YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Rose.2022.NORDIC.720p.WEBRip.(CM).mp4

782.46 MB 720p video/mp4 32 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Lost

အခုတစ်ခါမှာတော့ ဘောလီဝုဒ်မင်းသမီးချောလေး ယာမီဂေါ်သမ်ဦးဆောင်ပါဝင်ထားတဲ့ ဟင်ဒီဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါ့မယ်။ ဒီဇာတ်လေးဟာ ၁၃ကြိမ်မြောက်ကျင်းပတဲ့ ၂၀၂၂ခုနှစ်ရဲ့ ချီကာဂိုတောင်အာရှရုပ်ရှင်ပွဲတော်မှာ တရားဝင်ရွေးချယ်ခံခဲ့ရတဲ့ ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကလည်း သိပ်ကို စိတ်ဝင်စားဖို့ကောင်းပါတယ်။ သတင်းထောက်မလေးတစ်ယောက်က ကောင်လေးတစ်ယောက်ပျောက်ဆုံးမှုကို အခြေခံပြီး သတင်းယူနေရင်းနဲ့မှ လျှို့ဝှက်ပူးပေါင်းကြံစည်မှုကြီးတစ်ခုလုံးဟာ မီးခိုးကြွက်လျှောက်ပေါ်သလို ထွက်လာခဲ့တာပါပဲ။ ဒီအမှုမှာလည်း ငွေများတရားနိုင်သဘောတရားနဲ့ အစိုးရအရာရှိတွေရဲ့ လာဘ်စားမှုတွေကို ကွက်ကွက်ကွင်းကွင်းရိုက်ပြထားလို့ ကြည့်သင့်တဲ့ကားလေးဆိုလည်း မမှားပါဘူးနော်။ File size…1.57GB / 746MB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 4mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thaik San ~ Taylor ~ Yunni ~ BpL

Adventure • Drama • Science Fiction
null 2023 124 mins
Lost
Fast 888
6

ထိုင်း အခွီမင်းသားချော Nick Kunatip နဲ့ ဟာသတွဲဖက် Chuanchen Chaet တို့အဓိက ပါဝင်ထားတဲ့ တကားလုံးရီနေရတဲ့ဇာတ်ကားပါ။ လတ်တလောကမှ ကျောက်ဖုရားမြစ်ထဲ တွန်းချခံရလို့ သေဆုံးခဲ့တဲ့ မင်းသမီးချောလေး Tangmo Nida Patcharaveerapong လဲ ဒီကားထဲ ပါဝင်သရုပ်ဆောင်ထားခဲ့ပါတယ်။ ဇာတ်လမ်းအကျဥ်း... ဖွန်(Chuanchen Chaet)) က ဘတ်စ်ကားအမှတ်၈၈၈ကိုမောင်းနှင်သူတစ်ယောက်ဖြစ်ပြီး သူငယ်ချင်းဖြစ်သူ ဝင်း(Kunatip)ကတော့ ကားစပယ်ယာလုပ်ပေးနေသူပဲဖြစ်ပါတယ် ဖွန်ရဲ့ ဇနီးဖြစ်သူ မီအာ(Tangmo)က ဖခင်နဲ့ချစ်သူဖွန်ကြား ဖွန့်ကိုရွေးလာသူမို့ ဖွန့်အနေနဲ့ မိန်းမရှိခိုး သွားမကျိုးဆိုတဲ့အတိုင်းနေလာခဲ့သူလည်းဖြစ်ပါတယ် တစ်ရက် ဖွန်နဲ့ ဝင်းတို့ ဘတ်စ်၈၈၈ ကိုမောင်းလာရင်း ဖွန်ရဲ့ ဝါသနာအတိုင်း တခြားဘတ်စ်ကားနဲ့ ကားမောင်းပြိုင်ရာက အလွဲတွေ စဖြစ်ပါတော့တယ်.. ကားပေါ်မှာ ဖွန့်ကိုကြည့်မရလို့ ကားဘရိတ်ကြိုးဖြတ်ဖို့နဲ့ ချိန်ကိုက်ဗုံးထောင်ထားတဲ့ အဖွဲ့နှစ်ဖွဲ့အပြင် ကောင်မလေးကြောင့် သတ်သေချင်နေသူ, မော်ဒယ်အဖွဲ့, လျှို့ဝှက်တဲ့ပုံနဲ့နေနေတဲ့ညီအစ်ကိုနှစ်ယောက်, ရောဂါသည်တစ်ယောက် နဲ့ သီချင်းဆိုပြိုင်ပွဲလာဝင်တဲ့သူ စတဲ့ခရီးသည်ပေါင်းစုံပါလာပြီး ကားပေါ်က ဖွန်နဲ့ ခရီးသည်တွေရဲ့အကြောင်းစုံကို ဟာသနှောပြီးတင်ဆက်ပေးထားတဲ့ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ ပေါ့ပေါ့းပါးပါးရီချင်နေရင်တော့ ဒီဇာတ်ကားက အဲ့လိုပါ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Kyi Nue Zin မှ တင်ဆက်ပေးထားပါတယ်။) File size…(2.1 GB)/(999 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:33:41 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Kyi Nue Zin

Comedy • Drama
6 2016 95 mins
Fast 888
Terror Train
5.1

ဒီဇာတ်ကားဟာ Terror Train (1980) ကို Remake လုပ်ထားတဲ့ဇာတ်ကားပါ။ ရိုးရှင်းတဲ့ Plot တွေကနေ ဖောက်ထွက်ချင်ရင်၊ ပြီးခါနီးထိ ရင်ခုန်ချင်ရင် ဒီဇာတ်ကားဟာ သင်တို့အတွက် Underrated ထဲမှာ ကြည့်ပျော်တဲ့ဇာတ်ကားတစ်ကားဖြစ်မှာပါ။ လူငယ်ကျောင်းသားအဖွဲ့အစည်းတစ်ခုဟာ သူတို့ထဲကို အသစ်ဝင်လာတဲ့ ကျောင်းသားသစ်တွေကို Prank တွေ Challenge တွေကိုဖြတ်ကျော်ပြီးမှ ဝင်စေတာပါ။ ဒီလိုပဲ နှစ်အတော်ကြာ ဒီလိုလုပ်ရပ်တွေနဲ့ ပျော်ခဲ့ပါးခဲ့ကြတာပါပဲ။ ဒါပေမယ့် တစ်နှစ်မှာ Kenny ဆိုတဲ့ကျောင်းသားသစ်လေးတစ်ယောက်နဲ့ Alana ဆိုတဲ့ လှပတဲ့ကျောင်းသူသစ်လေးကို အဖွဲ့ထဲထည့်ဖို့ အပြောင်အပျက်တွေလုပ်ရင်းကနေ အမှားတစ်ခုကြောင့် Kenny ဟာ စိတ္တ‌ဇဆေးရုံကိုရောက်ရတဲ့အထိပါဖြစ်သွားပါတယ်။ Alana ဟာ သူ့ကြောင့် Kenny ဒီလိုဖြစ်သွားရတာကို စိတ်မကောင်းပေမယ့် အဖွဲ့ရဲ့ ဥက္ကဌ ဖြစ်တဲ့ Doc နဲ့ တခြား Senior တွေကြောင့် လက်ပိုက်ကြည့်ရုံမှအပ ဘာမှမတတ်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ မေ့မေ့ပျောက်ပျောက်နဲ့ပဲ နောက်သုံးနှစ်အကြာမှာတော့ သူတို့ကျောင်းသားကျောင်းသူတွေဟာ Halloween ညတစ်ညမှာ အပျော်စီးရထားခရီးစဉ်တစ်ခုကို စီစဉ်ပြီး ခရီးထွက်ကြပါတယ်။ ဒီအပျော်ကနေ အပျက်ဖြစ်အောင် ဘယ်အရာကလုပ်ခဲ့တာလဲ ဘယ်က ဘယ်သူ ဘာကြောင့်မှန်းမသိတဲ့ အသက်ဘေးအန္တရာယ်ကို ကျရောက်စေသူဟာ ဘယ်သူလဲ... အတိတ်က Kenny လားဆိုတာကို ရင်တထိတ်ထိတ်နဲ့ဆက်ကြည့်ရမှာပဲဖြစ်ပါတယ်... Everyone is suspect ဆိုတဲ့ Theme ကို ကြည့်ရှုသူကိုယ်တိုင်ပါ ခံစားနိုင်မှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Nyan Hlyan Chit မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.6GB, 750MB Quality - 1080p, 720p Format - mp4 Duration - 1H 30Min Genre - Horror, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by Nyan Hlyan Chit Encoded by Y

Crime • Drama
5.1 2022 90 mins
Terror Train
Operation Mincemeat
6.5

ကင်းစ်မန်းရဲ့ မင်းသားကြီး ကိုလင်ဖာ့သ် နဲ့ Price and Prejudice တို့ Three Musketeers တို့လိုရုပ်ရှင်ကြီးတွေရဲ့ မင်းသား မက်သရူး မစ်ဖက်ဒီရန်တို့ ပါတဲ့ ဒုတိယကမ္ဘာစစ် ဖြစ်ရပ်မှန်ရုပ်ရှင်အသစ်ပါ။ စစ်ပွဲကြီးတွေမှာ လူတွေလက်နက်တွေနဲ့ ရှေ့တန်းမှာ အပြိုင်တိုက်ကြသလို နောက်တန်းမှာလည်း သူလျိုတွေ ထောက်လှမ်းရေးတွေ ဉာဏ်ချင်းပြိုင်ပြီး အပြိုင်ကျဲကြတာလည်း စစ်ပွဲအဆုံးအဖြတ်ဖြစ်လာစေတာကို သိကြမှာပါ။ ဒီရုပ်ရှင်ထဲက အဖြစ်ကတော့ ကမ္ဘာစစ်အတွင်း အကြီးဆုံးအောင်မြင်ခဲ့တဲ့ လှည့်ကွက်ကြီးတစ်ခုဖြစ်ပြီး အင်အားသိန်းချီတဲ့ စစ်ဆင်ရေးကြီးတစ်ခုရဲ့ အသက်လည်း ဖြစ်ခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးနာမည်က အော်ပရေးရှင်း မင့်စ်မိထ် တဲ့။ မင့်စ်မိထ် ဆိုတာ အသားစင်းကောတွေ အကြာကြီးခံအောင် ထိန်းသိမ်းထားတဲ့အသားတွေကို ပြောတာပါ။ မဟာမိတ်တပ်တွေဟာ ဥရောပစစ်မြေပြင်မှာ နာဇီတွေနဲ့တိုက်ပွဲအတွက် အဆုံးအဖြတ်ဖြစ်စေမယ့် နေရာတစ်ခုဖြစ်တဲ့ စစ္စလီကို ဧရာမထိုးစစ်ကြီး ဆင်နွှဲဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့ စစ္စလီဟာ ဗြူဟာအရ အရေးပါတာကို ဟစ်တလာလည်း သိထားပြီးဖြစ်လို့ ခံစစ်ကို အကြီးအကျယ်ပြင်ဆင်နေပါပြီ။ ခံစစ်တိုက်စစ်သဘောအရ အင်အားမကွာရင် တိုက်စစ်ဘက်က အကြီးအကျယ်ကျဆုံးတတ်တာမို့ တိုက်ဖို့မဖြစ်နိုင်သလောက်ဖြစ်နေပါတယ်။ ဒီတော့ ထောက်လှမ်းရေးအဖွဲ့က မဟာမိတ်တွေဟာ ဂရိကို တိုက်မယ်လို့ ယုံအောင် လုပ်နိုင်ရင် ဟစ်တလာရဲ့တပ်တွေ စစ္စလီကနေ ဂရိကု ရွှေ့သွားခဲ့ရင်တော့ စစ္စလီတိုက်ပွဲကို အကျအဆုံးနည်းနည်းနဲ့ အနိုင်ရလိမ့်မယ်လို့ အကြံပြုလာပါတယ်။ ဒါပေမဲ့ မဟာမိတ်တွေဘက်က လှည့်စားမှာကိုလည်း ဂျာမနီက မျှော်လင့်ပြီးသားဖြစ်တော့ လှည့်စားတာကို လှည့်စားမှန်းမသိအောင်ဘယ်လိုလှည့်စားမလဲဆိုတာက အကြီးအကျယ်ပြဿနာဖြစ်လာပါတယ်။ ဗြိတိန်ထောက်လှမ်းရေးအဖွဲ့ခွဲရဲ့ အကြံကတော့ ဗြိတိန်တပ်သားအလောင်းတစ်ခုကို ဂျာမန်သူလျိုတွေအများကြီးလည်းရှိတဲ့ ကြားနေနိုင်ငံလည်းဖြစ်နေတဲ့ စပိန်မှာ မျောပြီးရောက်သွားအောင်လုပ်မယ်၊ အဲဒီအလောင်းထဲမှာ မဟာမိတ်တွေ ဂရိကိုတိုက်မယ့် အကြံအစည်တွေ မှတ်တမ်းတွေ အတုထည့်ပေးလိုက်မယ်ဆိုတာပါပဲ။ အဲဒီမှာ ဒီဇာတ်လမ်းရဲ့အဓိက ဇာတ်ကွက်တွေစလာတာပါပဲ။ အလောင်းဟာ ဘယ်လိုအလောင်းဖြစ်ရမလဲ၊ ရင်ခွဲစစ်ဆေးခံရရင် အလိမ်မပေါ်အောင် ဘာတွေပြင်ဆင်မလဲ၊ အလောင်းရဲ့ ရာဇဝင်ကိုလိုက်လာရင် ခိုင် မာအောင်ဘာတွေလုပ်မလဲ၊ အလောင်းမှာပါတဲ့ မှတ်တမ်းတွေဟာ အစစ်ဖြစ်ကြောင်း ယုံအောင်ဘယ်လိုလှည့်စားမလဲ စတာတွေအားလုံးကို တဆင့်ချင်းအသေးစိတ်ပြင်ဆင်ရပါတော့တယ်။ ကျန်တာကိုတော့ ရုပ်ရှင်ထဲမှာ ဆက်ခံစားကြည့်လိုက်ပါဦး။ တစ်ကားလုံး စိတ်ဝင်စားစရာတွေ ရယ်စရာလေးတွေ ရင်ခုန်စရာတွေနဲ့ ပြည့်နေတာမို့ အားလုံးကြိုက်ကြမှာပါ။ File size…(1.4GB)/(830MB)/(323MB) Quality…. 1080p/720p / 480p Webdl Format…mp4 Duration….02:08:00 Genre...Drama/WAR Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....Mr. Anderson

Comedy • Drama
6.5 2022 128 mins
Operation Mincemeat
Species: The Awakening
4.8

Species ရုပ်ရှင်ကားတွေဟာ သိပ်ညွှန်းရမယ့်ဇာတ်ကားတွေမဟုတ်ပါဘူး။ ဂြိုလ်သား DNA ဇာတ်ကားမျိုးဆိုရင် Species ဇာတ်ကားတွေက ဟိုးအရင်ခေတ်ကတည်းက လူတိုင်းရင်ထဲရောက်ရှိပြီးသားရုပ်ရှင်တွေဖြစ်ပါတယ်။ Species နာမည်နဲ့ ရုပ်ရှင် (၄)ကားထွက်ရှိခဲ့ဖူးပြီး (၄) ကားလုံးကို https://channelmyanmar.org/?s=species မှာကြည့်လို့ရပါတယ်။ ကြာခဲ့ပြီဖြစ်ပေမယ့် ယနေ့ခေတ်ထိတိုင်အောင် computer effect တွေ ကြည့်လို့ကောင်းနေဆဲရုပ်ရှင်ကားတွေဖြစ်ပြီး ဂြိုဟ်သားရုပ်ရှင်ကားတွေဖြစ်တဲ့ Splice တို့ Alien တို့လိုပဲ ထိတ်လန့်သည်းဖို သိပ္ပံအက်ရှင် Action,Horror,Sci-Fi အမျိုးအစား ဇာတ်ကားများလည်းဖြစ်ပါတယ်။ Species 4 : The Awakening (2007) ဇာတ်လမ်းအကျဉ်း.... ဒီကားမှာလဲ ဂြိုလ်သားကိုတူမအဖြစ်မွေးထားတဲ့ သိပ္ပံပညာရှင်ကြောင့် ဇာတ်လမ်းက စတာပါပဲ...ဒီဂြိုလ်သားမလေးကတော့ အရမ်းကို Sexy ကျ လှပပြီးတော့ သူမကိုယ်ထဲက ဂြိလ်သား DNA ဟာလဲ အရမ်းကို ရမ္မက်စိတ်ပြင်းထန်လွန်းတာကြောင့် ပုရိသယောကျာ်းတို့ ဒုက္ခရောက်ပုံတွေကို ဝေဝေဆာဆာ အသည်းတယားယားကြည့်ရှုရမယ့်ဇာတ်ကားဖြစ်ပါတယ်။ အဖော်အချွတ်ခန်းတွေများတာကြောင့် ငယ်ငယ်တုန်းက အောက်စက်ခေတ်မှာ လူကြီးတွေမသိအောင် ခိုးကြည့်ရ မီးပျက်သွားရင် အောက်စက်ဖွင့်ပြီး အခွေပြန်ထုတ်နေကျဇာတ်ကားမလို့ အသက်မပြည့်သူ ကလေးသူငယ်များနှင့်၊ မိသားစုနှင့်အတူ မကြည့်သင့်သော ရုပ်ရှင်ကားလဲဖြစ်ပါတယ်။ File size…(3.5 GB)/(1.2 GB) Quality….BluRay 1080p HEVC/720p Format…mkv/mp4 Duration….01:37:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung

Comedy • History
4.8 2007 98 mins
Species: The Awakening
Beyond the Gates of Hell

လက်ထပ်ပြီးစ လင်မယားနှစ်ယောက်က ခေါင်တဲ့နေရာမှာရှိတဲ့ အိမ်တစ်လုံးကို အောက်စျေးနဲ့ ဝယ်လို့ရလိုက်ပါတယ်။ ဒါပေမယ့် ဖြစ်ချင်တော့ အဲ့ဒီအိမ်က လူသေမှု လူသတ်မှု ရာဇဝင် အများကြီး ရှိထားပြီးသား အိမ်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ငွေရေးကြေးရေးအကျပ်အတည်းနဲ့ ကြုံနေတဲ့ လင်မယားနှစ်ယောက်က ဒီအိမ်ကို ဘာပြဿနာမှ မဖြစ်လောက်ဘူးထင်ပြီး ယူလိုက်ပါတယ်။ သူတို့အထင်နဲ့ တက်တက်စင်အောင်လွဲတာကတော့ အိမ်ကြီးက ငရဲဂိတ်ဝမှာ ဆောက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းက American Horror Storyရဲ့ Murder House နဲ့လည်း ဆင်တူပါတယ်။ ရိုက်ထားတာကလည်း creepy vibe အပြည့်ရတယ်ဆိုပေမယ့် အရမ်းတော့ ကြောက်စရာမကောင်းပါဘူး။ ရုပ်ရှင် ကြာချိန်ကလည်း တစ်နာရီ မပြည့်တော့ ကြည့်ရတာ မြန်မြန်သွက်သွက်ရှိပါတယ်။ File size…(739 GB)/(352 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:53:00 Genre…Horror, Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie

Drama
0 2022
Beyond the Gates of Hell
The River Why

The River Why (2010) ================= The River Why ဟာ ၁၉၈၃ ခုနှစ်ထွက် David James Duncan ရဲ့လက်ရာ The River Why ဝတ္ထုကိုအသက်သွင်းထားတဲ့ independent ဇာတ်ကားတစ် ကားဖြစ်ပါတယ်။ Plot အနေနဲ့များများစားစားမရှိလှပဲ ငါးမျှားဝါသနာရှင်ကျွမ်း ကျင်သူ မိဘနှစ်ပါးကမွေးဖွားလာတဲ့ လူငယ်လေးတစ်ယောက်၊ အရွယ်ရောက် စပြုလာတဲ့အချိန်မှာ မိဘတွေနဲ့အစေးမကပ်တော့ပဲတောထဲမှာတစ်ယောက်တည်း သွားနေ၊ ဝါသနာအလျောက်ငါးတွေမျှားရင်း မိမိကိုယ်ကိုပြန်လည်ရှာဖွေပုံ အချစ် ကို ရှာတွေ့ပုံတွေကို အမိုက်စား Cinematography တွေ နောက်ခံတေးဂီတတွေနဲ့ ရှုမြင်ရမှာဖြစ်ပါတယ်။ Independent ဇာတ်ကားဖြစ်တဲ့အတွက် mainstream ဇာတ်ကားတွေနဲ့တော့ တင်ဆက်ပုံ ချဉ်းကပ်ပုံတွေကွဲထွက်နေပါလိမ့်မယ်။ ရုပ်ရှင်ပွဲတော်တွေမှာ Cinematography ဆု နဲ့ ပရိသတ်ရွေးချယ်တဲ့အကောင်းဆုံးဇာတ်ကားဆုတွေရထားတဲ့ဇာတ်ကား ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ ပရိသတ်နဲ့မစိမ်းနဲ့ Zach Gilford (The Purge: Anarchy) နဲ့ ပြဿနာပေါင်းစုံကြောင့်ပရိသတ်ရှေ့ကအချိန်ကြာကြာကွယ်ပျောက်နေ ခဲ့ပေမယ့် မကြာခင်ပြန်တွေ့ရတော့မယ့် ငြင်းမရတဲ့အလှရှင် မမ Amber Heard တို့ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.8 GB) / (757 MB) Quality…………BLU-RAY 1080p / 720p Duration……..1Hr 41Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator……Alias Encoder……….SWM

0 2010
The River Why
Moonlight Mile
6.9

Moonlight Mile(2002) ******************** Roadhouse နဲ့ Southpaw မှာ ပွဲကြမ်းခဲ့တဲ့ မင်းသား Jake Gyllenhaal ရဲ့ ဒွမ်မာကားကောင်းလေးပါ… လူတိုင်းရဲ့ ဘဝနဲ့အချစ်ဇာတ်လမ်းမှာ ကိုယ်ဖြစ်ချင်တာတွေ၊ မျှော်လင့်ထားရတာတွေ ကိုယ်စီကိုယ်စီရှိတတ်ကြပါတယ်….။ မျှော်လင့်ထားသလိုဖြစ်မလာခဲ့ဘူးဆိုရင်ရော ဘယ်လိုဆက်ရင်ဆိုင်မလဲ…။ လက်တွေ့ဘဝကို ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲ ဆိုတာကို ဒီဇာတ်လမ်းလေးကိုကြည့်ရှုရင်း အဖြေရှာနိုင်ပါတယ်…။ ဂျိုး နဲ့ မကြာခင်လက်ထပ်ရတော့မယ့် ဇနီးလောင်းဖြစ်သူဟာ သေနတ်ပစ်ခတ်မှု မတော်တဆဖြစ်မှုတစ်ခုမှာ သေဆုံးသွားရပါတယ်… ဒါကြောင့်ဂျိုးဟာ ဇနီးလောင်းဖြစ်သူရဲ့မိဘတွေ ပူဆွေးနေတာတွေသက်သာစေဖို့ ယောက္ခမအိမ်မှာ သွားနေပေးဖြစ်ပါတယ်…။ ယောက္ခမတွေကလည်း သမီးဖြစ်သူသေဆုံးသွားတော့ သမက်ဖြစ်သူကိုသာအားကိုးရင်း နေ့စဥ်ပူဆွေးစရာတွေကျော်ဖြတ်ရင်းပေါ့….။ ဒီလိုနေထိုင်နေရတာကြာလာတော့…ဂျိုးဟာ သူ့ဘဝရဲ့အနှစ်သာရကိုမေ့လျော့လာခဲ့ရပါတယ်… ဘာလို့ဆို ချစ်သူကလည်းသေဆုံးသွား… ဘဝကလည်း သူများတွေအတွက်သာ နှစ်မြုပ်ရင်းအချိန်ကုန်လွန်လာခဲ့လေတော့ အဓိပ္ပာယ်မရှိဖြစ်လာတယ်ပေါ့…. ဒီတော့ ဂျိုးဟာ အဓိပ္ပာယ်မဲ့နေတဲ့ သူ့ဘဝကို ဘယ်လိုမှန်မှန်ကန်ကန်ဖြစ်အောင်ပြန်ရွေးချယ်မလဲ….။ လူတိုင်းမှာ ကိုယ့်နားခိုရာအိမ်ရှိပြီးသားပါ…။ ဂျိုးကရော သူ့ဘဝရဲ့နားခိုးရာအိမ်ကို ဘယ်လိုတွေ့အောင်ရှာမလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာကြည့်ရှုရင်း… ဘဝနဲ့ အချစ်ရဲ့ အဓိပ္ပာယ်ကို ရှာဖွေကြည့်လို့ရပါပြီဗျာ…။၊ File size…1.7GB / 544MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1hr 57min Genre ….. Drama, Romance Subtitle….Myanmar Subtitle (Hard Sub) Encoder…. Phyo Pyae Translated by Themes

6.9 2002
Moonlight Mile
The Loneliest Planet
5.6

The Loneliest Planet (2023) Genre – Drama, Thriller စေ့စပ်ထားကြတဲ့ စုံတွဲနှစ်ဦးဟာ ကမ္ဘာပတ်ပြီး ကျောပိုးအိတ်တစ်လုံးနဲ့ တောင်တက်ပြီး လျှောက်သွားနေကြသူတွေ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ သူတို့နှစ်ဦးက ဂျော်ဂျီယာနိုင်ငံကို လာရောက်ပြီးတော့ တောင်တက်ခရီးကို စွန့်စွန့်စားစား သွားကြမှာပဲ ဖြစ်ပါတယ်။ အဲဒီမှာ ဒေသခံလမ်းပြ လူကြီးတစ်ယောက်ကို သွားပြီး ၃ ယောက်သား လှပတဲ့ ဂျော်ဂျီယန်းတောင်တန်းတွေဆီ ခရီးထွက်ကြပါတော့တယ်။ ဒါပေမဲ့ ဇာတ်ကားနာမည်အတိုင်းပဲ လူသူမရှိကြတဲ့ ဒီလို အထီးအကျန်ဆုံးနေရာကြီးမှာ လူသား ၃ ဦး သွားလာကြရင်း ဘယ်လိုမျိုး အမှတ်တမဲ့လေးတွေကစပြီး ကြီးမားတဲ့အထိ ဖြစ်လာနိုင်တာလေးတွေကို ရိုက်ပြထားတာဖြစ်လို့ ဘာတွေဆက်ဖြစ်ကြမလဲ ကြည့်ရမှာပါ။ မင်းသားနေရာကိုတော့ Marvel Werewolf by Night တီဗီရုပ်ရှင်ထဲက သမန်းဝံပုလွေဇာတ်ကောင်ဖြစ်တဲ့ Gael García Bernal သရုပ်ဆောင်ပေးထားတာပါ။ ရိုက်ထားတဲ့ရှုခင်းတွေ လှပတယ်ဆိုပေမဲ့လည်း Slow Burn သွားထားတာဖြစ်ပြီး ဒိုင်ယာလော့ခ်တွေကို သိပ်ဦးစားမပေးထားပါဘူး။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်) File size_(2.6GB)/(1.4GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:50:00 Genre_Drama, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thura Aung

5.6 2011 113 mins
The Loneliest Planet
Scam 1770

Scam 1770 ( 2024 ) လှည့်ကွက်များ IMDb 7.4/10 ဒီတစ်ခါ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးမှာကတော့ 2024 ထွက် Scam ဆိုတဲ့ ရုပ်ရှင်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ NEET စာမေးပွဲရဲ့ ရက်စက်တဲ့အဖြစ်မှန်တွေနဲ့ ပညာရေးလောကရဲ့ရိုက်စားလုပ်ကွက်တွေကို ရိုက်ပြထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ – ဇာတ်လမ်းအစမှာပဲ နစ်သရာဆိုတဲ့ကောင်မလေးဟာ သူ့ရဲ့ဆေးကျောင်း၀င်ခွင့်ကိုလက်လျှော့လိုက်တာနဲ့စထားပါတယ်။ ကောင်မလေးဟာ ၀င်ခွင့်ကိုလက်လျှော့လိုက်ရုံတင်မကဘဲ ရထားလမ်းပေါ်မှာပါ သေကြောင်းကြံသွားပါသေးတယ်။ လူတွေကတော့ စာမေးပွဲမအောင်လို့ လုပ်မိလုပ်ရာလုပ်တယ်လို့ပဲထင်ကြတာပေါ့ဗျာ။ ဘာကြောင့်များလဲ။ ဘယ်လိုအခက်အခဲတွေကြောင့် ဆရာ၀န်ဖြစ်ချင်လှတဲ့နစ်သရာတစ်ယောက် အိပ်မက်တွေအကောင်အထည်ဖော်ရခါနီးမှာ ဘာကြောင့်များ လက်လျှော့ပြီး ဘ၀ကိုအရှုံးပေးသွားတာပါလဲ။ ဖိအားတွေကြောင့်များလား။ ဒါမှမဟုတ် ပျက်စီးခြစားနေတဲ့ပညာရေးစနစ်ကပဲ သူ့ကိုအဆုံးစွန်ထိတွန်းပို့ခဲ့တာလား။ နစ်သရာရဲ့သေဆုံးမှုနောက်ကွယ်မှာ ဘာတွေရှိဦးမလဲ။ ( ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team မှပဲဖြစ်ပါတယ် )

Comedy • Action
0 2024 131 mins
Scam 1770
Aloha Scooby-Doo!
6.3

Scooby-Doo နဲ့ သူငယ်ချင်း တစ်သိုက်ရဲ့ စွန့်စားခန်းလာပါပြီ ဒီဇာတ်လမ်းလေးကတော့ ၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ဟာဝိုင်အီ ကျွန်းမှာ ဇာတ်အိမ်တည်ထားတာပါ။ Scooby-Doo နဲ့ သူငယ်ချင်းတစ်သိုက်ဖြစ်တဲ့ Mystery Inc ဟာ အပန်းဖြေအနားယူဖို့အတွက် ဟာဝိုင်အီ ကျွန်းက ဟာနာဟူနာမြို့လေးပေါ်ကို ရောက်လာခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီမြို့လေးက မြို့ခံတွေဟာ ဆန်းကြယ်တဲ့ ဖြစ်ရပ်တွေကို ခံစားနေကြရပါတယ်။ ဒါတွေကို Scooby တို့ လိုက်လံ စုံစမ်းတဲ့ အခါမှာတော့ ဘာတွေကို ရင်ဆိုင်ရမလဲ ဒီဆန်းကြယ်မှုကို Scobby တို့ ဖော်ထုတ် သွားနိုင်မှာလား ဆိုတာကို ကြည့်ရှု ခံစားနိုင်မှာပါ ဒီဇာတ်ကားလေးမှာတော့ ဟာဝိုင်အီကျွန်းရဲ့ ရှေးဟောင်း ဒဏ္ဍာရီတွေ နတ်ဝင်ဇာတ်လမ်းတွေကို ချိတ်ဆက်မှုအပြည့် ဒရာမာ အပြည့်နဲ့ ကာတွန်းပုံစံ ဖန်တီးထားတာတွေကို ကြည့်နိုင်မှာပါ။ Halloween ရာသီဆိုတော့ spooky ဖြစ်ပြီး မိသားစုနဲ့ အတူ ကလေးတွေပါ အတူတူကြည့်ဖို့သင့်တဲ့ ဇာတ်ကားမျိုးပါ။ File Size : 1.8 GB, 861 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 14min Format : Mp4 Genre : Adventure, Animation, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : SO Encode by : Thit San Khant

6.3 2005
Aloha Scooby-Doo!
Heat
8.3

HEAT (1995) ****************** IMDb…8.3,,,,Rotten…86 ဒီကားက ၁၉၉၅ခုနှစ်ကထွက်ခဲ့တဲ့တာဆိုတော့ ၂၀၂၀ ခုနှစ်မှာ နေထိုင်တဲ့ခင်ဗျားတို့အမြင်မှာ ရိုးစင်းလွန်းတယ် …ဒီဘက်ခေတ်အမြင်မှာ အဆင့်မရှိလောက်ဘူး ဇာတ်လမ်းကောင်းရင်တောင် ကြည့်ရတာ အံဝင်မယ်မဟုတ်ဘူးလို့ ထင်နေရင်တော့ အဲဒီအမြင်ကိုမြောင်းထဲလွှင့်ပစ်လိုက်ပါလို့ ကျွန်တော်ရဲရဲကြီးပြောလိုက်မယ်…. ဒီကားက ဟီးဟီးဟားဟားကွက်တွေ အော်ဂလီဆန်စရာသတ်ဖြတ်မှုတွေ ခြောက်လှန့်မှုတွေမပါဘူး .. ဒါပေမဲ့ ပြသချိန် ၃နာရီနားပါးကြီးမှာ တစ်ချိန်လုံးခင်ဗျားဟာ စိတ်လှုပ်ရှားနေတယ်…. ဘာလို့ဆို မတူညီတဲ့ဇာတ်ကောင် ၂ယောက်ရဲ့အားပြိုင်မှုကြောင့်ပဲ…. တစ်ယောက်က ရဲ။… သူ့မှတ်တမ်းတစ်လျှောက်လုံးမှာ ဆိုးပါတယ် လိုက်ဖမ်းရခက်ပါတယ်ဆိုတဲ့ လူတွေကိုမှထောင်ထဲထည့်ခဲ့တဲ့သူ. . ရဲဌာန တစ်ခုလုံးကလည်း သူ့ကိုလေးစားရတယ်…..အယ် ဒါပေမဲ့ တစ်နေ့တော့ သူ့နှုတ်ဖျားက ဒီကောင် အရမ်းတော်တယ်ဆိုပြီး ညည်းညူခဲ့ရတဲ့ ဓားပြတစ်ယောက်ပေါ်လာတယ်.. တကယ်တော့ သူပြောတာထက်တောင်ပိုပါတယ်… အဲဒီဓားပြက အကွက်ချတာတော်တယ်… ပတ်ဝန်းကျင်ကိုလေ့လာအကဲဖြတ်ပြီး တစ်ဒင်္ဂအတွင်း အကောင်းဆုံးသော ဆုံးဖြတ်ချက်ကိုချနိုင်တယ်. ….လက်အောက်ငယ်သားတွေကိုကြည့်တယ်…ဒီကားက စစချင်း ၁၀မိနစ်လောက်ကတည်းက ခင်ဗျားတို့အာရုံတွေ ဖမ်းစားလိုက်ပြီ… ဒီကားထဲက အဓိကသရုပ်ဆောင်မင်းသားကြီး (၂)လက်ဖြစ်တဲ့ Al Pacino နဲ့Robert De Niro ကိုတော့ အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ… အရံသရုပ်ဆောင်တွေကလည်း ထိပ်တန်းသရုပ်ဆောင်တွေအတော်များတယ်.. ဇာတ်အိမ်ခိုင်သလား ဒိုင်ယာလော့တွေလန်းသလား သရုပ်ဆောင်တွေလန်းသလားဆိုတာကျွန်တော်ပိုမပြောချင်ဘူး. ဒီကားဒေါင်းကြည့်ပြီးတဲ့အချိန် ကျွန်တော်ပြောတာမလွန်ဘူးဆိုတာ ခင်ဗျားတို့သဘောပေါက်သွားလိမ့်မယ်….. File Size…2.11GB/ 900MB Quality…Blu-Ray 1080p/ Blu-Ray 720p Format…mp4 Duration…02:52:00 Genre : Action, Crime, Drama Subtitle…Myanmar Subtitle(Hardsub) Encoder…..Tiff Translated by Oung Xix Ming

Romance • Drama
8.3 1995 170 mins
Heat
Drained
5.8

ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ Dark Romance အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ် ဒီကားလေးမှာဆိုရင် သွေးစုပ်ဖုတ်ကောင်မလေးကို ချစ်မိသွားတဲ့ ပန်းချီဆရာတစ်ယောက်အကြောင်းကို ကြည့်ရှုရမှာဖြစ်ပြီး အခြားသောသွေးစုပ်ဖုတ်ကောင်ဇာတ်ကားအများစုနဲ့ မတူတဲ့ သွေးစုပ်ဖုတ်ကောင်ဇာတ်ရုပ်ကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်… Thomas ဟာ မိခင်ဖြစ်သူနဲ့အတူနေထိုင်ပြီး အလုပ်အကိုင် မရှိသေးတဲ့ ပန်းချီအနုပညာရှင်တစ်ယောက်ဖြစ်ပါတယ် တစ်ရက် သူငယ်ချင်းဖြစ်သူရဲ့ ဘားကိုလာရင်း Rhea ဆိုသူ မိန်းမချောလေးတစ်ယောက်နဲ့ ဆုံတွေ့ပြီး စွဲလမ်းသွားပါတော့တယ် Thomas ဟာ လျှို့ဝှက်ဆန်းကြယ်လှတဲ့ မိန်းမချောလေး Rhea နဲ့ နောက်တစ်ခေါက်ပြန်ဆုံချိန်မှာတော့ Rhea နဲ့အတူအိပ်ဖို့လုပ်ရင်း Rhea ဟာ သာမန်မိန်းကလေးတစ်ဦးမဟုတ်ဘဲ သွေးစုပ်ဖုတ်ကောင် တစ်ကောင်ဖြစ်ကြောင်း လက်ကောက်ဝတ်ပေါ်က သွေးစို့နေတဲ့ သွားရာနဲ့အတူ သိရှိသွားကာ အထိတ်တလန့်နဲ့ ထွက်ပြေးရပါတော့တယ် သို့သော်လည်း Rhea ကို စွဲလမ်းသွားနှင့်နေပြီဖြစ်တဲ့ Thomas ဟာ အဆက်မပြတ်နိုင်တော့ဘဲ Rhea နဲ့တဖန်ပြန်ပြီးဆက်သွယ်ဖို့ ကြိုးစားကာ သွေးစုပ်ခံဖို့အတွက်ကို အသင့်ပြင်ပြီး ချစ်မိပါတော့တယ်.. ထိုသို့နှင့် Thomas ဟာ Rhea သွေးစုပ်ရာ အစာအဖြစ်ခံချစ်ပြီး Rhea မှာ အခြားသောရည်းစားတစ်ယောက်ရှိနေတာ သိရှိသွားချိန်မှာတော့… ဒီကားလေးဟာဆိုရင် မြင်တွေ့နေကျ သွေးစုပ်ဖုတ်ကောင်ဇာတ်ရုပ်များကို ခွဲထွက်ရိုက်ကူးတင်ပြထားတာဖြစ်ပြီး Relationship တွေရဲ့ သဘာဝ တချို့ကို ခိုင်းနှိုင်းတင်ပြမှုအဖြစ်ပါ ခံစားကြည့်နိုင်တာမလို့ ရုပ်ရှင် ချစ်ပရိသတ်များ သဘောခွေ့စရာကားလေးတစ်ကားဖြစ်ကြောင်း ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ… File size… (1.27 GB) / (699 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 27m Genre ….. Horror , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

5.8 2024 113 mins
Drained
Bridge to Terabithia
7.2

Bridge to Terabithia (2007) IMDb Rating (7.2)/ Rotten Tomatoes (85%) နင့်နေအောင် ခံစားကြရတဲ့ ဒီရုပ်ရှင်ကားက စာရေးဆရာမ Katherine Paterson ရဲ့ အအောင်မြင်ဆုံးဝတ္ထုတွေထဲက တစ်ပုဒ်ဖြစ်ပြီး Walt Disney က ရုပ်ရှင်အဖြစ်ရိုက်ကူးခဲ့ပါတယ်… ရိုက်ကူးစရိတ် Budget $17 million သာ ကုန်ကျခဲ့ပေမယ့် Box office $137.6 million ထိပြန်လည်ရရှိခဲ့ပြီး Rating တွေလဲ ကောင်းမွန်ခဲ့တာမလို့ အဖက်ဖက်ကပြည့်စုံတဲ့ Drama,Family,Fantasy ကားလေးဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းလေးကတော့… ဂျက်စ်အရွန်း (Josh Hutcherson)ဆိုတဲ့ ၁၀ နှစ်သားအရွယ်ကောင်လေးဟာ ဆင်းရဲသားမိသားစုမှ ပေါက်ဖွားလာတာနဲ့အညီ ကျောင်းမှာရော အိမ်မှာပါ အနိုင်ကျင့်ခံရတဲ့ အထီးကျန်ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ အဲ့ဒီကောင်လေးရဲ့ ဘဝထဲကို လက်စလီဘာ့ခ် (AnnaSophia Robb) ဆိုတဲ့ ဘေးအိမ်က ကောင်မလေးတယောက် ဝင်ရောက်လာတာကနေစလို့ လုံးဝပြောင်းလဲသွားပါတော့တယ်…. ဂျက်စ်က ပုံဆွဲဝါသနာပါပြီး လက်စလီက စိတ်ကူးယဉ်တတ်တဲ့ ကောင်မလေးဖြစ်တော့ သူတို့နှစ်ယောက်ဟာ လက်ရှိကမ္ဘာကနေရုန်းထွက်ပြီး “တီရာဘီသီးယား” (Terabithia) ဆိုတဲ့ စိတ်ကူးယဉ်နိုင်ငံတစ်ခုကို ဖန်တီးလိုက်ကြပါတယ်… သူတို့နှစ်ယောက်ဟာ အဲ့ဒီ Terabithia မှာ ဘုရင်တွေ စွမ်းအင်တွေ သတ္တဝါကြီးတွေ ထူးဆန်းတဲ့အရာတွေကို ဖန်တီးပြီးတော့ စွန့်စားခန်းတွေထွက်ကြပါတော့တယ်။ ဒီလိုစိတ်ကူးယဉ်ပျော်ရွှင်နေကြတဲ့ သူတို့နှစ်ဦးကြားမှာ အလွန်စိတ်ထိခိုက်ဖွယ်အဖြစ်အပျက်တစ်ခုဝင်လာတဲ့အခါမှာတော့………။ Terabithia ဆိုတာ ကလေးတွေရဲ့စိတ်ကူးထဲကနေရာလို့ ပြသထားပေမယ့် တကယ်တော့ လက်တွေ့ဘဝရဲ့စိန်ခေါ်မှုတွေ(ကျောင်းတွင်းအနိုင်ကျင့်ခံရခြင်း၊ မိသားစုပြဿနာများ) စတဲ့အရာတွေကို ညွှန်းဆိုထားတာ တွေ့ရမှာပါ။ ဒီရုပ်ရှင်ကားက စိတ်ကူးယဉ်ခြင်းရဲ့ အရေးပါမှု၊ မိတ်ဆွေစစ်စစ်တန်ဖိုး၊ ကိုယ်ပိုင်ယုံကြည်မှု၊ ကိုယ်ပိုင်ဖန်တီးနိုင်စွမ်း၊ ခံစားချက်တွေကိုရင်ဖွင့်ရဲမှုနဲ့ ဆုံးရှုံးခြင်းတွေကိုရင်ဆိုင်နိုင်မှု စသည်ဖြင့် အဖက်ဖက်ကနေ သင်ကြားပြသသွားခဲ့တဲ့ ကလေးရော လူကြီးပါမကျန် ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။

Animation • Family • Fantasy
7.2 2007 96 mins
Bridge to Terabithia
Pangolin: Kulu’s Journey
7.5

“Pangolin: Kulu’s Journey” (2025) IMDb (7.6/10) ====================================================================== Pangolin: Kulu’s Journey ဇာတ်ကားလေးက အော့စကာဆုရ ဒါရိုက်တာ Pippa Ehrlich ရိုက်ကူးခဲ့တဲ့ သဘာဝမှတ်တမ်းရုပ်ရှင်ဇာတ်ကား‌လေးပဲ ဖြစ်ပါတယ်။ Pippa Ehrlich က My Octopus Teacher ဇာတ်ကားနဲ့ အကောင်းဆုံး မှတ်တမ်းရုပ်ရှင်အကယ်ဒမီဆုရရှိထားသူပါ။ အခု ၂၀၂၅မှာ ထွက်ရှိခဲ့တဲ့ သူမရဲ့ Pangolin: Kulu’s Journey ရုပ်ရှင်ကားကလည်း သဘာဝမှတ်တမ်းရုပ်ရှင်ကားဖြစ်ပြီး IMDb 7.6 အထိရရှိထားတာကြောင့် လက်မလွှတ်သင့်တဲ့ ကားကောင်းလေးတစ်ကားပါ။ ဒိုင်နိုဆောခေတ်ကတည်းက တည်ရှိခဲ့တဲ့ ရှားပါးသင်းခွေချပ်တွေမှာ သူတို့ရဲ့ကြေးခွံနဲ့ အသားက ဆေးဖက်ဝင်တာကြောင့် တရားမဝင်ရောင်းဝယ်မှုတွေမြင့်မားလာခဲ့ပြီး လက်ရှိမှာ မျိုးတုန်းတော့မယ့် ရှားပါးမျိုးစိတ်တွေဖြစ်နေပါတယ်။ ဇာတ်လမ်းလေးကတော့ တရားမဝင်ရောင်းဝယ်တဲ့ သူတွေလက်ထဲမှာရှိနေတဲ့ သင်းခွေချပ်ပေါက်လေးကို တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးအဖွဲ့က ကယ်တင်ခဲ့ပြီး တောရိုင်းထဲပြန်မလွှတ်ခင် စေတနာ့ဝန်ထမ်းလေး ဂဲရက်က သင်ခွေချပ် လေးကို ကျန်းမာသန်စွမ်းလာအောင် ဖခင်သကဲ့သို့ ကိုယ်နဲ့မကွာ စောင့်ရှောက်ပေးခဲ့ပုံကို စိတ်ဝင်စားဖွယ် ရိုက်ပြထားတာပဲ ဖြစ်ပါတယ်။ တိရစ္ဆာန်လေးတွေမှာလည်း လူလိုပဲ ထိတ်လန့်လွန်ပြီး ထရာမာရသွားတဲ့ အခိုက်အတန့်လေးတွေ ရှိတတ်တာကြောင့် မှောင်ခိုသမားတွေလက်ထဲမှာ ထရာမာရသွားတဲ့ သင်းခွေချပ်လေးကို စိတ်ပိုင်းဆိုင်ရာပြန်လည်ကျန်းမာအောင် လုပ်ပေးခဲ့ပုံကလည်း ပညာယူစရာ ကောင်းလှပါတယ်။ တောင်အာဖရိကမှာ ရိုက်ကူးထားတာကြောင့် ရှုခင်းတွေလှပတာကိုလည်း ဝေဖန်ရေးသမားတွေက ချီးကျူးထားကြပါသေးတယ်။ ဇာတ်ကားက မှတ်တမ်းရုပ်ရှင်ဖြစ်တာကြောင့် ဒါတွေအားလုံးကတော့ ဖြစ်ရပ်မှန်တွေပဲဖြစ်ပါတယ်။ တောရိုင်းတိရစ္ဆာန်တွေရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တွေ၊ လူတွေကြောင့် တိရစ္ဆာန်လေးတွေ ကြုံတွေ့နေရတဲ့ဒုက္ခတွေ၊ ဂဲရက်လို နှလုံးသားလှတဲ့စေတနာ့ဝန်ထမ်းလေးတွေကြောင့် ကိုယ်၊ စိတ်ဒဏ်ရာရနေတဲ့ တိရစ္ဆာန်လေးတွေ ပြန်လည်ကောင်းမွန်လာခဲ့ပုံနှင့် သဘာဝပတ်ဝန်းကျင်နှင့် တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်ပေးဖို့ ဘာကြောင့်လိုအပ်နေလဲဆိုတာတွေကို ကျကျနနဖန်တီးရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်လေးကြည့်ရင်း လေ့လာလိုက်ကြရအောင်။ File size…2.5 GB / 1.2 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 28min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Mahaw

Western
7.5 2025 90 mins
Pangolin: Kulu’s Journey