YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Save.Me.1994.720p.NF.WEBRip.DDP2.0.x264-NOGRP.mp4

990.79 MB N/A video/mp4 9511 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Don't Sell My Baby
6

စီနီယာအထက်တန်းကျောင်းသူတစ်ဦးဖြစ်တဲ့ နီကိုလက်ဟာ သူငယ်ချင်းဖြစ်သူ ဘရွတ်ပျောက်ဆုံးသွားတဲ့ အတွက် လူပျောက်ကြေငြာလိုက်ကပ်ရင်း ရတက်မအေးဖြစ်နေရသူပါ။ ဒီပျောက်ဆုံးသွားတဲ့ သူငယ်ချင်းဖြစ်သူဟာ ကိုယ်ဝန်ဆောင်နေရသူဖြစ်ပြီး ငယ်ရွယ်သူတို့ထုံးစံအတိုင်း အနာဂတ်ဆိုတာလည်း မရေရာမသေချာသေးပါဘူး။ တစ်နေ့ကျတော့ ဒီသူငယ်ချင်းဖြစ်သူက နီကိုလက်ဆီကို ဖုန်းဆက်လာပြီး သူ့နောက်ကို လူတစ်ယောက်လိုက်နေကြောင်း၊ ကလေးကို ငွေပေးပြီး လိုချင်နေသူတွေရှိကြောင်းပြောပါတယ်။ နီကိုလက်ကလည်း အကူအညီအပေးနိုင်ဖို့ တစ်နေရာမှာ ချိန်းဆိုလိုက်ရင်းက သူငယ်ချင်းဖြစ်သူ ကားတိုက်ခံရပြီး ဆုံးပါးသွားတာမြင်လိုက်ရပါလေရော။ ဒါတွေဟာ တိုက်ဆိုင်မှုပဲလား၊ တမင်ကြံစည်မှုပဲလားဆိုတာ စုံစမ်းနေရင်းမှ နီကိုလက်ကိုယ်တိုင် မမျှော်လင့်ဘဲ ကိုယ်ဝန်ရှိနေမှန်းသိလိုက်ရပါတယ်။ ဒီလိုနဲ့ နီကိုလက်တစ်ယောက် ဘဝအနာဂတ်ရေရေရာရာ မရှိသေးခင် ကိုယ်ဝန်ဆောင်အမျိုးသမီးငယ်လေးတွေကို ပစ်မှတ်ထားတဲ့လူတွေဆီက ပြေးလွတ်နိုင်မလားဆိုတာကိုတော့... File Size : (1.5GB) and (574MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:25:00 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Action • Comedy
6 2023 85 mins
Don't Sell My Baby
Outlaw King
6.8

"အင်္ဂလိပ်တွေအတွက်တော့ သူပုန်။ စကော့တွေအတွက်တော့ ကျေးဇူးရှင် ဘုရင်မင်းမြတ်။" ရန်သူတွေကို စစ်ရှုံးခဲ့ရလို့ ဂူတစ်ဂူထဲမှာ ခြေရာဖျောက်ပုန်းခိုနေရတဲ့ ဘုရင်ကြီးတစ်ပါးဟာ အကြီးအကျယ် စိတ်ဓာတ်ကျဆင်းနေတယ်။ ရန်သူတွေဟာ အင်အားကြီးလွန်းလို့ သူဘယ်လိုတိုက်တိုက် နိုင်မှာမဟုတ်ဘူး သူ့နိုင်ငံကိုစွန့်ပြီး ရေမြေခြားမှာ သွားခိုလှုံတာ အကောင်းဆုံးပဲလို့တောင် တွေးနေမိတယ်။ အဲဒီအချိန်မှာ ဂူအမိုးမှာ ပင့်ကူလေးတစ်ကောင်ဟာ ပင့်ကူအိမ်ကို ခက်ခက်ခဲခဲတည်ဆောက်နေတယ်။ ပိုးမျှင်တစ်တန်းဖြစ်လာဖို့ တွယ်တက်လိုက် ပြုတ်ကျလိုက် အားမလျှော့ဘဲ ဆက်တက်လိုက် လုပ်နေရင်းနဲ့ အချိန်တစ်ခုကြာတဲ့အခါ ပင့်ကူအိမ်တစ်ခုဖြစ်လာတယ်။ ဒါကိုစိတ်ဝင်တစားကြည့်မိနေတဲ့ ဘုရင်ကြီးဟာ ကြည့်ရင်းနဲ့ စိတ်ဓာတ်ခွန်အားတွေရလာတယ်။ ဘယ်လောက်ခက်ခဲတဲ့ အလုပ်ဖြစ်ပါစေ မလျှော့တဲ့ဇွဲလုံ့လနဲ့ ကြိုးစားရင် အောင်မြင်မှာပဲဆိုတဲ့ သဘောတရားကို ဆုပ်ကိုင်မိသွားတယ်။ မကြာမီမှာပဲ ဘုရင်ကြီးဟာ သူပုန်းအောင်းနေတဲ့ဂူကနေထွက်လာပြီး ရန်သူတွေကို တိုက်ခိုက် ခြေမှုန်းပစ်တော့တယ်။ ဒီ ဘုရင်ကြီးနဲ့ ပင့်ကူငယ်ပုံပြင်ကို လူတိုင်း ကြားဖူးကြလိမ့်မယ်။ ဒီပုံပြင်ထဲက ဘုရင်ကြီးဟာ King Davidလို့ဆိုကြသလို စစ်သူရဲကောင်း Black Douglasလို့လည်း ဆိုကြတယ်။ ဒီပုံပြင်ကို အင်္ဂလန်နဲ့စကော့တလန်မှာရှိတဲ့ ကလေးတိုင်း အလွတ်ရနေပြီး ပုံပြင်ထဲက ဘုရင်ကြီးဟာ ဘယ်သူလဲဆိုတာ သူတို့ကောင်းကောင်းသိပါတယ်။ စကော့တလန်ရဲ့လွတ်လပ်ရေးကို အင်္ဂလန်လက်က ပြန်တိုက်ယူပေးခဲ့တဲ့ ဘုရင်ကြီး Robert the Bruceပဲ။ စစ်ပညာရှင်တွေကတော့ Robert the Bruceကို ပြောက်ကျားစစ်ဘုရင်လို့ခေါ်ကြတယ်။ Robertဟာ သူ့ထက်အင်အား နှစ်ဆသာတဲ့ရန်သူကို ပြောက်ကျားနည်းနဲ့ အမြဲတိုက်ခိုက် အနိုင်ယူခဲ့လို့ ဖြစ်ပါတယ်။ ၁၂၈၆ ခုနှစ်မှာ စကော့ပြည်ရဲ့ဘုရင် Alexander III နတ်ရွာစံံပြီးနောက်မှာ ဆက်ခံသူ မြေးတော် Magaretကလည်း ၁၂၉၀ မှာ ထပ်ပြီးနတ်ရွာစံတဲ့အခါ ထီးနန်းကိုဆက်ခံထိုက်တဲ့ သူကောင်းမျိုးအင်အားစု ၁၄ စုကြားမှာ နန်းလုတဲ့ စစ်ပွဲဖြစ်လာနိုင်တဲ့အခြေအနေဖြစ်လာခဲ့တယ်။ အင်္ဂလန်ပြည့်ရှင် ပထမမြောက်အက်ဒွပ်ဘုရင်ကို ကြားဝင်စေ့စပ်ပေးဖို့ အကူအညီတောင်းတဲ့အခါ အက်ဒွပ်က John Balliolကို နန်းတင်ပေးတယ်။ ၁၂၉၆ မှာ EdwardဟာJohn Balliolကို နန်းချပြီး စကော့တလန်ကို သိမ်းပိုက်လိုက်တယ်။ စကော့တလန်တစ်ပြည်လုံးဟာ ကျောချမှ ဓားပြမှန်း သိလိုက်ရတဲ့အဖြစ်ကြုံခဲ့ရပြီး အင်္ဂလိပ်တွေ ဗိုလ်ကျသမျှကို ခံရတော့တယ်။ အဲဒီနောက်မှာ အင်္ဂလိပ်တွေကို အတိအလင်းတော်လှန်မယ့် William Wallace ဆိုတဲ့ သူရဲကောင်းပေါ်ထွက်လာပြီး ဘုရင်Edwardကို တော်လှန်တဲ့အခါ မထင်မှတ်လောက်အောင် အောင်မြင်မှုတွေရတယ်။ ဒါပေမဲ့ သွေးကွဲနေကြတဲ့ စကော့တလန်သူကောင်းမျိုး အင်အားစုတွေကြောင့် Falkirkတိုက်ပွဲ(July 22, 1298)မှာ စကော့တလန်သားတွေ အထိနာပြီး ဝေါလေ့စ်လည်း တောပြန်ခိုရတဲ့ဘဝရောက်သွားတော့တယ်။ ဘုရင်Edwardဟာ စကော့တလန်ကို ပြန်သိမ်းပြီး သူကောင်းမျိုးတွေကို သစ္စာပြန်ခံစေတယ်။ နောင်တစ်ချိန်မှာ ဘုရင်ဖြစ်လာမယ့် Robert the Bruceဟာ သတ္တမမြောက် Bruceဖြစ်ပြီး သူ့ရဲ့ဖခင် ဆဋ္ဌမမြောက် Bruceဟာ Edwardနဲ့ ရင်းနှီးတဲ့ မိတ်ဆွေဖြစ်တယ်။ သတ္တမမြောက် Bruceဟာ ဝီလျံဝေါလေ့စ်ကို လေးစားကြည်ညိုသူဖြစ်ပေမယ့် နန်းလုနေတဲ့ သူကောင်းမျိူ းတွေကြားထဲမှာ အနေအထိုင် မမှားအောင်ဆင်ခြင်ရသူမို့ ဝေါလေ့စ်နဲ့ပေါင်းပြီး ထိထိရောက်ရောက် မတော်လှန်ဖြစ်ခဲ့ဘူး။ (Brave Heart 1995 ရုပ်ရှင်ထဲကလို မဟုတ်ပါဘူး) Edwardဟာ စိတ်မချရတဲ့ သတ္တမြောက်Bruceကို Ulsterမြို့စား Richard Ogရဲ့သမီး Elizabeth de Burghနဲ့ လက်ထပ်ပေးလိုက်တယ်။ Bruceက ပထမဇနီးကွယ်လွန်ခဲ့ပြီး သမီးတစ်ယောက် ရနေပြီ။ လက်ထပ်ချိန်မှာ Bruceက ၂၈ နှစ် Elizabethက ၁၈ နှစ်ပဲရှိပါသေးတယ်။ လက်ထပ်ပြီး မကြာမီမှာပဲ သူ့ရဲ့ဖခင် ဆဋ္ဌမမြောက် Bruce ကွယ်လွန်သွားပြီး ဘုရင်Edwardကလည်း ဝီလျံဝေါလေ့စ်ကို ဖမ်းမိသွားတယ်။ ဝေါလေ့စ်ကို ခေါင်းဖြတ် လေးပိုင်းပိုင်းပြီး နိုင်ငံ တနံတလျားကို တစ်ပိုင်းစီပို့စေတဲ့အခါ ဝေါလေ့စ်ကို သိပ်ကြည်ညိုတဲ့ စကော့တလန်မှာ ဆူပူမှုတွေဖြစ်လာတယ်။ ဒါဟာပုန်ကန်ဖို့ အချိန်ကောင်းပဲဆိုတာကို သိလိုက်တဲ့ Bruceဟာ သူရဲ့အင်အားအကောင်းဆုံး ပြိုင်ဘက် John Comynနဲ့ လက်တွဲပုန်ကန်ဖို့ ဆွေးနွေးတဲ့အခါ မမျှော်လင့်တဲ့ပြဿ နာဖြစ်လာတယ်။ သူပုန်ထမယ့်ကိစ္စကို Edwardဆီသတင်းပို့မယ်လို့ ခြိမ်းခြောက်တဲ့အခါ Bruceက သူ့ကိုဓားနဲ့ ထိုးလိုက်တယ်။ ဘုရားကျောင်းအပြင်ဘက်မှာ စောင့်နေတဲ့ နောက်လိုက်တွေဆီက Bruceဟာ လက်မှာသွေးတွေနဲ့ ပြန်ရောက်လာပြီး "ငါဓားနဲ့ထိုးလိုက်တာ Comynသေပြီလား မသိဘူး"လို့ ပြောတဲ့အခါ William Wallaceရဲ့ ရောင်းရင်းဖြစ်ဖူးတဲ့ Roger de Kirkpatrickက ဒါဆိုလက်စတုံးမှဖြစ်မယ်ဆိုပြီး ဘုရားကျောင်းထဲ ဝင်ပြီး သေအံ့မူးမူးဖြစ်နေတဲ့ Comynကို လက်စတုံးလိုက်တယ်။ ဒီလိုအခြေအနေဖြစ်သွားတဲ့အခါ Bruceကို ချက်ချင်းဘိသိတ်မြှောက်ပြီး ဘုရင်ဖြစ်ဖို့ လုံးပမ်းကြရတော့တယ်။ ဘုရားကျောင်းထဲမှာ လူသတ်မှုကျူ းလွန်တဲ့အတွက် ပုပ်ရဟန်းမင်းက Bruceကို အသိအမှတ်မပြုခဲ့ပါဘူး။ ဘုရင်ဖြစ်ပြီးပြီးချင်း Bruce စရင်ဆိုင်ရတာက Comynမိသားစုတွေနဲ့ Edwardကို သစ္စာခံထားတဲ့ အင်အားစုတွေကို စရင်ဆိုင်ရတယ်။ ၁၃၀၆ ဇွန်လမှာဖြစ်ခဲ့တဲ့ Methvenတိုက်ပွဲမှာ အကြီးအကျယ်အထိနာပြီး ထွက်ပြေးခဲ့ရတယ်။ Edwardရဲ့တပ်တွေ ထပ်ရောက်လာတဲ့အခါ Bruceရဲ့ မိသားစုတွေ အဖမ်းခံရပြီး အကျဉ်းချခံရတယ်။ညီလေးယောက်မှာ သုံးယောက် ရက်ရက်စက်စက် အသတ်ခံရတယ်။ အဲဒီအချိန်တွေဟာ Robert the Bruceအတွက် အခက်ခဲဆုံး အချိန်တွေပဲ။ ၁၃၀၆-၁၃၀၇ ဆောင်းကာလမှာ Bruceဟာ စကော့တလန်ပြင်ပထိ သွားရှောင်နေခဲ့ရပြီး တကြော့ပြန်ဝင်လာတဲ့အခါ သမားရိုးကျမတိုက်ဘဲ ပြောက်ကျားနည်းနဲ့ ရန်သူကို အထိနာအောင်တိုက်ပါတော့တယ်။ ၁၃၀၇ ခုနှစ် မေလမှာဖြစ်ပွားခဲ့တဲ့ လောင်ဒွင်တောင်ကုန်း (Loudoun Hill)တိုက်ပွဲဟာ စကော့တွေအတွက် သမိုင်းတွင်တဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး Robert the Bruceဟာ အင်အား ၆၀၀ တည်းနဲ့ အင်္ဂလိပ်တွေရဲ့ မြင်းတပ် အင်အား ၃၀၀၀ ကို ဗျူ ဟာကြွယ်ကြွယ်အနိုင်ယူပြီး အစွယ်ရိုက်ချိုးပြခဲ့တယ်။ စကော့တလန်ဘက်က ဆယ်ဂဏန်းအကျအဆုံးရှိပြီး အင်္ဂလိပ်တွေဘက်က အကျအဆုံး ရာချီပါတယ်။ ဒီတိုက်ပွဲမှာနိုင်ခဲ့ပေမယ့် Robert the Bruceဟာ စကော့တလန် တစ်ပြည်လုံးကို မနားတမ်း တိုက်ခိုက်ရ စည်းရုံးလိုက်ရတာ ၁၃၁၄ ခုနှစ်မှာ ညီလာခံ ကျင်းပပြီး အုပ်ချုပ်ရေး ပြန်လုပ်နိုင်ခဲ့တယ်။ ကံမကောင်းရှာတဲ့ Robert the Bruceဟာ သက်တော် ၅၄ နှစ်မှာ နူနာရောဂါနဲ့ ကွယ်လွန်တယ်လို့ ဆိုကြပါတယ်။ Brave Heart ရုပ်ရှင်ထဲမှာ နူနာရောဂါနဲ့ကွယ်လွန်တာ ဆဋ္ဌမမြောက် Bruce ဖြစ်ပေမယ့် မှတ်တမ်းတွေအရ ဒီရောဂါနဲ့ ကွယ်လွန်တာ King Bruce I (သတ္တမမြောက် Bruce)လို့ဆိုကြတယ်။ Robert the Bruceရဲ့ အုတ်ဂူကိုရှာဖွေတွေ့ရှိလို့ သူ့အရိုးတွေကို လေ့လာကြည့်တဲ့အခါ ဒီရောဂါလက္ခဏာ မတွေ့ရဘူးလို့ ဆိုတဲ့အခါ နူနာရောဂါနဲ့ ကွယ်လွန်တာ ဘယ် Bruceလဲ မခွဲခြားနိုင် ဖြစ်လာရတော့တယ်။ Robert the Bruceဟာ မိဖုရား Elizabethနဲ့ သားသမီးလေးယောက်ရခဲ့ပြီး သူ့ရဲ့ တီ ဆဋ္ဌမမြောက် Jamesဟာ အင်္ဂလန်နဲ့ စကော့တလန် နှစ်ပြည်ထောင်ရဲ့ ဘုရင် ဖြစ်လာခဲ့ပါတယ်။ - - - - - - - - - - - - - - - - - - - - - - - - - - - - - - - ဒါရိုက်တာ David Mackenzieရဲ့ လက်ရာ Outlaw King(2018)ဟာ ဒီနှစ်ထွက်တဲ့ရုပ်ရှင်တွေထဲမှာ လူသိပ်မသိပေမယ့် ကြည့်ရတာ တန်တဲ့ရုပ်ရှင်တစ်ကားဖြစ်ခဲ့ပါတယ်။ Robert the Bruceအဖြစ် Chris Pineက သရုပ်ဆောင်ထားပြီး Black Douglasအဖြစ် Avengers: Age of Ultronထဲက သွားလေသူ Quicksilverအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Aaron Taylor Johnsonတို့က သရုပ်ဆောင်ထားတယ်။ Brave Heartလို Fictionများလွန်းတဲ့ ရုပ်ရှင်မျိုးမဟုတ်ဘဲ သမိုင်းမှန်နဲ့ ပိုနီးစပ်အောင်ကြိုးစားထားပေမယ့် စကော့တလန်မဆန်ဘူးလို့ ဝေဖန်ကြတဲ့အထိ ဟာတာတာဖြစ်နေပါတယ်။ Brave Heartထဲကလို James Hornerရဲ့ နောက်ခံတေးဂီတရဲ့ အင်အားကို မခံစားရတာလည်း ပါလိမ့်မယ်ထင်တယ်။ ကြည့်ကောင်းပြီး စိတ်ကျေနပ်ရတဲ့ရုပ်ရှင်မျိုး ဆိုပေမယ့် Brave Heart(1995)လိုတော့ အကြာကြီး လွမ်းမိနေမယ် မထင်ပါဘူး။ ဒီရုပ်ရှင်ကားကို Htet Htet Myint က ဘာသာပြန်ပေးထားပြီး အညွှန်းကိုတော့ Elvis မှ ရေးပေးထားပါတယ် Review By : Elvis Ref ~ The Battle of Loudoun Hill ~ Robert the Bruce ~ History of Scotland www.wikipedia.com

Crime • Sci-Fi & Fantasy
6.8 2018 122 mins
Outlaw King
The Persian Version

ဒီတစ်ခေါက်မှာတော့ IMDB 6.5/10 ရရှိထားတဲ့ Romance/Comedy ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပါရှန်း(အီရန်)-အမေရိကန်မလေးဖြစ်သူ လေလာက ငယ်ငယ်ကတည်းက မိခင်နဲ့ ဖခင်ရဲ့ နိုင်ငံနှစ်နိုင်ငံကြား ဗျာများခဲ့ရသူပါ။ အစ်ကိုတွေ မောင်တွေ ကိုးယောက်တောင်ရှိတဲ့ မိသားစုထဲမှာ တစ်ဦးတည်းသော သမီးမိန်းကလေးဖြစ်သူ သူမကို သူ့အမေ ရှီယင်က အများကြီးမျှော်လင့်ထားခဲ့ပေမဲ့ တကယ်တမ်း အရွယ်ရောက်လာတဲ့အခါမှာတော့ လေလာက lesbian တစ်ယောက်ဖြစ်ခဲ့ပြီး အယ်လီနာဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်လိုက်ပါတော့တယ်။ သူမအပေါ် အမျှော်လင့်ကြီးမျှော်လင့်ခဲ့တဲ့ အမေဖြစ်သူရဲ့ မျှော်လင့်ချက်တွေ ရေစုန်မျောခဲ့ရပြီး သူမတို့ကြားမှာလည်း ပဋိပက္ခတွေ များစွာဖြစ်ခဲ့တာပေါ့လေ။ ဒီလိုနဲ့ “အမေ့ကိုနားလည်ချင်ရင် အမေ့အကြောင်း စာရေးကြည့်ပါလား”ဆိုတဲ့ အဘွားဖြစ်သူ မာမာဂျွန်ရဲ့ အားပေးချက်ကြောင့် သူ့အမေရဲ့အကြောင်းကို သူသိသလောက် ရေးဖို့ကြိုးစားခဲ့ရာမှာတော့ သူ အရင်ကမသိခဲ့တဲ့ သူ့အမေနဲ့ အဖေရဲ့ အတိတ်က ဖြစ်ရပ်တစ်ခုကို သိလိုက်ရပါတော့တယ်။ “နာကျင်မှုကို မထိတွေ့ဘူးဆိုရင် နာကျင်မှုက ထိတွေ့မှာကိုလည်း မခံစားရဘူး”တဲ့။ တကယ်နာကျင်ရတဲ့အရာကို မေ့ထားဖို့၊ မနာကျင်သယောာင် ဟန်ဆောင်နေတတ်ကြတဲ့လူတွေက နာကျင်မှုကို တကယ်ရောမေ့ဖျောက်ထားနိုင်တာလား။ သူမ မသိခဲ့တဲ့အတိတ်ကဖြစ်ရပ်က သူမအမေရဲ့ဘဝကို ဘယ်လောက်တောင် ပြောင်းလဲစေခဲ့တာလဲ။ ပညာရေးဆုံးခန်းမတိုင်ခဲ့ပေမဲ့ ထက်မြက်တဲ့ သူ့အမေက သူတို့မိသားစုအတွက် ဘယ်လိုဖြစ်တည်မှုမျိုးလဲ။ အဆင်မပြေမှုတွေရဲ့ကြားထဲ မထင်မှတ်တဲ့ညတစ်ညမှာ မိန်းမလိုဝတ်တဲ့ယောက်ျားတစ်ယောက်နဲ့ အတူနေမိရာက ကိုယ်ဝန်ရသွားခဲ့တဲ့ လေလာတစ်ယောက်ရော သူ့အမေနဲ့ဘယ်လိုတွေဆက်ဖြေရှင်းကြမလဲ။ lesbian ဖြစ်တဲ့ လေလာကရော ဒီကိုယ်ဝန်ကိုရော မွေးဖြစ်ပါ့မလား။ သူ့အမေနဲ့ လေလာရော ပြေလည်မှုရနိုင်ပါ့မလား ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre…Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

0 2023
The Persian Version
Heart of the Hunter
5.5

ဇူကိုဟာ South Africaရဲ့ အထူးတပ်ဖွဲ့ဝင်‌ဟောင်း Assassinတစ်ယောက်ဖြစ်ပါတယ်…။ သူဟာနိုင်ငံတော်ကို ဖျက်ဆီးနေတဲ့အကြမ်းဖက်သမားတွေ၊ ခြစားနေတဲ့ နိုင်ငံ‌ရေးသမားတွေကို လုပ်ကြံသတ်ဖြတ်ရသူပါ…။ ကိုယ်ပိုင်မိသားစုလေးနဲ့အေးအေးချမ်းချမ်းနေချင်တဲ့ဇူကိုဟာ ဒီအလုပ်ကနေ အနားယူလိုက်တာ အချိန်အတော်ကြာခဲ့ပါပြီ…။ သို့ပေမယ့် ဒုစရိုက်သမားတွေကတော့ ပပျောက်မသွားပါဘူး…။ အခုလည်း ဇူကိုတို့နိုင်ငံမှာ သမ္မတဖြစ်ဖို့ရွေးကောက်ပွဲအနိုင်ရသူဟာ အကျင့်ပျက်ခြစားမှုတွေအများကြီးလုပ်ထားတဲ့မှတ်တမ်းရှိသူ ဒုစရိုက်သမားဖြစ်နေပြန်ပါတယ်…။ ဒီမှတ်တမ်းတွေကို သေချာဖုံးထားဝှက်ထားတော့ တော်ရုံလူမသိကြပါဘူး…၊ ဒါကို ဇူကိုတစ်ယောက်ဘယ်လိုတားဆီးသွားမလဲ…။ သူ့ရန်ဘက်တွေကရော အလွယ်တကူအလျှော့ပေးပါ့မလားဆိုတာကို ကြည့်ရှုရမယ့် crime actionကားလေးဖြစ်ပါတယ်…. File size…1.47GB / 640MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 45m Genre …..Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

5.5 2024
Heart of the Hunter
L♡DK
6.1

မန်ဂကို အခြေခံရိုက်ကူးထားတဲ့ ဂျပန်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကျောင်းမှာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်အဖြစ်ကတော့ ဂျပန်မင်းသားလေး Kento Yamazakiပါပဲ။ ထုံစံအတိုင်း အထက်တန်းကျောင်းမှာ မိန်းကလေးတွေရဲ့ သည်းသည်းလှုပ်သဘောကျမှုခံရတဲ့ Shuseiကို Moeက လူအများရှေ့မှာ ဖွင့်ပြောလိုက်ပါတယ်။ ဒီလိုဖွင့်ပြောတာကို Shuseiက လက်မခံတဲ့အပြင် ပြင်းပြင်းထန်ထန်တွေပြောလိုက်တာကြောင့် Moeရဲ့ အချစ်ဆုံးသူငယ်ချင်း Aoiမှာ ဒေါသတွေထွက်ပြီး ရန်တွေ့နေတုန်း မတော်တဆတစ်ခုဖြစ်သွားပါတယ်။ ဒါကြောင့် Aoiမှာ Shusei မတော်တဆဖြစ်တာကို တာဝန်ယူရပြီး နှစ်ယောက်အတူ တစ်ခန်းတည်းနေရဖို့ပါ ဖြစ်လာပါတယ်။ သူတို့နှစ်ယောက် တစ်ခန်းတည်းအတူနေရင်း ရန်တွေတကျက်ကျက်ဖြစ်ကြရင်း ဘာတွေဆက်ဖြစ်ကြမလဲ စောင့်ကြည့်လိုက်ပါဦးနော်။ File size…2.14GB / 1.02GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 53m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane

Drama • Mystery • Thriller
6.1 2014 113 mins
L♡DK
I’ll Sleep When I’m Dead
5.8

I’ll Sleep When I’m Dead ကတော့ ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့မှုခင်းရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ ထူးဆန်းတဲ့အခြေအနေတွေနဲ့သေဆုံးသွားတဲ့ညီဖြစ်သူ အကြောင်းစုံစမ်းဖို့ ဇာတိမြေကိုပြန်လည်ရောက်ရှိလာတဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တစ်ဦးအကြောင်းရိုက်ကူး ထားတာဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာတော့ လိင်ပိုင်းဆိုင်ရာ အသုံးအနှုန်းတွေပါဝင်တာကြောင့် ကလေးငယ်တွေနဲ့ အတူမကြည့်ရှု့သင့်ပါဘူး။ တစ်ချိန်က တစ်မြို့လုံးက ဖိန့်ဖိန့်တုန်အောင်ကြောက်ခဲ့ရတဲ့ ရာဇဝတ်ဂိုဏ်းဆောင်ဟောင်း ဝီလ်ဂရေဟမ်ဟာ အရာအားလုံးကိုစွန့်လွှတ်ပြီး တောအုပ် လေးတစ်ခုထဲမှာ အလုပ်သမားတစ်ယောက်အဖြစ် မထင်မရှားလာရောက်လုပ်ကိုင်နေခဲ့ပါတယ်။ တစ်ရက်မှာတော့ အလုပ်ပြုတ်သွားပြီးတဲ့နောက် ဘယ်သွားရမှန်းမသိဖြစ်နေတဲ့ ဝီလ်ဟာ လမ်းမှာ ညီဖြစ်သူဒေဗီကိုမြင်တွေ့လိုက်ရပေမယ့် ထင်ယောင်ထင်မှားမြင်မိတာသာဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ စိတ်ထင့်သွားတဲ့ဝီလ်ဟာ ဒေဗီဆီဖုန်းဆက်ကြည့်ခဲ့ပေမယ့် ဆက်သွယ်လို့မရတာကြောင့် မတတ်သာတဲ့အဆုံးမှာ ဇာတိမြို့ကို ပြန်လာခဲ့ရပါတော့တယ်။ ဝီလ်ပြန်ရောက်ချိန်မှာတော့ ဒေဗီက သေဆုံးနေခဲ့ပြီဖြစ်ပြီး သာမန်သေဆုံးမှုမျိုးမဟုတ်ဘဲ သံသယဖြစ်စရာတွေများတာကြောင့် ဝီလ်ဟာ အကြောင်းရင်းမှန်ကို သိရဖို့ စတင်စုံစမ်းခဲ့ပါတယ်။ ဒါပေမဲ့ ဝီလ်ရဲ့ပြန်လည်ရောက်ရှိ လာခြင်းက မြို့တွင်းမှာလက်ရှိမင်းမူနေတဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင်ဖရန့်ခ်တန်နာကို ထိတ်လန့်စေခဲ့ပြီး ဖရန့်ခ်ကလည်း ဝီလ်ကို မြို့ကပြန်လည်ထွက်ခွာသွားအောင် အစွမ်းကုန်ကြိုးစားလာပါတော့တယ်။ File size…1.95GB / 837MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 43m Genre ….. Drama , Crime , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Drama
5.8 2003
I’ll Sleep When I’m Dead
Desperado
7.1

ဘယ်လူမိုက်ကိုမှ အထာမထားဘဲ သမတတ်တဲ့ ဂီတာအိတ်ကြီးလွယ်ထားတဲ့သားသတ်သမား လူထွားကောင်ကြီး ဇာတ်လမ်းတွေကို ကြည့်ဖူးကြမှာပါ။ ဟုတ်ပါတယ်….အဲ့ဒီရုပ်ရှင်တွေကတော့… Mexico Trilogy ဆိုပြီး နာမည်ကျော်ကြားတဲ့ ဒါရိုက်တာ Robert Rodriguez ရဲ့ El Mariachi (1992), Desperado (1995), Once Upon a Time in Mexico (2003) ရုပ်ရှင် ၃ ကားပဲဖြစ်ပါတယ်။ ပထမဆုံးရုပ်ရှင် El Mariachi (1992)ဇာတ်ကားဆိုရင် ဘတ်ဂျတ် ဒေါ်လာ ၇၀၀၀ လောက်သာစရင်းပြီး ဒေါ်လာ ၂သန်းလောက်ထိပြန်လည်ရရှိခဲ့တာကြောင့် အားလုံးရဲ့ချီးကျူးမှုကိုရရှိခဲ့ပါတယ်။ ဒါရိုက်တာကြီး Quentin Tarantino က ဒီရုပ်ရှင်ကို ကြွေလွန်းလို့ ဒုတိယရုပ်ရှင် Desperado (1995) မှာ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့ပြီး Trilogy ဖြစ်အောင် Once Upon a Time in Mexico (2003) ကိုပါဆက်ရိုက်ဖို့ မြှောက်ပေးခဲ့ပါတယ်။ ၃ ကားလုံးကို CM App နဲ့ Website https://www.channelmyanmar.to/?s=Mexico+Trilogy မှာ ကြည့်လို့ရပါတယ်။ ++++++++++++++++ Desperado (1995) IMDb Rating (7.1) / Rotten Tomatoes (70%) ဒီရုပ်ရှင်က တစ်ကားလုံး ချတာမှမြင်ချင်တဲ့လူတွေအတွက် ရုပ်ရှင်ပါ။ ၈၀% လောက်က ဝုန်းဒိုင်းကြဲနေတာကို တွေ့လိမ့်မယ်။ ဂန်းတွေပစ်မယ်။ သွေးတွေအလိမ်းလိမ်းနဲ့ ကြမ်းပေ့ဆိုတဲ့ အက်ရှင်ကားမျိုးပေါ့။ ဒီရုပ်ရှင်က ရုပ်ရှင်လောကထဲ အန်တိုနီယို ဘန်းဒရက်စ် ခပ်ကြမ်းကြမ်း ဝင်လာတဲ့ရုပ်ရှင်တစ်ခုဆိုရင်လည်းဟုတ်တယ်။ ဒီရုပ်ရှင်ရှေ့မှာ ဒါရိုက်တာ ရောဘတ်ရိုဒရီဂူးဇ်က El Mariachi ဆိုတဲ့ ရုပ်ရှင်တစ်ခုရိုက်ခဲ့ဖူးတယ်။ ဘတ်ဂျက်ကို ဒေါ်လာ ၇၀၀၀ ပဲ သုံးပြီး သန်းနဲ့ချီ ပြန်အမြတ်ထွက်တဲ့အတွက် တော်တော် ချီးကျူးခံခဲ့ရတဲ့ရုပ်ရှင်ပေါ့။ ဒီကားက El Mariachi ကို အမေရိကန်အထာ ဘတ်ဂျက် ၇ သန်းသုံးပြီး ပြန်ရိုက်ထားတဲ့ကားပါ။ ဒီရုပ်ရှင်ကလည်း ၁၀ဆ နီးပါး ပြန်အမြတ်ထွက်ခဲ့တယ်။ ဇာတ်လမ်းက သူ့မိန်းမကို သတ်ခဲ့တဲ့လူကို ပြန်လက်စားချေတဲ့ Miriachi မက္ကဆီကန် ဂီတသမားအပေါ် တည်ထားတယ်။ သူ့မိန်းမကို သတ်သွားတဲ့ မူးယစ်ရာဇာတွေကို လက်စားချေဖို့ ဘဝတစ်ခုလုံးကို ရင်းထားတဲ့လူပေါ့။ ဂီတာသေတ္တာကြီးတစ်လုံးကို ဆွဲပြီး သူလက်စားချေချင်တဲ့ မူးယစ်ရာဇာကို တစ်မြို့ဝင် တစ်မြို့ထွက် လိုက်ရှာတယ်။ သူ့ရဲ့ ဂီတာသေတ္တာထဲက သေနတ်ကြီးကို ထုတ်ပြီး လူဆိုးတွေကို ဘယ်လိုသတ်ကြောင်း ဇာတ်လမ်းက ဂိုဏ်းတွေကြားမှာပါ ဒဏ္ဍာရီတစ်ပုဒ်အနေနဲ့ ပျံ့နေတယ်။ တစ်နေ့‌တော့ မက္ကဆီကို မြို့ငယ်လေးကို သူရောက်လာတယ်။ အဲဒီမြို့မှာ သူလက်စားချေချင်တဲ့ မူးယစ်ရာဇာလည်း ရောက်နေတယ်။ အဲဒီမှာ စာအုပ်ဆိုင်ကကောင်မလေး (Salma Hayek) နဲ့ တွေ့ပြီး ချစ်သွားကြတယ်။ ဒါပေမဲ့ ဒီရုပ်ရှင်က အက်ရှင်ကိုအသားပေးတဲ့အတွက် ချစ်ခန်း ကြိုက်ခန်းတွေ သိပ်တော့မပါဘူး။ ‌ဇာတ်လမ်းထဲမှာ သူ့ရဲ့ ဆုံးဖြတ်ချက်တွေကို သံသယဝင်ရက်စရာတွေ ပါတယ်။ လက်စားချေဖို့အတွက် သူ့ဘဝတစ်ခုလုံးကိုရင်းထားတာ တန်ရဲ့လားပေါ့။ ဇာတ်လမ်းကတော့ အပစ်အခတ်တွေနဲ့ လက်စားချေတဲ့ ဇာတ်ကြောင်းတစ်ခုပဲ။ Plot Twist ကတော့ ဇာတ်လမ်းပြီးခါနီးမှလာတယ်။ ဒီရုပ်ရှင်မှာ အန်တိုနီယိုဘန်းဒရက်စ်ရဲ့နာမည်ကို မပြောသွားဘူး။ Manito (ကောင်လေး) နဲ့ Miriachi (ဂီတသမား) လို့ပဲသုံးသွားတယ်။ အဲဒီလို နာမည်မပြောသွားတာက တမင်လုပ်ထားတဲ့သဘောပဲ။ သူ့ရဲ့ Mysterious ဆန်ဆန် အငွေ့အသက်ကို တတ်နိုင်သမျှ ထိန်းချင်တဲ့ ဒါရိုက်တာရဲ့ စိတ်ကူးပဲဖြစ်လိမ့်မယ်။ Cast တွေကလည်း တော်တော်ကောင်းတယ်။ ထိပ်တန်းသရုပ်ဆောင်တွေကို သူတို့ရဲ့ အရှိန်အတက်ဆုံးအချိန်မှာ သုံးလိုက်တာပဲ။ Antonio Banderas က ဒီရုပ်ရှင်မထွက်ခင်ကတည်းက စပိန်မှာ နာမည်တော်တော်ရနေပြီ။ Desperado မှာ သူ့ရဲ့ performance ကြောင့် ဟောလိဝုဒ်အက်ရှင်လောကမှာ ခြေဆန့်ဖို့ အရှိန်တော်တော်ရသွားတယ်။ Salma Hayek ကတော့ ဘာပြောကောင်းမလဲ ဟော့လိုက်တာမှ အရမ်းပဲ။ Quentin Tarantino လဲ Cameo ပါထားပါတယ်။ ဒီရုပ်ရှင်က အကောင်းရော၊ အဆိုးရော ဝေဖန်ခံခဲ့ရတဲ့ရုပ်ရှင်ပါ။ Cinematography ပိုင်းနဲ့ သရုပ်ဆောင်ပိုင်းမှာ ချီးကျူးခံရသလို ဇာတ်လမ်းသွက်တဲ့အပေါ်လည်း ဝေဖန်ခံခဲ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခုနောက်ပိုင်း ဖောဖောသီသီထွက်နေတဲ့ မရယ်ရတဲ့ဟာသတွေနဲ့ အက်ရှင်ကားတွေထက်စာရင်တော့ ဇာတ်လမ်းပိုင်း၊ စတန့်ပိုင်း နဲ့ Cinematography ပိုင်းမှာ သာတဲ့ ရုပ်ရှင်တစ်ခုပါပဲ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Min Thant Bo မှ တင်ဆက်ထားပါတယ်။)

7.1 1995
Desperado
GTMAX
5.5

အက်ရှင်ကားကောင်းကောင်းလေး ကြည့်ချင်ရင်တော့ ဒီကားလေးကို ညွှန်းပေးပါရစေ .. ဇာတ်လမ်းအကျဉ်း +++++++++ ရတနာပစ္စည်းတွေ လုယက်တဲ့ လူဆိုးဂိုဏ်းတစ်ဂိုဏ်းက ကျွမ်းကျင်တဲ့ ဆိုင်ကယ်သမား တစ်ယောက်ကို ငှားဖို့ လိုက်ရှာနေပါတယ်။ အဲဒီမှာ ဆိုင်ကယ်ပြိုင်သမား မောင်နှမ နှစ်ယောက်နဲ့ ချိတ်ဆက်မိပြီး မောင်ဖြစ်သူကို လူဆိုး ဂိုဏ်းခေါင်းဆောင်က လူသတ်မှုနဲ့ အကြပ်ကိုင်ပါတော့တယ်။ အဲဒီမှာ အစ်မဖြစ်သူက မောင်ဖြစ်သူနဲ့ မိသားစုကို ကာကွယ်ဖို့အတွက် လုယက်မှုတစ်ခုမှာ မဖြစ်မနေ ပါဝင်ပေးရပါတော့တယ်။ ဒီလို လုယက်မှုတွေ စီစဉ်ကြရင်း ဘယ်လို စိတ်လှုပ်ရှားစရာ အက်ရှင်တွေကို ကြည့်ရမလဲဆိုတာကတော့ ဇာတ်ကားထဲမှာ တစ်ဝကြီး ကြည့်ရှုခံစားလိုက်ပါတော့။ ( ဇာတ်လမ်း အညွှန်းနဲ့ ဘာသာပြန် BZW ဖြစ်ပါတယ် ) File size… (1.43GB) / (823MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 40m Genre …..Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

Thriller • Drama
5.5 2024 100 mins
GTMAX
Shivaay
6.1

Shivaay (2016) IMDb Rating (6.1) တောင်တက်လမ်းပြအဖြစ် တစ်ဘဝလုံး နှစ်မြုပ်ထားတဲ့ ရှီဗား … သူ့ဘဝကတောင်တက်သမားတွေကို လမ်းပြလိုက် မြူနှင်းတွေကိုအဖော်ပြုပြီးကျေးငှက်တွေရဲ့သီချင်းသံနဲ့ ပျော်မွေ့ရင်း ပရဟိတ လုပ်ငန်းတွေနဲ့ပျော်မွေ့နေသူတယောက် … တစ်နေ့တော့ ဘူဂေရီးယားကတောင်တက်အဖွဲ့ကို တောင်တက်လမ်းပြအဖြစ် လိုက်ရင် မမျှော်လင့်ပဲ နှင်းတောင်ပြိုကျရာမှ ချောက်ထဲ ပြုတ်ကျရင်း အဲ့ဒီအဖွဲ့မှာပါတဲ့ ဘူဂေးရီးယားသူ မိန်းမချောလေးအော်ဂါက တောင်တက်လမ်းပြလူကြမ်းကြီးရဲ့ နှလုံးသားကိုအချစ်ရဲ့ကျေးကျွန်အဖြစ်သိမ်းပိုက်နိုင်ခဲ့ပါတယ်… ဒီလိုနဲ့ အချစ်နယ်ကျွံကြရင်း ကိုယ်ဝန်ရှိသွားတဲ့အခါမှာတော့ အကြောင်းအမျိုးမျိုးကြောင့်ကလေးကိုဖျက်ချပစ်ဖို့ အော်ဂါက ဆန္ဒရှိနေပေမဲ့ လူကြမ်းကြီးရဲ့ နှလုံးသားကလက်မခံပဲ ကလေးကိုမွေးပေးဖို့ တောင်းဆိုခဲ့ပါတယ် … ဒီလိုနဲ့ ကလေးကိုမွေးပြီးပြီးချင်းမှာ အမေဖြစ်သူဟာ ဘူဂေးရီးယားကိုပြန်သွားခဲ့ပြီး သမီးလေးဖြစ်သူ ဂါရာ အသက်၉နှစ်အရွယ်ရောက်တဲ့အခါမှာတော့ မထင်မှတ်ပဲ သိမ်းဆည်းထားတဲ့ အမေဖြစ်သူရဲ့ပုံကိုတွေ့ရှိသွားရာမှ မိတဆိုး သမီးလေးက အမေဖြစ်သူဆီကိုသွားရောက်ဖို့ ပူဆာရာမှ သူတို့သားအဖ ၂ယောက် အမေရှိရာ ဘူဂေးရီးယားကိုလိုက်သွားကြပါတယ် တဖက်နိုင်ငံကိုရောက်တော့ ဟော်တယ်မှာ ကလေးသူငယ်တွေကိုလိင်လုပ်သားအဖြစ်ခိုင်းစေတဲ့အမှုကို တွေ့ရှိပြီး ကူညီပေးခဲ့မိရာမှ ကလေးဖမ်းတဲ့ ဂိုဏ်းနဲ့ပတ်သက်မိပြီး သမီးလေးဟာ ပြန်ပေးဆွဲခံလိုက်ရပါတော့တယ်.. တောင်တက်သမားကြီးဟာ ပတ်စပို့ဟာသမီးဖြစ်သူနဲ့အတူတူပါသွားတဲ့ အတွက် ကလေးသခိုးအဖြစ် ယိုးစွပ်ခံရပြီးအမှုရင်ဆိုင်ရပါတော့တယ်.. အဲ့ဒီမှာ သံရုံးကိုလည်းအားကိုးလို့မရ ဘူဂေးရီးယားရဲကိုလည်းအားကိုးလို့မရ ဖြစ်လာတဲ့အခါမှာတော့ တောင်တက်သမားကြီးဟာသူ့သမီးလေးအတွက် ဘယ်လိုဆက်လှုပ်ရှားမလဲ … လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ယူပြီးရောင်းတဲ့ ပြန်ပေးဆွဲဂိုဏ်းရယ် .. သံသယတရားခံဖြစ်နေတဲ့ရဲတွေကြားဘယ်လိုရင်ဆိုင်မလဲ ဆိုတာတော့ ပရိတ်သတ်ကြီး ဆက်လက်ကြည့်လိုက်ပါဦး……။ မင်းသားကြီး Ajay Devgn ကိုတော့ အားလုံးသိပြီးသားနေမှာပါ ..ရုပ်ကြမ်းကြီးနဲ့ သရုပ်ဆောင် အရမ်းကောင်းတဲ့သူပါ.. အခုကားက သူကိုယ်တိုင် ဒါရိုက်တာလုပ်ရိုက်ကူးထားတဲ့အပြင် ပါဝင်အားဖြည့်ထားတဲ့ကလေးသရုပ်ဆောင် ရဲ့ သရုပ်ဆောင်ပိုင်နိုင်ချက်တွေနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာတော့ လက်လွတ်မခံသင့်တဲ့ဇာတ်ကားတစ်ကားလို့ပဲပြောလိုက်ပါရစေတော့ဗျာ ။ နောက်တစ်ခုက နှင်းတွေဖွေးဖွေးနဲ့ တောင်တွေရဲ့ အလှရိုက်ကွင်းတွေက ခန်းနားလွန်းပါတယ် သီချင်းတွေဆိုရင်လည်း cutting လုပ်ပြီး သိမ်းတောင်ထားသင့်ပါတယ် ။ ဘောလိဝုဒ်မင်းသားနဲ့ ပိုလန်မင်းသမီးတို့ ဘူဂေးရီးယားလူကြမ်းတို့နဲ့ပေါင်းစပ်ရိုက်ကူးထားလို့ အရသာတမျိုးနဲ့မြင်တွေ့ရမှာပါ။

6.1 2016 153 mins
Shivaay
The Monster
5.4

The Monster (2016) က သားအမိနှစ်ယောက် ခရီးသွားရင်း လမ်းမှာကားပျက်ပြီး တောထဲ အကောင်တစ်ကောင်တိုက်ခိုက်တာခံရတဲ့ကားလေးဖြစ်ပါတယ်။ သူက monster horror film တခုဆိုတာထက်ပိုပြီး အမေနဲ့သမီးကြားဆက်နွယ်မှုတို့ ချစ်ခြင်းမေတ္တာတရားကို ပိုနားလည်စေပါတယ်… အရက်စွဲပြီးမူးရူးနေတတ်တဲ့ အမေအဖြစ်ကနေ သမီးတယောက်အသက်ရှင်ဖို့ကြိူးစားနေတဲ့မိခင်တယောက်ဖြစ်သွားတာတွေက အတော်လေးရသမြောက်စေတာပါ ပုံမှန်လေးဖြစ်ရာကနေ ကျောချမ်းစရာ၊ အဲကနေမှ ငိုချင်စရာဖြစ်စေတဲ့ထိ ရသကတော့အစုံပါ။ ဒါမယ့် psychological horror မျိုးလည်းဖြစ်တာ‌ကြောင့် တချို့နေရာတွေက နားလည်ရခက်စေပါတယ်… Overall အနေနဲ့ကတော့ horror နဲ့ drama နှစ်မျိုးအရောပါ။ ထိတ်လန့်စရာပါသလို ငိုစရာလည်းကောင်းပါတယ်။ ကြည့်ရတာတော့တန်ပါတယ်။ Rating ပေးရမယ်ဆိုရင်တော့ 6.8/10 ပါရှင် File size… 1 GB / 444 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 14m Genre ….. Drama, Fantasy, Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Cat

Drama • Action • Crime
5.4 2016 91 mins
The Monster
Christmas Under the Northern Lights
6.4

Christmas Under the Northern Lights (2024) IMDb Rating (6.4) စာရေးဆရာမလေး အီရင်က နောက်ထပ်ရေးမယ့်စာအုပ်အတွက် အကြံအိုက်နေတာကြောင့် သူ့အဖေရဲ့ မွေးရပ်မြေ အော်ရိုရာမြို့လေးဆီကို အဖေနဲ့အတူတူ ခရစ်စမတ်အတွက် ခရီးထွက်ခဲ့ကြတယ်.. အော်ရိုရာမြို့လေးမှာ အီရင်အလုပ်ချင်ဆုံးအရာတစ်ခုက Aurora အလင်းတန်းတွေကို မြင်ဖူးချင်တာပဲ ဖြစ်ပါတယ်.. နည်းပညာတွေမသုံးဘဲ ခေတ်နောက်ကျနေတဲ့ ဂိုက်ချောချောလေး ထရီဗာနဲ့ နည်းပညာကို အရမ်းအားကိုးတဲ့ အီရင်တို့ တွေ့ဆုံကြတဲ့အခါမှာ ဘယ်လိုစိတ်သဘောထားမတိုက်ဆိုင်မှုတွေဖြစ်လာကြမလဲ? Aurora အလင်းတန်းကို အရမ်းမြင်တွေ့ချင်နေတဲ့ အီရင်ကို ခပ်ချောချောဂိုက်လေးထရီဗာက လမ်ပြပေးနိုင်ပါ့မလား? သူရေးမယ့်စာအုပ်နဲ့ပတ်သက်တဲ့ကုန်ကြမ်းကိုရော ဒီအော်ရိုရာမြို့လေးမှာ ရှာတွေ့ပါ့မလား ဆိုတာကို ကြည့်ရှုရမယ့် အချစ်ဇာတ်ကားတစ်ကားဖြစ်ပါတယ်.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size… (1.6 GB) / (920 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:28:45 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Su Mon

Thriller • Action • Science Fiction • War
6.4 2024 89 mins
Christmas Under the Northern Lights
Kaalamega Karigindhi..
6.3

kaalamega karigindhi (2025)”အတိတ်ပုံပြင်” ==================================== မင်းသားကြီး ဗီဂျေးစည်သူပတိရဲ့ 96 လိုမျိုး ငယ်ဘဝကို သတိရစေမယ့် တေလေဂူးစကားပြော ကဗျာဆန်ဆန် လွမ်းမောဖွယ်ရာအချစ်ဇာတ်လမ်းလေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ ဆုရ အင်ဒီးဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ဆင်ဂါရာမိုဟန်က ရိုက်ကူးပုံဖော်ထားတာပါ။ ဇာတ်လမ်းကတော့ လက်ရှိမှာ အောင်မြင်တဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်နေပေမဲ့ ရင်ဘက်ထဲမှာ ဗလာကြီးဖြစ်နေတဲ့ ဖာနီတယောက် အတိတ်မှာဆုံးရှုံးခဲ့ရတဲ့ ဘင်ဒူဆိုတဲ့ အချစ်ဦးကောင်မလေးအကြောင်းကို ဖြည်းဖြည်းချင်း ပြန်ပြောပြရင်း ပရိသတ်တွေကို အဖြူအစိမ်းဘဝတွေဆီ ပြန်ဆွဲခေါ်သွားမှာဖြစ်ပါတယ်။ ဘင်ဒူဟာ ဖာနီ့ဘဝထဲက ဘယ်လိုထွက်သွားခဲ့တာလဲ၊ သူတို့ပြန်တွေ့ကြမှာလား၊ ဘာတွေဆက်ဖြစ်မှာလဲဆိုတာကို ဒီရုပ်ရှင်လေးထဲမှာ လွမ်းစရာကောင်းအောင် မြင်တွေ့ခံစားကြရမှာပါ…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Comedy • Drama
6.3 2025 110 mins
Kaalamega Karigindhi..
Altered Reality
5

ဒီဇာတ်လမ်းကတော့ လျှို့ဝှက်ဆန်းကျယ် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် . အိုလီဗာကွတ်ဆိုတဲ့သူဟာ မိသားစုအတွက် အလုပ်တွေလုပ်ရင်း ကြိုးစားရုန်းကန်နေတဲ့ သာမန်ပုဂ္ဂိုလ်တစ်ယောက်ပဲဖြစ်ပါတယ်… စပရင်းအိမ်ရာလို့ခေါ်တဲ့ အပန်းဖြေအိမ်ရာဆီကိုလည်း မိသားစုနဲ့အတူ နှစ်စဉ်နှစ်တိုင်း သွားရောက်လည်ပတ် နေကျ ဖြစ်ပါတယ်.. ဒီလိုနဲ့ ပုံမှန်အတိုင်း မိသားစုနဲ့အတူ အဲဒီအိမ်ရာဆီ သွားရောက်လည်ပတ်တဲ့အချိန်မှာ အဲဒီအိမ်ရာကြီးကို စောင့်ကြပ်နေရတဲ့ ထူးဆန်းတဲ့ပုဂ္ဂိုလ်တစ်ယောက်က အဲဒီအိမ်ရာကြီးဟာ ဖြိုချဖျက်ဆီးခံရတော့မှာမို့ အိုလီဗာကို တားဆီးပေးဖို့ တောင်းဆိုခဲ့ပါတယ်.. အိုလီဗာဟာ သာမန်လူတစ်ယောက်မို့လို့ အဲဒီလိုလုပ်ပေးနိုင်လောက်တဲ့အထိ မချမ်းသာတာကြောင့် အဲဒီထူးဆန်းတဲ့ ပုဂ္ဂိုလ်က အိုလီဗာကို ချမ်းသာအောင် လုပ်ပေးပြီးတော့ အိမ်ရာကို ဝယ်ယူခိုင်းလိုက်ပါတော့တယ် အိုလီဗာရဲ့ဘဝလည်း နေ့ချင်းညချင်း ပြောင်းလဲသွားပြီးတော့ အလွန်ချမ်းသာသူတစ်ယောက် ဖြစ်လာပါတော့တယ်.. ဒါပေမဲ့ တစ်ခုကိုလိုချင်ရင် တစ်ခုကိုပေးဆပ်ရတတ်တဲ့ လောကသဘာဝအတိုင်း အိုလီဗာတစ်ယောက် ဘာတွေကို ပေးဆပ်ရမလဲဆိုတာနဲ့ ကိုယ့်ထက်သာရင် မနာလို ဖြစ်တတ်ကြတဲ့ ပတ်ဝန်းကျင်ကလူတွေရဲ့ တိုက်ခိုက်မှု တွေကို ဘယ်လိုမျိုး ရင်ဆိုင်ရမလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်…. File size… (1.18GB) / (638MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 38m Genre …..Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Okka

Action • Adventure • Fantasy • Thriller
5 2025 99 mins
Altered Reality