YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

[S03.E05] Young Royals - Episode 5 .1080p.YKEdit(CM).mp4

563.48 MB 1080p video/mp4 44 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Me Before You
7.9

Datshin Review : Me Before You (2016) Drama, Romance --- Plot --- . အသက် ၂၆ နှစ်အရွယ်ရှိ Louisa Clark ဟာ စားပွဲထိုးအလုပ်ကနေ ပြုတ်သွားပြီး အတူနေ မိဘနဲ့ ညီမသားအမိကို ထောက်ပံ့ဖို့ လိုတဲ့အတွက် အလုပ်သစ်တစ်ခု အသည်းအသန်ရှာရတဲ့အခါမှာ မသန်စွမ်းတစ်ယောက်ကို စောင့်ရှောက်ရမယ့် အလုပ်ကို လက်ခံခဲ့ပါတယ်။ သူစောင့်ရှောက်ရတဲ့သူက လွန်ခဲ့တဲ့ နှစ်နှစ်က မော်တော်ဆိုင်ကယ် မတော်တဆမှုမှာ တစ်ကိုယ်လုံးသေ (လက်ချောင်းတစ်ချောင်းနှစ်ချောင်းနဲ့ ခေါင်းလောက်ပဲ လှုပ်နိုင်တော့တဲ့) Will Traynor ပါ။ Will ဟာ မတော်တဆမှု မတိုင်ခင်က အောင်မြင်နေတဲ့ လူငယ် ဘဏ်လုပ်ငန်းရှင်လဲဖြစ်ပြီး ချမ်းသာတဲ့မိဘက ပေါက်ဖွားလာလို့ ရုပ်လဲချော ပညာလဲတတ် ကျားကျားယားယားလဲရှိနဲ့ အရာအားလုံး ပြည့်စုံနေတဲ့သူ ဖြစ်ခဲ့သူပေါ့။ ကို့ယို့ကားယား ကြောင်တောင်ကျားတား ဝတ်စားတတ်ပြီး ပေါ့ပေါ့ပါးပါးနေတတ်သူ Lou နဲ့ အရာရာကို စိတ်အချဉ်ပေါက်ပြီး တစ်ချိန်လုံးဒေါသထွက် လောကကြီးကို မကောင်းမြင်နေတဲ့ Will တို့နှစ်ယောက်ရဲ့ ကံကြမ္မာဟာ သူတို့ထင်ထားတာထက်ပိုပြီး ယှက်နွယ်လာခဲ့ကြပါတယ်။ . --- Review --- . Jojo Moyes ရဲ့ Best seller ဝတ္တုကို ပြန်ရိုက်ထားတဲ့ ဒီကားကို သေချာပေါက် ကြိုက်မယ့်လူ ၂မျိုးရှိပါလိမ့်မယ်။ ၁) The Fault in Our Stars လို မငိုငိုအောင် လုပ်ထားတဲ့ ဇာတ်လမ်းမျိုး ကြိုက်တဲ့သူတွေရယ် ၂) British accent ကို ကြိုက်ပြီး အင်္ဂလန်တောတောင်ရေမြေသဘာဝအလှကို ကြိုက်တဲ့သူတွေရယ်။ . ဘယ်နေရာကိုမဆို သွားနိုင်လာနိုင်တဲ့အခွင့်အရေးရှိနေပါရက်နဲ့ ဒီမြို့လေးကလွဲရင် ဘယ်ကိုမှ မသွားချင် မသွားဖူးတဲ့ မိန်းကလေးနဲ့ ကမ္ဘာကြီးရဲ့ အလှအပတွေကို ကိုယ်တိုင်မြင်ဖူးခဲ့ပြီးမှ ဘယ်မှ သွားလို့မရပဲ ဘီးတပ်ကုလားထိုင်ပေါ်မှာပဲ အချိန်ကုန်နေရတဲ့ အမျိုးသားတို့ဟာ တစ်ယောက်နဲ့တစ်ယောက် အားကျနေကြရတာပေါ့။ လူတိုင်းက သူ့ဆို ငပေါ ဉာဏ်ထိုင်းလို သဘောထားတဲ့အပေါ် အသားကျနေတဲ့ Lou ကို အမြဲတမ်းထိပ်ဆုံးမှာပဲ နေချင်တဲ့ Will က အားမရဖြစ်၊ ချမ်းသာပြီး အရာအားလုံးပြည့်စုံ (ကျန်းမာရေးကလွဲ)နေရဲ့သားနဲ့ အားလုံးကလဲ ဝိုင်း ဂရုစိုက်နေရဲ့သားနဲ့ ဂျစ်ကန်ကန်ဖြစ်နေရလားဆိုပြီး Lou က သိပ်သည်းမခံချင်။ ဒါပေမယ့် သံယောဇဉ်တွေ အပြန်အလှန်တွယ်ခဲ့ပြီး Lou ရဲ့ အမြင်တွေ တဖြည်းဖြည်း ပြောင်းလဲလာပြီးမှ ဘာကြောင့် သူ့ကို ခြောက်လပဲ ငှားရမ်းရလဲ ဆိုတာရဲ့ အကြောင်းပြချက်ကို သိသွားတဲ့အခါမှာ Lou ဘက်ကကော Will Traynor ရဲ့ စိတ်ကို ပြောင်းလဲနိုင်ပါ့မလားဆိုတာကတော့ ကိုယ်တိုင်ပဲ ကြည့်ကြည့်ပါတော့။ . အင်္ဂလိပ်ကားတို့ ထုံးစံအတိုင်း ရှုခင်းလှလှလေးတွေ မြင်ကွင်းလှလှလေးတွေနဲ့ လှတပတလေး ရိုက်ထားတာပါ။ နောက်တစ်ခုက မင်းသားမင်းသမီးတွေက မြင်ဖူးနေကြမျက်နှာတွေပါပဲ။ Louisa Clark အဖြစ် GOT ရဲ့ အသည်းကျော် နဂါးမေမေ Emilia Clarke ဖြစ်ပြီး Will Traynor အဖြစ် hottie လေး Sam Claflin တို့ပါ။ နောက် Harry Potter ထဲက Neville Longbottom ဖြစ်တဲ့ Matthew Lewis၊ နောက် Doctor Who series ထဲက Doctor’s Companion လေး Clara Oswald ဖြစ်တဲ့ Jenna Coleman တို့လဲ ပါဝင်ပါတယ်။ နဂါးမေမေပါတယ်ဆိုပြီး GOT ထဲကလိုတော့ မထင်ထားကြပါနဲ့ဦး။ Emilia Clarke တို့ ဒီကားထဲမှာ လုံခြုံချက်များ ဘာဆို ဘာမှ မပေါ်ပါဘူး။ . အချစ်ဇာတ်လမ်းလို့ပြောပေမယ့် ဖက်ရမ်းနမ်းရှုံ့အခန်းတွေတောင် မပါမဖြစ်နေရာလောက်လေးပဲ ပါတဲ့အတွက် ကလေးတွေကြည့်လို့ရပါတယ်။ တစ်ခုပဲ… British accent နဲ့ဆိုတော့ သူတို့ပြောတာတွေ ဖမ်းမိဖို့ တော်တော်မလွယ်။ စာတန်းထိုးနဲ့ ကြည့်မှပဲ ဇာတ်ကားအရသာကို ကောင်းကောင်း ဖမ်းမိမယ် ထင်ပါတယ်။ . အစမှာ ပြောခဲ့သလိုပဲ ဝမ်းနည်းလာတာ ဝမ်းနည်းလာတာဆိုတာ မျက်ရည် ဘူးသီးလုံးလောက်ကျရပါတယ်။ သရုပ်ဆောင်ကောင်းလွန်းလို့တော့ မဟုတ်လှဘူး။ မင်းသားကော မင်းသမီးကောက ကားစ ကားဆုံး ရုပ်သေနေသလိုပဲ။ မင်းသားကတော့ ထားပါတော့ သူ့ဇာတ်ကောင်ကိုက တစ်ကိုယ်လုံးသေနေတာဆိုတော့။ ဇာတ်လမ်းကပေးချင်တဲ့ message ကိုက ဝမ်းနည်းစရာကောင်းနေတာဆိုတော့ ဘာပဲဖြစ်ဖြစ် ငိုရမယ်ဆိုသလိုပါပဲ။ ဒီကားပြီးရင်တော့ စဉ်းစားစရာလေးတွေ ကျန်ခဲ့မှာပါ။ အသက်ရှင်နေထိုင်ဖို့ ဘာလိုလဲ။ ဘဝကို ဘယ်လိုနေမလဲဆိုတာ စိတ်ကြိုက်ရွေးချယ်ခွင့်ရှိရင် ဘယ်လိုသေမလဲဆိုကော ရွေးချယ်ခွင့် ရှိပါ့မလား။ စိတ်ဒဏ်ရာပေးခဲ့တဲ့ အတိတ်ရဲ့ အရိပ်ဆိုးတွေကို လက်မြှောက်အရှုံးပေးလိုက်တော့မှာလား။ Will ပြောသလို “Will you let this moment define you?”.. စသဖြင့် စသဖြင့် မေးခွန်းတွေ ကိုယ့်ကိုကိုယ်ပြန်မေးမိမှာပါ။ ဒဿနိကပိုင်းအရ အရမ်းနက်နဲလှတယ် မဆိုနိုင်ပေမယ့် အသက်ရှင်နေရခြင်းကို bite size စဉ်းစားစရာလေးတွေ ပေးမှာပါ။ စာအုပ်ဖတ်ပြီးသားလူတွေကတော့ ဖြစ်နေကြအတိုင်း သိပ် စိတ်တိုင်းကျမယ် မထင်ပါဘူး။ . --- Movie Info --- Director: Thea Sharrock Top-billed Cast: Emilia Clarke, Sam Claflin Runtime: 1 hour 50 min Screenplay: Jojo Moyes, Scott Neustadter, Michael H. Weber Distribution : Warner Bros. Budget : $20 Million Box Office : $157.8 Million --- Ratings --- Datshin: 3.5/5 IMDb: 7.6/10 Rotten Tomatoes: 43% -Jen (ရုပ်ရှင်အညွှန်းကို DatShin Facebook Page မှ ကူးယူဖော်ပြပါသည်။) File size…(3.2 GB)/(1.3 GB)/ (830 MB) Quality….WEB-DL 4K HEVC /1080p HEVC/720p Format…mkv/mp4 Duration….01:50:12 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by ^May^

Action & Adventure • Animation • Comedy • Sci-Fi & Fantasy
7.9 2016 110 mins
Me Before You
Doubt
7.2

John Patrick Shanley ရေးသားပြီး Pulitzer Prize ရရှိထားတဲ့ Doubt: A Parable ဆိုတဲ့ ဝတ္ထုကို သူကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ စိန့်နီကိုးလပ်စ်ဆိုတဲ့ ကတ်သလစ်စာသင်ကျောင်းတစ်ကျောင်းမှာ အခြေခံထားပါတယ်။ စစ်စတာအယ်လိုဝစ်ရှက်စ်ဟာ ကျောင်းကို စည်းကမ်း တိတိကျကျနဲ့ အုပ်ချုပ်တတ်သူတစ်ဦးဖြစ်ပါတယ်။ ဖာသာဖလင်းကတော့ ခေတ်မီတဲ့အမြင်နဲ့ စည်းကမ်းတွေကို ဖြေလျှော့ပြီး ကျောင်းသားတွေနဲ့ ရင်းရင်းနှီးနှီးနေတတ်သူ တစ်ဦးပါ။ တစ်နေ့မှာ စစ်စတာဂျိမ်းစ်တစ်ယောက် ဖာသာဖလင်း ကျောင်းသားတစ်ယောက်ကို အထူးအရေးပေးပြီး ဆက်ဆံနေတာ မြင်လိုက်ပါတဲ့အကြောင်း စစ်စတာအယ်လိုဝစ်ရှက်စ်ကို ပြောပြပါတယ်။ ဘာကြောင့်ဒီလိုဆက်ဆံလဲဆိုတဲ့အကြောင်းအရင်းကိုတော့ သူတို့သေချာမသိပါဘူး။ အဲဒီမသေချာမှုကို လက်ကိုင်ထားပြီး စစ်စတာအယ်လိုဝစ်ရှက်စ် ဖာသာဖလင်းကို ဖြုတ်ချဖို့ ကြိုးစားပါတော့တယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်လို့ ဆုတွေလည်း အများကြီးရထားပြီး သရုပ်ဆောင်ပုံတွေကလည်း ပေါ်လွင်ပါတယ်။ ဇာတ်လမ်းထဲမှာ သုံးထားတဲ့ စာသားတွေကလည်း ထိထိမိမိနဲ့ ရင်ထဲရောက်စေမှာပါ။ တွေးစရာတွေလည်း အများကြီးပေးမဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တာမို့ ခံစားကြည့်ကြဖို့ တင်ဆက်ပေးလိုက်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်ကို Phu Myat Thwe ရေးသားထားပါတယ်။ File size…(1.8 GB)/(860 MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phu Myat Thwe

Drama • War
7.2 2008 104 mins
Doubt
Death on the Nile
6.5

ဒီရုပ်ရှင်ကိုလည်း မျှော်နေကြသူတွေ များပါတယ်။ Murder on the orient express ရုပ်ရှင်ရဲ့ နောက်ဆက်တွဲအဖြစ်ထွက်လာတာပါပဲ။ စုံထောက်ကြီး ဟာကျူလီ ပွာရိုးနဲ့ ဘုခ် တို့ အမှုလိုက်ကြဦးမှာပါ။ ရုပ်ရှင်နာမည်အတိုင်း လူသတ်မှုကတော့ နိုင်းမြစ်ထဲက သင်္ဘောကြီးတစ်ခုပေါ်မှာဖြစ်တာပါ။ သင်္ဘောပေါ်မှာပါနေတဲ့ ခရီးသည်တွေကလွဲပြီး ဘယ်သူမှ မဖြစ်နိုင်တာမို့ ထုံးစံအတိုင်း တစ်ယောက်ပြီးတစ်ယောက်ကို စစ်မေးပြီး သဲလွန်စတွေ ချိတ်ဆက်ပြီး တရားခံကိုဖော်ထုတ်ရမှာပါပဲ။ ဇာတ်လမ်းတစ်ခုလုံးကို အစကနေ အဆုံးထိ အတူတူခန့်မှန်းရင်း ခံစားသွားလို့ရပါတယ်။ ဘယ်သူသေမှာလဲ ဘာကြောင့်လဲ ဘယ်သူသတ်တာလဲ ဘယ်လိုသတ်တာလဲ စသည်ဖြင့် တွေးစရာတွေ အများကြီးပေးပြီး နောက်ဆုံးမှပဲ ရှင်းလင်းသွားမှာဖြစ်ပါတယ်။ နာမည်ကျော်သရုပ်ဆောင်တွေအများကြီးပါဝင်ထားတာမို့ သရုပ်ဆောင်ချက်တွေရော ဇာတ်လမ်းရောက ပရိသတ်တွေအားလုံး စိတ်ကြိုက်ဖြစ်မှာပါ။ File size…(1.8 GB)/(2 GB)/(900 Mb)/(500 Mb) Quality….BluRay DS4K HEVC/ 1080p / 720p / 480p Format…mkv/mp4 Duration….02:07:00 Genre...Drama, Crime, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Action • Mystery • Thriller
6.5 2022 127 mins
Death on the Nile
Maayon
7

Maayon (2022) IMDb-6.5/10 ရှေးဟောင်းဘုရားကျောင်းကြီးတစ်ခုထဲမှာ လူတွေဘုရားဝတ်ပြုနေကြပြီးဘုရား‌ကျောင်းရဲ့ ကြောက်မက်ဖွယ်ရာထူးခြားမှုကြောင့် နေဝင်ရင် အဲဒီ‌ဘုရားကျောင်းကြီးထဲ ဘယ်သူမှ မနေရဲကြတာမို့ လူတွေအားလုံးက အိမ်ပြန်ဖို့လုပ်နေကြတယ်။ ဘုန်းကြီးငယ်တစ်ပါးကတော့ ညမိုးချုပ်ရင် ဒီဘုရားကျောင်းကြီးထဲ ဘာတွေဖြစ်မလဲသိချင်တာကြောင့် အားလုံးပြန်သွားကြပေမဲ့ မပြန်ဘဲ ဘုရားကျောင်းကြီးထဲမှာ နေခဲ့ပြီး အဲဒီဘုန်းကြီး ထူးထူးဆန်းဆန်း သေသွားတဲ့ မြင်ကွင်းနဲ့ ဇာတ်လမ်းကို အစချီထားပါတယ်။ တစ်ဖက်မှာတော့ အဓိကဇာတ်ဆောင်အာဂျွန်ဟာ ရှေးဟောင်းပစ္စည်းတွေကို ရှာဖွေထိန်းသိမ်းတဲ့အစိုးရအဖွဲ့အစည်းက ရှေးဟောင်းသုတေသနအဖွဲ့ဝင် တစ်ယောက်ဖြစ်သလို အဲဒီပစ္စည်းတွေကို တရားမဝင်ရောင်းတဲ့ မှောင်ခိုအဖွဲ့ကကြံရာပါလူလည်း ဖြစ်နေပြန်ပါတယ်။ ရှေးဟောင်းပစ္စည်းမှောင်ခိုဂိုဏ်းခေါင်းဆောင်က တန်ဖိုးကြီးရှေးဟောင်းဆင်းတုတစ်ဆူကို လိုချင်တာကြောင့် ‌အာဂျွန်နဲ့ သူ့ရဲ့ကြံရာပါဖြစ်တဲ့ အထက်လူကြီး ဒေဝရာ့ဂ်ျတို့ဟာ ခုနက ကြောက်စရာဘုရားကျောင်းကြီးထဲက အဖိုးတန်ဆင်းတုကို ရှာဖို့ကြံစည်ကြပါတော့တယ်။ နေဝင်ရင်တောင် လူတွေမသွားရဲတဲ့ ‌ဘုရားကျောင်းထဲကရှေးဟောင်းဆင်းတုကို ယူဖို့ကြိုးစားရင်း အာဂျွန်တို့တွေ ဘယ်လိုထူးခြားဆန်းကြယ်တဲ့ အန္တရာယ်တွေနဲ့တွေ့မလဲ ၊ နောက်ပြီး အဓိကဇာတ်လိုက်ကျော်အာဂျွန်ကရော တကယ့်ရှေးဟောင်းသုတေသနပညာရှင်အဖြစ်နဲ့ပဲ‌ ပြန်နေသွားမလား ၊မှောင်ခိုလုပ်ပြီး စီးပွားရှာတဲ့ နိုင်ငံရဲ့ သစ္စာဖောက်အဖြစ်နေသွားမှာလားဆိုတဲ့မေးခွန်းတွေရဲ့ အဖြေတွေကိုသိဖို့ ကြည့်လိုက်ကြရအောင်။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ YH~Aditi~Moon~Vတို့ပဲ ဖြစ်ပါတယ်) File size… 2.22GB / 972MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 11mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by YH~Aditi~Moon~V

7 2022 130 mins
Maayon
White Men Can’t Jump
4.7

White Men Can’t Jump (2023) ====================== Sports Type နဲ့ Basketball ကြိုက်တဲ့ဘရားသားတို့အတွက် ဇာတ်ကားကောင်းလေးလာပါပြီ။ 1992 ကထွက်ထားတဲ့ White Men Can’t Jump ကို remake ပြန်လုပ်ထားတဲ့ကားပါ။ 1992 ရုပ်ရှင်မှာတော့ Zombieland မင်းသားကြီး Woody Harrelson နဲ့ Blade မင်းသားကြီး Wesley Snipesတိုက အတွဲမိမိတင်ဆက် သွားခဲ့ပါတယ်။ ရုပ်ရှင်နာမည်တူနေတာကလွဲလို ဇာတ်လမ်းဇာတ် အိမ်ကတော့ ပြောင်းလဲသွားတယ် အရင်ကားက လူတွေလည်း ပြန်မပါလာဘူး ပထမကားလောက် အောင်မြင်မှုမရခဲ့ပေမယ့် သူ့ပုံ စံနဲ့သူ ကွဲထွက်နေပြီး ကြည့်လိုအဆင်ပြေပါတယ်။ ဒီဇာတ်ကားရဲ့တွဲဖက်နှစ် ယောက်က Jeremy အဖြစ်နဲ့အမေရိကန် ရက်ပ်ပါ Thomas Harley၊ ပြီးတော့ Kamal အဖြစ် Sinqua Walls တို့ သရုပ်ဆောင်ထားပါတယ်။ Kamal Allan ရဲ့ဘတ်စကတ်ဘောစကေးက NBA မှာကစားခွင့်ရဖို့ အထိ ရေပန်းစားနေသလို အောင်မြင်မှုအမြောက်အမြားရထားတဲ့ ဆယ်ကျော်သက် တက်သစ်စအထက်တန်း ကျောင်းသားလေးပါ။ သူရဲ့အဖေရဲ့ စနစ်တကျပျိုးထောင်ပေးမှုနဲ့ ဒီလိုအခြေအနေအထိ တက် လှမ်းလာနိုင်ခဲ့တယ်။ ဒါပေမယ့် အရာရာက မျှော်လင့်ထားသလိုဖြစ် မလာဘဲ သူ့ဘဝရဲ့အမှောင်နေ့ရက်တွေကို ဖြတ်သန်းဖိုဖြစ်လာခဲ့တယ်။ တစ်ဖက်က Jeremy၊ သူလည်း အထက်တန်းကျောင်းလက်ရွေးစင် ဟောင်းဒူးဒဏ်ရာကြောင့် ဆက်ကစားနိုင်ခြင်းမရှိတော့ဘဲ လူငယ်လေး တွေကို ထရိန်နင်ပေးနေတဲ့ ထရိန်နာတစ်ယောက်၊ သူတို့စိတ်ထဲက တူ ညီတဲ့အချက်တစ်ခုကြောင့် ထိပ်တိုက် တွေ့ဖိုဖြစ်လာပါတယ်။ သူတို့ ဘဝကို ပြောင်းလဲသွားစေမယ့်ပြိုင်ပွဲတစ်ခုက သူတိုနှစ်ယောက်ကို တ တွဲတွဲဖြစ်စေဖိုအကြောင်းဖန်လာပါတော့တယ်။ ဒီဇာတ်ကားမှာ မိသားစုဘဝဇာတ်အိမ်လေးတွေ၊ ရဲဘော်ရဲဘက်စိတ် ဓါတ်၊ အဖေတစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာတွေအပြင် တခြားသောရသ မျိုးစုံကိုပါ ခံစားရစေစေမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်) File Size……….(2.11 GB) / (971 MB) / (580 MB) Quality…………WEB-DL 1080p / 720p / 480p Duration………1Hr 41Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Sport Translator…….ZWT Encoder……….Zin Phyo Aung

4.7 2023 101 mins
White Men Can’t Jump
The Whisperer in Darkness
6.5

ဒီဇာတ်ကားဟာဆိုရင် ၁၉၃၀ခုနှစ်မှာ အမေရိကန်စာရေးဆရာ H.P.Lovecraft ရေးသားခဲ့တဲ့ စာလုံးရေ ၂သောင်း၆ထောင်ပါတဲ့ ၀တ္ထုကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ Horror နဲ့ Science fiction ကိုပေါင်းစပ်ရိုက်ကူးထားတာကြောင့် Scientific horror ကြိုက်သူတွေ သဘောကျမယ့် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ အဲလ်ဘတ်ဝေလ်မတ်ဆိုတဲ့ ရှေးပုံပြင်လေ့လာသူ ပရော်ဖက်ဆာတစ်ယောက်ဟာ ပုံပြင်တွေ ဒဏ္ဍာရီတွေကိုလေ့လာပြီး ဘာကြောင့် ဒီပုံပြင်တွေဖြစ်လာရသလဲ၊ ဒါတွေဟာတကယ်ဖြစ်နိုင်မလားဆိုတာကို ခွဲခြမ်းစိတ်ဖြာပြီး လူတွေရဲ့အယူသီးမှုကို ရှင်းလင်းပေးသူဖြစ်ပါတယ်။ တစ်နေ့မှာတော့ ဗာမောင့်တောင်တန်းတွေပေါ်မှာ ထူးဆန်းတဲ့သတ္တဝါတွေ၊ ဂြိုလ်သားတွေ ရောက်နေပြီဆိုတဲ့ ကောလဟာလတွေ လူပြောများလာခဲ့ပါတယ်။ အဲလ်ဘတ်လည်း ဒါတွေကို လွယ်လွယ်မယုံတတ်သူဖြစ်တာကြောင့် ဗာမောင့်ကိုသွားရောက်စုံစမ်းပါတော့တယ်။ ဒဏ္ဍာရီတွေရဲ့နောက်ကွယ်မှာ ဘာတွေရှိနေမလဲ။ ဒီကောလဟာလတွေကရော အမှန်ဖြစ်နိုင်မလား။ ဂြိုလ်သားတွေတကယ်ရှိသလား။ ဒီအဖြစ်အပျက်တွေကို ဘယ်သူတွေကြိုးကိုင်နေသလဲဆိုတာကို အဲလ်ဘတ်တစ်ယောက် အဖြေရှာတွေ့နိုင်မလားဆိုတာ တကယ့်ကိုစိတ်၀င်စားဖို့ကောင်းပါတယ်။ File size… 1.06 GB / 638 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 43m Genre ….. Sci-Fi , Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jaka

Mystery • Thriller • Drama • Crime
6.5 2011
The Whisperer in Darkness
Still Alice
7.5

အသက် ၅၀ အရွယ် အဲလစ်ဟာ ကိုလမ်ဘီယမ်တက္ကသိုလ်မှာ ဘာသာဗေဒကိုပို့ချလျက်ရှိတဲ့ပါမောက္ခတစ်ယောက်ဖြစ်ပါတယ်။ ဘာသာဗေဒနဲ့ပတ်သက်ပြီး လေ့လာဆန်းစစ်ချက်များပြုလုပ်ကာ တကမ္ဘာလုံးမှာသင်ကြားပို့ချရလောက်တဲ့ ပြဌာန်းစာအုပ်တွေကို ပြုစုရေးသားနိုင်တဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ သူ့မှာ ချစ်ရတဲ့ခင်ပွန်းနဲ့ သားသမီး ၃ ယောက်တို့ရှိပါတယ်။ သူ့အနေနဲ့ အချို့အရာလေးတွေကို စတင်မေ့စပြုလာတဲ့အတွက် ဦးနှောက်နဲ့အာရုံကြောအထူးကုဆရာဝန်တစ်ဦးနဲ့ သွားရောက်ပြသလိုက်တဲ့ အခါ မျိုးရိုးဗီဇကြောင့် အရွယ်မတိုင်ခင်ဖြစ်တတ်တဲ့ အယ်ဇိုင်းမားရောဂါကို စတင်ခံစားနေရပြီဆိုတာကိုသိလိုက်ရပါတော့တယ်။ ရောဂါဖြစ်နေကြောင်း သိလိုက်ပြီးတဲ့နောက် သူ့အလုပ်မှာရောဘာတွေဆက်ဖြစ်မလဲ? သူ့ရဲ့ မိသားစုကရော မှတ်ဉာဏ်တွေ ယိုယွင်းလာတဲ့သူမအပေါ် ဘယ်လိုဆက်ဆံကြမလဲ? ဒါတွေကို ဆက်လက်ရှုစားရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ အဲလစ်အဖြစ် မင်းသမီးကြီး Julianne Moore ကပါဝင်သရုပ်ဆောင်ထားပြီး အယ်ဇိုင်းမားရောဂါသည် တစ်ဦးအနေနဲ့ စိတ်ပိုင်းဆိုင်ရာရုန်းကန်မှုတွေ၊ စိတ်ရှုပ်ထွေးမှုတွေ၊ နာကျင်ခံစားရမှုနဲ့ ဒေါသစတဲ့စိတ်ခံစားချက်မျိုးစုံကို ပေါ်လွင် အောင်သရုပ်ဆောင်ထားတာတွေကို တွေ့ရှိရမှာပဲဖြစ်ပါတယ်။ သူမအနေနဲ့ ဒီဇာတ်ကောင်ဖြင့်ပင် အကယ်ဒမီဆုပေးပွဲအပါအဝင် အခြားဆုပေးပွဲတွေမှာလည်း အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုအများအပြားကို သိမ်းယူနိုင်ခဲ့ပါသေးတယ်။ သူ့ကို ချစ်ခင် တဲ့ ခင်ပွန်းသည်အဖြစ် မင်းသားကြီး Alec Baldwin သမီးငယ်အဖြစ် မင်းသမီးချော Kristen Stewart နဲ့ သမီးကြီးအဖြစ်ကိုတော့ Superman Returns မှာ လူးဝစ်လိန်းအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Kate Bosworth တို့ကပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်လမ်း အမျိုးအစားလေးကတော့ Drama/ Melodrama အမျိုးအစားဖြစ်ပါတယ် အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nway Oo Kay Zaw ဖြစ်ပါတယ်။ File size…(1.5 GB)/(700 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:41:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nway Oo Kay Zaw

Drama • Horror
7.5 2014 100 mins
Still Alice
Hungry Hearts
6

Hungry Hearts (2014) ==================== ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် ဒါရိုက်တာ Saverio Costanzo မှရိုက်ကူးတင်ဆက်ထားပြီး 71 ကြိမ်မြောက် Venice နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ Golden Lion ဆုအဖြစ်ဇကာတင်စာရင်းကိုဝင်ခဲ့တဲ့ ရုပ်ရှင်ကားလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့ Jude နဲ့ Mine တို့ရဲ့ သန့်စင်ခန်းထဲက မတော်တဆတွေ့ဆုံမှုလေးကနေ ချစ်ခြင်းတရားပေါက်ဖွားလာပြီး အဲဒါကြောင့်ပဲ မတော်တဆနဲ့ ကိုယ်ဝန်ဆောင်ခဲ့ရပါတော့တယ်။ သူတို့ဘဝရဲ့ ဂယက်တွေက ကိုယ်ဝန်ဆောင်ကာလမှာပဲ ပေါက်ဖွားလာခဲ့တယ်လို့ဆိုရမှာပါ။ ကိုယ်ဝန်ဆောင်ကာလအစကနေ Mine တစ်ယောက် စာအုပ်တွေအဖတ်လွန်ပြီး အရာရာကိုအစွဲအလမ်းကြီးလာခဲ့ပါတယ်။ အစားလည်းပုံမှန်မစားတော့သလို ခန္ဓာကိုယ်ကိုအဆိတ်အတောက်ဖယ်တယ်ဆိုပြီး ယုံမှာမှုတွေကြီးစိုးလာခဲ့ပါတယ်။ သူတို့မိသားစုဘဝလေးဘယ်လိုဖြစ်လာမှာလဲ ရှေ့ဆက်ပြီးဒီပြဿနာကိုဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ဒီဇာတ်လမ်းလေးမှာကြည့်ရှူရမှာပဲဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ June ပါ ) File size_(2.6GB)/(1.3GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:49:00 Genre_Drama, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by June

Adventure • Action • Science Fiction • Thriller
6 2014 109 mins
Hungry Hearts
One in 89 Murderers
5.8

သူဌေးသားလေး မုံ့ယိယွမ်နဲ့ နာမည်ကြီးအစီအစဥ်တင်ဆက်သူ ချန်ပင်းတို့ လက်ထပ်ခါနီးမှာပဲ မုံ့ယိယွမ်တစ်ယောက် ပြန်ပေးဆွဲခံရပြီး သုံးလေးရက်အကြာမှာတော့ မုံ့မိသားစုဆီကို ဗီဒီယိုတစ်ခုနဲ့အတူ ငွေညှစ်တဲ့ကိစ္စဖြစ်လာပါတယ် ဒါပေမဲ့ပြန်ပေးဆွဲထားတဲ့ဘက်ကို ငွေသွားပေးတဲ့အခါ ငွေကိုထားခဲ့ရပေမဲ့ မုံ့ယိယွမ်ကတော့ ပြန်ပေါ်မလာခဲ့ပါဘူး ၃ ရက်ကြာတဲ့အခါ မြစ်ကမ်းဘေးမှာ လက်ပြတ်တစ်ခုတွေ့လို့ ရဲဘက်က စစုံစမ်းတဲ့အခါမှ အဲဒီလက်ပြတ်က မုံ့ယိယွမ်ရဲ့ လက်ဖြစ်နေခဲ့ပြီး ရဲဘက်ကနေ မုံ့ယိယွမ်သေဆုံးကြောင်း အတည်ပြုခဲ့ပါတယ် သဲလွန်စတွေ စုံစမ်းကြတဲ့အခါ မုံ့ယိယွမ်နဲ့ ဖောက်ပြန်နေတဲ့ စူးရှောင်ချင်ရယ် စူးရှောင်ချင်ရဲ့ ရည်းစားဟောင်းဖြစ်သူ ချန်ကျစ်တို့ပါ ဒီအမှုနဲ့ ပတ်သက်နေပေမဲ့ ရဲဘက်က စစ်ဆေးလိုက်တဲ့အခါ အမှုကွင်းဆက်က မုံ့ယိယွမ်ရဲ့ ဇနီးလောင်းချန်ပင်းကိုပဲ ညွှန်ပြနေခဲ့ပါတယ် ဒါပေမဲ့ ချန်ပင်းနဲ့ စူးရှောင်ချင်ဟာ ရုပ်ချင်းတူနေတဲ့အခါမှာတော့… ဒီအမှုက အချစ်ကြောင့်ဖြစ်လာတဲ့ ရိုးရှင်းတဲ့ လူသတ်မှုလား ဒါမှမဟုတ် နောက်ကွယ်မှာ ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေဦးမှာလဲဆိုတာရှုစားကြပါဦး

5.8 2024
One in 89 Murderers
Hot Blooded Angel
5.8

ကိုယ့်ရဲ့ယုံကြည်ရာ နားခိုရာတစ်ခုကိုကာကွယ်ဖို့ကြိုးစားတဲ့ မိန်းကလေးတစ်ယောက်အကြောင်း အက်ရှင်ကားလေးဖြစ်ပါတယ်။ တရုတ်တန်းဆိုတာ အနယ်နယ်အရပ်ရပ်ကတရုတ်တွေအတွက် နွေးထွေးတဲ့နားခိုရာတစ်ခု အားကိုးရာတစ်ခုပဲဖြစ်တယ်။ အပေါ်ယံမှာအိမ်ခြံမြေစီမံကိန်းလုပ်ငန်းရှင်လိုလိုနဲ့ မကောင်းမှုတွေ ပြစ်မှုပေါင်းများစွာကျူးလွန်နေတဲ့ သူဌေးကြီးတစ်ယောက်ဟာ တရုတ်တန်းရှိတဲ့နေရာကို မျက်စိကျလိုချင်တဲ့အတွက် နည်းအမျိုးမျိုးနဲ့ဒုက္ခပေးပါတော့တယ်။ အာဏာပိုင်တွေနဲ့ပေါင်းကြံတဲ့ မသမာတဲ့လူမိုက်ဂိုဏ်းသားတွေကို ဒီနတ်သမီးလို့တင်စားခံရတဲ့ကောင်မလေးဟာ ဘယ်လိုရင်ဆိုင်မလဲ….. ရန်ငြိုးတွေကိုအသစ်ရောအဟောင်းပါရောပြီးရှင်းတဲ့အကြောင်းကို မမလှလှတွေရဲ့အက်ရှင်ခန်းများများနဲ့ကြည့်ရမှာဖြစ်ပါတယ်။

Action • Animation • Science Fiction
5.8 2024
Hot Blooded Angel
[18+] Maryang Palad

Maryang Palad (2024) လန်ဒိုဟာ အစ်ကိုဝမ်းကွဲရဲ့အကူအညီနဲ့အခုမှ သင်္ဘောပေါ်စတက်ကာစ သင်္ဘောသားပေါက်စတစ်ယောက်ပါ။ သူတို့သင်္ဘောကမ်းကပ်ထားစဉ်ကာလမှာ သင်္ဘောသားတွေကိုဖျော်ဖြေမှုပေးဖို့ တက်လာတဲ့ မိန်းကလေးတစ်သိုက်ထဲမှာ သူ့ငယ်ချစ်ဦးမာယာနဲ့ အမှတ်မထင်ပြန်ဆုံခဲ့ရပါတယ်။ မာယာနဲ့သူဟာ ငယ်စဉ်ကတည်းကသူငယ်ချင်းတွေဖြစ်ခဲ့ပြီး လန်ဒိုက ဖွင့်ပြောတော့မယ့်အချိန်မှာ မာယာက ပျောက်ချင်းမလှပျောက်ကွယ်သွားခဲ့တာပါ။ ပြန်ဆုံချိန်မှာတော့ မာယာဟာ ဒီအသိုင်းအ၀ိုင်းမှာ ကြေးကြီးတဲ့ နာမည်ကျော်တစ်ယောက်ဖြစ်နေခဲ့ပါပြီ။ လန်ဒိုခံစားချက်တွေကတော့ မာယာ့အပေါ်မပြောင်းလဲသေးပေမယ့် အခုချိန်မှာ ကွာခြားနေတဲ့အခြေအနေတွေကြား သူတို့နှစ်ယောက် ငယ်ဘ၀ဇာတ်လမ်းလေး ပြန်ဆက်နိုင်ဦးမလား ဆိုတာ ဆက်လက်ရှုစားကြပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(940 MB) / (450 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:03:43 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

Music • Comedy • Drama
0 2024 62 mins
[18+] Maryang Palad
Kensuke’s Kingdom
7.2

အရောင်အသွေးစိုစို .. ဇာတ်အိမ်ကောင်းကောင်းနဲ့ Anime ကားကို ရှာနေတယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကို ညွှန်ပေးပါရစေ။ ဇာတ်လမ်း အကျဉ်း +++++++++++ မိုက်ကယ်နဲ့ သူ့ရဲ့ ခွေးလေး စတယ်လာတို့ဟာ မိသားစုနဲ့အတူ ပင်လယ်ခရီးထွက်လာရင်း မုန်တိုင်းမိပြီး ကျွန်းတစ်ကျွန်းပေါ်ကို ရောက်သွားကြပါတယ်။ အဲဒီ ကျွန်းပေါ်မှာ တစ်ယောက်တည်းနေတဲ့ ကင်ဆူကီဆိုတဲ့ ဂျပန်လူမျိုး အဘိုးကြီးတစ်ယောက်နဲ့ သူတို့ တစ်ရက်မှာ ဆုံမိကြတယ်။ အဲဒီအဘိုးကြီး ကင်ဆူကီက ကျွန်းပေါ်မှာ ဒုတိယ ကမ္ဘာစစ်ကတည်းက သူတစ်ယောက်တည်း နေခဲ့တဲ့ အဘိုးကြီး။ မိုက်ကယ်ဟာ လူသူ ကင်းမဲ့တဲ့ ကျွန်းပေါ်က နေထိုင်မှု ဘဝနဲ့အသားကျအောင် ကြိုးစားနေထိုင်ရင်း အဲဒီအဘိုးကြီးနဲ့ နောက်ပိုင်းမှာ တအား ရင်းနှီးသွားပါတယ်။ ပြီးတော့ အဲဒီအဘိုးကြီးဆီကနေ ပညာတွေကို သင်ယူရရှိခဲ့ပါတယ်။ အဲဒီ အဖိုးတန်လှတဲ့ ပညာတွေက ဘာတွေဖြစ်မလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက် ခံစားကြည့်ရှုကြရမှာ ဖြစ်ပါတယ် လို့ .. (ဘာသာပြန်နဲ့ အညွှန်း BZW ဖြစ်ပါတယ်) File size…(1.13GB) / (588MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 25m Genre ….. Adventure , Animation Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

Drama • Romance
7.2 2023 84 mins
Kensuke’s Kingdom
Novo Land : Floating Heart
6

Novoland (ကျိုကျိုး) ဆိုတာဒဏ္ဍာရီလာ အလွန်လှပတဲ့လောကတစ်ခု ။ အတောင်ပံပါတဲ့မျိုးနွယ်စု ၊ ရေသူမျိုးနွယ်စု၊ ဝိဉာဉ်မျိုးနွယ်စုနဲ့ လူပုလေးမျိုးနွယ်စုတို့ဟာ ကျိုကျိုးမှာနေထိုင်ကြပါတယ်။ ဇာတ်လမ်းကတော့ မင်းဆရာကြီးရဲ့သမီးဖြစ်သူ နန်ရှင်းဟာ မင်္ဂလာပွဲမတိုင်ခင် တစ်ညအလိုမှာထူးဆန်းစွာသေဆုံးသွားတာကနေစပါတယ် ။ မင်းဆရာကြီးကတော်ကလည်းအရူးတစ်ပိုင်းဖြစ်သွားပြီး အိမ်တော်တစ်ခုလုံး အရှုပ်အထွေးနဲ့ကြုံတွေ့နေရချိန်မှာ… မျိုးနွယ်စုအသီးသီးကလူတွေ၊ ကျောင်းတော်အသီးသီးက လူတွေဟာလည်း နန်ရှင်းရဲ့သေဆုံးမှုကိုစုံစမ်းဖို့ပါဝင်လာတဲ့အခါ… နန်ရှင်းရဲ့သေဆုံးမှုမှာဘာလျို့ဝှက်ချက်တွေရှိနေမလဲ။ ဘာလို့မျိုးနွယ်စုအသီးသီးကလူတွေရောပါဝင်လာတာလဲ။ နန်ရှင်းဟာ တကယ်ပဲသေသွားတာရေဟုတ်ရဲ့လား။ ဒီလိုဇာတ်လမ်းမျိုးကတဖြည်းဖြည်းချင်းကြည့်ပြီးမှ ရုပ်လုံးပေါ်လာတာမျိုးမို့ spoiler ဖြစ်သွားမှာစိုးလို့ ဇာတ်လမ်းကိုအများကြီးမပြောပြတော့ပါဘူး။ Novo land စီးရီး တွေရဲ့ထုံးစံအတိုင်း ဇာတ်အိမ်ခိုင်ခိုင်နဲ့ ရိုက်ကူးထားတာကြောင့် ဇာတ်လမ်းထဲကလျို့ဝှက်ချက်တွေကို ကိုယ်တိုင်ကြည့်ရှုပြီးရှာဖွေဖော်ထုတ်ကြည့်ကြရအောင်။

Horror
6 2022
Novo Land : Floating Heart
To Every You I’ve Loved Before
7.3

IMDb 7.2/10 MyAnimeList 7.4/10 To all of you that I’ve loved before animeဟာ ၂၀၁၆မှာထွက်ရှိခဲ့တဲ့ ဆရာ Yomoji Otono ရဲ့ ဝတ္ထု၂ပုဒ်ကို ပြန်အသက်သွင်းထားတဲ့ anime films၂ကားထဲက တစ်ကားဖြစ်ပါတယ်။ ​(နောက်အမွှာတစ်ကားဖြစ်တဲ့ To me, the one who loved youကိုလည်း တင်ဆက်ပေးထားပါပြီ)။ ဝတ္ထုအ​နေနဲ့တုန်းကလည်း ​အောင်မြင်ခဲ့သလို ကာတွန်းရုပ်ရှင်ထွက်လာချိန်မှာလည်း ကြည့်ရှုသူပရိသတ်​တွေကိုစိတ်​ကျေနပ်မှု​ပေးနိုင်ခဲ့တဲ့ ဇာတ်လမ်း​တွေပါ။ အဲ့ဒီဇာတ်လမ်း၂ခုအပြင် ဆရာYomoji Otonoရဲ့တတ်ယ​မြောက် ဝတ္ထု 僕が君の名前を呼ぶから (Boku ga Kimi no Namae o Yobukara, lit. “Because I’m Calling Your Name”)လည်း ၂၀၀၂ခုနှစ်မှာထွက်ရှိခဲ့ပါ​သေးတယ် ဇာတ်လမ်းက​တော့ အခု​ခေတ်စား​နေတဲ့ အပြိုင်ကမ္ဘာ​တွေအ​ကြောင်းအ​ခြေခံထား​ပေမဲ့ တကယ့်ဇာတ်လမ်းအနှစ်က​တော့ ​ကောင်​လေးတစ်​ယောက်ရဲ့အချစ်ဇာတ်လမ်း​လေးပါ။ အချစ်ဇာတ်လမ်း​လေးကိုလှလှပပ ရယ်​မော​ငို​ကြွေးနိုင်​​အောင်ကိုတင်ဆက်​ပေးသွားနိုင်ခဲ့တာမလို့ ကြည့်​နေရင်းနဲ့ အပြိုင်ကမ္ဘာ​တွေအ​ကြောင်းကိုစိတ်မဝင်စား​တော့ အချစ်ဇာတ်လမ်းထဲမှာ​ မျောပါသွားနိုင်တဲ့အထိပါပဲ။ ဇာတ်လမ်းအကျဥ်းက​တော့ Koyomiဟာ အလယ်တန်း​ကျောင်းသားဘဝမှာပဲ အပြိုင်ကမ္ဘာတစ်ခုကိုshiftလုပ်မိခဲ့ပါတယ်။ အထက်တန်း​ကျောင်းသားဘဝ​ရောက်ချိန်မှာ​တော့ Kazuneဆိုတဲ့​ကောင်မ​လေးတစ်​ယောက်ရဲ့ လူမှားနှုတ်ဆတ်တာကိုခံရပြီး ရိုးရှင်းမလိုထင်ရတဲ့အချစ်ဇာတ်လမ်း​လေးတစ်ပုဒ်ဖြစ်တည်လာခဲ့ပါတယ်။ အချစ်ဇာတ်လမ်း​လေးဟာ ​သာယာ​ဖြောင့်ဖြူးမလား၊ ဝမ်းနည်းရမလားက​တော့ ကြည့်ရှုသူအ​ပေါ်မှာပဲ မူတည်ပါလိမ့်မယ် Spoilerပါးပါး​လေး​ပြောပါမယ်။ နည်းနည်း​လေး​တောင်spoilမမိချင်ရင် ဆက်မဖတ်ပါနှင့်​တော့။ ဒီဇာတ်လမ်းထဲမှာဇာတ်လမ်း၂ခုပါပါတယ်။ အစကတည်းက ဇာတ်လမ်း၂ခုရှိတာကိုချပြထား​ပေမဲ့ ဇာတ်လမ်းဆွဲ​ခေါ်သွားပုံက ငြင်သာလွန်းလို့ ပြီးခါနီးမှပဲ သတိထားမိမှာပါ

7.3 2022 102 mins
To Every You I’ve Loved Before