YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Running.Man.E584.211219.1080p.CM.mp4

1.24 GB N/A video/mp4 1342 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Rushmore
7.4

Rushmore (1998) ~ IMDb - 7.6/10, Rotten Tomatoes - 90% ~ ဒီဇာတ်ကားဟာ Moonrise Kingdom, The Grand Budapest Hotel, Fantastic Mr. Fox တို့နဲ့နာမည်ကြီးတဲ့ဒါရိုက်တာ Wes Anderson ရိုက်ကူးခဲ့တဲ့ ဒုတိယမြောက်ကားဖြစ်ပါတယ်။ Wes Anderson ရဲ့ဇာတ်ကားတွေက ခေါက်ချိုးညီရိုက်ချက်တွေ၊ လှပတဲ့အရောင်တွေအလှတွေထည့်သွင်းအသုံးပြုတာတွေ၊ ဇာတ်လမ်းဇာတ်ညွှန်းထူးဆန်းမှုတွေနဲ့ နာမည်ကြီးပါတယ်။ ဒီဇာတ်ကားက ၁၉၉၀ ကျော်ကကားလို့မထင်ရအောင်ကိုခေတ်မှီပြီး ပုံစံကလုံးဝကို Unique ဖြစ်ပါတယ်။ ဟာသကားလို့ Genre တပ်ထားပေမဲ့လို့ လုံးလုံးဟာသကားမျိုးဖြစ်နေတာမဟုတ်ဘဲ Deep တဲ့သဘောသဘာဝတွေကိုနှစ်မြှုပ်ထားပါသေးတယ်။ ဒီဇာတ်ကားရဲ့​ကျောရိုးကို ဇာတ်ဆောင်သုံးဦးနဲ့ဖွဲ့စည်းထားပါတယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့မက်စ်က အသက် ၁၅ နှစ်အရွယ် အထက်တန်းကျောင်းသားဖြစ်ပြီး ရက်ရှ်မိုးလို့ခေါ်တဲ့ ကိုယ်ပိုင်ကျောင်းမှာ စကောလားရှစ်နဲ့တက်ရောက်နေသူဖြစ်ပါတယ်။ စကောလားရှစ်ရထားတာဆိုပေမဲ့ အသင်းအဖွဲ့တွေ ဘာ Club ညာ Club ဖွဲ့တာတွေစတဲ့ Activity တွေမှာသာအားစိုက်ပြီး စာမှာညံ့ဖျင်းတဲ့ကျောင်းသားမျိုးဖြစ်နေပါတယ်။ အသင်းအဖွဲ့ပေါင်းများစွာဝင်ထားပြီး ပြဇာတ်ရေးတာကိုအားသန်သူပါ။ မက်စ်ဟာ ကျောင်းရဲ့ပင်တိုင်အလှူရှင် ဟာမန်ဘလူးမ်ကိုလေးစားအားကျနေသူဖြစ်ပြီး သွားစကားပြောရင်းကနေ ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်သွားကြပါတယ်။ မစ္စတာဘလူးမ်ဟာ အသက် ၅၀ အရွယ် ချမ်းသာတဲ့ ကိုယ်ထူကိုယ်ထ ပိုက်ကုမ္ပဏီပိုင်ရှင်ဖြစ်ပြီး ဇနီးမယားနဲ့အတူ အမြွှာသားနှစ်ယောက်ရှိပါတယ်။ တစ်နေ့မှာ ရက်ရှ်မိုးကျောင်းကို ရို့မေရီခရော့စ်လို့ခေါ်တဲ့ ငယ်ငယ်ခပ်ချောချောဆရာမလေးရောက်လာပါတယ်။ မက်စ်ဟာ စာကြည့်တိုက်ကနေစာအုပ် ငှားဖတ်ရင်း မစ္စခရော့စ်ငှားဖက်ထားတဲ့ စာအုပ်ကိုဖတ်မိပြီး ဆရာမလေးကိုစိတ်ဝင်စားသွားပါတော့တယ်။ ဆရာမလေးနဲ့ ရည်းစားဖြစ်နိုင်ဖို့အတွက် မစ္စတာဘလူးမ်ဆီအကြံဉာဏ်တောင်းခံရင်း မစ္စတာဘလူးမ်ပါ ဆရာမလေးကိုကြိုက်သွားပါတယ်။ မက်စ်တစ်ယောက် သူရယ် မစ္စတာဘလူးမ်ရယ် မစ္စခရော့စ်ဆိုတဲ့ဆရာမလေးတို့ကြားက သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ... ကျောင်းမှာအမှတ်တွေမကောင်းလို့ ကျောင်းထုတ်ခံရနီးပါးဖြစ်နေတာကကောဘယ်လိုဖြစ်သွားမလဲ... ပြင်ပ Activity တွေလုပ်တာနဲ့ ပြဇာတ်ရေးတာတွေကကောရပ်သွားမှာလား... စတာတွေကို Background Music ကောင်းကောင်းရယ် သူမတူတဲ့ရိုက်ချက်​တွေနဲ့ ရှုမြင်ခံစားရမှာပါ။ ဇာတ်ညွှန်းကို Wes Andersonနဲ့ Owen Wilson တို့ပေါင်းရေးထားတာဖြစ်လို့ သာမန်ဟာသကားတစ်ကားလိုမရိုးရှင်းဘဲ ရယ်ရမောရရင်း အနှစ်သာရတစ်ခုကိုသေချာပေါက်ရရှိခံစားရမှာလို့ပြောရင်း Rushmore ကိုကြည့်ဖြစ်အောင်ကြည့်​ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Dinesh မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 730MB Quality - 1080p, 720p IMDb Rating - 7.6/10 Format - mp4 Duration - 1H 33Min Genre - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Dinesh Encoded by Y

Crime • Drama • Mystery
7.4 1998 93 mins
Rushmore
I’ll Be Watching

သင့်ကို လူတစ်ယောက်ကအမြဲစောင့်ကြည့်နေတယ်လို့ တွေးမိကြဖူးလား??? အဲ့လိုသာဆို တကယ်ကျောချမ်းစရာကြီးပါ။ အဲ့လိုလူတွေကို လိုက်ချောင်းတတ်တဲ့ကောင်လေး ဇူဇူတောင် လျော်ကြေးတွေတော်တော်ပေးလိုက်ရပါသေးတယ်။ ကျွန်တော်တို့ မဖတ်ဘဲ ကျော်ကျော်သွားတဲ့ Privacy and Terms တွေလိုပေါ့ ဟိုက ကိုယ့်ရဲ့ Gallery Contacts Folder ကိုဝင်ခွင့်ရသွားတာမျိုးပေါ့။ ခုနောက်ပိုင်း AI တွေကလဲပိုဆိုးလာကြပါပြီ> တွေးတောဆင်ဉာဏ်ကိုပါ လုပ်ဆောင်နိုင်ဖို့ နီးစပ်လာနေပါပြီ။ အီလွန်မက်ကြီးပြောသလိုပေါ့ AI တွေက Nuke တွေထက်ပိုကြောက်ဖို့ကောင်းတယ်ဆိုတာလေ။ ခုလဲ ၂၀၂၃ ထွက် Thriller အမျိုးအစား I'll be Watching ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်း အကျဉ်းလေးကတော့ မားကပ်စ်နဲ့ ဂျုလီဆိုတဲ့ လင်မယားစုံတွဲ တစ်တွဲရှိပါတယ်။ ယောကျာ်းကတော့ အိုင်တီပညာရှင်ပေါ့ မိန်းမက နာမည်ကြီးပန်းချီဆရာမ သူတို့ဘဝကြီးက အရာရာအေးချမ်းနေခဲ့တာ။ တစ်နေ့ သူ့တို့အိမ်ထဲ ဖောက်ဝင်လာသူက သူ့အစ်မကို သတ်သွားရာကလေ Truama တွေရပြီး မြို့နဲ့ဝေးတဲ့ ဆိတ်ငြိမ်ရပ်ကွက်ကို ပြောင်းသွားကြပါတယ်။ သူ့မိန်းမကို စိတ်မချလို့ဆိုပြီး ယောကျာ်းဖြစ်သူက သူကိုယ်တိုင်ထွင်ထားတဲ့ AI နဲ့ အိမ်ရဲ့လုံခြုံရေးစနစ်တွေကို သေချာအောင်လုပ်ထားတာပေါ့။ ဒါပေမဲ့ အိမ်ကိုဖောက်ဝင်လာသူကလဲ မြင့်လှပါတဲ့ လုံခြုံရေးစနစ်ကို ကျော်ပြီး ဝင်လာပါတယ်။ ဒီအိမ်ဖောက်တဲ့သူက ဘယ်သူလဲ ဘာအတွက်လဲ ဘာကြောင့်လဲ။ သူ ဘယ်လို လုံခြုံရေးစနစ် ကိုကျော်ဝင်လာလဲဆိုတာ မထင်မှတ်ထားတဲ့ ဇာတ်ကွက် မြုပ်ကွက်တွေနဲ့ စိတ်ဝင်တစားကြည့်ရှုရမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre..... Sci-fi. Thriller Quality…. 1080p | 720p | 480p File size… 1.1GB | 518MB | 263MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ..... Aaron

Drama
0 2023 90 mins
I’ll Be Watching
The Night of the 12th
7.1

Memories of Murder တို့ Zodiac တို့လို ဖြစ်ရပ်မှန်ကို အခြေခံပြီး တရားခံမပေါ်တဲ့ ဇာတ်လမ်းတွေကို ကြိုက်တယ်ဆိုရင်တော့ ဒီကားဟာ သင့်အတွက်ပါပဲ။ စုံထောက်တိုင်းမှာ သူတို့မေ့မရတဲ့ သူတို့ကို အတွင်းထဲက လှိုက်စားနေတဲ့ အမှုတစ်ခုစီတော့ ရှိတတ်ကြပါတယ်။ ဒီကားထဲက စုံထောက်အတွက်ကတော့ ၁၂ရက်နေ့ညမှာအသတ်ခံခဲ့ရတဲ့ ကလာရာဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အမှုပါ။ ဒီကားဟာလည်း ကလာရာ့အသတ်ခံရမှုနောက်ကို စုံစမ်းဖော်ထုတ်ကြမယ့် ဖြစ်စဉ်အကြောင်းပဲဖြစ်ပါတယ်။ အပေါ်မှာပြောခဲ့သလိုပါပဲ... ဒီကားဟာ ပြင်သစ်ရဲဌာနရဲ့ မဖြေရှင်းနိုင်ခဲ့တဲ့ အမှုတစ်ခုအပေါ် အခြေခံပြီး ပြန်ရိုက်ထားတာဖြစ်ပါတယ်။ သိတဲ့အတိုင်းပါပဲ ဒီလိုကားတွေဟာ ဇာတ်လမ်းအကြောင်း သိပ်များများပြောပြဖို့ မသင့်တာမို့ ကိုယ်တိုင် ကြည့်ရှုကြဖို့ပဲ တိုက်တွန်းချင်ပါတယ်။ တစ်ခုရှိတာက ဒါဟာဖြစ်ရပ်မှန်စုံထောက်ကားဆိုပေမယ့် အလွှာတွေအများကြီးနဲ့ ဖွဲ့စည်းထားတဲ့ လူမှုရေးရာခေါင်းစဉ်တွေပါဝင်သလို လူမှုရေးစံနှုန်းတွေဘက်ကကြည့်ရင် နက်နဲပါတယ်။ နောက်ပြီး တကယ့်အစစ်အမှန်ဆန်တဲ့ တင်ပြမှုပုံံစံမျိုးနဲ့ တွေ့ရမှာမို့ စိတ်မပျက်စေရဘူးလို့တော့ အာမ,ခံပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.3GB, 640MB Quality - 1080p, 720p IMDb Rating - 7.1/10 Format - mp4 Duration - 1H 55Min Genre - Crime, Drama, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Comedy • Drama
7.1 2022 114 mins
The Night of the 12th
Hidimbha
7

Hidimbha 2023 IMDb 9.2/10 Action/Drama သည်းထိတ်ရင်ဖိုနဲ့စိတ်ဝင်တစားကြည့်ရှုရမယ့် တေလဂူးရဲကားလေးကို တင်ဆက်လိုက်ပေးလိုက်ပါတယ်။ ဟိုက်ဒရာဘတ်မြို့က ရဲအရာရှိ အက်ဘ်ဟေးဟာ မိန်းကလေးတွေ တစ်ယောက်ပြီးတစ်ယောက် ပျောက်ဆုံးနေတဲ့အမှုကို စုံစမ်းနေကြရပါတယ်။ ဘာသဲလွန်စမှလည်းမရှိပဲ သေသလား ရှင်သလား မသိရပါဘူး။ ဒါကြောင့်ပဲ ဒီကိစ္စဟာ မီဒီယာတွေ စာနယ်ဇင်းတွေကြားမှာ ဝေဖန်စရာဖြစ်ခဲ့ပြီး အဘက်ဘက်ကနေ ဖိအားတွေများလာတဲ့အမှုဖြစ်လာပါတယ်။ ဒီကိစ္စကို ကူညီပြီးစုံစမ်းဖို့အတွက် ရဲအရှိအဒယာရောက်ရှိလာပါတယ်။ နှစ်ယောက်ပူးပေါင်းပြီး ဆက်စုံစမ်းရင်းနဲ့ပဲ ဒီအမှုမှာ ပါဝင်ပတ်သက်တဲ့သူတွေ များလာပါတယ်။ နောက်တော့ ဒီကိစ္စဟာDark Webနဲ့ဆက်စပ်နေတာကို သိခဲ့ကြရပါတယ်။ ဒီလိုဆန်းကြယ်တဲ့အမှုကို သူတို့ဘယ်လိုဆက်ပြီးဖြေရှင်းကြမလဲ။ ဒီကိစ္စရဲ့အရင်းအမြစ်ကရော ဘာလဲဆိုတာကို ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ Yunni~V~Cherry~BpLတို့ပဲဖြစ်ပါတယ်။) File size…2.19GB / 1GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~V~Cherry~BpL

Drama
7 2023 135 mins
Hidimbha
[18+] 19 Prohibition of Secret Tutoring

****************************************** 2020ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ 19 Prohibition of Secret Tutoring ဆိုတဲ့ အချစ်ကားလေးအကြောင်း ပြောပြပေးချင်ပါတယ် ယူဂျောင်က ရည်းစားဖြစ်သူနဲ့ အတူနေတဲ့အခါ အမြဲငြီးငွေ့ဖိုကောင်းတယ်လို ခံစားနေရသူပါ ဒီလိုနဲ့ တစ်ရက်မှာ အသိတစ်ယောက်က လိင်ကိစ္စနဲ့ ပတ်သက်တဲ့ လျှိဝှက်သင်တန်းတစ်ခုကို ညွှန်းပေးခဲ့ပါတယ် ဒီလျှိဝှက်သင်တန်းကို သင်တန်းကို တက်ပြီးတဲ့နောက် ယူဂျောင်နဲ့သူ့ချစ်သူတိုဆက်ဆံရေးမှာ အပြောင်းအလဲတွေ ဖြစ်သွားမလားဆိုတာ ကြည့်လိုက်ကြပါဦးနော် ပါတဲ့အခန်းတိုင်းရော လေဒီအမိုက်စားတွေရော စွန်းမိမိုက်နေလို့ ဒေါင်းရကျိုးလုံးဝနပ်စေရမယ်ုလို့အာမခံပါတယ်ဗျို့… File Size : 1.6GB / 592MB Quality : WEB-DL 1080P / 720p Format…mp4 Duration…01:12:00 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS

Drama
0 2020
[18+] 19 Prohibition of Secret Tutoring
Red Dot
5.5

တစ်နေ့ကျရင် ကိုယ်ချစ်ရတဲ့ ချစ်သူလေးနဲ့အတူ ဥတ္တရအလင်းတန်းလိုခေါ်တဲ့ Northern lights တွေကို မြောက်ဝင်ရိုးစွန်းနိုင်ငံတွေမှာ ညလုံးပေါက်သွားထိုင်ကြည့်ချင်တယ်လို စိတ်ကူးယဉ်ထားတဲ့သူတွေရှိကောင်းရှိမှာပါ။ ဒီဇာတ်ကားကတော့ အဲ့လိုစိတ်ကူးထားသူ‌တွေရဲ့ အိပ်မက်ဆိုးကြီးတစ်ခုလိုပါပဲ။ ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် အင်ဂျင်နီယာကျောင်းသား ဒေးဗစ်ဟာ ဆေးကျောင်းသူလေး နက်ဂျာနဲ့ သိပ်ချစ်ကြတဲ့ ချစ်သူတွေပါ။ သူဘွဲ့ရတဲ့နေ့မှာပဲ နက်ဂျာကို လက်ထပ်ခွင့်တောင်းခဲ့ပြီး နှစ်‌ယောက်သားဘဝအသစ်တစ်ခုကို စတင်ခဲ့ကြပါတယ်။ အချိန်တွေ ကြာလာတာနဲ့အမျှ လင်မယားသဘာဝ ကတောက်တဆလေးတွေနဲ့ အဆင်မပြေဖြစ်လာခဲ့ကြပါတယ်။ ဒီလိုဆက်ဆံရေးအဆင်မပြေတာကို ပြင်ဆင်ဖိုအတွက် ဒေးဗစ်တစ်ယောက်ဟာ နက်ဂျာနဲ့ Northern lights တွေတူတူသွားကြည့်ပြီး အပန်းဖြေကြဖို စီစဉ်လိုက်ပါတယ်။ သူတိုနှစ်ယောက် နှင်းတောင်ပေါ်မှာ အလင်းတန်းတွေကြည့်နေကြရင်း ရုတ်တရက်ကြီး Sniper နဲ့ ချိန်ပြီးအမဲလိုက်ခြင်းကိုခံကြရပါတော့တယ်။ ဒီဇာတ်ကားဟာ Netflix ရဲ့ Swedish horror movieတစ်ခုဖြစ်ပြီး ဇာတ်လမ်းဇာတ်အိမ်ကျစ်ကျစ်လစ်လစ်နဲ့ ကြည့်ရှူသူ‌တွေကို အဆုံးထိဆွဲခေါ်သွားနိုင်မှာဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ plot twist အပိုင်းကလည်း‌ ထင်ထားသလောက်မရိုးရှင်းဘဲ တော်တော်လေး ကောင်းတယ်လိုဆိုရမှာပါ။ သည်းထိပ်ရင်ဖို survival ဇာတ်ကားတွေ ကြိုက်နှစ်သက်သူများအတွက်ကတော့ တကယ်ကိုကြည့်သင့်တဲ့ ဇာတ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါရစေ။ File size…1.24GB / 574MB Quality…WEB-Dl 1080p 5.1CH / 720p Format…mp4 Duration….1h 26m Genre ….. Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

5.5 2021
Red Dot
Raaj Kahani
6.1

Raaj Kahani (2023) ( ရာ့ဂျ်ရဲ့ဇာတ်လမ်း ) တယ်လဂူရုပ်ရှင်တစ်ခုဖြစ်ပြီး ဒါရိုက်တာ Raj Karthiken က ရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်မှာ Raj Karthiken, Chandrika Awasthi, Saha Sonia, Priya Paul တို့လို သရုပ်ဆောင်များ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကားအညွှန်းကတော့ ရာ့ဂျ်ဟာ ရုပ်ရှင်ဇာတ်ညွှန်းရေးသူဖြစ်ပြီး သူ့ရဲ့ဇာတ်လမ်းကို ရိုက်ခွင့်ရဖို့အတွက် ဒါရိုက်တာဆီမှာ ဇာတ်လမ်းကိုပုံဖော်ပြောပြတာကနေစပါတယ်။ ဇာတ်လမ်းရဲ့နာမည်က သူ့အမေနာမည်ဖြစ်ပြီး သူကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ ဖြစ်ရပ်မှန်လို့လည်း ပြောပါတယ်။ ဇာတ်ညွှန်းထဲမှာ ကောလိပ်ကျောင်းတစ်ခုကို အခြေတည်ထားပြီး ကျောင်းသားတွေရဲ့ဘ၀နဲ့ အပျော်အပါးလိုက်စားတာ ၊ ရည်းစားကိစ္စဘာညာတွေကို ပုံဖော်ထားပါတယ်။ အစပိုင်းမှာတော့ နည်းနည်း ပေါတောတောနိုင်ပေမဲ့ နောက်ပိုင်းမှာ ဇာတ်လမ်းဇာတ်အိမ်ဘယ်လိုပြောင်းလဲသွားမလဲဆိုတာနဲ့ ဘာကြောင့် သူ့အမေရဲ့နာမည်ပေးရတယ်ဆိုတာကိုတော့ ကျွန်တော်တို့ရဲ့တင်ဆက်မှုနဲ့အတူ လိုက်ပါကြည့်ရှုပေးပါဦးဗျာ ( ဘာသာပြန်နဲ့အညွှန်းက CM Bollywood Team မှဖြစ်ပါတယ် )

Drama • History
6.1 2023
Raaj Kahani
The White Storm 2: Drug Lords
6.3

The White Storm ကားရဲ့ ဒုတိယမြောက်ကားပဲဖြစ်ပါတယ် စုစုပေါင်းသုံးကားထွက်ထားပြီး ဇာတ်ကားသုံးကားလုံးကို ဒီနေရာမှာရှာနိုင်ပါတယ် ဒီကားလေးဟာ 2019 julyလ 2023 ကမထွက်ထားတဲ့ ဟောင်ကောင်အက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်.. ဒီဇာတ်ကားထဲမှာမင်းသားကြီး Andy Laoနဲ့ Louis Kooတို့အဓိက ပါဝင်သရုပ်ဆောင်ထားပြီး Louis Kooကိုလဲပုံစံတစ်မျိုးနဲ့မြင်တွေ့ရမှာဖြစ်မှာပါ.. ဇာတ်လမ်းအကျဉ်းကတော့ ဟောင်ကောင်မြို့မှာအကြီးဆုံးမူးယစ်ရာဇာဖြစ်လာတဲ့ တိကျန့်ဟာဟောင်ကောင်မူးယစ်ဈေးကွက်ကိုအုပ်စိုးဖို့ ကြိုးစားနေသူပါ.. တစ်ဖက်မှာလည်း ဟောင်ကောင်မူးယစ်နှိမ်နင်းရေးအဖွဲ့က ဒါရိုက်တာယွီစွင့်ထျန်းဟာ မူးယစ်ရာဇာတွေအားလုံးကိုဖြိုခွဲဖို့ကြိုးစားလာတဲ့အခါ ဘယ်လိုတွေထိပ်တိုက်ရင်ဆိုင်ကြမလဲ…သူတို့ကြားမှာ ဘယ်လိုအငြိုးတရားတွေရှိနေတာလဲဆိုတာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်

6.3 2019 100 mins
The White Storm 2: Drug Lords
Weeping Rock
5.5

လောကကြီးကို စိတ်ပျက် စိတ်ကုန်ပြီး… ဘဝကို ဖြစ်ချင်ရာဖြစ်နေတော့မယ်ကွာလို့ တွေးမိတဲ့သူရှိရင်… ဒီကားလေးကို ကြည့်ကြည့်ဖို့ ပြောချင်ပါတယ်… ဒီကားလေးထဲမှာ မိဘနှစ်ပါး ငယ်ငယ်က ဆုံးပါးသွားလို့ အစ်ကိုနဲ့ အဆင်မပြေ… ဘဝကို ဘယ်လို တန်ဖိုးထားရမယ်မသိဘဲလေလွင့်နေတဲ့ ကောင်မလေးတစ်ယောက်… တစ်နေ့တစ်နေ့ အရက်နဲ့ပဲ နှစ်ပါးသွားနေတဲ့ ကောင်မလေးတစ်ယောက်… ဒီအရက်ကြောင့်ပဲ လူတစ်ယောက်ကို ဆိုင်ကယ်နဲ့ တိုက်ခဲ့ပြီး… ရှီထုံဆိုတဲ့ ကလေးလေးတစ်ယောက်နဲ့ ရေစက်ဆုံပြီးတွေ့ခဲ့တယ်… အဲ့မှာ ကလေးကပဲ သူ့ကို ပြန်ဂရုစိုက်ရမလား…သူကပဲ ကလေးထိန်းရမလား… နောက်ပြီး သူ့မိဘမဲ့ဘဝကြောင့် ရထားတဲ့ လောကဓံဒဏ်ရာကို ကုစားပေးမယ့် ဆေးပင်လေးပဲဖြစ်နေမှာလား… ဇာတ်လမ်းလေးကို ကြည့်မယ်ဆို ဘဝအတွေးလေးတစ်ခုရသွားမှာပါ..

5.5 2025
Weeping Rock
Poison Ivy: The Secret Society
4.2

Poison Ivy: The Secret Society (2008) IMDb Rating (4.2) / Rotten Tomatoes (20%) ဟော့ဟော့လန်းလန်း သည်းထိပ်ရင်ဖို ကျောင်းသူဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒေစီဟာ ရိုးရိုးအအ တောသူမလေးဖြစ်ပြီး မိဘတွေဆုံးသွားတာနဲ့ တောကရည်းစားကိုထားခဲ့ပြီး မြို့မှာဘဝသစ်တစ်ခုကို ရှာဖွေဖို့လုပ်ပါတယ်။ နာမည်ကြီးကောလိပ်တစ်ခုကို ရောက်ရောက်ချင်းမှာတင် ဌာနမှူးရဲ့သားဖြစ်သူက ဖွန်လိုက်ကြောင်နေတာရယ်၊ နာမည်ကြီး အလုပ်သင်ပရိုဂရမ်ကို ရဖို့လည်း အခွင့်အရေးကောင်းနေတာမို့ အရာရာစိုပြေနေပေမယ့်။ လျှို့ဝှက်အဖွဲ့အစည်း အမျိုးသမီးဂိုဏ်းတစ်ခုက သူ့ကို ချဉ်းကပ်လာချိန်မှာတော့……. (အညွှန်းနဲ့ဘာသာပြန်ကတော့ Sike Tan ဖြစ်ပါတယ်။) File size…(2.2 GB) / (960 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Thriller Duration….01:36:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Sike Tan

Drama • Comedy • Romance
4.2 2008 95 mins
Poison Ivy: The Secret Society