YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Running.Man.E683.231210.720p.CM.mp4

620.47 MB N/A video/mp4 253 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Future Cops
6

ဒီကားက တကယ်ဆို ငစားကား။ ဘယ်လိုစားသတုန်းဆို အာနိုးရဲ့ Terminator ကားလို စတိုင်ကိုမှ Dragon Balls တွေ၊ Street Fighters တွေ၊ Fantastic Four ထဲက Reed Richards, Hulk ဘာညာ သာရကာ အကောင်စုံ ပလောင်စုံ ထည့်ထားတယ်။ အချောင်အနေနဲ့ စတီဖင်‌ချောင်ပါ ပါပါသေးတယ်။ စခွက်ပြောင်ပြီး ရိုက်ထားတယ်ဆိုပေမဲ့ သရုပ်ဆောင်တွေကတော့ ပေါ့ပေါ့သေးသေးတွေ မဟုတ်ပါဘူး။ ဟောင်ကောင် ပေါ့ဂီတရဲ့ နတ်မင်းကြီးလေးပါးလို့တင်စားကြတဲ့ အိုင်ဒေါဘဲတွေဖြစ်တဲ့ အန်ဒီလောင်၊ အာရွန်ကော့၊ ဂျက်ကီချောင် နောက် သူတို့ထဲ ကားရိုက်အနည်းဆုံးဖြစ်တဲ့ လီယွန်လိုင် ဒီလေးယောက်စလုံးပါတယ်ပြောရမယ်။ ပထမသုံးယောက်ကတော့ အကောင်လိုက်ကြီး ဝင်ပေါကြပေမဲ့ လီယွန်လိုင်ကတော့ နာမည်နဲ့ပဲ ဝင်ပေါသွားတာပါ။ အရန်သရုပ်ဆောင်တွေကလည်း ကြမ်းတယ်။ John Woo တို့၊ Johnnie To တို့ရဲ့ လက်စွဲ Simon Yam, ငါးကလေးကားနဲ့ လူသိများတဲ့ ငါးကလေးမင်းသား Dicky Cheung, သိုင်းမူဗီပရိသတ်တွေနဲ့ မစိမ်းတဲ့ Ekin Cheng, နောက်ပြီး ရုပ်လေးလှသလောက် အမြဲ Sexy ကျပြီး အဖော်ကားတွေအရိုက်များတဲ့ Chingmy Yau, ဝေါင်ကာဝေးရဲ့ Fallen Angels ထဲ တစ်ခန်းရပ်နဲ့တင် ပရိသတ်ကိုဖမ်းစားနိုင်ခဲ့တဲ့အပြင် Ashes of Time ထဲလည်းပါခဲ့တဲ့ တစ်ကားဆိုတစ်ကားလှတဲ့ Charlie Yeung စသဖြင့် ဟောင်ကောင်ရဲ့စတားစစ်စစ်တွေချည်းပါထားတယ်။ မင်းသမီးတွေက တော်တော်နုသေးတာမို့ အသေလည်းလှတယ်။ ရိုက်တဲ့ဘဲက ဝမ်ကျင်း။ God of Gamblers တို့၊ Naked Killer တို့လိုကားတွေကိုရိုက်တဲ့ဘဲ။ ချောင်ရဲ့အလယ်‌ခေတ်လောက်ကကား တော်တော်များများကိုလည်း ရိုက်ဖူးတယ်။ ဒီတော့ သူ့ကားက ဘယ်လိုပုံစံဖြစ်နေမလဲ တွေးသာကြည့်ပေါ့။ တကယ့်ပေါက်ကရတွေ ဗရုတ်တွေနဲ့ ငစားကားပါပဲ။ ဒါပေမဲ့လည်း တော်တော်လည်းရယ်ရသလို သရုပ်ဆောင်တွေနဲ့တင် တန်တာမို့ ကြည့်သင့်တဲ့ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 795MB Quality - 1080p, 720p IMDb Rating - 5.9/10 Format - mp4 Duration - 1H 35Min Genre - Action, Comedy, Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Adventure • Animation • Comedy • Family • Fantasy
6 1993 95 mins
Future Cops
The Hole in the Fence
6

ပရိတ်သတ်ကြီးကို 2021မှာ ထွက်ခဲ့တဲ့ စပိန်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ် ဒီဇာတ်ကားလေးကတော့ ချမ်းသာတဲ့မိသားစုကနေ ဆင်းသက်လာတဲ့ ကျောင်းသားလေးတွေက လော့စ် ပိုင်းနို့စ်လို့ခေါ်တဲ့ နွေရာသီ ဘာသာရေးစခန်းတစ်ခုကို လာရောက်ကြတဲ့အကြောင်းပဲဖြစ်ပါတယ်။ လော့စ်ပိုင်းနို့စ် ဟာ မြို့ပြင်မှာ သီးခြားတည်ရှိတဲ့ စခန်းတစ်ခုဖြစ်ပြီး သူ့ရဲ့ပတ်ဝန်းကျင်မှာတော့ ချို့တဲ့သော လူတန်းစားတွေနေထိုင်ကြတာပဲဖြစ်ပါတယ်။ စခန်းရဲ့ ရည်ရွယ်ချက်ကတော့ ငယ်ရွယ်တဲ့ ကောင်လေးတွေကို ယောက်ျားတစ်ယောက်အဖြစ် ပြောင်းလဲပေးဖိုပါပဲ။ တစ်နေ့မှာတော့ ကျောင်းသားတွေဟာ စခန်းထဲမှာ ကွင်းဆင်းလေ့လာနေရင်း စခန်းကိုကာရံထားတဲ့ ခြံစည်းရိုးကို တစ်ယောက်ယောက်က အပေါက်ဖေါက်ထားတာကိုတွေ့မိကြပါတယ်။ ဒီအဖြစ်အပျက်ကနေစလို့ ပိုပြီးထူးဆန်းတဲ့အဖြစ်အပျက်တွေ တစ်ခုပြီးတစ်ခုဖြစ်လာတဲ့အခါမှာတော့ စခန်းပတ်ဝန်းကျင်ရဲ့ အခြေအနေအမှန်တွေ ဆရာတွေရဲ့ ရည်ရွယ်ချက်အမှန်တွေ တဖြည်းဖြည်းပေါ်ပေါက်လာတာကို စိတ်ဝင်တစား ကြည့်ရှုရမှာပါ။ ဘာသာရေးနဲ့သက်ဆိုင်တဲ့ ဇာတ်လမ်းတွေကို နှစ်ခြိုက်သူတွေနဲ့ ဆယ်ကျော်သက်ဘဝ ဇာတ်လမ်းတွေကို သဘောကျတဲ့သူတွေအတွက် ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…2.27GB / 0.99GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ..... Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Swam Yi

Action • Adventure • Comedy • Crime
6 2021 102 mins
The Hole in the Fence
Gerald's Game
6.4

ဒီဇတ်လမ်းလေး အကြောင်း မပြောခင် ဝတ္တုကိုရေးတဲ့ စာရေးဆရာက Stephen King ဖြစ်တယ်ဆိုတာ ကြိုပြောပါရစေ ဇတ်လမ်းက ရိုးရှင်းသလား ဆိုတော့ ရိုးရှင်းတ ဟာ Jessie တစ်ယောက် ယ် ရှုပ်ထွေးသလားဆိုတော့လဲ ရှုပ်ထွေးတယ် ပွင့်ပွင့်လင်းလင်းပြောရရင် ဘယ်သူမဆို ကြည့်လို့ နားလည်တဲ့ ရုပ်ရှင်ကား မှန်တယ် ဒါပေမယ့် သေသေချာချာ နက်နက်နဲနဲ တွေးမယ်ဆိုရင် အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတ တွေရယ် တစ်ခြား လူမှုရေး ပြသနာတွေ ရဲ့ အဖြေကို ဒီထဲမှာ  ရှာတွေ့မယ်လို့ ညွှန်းဆိုပါရစေ... Movie Review ============ ဇတ်လမ်း အစမှာတော့ ခရီးထွက်ဖို့ ပြင်ဆင်နေတဲ့ ဇနီးမှောင်နံ နှစ်ယောက်ဖြစ်တဲ့ Gerald နဲ့ Jessie တို့ကို စတွေ့ရမှာဖြစ်ပါတယ် သိပ်မကြာခင်မှာပဲ Gerald နဲ့ Jessie တို့ဟာ ကားလေးနဲ့ လူတွေ နဲ့ ဝေးတဲ့ အိမ်လေး တစ်အိမ်ကို ရောက်သွားခဲ့ပါတယ် မိုင်အတော်ဝေးဝေးက မြစ်ကမ်းဘေးက အိမ်လှလှလေးပေါ့ အဲ့ဒီအိမ်ထဲမှာ Gerald နဲ့ Jessie တို့ အပြင် ဘယ်သူမှ မရှိပါဘူး Gerald ဟာ Jessie ထက် အသက်ကြီးပြီး သူတို့ အိမ်ထောင်ရေးဟာ အိပ်ရာပေါ်မှာ အဆင်မပြေဖြစ်နေတာ လပေါင်းအတော်လေး ကြာပြီး ဖြစ်တဲ့အတွက် ဒီလို အေးချမ်းတဲ့နေရာမှာ အနားယူကာ ထိုကိစ္စကို ဖြေရှင်းဖို့ အပေးအယူ လုပ်ထားကြပါတယ် Geraldလိင်မှုဆက်ဆံရေးမှာ စိတ်မဝင်စားတဲ့ အတွက် ထူးထူးဆန်းဆန်း လိင်ဆက်ဆံမှုမျိုး ပြုလုပ်ချင်ကြောင်း Jessie ကို ဖွင့်ပြောပြီး သဘောတူညီမှု ရယူထားခဲ့ပါတယ်... ဒီလိုနဲ့ သူတို့ နှစ်ဦး သဘောတူထားတဲ့ ကိစ္စ ကို အကောင်အထည်ဖော်ဖို့ စခဲ့ပါတော့တယ် Gerald ဟာ Jessie ကို (နှိပ်စက်နည်းဖြင့် လိင်ဆက်ဆံမှု) ပြုလုပ်ဖို့ ကုတင်မှာ လက်ထိပ်တွေ စခတ်လိုက်ပြီး ချစ်ရည်လူးကြဖို့ နှစ်ဦးသား စတင်တဲ့ အချိန်မှာပဲ Gerald ဟာ အလွန်ကြမ်းတမ်းတဲ့ အပြုအမှုတွေ လုပ်တာကြောင့် Jessie က ငိုပြီး မလုပ်ဖို့ တားမြစ်ပါတယ် ဒါပေမယ့် မွှန်နေတဲ့ Gerald ကတော့ ဆက်လုပ်ဖို့ တာဆူနေပြီး ဆက်လက်အကောင်အထည်ဖော်နေပါတယ် Jessie အသဲအသန် တားတာကြောင့် Gerald ရပ်လိုက်ပြီး စတင်စကားများကာ Jessie က လက်ထိပ်တွေ ဖြုတ်ပေးဖို့ အသနားခံခဲ့ပေမယ့် Gerald က မဖြုတ်ပေးပဲ သူလိုချင်တာပေးဖို့ တောင်းဆိုနေရင်း ရုတ်တရက် နှလုံးသွေးရပ်ကာ လဲကျသွားပါတယ်... Jessie ကတော့ Gerald နောက်နေတယ်ထင်ပြီး မနောက်ဖို့ ပြန်ထလာဖို့ ပြောပါတယ် ဒါပေမယ့် ရုတ်တရက် နှလုံးရပ်သွားတဲ့ Gerald ကတော့ ပြန်မထလာတော့ပါဘူး... ကုတင်တိုင်တွေမှာ လက်ထိပ်ခတ်ခံထားရပြီး လူသူကင်းဝေး တဲ့ နေရာမှာ ဘယ်သူမှ လာမကယ်နိုင်မယ့် အဖြစ်ကို ရိပ်စားမိတဲ့ Jessie တစ်ယောက် စတင် ထိတ်လန့်လာပါတော့တယ်... သူမ ဘယ်လိုလွတ်အောင် ကြံစည်နိုင်မလဲ လူသူမတွေ့နိုင်တဲ့နေရာ သက်ရှိကင်းမဲ့တဲ့နေရာမှာ သူမအတွက် ကြောက်မက်ဖွယ်ကောင်းတဲ့ အရာတွေ ရောက်ရှိလာတော့မယ်ဆိုတာ သူမ မသိသေးတဲ့အခါမှာတော့..... ဒီရုပ်ရှင်ကားကို CM Translator တစ်ဦးဖြစ်သူ Mie Mie မှ ဘာသာပြန်ပေးထားတာဖြစ်ပြီး Movie Review ကိုတော့ ကျနော် Thit San Khant မှ ရေးပေးထားပါတယ်.. Running Time : 1h 43m Format : Mp4 Genre : Horror Subtitle : Myanmar Subtitle (Hard Sub) Translated by : Mie Mie Encode by : Thit San Khant

Comedy • Drama • Romance
6.4 2017 104 mins
Gerald's Game
Alpha Dog
6.9

၂၀၀၀ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ အမှုတစ်ခုကို အခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ” Based on true story ” ဇာတ်ကားလေးကို CMကနေ တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေ အနေနဲ့ အဆိုတော် Justin Timberlakeရဲ့ သရုပ်ဆောင် စကေးတွေကို ဒီကားထဲမှာမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် Trollhunters: Rise of the Titans, The Chinese Widow, The Motel Life, Lone Survivor အစရှိတဲ့ ဇာတ်ကားပေါင်းများစွာကို သရုပ်ဆောင်ထားဖူးတဲ့ Emile Hirschက အထူးမိတ်ဆက်ပေးစရာ မလိုလောက်မယ့် Ben Fosterနဲ့အတူ ယခုဇာတ်ကားထဲမှာ MCအနေနဲ့ သရုပ်ဆောင်ထားပါတယ်။ ဂျော်နီ ထရူးလပ် ဆိုသူက LAမှာ ဆေးရောင်းလိုက် ပါတီတွေနဲ့ ပွဲခံလိုက်လုပ်တတ်တဲ့ drug dealerကြီး ဖြစ်ပါတယ်။ ဂျိတ် မက်ဇာ့စကီးက ဂျော်နီ လက်အောက်မှာ အလုပ်လုပ်တဲ့ ဆေးရောင်းသမားလေးပါ။ တနေ့မှာ ဂျိတ်ရဲ့ကာစတန်မာတစ်ယောက်က ဆေးအတွက် ပိုက်ဆံမပေးဘဲ ညစ်ပတ်လိုက်တော့ ဂျိတ်တစ်ယောက် တိုင်ပတ်ပါပြီ။ ဂျော်နီ့ကို ပေးစရာ ပိုက်ဆံ ဂျိတ်မှာ မရှိပါဘူး။ ဂျိတ်မှာက ဇက် လို့ခေါ်တဲ့ အသက်မပြည့်သေးတဲ့ ညီလေးတစ်ယောက် ရှိပါတယ်။ ဂျိတ် ပိုက်ဆံမပေးတော့ ဂျော်နီက ဂျိတ်ရဲ့ညီလေးကို ဖမ်းခေါ်သွားပါတော့တယ်။ ကိစ္စတွေက အခုမှ စတာပါ။ ဂျော်နီ ထရူးလပ်နဲ့ သူ့ရဲ့ဂိုဏ်းက ဘော်ဒါတွေ ဇက်ကလေးနဲ့ ဘယ်လိုနှစ်ပါးသွားကြမလဲ။ ဇက် တစ်ယောက် ဂျော်နီ့ရဲ့လက်ထဲကနေ လွတ်မြောက်နိုင်ပါ့မလား။ ကိစ္စတွေက ဘယ်လိုကနေ ဘယ်လိုဆက်လက်ဆိုးရွားသွားမလဲ။ အခု reviewက spoiler မပါအောင် အပေါ်ရံလေး ပြောပြထားတာပါ။ ဇာတ်လမ်းက အများကြီး ပိုပြီး fuck up ဖြစ်ပါတယ်။ Bad wordsတွေကို ရှယ်ကို ဘာသာပြန်ထားမို့လို့ ပြီးတော့ ဆဲတာတွေက အများကြီးပါတာမို့လို့လေ မိသားစုနဲ့ ကြည့်ရန်တော့ မသင့်တော့ပါလို့ ပြောချင်ပါတယ်။ ဇာတ်လမ်းနောက်ဆုံးမှာ တကယ့် အပြင်က လူရုပ်တွေနဲ့၊ Video footagesတွေလည်း ပါပါတယ်ခင်ဗျ။ Based on true storyမို့လို့ ရုပ်ရှင်ကြည့်ပြီးသွားရင် တစ်ခုခု ခံစားသွားရမှာ သေချာပါတယ်။ အဲဒီခံစားချက်ကို သိချင်ရင် ရုပ်ရှင်ကို ကြည့်လိုက်ကြဖို့ တိုက်တွန်းပါတယ်။ ထပ်ရေးရင် စာအရှည်ကြီး ဖတ်နေရမှာမို့လို့ Reviewကို ဒီလောက်နဲ့ပဲ အဆုံးသတ်ပါရစေ။ အညွှန်နဲ့ ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.74 GB)/(860 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:02:00 Genre…Drama, Biography, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Minn Khant Kyi Win

6.9 2006
Alpha Dog
Misty Creed
5.8

ဒီဇာတ်ကားမှာ Conjuring Curse ရဲ့ပုံစံအတိုင်းပဲ လျှို့ဝှက်ဆန်းကြယ်ပုံဆက်ပြီးသွားထားပါတယ်။ ထူးဆန်းသတ္တဝါကိုနှင်ဖို့ ရွာသားတွေက မြူနတ်ကို မျက်ကန်းမိန်းကလေးနဲ့ လက်ထပ်ပူဇော်ဓလေ့တစ်ခုရှိခဲ့တယ်။ ဝူရှဲ၊ ကျန်းချီလင်နဲ့ ဝတုတ်တို့က မြူတွေဆိုင်းနေတဲ့တောင်တစ်ခုမှာ ထူးဆန်းသတ္တဝါကဒုက္ခပေးနေတယ်ဆိုပြီး အကူအညီတောင်းလာတဲ့အတွက် မြူနှင်းတောင်ကိုရောက်လာခဲ့ကြတယ်။ တောင်ပေါ်ရောက်စမှာပဲ မြူတွေထဲမှာမျက်စိလည်ပြီးလမ်းပျောက်ကြတော့တာပဲ။ မြူနှင်းတွေကြားမှာဘယ်လို အန္တရာယ်တွေက စောင့်နေမလဲ …… ထူးဆန်းသတ္တဝါရဲ့နောက်ကွယ်မှာဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲ……

5.8 2023
Misty Creed
Super Villain
5.8

ပိချောင်းဟာ အသက် ၄၀ ပြည့်ခါနီး သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ သူနဲ့ အရွယ်တူသူငယ်ချင်းတွေက အောင်မြင်တဲ့ သရုပ်ဆောင်တွေ ဖြစ်နေခဲ့ပေမဲ့ သူကတော့ ပွဲဦးထွက်တာ ကြာပြီး နာမည်မရှိနိုင် ဖြစ်နေပါတယ်။ နာမည်ကြီးချင်တဲ့ ပိချောင်းဟာ မိန်းမနဲ့ ကလေးကို လျစ်လျူရှုမိသလို ဖြစ်နေတဲ့အတွက် မိသားစုဘဝလည်း မသာယာနိုင်ဖြစ်နေပါတယ်။ “သူဌေးကြီးကို ပြန်ပေးဆွဲခြင်း” ဆိုတဲ့ ရုပ်ရှင်မှာ ဗီလိန်ကြီးနေရာမှာ သရုပ်ဆောင်ခွင့်ရလိုက်တဲ့အခါ ပိချောင်းဟာ ဒီဇာတ်ရုပ်နဲ့ လိုက်ဖက်အောင် အပြင်းအထန် လေ့ကျင့်ပါတော့တယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ ကားမတော်တဆဖြစ်ပြီး အတိတ်မေ့သွားပါတော့တယ်။ အတိတ်မေ့သွားတဲ့ ပိချောင်းဟာ ဘေးမှာရှိတဲ့ ရုပ်ရှင်အချက်အလက်ကိုကြည့်ပြီး သူ့ကိုယ်သူ လူသတ်သမားဗီလိန်ကြီးကျောက်တုံးရှန်းလို့ ထင်သွားခဲ့တဲ့အခါ…… သူဌေးကြီးကို ပြန်ပေးဆွဲဖို့ ဘယ်လိုကမောက်ကမ အလွဲတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကို Super Villain ဆိုတဲ့ ဟာသရုပ်ရှင်လေးကို ကြည့်ရှုရယ်မောလိုက်ကြပါဦးနော်။

5.8 2024
Super Villain
Wishmaster 3: Beyond the Gates of Hell
3.5

Genre – Fantasy, Horror နတ်ဆိုးကြီးဂျင် သို့မဟုတ် ဆုတောင်းသခင်ကြီးရဲ့ တတိယကား ဖြစ်ပါတယ်။ ဒီကားမှာတော့ တက္ကသိုလ်ကျောင်းတစ်ခုတည်းမှာ အခြေခံထားတာ ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက မိဘနှစ်ပါးကို ကားမီးလောင်ပြီး ဆုံးရှုံးထားတဲ့ ကျောင်းသူလေး ဒိုင်ယာနာဟာ ပရော်ဖက်ဆာဖြစ်သူနဲ့ ရှေးဟောင်းပစ္စည်းတစ်ခုကို ဖွင့်ကြည့်ရာကနေ ထုံးစံအတိုင်း ဂျင်ဟာ နိုးထလာခဲ့ပါတော့တယ်။ ဒီတော့ အရင်ကားတွေအတိုင်းပဲ နိုးထပေးတဲ့လူကို ဆု ၃ ဆု ဖြည့်ပေးမယ်ဆို ကမ္ဘာကို သိမ်းပိုက်နိုင်မှာ ဖြစ်တဲ့အတွက် ဒိုင်ယာနာ့နောက်ကို လိုက်ပြီး ချစ်ခင်တဲ့လူတွေကို သတ်ဖြတ်ကာ ဆုတောင်း ၃ ခု ပြည့်ဖို့အတွက် ဖိအားလိုက်ပေးတဲ့အခါမှာတော့….။ ဒီကားမှာတော့ ရှေ့ ၂ ကားတုန်းက ဘဲကြီး သရုပ်မဆောင်တော့ပဲ နတ်ဆိုးဂျင်နေရာ နောက်တစ်ယောက်ပြောင်းသွားလို့ ကြည့်ရတာ ဖီးလ်နည်းနည်းကျဲပါတယ်။ ဇာတ်လမ်းပိုင်းမှာလည်း မဆီမဆိုင်တွေ လျှောက်ထည့်ပြီး တခြားကားတွေကို မမှီတာ တွေ့ရပါတယ်။ နောက်ပြီး ဒီကားမှာ ခါတိုင်းလို အသတ်အဖြတ်တွေအပြင် ကိုယ်လုံးတီးခန်းတွေပါ ပါဝင်တဲ့အတွက် ကြည့်ရှုမယ်ဆို သတိချပ်စေလိုပါတယ်ဗျ။ File size… 4.4 GB / 1.3 GB Quality… WEB DL 1080p / 720p Format… mp4 Duration…. 1h 32m Genre ….. Fantasy/ Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Thura Aung

3.5 2001
Wishmaster 3: Beyond the Gates of Hell
Oink
7.1

ခွေးလေး ကြောင်လေးတွေကို အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးတာများပေမယ့် ဝက်ကလေးတွေကိုတော့ အဲဒီလိုမွေးတာ သိပ်မမြင်ဖူးကြဘူးမလား? ဒီကားထဲက Babs ဆိုတဲ့ကောင်မလေးဟာ သူ့ရဲ့မွေးနေ့မှာ သူ့အဖိုးဆီကနေ ဝက်ပေါက်ကလေးတစ်ကောင်ကို မွေးနေ့လက်ဆောင်အနေနဲ့ လက်ဆောင်ရရှိခဲ့ပါတယ်… အချိန်ကြာလာတာနဲ့အမျှ ကောင်မလေးနဲ့ဝက်ကလေးတို့ ကြားက သံယောဇဉ်ကြိုးဟာပိုပြီးခိုင်မာလာခဲ့ပါတယ် ဒါပေမယ့် ကောင်မလေးကို ဝက်ကလေးမွေးနေ့ လက်ဆောင်ပေးတဲ့သူ့အဖိုးရဲ့တကယ့်သရုပ်မှန်က ဘာလဲ… ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကြည့်ရမယ့် Animation ကားကောင်းလေးတစ်ကားဖြစ်ပါတယ် File size…1.39GB / 644MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 12m Genre ….. Animation , Comedy , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eric

7.1 2022
Oink
Udeekan Teriyan
6

Udeekan Teriyan (2023)”ကံကြမ္မာ” ============================= ၂၀၂၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ ပန်ချာပီ အချစ်ဒရာမာရုပ်ရှင်လေးတစ်ပုဒ်ကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဆူခီဆင်းဆိုတဲ့ အဘိုးကြီးတစ်ယောက်ရဲ့ဇနီးဟာ လေယာဉ်ခရီးစဉ်တစ်ခုမှာ ပျောက်ဆုံးသွားခဲ့ပါတယ်။ သူဟာ သူ့ဇနီးကို ရှာပေးဖို့အတွက် ဆိုင်ရာပိုင်ရာကို နေ့တိုင်းတောင်းဆိုပေမဲ့ ဆိုင်ရာပိုင်ရာက အဖက်မလုပ်ခဲ့ပါဘူး။ သူဟာ ဇနီးဖြစ်သူကို ရှာမတွေ့လို့ ပူဆွေးသောကရောက်ပြီး အထီးကျန်နေတုန်းမှာပဲ သူ့လိုပဲ တစ်ပုံစံတည်းကြုံတွေ့ခဲ့ရတဲ့ အာမရီတာဆိုတဲ့ အမျိုးသမီးနဲ့ တဖြည်းဖြည်း ရင်းနှီးသွားခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ဟာ ရိုးရိုးသားသားခင်မင်တာဖြစ်ပေမဲ့ ကိုယ့်ထမင်းကိုယ်စားပြီးသူများအကြောင်းပြောချင်တဲ့ ပတ်ဝန်းကျင်က မဟုတ်တာတွေ သမုတ်လာတဲ့အခါ သူတို့နှစ်ယောက် ဘယ်လိုရင်ဆိုင်ကြမလဲ။ သူတို့လဲ လက်တွဲဖော်တွေကိုရော ပြန်ရှာတွေ့မှာလားဆိုတဲ့ အဖြေတွေကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

6 2023
Udeekan Teriyan
The Roundup: Punishment
7

အားလုံးစောင့်မျှော်နေကြတဲ့ မာဒုန်ဆော့ ကားသစ်ကြီးလာပါပြီ…. ဒီတစ်ခါတော့ အမှုသစ်ကတော့ မူးယစ်ဆေးနဲ့ အွန်လိုင်းဂိမ်းလိမ်လည်တဲ့အမှုတွေကိုဖော်ထုတ်တဲ့ဇာတ်လမ်းဖြစ်ပါတယ်… အစပထမက အမှုသေးလေးလို့ထင်ခဲ့ပေမဲ့ လူသေမှုပေါင်းများစွာဟာ လောင်းကစားဂိမ်းနဲ့ဆက်စပ်နေတာကိုသိတဲ့အခါမှာတော့ စုံထောက်မာတို့ နည်းလမ်းမျိုးစုံနဲ့အမှုလိုက်ဖို့ကြိုးစားပါတော့တယ်… ဒီကားက ရယ်ရတဲ့အခန်းတွေများသလို အက်ရှင်ခန်းတွေလည်း တော်တော်ကြီးကိုကောင်းတာမို့ စောင့်မျှော်ရကြိုးနပ်လိမ့်မယ်လို့ထင်ပါတယ်… File size… 1.74GB / 871MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1hr 49min Genre ….. Action, Crime,Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Miri Stary, Hnin Wai, Treasure Htet & Tiff

Drama • Romance
7 2024 109 mins
The Roundup: Punishment
Heartless Sem Coração
6.6

Heartless (2024) Original title: Sem Coração IMDb Rating (6.6) ဒီဘရာဇီးဇာတ်လမ်းလေးက 1996 ခုနှစ်နွေရာသီ အရှေ့မြောက်ပိုင်း ဘရာဇီးကမ်းခြေက လူငယ်ကလေးတွေဘဝအကြောင်းကို ရိုက်ကူးထားတဲ့ coming-of-age ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းလေးရဲ့ ဇာတ်ကောင်ကတော့ ငါးဖမ်းပြီးအသက်မွေးတဲ့ ရွာငယ်လေးကနေ Braśilia မြို မှာ ကောလိပ်တက်ဖို ပြောင်းရတော့မဲ့ Tamara ဆိုတဲ့ မိန်းမငယ်လေးပါ။ သူမြိုကိုမတက်ခင် အချိန်အတွင်းမှာ ရင်ဘတ်က အမာရွတ်ကြောင့် “နှလုံးသားမဲ့” လိုခေါ်တဲ့ ဆန်းကြယ်တဲ့မိန်းကလေးတစ်ယောက်အပေါ်ကို စိတ်ဝင်စားလာခဲ့တယ်။ Tamara နဲ့ နှလုံးသားမဲ့တို အချိန်အတူတူ ကုန်ဆုံးဖြစ်ရာက Tarama ရဲ့ နှလုံးသားမဲ့အပေါ် စိတ်ခံစားချက်တွေတိုးပွားလာပြီး ငယ်ရွယ်တဲ့မိန်းကလေးတစ်ယောက်ရဲ့ အရေးကြီးတဲ့အပြောင်းအလဲအချိန်မှာ ဖြစ်ပေါ်တတ်တဲ့ ကိုယ့်ကိုယ်ကိုယ် ရှာဖွေတွေ့ရှိမှုတွေ၊ ကိုယ့်ကိုယ်ကိုယ် နားလည်လာမှုတွေကို ပုံပေါ်လာအောင်ရိုက်ကူးထားတဲ့ လူငယ်ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(2.1 GB) / (1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:36:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thwal Htoo Zin

Drama • Horror • Mystery
6.6 2024 95 mins
Heartless Sem Coração
Snatching Gold from the Tiger’s Mouth
5.6

အခုတစ်ခေါက် CM ရဲ့ ပရိတ်သတ်တွေအတွက် တရုတ်-ဂျပန်တော်လှန်ရေးရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- ၁၉၃၇ ခုနှစ်မှာ ဂျပန်စစ်တပ်ဟာ တရုတ်နိုင်ငံနေရာအနှံ့ကို ကျူးကျော်လာပါတယ်။ တရုတ်နိုင်ငံအတွင်းက သယံဇာတအများအပြားကို လုယက်ပြီး စစ်ရေးအသုံးစရိတ်မှာ ထည့်သုံးခဲ့ပါတယ်။ တရုတ်အဌမလမ်းကြောင်တပ်မတော်က စစ်သည်တွေနဲ့ မုဆိုးယွီတုံ့ဖုန်းတို့အတူ အသက်ပေးပြီး အခက်အခဲအဆင့်ဆင့်ကို ဖြတ်ကျော်ကာ ရွှေပို့ဆောင်ရေးခရီးကို စတင်ခဲ့ပါတယ်။ ရွှေပို့ဆောင်ရေးခရီးမှာ ဘယ်လို အန္တရာယ်မျိုးတွေ ကြုံတွေ့ရမလဲ…… ရွှေတွေကို အောင်မြင်စွာ ပို့ဆောင်နိုင်ကြမလား…… ဆိုတာကို ရုပ်ရှင်ထဲမှာ ဆက်လက်အဖြေရှာလိုက်ရအောင်နော်။

Comedy • Thriller • Mystery
5.6 2025
Snatching Gold from the Tiger’s Mouth