YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

[S3] The Boys - Episode 08 - 720p Bluray [RMC] Complete.mp4

457.34 MB N/A video/mp4 23 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Chaahat
6.7

ပရိတ်သတ်အချစ်တော်မင်သားကြီး ဘောလိဝုဒ်King SRKရဲ့ 1996ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပြီး IMDb rating 5.5ရရှိထားပါတယ်။ ဇာတ်လမ်းအညွှန်း ရူပ်းဆင်းရာထောရ်နဲ့ သူ့အဖေ ရှန်ဘူးနားသ်ဟာ ရွာမှာသီချင်းဆိုတဲ့သူတွေဖြစ်ကြပြီး တစ်နေ့မှာတော့ အဖေဖြစ်သူ ရှန်ဘူးနာသ်းဟာ နာမကျန်းဖြစ်လာကာ ဆေးကုရမယ့်အခြေအနေဆိုက်ရောက်လာပါတော့တယ်။ ဒီလိုနဲ့ပဲ အဖေကို ဆေးကုပေးဖို့အတွက် မြို့ပေါ်တက်လာတဲ့ တောသားလေးရူးပ်နဲ့ သဘောကောင်းပြီးဖော်ရွေတဲ့သူနာပြုမလေး ပူဂျာတို့နှစ်ယောက် အမှတ်မထင်တွေ့ဆုံရာကနေ သူမကို မြင်မြင်ချင်း ချစ်မိသွားတယ်။ အဲဒီအချိန်မှာပဲ ရွှေဇွန်းကိုက်မွေးလာပြီး လက်ညှိုးညွှန်ရာ ရေဖြစ်တဲ့ သူဌေးသမီးလေး ရေးရှ်မာကလည်း ရူးပ်ကိုမြင်မြင်ချင်းစွဲလမ်းမိသွားပြီး ရူးပ်ကိုပိုင်ဆိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ကြိုးစားပါတော့တယ်။ ရူးနဲ့ ပူဂျာတို့ ပေါင်းဖက်ခွင့်ရနိုင်မှာလား ? ဘယ်လို အတားအဆီးတွေနဲ့ ကြုံတွေ့ရမလဲ ? မင်းသားကြီး ရှာရွတ်ခန်းရဲ့ Action/Romanceအမျိုးအစား ဇာတ်ကားကောင်းတစ်ကား ဖြစ်ပြီး သရုပ်ဆောင်ချက်တွေ ပီပြင်လွန်းတဲ့အတွက်ကြောင့် ပရိသတ်တွေမမေ့နိုင်တဲ့ ကားလေးလည်းဖြစ်တာမလို့ ဘောလိဝုဒ် ပရိတ်သတ်များ လုံးဝ လက်မလွှင့်သင့်ပါကြောင်း ... ဘာသာပြန်သူတွေကတော့ Thaik San,Intelligenceနဲ့ Soe Kalayarတို့ပဲ ဖြစ်ပါတယ်။ File size…3.21GB/ 1.47GB Quality…1080p NF  WEB DL /720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thaik San,Intelligence, Soe Kalayar

Action • Drama • Romance
6.7 1996 155 mins
Chaahat
Serendipity
6.9

IMDb Rating - 6.8/10 ခရစ်စမတ် ရာသီ နယူးယောက်မြို့တော်မှာ..ဂျိုနာသန်ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ..ဆာရာ ဆိုတဲ့ ကောင်မလေး တစ်ယောက်ကို Bloomingdale ဆိုတဲ့ department store တစ်ခုမှာ စတွေ့ခဲ့မိပါတယ်။ သူတို့နှစ်ယောက်ဟာ ကတ်ရှ်မဲ လက်အိပ်အနက်ကလေး တစ်စုံ တည်းကို ဝယ်ဖို့ ပြိုင်တူဆုပ်ကိုင်မိခဲ့တာ..။နှစ်ယောက်လုံးမှာ သက်ဆိုင်သူ ကိုယ်စီရှိတော့ စကားအပြန်အလှန်ပြောရင်း လက် ဆုံကျပြီး ဆိုင်ကလေး တစ်ဆိုင်မှာအတူထိုင်ဖြစ်ကြတယ်ဆိုပါ တော့..။ ဆိုင်ကလေးရဲ့ နာမည်က Serendipity 3 ပါ။ အပြင်မှာ တကယ်လဲရှိပါတယ်။ ကိုယ်တွေ အင်းလျားလမ်းမှာတောင်နာမည်လေးခပ်ဆင်ဆင် တစ်ခု ရှိတယ် Serenity လေ။ (Serenity ကို 'သက်ငြိမ်' လို့နာမည်ပေးခဲ့ ဖူးတယ်၊ အရင်တုန်းက အင်းလျားလမ်းမှာသင်္ကြန်မဏ္ဍပ် လက်မှတ် ဝယ်ရင် ဒီဘက်ကနေ ဟိုဘက်ထိလျှောက်ခဲ့ဖူး။အခုတော့ အဲဒီဆိုင် လေးထာ၀ရပိတ်သွားခဲ့ပါပြီ) ( Serendipity ကိုတကယ်တမ်း အဓိပ္ပါယ်ဆိုရမယ်ဆိုရင် မမျှော်လင့်ပဲ ရတနာသိုက်ကြီးကိုရှာတွေ့တယ်ဆိုတာမျိုး၊ထပ်ပြီးရှင်းရမယ်ဆိုရင်တော့ ရှာမနေပဲနဲ့ အခုမှ ကိုယ့် လက်တွဲဖော်အစစ် ဖူးစာကိုရှာတွေ့သွားတာလို့ ဆိုလိုချင်ဟန်ရှိတယ်)။ ခုနက စကားအတိုင်းပြန်ကောက်ရရင် ဆာရာက သူ့ဘဝရဲ့ ဆုံးဖြတ်ချက်တွေ အကြောင်းပြောပြဖြစ်ခဲ့တယ်။ သူတို့နှစ်ယောက် ဟာ စားသောက်ဆိုင်မှာ ကျန်နေခဲ့တဲ့ ပစ္စည်းတွေကို claim လာလုပ်ရင်း နောက်တစ်ခါ ထပ်ဆုံဖြစ်ကြပါတယ်။ ဒါကတော့ ကံကြမ္မာမှာ သူတို့တွေ ရေစက်ပါလာတယ်လို့ ယူဆပြီး ဖုန်းနံပါတ်လေးတွေ ဖလှယ်ဖြစ်ခဲ့တယ်။ ဆာရာ့လက်ထဲက ဖုန်းနံပါတ်ကလေး လေထဲလွင့်ပါးသွားတော့ ဒါဟာ နမိတ်ဆိုးပဲလို့ ဆာရာက ယူဆလိုက်တော့တယ်။ ဒီတော့ ဖုန်းနံပါတ်တွေကို တစ်ခြားနည်းနဲ့ ဖလှယ်ဖြစ်ခဲ့တယ်။ တစ်ယောက် က ငါးဒေါ်လာတန်လေးပေါ်မှာ နံပါတ်ရေးတယ်။ နောက် တစ်ယောက်က မနက်ဖြန်ရောင်းမယ့် စာအုပ်တစ်အုပ်ရဲ့ အတွင်းဖုံးလေးမှာ ရေးတယ်။ သူတို့သာ တကယ်တမ်း ဖူးစာဖက်ဆိုရင် တစ်ယောက်ယောက်ဟာ တစ်ခု ခုကို ပြန်ရှာတွေ့ပြီး အဆက်အသွယ်ပြန်ရကြမယ်ဆိုတဲ့ မျှော်လင့်ချက်က လေးတွေကိုယ်စီနဲ့ပေါ့လေ . . . ကဲ ဇာတ်လမ်းလေးကို ဆက်လက်ကြည့် ရှုလိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Alias မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသား ပေးသူကတော့ Sai Thurein Lynn ဖြစ်ပါတယ်) File Size..........(2.61 GB) / (865 MB) / (500 MB) Quality............Blu-Ray 1080p / 720p / 480p Duration.........1Hr 30mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......Sai Thurein Lynn Encoder..........SWM

Crime
6.9 2001 90 mins
Serendipity
Special Agent
6

မြောက်ပိုင်းက ဇီဝလက်နက်ဗိုင်းရပ်စ်တစ်မျိုးကို ဖန်တီးပြီး ဖြေဆေးကို ရဖို့အတွက် ပါမောက္ခကြီးကို ခြိမ်းခြောက်တယ်။ ပါမောက္ခကလည်း သူ့ဇနီးသေပြီးတဲ့နောက် ဒီစစ်ဆင်ရေးကို တားမြစ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း သမီးဖြစ်သူရဲ့ အသက်အန္တရာယ်က ရှိနေပြန်တယ်။ ပါမောက္ခက တောင်ပိုင်းက သမီးဖြစ်သူကို တွေ့ရအောင် လုပ်ပေးရင် ဒီပေါင်းစည်းမှုကို အလဟသမဖြစ်အောင် ပူးပေါင်းပေးမယ်လို့ပြောတယ်။ ဘတ်ချောဝန်းဟာ တောင်ပိုင်းအေးဂျင့်တစ်ဦး၊ ဘတ်ဝန်းချောက သူ့သမီးကြောင့် မစ်ရှင်တစ်ခုလုပ်ခဲ့ရတယ်။ တောင်နဲ့မြောက်ရဲ့ လျှို့ဝှက်စစ်ဆင်ရေးတစ်ခု ပါမောက္ခဆောင်းကို တောင်ပိုင်းကိုပို့ပေးနိုင်ရမယ်။ ဒါမှ သူ့သမီးရှိတဲ့ တောင်ပိုင်းကို ပြန်လာနိုင်မယ်။ တောင်ပိုင်းနဲ့မြောက်ပိုင်း နယ်နိမိတ်ကြားကနေ စစ်ဆင်ရေးအောင်မြင်ပြီး တောင်ပိုင်းကို ပြန်လာနိုင်မလား? သမီးဖြစ်သူကို ပါမောက္ခကြီးတစ်ယောက် ကယ်တင်နိုင်ပါ့မလား? ဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်ရမယ့် အက်ရှင်ကား ကောင်းလေးတစ်ကား ဖြစ်ပါတယ် (ဇာတ်လမ်းအညွှန်းကိုတော့ Yumeko က ရေးပေးထားပါတယ်။) File Size          : 2.4GB,  1.2GB, 581MB Quality            : 1080p HDRip, 7200p HDRip, 480p Format            : mp4 Duration         : 1hr & 34mins Genre              : Drama Translated by Yumeko & Win Encoded by Kinnov

Comedy • Drama • Romance
6 2020 94 mins
Special Agent
Vanam
8

ဒီဇာတ်ကားလေးကတော့ Mystery, Thriller အမျိုးအစား ဘောလီးဝုဒ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် အနုပညာကောလိပ်ကျောင်းသားတစ်ယောက်ဟာ သူနေရတဲ့ အမျိုးသားဆောင်အခန်းထဲက လျှို့ဝှက်ဆန်းကြယ်တဲ့ သေဆုံးမှုတွေရဲ့ အကြောင်းရင်းကို ရှာဖွေဖို့ ကြိုးစားရင်း ကြုံတွေ့ရတဲ့ အဖြစ်အပျက်လေးတွေကို ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ် ဇာတ်လမ်းက ဒီလိုတော့ မရိုးရှင်းလှပါဘူး ထူးဆန်းတဲ့သေဆုံးမှုတွေကို စုံစမ်းရင်း အနုပညာ‌ကောလိပ်ကို တည်ထောင်ခဲ့သူ ဂျာမင်ဒါ ဗာနာသီရာရန်ရဲ့ မှော်ကြေးမုံအကြောင်းတွေပါ တစ်စတစ်စ‌ဖော်ထုတ်မိလာပြီး နောက်ပိုင်းမှာ ဘယ်လိုတွေဖြစ်လာမလဲဆိုတာ စိတ်လှုပ်ရှားဖွယ် သည်းထိတ်ရင်ဖို စောင့်ကြည့်ရမှာဖြစ်လို့ Bollywood fan တွေ အကြိုက်တွေ့မယ့် ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ် File size…1.6GB / 800MB / 400MB Quality…1080p / 720p / 480p Format…mp4 Duration….2h 4min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Go-O & Eliza

Action • Fantasy • Mystery
8 2021 134 mins
Vanam
Lootera
6.9

IMDb Rating(7.4) မင်းသား ရမ်ဗီးဆင်းနဲ့ မင်းသမီး ဆိုနာရှီးတို့ရဲ့ ဒီဇာတ်ကားက အချစ်ဒရမ်မာ ဟဲဗီးကြိုက်သူတွေအတွက်ဖြစ်ပါတယ်။ ရုပ်ရှင်ထဲက လေးနက်တဲ့ ဇာတ်ဝင်ခန်းတချို့မှာ သရုပ်ဆောင်ချက်ပီပြင်ဖို့အတွက် ရမ်ဗီးဆင်းဟာ သူ့ကိုယ်သူ တွယ်ချိတ်နဲ့ ထပ်တလဲလဲ ထိုးပြီး သရုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။ ကြုံဖူးကြလား။ ဧည့်သည်တစ်ယောက်အဖြစ် ကိုယ့်ဘဝထဲကိုဝင်ရောက်လာ..။အတူတူသွား အတူတူစား တစ်ချို့နေရာတွေမှာ အတူတူနားဖြစ်ကြရင်းက နှလုံးသားချင်းနားလည် မျက်လုံးချင်းစကားတွေ အပြန်အလှန်ပြောပြီးမှ..။ သူ့ဘက်က (ကိုယ်ဘာအမှားမှ မလုပ်မိပါဘဲ) ရုတ်တရက်စိမ်းကားအေးစက်သွားတဲ့အခါ..။ ဒီရုပ်ရှင်ဟာ ၁၉၅၃ ကိုအခြေခံပါတယ်။ ဗာရွန်ဆိုတဲ့ ရှေးဟောင်းသုသေသနသမားကောင်လေး တစ်ယောက် မဏိပူပြည်နယ်က ရွာလေးတစ်ရွာမှာရှိတဲ့ မြေပိုင်ရှင် တစ်ယောက်ဆီကို သူတို့ရွာက ရှေးဟောင်းဘုရားကျောင်းတစ်ခုအောက်မှာ ရှေးမျိုးနွယ်စုတစ်ခုရဲ့ အမွေအနှစ်တွေရှိတယ်။ လေ့လာတူးဖော် ချင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ရောက်လာခဲ့တယ်။ သူ့မှာစာရွက်စာတမ်းတွေ အခိုင်အမာ စကားပြောကြည့်ရင်း သူ့အသိဉာဏ် အပြုအမူတွေကို သဘောကျလာတော့ မြေပိုင်ရှင် အဘိုးကြီးဟာ တည်းခိုခန်းကနေ သူ့အိမ်ကို ပြောင်းလာဖို့အထိ ဖိတ်ခေါ်ရင်းနှီးလိုက်မိတယ်။ ဘယ်သူစိမ်းကိုမှ မတွေ့ကြုံဖူးတဲ့ သူဌေးသမီး ရိုးရိုးလေး ပါခီဟာ သူတို့အိမ်ကို လာတည်းတဲ့ သူစိမ်းဧည့်သည် ဗာရွန်ကို နှလုံးသား တစ်ခုလုံးရင်းနှီးမိလိုက်တော့တာပါပဲ။ တကယ်တမ်းတော့ ဗာရွန်ဟာ…… ကျွန်တော်တို့ ကျောင်းမှာသင်ခဲ့ဖူးတဲ့ The last leaf ကိုပြန်ရိုက်ပါတယ်ဆိုတဲ့ ဒီဇာတ်ကားဟာ နောက်ဆုံးခန်းမတိုင်ခင်အထိ ကြိုမပြောထားရင် သိရမှာမဟုတ်ပါဘူး။ သရုပ်ဆောင် နှစ်ယောက်ကြားက ပီပြင်လွန်းလှတဲ့ chemistry ညှပ်သုံးသွားတဲ့ ရှေးသီချင်းတွေ ဇာတ်လမ်းနဲ့ လိုက်ဖက်တဲ့ ဇတ်ဝင်သီချင်းတွေအရ ကျွန်တော်တို့ မမှီလိုက်တဲ့ ခေတ် ကျွန်တော်တို့ မကြုံလိုက်ရတဲ့ အချစ်ကို နက်နက်နဲနဲခံစားစေရမှာပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Alias မှ တင်ဆက်ထားတာပါ။) File size…(1.7 GB) / (660 MB) Quality….WEB-DL 1080p HEVC /720p Format…mp4 Duration….02:18:48 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias

Crime • Drama • History
6.9 2013 136 mins
Lootera
Full River Red ( 2023 ) Manjianghong
6.5

IMDb Rating (6.5) / Rotten Tomatoes (100%) Hero, House of the flying daggers လိုမျိုး တရုတ်သိုင်း မာစတာပိစ်တွေကို ရိုက်ကူးခဲ့တဲ့ နာမည်ကြီး ဒါရိုက်တာ ကျန်းရိမိုရိုက်ကူးထားတဲ့ “Full River Red” ရုပ်ရှင်ကားဟာ ရုံတင်ကတည်းက နာမည်ကျော်ကြားလူကြိုက်များခဲ့ပြီး စံချိန်ပေါင်းများစွာရရှိခဲ့သလို ရုံတင်ဝင်ငွေလည်း ၆၇၅.၅ မီလီယံ(USD) အထိရရှိခဲ့ပါတယ်။ ဇာတ်လမ်းကတော့ စုန့်မင်းဆက်ကာလ စစ်သူကြီးယွဲ့ဖေး ကွယ်လွန်ပြီးချိန်မှာ နောက်ဆက်တွဲဖြစ်လာတာတွေကို စိတ်ကူးယဉ်ဇာတ်ကောင်တွေနဲ့ ခမ်းခမ်းနားနားကို ဇာတ်လမ်းတည်ဆောက်ထားတာပါပဲ။ သိုင်းကားပရိသတ်တွေကတော့ စစ်သူကြီးယွဲ့ဖေးနာမည်ကို စိမ်းမယ်မထင်ပါဘူး။ သူရဲကောင်းတို့ရဲ့ ဒဏ္ဍာရီဇာတ်လမ်းတွဲမှာ လုကြတဲ့ ဝူမုစစ်ဗြူဟာကျမ်းဆိုတာဟာ စစ်သူကြီးယွဲ့ဖေးရေးခဲ့တယ်ဆိုတဲ့အကြောင်း အထပ်ထပ်ပါပါတယ်။ နောင်မှာ နဂါးနိုင်ဓားထဲကို မြှပ်နှံခံရတဲ့ စာအုပ်ပါပဲ။ ဒီသိုင်းဇာတ်လမ်းတွေက စိတ်ကူးယဉ်ဖြစ်ပေမဲ့ စစ်သူကြီးယွဲ့ဖေးကတော့ တကယ်ရှိခဲ့ပါတယ်။ ယွဲ့ဖေးဟာ စုန့်နိုင်ငံနဲ့ ကျင်းနိုင်ငံ စစ်မက်ဖြစ်ပွားနေချိန်မှာ ကျင်းတွေဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ စစ်သူကြီးပါပဲ။ ဒါပေမဲ့ အမတ်ချုပ်ကြီး ချင်ဟွေက သစ္စာဖောက်လို့ စွပ်စွဲပြီး ကွက်မျက်ပစ်တာကို ခံခဲ့ရပါတယ်။ စစ်သူကြီးယွဲ့ဖေးဟာ ကျောကုန်းမှာ သူ့ရဲ့မိခင်ကိုယ်တိုင်ထိုးပေးထားတဲ့ ဆေးမှင်ကြောင်ဖြစ်တဲ့ နိုင်ငံအပေါ်သစ္စာစောင့်ပါဆိုတဲ့ အတိုင်း တစ်သက်လုံးသစ္စာရှိခဲ့သူဖြစ်သလို သူ့ရဲ့ ယွဲ့တပ်သားတွေကလည်း အဲဒီဆေးမှင်ကြောင်ကို လိုက်ထိုးနှံထားကြတဲ့ သစ္စာရှိတပ်သားတွေလည်းဖြစ်ပါတယ်။ တကယ်တော့ အမတ်ချုပ်ကြီး ချင်ဟွေကသာ ကျင်းနိုင်ငံနဲ့ပူးပေါင်းတဲ့သစ္စာဖောက်လို့ ပြည်သူအားလုံးက စွပ်စွဲခဲ့ကြပါတယ်။ စစ်သူကြီးယွဲ့ဖေးကို မတရားစွပ်စွဲသတ်ဖြတ်ခဲ့တဲ့အမတ်ချုပ်ကြီးချင်ဟွေတို့အကြောင်း ရာဇဝင်အမှန်ကိုတော့ ဒီမှာ https://www.facebook.com/tianxiadiyi888888/ ဖတ်ရှုပေးကြပါ။စစ်သူကြီးယွဲ့ဖေးဆိုတာ ဘယ်လိုလူမျိုးဆိုတာနဲ့ သူ့ရဲ့နာမည်ကျော်ကဗျာ မန်ကျန်းဟုန်အကြောင်းကို ပိုမိုသိရှိရမှာပါ။ဒါမှလဲ ရုပ်ရှင်က ပိုမိုရုပ်လုံးကြွလာမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာတော့ ဒီသမိုင်းကြောင်းကို အခြေခံထားပြီး လှည့်ကွက်တွေ ကြက်သီးဖြန်းဖြန်းထစရာတွေနဲ့ ကျင်းရီမူရဲ့ ထုံးစံအတိုင်း မမေ့နိုင်စရာရုပ်ရှင်တစ်ခုအဖြစ် တင်ဆက်ထားတာပဲဖြစ်ပါတယ်။ အမတ်ချုပ်ကြီး ချင်ဟွေဟာ နယ်စပ်တပ်စခန်းမှာ ကျင်းသံတမန်တွေနဲ့တွေ့ဖို့ လာရောက်ချိန်မှာ ကျင်းသံအမတ်တစ်ယောက် လုပ်ကြံခံလိုက်ရပါတော့တယ်။ သူကွယ်လွန်သွားခဲ့တဲ့အပြင် သူယူလာတဲ့ စာလွှာလေးကလဲ ပျောက်ကွယ်လို့ သွားခဲ့ပါတယ် ။ ဒီလိုမျိုး အခြေအနေတွေ ကမောက်ကမ ဖြစ်နေစဥ်အတွင်းမှာပဲ တူဝရီး တော်စပ်ကြတဲ့စစ်သည်တစ်ဦးနဲ့ တပ်မှူးချုပ်တစ်ဦးတို့ဟာ ဒီမတော်တဆမှုအတွင်း တရားခံအဖြစ် ဆွဲသွင်းခြင်းခံလိုက်ရပါတော့တယ် ။ လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ စာလွှာလေးတစ်ရွက်ကြောင့် လူတွေတစ်ယောက်ပြီးတစ်ယောက်သေဒဏ်ပေးခံရပါတယ် ။ ဒီလိုပြသနာတွေထဲကနေ တူဝရီးနှစ်ယောက်ဟာ အမှန်တရားနောက်ကို လိုက်ပြီး အားလုံးအတွက် လက်စားချေဖို့ လုပ်ဆောင်လာခဲ့ကြတဲ့အခါမှာ – ❏ သူတို့တွေ အသက်နဲ့ရင်းပြီး ကာကွယ်နေခဲ့ကြတဲ့ လျှို့ဝှက်စာရွယ်ကလေးဟာ ဘာများဖြစ်နေမှာလဲ? ❏ ဒီလိုပဋိပက္ခတွေကရော ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ စစ်သူကြီးယွဲ့ဖေးနဲ့ ဘာများသက်ဆိုင်နေမှာလဲ ? ❏ ဒီပြဿနာတွေအကြားဆွဲသွင်းခြင်းခံရတဲ့ တူဝရီးနှစ်ယောက်ဟာရော မတော်တဆ ဆွဲသွင်းခြင်းခံလိုက်ရတာလား ဒါမှမဟုတ် သူတို့နဲ့ရော ဒီကိစ္စကဘာတွေပတ်သတ်မှုများ ရှိနေမှာလဲ ? ဆိုတာ…….။ ပါဝင်သရုပ်ဆောင်ထားကြတဲ့သူတွေအနေနဲ့ကတော့ – ❏ သူ့ရဲ့ဘဝမှာ လောင်းကစားလုပ် ပျော်ပါးရင်း သာမန်ပြည်သူဘဝမှာပဲ ရှင်သန်နေထိုင်လာခဲ့ရင်းကနေ စစ်တပ်အတွင်းသို့ ဝင်ရောက်လာခဲ့သူ ၊ လောကမှာ သူ့ကိုယ်သူ အရေးမပါတဲ့ သူတစ်ယောက်အဖြစ် ခံယူထားလေသူ ၊ သေရမှာကို ကြောက်ရွံ့ပေမယ့် သူယုံကြည်ရာ ယုံကြည်ချက်ကိုတော့ စွဲစွဲမြဲမြဲ လက်ကိုင်ခံယူထားတတ်သူ သာမန်စစ်သည်တော် – ကျန်းတ အဖြစ် ရှန်ထန် ❏ ဘာမှနောက်ခံဆိုတာမရှိ ၊ အခြေခံအုတ်မြစ်ဆိုတာလဲမရှိပဲ တစ်ကိုယ်တည်း ရပ်တည်နေနိုင်သူ ၊ မည်သည့်ကိစ္စမဆို စိတ်မြန်လက်မြန်ရှိပြီး ဓားကိုထုတ်ဖို့ဝန်မလေးတတ်သူ ၊ အရေးကြုံလာရင် မဆုတ်မနစ်တဲ့ စွမ်းအားနဲ့ အဆုံးထိ တောင့်ခံကာနေတတ်သူ တပ်မှူးချုပ် – စွင်းကျွင်း အဖြစ် ရိယန်ချန်းရှီ တို့အပြင် ကျန်းယိ ၊ လေကျားယင်း ၊ ယွဲ့ယွင်ဖုန် ၊ ဝမ်ကျားယီ အစရှိတဲ့ တကယ့်နာမည်ကြီး ဝါရင့်သရုပ်ဆောင်များကပါ သရုပ်ဆောင်ထားပါသေးတယ် ။

6.5 2023
Full River Red ( 2023 ) Manjianghong
The League of Extraordinary Gentlemen
5.8

The League of Extraordinary Gentlemen (2003) ဒီရုပ်ရှင်က ခုနေ သက်လတ်ပိုင်းတော်တော်များများ ငယ်ဘဝက ကြိုက်ခဲ့တဲ့ရုပ်ရှင်လို့ပြောလို့ရတယ်။ ဒီရုပ်ရှင်ရဲ့ မူရင်း Comic Book ကိုကလည်း တော်တော်အထာကျတဲ့ Alan Moore ရယ်၊ Kevin O’Neill ရယ်တွဲရေးထားတဲ့ The League of Extraordinary Gentlemen ကောမစ်ဘွတ်စီးရီးရဲ့ ပထမတွဲကို ယူထားတာ။ Alan Moore ကိုတော့ တော်တော်များများသိကြမှာပါ။ နာမည်ကြီးသလို အနုပညာလည်းမှော်ဝင်တဲ့ Watchmen, V for Vendetta, From Hell နဲ့ Batman: The Killing Joke တို့လို ကောမစ်ဘွတ်တွေကို ရေးခဲ့တဲ့သူ။ ဒီကောမစ်ဘွတ်ကလည်း Multi-genre, Cross over Comic Book။ ပြောရရင် တကယ့်ဂန္ထဝင်ဆိုမှ Edgar Allan Poe, Ian Fleming, Herman Melville, Mark Twain, Sir Arthur Conan Doyle, Oscar Wilde တို့လို ဂန္ထဝင်စာရေးဆရာတွေရဲ့ ကာရိုက်တာတွေ ဇာတ်လမ်းတွေကို Cross over လုပ်ထားတာ။ ဒီဇာတ်ကိုစစပုံဖော်ချင်းတုန်းကလည်း “Justice League of Victorian England” ဆိုတဲ့ သဘောမျိုးနဲ့ သွားထားတာဖြစ်တယ်။ Bram Stoker ရဲ့ Dracula ထဲက မီနာ၊ Jules Verne ရဲ့ ကပ္ပတိန်နီမို၊ Sir H. Rider Haggard ရဲ့ အလန်ကွာတာမိန်း၊ Robert Louis Stevenson ရဲ့ Dr. Jekyll and Mr. Hyde, H. G. Wells ရဲ့ The Invisible Man, Sir Arthur Conan Doyle ရဲ့ မိုရီယာတီ၊ Mark Twain ရဲ့ တွမ်ဆောယား၊ Oscar Wilde ရဲ့ ဒိုရီယန်ဂရေးတို့လို ဂန္ထဝင်ဇာတ်ကောင်တွေကို တစ်ပေါင်းတည်းသုံးထားတယ်။ ဒီလိုဂန္ထဝင်တွေကိုမှ Watchmen လို မာစတာပိစ် ကောမစ်ဘွတ်ရေးခဲ့တဲ့ Alan Moore ရေးခဲ့တဲ့ Comic Book ကို ရိုက်ထားတာဆိုတော့ ကြည့်ကောင်းတာတော့ တော်တော်ကြည့်ကောင်းပါတယ်။ ဒါပေမဲ့ ဒါရိုက်တာကတော့ ဇက်စနိုက်ဒါတို့လို အသက်ဝင်အောင်မရိုက်နိုင်ခဲ့တော့ ဝေဖန်ရေးအရတော့ အခြေအနေမကောင်းခဲ့ပါဘူး။ အသာထားပါ။ ဒီလိုကာရိုက်တာတွေကို တွဲမြင်ရတာနဲ့တင် တော်တော်တန်နေပြီ။ လွမ်းစရာလည်း ကောင်းနေပြီ။ ဒီကားမှာ အလန်ကွာတာမိန်းအဖြစ် ရှောင်ကွန်နရီကြီးက ဝင်သရုပ်ဆောင်ထားခဲ့တယ်။ ရှောင်ကွန်နရီကြီးဟာ ဒီမတိုင်ခင် သရုပ်ဆောင်ကြေးအများကြီးရနိုင်ခဲ့တဲ့ The Matrix ထဲက Architect ဇာတ်ကောင်ကိုရော The Lord of the Rings ထဲက Gandalf ဇာတ်ကောင်ကိုရော ငြင်းခဲ့တယ်။ ဒီကားမှာတော့ ကြေးသိပ်မရခဲ့ပေမဲ့ အလန်ကွာတာမိန်းအဖြစ် သရုပ်ဆောင်ပေးဖို့ သဘောတူခဲ့တယ်။ အလန်ကွာတာမိန်းဇာတ်ကောင်ရဲ့ အရှိန်အဝါလို့တော့ ထင်ရတာပါပဲ။ ကားထဲက အလန်ကွာတာမိန်းဟာလည်း ဗြိတိန်ရဲ့ သူရဲကောင်းပြယုဂ်တစ်ခုလိုဖြစ်နေခဲ့တယ်။ ဘာရယ်တော့မဟုတ်ပါဘူး။ ဒီကားထဲ တော်တော်သဘောကျစရာကောင်းတဲ့ ဇာတ်ဝင်ခန်းတစ်ခန်းပါတယ်။ ကွာတာမိန်းက ဆောယားကို ကိုက်ကိုးရာအကွာကပစ်မှတ်ကိုထိအောင်ပစ်တတ်အောင်သင်ပေးတဲ့ အခန်းပေါ့။ ” ချိန်… လေလမ်းကြောင်းနဲ့ ပစ်မှတ်ရွှေ့လျားသွားတာကို အလိုက်သင့်စီးမျော… ဒီနှစ်ခုက လွယ်တယ် အဓိကက… ကိုယ်ပစ်မယ့် ပစ်ချက်ကိုခံစား အချိန်ယူပြီးခံစား ယူချင်သလောက်သာ အချိန်ယူ ဘယ်လောက်ကြာကြာ ဂရုမစိုက်နဲ့” တဲ့။ ဘာရယ်တော့မဟုတ်ပါဘူး ပစ်ဖို့အချိန်ယူလေ ပိုဝေးသွား‌‌လေဖြစ်မယ့်ပစ်မှတ်ကို ပစ်တဲ့နေရာမှာ အချိန်ဘယ်လောက်ကြာကြာယူရယူရ ဂရုမစိုက်တဲ့ အလန်ကွာတာမိန်းရဲ့ အနုပညာပေါ့။ ( အညွှန်းနဲ့ဘာသာပြန်ကို WiRa Aung မှ တင်ဆက်ထားပါတယ်။)

5.8 2003
The League of Extraordinary Gentlemen
Sayen: Desert Road
5.1

Sayen: Desert Road (2023) ဒီဇာတ်ကားကတော့ ၂၀၂၃ အစောပိုင်းကထွက်ရှိထားတဲ့ “Sayen” ဆိုတဲ့ ဇာတ်ကားရဲ့အဆက်ဖြစ်ပါတယ်။ ပထမဇာတ်ကားမှာတော့ ဆာယန်ရဲ့အဘွားသေဆုံးခဲ့ပုံနဲ့ သူ့ရဲ့လက်စားချေမှုစတင်ခန်းကို အဓိကထားရိုက်ကူးခဲ့ပါတယ်။ ဒီဒုတိယဇာတ်ကားမှာတော့ ဆာယန်ဟာ မီဒီယာတွေမှာ အကြမ်းဖက်သမားလို့ကြေညာခံခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း အက်တီယွန်ကုမ္ပဏီကို ဆက်ပြီးလက်စားချေဖို့အတွက် အတာကာမာကန္တရကို ရောက်လာခဲ့ပါတယ်။ ဒေသခံလူထုတချို့ကပါ ဒီပတ်ဝန်းကျင်ထိန်းသိမ်းဟန်ပြုနေတဲ့ လက်ဝါးကြီးအုပ်တဲ့ခရိုနီကုမ္ပဏီကို ထောက်ခံနေတာကို သိလိုက်ရတဲ့အခါ ဆာယန်က သူကိုယ်တိုင်ကုမ္ပဏီထဲ ဖောက်ဝင်ဖို့ပဲစီစဉ်ခဲ့ပါတော့တယ်။ ဖောက်ဝင်ပြီးချိန်မှာပဲ လင်းယုန်မျက်လုံးဆိုတဲ့ အက်တီယွန်ရဲ့ လျှို့ဝှက်စီမံကိန်းတစ်ခုကိုတွေ့ရှိသွားခဲ့ပါတယ်။ ဒါပေမဲ့လည်း သူလိုချင်တဲ့သတင်းကို အပြည့်အဝမရခဲ့လို့ စိတ်ပျက်နေတဲ့ဆာယန်က ကုန်စုံဆိုင်တစ်ခုမှာ ရုပ်ဖျက်ပြီးစျေးထွက်နေတဲ့အချိန်မှာ အမျိုးသမီးတစ်ယောက်က သူ့ကိုသတိထားမိပြီး သူလိုချင်တဲ့သတင်းကိုပေးမယ်ဆိုပြီး သူ့အိမ်ကိုခေါ်သွားခဲ့ပါတယ်။ ဆာယန်တစ်ယောက် ဘယ်လိုသတင်းတွေသိရမလဲ အဲဒီသတင်းကြောင့် ဘယ်လိုအခက်အခဲတွေကို ထပ်ပြီးကြုံတွေ့ခဲ့ရလဲ… ဒါ့အပြင် ပထမအပိုင်းမှာမပါခဲ့တဲ့ သူ့အဘွားကိုသတ်ခဲ့တဲ့ သဘာဝပတ်ဝန်းကျင်စောင့်ရှောက်ရေးကုမ္ပဏီ အက်တီယွန်ရဲ့နောက်ကွယ်မှာရှိနေတဲ့ ကြိုးကိုင်သူတွေကို အပြီးတိုင် လက်စားချေခဲ့ပုံတွေကို ရိုက်ကူးပေးထားပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 810MB Quality – 1080p, 720p IMDb Rating – 5.1/10 Format – mp4 Duration – 1H 33Min Genre – Action Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

5.1 2023
Sayen: Desert Road
Quan Dao: The Journey of a Boxer
5.9

ဒီဇာတ်လမ်းမှာတော့ ရှောင်နျိုဆိုတဲ့ကောင်လေးရဲ့အဖေက သူ့သူငယ်ချင်းကောင်းကို ကာကွယ်ပေးဖို့အတွက် မျက်စိမမြင်ဖြစ်သွားခဲ့တယ် အဲဒီအချိန်ကစပြီး သူ့သူငယ်ချင်းတွေဆီကဝေးကွာပြီး သူ့သားနှင့်အတူ တိတ်ဆိတ်အေးချမ်းတဲ့ဘဝကို ဖြတ်သန်းခဲ့တယ် နှစ်ပိုင်းလောက်ကြာပြီးတဲ့အခါမှာ သူငယ်ချင်းနှစ်ယောက်ကပြန်တွေ့ကြပြီး သူ့သားရှောင်နျိုကို သူငယ်ချင်းထံမှာလက်ဝှေ့သင်စေခဲ့တယ် ဆရာဖြစ်သူရဲ့သင်ကြားပေးမှုအောက်မှာ ရှောင်နျိုက ထူးချွန်တဲ့လက်ဝှေ့သမားတစ်ယောက် ဖြစ်လာခဲ့တယ် နောက်တော့လက်ဝှေ့သင်တန်းရဲ့ ငွေကြေးအခက်အခဲကြောင့် ရှောင်နျိုနှင့်သူငယ်ချင်းဖြစ်သူမာကျိုင်တို့က ငွေရှာဖို့ကြိုးစားရင်း လမ်းမှားသို့ရောက်ရှိခဲ့ပါတော့တယ်

5.9 2020
Quan Dao: The Journey of a Boxer
Felines

ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တာကတော့ GL ကားလေးတစ်ကားပါ။ မက်စ်က သူ့ကိုယ်သူ ထူးခြားတဲ့ လိင်စိတ်တိမ်းညွတ်မှုရှိသူလို့ လက်ခံထားပေမဲ့ တစ်ခါမှတော့ တခြားမိန်းကလေးတစ်ယောက်နဲ့ မတွဲခဲ့ဖူးသူပါ။ ငြီးငွေ့ဖွယ် ဘဝကို အထီးကျန်စွာ ဖြတ်သန်းနေရင်းနဲ့ တစ်နေ့မှာတော့ လျှို့ဝှက်ဆန်းကြယ်လှတဲ့ လီလီဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ လီလီနဲ့တွေ့ပြီးနောက် သူ့ဘဝက အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး အရင်ကနဲ့ မတူတဲ့ ပုံစံစရိုက်မျိုး ပေါ်လာခဲ့တဲ့ မက်စ်က လီလီ့ကို အစွဲလမ်းကြီး စွဲလမ်းခဲ့ပြီး အခုမှ ဘဝရဲ့လက်တွဲဖော်အစစ်ကို ရှာတွေ့ပြီလို့ ထင်မှတ်မိရုံရှိသေး၊ သူ လုံးဝ ထင်မထားတဲ့ လီလီ့ရဲ့ လျှို့ဝှက်ချက်ကို မထင်မှတ်ဘဲ ရှာတွေ့ခဲ့ချိန်မှာတော့.. ဆက်စီကျသလောက် လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နေတဲ့ လီလီဆိုတဲ့ မိန်းကလေးရဲ့ သရုပ်မှန်ကို မက်စ်တစ်ယောက် ရှာဖွေတွေ့ရှိနိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦး။ File size…(1.5 GB)/(750 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre…Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

0 2023
Felines
The Hidden Face
7.4

ဘားတစ်ခုမှာ အလုပ်လုပ်တဲ့ ဖာဘီယာဆိုတဲ့ မိန်းမလှလေးဟာ သူ့တို့ဆီမှာအရက်လာသောက်ရင်း အမူးလွန်ငိုကြွေးနေတဲ့ သူစိမ်းယောက်ျားတစ်ယောက်နဲ့ မမျှော်လင့်ပဲပတ်သက်မိခဲ့ပါတယ်။ အချိန်တိုအတွင်းမှာ သံယောဇဉ်ကြီးမိရာကနေ သိလိုက်ရတာက အဲ့ဒီလူဟာ အေဒရီယန်ဆိုတဲ့ ဂီတမှူးတစ်ယောက်။ သူ့ အတူနေရည်းစားက သူ့နဲ့ ရှေ့မဆက်နိုင်တော့ပါဘူးလို့ ပြောပြီး အိမ်ကနေ ထွက်သွားရာကနေပျောက်နေတယ်။ ရဲတွေကပါ လိုက်ပြီး အမှုဖွင့်စုံစမ်းကြရာကနေ ရက်ကြာလာတော့ အေဒရီယန်ကိုပါ သံသယတရားခံ အဖြစ် သတ်မှတ်ထားကြတဲ့ အခြေအနေ။ ဖာဘီယာဟာ အေဒရီယန်တို့ အိမ်မှာလိုက်နေဖြစ်တယ်။ သူ တစ်ယောက်တည်းရှိချိန်ဆိုရင် အိမ်ထဲက ထူးခြားတဲ့အသံတွေကြားရတယ်။ လျှပ်စစ်မီးတွေ ပျက်လိုက်လာလိုက်ဖြစ်တာ သူ့ကိုတစ်ယောက်ယောက်စောင့်ကြည့်နေသလိုခံစားချက်မျိုးတွေရလာတဲ့အခါ..။ အေဒရီယန်ရဲ့ရည်းစားဟာ တကယ်ပဲ သူ့ဟာသူ အိမ်က ထွက်သွားတာလား? ဒီပျောက်ဆုံးမှုမှာ အေဒရီယန်ကိုယ်တိုင်ရော ရိုးသားရဲ့လား? သူတစ်ယောက်တည်းရှိချိန်တွေမှာ ကြားနေရတဲ့အသံတွေ ထူးခြားဖြစ်စဉ်တွေရဲ့ တရားခံက ဘယ်သူလဲ? အစကနေ အဆုံးထိ သိချင်စိတ်နဲ့ ရင်တစ်ထိတ်ထိတ်ကြည့်ရမှာပါ။ ဥရောပကားတွေထုံးစံလိင်ခန်းတစ်ချို့ပွင့်လင်းတာတွေ ပါတဲ့အတွက် မိသားစုနဲ့ကြည့်ဖို့ အဆင်မပြေလောက်ပါဘူး။ File Size : 1.5 GB, 596 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 37min Format : Mp4 Genre : Drama, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : W Encode by : Thit San Khant

Comedy • Drama
7.4 2011 92 mins
The Hidden Face
Snow Day

Snowday ဇာတ်လမ်းကတော့ 2000 ခုနှစ်ကထုတ်လွှင့်ထားတဲ့ ခရစ်စမတ်လို နှင်းတွေ မိသားစု drama ရယ် comedy ရယ် romance ရယ်ရောထားတဲ့ အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ အမေရိကမှာ ရိုးရိုး သာမန်နှင်းကျတဲ့နေ့နဲ့ နှင်းအရမ်းထူလို့ လမ်းတွေပိတ် ကျောင်းတွေပိတ် အလုပ်တွေပိတ်တဲ့နေ့ဆိုပြီးရှိပါတယ်။ အခု Snowday ကတော့ အဲ့လိုနှင်းထူပြီး ကျောင်းပိတ် အလုပ်ပိတ်ကာ ကလေးတွေ ပျော်ကြပြီး အားလပ်ရက် ၁ရက်တာရတဲ့အကြောင်းကို Drama လေးတွေနဲ့ရောထားတဲ့ ချစ်စရာ ဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ်။ မမျှော်လင့်တဲ့ နှင်းလွှမ်းမိုးမှုကြောင့် နယူးယောက်ပြည်နယ်မြောက်ပိုင်းရှိ မြို့တစ်မြို့ဟာ အလုပ်တွေကျောင်းတွေပိတ်ပြီး ရပ်ဆိုင်းသွားရတဲ့အခါမှာ Snowday ဖြစ်လာခဲ့ပါတယ်။ Snowday ဟာ နာတာလီ ဘရန်းစတန်လို့ ခေါ်တဲ့ ကလေးမလေး ဦးဆောင်တဲ့ မူလတန်းကျောင်းသားအဖွဲ့က ကျောင်းများကို ဆက်ပိတ်ထားစေဖို့ ကြိုးစားကြရင်းနဲ့ သူတို့အဖွဲ့က နှင်းလိုက်ရှင်းတဲ့ ကားကိုသိမ်းယူပစ်ဖို့ ကြိုးစားကြတဲ့အခါ၊ နာတာလီရဲ့ အကို ဟားလ်ကလဲ အဲဒီ့နေ့မှာ သူကြိုက်နေတဲ့ အထက်တန်းကျောင်းသူကလေး ကလယ်ရာဘိုနာကို အစွမ်းကုန် ဆွဲဆောင်ဖို့ ကြိုးစားနေခဲ့ပါတယ်။ ထို့အပြင် နာတာလီနဲ့ ဟားလ်ရဲ့ အဖေဖြစ်သူ မိုးလေဝသပညာရှင် အစီစဉ်ကြော်ငြာသူ တွန်ဘရန်စတန်ဟာလဲ ပြိုင်ဖက်သတင်းဌာနရဲ့ နာမည်ကြီးလာတဲ့ မိုလေဝသကြော်ငြာသူနဲ့ ပြိုင်ဆိုင်ရဖို့ ဖြစ်လာတဲ့အခါမှာ ဘယ်လိုမျိုး အလွဲတွေ ဟာသတွေ ရိုမန့်တွေနဲ့ ကလေးတွေ Snowday အတွက် ကြိုးစားကြပုံကို ပေါ့ပေါ့ပါးပါးလေး ကြည့်ရမှာဖြစ်ပါတယ်။ File size…(2 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy, Family, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Kaung Myat Htoo

Romance
0 2000
Snow Day