YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Running.Man.E685.231224.720p.CM.mp4

728.88 MB 720p video/mp4 315 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
5G: The Reckoning
1.2

"ညတွေဆို လေလွင့်လိုက်တာ တီတီတာတာလုပ်စရာလည်း မရှိဘူး" ဆိုပြီး လောင်နေကြတဲ့ FA ပရိသတ်ကြီးတို့အတွက် လောင်စရာအချိန်မရှိအောင် ပဟေဠိတွေ အများကြီးပေးမဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေး ပါရစေ။ ဇာတ်လမ်းကတော့ တစ်ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကာလအတွင်း ကျောင်းတစ်ကျောင်းထဲမှာ ကျောင်းသူကျောင်းသား ရှစ်ယောက် ပိတ်မိနေကြရာကနေ စတင်လာတာပါ။ သူတို့အကုန်လုံး ပြင်ပကမ္ဘာ ကြီးနဲ့ လုံးဝအဆက်အသွယ်မရဘဲ အချင်းချင်းပဲ ဆက်သွယ်လို့‌ရနေ ကြတာ ထူးဆန်းစရာတစ်ခုဖြစ်လို့နေပါတယ်။ ပိုလို့ထူးဆန်းတာက တစ်ယောက်ပြီးတစ်ယောက် ဗိုင်းရပ်စ်ကူးစက် ခံလာရပြီး ဗိုင်းရပ်စ်ပိုးက ဘယ်ကနေ ပျံ့လို့ပျံ့မှန်းမသိတွေ ဖြစ်နေ ကြတာပါ။ အကြောင်းရင်းမရှိ ရုတ်တရက်ပျောက်ဆုံးသွားမှုတွေ လူသေဆုံးမှုတွေ ဖြစ်လာပြီး အဆုံးမရှိတဲ့ ဒွိဟတွေနဲ့ တွေးလေတွေးလေ လိုက်မမီလေဖြစ်နေတဲ့ ဇာတ်လမ်းမျိုးပဲ ဆိုပါတော့။ အဲဒီဗိုင်းရပ်စ်ပိုးက ဘယ်ကနေ ကူးစက်လာတာလဲ ? သူတို့က ဘာကြောင့် ပိတ်လှောင်ခံထားရတာလဲ ? အသက်ရှင်ကျန်နေရစ်မဲ့သူက ဘယ်သူလဲ ? စတဲ့ မေးခွန်းပေါင်းများစွာကတော့ ဒီဇာတ်ကား ထုတ်လွှင့်ပြီးတဲ့ အချိန်မှာ တက်လာခဲ့တဲ့ မေးခွန်းတွေပါပဲ။ ဒီတော့ ခေါင်းစားရတာ ကြိုက်တဲ့ CM ပရိသတ်တို့ အကြိုက်တွေ့ကြမဲ့ ဇာတ်လမ်းမျိုးမို့ အခုပဲ တင်ဆက်ပေးလိုက်ပါပြီ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size..........(1.2 GB) / (320 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 21Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror Translator.......May Thet Khine Soe Encoder..........SWM

Action • Adventure • Comedy • Fantasy • Horror
1.2 2023 81 mins
5G: The Reckoning
Stowaway
6.5

အက်ရှင်ကား ပရိသတ်တွေ သဘောကျမယ့် ရင်သိမ့်တုန်စရာ အက်ရှင်ကား အသစ်ဆက်ဆက်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကြောင်းကတော့ မိုက်သလို အချိုးတွေအကွေ့တွေလည်းပါပါတယ်။ နာမည်အတိုင်းပဲ ဆိုးမိုက်ပေတေနေတဲ့ ဖိုက်တာမလေးဟာ နှစ်အတော်ကြာ အစပျောက်နေတဲ့ အဖေဆီကနေ ဇိမ်ခံလှေတစ်စီး အမွေရလိုက်တယ်။ အဲဒီလှေကို မနက်ဖြန်မှ စာရွက်စာတမ်းတွေပြီးစီးမှ သူအမွေရမှာဖြစ်ပေမဲ့ အဲဒီညမှာ သူလှေပေါ်တက်ပြီး ဘဲတစ်ပွေနဲ့ ဂျိန်းခဲ့တယ်။ သူတို့ဂျိန်းပြီး တရေးတမောမှေးနေတုန်း လှေကြီး ထွက်သွားတဲ့အခါမှာတော့... မင်းသမီးကတော့ CW ရဲ့ DC စီးရီးဖန်တွေ ကောင်းကောင်းရင်းနှီးပြီးသားဖြစ်မယ့် CW က Batwoman တဖြစ်လဲ Ruby Rose ပါ။ John Wick 2 တို့ XXX: Return of Xander Cage တို့ Resident Evil: The Final Chapter တို့ Pitch Perfect 3 တို့လို နာမည်ကြီးကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ဖူးပါတယ်။ ဗီလိန်ကတော့ The Purge: Election Year, Hitman's Wife's Bodyguard, Captain America: The Winter Soldier တို့မှာ ပါဖူးရုံတင်မကဘဲ မြန်မာပြည်ကိုတောင် ခဏတဖြုတ် လာဖူးခဲ့တဲ့ Frank Grillo ပါ။ စူပါဟီးရိုးဖန်တွေ ရင်းနှီးပြီးသား သရုပ်ဆောင် ၂ယောက်ပါဝင်သလို မင်းသားကြီး အာနိုးရဲ့ သားအရင်းဖြစ်သူ Patrick Schwarzenegger ကလည်း အဆစ်ပါသေးလေတော့ အဆုံးမဲ့ပင်လယ်ကြီး‌ပေါ်က ဇိမ်ခံသင်္ဘောတစ်စီးပေါ် ဘာတွေဖြစ်ဦးမလဲ ရင်သိမ့်တုန်စိတ်လှုပ်ရှားကြစေဖို့ အားလုံး ခံစားကြည့်ရှုသင့်တဲ့ ရုပ်ရှင်သစ်လေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB, 663MB Quality - 1080p, 720p, 480p IMDb Rating - 3.1/10 Format - mp4 Duration - 1H 24Min Genre - Thriller Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Comedy • Romance
6.5 2022 94 mins
Stowaway
Terror Train
5.1

ဒီဇာတ်ကားဟာ Terror Train (1980) ကို Remake လုပ်ထားတဲ့ဇာတ်ကားပါ။ ရိုးရှင်းတဲ့ Plot တွေကနေ ဖောက်ထွက်ချင်ရင်၊ ပြီးခါနီးထိ ရင်ခုန်ချင်ရင် ဒီဇာတ်ကားဟာ သင်တို့အတွက် Underrated ထဲမှာ ကြည့်ပျော်တဲ့ဇာတ်ကားတစ်ကားဖြစ်မှာပါ။ လူငယ်ကျောင်းသားအဖွဲ့အစည်းတစ်ခုဟာ သူတို့ထဲကို အသစ်ဝင်လာတဲ့ ကျောင်းသားသစ်တွေကို Prank တွေ Challenge တွေကိုဖြတ်ကျော်ပြီးမှ ဝင်စေတာပါ။ ဒီလိုပဲ နှစ်အတော်ကြာ ဒီလိုလုပ်ရပ်တွေနဲ့ ပျော်ခဲ့ပါးခဲ့ကြတာပါပဲ။ ဒါပေမယ့် တစ်နှစ်မှာ Kenny ဆိုတဲ့ကျောင်းသားသစ်လေးတစ်ယောက်နဲ့ Alana ဆိုတဲ့ လှပတဲ့ကျောင်းသူသစ်လေးကို အဖွဲ့ထဲထည့်ဖို့ အပြောင်အပျက်တွေလုပ်ရင်းကနေ အမှားတစ်ခုကြောင့် Kenny ဟာ စိတ္တ‌ဇဆေးရုံကိုရောက်ရတဲ့အထိပါဖြစ်သွားပါတယ်။ Alana ဟာ သူ့ကြောင့် Kenny ဒီလိုဖြစ်သွားရတာကို စိတ်မကောင်းပေမယ့် အဖွဲ့ရဲ့ ဥက္ကဌ ဖြစ်တဲ့ Doc နဲ့ တခြား Senior တွေကြောင့် လက်ပိုက်ကြည့်ရုံမှအပ ဘာမှမတတ်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ မေ့မေ့ပျောက်ပျောက်နဲ့ပဲ နောက်သုံးနှစ်အကြာမှာတော့ သူတို့ကျောင်းသားကျောင်းသူတွေဟာ Halloween ညတစ်ညမှာ အပျော်စီးရထားခရီးစဉ်တစ်ခုကို စီစဉ်ပြီး ခရီးထွက်ကြပါတယ်။ ဒီအပျော်ကနေ အပျက်ဖြစ်အောင် ဘယ်အရာကလုပ်ခဲ့တာလဲ ဘယ်က ဘယ်သူ ဘာကြောင့်မှန်းမသိတဲ့ အသက်ဘေးအန္တရာယ်ကို ကျရောက်စေသူဟာ ဘယ်သူလဲ... အတိတ်က Kenny လားဆိုတာကို ရင်တထိတ်ထိတ်နဲ့ဆက်ကြည့်ရမှာပဲဖြစ်ပါတယ်... Everyone is suspect ဆိုတဲ့ Theme ကို ကြည့်ရှုသူကိုယ်တိုင်ပါ ခံစားနိုင်မှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Nyan Hlyan Chit မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.6GB, 750MB Quality - 1080p, 720p Format - mp4 Duration - 1H 30Min Genre - Horror, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by Nyan Hlyan Chit Encoded by Y

Crime • Drama
5.1 2022 90 mins
Terror Train
(18+) Intimate Confessions of a Chinese Courtesan
6

တရုတ်မလေးတွေရဲ့ ခစ်ခစ် ဆိုပြီး ရှက်ပြုံးလေးနဲ့ ပါးစပ်လေးကို လက်လေးနဲ့ကာလိုက်တဲ့ အမူရာလေးတွေက ချစ်ဖို့ကောင်းတာ ငြင်းလို့ရမယ်မထင်ဘူး..... အဲဒီထဲမှာ အေးနုလည်းပါတာပေါ့ အေးနုရဲ့ဘဝက ခက်ခဲတယ် ကြမ်းတမ်းတယ် တရုတ်ပြည်ကြီးမှာ သူဌေးတွေ ထင်တိုင်းကြံလို့ရတဲ့အချိန် ဥပဒေဆိုတာ ဘောင်မဝင်တဲ့အချိန် အေးနု အပျိုဖေါ်ဝင်စမှာပဲ မသမာသူဂိုဏ်းတဂိုဏ်းရဲ့ ပြန်ပေးဆွဲချင်းကို ခံလိုက်ရပါတယ် ပြန်ပေးဆွဲလို့ရတဲ့ အချောအလှလေးတွေကို လေးရာသီ ဆိုတဲ့နာမည်ကြီး ဆောင်ကြာမြိုင်ကိုရောင်းကြတယ် အေးနုအတွက်တော့ ငရဲတစ်ခုလိုပဲ ဒါပေမဲ့အေးနုက အတော်တော့စိတ်မာတယ် သူရသလောက်ငြင်းဆန်တယ် နောက်ဆုံးတော့ အေးနု နားလည်သွားတာက ဗျူဟာပြောင်းပြီး သူ့ကို ဒီဇာတ်သွင်းသူတွေကို လက်စားချေမယ်ဆိုပြီး ဆုံးဖြတ်လိုက်ပါတယ် အေးနုရဲ့ လက်စားချေမှုတွေက သိမ်မွေ့ပြီး လိင်ကိစ္စတွေ ပါနေတာဖြစ်လို့ တရုတ်ရှေးဟောင်း အရသာလေးတမ်းတနေတဲ့ DS Fans တွေအတွက် တင်ဆက်ပေးလိုက်ပါတယ် File size…1.43GB / 720MB Quality…1080p BluRay / 720p Format…mp4 Duration….1h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu Chi

Drama
6 1972 97 mins
(18+) Intimate Confessions of a Chinese Courtesan
The Hobbit: The Battle of the Five Armies
7.3

The Lord of the rings နဲ့ The hobbit ရုပ်ရှင်တွေဟာ Fantasy လို့ခေါ်တဲ့ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားတွေ ဖြစ်ပါတယ်။ အပြင်လောကမှာ မရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားတာပါ။ ဒါပေမယ့် အချို့ Fantasy ရုပ်ရှင် စာအုပ်တွေဟာ အပြင်လောကနဲ့ ရောမွှေထားတာမျိုး ရှိတတ်ပါတယ်။ ဥပမာ - နာနီယာ၊ ဟယ်ရီပေါ်တာ၊ ပါစီဂျက်ဆန် စသည်ဖြင့်ပါ။ ဒါပေမယ့် ဒီ ဇာတ်လမ်းတွေကိုတော့ စာရေးဆရာကြီး J.R.R.Tolkien ကအစအဆုံး ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တာပါ။ နတ်သူငယ်တွေ၊ လူပုတွေ၊ ဘီလူးတွေရဲ့ ကိုယ်ပိုင်ဘာသာစကားကို တီထွင်ခဲ့တယ်။ မူရင်းစာအုပ်တွေမှာ မြေပုံအပြည့်အစုံနဲ့ ရေးသားခဲ့တယ်။ သမိုင်းတစ်ခုလုံးကို ပြက္ခဒိန်ပါ ဖန်တီးပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ စာသားတင်မက ကဗျာတွေ သီချင်းတွေပါ ရေးဖွဲ့ခဲ့တာပါ။ လူတစ်ယောက်ရဲ့ ဦးဏှောက်တစ်ခုထဲကနေ စကြဝဠာတစ်ခု ပေါ်ထွက်လာတယ်လို့ ပြောလို့ရပါတယ်။ စာအုပ်ကိုအသာထားပြီး ရုပ်ရှင်အကြောင်းကိုပဲ ပြောကြပါစို့။ The Lord of the rings (LotR) ရုပ်ရှင်တွေဟာ ၂၀၀၁ ကနေ စတင်ပြီးထွက်ရှိခဲ့တာဖြစ်ပါတယ်။ ပထမဆုံး LotR ရုပ်ရှင် သုံးကားဟာ စုစုပေါင်း Oscar 17 ဆု ရရှိခဲ့ပါတယ်။ ပထမကားက ၄ ဆု၊ ဒုတိယကားက ၂ ဆု နဲ့ သုံးကားမြောက်က ၁၁ ဆု ရရှိခဲ့တာပါ။ သူ့နောက်မှ ထွက်ရှိလာတဲ့ Hobbit သုံးကားကတော့ Oscar တစ်ဆုသာ ရခဲ့ပါတယ်။ LotR ရုပ်ရှင်တွေရဲ့ အောင်မြင်မှုဟာ ကာလအကန့်အသတ်မရှိ timeless လို့ပဲ ပြောရမှာဖြစ်ပါတယ်။ ၂၀၀၁ တုန်းက လူတွေကြိုက်ခဲ့သလို ၃၀၀၁ ခုနှစ်မှာလည်း ကြိုက်ကြဦးမှာပါပဲ။ အဓိကကတော့ ဇာတ်လမ်းအတွက် ဝတ်စုံ၊ရိုက်ကွင်းပြင်ဆင်မှုတွေ၊ ရိုက်ချက်တွေ၊ သရုပ်ဆောင်တွေ အသေးစိတ်ကျခဲ့တယ်၊ ခမ်းနားခဲ့တယ်လို့ပြောရမှာပါပဲ။ နောက်ထပ် ချီးကျူးရမှာကတော့ ဇာတ်ညွှန်းပါ။ စာအုပ်ပါ ဖတ်ဖူးတဲ့သူတွေ ပိုသိပါလိမ့်မယ်။ အရမ်းကိုကောင်းတဲ့ ဝတ္ထုရှည်ကြီးတစ်ခုကို ကြည့်လို့လည်းကောင်းအောင် အခန်းတွေဖြတ်တောက်ရ၊ ဇာတ်ကောင်တွေ ဖယ်ထုတ်ရတာ မလွယ်လှပါဘူး။ ဒါပေမယ့် အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ ဒိုင်ယာလော့တွေ ဇာတ်လမ်းအနိမ့်အမြင့်တွေကိုလည်း အရှိန်တင်ပေးသွားတာ အံ့သြလောက်ပါတယ်။ ဥပမာ - လက်စွပ်ကို ဖျက်ဆီးဖို့ ဆွေးနွေးကြတဲ့အခန်းမှာ ဝတ္ထုအတိုင်းဆို အယ်ရွန်က အားလုံးကို ကြိုတင်မိတ်ဆက်၊ သမိုင်းကို ပြောပြပြီးမှ စတင်ဆွေးနွေးကြတာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ ဒီအတိုင်း ဆွေးနွေးကြရင်း ဘိုမီရာက အာရာဂွန်ကို အထင်သေးစကားပြောချိန်မှာ လီဂိုးလက်စ်က ထပြောလိုက်တဲ့အခန်းမျိုး ပြင်လိုက်ခြင်းအားဖြင့် ဇာတ်ရှိန် တက်သွားတာ ရှိပါတယ်။ ပြီးတော့ အာရာဂွန်ဟာ ထီးနန်းကို ဆက်တိုက်ငြင်းပယ်ခဲ့တာ၊ Andúril ဓားကို နောက်ဆုံးအချိန်မှ ပြန်ပြင်တာတွေဟာ ဇာတ်ရှိန်ပိုတက်စေတဲ့ ပညာပါပဲ။ ပြီးတော့ ဆာရူးမန်းကို သေခိုင်းတဲ့ ဇာတ်ညွှန်းမျိုးဟာ အတော်လေးကို ရဲတင်းရာကျပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ စာအုပ်ထဲမှာ ဆာရူးမန်းဟာ ထွက်ပြေးသွားခဲ့ပါတယ်။ လက်စွပ်ကိုဖျက်ဆီးပြီးလို့ ဟော့ဘစ်တွေ ရှိုင်းယားကို ပြန်လာချိန်မှာ ဆာရူးမန်းနဲ့ ထပ်ပြီးရင်ဆိုင်ကြရပါသေးတယ်။ ဒါတွေကို ဖျက်ပစ်လိုက်ပေမယ့် ရုပ်ရှင်က ညံ့မသွားခဲ့တာကို တွေ့မှာပါ။ ဒါကတော့ ဇာတ်ညွှန်းဆရာတွေရဲ့ အရည်အချင်းတွေပါပဲ။ ၁ မျက်နှာ ဖန်တရာတေ ဇာတ်ညွှန်းဆရာတွေ လေ့လာသင့်ပါတယ်။ ဇာတ်လမ်းအကျဉ်း =========== Three Rings for the Elven-kings under the sky, Seven for the Dwarf-lords in their halls of stone, Nine for Mortal Men doomed to die, One for the Dark Lord on his dark throne In the Land of Mordor where the Shadows lie. One Ring to rule them all, One Ring to find them, One Ring to bring them all, and in the darkness bind them, In the Land of Mordor where the Shadows lie. ဒါကတော့ LotR ဇာတ်လမ်းကြီးကို စတင်ခဲ့တဲ့ ဂန္ဓဝင်ကဗျာကြီးပါပဲ။ Dark Lord ဆော်ရွန်ဟာ နတ်သူငယ်တွေအတွက် လက်စွပ် ၃ ကွင်း၊ လူပု ဘုရင် ၇ ပါးအတွက် လက်စွပ် ၇ ကွင်း၊ လူတွေအတွက် ၉ ကွင်းကို ထုလုပ်စေခဲ့ပြီး ပေးအပ်ခဲ့ပါတယ်။ လက်စွပ်ကိုယ်စီဟာ စွမ်းအားရှိတာမို့ သူတို့တွေ လက်ခံခဲ့ကြတယ်။ ဒါပေမယ့် ဆော်ရွန်ဟာ လက်စွပ်ရှင်အားလုံးကို လွှမ်းမိုးနိုင်တဲ့ လက်စွပ်အားလုံးရဲ့ ဘုရင် တစ်ခုတည်းသော လက်စွပ်ကို ထုလုပ်ခဲ့ပြီး အားလုံးကိုချုပ်ကိုင်ဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့် မဟာမိတ်တွေနဲ့ နောက်ဆုံးစစ်ပွဲမှာ ရှုံးနိမ်ခဲ့ပြီး လက်စွပ်ကိုလည်းလက်လွှတ်လိုက်ရပါတယ်။ နှစ်ပေါင်းများစွာကြာပြီးနောက် လက်စွပ်ပြန်ပေါ်လာချိန် ဆော်ရွန်လည်းအင်အားကြီးလာချိန်မှာ နတ်သူငယ်တွေ၊ လူတွေ၊ လူပုတွေ၊ ဟော့ဘစ်လေးတွေဟာ ဆော်ရွန်ကို တားဆီးဖို့နဲ့ လက်စွပ်ဖို့ ဖျက်ဆီးဖို့ ကြိုးစားကြရပါတော့တယ်………. ဒီလောက်ဆို ဒီရုပ်ရှင်တွေကို ဆက်ပြီးခံစားဖို့ လုံလောက်မှာပါ။ LotR ဇာတ်လမ်းမှာ အရေးပါခဲ့တဲ့ ကဗျာတစ်ခုကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ All that is gold does not glitter Not all those who wander are lost; The old that is strong does not wither, Deep roots are not reached by the frost. From the ashes, a fire shall be woken, A light from the shadows shall spring; Renewed shall be blade that was broken, The crownless again shall be king ရွှေအဆင်းအတိနဲ့အရာဟာ တစ်လက်လက် တောက်ပမနေတတ်ပါဘူး လှည့်လည်နေသူတိုင်းဟာလည်း လမ်းပျောက်နေကြတာမဟုတ်ပါ အိုမင်းပေမယ့် ကြံ့ခိုင်သူဟာ ဆွေးမြေ့မလာတတ်ပါ နက်ရှိုင်းလွန်းတဲ့ အမြစ်တွေဟာ သစ်တောနဲ့ အလှမ်းကွာစမြဲ ပြာပုံကြားကနေ မီးတောက်နိုးထလာချိန် အမှောင်တွေထဲက အလင်းတန်းတစ်ခု ဖြန်းပက်လာရင်း ကျိုးပဲ့သွားခဲ့တဲ့ဓားကို ပြန်လည်ပြုပြင်ပြီးချိန်မှာ သရဖူမဲ့နေခဲ့သူဟာ ဘုရင်ပြန်လည်ဖြစ်လာမှာပါ။ The Hobbit ဇာတ်ကားတွေကတော့ LotR ရဲ့နောက်မှ ထွက်ရှိခဲ့ပေမယ့် တကယ်တော့ LoTR မစခင်က အခြေအနေတချို့ကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ File size…(7.4 GB) and (3.9 GB) Quality….Extended BluRay 4K HDR & 1080p HEVC Format…mkv Duration….02:44:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Aung Ko Khant

Reality
7.3 2014 144 mins
The Hobbit: The Battle of the Five Armies
Infinite
6.6

သိပ္ပံစိတ်ကူးယဉ် အက်ရှင် ကောင်းတာလေး ကြည့်လို့ရအောင် တင်ပေးလိုက်ပါတယ်။ မင်းသားမင်းသမီးတွေကလည်း သိပြီးသားလူတွေပါပဲ။ ဇာတ်လမ်းကတော့ လူဝင်စားအယူအဆတွေကို အခြေခံထားပါတယ်။ ကမ္ဘာကြီးထဲက လူအချို့မှာအတိတ်ဘဝတွေအကုန်လုံးကို မှတ်မိနိုင်တဲ့ အစွမ်းပါလာတဲ့ လူတွေရှိနေပါတယ်။ သူတို့ သင်ခဲ့သမျှ တတ်ခဲ့သမျှတွေကိုပါ မှတ်မိနေတာဖြစ်တဲ့အတွက်ဘဝတွေ ကြာရှည်လာလေလ ပိုပြီး တော်လာလေလေပါပဲ။ ဒီလို လူတွေထဲမှာမှ နှစ်မျိုးကွဲနေပါတယ်။ တစ်ဖွဲ့ကတော့ ဒီအစွမ်းနဲ့ အသိပညာတွေကို လူသားတွေကော်းဖို့ သုံးသင့်တယ်လို့ထင်တဲ့အဖွဲ့ပါ။ နောက်တစ်ဖွဲ့ကတော့ ဒီလိုတွေ ပြန်ဝင်စားနေရတာဟာ ဆင်းရဲဒုက္ခမို့ ဒီဘဝကနေ လွတ်မြောက်ဖို့ အတွက် ကြိုးစားမယ့်အဖွဲ့ပါ။ သူတို့ ကြိုးစားတာကတော့ ရိုးရှင်းပါတယ်။ ပြန်ဝင်စားစရာမရှိအောင် သက်ရှိတွေ တစ်ယောက်မကျန် သတ်လိုက်ရင် သံသရာအေးသွားမယ်ဆိုတာပါပဲ။ အဲဒီလို နှစ်ဖွဲ့ နှစ်ပေါင်းများစွာ အားပြိုင်လာရင်းနဲ့ တစ်နေ့မှာ သူ့ကိုယ်သူ လူဝင်စားမှန်းမသိဘဲ စိတ်ရောဂါရှိနေတယ်ထင်လို့ ပြဿနာတွေ တက်နေတဲ့ မင်းသားကိုတွေ့သွားတဲ့အခါ အဲဒီမင်းသားက သူတို့ နှစ်ဖွဲ့လုံးအတွက် အရေးအကြီးဆုံးလူဖြစ်နေတာကြောင့် အပြိုင်အဆိုင် လာလုကြပါတော့တယ်။ ကမ္ဘာကြီးရဲ့ ကံကြမ္မာကပါ သူ့အပေါ်မှာ မူတည်နေတာကို သိသွားတဲ့အခါ... File Size :(900 MB) Quality : Web-DL 720P Format…mp4 Duration…01:48:00 Genre : Sci-Fi, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Mr.Anderson Encoded by Phyo Pyae

Comedy • Drama
6.6 2021 106 mins
Infinite
Sisi & I
6.8

Sisi & I (2023) ~ IMDb – 6.8/10, Rotten Tomatoes – 80% ~ ခုတင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားဟာဆိုရင်တော့ သာမန်ရိုးရိုး ဂျာမန်ဒရာမာကားတစ်ကားတင်မဟုတ်ဘဲ ဩစတြီးယားဧကရီ အဲလက်ဇဘက်အကြောင်းကို Biography သဘောမျိုး ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားပါ။ ဂျာမန်ဝါရင့်မင်းသမီးနှစ်ဦးဖြစ်တဲ့ Sandra Hüller နဲ့ Susanne Wolff ကနေ ဇာတ်ဆောင်မင်းသမီးနှစ်ဦးအဖြစ်ပါဝင် သရုပ်ဆောင်ထားတာဖြစ်ပြီး ထွက်ထွက်ပြီးချင်း လပိုင်းအတွင်း ဆန်ကာတင်ဆု ၅ ခု ရရှိခဲ့ပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ မြို့စားကတော်အနေနဲ့ မွေးဖွားလာခဲ့ရတဲ့ အိုင်မာဟာ စီစီလို့ လူသိများကြတဲ့ ဩစတြီးယားဧကရီ အဲလစ်ဇဘက်အတွက် အမှုထမ်းရဖို့အကြောင်းဖန်လာပါတယ်။ အိုင်မာကတော့ ငယ်ငယ်ကတည်းက မျိုးရိုးမြင့်တစ်ယောက်အနေနဲ့ ကြီးပြင်းလာခဲ့ရတဲ့အတွက် လောကကြီးကိုစိတ်ကုန်နေတာပေါ့။ ဒါပေမဲ့ မိခင်ရဲ့ တိုက်တွန်းမှုကြောင့် မိသားစုဂုဏ်ကိုထောက်ပြီး ဧကရီဆီမှာ အစေခံဖို့သွားခဲ့ပါတယ်။ အိုင်မာဟာ စီစီ့ဆီကိုရောက်ရောက်ချင်းမှာပဲ ပြင်းထန်တဲ့စမ်းသပ်မှုပေါင်းများစွာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ သူဟာ စီစီ့ကိုမငြင်းဘဲ ရှိရှိတဲ့အတိုင်းရအောင်နေခဲ့ပါတယ်။ တကယ်တော့ စီစီရဲ့ ဘဝဟာလည်း အိုင်မာနဲ့ သိပ်မကွာလှပါဘူး။ ငယ်ငယ်တုန်းက မြို့စားမင်းသမီးအနေနဲ့ပျော်ပျော်ရွှင်ရွှင်နေခဲ့ရပေမဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ ဧကရာဇ်မင်းကြီးရဲ့ ကြင်ယာဖက်အနေနဲ့ ရွေးကောက်ခံလိုက်ရတဲ့အတွက် စီစီ့ရဲ့ဘဝကြီးဟာ လူငယ်ဘဝကိုမခံစားရတော့ဘဲ ကံဆိုးမိုးမှောင်ကျသလိုဖြစ်သွားရပါတယ်။ အဲဒါကြောင့်ပဲ သူဟာ ဧကရီဖြစ်လာပြီးနောက်ပိုင်း ဧကရာဇ်မင်းကြီးနဲ့လည် းနန်းတော်ထဲမှာ အတူမနေ တိုင်းပြည်နဲ့ပတ်သက်တဲ့ကိစ္စတွေကို အရေးမစိုက်တော့ဘဲ ဧကရီအာဏာနဲ့ ဂရိပြည်မှာ လွတ်လွတ်လပ်လပ်သွားနေခဲ့တာပေါ့။ အဲဒီလိုနဲ့ စီစီနဲ့အိုင်မာတို့ ဆုံခဲ့ကြပါတယ်။ သူတို့နှစ်ယောက် စစတွေ့ချင်းကတည်းက ကံမကောင်းအကြောင်းမလှလို့ ဘေးဘီကလူတွေရဲ့ တိုက်ခိုက်မှုကြောင့် နှစ်ယောက်လုံးပြဿနာအသီးသီးခံစားခဲ့ရတာပါ။ ဒါပေမဲ့ အချိန်တွေကြာလာတာနဲ့အမျှ နှစ်ယောက်လုံး တစ်ဦးကိုတစ်ဦးသံယောဇဉ်တွယ်မိသွားပြီး သမိုင်းက စီစီ့ကိုအဆုံးသတ်မသွားခင်အထိ နှစ်ယောက်သားအတူယှဉ်တွဲနေထိုင်ခဲ့ကြပါတယ်။ ဒီဇာတ်ကားထဲမှာတော့ စီစီနဲ့ အိုင်မာတို့နှစ်ယောက် စတွေ့ရာက ဖြစ်ပေါ်လာတဲ့ဒုက္ခပြဿနာတွေအကြောင်းကိုပဲ အဓိကထားရိုက်ကူးထားတာဖြစ်လို့ သမိုင်းကြောင်းအကုန်အစင်မပါပေမဲ့လည်း အဆင့်အတန်းချင်းမတူပေမဲ့ အသက်ထက်ဆုံးမိတ်ဆွေတွေဖြစ်ခဲ့ကြတဲ့ အမျိုးသမီးနှစ်ဦးရဲ့သံယောဇဉ်ကို မြင်သာအောင်ရိုက်ထားတာဖြစ်လို့ လက်ရာမြောက် ဒရာမာဇာတ်ကားတစ်ကားလည်းဖြစ် ဩစတြီးယားဧကရီရဲ့ ဘဝအကြောင်းကိုလည်း သိရှိနိုင်မယ့် ရာဇဝင်ဇာတ်ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 1GB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 2H 12Min Genre – Biography, Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Comedy • Romance
6.8 2023 132 mins
Sisi & I
Ibiza
5

Ibiza (2019) Genre – Comedy IMDB – 5/10 ပေါ့ပေါ့ပါးပါးဖြစ်မယ့် ပြင်သစ် ဟာသကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဖိလစ်ဆိုတာ အသက်ကြီးကြီး ခြေဖဝါးအထူးကု ဆရာဝန်တစ်ယောက်ပေါ့။ ရထားတဲ့ချစ်သူက မကြာသေးခင်မှ ကွာရှင်းထားတဲ့ အသက်ငယ်တဲ့ အမျိုးသမီး ကာရိုးလ်။ သူ့မှာကလည်း အရွယ်ရောက် သားတစ်ယောက် သမီးတစ်ယောက်ရှိတယ် ဖိလစ်လို ဘိုးတော်ကြီးကို သိပ်ပြီး အမြင်ကြည်လင်ကြတာ မဟုတ်ဘူး။ အဲဒီမှာ ကာရိုးလ်သားက စာမေးပွဲ ခဏခဏကျတော့ ဘဲကြီးကနေ စာမေးပွဲအောင်မယ်ဆို သွားချင်တဲ့နေရာ လိုက်ပို့မယ်ဆိုပြီး ပြောလိုက်တော့ အောင်သွားပါလေရော။ ဒီမှာတင် ဆရာသမားလေးက အီဘီဇာ သွားမယ်တဲ့ အီ ဘီဇာဆိုတာ လူတွေ အိပ်တောင် သိပ်မအိပ်ကြပဲ အပျော်အပါးတွေ ပါတီတွေ မူးယစ်ဆေးအစုံ ပွဲပေါင်းစုံရှိတဲ့ စပိန်ကျွန်းစုလေး တစ်ခုပါ ပါတီ လူငယ်တွေရဲ့ နတ်ဗိမာန်ပေါ့။ ဒီမှာတင် ဘဲကြီးလည်း အမေကို လိုချင်တဲ့အတွက် ကလေးတွေနဲ့ အဆင်ပြေအောင်ဆိုပြီး အီဘီဇာကို မဖြစ်သေးတဲ့ မိသားစုလိုက် ခရီးထွက်လိုက်ကြတာ ပေါက်ကရပေါင်းစုံ ဖြစ်ပြီး လွဲချော်ကြတာကို ကြည့်ရှုရမှာပါ။ သားဖြစ်သူရဲ့ အီဘီဇာသွားချင်ရခြင်း အကြောင်းရင်းတို့ သမီးဖြစ်သူကလည်း ဘယ်လိုဖောက်တာတို့ အမေကလည်း အီစီကလီဟောင်းနဲ့ တွေ့ပြီး ပွဲမှာ ဘယ်လိုကြမ်းကြတာတို့ ဘဲကြီးရဲ့ အူူတူတူ အလွဲတွေနဲ့ ဟာသဆန်ဆန် ကြည့်ရမှာပါ။ စာဖိုင်အနေနဲ့ ပြည့်စုံမှု မရှိတဲ့အတွက် တချို့နေရာများကို ရိပ်ကဲဖမ်း ပြန်ထားရလို့ လိုအပ်မှုရှိလည်း ကြိုတောင်းပန်ထားပါရစေပါ။ အီဘီဇာနဲ့ ပတ်သက်တဲ့ ဆိုရိုးလေးကတော့ “မင်းက အီဘီဇာကို ရွေးချယ်တာ မဟုတ်ဘူး အီဘီဇာက မင်းကို ရွေးချယ်တာ” လို့ အဆိုရှိပါလေရဲ့။ File size… 2 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 27m Genre ….. Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

5 2019 86 mins
Ibiza
Project Dorothy
6.3

2024 မှာမှထွက်ရှိထားတဲ့ Project Dorothy ဆိုတဲ့ Sci-Fi, Horror, Thriller ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းလေးကတော့ ဂျိမ်းစ်နဲ့ဘလိတ်ခ်တို့နှစ်ယောက်ဟာ ဓားပြတိုက်ပြီးထွက်လာရာမှာ ရဲတွေလက်ကလွတ်အောင် ရှောင်ပုန်းဖို့လိုအပ်လာပါတယ် အသက်ကြီးနေပြီဖြစ်တဲ့ ဂျိမ်းစ်ရဲ့ခြေထောက်မှာလည်း သေနတ်မှန်ထားတာကြောင့် အဆောက်အအုံပျက်ကြီးတစ်ခုမှာ ပုန်းခိုဖို့ဝင်လိုက်ပါတယ် သူတို့နောက်ကလိုက်လာတဲ့ရဲတပ်သားဟာ ထိုအဆောက်အအုံထဲကိုသူတို့ဝင်သွားတာဖြစ်နိုင်ကြောင်း စခန်းကိုအစီရင်ခံတဲ့အခါ စခန်းကရဲမေမှ ထိုအဆောက်အအုံဟာကန့်သတ်နယ်မြေဖြစ်တာကြောင့် ဝင်မသွားဖို့ သတိပေးဟန့်တားပါတယ် အဲ့ဒါကြောင့် အဲ့ရဲလည်းလှည့်ပြန်လာခဲ့ပါတယ် ဒါပေမဲ့ ဘာမှမသိဘဲ အထဲကိုဝင်သွားခဲ့တဲ့ ဂျိမ်းစ်နဲ့ဘလိတ်ခ်တို့နှစ်ယောက်ရော အဲ့အဆောက်အအုံကြီးထဲမှာ ဘာတွေနဲ့ရင်ဆိုင်ရမလဲ… အဲ့အဆောက်အအုံကြီးကို ဘာလို့ကန့်သတ်နယ်မြေအဖြစ်သတ်မှတ်ထားတာလဲဆိုတာ ကြည့်ရှုလိုက်ရအောင်ပါ File size…(1.5 GB)/(794 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:19:00 Genre…Horror, Sci-Fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by RubyJane

6.3 2024 80 mins
Project Dorothy
DogMan

dogman ဒီကားကတော့ ပြင်သစ်ဒါရိုက်တာ ရိုက်ကူးထားတဲ့ အက်ရှင်ကားပါပဲ။ နာမည်ထဲက အတိုင်း ခွေးလူသား တစ်ယောက်အကြောင်းပါ။ စူပါဟီးရိုးကားမဟုတ်ပေမဲ့ စိတ်ကူးယဉ်ဆန်ဆန်ပဲ ခွေးတွေက သူတို့ရဲ့သခင်ခိုးသမျှကို အတိအကျနားလည်နေပြီ လူတွေကို တိုက်ခိုက်တာ၊ ပစ္စည်းတွေခိုးတာ လုပ်တတ်နေတာပါ။ ဒီရုပ်ရှင်အတွက် လေ့ကျင့်ထားတဲ့ခွေးအစစ်တွေအများကြီးကိုအသုံးချပြီးရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ ဒေါက်ဂလပ်ဆိုတဲ့လူတစ်ယောက်အဖမ်းခံရပြီး သူ့ကို စိတ်ပိုင်းဆိုင်ရာ စစ်ဆေးဖို့ စိတ်ဆရာဝန်မ တစ်ယောက်က သူ့ဘဝအကြောင်းကို အင်တာဗြူးတာနဲ့စတင်ထားပါတယ်။ ငယ်ငယ်ကတည်းက အနိုင်ကျင့်တတ်တဲ့အဖေကြောင့် ခွေးတွေနဲ့ ခွေးလှောင်အိမ်ထဲမှာပဲ နေခဲ့ရတဲ့ကလေးဟာ လူတွေထက်ခွေးတွေကို ပိုချစ်တတ်ပြီး ပိုနားလည်လာသလို ခွေးတွေကလည်း သူ့ကို အပြည့်အဝနားလည်လာကြပါတယ်။ ဒေါက်ဂလပ်ရဲ့ ကလေးဘဝကနေ လူကြီးဘဝအထိ ရုန်းကန်လာရပုံတွေ ခွေးတွေကို ဂေဟာဖွင့်ပြီး စောင့်ရှောက်ထားရင်း ပိုက်ဆံမရှိတော့လို့ သူ့ခွေးတွေရဲ့အကူအညီနဲ့ ခိုးရဝှက်ရပုံတွေ၊ လူတွေကိုကူညီရင်းနဲ့ နောက်ဆုံးမှာ လူမိုက်ဂိုဏ်းကြီးတစ်ခုနဲ့ ရင်ဆိုင်ရပုံတွေကို အမေးအဖြေတလှည့် ဇာတ်ကွက်တစ်လှည့်ပြသသွားတာဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာမို့ ကြည့်လိုက်ကြပါဦး။ File size…(1.6 GB)/(975 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:55:00 Genre…Western,Action, Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

0 2023
DogMan
Dark Blue Almost Black
7.1

IMDb 7.1% Rotten Tomatoes 70% rating လည်းကောင်း ကြည့်လို့လည်း ကောင်းမယ့် စပိန် dark/comedy ကားလေးဖြစ်ပါတယ် လိင်ဆက်ဆံခန်းတွေနဲ့ အသုံးအနှုန်း တချို့ပါတာမို့ မိသားစုနဲ့တော့ မကြည့်သင့်ပါဘူး ဇာတ်လမ်းအကျဉ်းကတော့ Jorge ဆိုတဲ့ လူငယ်လေးတစ်ယောက်က လူမမာအဖေကို ပြုစုပေးရပြီး စီးပွားစီမံဘွဲ့ကို ၇ နှစ်ကြာ ကြိုးစားယူထားပေမဲ့ အတွေ့အကြုံမရှိလို့ တံခါးစောင့်အလုပ်နဲ့ပဲ ဘဝ လမ်းဆုံးနေသူတစ်ယောက်ပါ ငယ်ငယ်ကတည်းက ကြိုက်ခဲ့တဲ့ crush လေးတစ်ယောက် ဂျာမနီမှာ ကျောင်းတက်ပြီး ပြန်လာပေမဲ့ သူ့စိတ်ထဲမှာတော့ ကောင်မလေးနဲ့ယှဉ်ရင် သိမ်ငယ်ရတယ်လို့ အမြဲခံစားရပါတယ် ထောင်ကျနေတဲ့ အစ်ကိုဖြစ်သူ အန်တိုနီယိုက ထောင်ထဲမှာ “Paula” ဆိုတဲ့ အကျဉ်းသူတစ်ယောက်နဲ့ ကြိုက်မိသွားပြီး ဒချိပါတော့တယ် Paula ရဲ့ရည်ရွယ်ချက်က ထောင်ထဲမှာ တခြားအကျဉ်းသူတွေ အနိုင်ကျင့်တာမခံရအောင် “မိခင်နှင့်ကလေး” အဆောင်ကို ပြောင်းခွင့်ရဖို့ ကိုယ်ဝန်ရချင်တာပါ ဒါပေမဲ့ ကံဆိုးချင်တော့ Jorge အစ်ကိုက မြုံနေပြီး သူ့ကောင်မလေးကို ကိုယ်ဝန်ရအောင်လုပ်ပေးဖို့ ညီဖြစ်သူ Jorge ကို အကူအညီတောင်းရပါတော့တယ် ဒီလိုနဲ့ Jorge တစ်ယောက် ထောင်ထဲက “Paula” ကို သူ့ crush လေးထက် ပိုချစ်သွားတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲ လူငယ်တွေရဲ့ အားငယ်စိတ် ပြောင်းလဲလိုစိတ် ရည်မှန်းချက် မိသားစု ငွေရေးကြေးရေးပြဿနာ လိင်ကိစ္စ စတဲ့ အကြောင်းချင်းရာ အဝဝနဲ့ ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်လေးတွေကို ဟာသလုပ်ထားတဲ့ ဇာတ်ကားဖြစ်တာကြောင့် ဝါးလုံးကွဲရယ်ရဖို့ထက် “ဪ” ဆိုပြီး အတွေးရဖို့ များပါတယ် File size…(1.9 GB)/(894 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre…Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan

7.1 2006 105 mins
Dark Blue Almost Black
Wolves
5.3

ဒီနေ့တော့ . 2014ခုနှစ်မှာ ထွက်ရှိထားပြီး IMDb Rating 5.3/10 ရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားကို တင်ပေးပါရစေ။ အဒမ်ဘက်ချာ ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ . ကျောင်းမှာစာတော်ပြီး ကျောင်းအားကစားမှာလည်း ထူးချွန်သူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ အားကစားပွဲတစ်ခုမှာ သူ့ရဲ့ပြိုင်ဘက်အတန်းဖော်က သူ့ကို ကြမ်းတမ်းစွာဆက်ဆံခဲ့တာကိုခံရပြီး စိတ်မထိန်းနိုင်ဘဲ ပြန်လည်တုံ့ပြန်မှုဟာ ကြောက်မက်ဖွယ်ကောင်းလောက်အောင်ဖြစ်ခဲ့ရပြီး သေမလောက်ထိဖြစ်ခဲ့ပါတယ်။ ထိုကိစ္စအပြီးမှာ သူဟာအိမ်မက်ဆိုးတွေလည်းမက်သလို . သူ့ရဲ့စိတ်တွေဟာလည်း အရင်ကထက်ကြမ်းတမ်းရိုင်းစိုင်းလာပါတယ်။ အဲ့လိုဖြစ်ပျက်နေတာကို သူ့ရဲ့ချစ်သူကို ပြောပြရင်းကနေ ဝံပုလွေစိတ်တွေဝင်လာကာ သူ့ရဲ့ဘဝအမှန်ပေါ်လာပြီး စိတ်ဝင်စား ဖွယ်ရာ အဖြစ်အပျက်တွေအများကြီးဖြစ်လာခဲ့ပါတယ်။ ဇာတ်ကားကောင်းလေးဖြစ်ပြီး ကြည့်ရှုဖို့လက်မလွှတ်သင့်တဲ့ကားလေးပါ။ File size… 2 GB / 980 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 31m Genre ….. Action / Fantasy / Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by San Win Maung

5.3 2014
Wolves
Beasts Clawing at Straws
7.1

Beasts Clawing at Straws (2020) ******************************** ဒီတစ်ခါမှာတော့ နာမည်ကြီး မင်းသားမင်းသမီးတွေ ရှယ်ကို ပါဝင်ထားပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ Mystery, Thriller မှုခင်းကားကောင်းလေးကို တင်ဆက်ပေးချင်ပါတယ် ။ သရုပ်ဆောင်တွေအနေနဲ့ နာမည်ကြီးမင်းသား Jung Woo Sung, မင်းသမီးကြီး Jeon Do Yeon, Light Shop ကားထဲက မင်းသား Bae Sung Woo, အမေခန်းတွေရိုက်နေကျ ဝါရင့်မင်းသမီးကြီး Youn Yuh Jung, Nine puzzles ကားထဲက စုံထောက်မင်းသား Jeon Man Sik တို့နဲ့အတူ အခြားသရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထားပါတယ် .. ဇာတ်လမ်းအညွှန်း ************* ဆိပ်ကမ်းအရာရှိတစ်ယောက်ဖြစ်တဲ့ ဂန်ထယ်ယောင်း (Jung Woo Sung) ဟာ ချစ်သူဖြစ်သူ ချေးယူထွက်ပြေးသွားတဲ့ ငွေတွေကို ပြန်ဆပ်ဖို့အတွက် အလုပ်ပင်ပင်ပန်းပန်းလုပ်နေရသူပါ… ဂင်ဂျုံမန် (Bae Sung Woo) ကတော့ နေမကောင်းဖြစ်နေတဲ့ အမေနဲ့ သမီးဖြစ်သူကျောင်းစရိတ် အတွက် ချွေးထုတ်ခန်းမှာ အလုပ်လုပ်ပြီး ငွေရှာနေရသူတစ်ဦးဖြစ်ပါတယ်.. ယောက်ျားဖြစ်သူရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ခံရတဲ့ မီရန်းတစ်ယောက် ဘားမှာ ဖျော်ဖြေရေးသမတစ်ဦး အနေနဲ့ အလုပ်လုပ်ရင်း .. ဂျင်းထယ်ဆိုတဲ့ ကောင်ငယ်လေးနဲ့ တွေ့ကာ .. သူ့ယောကျ်ားကို သတ်ခိုင်းရာကနေစပြီး ကွင်းဆက်လူသတ်မှုဖြစ်ပေါ်လာတဲ့အခါ .. နိမ့်ကျခက်ခဲတဲ့ လူနေမှုဘဝအဆင့်အတန်းနဲ့ ငွေဆိုတဲ့အရာက ဘယ်လိုအခြေအနေမျိုးတွေအထိပါ ဖြစ်စေနိုင်တယ်ဆိုတာကို စိတ်ဝင်စားဖွယ် လှည့်ကွက်ပေါင်းများစွာဖြင့် ရိုက်ကူးထားတာမို့လို့ Beasts Clawing at Straws ဆိုတဲ့ဇာတ်ကားလေးကို ကြည့်ရှုပေးကြပါဦးနော် .. (အညွှန်းကို Theint မှ ရေးသားထားပါတယ်) File size…1.48GB / 635MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 48m Genre ….. Crime, Mystery, Thriller, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Theint Encoded by AHtet

TV Movie • Family • Drama
7.1 2020 108 mins
Beasts Clawing at Straws
The Book of the Witch
4.4

The Book of the Witch (2024) The Book of the Witch ဆိုတဲ့ဇာတ်ကားကတော့ 2024 ခုနှစ်မှာထွက်ရှိခဲ့ပြီး သေရမှာကြောက်တဲ့ ဗစ်တိုးရီးယားရဲ့ အကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်။ ဗစ်တိုးရီးယားဟာ သေခြင်းတရားက လွတ်မြောက်ဖို့အတွက် နတ်ဆိုးမှော်စာအုပ်ခိုးဖို့ ကယ်လီဖိုးနီးယား သဲကန္တာရထဲ စွန့်စားခန်းထွက်တဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ သူ့အလုပ်က ဩဂတ်စ်ဆိုတဲ့ လူကြီးကလဲ သူ့အပေါ်ကို သံယောဇဉ်ရှိရှာပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ကောင်ကြွက်တွေဖြစ်တဲ့အတွက် တစ်‌ယောက်ကိုတစ်ယောက် ဂရုစိုက်ကြပါတယ်။ ဗစ်တိုးရီးယားက ကန္တာရကို ခရီးထွက်ဖို့ပြီး စုန်းမရဲ့စာအုပ်ကိုသွားခိုးမယ့်အကြောင်းကို ဩဂတ်စ်ကိုလိမ်ထားပါတယ်။ အဲ့နောက် အဲ့လိုကိစ္စတွေကို ဩဂတ်စ်က ဘယ်လိုရှာတွေ့သွားမလဲ၊ သူတို့ဘာတွေဆက်ဖြစ်ကြမလဲ၊ စုန်းမကရော တကယ်ရှ်ိတာလားဆိုတာကို ဆက်လက်ရှုစားလိုက်ကြပါဦး။ ဘတ်ဂျက်နည်းဇာတ်ကားဖြစ်တဲ့အတွက် ပုံမှန်ကြည့်နေကြ ဟော်ရာ‌ကားတွေလိုတော့ စိတ်၀င်စားမှုအပြည့်မပေးနိုင်ပေမယ့် သူ့ဟာနဲ့သူတော့ ကြည့်ကောင်းတဲ့ဇာတ်ကားလေးပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ivy Noe ဖြစ်ပါတယ်။) File size… (860 MB) / (370 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror, Thriller Duration…. 01:13:45 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Ivy Noe

Science Fiction • Thriller
4.4 2024 73 mins
The Book of the Witch