YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Save.Me.2017.S01E06.WEB-DL.720P(CM).mp4

450.41 MB N/A video/mp4 555 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Game of Their Lives
5.7

၂၀၂၂ခုနှစ်မှာကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပွဲကြီးကတော့ အာဂျင်တီးနားအသင်းကဖလားကြီးကို ကိုင်မြှောက်ရင်းနဲ့ပဲ လှလှပပအဆုံးသတ်သွားခဲ့ပါတယ်။ ပြိုင်ပွဲတစ်လျှောက် မထင်မှတ်ထားတဲ့ပွဲတွေ မထင်မှတ်ထားတဲ့ရလဒ်တွေနဲ့ ပွဲကြည့်ပရိသတ်တွေကို ရသမျိုးစုံပေးစွမ်းနိုင်တဲ့ကမ္ဘာ့ဖလားပွဲကြီးဟာ အားကစားပြိုင်ပွဲတွေအားလုံးထဲမှာ အကြီးကျယ်ဆုံးလို့သတ်မှတ်ခံထားရပါတယ်။ ၁၉၃၀ ခုနှစ်မှာအစပြုခဲ့တဲ့ ကမ္ဘာ့ဖလားပွဲစဉ်တွေဟာ လေးနှစ်တစ်ကြိမ်ကျင်းပခဲ့ပြီး ၁၉၄၂ နဲ့ ၁၉၄၆ ခုနှစ်တွေမှာတော့ ဒုတိယကမ္ဘာစစ်ကြောင့်ခေတ္တရပ်နားခဲ့ရပါတယ်။ ၁၉၅၀ ခုနှစ်မှာကမ္ဘာ့ဖလားပွဲ ပြန်လည်စတင်ခဲ့တဲ့အခါမှာတော့ အမေရိကန်ပြည်ထောင်စုကလည်း ကမ္ဘာ့ဖလားကန်ဖို့အတွက် အခွင့်အရေးရခဲ့ပါတယ်။ ဘောလုံးအဆင့်အတန်းအနေနဲ့ နိမ့်ပါးနေတဲ့အမေရိကအသင်းဟာ အဲ့ဒီအချိန်အခါမှာတော့ အောက်ဆုံးအသင်းအဖြစ်အများက သတ်မှတ်ခံထားရတဲ့အသင်းပဲဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ဘောလုံးအားကစားအပေါ်ထားတဲ့ စိတ်အားထက်သန်မှုနဲ့ အသင်းသားတစ်ယောက်နဲ့တစ်ယောက်အပေါ်ထားတဲ့ နားလည်မှုတွေကြောင့် အဲ့ဒီခေတ်အခါမှာအင်အားကြီးအသင်းတစ်သင်းဖြစ်တဲ့ အင်္ဂလန်အသင်းကိုအနိုင်ယူနိုင်ခဲ့ပါတယ်။ ဒီလိုဖြစ်လာဖို့အတွက် အသင်းသားတွေရဲ့အခက်အခဲတွေ တစ်ယောက်နဲ့တစ်ယောက်ရဲ့ယုံကြည်မှုတည်ဆောက်ခဲ့ရပုံတွေနဲ့ ဘောလုံးအားကစားအပေါ်ထားတဲ့သူတို့ရဲ့ ပြင်းပြတဲ့စိတ်ဓာတ်တွေကိုရိုက်ကူးပြသထားတဲ့ ဒီဇာတ်ကားလေးကတော့ ဘောလုံးချစ်တဲ့ပရိတ်သတ်တွေရော ရုပ်ရှင်ချစ်တဲ့ပရိသတ်တွေရော ကြိုက်နှစ်သက်မယ့်ဇာတ်ကားမျိုးပဲဖြစ်ပါတယ်။ File Size :(2.3GB)(1.1GB) and (224MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…01:41:00 Genre :Sport, History , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae

Drama
5.7 2005 101 mins
The Game of Their Lives
Keanu
6.1

ဟာသဇာတ်မြူးကားကောင်းတွေကိုလွမ်းနေကြတဲ့ပရိသတ်တွေအတွက် Key & Peel လို့လူသိများတဲ့ ဟာသသရုပ်ဆောင်နှစ်ယောက်ရဲ့ ဟာသ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ မင်းသားကြီး ကီနူး ရီဗ်က ကြောင်လေး "ကီနူး" နေရာမှာအသံသရုပ်ဆောင်အနေနဲ့ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရရင် ကောင်မလေးကထားသွားလို့ အသည်းကွဲနေတဲ့ ရဲလ်ရဲ့အိမ်ရှေ့ကိုကြောင်လေးတကောင်ရောက်လာခဲ့တာမလို့  မြင်မြင်ချင်းမှာပဲ မွေးစားဖို့ဆုံးဖြတ်လိုက်ပြီး "ကီနူး" လို့အမည်ပေးလိုက်ပါတယ်။ ဒါပေမဲ့ ဒီကြောင်လေးက သာမာန်လမ်းဘေးကြောင်လေးမဟုတ်ပဲ အယ်လ်အေက မူးယစ်ရာဇာတယောက်က မွေးထားတဲ့ ကြောင်လေးဖြစ်နေတာပါ။ ဒီလိုနဲ့တနေ့မှာ ရဲလ်တယောက် သူ့ရဲ့အကိုဝမ်းကွဲဖြစ်တဲ့ ကလဲရန့်စ်နဲ့အတူ ရုပ်ရှင်ကြည့်ပြီး အိမ်အပြန်မှာအိမ်အဖောက်ခံရပြီး ကီနူး အခိုးခံခဲ့ရပါတယ်။ ဒီလိုနဲ့သူတို့ယောက်အတူ လိုက်လံစုံစမ်းကြည့်လိုက်တဲ့အခါမှာ ကီနူးကို လူဆိုးဂိုဏ်းတဂိုဏ်းကခိုးသွားတာမလို့ သူတို့လည်း ကီနူးကိုပြန်ရအောင်လုပ်ရင်း ဘယ်လိုအရှုပ်ထုတ်တွေထဲဝင်ပါမိသွားမလဲဆိုတာကို ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမောနဲ့ကြည့်ရှုရမဲ့ ဟာသကားကောင်းလေးတကားဖြစ်တာမလို့ ဆက်လက်ကြည့်ရှုပေးကြပါဦးခင်ဗျ။ File size…1.19GB / 598MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ..... Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tmmt

Drama • Romance
6.1 2016 100 mins
Keanu
My Best Friend’s Wedding
6.3

My Best Friend’s Wedding (1997) ~ IMDb – 6.3/10, Rotten Tomatoes – 74% ~ တစ်ခေတ်တစ်ခါက ပုရိသတို့ရဲ့အသည်းကျော် မမဂျူလီယာရောဘတ်နဲ့ ကင်မရွမ်ဒီယက်ဇ်တို့ကို အတူတူတွဲမြင်ရမှာဖြစ်ပြီး Dermot Mulroney နဲ့ Rupert Everett တို့နုစဥ်က Visual တွေနဲ့ 90s ခေတ်ရဲ့အဖိုးတန်ရုပ်ရှင်တွေထဲကတစ်ခုဖြစ်ပါတယ်။ ဂျူလီယန်: “မိုက်ကယ်ရေ ငါတို့တက္ကသိုလ်ဒုတိယနှစ် ညတစ်ညက နင်ပြောခဲ့တာမှတ်မိသေးတယ် ”ငါတို့ ၂၈ နှစ်ထိအိမ်ထောင်မပြုဖြစ်ကြသေးရင် ငါတို့ချင်းလက်ထပ်ရအောင်” ဆိုပြီးလေ။ မကြာခင် ၂၈ ပြည့်တော့မှာဆိုတော့ ဒီရက်ပိုင်းအဲဒီစကားကို ငါပြန်တွေးဖြစ်နေတယ်။ နင့်ဆီကအရေးကြီးကိစ္စပြောစရာရှိတယ်ဆိုပြီး Voicemail ရတော့ပျော်လိုက်တာ ငါလက်ခံဖို့အဆင်သင့်ဖြစ်နေပါပြီ။ တကယ်တမ်းကြားလိုက်ရတာက ချစ်ခွင့်ပန်စကားမဟုတ်ဘဲ နင့်ရဲ့မင်္ဂလာသတင်းဖြစ်နေခဲ့တယ်။ ကိုယ်ချစ်တဲ့သူကတခြားမိန်းကလေးနဲ့လက်ထပ်တော့မှာကို လက်ခုပ်တီးပေးနိုင်လောက်အောင် ငါသဘောထားကြီးပေးနိုင်ပါ့မလားမသေချာဘူး မိုက်ကယ်…” မိုက်ကယ်: “ဂျူလီယန် ငါအဲဒီညကိုဘယ်တုန်းကမှမမေ့ခဲ့ပါဘူး။ မင်းကလှပတယ် ထက်မြက်တယ် ကိုယ်ဘာလိုချင်လဲသေချာသိပြီး ပြီးပြည့်စုံတဲ့မိန်းမတစ်ယောက်။ နင့်ဘဝရဲ့ဦးစားပေးတွေက မိန်းကလေးအများစုလို ချစ်မှုရေးရာတွေ ဖူးစာရှင်တွေ လက်ထပ်တာတွေဟုတ်မနေဘူးလေ။ အဲဒါအတွက်လည်း နင်အမြဲဂုဏ်ယူနေခဲ့တာမလား။ အဲဒါကြောင့်လည်း နင့်ကိုလက်ထပ်ရမှာ ငါကြောက်မိခဲ့တာထင်တယ်။ ငါလိုချင်တာက အားနွဲ့ပြီးငါ့ကိုအမြဲလိုအပ်နေမယ့်မိန်းကလေးမျိုး…” ချစ်မှုရေးရာနဲ့ပတ်သက်လာရင် အတ္တကြီးတတ်၊ တွေဝေတတ်၊ အမှားတွေလုပ်တတ်ကြတဲ့လူတွေရဲ့သဘောသဘာဝတွေကို တစ်မျိုးဆန်းတဲ့ပုံစံနဲ့တင်ဆက်ထားတဲ့ 90s ခေတ် Romcom တွေကိုနှစ်သက်တဲ့သူတွေ အလွမ်းပြေမယ့်ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.4GB, 960MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 1H 45Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

6.3 1997 105 mins
My Best Friend’s Wedding
Darkland
6.6

Darkland (2017) ~ IMDb – 6.6/10, Rotten Tomatoes – 56% ~ ဒီကားလေးက ဒိန်းမတ် အက်ရှင်ဒရာမာမှုခင်းကားလေးတစ်ကားဖြစ်ပါတယ်။ ဇိတ်က အောင်မြင်တဲ့နှလုံးခွဲစိတ်ဆရာ၀န်တစ်ယောက်ဖြစ်ပြီး စတိိန်းလို့ခေါ်တဲ့ ဇနီးချောချောလေးတစ်ယောက်ရှိတဲ့အပြင် သားတစ်ယောက်လည်းရတော့မှာပါ။ သောကြာညတစ်ညမှာ မိတ်ဆွေတွေနဲ့ ညစာစားနေတုန်း ညီဖြစ်သူ “ရာဇင်း” ရောက်လာပြီး အကူအညီလာတောင်းပါတယ်။ ဇိတ်ကငြင်းလိုက်ပြီး နောက်တစ်ရက်မှာတော့ ညီဖြစ်သူက ဆေးရုံရဲ့အရေးပေါ်ခန်းကို ဒဏ်ရာအပြည့်နဲ့ရောက်ရှိလာပြီး သေဆုံးသွားပါတော့တယ်။ အဲဒီနောက်ပိုင်း ဇိတ်ရဲ့ဘ၀က ကမ္ဘာကြီးပြောင်းပြန်လှန်လိုက်သလိုဖြစ်သွားတော့တာပါ။ အမှုကို ရဲတွေလက်အပ်ထားခဲ့ပေမဲ့ ဒီကကိုလှရွှေတွေလိုပဲ သိပ်အကူအညီမဖြစ်တော့ အပြစ်ရှိစိတ်ရှိနေတဲ့ဇိတ်က သူကျင်လည်ခဲ့ဖူးတဲ့ဘ၀ကိုပြန်သွားပြီး ညီဖြစ်သူအတွက် တရားမျှတမှုကို လိုက်ရှာပါတော့တယ်။ ဒီကားရဲ့ဇာတ်ညွှန်းဆရာတစ်ဖြစ်လဲ ဒါရိုက်တာက သူ့ရဲ့ညီ ဂိုဏ်းတစ်ခုနဲ့ပတ်သက်မိပြီး ဒုက္ခရောက်ခဲ့ဖူးတဲ့ လက်တွေ့ဘ၀အတွေ့အကြုံကိုမူတည်ပြီး ရိုက်ခဲ့ပါတယ်လို့ဆိုထားပါတယ်။ ‌ဆုတွေလည်း (၇)ခုလောက် ရထားပြီး Nomi (၁၉)ခုလောက်ရထားတဲ့ ဒီကားလေးကို အားလုံးပဲကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 910MB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 52Min Genre – Action, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

6.6 2017
Darkland
The Case of the Four Demon Coffins
5.8

ယခုတစ်ခေါက် CM ရဲ့ ပရိသတ်တို့အတွက် သဲထိတ်ရင်ဖို မှုခင်းရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့- မင်ကော်ခေတ် ဝေးလံလှတဲ့ မြို့ငယ်လေးတစ်ခုမှာ ဖြစ်ပါတယ်။ မြို့က လူဆိုးထိန်း စန်းကိန်းနှင့် ချီးရှီတို့ဟာ အမိန့်အရ လူသတ်မှုတွေကို လိုက်လံစုံစမ်းရာ သံသယဖြစ်စရာ ကွင်းဆက် လူသတ်မှုကို စုံစမ်းမိသွားပါတယ်။ အမှုတွေမှ တစ်ဆင့် လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က ရန်ငြိုးဟောင်းတွေလည်း ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။ အမှုကို အဆင့်ဆင့် လိုက်လံစုံစမ်းနေပေမဲ့ အမှုတွေက ပိုပြီးတော့ ထူးဆန်းလာနေပါတယ်။ အမြဲတမ်းတည်ငြိမ်အေးချမ်းတဲ့ မြို့လေးမှာ အခုတော့ နတ်တွေ သရဲတွေနဲ့ ရှုပ်ထွေးနေတဲ့ အနံ့အသက်တွေနဲ့ ဖုံးလွမ်းနေပါတော့တယ်။ စန်းကိန်းတို့တစ်တွေ လူသတ်မှုရဲ့ တရားခံအစစ်ကို ရှာတွေ့နိုင်ပါ့မလား…… တရားခံကရော ဘယ်လိုအကြောင်းကြောင့် လူသတ်နေရတာလဲ…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

5.8 2023
The Case of the Four Demon Coffins
Tamil Kudimagan
9.6

Tamil Kudimagan (2023) “တမီလ်နာဒူးနိုင်ငံသား” IMDB 9.3 တောင်ရထားတဲ့ တမီးလ် ဒရာမာ ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ တမီးလ်လ်မျက်နှာသိသရုပ်ဆောင်တွေဖြစ်တဲ့ မင်းသား Cheran နဲ့ မင်းသမီး Sri Priyanka တို့ အားဖြည့်ထားပြီး critically လည်း အောင်မြင်တဲ့ ရုပ်ရှင်ပါ အိန္ဒိယနိုင်ငံရဲ့ ဇာတ်အနိမ့်အမြင့်လူတန်းစား ခွဲခြားမှုကို မေးခွန်းထုတ်ထားတဲ့ ဇာတ်မျိုးပါပဲ မြို့ငယ်လေးတစ်ခုမှာ ချင်နာဆာမီဆိုတဲ့ ကောင်လေးက VAO ဆိုတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးစာမေးပွဲကိုအသွား ရပ်ကွက်ထဲက လူသေလို့ အသုဘချဖို့ လာခေါ်တာနဲ့ မလိုက်ချင်လိုက်ချင် လိုက်သွားရပါတယ်…။ သူကိုယ်တိုင် ရိုးရိုးကျင့် မြင့်မြင့်ကြံပြီး ကြိုးစားနေပေမယ့်လည်း လူ့အသိုင်းအဝိုင်းက ချင်နာဆာမီတို့ မျိုးရိုးအလုပ်ဖြစ်တဲ့ အသုဘချတာကို သူတစ်ယောက်တည်း လုပ်သင့်တယ်လို့ ဇွတ်သတ်မှတ်ထားကြတာပါ…။ ပြီးတာနဲ့ ဆိုင်ကယ်နဲ့ စာမေးပွဲဖြေဖို့လိုက်ပို့မယ်ဆိုပြီး ခေါ်တဲ့ လူကလည်း သောက်မြင်ကပ်ပုဒ်မနဲ့ လမ်းမှာ ဆီကုန်တယ်လို့ ညာပြီး စာမေးပွဲချိန်နောက်ကျအောင် တမင်ညစ်ပါတယ် ဒီဇာတ်နိမ့်လူတန်းစားမှာ အဖေက ဒါလုပ်ရင် သားက ဒါလုပ်ဆိုပြီး တသမတ်တည်း သတ်မှတ်ထားတဲ့ လူ့အဖွဲ့အစည်းကို တော်လှန်ချင်စိတ်ရှိတဲ့ ချင်နာဆာမီတို့ မောင်နှမတို့က လူတန်းစားခွဲခြားခံရတိုင်း တစ်ယောက်နဲ့တစ်ယောက် တောက်တခေါက်ခေါက် ပေါ့ သူ့ညီမလေးကလည်း ဆေးကျောင်းသူပေမယ့်လည်း လူတန်းစားအဆင့်အတန်းနဲ့ပတ်သက်လို့ ရည်းစားရဲ့အဖေဖြစ်သူ ပစ်ပစ်ခါခါ ပြောတာ ခံလိုက်ရပါတယ် ဒါတင်မကပဲ ချန်နာဆာမီ VAO ရာထူးရလာချိန်အထိ ရာထူးကိုမထောက်ပဲ မျိုးရိုးစွဲနဲ့လူတွေက သူ့ကို အသုဘ ချခိုင်းတုန်းပါပဲ ဒီလိုနဲ့ သူတို့မြို့လေးမှာ ဘယ်လိုတွေ ပြဿနာဖြစ်ကြမလဲ တရားခွင်တွေရောက်တဲ့အထိ ဖြစ်ရင်း ဘယ်လိုတွေ ဆက်ပြီးရှင်းကြမလဲ အိန္ဒိယနိုင်ငံရဲ့ ရှေးရိုးစွဲအယူဝါဒတွေကို တွန်းလှန်နိုင်မှာလား လူ့အဖွဲ့အစည်းစနစ်အောက်မှာပဲ ပြားပြားဝပ်နေရမှာလားဆိုတာ ဆက်လက်ကြည့်ရှူပေးကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ KKKZ ~ Zwe ~ Dee ~ Alex ~ V တို့ပဲ ဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

9.6 2023
Tamil Kudimagan
The Christmas Pledge
4.9

The Christmas Pledge (2023) ===================== ခရစ်စမတ်ရာသီရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကတော့ နှင်းတွေနဲ့ အတူ လွင့်ပါလာခဲ့ပါပြီ။ ဂျွန်ကတော့ ငယ်စဉ်ကတည်းက မိဘနှစ်ပါး ကွာရှင်းခဲ့ကြပြီး ဓနရှင်ဖခင်ဖြစ်သူရဲ့ အုပ်ထိန်းမှုအောက်မှာပဲ နေလာ ခဲ့ရတဲ့ကောင်မလေးပါ။ လေယာဉ်တည်ဆောက်မှုပညာရပ်ကို အရမ်း စိတ်ဝင်စားပြီး ထဲထဲဝင်ဝင်လေ့လာသင်ယူထားတဲ့သူလေးပေါ့။ တစ် ရက်မှာတော့ သူကျောင်းကိုအသွား ပြုတ်ကျလာတဲ့ လေယာဉ်ပုံစံငယ် လေးနဲ့ ဆုံ‌တွေ့ခဲ့တယ်။ အဲဒီလေယာဉ်လေးကို ပစ်လိုက်တဲ့သူကတော့ ဒက်ကလန်ဆိုတဲ့ ကောင်လေးတစ်ယောက်တဲ့။ စာမေးပွဲမှာ အဆင့်ကောင်းဖို့လောက်ပဲတွေးပြီး လေယာဉ်ကို အဖြစ်သာ တည်ဆောက်ထားတဲ့သူပေါ့။ ဒီလိုနဲ့ပဲ လေယာဉ်တည်ဆောက်ရေးပညာ ဆရာမလေးဂျွန်ဆီကနေ တွေ့တွေ့ချင်း လက်ချာတွေ ပေးခံရတယ်ဆိုပါ တော့။ ဘုနဲ့ဘောက်ဖြစ်ခဲ့ကြတဲ့ သူတို့နှစ်ယောက်က ကံကြမ္မာက ဖန်တီး လာလေတော့ ဘွဲ့ယူတာတောင် ဘေးချင်းကပ်ထိုင်ခဲ့ကြရပြီး ရေစက်လေး က အလုပ်ခွင်ထဲထိ ပါလာခဲ့ပြန်ပါတယ်။ ‘ချစ်ခြင်းအစ မုန်းခြင်းက’ဆိုတဲ့ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းထဲမှာ လိပ်ပြာလေးတွေ ဘယ်လိုပျံလာကြ မလဲဆိုတာကိုတော့ စောင်လေးခြုံရင်း ကြည့်လိုက်ကြရအောင်ပါပေါ့။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို May Thet Khine Soe မှရေးသားပေးပြီး၊ ဘာသာ ပြန်ရေးသားပေးသူများကတော့ May Thet Kine Soe, June တို့ ဖြစ်ပါတယ်) File Size……….(1.49 GB) / (569 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 39Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Romance Translator…….May Thet Kine Soe, June Encoder……….SWM

Action • Adventure • Thriller
4.9 2023 95 mins
The Christmas Pledge
Erzulie

ဝင်ဒီတို့ သူငယ်ချင်းလေးယောက်ဟာ အရင်နှစ်ကလာခဲ့တဲ့ အပန်းဖြေစခန်းကို နောက်ထပ်တစ်ခေါက် ထပ်လာခဲ့ကြပါတယ်. ဂါထာမန္တာန်တွေကို စိတ်ဝင်စားတဲ့ ဝင်ဒီဟာ ရေနတ်ဘုရားမ အာဇူလီကို ဆင့်ခေါ်ဖို့ အတွက် အဲဒီ့အပန်းဖြေစခန်းမှာပဲ ကြိုးစားပါတယ်. အာဇူလီဆိုတာကတော့ အမျိုးသမီးတွေနဲ့ ကလေးတွေကို ကာကွယ်စောင့်ရှောက်တဲ့ ရေနတ်ဘုရားမတစ်ဦးဖြစ်ပြီး သူ့ကိုဆင့်ခေါ်တဲ့သူတွေကို သူတို့ရဲ့ ဆုတောင်းတွေကို ဖြည့်ဆည်းပေးနိုင်လောက်တဲ့အထိကို စွမ်းအားကြီးပါတယ်. ဆိုတော့..ဝင်ဒီတို့ သူငယ်ချင်းလေးယောက် အာဇူလီကို ဘယ်လို ဆင့်ခေါ်ကြမလဲ…. ဆင့်ခေါ်ပြီးတဲ့နောက်တော့ရော…ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှုခံစားနိုင်ပါတယ်. Fantasy Horror ရုပ်ရှင်အမျိုးအစားဖြစ်ပြီး Horror ရုပ်ရှင်တွေအရိုက်များတဲ့ ဒါရိုက်တာ Christine Chen ရိုက်ကူးထားတာဖြစ်လို့ Horror ကိုကြိုက်တဲ့ ပရိတ်သတ်တွေအတွက်တော့ အချိန်ပေးရတာတန်တဲ့ ကားကောင်းတစ်ကား ဖြစ်မှာပါ. File size…(1.3 GB)/(600 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre…Adventure, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Jo joe

Drama • History
0 2022
Erzulie
Shaolin Popey 3
6.3

ကလေးဘဝတုန်းကအရမ်းသဘောကျခဲ့ရတဲ့ ဘယ်အချိန်ကြည့်ကြည့်မရိုးနိုင်တဲ့ ရှောင်လင်ကိုယ်တော်လေးနှစ်ယောက်ကို တင်ဆက်ပေးလိုက်ပါတယ်။ စုစုပေါင်းသုံးကားရှိပြီး ရှေ့ ၂ ကား ကိုတင်ဆက်ပေးပြီးဖြစ်ပါတယ် ၃ ကားလုံးကို ဒီလင့်မှာရှာလို့ရပါတယ် Shaolin Popey 3 မှာတော့ ရှောင်လင်ကိုယ်တော်လေးတို့ မောင်နှမ၂ယောက်ဟာ ကမ္ဘာကိုယ်ခံပညာပြိုင်ပွဲကိုဝင်ပြိုင်ဖို့ ဟာဝိုင်ယီကိုသွားကြရမှာဖြစ်ပါတယ်။ ဟာဝိုင်ယီကိုရောက်တဲ့အခါ အဲဒီမှာအခြေချနေထိုင်နေတဲ့ ညီအစ်ကို(၂)ယောက်နဲ့ရေစက်ဆုံပြီး လူဆိုးတွေရန်ကကူညီပေးလိုက်တဲ့အချိန်မှာ အစ်ကိုဖြစ်တဲ့သူက ရှောင်လင်ကိုယ်တော်လေးရဲ့အစ်မ ရှောင်ယင်ကိုမြင်မြင်ချင်းချစ်မိသွားပါတယ်။ လူဆိုးဂိုဏ်းခေါင်းဆောင်ကြီးက ရှောင်လင်ကွန်ဖူးရဲ့အစွမ်းကိုကြားသွားပြီးတော့ သူတို့ရှောင်လင်ကိုယ်တော်လေးကိုဖမ်းခေါ်သွားပါတယ်။ ကိုယ်တော်လေးကိုပြန်ကယ်ဖို့ကြိုးစားရင်း ဟာဝိုင်ယီကိုသိုင်းပြိုင်ပွဲအမည်ခံနဲ့ရောက်လာပေမယ့် တခြားတာဝန်ရှိသေးတာကြောင့် သူတို့ရဲ့ချစ်ဇာတ်လမ်းကရှေ့ဆက်ဖို့ခက်ခဲနေပါတယ်။ ဟာဝိုင်ယီမှာပါ ကိုယ်တော်လေးတို့ဘယ်လိုအစွမ်းပြမလဲဆိုတာ ကြည့်လိုက်ပါဦးနော်။

6.3 1995
Shaolin Popey 3
The Human Condition II: Road to Eternity
8.5

The Human Condition Trilogy (1959 – 1961) ~ IMDb – 8.3/10, Rotten Tomatoes – 73% ~ ၁၉၅၈မှာ Junpei Gomikawa ဟာ The Human Condition ဆိုတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံ အတ္ထုပ္ပတ္တိတစ်ခြမ်း ဇာတ်လမ်းတစ်ခြမ်းပါတဲ့ အတွဲ၆တွဲပါတဲ့ဝတ္တုကို ရေးခဲ့တယ်။ ဒီစာအုပ်ဟာ ထုတ်ဝေပြီး ချက်ချင်း Bestseller ဖြစ်သွားပြီး ထုတ်ဝေပြီး ၃နှစ်အတွင်း ကော်ပီ၂.၄သန်း ရောင်းခဲ့ရတယ်။ ဒီဝတ္တုဟာ စာရေးသူရဲ့ ဒုတိယကမ္ဘာစစ်အတွင်း ကြုံခဲ့ရတာတွေကို အခြေခံထားတယ်။ ဒီဝတ္တုမှာ ဂျပန်စစ်သားတွေကို စစ်အတွင်းက ရက်စက်တဲ့ကျူးကျော်သူတွေအဖြစ်ပုံဖော်ထားပြီး တရုတ်တွေ ကိုရီးယားတွေနဲ့ ဂျပန်ပြည်သူတွေကို ဂျပန်စစ်တပ်ရဲ့ အနိုင်ကျင့်ခံရတဲ့သူတွေအဖြစ်ပုံဖော်ထားတယ်။ နောက် ဒီစာအုပ်ဟာ ဂျပန်တွေရဲ့ညစ်နွမ်းခဲ့တဲ့အတိတ်ကို ပြန်အဖတ်ဆည်ဖို့ အရေးပါခဲ့တယ်။ တချို့ကတော့ Humanism ကို ဖော်ပြထားတယ်လို့လည်း ဆိုကြတယ်။ ၁၉၅၉မှာပဲ Masaki Kobayashi က The Human Condition ရဲ့ ပထမ၄တွဲကို No Greater Love (1959) နဲ့ Road to Eternity (1959) ကို ရိုက်ခဲ့ပြီး နောက်ဆုံး ၂တွဲကို နှစ်နှစ်အကြာ A Soldier’s Prayer (1961) အဖြစ် အသက်သွင်းခဲ့တယ်။ Masaki Kobayashi ဟာ Harakiri (1962), Kwaidan (1964) နဲ့ Samurai Rebellion (1967) တို့ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာလည်း ဟုတ်တယ်။ The Human Condition ဟာ ၃ကားမှာ ဇာတ်လမ်းတစ်ဆက်တည်းဖြစ်ပြီး တစ်ကားကို ၃နာရီကျော်ကြာတယ်။ တစ်ဆက်တည်းဆိုတာက တစ်ချို့ကားတွဲတွေလို တစ်ကားတည်းကြည့်လည်းရတဲ့ပုံစံနဲ့ဆက်နေတာမဟုတ်ဘဲ ဒီ၃ကားလုံးပေါင်းမှ တစ်ဇာတ်တည်းဖြစ်နေတဲ့ တစ်ဆက်တည်းမျိုးပါ။ စုစုပေါင်း ၁၀နာရီနီးပါးကြာပြီး ရုံတင်တဲ့ ဂျပန်ရုပ်ရှင်တွေထဲ ရှားရှားပါးပါး အရှည်ဆုံးတွေထဲက တစ်ကားဖြစ်ခဲ့တယ်။ The Human Condition ဝတ္တုဟာ Kobayashi ကို တော်တော်လေးဆွဲဆောင်နိုင်ခဲ့သလို Kobayashi ကိုယ်တိုင်လည်း ဂျပန်တွေ စစ်မှုထမ်းဆွဲတာခံခဲ့ရပြီး မန်ချူးရီးယားမှာ တာဝန်ကျခဲ့တယ်။ သူကိုယ်တိုင်လည်း Pacifist တစ်ယောက်၊ Socialist တစ်ယောက်လည်း ဟုတ်ခဲ့တယ်။ တပ်သားအဆင့်ကနေ ရာထူးတက်ဖို့ ငြင်းခဲ့သလို ဂျပန်စစ်တပ်နဲ့ ဖက်ဆစ်အတွေးအခေါ်ကို ဆန့်ကျင်ခဲ့တယ်။ ဒါတွေဟာ ဒီရုပ်ရှင်က ဇာတ်ကောင် ခဂျိနဲ့ ဒါရိုက်တာတစ်သားတည်းဖြစ်နေတဲ့ အချက်တွေပါပဲ။ ဒါကြောင့်လည်း ဒီဝတ္တုဟာ ဒါရိုက်တာကို တော်တော်လေးရိုက်ခတ်ခဲ့သလို သူ့မာစတာပိစ် Trilogy ဖြစ်လာခဲ့တယ်။ The Human Condition Trilogy ဟာ ငြိမ်းချမ်းရေးဝါဒီ နဲ့ ဆိုရှယ်လစ်တစ်ယောက်ဖြစ်တဲ့ ခဂျိဆိုတဲ့လူ ဒုတိယကမ္ဘာစစ်ကာလမှာ အာဏာရှင်စနစ်အောက် ရှင်သန်ဖို့ကြိုးစားရပုံကို တင်ပြထားတဲ့ ရုပ်ရှင်ပဲ။ ဒီကားရဲ့၁၀နာရီလုံးမှာ ခဂျိရဲ့ အတွေ့အကြုံတွေကိုပဲ အခြေခံပြီး ကမ္ဘာစစ်၊ ဂျပန်ရဲ့စစ်မက်ရေးရာ၊ အဲဒီနောက်ကွယ်က ခဂျိအပါအဝင် ခံစားခဲ့ရတဲ့သူတွေကို ပြထားတယ်။ ပထမဆုံးကား No Greater Love (1959) မှာတော့ ခဂျိဟာ စစ်မှုထမ်းကင်းလွတ်ခွင့်ရခဲ့ပြီး အဲဒီအစား မန်ချူးရီးယားက မိုင်းတွင်းတွေမှာ အလုပ်သမားကြီးကြပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရတယ်။ ဂျပန်တွေဟာ စစ်အတွက် လက်နက်တွေထုတ်ဖို့ ဒီမိုင်းတွင်းတွေမှာ သံသတ္တုရိုင်းတွေကို ကိုလိုနီအပြုခံ တရုတ်အလုပ်သမားတွေကို မတန်မရာပေးပြီး မညှာမတာခိုင်းထားခဲ့တယ်။ ဂျပန်အလုပ်သမားခေါင်းတွေက အလုပ်သမားတွေကို ရက်ရက်စက်စက် နှိပ်စက်ပြီး ခိုင်းခဲ့ကြတယ်။ ဒါကို လူသားဆန်မှုကို လိုလားတဲ့ ခဂျိက ကြည့်မနေနိုင်ခဲ့ဘူး။ ဒီနောက်မှာ ခဂျိဟာ ကင်ပေတိုင်တွေက စစ်သုံ့ပန်းအနေနဲ့ ဖမ်းလာတဲ့ တရုတ်လယ်သမားတွေကိုလည်း စီမံခဲ့ရတယ်။ ဒီလိုလူတွေကို မညှာမတာခိုင်း မစာမနာကျွေးတဲ့ ဂျပန်တွေနဲ့ လူသားဆန်မှုကိုမြင်ချင်တဲ့ ခဂျိကြားက အဖုအထစ်တွေကို No Greater Love (1959) မှာ ပြထားတယ်။ Road to Eternity (1959) မှာတော့ စစ်တပ်ထဲ ပါသွားတဲ့ ခဂျိရဲ့ တပ်တွင်းအနိုင်ကျင့်ခံရတာတွေ၊ ဂျပန်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ပြထားတယ်။ ဂျပန်စစ်တပ်ရဲ့ ကြီးနိုင်ငယ်ညှင်းစနစ်ကို ပြထားတယ်။ တစ်ခုရှိတာက ဒီလေ့ကျင့်ရေးက အခန်းတော်တော်များများဟာ ကူးဘရစ်ရဲ့ Full Metal Jacket နဲ့ တော်တော်လေးတူနေတယ်။ Full Metal Jacket ထဲက ပိုင်းလ်ဇာတ်ကောင်နဲ့ ဒီထဲက အိုဘာရာဇာတ်ကောင်ဟာ လေ့ကျင့်ရေးမှာ ကြုံတွေ့ခဲ့ရပုံတွေနဲ့ နောက်ဆုံးရွေးချယ်မှုအထိကို အတူတူပဲ။ ဒီကားရော စာအုပ်ရောက ကူးဘရစ်ကားရော စာအုပ်ရောထက် အနှစ်၂၀စောခဲ့တယ်ဆိုတော့ ကူးဘရစ်ဟာ ဒီကားကို Inspire ယူခဲ့တယ်လို့ပဲ မြင်တယ်။ ဒီကားမှာပြထားတဲ့ ဂျပန်စစ်တပ်ရဲ့ စစ်စခန်းသွင်းတာဟာ Full Metal Jacket ထဲကထက် အများကြီးပိုပြီး လူမဆန်ခဲ့ဘူး။ လူသားဆန်တဲ့ ခဂျိဟာ ဒီလူမဆန်တဲ့နေရာမှာ လူဆန်ဆန်နေရင်း အဲဒီလိုနေလို့ကို သူ့အတွက် အကျပ်အတည်းတွေကြုံလာရတာကို Road to Eternity (1959) မှာ ပြထားတယ်။ ၂နှစ်ကြာပြီးမှ ထွက်တဲ့ A Soldier’s Prayer (1961) မှာတော့ တိုက်ပွဲမှာရှုံးသွားလို့ အိမ်ပြန်ခရီးထွက်လာတဲ့ခဂျိတို့ဟာ ဂျပန်ပြည်ကလည်း ဒုတိယကမ္ဘာစစ်မှာ စစ်ရှုံးနေပြီဆိုတာ သိလိုက်ရတယ်။ ဒီလိုနဲ့ သူတို့ဟာ စစ်ပွဲနယ်မြေကနေ အိမ်ကိုပြန်တဲ့လမ်းဆီ ဦးတည်လာကြတယ်။ ဒီလမ်းတစ်လျှောက်မှာ စစ်ရှုံးပေမဲ့ အညံ့မခံသေးတဲ့ ဂျပန်တွေရော၊ လမ်းတစ်လျှောက်မှာ ကြုံရတဲ့ ဒုက္ခသည်တွေ၊ သူတို့ဒဏ်ခံခဲ့ရတဲ့ တရုတ်လယ်သမားတွေရဲ့ကလဲ့စားချေမှုတွေ၊ စစ်သုံ့ပန်းစခန်းတွေ၊ စစ်သုံ့ပန်းစခန်းက ဂျပန်အချင်းချင်းရက်စက်မှုတွေ စသဖြင့် ကြုံခဲ့ရတာတွေကို ပြထားတယ်။ ထုံးစံအတိုင်း ခဂျိဟာ လူသားဆန်တဲ့လမ်းဘက်ကိုလိုက်တုန်းပါပဲ။ အဲဒါကပဲ သူ့ကိုအဆုံးမဲ့ဒုက္ခတွေထဲ တွန်းပို့ခဲ့တယ်။ ရယ်စရာကောင်းတာက ဂျပန်တွေက စစ်ရှုံးသွားတာတောင် အညံ့မခံသေးတဲ့ သူတို့ရဲ့ တချို့စစ်သားတွေအတွက် ဂုဏ်ယူကြပေမဲ့ ဒီကားက အခြေအနေတိုင်းဆို အဲဒီလိုလူတွေကတောင် ပိုရွံစရာကောင်းနေပါလိမ့်မယ်။ စစ်ပြီးကြောင်း တိုင်းပြည်က အညံ့ခံကြောင်းကြေညာပြီးတာတောင် ဆက်တိုက်နေသေးတာကိုကလည်း ရာဇဝတ်မှုဖြစ်နေပါပြီ။။ ဒီဇာတ်လမ်းဟာ ဂျပန်တွေရဲ့အတိတ်ကို ပြန်အဖတ်ဆည်တဲ့ ဇာတ်လမ်းလို့ ဆိုပေမဲ့လည်း ဂျပန်တွေရဲ့ အဆိုးတကာ့အဆိုးဆုံးလုပ်ရပ်တွေ၊ တလွဲဆံပင်ကောင်းတဲ့ ခံယူချက်တွေ၊ ဖက်ဆစ်စိတ်ဓာတ်၊ မုဒိန်းကောင်စိတ်ဓာတ်တွေကို ဘွင်းဘွင်းရှင်းရှင်းပဲပြထားခဲ့တယ်။ တခြားဂျပန်ကရိုက်တာမဟုတ်တဲ့ကားတွေမှာတောင် ဒီလောက် မပြပါဘူး။ ပြောရရင် သူတို့အဖတ်ဆည်ပုံက သူတို့အမှားကို သူတို့ဝန်ခံတဲ့နည်းနဲ့ပါ။ သူတို့ဂျပန်ပြည်သူတွေလည်း ခံခဲ့ရတယ်။ ဖက်ဆစ်တွေရဲ့ လုပ်ရပ်ကို တို့မကြိုက်ဘူးဆိုတဲ့ အဖတ်ဆည်ပုံမျိုးပဲ။ စစ်ရဲ့ ဆိုးယုတ်မှုကို ပြတဲ့ စစ်ဆန့်ကျင်ရေးကားတွေဖြစ်တဲ့ Apocaplyse Now, Full Metal Jacket, Come and See စတဲ့ နာမည်ကျော်ကားတွေထက်ကို ဒီကားကအများကြီး ပိုထိခတ်တယ်။ တစ်ချိန်တည်းမှာပဲ လူသားဆန်မှုနောက်ကိုလိုက်ရင်း သူ့လူသားဆန်မှုကြောင့်ပဲ လူသားတွေ နင်းခြေတာခံလိုက်ရတဲ့ ခဂျိရဲ့ အဖြစ်ကို ကြည့်ရင်း တော်တော်လေးဝေဝါးချင်စရာတော့ ကောင်းနေတယ်။ ငြိမ်းချမ်းရာကာလတွေမှာ လူသားဆန်ရတာ မခက်ခဲလှပေမဲ့ စစ်ဖြစ်ရာကာလမှာ လူသားဆန်တာကတော့ တစ်စစီ စုတ်ပြတ်သွားတဲ့အထိကို ခက်ခဲတယ်။ ဒါပေမဲ့လည်း ခဂျိဟာ အဲဒီလမ်းကိုပဲ အဆုံးထိလျှောက်ခဲ့တယ်။ ဒီလုပ်ရပ်မှန်လား မှားတော့ မပြောတတ်ပါဘူး။ သူ့အဖြစ်ကိုကြည့်ပြီး ဇာတ်ကားပြီးသွားတာတောင် စိတ်ထဲ မှိုင်းနေရလောက်တဲ့အထိ ဝမ်းနည်းစရာတော့ တော်တော်ကောင်းတယ်။ ဒီလိုဝမ်းနည်းစရာကောင်းအောင် အသက်အဝင်ဆုံး မျက်လုံးတွေနဲ့သရုပ်ဆောင်ခဲ့တဲ့ Tatsuya Nakadai ကိုလည်း ချီးကျူးရလိမ့်မယ်။ Harakiri, Ran, High and Low, Seven Samurai, Kwaidan, The Face of Another စတဲ့ ကားတွေမှာလည်း သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီးပါပဲ၊ The Human Condition Trilogy ဟာ ကိုးနာရီကျော်ကြာတဲ့ ဇာတ်လမ်းမှာ ပျင်းစရာတစ်ကွက်မှ မရှိအောင် သေသေသပ်သပ်ရိုက်ပြထားနိုင်တဲ့ ရုပ်ရှင်တွဲတစ်တွဲပါပဲ၊။ ဒီရုပ်ရှင်တွဲဟာ စစ်ဆန့်ကျင်ရေး ရုပ်ရှင်တွေထဲတော့ တော်တော်လေး ပြင်းပြင်းထန်ထန် ထိခတ်အောင် လုပ်နိုင်တဲ့ ရုပ်ရှင်တွဲလည်းဟုတ်တယ်။ ဒီရုပ်ရှင်တွဲရဲ့ တစ်ဘက်မှာ သမ္မာတရားတွေ ဆိတ်သုဉ်းနေတဲ့ အနိဌာရုံလောကကြီးကို မြင်ရလိမ့်မယ်။ တစ်ဘက်မှာတော့ အဲဒီလောကကြီးကို ဖြတ်သန်းနေတဲ့ အကောင်းတရားနဲ့ ချစ်ခြင်းကို မျှော်လင့်ထားတဲ့ အိမ်အပြန်လမ်းကို လျှောက်နေတဲ့လူတစ်ယောက်ကိုမြင်ရလိမ့်မယ်။ ဒါပေမဲ့လည်း အနိဌာရုံလောကကြီးကို အကောင်းတရားတွေက ဘယ်တုန်းကမှ တကယ်မနိုင်ဖူးပါဘူး။ “အချစ်ပန်းတွေနဲ့ ခေတ်လမ်းမှာ စစ်စခန်းတွေကို ဖုံးလွှမ်းပစ်ရမယ်” ဆိုတာတွေလည်း အိပ်မက်အဖြစ်ကျန်နေမြဲ။ အဲဒီလမ်းကိုဆက်လျှောက်မလျှောက်ဆိုတာကတော့ ကိုယ်စီမို့ရေးရာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.4GB, 1.15GB Quality – BluRay 1080p, 720p IMDb Rating – 8.3/10 Format – mp4 Duration – 3H 28Min Genre – Drama, History, War Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Romance
8.5 1959 178 mins
The Human Condition II: Road to Eternity
Pushpa: The Rise
8.1

Pushpa : The Rise (2021) ===================== IMDB- 8.1/10 ဒီဇင်ဘာလကမှ ရုံတင်ခဲ့ပေမယ့် 2021 မှာ အိန္ဒိယရဲ့ ဝင်ငွေအကောင်းဆုံးဇာတ်ကားဖြစ်ပြီး ဟော့နေတဲ့ Pushpa Part1 ကို တင်ဆက်လိုက်ပါတယ်။ အင်တာနက်မှာတော့ ဒီနေ့မှ ပူပူနွေးနွေး ထွက်ရှိလာခဲ့တာပါ။ နာမည်ကြီး မင်းသား Allu Arjun ပါ၀င်သရုပ်ဆောင်ထားပြီး မင်းသမီးချော Rashmika Mandanna ကလည်း ပါ၀င်အားဖြည့်ထားပါသေးတယ်။ သာမန်ဆင်းရဲသား ကြုံရာကျပန်း လုပ်တတ်တဲ့ ပွတ်ရှ်ပါ ဟာ ဆင်းရဲသလောက် မာနကြီးသလို ဘုဘောက်လည်းကျပါတယ်။ တစ်ခွန်းတည်းစာဖွဲ့ရရင် လူ့ဂွစာပေါ့ဗျာ။ ကိုယ်မှန်တယ်ထင်ရင် ဘာကိုမှ အလျှော့မပေးတတ်သလို အမျှော်အမြင်လည်း အတော်ကြီးရှာတယ်။ အဲ့လိုလူတစ်ယောက်က အလွန်ရှားပါးသော သစ်တစ်မျိုးဖြစ်တဲ့ အနီရောင်စန္ဒကူးပင်ကို မှော်ခိုရောင်း၀ယ်ကူးလူးတဲ့ ဂိုဏ်းနဲ့ ချိတ်ဆက်မိသွားရာက CM ပရိသတ်ကြီးတို့ အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီကားကို ဝေဖန်ရေးဆရာများက ချီးကျုးထားကြပြီး အထူးသဖြင့် မင်းသား Allu ရဲ့ ကာရိုက်တာဇာတ်ရုပ်အား ပီပြင်စွာ သရုပ်ဖော်နိုင်ခြင်းကို အထူးသဘောကျနှစ်သက်နေကြပါတယ်။ Box Office မှာလည်း ၀ငျငွေများစွာ ရရှိနေပြီး အောင်မြင်မှုအပေါင်း သရဖူဆောင်းထားတယ်လို့ ဆိုရမှာပါ။ ဘာပဲပြောပြော လူတစ်ကိုယ်အကြိုက်တစ်မျိူးဖြစ်တဲ့အတွက် တကယ်ကောင်းမကောင်း ကြိုက်မကြိုက်ကို ကိုယ်တိုင်ကြည့်ရှုခံစားပြီးမှသာ ဆုံးဖြတ်သင့်ကြောင်း တိုက်တွန်းလိုပါတယ်။ အခု ဇာတ်လမ်းဟာ Part 1 ဖြစ်ပြီး Part 2 ကိုတော့ February 2022 မှာ ရိုက်ကူးရေးစတင်မှာဖြစ်လို့ ပရိသတ်ကြီးတို့ အကြာကြီး မစောင့်ရမှာသေချာပါတယ်နော်။ (ဇာတ်လမ်းအညွှန်းကို Thet Hnin Hsu က ရေးသားပေးထားပါတယ်)

8.1 2021 179 mins
Pushpa: The Rise
Woochi: The Demon Slayer
6.8

Woochi: The Demon Slayer (2009) ******************************* စိတ်ပြေလက်ပျောက် ရယ်မောချင်တဲ့ ပရိသတ်ကြီးတို့အတွက် 2009 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဂျိုဆွန်းခေတ်က မှော်ဆရာဂျောင်ဝူချီအကြောင်းကို ရိုက်ကူးထားတဲ့ ကားကောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။ Cast တွေအနေနဲ့ကတော့ A-List Actor တစ်ယောက်ဖြစ်တဲ့ မင်းသား Gang Dong-Won ၊ မင်းသမီး Lim Soo-Jung၊ မင်းသားကြီး Kim Yun-Seok ၊ Kim Yun-Seok တို့အပြင် ပရိသတ်ကြီးတို့ မစိမ်းတဲ့ ဝါရင့်သရုပ်ဆောင်ကြီးများပါ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း ************* ကောင်းကင်ဘုံမှာ စွမ်းအားကြီးနတ်ဘုရားရဲ့ပလွေဟာ ကျိုးသွားပြီး မှင်စာတွေရဲ့လက်ထဲ ရောက်သွားပြီးနောက် လူ့လောကကြီးထဲ အရှုပ်အထွေးတွေ ဖြစ်လာပါတော့တယ်။ ဒါကြောင့်ပဲ နတ်ဘုရားသုံးပါးဟာ လူ့ပြည်ဆင်းလာပြီး အရှေ့ဘက်ကျောင်းတော်ကဆရာကြီးနဲ့ ဆရာဟွာဒမ်းဆိုတဲ့ အကူအညီပေးနိုင်မဲ့နှစ်ယောက်ကို ကျိုးသွားတဲ့ ပလွေ ပြန်ရှာပြီး မှင်စာတွေကိုဖမ်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီအချိန်မှာပဲ အရှေ့ဘက်ကျောင်းတော်က ဆရာကြီးရဲ့ တပည့်ဖြစ်တဲ့ ဂျောင်ဝူချီဆိုသူဟာ စည်းမျဥ်းစည်းကမ်းမလိုက်နာဘဲ လုပ်ချင်းတိုင်းလုပ်တတ်ပေမဲ့ ခက်ခဲနေတတ်တဲ့လူတွေကို ကူညီရင်းနဲ့ အတော်ဆုံးမှော်ဆရာတစ်ယောက် ဖြစ်ဖို့ ကြိုးစားနေသူပါ။ ဒီလိုနဲ့ပဲ တစ်နေ့မှာတော့ ဂျောင်ဝူချီက ဆရာဖြစ်သူကို သတ်တယ်လို့ နတ်ဘုရားသုံးပါးက အထင်လွဲသွားခဲ့ပြီးနောက် ဂျောင်ဝူချီနဲ့ သူ့ရဲ့ခွေး ချိုရန်းအီတို့ကို ပန်းချီကားထဲမှာ ချုပ်နှောင်ထားလိုက်ပါတော့တယ်။ နှစ်ပေါင်း ၅၀၀ ကြာပြီးနောက် .. မှင်စာတွေပြန်လည်သောင်းကျန်းနေတဲ့ မျက်မှောက်ခေတ်မှာ ဂျိုဆွန်းခေတ်က မှော်ဆရာဖြစ်တဲ့ ဂျောင်ဝူချီနဲ့ သူ့ရဲ့ခွေး ချိုရန်းအီတို့ဟာ ပန်းချီကားထဲကနေ ပြန်လွတ်လာတဲ့အခါမှာတော့…. ဇာတ်အိမ်ဆန်းဆန်းလေးကိုမှ ရယ်မောရင်းကြည့်ရှုရမဲ့ ဒီဇာတ်ကားလေးကိုတော့ CM ကနေ ကွာလတီအမိုက်စားနဲ့ ပြန်လည်တင်ဆက်ပေးထားပြီဖြစ်လို့ ကြည့်ရှုခံစားလိုက်ပါဦးနော်… (အညွှန်းကို Su Sandi မှ ရေးသားထားပါတယ်) File size…1.73GB / 838MB Quality… BluRay 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Action, Adventure, Comedy, Fantasy Subtitle….Myanmar Subtitle (Hard Sub) Translated by Su Sandi Encoded by AHtet

Romance • Science Fiction • Thriller
6.8 2009 136 mins
Woochi: The Demon Slayer
Shaolin Temple
6.8

၁၉၈၂ ခုနှစ်ထွက် Shaolin Temple ဇာတ်ကားကတော့ ရှေးခေတ်တရုတ်ပြည်၊ ဆွေ့မင်းဆက်ကနေ ထန်မင်းဆက် အကူးအပြောင်းကို နောက်ခံပြုထားတဲ့ ကွန်ဖူးရုပ်ရှင်တစ်ကားပါ။ တရုတ်ပြည်ရဲ့ သိုင်းမင်းသားတွေထဲက တစ်ဦးဖြစ်တဲ့ Jet Li ရဲ့ debut ရုပ်ရှင်ကားလည်းဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဝမ်းကျန်းဆဲ့လို့ခေါ်တဲ့ စစ်သူကြီးက ဖခင်ဖြစ်သူကို ရက်ရက်စက်စက် သတ်ဖြတ်လိုက်တဲ့အတွက် ကျွယ်ယွမ်ဆိုတဲ့ကောင်လေးဟာ လက်စားချေဖို့ ကွန်ဖူးကို သင်ယူချင်လို့ ရာဇဝင်တွင်တဲ့ ရှောင်လင်ဘုန်းကြီးကျောင်းမှာ ခိုလှုံခဲ့ပါတယ်။ ဘုန်းတော်ကြီးတွေရဲ့ လမ်းညွှန်မှုအောက်မှာ ကွန်ဖူးပညာကို သင်ခဲ့ပြီးနောက် နောင်မှာ ဘုရင်ဖြစ်လာမယ့် လီရှစ်မင်နဲ့‌ဆုံပြီး ကယ်တင်လိုက်ရာက ဖခင်ကိုသတ်ခဲ့တဲ့ ဝမ်းကျန်းဆဲ့နဲ့ ထိပ်တိုက်ရင်ဆိုင်လိုက်ရတဲ့အခါ… ကိုယ့်ကိုယ်ကို ခုခံဖိုအတွက်ပဲ သင်ကြားရတဲ့ ရှောင်လင်ကွန်ဖူးပညာကို ဘုန်းကြီးဝတ်ကြီးနဲ့ ကျွယ်ယွမ်တစ်ယောက် လူဆိုးတွေအ‌ရှေ့မှာ ဘယ်လိုအသုံးချမလဲဆိုတာကိုတော့ တကယ့်သိုင်းပညာရှင်များ ပါဝင်သရုပ်ဆောင်ထားပြီး အသက်ရှူမှားလောက်တဲ့ အတိုက်အခိုက်ခန်းတွေပါတဲ့ ဒီရှောင်လင်ကားလေးမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။ File size…(2 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:40:00 Genre… Kung Fu, Martials, Action, Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Xing Egg

Horror • Action • Thriller • Science Fiction • Family
6.8 1982 100 mins
Shaolin Temple