YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

[S1] Gyeongseong Creature - Episode 04 - 720p Webrip NF [RMC].mp4

413.77 MB N/A video/mp4 14 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Top Gun
7

IMDb - 6.9/10_____Rotten 54% Won 1 Oscar. Another 10 wins & 5 nominations ဒီကားက ၁၉၈၆ ခုနှစ်ကထွက်ခဲ့တာဖြစ်ပြီး နှစ် ၃၀ ကျော်ကြာမှာတော့ သူ့ရဲ့အဆက် နံပါတ် ၂ ဇာတ်ကား Top Gun: Maverick (2022) ရုပ်ရှင်ကားလဲ ထွက်ရှိလို့ လာခဲ့ပါပြီ။ Top Gun 1986 ဇာတ်ကားကတော့ ခပ်မိုက်မိုက် အမေရိကန်လေသူရဲတစ်ယောက်နဲ့ ခပ်မိမိဆရာမလေးတို့ရဲ့အချစ်အကြောင်းကို အမေရိကန်တိုက်လေယာဉ်သင်တန်းကျောင်းတစ်ခုမှာ အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားပါ။ မင်းသားကြီး တွမ်ခရုစ်ရဲ့ နာမည်ကြီးဇာတ်ကားဖြစ်ပြီး ၂၀၂၂ ခုနှစ် အသက် ၆၀ ထိ နုပျိုနေတဲ့ တွမ်ခရုစ်အကြောင်းတွေက မမြင်ချင်မှ အဆုံးပါပဲ။ ဒီထဲက မင်းသမီး Kelly McGillis ကိုတော့ အိုစာလွယ်တယ် ပုံပျက်လွယ်တယ်ဆိုပြီး တွမ်ခရုစ်ပုံနဲ့ ယှဉ်ပြီးပြပြတတ်ကြပါတယ်။ တကယ်တော့ မင်းသမီး ကယ်လီမက်ဂေးဟာ ဒီဇာတ်ကားမရိုက်ခင် ၁၉၈၄ ခုနှစ်မှာ သူ့အိမ်ကိုဖောက်ထွင်းခံခဲ့ရပြီး အဓမ္မပြုကျင့်ခံခဲ့ရတာကြောင့် စိတ်ဝေဒနာခံစားခဲ့ရသလို တခြားရောဂါတွေကိုလဲ ကုသခဲ့ရတာကြောင့် ပုံတချို့မှာ အိုစာတဲ့ပုံတွေ ပေါက်နေတာပါ။အခုတော့ သူမဟာ ဒီဝေဒနာဆိုးတွေကို ဖြတ်ကျော်နိုင်ခဲ့ပြီး သာမန်မိန်းခလေးတစ်ယောက်လို ရင့်ကျက်တည်ငြိမ်တဲ့ပုံစံတွေနဲ့ ပြန်လည်မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ  မင်းသမီး ကယ်လီမက်ဂေးရဲ့ သရုပ်ဆောင်မှုတွေကလဲ တွမ်ခရုစ်ကို အများကြီးပံ့ပိုးနိုင်ခဲ့တာကို မြင်ရမှာပါ။ ဂန္တဝင်ဇာတ်လမ်းတွေထဲက တစ်ခုဖြစ်တဲ့ Top Gun (1986) ကို သိမ်းထားလို့ရအောင် BluRay 4K HEVC Quality နဲ့ ပြန်လည်တင်ဆက်လိုက်ပါတယ်။ File size…(9.8 GB)/(2.1 GB) / (1 GB) Quality….BluRay 4K HEVC/ 1080p HEVC /720p Format…mkv/mp4 Duration….01:49:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Mr.Anderson

7 1986 110 mins
Top Gun
Joe Maddison's War
7.5

ငါက ပထမကမ္ဘာစစ်ရဲ့ စစ်သားတစ်ယောက်။ အဲဒီစစ်ကြီးရဲ့ ဒဏ်ရာဒဏ်ချက်တွေ အခုထိ ခြောက်လှန့်နေဆဲ။ ညဘက် အိပ်မက်ဆိုးတွေမက်ရင်း မျက်ရည်ကျမိတယ်။ စစ်ပွဲကြီးအပြီး တို့နိုင်လိုက်ပြီပဲ ထင်ခဲ့တာပေါ့။ ဒီလိုစစ်ပွဲမျိုး ထပ်မဖြစ်နိုင်တော့ဘူး ထင်ခဲ့မိ။ ငါလည်း သင်္ဘောကျင်းလုပ်သားတစ်ယောက်အဖြစ် ဇနီးသည်နဲ့ သားတစ်ယောက်၊ သမီးတစ်ယောက်နဲ့အတူ နေထိုင်လာခဲ့တယ်။ ငါနဲ့တိုက်ဖော်တိုက်ဖက်ရောင်းရင်းတွေလည်း ငါ့လိုပဲ စစ်ပွဲကြီးကို မမေ့နိုင်ကြသူတွေပါ။ ဒါပေမဲ့ ၁၉၃၉ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာပြန်တယ်။ တစ်ကမ္ဘာလုံးချီတဲ့စစ်ဖြစ်လာသလို ငါ့ကမ္ဘာငယ်‌လေးတစ်ခုလုံးလည်း ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားတော့တာပါပဲ။ ငါ့သားကိုစစ်ထဲဝင်ဖို့ ဆင့်ခေါ်ကြတယ်။ ငါ့သမီးရဲ့ခင်ပွန်းသည်လည်းပါတာပေါ့။ လက်ထပ်ပြီးလို့မှမကြာခင် ခွဲကြရရှာတယ်။ ကမ္ဘာစစ်ဆိုတာကို ကောင်းကောင်းကြုံခဲ့ရတဲ့ငါ့အတွက် ပထမအကြိမ်ကထက် ပိုပြီးလက်နက်တွေထွန်းကားလာပြီဖြစ်တဲ့ ဒီတစ်ပွဲက ဘယ်လောက်ရက်စက်ကြမ်းကြုတ်လိမ့်မယ်ဆိုတာ မတွေးရဲဘူး။ ငါ့ဒုက္ခတွေက ဒီလောက်နဲ့မဆုံးခဲ့။ ငါ့ဇနီးသည်ကပါ ငါ့ကို စွန့်ပစ်ပြီး တခြားလူတစ်ယောက်နဲ့ အဝေးကိုထွက်သွားပြန်တယ်။ ဘာကြောင့်မှန်းလည်း ငါမသိရပါလား။ သူ အကတော်သလောက် ငါက လုံးဝမကတတ်လို့လား မသိပါဘူးလေ။ အဲဒီအချိန်မှာပဲ ဟစ်တလာရဲ့လေတပ်မတော်က ဗြိတိန်နိုင်ငံရဲ့ မြို့ကြီးတွေပေါ်ကို နေ့စဉ်ရက်ဆက် ဗုံးမိုးတွေရွာချပေးကြတော့တယ်။ ငါ့သူငယ်ချင်း လှုပ်ရှားတက်ကြွသူတွေကတော့ ဒေသခံကာကွယ်ရေးစေတနာ့ဝန်ထမ်းတပ်ဆိုတာမှာ ဝင်ရောက်ကူညီနေကြပြီ။ ငါကတော့ စိတ်ဆင်းရဲလွန်းလို့ ဗုံးကြဲလေယာဉ်တွေလာချိန်မှာတောင် ဗုံးခိုကျင်းထဲမဝင်မိတော့ဘူး။ 2010 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Joe Maddison's War ဇာတ်ကားဟာ စစ်ပွဲနဲ့သမိုင်းနောက်ခံ ဒရာမာဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ ရုပ်မြင်သံကြားဇာတ်လမ်းတစ်ခုဖြစ်လို့ လူသိပ်မသိခဲ့ကြဘူးထင်ပါတယ်။ ဒုတိယကမ္ဘာစစ်ကာလ ပျိုရွယ်သူယောက်ျားမှန်သမျှစစ်ထဲဝင်သွားကြချိန်မှာ ကျန်ခဲ့တဲ့ အသက်အရွယ်ကြီးသူအမျိုးသားတွေ နဲ့ ပညာသည်ဝန်ထမ်းဖြစ်လို့စစ်မှုထမ်းခွင့်ကင်းလွတ်ခံရသူ အရပ်သားတွေက ဒေသခံ ကာကွယ်ရေးတပ်တွေဖွဲ့စည်းပြီး ဂျာမန်တွေရဲ့ရန်ကို ခုခံတွန်းလှန်ခဲ့ကြပုံကို ဇာတ်လမ်းဆင်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဲဒီအချိန်က ရုရှားကွန်မြူနစ်တွေကလည်း အင်္ဂလန် အမေရိကန်နိုင်ငံတို့နဲ့ မဟာမိတ်အဖြစ်လက်တွဲပြီး နာဇီဖက်ဆစ်တွေကို တိုက်ခိုက်ခဲ့ကြတဲ့ကာလပါ။ class လို့ခေါ်တဲ့ လူတန်းစားအမျိုးမျိုး အဆင့်ဆင့်ရှိတဲ့ အင်္ဂလန်နိုင်ငံရဲ့ အောက်ခြေအလုပ်သမားလူတန်းစားတွေကြားမှာ အလုပ်သမားထုသွေးစည်းညီညွတ်ရေး ဆိုတဲ့ ကွန်မြူနစ်ဆန်တဲ့အတွေးအခေါ်မျိုးတွေ အားကောင်းနေခဲ့တာကိုလည်း ဖော်ကျူးထားတာ တွေ့ရမှာပါ။ ဇာတ်ကောင်တွေအနေနဲ့လည်း British တွေဖြစ်တော့ သူတို့စကားပြောတဲ့ လေယူလေသိမ်း အသုံးအနှုန်းတွေက ဟောလီးဝုဒ်ဇာတ်ကားတွေမှာ အမေရိကန်အင်္ဂလိပ်အသံထွက်နဲ့သာ ရင်းနှီးနေကြတဲ့ ရုပ်ရှင်ကြည့်ပရိသတ်အတွက် ထူးဆန်းနေဖွယ်ရာရှိပါတယ်။ ချစ်စရာလည်းကောင်းပါတယ်။ စာတန်းထိုးရာမှာ လွဲချော်မှု မဆီလျော်မှုများရှိခဲ့ရင်တော့ ဘာသာပြန်သူရဲ့လိုအပ်ချက်ပါပဲ။ ဂျိုးမက်ဒီဆန်တစ်ယောက် ရစရာမရှိလောက်အောင် ပျက်စီးသွားတဲ့သူ့ဘဝကို ပြန်အဖတ်ဆည်နိုင်ပါ့မလား။ သူ့ဇနီးသည်က‌ရော ဘာကြောင့်သူ့ကိုစွန့်ပစ်ခဲ့တာလဲ။ သူ့ဆီများပြန်လာဦးမလား။ သူတို့ရဲ့သင်္ဘောကျင်းတွေတည်ရှိရာမြို့ကလေးကရော နေ့စဉ်ရက်ဆက်ဗုံးကြဲခံရတဲ့ဒဏ်ကို ခံနိုင်ပါ့မလား။ ဗုံးလာကြဲတဲ့နာဇီလေယာဉ်တစ်စီးလောက်ကို ပစ်ချလိုက်နိုင်လို့ အောင်ပွဲခံပျော်ရွှင်နေကြစဉ်မှာ ဂျိုးရဲ့သားလေးကလည်း ဗြိတိသျှဗုံးကြဲလေယာဉ်တစ်စီးနဲ့ ဂျာမနီနိုင်ငံကို သွားပြီး ဗုံးကြဲတိုက်ခိုက်နေရတော့ အတုံ့အလှည့်နဲ့ ကိုယ်ချင်းစာတရားက အဘိုးကြီး မက်ဒီဆန် အတွက် ထိုးနှက်ချက်ဖြစ်လာတယ်။ စစ်ပွဲနဲ့သမိုင်းနောက်ခံဇာတ်လမ်းတွေကို ကြိုက်နှစ်သက်ကြသူများ အားပေးရကျိုးနပ်မယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ မထင်မရှား သမိုင်းတကွေ့ရဲ့ မကြီးကျယ်တဲ့အဖြစ်ကလေးဆိုပေမဲ့ ကိုယ်တိုင်တွေ့ကြုံခဲ့ရသူတွေအဖို့တော့ တသက်စာ အမှတ်တရပေါ့။ (ဇာတ်ကားနဲ့အညွှန်းကို Thaman Myint မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.52GB, 661MB Quality - 1080p, 720p IMDb Rating - 6.9/10 Format - mp4 Duration - 1H 25Min Genre - Drama, War Subtitle - Myanmar Subtitle (Hardsub) Translated by Thaman Myint Encoded by Y

Documentary • Music
7.5 2010 85 mins
Joe Maddison's War
Drifting
7.3

အတိအကျတော့မမှတ်မိတော့ပေမဲ့ မနှစ်တုန်းက တရုတ်တစ်ချို့က Johhnie Toတို့ ဂျွန်ဝူးတို့က ကားဆက်မရိုက်တော့၊ ဝေါင်ကာဝေးတို့ စတီဖင်ချောင်တို့က ပြည်မ ရောက်သွားကြ၊ နိုင်ငံခြားရောက်သွားတဲ့သူတွေလည်းရှ်ိလိုရှိနဲ့ ဟောင်ကောင်ရုပ်ရှင်ရဲ့ အရည်အသွေးကျလာတဲ့အကြောင်း ငိုချင်းချထားတာ ဖတ်လိုက်ရပါသေးတယ်။ ဟောင်ကောင်ရုပ်ရှင်ရဲ့ တစ်ချိန်က Legendတွေဟာ လုံးပါးပါးကုန်ကြပါပြီ။ သို့ပေမဲ့ မနှစ်ကတော့ Limboတို့ DRIFTINGတို့ Hand-rolled cigarettesတို့ Timeတို့လို ဒါရိုက်တာမသစ်တသစ်တွေရဲ့ ဇာတ်ကာကောင်းတွေထွက်ခဲ့တာကြောင့် မျှော်လင့်ချက်တော့ရှိသေးတယ်ဆိုပါတယ်။ Driftingဟာ မနှစ်က‌ ဟောင်ကောင်ရဲ့ ရှားရှားပါးပါးထွက်ထားတဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ကားပါ။ ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုတစ်ချို့ရထားပါတယ်။ မင်းသားကတော့ Johhnie Toရုပ်ရှင်တွေထဲ ပါနေကျ Francis Ngပါ။ ဇာတ်ကြောင်းကတော့ ၂၀၁၂မှာ တကယ်ဖြစ်ခဲ့တဲ့ ဟောင်ကောင် အိမ်ခြေရာမဲ့တွေနဲ့ ပတ်သက်နေတဲ့တရားခွင်ကို အခြေခံရိုက်ကူးပါတယ်။ ဟောင်ကောင်မှာလည်း ဒီကလို ကျူးကျော်တဲဆန်ဆန်တွေ၊ အိမ်ခြေရာမဲ့တွေရှိပါတယ်။ သူတို့ထဲက အများစုကတော့ ပြန်စရာ အိမ်မရှိတော့တဲ့လူတွေပါ။ သူတို့အားလုံးဟာ ဘာမှလုပ်စရာမရှိတဲ့ဘ၀မှာ အချိန်တွေကို ဆေးသုံးရင်း အကုန်မြန်အောင် လုပ်ပစ်တတ်ကြတဲ့သူတွေပါပဲ။ တစ်နေ့ကျ သူတို့အိမ်လို့သတ်မှတ်ထားတဲ့ လမ်းဘေးနေရာလေးကို စည်ပင်၀န်ထမ်းတွေက လာပြီး သန့်ရှင်းရေးလုပ်ပါတယ်။ သူတို့အသုံးအဆောင်တွေ အားလုံးကို အမှိုက်တွေဆိုပြီး သူတို့တားနေကြတဲ့ကြားက အမှိုက်ကားပေါ် တင်ပစ်လိုက်ကြတယ်။ ဒါက သူတို့အတွက်တော့ အဖိုးတန်တွေပါ။ ဒီလိုနဲ့ သူတို့ စည်ပင်ကို တရားစွဲခဲ့ကြတယ်။ ဒါက‌တော့ကျောရိုးပါပဲ။ ဒီကျောရိုးကိုမှ အိမ်ခြေရာမဲ့တစ်ယောက်ချင်းစီရဲ့ အိမ်ခြေရာမဲ့မဖြစ်ခင်ဘ၀တွေ၊ ဖြစ်ပြီးနောက်ပိုင်း ရှင်သန်ပုံတွေ၊ သူတို့နေတဲ့ ဆင်းရဲသားရပ်ကွက်ကြီး တိုးတက်လာပြီး ကွန်ဒိုတွေဆောက်နေတဲ့နောက် သူတို့ရဲ့ အိမ်ဆိုတဲ့နေရာလေးပါ ပျောက်ရပုံတွေကို ပြန်ယှက်ဖောက်ပြီး heart-touchingဖြစ်တဲ့ ဇာတ်၀င်ခန်းများစွာနဲ့ ဒရာမာချိုးပြီး ပုံဖော်ထားတဲ့ ရုပ်ရှင်ပါပဲ။ ‌ပြောရရင် ရှေ့ကို တဟုန်ထိုး သွားနေတဲ့ မြို့ကြီးတစ်မြို့က ပြန်ငဲ့ကြည့်ဖို့လိုတဲ့ ပိုခက်တဲ့ဘ၀တွေအကြောင်း ပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(2.1GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__7.0/10 Format__mp4 Duration__02:00:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Action • Adventure • Animation • Science Fiction
7.3 2021 112 mins
Drifting
Only
5.5

ကျွန်တော်တို့ ကိုဗစ်ကာလကို ပြန်တွေးကြည့်ကြရအောင် တစ်နေရာရာကို သွားမယ်ဆို Mask တွေတပ်ကြ၊ တစ်ခုခုကိုင်ပြီးရင် လက်ကို HandGel နဲ့ အရေလန်မတတ်ပွတ်ကြ၊ ပြင်ပက ပစ္စည်းတစ်ခုခု ရောက်လာရင် ပိုးသတ်ဆေးနဲ့ တရှူးရှူး ဖြန်းကြနဲ့။ တစ်နေ့တစ်နေ့ တဝီဝီမြည်နေတဲ့ ဆေးရုံကားသံတွေ၊ ဘယ်သူတော့ ဆုံးသွားပြီ ဆိုတဲ့ သတင်းတွေကြားထဲမှာ အိမ်မှာ ကိုယ့်ဟာကိုယ် ပြန်အကျဉ်းချထားရတာလည်း အသက်ရှင်မဝစရာ၊ ရူးချင်စရာပေါ့၊၊ ဒီကားထဲက ဗိုင်းရပ်(စ်)ကတော့ အဲ့ထက်ဆိုးတယ်၊၊ အဲ့ထက်လည်း ရက်စက်ပြင်းထန်တယ်၊၊ ကမ္ဘာပေါ်ကို ကြယ်တံခွန်တစ်ခုဖြတ်သန်းအပြီးမှာ ဘ ာမှန်းမသိတဲ့ မြူမှုံတွေဟာ ကမ္ဘာ့လေထုကိုဖုန်းလွှမ်းသွားတယ်၊၊ အဲ့ဒီ မြူမှုံတွေထဲမှာ HNV 21 လို့ခေါ်တဲ့ ဗိုင်းရပ်(စ်)တစ်မျိုးပါပြီး အဲ့ဒီဗိုင်းရပ်(စ်)ဟာ အမျိုးသမီးတွေကို ဦးတည်ထိခိုက်စေတယ်၊၊ ဘယ်လောက်ပြင်းထန်လဲဆို ပိုးကူးခံရတဲ့ အမျိုးသမီးဟာ (၄)ရက်အထိ အသက်ရှင်နိုင်ရင် ကံကောင်းတယ်လို့ ဆိုရတဲ့အထိပဲ၊၊ ဒါပေမယ့် ဒီဗိုင်းရပ်(စ်)ဟာ အမျိုးသားတွေကိုတော့ ကြီးမားတဲ့ အန္တရာယ်မပေးနိုင်ဘူး၊၊ ဒီလိုနဲ့ ဗိုင်းရပ်(စ်)လက်ချက်နဲ့ ကမ္ဘာပေါ်က အမျိုးသမီးတွေ နေ့စဉ် သန်းနဲ့ချီသေဆုံးပြီး မျိုးသုဉ်း လုဖြစ်ကုန်တယ်၊၊ မိန်းမဆိုတာ ဘယ်လိုမျိုးလဲလို့ မေးယူရတဲ့အထိ ဖြစ်ကုန်တယ်၊၊ အစိုးရတွေအနေနဲ့လူဦးရေပြန်လည်တိုးပွါးရေးအတွက် အမျိုးသမီးတွေကို ဖမ်းပြီး စမ်းသပ်ရတဲ့အထိ ဖြစ်လာတယ်၊၊ အမျိုးသမီးတစ်ဦးကို ဖမ်းမိရင် ဒေါ်လာနှစ်သန်းအထိ ထုတ်ထားတာကြောင့် အမျိုးသမီးတွေကို အသဲအသန်လိုက်ရှာကြတဲ့ အမျိုးသမီးမုဆိုးတွေလည်း ပေါ်လာကြတယ်၊၊ အဲ့ဒီရိုက်ခတ်မှုတွေကို တစ်ကမ္ဘာလုံးက စုံတွဲတွေနည်းတူ ဝီ(လ်)နဲ့ အေဗာဆိုတဲ့ စုံတွဲလေးတစ်တွဲကလည်း ခံရတယ်၊၊ ကမ္ဘာပျက်ကိန်းစကတည်းက သတိကြီးတဲ့ ဝီ(လ်)ဟာ အေဗာကို ရောဂါပိုး အန္တရာယ်၊အစိုးရရဲ့ စမ်းသပ်မှုတွေ အန္တရာယ်၊ လူသားမုဆိုးတွေအန္တရာယ်ကနေ ဖွက်ထားပြီး ကာကွယ်ပေးခဲ့တယ်၊၊ ဒါပေမယ့် နှစ်တွေချီကြာလာတဲ့ အခါမှာ အေဗာတစ်ယောက် မွန်းကြပ်လာတယ်၊၊ ဝီ(လ်)အနေနဲ့လည်း ရောဂါပိုး carrier ဖြစ်နေတာကြောင့် အေဗာနဲ့ ဝီ(လ်)ဟာ တစ်အိမ်ထဲ နေရပေမယ့် စည်းတွေခြားနေကြတယ်၊၊ ဒီစုံတွဲလေး ဒီလိုအခက်အခဲတွေကို ကျော်ဖြတ်နိုင်ပါ့လား၊သူတို့ ဆက်ဆံရေးဟာ လေးလံတဲ့ဝန်ထုပ်ဝန်ပိုးတွေနဲ့ ဘယ်လိုခရီးဆက်ကြမလဲစတာတွေကို ဒီဇာတ်ကားမှာ past apocalyptic romance အနေနဲ့ ခံစားတွေ့ရှိရမှာဖြစ်ပါတယ်၊၊

Comedy • Drama
5.5 2020 98 mins
Only
O Saathiya

O Saathiya (2023) IMDb 7.1/10 ကိုယ့်ဘက်က မေတ္တာအစစ်ပေးတိုင်း မေတ္တာအစစ်ပြန်ရမယ်လို့ထင်နေရင်တော့ လူကြီးမင်းတို့ ဒီကားကြည့်သင့်ပါတယ် စလာလာချင်းမှာကို ကိုယ့်ရဲ့အချစ်ဆုံးလေးက မင်္ဂလာဆောင်ဖိတ်စာမှာ ကိုယ်မဟုတ်တဲ့တခြားယောကျာ်းတစ်ယောက်နာမည်နဲ့ လာဖိတ်ပြီး သူများနဲ့ညားတဲ့ငါ့ရည်းစားဇာတ်ကို အခင်းခံလိုက်ရတဲ့ အာဂျွန်... ဘဝမှာတစ်ချို့အမှားတွေက ပြန်ပြင်လို့မရသလို ရှေ့ဆက်တိုးဖို့လေးလံလာတဲ့အခါ လူတွေကြုံတွေ့ရမဲ့ ခံစားချက် ဆုံးဖြတ်ချက်တွေ နာကြည်းမှု နားလည်မှုတွေကို.. ဒီကားကြည့်ရင်း အ‌တွေးတစ်ခုခုကျန်ခဲ့နိုင်တဲ့အထိ ဆွဲခေါ်သွားနိုင်ပါကြောင်း.. အာဂျွန်- ငါ နင့်ကိုစတွေ့ခဲ့တာ ကျောင်းအုပ်ကြီးရုံးခန်းမှာ ငါတို့အတန်းသားအချင်းချင်း စကားများကြလို့ ခေါ်ငေါက်နေတဲ့အချိန်လေ။ မြင်မြင်ချင်းအချစ်ရဲ့နောက်မှာ သံယောဇဉ်တွေ တစ်ရစ်ချင်း တိုးလို့ချည်နှောင်ရင်း နင့်ကိုချစ်ရေးဆိုဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမဲ့ ကံတရားရဲ့ မျက်နှာသာမပေးမှုတွေနဲ့ ငါအကြိမ်ကြိမ်ရှုံးနိမ့်ခဲ့ရတယ်.. ဒါပေမဲ့ ငါလက်မလျော့ဘဲ မင်းဆီကအချစ်ကပြန်ရဖို့ ကြိုးစားနေတုန်းမှာ ငါမဟုတ်တဲ့ သတို့သားနာမည်နဲ့ နင့်ရဲ့မင်္ဂလာဆောင်ဖိတ်စာကို မြင်လိုက်ရတဲ့အခိုက်မှာ ငါ့ကမ္ဘာတစ်ခုလုံးပြိုလဲခဲ့ပါတယ် ချစ်ရသူရယ်.. နင်က ငါ့ရဲ့ပထမဆုံးနဲ့ ထာ၀ရတည်ရှိနေမဲ့ တစ်ဦးတည်းသောချစ်သူလေးပါပဲ။ သိပ်ချစ်ကြတဲ့ သူတို့တွေ ဘယ်ဘူတာမှာလွဲခဲ့တာလဲ ပြန်လည်ဆုံစည်းနိုင်ကြမလားဆိုတာကတော့.. ရုပ်ရှင်အစမှာတင် ဆွေးရတာကို ပြထားပေမဲ့ ကြည်နူးရတဲ့အချိန်မှာ ဆွေးရမှာကိုပါ မေ့သွားစေမယ့် တေလေဂူး အချစ်အလွမ်းရုပ်ရှင်လေးကို ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ် ကြည်နူး လွမ်းဆွေးပေးကြပါဦး (အညွှန်းနဲ့ ဘာသာပြန်ကိုတော့ V~Zwe Yan~Yunni~BpL~Cherry တို့မှ ခံစားသက်ဝင်ရေးသားထားပါတယ်) File size…2.4GB / 1.3GB Quality…1080p WEB DL /720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Zwe Yan~Yunni~BpL~Cherry

Comedy • Drama
0 2023 136 mins
O Saathiya
Causeway
6.6

IMDb 6.6 Rotten Tomatoes 87% မင်းသမီး ဂျနီဖာလောရန့်စ်ရဲ့ ရုပ်ရှင်အသစ်တစ်ကားကို Apple TV ကနေ တင်ဆက်လိုက်ပါပြီ။ အာဖရန်နစ္စဂန်က စစ်တပ်မှာတာဝန်ထမ်းဆောင်ရင်း ပေါက်ကွဲမှုထဲကိုယ်တိုင်ပါဝင်သွားခဲ့တဲ့ လင်စီက ဆေးခွင့်နဲ့ မွေးရပ်မြေဆီပြန်ရောက်လာခဲ့ပါတယ် ဦးနှောက်သွေးယိုစီးမှုခံစားနေရတဲ့သူမ ဆေးလည်းတစ်ဖက်ကုရင်း သူမပြန်သွားချင်တဲ့အလုပ်ခွင်ထဲပြန်ရောက်ဖို့ကြိုးစားနေသူပေါ့… ဂျိမ်းကတော့ ကားပြင်ဆရာပါလင်စီ့ကားကိုပြင်ပေးရင်း သူတို့နှစ်ယောက်ရင်းနှီးသွားတော့ တစ်ယောက်အကြောင်းတစ်ယောက်ရင်ဖွင့်ရင်း ဂျိမ်းမှာလည်းသူမလိုဖြစ်ရပ်ဆိုးရှိနေမှန်းသိသွားခဲ့တယ် ဒီလိုနဲ့ ခံစားချက်တူလူနှစ်ယောက်အချင်းချင်းဖေးမရင်း သူတို့သာမန်ဘဝကိုပြန်သွားကြပုံတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…(1.3GB) / (668MB) / (454MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:32:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Yunni

Drama • History
6.6 2022 96 mins
Causeway
The Judgement [De veroordeling]
7.3

The Judgement [De veroordeling] (2021) ============================= Genre – Biography, Crime, Drama IMDb Rating – 7.3/10 တကယ့်ဖြစ်ရပ်မှန်အပေါ် အခြေခံထားတဲ့ နယ်သာလန်ရုပ်ရှင် ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၉၉၉ ခုနှစ်မှာ ချမ်းသာကြွယ်ဝတဲ့ မုဆိုးမကြီးတစ်ယောက် သေဆုံးမှုကနေ စတင်ခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီမှာ စတွေ့တဲ့သက်သေတွေအရ လောင်ဝက်စ်ဆိုတဲ့လူကို ဖမ်းဆီးလိုက်ကြပါတယ်။ ဒါပေမဲ့ နောက်နှစ်နည်းနည်းကြာလာတော့ ပြန်လွှတ်ပေးလိုက် ကြပါတယ်။ နောက်ပြီးတော့ ဒီအန်အေစစ်တာ ကိုက်ညီတယ်ဆိုပြီး ထောင်ဒဏ် ၁၂ နှစ် ပြန်ချမှတ်လိုက်ပါတယ်။ အဲဒီမှာ နက်ဝေါ့ဆိုတဲ့ ရုပ်သံလိုင်းက သတင်းထောက် ဘတ်စ်ဟန်းဟာ ဒီအမှုနောက်ကို စိန်ခေါ်မှုတွေများစွာနဲ့ သတင်းလိုက်ပြီး အမှန်တရားကို ရှာဖွေပါ တော့တယ်။ တစ်ချိန်တည်းမှာလည်း မောရစ်စ်ဆိုတဲ့လူ ပြောစကား အရ မုဆိုးမကြီးကို သတ်တဲ့လူဟာ သူမရဲ့ လက်တိုလက်တောင်း ခိုင်းတဲ့ မီခေး ဖြစ်နေတယ်လို့လည်း စွပ်စွဲလာပါတယ်။ အဲဒီမှာ သပွတ် အူလို ရှုပ်ထွေးလှတဲ့ အမှုအခင်းကြီး ဘယ်လိုဆက်ဖြစ်ကြမလဲ ဆိုတာ သတင်းထောက်အမြင်နေရာကနေ ကြည့်ရှု ခံစားရမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size……….(1.77 GB) / (667 MB) / (372 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………2Hr 10Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Biography, Crime, Drama Translator…….Thura Aung Encoder……….SWM

Romance
7.3 2021 130 mins
The Judgement [De veroordeling]
Miguel Wants to Fight
6.3

ဇာတ်လမ်းနာမည်လေးအတိုင်းပဲ တိုက်ချင်ခိုက်ချင်တဲ့ မီဂဲလ်အကြောင်း comedy movieလေးကိုကြည့်ရှုရမှာပါ….။ မီဂဲလ်ဟာ အထက်တန်းကျောင်းသားလေးတစ်ယောက်ဖြစ်ပြီး ရန်ဖြစ်တာ မထူးဆန်းတဲ့ ပတ်ဝန်းကျင်မှာ သူငယ်ချင်းသုံးယောက်နဲ့ ပျော်ပျော်နေလေ့ရှိသူပါ…။ တိုက်ရခိုက်ရတာကို အကြိုက်ကြီးကြိုက်ပေမယ့်လည်း တစ်ခါမှ ရန်မဖြစ်ဖူးတဲ့ လူလိမ္မာလေးပေါ့…။ သူ့သူငယ်ချင်းသုံးယောက် ရန်ဖြစ်တိုင်း ဝင်မပါဘဲ ဘေးမှာပဲတိတ်တိတ်လေး ရပ်နေလေ့ရှိသူပါ….။ ဒီလိုနေနေတာကို သူ့သူငယ်ချင်းတွေ သတိထားမိသွားပြီး ဝိုင်းပြောတဲ့အခါမှတော့ မီဂဲလ်တစ်ယောက် ရန်ဖြစ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်….။ နောက်တော့ သူ့ရဲ့ ပထမဆုံးရန်ပွဲအထွက် ပထမဆုံးလက်သီးထိုးခံရမယ် ရန်သူကိုလိုက်ရှာပါတော့တယ်….။ ဇာတ်လမ်းလေးက ပေါ့ပေါ့ပါးပါးရိုက်ကူးထားတဲ့အပြင် စိတ်ကူးယဥ် တိုက်ကွက်တွေနဲ့ anime တိုက်ကွက်တချို့ကိုပါ မြင်တွေ့ရမယ့် ဇာတ်ကားလေးပါပဲ…။ File size…1.68GB / 636MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 15m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Romance • Drama
6.3 2023
Miguel Wants to Fight
A Christmas Mystery
6

ခရစ္စမတ်ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ရှိပါတယ်။ အဲ့ဒါကတော့ လွန်ခဲ့တဲ့နှစ်တစ်ရာလောက်တုန်းက ဂျင်မီစတက်ဘင်ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ ရွှေခေါင်းလောင်းတွေအကြောင်းပဲဖြစ်ပါတယ်။ ဂျင်မီစတက်ဘင်ဆိုတဲ့ ကောင်လေးနေထိုင်တဲ့ ပလဲဆန့်ဘေးဆိုတဲ့မြို့လေး တစ်မြို့မှာ မိုးခေါင်ရေရှားမှုတွေဖြစ်ပြီးသူတို့ မြို့ရဲ့အဓိကစီးပွားရေး လုပ်ငန်းဖြစ်တဲ့ သစ်ခွဲစက်ကိုပိတ်လိုက်ရပါတော့တယ်။ ဒီလိုနဲ့ခရစ္စမတ်အကြို ညမှာ ဆန်တာကလော့စ်လာတဲ့ အသံကိုကြားပြီး ဂျင်မီလေးကထွက်ကြည့်တဲ့ အခါမှာ ဆန်တာရဲ့ စွပ်ဖားလှည်းကနေ တောက်ပနေတဲ့အရာတစ်ခု ကျကျန်ခဲ့တာ ကိုတွေ့ခဲ့ရပါတယ်။အဲ့ဒါကတော့ ရွှေခေါင်းလောင်းလေးတွေဖြစ်ပြီး ဂျင်မီက သူ့မြို့ရဲ့သစ်ခွဲစက်ကို ပြန်ဖွင့်နိုင်ပါစေလို့ အဲ့ဒီခေါင်းလောင်းတွေကို ကိုင်ပြီး တောင်းဆုပြုခဲ့ပါတော့တယ်။နောက်နေ့ မနက်မှာတော့သူ့ရဲ့ဆုတောင်းတွေက တကယ်ပြည့်ဝသွားပြီး အဲ့ဒီအကြောင်းကလဲ သူတို့မြို့လေးနဲ့တခြားမြို့တွေ ကိုပါပြန့်နှံ့သွားပါတော့တယ်။ဒီလိုနဲ့ အဲ့ဒီခေါင်းလောင်းကိုပြတိုက်မှာ ပြသထား ကြပြီး နှစ်တိုင်းခရစ္စမတ်အကြိုနေ့မှာ ခေါင်းလောင်းတီးပွဲကို ကျင်းပလာခဲ့တာ အခုဆိုရင်နှစ်တစ်ရာရှိခဲ့ပါပြီ။ဒါပေမယ့် ထူးထူးခြားခြား အဲ့ဒီလိုနှစ်တစ်ရာ ပြည့်တဲ့နှစ်မှာပဲ အဲ့ဒီရွှေခေါင်းလောင်းတွေက ပျောက်ချင်းမလှပျောက်ဆုံးသွား ပါတော့တယ်။အဲ့ဒီခေါင်းလောင်းကိုဘယ်သူကခိုးသွားတာလဲ ဘယ်သူတွေကရော အဖြစ်မှန်ကို ရှာဖွေဖော်ထုတ်နိုင်ကြမလဲ ဆိုတာကိုကြည့်ရမဲ့ စိတ်ဝင်စားစရာ ခရစ္စမတ်ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…987MB / 476MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 27m Genre ….. Comedy , Drama , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

TV Movie • Thriller • Crime • Drama
6 2023 87 mins
A Christmas Mystery
Sleepy Hollow
7.3

IMDb Rating (7.3) / Rotten Tomatoes (70%) Sleepy Hollow လို့ပြောရင် သိတဲ့သူနည်းတယ်ဆိုပေမယ့် ခေါင်းပြတ်နေတဲ့မြင်းစီးသရဲကြီးက ခေါင်းလိုက်ဖြတ်တဲ့ကားလေ လို့ပြောရင် တော်တော်များများသိထား ကြည့်ဖူးပြီးသားဖြစ်ကြမှာပါ။ ဟုတ်ပါတယ် ဒီဇာတ်ကား က ၁၉၉၉ ကရိုက်ခဲ့တဲ့ မင်းသားကြီး Johnny Depp ရဲ့ ဇာတ်ကားပါ။ Stephen King တို့နဲ့ပြိုင်နာမည်ကြီးတဲ့ စာရေးဆရာ Washington Irving ရဲ့ဝတ္တုကို ခပ်ဆန်းဆန်းပုံစံတွေနဲ့ တင်ဆက်တတ်တဲ့ နာမည်ကြီး ဒါရိုက်တာ Tim Burton ကရိုက်ကူးထားတာဖြစ်ပါတယ်။ ကျိုးကြောင်းဆင်ခြင်တတ်ပြီး ယုတ္တိကျကျ အတွေးရှိလို့ ခေတ်နောက်ပြန်ဆွဲနေတဲ့ အထက်လူကြီးတွေက ရာထူးအနိမ့်ဆုံးထိချထားခြင်းခံရတဲ့ ရဲသားကရိန်း(Johnny Depp) တစ်ယောက် Sleepy Hollow ဆိုတဲ့ရွာငယ်လေးက လေးလောင်းပြိုင်ခေါင်းဖြတ်သတ်မှုတွေ အကြောင်းကို ဖိအားပေး စုံစမ်းဖို့စေလွတ်ခြင်းခံရပါတယ်။ ယုတ္တိကျတာကိုပဲ ယုံတတ်တဲ့ရဲသားကရိန်းတစ်ယောက် သဘာဝလွန်ဖြစ်ရပ်များနဲ့ကြုံတွေ့လာတဲ့အခါ သူ့ရဲ့ငယ်ဘဝအတိတ်ဆိုးတွေကြောင့် ဖြစ်နေတဲ့ အကြောက်လွန်ရောဂါကိုဘယ်လိုကျော်လွှားပြီး သဘာဝလွန်အမှုတစ်ခုကို သိပ္ပံပညာနဲ့ပေါင်းစပ်ပြီး ဘယ်လိုဖော်ထုတ်သွားမယ်ဆိုတာ ဇာတ်ကားမှာဆက်ပြီး ကြည့်လိုက်ကြပါ။ ခေတ်တစ်ခေတ်ရဲ့အကူးအပြောင်းမှာ ကျန်နေခဲ့ချင်သူတွေ နဲ့ ဆက်ပြီးတိုးသွားချင်သူတွေ၊ သိပ္ပံပညာနဲ့ သဘာဝလွန်တို့ကိုပေါင်းစပ်ဖော်ပြထားတာတွေကို စိတ်ဝင်စားစရာ ဖြစ်အောင်တင်ဆက်ထားတာကို မင်းသား Johnny Depp ရဲ့ကြောင်တောင်တောင်သရုပ်ဆောင်ချက်တွေနဲ့ ပိုမိုအသက်ဝင်အောင်အားဖြည့်ထားတာကိုတွေ့ရမှာပါ။ အပြောင်းအလဲကိုလက်ခံသူတွေ လက်မခံသူတွေ ဘယ်လိုပဲဖြစ်ဖြစ် ခေတ်ကြီးကတော့ ရှေ့ကိုဆက်နေဦးမှာပါပဲ။ ( အညွှန်းနဲ့ဘာသာပြန်ကို d3mon တင်ဆက်ထားပါတယ်။)

Drama • Romance
7.3 1999 105 mins
Sleepy Hollow
Megalomaniac
5.7

Megalomaniac (2022) ~ IMDb – 5.7/10, Rotten Tomatoes – 84% ~ “Megalomaniac” ဆိုတဲ့ စကားလုံးကို စိတ်ကြီးဝင်တဲ့သူ ဒါမှမဟုတ် စိတ်ကြီးဝင်နေတဲ့ရောဂါသည်ဆိုပြီး အဓိပ္ပါယ်ဖွင့်ဆိုလေ့ရှိကြပါတယ်။ ဒါပေမဲ့ ဒီဇာတ်ကားကတော့ နောက်ခံအင်အားတောင့်လို့ ဘဝင်လေဟပ် အောက်ခြေလွတ် မာနကြီးနေတဲ့သူတွေအကြောင်းရိုက်ကူးထားတာမဟုတ်ဘဲ ပတ်ဝန်းကျင်ရဲ့ပြင်းထန်လှတဲ့ ရိုက်ခတ်မှုတွေကြောင့် နာကျည်းချက်ပေါင်းများစွာနဲ့ မလုပ်သင့်မလုပ်အပ်တဲ့နည်းလမ်းတွေကိုအသုံးပြုပြီး စိတ်ထွက်ပေါက်ရှာခဲ့ရင်း လူစိတ်ပျောက် ဘဝင်ရူးသွားတဲ့အမျိုးသမီးတစ်ယောက်အကြောင်းကို ဇာတ်အိမ်တည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ ၁၉၉၀ ခုနှစ်တုန်းက ဘယ်လ်ဂျီယံနိုင်ငံမှာ ၆ လအတွင်း အမျိုးသမီး ၁၅ ယောက်တိတိကို သတ်ပြီးတော့ လူမြင်ရာတွေမှာ အလောင်းအိတ်တွေနဲ့ ချန်ထားလေ့ရှိတဲ့ လူသတ်သမားတစ်ယောက်ရှိခဲ့ပါတယ်။ အဲဒီလူသတ်သမားဆီမှာ မာသာနဲ့ ဖီးလစ်လို့ခေါ်တဲ့ သားသမီး နှစ်ယောက်ရှိခဲ့ပါတယ်။ ဖီးလစ်ကတော့ အဖေမရှိတော့တဲ့နောက်ပိုင်း အဖေ့ခြေရာနင်းပြီး လူလိုက်သတ်ပါတယ်။ မာသာကတော့ သန့်ရှင်းဝန်ထမ်း တစ်ယောက်ပေါ့။ သူဟာ အလုပ်မှာ အမြဲကိုယ်ထိလက်ရောက်ကျူးလွန်ခံရပါတယ်။ အလုပ်မှာလည်း လူလိုဆက်ဆံမခံရ၊ ဘဝကြီးကိုလည်း ပုံမှန်လူတွေလိုမဟုတ်ဘဲ တစ်ဆင့်ခံမြင်ရကြားရတဲ့ အခြေအနေမျိုးနဲ့ပဲ ဖြတ်သန်းရတဲ့ မာသာဟာ ကြာလာတဲ့အခါ စိတ်ရူးပေါက်ပြီးတော့ လူမဆန်တဲ့လုပ်ရပ်တွေကို လုပ်လာပါတော့တယ်။ ဒီလိုနဲ့ပဲ မာသာတစ်ယောက် စိတ်ထွက်ပေါက်ကို ဘယ်လိုနည်းတွေနဲ့ရှာလဲ… ကြုံခဲ့ရတဲ့အဖြစ်ဆိုးတွေကို ဘယ်လိုဝ⁠ဋ်ကြွေးပြန်ဆပ်မလဲ… ဆိုတာကို အလန့်တကြားကြည့်ရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 820MB Quality – 1080p, 720p IMDb Rating – 5.7/10 Format – mp4 Duration – 1H 58Min Genre – Horror Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

5.7 2022
Megalomaniac
Miss Fortune
7

Miss Fortune(2023) ****************** ဂျီဟဲဆိုသောအမျိုးသမီးဟာ လက်နှိပ်စက်ခေတ်ကတည်းက နာမည်ကြီး ပစ္စည်းတွေပတ်ခိုးလာတဲ့ နာမည်ကျော် သူခိုးတစ်ယောက်ပါ… သို့သော် မျက်မှောက်ခေတ်တိုးတက်လာတဲ့နည်းပညာတွေ ကြောင့် မြင့်မားတဲ့ လုံခြုံရေးစနစ်တွေကြောင့် ခိုးရပြုရတာ အရင်လိုမလွယ်ကူတော့… သူ့အနေနဲ့ ဒီဘက်ခေတ်နည်းစနစ်တွေကို အမှီလိုက်ဖို့ကလည်း အတော်ခက်.. ဒါ့ကြောင့် သူခိုးတဲ့အချိန်မှာ အထောက်အကူဖြစ်စေဖို့ သမီးဖြစ်သူကို ဆွဲခေါ်လေ့ရှိတယ်… သမီးဖြစ်သူကလည်း ထက်မြက်တဲ့သူဆိုတော့ သော့တွေလုံခြုံရေးစနစ်တွေCCTVတွေနဲ့ အခြား Hackingပိုင်းတွေမှာပါ ကူညီပေးလေ့ရှိတယ်..ဒါပေမဲ့ ဂျီဟဲက သမီးဖြစ်သူကိုလည်း ဒီလောကကြီးထဲမှာ သူ့လို မရပ်တည်စေချင်ဘူး..ဒါ့ကြောင့် နောက်ဆုံးပိတ်အနေနဲ့ ၆၀ဘီလျံတန်ဘိုးရှိတဲ့ ပစ္စည်းတစ်ခုက ခိုးယူပြီး စောရလောကကနေ အပြီးတိုင်နားဖို့ အချီကြီးကြံပါတော့တယ်.. သို့သော် သူမ ထင်ထားသလို မလွယ်ကူတဲ့အခါမှာတော့… နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ထားတာမို့ ကြည့်ကြပါကုန်… File size… 2.2GB/814MB Quality…WEB-DL 1080p / 720p Format…mp4 Duration….2hr 03min Genre …..Drama, Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder…. Phyo Pyae Translated by Tiff Miri, Treasure Hnin & Stary

7 2023
Miss Fortune
My Christmas Hero
6.5

My Christmas Hero (2023) =================== ခရစ္စမတ်စ်ကာလဟာနီကိုးလ်တို့မိသားစုအဖို့ နီကိုးလ်ရဲ့အဘွားဖြစ်သူ ဒိုရိုတီမရှိဘဲဆင်နွှဲရမယ့် ပထမဦးဆုံးသော ခရစ္စမတ်စ်လေးပါ။ နီကိုးလ်ရဲ့ အဘိုးဖြစ်သူဂျွန်ဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်သားတစ်ယောက်ဖြစ်ပါတယ်။ ဂျွန် စစ်ပွဲတွင်းမှာ ကျဆုံးသွားခဲ့တာ နှစ်ပေါင်းမြောက်များစွာ ကြာပြီးတဲ့ထိတိုင်အောင်ကို ဒိုရိုသီကမမေ့နိုင် သေးဘဲ အမြဲတမ်းတပြီးချစ်နေခဲ့တာကြောင့် နီကိုးလ်နဲ့ နီကိုးလ်ရဲ့အမေတို့ နှစ်ယောက်လုံးဟာ ငယ်ငယ်လေးကတည်းကစပြီး ဒိုရိုသီ့ဆီကနေ အဘိုး ဖြစ်သူရဲ့အကြောင်းတွေ၊ အမှတ်တရတွေကိုကြားသိထားရပြီး အလွတ်တမ်း မှတ်မိနေခဲ့တာပေါ့။ ဒီလိုနဲ့ ဒိုရိုသီဆုံးပါးသွားပြီးနောက်ပိုင်းမှာ နီကိုးလ်ရဲ့အမေဟာ အမေဖြစ်သူ ကိုသတိရတဲ့စိတ်၊ အဖေဖြစ်သူကိုလွမ်းဆွတ်တဲ့စိတ်တွေနဲ့ စိတ်ခံစားရသက် သာရအောင်လို့ စေတနာ့ဝန်ထမ်းအလုပ်တွေကိုပဲ ဆက်တိုက်မနားတမ်းလုပ် နေခဲ့ပါတယ်။ ဒါနဲ့ပဲ နီကိုးလ်တစ်ယောက် မကြာခင်ရောက်လာတော့မယ့် ခရစ္စမတ်စ်မှာ သူ့အမေဖြစ်သူကို ခံစားရသက်သာရအောင်လို့ အဘွားဆီကနေ တစ်စိတ်တစ်ပိုင်း အနည်းငယ်လောက်ပဲ သိထားခဲ့ရတဲ့ အဘိုးဖြစ်သူရဲ့စစ်ပွဲ တွင်းကအကြောင်းတွေကိုစုံစမ်းဖို့ကြံပါတော့တယ်။ ဒီတော့ သူအောင်မြင်နိုင် ပါ့မလား၊ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ဒီ “My Christmas Hero” ဆိုတဲ့ကားလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်) File Size……….(1.41 GB) / (548 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 24Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Family, Romance Translator…….Fiona Gillen Encoder……….SWM

6.5 2023 85 mins
My Christmas Hero
Mutant
5.8

ဒီဇာတ်ကားလေးကတော့ အပြင်လောက လက်ရှိ ၂၁ရာစုမှာ ကြောက်စရာ ကောင်းလောက်အောင် အရမ်းကိုဖွံ့ဖြိုးတတ်တက်လာပြီးတော့ အနာဂတ်မှာ လူသားမျိုးနွယ်ကိုပါ အန္တာယ်ပေးလာနိုင်တယ်ဆိုတဲ့ လူလုပ်ဉာဏ်ရည်တု AI နဲ့ လူသားတွေကြားက စစ်ပွဲအကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းလေးကတော့ လူသားမျိုးနွယ်အတွက် အထောက်အကူဖြစ်စေဖို့အတွက် လက်ရှိ AI ထက် တစ်ဆင့်မြင့်တဲ့ ခံစားချက်ပါထည့်သွင်းထားပြီး ကိုယ်ပိုင်အသိစိတ်ရှိစေတဲ့ပရိုဂရမ်ပါ ထျန်းရုန်ချစ်ပ်ပြားကို အင်ဂျင်နီယာကြီး ကျူးရုန်ကတီထွင်ခဲ့ပါတယ် ။ မူလရည်ရွယ်ချက်က လူသားအထောက်အကူပြုနည်းပညာဆိုပေမဲ့ ကိုယ်ပိုင်အသိစိတ်ရသွားတဲ့ ပင်မကိုယ်ထည် AI ဟာ လူသားမျိုးနွယ်ကို မျိုးသုဉ်းသွားသည်အထိ သတ်ဖြတ်ပြီး စက်ရုပ်တွေကို ကမ္ဘာမြေပေါ်မှာ အစားထိုးနေရာရဖို့ ကြိုးစားပါတော့တယ် ။ အဲဒါကြောင့်ပဲ AI စက်ရုပ်စစ်တပ်ကြီးရဲ့ လူသားမျိုးနွယ်တွေကို မျိုးသုဉ်းသတ်ဖြတ်ခြင်းအစီအစဉ်ကြီးစတင်လာပြီး လူသားတွေဘက်ကလည်း ခုခံစစ်အနေနဲ့ပြန်လည်တိုက်ခိုက်ကြတဲ့အခါမှာတော့ လူသားတွေနဲ့ AI ကြားစစ်ပွဲကြီးပေါ်ပေါက်လာပါတော့တယ် ။ လူသားတွေထက်နည်းပညာတစ်ဆင့်မြင့်တဲ့အပြင် ဦးနှောက်ကပါ အဆ၃၀ အဆင့်မြင့်နေတဲ့ AI ကိုလူသားတွေဘယ်လိုပြန်တိုက်ခိုက်မလဲ ? အနိုင်ရောတိုက်နိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းလေးထဲစိတ်ဝင်စားစွာကြည့်ရှုလိုက်ပါအုံးနော် ။

5.8 2024
Mutant
Dr. Strangelove or: How I Learned to Stop Worrying and Love the Bomb
8.3

ဒီကားလေးကတော့ ၁၉၆၄တုန်းကထွက်ခဲ့တဲ့ War/Comedy အဖြူအမည်းအမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ Ratingတွေကိုကြည့်လိုက်ရင် old but goldထဲကတစ်ကားဖြစ်မှန်းသိမှာပါ။ Oscarဆုလေးဆုအတွက်လည်း ဆန်ခါတင်၀င်ခဲ့ပါသေးတယ်။ စစ်အေးခေတ် အမေရိကန်လေတပ်က ရုရှားပိုင်နက်အနီးမှာ နျုဗုံးသယ်လေယာဉ်တွေကို အချိန်ပြည့်ဖြန့်ကျက်ထားခဲ့တဲ့အချိန်ကို အခြေပြုရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းက‌တော့ လေတပ်ဗိုလ်မှူးတစ်ယောက်အရူးထပြီး လေယာဉ်တွေကို ရုရှားပိုင်နက်ထဲပစ်မှတ်တွေကို နျူဗုံးကျဲခိုင်းတာကနေစပြီး အဲဒီကနေမီးခိုးကြွက်လျှောက်သလိုပြဿနာတက်ပြီး အမေရိကန်သမ္မတ ရုရှား၀န်ကြီးချုပ်ပါမနေရဘဲ ပြဿနာဖြေရှင်းဖို့ကြိုးစားကြပါတော့တယ်။ (ဇာတ်လမ်းအရသာပျက်မှာစိုးလို့ reviewအရှည်ကြီးမရေးတော့ပါဘူး အားလုံးပဲကိုယ်တိုင်ကြည့်ရှုခံစားလိုက်ကြပါ။) File size…(1.8 GB)/(950 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:35:00 Genre… Comedy, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Soe Thiri Swe

Drama
8.3 1964
Dr. Strangelove or: How I Learned to Stop Worrying and Love the Bomb