YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Saving.Face.2004.720p.WEBRipCM.mp4

547.87 MB N/A video/mp4 98 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Kids vs. Aliens
5.7

IMDb 5.6 ရထားတဲ့ Horror, Sci-Fi အမျိုးအစားဖြစ်ပြီးတော့ ဇာတ်ကားနာမည်အတိုင်း ကလေးတွေနဲ့ ဂြိုလ်သားတွေ တိုက်ခိုက်ကြတဲ့ကားပါ။ Sam နဲ့ Gary တို့မောင်နှမက နပန်းသတ်တာတို့ တိုက်ခိုက်ရတာတို့ကို ကြိုက်တဲ့သူတွေပါ။ သူတို့မြို့က ပြဿနာရှာတတ်တဲ့ ဆယ်ကျော်သက်အဖွဲ့နဲ့လည်း မတည့်ကြပါဘူး။ ဒါပေမယ့် ဆယ်ကျော်သက်အဖွဲ့ထဲက အဖွဲ့ခေါင်းဆောင် Billy က Sam တို့မိဘတွေခရီးသွားတဲ့အချိန် သူတို့အိမ်မှာ ပါတီလုပ်ခွင့်ရအောင်လို့ Sam ကို ချစ်ချင်ယောင်ဆောင်ပြီး ချဉ်းကပ်လာပါတယ်။ Sam က Billy ကိုကြွေသွားပြီး အိမ်မှာ ပါတီလုပ်ခွင့်ပေးလိုက်ပေမယ့် Gary ကတော့ သူ့အစ်မနဲ့သူ့ကြားဝင်လို့ဆိုပြီး ပြန်လက်စားချေဖို့ ချောင်းနေပါတယ်။ သူတို့အိမ်မှာ ပါတီလုပ်တဲ့ညမှာပဲ Billy ရဲ့ သရုပ်မှန်တွေ ပေါ်လာပြီး ပြဿနာတွေ ဖြစ်နေတဲ့အချိန်မှာ ဂြိုလ်သားတွေက ပါတီကိုရောက်လာပြီး လူတွေကိုတိုက်ခိုက်ပါတော့တယ်။ Billy ကြောင့် အဆင်မပြေဖြစ်ခဲ့ကြတဲ့ Sam နဲ့ Gary တို့မောင်နှမနှစ်ယောက်ရယ် Gary ရဲ့သူငယ်ချင်းတွေရယ် ဂြိုလ်သားတွေကို ဘယ်လိုရင်ဆိုင်တိုက်ခိုက်ကြမလဲဆိုတာ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတွယ်။ Genre..... Horror, Sci-fi Quality…. 1080p | 720p | 480p File size… 4GB, | 1.1GB | 516MB Format… mp4 Duration…. 1h 15min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moh Moh Encoder ..... Aaron

Horror
5.7 2023 75 mins
Kids vs. Aliens
Get Away If You Can
3

ဒီရုပ်ရှင်ဟာ မြင်ရတွေ့ရခဲတဲ့ ရုပ်ရှင်ပါ။ အင်မတန် ဆန်းပြားတဲ့အကြောင်းအရာတစ်ခုဖြစ်တဲ့ လူ့စိတ်ကို ရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ လင်မယားနှစ်ယောက် သင်္ဘောနဲ့ ခရီးတစ်ခုထွက်လာကြတယ်။ မိန်းမက လမ်းမှာတွေ့တဲ့ ကျွန်းလေးတစ်ကျွန်းမှာ ဆင်းချင်တယ်။ ယောက်ျားက မဆင်းချင်ဘူး။ ဒီလိုနဲ့ မိန်းမက ခိုးဆင်းသွားတယ်။ ဒါကိုယောက်ျားက ပြန်ခေါ်ဖို့ကြိုးစားတယ်။ ကျွန်းပေါ်က မိန်းမရယ်၊ လှေပေါ်က ယောက်ျားရယ်၊ စိတ်ချင်းလွန်ဆွဲကြတယ်။ ဒါကိုအတိတ်က ဖြစ်ရပ်လေးတွေနဲ့ ပေါင်းစပ်ပြီး လူ့သဘောမနောကို ထင်ဟပ်အောင်ပြထားတဲ့ရုပ်ရှင်ပါ။ ဒီရုပ်ရှင်ဟာ‌ တော်တော်လေးကိုထူးခြားတဲ့ ရုပ်ရှင်ပါ။ ဒီလိုတော်တော်ထူးခြားတဲ့ရုပ်ရှင်မှာ တော်တော်ကောင်းတဲ့ ဇာတ်ပို့မင်းသား တစ်ယောက်ပါပါတယ်။ သူကတော့ Ed Harris ပေါ့။ လက်ရှိ Westworld ထဲ အန်တနီဟော့ပ်ကင်းအလွန်မှာ သူသရုပ်ဆောင်အကောင်းဆုံးလို့ပြောလို့ရသလို Top Gun: Maverick တို့ Apollo 13 တို့ A Beautiful Mind နဲ့ National Treasures တို့လို ရုပ်ရှင်ကောင်းတွေအများကြီးမှာ ဇာတ်ပို့သရုပ်ဆောင်ခဲ့တဲ့သူပါ။ ဇာတ်လမ်းဟာ ထူးခြားတာနဲ့အညီ လိင်ဆက်ဆံခန်းကို ကွက်ကွက်ကွင်းကွင်း စိမ်ပြေနပြေကြီး ပြသွားတာမို့ တစ်ကိုယ်တည်းကြည့်ပြီး အတွေးပွားသင့်တဲ့ ဇာတ်ကားမျိုးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB, 700MB Quality - 1080p, 720p Format - mp4 Duration - 1H 30Min Genre - Drama, Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Thriller
3 2022 90 mins
Get Away If You Can
Dongeng Mistis
6.3

ကလေးဘဝတုန်းက မီးမလာတဲ့ညတွေဆိုရင် လမ်းထဲကကလေးတစ်သိုက် ပုံပြင်ဇာတ်လမ်းတွေ ပြောပြတဲ့ လူကြီးတွေဆီသွားပြီး သရဲအကြောင်းပြောပြပါလို့ ပူဆာခဲ့ဖူးလား။ အိမ်ကမသိအောင် စာအုပ်အငှားဆိုင်တွေကနေ ခိုးဖတ်ရတဲ့ သရဲဝတ္ထုတွေ၊ ရိုးရာတစ္ဆေသရဲပုံပြင်တွေနဲ့တင်အားမရဘဲ သူများကိုယ်တွေ့သရဲခြောက်ခံရတာမျိုးဆို တရွရွနားထောင်ချင်သေးတာမလား။ အပြောများကြတဲ့ နာမည်ကြီးယုံတမ်းသရဲတွေဆို မှတ်မိသလောက်တော့ ကျောပေါက်ကြီးတို့၊ ခြေကလိန်မတို့၊ ကိုယ့်ကိုဝိုင်းပြီး ၇ ပတ်ပတ်ခံရရင် သေတယ်ဆိုတဲ့ မှင်စာတွေရော မီးစားစုန်းဘာညာအစုံပါပဲ။ ဒါပေမယ့်လည်း ပြောပြတဲ့လူမတူရင် ဇာတ်လမ်းကလည်းကွာသွားတော့ ဘယ်နှစ်ခါနားထောင်ထောင် အရသာကိုရှိနေတော့တာပဲ။ ပြောတဲ့သူက မှင်ကောင်းကောင်းနဲ့ ပြောနိုင်လေလေ နားထောင်ရတဲ့သူက ကျောထဲစိမ့် ကြက်သီးတွေထပြီး နောက်မှာပဲ တစ်ခုခုရောက်လာသလိုလို ခံစားရတဲ့အချိန်မှာ... သောက်ကျင့်ယုတ်တဲ့ ငနဲတစ်ကောင်ကများ "ဟေး" ခနဲထအော်လို့ကတော့ နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဆိုပြီး ဖိနပ်တောင်မစီးဘဲ တန်းနေအောင်ပြေးကြတော့တာပဲ။ အခုဒီကားဆိုရင်လည်း အင်ဒိုနီးရှား ရိုးရာသရဲပုံပြင်အတိုလေး ၆ ပုဒ်ကိုစုထားတာဖြစ်ပြီး သရဲကားဆိုတာထက် ငယ်ငယ်ကလူကြီးတွေပြောပြတဲ့ သရဲပုံပြင်တွေနားထောင်နေရသလို ခံစားချက်မျိုးရလို့ ညဘက်ရောက်မှ တစ်ယောက်တည်းနားကြပ်လေးတပ်ပြီး သရဲအခန်းလာတော့မယ်ဆိုရင် သတ္တိရှိရှိနဲ့လက်ကြားထဲကနေ ချောင်းကြည့်လိုက်ကြပါဦးလို့။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။ Genre..... Horror Quality…. 1080p | 720p | 480p File size… 628MB | 324MB 178MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moe Pwint Phyu Encoder ..... August

Comedy • Drama
6.3 2018 88 mins
Dongeng Mistis
The Legend II
6.4

ဒီတစ်ခေါက်မှာလဲ မင်းသားကြီးဂျက်လီပါဝင်တဲ့ သိုင်းအက်ရှင်ရုပ်ရှင်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ မန်ချူးနဲ့ ဂျပန်တွေကျူးကျော်မှုခံရတဲ့အချိန်မှာ တော်ဝင်မျိုးဆက်ရင်သွေးကို ပန်းနီဂိုဏ်းရဲ့အကူအညီနဲ့ ဂျပန်ကိုပို့ထားခဲ့ပါတယ်။ အရွယ်ရောက်လာတဲ့ မင်းအလောင်းအလျာဟာ ပန်းနီဂိုဏ်းရဲ့ခေါင်းဆောင်ဖြစ်လာပြီး ဘုန်းကြီးတစ်ပါးက သူ့ကို ဧကရာဇ်ဖြစ်ကြောင်း သူ့ဘေးမှာ သစ္စာဖောက်တစ်ယောက်နဲ့ကယ်မယ့်သူ တစ်ယောက်ရှိကြောင်း ဗေဒင်ဟောခဲ့ပါတယ်။ ဘုန်းတော်ကြီးရဲ့ဟောပြောချက်မှန်မလားမှားမလားတော့ ရုပ်ရှင်မှာပဲစီးမျောခံစားကြည့်ပါ။ သိုင်းအက်ရှင်တင်မကပဲဟာသနဲ့ မင်းသမီးချောတွေကြောင့်ကြည့်ရတန်ပါလိမ့်မယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Adventure , Comedy Runtime : 1h 35 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Lwin Htoo Aung Encoded by LK

Mystery • Thriller
6.4 1993 95 mins
The Legend II
Trees of Peace
7.3

လူမျိုးသုဉ်းသတ်ဖြတ်မှုအကြောင်း ရုပ်ရှင်တွေ စီအမ်မှာ တော်တော်လည်း မနည်းတော့ပါဘူး။ ကမ္ဘာကြီးဟာ ကျွန်တော်တို့ထင်တာထက် ရက်စက်တဲ့နေရာတစ်ခုဖြစ်ကြောင်း သက်သေပြခဲ့တဲ့အဖြစ်အပျက်တွေကို ရိုက်ပြထားတဲ့ ရုပ်ရှင်တွေပေါ့။ ဒီတစ်ခါ လူမျိုးသုဉ်းသတ်ဖြတ်မှုကတော့ အရှေ့အာဖရိကက ရဝမ်ဒါဆိုတဲ့နေရာလေးမှာ ၁၉၉၄မှာ ဖြစ်ပွားခဲ့တဲ့ ရဝမ်ဒါလူမျိုးသုဉ်းသတ်ဖြတ်မှုအကြောင်းပါ။ ဟူးတူးနဲ့ တက်စီဆိုပြီး အဓိကလူမျိုးစုနှစ်ခုရှိနေရာက ဟူးတူးတွေက တက်စီတွေကိုသာမက ဟူးတူးပဲ ကျန်ရမယ်ဆိုပြီး အစွန်းမရောက်တဲ့ဟူးတူးတွေကိုပါ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့ သတ်ဖြတ်မှုကြီးပါ။ ဒီလိုသတ်ဖြတ်မှုတွေစစချင်းမှာ မတူညီတဲ့နောက်ခံ မတူညီတဲ့အခြေအနေအမျိုးမျိုးက အမျိုးသမီးလေးယောက်ဟာ မြေတိုက်ခန်းတစ်ခုမှာပုန်းနေခဲ့တယ်။ အန်းဖရန့်လိုပေါ့။ ဒီအခန်းကျဉ်းလေးမှာ ရက်ပေါင်းများစွာပုန်းနေရခြင်း သူတို့စိတ်တွေကို တတိတိလှိုက်စားခဲ့တာတွေကိုပြထားတယ်။ အမေရိကန်ရယ် ဟူးတူးရယ် တက်စီရယ် လူမျိုးစုတွေ အယူဝါဒတွေမတူကြတော့ ပြဿနာတွေလည်း တက်တယ်။ အပြင်က ရက်ရက်စက်စက်သတ်ဖြတ်မယ့်လူတွေရယ် အထဲကပြဿနာတွေရယ်ကြား ဘေးကြပ်နံကြပ်နဲ့နေနေရတဲ့ အကြောင်းတွေပါပဲ။ ဒီလိုနေရာကျဉ်းကျဉ်းလေးမှာ ရက်ပေါင်းများစွာနေလိုက်ရတဲ့နောက် အပြစ်ရှိစိတ်တွေ ယုံကြည်ချက်တွေကြား စိတ်တွေပါ ရူးမလိုလိုဖြစ်ကုန်ကြတာကို ပြထားတဲ့ရုပ်ရှင်ပါ။ ပြီးတော့ လွတ်မြောက်ဖို့နဲ့ ငြိမ်းချမ်းရေးဆိုတဲ့ မျှော်လင့်ချက်အကြေင်းရောပေါ့။ ဒီကာလမှာ အမျိုးသမီး၅သိန်းဝန်းကျင်လည်း မုဒိန်းကျင့်သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒီရုပ်ရှင်မှာတော့ ကံကောင်ခဲ့းတဲ့ အမျိုးသမီးလေးယောက်ကို ပြထားတာပါ။ သူတို့ကံကောင်းတယ်ဆိုတာတောင် ဘယ်လောက်ခက်ခဲခဲ့လဲ ကောင်းကောင်းကြီး ပြထားတဲ့ ရုပ်ရှင်ဆိုတော့ ကံဆိုးခဲ့တဲ့အမျိုးသမီး ၅သိန်းအကြောင်းကိုတော့ ကျွန်တော်တို့ ကြည့်ရက်စရာမရှိဘူးပေါ့။ အညွှန်း နဲ့ ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size…1.4GB | 479MB | 236MB Format… mp4 Duration…. 1h 37min Subtitle…. Myanmar Subtitle (Hardsub) Translator ..... W Encoder ..... August

Drama • Mystery
7.3 2021 97 mins
Trees of Peace
The Unfair (a.k.a) Minority Opinion
6.4

The Unfair (a.k.a) Minority Opinion (2015) တောင်ကိုရီးယားနိုင်ငံမှာ ၂၀၀၉ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပြည်သူ ၅ ဦးနဲ့ ရဲဝန်ထမ်းတစ်ဦး သေဆုံးခဲ့တဲ့ ‘YONGSAN TRAGEDY’ ဖြစ်ရပ်တစ်ခုရှိခဲ့ပါတယ်။ The Unfair ဆိုတဲ့ ဇာတ်လမ်းက ဒီအကြောင်းကို Inspire ယူပြီး ရေးသားထားတဲ့ ‘SoSooUiGyeong’ ဝတ္ထုကို ပြန်လည်ရိုက်ကူးပုံဖော်ခဲ့တာပဲဖြစ်ပါတယ်။ နိုင်ငံရဲ့ခရိုနီတွေနဲ့ တချို့သောအာဏာရှိအထက်လူကြီးတွေကြောင့် ပြည်သူတွေခံစားရတဲ့ မမျှတမှုတွေကို ပုံဖော်ရိုက်ကူးပြထားတဲ့ ဇာတ်လမ်းကောင်လေး တစ်ကားဖြစ်တာကြောင့် လက်မလွှတ်တမ်းကြည့်ရှုလိုက်ကြပါဦး။ ဇာတ်လမ်းအကျဉ်း … မြို့ပြပြန်လည်ဖွံ့ဖြိုးရေးပရောဂျက်ကြောင့် နေထိုင်သူတွေဟာ သူတို့ရပ်ကွက်ကနေ မတရားနှင်ထုတ်ခံရပါတယ်။ ဒီဖြစ်ရပ်ကို လက်မခံနိုင်တဲ့ ပြည်သူတွေဟာ နေအိမ်တွေကို ဖယ်မပေးဘဲ တစ်နှစ်ကျော်ကြာသည်အထိ ဆန္ဒပြခဲ့ကြတယ်။ တစ်ရက်မှာတော့ ရဲအရာရှိအင်အားကို အသုံးပြုပြီး ဆန္ဒပြပြည်သူတွေကို အပြီးတိုင်ဖြိုခွဲမှုလုပ်ခဲ့ပါတယ်။ ဒီဖြိုခွဲမှုဖြစ်စဉ်မှာ ဆန္ဒပြပြည်သူတစ်ဦးရဲ့ သားဖြစ်သူ ဘတ်ရှင်းအူနဲ့ ရဲအရာရှိတစ်ဦး သေဆုံးတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်အပြီးမှာတော့ ဘတ်ဂျယ်ဟိုဟာ မတော်တဆလူသေစေမှုနဲ့ တရားစွဲခံရပြီးတော့ ဘတ်ရှင်းအူကို သတ်တဲ့တရားခံဟာလည်း အစစ်အမှန်မပေါ်ခဲ့ပါဘူး။ အဲဒီအတွက် ပြည်သူ့ရှေ့နေယွန်ဂျင်ဝန်၊ ရှေ့နေအီဒယ်ဆော့နဲ့ သတင်းထောက်ဂုံဆူဂယောင်းတို့က ဘတ်ဂျယ်ဟိုနဲ့ဘတ်ရှင်းအူတို့ရဲ့အမှုတွေမှာ တရားမျှတမှုရှိစေဖို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။ သူတို့ရဲ့ လုပ်ဆောင်မှုတွေ အောင်မြင်နိုင်မှာလား? ဘတ်ဂျယ်ဟိုအတွက် တရားမျှတမှုရှာဖွေနိုင်မလား? ဆိုတာကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုရင်း အဖြေရှာလိုက်ရအောင်နော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Hay Thar Oo ပါ။) File Size : 2GB, 745MB, 393MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 2hr 7mins Genre : Drama Translated by Hay Thar Oo Encoded by Kinnov

Action • Comedy • Fantasy
6.4 2015 127 mins
The Unfair (a.k.a) Minority Opinion
Bloodstone: Subspecies II
5.9

ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ Subspecies 2: Blood Stone ကားလေးပါ။ ပထမကားမှာ မီရှယ်တို့ သူငယ်ချင်း ၃ယောက် သုတေသနလုပ်ရင်း ၂ယောက်ကသေ၊ မီရှယ်က သွေးစုပ်ဖုတ်က‌ကောင်ဖြစ်သွားတဲ့နေရာမှာ ဆုံးသွားခဲ့တာပါ။ ဒီကားထဲမှာတော့ ရာဒူးက မီရှယ် နဲ့ သူ့ရဲ့ချစ်သူ စတတ်ဖန် တို့ အိပ်နေတဲ့အချိန် စတတ်ဖန်ကို သတ်ပြီး သွေးကျောက်တုံး ခိုးမဲ့နေရာကနေ ပြန်စထားပါတယ်။ စတတ်ဖန် နဲ့ မီရှယ့် ကို ရာဒူးက သတ်ပြီး သွေးကျောက်တုံးကို ခိုးဖို့ကြံစည်ထားပေမဲ့ စတတ်ဖန်ကို သတ်ပြီး မီရှယ့်ကို သတ်မဲ့အချိန်ကျမှ နေထွက်လာတာကြောင့် မခိုးလိုက်နိုင်ခဲ့ပါဘူး။ အဲဒါနဲ့ မီရှယ်လည်း သွေးကျောက်တုံး ခိုးပြီး ထွက်ပြေးသွားပါတယ်။ အဲဒီသွေးကျောက်တုံးရော မီရှယ့်ကို ပါ လိုချင်နေတဲ့ ရာဒူးကတော့ မရမကလိုက်ရှာရင်း ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကတော့ ဆက်လက်ရှုစားအားပေးလိုက်ကြပါဦးလို့…….. File size…(1.8 GB)/(930 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre…Horror, Thriller, Fantasy Subtitle….Myanmar Subtitle (Hardsub) Translated & Encoded by Garfield

Horror • Comedy • Thriller
5.9 1993
Bloodstone: Subspecies II
What If

What If (2023) ဇာတ်လမ်းဟာ drama-romance ဇာတ်လမ်းဖြစ်ပြီး ရုပ်ရှင်ဒါရိုက်တာ Manny Paloက ရိုက်ကူးထားတာပါ။ Alessandra de Rossi နှင့် JM de Guzman တို့ ပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်လမ်းက ဟန်းနီးမွန်းထွက်လာတဲ့ ကြင်စဦးဇနီးမောင်နှံကိုအခြေတည်ရိုက်ကူးထားတာပါ။ သူတို့ဟာအိမ်ထောင်ရေးကို ပြိုကွဲစေနိုင်တဲ့ ခက်ခဲတဲ့ အမှန်တရားတွေကို ရင်ဆိုင်ရတယ်။ နှစ်ဦးစလုံးက မတူညီသောဘဝတွေ အလိုဆန္ဒနှင့်လိုအပ်ချက်တွေ၊ မိသားစုဝင်ရောက်စွက်ဖက်မှု၊ အသက်မွေးဝမ်းကျောင်း၊ မနာလိုမှု‌တွေလို လက်တွေ့အိမ်ထောင်ရေးပဋိပက္ခတွေကိုရိုက်ကူးတင်ဆက်ထားတာပါ။ သူတို့ အဆင်ပြေသွားမှာလား၊ ကွဲသွားမှာလား ကြည့်ရှုအားပေးကြပါဦးခင်ဗျာ။ Genre….. Drama, Romance Quality…. 1080p | 720p File size… 1.7GB | 536MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Pyae Phyo Min Encoder ….. Aaron

0 2023
What If
A Violent Man

ဒီဇာတ်ကားလေးကတော့ နှစ်ရှည် အကျဉ်းသား တစ်ယောက်အကြောင်းကို ရိုက်ပြထားတဲ့ Crime /Drama ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ မိုက်ကယ်ဆန်ဟာ သူ့ ဇနီးကို ကိုယ်တိုင်သတ်ဖြတ်ခဲ့ပြီး ထောင်ကျခံနေရသူ တစ်ဦးပါ ဒေါသကြီးပြီး အကြမ်းဖက်တတ်တဲ့လူတစ်ယောက် ဖြစ်တာကြောင့် ထောင်ထဲမှာ အမှုတွေ တစ်ခုပြီးတစ်ခုဖြစ်ရင်း ထောင်သက်ဟာလည်း ပိုပြီး ရှည်ကြာလာခဲ့ပါတယ်။ မိုက်ကယ်ဆန်တစ်ယောက် ထောင်ထဲမှာ ဖြတ်သန်းနေထိုင်ပုံကို ရိုက်ကူးပြသထားတာဖြစ်ပြီး အမြဲ ကြမ်းကြမ်းတမ်းတမ်းနေတတ်တဲ့ မိုက်ကယ်ဆန်တစ်ယောက် သူ့သမီးနဲ့ တွေ့ရမယ့်အချိန်မှာ ဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ရှုပေးကြပါဦးဗျာ…… File size…(1 GB)/(520 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre…Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban

Crime • Thriller • Horror • Mystery
0 2022 107 mins
A Violent Man
Blood for Dust
5.4

Blood for Dust ( 2023 ) Scoot McNairy နဲ့ ဂျွန်စနိုးလို့ အများသိကြတဲ့ Kit Harington အဓိကသရုပ်ဆောင်ထားတဲ့ သည်းထိတ်ရင်ဖိုမှုခင်း ရုပ်ရှင်ပါ။ Rotten Tomatoes 85%ရထားတာမို့ ပမာဏတစ်ခုအထိတော့ ကောင်းတဲ့ရုပ်ရှင်ဖြစ်ကြောင်း မပြောလည်း သိကြမှာပါ။ ဝေဖန်ရေးသမားတွေကတော့ ဘာဆက်ဖြစ်မလဲ ခန့်မှန်းရသိပ်ခက်တဲ့ ရုပ်ရှင်လို့ ဆိုကြပါတယ်။ ပြောတာလည်း မလွန်ဘူးလို့ ထင်ရတာပါပဲ။ ရှုပ်နေရာက ရှင်းလာတဲ့ဇာတ်ကို ခန့်မှန်းရလွယ်ပေမဲ့ ရှင်းနေရာက ရှုပ်သွားတဲ့ဇာတ်ကိုတော့ မှန်းရခက်ပါတယ်။ ဒီဇာတ်ဟာ ရှင်းနေရာကနေ ရှုပ်သွားတဲ့ဇာတ်ပါပဲ။ ကျောရိုးကတော့ နယ်လှည့်အရောင်းသမားတစ်ယောက်ကနေ စပါတယ်။ ဒီလူက နယ်လှည့်ပြီး ပစ္စည်းအစုံရောင်းနေတဲ့လူပါ။ ဖောက်သည်က ဘာအပ်အပ် အပ်ထားတာကို ရအောင်ပတ်ရောင်းပါတယ်။ ခဲတံကနေပြီး နွားအထိအကုန်ရောင်းပါတယ်။ ဒါကတော့ စစချင်းအပြပေါ့။ နောက်ပိုင်းတော့ သူ့ အရောင်းသမားအချင်းချင်းအဆက်အသွယ်တွေ , အတိတ်က သူတို့အရောင်းသမားတစ်အုပ်လုပ်ခဲ့ကြတဲ့ စာရင်းလိမ်လည်မှု ကိစ္စတွေ, အဲဒီကိစ္စအတွက် ခေါင်းခံသွားတဲ့သူအကြောင်းတွေ အကုန်တဖြည်းဖြည်းချင်း အစပေါ်လာပါတယ်။ ကျွန်တော်တို့အတွက်တင်ပေါ်တာမဟုတ်ဘဲ သူ့အလုပ်ရှင်ဆီမှာပါ အစပေါ်လာတဲ့နောက် အလုပ်ပြုတ်သွားတယ်။။ အဲဒီနောက် သူ့အရောင်းသမား သူငယ်ချင်းဟောင်းတစ်ယောက်နဲ့ ချိတ်ဆက်မိပြီး လက်နက်တွေ ဆေးတွေကိုပါရောင်းပေးဖို့ဖြစ်လာတယ်။ ဒီကနေ လူဆိုးဂိုဏ်းတွေနဲ့ ကတုံးပေါ်ထိပ်ကွက်ချင်တဲ့လူတွေ ဉာဏ်ကစားတဲ့ပွဲထဲ သူပါ မဆီမဆိုင်ဝင်ပါမိတဲ့အခါမှာ သူ့အသက်ကို သူဘယ်လိုရအောင် ကယ်မလဲ မြင်ကြမှာပါ။ အရောင်းသမားဆိုတဲ့ ပွိုင့်ကနေ မချော်ဘဲ လူဆိုးဂိုဏ်းတွေအထိပါ ဆွဲသွင်းသွားပြီး အရောင်းသမားလောကရဲ့ ရှုပ်ထွေးကောက်ကျစ်ပုံတွေကို စိတ်ဝင်စားစရာကောင်းအောင် ပြထားတာမို့ သည်းထိတ်ရင်ဖိုမှုခင်းကားအနေနဲ့တော့ နည်းနည်းဆန်သစ်ပါတယ်။ မှုခင်းကားတွေ ကြိုက်ရင် မြည်းစမ်းကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ်။ Genre….. Action, Crime, Thriller Quality…. 1080p | 720p File size…995MB | 415MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ….. W Encoder ….. Aaron

Thriller • Horror
5.4 2024
Blood for Dust
Blade
7.1

Marvel ဟာ Comic Book တွေ ရောင်းအားကျလို့ ဒေဝါလီခံရလုနီးပါးဖြစ်နေတဲ့အချိန် သူတို့ကို ကယ်တင်ခဲ့တာကတော့ ပထမဆုံးစူပါဟီးရိုးလူမည်းရုပ်ရှင်ဖြစ်တဲ့ Blade ရုပ်ရှင်ပါပဲ။ Blade ဟာ ရုံတင်ဝင်ငွေပိုင်းမှာရော ပရိတ်သတ်အားပေးမှုအပိုင်းမှာရော အောင်မြင်ခဲ့တာကြောင့် Marvel ကုမ္ပဏီအနေနဲ့ အမြတ်အစွန်းများစွာရရှိခဲ့ပြီး MCU ကဲ့သို့ စူပါဟီးရိုး Universe ကိုပါ ပရိတ်သတ်တွေ ဆက်လက်ကြည့်ရှုခံစားခွင့်ရရှိခဲ့တာပါ။ Blade နေရာမှာ မင်းသားကြီး Wesley Snipes က လုံးဝပီပြင်စွာ သရုပ်ဆောင်ထားပြီး Blade ၃ ကားထွက်ရှိခဲ့ပါတယ်။ Blade ဟာ သွေးစုပ်ဖုတ်ကောင် vampire သွေးတစ်ဝက်ပါတဲ့ စူပါဟီးရိုးဖြစ်ပြီး လူသားကမ္ဘာကို ချုပ်ကိုင်လွှမ်းမိုးမယ့် vampire ဗီလိန်ကောင်တွေကို ရင်ဆိုင်တိုက်ခိုက်တာကို အမိုက်စားကြည့်ရှုခံစားရမှာပါ။ စူးရှတဲ့ ဇာတ်ကောင်တွေ ၊ ပုံစံမျိုးစုံနဲ့မိစ္ဆာကောင်တွေ ၊အသတ်အဖြတ်ကြမ်းကြမ်းတွေနဲ့ Marvel ရဲ့ ခြေလှမ်းအစကို ပြန်လည်ခံစားကြည့်ကြပါဦး။ Blade ရုပ်ရှင်ကား ၃ ကားစလုံးကို ဒီမှာ https://www.channelmyanmar.to/?s=blade+marvel ဒေါင်းပါ။

War • Thriller
7.1 1998
Blade
Jail
6.2

Jail (2009) “ဘဝတစ်ကွေ့” ဒီတစ်ခါမှာတော့ ဘောလိဝုဒ်ပရိသတ်ကြီးအတွက် ၂၀၀၉ ခုနှစ်က ထွက်ရှိထားပြီး တကယ်ကြည့်လို့ကောင်းတဲ့ ဟင်ဒီစကား‌ပြော ဒရာမာဇာတ်‌လမ်းကောင်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပါရာ့ဂ်ဟာ ရုပ်ရည်သန်ပြန့်ချောမောတဲ့ ပညာတတ်လူငယ်တစ်ယောက်ပါ။ ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ကောင်းကောင်းရထားပြီး ချစ်သူချောချောလေးလည်း ပိုင်ဆိုင်ထားပါတယ်။ သိပ်မကြာခင်မှာပဲ အလုပ်ရာထူးလည်းတိုးသွားတာကြောင့် ပါရာ့ဂ်ရဲ့ရှေ့ရေးဟာ ဖြောင့်ဖြူးလို့ပေါ့။ ဒါပေမဲ့ ‌တစ်နေ့တော့ အဲဒီလိုအလားအလာကောင်းနေတဲ့ သူ့ဘဝကြီးတစ်ခုလုံး ဇောက်ထိုးမိုးမျှော်ဖြစ်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အဲဒါကတော့ လူပေါင်းမှားသွားတဲ့ အဖြစ်ပါပဲ။ လူပေါင်းမှားရာက သူပါ ပြစ်မှုတစ်ခုမှာ အပြစ်မရှိဘဲ ရောယောင်အဖမ်းခံလိုက်ရပါတော့တယ်။ အဲဒီလိုနဲ့ အမှုစစ်ဆေးဆဲကာလ ထောင်ထဲမှာ အကျဉ်းသားဘဝနဲ့ ပါရာ့ဂ်တစ်ယောက် ဘယ်လိုအရာတွေကို ရင်ဆိုင်ရမလဲ၊ အကြောင်းတွေတိုက်ဆိုင်လွန်းပြီး သက်သေပြဖို့ခက်တဲ့ အမှုမှာ အမှန်တရားပေါ်ပေါက်လာနိုင်ပါဦးမလားဆိုတာကို ဆက်လက်ရှူစားကြရမှာ ဖြစ်ပါတယ်။ လူပေါင်းတစ်ခါမှားတာနဲ့ တစ်သက်တာ ဘယ်လိုခံစားသွားရနိုင်လဲဆိုတာ ပညာယူစရာ ‌ တွေးတောဆင်ခြင်စရာတွေအများကြီးမို့ တကယ်ကြည့်ရတန်မဲ့ ဇာတ်လမ်း‌ကောင်းတစ်ပုဒ်အဖြစ် ညွှန်းဆိုပေးလိုက်ပါရစေ။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)

Horror • Thriller
6.2 2009 155 mins
Jail
The Way, My Way

The Way, My Way” (2024) က စပိန်နိုင်ငံကနေ ကီလိုမီတာ 800 ရှည်တဲ့ Camino de Santiago လို့ခေါ်တဲ့ ရှည်လွန်းတဲ့ လမ်းကို လျှောက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အမျိုးသားတစ်ဦးအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ Chris Haywood အဖြစ်သရုပ်ဆောင်ထားတဲ့ အဲ့အမျိုးသားက သူ့အကြောင်းပိုလေ့လာချင်စိတ်နဲ့ဘဝကို ကောင်းကောင်းနားလည်ချင်တယ်။ လမ်းတစ်လျှောက်မှာ သူက ရုပ်ရှင်ဒါရိုက်တာ Bill Bennett နှင့် လွန်ခဲ့တဲ့ နှစ်တွေက အလားတူလမ်းကြောင်းအတိုင်း လျှောက်လှမ်းခဲ့တဲ့ တကယ့်ခရီးသည်တွေ အများအပြားနှင့် တွေ့ဆုံခဲ့တယ်။ ရုပ်ရှင်ကတော့ စိမ်းလန်းတဲ့ တောင်ကုန်းတွေ၊ ရွာဟောင်းတွေ နှင့် ရှည်လျားပြီး ကွေ့ကောက်တဲ့ လမ်းတွေကို ရိုက်ပြ ထားပြီး သူနှင့်အတူ လမ်းလျှောက်နေရသကဲ့သို့ ခံစားရစေမှာပါ ။ တစ်ချို့အခိုက်အတန့်တွေက ရယ်စရာကောင်းတယ်၊ တချို့က ဝမ်းနည်းဖို့ကောင်းတယ်၊ တစ်ချို့က အတွေးတွေဝင်လာစေတယ်။ ခရီးက ခက်တယ်၊ တစ်ခါတလေ မောပန်းပြီး စိတ်ပျက်သလို ခံစားရပေမယ့် သူက ဆက်လျှောက်တယ်။ ရုပ်ရှင်ကြည့်သူအချို့က ငြိမ်းချမ်းတဲ့ ခံစားမှုကို နှစ်သက်ကြပြီး အချို့ကတော့ နှေးကွေးပြီး စိတ်လှုပ်ရှားစရာမဟုတ်တဲ့ကားလို့ ထင်မြင်ချက်ပေးကြပါတယ်။ ကြီးမားတဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေအစား၊ ဒီဇာတ်ကားက လူတစ်ယောက်ရဲ့ နှလုံးသားနဲ့ စိတ်ကို ဘယ်လိုပြောင်းလဲစေလဲဆိုတာကို အာရုံစိုက်ရိုက်ကူးထားပါတယ်။ သင်ယူခြင်း၊ တိုးတက်လာခြင်းနှင့် ငြိမ်းချမ်းမှုကို ရှာဖွေတာနဲ့ ဆိုင်တဲ့ ဇာတ်ကားပါ။တိတ်ဆိတ်စွာနဲ့ငြိမ်းချမ်းတဲ့ဇာတ်ကားကိုကြိုက်တဲ့သူတွေအတွက်တော့အကြိုက်တွေ့မှာပါ။ File size…(1.2 GB)/(775 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Drama

0 2024
The Way, My Way