YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Running.Man.E610.220703.720p-CM.mp4

751.91 MB N/A video/mp4 974 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Steel Cold Winter
6.3

ယွန်းဆူဟာ သူငယ်ချင်းကို သတ်တဲ့တရားခံဆိုတဲ့ စိတ်ဒဏ်ရာနဲ့အတူ ‌ကျေးရွာလေးကို မိခင်နဲ့အတူ ပြောင်းလာခဲ့သူဖြစ်ပါတယ်။ အဲ့ကျေးရွာမှာ မကောင်းတဲ့ကောလဟာလတွေ အဖြန့်ခံနေရပြီး စိတ်မကျန်းမာတဲ့ အဖေနဲ့အတူတူနေတဲ့ အပယ်ခံဖြစ်နေတဲ့ ဟေးဝန်လည်းရှိနေပါတယ်။ ယွန်းဆူက ဟေးဝန်တို့ရွာကို ပြောင်းလာပြီး ဟေးဝန်ကို ချစ်မိသွားတဲ့အခါမှာ.... ယွန်းဆူက တကယ်ပဲ သူငယ်ချင်းကို သတ်ခဲ့တာလား? ဟေးဝန်ရဲ့ ကောလဟာလတွေကရော တကယ်ပဲလား? သူတို့နှစ်ဦးရဲ့ ဖုံးကွယ်ထားတဲ့တစ်ဖက်ခြမ်းက ဘာဖြစ်မလဲဆိုတာကို လှည့်ကွက်တွေများစွာနဲ့ ကြည့်ရှုရမယ့် thriller ဇာတ်လမ်းလေးပဲဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ P&D ပဲ ဖြစ်ပါတယ်။ Genre..... Drama, Horror Quality…. 1080p | 720p | 480p File size… 1.6GB " 692MB | 340MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... P&D Encoder ..... August

Drama • Romance
6.3 2013 110 mins
Steel Cold Winter
Snoop Dogg Presents: The Bad Girls of Comedy
6.9

Snoop Dogg Presents: The Bad Girls of Comedy (2012) ====================================== IMDb Rating – 6.9/10 အမေရိကန်ရက်ပါအဆိုတော် စနုဒေါ့ဂ်ကို အများစုကတော့ သိကြ မှာပါ။ စနုဒေါ့ဂ်ကအမျိုးသမီးဟာသပြောသူ၅ယောက်ကို စုပြီး ရှိုးတစ်ခု လုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာ အမျိုးသမီးဟာသပြောသူ(၅)ယောက် စင်ပေါ်မှာတစ်ယောက်ချင်း ဟာသတင်ဆက်သွားတာကို ကြည့်ရှုရမှာပါ။ “အမျိုးသမီးတွေက ကိုယ့်ကိုယ်ကိုယ်အိမ်လို့ သဘောထားရမယ်၊ ညနက် တဲ့ထိ အပြင်မှာမနေရဘူး၊ ကိုယ့်အိမ်ထဲကို တစ်ယောက်ယောက် နောက် ပေါက်ကနေ ခိုးဝင်လာလိမ့်မယ်” ဒီဇာတ်ကားထဲကဟာသတစ်ခုပါ။ ဒီဇာတ်ကားက ယောက်ျား၊မိန်းမအကြောင်းကို ဘွင်းဘွင်းရှင်းရှင်း ဟာသ လုပ်ထားတယ်ပဲဆိုပါတော့။ တစ်ကားလုံး ပါးစပ်မစေ့ဘဲ ဆက်တိုက်ရယ် ရချင်မှရယ်ရပါလိမ့်မယ်။ ဒါပေမယ့် တစ်နာရီဆိုတဲ့အချိန်တွင်းမှာတော့ Snoop Dogg ရဲ့ထုံးစံအတိုင်း ပေါက်ကရစကားတွေကတော့ နားထဲပြည့် သွားမှာတော့အမှန်ပါပဲ။ ဒီဇာတ်ကားထဲမှာ 18+ဇာတ်ဝင်ခန်းတွေမပါပေမယ့် လိင်ပိုင်းဆိုင်ရာ ရိုင်းစိုင်းတဲ့အသုံးအနှုန်းတွေ သုံးနှုန်းထားတာမို့လို့ မိသားစု နဲ့ကြည့်ရှုဖို့မသင့်တော်ပါဘူး။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Ngwe Zinမှရေးသားပေးပြီ၊ ဘာသာပြန်ရေးသား ပေးသူများကတော့ Ngwe Zin, May Thet Khine Soe တို့ဖြစ်ပါတယ်) File Size……….(1.2 GB) / (500 MB) Quality…………WEB-RIP 1080p / 720p Duration………1Hr Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy Translator…….Ngwe Zin, May Thet Khine Soe Encoder……….SWM

Comedy
6.9 2012
Snoop Dogg Presents: The Bad Girls of Comedy
Beautiful Pain
7

Beautiful Pain (2016) မိဘရယ်လို့ ဖြစ်လာပြီဆိုရင် သားသမီးတွေကို အဖိုးတန်တဲ့ ပြီးပြည့်စုံတဲ့လူအဖြစ်ပဲ မွေးဖွားလာစေချင်ကြမှာပါ။ ဒါပေမဲ့ ကံတရားကတော့ လူတိုင်းကို ကိုယ်ထင်မှတ်သလို မျက်နှာသာပေးတတ်သူတော့ မဟုတ်ပါဘူး။ ရာဇ်လန်ဟာ ဇနီးဖြစ်သူအလီနာ သားဖြစ်သူဒန်နီရယ်နဲ့အတူ အေးချမ်းတဲ့မိသားစုငယ်လေးတစ်ခုကို ပိုင်ဆိုင်ထားသူပါ။ ဒါပေမဲ့ သားဖြစ်သူဒန်နီရယ်ရဲ့ တစ်နေ့တခြား ပုံမှန်မဟုတ်တဲ့အပြုအမူတွေကြောင့် ရာဇ်လန်ရော အလီနာပါ ရင်ပူနေရပါပြီ။ ရာဇ်လန်ကတော့ ယောက်ျားသားပီပီ အဖြစ်အပျက်တွေကို မသိကျိုးကျွန်လုပ်နေပေမဲ့ အလီနာကတော့ သားဖြစ်သူရဲ့အခြေအနေကို ရိပ်စားမိပြီး ရတက်မအေးဖြစ်နေတာပေါ့။ အလီနာတစ်ယောက် ခင်ပွန်းဖြစ်သူမသိအောင် ကွာလာလမ်ပူမှာရှိတဲ့ ညီမဖြစ်သူရဲ့အကူအညီနဲ့ ကလေးအထူးကုနဲ့ပြကြည့်တဲ့အခါမှာ ဒန်နီရယ်တစ်ယောက် အော်တစ်ဇင်ဖြစ်နေကြောင်း သိသွားရတဲ့အခါမှာတော့… သားဖြစ်သူကို မျှော်မှန်းချက်ကြီးမားခဲ့တဲ့အဖေပီပီ ရာဇ်လန်တစ်ယောက် ဒန်နီရယ်ရဲ့အခြေအနေကို အကြောက်အကန် ငြင်းဆန်နေရရင်းနဲ့ ရုတ်တရက် အလီနာဆုံးသွားတဲ့အခါ သူတို့ဘယ်လိုရှေ့ဆက်ကြမလဲ။ ဘယ်အရာကရော ရာဇ်လန်ကို အခြေအနေတွေကို လက်ခံသွားစေတာလဲ။ မသန်စွမ်းဖြစ်နေတဲ့သားဖြစ်သူရဲ့ အနာဂတ်ခရီးမှာ အဆင်ပြေစေဖို့ ဖခင်တစ်ယောက်အနေနဲ့ သူဘယ်လိုကြိုးစားသွားမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတာဖြစ်တဲ့အတွက် ကြည့်ရှုသူတွေအတွက် လက်တွေ့ဘဝနဲ့ဆက်စပ်တဲ့ အတွေးအမြင်တစ်ခုရသွားစေမှာ အသေအချာပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Drama, Family Quality…. 1080p | 720p | 480p File size… 1.25gB | 660MB | 326MB Format… mp4 Duration…. 1h 54min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. August

7 2016
Beautiful Pain
Taxidermia
6.8

အခုမိတ်ဆက်ပေးချင်တာက သာမာန်ဇာတ်ကားပုံစံနဲ့မတူကွဲထွက်နေတဲ့ ဟန်ဂေရီကားလေးတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ မျိုးဆက်သုံးဆက်ရဲ့ ယောက်ျားသုံးယောက်စီမှာရှိတဲ့ မတူညီတဲ့အမူအကျင့်တွေနဲ့ မတူညီတဲ့ စိတ်အားထက်သန်မှုတွေကို အနှစ်ကျကျရိုက်ကူးထားတာပါ။ ပထမဆုံးမျိုးဆက် အမျိုးသားက အင်မတန်နှာဘူးထတဲ့ကျော်ကြီးပါ။ သူ့ကမ္ဘာမှာ မိန်းမမရှိရင် မရှင်သန်‌နိုင်လောက်တဲ့အထိ တဏှာရမက်ကြီးမားလွန်းတဲ့သူဖြစ်ပါတယ်။ ဒုတိယမျိုးဆက်ဖြစ်တဲ့သူ့သားကတော့ အစားအင်မတန်ကြီးလွန်းသူဖြစ်ပြီး အစားအသောက်ပြိုင်ပွဲတွေမှာ ထိပ်တန်းအဆင့်ရှိသူတစ်ယောက်ဖြစ်ပါတယ်။ ပြီးတော့ သူ့ရဲ့သားနောက်ဆုံးမျိုးဆက်ကတော့ အသက်မရှိတော့တဲ့ အကောင်တွေကို အစာသွပ်ပုံသွင်းတဲ့ ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ သူ့အလုပ်မှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သူဖြစ်တာကြောင့် သာမာန်အစာသွပ်ပညာရှင်တွေ မလုပ်နိုင်တဲ့ကိစ္စမျိုးတွေကို သူ့ကိုပဲ လာအပ်ကြရပါတယ်။ ဒီ မြေးအဖိုးအရင်းတွေရဲ့ မတူညီတဲ့ခံယူချက်၊ စိတ်ထား၊ ဝါသနာနဲ့ အလုပ်အကိုင်တို့ကို စိတ်၀င်စားစရာကောင်းအောင်ရိုက်ကူးထားတာကြောင့် အက်ရှင်တွေ၊ ဒရာမာတွေကနေ ခဏအနားယူလိုသူတွေ ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာတွေ၊ အော်ဂလီဆန်စရာတွေ ပါ၀င်တာကြောင့် ရွံတတ်သူ၊သွေးကြောက်သူတွေကြည့်မယ်ဆိုရင် သတိထားသင့်ပါတယ်။ File size…699.3MB Quality…WEB-Rip 720p Format…mp4 Duration….1h 31m Genre ….. Comedy , Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

6.8 2006 91 mins
Taxidermia
The Judgement [De veroordeling]
7.3

The Judgement [De veroordeling] (2021) ============================= Genre – Biography, Crime, Drama IMDb Rating – 7.3/10 တကယ့်ဖြစ်ရပ်မှန်အပေါ် အခြေခံထားတဲ့ နယ်သာလန်ရုပ်ရှင် ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၉၉၉ ခုနှစ်မှာ ချမ်းသာကြွယ်ဝတဲ့ မုဆိုးမကြီးတစ်ယောက် သေဆုံးမှုကနေ စတင်ခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီမှာ စတွေ့တဲ့သက်သေတွေအရ လောင်ဝက်စ်ဆိုတဲ့လူကို ဖမ်းဆီးလိုက်ကြပါတယ်။ ဒါပေမဲ့ နောက်နှစ်နည်းနည်းကြာလာတော့ ပြန်လွှတ်ပေးလိုက် ကြပါတယ်။ နောက်ပြီးတော့ ဒီအန်အေစစ်တာ ကိုက်ညီတယ်ဆိုပြီး ထောင်ဒဏ် ၁၂ နှစ် ပြန်ချမှတ်လိုက်ပါတယ်။ အဲဒီမှာ နက်ဝေါ့ဆိုတဲ့ ရုပ်သံလိုင်းက သတင်းထောက် ဘတ်စ်ဟန်းဟာ ဒီအမှုနောက်ကို စိန်ခေါ်မှုတွေများစွာနဲ့ သတင်းလိုက်ပြီး အမှန်တရားကို ရှာဖွေပါ တော့တယ်။ တစ်ချိန်တည်းမှာလည်း မောရစ်စ်ဆိုတဲ့လူ ပြောစကား အရ မုဆိုးမကြီးကို သတ်တဲ့လူဟာ သူမရဲ့ လက်တိုလက်တောင်း ခိုင်းတဲ့ မီခေး ဖြစ်နေတယ်လို့လည်း စွပ်စွဲလာပါတယ်။ အဲဒီမှာ သပွတ် အူလို ရှုပ်ထွေးလှတဲ့ အမှုအခင်းကြီး ဘယ်လိုဆက်ဖြစ်ကြမလဲ ဆိုတာ သတင်းထောက်အမြင်နေရာကနေ ကြည့်ရှု ခံစားရမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size……….(1.77 GB) / (667 MB) / (372 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………2Hr 10Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Biography, Crime, Drama Translator…….Thura Aung Encoder……….SWM

Romance
7.3 2021 130 mins
The Judgement [De veroordeling]
Catfish Murder

Catfish Murder ကတော့ Crime, Drama, Thriller အအမျိုးအစား ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ တေလာပါကာဆိုတာက သိပ္ပံပညာရပ်မှာ သိပ်ကိုထူးချွန်တဲ့ စာကြမ်းပိုးတစ်ယောက်။ သူက အထက်တန်းကျောင်းမှာ အနိုင်ကျင့်ခံရတာကြောင့် အိမ်တွင်းပုန်းဗီဒိယိုဂိမ်းပဲ ထိုင်ဆော့နေရင်း အမ်မာဆိုတဲ့ ကောင်‌မလေးတစ်ယောက်နဲ့ အွန်လိုင်းအီစီကလီဆက်ဆံရေးရှိလာခဲ့တယ်။ တစ်ရက် သူက သူနဲ့ Chemistry အတန်းက lab partner ဖြစ်သူ ဆိုဖီယာရဲ့ မွေးနေ့ပွဲကို သူနဲ့အတူတူတက်ဖို့ အမ်မာကိုဖိတ်ခဲ့ပေမဲ့ အစကသဘောတူခဲ့တဲ့ အမ်မာက မလာနိုင်ခဲ့တော့ သူလဲ မွေးနေ့ပွဲကို မသွားဖြစ်လိုက်တော့ဘူး။ ဒါပေမဲ့ မွေးနေ့ညမှာ မွေးနေ့ရှင်ဆိုဖီယာ အသတ်ခံခဲ့ရတယ်။ အဲနေ့ညက တေလာနဲ့ဆိုဖီယာကို အတူတွေ့ခဲ့ပါတယ်ဆိုတဲ့သက်သေနဲ့အတူ တေလာအဖမ်းခံလိုက်ရတယ်။ တေလာအတွက် အပြစ်ကင်းစင်ကြောင်း ပြပေးနိုင်ဖို့ အမေဖြစ်သူနဲ့ ညီမဖြစ်သူတို့က အသည်းအသန်ကြိုးစားကြတဲ့အခါ တကယ့်တရားခံအစစ်က ဘယ်သူဖြစ်မလဲ။ တကယ်ပဲ တေလာကိုယ်တိုင်ဖြစ်နေမလား။ Catfish Murder ဆိုတဲ့ဇာတ်လမ်းအမည်အရ အမ်မာကရော ဒီအမှုနဲ့ဆက်စပ်နေမလား။ ဟင်ခနဲ ဟာခနဲဖြစ်သွားစေရမဲ့ plot twist တွေနဲ့အတူ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ File size…(1.4 GB)/(700 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre…Drama, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Moshimoshi

0 2023
Catfish Murder
To The North
6.4

To the North (2022) ~ IMDb rating – 6.4/10 ~ 1996 တုန်းက ထိုင်၀မ်နဲ့ ဖိလစ်ပိုင်သင်္ဘောသားတွေကြုံတွေ့ရတဲ့ ဖြစ်ရပ်မှန်ပေါ်အခြေခံထားပြီး ကြင်နာမှု ကိုယ်ကျင့်တရား အကြပ်အတည်းနဲ့ ဘုရားသခင်အပေါ် ကိုးကွယ်ယုံကြည်မှုတွေကို မြင်သာအောင် ပုံဖော်ထားတဲ့ဇာတ်ကားကောင်းတစ်ကားပါ။ ရိုမေးနီးယန်းလူမျိုး ကောင်လေး၂ယောက်က မိသားစုအတွက် အလုပ်လုပ်ဖို့ နယူးယောက်ကို သွားဖို့ရာ ကုန်တင်သင်္ဘောတစ်စီးထဲ ခိုးလိုက်လာပါတယ်။ ဒီသင်္ဘောပေါ်မှာ ထိုင်၀မ်အရာရှိတွေနဲ့ ဖိလစ်ပိုင်လူမျိုးသင်္ဘောသားတွေပါလာပြီး ကနေဒါကို ထွက်ခွာလာတာပါ။ ဒူမီထရူနဲ့သူ့သူငယ်ချင်း ခိုးလိုက်လာပြီး သူ့သူငယ်ချင်းအရင်ထွက်လာတဲ့အချိန် ထိုင်၀မ်တွေက မိသွားပြီး ရေထဲပစ်ချလိုက်ပါတယ်။ ဘာသာရေးယုံကြည်သူ ဖိလစ်ပိုင်လူမျိုး ဘိုဆွန်က ကျန်ခဲ့တဲ့ ဒူမီထရူကို ဘုရားသခင်အလိုတော်အရ မသိအောင် ဖွက်ပေးထားပြီး အစာရေစာကျွေးခဲ့ပါတယ်။ ဘိုဆွန့်သူငယ်ချင်းတွေ သိသွားပြီး တားဖို့ကြိုးစားပေမဲ့ ဘိုဆွန်က ဘုရားသခင်ရဲ့ ဒေသနာတော်တွေအ‌ပေါ် သက်ဝင်ယုံကြည်စိတ်နဲ့ ကယ်ပေးဖို့လုပ်ခဲ့ပါတယ်။ ထိုင်၀မ်တွေ သိသွားပြီး အဖွဲ့သားအားလုံးအတွက် သူစိမ်းရဲ့အသက်နဲ့ လဲလှယ်ဖို့လုပ်တဲ့အခါ… ဘိုဆွန်ရဲ့ ယုံကြည်ကိုးကွယ်မှုအတိုင်း ဘုရားသခင်က ကြည့်ရှုစောင်မ,မလား၊ အန္တရာယ်တောထဲပဲ ရောက်မလားဆိုတာကတော့… (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 860MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 2H 3Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

6.4 2022
To The North
The Doorman (O Porteiro)
6.3

ဗော့ဒီစနေ ဆိုတာက နယ်မြို့လေးကနေ ရီယို ဒီ ဂျနေးရိုးမြို့ကိုတက်လာပြီး ကွန်ဒိုတစ်ခုမှာ ဧည့်ကြိုလုပ်ရင်း မိသားစုဘဝလေးတစ်ခုကို ထူထောင်နေခဲ့တဲ့လူပါ။ ဘရာဇီးသားဗော့ဒီစနေ ကြောက်ရတဲ့အရာကတော့ ပဲခူးသားတွေနဲ့အတူတူပါပဲ၊ မိန်းမပါ။ ဗော့ဒီစနေရဲ့ မိန်းမဖြစ်သူ လော်ရီဇီကတော့ ဗော့ဒီစနေကို နိုင်လွန်းသူဖြစ်ပြီး တစ်နေ့တစ်နေ့ ဆူဆူညံညံဖြစ်နေတဲ့ မိသားစုလေးတစ်ခုပါပဲ။ ဒီလိုရိုးသားပြီး သဘောကောင်းတဲ့ လူရိုးကြီးဖြစ်တဲ့အပြင် ကွန်ဒိုမှာနေတဲ့လူတွေ အကူအညီတောင်းသမျှကိုလည်း မညည်းမညူနဲ့လုပ်ပေးတတ်တာမလို့ ကွန်ဒိုက လူတိုင်းကလည်း ဗော့ဒီစနေဆိုရင် သဘောကျကြပါတယ်။ သူ့ကိုအပြစ်မြင်နေသူကတော့ ကွန်ဒိုမန်နေဂျာအသစ် အက်စတိုဖိုပါ။ ဗော့ဒီစနေက ဧည့်ကြိုဆိုပေမဲ့လည်း တာဝန်ချိန်ဆိုရင် ဝင်ပေါက်နေရာမှာရှိမနေဘဲ ကွန်ဒိုမှာနေတဲ့သူတွေကို ပတ်ကူညီနေတာကြောင့် နောက်ဆို ဝင်ပေါက်မှာရှိမနေရင် အလုပ်ဖြုတ်မယ်ဆိုပြီးတော့ပါ သတိပေးထားခဲ့ပါတယ်။ ကွန်ဒိုအစည်းအဝေးလုပ်မဲ့နေ့မှာ ဗော့ဒီစနေတစ်ယောက် သူ့ရဲ့ပုံမှန်အလုပ်တာဝန်တွေလုပ်နေရင်း ကွန်ဒိုတစ်ခုလုံးကို အနုကြမ်းစီးဓားပြတိုက်ခံရလိုက်ရပါတယ်။ ဗော့ဒီစနေကိုလည်း အတွင်းလူ ကြံရာပါအဖြစ် မန်နေဂျာက တိုင်ချက်ဖွင့်လိုက်တာကြောင့် ဗော့ဒီစနေတစ်ယောက် ရဲစခန်းရောက်သွားခဲ့ပါပြီ။ ဒီလိုနဲ့ ဓားပြမှုကြံရာပါအဖြစ်ကနေ ဗော့ဒီစနေတစ်ယောက် အပြစ်မရှိကြောင်းသက်သေပြပြီး ပြန်လွတ်လာနိုင်မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ ဘရာဇီး ဟာသရုပ်ရှင်ကားဖြစ်တဲ့အပြင် ဟာသတွေကိုလည်း ရုပ်တည်ကြီးတွေနဲ့ဖောက်နေကြတာမလို့ အူနှိပ်နေအောင် ရယ်နေရမှာသေချာပါတယ်။ File size…(1.4 GB)/(730 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by TMMT

6.3 2023 83 mins
The Doorman (O Porteiro)
Sathiya Sothanai
7.6

Sathiya Sothanai (2023) “အမှန်တရားရဲ့တိုက်ပွဲ” IMDb 8.6/10 ၂၀၂၃ အစောပိုင်းက ထွက်ရှိခဲ့တဲ့ “A Jackfruit Mystery” ဆိုတဲ့ ဇာတ်လမ်းရဲ့ပိန္နဲသီးပျောက်ရှာပုံတော်လိုမျိုး ယခုတစ်ခေါက် Sathiya Sothanaiဆိုတဲ့ဇာတ်လမ်းထဲမှာတော့ အလောင်းပျောက်ရှာပုံတော်ကို ကြည့်ရှုရမှာပါ။ ဒီဇာတ်လမ်းထဲမှာ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့သူတွေကတော့ Premgi Amaren, Swayam Siddhaနဲ့ Reshma Pasupuletiတို့ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ … ရွာပြင်က စားကျက်မြေမှာ ဆိုင်ကယ်ပတ်စီးနေတဲ့ ရိုးသားတဲ့ဖိုးသခွားလေး ပရာဒိတစ်ယောက် လူတစ်ယောက် သေနေတာကို မြင်လိုက်ရပါတယ်။ ဒီလိုနဲ့ ပရာဒိဟာ သက်သေတွေပျောက်မှာစိုးပြီး အလောင်းဆီက လက်ဝတ်ရတနာတွေကို သူ့ကိုယ်ပေါ်ပြောင်းဝတ်လို့ ရဲစခန်းဆီ ဦးတည်ခဲ့ပါတယ်။ လမ်းမှာ အဘွားကြီးတစ်ယောက်နဲ့တွေ့လို့ ပတ်ရစ်ပြီး ဘွားတော်ပါ ဆိုင်ကယ်ပေါ်တင်လာခဲ့ပါတယ်။ ဒီလိုနဲ့ ရဲစခန်းကို ရောက်သွားပြီး ရဲတွေပြန်အလာကို စောင့်နေတုန်း ကိုယ်ပေါ်က ပစ္စည်းတွေ ပျောက်သွားပါတယ်။ ပစ္စည်းတွေကလည်းပျောက် တိုင်စရာကလည်း မရှိနဲ့ ရွာပဲ ပြန်မယ်ဆိုတော့ ရဲတွေက အလောင်းကို လိုက်ပြခိုင်းခဲ့ပါတယ်။ ဒီလိုနဲ့ အလောင်းတွေ့ခဲ့တဲ့ဆီ ရောက်သွားတော့ အလောင်းပါ ပျောက်နေပါလေရော။ ဒီလိုကနေ လူရိုးလေးပရာဒိတစ်ယောက် လူသတ်မှု‌ထဲ ရောက်လာတဲ့အခါမှာတော့ လောဘကြီးတဲ့ ရဲတွေရဲ့ လက်တွေကနေ ဘယ်လိုမျိုး ရုန်းထွက်မလဲဆိုတာ အလွဲလွဲအချော်ချော်တွေနဲ့ ဇာတ်လမ်းလေးကို ကြည့်ရှုခံစားလိုက်ကြပါစို့နော်။(ဒီဇာတ်လမ်းကိုတော့ V ~ ToMo ~ KKKZ ~ Dee တို့က ညွှန်းဆိုဘာသာပြန်ထားပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

Comedy • Adventure
7.6 2023
Sathiya Sothanai
3 Idiot Heroes
7

3 Idiot Heroes (2023) ================ ဇာတ်လမ်းနာမည်အတိုင်းပဲ “အရူးဟီးရိုး ၃ ယောက်” ရဲ့အလွဲတွေကို အသားကုန်ခွီရမယ့် ဟာသကားသစ်လေးပါ။ တောပုန်းဓားပြတွေသောင်းကျန်းတဲ့ခေတ်မှာ ရွာသူရွာသားတွေခမျာ ခက်ခက်ခဲခဲရှင်သန်နေထိုင်ကြရတာပေါ့။ အဲဒီလိုတောပုန်းဓားပြရန်ကိုခံရတဲ့အထဲ “လဘျူ” ရွာလည်း အပါအဝင်ပါပဲ။ တစ်နေ့ လဘျူရွာသူရွာသားတွေပိုင်တဲ့ မျိုးစေ့တွေကို တောပုန်းဓားပြညီနောင်တို့အဖွဲ့က ဓားပြလာတိုက်ကြရာကနေ ရုန်းရင်းဆန်ခတ်တွေဖြစ်ပြီး ဓားပြခေါင်းဆောင်ရဲ့ညီဖြစ်သူသေသွားပါလေရော။ အဲဒီလိုနဲ့ ဓားပြတွေကလဲ့စားပြန်ချေမှာကိုကြောက်သွားကြတဲ့ လဘျူရွာသားတွေထဲကမှ ထွက်မပြေးဘဲ ဓားပြတွေနဲ့ရင်ဆိုင်မယ်ဆိုတဲ့ သူရဲကောင်းသူငယ်ချင်း ၃ ယောက်ပေါ်ထွက်လာပါတော့တယ်။ ? ကိုင်ဓားပြတွေနဲ့ယှဉ်တိုက်ဖို့ဖြစ်လာပြီမို့ ? ဝယ်ဖို့ ၃ ယောက်သား “ဒုံဖယာယင်” ကိုအသွားလမ်းတစ်လျှောက်ကြုံရမယ့်အလွဲတွေကိုခွီနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ အညွှန်းကိုတော့ Shin Shin က ရေထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ Laii, Mary, Shin, Cali တို့ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 1080p | 720p File size… 1.8GB | 683MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Laii, Mary, Shin, Cali Encoder ….. Aaron

Crime • Thriller • Drama
7 2023
3 Idiot Heroes
Karen

Karen (2021) Genre – Crime, Drama, Thriller မာလစ်နဲ့ အီမာနီတို့ လင်မယားဟာ မြို့နဲ့သိပ်မဝေးတဲ့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုကို ဘဝသစ်တစ်ခု စတင်ဖို့ ပြောင်းရွှေ့လာကြတဲ့ လူမည်း လင်မယားစုံတွဲလေးပါ။ ဒါပေမဲ့ သူတို့ရောက်လာတာတော့ လူဖြူတွေ ရှိကြတဲ့ မှုခင်းအင်မတန် နည်းပါးတဲ့ ရပ်ကွက်လေးတစ်ခုပေါ့။ ဒီလိုနဲ့ စနေတဲ့အချိန် ဘေးချင်းကပ်ရပ်က ကလေးနှစ်ယောက်အမေ ရပ်ကွက်ဥက္ကဌလိုမျိုး ကယ်ရန်ဆိုတာနဲ့ စပြီး တွေ့ခဲ့ကြတယ်။ သူတို့ ပြောင်းလာပြီး ကယ်ရန်ဆိုတဲ့ အမျိုးသမီးက ကင်မရာတွေတပ်တယ် အမူအရာတွေလည်း စတင် ပြောင်းလဲလာတာပေါ့။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ကယ်ရန်ဆိုတဲ့ အမျိုးသမီးရဲ့ နောက်ကွယ်က စစ်မှန်တဲ့ ရည်မှန်းချက်တွေ သိလာရတဲ့အချိန်မှာ မာလစ်တို့ လင်မယား ဘယ်လိုတွေဆက်ဖြစ်ကြမလဲ….။ File size… 1.7 GB / 732 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 29m Genre ….. Crime/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

0 2021
Karen
City of Joy
6.5

City of Joy (1992) Dominique Lapierre ရဲ့ City of Joy ကို မြသန်းတင့် ဘာသာပြန်ထားတဲ့ သုခမြို့တော်စာအုပ်ကြောင့်ပဲ ဒီရုပ်ရှင်ကို မကြည့်ဖူးရင်တောင် တော်တော်များများ ရင်းနှီးပြီးကြမှာပါ။ ဇာတ်ကတော့ အကုန်သိကြပြီးသားပါပဲ။ မြသန်းတင့်စာအုပ်နောက်ကျောမှာ ရေးထားတဲ့အတိုင်းဆို “အံ့မခန်းကြီးကျယ်၍ အလျှံပယ်ကြွယ်ဝသော အိန္ဒိယပြည် ကာလကတ္တားမြို့ရှိ သုခမြို့တော်ဟုခေါ်သော လူဆင်းရဲရပ်ကွက်တစ်ခုမှ အမွဲ့တကာ့ထွဋ်ခေါင် ဖွတ်မင်းနောင်တို့၏ မယုံနိုင်စရာ မယုံရက်စရာ အဖြစ်သနစ်များ” တဲ့။ ဒါကတော့ စာအုပ်အတွက်ပဲ မှန်ပါလိမ့်မယ်။ ရုပ်ရှင်မှာတော့ ကွာခြားမှုက တော်တော်ကြီးပါတယ်။ စာအုပ်မှာတော့ သုခမြို့တော်ဆိုတဲ့နေရာရဲ့ စိတ်ညစ်ညူးဖွယ်မြင်ကွင်းတွေ အခြေအနေတွေကို ကွက်ကွက်ကွင်းကွင်းမြင်အောင်ပြသွားသလို ရှင်သန်မှုကို အရှုံးမပေးတဲ့ ကာလကတ္တားက နင်းပြားတွေရဲ့စိတ်ဓာတ်ကိုလည်း သိသိသာသာကိုပြထားတယ်။ ဒါကြောင့်လည်း “လူ့စိတ်အားမာန်ရဲ့အမြင့်ဆုံးတန်ဖိုးကို ခင်းကျင်းပြသထားတယ်”လို့ဆိုပြီး ခရစ္စတိုဖာဆုရထားခဲ့တယ်။ ဗမာပြန်တဲ့စာအုပ်မှာလည်း အမျိုးသားစာပေဆုရထားတယ်။ ဗြိတိန်ဒါရိုက်တာ Roland Joffé ရိုက်တဲ့ ဒီရုပ်ရှင်ကတော့ ချီးကျူးရမလား ထဆဲရမလားဆိုတာ ပြောဖို့ခက်တယ်။ ဒီရုပ်ရှင်ကို သူတို့ Inde Film တစ်ကားလိုသာ ရိုက်ရင်တော့ စာအုပ်ကို ဖမ်းဆုပ်မိမှာပဲ။ ဒါပေမဲ့ အခုသူတို့ရိုက်ထားတဲ့ပုံက သမားရိုးကျ ရုပ်ရှင်စံနှုန်းလို့ပြောရမယ့် မိန်းစထွင်းရုပ်ရှင်အများစုမှာ တွေ့မြင်ရများတဲ့ ပုံစံအတိုင်း ရိုက်ပြထားတယ်။ ပြောရရင် ဇာတ်ဆောင် (Protagonist) ပါတယ်။ ရန်ဘက် (Antagonist) ပါတယ်။ Hero’s journey ဇာတ်ညွှန်းသီဝရီအတိုင်းပဲ ဇာတ်ဆောင်က စွန့်စားခန်းထွက်လာ ထူးခြားတာတွေနဲ့ကြုံ စိန်ခေါ်မှုတွေနဲ့ကြုံ လဲကျ ပြန်ထ အဆုံးမှာ ဟီးရိုးနိုင်။ ဒီဘောင်ထဲပဲပုံဖော်သွားတယ်။ ဆိုတော့ စာအုပ်မှာလို ဇာတ်လိုက်က “သုခမြို့တော်”ဆိုတဲ့ နေရာကြီးမဟုတ်တော့ဘဲ ဆရာဝန်ဖြစ်တဲ့ မက်စ်ဖြစ်သွားတယ်။ ကိုဗာစကီးတော့မပါဘူး။ သူ့အစားသုံးထားတဲ့ အမျိုးသမီးဇာတ်ကောင်တော့ပါတယ်။ မာသာထရီဆာနဲ့ ကိုဗာစကီးကို ပေါင်းပေးလိုက်သလိုလို ဇာတ်ကောင်ပါပဲ။ နောက် ဇာတ်ဆောင်နဲ့ ရန်ဘက်ကြားက တိုက်ပွဲကို အရှိန်ကောင်းလာအောင်ပုံဖော်ဖို့ စာအုပ်နဲ့မတူဘဲ ဇာတ်ပို့တွေရဲ့ အနေအထားတွေ စကားတွေကိုလည်း အများကြီးပြောင်းလဲထားတယ်။ အဆုံးသတ်ကိုလည်း တော်တော်လေးပြောင်းလဲပစ်ထားတယ်။ တစ်ခုရှိတာက ရုပ်ရှင်ထဲက ကာလကတ္တားဟာ လက်တွေ့ကျတယ်လို့ မှတ်ချက်ချကြပေမဲ့ စာအုပ်လိုမျိုး “သုခမြို့တော်”ရဲ့ အနိဠာရုံတွေကို မမြင်ရဘဲ သာမန်ညောင်ညလောက်သာ ဖြစ်နေတယ်။ ပြောရရင် စာအုပ်ကပေးတဲ့ စိတ်ညစ်ညူးစရာမျိုး ရုပ်ရှင်မှာမရှိဘူး။ သာမန်ရုပ်ရှင်တစ်ကားလိုပဲ ပုံဖော်ထားတယ်။ ချီးကျူးရမယ့်အပိုင်းက သူရိုက်ပြတဲ့ ပုံစံက လူတော်တော်များများ အကြိုက်တွေ့လောက်တဲ့ပုံစံမလို့ပါပဲ။ အင်ဒီဖလင်တစ်ကားလိုသာရိုက်ထားရင်တော့ ပျင်းချင်ပျင်းကြလိမ့်မယ်။ ပန်းဆက်လမ်းက မန့်တစ်ခုမှာ တွေ့မိတာက “စာအုပ်ကို စာအုပ်ကိုဖတ်ရတာက ရုပ်ရှင်လို ဇာတ်လမ်းဇာတ်ကွက်စိပ်စိပ် ဖန်တီးထားတာမဟုတ်တော့ ဝေ့ဝိုက်ပြီး (ကျွန်မအမြင်အရ) နည်းနည်းပျင်းစရာကောင်းတယ် ထင်မိပါတယ်” တဲ့။ ဆိုတော့ ရုပ်ရှင်ဟာ စာအုပ်ကို မဖမ်းဆုပ်မိပေမဲ့လည်း တချို့အတွက်တော့ ရုပ်ရှင်ပုံသေနည်းအတိုင်းပဲရိုက်ပြီး ပေါ့ပါးသွက်လက်နေတဲ့ ဒီရုပ်ရှင်က လေးလံစိတ်ညစ်ညူုးစရာကောင်းတဲ့ စာအုပ်ထက် အဝင်ပိုလွယ်တယ်။ ပိုသဘောကျကြတယ်။ ဒီလိုရိုက်နိုင်တာကို ချီးကျူးရမှာပါပဲ။ ဆန်းတော့မဆန်းပေမဲ့ပေါ့။ ဆဲရမှာကတော့ စာအုပ်ရဲ့အဓိကဖြစ်တဲ့ သုခမြို့တော်က နင်းပြားတွေရဲ့ ဘဝကို အရှုံးမပေးတတ်တဲ့ စိတ်ဓာတ်ကို မဖမ်းဆုပ်နိုင်လို့ပါပဲ။ ကျန်တာတော့ ကျွန်တော့်အနေနဲ့တော့ လက်ခံပေးလို့ရတယ်။ ဒါကို ဒါရိုက်တာက သိခဲ့သလားတော့မသိပါဘူး။ တဂိုးရဲ့စကားတစ်ခွန်းကို ရုပ်ရှင်အဆုံးမှာထည့်ပြီး ဒီအနေကို နည်းနည်းတော့ ပြန်ကာမိအောင် လုပ်ထားခဲ့တယ်။ ဟာရီစပါးရဲ့အတွေးအခေါ်အနေနဲ့ပေါ်လွင်အောင် လုပ်ဖို့ ဟာရီစပါးနာမည်နဲ့ ထည့်ထားတယ်။ ရထိုက်တဲ့ကံမပါရင် ဆုံးရှုံးရမှာပဲဆိုတဲ့စကားပါပဲ။ “All That Is Not Given Is Lost” တစ်နည်းပြောရရင် သန်းတင့်ရဲ့ ခင်ဖုန်းသက်ဝေထဲက စာသားအတိုင်း “ဘယ်လိုဆုကိုတောင်းတောင်း ထိုက်တန်သမျှသာ ဆုတောင်းပြည့်တာ ကြားဖူးမှာပါ“။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 5GB, 2.05GB Quality – BluRay 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 2H 12Min Genre – Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Animation • Drama • Science Fiction
6.5 1992
City of Joy
Bodyguard 3
5.6

သာမန်ရုပ်ရည်နဲ့ကောင်းထျန်းတစ်ယောက်ဟာ ရုပ်ချောချောကောင်မလေးတစ်ယောက်ကို ရည်းစားတော်ထားရတော့ သည်းသည်းလှုပ်အရမ်းချစ်ပါတယ်။ တစ်နေ့မှာ ကောင်မလေးကကျွန်းတစ်ကျွန်းပေါ်အပန်းဖြေခရီးထွက်နေတဲ့အချိန်မှာ လူတစ်စုဖမ်းသွားတာကိုခံရပါတယ်။ ကောင်မလေးကိုတစ်သက်လုံးစောင့်ရှောက်ပါမယ်လို့ ကတိပေးထားတဲ့ ကောင်းထျန်းဟာ ကောင်မလေးကိုရေကုန်ရေခန်းလိုက်ရှာပါတော့တယ် ရည်းစားလေးကိုလိုက်ရှာရင်းနဲ့မှ ဒီအဖွဲ့အစည်းက လူကုန်ကူး၊မူးယစ်ဆေးအရောင်းအဝယ်၊ ရှေးဟောင်းပစ္စည်းမှောင်ခိုအရောင်းအဝယ်စတဲ့ တရားမဝင်တဲ့အလုပ်တွေအကုန်လုပ်တဲ့အဖွဲ့ဆိုတာသိလိုက်ရပါတယ်။ ဒီလူဆိုးအဖွဲ့ကိုသက်တော်စောင့်လေးတစ်ယောက်ကဘယ်လိုအလွဲတွေကြားမှာ တွန်းလှန်နိုင်ပါ့မလားဆိုတာကို ကြည့်လိုက်ပါဦးနော်။

5.6 2025
Bodyguard 3
Love Wine & Salt: A Tuscan Romance
5.4

Love Wine & Salt: A Tuscan Romance (2024) ဒီကားဟာဆိုရင် Italy နိုင်ငံရဲ့ Tuscany ပြည်နယ်ရှိ တောင်ကုန်းတွေပေါ်က စပျစ်ခြံတွေအကြားမှာ ရိုက်ကူးထားသော အချစ်ဟာသဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ အဖိုးအိုနဲ့ Roberta ၊ Claudia ၊ Georgia ဆိုတဲ့မြေးမလေးသုံးယောက်တိုဟာ ငွေရေးကြေးရေးအခက်အခဲကြောင့် သူတိုရဲ့ အိမ်၊ စပျစ်ခြံနဲ့ ဝိုင်သိုလှောင်ခန်းကို ရောင်းရဖိုဖြစ်လာတယ်။ သိုပေမဲ့ မြေးမလေးတွေမှ အိမ်နဲ့ခြံမရောင်းရဖိုအရေး အကြံထုတ်ရာမှ အိမ်ကို တည်းခိုခန်းအဖြစ်ပြောင်းလဲဖို အကြံရသွားတယ်။ မိန်းမလှလေးတွေ ဦးစီးတဲ့တည်းခိုခန်းဖြစ်သည့်အလျှောက် လာတည်းခိုတဲ့ ဧည့်သည်တွေမှာ ယောကျာ်းလေးများဖြစ်ပြီး မြေးမလေးတွေကို အမြဲစိုးရိမ်နေနဲ့အဖိုးနဲ့ ဧည့်သည်တွေအကြား မကြာမကြာပြဿနာတက်ကြတာပေါ့။ Germany မှ Ali ၊ Allan ၊ Thomas သူငယ်ချင်းသုံးယောက်ဟာလည်း Italy ကို အပန်းဖြေခရီးထွက်လာရာ မြေးမလေးတွေရဲ့တည်းခိုခန်းမှာတည်းရင်း မမျှော်လင့်ပဲ အချစ်ဇာတ်လမ်းတွေဖြစ်လာပါတယ်။ ဒါကို အဖိုးဖြစ်သူက သိရှိသွားပြီးတော့ သူငယ်ချင်းသုံးယောက် ဘယ်လိုပြဿနာတွေတက်ကြမလဲ၊ သူတိုချစ်တဲ့ ကောင်မလေးတွေနဲ့ရော ပေါင်းစည်းနိုင်မလားဆိုတာကတော့ ဒီ Love, Wine & Salt: A Tuscan Romance ဆိုတဲ့ ပေါ့ပေါ့ပါးပါး အချစ်ဟာသဇာတ်လမ်းလေးကို ကြည့်ရှုပေးကြပါဦးနော်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Morana ဖြစ်ပါတယ်။) File size… (1.4 GB) / (640 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Romance Duration…. 01:20:21 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Morana

5.4 2024 80 mins
Love Wine & Salt: A Tuscan Romance
Devil’s Double Next Level
5

DD Next Level 2025 “သတ္တိဗျတ္တိ” IMDb – 4.8/10 Dhilluku Dhuddu ရုပ်ရှင်စီးရီးရဲ့ လေးကားမြောက်ရုပ်ရှင်ထွက်ရှိလာပါပြီ။ ရှေ့ကားတွေလိုပဲ အခွီတွေ လန့်စရာတွေနဲ့ ခပ်ဆန်းဆန်းပေါင်းဆက်ထားတဲ့ ရုပ်ရှင်ကားပါ။ Kissa47ဆိုတဲ့နာမည်နဲ့ ရုပ်ရှင်တွေကို ဝေဖန်လေကန်တဲ့ နာမည်ကျော်ရီဗျူဝါကတော့ ခရစ်ရှ်နာ။ အိမ်မှာတော့ ဘာမှလက်ကြောမတင်းတဲ့ သောက်ဖျင်းလေးပေါ့။ ရုပ်ရှင်ဆိုတာ လူတိုင်းချစ်ခင်နှစ်သက်သင့်တဲ့အရာ၊ အဲဒါကိုဘယ်သူမှ လှောင်ပြောင်ဝေဖန်တာမျိုး မလုပ်သင့်ဘူးဆိုတဲ့ ဒါရိုက်တာဟစ်ချ်ကော့။ တစ်ရက်တော့ ဒါရိုက်တာ ဟစ်ချ်ကော့ဆီကနေ ခရစ်ရှ်နာဆီကို အထူးပွဲကြည့်ဖို့ တစ်မိသားစုလုံးကြွရောက်လာပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ အဲဒီမှာပဲ ထင်မထားလောက်တဲ့ ဇာတ်လမ်းသွားရယ် အခွီတွေ လန့်စရာတွေအပြည့်မို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

Action • Thriller
5 2025 131 mins
Devil’s Double Next Level