YoteShin Drive is below this article. Scroll down to view.

5G connectivity in India

Author: Anonymous Published on: 12 Aug 2022

Indian Prime Minister Nandra Mosman announced that it has provided 5G communication at the 6th Indian Mobile Congress in New Delhi. The 5G network is first available in 22 cities, and includes Ahmedabad, Hydeabad, Gandigai, Gurugrah, Gurugrah, Jamnagar, Kolkata, Siliguri and Varanasi. PM @narendamodi launches 5G Services in India 🔹5g Technology Will Provide Seamless Coverage, High Data Rate, Low Low Low Lenncy, and Highly Reliable Communications. 🔹it Will Increase Efficiency and Network Efficiency and Network Efficiency. & mdash; Ministry of Information and Broadcasting (@mib_india) October 1, 2022 5G Services Reliance Joio, Reliance Joi, Reliance Jo, and Reliance Jo. Airtel and Vodafone-IDA will be provided in India. Airtel's users are now using 5G networks in some cities. India Mobile Congress 2022: & quot; Service Providers Will Roll Out 5g by 2024 & AMP; 75% Indian Citizens Will AVAIL 5G Services. & Quot; Shri Devusinh Chauhan, Hon'ble Minister of State for Communications, Government of India Register Now: https://t.co/rk0e6c4OJ#MC2022 # IMC5GLAUNCH & mdash; India Mobile Congress (@Exploreimc) October 1, 2022 Airtel's 5G connection is available in Bengaluru, Chennai, Hyderabad, Hyderabad, Kolkata, Mumba, Mumba, Siliguri and Varanasi will be provided by the country in March 2024. Reliance Jobs will provide 5G connection in Chennai, Delkata and Mumbai by Diwali, and in December 2023 in December 2013 in December 2013 VI has not yet been told that the 5G network will be provided. The BSNL will provide 5G network on August 15 next year. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

[S5] Snowfall - Episode 04 (Revolutions) - 720p HEVC Webrip [RMC].mp4

434.71 MB N/A video/mp4 9 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Showing Up
5.8

IMDb rating - 6.7/10 2022 ခုနှစ်ထွက် art movieတစ်ခုကို ပရိတ်သတ်ကြီးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်လမ်းထဲမှာဆိုရင် ဇာတ်လမ်းဇာတ်သွားတစ်ခုလုံးကို အနုပညာဆန်ဆန် အပိုအလိုမရှိ ရိုက်ကူးတင်ဆက်ထားပြီးတော့ အနုပညာကျောင်းမှာ ပညာသင်ပေးတဲ့ပုံစံတွေ...ဆန်းသစ်တီထွင်ဖန်တီးထားတဲ့ လက်ရာဆန်းတွေ.. ဓာတ်ပုံရိုက်ချက် အလင်းအမှောင်တွေကအစ လှပတဲ့ဆေးရေးပန်းချီကားတစ်ချက်ကို ထိုင်ကြည့်နေရသလို ပရိတ်သတ်ကြီးကို ခံစားသွားစေမယ့် ဇာတ်လမ်းကောင်းလေးတစ်ခုဆိုလည်း မမှားပါဘူး ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့.. ပါရမီအရည်အချင်းအပြည့်ရှိတဲ့ ပန်းပုပညာရှင် လစ်ဇီတစ်ယောက် သူမရဲ့ ပြိုင်ဘက်လည်းဖြစ်သလို အိမ်ပိုင်ရှင်လည်းဖြစ်တဲ့ ဂျိုနဲ့ သိပ်ပြီးမပြေလည်တဲ့ဆက်ဆံရေးတစ်ခု ရှိနေခဲ့ပါတယ်.. တစ်နေ့မှာတော့ လစ်ဇီရဲ့ကြောင်ဒဏ်ရာရအောင် လုပ်မိသွားတဲ့ ခိုလေးကို ဂျိုက ကယ်တင်ပေးခဲ့ပြီး လစ်ဇီကိုခဏလောက် ကြည့်ထားပေးဖို့မှာခဲ့ပါတယ် တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့က လစ်ဇီရဲ့ ပန်းပုအရုပ်တွေ အပြီးလုပ်ရမယ့်နေ့ဖြစ်နေပြီး ခိုကိုပါကြည့်ရှုနေရတာကြောင့် မအားမလပ်ဖြစ်နေပါတော့တယ်..နောက်တစ်နေ့ မီးလင်းဖိုကို လစ်ဇီအပူပေးထားတဲ့ အရုပ်တွေကိုသွားကြည့်တဲ့အချိန် အရုပ်တစ်ရုပ်လောင်ကျွမ်းသွားတဲ့အခါမှာတော့...လစ်ဇီနဲ့ဂျိုကြားက ဆက်ဆံရေးက ဘယ်လိုပြောင်းလဲသွားမလဲ.. ပန်းပုပြပွဲအတွက် ဒီပန်းပုရုပ်နဲ့ပဲ တင်ဆက်ပြသသွားမှာလား..လစ်ဇီရဲ့ရှုပ်ထွေးလှတဲ့မိသားစုဆက်ဆံရေးတွေကရော ဘယ်လိုဖြစ်မလဲဆိုတာကို ဒီဇာတ်လမ်းမှာကြည့်ရှူရမှာပါ။ File size…(1.9 GB)/(1.7 GB)/(530 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:48:00 Genre...Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Swe Yee

Drama
5.8 2023 108 mins
Showing Up
Right Now, Wrong Then
6.9

“Right Now Wrong Then” အမှန်အတိုင်းပြောရရင် ကျွန်တော်က Hong Sang-Soo ရဲ့ကားတွေနဲ့ သိပ်ရင်းနှီးတာ မဟုတ်ဘူး။ ဟိုတလောက pageတစ်ခုမှာ Hang Sang-Soo နဲ့ Kim Min Hee တို့ရဲ့ အကြောင်းကို “အချစ်နဲ့ဖောက်ပြန်မှုကြားက လူနှစ်ယောက်အကြောင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ (ထင်တယ်)ဖတ်လိုက်မိပြီးမှ သူ့အကြောင်း စိတ်ဝင်တစား လိုက်ရှာကြည့်မိတာ။ နောက်ပြီးတော့ သူ့ရဲ့ နာမည်ကြီး “Right Now Wrong Then “ကို ကြည့်ဖို့ရှာတယ်ပေါ့။ ဖြစ်ချင်တော့ အဲ့ကားကို ဘယ်မှာမှ ရှာမရဘူး။ အဲ့တာနဲ့ CM ကို ကျွန်တော်ပြန်ပါ့မယ်ဆိုပြီး ရှာခိုင်းလိုက်တယ်လေ(ဟဲ ဟဲ)။ ဟိုကလည်း ရှာပေးတယ် ရော့ ပြန် တဲ့။ အဲ့တာနဲ့ မပြန်ခင် ကိုယ့်ဟာကိုယ် အရင်ထိုင်ကြည့်တာပေါ့။ ကြည့်လဲပြီးရော ငါတော့ မြွေကိုက်ပြီလို့ တန်းသိလိုက်တာပဲ။ ဘယ့်နှယ့် ဇာတ်ကားကြီးက ကျွန်တော်တို့ ပုံမှန်ကြည့်နေကျ ဇာတ်ကားတွေလို linear သဘော မျဉ်းတစ်ပြေးတည်းသွားတာမဟုတ်ဘူး။ တွေ့ဆုံမှုနဲ့ ခွဲခွါမှုကြားက လူနှစ်ယောက်အတူရှိခဲ့တဲ့ အချိန်ကာလကို မတူညီတဲ့ ရွေးချယ်မှုတွေနဲ့ အပြိုင်သဘောမျိုးခွဲပြသွားတာ။ ဒီလူတွေပဲ၊ဒီပတ်ဝန်းကျင်ပဲ၊ဒီတွေ့ဆုံမှုပဲ ။ကွဲသွားတာဆိုလို့ ရွေးချယ်မှုသေးသေးလေးတွေပဲ ကွဲသွားတာ။ ဒါပေမယ့် အဲ့ဒီရွေးချယ်မှုသေးသေးလေးတွေကပဲ ဒီဇာတ်ကားမှာပါတဲ့ အပြိုင်ကမ္ဘာနှစ်ခုရဲ့ အေးစက်မှု၊နွေးထွေးမှု၊ရှုပ်ထွေးမှု၊ကြည်နူးမှုတွေကို လုံးဝကို ကောက်ပြောင်းသွားနိုင်တယ်။ ဒါကို ကျွန်တော် ပထမတစ်ခေါက်ကြည့်တုန်းကတော့ နားမလည်ဘူး။နောက်တစ်ခေါက် ထပ်ကြည့်တော့မှ ရေးရေးလေး မြင်လာတာ။ (ပြီးရင်လည်း ပြန်ကြည့်ဦးမှာ) ပြောစကားတွေ၊ကင်မရာအယူအဆတွေ၊ အလင်းအမှောင်တွေ၊ရှူထောင့်တွေ ပြောင်းထားတာမျိုးတော့ ရှိတာပေါ့။ ဟိုလျှောက်ပြော ဒီလျှောက်ပြောနဲ့ များနေပြီ။ ဇာတ်ကားအကြောင်း နည်းနည်းပြောကြတာပေါ့။ ဇာတ်ကားက ဘာမှ သိပ်ထူးဆန်းတာ မဟုတ်ဘူး။ လူလတ်ပိုင်းအရွယ် နာမည်ကြီး ဒါရိုက်တာ တစ်ယောက် သူ့ဇာတ်ကား screeningအတွက် မြို့လေးတစ်မြို့ကို ရောက်လာတယ်။ လာရမယ့်ရက်ထက် တစ်ရက်စောပြီး လာမိတယ်။ အဲ့တော့ အချိန်တွေပိုနေလို့ လျှောက်သွားတယ်။ အဲ့ဒီမှာ ပန်းချီဆရာ ကောင်မလေးတစ်ယောက်နဲ့ တွေ့တယ်ပေါ့။ ဒီဇာတ်ကားမှာ (Hong Sang-Soo ရဲ့ ထုံးစံအတိုင်း) သူတို့နှစ်ယောက်ကြားက တွေ့ဆုံမှုတွေ၊ပြောစကားတွေ၊ သောက်ကြစားကြတာတွေ၊ဘာပြောလို့ ပြောရမှန်းမသိတဲ့ ခပ်အမ်းအမ်းအခိုက်အတံ့တွေကို အများဆုံးတွေ့ရမယ်။ နောက်တစ်ပိုင်းက ရှေ့ပိုင်းထက်ပိုပြီး နွေးထွေးတယ်၊ ကြည်နူးဖို့ကောင်းတယ်၊ပျော်ဖို့ကောင်းတယ်။ အဲ့တာတွေကို ရွတ်လုပ်ယူတာမဟုတ်ဘဲ ရွေးချယ်မှု သေးသေးလေးတွေနဲ့ပဲ ပြောင်းပြသွားတာ။ ဒီကားက IMDb မှာ 7.1/10 ရထားပြီး Golden Leopard award,Critics award အပါအဝင် နိုင်ငံတကာရုပ်ရှင်ပွဲတွေမှာ ဆုပေါင်း(၁၆)ဆု ရထားတယ်။ အေးအေးဆေးဆေးလေး ခံစားကြည့်ကြပေါ့ဗျာ။ ပြီးရင်လည်း ထင်မြင်ယူဆချက်လေးတွေ ပြန်ဆွေးနွေးပေးသွားပေါ့။ ကျွန်တော်ကတော့ ဒီဇာတ်ကားအပြီးမှာ ငယ်ငယ်က ဘော်ဒါတစ်ကောင်ပြောဖူးတဲ့ စကားတစ်ခွန်း သွားသတိရတာပဲ။ ”ဟကောင်ရ စိတ်သွားတိုင်း ကိုယ်ပါတယ်ဆိုတာ အရူးတွေပဲ ရှိတာကွ။စိတ်သွားတိုင်း ကိုယ်ပါပါစေလို့ ဆုပေးတာ ရူးပါစေလို့ ဆုပေးတာနဲ့ အတူတူပဲ”တဲ့ ဒါပါပဲ။ ကိုယ့်အတွေးနဲ့ကိုယ် ခံစားကြည့်ကြပါ။ File size…  1.6 GB /  700 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 2h 1m Genre .....  Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Damien

Comedy • Crime • Mystery
6.9 2015 121 mins
Right Now, Wrong Then
The People vs. Larry Flynt
7

တစ်လောကလုံးနဲ့တစ်ယောက်ဖြစ်နေရင် ခွင့်လွှတ်လိုက်ကြပါ။ "လိင်ကိစ္စမှာတောင် တားမြစ်ချက်တွေရှိနေရင် ကျုပ်တို့မှာ ပြဿနာတွေများနေတာ အံ့သြစရာမရှိဘူး။ ကျုပ်တို့လူမျိုးတွေ စိတ်ဆတ် ၊ အကြမ်း-ဖ(က်)တတ်ပြီး လူမျိုး-(တုံး) သ-(တ်)ဖြတ်တတ်ကြတာ အံ့သြစရာမရှိဘူး" ဒီစကားတွေကိုဆိုခဲ့တဲ့ လယ်ရီဖလန့်ဟာ ငယ်ငယ်ကတည်းက အရက်ပုန်းရောင်းပြီး အသည်းအသန် ငွေရှာချင်ခဲ့တဲ့ကလေးတစ်ယောက်ပါ။ အရွယ်ရောက်လာချိန်မှာတော့ ဖော်ချွတ်မယ်တွေနဲ့ ကလပ်တစ်ခုဖွင့်ထားတဲ့လူတစ်ယောက်ဖြစ်လာခဲ့ပေမဲ့လည်း မအောင်မြင်ဘဲ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ ကြံရည်ဖန်ရည်ကောင်းတဲ့ လယ်ရီဟာ သူ့ကလပ်ရဲ့လုပ်ငန်းတွေအဆင်ပြေစေဖို့ ၊ လူများများရောက်လာဖို့အတွက် ဖော်ချွတ်မယ်တွေရဲ့ကိုယ်လုံးတီးပုံတွေနဲ့ စာစောင်တွေထုတ်ပြီး ကြော်ငြာခဲ့ပါတယ်။ တစ်ရက်မှာတော့ လူတစ်ယောက်ဟာ လယ်ရီနဲ့တော်တဆတွေ့ခဲ့ပြီး ဒီမဂ္ဂဇင်းကို ဘယ်လိုထပ်ဝယ်လို့ရမလဲလို့ မေးခဲ့ရာကနေ လယ်ရီဟာ အပြာမဂ္ဂဇင်းထုတ်ဖို့ အကြံဉာဏ်ရသွားခဲ့ပါတယ်။ စစချင်းမှာ မဂ္ဂဇင်းဟာ ဝက်ဝက်ကွဲ ရှုံးခဲ့တယ်။ နောက်တော့ အောင်မြင်တယ်။ အဲဒီနှစ်ကာလများရဲ့ ခရစ်ယာန်ဘာသာဝင်တွေနဲ့ လူကြီးလူကောင်းများရဲ့ ကန့်ကွက်ထုတ်ဖော်မှု၊ ဝေဖန်တိုက်ခိုက်မှု ၊ တရားစွဲဆိုမှုတွေကြောင့်နဲ့ လယ်ရီဟာ တရားရုံးလည်း ရောက်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ လယ်ရီ ဖလန့်ရဲ့ ဘဝထဲက ဆယ်စုနှစ် ၃ ခုအတွင်းကြုံတွေ့ခဲ့ရတဲ့ ဆူကြုံအနိမ့်အမြင့်တွေ ၊ မဖိတ်ခေါ်ဘဲရောက်လာခဲ့တဲ့ အရှုပ်အထွေးတွေ ၊ ကိုယ်တိုင်သွားရှာလာခဲ့တဲ့ပြဿနာတွေ အားလုံးကို ခံစားချက်ရသမျိုးစုံနဲ့ ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ လယ်ရီဟာ သူမှန်တယ်ထင်တာကို တဇွတ်ထိုးလုပ်ရင်းနဲ့ လူတွေရဲ့ လိင်စိတ်ကူးယဥ်မှုဆိုင်ရာလွတ်လပ်ခွင့်အတွက် တိုက်ခိုက်ပေးနေခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီခေတ်အခါက လယ်ရီဖလန့်ဟာ ဘုန်းတော်ကြီး ဂျယ်ရီဖာဝဲလ်ကို သရော်စာရေးခဲ့ပြီး ဗဟိုတရားရုံးအထိ တရားရင်ဆိုင်ခဲ့တဲ့ အဖြစ်အပျက်ကြောင့်သာ ယခုလက်ရှိကာလရဲ့ အပြာဝက်ဆိုဒ်တွေမှာ အပြာမင်းသားတွေ ဆန်တာကလော့ဒ်ဝတ်စုံကြီးနဲ့ တူနယ်တန့်နယ်နေတာမျိုးကို လွတ်လပ်စွာ ကြည့်ရှုခွင့်ရနိုင်နေတာပါ။ ဒီနိုင်ငံမှာသာ အထင်ကရနတ်မင်းတစ်ပါးရဲ့ ဝတ်စုံဝတ်ပြီး အပြာကားရိုက်မိရင် ရိုက်တဲ့ကောင်ဟာလည်း မစ္စတာ လယ်ရီဖလန့်လိုပဲ ၇ ညအိပ် ၈ ရက် ချားကီးမိပြီး ဂျေးအောင်းမှာပါ။ ဒီတော့ ညစ်ညမ်းဓာတ်ပုံ၊ ဗွီဒီယိုများ လွတ်လပ်စွာကြည့်ရှုခွင့် ရရှိရေး စွမ်းစွမ်းတမံ စွမ်းဆောင်ပေးခဲ့တဲ့ မစ္စတာ လယ်ရီ ဖလန့်ရဲ့ ဘဝအကြောင်းကို စေ့စေ့ငုံငုံ ရိုက်ပြထားတဲ့ ဇာတ်ကားလေးကို ကြည့်ရှုပေးကြပါဦး။ File size…(2.63GB)  / (1.24GB) / (974MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:00:00 Genre...Biography / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Man Htet Myat

Horror
7 1996 130 mins
The People vs. Larry Flynt
The Phantom of the Opera
7.3

တစ်ခေတ်တစ်ခါက Masterpiece ဖြစ်ခဲ့တဲ့ Old but gold Musical film တစ်ခုနဲ မိတ်ဆက်ပေးချင်ပါတယ်။ Musical film ဆိုတဲ့အတိုင်း သီချင်းတွေအများကြီးနဲ့မို့ Musical ပရိတ်သတ်တွေအတွက်တော့ အကြိုက်တွေ့စေမယ့် ဇာတ်ကားကောင်းလေးတစ်ကားပါ။ ပေါ်ပြူလိုင်ရာဆိုတဲ့နာမည်ကြီးပြဇာတ်ရုံကြီးတစ်ခု.. မကြာခဏလျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်တွေဖြစ်လေ့ရှိပြီး ပြဇာတ်ရုံကြီးရဲ့ဝိဉာဉ်ရှိတယ်လို့ လူအများစုယုံကြည်ကြပါတယ်။ တစ်နေ့မှာတော့ ယင်းသံအမြင့်ဆုံးအဆိုရှင်ဖြစ်တဲ့ ကာလော့တာက စိတ်အလိုမကျမှုကြောင့် ချက်ချင်းထွက်သွားတဲ့အတွက် ညဘက်ပွဲလည်းရှိတာကြောင့် ခရစ္စတင်းဒါယဲရ်ဆိုတဲ့ မိန်းကလေးငယ်တစ်ယောက်ကို အစားထိုးခိုင်းလိုက်ရပါတော့တယ်။ အကအဖွဲ့ထဲကမိန်းကလေးဖြစ်ပေမယ့် ကာလော့တာထက်တောင်ကောင်းကောင်းဆိုနိုင်တာကြောင့် အကုန်အံ့အားသင့်သွားရပါတယ်။ ဒါဟာလည်း သူ့ကိုသင်ကြားပေးနေတဲ့သူဟာ  ပြဇာတ်ရုံကြီးရဲ့ဝိဉာဉ်ဖြစ်နေလို့ပါပဲ.. ဒါပေမဲ့ ခရစ္စတင်းကတော့ အဲဒီသူ့ဆရာကို အသံပဲကြားဖူးပြီး တစ်ခါမှမမြင်ဖူးပါဘူး.. အသံပဲကြားရုံနဲ့တင် လေးစားချစ်ခင်ပြီး သူ့တေးသွားတမန်တော်လို့မှတ်ယူထားခဲ့ပါတယ်။ တစ်နေ့တော့ ခရစ္စတင်းရဲ့ငယ်ချစ်ဦးဖြစ်သူ ရာအိုးလ်ဟာလည်း ပြဇာတ်ရုံကြီးထဲရောက်ရှိလာတဲ့အခါ.. ခရစ္စတင်းတစ်ယောက် ငယ်ငယ်ထဲကချစ်မြတ်နိုးရသူ၊ ငယ်ချစ်ဦးဖြစ်တဲ့ရာအိုးလ်ကိုရွေးချယ်မလား။ သူ့ကိုသီချင်းဆိုနိုင်အောင်သင်ပေးတဲ့ အမြဲလေးစားခဲ့ရတဲ့ဆရာဖြစ်တဲ့ ပြဇာတ်ရုံကြီးကဝိဉာဉ်ကိုပဲရွေးချယ်သွားမလား... File Size :(2.55GB)&(1.13 GB) Quality : Blu-Ray 1080P,720p,480p Format :mp4 Duration : 02:23:00 Genre : Romance , Drama , Musical Subtitle : Myanmar Subtitle (Hard Sub) Translated by Shin Rina Encoded by Phyo Pyae

Horror • Thriller
7.3 2004 143 mins
The Phantom of the Opera
L’uomo sulla strada
6.2

L’uomo sulla strada (2022) ~ IMDb rating – 6.2/10 ~ ဒီကားက‌တော့ 2022 ကထွက်ရှိထားတဲ့ အီတလီ သည်းထိတ်ရင်ဖို အချစ်ကား​တစ်ကားပါ။ အသက်ရှစ်နှစ်အရွယ်တုန်းက အီရန်နာတစ်​ယောက် အ​ဖေနဲ့ ကစား​နေတုန်း မျက်စိ​ရှေ့မှာတင် သူ့အဖေ ကားနဲ့တိုက်ခံလိုက်ရတာကို ​တွေ့ကြုံလိုက်ရပါတယ်။ အမှုရဲ့တစ်ခုတည်း​သော မျက်မြင်သက်​သေ ဖြစ်တဲ့ အီရန်နာတစ်​ယောက် တရားခံဖြစ်သူရဲ့ မျက်နှာကို မမှတ်မိလို့ အမှုမှန်မ​ပေါ်​ပေါက်ခဲ့တာကို အရွယ်​ရောက်ခါတဲ့အထိ စိတ်ထဲတာဝန်မကင်းဖြစ်​နေခဲ့ရပါတယ်။ အဲဒီစိတ်​ကြောင့်ပဲ ​ကျောင်းမှာ အဆင်မ​ပြေဖြစ်ပြီး စက်ရုံတစ်ခုမှာ အလုပ် ဝင်လုပ်ပါ​တော့တယ်။ တစ်ဖက်မှာလည်း တစ်ရက် သူငယ်ချင်း​တွေနဲ့ ​​သောက်စား​ပျော်ပါးပြီးအပြန် ​ကောင်မ​လေးတစ်​ယောက်ကို ဖွန်​ကြောင်ဖို့ကြိုးစားရင်း မထင်မှတ်ပဲ အီရန်နာ့အ​ဖေကို သတ်မိသွားတဲ့ မီခဲတစ်​ယောက် ​နောင်တ​တွေများစွာနဲ့ အ​ဖေ့စက်ရုံမှာ လုပ်​နေရင်း တစ်​နေ့ အီရန်နာ စက်ရုံကို​ရောက်လာတဲ့အခါ မီခဲတစ်​ယောက် ဘယ်လို​တွေတုံ့ပြန်ခဲ့လဲ… တုံ့ပြန်ရာကနေ အချစ်ဆိုတဲ့ခံစားချက်​တွေ​ ဘယ်လို ပြောင်းလဲသွားလဲ… ဆိုတာ​တွေကို ကြည့်ရမယ့် သည်းထိတ်ရင်ဖိုကား​ကောင်း​​လေးတစ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 875MB Quality – 1080p, 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 50Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

6.2 2022
L’uomo sulla strada
Triage

“It is only the dead who have seen the end of the war.” ဆိုသလိုပဲ လူတွေသေဆုံးသွားရင်တောင် စစ်ပွဲတွေကတော့ အမြဲတမ်းရှိနေမှာပါ။ စစ်ပွဲတွင်းကနေပြန်လာတဲ့သူတွေမှာ သာမန်လူတွေနဲ့မတူတဲ့စိတ်ဒဏ်ရာကြီးကြီးမားမားတွေရှိနေတတ်တယ်။ ထိရောက်တဲ့ကုထုံးတွေမှမကူရင် ဘယ်လိုမှနလံမထူနိုင်အောင် အချိန်စက်ဝန်းတစ်ခုတည်းမှာပဲပိတ်မိနေသလို လက်ကျန်ဘဝတစ်ခုလုံး နာကျင်နေရတတ်ပါတယ်။ ခွင့်လွှတ်မှုဆိုတာတခြားသူတွေဆီကရနိုင်တဲ့အရာမဟုတ်ပါဘူး ကိုယ့်ကိုကိုယ်၌မှာပဲ ကိုယ့်ကိုပြန်ပြီးခွင့်လွှတ်ပေးလို့ရတဲ့အရာမျိုးပါ စိတ်ရဲ့ပြဿနာတော်တော်များများက ကိုယ့်ကိုကိုယ်ခွင့်မလွှတ်နိုင်တာကနေစပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ စစ်ပွဲတွင်းမြင်ကွင်းတွေကို ဓာတ်ပုံရိုက်ဝင်ငွေရှာတဲ့ သဘာဝဓာတ်ပုံဆရာမာ့ခ်က ဒီတစ်ခေါက်မှာသူငယ်ချင်းဒေးဗစ်နဲ့အတူ စစ်ပွဲရှိရာKurdistanကို အလုပ်ခရီးထွက်ဖြစ်ခဲ့တယ်။ သူတို့စခန်းချတဲ့နေရာကတော့ Triageစနစ်ကျင့်သုံးတဲ့ စစ်လူနာကုသဆောင်မှာပေါ့။ တစ်နေ့မှာ မာ့ခ်က အဖြစ်ဆိုးတစ်ခုနဲ့ကြုံခဲ့ရတယ်။ သူကြုံခဲ့ရတဲ့အဖြစ်ဆိုးကို သူကိုယ်တိုင်ရော ရေရေရာရာသိမှာလား လက်ခံနိုင်စွမ်းရှိမှာလား စစ်ပွဲတွေနဲ့ထိတွေ့မှုမရှိတဲ့အပြင်ကမိသားစုဝင်တွေကရော မာ့ခ်ကိုကူညီပေးနိုင်မှာလား။ ဒီအဖြေတွေကို Triage 2009 movieမှာ ကြည့်ရှုလို့ရပါပြီ။ သဘာဝရုပ်ရှင်တွေကိုကြိုက်တဲ့ရုပ်ရှင်ပရိသတ်တွေအတွက်တော်တော်ကိုပြီးပြည့်စုံတဲ့ဇာတ်ကားတစ်ကားလို့ပြောလို့ရပါတယ်။ File size…(1.8 GB)/(960 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre…Drama, Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

War • Action • Adventure • Drama • Thriller
0 2009
Triage
No Rest for the Wicked
6.4

ဒီရုပ်ရှင်ဟာ ၂၀၀၄ခုနှစ် မတ်လ၊ စပိန်နိုင်ငံ၊ မက်ဒရစ်မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ရထားဗုံးခွဲမှုကို တစ်စိတ်တစ်ပိုင်းမှီငြမ်းပြီးရိုက်ကူးထားတာပါ…။ ရဲအမှုလိုက် ဇာတ်ကားတစ်ကားဖြစ်ပြီး Goya Awards ၆ဆုအထိ ရရှိခဲ့တဲ့ကားလေးပါ…။ ဇာတ်လမ်းအကျဥ်းကတော့ ညကြီးမင်းကြီးမှာ လူတစ်ယောက်ဟာ အရက်မူးပြီး သုံးလောင်းပြိုင်လူသတ်မိသွားပါတယ်…။ စိတ်ဝင်စားဖို့ကောင်းတာက အဲ့လူဟာ ရဲတစ်ယောက်ဖြစ်နေခဲ့တာပါပဲ… အသိဝင်လာတဲ့အချိန်မှာတော့ လက်လွန်သွားပြီဖြစ်တဲ့အတွက် သူ့ပြစ်မှုမပေါ်အောင်သက်သေတွေဖျောက်ဖို့၊ မျက်မြင်သက်သေတွေကို ဖျောက်ပစ်ဖို့ပဲရွေးရပါတော့တယ်…။ ခေတ်ကာလအားဖြင့်အဲ့အချိန် မက်ဒရစ်မြို့မှာက အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ မူးယစ်မှုတွေပေါသောနေတာမို့ သူ့အတွက်တော့ ရာဇဝတ်မှုက ထွက်ပြေးဖို့ အခါအခွင့်သင့်ချိန်ဖြစ်နေခဲ့တာပေါ့….။ ကဲ ရဲသားကြီးတဖြစ်လည်း ရာဇဝတ်သားကြီး ရာဇဝတ်ဘေးက ပြေးလွတ်မလားဆိုတာ ဇာတ်လမ်းထဲမှာဆက်ကြည့်ရှုလို့ရပါပြီ… File size…1.88GB / 692MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 54m Genre ….. Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

6.4 2011
No Rest for the Wicked
Christmas of Yes
6.1

Christmas of Yes (2023) ================== IMDb Rating – 6.1/10 အလုပ်အရမ်းကြိုးစားပြီး အလုပ်ကလွဲရင်ဘာအတွက်မှ အချိန်မရှိတဲ့ Amy Bell က ခရစ္စမတ်မတိုင်ခင်မှာပဲ ကုမ္ပဏီကနေ အလုပ်ပြုတ်သွား ခဲ့တယ်။ အဲဒီမှာ သူနဲ့ဆန့်ကျင်ဘက် စွန့်စားရေးသမား သူ့အစ်ကိုPhilက Amy ကို ခရစ္စမတ်ရက်အထိ Amy ပြောပြောနေကျ နိုးဆိုတဲ့စကားလုံး အစား အရာအားလုံးကို ရက်စ်လို့ပြောဖို့ စိန်ခေါ်မှု စခဲ့တာပါပဲ။ ပြိုင်ဆိုင်ချင်စိတ်ပြင်းတဲ့ Amy လည်း အဲဒီစိန်ခေါ်မှုကိုလက်ခံခဲ့တာပေါ့။ နောက်တော့ Amy သူ့ရဲ့ ရက်စ်စိန်ခေါ်မှုကြောင့်ပဲ မကြည့်ချင်တဲ့ လက်တန်း ဟာသရှိုးပွဲကို သွားကြည့်ရရင်း ရှိုးပွဲကကောင်လေး Nico နဲ့ တွေ့ခဲ့တယ်။ Amy နဲ့ Nico တို့နှစ်ယောက် စစချင်းမှာတော့ မတူညီတဲ့စရိုက်တွေကြောင့် အချင်းချင်းအမြင်ကတ်ခဲ့ကြပေမဲ့ နောက်ပိုင်း ရက်စ်ခရစ္စမတ်အတွင်း ဘယ် လိုအပြောင်းအလဲတွေဖြစ်လာမလဲဆိုတာကို ဒီဇာတ်လမ်းမှာ ဆက်လက် ကြည့်ရှုနိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(1.5 GB) / (489 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 24Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Romance Translator…….Thwal Htoo Zin Encoder……….SWM

6.1 2023
Christmas of Yes
The Immortal
6.7

The Immortal (2018) ================== IMDb – 6.7/10 ဒီတစ်ခါမိတ်ဆက်​ပေးမှာ​က​တော့ 2018 မှာထွက်ရှိထားပြီး ဒါရိုက်တာ Victor Vu ရိုက်ကူးထားတဲ့ The Immortal ဆိုတဲ့ ဗီယက်နမ် သည်းထိတ်ရင်ဖိုကား​လေးပဲဖြစ်ပါတယ် ဒီရုပ်ရှင်ဟာ ထွက်ကတည်းကကြည့်ရှုသူတိုင်း Good review ​ပေးတာကို ခံ​နေရတဲ့ horror ကား​လေးပဲဖြစ်ပါတယ် ဇာတ်လမ်းအညွှန်း ဟုမ်တစ်​ယောက် ချစ်သူ လင်းဆိုတဲ့​ကောင်မ​လေးနဲ့ ဘဝ​ရှေ့​ရေးကိုတိုင်ပင်​နေရင်းတစ်​နေ့ အ​ဖေဖြစ်သူရဲ့အ​မွေ​တွေကို မ​ပေးချင်တဲ့ အကိုခမ်းရဲ့ လုပ်ကြံတာကို ခံရပြီး ​အောက်လမ်းဆရာတစ်​ယောက်ရဲ့ ကယ်တင်ခြင်းကိုခံရပြီး အသက်ရှင်​​နေခဲ့ပါတယ် အကိုအ​ပေါ် လက်စား​ချေချင်တာနဲ့ ဘဝမှာတစ်ခါသာ သုံးလို့ရတဲ့ ​သေခြင်းဂါထာနဲ့ သတ်ပစ်ခဲ့ပါတယ် ​​နောက်ပိုင်း ဂါထာနဲ့သတ်ရတာကိုဝါသနာထုံသွားပြီး ​သေခြင်းဂါထာစည်းမျဥ်းကို ချိုး​ဖောက်ပြီး ဂါထာနဲ့ လူ​တွေသတ်​နေရင်း ​အောက်လမ်းပညာရဲ့ဆိုးကျိုး​တွေကိုခံစားလာရပါတယ် ဒီထိ​ရောက်လာပြီးမှ မ​သေချင်​သေးတဲ့ ဟုမ်တစ်​​​ယောက် ​အောက်လမ်းဆရာကို မ​သေခြင်းတရားဂါထာနဲ့ မ​သေမျိုးဖြစ်​အောင် ​လုပ်​​ပေးဖို့​တောင်းဆိုခဲ့ပါတယ် ဂါထာအစွမ်းကြီး​လေ ​ပေးဆပ်ရတာများ​လေဖြစ်တာ​ကြောင့် ဟုမ်ရဲ့တန်ဖိုးအရှိဆုံးအရာ​တွေ ဘဝက​နေ ​ပျောက်ကွယ်သွားပါတယ် မ​သေမျိုးဖြစ်လာပြီး​တော့ ဟုမ်တစ်​ယောက် သူရဲ့ ဘဝမှာ ​ပျော်ရွှင်နိုင်​သေးလား မ​သေမျိုးဖြစ်ရတာရဲ့ ဒုက္ခ​တွေ ဆိုးကျိုး​တွေက​ရောဘာ​တွေလဲ ဘဝမှာထာဝရအသက်ရှင်​နေတာက​ရော ဆုလာဘ်လား ပြစ်ဒဏ်လား ဒီမ​သေခြင်းကျိန်စာက​နေလွတ်​မြောက်​အောင် သူဘယ်လို​တွေ​လုပ်​ဆောင်ရလဲ အခက်အခဲ​တွေဘယ်လို ​ကျော်ဖြတ်ရလဲဆိုတာ​တွေကို တစ်ကားလုံး ကြည့်ရှုသူကိုအပါ​ခေါ်သွားနိုင်​လောက်တဲ့အထိ ရိုက်ပြထားတဲ့ သည်းထိတ်ရင်ဖိုကား​ကောင်း​လေးပဲဖြစ်ပါတယ် ( ဘာသာပြန်ပြီး အညွှန်းရေးသာထားသူကတော့ DB ပါ ) File size_(2.2GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:00:00 Genre_Fantasy, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by DB

6.7 2018
The Immortal
Sana aka Minna no Uta
5.3

Minna No Uta (2023) Imdb -5.3 ကက်ဆက်သံကြားမိသူတိုင်း ဆန်းကြယ်မှုထဲပတ်သက်မိပြီး ပျောက်ဆုံးကုန်ကြတဲ့ ထူးခြားဆန်းကြယ်ကက်ဆက်.. ဇာတ်လမ်းအစကတော့ ရေဒီယိုအသံလွှင့်ရုံကနေ နားဆင်သူတွေနဲ့ လိုက်ဖ်ရှိုးလုပ်နေတုန်း လူတစ်ယောက်က ကက်ဆက်အကြောင်းမေးခဲ့တယ် ကက်ဆက်တိပ်ခွေရောက်လားပေါ့ စတူဒီယိုအဖွဲ့သားတွေက ဒါကိုရိုးရိုးတိပ်ခွေပဲထင်ကြပေမဲ့ ဒီဟာမှာကပ်ပါလာတဲ့ အမှောင်လောကသားကိုတော့ သူတို့မမြင်ခဲ့ကြ ဒီကက်ဆက်တိတ်ခွေနောက်ဆက်တွဲရလဒ်အနေနဲ့ကတော့ လိုက်ဖ်ရှိုးလွှင့်ဖို့ရက်သိပ်မကျန်တော့တဲ့ Generations ဆိုတဲ့အဖွဲ့ထဲက အဆိုတော်ပျောက်ဆုံးသွားတာပါ မပျောက်ဆုံးခင် ဒီအဆိုတော်က သီချင်းညည်းသံတွေကြားခဲ့ရပြီး လေ့ကျင့်ချိန်မှာလည်း သူမဟုတ်သလို သူပဲထူးဆန်းတာတွေတွေ့‌သလိုဖြစ်နေတော့ အဖွဲ့သားတွေစိတ်ပူနေချိန်မှာပဲ ပျောက်ဆုံးသွားခဲ့တာပါ ဒီအမှုကို အစကလိုက်ရင်းကနေ ကက်ဆက်တိပ်ခွေရဲ့အတိတ်အကြောင်းပါ စုံစမ်းမိသွားပါတယ် ဒါကတော့ဘာများဖြစ်မလဲ မမြင်ရတဲ့ပရလောကသားကရော ဘာလိုချင်တာလဲဆိုတာကိုတော့ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ BpL ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ် )

5.3 2023
Sana aka Minna no Uta
Charisma
6.8

Charisma (1999) ~ IMDb – 6.8/10, Rotten Tomatoes – 76% ~ ထူးခြားတဲ့အပင်တစ်ပင်အတွက် တစ်တောလုံးကို သတ်ပစ်မလား။ တစ်တောလုံးကို ကယ်ဖို့အတွက် အဲဒီအပင်တစ်ပင်ကို သတ်ပစ်မလား။ နှစ်မျိုးစလုံးကို ကယ်မှာလား။ နှစ်မျိုးစလုံးကို ကယ်ဖို့လုပ်ရင်း နှစ်ခုလုံးက သေသွားတာဖြစ်နိုင်ပြန်ပါသေးတယ်။ ဒါမှမဟုတ် နှစ်မျိုးလုံးကို သတ်ပစ်လိုက်ပြီးတော့ အစသစ်တစ်ခုကို ဖန်တီးမှာလား။ ဒီလိုဝေခွဲရခက်တဲ့ မေးခွန်းတွေကို Charisma (1999) ဆိုတဲ့ ဇာတ်ကားလေးက မေးပြီးတော့ အဖြေတွေကို ဖြေပြသွားပါတယ်။ အပင်တွေရဲ့ ဂေဟစနစ်နဲ့ လူ့အဖွဲ့အစည်းကိုလည်း လှလှပပလေး ယှဉ်ပြီး ပြသွားပါသေးတယ်။ မှန်းဆမရတဲ့ လူ့သဘာဝနဲ့ မတူတဲ့ ယုံကြည်မှုရှိတဲ့သူတွေ၊ မတူတဲ့ အဖြေတစ်ခုစီ ရှိနေကြတဲ့ လူတွေရဲ့ ပဋိပက္ခတွေ စတဲ့ အဖြေရှာမရတဲ့ ပြဿနာတွေကို အဓိကဇာတ်ကောင်က ဖြေရှင်းသွားတဲ့ပုံကတော့ ရွဲ့တယ်ပဲ ထင်ရမလား၊ အဲဒါကပဲ တကယ့်အဖြေဖြစ်နေမလား၊ ဒါမှမဟုတ် ဇာတ်ညွှန်းရေးဆရာရဲ့ ယုံကြည်မှု ဒါမှမဟုတ် နောက်ထပ် အဖြေတစ်ခုပဲလားတော့ ကျွန်တော်လည်း မသိတော့ပါဘူး။ ဂျပန် Psychological Horror လောကကို အပြောင်းအလဲတစ်ခုဖြစ်အောင် လုပ်နိုင်ခဲ့တဲ့ Cure ဇာတ်ကားရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာ Kiyoshi Kurosawa ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားပေါ့။ ခိရိုရှိကူရိုဆာဝါဟာ ခိုဂျိနဲ့တွဲရိုက်တဲ့ သူ့မာစတာပိစ်ရုပ်ရှင်ဖြစ်တဲ့ Cure နဲ့ နိုင်ငံတကာမှာ အောင်မြင်မှုရပြီးနောက်ပိုင်းမှာ Perfect Days နဲ့ခုနောက်ပိုင်း ဒီကလူတွေတော်တော်သိလာတဲ့ ခိုဂျိနဲ့ပဲ Charisma နဲ့ Pulse ကို ဆက်ရိုက်ခဲ့တယ်။ ဒီနှစ်ကားကလည်း Cure လိုပဲ ဂျပန်ဟော်ရာရုပ်ရှင်တွေရဲ့ မှတ်တိုင်တစ်ခုဖြစ်ခဲ့တယ်။ ဟော်ရာနဲ့ပတ်သက်ရင် အခုနောက်ဆုံးထွက်တဲ့ Chime မှာ ဘာမှမပါဘဲကို ရိုက်ပြနိုင်တဲ့ အမြင့်ဆုံးအဆင့်လို့ပြောလို့ရတဲ့ အဆင့်ကိုရောက်သွားပြီဆိုတော့ ဒီအစောပိုင်းကားတွေမှာ ဘယ်လိုလက်စွမ်းပြထားမလဲ ကြည့်ကြသင့်တဲ့ ရုပ်ရှင်ပါပဲ။ ဂျပန်ဟော်ရာနဲ့ပတ်သက်ရင် Kiyoshi Kurosawa ကတော့ ခင်ဗျားကို ဘယ်တော့မှ စိတ်ပျက်စေမှာမဟုတ်ဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 980MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 44Min Genre – Drama, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

6.8 1999
Charisma
247°F

survivalဆန်ဆန် သည်းထိတ်ရင်ဖိုဇာတ်လမ်းမျိုး ကြိုက်နှစ်သက် သူတွေအတွက် ဇာတ်ကားကောင်းတစ်ခု တင်ဆက်ပေးလိုက်ပါတယ်ဗျာ။ ဒီရုပ်ရှင်ဟာ ဖြစ်ရပ်မှန်အပေါ် အခြေခံထားတယ်လို့လည်း ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ ဒီဖြစ်ရပ်ဟာ ရုပ်ရှင်ဖန်တီးသူတွေ နေထိုင်ခဲ့တဲ့ ဂျော်ဂျီယာမှာ တကယ်ဖြစ်ခဲ့လိုပါပဲ။ ဂျန်နာ၊ ရီနေ၊ အီရန်နဲ့ မိုက်ကယ်တို့ သူငယ်ချင်းတစ်စုဟာ အားလပ်ရက်မှာ အပန်းဖြေကြဖို့အတွက် အီရန်ရဲ့ ဦးလေးဖြစ်သူ ဝိတ်ဒ်ရဲ့ သစ်လုံး အိမ်လေးကို ငှားရမ်းခဲ့ကြပါတယ်။ ပွဲတော်ညတစ်ညမှာတော့ သူငယ်ချင်းတစ်ဖွဲ့ ပျော်မြူးနေကြရာကနေ အိမ်ထဲမှာရှိတဲ့ ချွေးထုတ် ခန်းထဲမှာ ပိတ်မိသွားကြပါတော့တယ်။ အစကတော့ အချင်းချင်း စနောက်နေတယ်လို့ ထင်ရာကနေ အခြေအနေအမှန်ကို နားလည် သွားကြတဲ့အခါမှာတော့ အပူချိန်ကိုအံတုပြီး အသက်လုရတဲ့အဖြစ်ကို ကြည့်ရှုရမှာပါ။ ဖြည်းဖြည်းချင်းတက်လာတဲ့ အပူရှိန်ကို ကြံ့ကြံ့ခံရင်း သူတို့သူငယ်ချင်းတွေ ဘယ်လိုထွက်ပေါက်ရှာကြမလဲဆိုတာကို သည်းထိတ်ရင်ဖို ကြည့်ရှုရမှာဖြစ်ပါတယ်ဗျာ။ ကျဉ်းမြောင်းတဲ့နေရာတစ်ခုမှာ ပိတ်မိပြီး အသက်လု ထွက်လမ်းရှာရတဲ့ ဇာတ်လမ်းမျိုးကြိုက်သူတွေအတွက် ကွက်တိဖြစ်မယ့် ဇာတ်လမ်းလေးပါပဲ။ R ratedဖြစ်တာကြောင့် ရိုင်းပြတဲ့ စကားအသုံးအနှုန်းတွေပါဝင်တာကိုတော့ အသိပေးလိုပါတယ်ဗျ။ File size… 815MB Quality…WEB-DL 1080p HEVC Format…mkv Duration….1h 28m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Spencer Potato

0 2011 88 mins
247°F
Vettaiyan
8

Vettaiyan (2024)”မုဆိုး” =================== တမီလ်ရုပ်ရှင်လောကရဲ့ နာမည်အကြီးဆုံးမင်းသားတွေထဲကတစ်ယောက်ဖြစ်တဲ့ မင်းသားကြီး ရာဂျာကီနတ်ရဲ့ အသစ်ထွက် ရုံတင်ကားသစ်ကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီထဲမှာ ရာဂျာကီနတ်အပြင် ဘောလိဝုဒ်ဂန္တဝင်မင်းသားကြီး အမီတာဘဂျမ်းနဲ့ Pushpa တို့.. Vikram တို့ထဲမှာ antagonist နေရာသရုပ်ဆောင်ခဲ့တဲ့ သဘာဝမင်းသား ဖာဟက်ဒ်ဖာဆေလ်တို့ကလည်း အားဖြည့်ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းကတော့ အစိုးရရဲ့ အကျင့်ပျက်ခြစားမှုတွေကြောင့် အောက်ခြေ အစိုးရကျောင်းတွေထိ မကောင်းမှုတွေပြည့်နှက်နေတဲ့ နယ်မြို့လေး။ အဲဒီမြို့လေးကို မုဆိုးလို့ နာမည်ပြောင်ရထားတဲ့ အာသီယန်ဆိုတဲ့ အကြမ်းပတမ်းရဲအုပ်တစ်ယောက်ရောက်လာပြီး တစ်မြို့လုံးကို တရားဥပဒေအောက်ပြန်ရောက်လာအောင်ကြိုးပမ်းပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာပါ..။ နာမည်ကြီးသရုပ်ဆောင်တွေ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားပြီး ဇာတ်လမ်းကလည်း အချိန်ပေးရကျိုးနပ်တဲ့ဇာတ်လမ်းမျိုးဖြစ်တာကြောင့် ပရိသတ်တွေအတွက် CM Bollywood Team ကနေ ညွှန်းဆို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…။

8 2024 161 mins
Vettaiyan
A Long Way Home
5.9

ယန်ထန်မြို့လေးက အေးချမ်းသာယာတယ်လို့ထင်ရပေမဲ့ တကယ်တမ်းမှာတော့ ကြီးမားတဲ့အမှုကြီးတစ်ခုဖြစ်နေခဲ့တယ်။ဒါကတော့ ကလေးတွေကိုပြန်ပေးဆွဲရောင်းစားတဲ့အမှုပေါ့။ အုတ်စက်ရုံမှာအလုပ်လုပ်နေတဲ့အဖေကို အဖော်ပြုပေးနေတဲ့လင်ခဲ့တစ်ယောက်တစ်နေ့မှာတော့ အဖေဖြစ်သူဒဏ်ရာရတာကိုကြားသိပြီးအလျင်အမြန်အဖေ့ကိုသွားကြည့်ခဲ့ပေမဲ့ အဖေကသားကို စိတ်မပူစေချင်တာကြောင့် ဘာမှမဖြစ်သလိုနေခဲ့တယ်။ အဲ့အချိန်မှာစက်ရုံပိုင်ရှင်ရဲ့တူဖြစ်သူ ဟောက်ကျီကလည်းဒဏ်ရာဖြစ်တာကြောင့် သူ့ဆီအကြောင်းအရင်းသွားမေးမြန်းပြီးနှစ်ဦးသား အဖေ့ကိုထိခိုက်အောင်လုပ်တဲ့ လူတစ်စုကိုသွားရန်ဖြစ်ထိုးကြိတ်ခဲ့တယ်။ဒီလိုနဲ့နှစ်ဦးသားသူငယ်ချင်းဖြစ်သွားပြီး ဟောက်ကျီကယန်ထန်ဇာတိဖြစ်ကြောင်းပြောခဲ့တာပေါ့။ ဒီလိုနဲ့နောက်တစ်နေ့လင်ခဲ့ကို ခြိမ်းခြောက်ပြီးကလေးအပေးအယူကိစ္စကိုပေးခဲ့တယ်။ ဒါကိုလင်ခဲ့သိသွားတဲ့အခါမှာ သူ့ကိုယ်ပေါ်မှာဆောင်ထားတဲ့အရာလေးနဲ့ကလေးတွေ ကိုယ်ပေါ်မှာပါလာတာနဲ့ တစ်ထပ်တည်းဖြစ်နေတာကိုတွေ့တဲ့အခါမှာသိလိုက်ရတာက ဒီအမှုအမှန်တရားကိုစုံစမ်းဖို့ဆုံးဖြတ်ခဲ့ပါတော့တယ် အန္တရာယ်ကြားကနေစုံစမ်းဖော်ထုတ်တဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်လာကြမလဲ။ ဒီဇာတ်ကားလေးဟာ မှုခင်းဇာတ်လမ်းတစ်ပုဒ်ထက်ပိုသောပဟေဋိဆန်တဲ့ဇာတ်ကွက်ပေါင်းများစွာ ထည့်ထားတာကြောင့် CM ကနေတင်ဆက်လိုက်တဲ့ဒီဇာတ်ကားလေးကို စောင့်မျှော်ကြည့်ရူလိုက်ရအောင်

Romance • Comedy
5.9 2023
A Long Way Home
Burn After Reading
7

Burn After Reading (2008) ************************** IMDb….. 7.0 ဒီတစ်ခါ ကျွန်တော်တို့ မိတ်ဆက်ပေးချင်တဲ့ကားကတော့ cast တွေ အရမ်းကြမ်းတဲ့ R rate ရထားတဲ့ Crime Drama ရုပ်ရှင် တစ်ကားပါ။ Castတွေကတော့ ဟောလိဝုဒ်ရဲ့ Legendတွေဖြစ်ခဲ့တဲ့ George Clooney, Brad Pitt နဲ့ Tilda Swinton တို့ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့အစမှာတော့.. CIA အေးဂျင့်ပြုတ် တစ်ယောက်ဟာ အရေးကြီးတဲ့ ပဟေဋ္ဌိဆန်တဲ့ အချက်အလက်တွေပါတဲ့ CD တစ်ချပ်ကို မှတ်တမ်းအနေနနဲ့လုပ်ခဲ့ပါတယ်။ ကံဆိုးချင်တော့ ဒီCDဟာ Georgetwon Gymမှာ ကျန်ခဲ့ပြီး အလုပ်သမား နှစ်ယောက် လက်ထဲရောက်သွားခဲ့ပါတယ်။ အဲဒီ အလုပ်သမား ၂ယောက်ကတော့ Lindaလို့ ခေါ်တဲ့ အလှပိုင်းဆိုင်ရာ ခွဲစိတ်ပြုပြင်ဖို့ ငွေလိုနေတဲ့ အမျိုးသမီးတစ်ယောက်နဲ့ Chad ဆိုတဲ့ လူအတစ်ယောက်ဖြစ်ပြီး ဒီ CDကို ရောင်းဖို့ ကြိုးစားတဲ့အခါမှာတော့….. ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဟာသတစ်ပိုင်း ရင်ဖိုစရာတစ်ပိုင်းနဲ့ ခံစားရမဲ့ Imdb rating 7 တိတိရထားတဲ့ မှုခင်း ဒရာမာ ကားကောင်းတစ်ခုပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Pinky ပဲ ဖြစ်ပါတယ်။) File Size : 3.1GB/ 1.0GB Quality : Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration…01:36:56 Genre : Comedy , Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Pinky Encoded by Tiff

Thriller • TV Movie
7 2008 96 mins
Burn After Reading