့မသွားပြန်ဘူး။ နားလည်မှုတွေ ရှိခဲ့ကြ၊ အကြင်နာတွေ ပိုခဲ့ကြ ဆုံခဲ့ပါလျက်၊ ပျော်ရွှင်ခဲ့ပါလျက်နဲ့များ… မင်းဆီက ဂန္ဓာမာပန်းနံ့ထပ်မရတော့တဲ့အခါ…။ ၂၀၀၃ ခုနှစ်က ထွက်ရှိထားတာမို့ လွမ်းလွမ်းဆွေးဆွေး Melodrama မျိုးကို ၂၀၀၀ ခုနှစ်က ခံစားသက်ဝင်မှုအတိုင်း ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Myat ဖြစ်ပါတယ်) Genre….. Drama, Romance Quality…. 1080p WEB-DL | 720p WEB-DL File size… 2.5GB | 1GB Format… mp4 Duration…. 1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Su Myat Encoder ….. Aaron

0 2003
Scent of Love
Armand
6.4

Armand (2024) IMDb Rating (6.4) / Rotten Tomatoes (73%) ဒီဇာတ်ကားကတော့ ဆန်ကာတင်စာရင်း ၆ခုနဲ့ ဆုပေါင်း ၄ ဆုရရှိထားတဲ့ Psychological Drama ကား တစ်ကားပဲဖြစ်ပါတယ်။ ဇာတ်အိမ်ကိုတော့ အာမန်လို့ခေါ်တဲ့ကလေးတစ်ယောက်က သူ့ရဲ့ကျောင်းနေဖက်သူငယ်ချင်းတစ်ယောက်ကို အရွယ်နဲ့မလိုက်​အောင် ကိုယ်ထိလက်ရောက်စော်ကားတယ်လို့ကျောင်းကနေသတင်းရသွားရာကနေ ဇာတ်အိမ်တည်ထားတာပဲဖြစ်ပါတယ်။ ၆ နှစ်သားလေး အာမန်ဟာ အရမ်း သွက်လက်လွန်းသူဖြစ်ပြီး စိတ်ကြီးတတ်တဲ့ကလေးတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာ သူ့ရဲ့အခင်ဆုံးသူငယ်ချင်းက သူနဲ့မကစားနဲ့ တခြားကလေးတစ်ယောက်နဲ့သွားကစားဖို့ ဂတိပေးလို့ သွားကစားရမှာ အာမန်နေ မကျေမနပ်ဖြစ်ပြီး ယောက်ျာလေးအိမ်သာထ​ဲခေါ်သွားကာ သူ့ရဲ့သူငယ်ချင်းကို ကိုယ်ထိလက်ရောက်ပြုကျင့်ခဲ့ပါတယ်။ ဒီလိုနဲ့ ကျောင်းဘက်ကနေ နှစ်ဖက်လုံးရဲ့လူကြီးတွေကိုခေါပြီး သိုသိုသိပ်သိပ်နဲ့ ထိထိရောက်ရောက်ဖြေရှင်းဖို့ အတန်းပိုင်ဆရာမ ဆူနာကို အမိန့်ပေးခဲ့ပါတယ်။ ဖြစ်ချင်တော့ အာမန်ဟာ အဖေက မတော်တဆနဲ့ဆုံးသွားပြီး မိခင်ကလည်း နာမည်ကျော်နေတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အခါမှာတော့ ဒီအမှုကြီး ဘယ်လိုအဆုံးသတ်သွားမလဲ၊ ဘယ်လိုရှုပ်ထွေးမှုတွေနဲ့ရောယှက်နေလဲဆိုတာကို ဒီဇာတ်ကားထဲမှာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(2 GB) / (1 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Thriller Duration….01:57:43 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

War • Drama • History
6.4 2024 116 mins
Armand
Dangerous Beauty
7.1

Dangerous Beauty (1998) IMDb Rating (7.1) / Rotten Tomatoes (70%) ၁၆ ရာစုဝန်းကျင်က ဗင်းနစ်မြို့ဟာအပျော်အပါး၊အနုပညာ၊ကဗျာ စာပေတွေနဲ့မွေ့လျော်နေတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ အဲဒီမြို့က ဗရော်နီကာဆိုတဲ့ မိန်းမငယ်လေးဟာလည်း ချစ်ရသူနဲ့ အသိုင်းအဝိုင်းကွာခြားမှုကြောင့် မပေါင်းစပ်နိုင်ကြောင်း သိရှိပြီးနောက်မှာ မိသားစုအတွက် ပြည့်တန်ဆာအဖြစ်နေထိုင်ဖို့ ရွေးချယ်ခဲ့ပါတယ်။ ချောမောပြီးထက်မြတ်လှတဲ့ ဗရော်နီကာဟာ သူ၏ချောမောမှု ဉာဏ်ရွှင်မှု အပြုအစုကောင်းမှုတွေကြောင့် ဗင်းနစ်မြို့ရဲ့ထိပ်တန်းအမျိုးသားတွေရဲ့ အသည်းစွဲဖြစ်လာခဲ့ရပါတယ်။ ဗရော်နီကာတစ်ယောက် ပြည့်တန်ဆာဖြစ်လာပြီး နောက်ပိုင်းမှာရော ချစ်ရသူရဲ့အချစ်တွေကို ထိန်းသိမ်းထားနိုင်ဦးမှာလား ? သူတို့နှစ်ယောက်ရဲ့အချစ်ခရီးလမ်းကရော ဘယ်လိုရှေ့ဆက်သွားမှာလဲ စသည်ဖြင့်ကြည့်ရှုရမည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eunice ဖြစ်ပါတယ်။) File size… (1.6 GB) / (770 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Biography, Drama, Romance Duration…. 01:51:56 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Eunice

7.1 1998 111 mins
Dangerous Beauty