YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

[S1] Gyeongseong Creature - Episode 07 - 1080p Webrip NF [RMC].mp4

738.07 MB N/A video/mp4 6 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Moss
6.9

နာမည်ကြီး Webtoon ကိုအခြေခံရိုက်ကူးထားပြီး အချိန်ကြာမြင့်ပေမယ့် ဇာတ်သိမ်းထိဆွဲခေါ်သွားမယ့် ဇာတ်လမ်းမျိုးကိုတင်ဆက်ပေးချင်ပါတယ် ဆိုးလ်မြို့ကြီးမှာနေရတာ ပျင်းရိနေတဲ့ ရူဟေးဂုဆီကို ရွာမှာဇာတ်မြှုပ်နေတဲ့ဖခင်သေဆုံးသွားကြောင်းဖုန်းဝင်လာခဲ့ပါတယ် ဒီလိုနဲ့ဖခင်ဈာပနပွဲဆီသွားခဲ့ပေမယ့် ရွာကလူတွေဟာ တစ်ခုခုကိုဖုံးကွယ်ထားကြောင်း ရှေ့နေဟောင်းရူဟေးဂုက တန်းသိခဲ့ပါတယ် မြို့ကလူစိမ်းဖြစ်လို့ရွာမှာလက်မခံချင်ကြတာမှန်းသူနားလည်ပေမယ့် ဖခင်အကြောင်းတွေကိုပါလျှို့ဝှက်ထားကြတဲ့ ဒီရွာကို သူသံသယဝင်လာတော့ ဆိုးလ်ကိုမပြန်တော့ဘဲ ရွာမှာပဲခေတ္တအခြေချလိုကြောင်းပြောပြလိုက်တဲ့အခါ ရွာကလူတွေဆက်ဆံပုံက ပိုပြီးဆိုးရွားလာခဲ့တယ် ထူးဆန်းတာက ရွာရဲ့ ရွာသူကြီးဆိုတဲ့လူကို အကုန်လုံးက နတ်ဘုရားလိုကိုးကွယ်နေကြတာပါပဲ ဒီရွာရဲ့ဖုံးကွယ်ထားတာတွေကိုတစ်စတစ်စစုံစမ်းသိရှိလာချိန်မှာတော့ ရူဟေးဂုတစ်ယောက်ဘာဆက်ဖြစ်မလဲ ရွာသူကြီးကရော ဘယ်သူလဲ.. ရူဟေးဂုဖခင်သေဆုံးမှုကရော သွေးရိုးသားရိုးဖြစ်နိုင်ပါ့မလားဆိုတာတော့ ဆက်လက်ကြည့်ရှူလိုက်ကြပါရှင် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Yunni ပါ ) File Size__(2.5GB) / (1.1GB) Quality__WEB-DL_1080p, 720p IMDb Rating__6.7/10 Format__mp4 Duration__02:45:00 Type__Crime, Drama, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Yunni Encoded by Naing Aung Latt

Drama
6.9 2010 162 mins
Moss
Nope
6.9

စိတ်ကူးတွေ ဟာသဉာဏ်တွေ အမြဲဆန်းသစ်တဲ့ ကီးနဲ့ပီလီဆိုတဲ့ ဟာသသရုပ်ဆောင်အတွဲကို အတော်များများကြည့်ဖူးကြမှာပါ။ ပီလီက သာမန် ဟာသတိုလေးတွေတင်ရိုက်တာမဟုတ်ပါဘူး။ Get Out လို ထူးဆန်းတဲ့ရုပ်ရှင်ကောင်းမျိုးကိုလည်း ဒါရိုက်တာအဖြစ်ရိုက်ကူးခဲ့တဲ့သူပါ။ အခုတော့ သူကိုယ်တိုင်ဇာတ်ညွှန်းထပ်ရေးပြီး ရိုက်ကူးထားတဲ့ သိပ္ပံဟော်ရာ ရုပ်ရှင်အသစ်ထွက်လာပါပြီ။ မင်းသားကတော့ Get Out ဇာတ်ကားကတည်းက သူနဲ့အတွဲညီခဲ့တဲ့ မင်းသားပါပဲ။ ဒီဇာတ်လမ်းအကျဉ်းမှာတော့ ရုပ်ရှင်ရိုက်ဖို့မြင်းတွေကို လေ့ကျင့်ပေးတဲ့ ခြံပိုင်ရှင်ကြီးတစ်ယောက်ဟာ ကောင်းကင်ပေါ်က ပြုတ်ကျလာတဲ့ တိုလီမုတ်စပစ္စည်းတွေထိမှန်ပြီး သေဆုံးသွားခဲ့ပါတယ်။ သူ့ရဲ့သား အိုဂျေက အဲဒီမြင်းခြံကို မပြုတ်အောင် မနည်းကျားကန်ပြီးဆက်ရုန်းကန်နေရတာပါပဲ။ သူ့ရဲ့ညီမကတော့ ဒါရိုက်တာ သရုပ်ဆောင် အဆိုတော်ရူးလေးဖြစ်ပြီး မြင်းခြံကိုစိတ်မဝင်စားလှပါဘူး။ တစ်နေ့မှာတော့ အိုဂျေ ဟာ သူတို့ခြံဘက်ကနေ ပန်းကန်ပြားပျံလိုအရာကြီးတစ်ခုကို ဖျတ်ခနဲ မြင်လိုက်ရပါတယ်။ ဒီတော့ သူတို့မောင်နှမနှစ်ယောက်က အဲဒီပန်းကန်ပြားပျံကို သက်သေရိုက်ကူးပြီးသူဌေးဖြစ်ဖို့ ကြံစည်ကြပါတော့တယ်။ ဒါပေမဲ့ သူတို့ထင်တာထက် ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ကိစ္စတွေဖြစ်လာတဲ့အခါ... အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre..... Horror, Mystery, Sci-fi Quality…. 1080p | 720p | 480p File size… 1.766GB | 908MB | 340MB Format… mp4 Duration…. 2h 10min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August

Drama • Horror • Mystery • Thriller
6.9 2022 130 mins
Nope
Gulu Gulu
6

IMDb-7.2/10 လူတိုင်းမှာ ကူညီချင်စိတ်ရှိပါတယ် အနည်းနဲ့ အများပဲ ကွာကြတာ ဒါပေမယ့် ကိုယ့်ကိုယ်ထိခိုက်မယ်ဆိုရင်တော့ အားလုံးကစဉ်းစားကြမှာပါ ဒီကားထဲမှာတော့ သူ့ကိုဘယ်လိုပဲထိခိုက်ထိခိုက် ဘယ်လိုလူမျိုးကပဲ အကူအညီတောင်းတောင်း အမြဲကူညီပေးတဲ့ ဂူလူဘိုင် မိတဆိုး သိပ္ပံပညာရှင်ရဲ့သားလေး သူ့အဖေကသူ့ကို မချစ်ဘူးလို့ထင်ပြီး မွေးနေ့မှာ သူ့အဖေအချစ်စမ်းရအောင် သူငယ်ချင်းတွေကို ပြန်ပေးဆွဲခိုင်းတဲ့ မတ်ဒီ ဖခင်ရဲ့မျက်နှာကို နောက်ဆုံးအနေနဲ့ ကြည့်ရဖို့ပြန်လာတဲ့ မက်တီလ်ဒါ အဖေတူအမေကွဲ အကိုတွေက နောက်အိမ်ထောင်နဲ့ရတဲ့ကလေးမို့ လက်မခံခါးခါးသီးသီးဖြစ်ပြီး တစ်ဖက်လှည့်နဲ့ ပြန်ပေးဆွဲခိုင်းပြီး အမွေတွေကိုအပိုင်သိမ်းဖို့ကြိုးစားခဲ့တယ် ပြန်ပေးဆွဲဖို့ ပုံပြတဲ့အချိန်မှာ နားလည်မှုလွဲပြီး မတ်ဒီနဲ့ မက်တီလ်ဒါကို မှားပြန်ပေးဆွဲမိတဲ့အချိန်မှာ.... ဘယ်လိုတွေဖြေရှင်းကြမလဲ ဂူလူဘိုင်ကရော ဘယ်လို၀င်ကူညီမလဲ ဂူလူဘိုင်ဇာတ်ကောင်က ဆွဲခေါ်သွားမှာမို့ တစ်ကားလုံး ဆွဲဆောင်မှုအပြည့်နဲ့ကြည့်ရမယ့် ဇာတ်ကားလေးပါ File size…2.5GB / 1.2GB Quality…720p Format…mp4 Duration….2h 28m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & BpL & Yunni & Kevin  & Yunni

Drama • Thriller
6 2022 122 mins
Gulu Gulu
Iris Warriors
5.2

ဘာဆိုဘာမှ လုပ်ပေးဖို့စိတ်ကူးမရှိတဲ့ လူကောင်းပါဆိုတဲ့ ပုဂ္ဂိုလ်တွေကြောင့်ပဲ ဆိုးယုတ်ခြင်းက အောင်လံလွှင့်ထူနိုင်တာပါပဲလေ။ ကောင်းမွန်သန့်စင်ခြင်းအလင်းရောင်က လောကကို အလှဆင်ရုံနဲ့ တာဝန်ကျေပြီလား။ စေတန်နတ်ဆိုးကတော့ အမှောင်ကမ္ဘာမှာ သူ့တာဝန်ကို သူကျေတယ်။ မဆုတ်မနစ် ကြိုးစား၊ စဉ်ဆက်မပြတ်အားထုတ်၊ ကောက်ကျစ်ခြင်းအပြုံးရဲ့ အမှုန်တွေ လေထုထဲကို အဆိပ်ခတ်လို့ သူယုံကြည်ရာသူ့လမ်းကြောင်းကို တည်ဆောက်နေလေရဲ့။ လှပသွားတဲ့လောကကြီးကို ထိုင်ကြည့်ပြီး တာဝန်ကျေပါတယ်ဆိုတဲ့ အထာနဲ့ ပြုံးပြုံးကြီးထိုင်ကြည့်နေတဲ့ လူကောင်းကြီး‌တွေ။ ကာကွယ်သူမဲ့နေတဲ့ မြေကမ္ဘာကို သိမ်းပိုက် အမှောင်တိုက်လိုသူတွေကတော့ စက္ကန့်မလပ်အားထုတ်ရင်း ပန်းတိုင်ဆီကို ဖြည်းဖြည်းမှန်မှန် ဝေ့ဝဲပျံသန်းလာနေတုန်း။ အရွယ်မတိုင်ခင်မှည့်တဲ့ ပန်းသီးကိုစားပြီး ကိုယ်ကျင့်တရားလက်ဖက်တစ်ရိုးနဲ့ ကိုယ့်ကိုယ်ကိုယ် မျက်နှာလုပ်ကြသူတွေကတော့ လေးစားခံဘဝမှာ ယစ်မူးသာယာရင်း တာဝန်တွေမေ့၊ သေနေ့စေ့မှ " မတရားဘူး " ကုန်းအော်ကြတယ်။ ပင်လယ်ပြာတဝှမ်း ရေခမ်းရင်တော့ အသိတရား ရလောက်ရဲ့။ အစွန်းနှစ်ဖက်ဟာ သိပ်ဝေးကွာသလိုလိုနဲ့ သူ့ရဲ့အထိအတွေ့ကို ကျောဖက်မှာ ရှတတခံစားရတာမျိုး။ အမုန်းတရားနဲ့ အဆုံးထိသွားမယ်ဟန်ပြင်မှ နှလုံးသားတောင့်မှာ မသိလိုက်ဘဲ ဖုန်တက်နေတဲ့ မောင်မင်းကြီးသားထရှုပ်လို့ မျက်ရည်ပေါက်ပေါက်ကျရတာကလည်း မြေကြီးကိုလက်နဲ့ပုတ်လို့ လက်သာကျိုးသွားမယ့်အဖြစ်ပဲပေါ့။ ရင်ကဖြစ်လို့ ရင်နှစ်သည်းချာဆိုမလား။ ရန်သူလို ရန်ငြိုးထား ကျောင်းတော်က ရန်စလို ကမ္ဘာပြိုတဲ့အထိ အမုန်းတွေ မအိုတာလည်း ကြုံဖူးကြမယ်ထင်ပါရဲ့။ ဒီဇာတ်လမ်းက မဆန်းပါဘူးဗျာ။ မြေတိုက်တစ်ခန်းမှာ ကလေးတသိုက်နဲ့ အထိန်းတော်တစ်ယောက် ဗုံးမိုး ခိုနေကြတဲ့ တစ်ခန်းစာပါပဲ။ ကိုယ်တိုင်ကြောက်တာထက် ကိုယ်ကြောက်နေတာကို သိသွားမှာ ပိုကြောက်ရတဲ့အဖြစ်က မှိုဟင်းစားရင်း ငရုတ်သီးစပ်တဲ့အဖြစ်ပဲဗျ။ အမူအယာကိုဖုံးဖိရင်း တဂျိမ်းဂျိမ်းကျနေတဲ့ ဗုံးသီးတွေအောက်မှာ မတစ်ထောင်သားသမီးတွေကို ပုံပြင်ဖတ်ပြရနေရတဲ့ အပျိုရည်တောင် မပျက်လောက်သေးတဲ့ ကောင်မလေးက ရဲရင့်တယ်ခေါ်မလား။ ကြံရာမရ ကောက်ရိုးတစ်မျှင်ဆွဲတယ် ခေါ်မလား။ ပုံပြင်ဆိုတော့ ပုံကို လိုအပ်သလို ပြင်ထားတာဖြစ်မှာပေါ့။ အကောင်းနဲ့အဆိုး တိုက်ခိုက်ကြတဲ့အခါ အကောင်းကပဲ နိုင်လေသတည်းတဲ့။ စာအုပ်ထဲကထွက်လာတဲ့ မှော်ပရိုဂျက်တာမှာ မှော်ဆန်တဲ့ ကကွက်တွေ ပုံဖော်၊ အံ့မခန်းတဲ့ နောက်ခံဂီတကတော့ အဖန်တရာ ဖန်အပ်သော ဝါဂွမ်းကို အဖန်တရာစစ်အပ်သော ဆီထဲနှစ်သကဲ့သို့ပေါ့။ ဘဲလေးအကကြိုက်သူ‌တွေကတော့ ရတနာပုံဆိုက်တာပဲဗျာ။ ပုံပြင်လေးကို ဘဲလေးအကနဲ့ သရုပ်ဖော်သွားတာမြင်တော့ ရာမဇာတ်တော်ကြီးကိုတောင် သတိရမိသေး။ ရောင်စဉ်ခုနှစ်သွယ်ကို ပုံဖော်ကြတဲ့ ရောင်စဉ်ခုနှစ်မျိုး မိတ်ကပ်မျက်နှာလှလှ‌လေးတွေ၊ ‌အမှောင်သခင်မရဲ့ မဟူရာဆန်တဲ့အလှနဲ့ကျက်သရေတွေက ဒီဇာတ်ကားရဲ့အနှစ်သာရပေါ့။ ဇာတ်ကားနာမည်လေးက "ရောင်စဉ်ခုနှစ်ဖော် စစ်သည်တော်" ပါတဲ့... (ဇာတ်ကားအညွှန်းကို Arr Khun Winchester မှ ရေးသားပေးထားပါတယ်) Size - 1.53GB, 720MB, 330MB Quality - WEBrip 1080p, 720p, 480p Duration - 1Hr 20mins Subtitles - Myanmar Hardsub Format - MP4 Genre - Family, Fantasy, Musical Translated by Arr Khun Winchester Encoded by Y

Action • Fantasy • Romance
5.2 2022 107 mins
Iris Warriors
The Judgement [De veroordeling]
7.3

The Judgement [De veroordeling] (2021) ============================= Genre – Biography, Crime, Drama IMDb Rating – 7.3/10 တကယ့်ဖြစ်ရပ်မှန်အပေါ် အခြေခံထားတဲ့ နယ်သာလန်ရုပ်ရှင် ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၉၉၉ ခုနှစ်မှာ ချမ်းသာကြွယ်ဝတဲ့ မုဆိုးမကြီးတစ်ယောက် သေဆုံးမှုကနေ စတင်ခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီမှာ စတွေ့တဲ့သက်သေတွေအရ လောင်ဝက်စ်ဆိုတဲ့လူကို ဖမ်းဆီးလိုက်ကြပါတယ်။ ဒါပေမဲ့ နောက်နှစ်နည်းနည်းကြာလာတော့ ပြန်လွှတ်ပေးလိုက် ကြပါတယ်။ နောက်ပြီးတော့ ဒီအန်အေစစ်တာ ကိုက်ညီတယ်ဆိုပြီး ထောင်ဒဏ် ၁၂ နှစ် ပြန်ချမှတ်လိုက်ပါတယ်။ အဲဒီမှာ နက်ဝေါ့ဆိုတဲ့ ရုပ်သံလိုင်းက သတင်းထောက် ဘတ်စ်ဟန်းဟာ ဒီအမှုနောက်ကို စိန်ခေါ်မှုတွေများစွာနဲ့ သတင်းလိုက်ပြီး အမှန်တရားကို ရှာဖွေပါ တော့တယ်။ တစ်ချိန်တည်းမှာလည်း မောရစ်စ်ဆိုတဲ့လူ ပြောစကား အရ မုဆိုးမကြီးကို သတ်တဲ့လူဟာ သူမရဲ့ လက်တိုလက်တောင်း ခိုင်းတဲ့ မီခေး ဖြစ်နေတယ်လို့လည်း စွပ်စွဲလာပါတယ်။ အဲဒီမှာ သပွတ် အူလို ရှုပ်ထွေးလှတဲ့ အမှုအခင်းကြီး ဘယ်လိုဆက်ဖြစ်ကြမလဲ ဆိုတာ သတင်းထောက်အမြင်နေရာကနေ ကြည့်ရှု ခံစားရမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size……….(1.77 GB) / (667 MB) / (372 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………2Hr 10Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Biography, Crime, Drama Translator…….Thura Aung Encoder……….SWM

Romance
7.3 2021 130 mins
The Judgement [De veroordeling]
Bee Season
5.5

Bee Season (2005) ============= ဒီကားနဲ့ အဓိကဇာတ်ရုပ်ဖြစ်တဲ့ Flora Crossက 2006 Best Young Actress မှာ အဲ့ခေတ်အခါက ဟယ်ရီပေါ်တာဇာတ်ကားထဲက Emma Watson, The Chronicles of Narnia ဇာတ်ကားထဲက Georgie Henley တို့နဲ့အတူ ဆန်ခါတင်စာရင်းဝင်ခဲ့တာပါ။ ဒီကားထဲမှာ ဘာသာ ရေးနဲ့နှီးနွှယ်နေတဲ့အတွက် စိတ်ဝင်စားစရာအချက်တွေပါဝင်နေပါတယ်။ ပြီးတော့ Bee Season ဆိုတာ သူတို့နိုင်ငံမှာ ကလေးတွေအတွက် ကျင်း ပတဲ့စာလုံးပေါင်းပြိုင်ပွဲပါ။ စကားလုံးတွေက ဂူဂဲလ်ခေါက်ရှာကြည့်ရင် တောင် နားမလည်နိုင်တဲ့အထိကြမ်းတာပါ။ ဒီဇာတ်ကားမှာ ပါဝင်ထားတဲ့အဓိကဇာတ်ဆောင် ၄ယောက်ရဲ့အေးတိအေး စက်သရုပ်ဆောင်မှုတွေအပြင်၊ ဘာသာရေးအမြင်မတူမှုတွေနဲ့ဆန်းသစ်တဲ့ စကားလုံး၊အတွေးအခေါ်တွေကို မြင်တွေ့ရမှာပါ။ ကယ်လီဖိုနီးယား၊အုတ်ကလန်းမှာနေကြတဲ့ နော့မန်းတို့မိသားစုက ကြည်နူး အားကျစရာကောင်းတဲ့မိသားစုလေးပါ။ အိမ်ထောင်ဦးစီးအဖေဖြစ်သူက ဘာသာရေးပိုင်းလေ့လာလိုက်စားတဲ့ပါမောက္ခတစ်ယောက်ဖြစ်ပြီး သူရဲ့ဘာ သာရေးအမြင်တွေကိုလည်း မိသားစုအပေါ်ချပြပြီး မိသားစုဝင်တိုင်းကို ဂျူး ဘာသာဝင်အဖြစ် ကူးပြောင်းစေခဲ့သူပေါ့။ သားအကြီးဖြစ်သူက ဖအေကို အားကျ‌တော့ ဖအေစိတ်ကျေနပ်စေမယ့်အရာမှန်သမျှလုပ်ပေးတယ်၊ ဖြစ်ချင် တော့ သမီးအငယ်ဖြစ်သူ အယ်လိုင်ဇာက စီရင်စုစာလုံးပေါင်းပြိုင်ပွဲမှာ အနိုင် ရလိုက်တော့ ဖအေဖြစ်သူရဲ့အာရုံစိုက်မှုတွေက သမီးအငယ်အပေါ် ကျရောက် လာတဲ့အခါ နော့မန်းမိသားစုရဲ့ကံကြမ္မာ ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာ ကြည့်ရှူလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်) File Size……….(1.23 GB) / (516 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 44Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Family Translator…….ZWT Encoder……….SWM

5.5 2005
Bee Season
The Forbidden Play

The Forbidden Play (2023) “Kinjirareta Asobi” ~ MyDramaList – 6.8/10 ~ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ပထမအပတ်တုန်းက မြန်မာပြည်မှာရုံတင်သွားခဲ့တဲ့ ဂျပန် Horror, Thriller ဇာတ်ကား The Forbidden Play (2023) ကို တင်ဆက်ပေးလိုက်ပါတယ်။ ယာဉ်တိုက်မှုမတော်တဆဖြစ်စဉ်ကြောင့် မိခင်ဖြစ်သူ အီဟာရမီယူကီ (Ihara Miyuki) ရုတ်တရက် ဆုံးသွားတဲ့အခါမှာ သားဖြစ်သူ အီဟာရဟာရုတို (Ihara Haruto) က သွားလေသူမိခင်ကို အသက်ပြန်ရှင်လာဖိုအတွက် လက်ချောင်းတစ်ချောင်းကို ဖြုတ်ယူ၊ သူတို့အိမ်နောက်ဖေးမှာ မြေမြှုပ်နှံပြီး မိခင်ဖြစ်သူ အသက်ပြန်ရှင်လာဖို့အတွက် နေ့တိုင်းဆုတောင်းပေးနေရာကနေ ထိတ်လန့်ဖွယ်ရာတွေကို ဘယ်လိုတွေ့ကြုံရမလဲဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ The Forbidden Play ကိုရိုက်ကူးတဲ့သူကတော့ တစ်ခြားသူမဟုတ်ပါဘူး။ ဂျပန်မူရင်း Ring (1998), Ring 2 (1999), Dark Water (2002) တို့အပြင် L: Change the World (2008), Sadako (2019), “Stolen Identity” Trilogy (2018,2020,2024), Usogui (2022) အစရှိတဲ့ ဂန္ထဝင် Horror, Mystery, Thriller ဇာတ်ကားများစွာကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Hideo Nakata ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ရေးသားထုတ်ဝေခဲ့တဲ့ Shimizu Karuma ရဲ့ Kinjirareta Asobi (The Forbidden Play) စာအုပ်ကို အခြေခံပြီး အဲဒီနာမည်နဲ့ပဲရိုက်ကူးခဲ့တာပါ။ Once Upon a Crime (2023), Karada Sagashi (2022) နောက်ပြီး Kingdom 1-4 မှာ Karyoten အဖြစ် သရုပ်ဆောင်ထားတဲ့ Kanna Hashimoto နဲ့ Daiki Shigeoka တို့ကအဓိကပါဝင်ထားပြီး First Summer Uika, Mayu Hotta, Shinobu Hasegawa တို့လိုသရုပ်ဆောင်တွေလည်း ပါဝင်ထားကြပါတယ်။ The Forbidden Play ဇာတ်ကားရဲ့ အင်္ဂလိပ်ဘာသာနဲ့ပိုစတာမှာ Scariest Japanese Horror Film of the Year ဆိုပြီးရေးထားပေမဲ့ တကယ်တမ်းတော့ အရမ်းကြောက်စရာမကောင်းပါဘူး။ ဂျပန်သရဲကားတွေထုံးစံ ဇာတ်လမ်းဇာတ်ကွက်က စိတ်ဝင်စားစရာကောင်းပြီး ဟာကွက်တွေရှိနေပေမဲ့ လန့်ချင်၊ ကြောက်ချင်ပါတယ်ဆိုကာမှ သရုပ်ဆောင်တွေရဲ့ အူကြောင်ကြောင်အကွက်တွေကြောင့် ထထရယ်နေမိပါလိမ့်မယ်။ တစ်နေရာမှာတော့ မထူးဆန်းလှတဲ့ သွေးထွက်သံယိုဇာတ်ဝင်ခန်း တစ်ခန်းတစ်လေပါလာလို့ ဒီကပြည်တွင်းရုံတွေမှာ ဆင်ဆာရရဲ့လားမသိဘူးလို့တွေးမိပါသေးတယ်။ အက်ရှင်ကားတွေလည်းမကြည့်ချင်၊ ဦးနှောက်သုံးရတဲ့ကားတွေလည်းမကြည့်ချင်၊ အရမ်းကြောက်ဖို့ကောင်းတဲ့သရဲကားတွေလည်းမကြည့်ချင်၊ “ကြည့်နေတုန်းကြောက်၊ ကြည့်ပြီးတာနဲ့မေ့” ဆိုတဲ့သရဲကားကို တစ်ညတာအတွက် အချိန်ဖြုန်းကြည့်ချင်ရင်တော့ Ring (1998) ကြောင့် King of the Japanese Horror Film Director တစ်ပါးလို့ ဒီနေ့ခေတ်အထိ နာမည်ကြီးနေတဲ့ ဒါရိုက်တာ Hideo Nakata ရဲ့ အခုကား The Forbidden Play (2023) ကိုကြည့်ဖို့ တိုက်တွန်းပါရစေ။ (ဒီဇာတ်ကားနဲ့အညွှန်းကို AK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.35GB, 1GB Quality – 1080p, 720p Format – mp4 Duration – 1H 50Min Genre – Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by AK Encoded by Y

Romance • Comedy • TV Movie
0 2023 110 mins
The Forbidden Play
Star Wars: Episode VI – Return of the Jedi
8.3

Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ခွန်အားတွေကို Force ဆိုတဲ့ အရာကနေ ယူငင်သုံးစွဲကြပါတယ်။ Force ဆိုတာကတော့ သက်ရှိသက်မဲ့တွေ အားလုံး အတွင်းထဲ အပြင်ထဲမှာ ဝိုင်းရံနေတဲ့ စွမ်းအင်တစ်မျိုးဖြစ်ပြီး Jedi တွေသာ ခံစားနိုင် သုံးစွဲနိုင်ကြပါတယ်။ အဲဒီ Jedi တွေရဲ့ လုံးဝဆန့်ကျင်ဖက်လမ်းစဉ်ကို လိုက်တဲ့သူတွေကိုတော့ Sith တွေလို့ခေါ်ပြီး သူတို့က ဒေါသနဲ့အမုန်းတွေကို အခြေခံတဲ့ အမှောင်ခြမ်းစွမ်းအင် Dark Side of the Force ကို သုံးစွဲကြပါတယ်။ ဒီ star wars ရုပ်ရှင်တွေအတွင်းမှာ Jedi နဲ့ sith တွေရဲ့ အပြန်အလှန်အားပြိုင်မှုတွေ တော်လှန်ရေးအဖွဲ့တွေနဲ့ အင်ပါယာတပ်တွေရဲ့ တိုက်ပွဲတွေအကြောင်းတွေ ခံစားကြည့်ရှုနိုင်ပါလိမ့်မယ်။ စတားဝါးရုပ်ရှင်တွေကို ထုတ်လုပ်ခဲ့တဲ့ခုနှစ်အတိုင်း အစဉ်လိုက်ကြည့်ရှုမယ်ဆိုရင်အောက်ပါအတိုင်းကြည့်ရှုလို့ရပါတယ်။ 1. Star Wars IV : A New Hope (1977) 2. Star Wars V : The Empire strikes back (1980) 3. Star Wars VI : Return of the Jedi (1983) 4. Star Wars I : Phantom Menace (1999) 5. Star Wars II : Attack of The Clones (2002) 6. Star Wars III : Revenge of The Sith (2005) 7. Star Wars VII: The Force Awakens (2015) 8. Rogue One : A Star Wars Story (2016) 9. Star Wars VIII : The Return of the Jedi (2017) 10. Solo : A Star Wars Story (2018) 11. Star Wars IX : The Rise of the Skywalker (2019) တကယ်လို့ Star Wars Timeline အတိုင်းကြည့်မယ်ဆိုရင်တော့ အောက်ပါအတိုင်းကြည့်ရှုလို့ရပါတယ်။ 1. Star Wars I : Phantom Menace (1999) 2. Star Wars II : Attack of The Clones (2002) 3. Star Wars III : Revenge of The Sith (2005) 4. Solo : A Star Wars Story (2018) 5. Rogue One : A Star Wars Story (2016) 6. Star Wars IV : A New Hope (1977) 7. Star Wars V : The Empire strikes back (1980) 8. Star Wars VI : Return of the Jedi (1983) 9. Star Wars VII: The Force Awakens (2015) 10. Star Wars VIII : The Return of the Jedi (2017) 11. Star Wars IX : The Rise of the Skywalker (2019) ( Littleneo မှ ဘာသာပြန်တင်ဆက်ထားပါတယ်။) Star Wars ရုပ်ရှင်အားလုံးကို https://channelmyanmar.to/category/special-package/star-wars/ မှာကြည့်ရှုနိုင်ပါတယ်။ 4K ကိုတော့ www.cmapp.tv မှာ မန်ဘာဝင်ပြီး CM App ကနေ လွယ်ကူစွာတိုက်ရိုက်ကြည့်ရှုနိုင်သလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။ +++++++++++++++++++++++++++++ Star Wars: Episode VI – Return of the Jedi (1983) ဒီဇာတ်ကားဟာ မူလ စတားဝါးစ် ၃ ကားတွဲရဲ့ နောက်ဆုံးကားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဟန်ဆိုလို ကို တက်တူးအင်းမှာ ဂျားဗားသယ်ဟက်က ဖမ်းထားတာကို လုခ် စကိုင်းဝေါ်ကာက လိုက်ကယ်တင်ဖို့ကြိုးစားနေချိန်….အင်ပါယာနဲ့ ဒါ့သ်ဗိတ်ဒါတို့က မူလဖျက်စီးခံလိုက်ရတဲ့ သေမင်းကြယ်ထက် ပိုအစွမ်းထက်တဲ့ စစ်စခန်းအသစ်ကို တည်ဆောက်နေချိန်ပါပဲ…. လုခ် စကိုင်းဝေါ်ကာ ဟာ ဒါ့သ်ဗိတ်ဒါနဲ့ အင်ပါယာတို့ကို ရင်ဆိုင်ရတော့မှာ ဖြစ်ပြီး တော်လှန်ရေးတပ်တွေဟာလည်း အင်ပါယာတပ်တွေနဲ့ သေမင်းကြယ်ကို အချိန်မှီဖျက်ဆီးဖို့ အင်အားကုန် တိုက်ခိုက်ကြတဲ့အခါ….

8.3 1983 132 mins
Star Wars: Episode VI – Return of the Jedi
Hands of Hell

ဒီ “Hands of Hell” ဆိုတဲ့ ဇာတ်ကားကတော့ အမေရိကန်နိုင်ငံရဲ့ Texas မြို့အရှေ့ဘက်မှာ ဇာတ်လမ်းတည်ထားပါတယ်။ စိတ်ကျန်းမာရေးဆေးရုံကနေ စိတ္တဇလူသတ်သမားနှစ်ဦးလွတ်လာတဲ့အခါ Texas မြို့ လူသူနဲ့ အလှမ်းဝေးတဲ့နေရာတစ်ခုမှာ အပန်းဖြေခရီး ထွက်လာကြတဲ့ လူငယ်တစ်စုနဲ့ ထိုလူသတ်သမားနှစ်ဦး တွေ့ကြတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ။ ဒီလူငယ်တစ်စုက ဘယ်လိုလွတ်မြောက်အောင် ကြိုးစားကြမလဲ။ လူသတ်သမားနှစ်ဦးကဘဲ အနိုင်ရသွားမလား။ ဒီလူငယ်တစ်စုပဲ လွတ်မြောက်သွားမလား စိတ်လှုပ်ရှားစရာ ကြည့်ရမယ့်ဇာတ်ကားမျိုးဘဲဖြစ်ပါတယ်။ Horror film ပုံစံမျိုးဖြစ်တဲ့အတွက် Weekend လိုမျိုးမှာ ကြည့်ဖို့သင့်တော်တဲ့ movie တစ်ခုပဲဖြစ်ပါတယ်။ File size…(1.3 GB)/(530 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:18:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Phoo Phoo

0 2023
Hands of Hell
Horny House of Horror
4.3

Horny House of Horror (2010) review (လိင်ပိုင်းဆိုင်ရာ နှင့် သွေးထွက်သံယို ဇာတ်ဝင်ခန်းများပါရှိသဖြင့် မိသားစုနှင့်ကြည့်ရှုရန် မသင့်တော်ကြောင်း ကြိုတင်သတိပေးအပ်ပါသည်။) မကြာခင် လက်ထပ်တော့မှာဖြစ်တဲ့ နာကတ်စု တစ်ယောက်ဟာ နှစ်ပေါင်းများစွာ ခင်လာခဲ့တဲ့ သူငယ်ချင်း ၂ ယောက် ဖြစ်တဲ့ အူနို နဲ့ တိုရှီဒါ တို့ရဲ့ ဘေ့စ်ဘောအသင်းကို စွန့်ခွာပြီး အိမ်ထောင်သည်ဘဝကို ခြေစုံပစ်ဝင်ဖို့ ကြိုးစားခဲ့ပါတယ်။ သူတို့ရဲ့ နောက်ဆုံး ဘေ့စ်ဘောပွဲကအပြန် Shogun Massage Parlours ဆိုတဲ့ အနှိပ်ခန်းအသစ်တစ်ခုကို လူပျိုဘဝ နောက်ဆုံးအကြိမ် ကဲဖို့ နာကတ်စုကို အတင်းတိုက်တွန်းကြရင်း ဝင်ရောက်ခဲ့ကြပါတယ်။ သူတို့မသိသေးတာတစ်ခုကတော့ ဒီအနှိပ်ခန်းက သာမန်အနှိပ်ခန်းတစ်ခု မဟုတ်ဘဲ ယောက်ျားသားတွေကို လိင်ကိစ္စသာယာမှုကိုပေးရင်း သတ်ဖြတ်နေတဲ့ အနှိပ်ခန်းတစ်ခု ဖြစ်နေခဲ့တာပါပဲ။ သူတို့စိတ်ကြိုက် ကိုင်ရှူရွေးချယ်ထားတဲ့ နာဂီစာ၊ နိုနိုကို နဲ့ ကာအိုရီတို့ ၃ ယောက်နဲ့ တူရဂျီမူစကီလုပ်ဖို့ စိတ်ကူးနေတဲ့ သူတို့ ၃ယောက်ကို ဘယ်လိုကံကြမ္မာဆိုးတွေက စောင့်ကြိုနေမလဲဆိုတာ ရင်တထိတ်ထိတ်ရှုစားနိုင်ဖို့ CM ကနေ တင်ဆက်ပေးလိုက်ရပါတယ်။ File size… 1.4 GB / 559 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 15m Genre ….. Comedy/Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Sai Sumali

4.3 2010
Horny House of Horror
Horrible Bosses 2
6.3

Horrible Bosses 2 (2014) IMDb Rating (6.3) / Rotten Tomatoes (35%) အလုပ်ရှင်သူဌေးကို လုပ်ကြံမယ့် ဝန်ထမ်းတွေလာပါပြီ…. သရုပ်ဆောင်ကလဲ နာမည်ကြီးတွေဖြစ်သလို တကယ်လဲရယ်နေရတဲ့ Dark Comedy ရုပ်ရှင်ကားတွေပါ။ ဇာတ်လမ်းကတော့……. နစ်ခ် ကာ့တ် နဲ့ ဒေးလ် ဆိုတဲ့ သူငယ်ချင်း သုံးယောက်ရှိကြပါတယ်… သူတို့က မတူညီတဲ့ ပတ်ဝန်းကျင်း တစ်ခုစီမှာ ကိုယ်ပိုင်ရာထူးတစ်ခုစီနဲ့အလုပ်လုပ်နေကြပြီး သက်ဆိုင်ရာ သူတို့ရဲ့ အလုပ်မှာ အလုပ်ကြိုးစားကြပေမယ့် အဆင်မပြေကြတဲ့ သူတွေပေါ့ အဓိကအကြောင်းကတော့ ဆိုးရွားတဲ့ အလုပ်ရှင်သဌေးတွေကြောင့်ပါပဲ နစ်ခ် ကတော့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေပြီးတော့ သူအလုပ်ကြိုးစားပေမယ့် အကျင့်မကောင်းတဲ့ အလုပ်ရှင်ကြောင့် အမြဲတမ်း အညစ်ခံနေရသူပါ ကာ့တ် ကတော့ အလုပ်ရှင်ရ ကံကောင်းခဲ့ပေမယ့် ကံမကောင်းစွာပဲ သဘောကောင်းတဲ့ အလုပ်ရှင် သေဆုံးခဲ့ပြီး အလုပ်ရှင်သား ဆေးသမားက သူ့အထက်လူကြီး ဖြစ်လာခဲ့ပါတယ် ဒေးလ် ဆိုတဲ့ သွားဆရာဝန်လက်ထောက်ကလေးကတော့ သူအလုပ်လုပ်နေတဲ့ သွားဆေးခန်းမှာ သွားဆရာဝန်မရဲ့ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုကို ခံနေရတဲ့သူပေါ့.. သူကတော့ ချစ်သူအပေါ် သစ္စာရှိချင်သူဆိုတော့ သူ့အတွက် ဒုက္ခဖြစ်လာခဲ့တယ် ပြဿနာပေါင်းစုံနဲ့ သူငယ်ချင်းသုံးယောက်ဟာ သည်းမခံနိုင်တော့တဲ့အဆုံး သူတို့အလုပ်ရှင်တွေကို သတ်ဖို့ ကြိုးစားကြပါတော့တယ်… ရယ်မောစရာနဲ့ ရင်ထိတ်စရာ မှုခင်းဟာသကားဖြစ်ပြီး ညစ်ညမ်းတဲ့ဟာသစကားလုံးတွေပါလို့ မိသားစုနဲ့တော့ ကြည့်လို့မပြေလောက်ပါဘူး။ Horrible Bosses (2011) နဲ့ Horrible Bosses 2 (2014) ၂ ကားရှိပြီး ၂ ကားလုံးကို CM မှာ တင်ဆက်ထားပါတယ်။

6.3 2014 108 mins
Horrible Bosses 2
Chaalchitra Ekhon

IMDb – 7.8 ဒီရုပ်ရှင်ကတော့ 2018 ခုနှစ်မှာကွယ်လွန်သွားခဲ့တဲ့ အိန္ဒိယရုပ်ရှင်ဒါရိုက်တာ Mrinal Sen ကို tribute တဲ့အနေနဲ့ ရိုက်ကူးထားတာပါ။ 1981 ခုနှစ်မှာ Mrinal Sen ရိုက်ကူးခဲ့တဲ့ “Chaalchitra” ရုပ်ရှင်ထဲက ဇာတ်လိုက်မင်းသား “ဒီပူ” နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Anjan Dutt ကိုယ်တိုင်ရိုက်ကူးထားတာဖြစ်ပြီး Mrinal နဲ့ Anjan နှစ်ယောက်ကြားက relationship ကို အဓိကရိုက်ပြထားပါတယ်။ Anjan Dutt ကလည်း 1981 ခုနှစ် ဗင်းနစ်အပြည်ပြည်ဆိုင်ရာရုပ်ရှင်ပွဲတော်မှာ Chaalchitra ရုပ်ရှင်နဲ့ “အကောင်းဦးပွဲဦးထွက်မင်းသား” ဆုကိုရရှိခဲ့ပါသေးတယ်။ ဆိုတော့ Chaalchitra (1981) ရုပ်ရှင်ဖြစ်ပေါ်လာဖို့အတွက် ပြဇာတ်တွေကိုရူးသွပ်နေတဲ့ Anjan နဲ့ ဂန္တဝင်ရုပ်ရှင်ဒါရိုက်တာကြီးဖြစ်နေပြီးသား Mrinal တို့ နှစ်ယောက်ကြားက အတွေးအမြင်မတူမှုတွေ၊ အခက်အခဲတွေနဲ့ ကာလကတ္တားမြို့ကြီးရဲ့ ဆန်းကျယ်မှုတွေကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(1.5 GB)/(773 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre… History,Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT

Crime • Drama • Action
0 2024
Chaalchitra Ekhon
36th Precinct
7.1

36th Precinct(2004) ********************* IMDb…7.2,,,Rotten..100% ပဲရစ်မြို့ပေါ်မှာ ဒုစရိုက်အမှုတွေ အများအပြားကျူးလွန်နေလျက်ရှိပြီး ရဲတပ်ဖွဲ့ကို အမြဲတမ်းလိုလို ဒုက္ခပေးတာကြာပြီ… ဒီမြို့မှာပဲ လီယိုဗရင့်ခ်စ် နဲ့ ဒန်းနစ်ကလီယန်ဆိုတဲ့ ရဲအရာရှိနှစ်ယောက်ဟာ ရာထူးတိုးအောင်အပြိုင်အဆိုင် ယှဉ်ပြိုင်နေတဲ့ ရဲနှစ်ယောက်ဖြစ်တယ် …သူတို့မြို့က နာမည်ကြီးဆုံး လူဆိုးဂိုဏ်းအဖွဲ့ရဲ့သတင်းကိုရဖို့အတွက် နှစ်ဦးနှစ်ဖက်လုံးဟာ လူဆိုးတစ်ချို့နဲ့ပူးပေါင်းပြီး သတင်းနှိုက်ကြတယ်.. ၂ယောက်လုံးဟာလည်း အရည်အချင်းရှိတဲ့သူတွေ… လူဆိုးဂိုဏ်းကလည်း အဖွဲ့တောင့်တဲ့အပြင် တကယ့်လက်ရဲဇက်ရဲတွေ… သူတို့ ၂ယောက်စုံစမ်းတာအောင်မြင်မလား…. ကြားထဲမှာ ဘယ်လိုပြသနာပေါင်းစုံကြုံတွေ့ရမလဲဆိုတာကိုတော့ Action , Crime တွေကိုမှ ကြိုက်တဲ့သူတွေအဖို့ ဒီကားက နင်းကန်လန်းတယ်လို့ သတင်းကောင်းပါးပါရစေ…. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwel Zan Aung ဖြစ်ပါတယ်… File Size : 2.38 GB, 709 MB Quality : Blu-Ray 1080p, 720p Format…mp4 Duration…01:51:00 Genre : Action , Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded by AHtet

7.1 2004 111 mins
36th Precinct
Loveable Elskling
7.9

Loveable (2024) IMDb Rating (7.9) / Rotten Tomatoes (100%) နော်ဝေးအမျိုးသမီးဒါရိုက်တာLilja Ingolfsdottirရဲ့ ပွဲဦးထွက် ရုပ်ရှင်ပါ။ Rotten Tomatoes 100 ရထားတော့ ပွဲဦးထွက်အနေနဲ့အောင်မြင်တယ် ပြောရပါမယ်။ ဇာတ်လမ်းကတော့ မာရီနဲ့ ဆစ်မန်လို့ခေါ်တဲ့ လူ၂ယောက်ရဲ့ Love Life အကြောင်းပါပဲ။ မာရီက ကလေးတွေမွေးပြီးမှ ယောက်ျားနဲ့ကွာရှင်းထားရတဲ့သူ။ ဆစ်မန်ကို သူက သဘောကျသွားပြီးလို့ သူတို့တွဲမိပြီးတဲ့နောက် သူတို့ဘဝ၂ခုက ပေါင်းစည်းသွားခဲ့တယ်။ အချစ်နဲ့စတဲ့ဘဝပေမဲ့ အဆင်မပြေခြင်းတွေနဲ့ အဆုံးသတ်ရဖို့ အကြောင်းဖန်လာတာကို Anger Management ကုထုံးယူပြီး ကုစားကြည့်ခဲ့ကြတာကို ပြထားတဲ့ရုပ်ရှင်ပါ။ ဒီနိုင်ငံမှာတော့ သိပ်မထွန်းကားပေမဲ့ စိတ်ရောဂါကုကုထုံးယူတယ်ဆိုတာ လိုအပ်တဲ့အရာတစ်ခုဆိုတာကို ဒီရုပ်ရှင်မှာ ပါးပါးလေးပုတ်ပြထားတယ်။ ဒီတိုင်းကြည့်ရင် ဘာမှမဖြစ်နေဘူးလို့ ထင်နေရပေမဲ့ ကျွန်တော်တို့လုပ်ရပ်တွေဟာ ကျွန်တော်တို့ငယ်ဘဝက ထရော်မာတွေကနေလာတတ်တာကို ပါးပါးလေးပြပြီး ချစ်တတ်ဖို့ အချစ်ခံတတ်ဖို့တောင် ကိုယ့်ကိုယ်ကိုယ်နားလည်ဖို့ အရင်လိုတယ်ဆိုတာကို ပြထားတဲ့ ရုပ်ရှင်ပါပဲ။ အဆင်မပြေတဲ့ဆက်ဆံရေးတစ်ခု ခင်ဗျားဘဝမှာရှိနေရင်တော့ အဖြေရကောင်းရစေနိုင်လောက်မယ့် ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2.4 GB) / (800 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:40:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Drama • Thriller
7.9 2024 101 mins
Loveable Elskling