YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Rudy.1993.1080p.BluRay {CM}.mp4

3.79 GB N/A video/mp4 101 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Drinking Buddies
5.9

Genre – Comedy, Drama, Romance IMDB – 6.1/10 ဇာတ်ကားနာမည်လေးအတိုင်း အရက်သောက်ဖော် သောက်ဖက် အကြောင်းလေးပါ ဒါပေမဲ့ ယောက်ျားလေးအချင်းချင်း မိန်းကလေးအချင်းချင်း မဟုတ်ပဲ ယောက်ျားလေးနဲ့ မိန်းကလေး သောက်ဖော်သောက်ဖက်ပေါ့လေ။ ဘီယာ ချက်စက်ရုံတစ်ခုမှာ တစ်ဦးတည်းသော မိန်းကလေးဖြစ်တဲ့ ပွဲစီစဉ်သူ စီမံခန့်ခွဲရေးက ကိတ်နဲ့ ဘီယာချက်တဲ့စက်ပိုင်းက လုခ်တို့ဟာ အရမ်းခင်မင် အတူတူသောက်စား မူးရူး ညတွေလည်း ပလူးပလဲနေကြတဲ့ ဘော်ဒါနှစ်ယောက်ဖြစ် ကြပါတယ် ဒါပေမဲ့ လွန်ကျူးတာမျိုး ချစ်မိသွားတာမျိုး မရှိခဲ့ပါဘူး။ ကိတ်မှာလည်း စတူဒီယို လုပ်နေတဲ့ ချစ်သူ ခရစ်စ်ဆိုတာ ရှိသလို လုခ်မှာလည်း စာသင်တဲ့ကောင်မလေး ဂျေးလ်ဆိုတာ ရှိကြပါတယ်။ ဒီလိုနဲ့ တစ်ရက် အလုပ်ပိတ်ရက်မှာ နှစ်တွဲချိန်းကြပြီး ပင်လယ်ဘေးက အိမ်လေး အလည်အပတ် ထွက်ခဲ့ချိန်မှာတော့ ကိုယ်စီ ကိုယ်စီ တွဲနေကြတာက မှန်ကန်တဲ့လူ ဖြစ်မလား၊ ဘယ်သူက ကိုယ့်အတွက် မှန်ကန်မလဲ စသဖြင့် အတွဲနှစ်တွဲကြားက ပြဿနာလေးတွေ အလုပ်က ပြဿနာလေးတွေ အနောက်တိုင်း အချစ်ပြဿနာလေးတွေကို ဖော်ပြထားတဲ့ ဟာသ ဒရမ်မာကားလေး တစ်ကားဖြစ်ပါတယ်။ ခေါင်းဆောင်နေရာက ကျွန်တော်တို့ မင်းသမီးအလန်းစား Olivia Wilde သရုပ်ဆောင်ထားပြီး ချစ်စရာမင်းသမီးလေး Anna Kendrick ကလည်း ပါဝင်ထားပါသေးတယ်။ မင်းသားတွေနေရာကတော့ သိပ်နာမည်မရှိလှတဲ့ Jake Johnson နဲ့ ဇာတ်ကားတော်တော်များမျာ အရံပါဝင်လေ့ရှိတဲ့ Ron Livinston တို့ဖြစ်ပါတယ်။ သောက်သောက်စားစားနဲ့ သူငယ်ချင်းလေး ပါပေါ့ဗျာ။ ဒါပေမဲ့ အဆုံးသတ်လေးကတော့ မထင်ထားတာ မျိုးလေး မတ်ဆေ့ပေးထားပါတယ်။ File size…1.49GB / 572MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 3၀m Genre ..... Comedy, Romance, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Drama • Sci-Fi & Fantasy
5.9 2013 90 mins
Drinking Buddies
Emily
7.1

~ IMDb - 6.9/10, Rotten Tomatoes - 86% ~ "လေထန်ကုန်း" ဆိုတဲ့ စကားလုံးက မြန်မာစာဖတ်ပရိသတ်တစ်ခုလုံးနဲ့ သက်ဆိုင်နေတဲ့ စကားလုံးပေါ့။ အဲဒီ လေထန်ကုန်းဆိုတဲ့ စကားလုံးကိုမြင်ရင် ခင်ဗျား ဘာကိုအရင်ပြေးမြင်မလဲတော့မသိဘူး။ အမ်မလီဘရွန်တီရဲ့ ဂန္ထဝင်၀တ္တု Wuthering Heights ကိုလား၊ ဒါမှမဟုတ် လေထန်ကုန်းလို့ခေါ်တဲ့ မြန်မာစာရေးဆရာတွေ ကြုံကြဆုံကြတဲ့ လက်ဖက်ရည်ဆိုင်ကလေးကိုလား။ ဒုတိယဟာက ဒီမှာ ပို Iconic ဖြစ်ပေမဲ့ ဒုတိယဟာကိုသိတဲ့ ဒီကလူတွေဟာ ပထမဟာကိုလည်း ကောင်းကောင်းသိကြမှာပါပဲ။ ၁၈၄၇မှာ ပုံနှိပ်ခဲ့တဲ့ အမ်မလီဘရွန်တီရဲ့ Wuthering Heights ကို ကျော်လှိုင်ဦးက "လေထန်ကုန်း"လို့ တိုက်ရိုက်ပဲ နာမည်ပေးပြီး ပြန်ဆိုရေးသားခဲ့ဖူးပါတယ်။ သူ့ရှေ့မှာတော့ ‌ဒဂုန်ခင်ခင်လေးက ဂုဏ်မြင့်သူဆိုပြီး တစ်စိတ်တစ်ဒေသမှီငြမ်း ရေးသားဖူးပြီး ၁၉၆၀လောက်မှာ သိပ္ပံစိုးလှက ငွေတာရီမဂ္ဂဇင်းမှာ ပင်မြင့်မာလာဆိုပြီး ဘာသာပြန်ဖူးတယ်ဆိုပါတယ်။ ဂန္ထ၀င်ဖြစ်လာတာတောင် နှစ်ပေါင်းရာချီနေတဲ့ ၀တ္တုပါပဲ။ အမ်မလီဘရွန်တီကို မြန်မာစာဖတ်ပရိတ်သတ်တွေအနေနဲ့ ဒီ၀တ္တုနဲ့တင် မဟုတ်ဘဲ Rememberance ဆိုတဲ့ အမ်မလီဘရွန်တီရဲ့ ကဗျာကို တက္ကသိုလ်ဘုန်းနိုင်ကလည်း တမ်းတမိခြင်းဆိုပြီး ပြန်ဖူးတာကို သိကောင်း‌သိကြပါလိမ့်မယ်။ အခုဇာတ်ကားကတော့ အမ်မလီရဲ့ ငယ်ဘ၀ကနေ သူ့ဇာတ်ကြောင်းကို ရိုက်ပြထားတာပါ။ အားလုံးသိပြီးသလိုပဲ၊ သူတို့ညီအစ်မသုံးယောက်စလုံးကလည်း အနုပညာသမားတွေဖြစ်သလို သူတို့အောက်က မောင်ကလည်း Wuthering Heights မှာ သူ့ကို ကိုယ်စားပြုထားတယ်ပြောလို့ရတဲ့ ဇာတ်ကောင်ပါဖူးတဲ့သူပါ။ ဒီတော့ ကလပ်စစ်စာပေ ပရိသတ်တွေအတွက် သူ့ငယ်ဘ၀ကနေ ရိုက်ပြမှာက သူ့အကြောင်းဆိုတာကို ကျော်လွန်ပြီး စိတ်၀င်စားစရာကောင်းမှာပါပဲ။ အမ်မလီရဲ့ဘ၀အစစ်အမှန်အတိုင်း အတိအကျကြီး မရိုက်ကူး‌ထားပေမဲ့ ကျော်ကြားတဲ့စာရေးဆရာတစ်ယောက်ရဲ့ဘ၀အကြောင်းကို ပေါ်လွင်အောင်ရိုက်ပြထားပါတယ်။ အမ်မလီရဲ့ငယ်ဘ၀အကြောင်းတွေ သာမန်စိတ်ကူးယဉ်ဆန်ပြီး ဇာတ်လမ်းတွေထိုင်ရေးတတ်တဲ့ကောင်မလေးအဖြစ်ကနေ ကျော်ကြားတဲ့စာရေးဆရာတစ်ယောက်အဖြစ်ကို ရရှိသွားတဲ့ပုံတွေအပြင် သူရဲ့ရင်နင့်စရာအချစ်ဇာတ်လမ်းလေးကိုပါ စိတ်၀င်စားဖွယ့် ငြိမ့်ငြိမ့်ညောင်းညောင်းကြည့်ရှုရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Htet Kyaw Myo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.42GB, 990MB Quality - 1080p, 720p IMDb Rating - 6.9/10 Format - mp4 Duration - 2H 10Min Genre - Biography, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Htet Kyaw Myo Encoded by Y

Crime • Drama • Mystery • Thriller
7.1 2022 130 mins
Emily
The Lost Choices
7

ဂျီအွန်းက ငယ်စဉ်ဘဝက ယာဉ်မတော်တဆမှုမှာ မိဘတွေ ဆုံးပါးပြီးတဲ့နောက် စကားမပြောနိုင်ဘဲ ဆွံ့အခဲ့ရတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့မသန်မစွမ်းဖြစ်မှုကို ရင်ဆိုင်ကျော်လွှားပြီး ဂရပ်ဖစ်ဒီဇိုင်နာတစ်ယောက် ဖြစ်လာဖို့ကို သူ စိတ်ကူးယဉ်ထားခဲ့တာပါ။ တစ်နေ့မှာတော့ သူရဲ့အိမ်အပြန်လမ်းမှာ လူစိမ်း ၃ ယောက်က ပြန်ပေးဆွဲပြီး အဓမ္မကျင့်တာ ခံလိုက်ရပါတယ်။ ရဲစခန်းမှာ ရဲတွေက သူ့ကို ကူညီပေးရမယ့်အစား သူ့ကိုပဲ နှိမ့်ချကြပါတယ်။ ဒီတော့ ဂျီအွန်း တစ်ယောက် ဘယ်သူ့ကိုမှ မယုံတော့ဘဲ သူ့ကိုယ်သူ အားကိုးပြီး တိတ်တိတ်လေး လက်စားချေဖို့ ကြိုးစားတဲ့အခါမှာတော့ ..... ဇာတ်လမ်းနာမည်အတိုင်းပါပဲ ..... ရွေးချယ်စရာတွေ ဆိတ်သုဉ်းပျောက်ကွယ်ပြီး ချောင်ပိတ်လာတဲ့အခါမှာ လူတစ်ယောက်ရဲ့ တုံ့ပြန်မှု အကြောင်းပါပဲ။ မှုခင်း ဒရာမာ အမျိုးအစား ဖြစ်တဲ့အတွက် အသည်းတယားယာ ရင်တဖိုဖိုနဲ့ ကြည့်ရမှာပါ။ ဘာသာပြန်ကတော့ Hnyot Myet Wunn ပဲ ဖြစ်ပါတယ်။ Genre..... Crime, Drama, Thriller Quality…. 1080p | 720p | 480p File size… 1.4GB | 599MB | 261MB Format… mp4 Duration…. 1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hnyot Myet Wunn Encoder ..... August

Horror • Thriller
7 2015 108 mins
The Lost Choices
Oxygen
6.6

သိပ္ပံစိတ်ကူးရင် Thriller ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ခရိုင်အိုဂျန်းနစ်လို့ခေါ်တဲ့ အလုံပိတ်အသက်ကယ် ပြွန်ကြီးထဲမှာ အမျိုးသမီးတစ်ယောက်ဟာ နိုးလာခဲ့ရာကနေစပါတယ်။ သူ့စိတ်ထဲမှာ အားလုံးက ဝေဝါးနေခဲ့ပြီး သူဘယ်သူလဲ၊ ဘာကြောင့်ဒီထဲကိုရောက်နေတာလဲဆိုတာကိုလုံးဝမမှတ်မိပါဘူး ... သူနဲ့အဖော်ရှိတာဆိုလို့ မိုင်လိုလို့ခေါ်တဲ့ AI(ဥပမာ Siri လိုမျိုး) ပဲရှိပါတယ်။ တစ်ချိန်ထဲမှာပဲ သူရောက်နေတဲ့ပြွန်ကြီးရဲ့ အောက်ဆီဂျင်လယ်ဗယ်ဟာလည်း ကျဆင်းလာပြီး အချိန်အနည်းငယ်ပဲရှင်သန်နိုင်တော့မှာပါ။ သူဘာကြောင့် ဒီထဲကို ရောက်နေတာလဲ သူဘယ်သူလဲဆိုတာကို တစ်စတစ်စချင်း အဖြေရှာသွားရင်းနဲ့  မေးခွန်းပေါင်းများစွာနဲ့ ဆွဲခေါ်သွားမယ့် ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ အဓိကသရုပ်ဆောင် တစ်ယောက်ရယ် . အလုံပိတ် Cube တစ်ခုနဲ့ တစ်ကားလုံးစိတ်ဝင်စားစရာဖြစ်အောင် ရိုက်ပြသွားနိုင်တာတော့ အသေအချာပါပဲ။ အဲ့လို မေးခွန်းတွေကနေမှ နောက်ဆုံး သူဘယ်သူလဲသိလိုက်ရချိန်ဟာတော့ . . . (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Thiha Yan Naing မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှဖြစ်ပါတယ်။) Quality – 1080p, 720p,360p WebRip Duration - 1h 40min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama, Fantasy, Sci-Fi Source : 1080p.WebRip Translator – CM Team Encoder – SWM

Drama
6.6 2021 100 mins
Oxygen
Devil’s Knot
6.1

Colin Firth, Reese Witherspoon,Dane Dehhan တို့လို ဝါရင့်သရုပ်ဆောင်တွေပါ၀င်ထားတဲ့ဖြစ်ရပ်မှန် မှုခင်းဇာတ်ကားကောင်းလေးတခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ၀က်စ်မန်းဖက်စ် မြို့ဆိုတာက အာကန်ဆာပြည်နယ်က ဆိတ်ငြိမ်တဲ့မြို့လေးတမြို့ပါ။ ဒီလိုမြို့လေးကိုတနေ့မှာ တုန်လှုပ်သွားစေခဲ့တာကတော့ ရှစ်နှစ်သားအရွယ် စတီဗီ, မိုက်ကယ်နဲ့ ခရစ်စတိုဖာဆိုတဲ့ ကောင်လေး ၃ယောက် လူသတ်ခံရမှုကြောင့်ပါပဲ။ ဒီလူသတ်မှုမှာရဲတပ်ဖွဲ့က သံသဃရှိ စွဲချက်တင်ခံထားရတာက ဒေမီယန် အက်ကိုးလ်, ဂျေဆင် ‌ဘော့်၀င်နဲ့ ဂျက်စီ မစ်စ်ကယ်လီဆိုတဲ့ လူငယ်လေးသုံးယောက်ပါ။ ဒီလူငယ်လေးသုံးယောက်ကို လူတွေကလည်း နတ်ဆိုးကိုးကွယ်တဲ့သူတွေ ကလေးတွေကို ယဇ်ပူဖော်လိုက်တာလို့စွပ်စွဲထားကြပါသေးတယ်။ သူတို့ကိုကူညီဖို့အတွက် ရောက်လာခဲ့တဲ့သူကတော့ ရွန်လက်စ်ဆိုတဲ့ အလွတ်တန်းစုံထောက်ပါ။ သေဒဏ်အထိဖြစ်လာနိုင်နေတဲ့ ဒီလူငယ်လေးတွေကိုကူညီပေးရင်းနဲ့ ရွန် သတိထားလာမိတာကတော့ ရဲတွေနဲ့ စုံထောက်တွေရဲ့အလောတကြီး ဒီအမှုကိုတရားရုံးတင်ခဲ့တာတွေ သက်သေရှေ့နောက်မညီ ထိန်ချန်တာတွေ မူမမှန်တဲ့ထွက်ဆိုချက်တွေပါ။ ရွန်အနေနဲ့သူ့စိတ်ထဲထင်သလို ဒီကောင်လေးသုံးယောက်ကတကယ်ပဲအပြစ်မရှိတာလား။ မရှိခဲ့ရင်ရောတကယ့်တရားခံတွေကဘယ်သူလဲဆိုတာဖော်ထုတ်နိုင်ပါ့မလား အယူသီးမှုတွေနဲ့ တရားဥပဒေလက်တလုံးခြားလုပ်မှုတွေရဲ့အောက်မှာသူ့အနေနဲ့ အမှန်တရားကိုဖော်ထုတ်နိုင်ပါ့မလားဆိုတာကို Devil’s knot ဆိုတဲ့ ဖြစ်ရပ်မှန် မှုခင်းဇာတ်ကားလေးမှာရှူစားအားပေးကြပါဦးခင်ဗျ File size… 1.58 GB / 768 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 54m Genre ….. Crime , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Brackman

Thriller • Mystery • Drama • Horror
6.1 2013 114 mins
Devil’s Knot
The League of Gods: The Flying Immortal Dagger
5.9

The League of Gods: The Flying Immortal Dagger လို့ အမည်ရတဲ့ရုပ်ရှင်လေးတကားကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းလေးကတော့ Clash of Gods အစရှိတဲ့ ရုပ်ရှင်တွေထဲမှာပါဝင်တဲ့ ရှန်းကုန်းပေါက်, ယန်ကျန်, ကျန်းကျစ်ယာတို့ကိုအခြေခံထားတဲ့ ရှန်းခေတ်ကိုနောက်ခံတည်ထားတဲ့ကားလေးဖြစ်ပါတယ်။ ရှန်းကုန်းပေါက်နဲ့ကျန်းကျစ်ယာတို့ကြား မကျေနပ်အမုန်းတရား ၊ စစ်ပွဲတွေကြားမှာအပြစ်မဲ့သူတွေ စတေးခံရပုံ,ရှင်ဘုရင်ကျင့်ဝတ်နှင့် မညီတာကြောင့် ခံစားရတဲ့ပြည်သူပြည်သားတွေအကြောင်းအစရှိတဲ့ ရူပ်ထွေးလှပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းအကြောင်းကိုအခြေခံထားတာကြောင့် ဒီဇာတ်ကားလေးကို ဆက်လက်ကြည့်ရူလိုက်ကြရအောင် ~

5.9 2023
The League of Gods: The Flying Immortal Dagger
Street Flow 2

Crime, Drama ဇာတ်ကားဖြစ်တဲ့Street Flow 2 ကတော့ ဒမ်ဘာတစ်ယောက် ပြန်လည်နိုးထလာပြီး 2နှစ် အကြာကိုရိုက်ကူးထားတာဖြစ်ပါတယ် ဒမ်ဘာဟာ လက်စားချေချင်စိတ်ကို သည်းခံပြီး ကောင်းကောင်းမွန်မွန် ကြိုးစားနေထိုင်ပါတော့တယ်။ ဆူလေမန်းဟာလည်း ရှေ့နေတစ်ယောက်အဖြစ် လုပ်ကိုင်နေပြီဖြစ်ပြီး နိုမူခဲဟာလည်း ထောင်ထဲက ထွက်လာပြီး ကျောင်းပြန်တက်နေပါပြီ တရက်မှာ နိုမူခဲ ဟာ ရန်ပွဲတစ်ခုတည်းပါသွားပြီး အိမ်ပြန်မလာခဲ့ပါဘူး။ အဲ့ဒါအပြင် ရန်ပွဲထဲမှာ သေနတ်ဖောက်သံပါကြားတာကြောင့် ဒမ်ဘာဟာ အရင်က အဆက်အသွယ်နဲ့ နိုမူခဲကို လိုက်ရှာရင်း သူ့အရင်က လုပ်ဖော်ကိုင်ဘက်တွေဆီကို ရောက်သွားပါသေးတယ်။ လက်စားချေချင်စိတ်တွေ အမြဲကြီးစိုးနေတဲ့ ဒမ်ဘာတစ်ယောက် လူကောင်းလေးအဖြစ် တကယ်ပဲနေနိုင်သွားမှာလား ညီအစ်ကိုသုံးယောက် ဘယ်လိုရှေ့ဆက်ကြမှာလဲဆိုတာကိုတော့ ကြည့်ရှုပေးကြပါဦးခင်ဗျာ….. File size…(1.55 GB)/(875 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre…Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban

0 2023
Street Flow 2
Manbaby
5.7

လောကမှာ ရတာမလို လိုတာမရ ဆိုတဲ့ ဖြစ်ရပ်တွေအများကြီးရှိကြပါတယ်။ ဒါပေမဲ့ ကိုယ်လိုချင်တာကိုရဖို့ လောကသဘာဝ နိယာမတွေနဲ့ ဆန့်ကျင်ပြီး လုပ်ယူမယ်ဆိုရင်တော့ နောက်ဆက်တွဲဆိုးကျိုးတွေဆိုတာ ရှိစမြဲပဲလေ….. ဒီဇာတ်ကားလေးကတော့ မိသားစုဟာသ ကားလေးတစ်ကားဖြစ်ပြီးတော့ လူရွှင်တော်အလုပ်နဲ့ အသက်မွေးတဲ့ ယောကျ်ားဖြစ်သူနဲ့ မျိုးရိုးစဉ်ဆက် ဟော်မုန်းဆိုင်ရာ သိပ္ပံပညာရှင်တွေဖြစ်တဲ့ မိန်းမနဲ့ လင်မယားချင်း ကလေးယူမယ်/မယူဘူး သဘောထားကွဲလွဲတာကနေ စတဲ့ဇာတ်အိမ်ကလေးပေါ့။ ကလေးရူး ရူးနေတဲ့ယောက်ျားဖြစ်သူနဲ့ No Child Marriage ဖြစ်ချင်နေတဲ့ မိန်းမဖြစ်သူ သိပ္ပံပညာရှင် ဒေါက်တာတို့ သဘောထားကွဲပြီးတော့ ယောကျ်ားဖြစ်သူက သူ့မိန်းမစိတ်ကိုပြောင်းလဲနိုင်ဖို့အတွက် ကလေးတစ်ယောက်လို ဟန်ဆောင်ပြီး ကြိုးစားတဲ့ Comedy ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ် ဘာတွေဆက်ဖြစ်လာမလဲဆိုတာတော့ ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုခံစားလိုက်ကြပါဦးနော်….. ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.8 GB)/(860 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo

5.7 2022
Manbaby
The Gossip
6.6

The Gossip (2021) ဒီတစ်ခေါက်တင်ဆက်ပေးမယ့်မူဗီလေးကတော့ Dark Humor တွေနဲ့ ရယ်မောရတဲ့အပြင် စိတ်ဝင်စားစရာအပြည့်နဲ့ ကြည့်ရှုရမယ့် ၂၀၂၁ တုန်းက ထွက်ရှိထားတဲ့ Gossip ဆိုတဲ့ကားလေးပဲဖြစ်ပါတယ် ဂျောင်ဆော့ဆိုတဲ့ တက္ကသိုလ်ကျောင်းသားလေးဟာ မြို့ပြနဲ့ဝေးတဲ့တစ်နေရာမှာ ငွေဖောဖောသီသီရတဲ့အချိန်ပိုင်းအလုပ်လုပ်ဖို့ ဖြစ်လာခဲ့ပါတယ် သူ့အလုပ်ကတော့ အိပ်ရာထဲလဲနေတဲ့ ဥက္ကဌကြီးကို ဒိုင်ပါလဲပေးရတယ် ဆလိုင်းသွင်းပေးရတယ် ဆေးတိုက်ရတယ် ဒါပါပဲ သူ့ထက်အရင် အချိန်ပိုင်းအလုပ်လုပ်နေတဲ့ ဝါရင့်အစ်ကိုကြီးတစ်ယောက်ရော ရှိနှင့်နေတယ်လေ ဒီလိုနဲ့ နှစ်ယောက်သား စကားဖောင်ဖွဲ့ရင်း ယောက်ျားချင်းစကားတွေ ပြောကြရင်း အိပ်ရာထဲမှာ ဘုရင်မတစ်ဆူလို့ နာမည်ကြီးတဲ့ မိန်းကလေးတစ်ယောက်ကို ခေါ်ကြည့်ဖို့ဖြစ်လာပါတော့တယ် အဲဒီလိုနဲ့ ကောင်မလေးရောက်လာတဲ့အခါ ၃ယောက်သား အရက်အတူသောက် ရယ်စရာတွေပြော အဖွဲ့ကျနေကြတုန်းမှာပဲ ရုတ်တရက် ဥက္ကဌကြီးက နိုးလာပြီးတော့ ဝါရင့်အစ်ကိုကြီးကို လည်ပင်းလာညှစ်ပါတော့တယ် .. ခုခံဖို့ လုပ်ကြရင်းနဲ့ ဥက္ကဌကြီး နဲ့ အဲဒီ အရှုပ်တော်ပုံကို ဘယ်လို ရှင်းကြမလဲဆိုတာကို သိချင်ရင်တော့ တစ်ဖြတ် လာရောက် ကြည့်ရှုဖို့ ဖိတ်ခေါ်ပါရစေနော် ကြည့်ဖို့ ခိုင်လုံတဲ့ အဓိကအချက်ကတော့ “မင်းသားက အဆင်လေးပါ အဆင်လေးပါ” ဒါပါပဲ အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin & Cali ပဲ ဖြစ်ပါတယ်။ Genre….. Comdey, Horror, Mystery, Thriller Quality…. 1080p | 720p File size… 977MB | 381MB Format… mp4 Duration…. 1h 24min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Shin & Cali Encoder ….. Aaron

6.6 2021
The Gossip
Penthouse North
5.5

ဆာရာလို့ခေါ်တဲ့ မျက်မမြင်ကောင်မလေးဟာ သူ့ရဲ့ ချစ်သူရွိုင်ရန်နဲ့အတူ ပန့်ဟောက်စ်မှာ ပျော်ရွှင်စွာနေထိုင်နေပါတယ်။ ဆာရာဟာ မျက်စိမမြင်ရပေမဲ့ ကိုယ်ထူကိုယ်ထလုပ်တတ်ပြီး သူ့ကို မျက်မမြင်တစ်ယောက်မလို့ ကူညီပေးတာမျိုးကိုလည်း မကြိုက်တတ်ပါဘူး။ ဒီလိုနဲ့ နှစ်သစ်ကူးနေ့ရောက်တဲ့အချိန်မှာတော့ ညဘက်မှာ သောက်ဖို့အတွက် ရှန်ပိန်ကို ကိုယ်တိုင်တစ်ယောက်တည်းထွက်ဝယ်ရင်း အိမ်ကိုပြန်ရောက်တဲ့အချိန်မှ သူ့ရဲ့ချစ်သူဟာ အသတ်ခံထားရကြောင်းကို သိရှိပြီး ထွက်ပြေးဖို့လုပ်ပေမဲ့ သူ့ချစ်သူကို သတ်လိုက်တဲ့သူနဲ့ သူ့ရဲ့အဖော် ဟော်လန်ဒါဆိုတဲ့လူဟာ ဆာရာ့ကို နှိပ်စက်ပြီးတော့ ချစ်သူဖြစ်သူဖွက်ထားတဲ့ပစ္စည်းတွေအကြောင်းမေးရင်းနဲ့ သူ့ချစ်သူရဲ့ အတိတ်က လုပ်ခဲ့တဲ့အကြောင်းတွေကို သိလာရင်း …… သူ့ချစ်သူက ဘယ်လိုလူမျိုးလဲ ……. လူကိုသတ်ပြီးတော့ ရှာရလောက်တဲ့အထိရှာနေရတဲ့ ပစ္စည်းတွေက ဘယ်လောက်တောင် တန်ဖိုးကြီးနေလဲ ….. သူတို့ရှာနေတဲ့ ပစ္စည်းတွေကို ရှာတွေ့သွားမှာလား …… ဆာရာကရော အနှိပ်စက်ခံရာကနေ လွတ်မြောက်လာပါ့မလား ….. ဆိုတာတွေကို စိတ်ဝင်စားစရာ ကြည့်ရှုရမဲ့ Drama Thriller ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ်။ File size…1.18GB / 558MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ….. Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TD

Thriller • Horror
5.5 2013 85 mins
Penthouse North
All Creatures Big And Small
5.8

All Creatures Big And Small (2015) ============================== IMDb – 5.8/10 ဒီတစ်ခါက​တော့ ကာတွန်းကားပရိသတ်​လေး​တွေအတွက် 2015 ကထွက်ရှိထားတဲ့ ကမ္ဘာပျက်သုဥ်းချိန် ​သတ္တဝါအားလုံးကို​သ​ဘော်ကြီးနဲ့ ကယ်တင်တဲ့ ဇာတ်​လမ်းကို ​ကျောရိုးယူပြီးရိုက်ပြထားတဲ့ ကာတွန်းကား​ကောင်း​လေး All Creatures Big And Small ပဲဖြစ်ပါတယ် ဇာတ်လမ်းအညွှန်း Nestrian မျိုးစိတ်ဖြစ်တဲ့ ဖင်နီတစ်​ယောက် အ​​​ဖေဖြစ်သူနဲ့ ​နေရပ်အမှန်ကိုလိုက်ရှာ​နေခဲ့ပါတယ် ဖင်နီမှာ မိတ်​ဆွေဖွဲ့တတ်တဲ့ စိတ်​လေးရှိ​ပေမယ့် ​နေရပ်အမှန်ကိုလိုက်ရှာရတဲ့အတွက် ခဏခဏ ​နေရာ​​ပြောင်း​နေရတဲ့အတွက် သူငယ်ချင်းမရဖြစ်​နေပါ​တော့တယ် ​တစ်ဖက်မှာလည်း တော​ကြောင်မျိုးရိုးက​ပေါက်ဖွားလာတဲ့ လီယာတစ်​ယောက် မိမိမျိုးစိတ်ဓ​လေ့အရ အုပ်စုဖွဲ့မ​နေရဘူး အ​ကြောက်တရားဆိုတာမရှိရဘူးလို့ မိခင်ဖြစ်သူက ဆုံးမထားတာ​ကြောင့် အတွင်းစိတ်က ​ပျော့​ပြောင်း​နေ​ပေမယ့် အပြင်ပိုင်းမှာ မိခင်အလိုအရ ခက်ထန်ပြ​နေရပါတယ် တစ်​နေ့ ကမ္ဘာကြီး​ရေလွှမ်းမှု​အောက်ကို​ရောက်မယ့်အချိန် သတ္တဝါအားလုံးကို ကယ်တင်ဖို့ သ​ဘော်ဆီ အားလုံးကိုဖိတ်​ခေါ်လိုက်ပါတယ် ကံမ​​ကောင်းစွာနဲ့ပဲ ဖင်နီတို့သားအဖနှစ်​ယောက် သ​ဘော်​ပေါ်တက်ရမယ့်စာရင်းထဲမှာမပါခဲ့ပါဘူး သားဖြစ်သူကို သ​ဘော်​ပေါ်လိုက်ရမယ်ဆိုတဲ့ ကတိ​ကြောင့် ​တော​ကြောင်​တွေအဖြစ်အ​ယောင်​ဆောင်ကာ သ​ဘော်​ပေါ်တက်ရင်း လီယာတို့သားအမိနဲ့ သွားဆုံကြပါတယ်. လီယာတစ်​ယောက် အ​မေဖြစ်သူစကားကိုမယုံလို့ ​ရေတကယ်ကြီးမကြီးကိုသွားကြည့်ရင်း ကံဆိုးစွာပဲ သ​ဘော်​​ပေါ်မ​ရောက်ပဲ ဖင်နီနဲ့အတူကျန်ခဲ့ရပါတယ် ဖင်နီနဲ့ လီယာတို့ ​ရေလွှမ်းမိုးတာက​နေဘယ်လို အသက်ရှင်ကျန်ရစ်​အောင်ကြိုးစားခဲ့ရလဲ သူတို့မိဘ​တွေက​ရော သားသမီး​တွေကို သ​ဘော်ဆီပြန်​ခေါ်ဖို့အတွက်ဘယ်​​လောက်ကြိုးစားခဲ့ရလဲဆိုတာ​တွေကို ရယ်ရယ်​မော​မောကြည့်ရှုရမယ့်ကာတွန်းကား​ကောင်း​လေးပဲဖြစ်ပါတယ် ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ DB ပါ ) File size_(1.4GB)/(800MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:24:00 Genre_Animation, Adventure Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by DB

5.8 2015 85 mins
All Creatures Big And Small
Goldstone
6.6

ဒီဇာတ်ကားက Crime/Thriller အမျိုးအစား ဖြစ်ပြီးတော့ ကိုယ့်ရဲ့မွေးရပ်မြေမှာ အကျင့်ပျက်ခြစားမှုကြီးတစ်ခုကို ဖော်ထုတ်ခဲ့တဲ့ စုံထောက် ဂျေးစွမ်းန်ကို အာဏာပိုင်တွေက Goldstone ဆိုတဲ့ မြို့လေးတစ်မြို့ဆီပို့ပြီး ပျောက်ဆုံးနေတဲ့ အာရှသားတိုးရစ်တစ်ယောက်ကို ရှာဖွေဖို့ စေလွှတ်လိုက်ပါတယ်။ အဲဒီမှာမှ အကျင့်ပျက်ခြစားနေတဲ့ Goldstone မြို့တော်ဝန်တို့ လူတစ်စုနဲ့ လိုက်လျောညီထွေနေနေရတဲ့ နယ်ခံရဲ ဂျော့ရှ် ဝါးတားနဲ့ သွားတွေ့ပါတယ်။ အကျင့်ပျက်ခြစားနေတဲ့လူတွေကြား ကိုယ့်ရဲ့နဂိုကောင်းတဲ့စိတ်ရင်းအခံကို ချိုးနှိမ်ပြီး အလိုက်သင့် မျောပါနေရတဲ့ ဂျော့ရှ်တစ်ယောက်… မှန်ရင်ပြီးရော စိတ်လိုက်မာန်ပါလုပ်တတ်တဲ့ စုံထောက် ဂျေးစွမ်းန်နဲ့ ထိပ်တိုက်တွေ့အပြီးမှာ ဘာတွေဘယ်လို ပြောင်းလဲသွားမလဲ… ကိုယ်စီက သက်ဆိုင်ရာတာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်နိုင်မလား၊ တရားတဲ့ဘက်နဲ့ မတရားတဲ့ဘက် ဘယ်ဘက်ကို ရွေးချယ်ကြမလဲ ဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်… File size…1.65GB / 743 MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 50m Genre ….. Action , Crime , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt

6.6 2016
Goldstone
Game Changer
6.1

Game changer (2025) ဝှက်ဖဲ RRR၊ ဘိုင်ရာဗားကားတို့နဲ့ လူသိများတဲ့ မင်းသားရမ်ချာရန်ရဲ့ရုံတင်ကားသစ်လေးဒစ်ဂျစ်တယ်ဗားရှင်းနဲ့အတူပဲ ပရိသတ်ရှေ့မှောက်သို့ ရရှိလာပါပြီ။ RRR ကားပြီးကတည်းက ထွက်သမျှကားတိုင်း ထင်သလောက်မပေါက်ဖြစ်နေတဲ့ ဘိုင်ရာဗားတို့ ဒီတကားတော့ ဘယ်လိုကြမ်းနိုင်ဦးမှာလဲ …. ရမ်ချာရန်ရဲ့ကောင်းမွန်တဲ့သရုပ်ဆောင်မှုတွေ တောင်ပိုင်းကားဆန်ဆန်ပဲ အိန္ဒိအစိုးရဘာညာရှိတာအကုန်ဖဲ့ တွေ့တာအကုန်ကြုံးတဲ့ အက်ရှင်ခန်းတွေနဲ့အတူ ဘိုင်ရာဗားပရိသတ်တွေတော့ အားပေးသင့်တဲ့ဇာတ်ကားကောင်းလေးပါပဲ။ မင်းသမီးကတော့ ကျန်တဲ့သူတော့မသိ ကျွန်တော်တော့ Lust Stories ထဲမှာမှတ်မိနေတဲ့ ကီယာရာအဒ်ဘာနီက တွဲဖက်သရုပ်ဆောင်ထားပါတယ်။….. ဇာတ်လမ်းအကျဉ်းလေးကတော့ ရမ်နန်ဒန်ဟာ ရာထူးတိုးပြီးလို့ နယ်ပြောင်းတာကို နောက်ကလိုက်ရန်ရှာတဲ့လူမိုက်ငချွတ်လေးတွေရှိလို့ အေးဆေးရထားလေးစီးမသွားရပဲ ငချွတ်လေးတွေကို ဆုံးမပေးပြီးမှ ခရီးဆက်ရတဲ့ ဘက်စုံတော်ဖြောင့်မတ်တဲ့အရာရှိတစ်ဦးပါ။ မိုပီဒေဗီကတော့ လက်ရှိပြည်နယ်မှာဝန်ကြီးချုပ်ဖြစ်ချင်နေပေမယ့် အဖေရောညီနဲ့ပါမတည့်တာကြောင့် ပါတီမှာ ပြသနာပတ်ရှာနေတဲ့ ဝန်ကြီးတစ်ယောက်ပေါ့ အဲ့ချိန်မှာ အားလုံးကိုပြုပြင်ပြောင်းလဲရေးဝင်မယ့် ခရိုင်မှူးကြီးရမ်နန်ဒန်နဲ့ ဟောက်စားတစ်သိုက် ရင်ဆိုင်ရတဲ့ပွဲမှာ ဘယ်သူ့လက်ထဲက ဘာဝှက်ဖဲတွေထုတ်လာပြီး ဘယ်လိုအနိုင်ကျဲကြမလဲဆိုတဲ့ နိုင်ငံရေးအက်ရှင်ဘောလိဝုဒ်ဇာတ်ကားလေးကို ပရိသတိကြီးအတွက် တင်ဆက်ပေးပါရစေ အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်။

6.1 2025 164 mins
Game Changer
Badava
5.6

Badava (2025) ဘဝရဲ့ အချိုးအ‌ကွေ့လေးတွေ IMDb 6.7/10 အက်ရှင် ဟာသဒရမ်မာပရိသတ်တို့အတွက် တမီးလ်ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ဗယ်လန်က အလုပ်လက်မဲ့ ပြဿနာအိုးလေးတစ်ယောက်ပါ။ သူ့ကို အလုပ်လုပ်ဖို့ဆိုပြီး အိမ်ကသူအားလုံးက မလေးရှားကို အတင်းပြောင်းရွှေ့ခိုင်းကြပါတယ်။ မလေးရှားရောက်သွား‌တော့လည်း အဆင်မပြေပြန်တဲ့အတွက် အလုပ်ပြုတ်ပြီး အိမ်ပြန်ရဖို့ပဲ ဖြစ်လာလေရဲ့။ အဲဒီအချိန်မှာပဲ အုတ်ဖိုပိုင်ရှင်တစ်ယောက်ဟာ သူ့နယ်ခံအလုပ်သမားတွေကို လခနည်းနည်းပဲပေးပြီး အလုပ်မတရားခိုင်းနေတာကို သူက သိသွားပါတယ်။ ဒီလိုနဲ့ မဟုတ်မမှန်ရင်ခေါင်းငုံ့မခံတတ်တဲ့ သူ့ရဲ့စိတ်ဓာတ်လေးပေါ်ထွက်လာပြီး ခေါင်းပုံဖြတ်နေတဲ့ အလုပ်ရှင်ကို ဆန့်ကျင်တော်လှန်ပါတော့တယ်။ ဗယ်လန်ရဲ့ အခက်အခဲတွေကိုသတ္တိရှိရှိနဲ့ရင်ဆိုင်ပုံ၊ အရှုံးမပေးပုံတို့ကို စိတ်ခွန်အားတက်ကြွဖွယ်နဲ့ ဟာသဆန်ဆန်လေး တွေ့မြင်ရမှာမို့ ခံစားကြည့်ရှု အားပေးကြရအောင်ပါ။ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

5.6 2025 150 mins
Badava