YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Roppongi Class EP12.1080p(CM).mp4

765.4 MB N/A video/mp4 71 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Kwaidan
7.7

ရှေးခေတ် ဂျပန်ရိုးရာ တစ္ဆေပုံပြင်တွေကို စိတ်ဝင်စားသူများအတွက် IMDb - 7.9/10 အထိ ရရှိခဲ့တဲ့ Kwaidan လို့ခေါ်တဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားမှာတော့ မတူထူးခြားတဲ့ တစ္ဆေပုံပြင် ၄ပုဒ်ကို သုံးနာရီကျော်ကြာ တဝကြီး နားထောင်ရပါမယ်။ ပထမ တစ်ပုဒ်မှာတော့ ဆင်းရဲမှုဒဏ်မခံနိုင်တာမို့ သစ္စာရှိတဲ့ ဇနီးသည်ကို စွန့်ပစ်ပြီး ချမ်းသာကြွယ်ဝတဲ့ အမျိုးသမီးနဲ့ ထပ်မံအိမ်ထောင်ပြုလိုက်တဲ့ ဆာမူရိုင်းတစ်ဦးအကြောင်း... ဒုတိယကတော့ သစ်ခုတ်သမား၂ဦး နှင်းမုန်တိုင်းကြောင့် လှေသမားရဲ့တဲမှာ ဝင်ခိုရင်း ထူးဆန်းတဲ့ မိန်းကလေးနဲ့ တွေ့ဆုံမှု... တတိယပုံပြင်လေးကတော့ ဗျပ်စောင်းတီးခတ်ရာမှာ ထူးချွန်ပြောင်မြောက်လှတဲ့ ဘုန်းကြီးကျောင်းသားလေးတစ်‌ယောက် တစ္ဆေတစ်စုရဲ့ခေါ်ဆောင်ခြင်း ခံရမှု... နောက်ဆုံးကတော့ အရှင်သခင် နာကာဂါဝါ ဆာဒိုဆီ တာဝန်ထမ်းဆောင်တဲ့ ကန်နိုင်းဆိုသူ ဆာမူရိုင်းတစ်ယောက်ဟာ သောက်မယ့် ရေခွက်ထဲ ထူးဆန်းတဲ့အရာတစ်ခုကို မြင်လိုက်ရတဲ့အကြောင်း... ရှေးခေတ်ဂျပန် Theme များကို ကြိုက်နှစ်သက်သူများအတွက်၊ တစ္ဆေပုံပြင်များကို ဘယ်လိုပုံဖော်ရိုက်ကူးလဲဆိုတာ လေ့လာရင်း ငြိမ့်ငြိမ့်လေးကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ သူ့ခေတ်တုန်းကတော့ Oscar စာရင်းထဲပါ ဝင်ခဲ့တဲ့ ဂန္ထဝင်မြောက်ကားတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.4GB, 1.2GB Quality - 1080p, 720p IMDb Rating - 7.9/10 Format - mp4 Duration - 3H 3Min Genre - Drama, Fantasy, Horror Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Action & Adventure • Crime • Drama
7.7 1964 183 mins
Kwaidan
The Pursuit of Happyness
7.9

အကယ်​၍ သင်​ဟာ Single Father တစ်​​ယောက်​ဖြစ်​ပြီး သင့်က​လေးအိပ်​ဖို့အတွက်​ ​ကျောတစ်​ခင်းစာ​တောင်​မဖန်​တီး​ပေးနိုင်​​တော့ဘူးဆိုရင်​...သင့်ရင်​​သွေးကိုစွန့်လွှတ်လိုက်​​မှာပါလား? ? ? Chris Gardner ဆိုတဲ့ လူတစ်​​ယောက်​​က​တော့ မိမိရဲ့သား​လေးလက်​ကိုဆွဲပြီး ဘဝရဲ့အခက်​ခဲဆုံးအချိန်​​တွေကိုဖြတ်​​ကျော်​ပြီးလို့ အခုဆို Millionaire တစ်​​ယောက်​​တောင်​ဖြစ်​လို့​နေပါပြီ။ သင့်ဘဝကို သင်​ခက်​ခဲလှပြီလို့ထင်​​နေရင်​ တကယ့်ဖြစ်​ရပ်​မှန်​ဘဝကိုအ​ခြေခံပြီးရိုက်​ကူးထားတဲ့ ဒီဇာတ်​ကား​လေးကို အချိန်​​ပေးပြီးကြည့်ကြည့်လိုက်​ပါ ဒီကား​လေးကြည့်ပြီး အရင်​ဦးဆုံး ခံစားမိမှာက​တော့ ဖခင်​တစ်​​​ယောက်​ရဲ့​မေတ္တာ ဘယ်​​လောက်​ နက်​ရှိုင်းတယ်​ဆိုတာပါပဲ... ဘဝရဲ့အဆိုးဆုံးအ​ခြေအ​နေတစ်​ခုမှာ​တောင်​ သားဖြစ်​သူကို လက်​လွှတ်​မခံခဲ့တဲ့ ဖခင်​တစ်​​ယောက်​ရဲ့ ​မိဘ​မေတ္တာ... ကျွန်​​တော်​တို့ ​တော်​​တော်​များများ ​ငွေကိုသည်းကြီးမည်းကြီးရှာ​နေကြချိန်​မှာ ​ပျော်​ရွှင်​မှုဆိုတာဘာလဲ ဘယ်​လိုအရာက မိမိကို​ပျော်ရွှင်​​စေတာလဲ မ​တွေးမိကြတာများပါတယ်​... ဒီဇာတ်​ကား​လေးက​နေ ​တော်​ရုံသတိပြုမိဖို့ခဲယဉ်းတဲ့ဖခင်​တစ်​​ယောက်​ရဲ့ချစ်​ခြင်းမေတ္တာရယ်​...​​ ​ပျော်​ရွှင်​မှုဆိုတာ ကြိုးစားသူတိုင်းအတွက်​ အလှမ်းမ​ဝေးဘူးဆိုတာရယ်​... ဘဝဆိုတာ ​"ဘုံလုံတစ်​လှည့် ငါးပျံတစ်​လှည့်" ဖြစ်​​တယ်​ဆိုတာ စိတ်​ကူးယဉ်​သက်​သက်​မဟုတ်​ပဲလက်​​တွေ့မှာပါ တကယ်​ရှိတယ်​ဆိုတာ တို့ကို...သာမန်​အ​ရောင်းသမား(Saleman) ​လေးဘဝက​နေ သန်းကြွယ်​သူ​ဌေးတစ်​​ယောက်​ဖြစ်​လာသည်​အထိ ခက်​ခက်​ခဲခဲ ရုန်းကန်​လှုပ်​ရှားခဲ့ရသူ Chris Gardner ရဲ့ဘဝကို​ inspired လုပ်​ပြီး ရိုက်​ကူးထားတဲ့ "The Pursuit of Happyness" ဆိုတဲ့ကား​လေးမှာ အထင်​အရှား​တွေ့ကြရမှာပါ... ဒီဇာတ်​ကား​လေးကို​တော့ Director Gabriele Muccino ကရိုက်​ကူးထားပြီးကျွန်​​တော်​တို့ရုပ်​ရှင်​ကြိုက်​သူ​တွေအားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်​တဲ့ မင်းသားကြီး Will Smith ကသရုပ်​​ဆောင်​ထားပါတယ်​... ထူးခြားမှုအ​နေနဲ့က ဒီဇာတ်​ကားထဲမှာ Chris Gardner(Will Smith) ရဲ့ သား​နေရာက​နေ သရုပ်​​ဆောင်​ထားသူက​တော့Will Smith ရဲ့ သားအရင်းဖြစ်​သူ Jaden Smith ပဲဖြစ်​ပါတယ်​...၈ နှစ်​အရွယ်​သာရှိ​သေးတဲ့ Jaden Smith ရဲ့ပထမဦးဆုံးပွဲဦးထွက်​ကားဖြစ်​​ခဲ့ပေမယ့် > MTV+TV awards(2007) : Breakthrough Performance ဆု > Phoenix Film Critics Society Awards(2006) :Best Performance by a Youth ဆု > Teen Choice Awards(2007)ဆုတို့ရခဲ့တဲ့အပြင်​ အခြား Nominees ​ပေါင်းများစွာလဲ ဝင်​ခဲ့ပါ​သေးတယ်​...အနုပညာ​သွေးအခံရှိလို့ထင်​ပါရဲ့... မင်းသားကြီး Will Smith ကိုယ်​တိုင်​လဲ > Academy Awards,USA(Oscar)(2007): Nominated > Gloden Globe,USA(2007): Nominated တို့အပြင်​ အခြား Nominees ​ပေါင်းများစွာနဲ့ ဆု​တွေကိုလဲ ရ​ခဲ့​သေးတာဆို​တော့.. အချိန်​၂နာရီ​ပေးပြီးကြည့်​ရမှာ တကယ်​တန်​တဲ့ကား​ကောင်းတစ်​ကားလို့ညွှန်းလိုက်​ပါရ​စေ​ဗျာ...။ IMDb Rating(8.0)ထိရရှိထားပါတယ်။ File size…(1.7 GB)/(800 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:57:27 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Saw Bwar

Comedy • Romance • TV Movie
7.9 2006 117 mins
The Pursuit of Happyness
The People We Hate at the Wedding
5.7

The People We Hate at the Wedding (2022) (1080p ရပါပြီ) ဒိုနာရဲ့ဘဝမှာ ဟန်နရစ်နဲ့ ဘေလ်ဆိုတဲ့ ခင်ပွန်းသည်နှစ်ဦးနဲ့ ချစ်ခင်ပေါင်းသင်းခဲ့ပြီး အယ်လိုဝီ ၊ အယ်လစ် နဲ့ ပေါလ်လို့အမည်ရတဲ့ သားသမီးသုံးဦးဖြစ်ထွန်းခဲ့ပါတယ်။ ယခင်ယောက်ျားနဲ့ ရခဲ့တဲ့ သမီးဖြစ်သူ အယ်လိုဝီဟာ ကျောင်းပိတ်ရက်တိုင်း သူနေထိုင်ရာ အင်္ဂလန်ကနေ အမေရိကန်အထိလာပြီး သူ့ရဲ့မောင်ငယ် ညီမငယ်တွေနဲ့ အချိန်ကုန်ဆုံးလေ့ရှိတယ်။ ဒီလိုနဲ့ ငယ်စဉ်အချိန်မှာ ရင်းနှီးပျော်ရွှင်ခဲ့ကြတဲ့ အမေတူအဖေကွဲ မောင်နှမသုံးဦးဟာ လောကကြီးအလည် ရှင်သန်ကြီးပြင်းလာတာနဲ့အမျှ တဖြည်းဖြည်း ဝေးကွာလာခဲ့ကြပြီး ဒါကိုသတိထားမိတဲ့ အစ်မကြီးဖြစ်သူ အယ်လိုဝီက သူ့မင်္ဂလာပွဲမှာ သူ့ရဲ့မိသားစုဝင်တွေကို ဖိတ်ကြားပြီး မိသားစုပြန်လည်ပေါင်းစည်းဖို့ စီစဉ်ခဲ့ပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ စကားပြောလာတဲ့ ကြွယ်ဝချမ်းသာမှု၊ အဆင့်အတန်းတွေရဲ့ ကွာဟမှုကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ သူတို့မောင်နှမသုံးဦးကြားက ကတောက်ကဆလေးတွေဟာ အချင်းချင်းထိခိုက်နစ်နာစရာတွေပါ ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ပေါင်းစည်းဖို့ကြံကာမှ သံယောဇဉ်ကုန်စရာတွေပါ ဖြစ်လာခဲ့ကြတဲ့ သူတို့မိသားစုတစ်ခု အင်္ဂလန်မှာ ဘယ်လိုနှစ်ပါးသွားကြမလဲ? အယ်လိုဝီမျှော်လင့်ထားတဲ့ မိသားစုစုံလင်တဲ့ မင်္ဂလာအခမ်းအနားကရော ဖြစ်လာနိုင်ပါ့မလား? ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုခံစားကြရအောင်ပါ။ သီချင်းငြိမ့်ငြိမ့်လေးတွေအပြင် အင်္ဂလန်နိုင်ငံရဲ့ အလှတရားတွေကိုပါ တခမ်းတနားပြထားတဲ့ ဇာတ်ကားသစ်လေးမို့ လက်မလွှတ်တမ်းကြည့်ရှုဖို့ တိုက်တွန်းလိုက်ရပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Hae Areum ပါ။) File Size : 1.9GB, 745MB, 391MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr 39mins Genre : Comedy Translated by Hae Areum Encoded by Kinnov

Action & Adventure • Drama • Sci-Fi & Fantasy
5.7 2022
The People We Hate at the Wedding
Zombie General
5.7

မှောင်မိုက်တဲ့ညနက်သန်းခေါင်အချိန်မှာ မရဏစစ်သည်တွေချီတက်လာကြတယ်။ အဲဒီအချိန်မှာပဲ ဖုတ်ကောင်တပ်ဖွဲ့ကရောက်လာပြီး မရဏစစ်သည်တွေကိုတိုက်ခိုက်ကြပါတယ်။ ဒီထူးခြားတဲ့မြင်ကွင်းကို အမှောင်ကွယ်ရာကနေ တိတ်တဆိတ်ကြည့်နေတာကတော့ ပြိုင်ဘက်ကင်းတဲ့တာအိုဆရာကြီးရှီတို့ဆရာတပည့်ပဲဖြစ်ပါတယ်။ မကောင်းဆိုးဝါးမိစ္ဆာတွေကိုနှိမ်နင်းပြီး လောကကြီးကိုကာကွယ်နေတဲ့ ဆရာကြီးရှီတို့ဆရာတပည့်ကိုတစ်နေ့မှာတော့အရာရှိကြီးတစ်ယောက်ဟာ ဖုတ်ကောင်ရှင်းလင်းဖို့အကူအညီလာတောင်းပါတယ်။ အဲဒါကြောင့်ဆရာတပည့်တွေဟာ ဖုတ်ကောင်တွေရဲ့ဇာစ်မြစ်ကိုလိုက်စုံစမ်းရင်း ဒါဟာဘိန်းသယ်ပို့တဲ့လမ်းကြောင်းဆိုတာသိလိုက်ရပါတယ် ဒီလိုနဲ့မကောင်းဆိုးဝါးနှိမ်နင်းမယ့်ဆရာတပည့်ဟာ ဘိန်းဂိုဏ်းနဲ့ရင်ဆိုင်ဖို့ဖြစ်လာပါတော့တယ်။ သူတို့အင်အားလေးနဲ့ ဘိန်းဂိုဏ်းကြီးနဲ့ရင်ဆိုင်ကြမလဲ… မရဏစစ်သည်နဲ့ဖုတ်ကောင်တွေရဲ့နောက်ကွယ်မှာဘာတွေရှိနေမလဲ…

5.7 2023
Zombie General
The Wedding Cottage
7.1

မင်္ဂလာပွဲစီစဉ်သူတစ်‌ ယောက်ဖြစ်တဲ့ ဗန်နက်ဆာ ဒွိုင်းကတော့ မင်္ဂလာပွဲစီစဉ်ပေးရတဲ့ အလုပ်ကိုမလုပ်တော့ပဲ အမေရိကန်တစ်နိုင်ငံလုံးမှာ မင်္ဂလာပွဲနဲ့ပတ်သတ်ရင် အကုန်ဖြည့်ဆည်းပေးနိုင်နဲ့ Tying the Knot ဆိုတဲ့ လုပ်ငန်းကိုစပြီး လုပ်ခဲ့ပါတယ်။ သူ့ရဲ့ လုပ်ငန်းအသစ်လေး လူသိများဖို့အတွက်ရော၊ သူ့နောက်ဆုံး စီစဉ်ပေးရတဲ့ မင်္ဂလာပွဲလေးပါဖြစ်ဖို့အတွက် ပြိုင်ပွဲတစ်ခုလုပ်ပြီး ကိုက်ညီတဲ့ စုံတွဲကိုရွေးချယ်ခဲ့ရာမှာ၊ သတို့သားဖြစ်သူက စစ်သားဖြစ်နေတာကြောင့် နိုင်ငံခြားကို နှစ်လအတွင်းသွားရတော့မှာဖြစ်လို့ မင်္ဂလာပွဲကိုလည်း ငါးပတ်အတွင်းအပြီးစီစဉ်ရဖို့ဖြစ်လာခဲ့ပါတယ်။ ရွေးချယ်ခံရတဲ့စုံတွဲရဲ့ ဆုံးဖြတ်ချက်အတိုင်း မင်္ဂလာနေရာကို ဗာမွန့်မြို့က မင်္ဂလာဆောင်အိမ်လေးမှာ မင်္ဂလာပွဲ စီစဉ်ပေးရတော့မှာဖြစ်ပေမဲ့ အိမ်လေးကပိတ်သွားခဲ့တာ ငါးနှစ်ကျော်နေခဲ့ပါပြီ။ ဒီလိုနဲ့ ဗန်နက်ဆာကိုယ်တိုင် ဗာမွန့်ကိုလိုက်သွားပြီး အိမ်ပိုင်ရှင်တစ်ဖြစ်လည်း၊ နာမည်ကြီးပန်းပုပညာရှင် အီဗန် စတန်းဖို့ကို အိမ်လေးပြင်ဆင်ခွင့်ပေးပြီး မင်္ဂလာပွဲလုပ်ခွင့်‌ပေးဖို့ တောင်းဆိုပါတော့တယ်။ တိတ်ဆိတ်ငြိမ်သက်တဲ့နေရာ‌မှာ အေးအေးချမ်းချမ်းအလုပ်လာလုပ်တဲ့ အီဗန်ကတော့ အစပိုင်းမှာငြင်းပေမဲ့ ဇွဲအရမ်းကောင်းတဲ့ ဗန်နက်ဆာကြောင့် နောက်ဆုံးမှာ အိမ်ပြင်ခွင့်ပေးလိုက်ရပါတော့တယ်။ ဒီလိုနဲ့ ဗန်နက်ဆာနဲ့ အီဗန်တို့နှစ်ယောက် တဖြည်းဖြည်းနီးစပ်လာခဲ့ကြပြီး မင်္ဂလာပွဲစီစဉိပေးရတဲ့သူနဲ့ အကြံအိုက်နေတဲ့ အနုပညာသမားနှစ်ယောက်တို့ရဲ့ အချစ်လမ်းခရီးလေးကရော ဖြောင့်ဖြူးအဆင်ပြေသွားမလား၊ မင်္ဂလာဆောင်အိမ်လေးမှာလုပ်တဲ့ မင်္ဂလာပွဲ‌ေလးက‌ရောအဆင်ပြေမလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…(1.3 GB)/(720 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by TMMT

7.1 2023 84 mins
The Wedding Cottage
Lion of the Desert
8.3

IMDb 8.2, RT – 75% Old but gold ဖြစ်နေဆဲ ဂန္တဝင်မြောက် စစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာကလည်း The messageကို ကိုင်တွယ်ခဲ့တဲ့ လက်ရာမြောက်ရုပ်ရှင်တွေကို ဖန်တီးလေ့ရှိတဲ့Moustapha Akkad ဖြစ်ပါတယ်။ ဒီရှင်ရှင်ရဲ့ဇာတ်လိုက်ကလည်း 90s bornတွေ အကုန်သိကြတဲ့ Oscars ဆု ၂ဆုပိုင်ရှင် မင်းသားကြီး Anthony Quinnက ထူးချွန်ပြောင်မြောက်စွာ သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ဟာ အီတလီနိုင်ငံမှာ ဖက်ဆစ် တန်ခိုးကြီးထွားစင်ကာလပိုင်းခြားက ဖက်ဆစ်အီတလီတွေရဲ့ ယုတ်မာရိုင်းစိုင်းတဲ့ဖြစ်ရပ်မှန်ပေါ်ကို အခြေပြုရိုက်ထားတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ဘယ်လောက်တောင် မှန်သလဲဆိုရင် ၁၉၈၂ခုနှစ်မှာ “အီတလီရဲ့စစ်တပ်သိက္ခာကို စော်ကားတဲ့ရုပ်ရှင်”လို့သတ်မှတ်ပြီးတော့ကို ပိတ်ပင်ခဲ့တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ၂၀ရာစုမှာ ဥရောပနိုင်ငံကြီးတွေက စတင်နယ်ချဲ့ဖို့ကြိုးစားလာကြပါတော့တယ်။ အီတလီတွေကလည်း အမေကျော်ဒွေးတော်လွမ်းပြီး ရိုမန်အင်ပါရာကြီးကို ပြန်လည်ထူထောင်မယ်ဆိုပြီး နယ်ချဲ့မှုမှာ စတင်ပါဝင်လာတော့ပါတယ်။ နယ်ချဲ့တာက တန်ခိုးအာဏာ ဘုန်းတန်ခိုး ကြီးထွားချင်လို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ နယ်ချဲ့ကြပေမယ့် နယ်ချဲ့ခံရတဲ့နိုင်ငံတွေက အကြီးကျယ် ဒုက္ခများရပါတော့တယ်။ အီတလီတွေ ပထမဆုံး နယ်ချဲ့တဲ့နိုင်ငံက မြေထဲပင်လယ်ထဲက အရေးပါတဲ့နိုင်ငံတစ်ခု ဖြစ်တဲ့ လစ်ဗျားနိုင်ငံကိုဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံလည်း ဗြိတိသျှ ကျူးကျော်သိမ်းပိုက်ခံလိုက်ရတဲ့အတွက် သိမ်းပိုက်ခံလိုက်ရစဥ်ကတည်းက လွတ်လပ်ရေးမရခင်အထိ အင်္ဂလိပ်အစိုးရကို မျိုးဆက်အဆက်ဆက် တော်လှန်လာခဲ့ပါတယ်။ ထိုနည်းတူစွာပဲ လစ်ဗျားနိုင်ငံကလည်း အီတလီတွေကို တော်လှန်ခဲ့ပါတယ်။ လစ်ဗျားနိုင်ငံရဲ့တော်လှန်ရေးဖခင်ကြီးကတော့ အိုမာ မုခ်တာ ဖြစ်ပါတယ်။ တော်လှန်ရေးဖခင်ကြီး အိုမာ မုခ်တာက ဖက်ဆစ် အီတလီတွေကို ဘယ်လိုတော်လှန်မလဲ၊ ပြောက်ကျားစနစ်နဲ့ အီတလီတပ်တွေကို ဘယ်လိုခြေမှုန်းမလဲ၊ အီတလီတွေဘက်ကရော အိုမာ မုခ်တာနဲ့ တော်လှန်ရေးကိုခြေမှုန်းဖို့ ဘယ်လောက်ထိ ကြိုးစားကြမလဲ။ ဘယ်လို လူအခွင့်ရေးနဲ့မညီတဲ့ ယုတ်မာမှုတွေကို အီတလီတွေက ကျူးလွန်ခဲ့ကြလဲ။ အိုမာ မုခ်တာတို့ လစ်ဗျားတိုင်းရင်းသားတွေက ဘယ်လိုတော်လှန်ကြမလဲဆိုတာကို ဒီရုပ်ရှင်မှာပြည့်ပြည့်စုံစုံကြည့်ရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ထူးခြားချက်က သာမန်ရုပ်ရှင်လို ပေါ်လစီတွေ ထိုင်ပြောတာမျိုး၊ ဇာတိမာန်တွေကို ဒိုင်ယာလော့အနေနဲ့ ငြီးငွေ့နေအောင် ထိုင်ပြောတာမျိုး၊ ရန်သူလာရင် အော်ပြီး ထွက်ချတာမျိုးမဟုတ်ဘဲ ဗျူဟာကျကျနဲ့ စစ်ချီစစ်ချပုံစံတွေကို ဖော်ပြထားပါတယ်။ တော်လှန်ရေးဘက်က ဗျူဟာအမြင်တစ်ခုတည်းကိုပဲ မဟုတ်ဘဲ အီတလီတွေရဲ့စစ်ရေးဗျူဟာတွေကိုပါ ပြည့်ပြည့်စုံစုံ ရိုက်ကူးဖော်ပြထားတဲ့အတွက် ဒီရုပ်ရှင်က စစ်ကားကြိုက်သူတွေအတွက်တော့ အကြိုက်တွေ့စေမှာပါ။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(3.8 GB)/(2.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:53:00 Genre…Biography, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Khant Kyi Win

8.3 1981 173 mins
Lion of the Desert
Aristotle and Dante Discover the Secrets of the Universe
7.1

Aristotle and Dante Discover the secrets of the Universe ဆိုတဲ့ရုပ်ရှင်ကတော့ ၂၀၂၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ဆယ်ကျော်သက် LGBT အချစ်ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်ကအလားတူ နာမည်နဲ့ပဲနာမည်ကျော်ခဲ့တဲ့ဝတ္တုကို ဒါရိုက်တာ Aitch Alberto က ရိုက်ကူးပေးထားပြီး Max Pelayo နဲ့ Reese Gonzales တို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ BL ပရိသတ်တွေအတွက် အချစ်ဇာတ်လမ်းချိုချိုလေးတစ်ပုဒ်အဖြစ် ချီးကျူးမှုရရှိထားတဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း **************** အချိန်ကာလအားဖြင့် ၁၉၈၇ ခုနှစ်နောက်ခံ မက္ကဆီကိုနိုင်ငံ အယ်လ်ပါဆိုမြို့က ဆယ်ကျော်သက်ကောင်လေးအာရီဟာ နွေရာသီတစ်ခုမှာ သမားရိုးကျမဟုတ်တဲ့ အမေရိကန်နွယ်ဖွားဒန်တီဆိုတဲ့ ကောင်လေးနဲ့ တွေ့ဆုံရာကနေစတင်ခဲ့ပါတယ်။ မတူညီမှုတွေ အများကြီးရှိတဲ့ကြားကပဲ အာရီနဲ့ဒန်တီဟာ အချိန်တိုအတွင်း အချစ်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ပါတယ်။ ကားတိုက်ခံရတော့မယ့် ဒန်တီကို အာရီက အသက်နဲ့ရင်းကယ်တင်ခဲ့ပြီးတဲ့နောက် ဒန်တီဟာ ဖခင်ရဲ့အလုပ်ကြောင့် ချီကာဂိုမှာ တစ်နှစ်ပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်။ အနေဝေးနေတဲ့သူငယ်ချင်းနှစ်ယောက်ကြားမှာ စာတွေအဆက် အသွယ်ရှိနေခဲ့ပြီး တစ်နှစ်နေလို့ ဒန်တီပြန်လာချိန်မှာတော့ သူငယ်ချင်းသံယောဇဉ်တွေက အရောင်ပြောင်းနေခဲ့ပါပြီ။ ဒန်တီက အာရီအပေါ်ထားတဲ့သူ့ရင်တွင်းခံစားချက်တွေကိုထုတ်ပြောလိုက်ပြီးတဲ့နောက် အာရီကဘယ်လိုဆုံးဖြတ်မယ်ဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.44GB / 662MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

7.1 2022
Aristotle and Dante Discover the Secrets of the Universe
The Prince & Me
5.8

ဒီဇာတ်ကားကတော့ မင်းသားတစ်ပါးနဲ့ လယ်သူမလေးတစ်ယောက်အကြောင်းRomanceဆန်ဆန်ရိုက်ထားတဲ့ဇာတ်ကားလေးတစ်ကားပါပဲ။ ဇာတ်လမ်းအညွှန်းကတော့ ဒိန်းမတ်နိုင်ငံရဲ့မင်းသားဖြစ်တဲ့ အက်ဗက်ဟာ အလိုလိုက်ခံထားတဲ့သူပီပီ အပျော်အပါးအသောက်အစားများစွာလုပ်ပြီး မကောင်းသတင်းတွေ သတင်းစာထဲမှာပါပါလာကာ တော်ဝင်မိသားစုကိုအရှက်ရအောင် ခဏခဏလုပ်တဲ့သူပေါ့။ တစ်နေ့မှာတော့ သူဟာတီဗွီအစီအစဉ်တစ်ခုကနေ အမေရိကရဲ့ကောလိပ်ကျောင်းသားဘဝဟာ ဘယ်လောက်ပျော်စရာကောင်းကြောင်းမြင်လိုက်ရပြီးတဲ့အချိန်မှာ ထိုကောလိပ်သို့တခြားလူတစ်ယောက်အဖြစ်ဟန်ဆောင်ပြီးတက်ဖို့သွားပါတော့တယ်။ အဲဒီကျောင်းမှာပဲ နယ်ကတက်လာတဲ့ကောင်မလေး “ပေ့ခ်ျ မော်ဂန်”နဲ့တွေ့တဲ့အခါမှာတော့ အမြဲဆိုးခဲ့တဲ့မင်းသားလေးတစ်ယောက် အချစ်အစွမ်းကြောင့် တဖြည်းဖြည်းနဲ့လိမ္မာပြီး အားကိုးထိုက်သူဖြစ်လာတာကို Comedyနဲ့ Romanceရောပြီး ရိုက်ပြထားပါတယ်။

5.8 2004 111 mins
The Prince & Me
Against the Ropes

*”Against the Ropes”* ဇာတ်ကားသည် 2004 ခုနှစ်မှာထွက်ရှိခဲ့တဲ့ အားကစားဒရမ်မာ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ် ဂျက်ကီကယ်လန်ဆိုတဲ့ အားကစားမှာ စိတ်အားထက်သန်လှတဲ့ အမျိုးသမီးတစ်ဦးရဲ့ လက်ဝှေ့လောကထဲကိုတိုးဝင်ပုံကို ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ အမျိုးသမီးများကို အလေးထားမှုမရှိတဲ့လက်ဝှေ့လောကမှာ အမျိုးသားများနဲ့ရင်ဘောင်တန်ပြီး တန်းတူယှဉ်ပြိုင်ရင်း အလုပ်ကိုကြိုးစားရုန်းကန်သွားပုံကို စိတ်ဝင်စားဖွယ်ဖော်ပြထားတာပါ။ လက်ဝှေ့လောကမှာ နာမည်မရှိသေးတဲ့ လက်ဝှေ့သမားတစ်ယောက်ကို နာမည်ကျော်တစ်ဦးဖြစ်တဲ့အထိ လေ့ကျင့်သင်ကြားပေးပြီး စိန်ခေါ်မှုများ အခက်အခဲများနှင့်အောင်မြင်မှုကို ထင်ဟပ်ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတကား ဖြစ်ပါတယ်။ File size…(2.2 GB)/(1.8 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre… Romance, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khin Sanda

0 2004
Against the Ropes
Lampir
6.2

Lampir (2024) IMDb Rating (6.2) အင်ဒိုနီးရှားဟော်ရာကားတွေ တော်တော်ကြမ်းတာ အားလုံးသိကြမှာပါ။ ဒီနှစ်အသစ်ထွက်တဲ့ အင်ဒိုနီးရှား သဘာဝလွန်ဟော်ရာကားကလည်း ဒီစံချိန်ကို မဖျက်ဆီးခဲ့ဘူးလို့ ပြောရပါမယ်။ သူတို့ရိုးရာက တစ္ဆေတွေကိုသုံးပြီး စိတ်ဝင်စားစရာကောင်းအောင် ရိုက်ပြနိုင်ခဲ့တဲ့ အင်ဒိုနီးရှားပြာ ဒီတစ်ခါဟာ လမ်ပြာဆိုတဲ့ သူတို့ရိုးရာက သရဲတစ်ကောင်ကိုသုံးပြီး ခပ်လန်းလန်း သရဲကားတစ်ကားထပ်ရိုက်ပြလိုက်ပြန်ပါပြီ။ ဇာတ်ကတော့ ၁၉၀၀ပြည့်နှစ်ဝန်းကျင်လောက်က စံအိမ်ကြီးတစ်ခုမှာစတယ်။ အင်မတန်ကုံလုံကြွယ်ဝတဲ့ ဒီအိမ်ကြီးရဲ့အရှင်ရဲ့ အိမ်သူကလည်း အိမ်ကြီးနဲ့လိုက်ဖက်အောင် သိပ်လှတဲ့အမျိုးသမီးပေါ့။ ဒီအမျိုးသမီးကို သူ့ယောက်ျားနဲ့ လူတစ်အုပ်က မီးရှို့ပြီးသတ်ဖို့လုပ်ကြတယ်။ မီးရှို့လိုက်တဲ့အချိန်မှာ အိမ်ကြီးရှင်သိလိုက်ရတာက ဒီအမျိုးသမီးဟာ သူ့မိန်းမမဟုတ်တော့ဘဲ သူ့မိန်းမကိုယ်ထဲဝင်နေတဲ့ လမ်ပြာဆိုတဲ့ နတ်ဆိုးတစ်ကောင်ဖြစ်နေတယ်ဆိုတာပါပဲ။ ဒါပေမဲ့ သူတို့ဒီနတ်ဆိုးကို မနှိမ်နှင်းခဲ့ပါဘူး။ ဒီနောက် ဒီဘက်ခေတ်က သိပ်လှတဲ့ မိန်းကလေးတစ်ယောက်ရဲ့ မင်္ဂလာပွဲမှာ ဒီဇာတ်ကို ပြန်စထားတယ်။ ဘာတွေဆက်ဖြစ်မလဲက အားလုံးအတွက် သိသာသလိုလို မသိသာသလိုလိုပဲမဟုတ်လား။ ဒါပေမဲ့လည်း အဆုံးထိစိတ်ဝင်စားစရာကောင်းတုန်းပါပဲ။ ဒါကိုကလည်း အင်ဒိုသရဲဟော်ရာကားတွေရဲ့အထာပါပဲ။ ကြည့်ကောင်းကြမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1 GB) / (510 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Thriller Duration….01:37:25 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by W

6.2 2024 97 mins
Lampir
Stealing Harvard
5.1

Stealing Harvard (2002) ကြမ်းကျွံသော်နုတ်ရ စကားကျွံသော်နုတ်မရဆိုတဲ့အတိုင်းပဲ ဂျွန်တစ်ယောက် သူ့ရဲ့တူမလေးကို ရုတ်တရက်ပြောမိတဲ့စကားကြောင့် သူ့ရဲ့သာမန်လက်လုပ်လက်စားဘဝကနေ လတော်တော်ကြာစကားမပြောဖြစ်တဲ့ သူ့ရဲ့အချစ်တော် သူငယ်ချင်းဒက်ဖ်နဲ့ပြန်ပေါင်းထုပ်မိပြီး တစ်လွဲတွေစတင်လာပါတော့တယ်။ Comedy Movieဖြစ်လို့ jokesတွေက မပေါ့တဲ့အပြင် plot twistတွေကလည်းမိုက်တဲ့အတွက်ကြောင့် Underrated ဖြစ်သော်ငြားလည်း ကြည့်ပျော်တယ်လို့ ပြောလို့ရတဲ့အတွက်ကြောင့် တစ်ခါလောက်တော့tryကြည့်သင့်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Yamone ဖြစ်ပါတယ်။) File size…(2.1 GB) / (1.1 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Comedy, Crime, Drama Duration….01:25:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Myat Noe Yamone

5.1 2002 85 mins
Stealing Harvard
Man with No Past
5.8

ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Action/Drama အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ် တည်းခိုခန်းတစ်ခုမှာ အိပ်မက်ကနေ နိုးထလာတဲ့ Ryder တစ်ယောက်ဟာ မိမိအမည်ကိုမိမိတောင် မသိရှိဘဲ ပြန်စုံစမ်းရတဲ့အထိ အတိတ်ပျောက်ဆုံးနေသူတစ်ယောက်ပါ ရောမခေတ်နဲ့ နာဇီပါတီကြီးစိုးချိန်ကာလကို မြင်ယောင်နေရင်း အိပ်မက်ထဲမှာ မြင်နေကျမျက်နှာတွေကို အပြင်မှာပါ မသဲကွဲ ပြန်မှတ်မိချိန်မှာတော့ Ryder တစ်ယောက်အဖြေရှာဖို့ ဖြစ်လာပါတော့တယ်… တစ်ချိန်တည်းမှာလည်း Ryder ကို မသင်္ကာတဲ့ရဲအရာရှိ တစ်ယောက်ဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ စုံစမ်းရင်း Ryder အကြောင်း ဘယ်လိုမှရှာမတွေ့တဲ့နောက်မှာတော့… ဒီဇာတ်ကားလေးမှာဆိုရင် ရောမခေတ်၊ နာဇီပါတီကြီးစိုးစဉ် ကာလနဲ့ လက်ရှိမျက်မှောက်ကာလကို ပူးတွဲပုံဖော်ထားမှုဟာ ဆွဲဆောင်မှုရှိလှပြီး နိုင်ငံရေးစီးပွား ရေးစစ်ရေးဆိုင်ရာတွေကိုလည်း အကျဉ်းရုံးပြသထားတာကာ သဘာလွန်ဖြစ်ရပ်တွေနဲ့လည်း ဖြည့်စွက်ထားလို့ ရသစုံတဲ့ အက်ရှင်ကားလေးဖြစ်ပါတယ် အက်ရှင်မှာဆိုရင်လည်း ရောမခေတ်အက်ရှင် စစ်ပွဲအက်ရှင် မြို့ပြအက်ရှင်အကုန်လုံး ပေါင်းစပ်ပြသထားတာဖြစ်လို့ အက်ရှင်ချစ်ပရိသတ်များ အကြိုက်တွေ့နိုင်မှာ သေချာပါတယ်… အချိန်ကာလယန္တရားကို အပြိုင်ချိတ်ဆက်ကာ Ryder တစ်ယောက်အကြောင်းကို ဘယ်လိုပုံဖော်ပြသွားမလဲ……. Ryder ဆိုတာကရော ဘယ်သူလဲ………….. ဘာကြောင့် အတိတ်ပျောက်ဆုံးနေရတာလဲ……… ဘာကြောင့်အိပ်မက်တွေမြင်မက်နေရတာလဲ……….. သဘာဝလွန်စွမ်းအင်တွေကရော ဘာအတွက်ပါရတာလဲ…… စသည့် စသည့် ပဟေဠိတွေကိုတော့ ဒီဇာတ်ကားလေးကြည့်ရင် အဖြေရှာကြည့်နိုင်ဖို့ ရုပ်ရှင်ချစ်သူပရိသတ်များကို ညွှန်းပေး လိုက်ရပါတယ်ဗျာ….. File size… (1.53GB) / (836MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 42m Genre ….. Action , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

Drama • Horror • Thriller • War
5.8 2025 103 mins
Man with No Past
The Queen of My Dreams

The Queens of My Dream (2023) က မိသားစုနဲ့ ယဉ်ကျေးမှုအကြောင်းကို နက်နက်နဲနဲရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပြီး ဒါရိုက်တာ ဖော်ဇီယာ မီးဇာရဲ့ အနုပညာမြောက်မှုကို ပြသနေတဲ့ လက်ရာတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အဓိကအချက်ကတော့ အမေနဲ့ သမီးတို့ရဲ့ ဆက်ဆံရေးအပေါ် အခြေခံပြီး သူတို့ရဲ့ အတူတူနေမှုတွေ၊ ယဉ်ကျေးမှုကွာဟမှုတွေ၊ စိတ်အတွင်းထဲကအရာတွေကို လှပစွာဖော်ပြထားတာဖြစ်ပါတယ်။ အမ်ရီတ် ကာအူးနဲ့ နင်မာရာ ဘူချာ တို့ရဲ့ သရုပ်ဆောင်မှုက ဇာတ်လမ်းကို ပိုမို အသက်ဝင်စေတယ်။ အမ်ရီတ် ကာအူးက သမီးတစ်ယောက်အနေနဲ့ ကိုယ့်အတိတ်ကို ရှာဖွေဖော်ထုတ်ပြီး ကိုယ့်အနာဂတ်ကို တည်ဆောက်ချင်တဲ့ စိတ်ဓာတ်ကို သရုပ်ဖော်နိုင်ပါတယ်။ ဒါရိုက်တာ ဖော်ဇီယာ မီးဇာရဲ့ ရိုက်ချက်တွေက ဇာတ်လမ်းရဲ့ အချို့ အခန်းတွေကို အရမ်းတိကျပါတယ်။ ရုပ်ရှင်ကြည့်ရှုသူကို ဇာတ်လမ်းထဲမှာပျော်ရွှင်စေတဲ့အနေထားတွေနဲ့ စိတ်ကိုသက်သက်သာသာနဲ့ကြည့်ရှု့ရအောင်လုပ်ထားတာပါ ။ ရုပ်ရှင်ရဲ့ ရိုက်ကွင်းတွေက ယဉ်ကျေးမှုအလှတရားကို ဖော်ပြသလို သီချင်းတွေကလည်း ဇာတ်လမ်းရဲ့ ခံစားချက်တွေကို ပိုမို ပေါ်လွင်စေပါတယ်။ ရုပ်ရှင်က ဟာသ၊ စိတ်လှုပ်ရှားမှုနဲ့ စိတ်ထဲကိုရောက်စေတာမို့ မိသားစုနဲ့အတူ ကြည့်ရှုဖို့ သင့်တော်တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ The Queens of My Dream ဟာ မိသားစုအကြောင်းကို ခံစားချင်သူ၊ ကိုယ့်ယဉ်ကျေးမှုရိုးရာ ယုံကြည်မှုတွေကိုပြန်ပြီးတော့ လေ့လာအာရုံစိုက်မယ့်သူတွေအတွက် ကြည့်သင့်ပါတယ်။ File size…(1.8 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Banyar Aung

Comedy
0 2024
The Queen of My Dreams