YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

[S1] House of Ninjas 2024 - Episode 02 - 720p [RMC].mp4

362.51 MB N/A video/mp4 60 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Until Tomorrow
5

လူ့သဘာဝ ဒုက္ခ ဖိနှိပ်ချုပ်ချယ်ခံရတဲ့ အသိုင်းအဝိုင်းထဲက အမျိုးသမီးတွေရဲ့ ဒုက္ခတွေကို ကွက်ကွက်ကွင်းကွင်း ပီပီပြင်ပြင်ရိုက်တတ်တဲ့ အီရန်ရုပ်ရှင်တစ်ချို့ရဲ့ဟန်အတိုင်း အမျိုးသမီးတစ်ယောက်ရဲ့ ဒုက္ခတွေကို ပီပီပြင်ပြင်ကွက်ကွက်ကွင်းကွင်းပေါ်အောင် ရိုက်ပြထားတဲ့ အီရန်ရုပ်ရှင်ကားပါ။ IMDb လည်း 7/10 ရထားပြီး ရုပ်ရှင်ပွဲတော်တွေမှာ ဆုပေါင်းများစွာ ဆွတ်ခူးထားတဲ့ ရုပ်ရှင်ဆိုလည်း မမှားပါဘူး။ ဇာတ်လမ်းကတော့ ရိုးလည်းရိုးရှင်းသလို ဆန်းလည်းဆန်းတယ် ပြောရမှာပဲ။ ကောင်မလေးတစ်ယောက် ကောင်လေးတစ်ယောက်နဲ့ ကိုယ်ဝန်ရသွားတယ်။ ကောင်လေးက ဖျက်ချခိုင်းတယ်။ ကောင်မလေးက မဖျက်ဘဲ မွေးထားတယ်။ ကျောင်းထွက်လိုက်ရတယ်။ ကလေးအတွက် ကိုယ့်ဘာသာရုန်းကန်ရှာဖွေရတယ်။ ဒါတွေက မပြပါဘူး။ ဒါပေမဲ့ စကားနဲ့တင် သိသာတဲ့နောက်ကြောင်းတွေ၊ မြင်နေရတဲ့အခြေအနေနဲ့တင် တကူးတက မပြောလည်းသိနေတဲ့ အတိတ်ကာလတွေပေါ့။ မိန်းကလေးတစ်ယောက်တည်းဆို တည်းခိုခန်းတောင် ငှားမပေးချင်တဲ့ အီရန်လို နိုင်ငံမှာ အဖေမပေါ်ဘဲ မွေးတဲ့ကလေးနဲ့ ဒီမိန်းကလေး ရင်ဆိုင်ရမယ့် ဒုက္ခတွေက မနည်းပါဘူး။ အိမ်ကိုလည်း ပေးသိလို့မရဘူး။ ပတ်ဝန်းကျင်ကလည်း မေးငေါ့ခံရတယ်။ ဒီကြားထဲကမှ အိမ်က မိဘတွေက သူ့ဆီ တစ်ရက်လာလည်ဖို့လုပ်တော့ ကလေးကို တစ်ရက်တလေလေး ထိန်းပေးဖို့လူပတ်ရှာတာတောင် ဓားတောင်ကျော်ပြီး မီးပင်လယ်ဖြတ်နေရသလိုလိုပါပဲ။ ဒီကားကတော့ အစအဆုံး ကောင်မလေးတစ်ယောက် သူ့ကလေးကို တစ်ရက်တာထိန်းပေးဖို့ အသိမိတ်ဆွေတွေဆီ အကူအညီပတ်တောင်းတဲ့ကားပါပဲ။ ရသွားလား မရသွားလား ငြင်းတဲ့လူတွေကရော ဘယ်လိုအကြောင်းပြချက်တွေနဲ့ငြင်းကြလဲ... ကလေးပေါက်စနလေးကို သူစိမ်းလက်ထဲ ထားခဲ့ရတဲ့ မိခင်ရဲ့ ရင်ထဲရော ဘာတွေဖြစ်နေမလဲ... အစရှိသဖြင့် တစ်ရက်တာ အချိန်လေးအတွင်းတင် ဘာမှမဟုတ်တဲ့အကြောင်းလေးနဲ့ လူတစ်ယောက် ကမ္ဘာပျက်နိုင်တဲ့အကြောင်း ရိုက်ပြထားပါတယ်။ ဇာတ်လမ်းအစအဆုံးကို တစ်ရက်တာအတွင်းမှာပဲ ဇာတ်အိမ်တည်ထားတဲ့ ကားတွေ သိသလောက်ဆို လက်ချိုးရေလို့ရပါတယ်။ ဒီလိုရိုက်ဖို့က လွယ်တာလည်းမဟုတ်သလို ဒီလိုရိုက်ပြီး ပရိသတ်ကိုပါဆွဲဆောင်နိုင်ဖို့ကတော့ မလွယ်လောက်ပါဘူး။ ဒီလိုကားမျိုး မနှစ်ကတော့ Hong Sang Soo ရဲ့ In Front of Your Face ထွက်ခဲ့ပါတယ်။ မနှစ်ကထွက်ခဲ့တဲ့ အကောင်းဆုံးတွေထဲ ထည့်တွက်လို့ရတဲ့ကားပါပဲ။ ဒီနှစ်တော့ Until Tomorrow ထွက်လာပါတယ်။ ဒီရုပ်ရှင်ဟာ ချစ်ခြင်းမေတ္တာ ခေါင်းပါးလွန်းတဲ့ ကမ္ဘာကြီးကို ချစ်စိတ်နဲ့ ရင်ဆိုင်နေရသူတွေအကြောင်းပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.75GB, 690MB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 1H 26Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Romance • TV Movie
5 2022 86 mins
Until Tomorrow
Stay
6.6

Ryan Gosling Ewan McGregor တို့လိုဝါရင့် သရုပ်ဆောင်ကြီးများပါ၀င်ထားတဲ့Thriller Mystery ကားလေးတကားနဲ့မိတ်ဆက်ပေးပါရစေ ဆမ် ဖော်စတာဟာစိတ်ရောဂါကုဆရာ၀န်တယောက်ပါ။ တနေ့မှာ ဟင်နရီဆိုတဲ့ စိတ်ဓာတ်ကျရောဂါခံစားနေရတဲ့ အနုပညာကျောင်းသားလေးတယောက်က သူ့ဆီကိုရောက်လာခဲ့တယ်။ထူးဆန်းတာက ဟင်နရီရဲ့အဖြစ်အပျက်တွေ အခြေအနေတွေက တခုမဟုတ်တခုထူးဆန်းနေတယ်။ အနာဂတ်ကို ကြိုပြောနိုင်တာမျိုး‌တွေလည်းရှိသလို ဆမ်နဲ့တခြား လူ‌တွေရဲ့တချို့အကြောင်းကိစ္စတွေကိုမပြောပဲ သိနေတာတွေကအစရှိနေတယ်။ ဟင်နရီကသူ့ကိုယ်သူ၃ရက်အတွင်းအဆုံးစီရင် တော့မယ်လို့ပြောပြီးနောက်မှာတော့ဆမ်တယောက် ဟင်နရီ့ကိုကယ်တင်ဖို့ကြိုးစားရပါတော့တယ်။ ဟင်နရီရဲ့အတွေးကမ္ဘာ အတုအယောင်ဆိုတာကနေ ကယ်ဖို့ကြိုးစားရင်း ဆမ်ကရောကိုယ့်ရဲ့ဖြစ်တည်မှုကို အစစ်အမှန်လားမေးခွန်းထုတ်ရတဲ့အထိဖြစ်လာတဲ့ အခါမှာတော့ဘာကအမှန်လဲဘာကအမှားလဲ ဘာကတကယ့်အစစ်အမှန်ဖြစ်ပေမယ့်ဘာက ကိုယ့်စိတ်ကကိုယ့်ကိုလှည့်စားနေတာဖြစ်နေတာလဲ? ဟင်နရီ့ကိုရောကယ်တင်နိုင်ပါ့မလားဆိုတာကို stay ဆိုတဲ့ဇာတ်ကားလေးမှာရှုစားပေးပါဦး။ File size…1.26GB / 562MB Quality…Blu-Ray 1080p5.1CH  / 720p Format…mp4 Duration….1h 39m Genre .....Drama , Thriller , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman

Action • Crime
6.6 2005 99 mins
Stay
Thoroughbreds
6.4

ဒီကားလေးကတော့ ၂၀၁၇ခုနှစ်ထွက် Drama/Thiller ဇာတ်ကားလေးဖြစ်ပါတယ်။ Rating 7.2 အထိရရှိထားတဲ့ဇာတ်ကားဖြစ်ပြီး Thiller ဆိုတဲ့အတိုင်းလူတစ်ကာကရင်ထိတ်အောင်ရိုက်ပြနေတဲ့ခေတ်မှာ အရမ်းရင်ထိတ်အောင်ရိုက်ပြထားတာ မဟုတ်ဘဲဇာတ်ကွက်အလှည့်အပြောင်း၊ မြုပ်ကွက်တွေနဲ့ တင်ဆက်ထားတဲ့ဇာတ်ကားလေးဖြစ်ပြီး တင်ဆက်ပုံကွဲထွက်လာမှုနဲ့အတူ ဝေဖန်မှုကောင်းကောင်းရထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ငယ်ငယ်ကရင်းရင်းနှီးနှီးမရှိခဲ့တဲ့ သူငယ်ချင်းနှစ်ယောက်၊ ပြဿနာကိုယ်စီနဲ့အတူတူတွဲလာမိကြပါတယ်။ အထက်တန်းလွှာကဆင်းသက်ပေါက်ဖွားလာသူတွေအဖြစ်သရုပ်ဖော်ထားပြီး၊ အဓိကဇာတ်ကောင်နှစ်ခုရဲ့သရုပ်ကို သေချာသရုပ်ဆောင်ပြထားပါတယ်။ ဘာကိုစိတ်ခံစားချက်မရှိဘဲ ထုံပေပေမျက်နှာပေးမျိုးနဲ့ ကြည့်ရင်းကျောချမ်းလာစေတဲ့ အမန်ဒါ၊ ပထွေးရဲ့ဆိုးဝါးတဲ့အမူအကျင့်တွေကြောင့် စိတ်သောကရောက်နေရပြီး အမြဲအပူရုပ်ကိုဟန်လုပ်ပြနေရတဲ့ လီလီ။ သူတို့နှစ်ယောက်ရဲ့ပြဿနာကိုယ်စီဟာ ဘာတွေလဲ။ ဆယ်ကျော်သက်မိန်းကလေး၂ယောက် ဘယ်လိုဖြေရှင်းကြမှာလဲ။ သူတို့ဘဝဟာဘယ်လိုဖြစ်နေလို့လဲဆိုတာတွေကို Dialogue တွေအများကြီးမထည့်ပဲ သရုပ်ဆောင်တင်ဆက်သွားတာကို စိတ်ဝင်စားဖွယ်တွေ့ရမှာပါ။ ဇာတ်ရှိန်အေးအေးနဲ့စိတ်ဝင်တစားအေးဆေးကြည့်ချင်တဲ့သူတွေအတွက် ဇာတ်ကားကောင်းပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်း နှင့် ဘာသာပြန်သူကတော့ ကိုသူရပါ) File Size : (750 MB) and (320 MB) Quality : WEB-DL 720p Running Time : 1hr 32min Format : Mp4 Genre : Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.DD5.1.H264-CMRG Translated by Thura Zarni Aung Encoded by Thanhtike Zaw

Comedy • Drama
6.4 2018 92 mins
Thoroughbreds
Mission: Impossible – Fallout
7.7

Mission: Impossible VI – Fallout (2018) ============================= IMDb Rating 7.7/10 MI ရုပ်ရှင်တွေဟာ ပုံမှန်အားဖြင့် တော်တော်လေးမိုက်တယ်။ Action scene တွေ၊ လုပ်သွားတဲ့ အကွက်တွေ ကြမ်းတယ်။ ပစ္စည်းပစ္စယ gadget တွေလည်း စုံတယ်။ တစ်ကားနဲ့ တစ်ကား နည်းနည်းလေးဆင်နေပေမဲ့ ကြည့်ရပျော်တယ်။ ဒါပေမဲ့ Fallout ကတော့ နောက်တစ်ဆင့်တက်သွားပြီလို့ ပြောရမှာပါ။ ဇာတ်လမ်းပိုင်းမှာ ခါတိုင်း MI ကားတွေလိုပဲ ပြဿနာတွေတက်၊ မဖြစ်နိုင်လောက်တဲ့ Impossible တွေလုပ်ပြီး နောက်ဆုံးတော့ “Ethan Hunt saves the day” ဆိုတာအဓိကပဲပေါ့။ ဒါပေမဲ့ မသိမသာနဲ့ သိသိသာသာပြောင်းသွားတာတွေရှိတယ်။ သတိထားမိတာက ဒီကားမှာ အရင်လို လွန်အားကြီးတဲ့ tech တွေ သိပ်မပါတော့ဘူး။ အရင်ကားတွေလို Kremlin ကို ပြောင်ကြီးခိုးဝင်ရလောက်အောင် “မလွယ်လွန်းဘူးလားဟ” ဆိုတာမျိုးတွေ မပါဘူး။ ဇာတ်လမ်းပိုင်းမှာလည်း twist တွေ revelation တွေထည့်ထားပေမဲ့ အရမ်းကြီးလည်း မရှုပ်သလို အရမ်းကြီးလည်း မပေါ့ဘူး။ Fallout ရဲ့ အကောင်းဆုံးကတော့ တင်ဆက်သွားပုံတွေပဲ။ Christopher McQuarrie ကြီးက တကယ်လန်ထွက်နေတယ်လို့ ပြောရမှာပါ။ ရုပ်ရှင်ရဲ့ 70% လောက်က ပြေးလွှား၊ ကားမောင်း၊ ပစ်ခတ်၊ ရဟတ်ယာဉ်မောင်း စတဲ့ action scene တွေ။ ဒါပေမဲ့ လုံးဝ ပျင်းသွားရတယ်ဆိုတာမျိုး မရှိဘူး။ John Wick 2 မှာတုန်းကဆို action scene အရမ်းများ၊ အချိန်တန်သူပဲနိုင်မှာ သိတော့ ပျင်းသွားတဲ့အခိုက်အတန့်ရှိသေးတယ်။ MI ကတော့ creative လည်းဖြစ်၊ ရိုက်ချက်တွေလည်း လှ၊ ကိုယ်တော်ချော Tom Cruise ကိုယ်တိုင် stunt တွေဆိုတော့ တစ်ကားလုံး မျက်လုံးကြီးပြူးပြီး ကြည့်နေရတယ်။ ရိုက်ချက်တွေလှတယ်ဆိုလို့ ထပ်ပြောရရင် ဒီကားမှာ visual တွေက လုံးဝ stunning ပါ။ Action ကားကြီးကို လှအောင်ရိုက်တယ်ဆိုတာ မလွယ်ဘူး။ Scene ကြီးကိုရှယ်ပြလို့ action ပေါ့သွားတာမျိုး၊ action ပိုပြလို့ ရုပ်ထွက်ပျက်သွားတာမျိုးလည်းမရှိဘူး။ ဒီအတိုင်း လေယာဉ်ဆီကို ကားနဲ့ ပုံမှန်လေးမောင်းဝင်လာတဲ့ အခန်းကအစ woah ဆိုပြီးဖြစ်လောက်အောင်ရိုက်ထားတယ်။ ကြမ်းတယ်ဟ ဆိုတာထက် oh sh** moment တွေလည်း များတယ်။ နောက် CGI, Green Screen, stuntman, stunt robot စတာတွေ ပြွတ်ထနေတဲ့ဒီနေ့ခတ်ကြီးထဲမှာ Fallout က တကယ့်အစစ်တွေ သုံးထားတယ်။ ကားတွေ၊ ဆိုင်ကယ်တွေ၊ ရဟတ်ယာဉ်တွေကိုယ် Tom Cruise ကြီးကိုယ်တိုင်မောင်းတယ်။ ရဟတ်ယာဉ်ပေါ်က ရိုက်ချက်တွေ Green screen လေးခံလိုက်ရင် အလွယ်လေးဆိုပေမဲ့ တကယ်ကြီး မိုးပေါ်မှာရိုက်တယ်။ တချို့ တကယ်တမ်း vfx နဲ့ရိုက်မယ်ထင်ရတဲ့ ရှုခင်းလိုနေရာတွေကအစ တကယ်ကြီးခက်ခက်ခဲခဲသွားရိုက်တယ်။ အဲအတွက် ရုပ်ရှင်ဟာ CGI heavy ရုပ်ရှင်တွေထက် အများကြီး weight ရှိတယ်။ ကြည့်နေရတဲ့သူ ပိုပြီး အသည်းယားတယ်။ အကုန်လုံးနီးပါးက အစစ်တွေချည်းကိုး။ ဒီ effort က တကယ်ကိုချီးကျူးရမှာပါ။ Mission: Impossible – Fallout ဟာ တကယ် နောက်တစ်ဆင့်တက်သွားတဲ့ action film ပါပဲ။ Tom Cruise, Henry Cavil တို့ရဲ့ performance လည်းကောင်း၊ ဒါရိုက်တာ Christopher McQuarrie ရဲ့ လန်ထွက်နေတဲ့ vision အောက်မှာ ထပ်အောင်မြင်ဦးမှာ အသေအချာပဲ။ တော်သေးတယ်။ Cavill ရဲ့ မုတ်ဆိတ် မဖျက်လိုက်ရကျိုးနပ်တယ်။ ခါတိုင်း MI ကားတွေမကြိုက်တဲ့သူတွေတောင် action ကားကြိုက်တယ်ဆိုရင်၊ ကားကောင်းကောင်းကြိုက်တယ်ဆိုရင် လုံးဝ ကြည့်ရကျိုးနပ်တဲ့ကားပါ။ (ရုပ်ရှင်အညွှန်းကို Dat Shin မှ ကူးယူဖော်ပြပါသည်။) Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=mission+impossible ကြည့်ပါ။

7.7 2018 147 mins
Mission: Impossible – Fallout
Toro
5.9

Action၊ crime movieလေးကိုမှ ညီအစ်ကိုကြားသံယောဇဥ်တွေကိုပါ မြင်တွေ့ရမယ့် စပိန်မူဗီလေးပါ…။ တိုရိုဆိုတာကတော့ ညီအစ်ကိုသုံးယောက်မှာ အငယ်ဆုံးဖြစ်ပြီး မူးယစ်ဂိုဏ်းခေါင်းဆောင်ကြီးရဲ့ အားထားရတဲ့ ညာလက်ရုံးဖြစ်ပါတယ်…။ တိုရိုတို့ညီအစ်ကိုသုံးယောက်ဟာ ဒုစရိုက်မှုတွေသာလုပ်နေရပေမယ့် အေးအတူပူအမျှဆိုတဲ့အတိုင်း ညီအစ်ကိုအချင်းချင်း ဖေးဖေးမမရှိကြသူတွေပါ…။ တစ်ရက်မှာတော့ တိုရိုဟာဒီလိုဒုစရိုက်အမှုတွေပဲလုပ်နေရတာ ငြီးငွေ့လာတဲ့နောက် ဒီအလုပ်ကနားဖို့သူ့သူဌေးကိုပြောပါတယ်…။ သူ့သူဌေးကလည်းလက်ခံလိုက်ပြီး နောက်ဆုံးအကြိမ်အဖြစ်အလုပ်တစ်ခု ခိုင်းလိုက်ပါတော့တယ်….။ ကံဆိုးချင်တော့ ဒီနောက်ဆုံးအလုပ်မှာမှ ရဲတွေနဲ့ပက်ပင်းတိုးလာတဲ့အခါ….။ တိုရိုတို့ညီအစ်ကိုသုံးယောက် ရဲလက်ကထွက်ပြေးနိုင်ပါ့မလား…. ထွက်ပြေးရင်း ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ John Wickဆန်ဆန် Transporterဆန်ဆန်အက်ရှင်ခန်းတွေနဲ့အတူ ဒီဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ….။ File size…1.23GB / 655MB Quality…NF WEB-DL 1080p / 720p Format…mp4 Duration….1h 45m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Drama • Thriller
5.9 2016 105 mins
Toro
Sleepaway Camp

နှစ်ပေါင်း ၄၀ သက်တမ်းရှိပြီဖြစ်တဲ့ ညအိပ်တောတွင်းစခန်းလို့ အမည်ရတဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ နွေရာသီတခုမှာ အဒေါ်မိသားစုနဲ့နေထိုင်ရတဲ့ အန်ဂျလာဆိုတဲ့ အရှက်အကြောက်ကြီးတဲ့ ၁၄ နှစ်အရွယ်ကောင်မလေးဟာ ၀မ်းကွဲအစ်ကိုဖြစ်သူ ၁၅ နှစ်အရွယ် ရစ်ကီနဲ့ အယ်ရာ၀က် နွေရာသီတောတွင်းစခန်းကို လည်ပတ်ဖို့ရောက်ရှိလာခဲ့ပါတယ်။ အန်ဂျလာတို့ မောင်နှမ စခန်းကိုရောက်ရှိပြီးအကြာမှာ အန်ဂျလာအပေါ်ကို အနိုင်ကျင့် စနောက်မှုတွေရှိလာပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ အန်ဂျလာကို အနိုင်ကျင့်စော်ကားသူတွေဟာ တယောက်ပြီး‌တယောက် ဆိုးရွားတဲ့မတော်တဆမှုတွေနဲ့ ကြုံတွေ့ပြီး သေဆုံးလာကြတဲ့အခါမှာတော့ ဒီဖြစ်ရပ်တွေရဲ့ နောက်ကွယ်က လက်သည်ဟာ ဘယ်သူများလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ ဒီရုပ်ရှင်ဟာ ၁၉၈၃ကတည်းက ထွက်ရှိထားခဲ့ပေမဲ့ သရုပ်ဆောင်ချက်တွေ မိတ်ကပ်ပြင်ချက်တွေဟာ သူ့ခေတ်သူ့အခါမှာတော့ တော်တော်ကောင်းတဲ့အထဲပါခဲ့ပါတယ်။ ဇာတ်လမ်းအဆုံးမှာ လူသတ်သမားကိုထုတ်ဖော်ချပြလိုက်ခြင်းကလည်း အမေရိကန်ရုပ်ရှင်သမိုင်းကြောင်းမှာ ထိတ်လန့်တုန်လှုပ်မှုကို အထွတ်အထိပ်အထိရောက်ရှိစေခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ၈၀ကျော်ခုနစ်တွေတုန်းက သည်းထိတ်ရင်ဖို ရုပ်ရှင်ကားဟောင်းတွေကို နှစ်သက်သူတွေအနေနဲ့တော့ ဒီရုပ်ရှင်ကို သေချာပေါက်မြည်းစမ်းကြည့်ဖို့ အကြံပေးရင်းနဲ့ပဲ ရီဗျူးကိုအဆုံးသတ်လိုက်ပါတယ်။ File size…(1.8 GB)/(949 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 1983
Sleepaway Camp
The Suck Up Project

The Suck Up Project (2012) အိုဒုံရှစ်က အာမခံစီမံရေးကုမ္ပဏီဝန်ထမ်းတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာတော့ သူ့ကို ဌာနက အရောင်းပိုင်းကို လွှတ်လိုက်လို့ အလုပ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ သူလည်း အိမ်ပြန်အရောက် မွစာကြဲနေတဲ့ အိမ်နဲ့ သူ့အမေကို တွေ့လိုက်ရပါတယ်။ အကြောင်းအရင်းက သူ့အမေဟာ သူ့အဖေ လူရိုးလူမှန် ဒုကျောင်းအုပ်ကို သူ့အဖေမသိဘဲ လာဘ်ထိုးကာ ကျောင်းအုပ်ဖြစ်အောင် လုပ်ပေးဖို့အတွက် လူမိုက်တွေဆီက အကြွေးတွေ ယူခဲ့တာကြောင့် အကြွေးလာတောင်းရင်း လာသောင်းကျန်းသွားခဲ့ပါတယ်။ ဒုံရှစ်ကတော့ သူ့အဖေလည်း မသိအောင် သူ့ဘာသာ အကြွေးပြန်ဆပ်မယ်ဆိုပြီး အာမခံအရောင်း အလုပ်ကိုပဲ ပြန်ဝင်လုပ်ခဲ့ပါတယ်။ ပြဿနာက သူများကို မဖားတတ် အပြောမချို အနေအေးတဲ့ အိုဒုံရှစ်လိုလူက အာမခံရောင်းရတယ်ဆိုတော့ ဘယ်သူက သူ့လိုလူဆီ အာမခံဝယ်တော့မလဲ… သူ့မှာလည်း အကြွေးဆပ်ချိန်က တစ်လပဲ ရှိတာမလို့ အာမခံရောင်းတဲ့သူတွေရဲ့ လက်စွဲစာအုပ်ကို ရေးတဲ့ အဖားမာစတာကို ရှာဖွေရပါတော့တယ်။ အဖားမာစတာကို ရှာတွေ့တဲ့အခါ သူ့ကို တပည့်အဖြစ် လက်ခံပေးအောင် ပြောပြီး လူတွေကို ဖားနည်းကို အခြေခံကနေစပြီးတော့ သင်ယူပါတော့တယ်။ အဖားမာစတာဆီက သင်ယူထားတဲ့ ပညာနဲ့ ထုံထုံအေးအေး အိုဒုံရှစ်တစ်ယောက် ဘယ်လို ပြောင်းလဲသွားမလဲ၊ သူ့အမေယူထားတဲ့အကြွေးတွေကိုရော ပြန်ဆပ်နိုင်မလားဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ Comedy genre ဆိုပြီး အူတက်နေအောင် ရယ်ရမှာမဟုတ်ပေမဲ့ ယူတတ်ရင်တော့ ပညာတွေချည်းပါပဲနော်^^ အညွှန်း နဲ့ ဘာသာပြန်ကတော့ Kppks ပဲ ဖြစ်ပါတယ် Genre….. Horror Quality…. 1080p | 720p File size… 1.8Gb | 695MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Kppks Encoder ….. Aaron

0 2012
The Suck Up Project
Club Dread
5.7

ကျွန်တော်တို့ငယ်ငယ်က ကြည့်ခဲ့ရတယ့် အတော်လေးရယ်ရမယ့် comedy/horror ဇာတ်လမ်းမျိုးပါ “သုခဘုံကျွန်း”ဆိုတဲ့ ကျွန်းပေါ်က အပန်းဖြေစခန်းကို တစ်ချိန်က နာမည်ကြီးအဆိုတော် “Pete Coconut” က ပိုင်တယ် ကျွန်းပေါ်က ဝန်ထမ်းတွေကလည်း တစ်ယောက်တစ်မျိုးနဲ့ အဖောက်တွေချည်းပဲ တစ်နေ့ စော်နှစ်ဗွေနဲ့ ဘဲတစ်ဗွေ ကျွန်းဘေးက တောထဲကို သွားပြီး threesome ကြရင်း လူသတ်သမား သတ်တာခံလိုက်ရတယ် ဒီကနေ ဝန်ထမ်းတွေ တစ်ယောက်ပြီးတစ်ယောက် သေကုန်လို့ ကျွန်းပေါ်က ဝန်ထမ်းတွေအားလုံး လူသတ်သမားကို အဖြေရှာဖို့ လုပ်ရတော့တယ် ဖုန်းလိုင်းမမိ၊ လှေကလည်း ပျောက်သွားတဲ့အခါမှာ ကျွန်းပေါ်မှာ ပိတ်မိရင်း ဝရုန်းသုန်းကားတွေ ဖြစ်ကြတာကို ပရိသတ်ကြီး ခွီရမယ့်ကားလေးပါ လိင်ဆက်ဆံခန်းတွေများတာမို့ မိသားစုနဲ့ အတူကြည့်မယ်ဆိုရင်တော့ မျက်နှာပူနေရမှာ သေချာတယ်။ File size…(2.3 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre…Comedy, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan

History • Drama
5.7 2004
Club Dread
The Execution
6.7

The Execution (2022) IMDb Rating (6.7) / Rotten Tomatoes (92%) ဒီဇာတ်လမ်းကတော့ ရုရှားအစိုးရအနေနဲ့ ဆယ်နှစ်ကျော်လိုက်လံရှာဖွေအဖြေထုတ်ခဲ့ရတဲ့ ကွင်းဆက်လူသတ်သမားအမှုအကြောင်း တကယ့်ဖြစ်ရပ်မှန်ဖြစ်ပြီး အမျိုးသမီးနဲ့ကလေး အယောက်50ကျော် သတ်ခဲ့တဲ့ ရုရှားကွင်းဆက်လူသတ်သမား Andrei Chikatilo ရဲ့ လူသတ်မှုတွေကို inspireယူပြီး ရိုက်ကူးထားတာပါ။ ဒီဇာတ်လမ်းထဲမှာတော့ အမျိုးသမီးတွေအများကြီးကို ရက်ရက်စက်စက်သတ်ခဲ့တဲ့ ရုရှားရဲ့နာမည်အကြီးဆုံး ကွင်းဆက်လူသတ်သမားကို 10နှစ်ကျော်ရှာဖွေခဲ့ရာက နောက်ဆုံးမှာ ဖမ်းမိခဲ့တယ်။ ဒါပေမဲ့ အဲဒီသံသယရှိသူက သူ့အပြစ်ကိုဝန်မခံဘဲ သူ မသတ်ကြောင်းငြင်းဆန်ရာကနေ သံသယရှိသူနဲ့ စစ်ဆေးမေးမြန်းသူတို့ကြား တင်းမာမှုတွေပြင်းထန်လာပြီး ဘယ်လိုကိုယ်ရေးကိုယ်တာကိစ္စတွေပါလာမလဲ၊ ထင်မှတ်မထားတဲ့လှည့်ကွက်တွေကရော ဘာတွေဖြစ်လာမလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမယ့် ရုရှားမှုခင်း ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။

Drama
6.7 2021 130 mins
The Execution
Scooby-Doo! and the Samurai Sword
6.4

ဇာတ်လမ်းအညွှန်း ‌ဒီတစ်ခေါက်မှာတော့ ငယ်ဘဝကို ပြန်အမှတ်ရစေမယ့် ဇာတ်လမ်းလေး တင်ဆက်ပေးချင်ပါတယ်။ စကူဘီဒူးတို့အဖွဲ့ဟာ ဂျပန်နိုင်ငံ တိုကျိုမြို့ကို လာရောက်ရင်း ပဟေဠိပြဿနာ ဖြေရှင်းကြဦးမှာ ဖြစ်ပါတယ်။ ဒါကတော့ ဂျပန့်ရိုးရာ ဆာမူရိုင်း အရှုပ်တော်ပုံပေါ့။ ကြောက်ရင်း ပြေးရင်း အစားအသောက်ငမ်းရင်းနဲ့ အရှုပ်တော်ပုံကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ စကူဘီနဲ့ ရှက်ဂီတို့ကို ‌အမြဲတမ်း‌တွေ့‌နေကြပုံစံအတိုင်း တွေ့မြင်ရဦးမှာပါ။ စကူဘီဒူးကြည့်ရင်း အိမ်ထောင်ကျတဲ့အရွယ်ရောက်သွားပြီဆိုတဲ့သူတွေအတွက်ကတော့ သားသားမီးမီးလေးတွေ ကြည့်ဖို့ပေါ့ဗျာ။ CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီ။ File Size : 1.36GB, 632 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 40min Format : Mp4 Genre : Animation, Adventure, Comedy, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by : Orika Encode by : Thit San Khant

6.4 2009 74 mins
Scooby-Doo! and the Samurai Sword
You Will Die in 6 Hours
7.6

You Will Die in 6 Hours (2024) ******************************* IMDb… 7.6 NCT အဖွဲ့ဝင် Jaehyun နဲ့ Mouse ၊ Perfect Family တို့မှ မင်းသမီး Park Ju-Hyun တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုံတင်ကားသစ်လေး ထွက်ရှိလာပါပြီ။ တစ်ချိန်က အသက် ၃၀ ပြည့်ရင်တော့ တစ်ခုခုပြောင်းလဲသွားတဲ့ ဘဝမှာ နေရလိမ်မယ်လို့ ထင်ထားခဲ့တဲ့ အီဂျောင်ယွန်း…(Park Ju-Hyun) အသက် ၃၀ ပြည့်မွေးနေ့ဖြစ်တဲ့ ယနေ့မှာလည်း ဘာမှမထူးခြားလာဘဲ ဒုံရင်းကဒုံရင်းဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့ ဂျောင်ယွန်းက သူ့သူငယ်ချင်းကို တွေ့ဖို့အသွား လမ်းဖြတ်ကူးစဉ်မှာ ဂင်ဂျွန်အူ (Jaehyun) က ဂျောင်ယွန်းနားကပ်လာပြီး ပြောလိုက်တဲ့ စကားလေးတစ်ခွန်းက “မင်း နောက် ၆ နာရီကြာရင် သေရမယ်”တဲ့… အဓိပ္ပာယ်မရှိတဲ့စကားမို့ ဂျောင်ယွန်းလည်း အစက မယုံနိုင်ဖြစ်နေခဲ့ပေမဲ့ သူ့ကံကြမ္မာကို ပြောင်းလဲဖို့အတွက် ဂျွန်အူနဲ့နှစ်ယောက်အတူ သူ့ကိုသတ်မဲ့ လူသတ်သမားကို အတူလိုက်ရှာကြတဲ့အခါမှာတော့….. ဂျောင်ယွန်းက သူ့ကံကြမ္မာကို ပြောင်းလဲလိုက်နိုင်မလား… ဂျွန်အူက ဂျောင်ယွန်းရဲ့ကံကြမ္မာကို ကြိုမြင်နိုင်ရတာရဲ့ နောက်ကွယ်မှာလည်း ဘယ်လိုအကြောင်းအရင်းတွေ ရှိနေမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။ (ဇာတ်လမ်းအကျဉ်းကို Hnin Wai Oo မှ ရေးသားပေးထားပါတယ်။) File size… 2.11GB/ 610MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 32m Genre ….. Thriller, Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Hnin Wai Oo, Stary & Treasure Htet

Comedy • Romance
7.6 2024 91 mins
You Will Die in 6 Hours
The Ardennes
6.7

The Ardennes (2015) ********************** Rotten Tomatoes (58%), IMDb (6.7) ဒီတစ်ခါတော့ ဒတ်ချ် စကားပြော ရုပ်ရှင်လေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကျွန်တော်တို ပတ်ဝန်းကျင်မှာ ထောင်ထွက်လူဆိုးတွေကို မြင်ဖူးကြမယ် ထင်ပါတယ်။ ဒီလူတွေဟာ ဆိုးလို ထောင်ကျတာလား ထောင်ကျလို လူဆိုးဖြစ်လာတာလားဆိုတာကို စဥ်းစားဖူးကြလား။ ဒီဇာတ်ကားလေးမှာ အဲဒီအဖြေ တစ်ပိုင်းတစ်စကို ပြောပြထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ကန်နီရယ် ကန်နီ့ ရည်းစား ဆယ်ဗီရယ် ကန်နီ့အကို ဒေ့ရယ်က သူများအိမ်သွားဖောက်တာ အဖောက်မတော်ဖြစ်ပြီး ကန်နီက ထောင် ခုနှစ်နှစ်ကျပါလေရော.. ထောင်ကထွက်လာတဲ့ နောက်ပိုင်း ကန်နီက အရင်တုန်းကလို ဟုတ်သေးရဲ့လား။ သူ့ညီကို လမ်းကြောင်းမှန်ကို ပြန်ရောက်အောင် ကြိုးစားတဲ့ ‌ဒေ့ရဲ့ အားထုတ်မှု အထမြောက်ပါ့မလား။ ဆယ်ဗီရဲ့ လျိုဝှက်ချက်ကရော ဘာပါလဲ.. သည်းထိတ်ရင်ဖို အမျိုးအစားဖြစ်တဲ့ ဒီဇာတ်လမ်းဟာ ဘယ်ဂျီယံနိုင်ငံရဲ့ Magritte Award for Best Flemish Film ဆုကိုလည်း ရရှိထားပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Lazum David ပဲဖြစ်ပါတယ်…) File Size : 1.15GB/ 490MB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…01:33:00 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Lazum David Encoded by Tiff

Romance • Drama
6.7 2015
The Ardennes
Fenglou Chronicles: Tale of the Spirit Fox
5.6

တရုတ်ရှန်းရှာနတ်ကားတွေကို ကြိုက်နှစ်သက်တဲ့ CM ရဲ့ ပရိသတ်တွေအတွက် 2025 ထွက် ရုပ်ရှင်အသစ်စက်စက်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ – လွန်ခဲ့တဲ့ ၁၈ နှစ်က လူသားမိန်းကလေး ဟန်ရှို့ရဲ့ မိသားစုဟာ အမှားတစ်ခုကြောင့် တစ်မိသားစုလုံး အသတ်ခံခဲ့ရပါတယ်။ သူတို့မိသားစုကို သတ်သွားသူကတော့ မြေခွေးနတ်ဖြစ်သူ ဟူဖုန့်လုံပဲ ဖြစ်ပါတယ်။ ၁၈ နှစ်ကြာတဲ့အခါမှာ ဟန်ရှို့ဟာ ဟူဖုန့်လုံကို ကလဲ့စားချေဖို့အတွက် လက်ထပ်ခဲ့ပါတယ်။ ဒါပေမဲ့ မြေခွေးမျိုးနွယ် အတွင်းပိုင်းက ပဋိပက္ခတွေနဲ့ ကြုံတွေ့ခဲ့ရပြီး ဖုန့်လုံရဲ့အဘိုး မြေခွေးမျိုးနွယ်အကြီးအကဲဖြစ်သူက ဂျပန်က နတ်ဆရာတစ်ဦးနဲ့ ပူးပေါင်းပြီး မြေခွေးမျိုးနွယ် ခေါင်းဆောင်နေရာကို လုဖို့ ကြံစည်နေပါတယ်။ မထင်ထားဘဲ မျိုးနွယ်ခြား မကောင်းဆိုးဝါးတွေဟာ သူတို့နယ်မြေကိုရောက်တာနဲ့ ပြည်သူတွေရဲ့ အသက်နဲ့ အစွမ်းအားတွေကို စုပ်ယူသတ်ဖြတ်ပါတော့တယ်။ ပြည်သူတွေကို ကယ်တင်ဖို့အတွက် မြေခွေးမျိုးနွယ်က ဘယ်လိုစီစဉ်ကြမလဲ…… ကလဲ့စားချေချင်တဲ့ ဟန်ရှို့တစ်ယောက်ရော ကလဲ့စားချေနိုင်ပါ့မလား…… အန္တရာယ်ရှိမှန်းသိသိနဲ့ ဟန်ရှို့ကို အနားခေါ်ထားတဲ့ ဟူဖုန့်လုံကရော ဘာအတွက်ကြောင့်လဲ…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

Drama
5.6 2025
Fenglou Chronicles: Tale of the Spirit Fox
The Discloser
6.5

The Discloser (2017) *********************** “The Discloser” (ကိုရီးယားနာမည်: 1급기밀 ) ဆိုတဲ့ရုပ်ရှင်ဇာတ်ကားဟာ စစ်တပ်အတွင်း အကျင့်ပျက်ခြစားမှုတွေကို ဖော်ထုတ်ပြသထားတဲ့ သည်းထိတ်ရင်ဖို ဒရာမာဇာတ်ကားတစ်ကား ဖြစ်ပါတယ် ဒါရိုက်တာ Hong Ki-seon ရဲ့ နောက်ဆုံးလက်ရာဖြစ်ပြီး သူဟာ ဒီကားပြီးပြီး သိပ်မကြာခင်မှာပဲ ကွယ်လွန်ခဲ့ပါတယ်။ အဓိက သရုပ်ဆောင်တွေအ‌နေနဲ့ကတော့ Kim Sang-kyung, Kim Ok-vin ,Choi Moo-sung နဲ့ Choi Gwi-hwa တို့ပါဝင်ရိုက်ကူးထားပြီးတော့ ဒီအဓိကသရုပ်ဆောင်တွေအပြင် Jung Il-woo, Shin Seung-hwan, Seo Hyun-woo နဲ့ တခြားသရုပ်ဆောင်များစွာလည်း ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ် ******************* ဇာတ်လမ်းက ဒုတိယဗိုလ်မှူးကြီး Park Dae-ik ကို ဗဟိုပြုထားပါတယ်။ သူဟာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်ထောက်ပံ့ပစ္စည်းဌာန လေယာဉ်အပိုပစ္စည်းဝယ်ယူရေး ဌာနခွဲကို ပြောင်းရွှေ့ခံရပြီး စစ်‌လေယာဉ်သုံးပစ္စည်းဝယ်ယူမှုတွေမှာ ကြီးမားတဲ့ ပုံမှန်မဟုတ်မှုတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သူ့အထက်အရာရှိ ဗိုလ်ချုပ် Cheon Hyeon-seok က ဒီအကျင့်ပျက်ခြစားမှုတွေကို ခွင့်ပြုရုံမက အားပေးနေတာကို တဖြည်းဖြည်း တွေ့လာရပါတယ် ဗိုလ်ချုပ်ရဲ့ ဖိအားပေးမှုနဲ့ ရာထူးတိုးပေးမယ်ဆိုတဲ့ ကတိတွေကြားမှာ Park Dae-ik ဟာ အဖြစ်မှန်ကို သိလျက်နဲ့ ဆိတ်ဆိတ်နေဖို့ ကြိုးစားခဲ့ပါတယ် ဒါပေမဲ့ ချွတ်ယွင်းနေတဲ့ စက်ပစ္စည်းကြောင့် လေယာဉ်မှူးတစ်ဦး သေဆုံးသွားတဲ့အခါ သူ့ရဲ့ ကိုယ်ကျင့်တရားက ဆိတ်ဆိတ်မနေဖို့ တွန်းအားပေးလာပါတော့တယ်။ အဲဒီနောက်မှာ Park Dae-ik ဟာ လျှို့ဝှက်စုံစမ်းမှုတွေ ပြုလုပ်ပြီး စစ်တပ်နဲ့ အမေရိကန် Air Star ကုမ္မဏီတို့ကြားက လျှို့ဝှက်သဘောတူညီမှုတွေကို သိရှိသွားပါတယ်။ အမှန်တရားကို ဖော်ထုတ်ဖို့အတွက် သတင်းထောက် Kim Jung-sook နဲ့ ပူးပေါင်းပြီး ကြိုးစားခဲ့ကြပါတယ်။ ဒီဇာတ်ကားလေးဟာ စစ်တပ်အတွင်းက အကျင့်ပျက်ခြစားမှုတွေ၊ လျှို့ဝှက်ချက်တွေနဲ့ ဖော်ထုတ်သူတစ်ဦးရဲ့ ရုန်းကန်လှုပ်ရှားမှုတွေကို လက်တွေ့ဆန်ဆန် ပုံဖော်ပြထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားလေးဖြစ်တာမို့ ကြည့်ရှုအားပေးကြပါဦးလို့ တိုက်တွန်းချင်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Miriက ရေးသားထားပါတယ်) File Size – 1.1 GB/ 514 MB Quality – WEB-DL 1080p/ 720p Duration – 1h 40m Format – mp4 Genre – Action, Thriller Subtitle – Myanmar Subtitle (Hard Sub) Translated by – Miri Encoded by – Treasure Htet

Romance • Drama
6.5 2017 100 mins
The Discloser