YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

[S2] Gyeongseong Creature - Episode 04 - 720p HEVC Web-DL [RMC].mp4

367.86 MB 720p video/mp4 11 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Angel Heart
7.1

လောကမှာ ဘယ်အရာကိုမှ အလကားမရနိုင်တာမို့ တစ်ခုလိုချင်ရင် တစ်ခုပေးဆပ်ရတတ်တာက သဘာဝပါပဲ။ ဒါပေမယ့် ကိုယ်ရလိုက်တဲ့အရာတစ်ခုက ပေးဆပ်လိုက်ရတာနဲ့ ထိုက်တန်မှု ရှိပါ့မလားဆိုတာကတော့.. IMDB 7.2/10, Rotten Tomatoes 82% ရရှိထားတဲ့ Mysetery/Psychological Horror/Thriller အမျိုးအစား၊ ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုအများအပြားရရှိထားတဲ့ Old but gold ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၁၉၈၀ ပြည့်နှစ်များဆီက နာမည်ကြီး ဒါရိုက်တာကြီး (အခုတော့ ကွယ်လွန်သွားပြီဖြစ်တဲ့) Alan Parker ရဲ့ Mississippi Burningတို့ Birdyတို့လို ပြောင်မြောက်တဲ့လက်ရာတွေထဲက တစ်ခုဆိုရင်လည်း မမှားပါဘူး။ ဇာတ်လမ်းကိုပြောရမယ်ဆိုရင်တော့ အလွတ်စုံထောက်တစ်ယောက်ဖြစ်တဲ့ ဟားရော့ဒ်အိန်ဂျယ့်ဆီကို လူးဝစ်ဆိုင်ဖရာဆိုတဲ့ အမှုသည်တစ်ယောက်က လူပျောက်ရှာပေးဖို့ အမှုလာအပ်ခဲ့တာပါ။ ရှာပေးရမယ့်လူက ဂျွန်နီဖေးဘရစ်ဆိုတဲ့ အဆိုတော်ဖြစ်ပြီး ဓာတ်ပုံလည်းမရှိ နေရပ်လိပ်စာလည်းမသိဘဲ သူ နောက်ဆုံးတက်ခဲ့တဲ့ဆေးရုံလိပ်စာကလွဲလို့ ဘာဆိုဘာမှမသိတာမို့ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရသလိုကနေ စခဲ့ရပါတော့တယ်။ ဇွဲကြီးတဲ့အိန်ဂျယ်တစ်ယောက် သူ့အမှုသည်စိတ်ချမ်းသာဖို့အရေး ဂျွန်နီဖေးဘရစ်နဲ့ သိကျွမ်းခဲ့တဲ့လူတွေကို အင်တာဗျူးရင်း၊ ကြိုးကြိုးစားစား လိုက်လံတွေ့ဆုံရင်းနဲ့ အမှုက ထင်သလို ရိုးရှင်းတဲ့ လူပျောက်မှုမဟုတ်တာကို သိလိုက်ရပါတော့တယ်။ မှော်နက်ပညာလို့ခေါ်တဲ့ စုန်း၊ ကဝေအတတ်တွေနဲ့ ဆက်စပ်နေတဲ့အပြင် မထင်မှတ်ဘဲ သူအင်တာဗျူးခဲ့တဲ့လူတွေက ကြေကွဲဖွယ်အဖြစ်ဆိုးတွေနဲ့ ကြုံခဲ့ရပြီး သူ့ဆီကိုပါ အဲဒီအဖြစ်ဆိုးတွေက တွယ်ငြိယစ်နွယ်လာခဲ့ချိန်မှာတော့.. အဲဒီအဖြစ်ဆိုးတွေက လွတ်အောင် သူ ရုန်းထွက်နိုင်သွားမှာလား.. ဂျွန်နီဖေးဘရစ်ကိုရော ရှာဖွေတွေ့ရှိသွားနိုင်မှာလား.. သူရှာတွေ့ခဲ့တဲ့အမှန်တရားကရော ဘာများဖြစ်မလဲ.. ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ စိတ်ဝင်စားဖွယ် ကြည့်ရှုလိုက်ကြပါဦး။ (ဇာတ်လမ်းရဲ့ အဆုံးနားလောက်မှာ အိန်ဂျယ်ပြောလိုက်တဲ့ မန္တလေးဆိုတာက Road to Mandalay ဆိုတဲ့ကဗျာကို ရည်ညွှန်းတာပါ.. ဟုတ်ပါတယ်..မြန်မာနိုင်ငံက မန္တလေးပါ.. မြန်မာနိုင်ငံကိုရောက်လာခဲ့တဲ့ ဗြိတိသျှစစ်သားတစ်ဦးက မန္တလေးမြို့အကြောင်း ၁၈၉၀ခုနှစ်လောက်က လွမ်းဆွတ်ဖွယ်ရေးဖွဲ့ထားခဲ့တဲ့ ကဗျာပါ.. မြန်မာနိုင်ငံက ချစ်သူကိုရည်ညွှန်းဖွဲ့ဆိုထားတယ်လို့လည်း ဆိုကြပြီးတော့.. သီချင်းလည်း ရှိပါတယ်.. ဇာတ်ကားနဲ့ ကဗျာနဲ့ ဘယ်လိုဆက်စပ်လဲဆိုတာကတော့ ... Spoiler ဖြစ်သွားမှာစိုးလို့ သိချင်ရင် ဇာတ်ကားကိုပဲ ကြည့်ကြည့်လိုက်ကြပါလို့။ ဪ.. သွေးထွက်သံယိုအခန်းတွေနဲ့ အသက်ပြည့်မှ ကြည့်လို့ရမယ့်အခန်းတွေပါတာမို့ ထုံးစံအတိုင်း ကြောက်တတ်ရင်၊ အသက်မပြည့်သေးရင် ပြည့်အောင်ဖြည့်ကြည့်ကြပါလို့) File size…(2.9 GB)/(1.2 GB)/(570 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:53:00 Genre...Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Thriller
7.1 1987 113 mins
Angel Heart
Eastern Promises
7.4

Crime, Thriller ဇာတ်ကားတွေကို ကြည့်ရတာ နှစ်သက်တဲ့ ရုပ်ရှင်ပရိသတ်တွေအတွက် Eastern Promises ဆိုတဲ့ ဇာတ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည် Eastern Promises ထဲက promises (ကတိစကားများ) ဆိုတဲ့ စကားလုံးအတိုင်းပဲ ဒီဇာတ်ကားထဲမှာဆိုရင် လိမ်လည်လှည့်ဖျားတဲ့ ကတိတွေက လူတစ်ယောက်ရဲ့ ဘဝကို ဘယ်လောက်ထိ စုတ်ပြတ်သွားစေနိုင်လဲဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် ရုရှားသူတစ်ယောက်ဟာ ပိုကောင်းတဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့အတွက် နိုင်ငံခြားပြန် သူငယ်ချင်းရဲ့ "အလုပ်ကောင်းကောင်းရမှာ"ဆိုတဲ့ စကားကိုယုံစားပြီး လန်ဒန်ကို လိုက်လာခဲ့ပါတယ်။ တစ်နေ့မှာတော့ သူဟာ လန်ဒန်ဆေးရုံမှာ ကလေးမွေးရင်းနဲ့ သေဆုံးသွားခဲ့ရတယ်။ သူ ကလေးမွေးတာကို တာဝန်ယူပေးတဲ့ သားဖွားဆရာမက မထင်မှတ်ဘဲ ဒိုင်ယာရီစာအုပ်တစ်အုပ်ကို တွေ့သွားခဲ့ပါတယ်။ ရုရှားဘာသာစကားနဲ့ ရေးထားတဲ့ ဒိုင်ယာရီစာအုပ်ပါ။ သေဆုံးသွားသူ အမျိုးသမီးရဲ့ မိသားစု ဝင်တွေကို ဆက်သွယ်ဖို့အတွက် ဒိုင်ယာရီစာအုပ်ကို ဘာသာပြန်ဖို့ လူလိုက်ရှာပါတော့တယ်။ သားဖွားဆရာမ မထင်မှတ်ထားတာကတော့ သေဆုံးသူအမျိုးသမီးဟာ သွေးရိုးသားရိုး သေဆုံးခဲ့တာမျိုးမဟုတ်ဘဲ နောက်ကွယ်မှာ လူဆိုးဂိုဏ်းတစ်ဂိုဏ်းနဲ့ ပတ်သက်မိနေခဲ့တာပါ။ အဲဒီလူဆိုးဂိုဏ်းဟာ နာမည်ကြီး လူဆိုးဂိုဏ်းဖြစ်ပြီးတော့ ပြည့်တန်ဆာ လုပ်ငန်းနဲ့ လူကုန်ကူးတာတွေကို ဆောင်ရွက်နေတဲ့ဂိုဏ်းပါ။ အစိုးရဘက်က အသည်းသန် လိုက်ဖမ်းနေတဲ့ဂိုဏ်းဆိုလည်း မမှားပါဘူး။ သေဆုံးသူအမျိုးသမီးဟာ အဲဒီဂိုဏ်းနဲ့ ဘယ်လိုပတ်သက်မိခဲ့တာလဲ၊ သားဖွားဆရာမအနေနဲ့ကရော အဖြစ်မှန်ကို ဖော်ထုတ်သွားနိုင်မလား၊ ဘယ်လိုအန္တရာယ်တွေ ကြုံတွေ့ရမလဲဆိုတာကိုတော့ Eastern Promises ဇာတ်ကားထဲမှာ ကြည့်ရှုလိုက်ကြပါ။ File size…1.20GB / 485MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 41m Genre ..... Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Elizabeth Khant

Comedy • Drama • Romance
7.4 2007 101 mins
Eastern Promises
Prince of Lanling: Blood Weeping Blade

ပေချီတိုင်းပြည်မှ ဘုရင်မင်းကြီးဟာ နန်းတော်ထဲမှာ အတီးအမှုတ်အကအခုန်တွေနဲ့ ပျော်မွေ့ပြီး တိုင်းရေးပြည်ရေးမှာ လစ်ဟင်းနေပါတယ်.. နန်းတွင်းမှာ ဩဇာအာဏာကြီးမားတဲ့ အမတ်ချုပ်ကြီး ဟဲရှိခိုင်ဟာ ဘုရင်နဲ့ မှူးမတ်တွေကို သူ့ရဲ့ထိန်းချုပ်မှုအောက်ရောက်အောင် စီမံဆောင်ရွက်ပါတော့တယ်... ပြည်သူတွေအတိဒုက္ခရောက်ပြီး အမိမဲ့သား ရေနည်းငါးဖြစ်နေတဲ့အချိန်ကာလပေါ့... တိုင်းပြည်ချို့ယွင်းပျက်စီးနေချိန်မှာ တိုက်ရည်ခိုက်ရည်နဲ့ ဉာဏ်ပညာကြီးမားတဲ့ မင်းမျိုးမင်းနွယ် စစ်သူကြီး လန်လင်ဘုရင်ဟာ သူ့ရဲ့အမိတိုင်းပြည်ကို ဘယ်လိုကယ်တင်မလဲဆိုတာ .......။ အချစ်အလွမ်းစွန့်စားခန်းတွေနဲ့ သိုင်းကားရသအပြည့်ပါဝင်တဲ့ဇာတ်ကားပါ။ File size…(1 GB) Quality….WEB-DL 1080p Format…mp4 Duration….01:19:03 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Omi

Drama • Romance
0 2021 79 mins
Prince of Lanling: Blood Weeping Blade
Semper Fi
6.1

IMDB - 6.1/10 ကယ်လန်ဟန်ဆိုတာက စစ်တပ်ထဲမှာ နိုင်ငံတာဝန်ထမ်းဆောင်ပြီး လက်ရှိ ရဲလုပ်နေတဲ့လူတစ်ယောက်။ သူငယ်ချင်းအရင်း ၃ ယောက်နဲ့အတူ သွေးတစ်ဝက်ပါတဲ့ လူရမ်းကားလေး ညီဖြစ်သူ အွိုင်းစတားနဲ့ အတူတူသွားလာလှုပ်ရှားနေကြပေါ့။ တစ်လကို တစ်ခါလည်း အုပ်စုလိုက် စစ်တပ်ထဲကို ပြန်ပြန်သွားပြီး စစ်မှုထမ်းပေးရပါသေးတယ်။ တစ်ညကျတော့ ဘားထဲမှာ အုပ်စုလိုက်သောက်ပြီး ကယ်လန်ဟန်တို့ ပြန်လာတဲ့အချိန် ညီဖြစ်သူက ကောင်မလေးကိုကြောင်ရင်း ကျန်ခဲ့ပါတယ်။ အဲဒီမှာပဲ တစ်ဖက်ကလာကြောင်တဲ့လူနှစ်ယောက်နဲ့ အွိုင်းစတားတစ်ယောက် ရန်ဖြစ်ရာကနေ မတော်မဆဖြစ်ပြီး လူသတ်မှုဖြစ်သွားခဲ့ပါတယ်။ ညီဖြစ်သူက ပြေးပေမယ့် အစ်ကိုကတော့ ကိုယ်တိုင်လိုက်ဖမ်းပေးပြီး ဥပဒေလက်ထဲ အပ်ပေးခဲ့ပါတယ်။ အဲဒါနောက်ပိုင်း ကယ်လန်ဟန်တို့လည်း အီရတ်မှာ တာဝန်ကျဖို့ ဖြစ်လာတယ်။ ထောင်ထဲမှာလည်း အွိုင်းစတားတစ်ယောက် အစောင့်တွေရဲ့ အနိုင်ကျင့်မှုတွေကို ဆက်တိုက်ခံစားနေရခဲ့တယ်။ ဒီလိုနဲ့ စစ်ပွဲထဲမှာ ရခဲ့တဲ့စိတ်ဒဏ်ရာတွေနဲ့အတူ ထောင်ထဲမှာ အဆင်မပြေဖြစ်နေတဲ့ ညီတော်မောင်ကို သူကိုယ်တိုင် ပရမ်းပတာတွေ ဖြစ်နေတဲ့ကြားကနေ ဘယ်လိုမျိုး ကယ်တင်ပေးမလဲဆိုတာကို ကြည့်ရှုရမယ့် အက်ရှင်ကားတစ်ကားပါ။ Cast ကတော့ အဓိကဇာတ်ဆောင် ကယ်လန်ဟန်နေရာကို Suicide Squad မှာ Captain Boomerang လုပ်ခဲ့တဲ့ သြစတြီးယားသရုပ်ဆောင် Jai Courtney က ပိုင်နိုင်စွာ သရုပ်ဆောင်ထားပေးပါတယ်။ File size…1.84GB / 689.8MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ..... Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Action & Adventure • Drama • Sci-Fi & Fantasy
6.1 2019 100 mins
Semper Fi
Runaway God of Wealth 2
6

အတွဲ ၁ ရှိပါသေးတယ် အခုဇာတ်ကားကလဲ အတွဲ ၁ ရဲ့ အဆက်မဟုတ်ပါဘူး နာမည်သာတူပြီး ဇာတ်လမ်းကတခြား Plot နဲ့လာတာမို့ မကြည့်ရသေးလဲ အတွဲ ၂ ကိုတန်းကြည့်လို့ရပါတယ် ကြည့်ချင်သူများအတွက် လင့်ပေးထားပါတယ် အတွဲ ၁ ကြည့်ရန် ဒီကိုနိပ့်ပါ ❏ ဆင်းရဲမွဲတေနေတဲ့ သူ့ရဲ့ဘဝကို အမြဲ အပြစ်တင်လေ့ရှိသူ ၊ ချစ်ရသူ အမျိုးသမီးကိုလဲ သူဒီလို နိမ့်ကျရတဲ့ ဘဝရောက်တာဟာ သူကြောင့်ဟု အမြဲတမ်း အပြစ်တင်လေ့ရှိသူ ၊ လက်ရှိလုပ်ကိုင်ရာ အလုပ်ထဲမှာလဲ အဆင်မပြေဖြစ်နေသူ – ဝမ်ကျားချန် တစ်နေ့မှာတော့ ဝမ်ကျားချန်တစ်ယောက် နတ်ပြည်မှ ကြွယ်ဝချမ်းသာခြင်းနတ်ဘုရားတစ်ပါးနဲ့ တွေ့ဆုံဖို့ အကြောင်းဖန်လာခဲ့ပါတယ် ။ ဝမ်ကျားချန်ဟာ နတ်ဘုရားရဲ့ ကံ​ကောင်းခြင်း သံလိုက်အိမ်မြှောင်ကို ဖျက်ဆီးမိလိုက်ပြီး ၎င်းကို ၁၀ ရက်အတွင်းမှာ ပြန်ပြင်ပေးရမှာပဲဖြစ်ပါတယ် ။ ၁၀ ပြီးလို့ မပြင်နိုင်ပါက သူ့ရဲ့အသက်ကို ပေးဆပ်ရမှာဖြစ်တာမို့ ကြိုးစားပြီး ပြင်ဆင်ဖို့ လုပ်ကိုင်ခဲ့ပါတယ် ။ ၁၀ ရက်ပြီးတဲ့နောက် ဝမ်ကျားချန်ဟာ ချစ်သူမိန်းကလေးဖြစ်သူ ဝမ်ရှောင်ဟွားနဲ့ အတူတူပူးပေါင်းကာ တာဝန်ပြီးမြောက်အောင်လုပ်ဆောင်ခဲ့ပြီးတော့ ကြွယ်ဝချမ်းသာခြင်းနတ်ဘုရားက သူ့ကို ဆုလာဘ်အနေနဲ့ ချမ်းသာတဲ့ဘဝတစ်ခုကို အပ်နှင်းခဲ့ပါတယ် ။ ဒါပေမဲ့ ဒီချမ်းသာတဲ့ဘဝတစ်ခုရဲ့ ပေးဆပ်မှူဟာဆိုရင် သူ့ရဲ့ချစ်ရသူ မိန်းကလေး သူ့ကို မေ့ပျောက်သွားတဲ့ ပေးဆပ်မှုဖြစ်တဲ့အကြောင်းသိရှိသွားတဲ့အခါ …? ❏ ဝမ်ကျားချန်တစ်ယောက် သူ့ရဲ့ ကံကြမ္မာတွေကိုပြောင်းလဲနိုင်ပါ့မလား ? ❏ အဖြစ်မှန်အားလုံးသိပြီးတဲ့နောက်မှာ အရာတွေအားလုံးဟာ ပြန်ပြင်ဖို့ အခွင့်အရေးရှိပါဦးမလား ? ❏ အမြဲတမ်း ချမ်းသာချင်နေတဲ့ ဝမ်ကျားချန်တစ်ယောက် ချမ်းသာပေမဲ့လဲ အထီးကျန်နေတဲ့ဘဝကြီးကို ဆက်လက်အံတုနိုင်ပါ့မလား? ❏ ဘာတွေဆက်ပြီးဖြစ်ကြဦးမလဲဆိုတာ ဒီဇာတ်ကားလေးကိုကြည့်ရှုလိုက်ရအောင်ပါ ။ ဒီရုပ်ရှင်လေးကိုကြည့်ပြီးရင်တော့ ငွေ နဲ့ မေတ္တာတရားမှာ ဘယ်အရာက အရေးကြီးသလဲဆိုတာ ခွဲခြားသိမြင်လာစေမှာ အမှန်ပါပဲရှင် ။

6 2021
Runaway God of Wealth 2
Special Forces
6.3

ဒီ Special Forces ဇာတ်ကားကတော့ ရုပ်မြင်သံကြားမှာ ကိုယ့်တွေ့မှတ်တမ်းတွေရိုက်ကူးလေ့ရှိတဲ့ ဒါရိုက်တာ စတီဖင်ရိုင်ဘိုဂျက် က စီစဉ်ရိုက်ကူးထားတဲ့ စိတ်ကူးယဉ် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒါရိုက်တာက ဒီဇာတ်ကားကို ရိုက်ဖြစ်ပုံက သူ့ငယ်စဥ်ကတည်းက ဝါသနာ ဖြစ်တဲ့ ရုပ်ရှင်ရိုက်ကူးမှုတွေလုပ်ရင်းနဲ့ တချို့ဇာတ်ကားတွေ ရိုက်ကူးမှုတွေမှာ ကာကွယ်ရေးဌာနနှင့် ဆက်ဆံလာရပြီး စစ်တပ်အပေါ် ယခင်က စဉ်းစားပုံတွေပြောင်းလာပြီး စစ်သားတွေရဲ့ စုပေါင်းအလုပ်လုပ်ပုံတွေကို စိတ်ဝင်စားလာတာကြောင့် စစ်သားတွေရဲ့ သက်စွန့်ဆံဖျားကြိုးစားကြရပုံကို တင်ပြဖို့ ဒီဇာတ်ကားကို ရိုက်ကူးခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဇာတ်လမ်း ကတော့ ပြင်သစ်နိုင်ငံသူဖြစ်တဲ့ သတင်းသမား အယ်လ်ဆာခါဆာနိုဗာဟာ အာဖဂန်နစ်စတန်က ငယ်ငယ်ကတည်းကရောင်းစားခံလိုက်ရပြီး တာလီဘန်တွေရဲ့ ဖိနှိပ်အကြမ်းဖက်မှုတွေ ခံရတဲ့ မိန်းကလေးမိုင်နာ ရဲ့ အ‌‌‌ခြေအနေကို လိုက်လံသတင်းယူရင်း တာလီဘန်တွေရဲ့ ဖမ်းဆီးမှုကို ခံရပါတယ်။ ဒီလိုအ‌ခြေအနေမှာ တာလီဘန်တွေက ဓားစာခံ‌တွေရဲ့ အသက်ကို ခြိမ်းခြောက်တာတွေလုပ်လာတာကြောင့် ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာနက အထူးတပ်ဖွဲ့ကို စေလွှတ်ပြီး ပြင်သစ်သူသတင်းသမားကို တာလီဘန်တွေရဲ့ လက်ထဲက ကယ်ထုတ်ဖို့ စေလွှတ်လိုက်ပါတယ်။ ဒါပေမယ့် စီစဉ်ထားသလို ဖြစ်လာမလား ဆိုတာကိုတော့ ဒီဇာတ်ကားမှာ စိတ်ဝင်တစားကြည့်ရှုရမှာပါ။ ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင်အဖြစ် ၁၀ ဦးခန့်ပါဝင်ပြီး နာမည်ကြီးရုပ်ရှင်သရုပ်ဆောင်တွေဖြစ်တဲ့ Benoit Magimelကထစ်ထကခ်အဖြစ်၊ ( နာမည်ကျော်ပြင်သစ်သရုပ်ဆောင် ) ၊ Diane Kruger ( နာမည်ကျော်ဂျာမန်သရုပ်ဆောင်အမျိုးသမီး)က အယ်လ်ဆာအဖြစ် ၊ Djimon Hounsou (နာမည်ကျော် အမေရိကန် – ဘီနစ် လူမျိုးသရုပ်ဆောင်) က အထူးတပ်ခေါင်းဆောင် ကိုဗက်စ်အဖြစ် ၊ Denis Ménochet (နာမည်ကျော်ပြင်သစ် သရုပ်ဆောင်) က လု့ခ် အဖြစ် ၊ Alain Figlarz (နာမည်ကျော်ပြင်သစ်စတန့်မင်းသား )က ဗစ်တာအဖြစ် ၊ Marius (ပြင်သစ်စစ်တပ်က စစ်ရေးနည်းပြ )က မားရီးယက်စ် ၊ Raphaël Personnaz (နာမည်ကျော်ပြင်သစ်သရုပ်ဆောင် )က အဲလိယက်စ်အဖြစ် ပါဝင်တာဖြစ်လို့ သရုပ်ဆောင်တဲ့အပိုင်းမှာတော့ ယုံကြည်စိတ်ချစွာနဲ့ ကြည့်ရှုနိုင်ပါတယ်။ imdb rating 6.3 ရထားပြီးတော့ ၂၀၁၃ ခုနှစ်အတွက် NAACP မှာ ဓာတ်ပုံဆုအတွက် တင်သွင်းခံရတဲ့ဇာတ်ကားဖြစ်လို့ စစ်ကားတွေ ကြည့်ရှူတတ်တဲ့ပရိတ်သတ်တွေ ကြည့်ရှုဖို့သင့်တဲ့ ဇာတ်ကားတစ်ပုဒ်ဖြစ်တယ်လို့ ညွှန်းဆိုလိုက်ပါတယ်။ File size…(2.6 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:49:00 Genre…Action, Drama, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thy Santa

6.3 2011
Special Forces
Chaaver
7.9

Chaaver 2023 (ပတ်ပြေးကြသူများ) Crime/Thriller IMDb 8.2/10 ဒီတစ်ခါမှာတော့ ပဟေဠိဆန်ဆန်ကြည့်ရှုကြရမယ့် ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ နိုင်ငံရေးနဲ့ပတ်သက်နေတဲ့ လူသတ်မှုတစ်ခုကို ကျူးလွန်ပြီးတဲ့နောက်မှာ မူစသူကာဦးစီးတဲ့ ဂိုဏ်းတစ်ခုဟာ ကားတစ်စီးနဲ့ ထွက်ပြေးတိမ်းရှောင်နေပါတယ်။ ဂိုဏ်းထဲကသူတစ်ယောက် ဒဏ်ရာရသွားတဲ့အခါ ဘယ်ဆေးရုံမှာမှ ပြလို့မရပဲ ရဲတွေကိုပတ်ရှောင်နေရတဲ့သူတို့ဟာ ဆေးကျောင်းသားတစ်ယောက်ဖြစ်တဲ့ အာရွန်ကို ဒဏ်ရာဆေးထည့်ပေးဖို့ခေါ်လိုက်ပါတယ်။ ဘာမှမသိတဲ့အာရွန်တစ်ယောက် ဒီအမှုထဲ မဆီမဆိုင်ပါသွားဖို့ အကြောင်းဖန်ပါတော့တယ်။ သူတို့တွေ ဘာဆက်ဖြစ်ကြမလဲ။ အမှုကရော အမှန်တိုင်းပေါ်လာဦးမှာလားဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V ~ Bpl ~ Yunni ~ ToMo ~ Cherry တို့ပဲဖြစ်ကြပါတယ်။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

7.9 2023 128 mins
Chaaver
Scooby-Doo and the Alien Invaders
6.8

Scooby-Doo and the Alien Invaders (2000) =============================== IMDb Rating – 6.8/10 ဒီတစ်ခါမှာတော့ 2002 ခုနှစ်ထွက် Scooby Doo ရုပ်ရှင်ရဲ့ Graphic quality ကို အပြည့်အဝပြန်ခံစားပြီး Nostalgic ဖြစ်လိုက်ကြရအောင်လားဗျာ။ IMdb Rating – 6.8 ရှိတာမို့ ပုံမှန်လို Entertainment အသားပေးသာသာ Common sense rating နည်းလေ့ရှိတဲ့ ဇာတ်လမ်းမျိုးမဟုတ်တာတော့ အထွေ အထူးညွှန်းဖို့ မလို‌လောက်ပါဘူးနော်။ Mystery Machine ရဲ့ ဒါရိုင်ဘာခုံမှာ ဖင်မထိုင်ဖူး‌သူ Shaggy နဲ့ Scooby တို့နှစ်ယောက် ထူးထူးခြားခြား ကားမောင်းတာဝန်ယူတဲ့ ညမှာမှ တိုက်တိုက်ဆိုင်ဆိုင် ဇာတ်လမ်းကစတာပါ။ ကန္တာရဒေ သမို့ အချိန်အခါမဟုတ် သဲမုန်တိုင်းတိုက်နေတာပေါ့။ Mystery Machine ပေါ်ကနေ ပန်းကန်ပြားပျံသဏ္ဍာန် အရိပ်ကြီးတစ်ခု ဖြတ် ပျံသွားပြီးနောက်မှာတော့ ဂြိုဟ်သားကျူးကျော်မှုရဲ့ သားကောင်ဖြစ် နေတဲ့ နယ်မြို့လေးတစ်မြို့မှာ Scooby တို့သူငယ်ချင်းတစ်စု သောင် တင်စတည်းချရဖို့ ဖြစ်လာပါတော့တယ်။ အစိုးရစီမံကိန်းရဲ့ စလောင်းတွေကြောင့် ဂြိုဟ်သားအန္တရာယ်ဖြစ်ရပါ တယ်လို့ဆိုသူများအပြင်ကိုမှ Velma ကတော့ တခြားအရာကိုသာ သံသယရှိနေခဲ့ပါတယ်။ ညဆိုတာနဲ့ ကြက်ပျောက်ငှက်ပျောက်ရှိလှတဲ့ မြို့မှာ ခေါင်မိုးထပ်တက်ပြီး စိတ်ချလက်ချအိပ်မိတဲ့ Shaggy နဲ့ Scooby တို့ကို ဂြိုဟ်သားတွေပြန်ပေးဆွဲသွားတာကနေစလို့ Mystery Gang ရဲ့ စုံစမ်းစစ်ဆေးရေးအသက်ဝင်လာပါတော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်) File Size……….(1.6 GB) / (716 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 14Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Adventure, Comedy Translator…….Hnin Wut Yi Encoder……….Zin Phyo Aung

6.8 2000
Scooby-Doo and the Alien Invaders
Johan Falk: Lockdown
7.2

ဆွီဒင် အက်​ရှင်​စုံထောက်ဇာတ်ကားတွေဖြစ်တဲ့ Johan Falk ရုပ်​ရှင်​တွေရဲ့ ၂၀၁၅ မှာထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားက Imdb rating မှာ ၇.၂ ထားပြီး​ ဆွီဒင်စကားပြောရုပ်ရှင်ဖြစ်ပါတယ်။ အဓိက​ဇာတ်လိုက်​ဖြစ်တဲ့ Johan Falk​ နဲ့ GSI အဖွဲ့​ကိုပဲ အခြေ​တည်​ထားတာ​ဖြစ်ပြီး​ တစ်နှစ်​ထဲထွက်ရှိခဲ့တဲ့ Johan Falk​ : Blood Diamonds နဲ့ အဓိက​ဆက်စပ်နေပါတယ်။ ဇာတ်လမ်း​အကျဉ်းကတော့​ ဂိုသင်ဘတ်မြို့က ရဲစခန်း​တစ်​ခုမှာ လူသတ်​မှုဖြစ်သွားပြီး ရဲစခန်း​တစ်ခုလုံး​ကို လော့​ဒေါင်း​ချ​ပြီး တရားခံကိုပိတ်ဆို့ဖမ်းဆီးရပါတယ်။ သေဆုံး​သူက GSI ရဲ့ အဖွဲ့​အကြီးအကဲ​ဟောင်းဖြစ်သူ Patrik ဖြစ်ပြီး Johan Falk​ ရဲ့ မိတ်ဆွေ​လည်း​ဖြစ်ပါတယ်။ သတ်​သူကလည်း ရဲအရာရှိတစ်ဦးဖြစ်နေပြီး သူ့ကို​စေခိုင်း​သူ ဘယ်သူလဲဆိုတာနဲ့ နောက်​ကွယ်က ကြိုး​ကိုင်​သူကို Johan နဲ့ GSI အဖွဲ့​သားတို့ရှာဖွေဖော်ထုတ်ရပုံကို တင်​ဆက်​ထားပါတယ်။ များ​ပြားလှတဲ့ Johan Falk​ ဇာတ်ကား​တွေထဲက တစ်ခုဖြစ်ပြီး Action ဖက်ထက် စုံထောက် Mystery ဖက်ကို ကိုအသားပေးထားပါတယ်။ ကြည့်နေကျ အမေရိကန်​စုံထောက်​ဇာတ်လမ်း​တွေနဲ့မတူတဲ့ ဥရောပ​ဇာတ်​ကားလေးဖြစ်ပါတယ်။ ဇာတ်​အိမ်​က ရှုပ်​ထွေး​နေတာ​မျိုး​မရှိပေမဲ့ အရင် Johan Falk ဇာတ်ကား​တွေ​ကြည့်ထားရင် ပိုအဆင်ပြေပါလိမ့်မယ်။ File size…(881 Mb) Quality….Blu-Ray 720p Format…mp4 Duration….01:39:00 Genre…Action, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim

7.2 2015
Johan Falk: Lockdown
Saved!

ဆယ်ကျော်သက်အရွယ် မေရီက အမေရိကန်အီးဂဲလ်ခရစ်ယာန်အထက်တန်းကျောင်းမှာ တက်ရောက်နေပြီးတော့ ယုံကြည်သက်ဝင်သူတစ်ဦး ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူမနဲ့ သူမရဲ့ ရည်းစား ဒင်းတို့ ရေတူတူကူးနေတဲ့အချိန် သူမရဲ့ရည်းစားက သူ့ကိုယ်သူ ဂေးနေတယ်လို့ ထင်ကြောင်း ဝန်ခံလာပါတော့တယ်။ အထိတ်တလန့်နဲ့ မေရီက ခေါင်းဆောင့်မိပြီး ဘုရားသခင်ကို မြင်လိုက်တဲ့အပြင် ဘုရားသခင်က ဒင်းကိုကူညီပေးဖို့ သူ့ကိုပြောလိုက်တယ်လို့ ထင်လာပါတော့တယ်။ ဘုရားသခင်က သူမကို ခွင့်လွှတ်ပေးလိမ့်မယ်လို့ ယုံကြည်ပြီး ဒင်းကို ကူညီဖို့အတွက် သူမရဲ့ အပျိုစင်ဘဝကို ပေးအပ်လိုက်ပါတော့တယ်။ ကံမကောင်းအကြောင်းမလှစွာနဲ့ သူမကိုယ်ဝန်ရှိလာတဲ့အခါ ဘာသာရေးကို ယုံကြည်သက်ဝင်သူအသိုင်းအဝိုင်းအကြား သူမဘယ်လိုရုန်းကန်မလဲ။ သူမသူငယ်ချင်းတွေကရော သူမအပေါ် ဘယ်လိုမြင်ကြမလဲ။ သူမသူငယ်ချင်းတွေထဲ ဘယ်သူတွေက သူမကို ကူညီမလဲ။ ဘယ်သူတွေက သူမကို ဝိုင်းပယ်လိုက်မလဲ ဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Comedy အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ မေရီအဖြစ် Jena Malone၊ မေရီရဲ့ သူငယ်ချင်း ဟယ်လာရီအဖြစ် Mandy Moore နဲ့ Home Alone ရဲ့ အဓိကဇာတ်ဆောင် ဖြစ်တဲ့ Macaulay Culkin က ဟယ်လာရီရဲ့ အစ်ကို ရိုလန်အဖြစ် သရုပ်ဆောင်ထားပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ nway oo k zaw ဖြစ်ပါတယ်။ File size…(1.9 GB)/(955 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nway Oo K Zaw

0 2004
Saved!
Heroes of the Golden Mask
5

ဒီဇာတ်ကာလေးကတော့ စွန့်စားခန်းတွေနဲ့ ဟာသကို နှောပြီး ရိုက်ထားတဲ့ Animation ကားကောင်း‌‌လေးတစ်ကား ဖြစ်ပါတယ်။ ချာလီဆိုတဲ့ အိမ်‌‌‌‌ခြေရာမဲ့ အမေရိကန် သူခိုးကောင်လေးဟာ တစ်ရက်မှာ တရုတ်မင်းဆက်တစ်ခုရဲ့ ဆန်ချွင်ဒီ တိုင်းပြည်ကို မှော်‌ဂိတ်ပေါက်ကနေ ရောက်သွားရာကနေ .. အဲဒီတိုင်းပြည်ရဲ့ သူရဲကောင်းတစ်ယောက် ဖြစ်လာပုံကို ဒီဇာတ်ကားထဲမှာ အရောင်စုံစုံနဲ့ ကြည့်ရှုခွင့်ရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားက ၈၀ ခုနှစ်နှောင်းပိုင်းတွေတုန်းက တရုတ်ပြည်တောင်ပိုင်းမှာ ရှေး‌‌ဟောင်း မျက်နှာဖုံး‌တွေ ရှာတွေ့ထားတဲ့ ဖြစ်ရပ်မှန်ကို အခြေတည်ပြီး စိတ်ကူးယဉ် ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဇာတ်ကားအနေနဲ့ Rating သိပ်မ‌ကာင်းပေမဲ့ ကလေးတွေနဲ့ လူငယ်တွေ အတွက်‌‌တော့ ကြည့်လို့‌ ‌အဆင်ပြေတဲ့ Comedy & Adventure ဇာတ်ကား တစ်ကားပါပဲ။ File size…1.73GB / 863MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 28m Genre …..Adventure , Animation , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

5 2024 88 mins
Heroes of the Golden Mask
The Red Virgin
6.7

ဒီတစ်ခါမှာတော့ သမိုင်းထဲမှာတကယ်ရှိခဲ့ပြီး အသက် ၁၈နှစ် အရွယ်မှာတင် ဘဝဇာတ်သိမ်းခဲ့ရတဲ့ လူငယ်ပါရမီရှင် စပိန်သူလေး Hildegart Rodríguez Carballeira အကြောင်း ရုပ်ရှင်ကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီ Hildegart ဆိုတဲ့ကောင်မလေးရဲ့ဘဝဟာ မွေးဖွားလာကတည်းက တော်တော် စိတ်ဝင်စားစရာကောင်းတာပါ။ ဘာလို့စိတ်ဝင်စားစရာကောင်းသလဲဆိုရင် Hildegart ရဲ့ အမေဖြစ်သူ Aurora ကြောင့်ပါပဲ။ Aurora က အများသူငှာလို အိမ်ထောင်ပြု-ယောက်ျားယူ-ကလေးမွေး ဒီလိုနည်းလမ်းမျိုးနဲ့ Hildegartကို မွေးဖွားခဲ့တာမဟုတ်ပါဘူး။ Aurora ဟာ ပိုမိုတိုးတက်တဲ့ လောကကြီးကို သူ့ရင်‌သွေးကနေ စတင်ပြီးတည်ဆောက်မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ Hildegart ကို ပရောဂျက်တစ်ခုလိုမျိုး တိတိကျကျ‌စီစဥ်ပြီးမွေးဖွားခဲ့တာပါ။ (ဒါကို eugenic အယူဝါဒလို့ခေါ်ပါတယ်။) Aurora ဟာ သူ့သမီးကို သာမန်ထက်ထူးအောင် ထက်အောင် မွေးကတည်းက တိတိကျကျ ကြပ်မတ်လေ့ကျင်သင်ကြားပေးလေတော့ Hildegart ဟာ အသက် ၁၆နဲ့တင် ရှေ့နေဘွဲ့ရပြီး သတင်းစာတွေထဲမှာ လိင်မှုရေးရာနဲ့ဆိုင်တဲ့ ဆောင်းပါးတွေရေးသားလို့နေပါပြီ။ ဒီလိုနဲ့ ဗိုင်းကောင်းကျောက်ဖိ Hildegartဟာ မိခင်ရဲ့အုပ်ထိန်းမှု အောက်ကနေတစ်ဆင့် စပိန်ဆိုရှယ်လစ်ပါတီဝင် တစ်ဦးဖြစ်လာခဲ့ပြီး နိုင်ငံရေးလှုပ်ရှားသူတစ်ဦးပါဖြစ်လာခဲ့ပါတယ်။ အဘက်ဘက်ကနေ လိုလေသေးမရှိအောင် ပြီးပြည့်စုံထက်မြက် နေပေမဲ့ ကံမကောင်းအကြောင်းမလှတဲ့ Hildegartဟာ အသက် ၁၈နဲ့ တင်သေဆုံးခဲ့ရတာပါ။ ရုပ်ရှင်ထဲမှာလည်း သူသေဆုံးတဲ့အခန်းကနေ စတင်ရိုက်ကူးပြထားတာပါ။ Hildegartဆိုတဲ့ကောင်မလေး ဘယ်လိုသေဆုံးသွားခဲ့ရတာလဲ ဆိုတဲ့မေးခွန်းနဲ့ ဇာတ်လမ်းကိုသယ်လာပြီး စပိန်နိုင်ငံ သက်ဦးဆံပိုင် ဘုရင်စနစ်ကျဆုံးတဲ့ကာလရဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ တော်လှန်‌ရေး‌ လှုပ်ရှားမှုတွေကိုပါထင်ဟပ်အောင် မီးမောင်းထိုးပြထားတဲ့အတွက် အချိန်ပေးကြည့်ရတာနဲ့တန်စေမဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ချင်ပါတယ်။ File size… (1.18GB) / (706MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 54m Genre ….. Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

Romance • Comedy
6.7 2024 114 mins
The Red Virgin
Love Across Time
7.2

Love Across Time (2024) ===================== အချစ်ဇာတ်ကားကောင်းလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးပါရစေ။ အားလုံးကတော့ အချိန်ခရီးသွားတယ်ဆိုတာကို ကြားဖူးကြမယ်ထင်ပါတယ်။ လကြတ်တဲ့နေ့မှာအချိန်ခရီးသွားမယ် ရေထဲမတော်တဆပြုတ်ကျတဲ့အခါ အချိန်ခရီးသွားမယ် စသဖြင့် ပုံစံအမျိုးမျိုးနဲ့အချိန်ခရီးသွားကြတဲ့ဆီမှာ ၁၇၀၀ခုနှစ်များရဲ့ သမိုင်းဝင်မိသားစုတစ်ခုက ချားစ်ဟာ ၂၁ရာစုဆီကို ဘယ်လိုအနေအထားနဲ့ အချိန်ခရီးသွားမှာလဲ။ ချားစ်ပိုင်ဆိုင်ခဲ့တဲ့ အိမ်ဟောင်းကြီးကို ရောင်းပစ်ဖို့အတွက် ဘဏ်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ လာရောက်နေထိုင်သူ ချယ်လ်ဆီးက ချားစ်နဲ့တွေ့ပြီး ဘယ်လိုလှပတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါက်ဖွားလာမလည်းဆိုတာတော့ ဇာတ်ကားထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပါ။

7.2 2024 90 mins
Love Across Time
Pangolin: Kulu’s Journey
7.5

“Pangolin: Kulu’s Journey” (2025) IMDb (7.6/10) ====================================================================== Pangolin: Kulu’s Journey ဇာတ်ကားလေးက အော့စကာဆုရ ဒါရိုက်တာ Pippa Ehrlich ရိုက်ကူးခဲ့တဲ့ သဘာဝမှတ်တမ်းရုပ်ရှင်ဇာတ်ကား‌လေးပဲ ဖြစ်ပါတယ်။ Pippa Ehrlich က My Octopus Teacher ဇာတ်ကားနဲ့ အကောင်းဆုံး မှတ်တမ်းရုပ်ရှင်အကယ်ဒမီဆုရရှိထားသူပါ။ အခု ၂၀၂၅မှာ ထွက်ရှိခဲ့တဲ့ သူမရဲ့ Pangolin: Kulu’s Journey ရုပ်ရှင်ကားကလည်း သဘာဝမှတ်တမ်းရုပ်ရှင်ကားဖြစ်ပြီး IMDb 7.6 အထိရရှိထားတာကြောင့် လက်မလွှတ်သင့်တဲ့ ကားကောင်းလေးတစ်ကားပါ။ ဒိုင်နိုဆောခေတ်ကတည်းက တည်ရှိခဲ့တဲ့ ရှားပါးသင်းခွေချပ်တွေမှာ သူတို့ရဲ့ကြေးခွံနဲ့ အသားက ဆေးဖက်ဝင်တာကြောင့် တရားမဝင်ရောင်းဝယ်မှုတွေမြင့်မားလာခဲ့ပြီး လက်ရှိမှာ မျိုးတုန်းတော့မယ့် ရှားပါးမျိုးစိတ်တွေဖြစ်နေပါတယ်။ ဇာတ်လမ်းလေးကတော့ တရားမဝင်ရောင်းဝယ်တဲ့ သူတွေလက်ထဲမှာရှိနေတဲ့ သင်းခွေချပ်ပေါက်လေးကို တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးအဖွဲ့က ကယ်တင်ခဲ့ပြီး တောရိုင်းထဲပြန်မလွှတ်ခင် စေတနာ့ဝန်ထမ်းလေး ဂဲရက်က သင်ခွေချပ် လေးကို ကျန်းမာသန်စွမ်းလာအောင် ဖခင်သကဲ့သို့ ကိုယ်နဲ့မကွာ စောင့်ရှောက်ပေးခဲ့ပုံကို စိတ်ဝင်စားဖွယ် ရိုက်ပြထားတာပဲ ဖြစ်ပါတယ်။ တိရစ္ဆာန်လေးတွေမှာလည်း လူလိုပဲ ထိတ်လန့်လွန်ပြီး ထရာမာရသွားတဲ့ အခိုက်အတန့်လေးတွေ ရှိတတ်တာကြောင့် မှောင်ခိုသမားတွေလက်ထဲမှာ ထရာမာရသွားတဲ့ သင်းခွေချပ်လေးကို စိတ်ပိုင်းဆိုင်ရာပြန်လည်ကျန်းမာအောင် လုပ်ပေးခဲ့ပုံကလည်း ပညာယူစရာ ကောင်းလှပါတယ်။ တောင်အာဖရိကမှာ ရိုက်ကူးထားတာကြောင့် ရှုခင်းတွေလှပတာကိုလည်း ဝေဖန်ရေးသမားတွေက ချီးကျူးထားကြပါသေးတယ်။ ဇာတ်ကားက မှတ်တမ်းရုပ်ရှင်ဖြစ်တာကြောင့် ဒါတွေအားလုံးကတော့ ဖြစ်ရပ်မှန်တွေပဲဖြစ်ပါတယ်။ တောရိုင်းတိရစ္ဆာန်တွေရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တွေ၊ လူတွေကြောင့် တိရစ္ဆာန်လေးတွေ ကြုံတွေ့နေရတဲ့ဒုက္ခတွေ၊ ဂဲရက်လို နှလုံးသားလှတဲ့စေတနာ့ဝန်ထမ်းလေးတွေကြောင့် ကိုယ်၊ စိတ်ဒဏ်ရာရနေတဲ့ တိရစ္ဆာန်လေးတွေ ပြန်လည်ကောင်းမွန်လာခဲ့ပုံနှင့် သဘာဝပတ်ဝန်းကျင်နှင့် တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်ပေးဖို့ ဘာကြောင့်လိုအပ်နေလဲဆိုတာတွေကို ကျကျနနဖန်တီးရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်လေးကြည့်ရင်း လေ့လာလိုက်ကြရအောင်။ File size…2.5 GB / 1.2 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 28min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Mahaw

Western
7.5 2025 90 mins
Pangolin: Kulu’s Journey
Echo Valley
6.3

Echo Valley (2025) IMDb Rating (6.3) / Rotten Tomatoes (50%) မိခင်တစ်ဦးရဲ့ သားသမီးအပေါ်ထားတဲ့ အနှိုင်းမဲ့မေတ္တာတရားကို ရင်သပ်ရှုမောဖွယ်ရာ ဇာတ်ကွက်တွေနဲ့ ပုံဖော်ရိုက်ကူးထားတဲ့ Echo Valley 2025 ရုပ်ရှင်ဇာတ်ကားကြီး.. ဒီသည်းထိတ်ရင်ဖို ဒရမ်မာဇာတ်ကားကြီးကို ထိပ်တန်းမင်းသမီးနှစ်လက်ဖြစ်တဲ့ Julianne Moore နဲ့ Sydney Sweeney တို့ အပြိုင်ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ အမြဲတမ်းပြဿနာတွေပဲရှာနေတဲ့ သမီးဖြစ်သူမွှေခဲ့တဲ့ အရှုပ်တော်ပုံတစ်ခုကြောင့် ဘဝကြီးတစ်ခုလုံးရှုပ်ထွေးသွားခဲ့တဲ့ အခြေအနေတွေကို ရင်ဆိုင်နေရတဲ့ မိခင်တစ်ဦးကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ Kate ဟာ မွေးမြူရေးခြံတစ်ခုမှာ တစ်ကိုယ်တည်းနေထိုင်တဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာ သူ့သမီး Claire က သွေးစွန်းနေတဲ့ အင်္ကျီတွေနဲ့ အိမ်ကို ပြန်ရောက်လာခဲ့ပြီး လူသတ်မှုတစ်ခုကို ကျူးလွန်ခဲ့ကြောင်းဝန်ခံခဲ့ပါတယ်။ အနှိုင်းမဲ့မေတ္တာတရားတွေနဲ့ သမီးဖြစ်သူကို ကာကွယ်လိုစိတ်ကြောင့် အလောင်းဖျောက်ပေးဖို့အတွက် ကူညီပေးခဲ့ရာကနေ ရှုပ်ထွေးတဲ့အခြေအနေတွေကြားကို ရောက်ရှိသွားခဲ့ရပါတယ်။ Claire က တကယ်ပဲ လူသတ်ခဲ့တာလား..? မိခင်ဖြစ်သူ Kate က ဘယ်လိုလျှို့ဝှက်ချက်တွေကို ရှာတွေ့သွားမလဲ..? လျှို့ဝှက်ချက်တွေများစွာနဲ့ သည်းထိပ်ရင်ဖို ကြည့်ရှုရမယ့် Echo Valley 2025 ရုပ်ရှင်ကားကြီးမှာ မေတ္တာဆိုတာ အစွန်းရောက်လွန်းသွားရင် ဘာတွေဖြစ်လာနိုင်သလဲဆိုတာကို စောင့်ကြည့်ပေးကြပါအုံး.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size… (4.1 GB) / (1.3 GB) / (770 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Thriller Duration…. 01:45:31 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Su Mon

6.3 2025 105 mins
Echo Valley