YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Russian.Doll.S01E04.1080p[CM].mp4

460.78 MB 1080p video/mp4 161 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Hand of God
7.6

94 ကြိမ်မြောက် အော်စကာအတွက် Best International Feature Film အတွက် submission တင်ထားတဲ့ကားလေး။ 78 ကြိမ်မြောက် Venice International Film Festival မှာ Grand Jury Prize ရထားပြီး အော်စကာ၊ Golden Globe နဲ့ Bafta ဆုတွေ ဆွတ်ခူးထားဖူးတဲ့ ဒါရိုက်တာ Paolo Sorrentino ရိုက်ကူးထားတဲ့အပြင် IMDb 7.5, Rotten Tamatoes 82% ရပ်တည်မှုနဲ့အတူ ၁၉၈၀ ခုနှစ်တွေက ဖာဘီယက်တိုဆိုတဲ့ လူငယ်တစ်ယောက်ရဲ့ ဘ၀အကြောင်းကို မြင်ရဦးမှာပါ။  သူကြုံရတဲ့ အဖြစ်အပျက်တွေကို coming of age ဆန်ဆန်ရိုက်ကူးထားတာမို့ သာမာန် ထဲကခွဲထွက်နေတဲ့ရုပ်ရှင်ကားလေးပေါ့။ ဖာဘီယက်တိုမှာ သူငယ်ချင်း များများစားစားမရှိဘူး။ များသောအားဖြင့် သီချင်းတွေ နားထောင်နေတတ်ပြီး အိမ်ကွင်းအတွက် ကစားပေးနေတဲ့ Napoli အသင်းက ဒီရေဂို မာရာဒိုနာကို သူအားပေးတယ်။ လူပျိုဖော်၀င်ခါစ ကောင်လေးတစ်ယောက်ရဲ့ စိတ်ကစားပုံတွေ၊ ဝါသနာတွေနဲ့ မိသားစုရေးရာတွေကို ဇာတ်အေးအေးလေးနဲ့ ရိုက်ပြထားတယ်။ ဒီလောက်ပါပဲ ဒါပေမဲ့ သေချာတာကတော့ ခင်ဗျားတို့ကို open ending တစ်ခုနဲ့ အတွေးတွေပေးခဲ့ဦးမယ့် ဇာတ်လမ်းတစ်ပုဒ်လေးပေါ့ဗျာ ။     ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Yoon Sandi Aungမှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ Yoon Sandi Aung, JoJoVa တို့ဖြစ်ပါတယ်။ File Size - (2.14 GB)/(1.13 GB)/(700 MB) Quality – WebDL - (1080p)/(720p)/(480p) Duration - 2hr 10min Subtitle – Myanmar Hardsub Format – MP4 Genre : Drama Translator – Yoon Sandi Aung, JoJoVa Encoder – San Win Maung

Crime • Drama
7.6 2021 130 mins
The Hand of God
Warcraft: The Beginning
6.8

******************************** ဒီဇာတ်လမ်းလေးကို လူအတော်များမျာ မျှော်လင့်နေကြမယ်ထင်ပါတယ်။ သာမန်ရုပ်ရှင်ပရိသတ်တွေလဲ ကောင်းကောင်းကြိုက်ကြပြီး WOW ကစားသမားတွေအတွက်တော့ ရွှေပါပဲ။ လက်ရှိမှာတော့ IMDb 6.8 နဲ့ ရပ်တည်နေပါတယ်။ ဇာတ်လမ်းလေးကို အကျဉ်းပြောပြရရင် မူလအစမှာ Human တွေနဲ့ Orc တွေဟာအချင်းချင်းမသိကြ မဆုံဖူးကြသေးပါဘူး။ ဒါပေမယ့် Orc တွေရဲ့ ကမ္ဘာကြီး ပျက်စီးသွားတော့မယ့်အချိန်မှာ Orc မှော်ဆရာ Gul’dan ဟာ ဆိုးညစ်တဲ့အစိမ်းရောင်မှော်ပညာ(Fel) ကို သုံးပြီး မှော်မုခ်ဝ(Portal) ကို ဖွင့်လှစ်ပြီးAzeroth ကမ္ဘာ ကို Orc တွေ အားလုံးစုစည်းပြီး မျိုးနွယ်စု(The Horde) ကြီးတစ်ခုလုံးကို ခေါ်လာဖို့ကြိုးပမ်းပါတော့တယ်။ အဲဒီ Azeroth ကမ္ဘာမှာတော့ Human တွေလူပု(Dwarf) တွေ နတ်သူငယ်(Elf) တွေဟာ တစ်ယောက်ကိုတစ်ယောက်ယုံကြည်မှုမရှိသေး ကြည့်မရကြပေမယ့် ငြိမ်းချမ်းစွာနေထိုင်နေခဲ့တာကြာခဲ့ပါပြီ။ ဒါပေမယ့် အခု ကမ္ဘာနှစ်ခုက မျိုးနွယ်တွေ တွေ့ဆုံလာပြီး ကိုယ့်ကိုကိုယ် ရှင်သန်နိုင်ဖို့ တိုက်ခိုက်ကြရတော့မယ်အခြေအနေကိုရောက်လာတဲ့အခါ…… Human ဘုရင်ကြီး Llane နဲ့ သူရဲကောင်း Lothar တို့ပူးပေါင်းပြီး မှော်ဆရာ(archmage) Khadgar ရဲ့အကူအညီနဲ့ဘယ်လိုရင်ဆိုင်ကြမလဲ…. Orc တွေထဲက တကယ့် အမှန်တရားကို မြင်နိုင်တဲ့ နှင်းဝံပုလွေမျိုးနွယ်ခေါင်းဆောင်(Frostwolf) ဂျူရိုတန် နဲ့ သွေးနှောနေတဲ့ Orc မိန်းကလေး Garona တို့ကရောဘယ်လိုဆက်လှုပ်ရှားကြမလဲဆိုတာ ဒီ Warcraft The Beginning ထဲမှာကြည့်ရှုရင်း နောက်ထွက်မဲ့အပိုင်းတွေကို အတူတူစောင့်ကြတာပေ့ါဗျာ။ File Size : (6.3GB )(3.65 GB) and (1.43GB) Quality : 4K-Blu-Ray.HEVC, 1080P5.1Ch,720p Running Time :2hr 3min Format : Mp4e Genre : Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Myo Myint Maung Encoded by Phyo Pyae

Action • Fantasy
6.8 2016 123 mins
Warcraft: The Beginning
March Comes in Like a Lion Part1
6.6

March comes in like a lion (2020) ရေး ခီရိရာမဟာ အသက်၁၇ရှိတဲ့ အထက်တန်းကျောင်းသားလေး ဖြစ်ပြီးတော့ ​professional shogiကစားသမား တစ်ယောက်ဖြစ်ပါတယ်။ ငယ်ငယ်တည်းက သူ့မိဘတွေနဲ့ သူ့ညီမလေးဟာ ကားမတော်တဆမှုတစ်ခုမှာ ဆုံးပါးသွားတဲ့အတွက် အဖေ့မိတ်ဆွေဆီမှာ သွားရောက်နေထိုင်ခဲ့ရပါတယ်။ အဖေ့မိတ်ဆွေဖြစ်တဲ့ မွေးစားက shogiပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် သူဟာ သူဝါသနာမပါတဲ့ shogiကို သဘောကျချင်ယောင်ဆောင်ပြီးတော့ လိုက်လျောညီထွေဖြစ်အောင် နေခဲ့ရပါတယ်။ ဒါပေမဲ့ shogiကို အကောင်းဆုံးကြိုးစားခဲ့လို့ ငယ်ငယ်လေးနဲ့ ထူးချွန်တဲ့ပညာရှင် ဖြစ်ခဲ့ပါတယ်။ ဒီလိုထူးချွန်တာကြောင့်ပဲ မွေးစားအဖေက “ရေး”ကို မနိုင်နိုင်လို့ shogiဆက်မကစားဖို့ တားခဲ့ပါတယ်။ သူဟာ မိသားစုအတွက် စိတ်အနှောင့်အယှက်ဖြစ်စေတယ်လို့ထင်သွားတာကြောင့် အဲဒီအိမ်ကထွက်လာပြီး တစ်ယောက်တည်းနေခဲ့ပါတယ်။ ဒီလိုနဲ့ shogiပြိုင်ပွဲတစ်ခုမှာ သူ့မွေးစားအဖေကို ပြိုင်ဖက်အနေနဲ့ပြန်ဆုံပြီး အနိုင်ယူမိတဲ့အခါမှာ သူ့ရဲ့အပြစ်မကင်းစိတ်က ပြန်ပေါ်လာပြီး အရက်သောက်ခဲ့ပါတယ်။ မူးနေရင်းနဲ့ စဉ်းစားလွန်ပြီး စိတ်ပူပန်မှုလွန်ကဲကာ လဲကျသွားခဲ့ပါတယ်။ အဲဒီအချိန်မှာ အကရီလို့ခေါ်တဲ့ စိတ်ထားကောင်းတဲ့အစ်မတစ်ယောက်က ခေါ်ပြီး စောင့်ရှောက်ပေးခဲ့ပါတယ်။ ငယ်စဉ်တည်းက မိသားစုမရှိခဲ့တဲ့”ရေး”က အကရီတို့မိသားစုလေးရဲ့ နွေးထွေးမှုတွေကို ရရှိပြီးတော့ သူတို့မိသားစုဝင်လိုဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန် ပြိုင်ပွဲမှာ မွေးစားမိသားစုရဲ့ သားမက်ဖြစ်သူနဲ့ ယှဉ်ပြိုင်ရဖို့ထပ်မံဖြစ်လာတဲ့အခါ… ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Ingyin San ပါ ) File Size__(2GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__6.6/10 Format__mp4 Duration__01:44:00 Type__Drama, Sport Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

6.6 2017
March Comes in Like a Lion Part1
Barnyard
5.6

Barnyard (2006) IMDb 5.6/10 ကလေးတွေသဘောကျမဲ့ barnyard (တိရိစ္ဆာန်တို့ရဲ့ ကျီ) ဆိုတဲ့ဇာတ်ကားကတော့ ဘဝကို ပျော်ပျော်ရွှင်ရွှင်ပေါ့ပေါ့ပါးပါးနေတတ်တဲ့ အိုတစ်စ်ဆိုတဲ့ နွားတစ်ကောင်ဟာ ကျီမှာနေရတဲ့သာမာန်ဘဝကို ပျင်းစရာလို့ ထင်မြင်နေခဲ့ပါတယ်။ လူတွေအနားမှာမရှိတဲ့အခါ တိရစ္ဆာန်တွေဟာ လူတွေလို ပြုမူနေထိုင်ကြပါတယ်။ အိုတစ်စ်ရဲ့ မွေးစားဖခင်ဖြစ်တဲ့ ကျီ အကြီးအကဲနွားကြီး ဘန်ဟာ တာဝန်မယူစိတ်မရှိတတ်ပဲ သူငယ်ချင်းတွေနဲ့ပဲပျော်ပါးနေတဲ့ သူ့ရဲ့ မွေးစားသားဖြစ်သူကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေခဲ့တာပါ။ အဲ့ဒီလိုနဲ့ တစ်ညမှာတော့ ခေါင်းဆောင် ဘန်ဟာ ကျီမှာရှိတဲ့တိရစ္ဆာန်တွေကို ညကင်းစောင့် ကာကွယ်ပေးရင်း ဝံပုလွေအုပ်ရဲ့လက်ထဲ အသက်ပေးလိုက်ရပါတော့တယ်။ မွေးစားအဖေ ဘန်မရှိတော့တဲ့နောက်မှာ ရုတ်တရက်ပြောင်းလဲသွားတဲ့ အခြေအနေတွေက ခေါင်းဆောင်တစ်ယောက်ရဲ့ဆက်ခံသူဖြစ်တဲ့ မွေးစားသား အိုတစ်စ်အတွက် တာဝန်ယူစရာအဖြစ် ရောက်လာတဲ့အချိန်မှာတော့ အပျော်ကြိုက်တဲ့ နွားလေး အိုတစ်စ်တစ်ကောင် ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ၊ စစ်မှန်တဲ့ ခေါင်းဆောင်မှုကနေ ရရှိလာတဲ့ပျော်ရွှင်မှုကို သူဘယ်လို နားလည်အောင်လုပ်မလဲ ဆိုတာ “Barnyard” ဆိုတဲ့ ဇာတ်ကားမှာ သူ့ရဲ့စွန့်စားခန်းတွေ ပျော်တတ်ပုံတွေနဲ့ ပေါင်းသင်းဆက်ဆံတွေအကြောင်း အဖြေရှာရင်း ပေါ့ပေါ့ပါးပါးလိုက်ပါကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size… 1.71 GB / 815 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 30m Genre ….. Animation , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Yumi

5.6 2008
Barnyard
Minus 31: The Nagpur Files
7.1

Minus 31: The Nagpur Files(2023) IMDb – 7.2/10 အမှန်တရားအတွက်ဆို အဆိုးတွေဘယ်လောက်ပဲကြုံရပါစေ ဘယ်အရာကမှ တားဆီးလို့မရဘဲ ရင်ဆိုင်တိုက်ခိုက်မယ့် အရာရှိအမျိုးသမီးတစ်ယောက်အကြောင်းပေါ့။ မင်းသမီးချော ရူချာအီနမ်ဒါ အရာရှိမလေးအဖြစ်သရုပ်ဆောင်ထားပါတယ်။ တစ်ကမ္ဘာလုံးကို ဒုက္ခပေးတဲ့ကိုဗစ်ကပ်ဆိုးကြီးရဲ့ ဒုတိယလှိုင်းဖြစ်နေတဲ့အချိန်မှာပေါ့။ တံတားအောက်မှာ လာစွန့်ပစ်သွားတဲ့အလောင်းတစ်လောင်း။ အဲဒီအလောင်းကို စစ်ကြည့်တဲ့အချိန်မှာတော့ နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ သူဌေးတစ်ယောက်ဖြစ်နေရော။ ဒီအမှုကို ကိုင်ရတာက ရဲမေ ပရက်ရှာ။သူ့မှာ မိသားစုပြဿနာနဲ့လုံးပမ်းနေရတာတဖက်။ ကိုဗစ်ဆိုတာတကယ်မရှိဘူး အစိုးရဖန်တီးထားတဲ့ နိုင်ငံရေးလှည့်ကွက်ဆိုတဲ့ ပြည်သူတွေကို လိုက်ဖြေရှင်းနေရတာတစ်ဖက်နဲ့ အမြဲတမ်း စိတ်တိုနေရတယ်။ ဒီလိုပြဿနာတွေကြားထဲမှာပဲ လက်သည်မပေါ်တဲ့ အများစိတ်ဝင်စားနေတဲ့ လူသတ်မှုကို ဖော်ထုတ်နိုင်မှာလားဆိုတာ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ရိုက်ကူးတင်ဆက်ထားတာမို့ ဘာသာပြန်တက်ဆက်ပေးလိုက်ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team တို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

7.1 2023 134 mins
Minus 31: The Nagpur Files
Butchers

ဒီဇာတ်ကားလေးကတော့ နာမည်အတိုင်းပဲ ရက်စက်စွာသတ်ဖြတ်တဲ့ လူသတ်သမားတွေအကြောင်းပဲဖြစ်ပါတယ်။ တစ်နေ့မှာ ဂျန်နာတို့သူငယ်ချင်းလေးယောက်ဟာ ဂျန်နာရဲ့ ၂၅ နှစ်ပြည့် မွေးနေ့ပွဲကျင်းပပြီး Spencerville မြို့ကို ပြန်လာကြပါတယ်။ မြို့ကအပြန် အဝေးလမ်းမရဲ့တစ်နေရာမှာ ကားရေတိုင်ကီပျက်သွားပါတယ်။ ဘယ်ရောက်နေမှန်းမသိပေမယ့် အရှေ့ဖက်တစ်နေရာမှာ ဓာတ်ဆီဆိုင်ရှိမှာပဲဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဂျန်နာရဲ့ရည်းစားမိုက်ခ်လမ်းလျှောက်ထွက်သွားပါတယ်။ ဂျန်နာရဲ့သူငယ်ချင်းတေလာကလည်းလိုက်သွားပြီး ခရစ်နဲ့ဂျန်နာကိုကားမှာ စောင့်ခိုင်းခဲ့ပါတယ်။ဒီလိုနဲ့ နှစ်ယောက်တစ်ဖွဲ့စီကွဲ သွားတဲ့အခါမှာတော့ လူသတ်ကားတို့ထုံးစံအတိုင်းပဲ လူသတ်သမားတွေကသူတို့ကိုလိုက်ဖမ်းပါတော့တယ်။ ဂျန်နာတို့သူငယ်ချင်းတွေဘယ်လိုလွတ်အောင်ထွက်ပြေးကြမလဲ ဘယ်နှစ်ယောက်အသက်ရှင်ကျန်ရစ်ခဲ့မလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုပေးပါဦး.. File size…1.29GB / 623MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 32m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

Thriller • Mystery • Adventure • Crime
0 2020 93 mins
Butchers
Neon City
5.3

Neon City (1991) ============= ၁၉၉၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ Sci-Fi, Action, Post-Apocalyptic ရုပ်ရှင် ဇာတ်ကားကောင်း တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ Mad Max လို ရုပ်ရှင်မျိုး ကြိုက်နှစ်သက်တယ်ဆိုရင် ဒီရုပ်ရှင်ကိုကြည့်လိုက်ပါ။ လုံးဝကြီး တူတယ်လို့ မဟုတ်ပေမယ့် post-apocalyptic vibe တော့ အပြည့်အဝရ မှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ အိုဇုန်းလွှာကြီးပျက်စီးပြီး ကမ္ဘာကြီးမှာ ရာသီ ဥတုတွေ ဖောက်ပြန် ဆိုးရွားတဲ့ အခြေအနေမျိုးမှာ လူသားတွေ အကြပ်အ တည်းတွေကြားမှာ ရှင်သန်ရပါတော့တယ်။ ဟယ်ရီဟာ နယ်စပ်မှာ လှုပ်ရှား တဲ့ ရိန်းဂျားဟောင်း ကြေးစားမုဆိုးတစ်ယောက်ပါ။ တစ်နေ့မှာ ရီနိုဆိုတဲ့ ကြယ်နီအမှတ်အသား ရိုက်နှိပ်ခံထားရတဲ့ တရားခံပြေးတစ်ယောက်ကို ဖမ်း မိလိုက်ပါတယ်။ ဒါနဲ့ဂျယ်ရီကိုမြို့ ရိန်းဂျားစခန်းမှာ သွားအပ်ပြီး ဆုကြေးထုတ် ပါတော့တယ်။ ဒါပေမယ့် အဲတရားခံပြေးဟာ ဂျယ်ရီကိုမြို့ စီရင်ပိုင်ခွင့်ထက် ကျော်လွန်နေတာမို့ နီယွန်မြို့ကို ပို့လိုက်ဖို့ ရိန်းဂျားခေါင်းဆောင်ကပြောပါတယ်။ အဲလိုနဲ့ ဂျယ်ရီကိုမြို့ကနေ နီယွန်မြို့ကို သွားမယ့် ပို့ဆောင်ရေးယာဉ်တန်းနဲ့ လိုက် ဖို့ဖြစ်သွားပါတယ်။ ကားပေါ်မှာ အကြောင်းပြချက်ကိုယ်စီနဲ့ နီယွန်မြို့ကို လိုက်ပါ မယ့် ခရီးသည်တွေလည်း ပါနေခဲ့ပါတယ်။ ဒါပေမယ့် လမ်းမှာ စကင်ဆိုတဲ့ လူသတ် ဓားပြတွေ တိုက်ခိုက်တာကို ခံရပါတယ်။ ဟယ်ရီတို့ခရီးသွားတစ်သိုက် ဆိုးရွားတဲ့ ရာသီဥတုတွေ၊ ဓားပြတွေရဲ့ ရန်ကို ကျော်လွှားပြီး နီယွန်မြို့ကြီးကို ရောက်မလားဆို တာတော့ ဇာတ်လမ်းထဲမှာ ဆက်ကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size……….(2.05 GB) / (1.02 GB) Quality…………BLU-RAY 1080p / 720p Duration………1Hr 39Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Adventure, Sci-Fi Translator…….Leonard Lin Encoder……….SWM

5.3 1991
Neon City
The Champion
5.4

ဒီကားလေးကတော့ အခုနှစ်ပိုင်းမှ ထွက်ရှိထားတဲ့ sport/comedyကားလေးဖြစ်ပါတယ်။ ဒီကားလေးကတော့ တခြားအားကစားကားတွေနဲ့မတူဘဲ ‌အားကစားသမားရဲ့ ဇာတ်ကောင်စရိုက်ကို‌ရိုက်ပြထားတဲ့ကားဖြစ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်လာပြီး ဇာတ်ကောင်ရဲ့စိတ်အခြေအနေ မိသားစု၀င်အချင်းချင်းတောင် ကိုယ့်အပေါ်အမြတ်ထုတ်တာတွေ ခံစားချက်ကိုမထိန်းချုပ်နိုင်တာတွေ အစရှိတဲ့အကြောင်းကိစ္စတွေကို ရိုက်ပြထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ – ‌ဒီရေဂိုကအသက်ငယ်ငယ်နဲ့ ထူးချွန်တဲ့ဘောလုံးကစားသမားဖြစ်ပြီး အသင်းနဲ့စာချုပ်ချုပ်စ ပထမဆုံးရာသီမှာတင် (၁၁)ဂိုးသွင်းထားသူပါ။ ဒါပေမဲ့ ကမူးရှူးထိုးသမားဖြစ်သူမလို့ လာလီဂါချန်ပီယံရှစ်အဆုံးအဖြတ်အတွက် သုံးပွဲအလိုမှာတင် အသင်းခေါင်းဆောင်နဲ့ရန်ဖြစ်ပြီး နှစ်ပွဲနားလိုက်ရပါတယ်။ တတိယမြောက်ပွဲပါ နားခံထိမှာစိုးရိမ်တဲ့အတွက် သူ့အဖေ အေးဂျင့်နဲ့အသင်းတို့က လက်ဝါးချင်းရိုက်ပြီး သတင်းစာတောင်းပန်ပွဲလုပ်ပြီး စာဖတ်တဲ့နေရာမှာအခက်အခဲဖြစ်နေတဲ့သူ့ကိုတက္ကသိုလ်က စိတ်ရောဂါကျွမ်းကျင်သူနဲ့စာသင်ပေးမယ်လို့ ပရိသတ်ကိုပြောလိုက်ပါတယ်။ မရင့်ကျက်တဲ့ဒီရေဂိုတစ်ယောက် သူ့ဆရာအကူအညီနဲ့ ကိုယ်ကိုယ်ကိုယ်ဘယ်လိုပြောင်းလဲသွားမလဲ ဖခင်ရဲ့အရိပ်အောက်ကနေရော ရုန်းထွက်နိုင်ပါ့မလားဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။ File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:46:00 Genre… Soccer, Drama, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Soe Thiri Swe

Horror • Drama • Thriller
5.4 2024
The Champion
50 First Dates
6.8

50 First Dates (2004) IMDb Rating (6.8) – ” မင်းရယ်နေတာလေးကို ကိုယ်သဘောကျတယ် ” – ” ရှင် ကျွန်မကို ရယ်အောင်လုပ်တာကိုလဲ ကျွန်မက သဘောကျပါတယ်” Henry Roth ဆိုတဲ့ တိ/မွေးကုဆရာဝန်တစ်ယောက်ဟာ Oahu ကျွန်းလေးပေါ်က အဏ္ဏဝါပြတိုက်တစ်ခုမှာ အလုပ်လုပ်နေပါတယ်။ သူဟာ မိန်းမအင်မတန်ပွေရှုပ်တဲ့လူတစ်ယောက်ဖြစ်ပြီး ဘယ်မိန်းကလေးကိုမှ အတည်တကျတွဲလေ့မရှိတဲ့ Womanizer တစ်ယောက်ပါပဲ။ တစ်နေ့တော့ သူဟာ ကျွန်းကိုပတ်ပြီး ရွက်လှေစီးလို့ အပန်းဖြေထွက်နေစဉ်မှာ သူ့ရွက်လှေ ပျက်သွားပါတယ်။ အဲဒီတော့ ကမ်းကိုကပ်၊ Hukilau ဆိုတဲ့ ကော်ဖီဆိုင်လေးမှာ ထိုင်ပြီး သူ့ကိုအကူအညီပေးနိုင်မယ့် ကမ်းရိုးတန်းစောင့်ရဲတပ်ဖွဲ့ကို မျှော်နေတဲ့အချိန် အိပ်မက်နတ်သမီးလေးကို သူတွေ့လိုက်ရတာပါပဲ။ လှလိုက်တဲ့ မိန်းကလေးရယ်။ နတ်သမီးလေးများ ကိုယ့်ရှေ့မှာလာပြီး ကိုယ်ထင်ပြနေသလို။ ရွှေရောင်ဆံပင်လေးနဲ့၊ လိုက်ဖက်တဲ့သမင်မျက်လုံးလေးနဲ့၊ အပြစ်ကင်းစင်တဲ့ မျက်နှာလေးနဲ့၊ ဝေဖာချောင်းလေးတွေကို အိမ်လုပ်ပြီးဆော့နေတဲ့ ဒီမိန်းကလေးကို Henry တစ်ယောက် အစွဲကြီးစွဲရှာပြီ။ ဒါဟာ သူ့ရဲ့ ဘဝလက်တွဲဖော်ပဲ၊ သူအတည်တကျပေါင်းသင်းလက်ထပ်ရမယ့် အိမ်ထောင်ရှင်မပဲလို့ တစ်ထစ်ချယုံကြည်လိုက်ပြီ။ နောက်တစ်နေ့မနက်မှာ Henry က Hukilau ကော်ဖီဆိုင်လေးကို ခပ်စောစောရောက်အောင်လာပြီး ကောင်မလေးကို မျှော်ပြီ။ ကောင်မလေးရောက်လာတော့ သူက ဝင်ရောပြီး သူ့ကိုယ်သူမိတ်ဆက်။ အခြေအနေက ခပ်ကောင်းကောင်း။ ကောင်မလေးက မနက်ဖြန်ကျရင်လည်း လာခဲ့ပါဦးလား။ ထပ်တွေ့ကြရအောင်ဆိုတော့ Henry တစ်ယောက်အဖို့ ဝမ်းသာလုံးတွေစို့လို့။ မနက်ဖြန်ဆိုတာကိုတောင် မြန်မြန်ရောက်ချင်လှရှာပြီပေါ့။ တကယ်တမ်းထပ်တွေ့ကြတဲ့အခါ ကောင်မလေးက သူ့ကိုလုံးလုံးမမှတ်မိ။ မနေ့ကတွေ့ဖူးတယ်ဆိုတာကို ဘယ်လိုရှင်းပြရှင်းပြ လက်မခံ။ ဘာတွေဖြစ်ကုန်တာလဲ။ သူ့ကိုများ ကောင်မလေးက အကြောင်ရိုက်တာလား။ ဆိုင်ရှင်အဒေါ်ကြီးက ကောင်မလေးရဲ့ ထူးဆန်းတဲ့ရောဂါအကြောင်းကို ရှင်းပြလိုက်တဲ့အချိန်မှာတော့….။ ဘယ်လောက်ပဲ ပွေရှုပ်တဲ့ယောက်ျားတစ်ယောက်ဖြစ်စေကာမူ။ မိန်းမတွေကို ဘယ်တော့မှ အတည်တကျမတွဲဘူးဆိုတဲ့ယောက်ျားတစ်ယောက်ဖြစ်စေကာမူ။ တစ်နေ့မှာတော့ သူ့နှလုံးသားက တကယ်ရူးရူးမူးမူးချစ်ရတဲ့ မိန်းကလေးတစ်ယောက်တော့ ပေါ်လာစမြဲပဲဆိုတာ ဒီဇာတ်ကားလေးက ပြသနေပါတယ်။ ဒီဇာတ်ကားမှာ Henry ရဲ့ အချစ်က ဘယ်လောက်ဖြူစင်ပြီး ဘယ်လောက်ကြီးမားတယ်ဆိုတာကို တွေ့ရမှာပါ။ ဒီဇာတ်ကားမှာ မင်းသားအဖြစ် Adam Sandler က သရုပ်ဆောင်ထားပြီး မင်းသမီးနေရာကိုတော့ Drew Barrymore က သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာ Peter Segal ရိုက်ကူးတဲ့ ဒီ 50 First Dates ဆိုတဲ့ ဇာတ်ကားလေးကို ကြည့်ကြည့်ကြပါဦး။ (ရုပ်ရှင်အညွှန်းကို Movie Locos FB Page မှ ကူးယူဖော်ပြပါသည်။)

Drama • Thriller
6.8 2004
50 First Dates
Detective K: Secret of Virtuous Widow
6.5

Detective K: Secret of Virtuous Widow (2011) ************************************************** Comedy, Mystery ဇာတ်လမ်းအမျိုးအစား ဖြစ်တဲ့ ဂျိုဆွန်းခေတ်ရဲ့ စုံထောက်ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားလေးက 2011,2015,2018 ဆိုပြီး 3ကားထွက်ရှိထားပြီး တစ်ကားချင်းစီမှာ မတူညီတဲ့ အမှုတွေကို စုံစမ်းဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။ အဓိက ဇာတ်ဆောင်ကြီးကတော့ Your Honor ဇာတ်လမ်းတွဲထဲက မင်းသားကြီး Kim Myung Min နဲ့အတူ Oh Dal Soo၊ Han Ji Min တို့အပြင် နာမည်ကျော် ဇာတ်ပို့ဇာတ်ရန်များစွာ ပါရှိထားပါတယ်။ -ဇာတ်လမ်းအကျဥ်း- ဂျိုဆွန်းခေတ် ဂျောင်ဂျိုဘုရင်လက်ထက်မှာ အစိုးရ အမှုထမ်းတွေရဲ့ လာဘ်ပေးလာဘ်ယူမှုနဲ့ အတူ နောက်ဆက်တွဲ လူသတ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဂျောင်ဂျိုဘုရင် ခန့်အပ်ထားတဲ့ လျှို့ဝက်အထောက်တော်ကြီး ဂင်မင်းဟာ ဒီလူသတ်မှုကို စုံစမ်းရင်းကနေ ကံဆိုးစွာနဲ့ပဲ တရားခံအဖြစ် အထင်လွဲခံရပြီး အကျဉ်းချခံလိုက်ရပါတယ်။ ဒါပေမဲ့ အထော်တော်ကြီးဟာ အကျည်းထောင်ကို ဖောက်ပြေးခဲ့တာကြောင့် ဘုရင်က နယ်နှင်ဒဏ်ပေးလိုက်ပြီး မုဆိုးမ အမှုတစ်ခုကို စုံစမ်းစေခဲ့ပါတယ်။ အဲဒီလိုနဲ့ နယ်နှင်ဒဏ်ပေးခံလိုက်ရတဲ့ အထောက်တော်ကြီးဟာ မထင်မှတ်ဘဲ သိကျွမ်းခဲ့ရတဲ့ သူ့ရဲ့ မိတ်ဆွေကြီး ဟန်ဆောဖီးနဲ့ အတူ ဂျော့ဆောင်းဆိုတဲ့ နယ်ဘက်ကို ရောက်ရှိလာပြီး ပေးအပ်ထားတဲ့ တာဝန်အတိုင်း အမှုကို စုံစမ်းဖော်ထုတ်သွားမှာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဂျိုဆွန်းခေတ် စုံထောက်ကြီးရဲ့ အမှုလိုက် ခရီးစဉ်ကို ဟာသနှောပြီး ရိုက်ကူးထားတာမို့လို့ အပန်းပြေစေမဲ့ ဇာတ်ကားလေး ဖြစ်စေမှာ အမှန်ပါပဲ။ (ဇာတ်လမ်းအကျဉ်းကို Treasure Htet မှ ရေးသားပေးထားပါတယ်။) File size…3.50GB / 1.26GB Quality… Blu-Ray 1080p 5.1 CH, Blu-Ray 720p Format…mp4 Duration….1h 57m Genre ….. Adventure, Historical, Mystery, Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Treasure Htet, Stary & Hnin Wai Oo

Comedy
6.5 2011 115 mins
Detective K: Secret of Virtuous Widow
Salvable
5.1

Salvable (2025) IMDb Rating (5.1 / Rotten Tomatoes (40%) ဒီတစ်ခါတော့ မေလ ၂ရက်နေ့ကမှ ထွက်တဲ့ ဗြိတိသျှဇာတ်ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ အသက်အရွယ်ရနေပြီဖြစ်တဲ့ လက်ဝှေ့သမားတစ်ဦးဖြစ်တဲ့ ဆယ်လ် (Toby Kebbell) ဟာ တစ်ဦးတည်းသော သမီး၊ ကွာရှင်းထားတဲ့ ဇနီးတို့ရဲ့အဝေးမှာ ခက်ခက်ခဲခဲဝမ်းကြောင်းနေရပြီး လက်ရှိနေတဲ့မြို့ငယ်လေးကနေ ရုန်းထွက်ဖို့ ကြိုးစားနေသူပါ။ ပင်ကိုစိတ်သဘောကောင်းသူဖြစ်ပေမယ့် ငယ်သူငယ်ချင်းဟောင်း လူဆိုးဂိုဏ်းဝင်ဖြစ်သူ ဗင်းဆင့် (Shia LaBeouf) ပေါ်လာချိန်မှာ တရားမဝင်မြေအောက်လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ဖို့ ဆွယ်တာခံရပါတော့တယ်။ သမီးလေးနဲ့အတူ ဒီမြို့ငယ်လေးကနေ ထွက်သွားချင်စိတ်တစ်ခုတည်းနဲ့ ဒုစရိုက်လုပ်ငန်းနွံထဲ နစ်သည်ထက် နစ်လာတဲ့အခါ… Transformer မင်းသား Shia LaBeouf ကိုတော့ Fury, Indiana Jones တို့နဲ့ လူသိများပါတယ်။ Toby Kebbell ကတော့ Monsterverse မှာ ပါဝင်ခဲ့ဖူးပြီး Prince of Persia, War Horse, Wrath of the Titans, Fantastic Four, Warcraft, Ben-Hur စတဲ့ ရုပ်ရှင်ပေါင်းများစွာမှာ ဇာတ်ရုပ်တချို့ လုပ်ခွင့်ရဖူးပါတယ်။ Kíla Lord Cassidy နဲ့ James Cosmo တို့ကလည်း ဇာတ်ရံအဖြစ်ပါဝင်ပါတယ်။ ဇာတ်ညွှန်းကတော့ Björn Franklinဖြစ်ပြီး ဒါရိုက်တာကတော့ Björn Franklin နဲ့ Johnny Marchetta တို့ဖြစ်ပါတယ်။ တစ်ကားလုံး ဆဲရေးတိုင်းထွာနေလို့ R-rated သတ်မှတ်ထားပါတယ်။ (အညွှန်းနဲ့ ဘာသာပြန် Thompson ဖြစ်ပါတယ်။) File size… (6.6 GB) / (2.5 GB) / (1.2 GB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Crime, Drama Duration…. 01:42:05 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Thompson

Action • Thriller • Drama
5.1 2025 101 mins
Salvable
Undead Lovers
6

Undead Lovers (2024) IMDb – 6 ဇာတ်လမ်းအညွှန်း ~~~~~~~~~~~~~ တကယ်လို့ ကိုယ်ချစ်ရတဲ့သူကို ဖွင့်ပြောပြီး တစ်ဖက်ကလည်း ပြန်ကြိုက်ပြီဆိုတာနဲ့ သူက ကိုယ့်ရှေ့ကနေ ပျောက်သွားရင် ဘယ်လိုလုပ်ကြမလဲ။ ဒီဇာတ်ကားထဲမှာတော့ သူကြိုက်တဲ့ကောင်လေးကို ဖွင့်ပြောပြီးတိုင်း အဲဒီကောင်လေးက ပျောက်သွားလို့ လိုက်ရှာရတဲ့ အထက်တန်းကျောင်းသူလေးရဲ့ တမူထူးခြားတဲ့ romance ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ “ရိနို ဟဆဲဘဲ”ဆိုတဲ့ ကောင်မလေးက သူငယ်ငယ်တုန်းက ဆုံဖူးပြီး သူ့အသက်ကို ကယ်ခဲ့တဲ့ “ဂျွန် ခိုနို”ဆိုတဲ့ ကောင်လေးကို ပြန်တွေ့ရဖို့ မျှော်လင့်နေတဲ့ကောင်မလေးပါ။ တစ်နေ့မှာတော့ ကျောင်းလမ်းမှာ ကောင်လေးတစ်ယောက်နဲ့ တွေ့ခဲ့ပြီး အဲဒီကောင်လေးက သူရှာနေခဲ့တဲ့ ဂျွန်ဖြစ်နေခဲ့တာပါ။ သူက ဂျွန်ကို အားကစားပြိုင်ပွဲဝင်ဖို့ ကူညီပေးခဲ့ပြီး တစ်ချိန်မှာတော့ ချစ်တဲ့အကြောင်းဖွင့်ပြောခဲ့ပါတယ်။အဲဒါကြောင့် ဂျွန်ကလည်း သဘောကျနေတာဖြစ်ကြောင်း ပြန်ပြောနေဆဲမှာပဲ ရိနိုရှေ့ကနေ ပျောက်ကွယ်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း ဂျွန်က ရိနိုရှေ့ကို ပုံစံမျိုးစုံနဲ့ ပြန်လည်ရောက်ရှိလာခဲ့ပေမဲ့ သူဖွင့်ပြောလိုက်တိုင်း ကောင်လေးက ပြန်ပျောက်သွားခဲ့ပါတယ်။ အချစ်ရူးလေး ရိနိုလည်း သူ့ရဲ့ဖူးစာရှင် ဂျွန်ကို လိုက်ရှာနေရပေမဲ့ ချစ်တဲ့စိတ်ကတော့ လျော့မသွားခဲ့ပါဘူး။ ဒီလို သံသရာထဲမှာ ရိနိုတစ်ယောက် ဘာလို့ တဝဲလည်လည်ဖြစ်နေရလဲဆိုတာနဲ့ သူတို့နှစ်ယောက်ကြားက အချစ်ကရော ဘယ်လိုပုံစံမျိုးနဲ့ အမှန်တကယ်ဖြစ်တည်လာမှာလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုနိုင်ပါပြီ။ File Size – 1.61 GB/ 654 MB Quality – WEB-DL 1080p/ 720p Duration – 1:44:36 Format – mp4 Genre – Comedy, Drama, Fantasy, Romance Subtitle – Myanmar Subtitle (Hard Sub) Translated by – Roseline Encoded by – Treasure Htet

Drama
6 2024 104 mins
Undead Lovers
Autumn Sonata
8.1

“မိသားစု”- အရမ်းကိုမှလှပပြီး အဓိပ္ပာယ်တွေအများကြီးနဲ့စကားလုံးပါ။ လူတိုင်းရင်ထဲ မိသားစုသာအရာရာဆိုပြီးရှိကြပေမဲ့ ကိုယ်အတွက်အရေးပါဆုံး အဲဒီမိသားစု‌ကြောင့်ပဲ တစ်ဘ၀လုံးစာ သေရာပါမယ့် စိတ်ဒဏ်ရာတွေရကြတယ်။ မှားသွားရင်လည်း မတောင်းပန်ကြသလို ရင်ထဲကနေ လှိက်လှိက်လှဲလှဲရှိပေမဲ့လည်း ကျေးဇူးတင်စကားမပြောဖြစ်ကြ။ အသက်ရွယ်ကြီးရင့်လာတော့ သားသမီးနဲ့မိဘ အနေစိမ်းသွားကြပြီး ‌ထိတွေ့ပွေ့ဖက်ဖို့နေနေသာသာ ချစ်ပါတယ်ဆိုတဲ့စကားကိုတောင် ဘယ်တုန်းကနောက်ဆုံးပြောခဲ့ကြလဲဆိုတာကိုတောင် မေ့သွားကြပြီဆိုတဲ့သူတွေမှ အများကြီးရယ်ပါ။ ဒီရုပ်ရှင်ဟာ ဒါရိုက်တာကြီး Ingmar Bergmanရဲ့ အရမ်းကိုမှလှပကောင်းမွန်တဲ့ ဆွီဒင်ရုပ်ရှင်ကားဟောင်းတစ်ကားပါ။ နာမည်ကြီးစန္ဒယားပညာရှင်ကို အမေတော်ထားရတဲ့ အေဗာဟာ ငယ်ငယ်လေးကတည်းကနေ သူ့အမေအပေါ်ထားရှိခဲ့တဲ့ မကျေနပ်ချက်တွေ အမုန်းတရားတွေကို မျိုသိပ်လာခဲ့တာ အချိန်‌တွေကြာညောင်းခဲ့ပြီ။ တစ်ယောက်နဲ့တစ်ယောက် ရင်ထဲကခံစားချက်တွေကို ဖွင့်မဟဘဲ အပေါ်ယံစကားတွေပဲ သူစိမ်းလိုမျိုးပြောဖြစ်ခဲ့ကြတယ်။ ဒီဆောင်းဦးမှာတော့ အေဗာဟာ ၇ နှစ်ကြာမတွေ့ဖြစ်ခဲ့တဲ့အမေဖြစ်သူကို အိမ်ကိုအလည်ခေါ်လိုက်ရာကနေ မျိုသိပ်မထားနိုင်တော့ဘဲ ပွင့်အံကျလာတဲ့ သားမိနှစ်ယောက်ရဲ့ခံစားချက်တွေ…. File size…(1.8 GB)/(825 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:39:00 Genre… Drama, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su

Comedy • Family
8.1 1978 93 mins
Autumn Sonata
The Land Beyond the Starry Sky
6.5

The Land Beyond the Starry Sky (2021) ************************************ IMDb… 6.5 မိုရီ အာကီယိုဆိုတဲ့ကောင်လေးဟာ ထရပ်ကားနဲ့ တိုက်မိမလိုဖြစ်ပြီး နောက်ပိုင်းမှာ ထူးထူးဆန်းဆန်း အိမ်မက်တစ်ခု ညတိုင်းမက်ပါတော့တယ်။ အဲဒါကတော့ အိပ်မက်ထဲမှာ အရမ်းလှတဲ့ကောင်မလေးက အိမ်မက်ထဲမှာ သူ့နာမည်ကို ခေါ်နေတာပါပဲ.. တစ်နေ့ ကျောင်းကအပြန် အဲဒီကောင်မလေးကို အမှတ်မထင်တွေ့လိုက်ရလို့ သူ့နောက်ကို ပြေးလိုက်သွားခဲ့ပေမဲ့လည်း ကောင်မလေးက ရုတ်တရက် ပျောက်သွားပါတော့တယ်… အဲဒါနဲ့ပဲ သူလည်း ဒီအတိုင်း အိမ်ကိုပြန်လာတဲ့ အခါမှာတော့ အိမ်မှာ သူ့ရဲ့နာရေးဓာတ်ပုံကို တွေ့လိုက်ရပြီး သူက သေသွားပြီဆိုတာကိုသိလိုက်ရတဲ့အခါ… ဘာတွေဆက်ဖြစ်မလဲ… အာကီယိုကတကယ်ပဲသေသွားတာလား… တွေ့ခဲ့တဲ့ကောင်မလေးကရော ဘယ်သူလဲ… ဆိုတာကို plot ဆန်းဆန်းလေးနဲ့ ကြည့်ရှုရမဲ့ ကျောင်းသားကားလေးပဲ ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Ji Yeon ပဲ ဖြစ်ပါတယ်။) File Size : 1.17GB/ 640MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…1hr32m Genre : Romance, Youth, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Ji Yeon Encoded by Tiff

6.5 2021
The Land Beyond the Starry Sky