YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

[S1] Gyeongseong Creature - Episode 05 - 1080p Webrip NF [RMC].mp4

783.05 MB N/A video/mp4 5 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Kim Bu Aile?
5.9

ကိုရီးယား ဟာသဇာတ်ကား Extreme Job ကို မှီငြမ်းထားတဲ့ တူရကီဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ရဲတပ်ဖွဲ့ ကော်မရှင်နာ Adem ဟာ မစ်ရှင်တစ်ခုမှာ အမှားလုပ်မိပြီးတာဝန်ရပ်ဆိုင်းခံလိုက်ရပါတယ်။ ဒါပေမဲ့ သူဟာ အိမ်မှာ အေးဆေးပြန်မနားဘဲ အဲမစ်ရှင်မှာ ဖမ်းရမဲ့ရာဇဝတ်သားတွေကို ကိုယ့်ဘာသာလိုက်ဖမ်းဖို့လုပ်ပါတယ်။ အဲရာဇဝတ်သားတွေနောက် ခြေရာခံလိုက်ရင်း သူတို့ပုန်းတဲ့နေရာကို ရှာတွေ့ခဲ့ပါတယ်။ သူတို့ရာဇဝတ်မှုကျုးလွန်နေတုန်း အမိအရ ဖမ်းနိုင်အောင် ပုန်းတဲ့နေရာနားက ကြက်ကြော်ဆိုင်တစ်ဆိုင်မှာ သူ့အဖွဲ့သားတွေနဲ့အတူ ကြက်ကြော်ရောင်းတာ ဆိုင်ကနာမည်ကြီးသွားတဲ့အခါ… ကြက်ကြော်ဆိုင်နဲ့ မူလရည်ရွယ်ချက်ကြား ဗျာများရင် အလွဲလွဲအချော်ဖြစ်ကြပုံကို ရယ်ရယ်မောမောနဲ့ကြည့်ရှုအားပေးရမဲ့ ဟာသကားလေးပဲဖြစ်ပါတယ်။ File size…(2.1 GB)/(1.3 GB)/(700 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:04:00 Genre...Comedy, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Noe Cho

Action • Horror • Thriller
5.9 2022 124 mins
Kim Bu Aile?
Girl in the Closet
7.3

"အိမ်တွင်း အကြမ်းဖက်မှု" ဆိုတာ ကြောက်စရာကောင်းပါတယ် အိမ်တွင်းအကြမ်းဖက်မှုတွေဟာ လူမဆန်တဲ့လုပ်ရပ်တွေဖြစ်ပြီး လူသားတွေဟာဒီလောက်တောင်ရက်စက်တတ်ကြပါလားဆိုတာ မေးခွန်းထုတ်စရာပါပဲ။ အိမ်တွင်းအကြမ်းဖက်မှုကျူးလွန်သူတွေဟာဆိုရင် ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူတွေနဲ့ ပညာတတ် နေနိုင်စားနိုင်သူတွေအများစု ဖြစ်နေကြပါတယ်။ နောက်ပိုင်းမှာလဲ အိမ်တွင်းအကြမ်းဖက်မှုတွေများလာတဲ့အတွက် အိမ်တွင်းအကြမ်းဖက်မှု ကာကွယ်ရေး အဖွဲ့တွေဖွဲ့ပြီး ပညာပေးလုပ်ဆောင်နေကြရပါတယ်။ ဒါဟာလူတွေရဲ့ကိုယ်ကျင့်တရားပျက်ပြားလာမှုတွေဖြစ်ပြီး တချို့တွေအတွက် တွေးတောင်မတွေးရဲလောက်တဲ့ အမှုတွေဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလဲ နိုင်ငံခြားထွက်ပြီအလုပ်လုပ်တဲ့သူတွေ များလာတဲ့နောက် အိမ်တွင်းအကြမ်းဖက်မှုတွေကို ဘယ်လိုကာကွယ်တိုက်ဖျက်ရမလဲ ဆိုတဲ့ ကိစ္စအတွက် ကူညီပေးမဲ့အာဏာပိုင်အဖွဲ့တွေ လူမှုကူညီရေးအဖွဲ့တွေမှပညာပေး လုပ်ငန်းတွေ တိုးမြင့်လုပ်ဆောင်ပြီး နိုင်ငံတကာ မှလူမှုကူညီရေးအဖွဲ့များရဲ့ အကူညီရယူနိုင်ရန်ပညာပေးဖို့ပိုမိုလိုအပ်လာနေပါပြီ။ ယခုဒီကားလေးမှာလဲ အိမ်တွင်းအကြမ်းဖက်မှုရဲ့အကြောင်းတွေ ကလေးငယ်တွေကို ဘယ်လိုအသုံးချပြီး လုပ်စားကြလဲဆိုတာတွေ လူတွေရဲ့ အမှောင်ခြမ်းကို ရှင်းရှင်းလင်းလင်း ရိုက်ပြထားတဲ့ ပညာပေးကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးက မီယာဆိုသူ မိန်းမတစ်ယောက်ဟာ အကြောင်းအမျိုးမျိုးနဲ့ ကလေးငယ်တွေကို သွေးဆောင်ပြီး လေဝင်လေထွက်မရှိ အိမ်သာမရှိ ရေချိုးစရာမရှိ တဲ့မြေအောက်ခန်းလေးထဲမှာပိတ်လှောင်ပြီး နှိပ်စက် အစာရေစာ မကျွေး မိန်းကလေးငယ်လေးတွေကိုပြည့်တန်ဆာလုပ်ငန်းပါ အတင်းကျပ်ခိုင်းစေတဲ့ သူတစ်ယောက် ဖြစ်ပြီး အဖမ်းခံထားရတဲ့ ကလေးငယ်တွေရဲ့ဘဝကို ရိုက်ပြထားပြီး ဘယ်လိုမျိုး လွတ်မြောက်အောင် ကြိုးစားကြသလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး။ အိမ်တွင်းအကြမ်းဖက်မှုတွေဖြစ်တဲ့ အတွက် ကလေးငယ်တွေအတွက် ကြည့်ရှုဖို့ မသင့်တော်ဘူးဆိုတာ သတိချပ်စေလိူပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.2GB | 586MB | 275MB Format… mp4 Duration…. 1h 27min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ..... Aaron

Comedy • Drama
7.3 2023 88 mins
Girl in the Closet
Phantom Project
6

~ Rotten Tomatoes - 90% ~ ပါဘလိုရဲ့အိပ်မက်က ရုပ်ရှင်တစ်ခုမှာ ဇာတ်ဆောင်မင်းသားအဖြစ်ပါဝင်ခွင့်ရပြီး နာမည်ရလာဖို့။ ခု​ခေတ်လူငယ်အများစုလိုပဲ သူလည်း စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာ ငွေကြေးပိုင်းဆိုင်ရာ အဘက်ဘက်ကရုန်းကန်နေရတဲ့သူတစ်ယောက်ပါပဲ။ သူ ချစ်ရသူနဲ့လမ်းခွဲလိုက်ပြီး Move on ဖို့ကြိုးစားနေရတယ်။ တစ်ဖက်မှာလည်း လမကုန်ခင်ပိုက်ဆံပြတ်မသွားဖို့ ဆေးရုံမှာသရုပ်ပြလူနာဝင်လုပ်ပေးလိုက် စိတ်ကျန်းမာရေးစင်တာက Therapy Session တွေအတွက် သရုပ်ပြဝင်လုပ်ပေးလိုက်နဲ့ သူသွားချင်တဲ့ Career လမ်းကြောင်းကနေ တဖြည်းဖြည်းဝေးသွားသလိုဖြစ်နေတယ်။ အခန်းဖော်ကလည်း ပါဘလိုကိုပေးစရာရှိတဲ့ပိုက်ဆံတွေမပေးဘဲ တိုက်ခန်းကပြောင်းသွားတယ်။ ပါဘလိုမှာကျန်ခဲ့တာက သူ့အခန်းဖော်ရဲ့ခွေးရယ်၊ Cardigan တစ်ထည်ရယ်၊ သရဲတစ်ကောင်ရယ်။ သေသွားတဲ့ Cardigan ပိုင်ရှင်က သူ့အဝတ်ကိုစိတ်စွဲပြီး မကျွတ်မလွတ်ဖြစ်နေတာပါ။ အဲဒီလိုဆိုလို့ ဒါကသရဲကားရယ်လည်းမဟုတ်ပါဘူး။ သရဲကားဘက်လည်းသိပ်မရောက် Psycho ဘက်လည်းသိပ်မရောက်ဘူးပြောရမယ်။ အင်္ကျီက ချိတ်ကနေခဏခဏပြုတ်ကျတယ်။ ပစ္စည်းတွေကျကွဲတယ်။ ပါဘလို အိမ်မှာမရှိတဲ့အချိန်အောက်ထပ်ကနေ ခြေသံတွေကြားရတာမျိုးတွေပေါ့။ ဝိညာဥ်က ပါဘလိုကို သူ့ဘဝ Direction ပြန်တွေ့အောင် လိုက်ကူညီတဲ့သဘောမျိုးလည်းတွေ့ရတယ်။ ပါဘလိုရဲ့ဘဝမှာ အပြောင်းအလဲတွေစဖြစ်လာတာ ဥပမာ - Audition ဝင်ဖြေပြီးအောင်သွားတာ၊ ရည်းစားသစ်ရတာ စသဖြင့်ပေါ့။ ဒါပေမဲ့ ဝိညာဥ်နဲ့ ပါဘလိုရဲ့ချိတ်ဆက်မှုကို ပေါ်လွင်အောင်ရိုက်မပြထားနိုင်သလိုခံစားရတယ်။ ဥပမာ - ညစ်ညမ်းတဲ့အိပ်မက်တစ်ခု မက်​ပြီးတဲ့နောက်မှာပေါ်လာတဲ့ ပါဘလိုရဲ့ကျောက အမာရွတ်တွေအရ ဝိညာဥ်က ခြောက်တာလား စောင့်ရှောက်တာလားဆိုတာ နည်းနည်းတွေးရခက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 750MB Quality - 1080p, 720p Format - mp4 Duration - 1H 37Min Genre - Comedy, Drama, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

Comedy • Romance
6 2022 97 mins
Phantom Project
Chasing Mavericks
7.1

Chasing Mavericks(2012) ************************ လှိုင်းကြီးလှေအောက် တောင်ကြီးဖဝါးအောက် စကားဟာ လူသားတွေရဲ့ အားမာန်ကိုပြသတဲ့စကား ဖြစ်ပါတယ်။ ဒါပေမယ့် ဒီစကားဟာ ကယ်လီဖိုးနီးယားပြည်နယ်မြောက်ဘက်ကမ်းခြေက မားဗရစ်ခ်(Mavericks) လှိုင်းလုံးကြီးတွေကို စီးနင်းဖို့ ကြိုးစားတဲ့ လှိုင်းစီးသမားတွေအတွက် အမြဲတမ်းမမှန်ကန်ပါဘူး။ ဂျေးမော်ရီယာတီ ဟာ ဖခင်ရဲ့ စွန့်ပစ်မှုကြောင့် သောကရောက်နေတဲ့ မိခင်နဲ့ အတူနေထိုင်သူဖြစ်ပြီး ရေလွှာလှိုင်းစီးရတာကို ကလေး ကတည်းက နှစ်သက်သူဖြစ်ပါတယ်။ တစ်ရက်မှာ သူရဲ့အိုင်ဒေါဖြစ်တဲ့ လှိုင်းစီးသမား ဖရော့စ်တီတို့ လှိုင်းစီးသွားတာ လိုက်ချောင်းရင်း ဧရာမကြီးမားတဲ့ မားဗရစ်ခ်ရေလှိုင်းတွေကို ဖရော့စ်တီစီးလေ့ရှိတာကို သိသွားပါတယ်။ ဒါနဲ့ပဲ ဖရော့စ်တီ့ဆီမှာ အပူကပ်ပြီး သူ့ကို မားဗရစ်ခ်ရေလှိုင်းကို စီးနိုင်တဲ့အထိသင်ပေးဖို့ ပူဆာပါတော့တယ်။ တစ်ဖက်မှာ လည်း ဖရော့စ်တီဟာ သူ့မိန်းမဖြစ်သူကို အန္တရာယ်ရှိတဲ့ရေလှိုင်းတွေ ထပ်မစီးတော့ဘူးလို့ ကတိပေးထားပြီးသား ဖြစ်နေပါတယ်။ ဂျေးမော်ရီယာတီကတော့ ဘယ်လိုဖြစ်နေနေ မားဗရစ်ခ်ရေလှိုင်းတွေကို စီးဖို့ စိတ်ပိုင်းဖြတ်ပြီးသား ဖြစ်ပါတယ်။ မားဗရစ်ခ်ရေလှိုင်းတွေကို သူတကယ်စီးနင်းနိုင်ပါ့မလား၊ ဘယ်လိုအခက်အခဲတွေ သူရင်ဆိုင်ခဲ့ရလဲ၊ သူဖြစ်ချင်တဲ့ရေလွှာလှိုင်းစီးသမားဘဝကို လွယ်လွယ်ကူကူတက်လှမ်းနိုင်ပါ့မလားဆိုတာကို ခံစားကြည့်ရှုရမှာပါ။ ဒီဇာတ်ကားဟာ ရေလွှာလှိုင်းစီးသမား ဂျေးမော်ရီယာတီ(Jay Moriarity)ရဲ့ အတ္ထုပ္ပတ္တိဖြစ်ပါတယ်။ သူ့ဘဝအနိမ့်အမြင့်၊ အတက်အကျနဲ့ အချစ်ရေးကိစ္စတွေကို ရှုစားရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ရိုက်ကူးရင်း ဖရော့စ်တီနေရာက ရိုက်ကူးတဲ့ Gerard Butler ဟာ ရေနစ်မှုဒဏ်ကြောင့် သေမလိုဖြစ်ခဲ့ပြီး လအတော်ကြာ ကုသမှု ခံယူခဲ့ရပါတယ်။ File Size :(2.8GB)(1.5 GB) and (360 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:58:00 Genre : Sport, Biography , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo Encoded by Phyo Pyae

7.1 2012 116 mins
Chasing Mavericks
The Antique Shop
5.7

The Antique Shop (2022) “ရှေးဟောင်းပစ္စည်းဆိုင်” ဆိုတဲ့ နာမည်အတိုင်းပါပဲ။ ရှေးဟောင်းပစ္စည်းဆိုင်က ပစ္စည်းတွေရဲ့ ဇာတ်လမ်း ၃ ပုဒ်ကို တင်ပြထားတာပါ။ ရှေးဟောင်းပစ္စည်းတွေမှာက ပိုင်ရှင်အဟောင်းတွေ ရှိတတ်တယ်။ အစောင့်အရှောက်တွေ ရှိတတ်တယ် ဆိုတဲ့ ဇာတ်လမ်းတွေ ပုံပြင်တွေ ကြားဖူးကြမှာပါ။ ဒါဆိုရင် ဒီဇာတ်လမ်းထဲမှာရော ဘာတွေ ဆက်ဖြစ်ကြမလဲ ကြည့်ကြရအောင်ပါ။ ဇာတ်လမ်းစပုံကတော့ ဒီလိုပါ။ စင်ကာပူသားတစ်ယောက် ထိုင်းနိုင်ငံက ရှေးဟောင်းပစ္စည်းဆိုင်ကို ရောက်တော့ ရှေးဟောင်းပစ္စည်းဆိုင်က ပြောပြတဲ့ ဇာတ်လမ်းတွေကို နားထောင်ရာကနေ စပါတယ်။ နံပါတ် (၁) ဇာတ်လမ်းကတော့ အင်ဒိုနီးရှားသရုပ်ဆောင် Rio Dewanto ရဲ့ “သေမိန့်ကျထိုင်ခုံ” နံပါတ် (၂) ဇာတ်လမ်းကတော့ စင်ကာပူမင်းသား Aloysius Pang ရဲ့ “‌‌လက်ကောက်ထဲကထောင်ချောက်” နံပါတ် (၃) ဇာတ်လမ်းကတော့ CIX member Bae Jinyoung၊ ထိုင်းမင်းသားချော Mean Phiravich တို့ရဲ့ “မွေးနေ့ပွဲ” ပါ။ ဒီပစ္စည်းတွေရဲ့ နောက်ကွယ်မှာ ဘယ်လိုဇာတ်လမ်းတွေ ရှိမလဲဆိုတာ တစိမ့်စိမ့်တွေးပြီး တရေးရေးကြောက်ဖို့ ဆိုင်ပိုင်ရှင်ပြောပြတဲ့ ဇာတ်လမ်းသုံးပုဒ်ကို စင်ကာပူသားနဲ့အတူ နားဆင်ကြည့်ကြရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Xing Egg ပဲ ဖြစ်ပါတယ်။ Genre….. Horror Quality…. 1080p | 720p | 480p File size… 809MB | 437MB | 226MB Format… mp4 Duration…. 1h 24min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Xing Egg Encoder ….. Aaron

5.7 2022
The Antique Shop
D@bbe 6: The Return
5.6

IMDb- 5.5 Rotten Tomatoes- 80% ဇာတ်လမ်းအညွှန်း ဒီဇာတ်လမ်းကတော့ မူခက်ဒါ ရာမန်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ကို ကျိန်စာတိုက်ဖို့ ဘယ်သူမှန်းမသိရတဲ့အမျိုးသမီးတစ်ဦးက စုန်းကဝေတစ်ယောက်ဆီမှာ အစီအရင်ပြုလုပ်ခိုင်းရာကနေ အစပြုထားပါတယ်။ နောက်နေ့မှာတော့ မူခက်ဒါ ဟာ သေဆုံးသွား ပါတယ်။ မှုခင်းဆေးပညာရှင်တွေက သေဆုံးခြင်းအကြောင်းရင်းဟာ ဦးနှောက်သွေးယိုစိမ့်မှုလို့ ကောက်ချက်ချပေမယ့် သူ့အမေသေဆုံးတာကို မျက်မြင်တွေ့ထားတဲ့ သမီးငယ် အိုင်လာကတော့ သူ့အမေကို ဂျင် သတ်သွားတာလို့ပဲ ပြောနေတာပါ။ အဲ့နောက်ပိုင်းမှာစိတ်ကယောင် ချောက်ချားတွေဖြစ်ပြီး အပြုအမူတွေလည်း ထူးဆန်းလာတဲ့ အိုင်လာကို ဆေးပညာအရလည်း အဖြေရှာကုသလို့မရဖြစ်နေတဲ့အခါ အမ ဖြစ်သူ ဇီရန်က ဘယ်လို အဖြေရှာ ကုသပေးသွားမလဲ။ အမေဖြစ်သူ သေဆုံးသွားရတာက တကယ်ပဲ ဂျင်က သတ်သွားတာလား။ ကျိန်စာအစီအရင်ကြောင့်လား။ကျိန်စာကြောင့်ဆိုရင်ရော ဘယ်သူက ဘာလို့လုပ်ရတာလဲ။ ညီမဖြစ်သူ အိုင်လာကရော ဘာတွေကြုံတွေ့နေရ တာလဲ။ ဇီရန် တစ်ယောက် ဘာတွေဆက်လုပ်မလဲဆိုတာကို အံဩစရာ ဇာတ်လမ်းဇာတ်ကွက်တွေထဲ စီးမြောပြီး ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ Dabbe ဇာတ်လမ်းတွေထဲက ၆ကားမြောက် တူရကီ horror ဇာတ်လမ်းလေးဖြစ်ပါတယ်။ အခန်းမီးကိုပိတ်ပြီး ညအမှောင်ထဲ တစ်ယောက်တည်းကြည့်လိုက်လို့ကတော့ horror ရဲ့ အရသာကို အပြည့်အဝပေးမယ့်ဇာတ်လမ်းဖြစ်တာကြောင့် horror ပရိတ်သတ်တွေအတွက် တကယ် အကြိုက်တွေ့စေမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်။) File size…1.62GB / 746MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….2h 40m Genre ….. Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Orika

5.6 2015
D@bbe 6: The Return
When Strangers Appear
6.3

When Strangers Appear (2001) ======================= IMDb Rating – 6.3/10 ဘတ်သ်တစ်ယောက် လူသူအလာကြဲလှတဲ့ သူ့ရဲ့လမ်းဘေးစားသောက် ဆိုင်လေးကို တစ်နေ့တာအတွက်စတင်ဖွင့်ချိန်မှာသူ့အတွက် သာမန်ပျင်း ရိဖွယ်နေ့တစ်နေ့လို့ထင်ခဲ့မိပါတယ်။ ဒါပေမယ့်လည်း ဂျက်ခ်ဆိုတဲ့ ဒဏ် ရာရထားတဲ့ red flag တွေအပြည့်နဲ့လူချောလေးတစ်ယောက် ဆိုင်ထဲကို ဝင်လာချိန်မှာတော့ သူ့အထင်မှားသွားပြီဆိုတာ စသိလိုက်ရပါတယ်။ ငနဲသားဟာ ထိတ်ထိတ်ပျာပျာရှိလွန်းတယ်၊ လက်ထဲမှာလည်း အကြွေစေ့ တွေပဲပါတယ်။ ဘတ်သ်ကတော့ ဒါနပြုလိုက်တယ်လို့ သဘောထားပြီး သူ့ ကိုမနက်စာကျွေးနေချိန်မှာ နောက်ထပ် လူရမ်းကားပုံစံနဲ့လူသုံးယောက်ဆိုင် ထဲထပ်ဝင်လာပါတယ်။ သူတို့အုပ်စုခေါင်းဆောင်ကလည်း လူချောတစ်ယောက် ပါပဲ။အဲ့ဒီအချိန်မှာ ဂျက်ခ်တစ်ယောက် စားပွဲမှာထိုင်နေရာကနေပျောက်သွား ပြီး တစ်နေရာမှာ ဝင်ပုန်းနေတဲ့အချိန်မှာ ဘတ်သ် တစ်စုံတစ်ခုကိုသတိထားမိ လိုက်ပါတော့တယ်။ အဲ့ဒါကတော့ ပထမကောင်လေး ဂျက်ခ်နောက်ကိုဒီလူရမ်း ကားသုံးယောက်က အကြောင်းတစ်စုံတစ်ရာအတွက် လိုက်အန္တရာယ်ပေးနေ တယ်ဆိုတာပါပဲ။ ဒီနေ့တစ်နေ့တာဟာ သူ့အတွက် ဘယ်လိုမှပျင်းစရာမကောင်း တော့ဘူးဆိုတာ သေချာသွားပါပြီ။ အခုချိန်မှာသိပ်မတွေ့ရတော့တဲ့ psychological thriller ကားကောင်းတစ်ကား ဖြစ်ပြီးအစကနေအဆုံးအထိ လှည့်ကွက်တွေအပြည့်နဲ့ဆွဲခေါ်သွားပါလိမ့်မယ်။ Josh Lucas , Radha Mitchell နဲ့ Barry Watson တို့လိုဝါရင့်သရုပ်ဆောင် ကြီးတွေရဲ့ နုစဉ်ဘဝကိုလတ်လတ်ဆတ်ဆတ်မြင်ရမှာဖြစ်ပါတယ်။ ပရိသတ် တွေလက်လွတ်မသင့်တဲ့ဇာတ်ကားပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.74 GB) / (747 MB) Quality…………WEB-DL 1080p / 720p Duration……..1Hr 38Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Mystery, Thriller Translator……Alias Encoder……….SWM

6.3 2001
When Strangers Appear
The Lost Legend
5.9

ဒီတစ်ခါတော့ ပုံမှန်သင်္ချိုင်းဖောက်ထွင်းကားတွေနဲ့မတူတဲ့ တင်ဆက်ပုံနဲ့ မထင်မှတ်ထားတဲ့Plot twistedတွေနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ သင်္ချိုင်းဖောက်ထွင်းဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။ ဖာချိုးဂိုဏ်းသားတွေဖြစ်တဲ့ ဟွမ်ရှောင်မန်တို့ဆရာတပည့်တွေဟာ သင်္ချိုင်းဖောက်ထွင်းတဲ့လောကကနေထွက်ပြီး သာမန်ဘဝနဲ့နေထိုင်ဖို့ကြိုးစားနေကြပါတယ်။ တစ်နေ့မှာတော့ ရဲစခန်းမှူးတစ်ယောက်ရောက်လာပြီး သူ့ရဲ့ဇနီးကိုကယ်ဖို့အတွက် နှစ် (၁၀၀၀) သင်္ချိုင်းလိုအမှောင်ဆုံးနေရာတွေမှာသာပေါက်တဲ့ တစ္ဆေဂျင်ဆင်းကိုရှာဖွေပေးဖို့ အကူအညီတောင်းလာပါတယ်။ လူ့အသက်ကယ်ဖို့အရေးကြီးတဲ့အတွက် ဆရာတပည့်တွေဟာ တတ်သိပညာမနေသာပဲ ကူညီပေးဖို့သဘောတူလိုက်ကြတယ်။ သူတို့တောထဲကိုစဝင်လိုက်တာနဲ့ အမဲလိုက်မုဆိုးအဖွဲ့နဲ့ကြုံရပြီး ပြေးရင်လွှားရင်း ဆရာကြီးကသေနတ်မှန်ပြီးသေသွားခဲ့ပါတယ်။ အဲဒီလိုနဲ့ လူ့အသက်ကယ်ဖို့ကနေ ဆရာ့အတွက်လက်စားချေဖို့ ဒီသင်္ချိုင်းကရတနာတွေကိုဖောက်ထွင်းဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ ဝင်္ကဘာလိုရှုပ်ထွေးလှတဲ့မြေအောက်နန်းတော်သင်္ချိုင်းကြီးထဲမှာ သူတို့တွေဟာလက်စားချေနိုင်ပါ့လား…… နောက်ကွယ်မှာဘယ်လိုမထင်မှတ်ထားတဲ့ အရာတွေရှိနေဦးမလဲဆိုတာ ဆက်ကြည့်လိုက်ပါဦးနော်။

5.9 2023
The Lost Legend
And Yet, You Are So Sweet
6.6

And Yet, You Are So Sweet (2023) ~ IMDb – 6.6/10, MyDramaList – 7.6/10 ~ အထက်တန်းကျောင်း ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်ပြီးတော့ တစ်ဖက်သတ်အချစ်ရှိသူတွေ၊ ဒီလိုဇာတ်လမ်းကို သဘောကျတဲ့သူတွေ ကြည့်သင့်တဲ့ ၂၀၂၃ထွက် ဂျပန်ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ မာယာဆိုတဲ့ ကျောင်းသူလေးက သူသဘောကျနေရတဲ့ Crush ကို ဖွင့်ပြောခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလူက ငကြောင်တစ်ကောင် ဖြစ်နေခဲ့ပြီးတော့ မာယာ့ကို ဆိုးဆိုးရွားရွားငြင်းတဲ့အပြင် SNS မှာပါ ရုပ်ဆိုးမလို့ စာရေးတင်ပြီး အရှက်ခွဲခဲ့ပါတယ်။ ဒီလိုတွေဖြစ်ပြီး နောက်ရက်မှာတော့ ကျောင်းအလာ ရထားပေါ်မှာ သူတို့အတန်းရဲ့ ပျိုတိုင်းကြိုက် ခန့်ချောလေး ချိဂိရနဲ့ဆုံခဲ့ပါတယ်။ ချိဂိရက သူ့ကိုလာကြိုက်တဲ့မိန်းကလေးတွေအပေါ် အေးတိအေးစက်နဲ့ အမြဲငြင်းတတ်တဲ့ကောင်လေးပါ။ အခုအချိန်မှာ မာယာက အသည်းကွဲနေတာမို့ သူ့ကို ချစ်ဟန်ဆောင်ပြီး တစ်ဖက်သတ်အချစ်ဂိမ်းကို ကစားရင်း အရင် Crush ကို မေ့ပစ်ကြည့်ဖို့ ကမ်းလှမ်းလာပါတယ်။ အရင်လူကိုမေ့ဖို့ နောက်လူကို ဟန်ဆောင်အစားထိုးချစ်မဲ့ သူတို့ရဲ့ အချစ်ဂိမ်းက ဘယ်လိုတွေဆက်ဖြစ်သွားမလဲ…။ အချေလေး ချိဂိရကရော ကြေကွဲလူငယ်လေး မာယာကိုမှ ဘာဖြစ်လို့ ဒီလိုလုပ်စေချင်ရတာလဲဆိုတာကိုတော့ ဒီချစ်စရာဇာတ်လမ်းလေးထဲမှာ ဆက်ပြီးကြည့်ရှုနိုင်ပါပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 880MB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 38Min Genre – Romance Subtitle – Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Y

Science Fiction • Drama • Mystery
6.6 2023
And Yet, You Are So Sweet
Exiled
7.2

Exiled (2006) ~ IMDb – 7.2/10, RT – 80%, Meta – 73% ~ Directed by “Johnnie To” ဂျွန်နီတိုရဲ့ ဒါရိုက်တာဘဝအစောပိုင်းမှာ ခုလို Crime Action ရုပ်ရှင်တွေကို စရိုက်ခဲ့တာတော့မဟုတ်ဘူး။ ကနဦးသူ့ရုပ်ရှင်တွေမှာ ဟာသနဲ့အက်ရှင်အရောကားတွေ ချောင်ကားတွေအထိ ရိုက်ခဲ့တယ်။ နောက်ကျ မှုခင်းအက်ရှင်ဘက် ပိုကူးလာတာတွေ့ရတယ်။ ဒါပေမဲ့ နှောင်းပိုင်းမှာတော့ Crime Action ကားတွေပဲ အရိုက်များလာခဲ့သလို အဲဒီကားတွေကလည်း သူ့မာစတာပိစ်ဖြစ်လာခဲ့တယ်။ ကနဦးအားဖြင့်တော့ သူက စတားတွေအသုံးများခဲ့တယ်။ ဒါပေမဲ့ သူ့တကယ့်မာစတာပိစ်ဆိုတာတွေကတော့ စတားတွေ မသုံးထားတာတွေပဲ။ သို့ပေမဲ့ သရုပ်ဆောင်ကောင်းတဲ့ သူသုံးနေကျလူတွေပါပဲ။ The Misson နောက်ပိုင်းကတည်းက ဒီလိုပုံစံမျိုးမှာ ဒီလူတွေကို သူခဏခဏသုံးလာခဲ့တယ်။ သူ့ကားတွေများပေမဲ့ ဒီလူတွေပါရင်ကို သူ့မာစတာပိစ်ကားလို့သတ်မှတ်လိုက်လို့ရတယ်။ Exiled (2006) ကလည်း ဂျွန်နီတို့ တစ်ချို့ရုပ်ရှင်တွေလိုမျိုး ရဲတွေဝင်မပါရဲတာကို ကောင်းကောင်းအသုံးချပြထားတဲ့ ဂျွန်နီတိုရုပ်ရှင်ပဲ။ ဒီဇာတ်အဖြစ်အပျက်တစ်ခုလုံးရဲ့ကြာချိန်ကို ဂိုဏ်းတွေပစ်ခတ်တဲ့ ကြားရောက်ရောက်လာတတ်တဲ့ ပင်စင်ယူတော့မယ့်ရဲအဘိုးကြီးကို သုံးပြီးပြသွားတယ်။ ဘယ်လိုပြလဲဆို‌တော့ သူတို့ပြဿနာစဖြစ်တဲ့အချိန်မှာ ရဲအဘိုးကြီးက သူပင်စင်ယူဖို့ ၃ရက်ပဲလိုတော့တယ် သူ့ဘာသာလေးနေပါရစေလို့ပြောတာကနေ စတယ်။ ဒီကနေ သူက ဂိုဏ်းတွေချပြီဆိုပေါ်လာတတ်တယ်။ သူပင်စင်ယူဖို့ ဘယ်နှနာရီပဲလိုတော့တယ် ထထအော်ပြီး လစ်လစ်သွားတယ်။ သူပင်စင်ယူမယ့်ညမှာ ဒီဇာတ်က ဆုံးသွားတယ်။ ဆိုတော့ အဖြစ်အပျက်တွေများပေမဲ့ ဒီဇာတ်က တကယ်တမ်း ၃ရက်ပဲ။ Exiled မှာ Anthony Wong, Francis Ng, Lam Suet, Nick Cheung, Richie Jen, Simon Yam တို့ပါထားတယ်။ ဒီလူတွေနဲ့ ဒီလိုကားတွေ လိုက်တယ်ဆိုတာ ထပ်ပြောဖို့မလိုလောက်တော့ဘူး။ Nick Cheung ရဲ့ ဇာတ်ကောင်က သူတို့ဘော့စ် Simon Yam ကို သတ်ဖို့ကြိုးစားခဲ့တယ်။ ဒီတော့ သူတို့ဘော့စ်က နစ်ရဲ့ဇာတ်ကောင်ကို သူ့လူတွေကို သတ်ခိုင်းတယ်။ သူ့လူတွေဆိုတာလည်း နစ်ရဲ့ ဘော်ဒါတွေချည်းပဲ။ ဒီတော့ သူတို့တွေ သတ်ဖို့သွားပေမဲ့ တကယ်တမ်းမသတ်ရက်ဘဲ အတူတူထွက်ပြေးကြဖို့ အကြောင်းဖန်လာတယ်။ ဒီမှာတစ်ခုရှိတာက ဒီအဖြစ်က ကိုရီးယားက ရိုက်တဲ့ Jang Dong-gun ပါတဲ့ Friend (2001) လို အဖြစ်မျိုးပဲ။ အဲဒီမှာတော့ ဘော်ဒါကိုသတ်လိုက်ပေမဲ့ ဒီမှာတော့ တော်တော်အားရစရာကောင်းတယ်။ နှစ်ခုယှဉ်ကြည့်လိုက်ရင် ဒီဇာတ်က တော်တော်အားရစရာကောင်းလိမ့်မယ်။ ဆိုခဲ့သလို သူတို့တွေ ပြေးဖို့ကြံရင်း ငွေရအောင် နောက်ဆုံးအလုပ်ကိုလုပ်ကြတယ်။ အဲဒီအလုပ်အဆင်မပြေသွားရာကနေ ဒီသုံးရက်အတွင်း ဘယ်လို ဂြိုဟ်တွေ ဝင်စီးလဲ ပြတယ်။ ဒါပဲ။ သူ့ထုံးစံအတိုင်း ဇာတ်အချိန်ကျဉ်းတယ်။ ကကျိုးကကြောင်အဖြစ်တွေလည်းပါတယ်။ ဂျွန်နီတိုအရသာအပြည့်ရတယ်။ ဒါမဲ့ တချို့အချက်တွေကြောင့် ဒီကားကို ဂျွန်နီတိုရဲ့အကောင်းဆုံးကားလို့ သတ်မှတ်ချင်မိတာမျိုးတော့ ရှိတယ်။ ဥပမာဆို နောက်ဆုံးပစ်ခန်း ပစ်ကြခတ်ကြတာတွေကို ကျွန်တော်တို့ကိုပြရင် အနည်းဆုံး ၅မိနစ်ဝန်းကျင်လောက်တော့ ကြည့်ရတယ်။ လူအုပ်လိုက်ကြီးပစ်ခတ်နေကြတာဆိုတော့ ထောင့်ပေါင်းစုံက ပတ်ပြနေတာကိုး။ ဒါပေမဲ့ ပစ်ခတ်ကြတဲ့အချိန်ဟာ ခဏလေးဆိုတာကို ကြည့်တဲ့သူ မြင်သာ‌အောင် ဂျွန်နီတိုက လှလှလေးပြသွားတယ်။ ဆိုင်မွန်ယန်းရဲ့ ဇာတ်ကောင် ဘော့စ်က ကျွဲရိုင်းဘူးကို ဝရန်တာက ပစ်ချပြီး သူ့လူတွေကို ပစ်ဖို့အချက်ပြတယ်။ ဘူးမကျခင် တစ်ကောင်က ဘူးကိုကန်ချလိုက်တယ်။ ပြီးတော့နောက်တစ်ကောင်ကကန်တယ်။ နောက်ဆုံးအန်သိုနီဝေါင်ထပ်ကန်လိုက်လို့ ဘူးလေထဲပြန်မြောက်သွားတဲ့အချိန်မှာ စပစ်ကြတယ်။ ပစ်တာခတ်တာကတော့ အကြာကြီးလိုလိုပဲ။ ဟိုကောင်ကပစ်တာပြလိုက် ဒီကောင်ကပစ်တာပြလိုက်နဲ့ပဲ။ အကုန်လည်းသေပြီးရော ဘူးက ကြမ်းပေါ်ပြုတ်ကျတာကိုပြတယ်။ တကယ်တမ်း သူတို့ပစ်နေကြတဲ့အချိန်က စက္ကန့်ပိုင်းပဲရှိခဲ့တာကို ဂျွန်နီတိုက ဇာတ်ထဲရှိနေပြီးသား အရာကိုပဲသုံးပြီး လှလှပပကို ပြသွားခဲ့တယ်။ Exiled (2006) ဟာ ကြည့်လို့တော်တော်အရသာရှိတဲ့ ဂျွန်နီတိုရုပ်ရှင်တွေထဲမှာတောင် ကြည့်လို့တော်တော်အရသာရှိနေတဲ့ ရုပ်ရှင်ပဲ။ ခုကြည့်ပြီး ခုနောက်တစ်ခေါက်ပြန်ကြည့်ချင်လောက်အောင်ကို ကြည့်ရ အရသာရှိလွန်းခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 910MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 50Min Genre – Action, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.2 2006 108 mins
Exiled
Little Wing
5.7

ဒီဇာတ်လမ်းလေးကတော့ coming-of-age ရုပ်ရှင် အမျိုးအစားလေးဖြစ်ပြီး တစ်ခါလောက် ငယ်မူပြန်ရင်း ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ကောင်းမယ့်ကားလေးပါ…။ မိသားစုဆိုတာဘာလဲ…၊ ဘဝမှာ ကိုယ်လိုချင်တာထက် ကိုယ်ဖြစ်သင့်တာ၊ အများအတွက်လုပ်ပေးသင့်တာကိုဦးစားပေးရတဲ့ခံစားချက်မျိုး၊ ချစ်ခြင်း၊မုန်းခြင်း၊ဝါသနာ၊လိုအင်စတဲ့ စိတ်ခံစားချက်အစုံကို ငယ်ဘဝရုပ်ရှင်လေးတစ်ခုတည်းမှာ ပြန်မြင်တွေ့ရမယ့် ကားလေးလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကတော့ ကိတ်တလင်းဟာ ရှစ်တန်းကျောင်းသူအရွယ်လေးဖြစ်ပြီး မိဘနှစ်ပါးရဲ့ ကွာရှင်းမှုကြောင့် စိတ်ဓာတ်ကျနေသူလေးပါ။ ဖခင်ဖြစ်သူကထားသွားပြီးနောက် အကြွေးတွေဝိုင်းဝိုင်းလည်နေလို့ လက်ရှိနေနေတဲ့အိမ်ကလေးရောင်းချဖို့ အခြေအနေကြုံလာရပါတယ်။ ကိတ်တလင်းက ဒီလိုမဖြစ်ချင်ပါဘူး မိသားစုအမှတ်တရတွေ ရှိတဲ့လက်ရှိ အိမ်လေးမှာပဲ နေချင်ရှာပါတယ်…။ ဒါကြောင့် အကြွေးတွေဆပ်နိုင်ဖို့ အိမ်ကိုမဆုံးရှုံးဖို့ ကြံရင်းက ဒေါ်လာ တစ်သိန်းနှစ်သောင်းတန် ခိုတစ်ကောင်အကြောင်းကို ကြားမိပါလေရော…။ ဒီခိုလေးဟာ ပြိုင်ပွဲဝင်ခိုတွေထဲမှာ အမြန်ဆုံးလို့ကျော်ကြား တာ‌ကြောင့် ဒီလောက်ထိတန်ကြေးရှိတာပါ…။ အသက် ၁၃နှစ်အရွယ်ကလေးသာသာ ကိတ်တလင်းဟာ ဒီခိုကိုသာရအောင်ခိုးနိုင်ရင် အဆင်ပြေပြီဆိုပြီး ကြံမိကြံရာ ကြံပါတော့တယ်….။ ကိတ်တလင်းတစ်ယောက် ဒီဒေါ်လာသိန်းချီတန်တဲ့ ခိုလေးနဲ့ ဘယ်လိုနှစ်ပါးသွားကြမလဲ ၊ တကယ်ပဲခိုးနိုင်မလား၊ အိမ်ကိုရော ကယ်တင်နိုင်ပါ့မလားဆိုတာ ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုနိုင်ပါပြီ။ File size…1.31GB / 584MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Drama , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Horror • Thriller
5.7 2024
Little Wing
The Preparation
8.1

The Preparation (2017) အညွှန်း ပုံမှန်အားဖြင့် ကင်ဆာနောက်ဆုံးအဆင့်နဲ့ သေရတော့မယ့် လူတစ်ယောက်အနေနဲ့ ဘာကိုအကြောက်ဆုံး၊ စိတ်အပူဆုံးဖြစ်မယ်လို့ ထင်ပါသလဲ? ကိုယ့်ကိုယ်ကိုသာအချစ်ဆုံးဆိုတဲ့ ယေဘုယျလူသားသဘာဝအလျောက် ကိုယ်သေရမယ့်အရေးကိုပဲ ခေါင်းထဲထည့်ကြမှာပါပဲ။ ဒါပေမယ့် ဒီသဘောတရားက ကာယကံရှင်အတွက် ချန်ခဲ့ရမယ့် ချစ်ရသူတွေဆိုတာ ရှိခဲ့ရင်တော့ အနည်းငယ်တိမ်းစောင်းသွားနိုင်ပါတယ်။ စိတ်မနှံ့တဲ့သားဖြစ်သူရဲ့ မိခင်တစ်ယောက်အနေနဲ့ရော ဘယ်လိုစိုးရိမ်ပူပန်ကြောက်ရွံ့မှုမျိုးတွေ ဖြစ်မယ်ထင်ပါသလဲ? အရင်ဆုံး ” ငါသေရင် ” ၊ ” ငါသာသေသွားခဲ့ရင် ” ဆိုတာရဲ့ နောက်ကွယ်မှာ ဖြစ်လာနိုင်တဲ့ အကောင်းအဆိုးအားလုံးကို ကြိုတင်ခန့်မှန်းဖို့ ကြိုးစားတာပါပဲ။ ဒီနေရာမှာ ကိုယ်ချန်ခဲ့ရမယ့် မိသားစုဝင်က ဉာဏ်ရည်နိမ့်ပါးသူတစ်ယောက်ဖြစ်နေမယ်ဆိုရင်တော့ ကောင်းကျိုးဆိုတာ ရှားသလောက်ကို မရှိ၊ အဆိုးတွေပဲ ဆက်တိုက်ဖြစ်လာနိုင်တယ်ဆိုတာကို ကောင်းကောင်းနားလည်တဲ့ အင်ဂယူ့အမေကတော့ အရုပ်ကြိုးပြတ်စိတ်ဓာတ်ကျနေမယ့်အစား စွန့်စားရာကျသလို လုပ်သင့်လုပ်ထိုက်တဲ့ အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်ပါတော့တယ်။ ထမင်းချက်၊ ဟင်းချက်၊ အိမ်မှုကိစ္စ‌တွေအပါအဝင် ကိုယ့်အားကိုယ်ကိုးတတ်ဖို့ကအစ လုပ်ငန်းခွင်ဝင်နိုင်ဖို့အထိ မြေတောင်မြှောက်ပေးဖို့ ၆လ၊ တစ်နှစ်သာ အချိန်ရတဲ့အခါမှာတော့ … IMDb 8.1 ရထားတဲ့ကားမို့လို့ ဇာတ်လမ်းကောင်းမကောင်းကတော့ အထွေအထူးအာမခံစရာလိုမယ်မထင်ပါဘူး။ သရုပ်ဆောင်တွေအနေနဲ့လည်း Kdrama fan တွေနဲ့မစိမ်းတဲ့ Reply 1988, Moon Lovers, Moving, High Kick 2 တို့လို နာမည်ကြီး Kdrama တွေရဲ့ Kim Sung Kyun နဲ့ Shin Se Kyung ဆိုတာနဲ့တင် ကြည့်ရတာ အသားကျမယ့် Movie တစ်ကားမို့လို့ Highly recommended ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hnin Wutyi Myaing ပဲ ဖြစ်ပါတယ်။ Genre….. Drama, Family Quality…. 1080p | 720p File size… 1.5GB | 707MB Format… mp4 Duration…. 1h 54min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hnin Wutyi Myaing Encoder ….. Aaron

8.1 2017
The Preparation
The Bad Batch
5.5

ဒီတစ်ခါ cm ပရိသတ်ကြီးကို သာမန်ရုပ်ရှင်တွေကနေ ကွဲထွက်နေတဲ့ ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Jason Momoa ၊ Suki Waterhouse၊ Jim Carrey၊ Keanu Reeves တို့ ပါဝင် သရုပ်ဆောင်ထားကြတာပါ။ ၂၀၁၆ ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး ဇာတ်ကားဆု ရရှိခဲ့ပြီး nomination လေးခုချိတ်နိုင်ခဲ့ပါတယ်။ ဇာတ်ကြောင်းက အမေရိကန် တက္ကဆက်ပြည်နယ် အပြင်ဘက် စည်းရိုးခတ်ထားတဲ့ နေရာမှာ တရားမဝင် ခိုးဝင်လာတဲ့ ရာဇဝတ်သားတွေ၊ သူခိုးဂျပိုးတွေကို တစ်ကျွန်း ပို့သလိုမျိုး ပို့တဲ့ ဘတ်ဘတ်ချ်ဆိုတဲ့ နယ်မြေတစ်ခုရှိပါတယ်။ အဲဒီထဲမှာ ဘာဥပဒေ ဘာစည်းမျဉ်းမှ မရှိဘဲ နိုင်ငံသားအခွင့်ရေး ဘာဆိုဘာမှ မရှိပါဘူး။ အာလန်ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ ရာဇဝတ်မှုတွေနဲ့ ဘတ်ဘတ်ချ် အမှတ် ၅၀၄၀ တက်တူးအထိုးခံရပြီး ဒီပူပြင်းခြောက်သွေ့နေတဲ့ ကန္တာရနယ်မြေထဲကို အပို့ခံလိုက်ရပါတယ်။ နယ်မြေထဲ ရောက်ပြီး မကြာခင်မှာပဲ လူအချင်းချင်း စားသောက်တဲ့ ကာနီဘယ် နှစ်ယောက်က ဖမ်းသွားတာ ခံလိုက်ရပြီး ဘယ်လက်နဲ့ ခြေထောက်တစ်ချောင်း ဖြတ်ယူ စားသောက် ခံလိုက်ရပါတယ်။ လက်တစ်ချောင်း ခြေတစ်ချောင်းပဲ ကျန်တဲ့ အာလန်တစ်ယောက် ဒီလူတွေလက်က ဘယ်လိုလွတ်အောင် ပြေးမလဲ။ ဒီနယ်မြေထဲမှာ ဘယ်လိုလူမျိုးတွေနဲ့ တွေ့ဆုံရဦးမလဲ…..။ File size…1.66GB / 845MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 58m Genre ….. Action , Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

5.5 2016 119 mins
The Bad Batch
Churchill
6

D-Day ဆိုတဲ့စကားလုံးကိုဂျာမနီ အမေရိကန်စစ်ကားတွေ ကြည့်ဖူးတဲ့လူတွေဆိုရင်တော့မြင်ဖူးသလိုလိုရှိနေကြမှာပါ။ အဲ့ဒီ D-Day ဆိုတာကဒုတိယကမ္ဘာစစ် ၁၉၄၄ ခုနှစ် ဇွန်လ ၆ ရက်နေ့တုန်းက ပြင်သစ်ကိုကျူးကျော်လာတဲ့ ဂျာမနီတွေကို မဟာမိတ်တွေနဲ့ပူးပေါင်းပြီး ကြည်း ရေ‌ လေစစ်ကြောင်းသုံးခုနဲ့ အကြီးအကျယ် ချီတက်နှိမ်နင်းခဲ့ကြတဲ့နေ့ပဲဖြစ်ပါတယ်။ အဲ့ဒီ စစ်ဆင်ရေးက ကြီးလွန်းလို့ သမိုင်းမှာတောင် ဒုတိယ အကြီးဆုံး ပင်လယ်ချီတက်မှုကြီးလို့တောင် သတ်မှတ်ခံထား ရပါတယ်။ ကျူးကျော်လာတဲ့ ဂျာမနီတွေကိုအောင်မြင်စွာ တိုက်ထုတ် နိုင်ခဲ့ပေမဲ့ ပြန်လည်ပေးဆပ်ရတာတွေကလည်းကြီးမားပါတယ်။ စစ်ဆင်ရေးစတင်ပြီး ၂၄ နာရီမှာတင်စစ်သားပေါင်း ၉၀၀၀ ကျော် ထိခိုက်ဒဏ်ရာရ အသေအပျောက်တွေရှိခဲ့ကြပါတယ်။ အဲ့ဒီကာလမှာ အဲ့ဒီလို ဆုံးရှုံးမှုတွေကိုလုံး၀မဖြစ်စေချင်တဲ့ သူတစ်ယောက်ရှိပါတယ်။အဲ့ဒီလူကတော့ ဝင်စတန်ချာ့ချေးလ် ဆိုတဲ့ ယူကေဝန်ကြီးချုပ်ပဲ ဖြစ်ပါတယ်။ သူကပထမကမ္ဘာစစ်မှာတုန်းက ဒီလိုမျိုးကြီးမားတဲ့ချီတက်မှုမျိုးကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့သူဖြစ်ပြီး ဆုံးရှုံးမှုတွေကိုမျက်မြင်တွေ့ခဲ့ ရတဲ့အတွက် နိုင်ငံရဲ့လူငယ်ပေါင်းနှစ်သိန်းခွဲလောက်နဲ့ ချီတက်မဲ့ စစ်ဆင်ရေးကြီးကိုအပြင်းအထန်ကန့်ကွက်ပြီး ဖျက်သိမ်းဖို့ကြိုးစား နေခဲ့သူပဲဖြစ်ပါတယ်။ ဒါပေမယ့် တစ်နိုင်ငံလုံးမှာ ရှိတဲ့ ပြည်သူတွေရဲ့အသက်တွေနဲ့ ယှဉ်လာရင် ဒီစစ်ဆင်ရေးကိုသွားရမဲ့ လူငယ်တွေကိုတော့ စတေးကိုစတေးရမှာ ဖြစ်တဲ့အပြင် သမ္မတကိုယ်တိုင်ကပါ သူ့ဖက်မှာရှိမနေတဲ့အတွက် တားဖို့မဖြစ်နိုင်ခဲ့ပါဘူး။ အခုတင်ဆက်ပေးမဲ့ Churchill ဆိုတဲ့ရုပ်ရှင်ထဲမှာ အထက်ပါ ပြောခဲ့တဲ့အကြောင်းအရာတွေကို ကွက်ကွက်ကွင်းကွင်း မြင်လာအောင် ဝင်စတန်ချာ့ချေးလ်ရဲ့နေရာကနေ ကွက်ကွက် ကွင်းကွင်းရိုက်ကူးပြသထားတဲ့အတွက် စစ်ပွဲသမိုင်းကြောင်းတွေကို စိတ်ဝင်စား သူတွေအတွက်ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ File size… 1.39GB / 626MB Quality… Blu- Ray 1080p / 720p Format…mp4 Duration….1h 45m Genre ….. Biography , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Comedy • Science Fiction
6 2017
Churchill
Along with the Gods 2: The Last 49 Days
7.1

Along with the Gods 2: The Last 49 Days (2018) ********************************************** IMDb….. 7.1 ဒီတစ်ခေါက် တင်‌ဆက်ပေးသွားမှာကတော့ 2018 တုန်းက ထွက်ရှိခဲ့ပြီး လူကြိုက်များခဲ့တဲ့ Fantasy အက်ရှင်ဒရမ်မာကားလေးဖြစ်ပြီး ပရိသတ်နဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ သရုပ်ဆောင် Ha Jung Woo, Ju Ji Hoon, Kim Hyang Gi, Ma Dong Seok, Kim Dong Wook နဲ့ Lee Jung Jae တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ဒီတစ်ခါမှာတော့ သေမင်းတမန် Kang Rim၊ လုံခြုံရေး တာဝန်ခံသေမင်းတမန် Hae Won Maek၊ လက်ထောက်ရှေ့နေမလေး Deok Chun တို့ သေမင်းတမန် ၃ ပါးက မီးသတ်သမားလေး ဂျာဟုန်းရဲ့ ညီဖြစ်သူ တပ်ကြပ် ဆူဟုန်းရဲ့ တရားခွင်မှာ ပါဝင်ဖို့ဖြစ်လာခဲ့ပြီး တရားခွင်ကို ကျင်းပဖို့အတွက် ၄၉ ရက်အတွင်းမှာ အိမ်စောင့်နတ် ကာကွယ်စောင့်ရှောက်ပေးနေတဲ့ အဘိုးအိုရဲ့ ဝိညာဉ်ကို ခေါ်လာဖို့ သေမင်းတမန် ၃ ပါးဆီ တာဝန်ပေးခံရပါတော့တယ်။ Hae Won Maek နဲ့ Deok Chun တို့က အဘိုးအိုကို ခေါ်ဖို့အတွက် လူ့လောကကို ဆင်းသက်လာရင်း အိမ်စောင့်နတ်နဲ့ တွေ့ဆုံခဲ့ပြီးနောက် အဲဒီအိမ်စောင့်နတ်က သူတို့ မေ့ပျောက်နေတဲ့ သူတို့ရဲ့ အတိတ်ဘဝအကြောင်းအရာတွေကို သိရှိနေတာကိုပါ သိလိုက်ရတဲ့အခါမှာတော့.. သေမင်းတမန် ၃ ပါးက လက်ရှိမျက်မှောက်ကမ္ဘာ၊ အနာဂတ်ကမ္ဘာ၊ အတိတ်ကမ္ဘာတို့ကြား ခရီးဆက်ရင်း သူတို့ရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေကာ Soo Hong ရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြဖို့အတွက် ဘယ်လိုတွေကြိုးစားပြီး ကာကွယ်ဖြေရှင်းပေးသွားမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ May Thet မှ ရေးသားပေးထားပါတယ်။) File Size : 2.50GB/ 1.13GB Quality : Blu-Ray 1080p 5.1 CH/720p Format…mp4 Duration…02:19:00 Genre : Action, Drama, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Thinn, May Thet, ToeToe Aung & Hazelle Encoded by Tiff

Drama • History • Crime
7.1 2018 141 mins
Along with the Gods 2: The Last 49 Days