YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

S Line (2025) E01 720p WEB-DL [RMC].mp4

381.33 MB 720p video/mp4 9 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Terminal
7.3

ဒါရိုက်တာကြီး Steven Spielberg  ရဲ့လက်ရာဖြစ်ပြီး မင်းသားတွမ်ဟန့်နဲ့ မင်းသမီးကက်သရင်းဇီတာဂျုံးတို့လို ဝါရင့်သရုပ်ဆောင်တွေနဲ့ ဒီရုပ်ရှင်က Life is waiting ပါတဲ့...။ ဇာတ်လမ်းကျောရိုးကတော့ ...အမေရိကားကိုတစ်ခါမှမရောက်ဖူးတဲ့ ခရာကိုရှားဆိုတဲ့ နိုင်ငံငယ်လေးက ခရီးသည်တစ်ယောက် အမေရိကားကို ရောက်တဲ့နေ့မှာပဲ ကံကဆိုးပြီး သူ့နိုင်ငံမှာပြသနာတက်နေလို့ အမေရိကန်ထဲကို ပြည်ဝင်ခွင့်ဆိုင်းငံ့ခံလိုက်ရပါတယ်... ဒီတော့ ဘာသာစကားက မကျွမ်းကျင်၊ တိုင်ပင်အကူအညီတောင်းရမယ့်သူက မရှိ၊ အမေရိကရဲ့အထာတွေကိုလည်း နားမလည်ဘဲ လေဆိပ်မှာတင် ယောင်ချာချာ ဖြစ်နေရတဲ့ အကြောင်းနဲ့ သူဘာကြောင့်အမေရိကန်ထဲကို ဝင်ဖို့ကြိုးစားနေရတာလဲဆိုတဲ့အကြောင်းကို ဟာသနှော၊ အသောခပ်များများနဲ့ ဝမ်းနည်းစရာလေးတွေလဲ ဖြစ်ပျက်၊ ချစ်ခြင်းတရားအကြောင်းလည်း ရောစွက်ပြီး ရသစုံအောင် တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးပါပဲ။ ဒါကတော့ ဇာတ်ကြောင်းပါ…ဒါပေမယ့် ကျွန်တော်ကတော့အဲ့ဒီထက်ပိုပြီးစဉ်းစားမိနေပါတယ်။ ဇာတ်ကားထဲမှာ သရုပ်ဆောင်ထားတဲ့ Tom Hanks ရဲ့သရုပ်ဆောင်မှုတွေကောင်းလို့ ဟာသဇာတ်ကားလို့ယေဘုယျထင်ရပေမယ့် အဲ့ဒီထက်ပိုတဲ့ ရသတွေ..အမြင်တွေ..ရှိနေတယ်လို့ခံစားမိပါတယ်။ လေဆိပ်ဆိုတဲ့ နေရာမှာ ကျွန်တော်တို့ရဲ့ဘဝတွေလို့စဉ်းစားလိုက်လို့ရပါတယ်… ပိတ်ပင်မှုတွေ..တိုက်ခိုက်မှုတွေ..နားမလည်မှုတွေ…ချောက်တွန်းချင်တဲ့သူတွေ…ကူညီချင်တဲ့လူတွေ… အမုန်းတွေ..မေတ္တာတွေ…တာဝန်တွေ..ကံကြမ္မာဆိုးတွေ…သူငယ်ချင်းတွေ…ကြည့်မရသူတွေ… ဒီလိုမျိုးတွေထဲမှာ Tom Hanks တစ်ယောက် ပျော်ရွှင်နိုင်အောင်ကြိုးစားတယ်..ရုန်းကန်တယ်။ သူရည်မှန်းထားတဲ့ ပန်းတိုင်ကို မဆုတ်မနှစ် သွားနေတဲ့လမ်းကြောင်းမှာ ဘာကြောင့်မှနောက်မတွန့်နေဘဲ ရိုးသားစွာ ကြိုးစားနေတဲ့ လူတစ်ယောက်အဖြစ် ဇာတ်လမ်းကျဉ်းကျဉ်းထဲမှာ ရအောင်ပုံဖော်ပြသွားပါတယ်။ အကြိုက်ဆုံးမင်းသားကို ဒီလိုဇာတ်လမ်းကောင်းမျိုးမှာ တွေ့ရတာ ကျွန်တော်အတွက်တော့ အချိုပေါ်သကာလောင်းထားတဲ့ ဇာတ်ကားလို့ပဲဆိုချင်ပါတယ်။ IMDb Rating (7.4/10) ထိရရှိထားပြီး သိမ်းထားချင်သူများအတွက် 4K နဲ့ထပ်မံတင်ဆက်လိုက်ပါတယ်။ File size…(11 GB )/ (2.9 GB)/ (1.5 GB) Quality….WEB-DL 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:08:45 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung

Comedy • Drama
7.3 2004 128 mins
The Terminal
Suicide Forest Village
6.7

Ju On:The Grudge sequelsတွေနဲ့ Howling Village(2017)Ox-head village (2022)တို့ရဲ့ directorရိုက်ကူးတဲ့ နောက်ထပ်ရွာတစ်ကားဖြစ်တဲ့ horrorရုပ်ရှင်ကိုတင်ဆက်ပေးလိုက်ပါတယ်။ ရွာ၃ရွာကို ခုနှစ်အလိုက် အစဉ်အတိုင်းကြည့်ရင် ပိုပြီးကြည့်ရပြေပါလိမ့်မယ်။ ဖူဂျီတောင်ပတ်လည်ကတောတွေထဲမှာ suicide forestလို့ခေါ်တဲ့ သစ်ပင်ပင်လယ်ကြီးရှိပါတယ်။ ဒီသစ်ပင်ပင်လယ်ထဲရောက်သွားတဲ့သူတိုင်း ပြန်မထွက်နိုင်ဘဲ ကျိန်စာမိပြီး ကိုယ့်ကိုယ်ကိုသတ်သေကာ သေဆုံးရတယ်လို့ ယုံတမ်းစကားတွေ ဂျပန်မှာရှိခဲ့ပါတယ်။ ဇာတ်လမ်းအစမှာတော့ အခိနလို့ခေါ်တဲ့ကောင်မလေးက ဒီတောထဲကိုသွားပြီး liveလွှင့်နေတာပါ။ လွှင့်နေရင်းနဲ့ သူ့ကိုတိုက်ခိုက်ခံရပြီး လဲကျကာ တကယ် အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ ဟိဘိခိ ဆိုတဲ့ကောင်မလေးကတော့ သဘာဝလွန်ဖြစ်ရပ်တွေကိုစိတ်ဝင်စားပြီး ဝါသနာတူတဲ့လူတွေပါတဲ့ဂရုထဲကိုလည်း ဝင်ထားပါတယ်။ တစ်နေ့မှာတော့ သူ့အစ်မရဲ့အိမ်မှာ suicide forestထဲက ကျိန်စာသင့်သေတ္တာတစ်ခုကိုရှာတွေ့ခဲ့ပါတယ်။ အဲဒီသေတ္တာကိုကိုင်မိတဲ့သူတိုင်း ကျိန်စာသင့်ပြီးသေဆုံးရမယ်လို့ ဆိုပါတယ်။ သူတို့မိသားစုတွေ ဒီသေမင်းတမန် သေတ္တာကိုဘယ်လိုမျိုးကိုင်တွယ်ကြမလဲ။ သူတို့နဲ့ ဒီsuicide forestထဲကရွာက ဘယ်လိုမျိုးပတ်သက်နေခဲ့ပြီး ဘယ်သူတွေ ဘယ်နည်းလမ်းနဲ့သေဆုံးကြဦးမလဲ ဆိုတာကိုတော့ ဇာတ်ကားထဲမှာ ကြည့်ပြီး ကြောက်လိုက်ရအောင်ပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(2.2GB) / (1.1GB) Quality__BluRay_1080p, 720p IMDb Rating__5.1/10 Format__mp4 Duration__01:59:00 Type__Drama, Horror, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Action • Fantasy • Mystery
6.7 2021 117 mins
Suicide Forest Village
Alice Through the Looking Glass
6.6

Alice Through Looking Glass ဟာ ၁၈၆၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Charles Lutwidge Dodgson ရဲ့ နာမည်ကြီးဝတ္ထုအတွဲတွေကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းခံရတဲ့ ဒုတိယမြောက် ဇာတ်ကားပဲ ဖြစ်ပါတယ် ဒီဇာတ်ကားဟာ ၂၀၁၀ မှာ ထွက်ရှိခဲ့တဲ့ ပထမ ဇာတ်ကား Alice In Wonderland ရဲ့ sequel ဖြစ်တာနဲ့ အညီ ပထမကားကို ကြည့်ထားမှ နားလည်နိုင်မှာကြောင့် Alice In Wonderland ကို ကြည့်ကြဖို့ တိုက်တွန်းပါရစေ ခု ဒုတိယဇာတ်ကားဖြစ်တဲ့ Alice Through Looking Glass ရဲ့ ဇာတ်လမ်း အကျဉ်းချုံးအနေအထားကို ပြောရရင်တော့... Alice တစ်ယောက် အပြင် ကမ္ဘာ့မှာ သဘောၤကပ္ဗတိန်တစ်ယောက်အဖြစ်နဲ့ စွန့်စားခန်းတွေ ဖွင့်နေရင်း သူ့တိုင်းပြည်ကို ပြန်ရောက်လာတဲ့ အချိန်မှာတော့ သူ့ အမေ့က သူ့ကို သင်္ဘောကို ရောင်းချဖို့ ပြင်ဆင်နေတာကို တွေ့လိုက်ရတဲ့ Aliceတစ်ယောက် သူ့ အမေနဲ့ စိတ်ဆိုးပြီး ထိုင်နေတုန်း အက်ပလွန်ရဲ့ ခေါ်ဆောင်မှူနဲ့ Underland လို့ ခေါ်တဲ့ မှော်ကမ္ဘာထဲကို ပြန်ရောက် လာပါတော့တဲ့။ အဲဒီအချိန်မှာ သူမတွေ့ရှိလိုက်ရတာကတော့ Hatter ရဲ့ စိတ္တဇရောဂါဖြစ်နေတဲ့ အခြေအနေပါပဲ။ အဲဒီ စိတ်ရောဂါကက ဘာကြောင့် ဖြစ်နေရတာလဲ ???? Alice တစ်ယောက် Mad Hatter နဲ့ Underland ရဲ့ ကံကြမ္မာ ကို ကယ်တင်ဖို့အတွက် သူမ သူငယ်ချင်းတွေရဲ့ အကူအညီတွေကို ယူပြီး အချိန်နောက်ပြန် ခရီးသွားရပါတော့မယ် မိစ္ဆာမကြီး Red Queen နဲ့ နာရီ တစ်ဖြစ်လဲ Timeတို့ကို ဘယ်လို အနိုင်ယူ ရမလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတော့တယ်။ ဟတ်တာကိုရော ပြန်ကယ်တယ်နိူင်ပါ့မှာလားဆိုတာ စိတ်ဝင်စားစရာပါ။ Hatter အဖြစ် ကျွန်တော်တို့ အချစ်တော် မင်းသားကြီး Johnny Deepကနေ သရုပ်ဆောင်ထားပါတယ်။ ထွက်သမျှတွေထဲက အကြည်ဆုံးဖြစ်တဲ့ 720 HDTCဗားရှင်းနဲ့ တင်ပေးထားပါတယ်။ ကာလာတွေလဲ တော်တော်စုံတာမို့ ကြည့်ရတာ အဆင်ပြေမယ် ထင်ပါတယ်။Blu Ray ထွက်ရင်လဲ ထပ်ပြီး updateလုပ် ထပ်တင်ပေးသွားမှာမို့ blu rayမှ ကြည့်မယ်ဆိုတဲ့လူတွေတော့ စောင့်ကြပါလို့...... File Size : 1.2 GB Quality : 1080 Webrip Running Time : 1hr 53 minute Format : Mp4 Genre : Adventure, Family, Fantasy Encoder : Joker.phs

Drama • Thriller
6.6 2016 113 mins
Alice Through the Looking Glass
Hollywood Stargirl
5.7

Hollywood Stargirl (2022) ==================== Musical ,Romance ,Drama Disney ကထုတ်တဲ့ Musical ကားဆိုရင် ကြည့်မကောင်းဘူးဆိုတာ မရှိသလောက်ပါပဲ … ဒီရုပ်ရှင်မှာလည်း သီချင်းလေးတွေအရမ်းကောင်းပြီး Rotten tomatoes လည်း 100% ရထားတဲ့အထိပါပဲ ဘ၀ရဲ့လမ်းအသီးသီးကိုလျှောက်နေကြတဲ့ လူငယ်လေး ၃ ယောက် လော့အိန်ဂျလိစ်က လမ်းမတွေမှာ လမ်းချင်းတူလို့ လူချင်းတွေ့ခဲ့ကြတဲ့သဘောပါ။ တစ်ယောက်က မိခင်နဲ့ အိမ်အမြဲပြောင်းနေရလို့ နေရာတစ်ခုမှာ အခြေကျချင်သူ.. နောက် နှစ်ယောက်က ရုန်းကန်လှုပ်ရှားနေတဲ့ လူငယ်လေး ၂ ယောက် .. သူတို့ ၃ ယောက်လုံးကို စုံစည်းသွားစေမယ့်အရာက ရုပ်ရှင်တစ်ကားကို အတူတူရိုက်ဖို့ဖြစ်ရင်းနဲ့ အကြောင်းဖန်လာပါတယ် သူတို့ ၃ ယောက်ရဲ့ ဘ၀ကို ပုံဖော်ထားတဲ့ ရုပ်ရှင်လေးကို ရုပ်ရှင်ကုမ္ပဏီကြီးတစ်ခုကတွေ့သွားပြီး လက်တွဲ့ဖို့ ကမ်းလှမ်းလာတဲ့အခါမှာတော့…. ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို ကိုယ်တိုင်ပဲဆက်စောင့်ကြည့်လိုက်ပါ။ (အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်) Genre….. Musical, Drama, Romance Quality…. 1080p | 720p | 480p File size… 1.5GB | 750MB | 280MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Thiha Yan Naing Encoder ….. August

Action • Science Fiction • Thriller
5.7 2022 105 mins
Hollywood Stargirl
The Antique Shop
5.7

The Antique Shop (2022) “ရှေးဟောင်းပစ္စည်းဆိုင်” ဆိုတဲ့ နာမည်အတိုင်းပါပဲ။ ရှေးဟောင်းပစ္စည်းဆိုင်က ပစ္စည်းတွေရဲ့ ဇာတ်လမ်း ၃ ပုဒ်ကို တင်ပြထားတာပါ။ ရှေးဟောင်းပစ္စည်းတွေမှာက ပိုင်ရှင်အဟောင်းတွေ ရှိတတ်တယ်။ အစောင့်အရှောက်တွေ ရှိတတ်တယ် ဆိုတဲ့ ဇာတ်လမ်းတွေ ပုံပြင်တွေ ကြားဖူးကြမှာပါ။ ဒါဆိုရင် ဒီဇာတ်လမ်းထဲမှာရော ဘာတွေ ဆက်ဖြစ်ကြမလဲ ကြည့်ကြရအောင်ပါ။ ဇာတ်လမ်းစပုံကတော့ ဒီလိုပါ။ စင်ကာပူသားတစ်ယောက် ထိုင်းနိုင်ငံက ရှေးဟောင်းပစ္စည်းဆိုင်ကို ရောက်တော့ ရှေးဟောင်းပစ္စည်းဆိုင်က ပြောပြတဲ့ ဇာတ်လမ်းတွေကို နားထောင်ရာကနေ စပါတယ်။ နံပါတ် (၁) ဇာတ်လမ်းကတော့ အင်ဒိုနီးရှားသရုပ်ဆောင် Rio Dewanto ရဲ့ “သေမိန့်ကျထိုင်ခုံ” နံပါတ် (၂) ဇာတ်လမ်းကတော့ စင်ကာပူမင်းသား Aloysius Pang ရဲ့ “‌‌လက်ကောက်ထဲကထောင်ချောက်” နံပါတ် (၃) ဇာတ်လမ်းကတော့ CIX member Bae Jinyoung၊ ထိုင်းမင်းသားချော Mean Phiravich တို့ရဲ့ “မွေးနေ့ပွဲ” ပါ။ ဒီပစ္စည်းတွေရဲ့ နောက်ကွယ်မှာ ဘယ်လိုဇာတ်လမ်းတွေ ရှိမလဲဆိုတာ တစိမ့်စိမ့်တွေးပြီး တရေးရေးကြောက်ဖို့ ဆိုင်ပိုင်ရှင်ပြောပြတဲ့ ဇာတ်လမ်းသုံးပုဒ်ကို စင်ကာပူသားနဲ့အတူ နားဆင်ကြည့်ကြရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Xing Egg ပဲ ဖြစ်ပါတယ်။ Genre….. Horror Quality…. 1080p | 720p | 480p File size… 809MB | 437MB | 226MB Format… mp4 Duration…. 1h 24min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Xing Egg Encoder ….. Aaron

5.7 2022
The Antique Shop
Let’s Get Physical
5.6

Let’ get physical ဆိုတာကတော့အမေရိကန်ဒရာမာရုပ်ရှင်ကောင်းလေးပါ။သူငယ်ချင်းမိတ်ဆွေနှစ်ဦးကြားခင်မင်ရင်းနှီးမှုအကြောင်းနဲ့တရားမဝင်ပြည့်တန်ဆာလုပ်တဲ့ကောင်မလေးကြောင့်ဘယ်လိုအရှူပ်အယှက်တွေဖြစ်လာလဲဆိုတာကိုမြင်တွေ့ရမှာပါ။ ဇာတ်လမ်းအကျဉ်းပြောရရင် ဆေဒီစမစ်ဆိုတဲ့ကောင်မလေးဟာလူတန်မြို့ကအခုမှပြောင်းလာတဲ့လူသစ်ပါ။သူမကကျန်းမာရေးနည်းပြတယောက်ဖြစ်ပြီးအနှိပ်ခန်းလည်းဖွင့်ထားပါတယ်။ သူမရဲ့ဆိုင်နဲ့ဘေးကပ်ရပ်ဆိုင်ကအေပရယ် ဆိုတဲ့ဆံပင်ညှပ်ဆိုင်ပိုင်ရှင်နဲ့ရင်းနှီးသွားပါတယ်။ ဆေဒီကတစ်ဖက်မှာလည်း အနှိပ်ခန်းဆိုပြီးတော့တရားမဝင်ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေသူပါ။ သူမဟာသူမဆီလာတဲ့ဧည့်သည်တွေကိုနာမည်စာရင်းမှတ်ထားပါတယ်။ ဆေဒီပြည့်တန်‌ဆာလုပ်နေတဲ့အကြောင်းကိုသိသွားတဲ့အခါမှာ အေပရယ်ဘယ်လိုဖြစ်သွားမလဲ၊ ဆေဒီရဲ့ဧည့်သည်စာရင်းကို လူသိရှင်ကြားဖော်ပြခံရတဲ့အခါ လူတန်မြို့မှာဘယ်လိုကမောက်ကမတွေဖြစ်မလဲဆိုတာကိုဆက်လက်ကြည့်ရှု‌ကြပါခင်ဗျာ။ File size…(1.5 GB)/(772 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre…Drama, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Akm

5.6 2022
Let’s Get Physical
About Elly
7.9

“အယ်လီ့အကြောင်း”လို့အမည်ရတဲ့ IMDb 7.9 နဲ့ Rotten Tomatoes 99% အထိ ရရှိခဲ့ပြီး ဆုပေါင်း ၂၃ ခုနဲ့ ဆန်ကာတင်ရွေးချယ်ခံရမှု ၁၇ ခု ကိုပါ သိမ်းပိုက်နိုင်ခဲ့တဲ့ ၂၀၀၉ ခုနစ်ထွက် အီရန်ဒရာမာရုပ်ရှင်ကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအစမှာတော့ တက္ကသိုလ်တုန်းက သူငယ်ချင်းဟောင်းတွေဟာ မိသားစုစုံစုံလင်လင်နဲ့ ပိတ်ရက်မှာ ကက်စ်ပီယံပင်လယ်ကမ်းခြေဆီကို ၃ရက်တာ ပျော်ပွဲစားခရီး ထွက်လာခဲ့ကြပါတယ်။ ဒီအဖွဲ့ထဲမှာ လူလတ်တန်းစားမိသားစု သုံးစုပါ၀င်ပါတယ်။ ခရီးကိုစီစဉ်ခဲ့သူကတော့ “ဆယ်ပီဒေ”ဖြစ်ပြီးတော့ ဆယ်ပီဒေဟာ သမီးဖြစ်သူရဲ့ မူကြိုဆရာမဖြစ်သူ “အယ်လီ”ကို ဂျာမနီကပြန်လာတဲ့ သူငယ်ချင်းဖြစ်သူ “အာမတ်”နဲ့ မိတ်ဆက်ပေးဖို့ရာ ခရီးကိုခေါ်ခဲ့ပါတယ်။ ဒီလိုနဲ့ ပင်လယ်ကမ်းခြေဘေးက ငှားရမ်းထားတဲ့ အိမ်လေးမှာ အပန်းဖြေအနားယူနေကြရင်း ကံမကောင်း အကြောင်းမလှစွာနဲ့ “အယ်လီ” တစ်ယောက် ပျောက်ချင်းမလှပျောက်သွားခဲ့ပြီး သောကပင်လယ်လှိုင်းတွေဟာ ဒီခရီးသွားအုပ်စုလေးဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာတဲ့နောက်မှာတော့… “ဆယ်ပီဒေ”တစ်ယောက် နာမည်ရင်းကိုတောင်သေချာမသိဘဲ ခေါ်လာခဲ့တဲ့ “အယ်လီ”ဆိုတဲ့မူကြိုဆရာမလေးရဲ့ တကယ့်သရုပ်မှန်က ဘာများလဲ ဘယ်လိုအကြောင်းကိစ္စကြောင့် ရုတ်တရက် အားလုံးကိုထားခဲ့ပြီး ပျောက်ဆုံးသွားခဲ့ရတာလဲ ဆက်လက်စုံစမ်းရှာဖွေကြရပါတော့တယ်။ ဒါရိုက်တာဖြစ်သူ “ဖာဟာဒီ”ဟာ ၅၉ကြိမ်မြောက် ဘာလင်နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ About Elly ရုပ်ရှင်နဲ့ Silver Bear for Best Director ဆုကိုဆွတ်ခူးခဲ့ပါတယ်။ အီရန်ရုပ်ရှင်သုံးသပ်သူတချို့ကတော့ About Elly ဟာ ဒါရိုက်တာဖာဟာဒီရဲ့ အော်စကာရရှိခဲ့တဲ့ A Separation 2011 ထက်တောင် ပိုကောင်းတယ်လို့ သုံးသပ်ထားကြတာမလို့ အချိန် ၂ နာရီပေးပြီး ကြည့်ဖို့ရာ သေချာပေါက်ထိုက်တန်တဲ့ ဒရာမာကားကောင်းလေးဖြစ်ကြောင်း ညွှန်းဆိုရင်းနဲ့ပဲ… File size…(3 GB)/(1.6 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:59:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

7.9 2009
About Elly
Happy Ghost 2
5.8

90s တွေ ငယ်ငယ်က အမှတ်တရရုပ်ရှင်တွေထဲမှာ တစ်ခုဖြစ်တဲ့ Happy Ghost ဆိုတဲ့ ဟာသကားလေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ရုပ်ရှင်အကျဉ်းလေးကတော့- အပိုင်း ၁ မှာ ကျောင်းသူလေးတွေကို ကူညီပေးပြီး ဘဝကူးသွားတဲ့ happy ghost ဟာ ခန်းရှင်းကွေ့အနေနဲ့ ပြန်ဝင်စားခဲ့ပါတယ်။ အရင်ဘဝက ကုသိုလ်တွေ လုပ်ခဲ့တဲ့အတွက် ခန်းရှင်းကွေ့ဟာ မွေးကတည်းက သဘာဝလွန်အစွမ်းတွေ ရှိနေပါတယ်။ ဒါပေမဲ့လည်း အဲ့ဒီ သဘာဝလွန်အစွမ်းတွေကြောင့် သူ့ဘဝက ပိုခက်ခဲနေပါတယ်လေ။ ရှန့်ကောင်းကွေ့အမျိုးသမီး အထက်တန်းကျောင်းက ကျောင်းသူလေးတွေဟာ ယုတ်မာအဖွဲ့ဖွဲ့ထားပြီး စာသင်နှစ်တစ်ခုတည်းအတွင်းမှာ ဆရာဆရာမ ၇ ယောက် အလုပ်ထွက်သွားအောင် ဆိုးသွမ်းလှတဲ့ ကလေးတွေဖြစ်ပါတယ်။ ဘွဲ့ရခါစ ခန်းရှင်းကွေ့ဟာ သူတို့ရဲ့ အတန်းပိုင်ဆရာ ဖြစ်လာတဲ့အခါမှာတော့ ဘယ်လိုအလွှဲမျိုးတွေနဲ့ ရယ်စရာတွေ ဖြစ်မလဲ။ ဆိုးသွမ်းလှတဲ့ ကျောင်းသူလေးတွေနဲ့ ခန်းရှင်းကွေ့တစ်ယောက် ကိုယ်အားဉာဏ်အားယှဉ်ပြိုင်ရင်း သံယောဇဉ်ရှိသွားကြတာကို ပရိသတ်တို့ ကြည့်ရှုရယ်မောနိုင်ကြဖို့ CM မှ ပြန်လည်ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ စုစုပေါင်း ၅ ကားရှိပြီးတော့ ဇာတ်ကားအားလုံးကို ဒီလင့်မှာတစုတစည်းထဲရှာနိုင်ပါတယ်

Drama • Horror • Thriller
5.8 1985 96 mins
Happy Ghost 2
Silence of the Prey
5.5

တစ်ချို့ယုံကြည်မှုတွေကအစွန်းရောက်လွန်းရင် လူ့အသိုင်းအဝိုင်းအတွက်ဘေးဖြစ်စေပါတယ် သူတို့အတွက်အမှန်တရားလို့ထင်နေတာတွေက တကယ်တော့ပတ်ဝန်းကျင်လူ့အဖွဲ့အစည်းအတွက် ကတော့​စက်ဆုပ်စရာပါ… ဒီဇာတ်ကားလေးမှာတော့ နီနာတို့ဟာအမေတစ်ခု သမီးတစ်ခုဘဝလေးဖြစ်ပြီးတော့ ဘီလာရုစ်မှာ နိုင်ငံရေးကြောင့် အဖမ်းခံရမှာစိုးလို့အမေရိကကို တရားမဝင်ရွှေ့ပြောင်းထွက်ပြေးလာကြတာပါ မယ်ရီဆိုသူရဲ့အချိတ်အဆက်နဲ့ လူသာဆိုတဲ့အဘိုးကြီးဆီမှာ အိမ်အကူလုပ်ပေးဖို့ရောက်လာရာကနေ နီနာတို့သားအမိဟာမထင်မှတ်တာတွေကြုံတွေ့ရပါတော့တယ် အစပိုင်းမှာအဆင်ပြေသလိုထင်ရပေမယ့် မထင်မှတ်ဘဲအန်ဒရက်စ်ဆိုတဲ့သူရောက်လာချိန်မှာတော့ နီနာတစ်ယောက်ဟာသူမထင်မှတ်ထားတဲ့ အမှန်တရားတစ်ခုကိုသိလိုက်ရပါတယ် အဲဒီအလှည့်အပြောင်းမှာနီနာတစ်ယောက်ဘာတွေ ကြုံတွေ့ရမလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ရအောင်ဗျာ… File size…1.31GB / 624MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 37m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg

Comedy
5.5 2024 97 mins
Silence of the Prey
Go Brother!
6.2

အစ်ကို့ရဲ့အနိုင်ကျင့်မှုတွေကိုအမြဲခံနေရတယ်လို့ ထင်နေတဲ့ကောင်မလေးတစ်ယောက်ဟာ သူ့မွေးနေ့မှာ သူ့အစ်ကိုကိုသူ့ဘဝထဲကနေ ပျောက်သွားစေဖို့ဆုတောင်းခဲ့မိပါတယ်၊ နောက်တစ်နေ့ပြန်လည်နိုးထလာချိန်မှာတော့ အံ့အားသင့်ဖွယ်ကိစ္စကဆီးကြိုနေခဲ့ပါတယ်၊ သူမရဲ့အစ်ကိုကသူမဘဝထဲကပျောက်ကွယ်သွားခဲ့ပြီး သူမသူငယ်ချင်းရဲ့အစ်ကိုဖြစ်နေတဲ့အခါဘယ်လိုတွေဆက်ဖြစ်လာမလဲ.. သူမရဲ့အစ်ကိုကနောက်ကွယ်ကနေ ညီမလေးကိုဂရုစိုက်တာတွေ၊ဖြည့်ဆည်းပေးတာတွေကို မြင်လာရတဲ့အခါ သူမရဲ့အစ်ကိုကိုပြန်ရနိုင်ပါတော့မလား၊ မောင်နှမနှစ်ယောက်ကြားကသံယောဇဉ်၊ အထူးသဖြင့်အစ်ကိုကညီမလေးအပေါ်ထားတဲ့ကြီးမားတဲ့ မေတ္တာတရားကို ဆွတ်ပျံကြည်နူးဖွယ်ခံစားကြည့်ရှုရမှာဖြစ်ပါတယ်၊ ကျွန်တော့အမြင်အရတော့..ကြည့်ရင်းနဲ့အစ်ကိုမရှိတဲ့သူတွေလဲ အစ်ကိုတစ်ယောက်လောက်လိုချင်မိမှာဖြစ်ပြီး… အစ်ကိုရှိပြီးသားသူတွေလဲကိုယ့်ရဲ့အစ်ကိုကို ပိုပိုချစ်လာလိမ့်မယ်ထင်မိပါတယ်..

6.2 2018 113 mins
Go Brother!
Classified
5.5

တစ်ချိန်တစ်ခါကအရမ်းနာမည်ကြီးခဲ့တဲ့ အက်ရှင်မင်းသားကြီး Aaron Eckhart ရဲ့ Classified ဆိုတဲ့အက်ရှင်ဇာတ်ကားအသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။အသက်ကြီးပေမဲ့ မပျက်စီးသေးပဲ အခုထက်ထိကြမ်းနေတုန်းဆိုတာကို တွေ့ရမှာဖြစ်ပြီး အက်ရှင်ခန်းတွေ ကလည်းအကြမ်းစားတွေပါပဲ။ ကြေးစားလူသတ်သမားတစ်ယောက် နိုင်ငံတော်အတွက် တာဝန် ထမ်းဆောင်နေတယ်လို့မှတ်ယူပြီး လူတွေလိုက်သတ်ပေးနေရင်းနဲ့ နောက်ပိုင်းမှာ သူ့ကိုအမိန့်ပေးနေတဲ့လူပြောင်းသွားပြီး ပစ်မှတ်တွေ ကလည်းနိုင်ငံအတွက်အကျိုးမရှိဘဲ လိုက်သတ်ပေးနေရတာကိုတွေ့တဲ့ အခါမှာ အဖြစ်မှန်ပေါ်ပေါက်အောင်လိုက်လံစုံစမ်းတဲ့ပုံစံမျိုးဖြစ်ပါတယ်။ အဲ့ဒီကြေးစားလူသတ်သမားကတော့ရှောပဲဖြစ်ပြီး သူ့ကိုယ်သူတော့ CIA အတွက်အလုပ်လုပ်ပေးနေတယ်လို့ထင်ခဲ့ပေမဲ့ တစ်နေ့မှာတော့ ကေစီဆိုတဲ့ MI6 ကကောင်မလေးကသူ့ဆီကိုရောက်ချလာခဲ့ပြီး သူထင်နေသလိုမဟုတ်ဘူးဆိုတာကို သက်သေတွေနဲ့တကွလာရှင်းပြ ပါတော့တယ်။ကေစီပြောတာတွေကလည်းယုတ္တိရှိနေတဲ့အတွက် သူ့ကိုအလုပ်ခိုင်းနေတာ CIA မဟုတ်ဘူးဆိုရင် နောက်ကွယ်က ကြိုးကိုင်ထားတဲ့လူဘယ်သူလဲဆိုတာကို အဖြေရှာဖို့အတွက် ကေစီနဲ့ အတူတူစတင်စုံစမ်းခဲ့ကြပါတော့တယ်။ တစ်ဖက်မှာလည်း သူ့ကိုအလုပ်ခိုင်းနေတဲ့လူကစစ်ဆင်ရေးတွေကို ဆက်လုပ်ဖို့ တွန်းအားပေးတဲ့အနေနဲ့ သူ့နောက်ကိုလူတွေလွှတ်ပြီး တောက်လျှောက်တိုက်ခိုက်ခိုင်းတဲ့အခါမှာတော့ ရှောနဲ့ကေစီတို့ နှစ်ယောက်အခက်အခဲတွေကိုကျော်ဖြတ်ပြီး နောက်ကွယ်ကလူကို အဖြေရှာပုံတွေအပြင် တခြားသောမြှုပ်ကွက်လေးတွေကိုပါ စိတ်ဝင် တစားကြည့်ရှုရမဲ့ အက်ရှင်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size… 1.83GB / 992MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 45m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2024 105 mins
Classified
Two Weeks Notice
6.2

” လမ်းခွဲဖို့ နှစ်ပတ် အလို ” —————————- ဒီရုပ်ရှင်ကားကို ဆန်ဒရာဘူးလော့ခ်ကပရိုဂျူဆာ လုပ်ထားပြီး သူကိုယ်တိုင် မင်းသမီး အဖြစ် သရုပ်ဆောင်ထားပါတယ်။ မင်းသားကတော့ မျက်လုံးလှပြီး ဆွဲဆောင်မှုရှိတဲ့ မင်းသား ဟုဟ်ဂရန့် ပါ အမေရိကန်သမ္မတကြီး ဒေါ်နယ်ထရမ့်လဲ ဧည့်သည်သရုပ်ဆောင်ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းကတော့… ပြည်သူ့အကျိုးပြု ရှေ့နေမိသားစုက ပေါက်ဖွားလာတဲ့ ဉာဏ်ရည်မြင့် ထက်မြတ်တဲ့ အူကြောင်ကြောင်နိုင်တဲ့ရှေ့နေမလေး လူစီ အကြောင်း ဖြစ်ရင် ဖြစ်လိမ့်မယ်…. ဘာလို့ဆိုရင် ဒီရုပ်ရှင်က သူ့ အတွက် သူ့နေရာကနေ ဝင်ကြည့်လို့ရမယ့်ပုံစံ မျိုး ဖြစ်နေတာပါ လူစီက ဆင်းရဲတဲ့ ပြည်သူတွေ ဘက်ကနေရပ်တည်ပြီး ခရိုနီတွေရဲ့ ချဉ်ဖတ် ဖြစ်နေသူဆိုလဲ မမှားပါဘူး… တစ်ရက်မှာတော့ နှစ်ပေါင်းများစွာကြာပြီဖြစ်တဲ့ အသင်းတိုက်တစ်ခုကို ဝိန့်ဒ်မိသားစုပိုင်လုပ်ငန်းက ကန်ထရိုက်ယူပြီး ဖြိုဖျက်ကာ ခေတ်မှီအဆောက်အဦးတစ်ခုဆောက်ဖို့ အကြောင်းဖန်လာပါတယ်… ဒီ အသင်းတိုက်ဟာ လူစီ နဲ့ သူ့မိဘ နှစ်ပါးရဲ့အမှတ်တရတွေအပြင် ပြည်သူလူထု လိုအပ်နေတဲ့ ရှေးဟောင်း အမွေအနှစ်မို့ မပျက်စီးရအောင် ဝိန့်ဒ်လုပ်ငန်းစုရဲ့ ပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဝိန့်ဒ်ဂျော်ဂျီဆီ ရောက်သွားတဲ့အခါမှာတော့ ဂျော်ဂျီကလဲ အကြံပေး ရှေ့နေတစ်ဦး လိုနေတာနဲ့ အသင်းတိုက် ကို မဖျက်ဘူး ငါ့ဆီမှာတော့ ဒီ ကန်ထရိုက် ကိစ္စ တစ်ခု ပြီးတဲ့အထိ အလုပ်လုပ်ရမယ်လို့ အပေးအယူ လုပ်ပါတယ်…ဒီတော့ လူစီတယောက်လဲ သူမုန်းတဲ့ ခရိုနီသူဌေး လက်အောက် မှာ အလုပ်လုပ်ပေးဖို့ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့တဦးကိုတဦးအမြင်မကြည်ကြတဲ့ သူဌေးနဲ့ရှေ့နေ့တို့ ဘယ်လိုစခန်းသွားကြမလဲ နှစ်ပတ်အလိုကိစ္စတွေမှာရော ဘာတွေဖြစ်လာမလဲဆိုတာ အချစ်ရိုမန့်ဇာတ်ကားလေးလိုကြည့်ရှုရမှာပါ။ ဆန်ဒရာဘူးလော့ခ်က ဝါရင့်သရုပ်ဆောင်ဖြစ်တာနဲ့အညီ ဇာတ်ကားရဲ့ကာရိုက်တာနဲ့ကိုက်ညီအောင် ဒီထဲမှာ အရမ်းကို အူကြောင်ကြောင်နိုင်တဲ့ မိန်းမ အလုပ်ပဲ သိ အလုပ်ပဲ ရှိ တစ်လောကလုံးနဲ့ အဆင်ပြေအောင် မပေါင်းတတ်သူ မိတ်ကပ်လိမ်းတာလဲ နည်းမကျ ဝတ်တာစားတာက တောဂိုက်နဲ့ တကယ့်ကို ဇာတ်ကိုသယ်ပို့သွားနိုင်ပါတယ်။ ဒီလိုအူကြောင်ကြောင်ပုံလေးနဲ့ ဘယ်လောက်တောင်ချစ်ဖို့ကောင်းနေမလဲဆိုတာ ကြည့်ကြပါစို့။

6.2 2002 101 mins
Two Weeks Notice
Imago
6.2

Imago (2024) IMDb Rating (6.2) အရွေ့တွေအရ စိတ်ဝင်စားစရာကောင်းတဲ့နိုင်ငံတစ်ခုဖြစ်တဲ့ ပိုလန်ရဲ့၁၉၈၀ကာလကို ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်ပါ။ ကွန်မြူနစ်ပိုလန်ပြည်သူ့သမ္မတနိုင်ငံရဲ့ မှုန်ရီပြာတဲ့ အခြေအနေနဲ့ ခေတ်ကာလကြား ရှင်သန်ခဲ့ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ခေတ်ကာလတစ်ခုကို ဖြတ်သန်းပုံနဲ့ ရင်ဆိုင်ပုံတွေကို ပြထားတယ်လို့ပြောလို့ရပါတယ်။ post-punk psychological dramaလို့ ဆိုပါတယ်။ ဂီတအကြောင်းလည်း နည်းနည်းတော့ပါသလို အဓိကဇာတ်ကောင်ကလည်း ပိုလန်က နာမည်ကြီးအဆိုတော်ဖြစ်သွားခဲ့တဲ့အပိုင်းလည်းပါတယ်။ ဒီရုပ်ရှင်ဟာ ကျွန်တော့်အတွက်လည်းမဟုတ်သလို လူတိုင်းအတွက်လည်းမဟုတ်ပါဘူး။ ဒီနိုင်ငံတွေရဲ့ အရွေ့တွေကို ကျွန်တော်တို့ထက်ပိုကျွမ်းဝင် စိတ်ဝင်စားတဲ့လူတွေအတွက်ဖြစ်ပါလိမ့်မယ်။ မဟုတ်ရင်တော့ အားရကျေနပ်ကြလိမ့်မယ် မထင်ပါဘူး။ (ဝတ်လစ်စလစ်အခန်း တချို့ပါဝင်သောကြောင့်မိသားစုနဲ့ အတူတူကြည့်ရန်မသင့်တော်ပါ။) (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.8 GB) / (990 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:54:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Drama
6.2 2024 113 mins
Imago
Virus
6.6

Virus (2025) ************* မင်းသမီး Bae Doo-Na ရဲ့ ဆန်းဆန်းပြားပြား အချစ်ဟာသကားလေး အသစ်ထွက်ရှိလာပါပြီ။ မင်းသားကြီး Kim Yun-Seok ၊ အဆိုတော် Jang Ki-Ha နဲ့ Son Suk-Ku တို့မှလည်း အဓိက ပါဝင်သရုပ်‌ဆောင်ပေးထားပါတယ်။ – ဇာတ်လမ်းအကျဉ်း – အားအင်ရော တက်ကြွမှုရော မရှိဘဲ အချစ်ဆဲလ်တွေပါ ခြောက်က‌ပ်နေတဲ့ ဘာသာပြန် အို့ထက်ဆွန်း (Bae Doo-Na)… တစ်နေ့မှာ ညီမဖြစ်သူရဲ့ မိတ်ဆက်ပေးမှုကြောင့် သုတေသနပညာရှင်လေး နမ်ဆူဖီး (Son Suk-Ku)နဲ့ ကြင်ဖက်တွေ့ဖြစ်ခဲ့ပြီး နောက်တစ်နေ့မှာပဲ ထက်ဆွန်း အရင်လိုမဟုတ်တော့ဘဲ တက်တက်ကြွကြွရှိလာပြီး ရိုမန့်တစ်ဆန်လာပါတော့တယ်။ အားနေ ထထရယ်တယ်… အရင်က မဝတ်ဖြစ်ခဲ့တဲ့ ကာလာစုံဂါဝန်လေးလည်း ထုတ်ဝတ်ဖြစ်တယ်… မူလတန်းကျောင်းနေဖက် ဂင်ယွန်းအူ (Jang Ki-Ha) က group chat ထဲကို ကားရောင်းမဲ့အကြောင်းတွေပဲ ပို့နေတာတောင်မှ ချစ်စရာကောင်းတယ်လို့ မြင်နေမိတဲ့အထိပါပဲ။ အဲဒီအချိန်မှာပဲ ထက်ဆွန်းတစ်ယောက် သူ့မှာ ၁၀၀ ရာခိုင်နှုန်း သေစေနိုင်တဲ့ အချစ်ဗိုင်းရပ်စ် ကူးစက်ခံထားရတယ်ဆိုတဲ့ သတင်းနဲ့အတူ ကုသဆေးကို ဖန်တီးနိုင်တဲ့ တစ်ဦးတည်းသောသူ သုတေသနပညာရှင် အီဂယွန်း (Kim Yun-Seok) နဲ့ တွေ့ဆုံဖြစ်ခဲ့ပြီး ဒီ‌‌အပြောင်းအလဲတွေ အားလုံးဟာ အချစ်ဗိုင်းရပ်စ်ရဲ့ လက္ခဏာတွေမှန်း သိလိုက်ရတဲ့အခါမှာတော့… ထက်ဆွန်းနဲ့ သုတေသနပညာရှင် အီဂယွန်းတို့နှစ်‌ယောက် အတူလက်တွဲပြီး အချစ်ဗိုင်းရပ်စ် ပျောက်ကင်းအောင် ဘယ်လိုကုစားသွားမှာလဲဆိုတာကို အချစ်ပိုးထနေတဲ့ ထက်ဆွန်းတစ်ယောက် ဘယ်လိုလေးတွေလွဲပြီး မွှေဦးမလဲဆိုတာကို ကြည့်ရှုရင်း ရယ်မောအပန်းပြေနိုင်ကြဖို့ မျှော်လင့်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Hnin Wai Oo မှ ရေးသားထားပေးပါတယ်။) File Size : 1.24GB/ 620MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:38:53 Genre : Mystery, Comedy, Romance, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Wai Oo, Stary, Miri & Treasure Htet Encoded by Tiff

6.6 2025 99 mins
Virus
Haunting of Mount Gede aka Petaka Gunung Gede
5.5

Haunting of Mount Gede 2025 (သရဲခြောက်သော ဂစ်ဒီတောင်ကြီး) ဖြစ်ရပ်မှန်ကို အခြေခံပြီးတော့ ရိုက်ကူးပုံဖော်ထားတဲ့ အင်ဒို သရဲကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြတဲ့ မာယာနဲ့ အီတာဆိုတဲ့ သူငယ်ချင်းနှစ်ယောက်၊ အရမ်းချစ်လွန်းလို့ စားအတူတူ သွားအတူတူ အမြဲ အတူတူနေကြတဲ့ သူတို့နှစ်ယောက်။ တစ်ရက်မှာတော့ မာယာတစ်ယောက် သူ့အစ်ကိုအင်ဒရာနဲ့ သူငယ်ချင်းအုပ်စု ဂစ်ဒီတောင်တက်ဖို့ ပြောနေတာကို ကြားသွားရင်းနဲ့ လိုက်ချင်တယ် အတင်းပူဆာရာကနေ လိုက်ခွင့်ရသွားခဲ့ပါတော့တယ်။ မာယာတစ်ယောက် အမြဲအတူ မခွဲမခွာချစ်ရတဲ့ သူငယ်ချင်းလေး အီတာ့ကိုပါ အတူတူ တောင်တက်ဖို့ ဆွယ်ပါတော့တယ်။ မိဘတွေက အရမ်းချစ်လွန်းလို့ အရွယ်ရလာတဲ့အချိန်ထိ ကလေးလေးလိုပဲ ဆက်ဆံခံရတဲ့ အီတာတစ်ယောက် မိဘတွေကို အတင်းအကျပ်ပြောပြီး မာယာနဲ့အတူ တောင်တက်ခရီးစဉ်ကို လိုက်လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ပဲ မာယာ,အီတာတို့ သူငယ်ချင်းနှစ်ယောက်နဲ့ အင်ဒရာတို့ သူငယ်ချင်းအုပ်စု ဂစ်ဒီတောင်ကို တက်ဖို့အတွက် ခရီးစဉ်ကို စတင်ခဲ့ကြပါတော့တယ်။ ဂစ်ဒီတောင်ကြီးမှာ သူတို့လူငယ်အုပ်စုအတွက် ဘယ်လိုကြောက်ဖို့ကောင်းတဲ့ အဖြစ်အပျက်တွေက စောင့်မျှော်နေမလဲဆိုတာကိုတော့ ရင်တထိပ်ထိပ်နဲ့ ဆက်လက်ကြည့်ရှုပေးကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Team ပဲဖြစ်ပါတယ်)

Drama • Romance
5.5 2025 98 mins
Haunting of Mount Gede aka Petaka Gunung Gede