YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Russian.Doll.S02E06.720[CM].mp4

236.5 MB N/A video/mp4 150 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Credimi!
6

Credimi! (2022) ~ IMDb rating - 7/10 ~ သားသားမီးမီးတွေနဲ့ တူတူကြည့်ဖို့အတွက် အီတလီ Superhero Fantasy ကားလေးပါ။ ဆာလ်ဗာတိုရဲဆိုတဲ့ ကောင်လေးဟာ စူပါဟီးရိုး လူစွမ်းကောင်းတွေကို အရမ်း သဘောကျပြီး ကိုယ်တိုင်လည်း စူပါဟီးရိုးတစ်ယောက်ဖြစ်ချင်နေတဲ့ ကလေးတစ်ယောက်ပေါ့။ Astroman လို့ခေါ်တဲ့ စီးရီးတစ်ခုက ဇာတ်ကောင်ဟာ သူ့ရဲ့ ဆရာသခင်ဖြစ်ပြီး သူဘာလုပ်လုပ် တိုင်တည်ရသူလည်းဖြစ်ပါတယ်။ ဆာလ်ဗာတိုရဲလေးရဲ့ နေ့စဉ်မပါမဖြစ် လုပ်ငန်းဆောင်တာတွေကတော့ သူ့မေမေရဲ့ဖုန်းနဲ့ Astroman စီးရီးကို ကြည့်တာ၊ သူ့မေမေရဲ့ဖုန်းကင်မရာနဲ့ Astroman ကို ပြောချင်တာလေးတွေ ဗီဒီယိုရိုက်ထားတာ၊ နောက်ပြီး ဘာအလုပ်လေးလုပ်လုပ် သူ့အတွက် စူပါဟီးရိုးဖြစ်ဖို့အတွက် လေ့ကျင့်နေတဲ့ Mission ပိစိလေးတွေလိုသဘောထားတာ။ ဒီလို စိတ်ကူးယဉ်ဆန်တဲ့ဘဝလေးထဲ သူ့မေမေရဲ့ အကြပ်အတည်းတွေကို ဖြေရှင်းပေးဖို့ရာ စူပါ ပါဝါတစ်ခု ပွင့်စေဖို့ သူကြိုးစားတဲ့အခါမှာတော့… ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကလေးတစ်ယောက်ကို ဖုန်းတစ်လုံးပေးပြီး အလိုလိုက်ထားတဲ့ကားထက် ပိုတယ်မထင်မိပါဘူး။ ဒါပေမဲ့လည်း လူတိုင်းက ကိုယ့် Fantasy နဲ့ကိုယ် ကျင်လည်တတ်ကြသမို့ သားသားမီးမီး ကြည့်ဖို့ပဲ ဒေါင်းဒေါင်း ကိုယ်တိုင်ကြည့်ဖို့ပဲ ဒေါင်းဒေါင်း ဒေါင်းကြည့်လိုက်ကြပါဦးလို့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 730MB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 1H 24Min Genre - Drama, Family, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Action
6 2022
Credimi!
East of Eden
7.6

~ IMDb - 7.8/10, Rotten Tomatoes - 86% ~ ဒီဇာတ်ကားအကြောင်းမပြောခင်မှာ ပြောစရာနှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ ဒီဇာတ်ကားရဲ့ ဇာတ်ဆောင်မင်းသားကြီး ဂျိမ်းစ် ဒင်း ပါ။ အောင်မြင်နေဆဲကာလမှာ စောစောစီးစီး လောကထဲက ထွက်ခွာသွားရတာကို နှမြောတသကြတဲ့သူတွေရှိသလို ဖဲနိုင်နေတုန်း ဝိုင်းသိမ်းလိုက်နိုင်တဲ့ဖဲသမားလို အနိုင်နဲ့ပိုင်းနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်ကြသူတွေလည်း ရှိမှာပေါ့လေ။ သဘာဝမင်းသားကြီးဖြစ်ပြီး ဆေးစက်ကျရာ အရုပ်ထင်ခဲ့သူပါ။ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားကြီးပေါင်း သုံးကားသာရှိပေမယ့် သေဆုံးပြီးနောက် ပေးအပ်တဲ့ အကယ်ဒမီဆန်ကာတင်စာရင်းကို နှစ်ကြိမ်တိုင်တိုင်ပါဝင်ခဲ့ပါတယ်။ ဆယ်ကျော်သက်လူငယ်တို့ ခံစားရလေ့ရှိတတ်တဲ့ ကိုးကွယ်သူစံပြုပုဂ္ဂိုလ်အပေါ် အားမရစိတ်ပျက်သွားတဲ့ခံစားချက်တွေ၊ လူမှုဝန်းကျင်မှာ ဝင်မဆံ့ဖြစ်တတ်တဲ့သဘောတွေကို အပိုင်နိုင်ဆုံး သရုပ်ဆောင်နိုင်သူ၊ စံထားရမယ့် မင်းသားတစ်လက်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ကားမတော်တဆမှုနဲ့ ဆုံးပါးခဲ့တာဖြစ်ပြီး အမေရိကန်ရုပ်ရှင်လောကတစ်ခုလုံး ယူကြုံးမရ နှမြောတသဖြစ်ခဲ့ရသူပါ။ သူ့ရဲ့ ဒုတိယမြောက်ဇာတ်ကားဖြစ်တဲ့ East of Eden ကို တင်ဆက်ပေးချင်ပါတယ်။ ဒုတိယအနေနဲ့ ပြောချင်တာက ဇာတ်ကားရဲ့နာမည်ပါ။ အေဒင်အရှေ့ပိုင်းတဲ့။ ကိန်း ဆိုတဲ့ ပထမဆုံးလူသားမကောင်းဆိုးဝါး ထွက်ပြေးလွတ်မြောက်ရာ နေရာတစ်ခုပေါ့။ လောကမှာ သေခြင်းတရားဝင်ရောက်ကာစ၊ အာဒမ် (အဒမ်) နဲ့ ဧဝ (အိဗ်) တို့ရဲ့ သားဦးတွေဖြစ်ကြတဲ့ ညီအစ်ကိုနှစ်ယောက်၊ အေဘယ် နဲ့ ကိန်း။ လူစီဖာရဲ့ ဖျားယောင်းသိမ်းသွင်းမှုကိုလက်ခံပြီး အစ်ကိုအပေါ်သစ္စာဖောက်လို့ ပထမဆုံးသတ်ဖြတ်ခြင်းကို သွေးအေးအေးဆောင်ရွက်ခဲ့သူ ညီတော်မောင် ကိန်း။ ပထမဆုံးသတ်ဖြတ်မှုကလည်း အစ်ကိုဖြစ်သူကို။ မကောင်းဆိုးဝါးလောကကို ပထမဆုံး ခြေလှမ်းခဲ့တဲ့ လူသားတစ်ယောက်‌ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာလည်း အစ်ကိုဖြစ်သူ အာရွန် ကို မကျေနပ်စိတ်တစ်ခုတည်းနဲ့ သေလုမျောပါးစိတ်ဒဏ်ရာတစ်ခုကိုပေးခဲ့တဲ့ မကောင်းဆိုးဝါး ညီဖြစ်သူ ကယ်လက်ဘ် ရဲ့ ညစ်ကန်ကန် ဂျစ်တစ်တစ်စရိုက်ကို ကြည့်ရှုရဖို့ရှိပါတယ်။ တချို့သောလူကြီးမင်းတွေအတွက် ငယ်ဘဝကို ပြန်ကြည့်နေရသလို ခံစားရချင်လည်း ခံစားရမှာပေါ့လေ။ အရာရာကို မကောင်းမြင်စိတ်နဲ့ဖြတ်သန်း၊ ကိုယ်လိုချင်တာပဲသိတဲ့ ဆယ်ကျော်သက် လူဆိုးသွမ်းလေးပါ။ ဖခင်နဲ့ ကြီးပြင်းလာ၊ မိခင်သေပြီဆိုတဲ့ အလိမ်အညာတစ်ခုကို အရွယ်ရောက်မှ အမှတ်မထင်သိလိုက်ရပြီး မိခင်ကို သွားတွေ့ဖို့ကြိုးစားတဲ့ပုံကလည်း ထောင်ထဲထည့်ချင်စရာပေါ့။ အဖေ ဆုံးရှုံးသွားတဲ့ပိုက်ဆံတွေကို ဉာဏ်ကိုလွှာသုံးပြီး ပြန်ရှာပေးခဲ့ပေမဲ့ ဖခင်ရဲ့ သူတော်စင်စရိုက်နဲ့ သားသမီးနှလုံးသားကို ဝင်မကြည့်တတ်ပုံတွေကြောင့် အကြီးအကျယ်ကြေကွဲရတဲ့ နှလုံးလှလူမိုက်လေး။ Deep Drama တစ်ခုနဲ့ အပြစ်မကင်းသော ၁၅၀၀ ချစ်ခြင်းတစ်ခုကို ဂျိမ်းစ် ဒင်း ရဲ့ ရှားရှားပါးပါးဇာတ်ကားတစ်ကားနဲ့ ခံစားချင်ရင်တော့ CM လက်ရာနဲ့ တင်ဆက်ပေးလိုက်တဲ့ East of Eden ကို မဖြစ်မနေရွေးရမှာပါပဲလို့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 940MB Quality - 1080p, 720p IMDb Rating - 7.8/10 Format - mp4 Duration - 1H 58Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Crime • Drama
7.6 1955 115 mins
East of Eden
Forgotten
8

ဒီဇာတ်ကားလေးဟာတော့ 2017 ခုမှထွက်ရှိခဲ့တဲ့ mystery triller film အမျိုးအစားဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ဒါရိုက်တာကတော့ Jang Hang-jun ဖြစ်ပြီး အဓိကသရုပ်ဆောင်တွေအနေနဲ့ကတော့ Kang Ha-neul, Kim Mu-yeol, Moon Sung-keun နဲ့ Na Young-hee တို့က ပါဝင် သရုပ်ဆောင်ထားကြပါတယ်။ rating အနေနဲ့ကတော့ IMDb rating 7.4/10 အထိ ရထားတဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း အိမ်မက်ဆိုးတစ်ခုကနေလန့်နိုးလာတဲ့ လူတစ်ယောက် (ဂျင်ဆော့) ။ သူဘေးနားမှာ သူ့အကိုရယ် ၊ သူ့အမေရယ် ၊ သူ့အဖေရယ် နဲ့ အိမ်အသစ်ကိုပျော်ပျော်ရွှင်ရွှင် ပြောင်းလာခဲ့ကြတယ်။ ဂျင်ဆော့အတွက် အိမ်အသစ်ကို ပထမဆုံးရောက်ဖူးခြင်းဖြစ်ပေမယ့်လို့ သူ့စိတ်ထဲမှာ ထူးဆန်းစွာပဲ ဒီအိမ်ကို အရင်ကပဲ ရောက်ဖူးသလိုလို ခံစားနေရတယ်။ ပြီးတော့ သူတို့ပြောင်းလာတဲ့အိမ်ရဲ့ အခန်းတစ်ခန်းထဲက အသံတွေကိုလည်း ဂျင်ဆော့တစ်ယောက်ပဲ ထူးဆန်းစွာ ကြားနေရတယ်။ တစ်ညမှာတော့ သူ့အကိုနဲ့သူ လေညှင်းခံထွက်ရင်း သူ့အကိုပြန်ပေးဆွဲခံခဲ့ရတယ်။ အဲ့ဒီနောက် ၁၉ ရက်မြောက်အကြာမှာ သူ့အကိုပြန်ရောက်လာခဲ့ပြီး ထူးဆန်းတဲ့အမူအကျင့်တွေ ပြောင်းလဲလာခဲ့တယ်။ ဒါကို ဂျင်ဆော့တစ်ယောက် သဲလွန်စကနေတဆင့် လိုက်လံအဖြေရှာရင်း လုံးဝမထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေကြုံတွေ့ခဲ့ရတယ်။ ဇာတ်လမ်းအကျဉ်းကိုတော့ ဒီလောက်ပဲပြောပြတော့မယ် ။ ဘယ်လို အလှည့်အပြောင်းတွေနဲ့ ဇာတ်လမ်းတစ်ခုလုံးကို ပြီးဆုံးသည်ထိကြည့်ချင်အောင် ဆွဲဆောင်သွားမလဲဆိုတာတော့ ဒီဇာတ်ကားထဲမှာပဲ ကြည့်ကြည့်လိုက်ပါနော်။ ထိပ်လန့်ခြောက်ခြားစရာ၊ ကြိုတင်ခန့်မှန်းလို့မရတဲ့ ဇာတ်လမ်းဇာတ်ကွက်ကြိုက်တဲ့သူများအတွက် အရမ်းကြည့်ရတန်မယ့်ကားလေးပါ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူကတော့ Atn Htet ပါ) File Size : (850 MB) Quality : HD Rip 720p Running Time : 1hr 48min Format : Mp4 Genre :Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : HDRip 720p H264 AAC-Unknown Translated by Atn Htet Encoded by Thanhtike Zaw

Comedy
8 2017 108 mins
Forgotten
Montana Story
6.4

Montana Story (2022) ~ IMDb – 6.4/10, RT – 87%, Meta – 73% ~ ၂၀၂၁ ထွက် Drama ဇာတ်ကားကောင်းလေးပါ။ ရိုးရှင်းသလောက် တိကျသေသပ်တဲ့ ဇာတ်လမ်းဇာတ်ကွက် ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေး ခံစားပျော်ဝင် သွားနိုင်စေမယ့် ဒရာမာကားကောင်းတစ်ကားပေါ့။ Cinematography ကလည်း Western Theme ဆန်ဆန် ရိုက်ထားတာဆိုတော့ ရှုခင်းတွေက အသက်ရှုမှားချင်စရာတွေပါပဲ။ Dialogue ပါးပါးလေးတွေနဲ့ ထောက်ပံ့ထားတဲ့ အချိန်အကြာကြီးကွဲကွာနေရတဲ့ မောင်နှမနှစ်ယောက်ရဲ့ ခံစားချက်ကို ဖော်ပြသွားတဲ့အပြင် သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်ချက်ကလည်း အံ့မခန်းပါပဲ။ ဇာတ်လမ်းကို အေးအေးလှလှလေးနဲ့ ဖြည်းဖြည်းချင်း တည်ဆောက်သွားပြီး ပြောင်မြောက်တဲ့ ဇာတ်သိမ်းနဲ့ ခံစားချက်တွေ တလှေကြီး ခံစားလိုက်ရပါလိမ့်မယ်။ ဇာတ်သိမ်းက မျှော်လင့်ထားသလိုမဟုတ်နိုင်ပေမဲ့လည်း သာမန်ရိုးစင်းတဲ့ ပုံမှန် ဒရာမာကားတစ်ကားရဲ့ ဇာတ်သိမ်းမျိုးတော့လည်း မဟုတ်ပြန်ပါဘူး။ ကောင်းကင်ကျယ်ကြီးအောက်က မထူးပေမဲ့ ဆန်းတဲ့ နောက်ထပ် မိသားစု ဇာတ်လမ်းလေးတစ်ပုဒ်ထဲကို ဝင်ပြီး ခံစားကြည့်လိုက်ကြပါဦး… ဇာတ်လမ်းအကျဉ်းကတော့ ဝေးကွာနေကြတဲ့ မောင်နှမနှစ်ယောက် အဖေဆုံးခါနီးမှာ နယ်မြို့လေးက မိသားစုအိမ်ကို ပြန်လာပြီး ပြန်တွေ့ဖြစ်ကြပါတယ်။ သူတို့တွေ ၇ နှစ်တိုင်တိုင် မတွေ့ဖြစ်ကြတဲ့အကြောင်းကတော့… (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.5GB, 740MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 1H 54Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Action • Adventure • Science Fiction
6.4 2021
Montana Story
Scooby-Doo! and the Witch’s Ghost
7.2

Scooby-Doo! and the Witch’s Ghost (1999) ============================== IMDb Rating – 7.2/10 Scooby Doo ကားဖြစ်လို့ အားလုံးကို ထွေထွေထူးထူး မိတ်ဆက်နေစရာတော့ မလိုတော့ဘူး ထင်ပါတယ် ။ ဒီကားမှာတော့ Scooby Doo တို့ တစ်သိုက် ဂမ္ဘီရစာရေး ဆရာ ဘန် ရေဗင်ခရော့ဆိုသူနဲ့ ဆုံမိကြပြီး .. စာရေးဆရာရဲ့ ဇာတိမြို့ကို အလည်လိုက်ဖို့ အကြောင်းဖန်လာကြပါတယ်။ ဒါပေမဲ့ မြို့ကိုရောက်တော့ သိလိုက်ရတဲ့ သတင်းဆန်းက စာရေးဆရာရဲ့ ဘိုးဘေးတစ်ဦးဖြစ်သူ ဆာရာ ရေဗင်ခရော့ရဲ့ ဝိညာဉ်က တစ်မြို့လုံးကို ခြောက်လှန့်နေပါသတဲ့။ ဒီလိုနဲ့ ဒီလျှို့ ဝှက်ဆန်းကြယ် ဖြစ်ရပ်ကို အဖြေရှာဖို့ဟာ Scooby Doo တို့ အုပ်စုရဲ့ တာဝန်တစ်ရပ် ဖြစ်လာပါတော့တယ်။ ထုံးစံအတိုင်း Scooby တို့အတွဲကတော့ မွှေမြဲမွှေဆဲပေါ့လေ . . . (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Act Molemy ဖြစ်ပါတယ်) File Size……….(1.1 GB) / (634 MB) / (393 MB) Quality…………WEB-DL 1080p / 720p / 480p Duration………1Hr 06mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Comedy, Family Translator…….Act Molemy Encoder……….SWM

Action • Drama • Romance • Thriller • War
7.2 1999
Scooby-Doo! and the Witch’s Ghost
Scooby-Doo! and the Cyber Chase
7

Scooby-Doo! and the Cyber Chase (2001) ============================= IMDb Rating – 7.0/10 ဒီတစ်ခါရုပ်ရှင်လေးမှာတော့ Scooby တို့အုပ်စုဟာ သူငယ်ချင်း သိပ္ပံကျောင်းသား Eric ရဲ့ တက္ကသိုလ်ကို သွားစရာအကြောင်းဖန် လာပါတော့တယ်။ အကြောင်းအရင်းကတော့ Game developer တစ်ယောက်ဖြစ်တဲ့ Eric က Scooby တို့အုပ်စုရဲ့ စွန့်စားခန်းတွေ အပေါ်မူတည်ပြီး ဂိမ်းတစ်ခုထွင်ထားလို့ပါပဲ။ ရှက်ဂီနဲ့စကူဘီကတော့ ဂိမ်းအဓိကဇာတ်ကောင်ဖြစ်ရတဲ့အရှိန်နဲ့ ဂိမ်းကိုစမ်းဆော့ကြည့်ချင်စိတ် ငယ်ထိပ်ရောက်နေခဲ့ပါတယ်။ ဒါပေမယ့် Eric ဆီ တကယ်ရောက်သွားတဲ့အချိန်မှာတော့ ထင်ထား တာနဲ့ တက်တက်စင်အောင်လွဲတော့တာပါပဲ။ ဂိမ်းကို အစမ်းဆော့ ကြည့်ကြဖို့နေနေသာသာ ဂိမ်းဖွင့်ခွင့်တောင် မရကြပါဘူး။ ပြဿနာက အဲဒီမှာစတာပါပဲ။ လွန်ခဲ့တဲ့ရက်ပိုင်းကပဲ Eric ရဲ့ ဂိမ်းတည်ဆောက်မှုမှာ အဓိကဖြစ်တဲ့ လေဆာပစ်လွှတ်မှုကနေ ဗိုင်းရပ်စ်တစ်ကောင်ခုန်ထွက် လာခဲ့ပြီး ပြဿနာရှာသွားတာမို့လို့ပါ။ ဂိမ်းထဲကနေ အပြင်လောကအထိ သက်ရှိထင်ရှား အကောင်လိုက်ထွက်ချလာတဲ့ ဗိုင်းရပ်စ်ကြီးကို ထုံးစံ အတိုင်း စကူဘီတို့ကပဲ လိုက်ရှာဖမ်းပေးရတော့တာပေါ့။ ဒါပေမယ့် စကူဘီ တို့သူငယ်ချင်း ၅ယောက်လုံးပါ ဗိုင်းရပ်စ်နဲ့အတူ ဂိမ်းထဲကို အပို့ခံလိုက်ရ တဲ့အခါမှာတော့ …. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်) File Size……….(1.5 GB) / (746 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 14Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Action, Adventure Translator……Hnin Wut Yi Encoder……….Zin Phyo Aung

Action • Comedy • Crime
7 2001 73 mins
Scooby-Doo! and the Cyber Chase
Lang Lang Plays Disney
7.2

Lang Lang Plays Disney (2023) ======================= IMDb Rating – 7.2/10 ဇာတ်ကားက Lang Lang ဆိုတဲ့နာမည်ကြီးဂန္တ၀င်သီချင်းတီးတဲ့ ပီယာနိုတီးသူတစ်ယောက်က Disney ဇာတ်၀င်တေးတွေကိုသံစုံ တီးဝိုင်းနဲ့ပြန်လည်တီးခတ်တာကိုရိုက်ပြထားတာပဲဖြစ်ပါတယ်။ ကိုယ်ငယ်ငယ်တုန်းကကြည့်ခဲ့တဲ့ကာတွန်းကားတွေထဲကဇာတ်၀င် တေးတွေကို ကိုယ်တိုင်တီးခတ်ခွင့်ရတဲ့ Lang Lang ရဲ့အကြောင်း အပြင် သူ‌ဒီနေရာရောက်အောင်ကြိုးစားခဲ့ရပုံတွေ သူရဲ့စိတ်နေစိတ် ထားတွေကိုပါ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Zar Ni Oo ဖြစ်ပါတယ်) File Size……….(1.2 GB) / (478 MB) Quality…………WEB-DL 1080p / 720p Duration………1Hr Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Documentary, Music Translator……Khant Zar Ni Oo Encoder……….SWM

Crime • Drama • Thriller
7.2 2023 60 mins
Lang Lang Plays Disney
The Aviary

The Aviary [2022] ကန္တာရရဲ့အလယ်မှာ အေဗာရီဆိုတဲ့အရပ်မှာ စိတ်ကျန်းမာရေးကုထုံးနဲ့ လူတွေကို ကုသပေးနေတဲ့ ဂေဟာတစ်ခုရှိပါတယ်… ဆက်သ်ဆိုတဲ့ လူဟာ ဒီနေရာကို ဦးဆောင်နေသူပေါ့… တစ်နေ့မှာတော့ သူတို့ဂေဟာက နံပါတ် ၂ဖြစ်တဲ့ ဂျီလီယန်ဟာ သူ့သူငယ်ချင်း ဘလဲရ်နဲ့အတူ ဒီဂေဟာကနေ ထွက်ပြေးလာခဲ့ပါတယ်… ဂေဟာထဲမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေဟာ သွေးထွက်သံယိုမှုတွေပါ ပါဝင်လာတာကြောင့် အသက်အန္တာရာယ် မကျရောက်လိုတဲ့ ဂျီလီယန်ဟာ ဆက်သ်လက်က လွတ်အောင် ထွက်ပြေးလာခဲ့တာပါ… ဂျီလီယန်ဟာ လွတ်မြောက်ရုံထွက်ပြေးလာပေမယ့် အတူလိုက်ပါလာတဲ့ ဘလဲရက်ကတော့ ဆက်သ်ရဲ့ လက်တော့ပ်ကိုပါ အပါယူလာခဲ့ပါတယ်… အရေးကြီးသက်သေခံမှတ်တမ်းတွေပါတဲ့ ဒီလက်တော့ပ်နဲ့သာဆို ဆက်သ်ကို တစ်သက်တစ်ကျွန်းထောင်ကျသွားအောင် လုပ်ပစ်နိုင်တာမို့ ဂျီလီယန်ရဲ့ ခရီးဟာ သူ့လွတ်မြောက်ရေးတင်မဟုတ်ပဲ အေဗာရီက လူတွေအားလုံး လွတ်မြောက်ရေးပါ ဖြစ်လာပါတော့တယ်… ဒီလွတ်မြောက်ရေးခရီးမှာတော့ သူတို့ရင်ဆိုင်ရတဲ့ အခက်အခဲတွေထဲက အကြီးအမားဆုံးအရာကတော့ ဆက်သ်ပါပဲ… ဆက်သ်ဟာ သူတို့ စိတ်တွေကို ထိုးနှောက်ဖျက်ဆီးထားပြီးပါပြီ… ပုံမှန်မဟုတ်တဲ့ သူတို့စိတ်အခြေအနေ…. နောက်ကတကောက်ကောက်လိုက်နေတဲ့ ဆက်သ်…. ဒါတွေအားလုံးကနေ သူတို့ လွတ်မြောက်ပြီး လိုရာပန်းတိုင်ကို ရောက်သွားနိုင်ကြမလား… ရှုစားကြရမှာပဲ ဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။ Genre….. Thriller Quality…. 1080p | 720p File size… 1.3GB | 613MB Format… mp4 Duration…. 1h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

0 2022
The Aviary
And Then Come the Nightjars
6.4

And Then Come the Nightjars (2023) ~ IMDb – 6.4/10, Rotten Tomatoes – 80% ~ ခွာနာလျှာနာရောဂါကို တော်တော်များများ ကြားဖူးကြမှာပါ။ ၂၀၀၁ ခုနှစ်လောက်တုန်းကပေါ့ ဗြိတိန်မှာ ခွာနာလျှာနာ အကြီးအကျယ်ကူးစက်ပျံ့နှံခဲ့ပါတယ်။ မွေးမြူရေးခြံပေါင်း ၁၀,၀၀ လောက် ကူးစက်ခံရတာကြောင့် လူပေါင်း ၈၀၀၀ ကျော်လောက် အလုပ်အကိုင် ဆုံးရှုံးခဲ့ရပြီး ရောဂါကူးစက်မှုကို ထိန်းချုပ်ဖို့အတွက် တိရစ္ဆာန်တွေကို သတ်ဖြတ်တဲ့လုပ်ငန်းစဉ်မှာ ‌ဗြိတိသျှပေါင် ၃ဘီလီယံကျော် ကုန်ကျခဲ့ပါတယ်။ မွေးမြူရေးတိရစ္ဆာန်ပေါင်း ၆.၅ သန်းလည်း အသတ်ခံခဲ့ရပါတယ်။ အခု ဒီရုပ်ရှင်ကတော့ အဲဒီအချိန်ကာလကို ပြန်တည်ထားတာပါ။ အဲဒီအခြေအနေအကျပ်အတည်းကို နောက်ခံထားပြီးရေးဖွဲ့ထားတဲ့ ဆုရပြဇာတ်တစ်ပုဒ်ကို ရုပ်ရှင်အဖြစ် ပြန်အသက်သွင်းလိုက်တာပဲဖြစ်ပါတယ်။ မွေးမြူရေးခြံရှင် အဖိုးကြီးတစ်ဦးနဲ့ လူလတ်ပိုင်း ဒေသန္တရတိရစ္ဆာန်ဆရာဝန်တစ်ဦးကြားက အပိုဆာဒါးမပါတဲ့ ရိုးရှင်းနွေးထွေးတဲ့ဆက်ဆံရေးတစ်ခုကို တွေ့မြင်ရမှာပါ။ ခြံရှင်အဖိုးကြီးဟာ သူ့ရဲ့ နွားတွေကို သားသမီးတွေနဲ့မခြားချစ်သူဖြစ်ပြီး သူ့ရဲ့ အချိန် စိတ်နှလုံး တစ်ဘဝလုံးကို သူတို့တွေဆီမှာသာ မြှုပ်နှံထားသူဖြစ်ပါတယ်။ တိရစ္ဆာန်ဆရာဝန်ကတော့ ဒီဒေသမှာ တာဝန်ကျတဲ့ အပြင်ကလူပေါ့။ ဒါပေမဲ့ ဒီမှာ အနေကြာလာပြီး ဒေသကို (အထူးသဖြင့်တော့ အဖိုးကြီးကို) ခင်တွယ်လာသူဖြစ်ပါတယ်။ သူ့ အားလပ်ချိန်တွေဆို အဖိုးကြီးခြံကို သွားပြီး ကလေးတစ်ယောက်ယောက်လိုပဲ အဖိုးကြီးနောက်ကို တကောက်ကောက်လိုက်ပြီး စကားတွေ တောင်စဉ်ရေမရ ပြောနေတတ်ပါသေးတယ်။ ဒီလိုနဲ့ ခွာနာလျှာနာ ကူးစက်နှုန်းမြင့်လာပြီး ရောဂါထိန်းချုပ်ရေးအတွက် သတ်ဖြတ်တာတွေ မီးရှို့တာတွေ စလုပ်လာတဲ့အချိန်မှာတော့. မွေးမြူရေးတိရစ္ဆာန်တွေကို သားသမီးလိုချစ်တဲ့အဖိုးကြီးနဲ့ တာဝန်အရ သတ်ဖြတ်မှုတွေကို ဦးဆောင်ရမယ့် တိရစ္ဆာန်ဆရာဝန်တို့ရဲ့ကြားက ဆက်ဆံရေးလေး ဘယ်လိုဖြစ်သွားမလဲဆိုတာ ဆက်စောင့်ကြည့်ကြရပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 640MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 1H 21Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

6.4 2023 81 mins
And Then Come the Nightjars
Sweeter Than Chocolate

ကမ္ဘာကြီးကိုတည်ဆောက်ထားတဲ့အရာဟာ မေတ္တာတရားပါလို့ ပြောမယ်ဆိုရင် ဒီကမ္ဘာကြီးကို အလှဆင်နေတဲ့အရာဟာ အချစ်ပါပဲ။ ဒီတော့အချစ်ကိုယုံကြည်တဲ့လောကသားတွေပီပီ အချစ်စစ်ဆိုတာကို right personဆိုတဲ့ညာလူကြီးကို တမ်းတကြသည်ပေါ့လေ။ ဒါပေမဲ့ အချစ်စစ်ဟာ မအေးအေးဝင်းစီစဉ်တာမဟုတ်တော့ ချစ်သူတစ်ရာတွေ့တောင် အချစ်စစ်တစ်ခုတွေ့ဖို့ရာ အင်မတန်ခက်ခဲပါသတဲ့။ How Sweet It is ဆိုတဲ့ ချောကလက်ဆိုင်လေးကတော့ အချစ်စစ်ဆိုတာ ရှာရခက်ပါတယ်ဆိုတဲ့ သဘာဝတရားကြီးကို ဆန့်ကျင်နေပါသတဲ့။ အဘိုးလက်ထက်ကတည်းက စတင်ခဲ့တဲ့ Sweetချောကလက်ဆိုင်က အထူးစပယ်ရှယ် Cupid chocolate ကိုစားလိုက်ရင် ကိုယ့်ရဲ့right person ကိုယ့်ရဲ့true loveကို ရှာတွေ့နိုင်တယ်ဆိုတဲ့ ဒဏ္ဍာရီရှိနေလို့ပါပဲ။ ဒါကိုမယုံချင်တဲ့ စုံစမ်းစစ်ဆေးရေးသတင်းထောက်လေး ဒင်းချေ့စ်တစ်ယောက် မက်လုံးတစ်ခုကြောင့် ချောကလက်ဆိုင်ကနေ သတင်းယူဖို့ဖြစ်လာတဲ့အခါ… ချောကလက်ဒဏ္ဍာရီကို အဆိုးမြင်နေတဲ့ဒင်းချေ့စ်နဲ့ မြားနတ်‌မောင် ချောကလက်ဖန်တီးရှင်မလေး လူစီဆွိတို့ How Sweet It is ဆိုတဲ့ဆိုင်လေးအကြောင်း သတင်းယူဖို့အတူအလုပ်လုပ်ရင်းနဲ့ cupid chocolate ကြောင့် ဆုံဆည်းခဲ့ရသူတွေကို အတူအင်တာဗျူးကြပါတော့တယ်။ အရာရာကို သိပ္ပံချိန်ခွင်နဲ့တိုင်းတတ်တဲ့ ဒင်းချေ့စ်၊ မှော်ဆန်ဆန် မြားနတ်မောင်ကရူးပစ်ချောကလက်နဲ့ ဒီချောကလက်ဖန်တီးတဲ့ မှော်ပညာရှင်မလေး လူစီဆွိတို့ကြား ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာ အတူတူရှုစားကြပါဦး။ File size…(1.57 GB)/(816 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Tv Movie, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Darcy

0 2023
Sweeter Than Chocolate
Agent Vinod
5.2

James Bond ဇာတ်ကားလို ကြည့်ရှုရမယ့် အိန္ဒိယအေးဂျင့် ဗီနွတ် အဖြစ် ဆစ်အလီခန်း နဲ့ မင်းသမီးချော ကရီနားကပူရ် တို့ရဲ့ သည်းထိတ်ရင်ဖို အက်ရှင်စပိုင်ဇာတ်ကြမ်းကား တစ်ကားဖြစ်ပါတယ်။ Agent Vinod ဟာ ဂျိမ်စ်းဘွန်းလို ရုပ်ချောစတိုင်ကျ လျင်မြန်သွက်လက် ဉာဏ်ကောင်းတဲ့အေးဂျင့်တစ်ယောက်ဖြစ်ပါတယ် သူဟာ သူ့ရဲ့သူငယ်ချင်းလုပ်ဖေါ်ကိုင်ဖက်ဖြစ်တဲ့ ရာဂျန်အသတ်ခံရတဲ့ကိစ္စမှာ အမှုမှန်ကိုဖေါ်ထုတ်ဖို့တာဝန်ပေးထားခြင်းခံရပါတယ် Vinod ဟာ တရားခံကိုဖေါ်ထုတ်ဖို့ကြိုးစားနေရင်းက အမှုကနက်နဲလာပြီး ကမ္ဘာတစ်ဝှမ်းမှာဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကနေတဆင့်ကြီးမားတဲ့ သဲလွန်စတွေကိုခြေရာခံမိပါတော့တယ်… ခြေရာအားလုံးက “424” ဆိုတဲ့အရာပေါ်မူတည်နေပြီး ဒီဇာတ်လမ်းရဲ့အသက် “၄၂၄” ဆိုတဲ့ အဓိပ္ပာယ်က ဘာလဲဆိုတာ အဖြေရှာရမှာပါ။ တစ်ကားလုံးမပျင်းရအောင် အပစ်အခတ်အက်ရှင်တွေနဲ့ ဆွဲဆောင်သွားမှာဖြစ်တဲ့အပြင် မင်းသမီးချော ကရီနားကပူရ်းကလဲ လန်ပျံနေအောင်မိုက်တာရှုစားရမှာပါ။

Drama
5.2 2012 157 mins
Agent Vinod
El Sur
7.8

‘ဒက္ခိဏတမ်းချင်း’ ဒီကားကိုမကြည့်ခင် ပထမဆုံးပြောချင်တာက တစ်ခေါက်တည်းကြည့်ဖို့စဥ်းစားထားရင်၊ ကိုယ့်ကိုယ်ကိုသံသယမခိုင်ပါဘူးလို့ယူဆထားရင်၊ အချိန်မရှိလို့ ဘာလဲသိချင်ရုံစပ်စုချင်တာဆိုရင်တော့ မိတ်ဆွေအနေနဲ့ လုံးဝ မကြည့်ဖို့ တိုက်တွန်းပါရစေ။ ဒီဇာတ်ကားဟာ Life is beautiful တို့ The boy in the stripped pajamas တို့လို ကြည့်ပြီးရင်ဘာမှမျက်ရည်ချူစရာတစ်ကွက်မပါဘဲနဲ့ ဆို့ဆို့နင့်နင့်ဝေဒနါတစ်မျိုးကို ၂ ရက်လောက် ကောင်းကောင်းကြီးပေးနိုင်လို့ပါ။ ပြီးတော့ ရစ်မကြည့်မိပါစေနဲ့။ စက္ကန့်တိုင်းမှာသရုပ်ဆောင်ချက်တွေဟာ တကယ်ကိုအသက်ပါလွန်းလို့ပါ။ IMDB 7.8 ထက်ပိုထိုက်တန်တဲ့ဒီစပိန်classicရုပ်ရှင်မှာ စကားလုံးနည်းနည်း တင်ပြပုံကောင်းကောင်းနဲ့ ဖခင်မေတ္တာရယ် ယောကျ်ားတစ်ယောက်နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာက တစ်စုံတစ်ယောက်အပေါ်မှာထားတဲ့အချစ်ဆိုတာရယ်ကို တစ်လွှာချင်းပြထားပြီး ခံစားပြီးတဲ့နောက်မှာတော့ မေးခွန်းတွေတသီကြီးနဲ့ ဇာတ်ကောင်တွေအပေါ်မှာရော ကိုယ့်ကိုယ်ကိုပါ မေးနေမိပါလိမ့်မယ်။ ဖခင်ဖြစ်သူရဲ့မိသားစုအပေါ်ထားတဲ့အချစ်၊ သူ့အချစ်ဦးအပေါ်ထားတဲ့အချစ်၊ နောက်ဆုံးထွက်သက်အထိ သူ့မိဘအသံလေးကြားချင်ခဲ့ရှာတဲ့ သူ့မိသားစုအပေါ်ထားတဲ့အချစ် ဘယ်ဟာကချစ်တာ ဘယ်ဟာကမေတ္တာ ဘယ်ဟာကအပြစ် ဘယ်ဟာကဘာလဲ။ Spoil ရရင် နောက်ဆုံးအဖေနဲ့သမီးစကားပြောတဲ့အခန်းလေးရောက်ရင် တစ်သျှူးသာဆောင်ထားပါလို့။ Bonus Fact ပြောရရင် ဒီရုပ်ရှင်က တစ်ပိုင်းတစ်စကြီးနဲ့ရုံတင်ထားတာပါ။ ရိုက်ကူးချိန် ၈၁ ရက်စာ လျာထားပေမယ့် ၄၁ ရက်နဲ့ရုံတင်ခဲ့တဲ့ ရုပ်ရှင်ဟာ ဆုပေါင်းများစွာရသည်အထိ ထိုက်တန်ရဲ့လားဆိုတာ ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ကြပါဦး။ မူရင်းစာအုပ်ကတော့ Victor Erice ရဲ့ My father, the hero ဆိုတဲ့ ဝတ္ထုတိုလေးဖြစ်ပါတယ်။ ကျွန်တော်ကတော့ Alex 666 ပါ။ File size…(1.9 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:35:00 Genre… Drama, Mystery, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alex 666

7.8 1983 95 mins
El Sur
Parthenope
6.8

Parthenope (2024) IMDb Rating (6.8) / Rotten Tomatoes (49%) ဒါရိုက်တာ Paolo Sorrentino ရိုက်ကူးထုတ်လုပ်ထားတဲ့ဒီရုပ်ရှင်ဟာဆိုရင် အီတလီသူအမျိုးသမီးလေးတစ်ဦးရဲ့ဘ၀အကြောင်းကိုပုံဖော်ရိုက်ကူးထားခြင်းပါ ။ လူတွေကတိုတောင်းတဲ့ဘ၀ကြီးမှာ ငွေ၊ဂုဏ်၊အလှတရားတွေနောက်ကိုသာလိုက်ရင်းကုန်ဆုံးတတ်ကြပါတယ် ။ ပါတဲလိုပီမည်သူအမျိုးသမီးလေးကတော့ အကုန်ပြည့်စုံပေမယ့် ပျော်ရွှင်မှုဆိုတာဘာလဲဆိုတာအဓိပ္ပာယ်ရှာချင်သူဖြစ်တယ် ။ လှပလွန်းတဲ့ရုပ်ရည်ကြောင့် ချစ်ခင်သူပေါများပေမယ့် တကယ်တမ်းမှာ အထီးကျန်ဆန်လွန်းတဲ့သူ့ဘ၀လေးကို ပါတဲလိုပီတစိယောက်ဖြည်းဖြည်းချင်း‌အဖြေရှာသွားပုံကို အတူစီးမျောခံစားလိုက်ကြနော် ။ ကြည့်ပြီးပြီဆို‌ရင် ရင်မှာဟာတာတာကြီးကျန်ခဲ့မယ့်ရုပ်ရှင်မျိုး ၊ မေးခွန်း‌အများကြီးချန်ထားခဲ့တဲ့အတွေးအခေါ်ရုပ်ရှင်မျိုးတွေကို သဘောကျကြရင်တော့ ဒီကားက အဲ့လူတွေအတွက်ပါပဲ File size…(6.6 GB) / (1.7 GB) / (967 MB) Quality….Blu-Ray 4K HEVC / Webrip 1080p / 720p Format…mkv / mp4 Duration….02:00:00 Genre…Romance, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Phu Thet Khin

Drama • Thriller
6.8 2024
Parthenope