YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Rome.S02E06.2005.BluRay.1080p.AAC5.1CH(CM).mp4

1.84 GB 1080p video/mp4 479 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Detective Dee: The Four Heavenly Kings
6.3

Detective Dee: The Four Heavenly Kings (2018) IMDb Rating (6.4) / Rotten Tomatoes (60%) ဒီရုပ်ရှင်ကတော့ ၂၀၁၃ ကထွက်ရှိခဲ့တဲ့ Young Detective Dee - Rise of The Sea Dragon ရဲ့ Sequel အနေနဲ့ထွက်ရှိလာခဲ့တာပါ။ ရှေ့က အဓိကသရုပ်ဆောင်တွေ အကုန်နီးပါး ပြန်ပါဝင်ထားပါတယ်။ ၂၀၁၀ ကထွက်ရှိပြီး အောင်မြင်ကျော်ကြားခဲ့တဲ့ Detective Dee-Mystery of The Phantom Flame ရုပ်ရှင်ရဲ့ Prequel ရုပ်ရှင်တွေဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ Rise of The Sea Dragon ရုပ်ရှင် အဆုံးကနေပြန်လည်စတင်ထားပြီး ရှင်ဘုရင်က စုံထောက်ဒီးကို နဂါးနိုင်ဓါး (ကျိုင်းတံ) အပ်နှင်းပြီး တစ်တိုင်းပြည်လုံးကို စေခိုင်းနိုင်တဲ့ အခွင့်အာဏာအပ်နှင်းလိုက်တာကနေ စတင်ပါတယ်။ ဒီလိုအာဏာအပ်နှင်းလိုက်တဲ့အတွက် ရှင်ဘုရင်ကို (တရုတ်ပြည်သမိုင်းမှာတစ်ဦးတည်းသောဘုရင်မဖြစ်လာမယ့်) မိဖုရားဝူက အမျက်ရှတော်မူပါတယ်... စုံထောက်ဒီးလို ဦးနှောက်ပဲရှိပြီး မျိုးရိုးက မင်းမှုထမ်း သာမန်ဖြစ်နေတဲ့ လူမျိုးကို အာဏာအပ်နှင်းရမလားဆိုပြီးတော့ပေါ့။ ဒါနဲ့ မိဖုရားဝူက ပွဲကြမ်းတော်မူတယ်ပေါ့...ရှင်ဘုရင်ကလဲ သူ့မိဖုရားကို ချစ်ခင်နှစ်သက်တော်မူတာကြောင့် မိဖုရားဝူဟာ ဘုရင်မတစ်ပါးလိုဖြစ်နေတော့ နန်းတွင်းထဲ လုပ်ချင်ရာလုပ်နေသတဲ့။ မိဖုရားဝူအနေနဲ့ကတော့ နဂါးနိုင်ဓါး (ကျိုင်းတံ)ကိုပဲ ပြန်သိမ်းပြီး စုံထောက်ဒီးကို ပညာပေးပါဝါပြချင်ယုံပါ။ ဒါပေမယ့် ရှေ့မင်းဆက်လက်ထက်က ရာဇဝင်ကြွေးမကျေတဲ့ အိန္ဒိယက နတ်ဝိဇ္ဇာ စစ်သည်တော်တွေ မိဖုရားဝူကိုအကြောင်းပြုလို့ ဒီအမှုတွဲထဲကို ပါဝင်လာတဲ့အခါမှာတော့...စုံထောက်ဒီး ဘယ်လိုဖြေရှင်းမလဲဆိုတာ...။ ရိုက်ကူးထားတဲ့ သိုင်းကွက်တွေ လက်နက်ပစ္စည်းတွေ Special Effect တွေကတော့ ပြောနေကြအတိုင်း တဝိုးဝိုးဖြစ်ရမှာပါ။ ဒီဇာတ်ကားကိုကြည့်ပြီးမှ ၂၀၁၀ က စုံထောက်ဒီး ဇာတ်ကားကို ကြည့်သင့်ပါတယ်..။ တရုတ်ပြည်သမိုင်းမှာ ထက်မြက်တယ် ဉာဏ်ပညာရှိတယ် ကောက်ကျစ်တယ် ရက်စက်တယ် အမျိုးမျိုးအဖုံဖုံ ပြောဆိုနေကြတဲ့ တစ်ဦးတည်းသောဘုရင်မဖြစ်ခဲ့တဲ့ Empress Wu တဖြစ်လဲ Wu Zetian အကြောင်းကို အနည်းငယ်မြည်းစမ်းကြည့်နိုင်မှာပါ။ File size…(4.3 GB)/(2 GB) Quality….BluRay 1080p HEVC/ 720p Format…mkv/mp4 Duration….02:11:47 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Ying Ying

Adventure • Family • Fantasy
6.3 2018 132 mins
Detective Dee: The Four Heavenly Kings
My Name Is Vendetta
6.8

"သတ်မှာလား အသတ်ခံမှာလား ဒါဟာ ဥပဒေပဲ" ဆိုတဲ့ စကားစုလေးနဲ့ အစချီပြီး စတင်ထားတဲ့ "My Name is Vendetta" ဆိုတဲ့ ဇာတ်ကားလေးက အက်ရှင်ဇာတ်ကား ချစ်သူတွေအတွက် လက်မလွှတ်သင့်တဲ့ Netflix ဇာတ်ကားကောင်းလေး တစ်ကားပါ။ ဇာတ်လမ်းအကျဉ်း ... ဘဝမှာ သူများကို သတ်မှာလား ကိုယ် အသတ်ခံမှာလား ဆိုတဲ့စိတ်နဲ့ ဘဝတစ်လျှောက်နေလာခဲ့တဲ့ မာဖီးယား တစ်ဦးက ဖူးစာရှင်လေးနဲ့တွေ့ပြီး သူ့ဘဝကို ပြောင်းလဲလိုက်တယ်။ သမီးလေးတစ်ယောက် မွေး ဘဝကို ပျော်စရာတွေ မေတ္တာတွေနဲ့ ဘဝကို အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းနေစဉ်မှာ အတိတ်မှာ ဆိုးခဲ့တဲ့အမှားတွေနဲ့ မာဖီးယားဂိုဏ်းတစ်ခုက သူ့ကို ကလဲ့စားချေဖို့အတွက် သူ့မိသားစုကို ရက်ရက်စက်စက် သတ်ပစ်လိုက်တယ်။ ကံကောင်းချင်တော့ သမီးဖြစ်သူ ဆိုဖီယာက မသေဘဲ လွတ်မြောက်နိုင်ခဲ့တယ်။ ဒီလိုနဲ့ သူ့မိသားစုကို သတ်ခဲ့တဲ့ သွေးကြွေးကို သမီးဖြစ်သူ ဆိုဖီယာနဲ့အတူ ကလဲ့စားချေဖို့ တာဆူတော့တာပေ့ါ။ သွေးသံတရဲရဲနဲ့ အက်ရှင်ခန်းတွေ အများကြီးပါပြီး လူမိုက်တစ်ဦးနဲ့ သူ့သမီးကြားက သံယောဇဉ်တွေကိုမြင်ရပြီး တန်ဖိုးထားရတဲ့ မိသားစုကို အလုယူခံလိုက်ရတဲ့အချိန် ဖြစ်ပေါ်လာတဲ့ နာကျည်းချက်တွေနဲ့ ဘယ်လို ကလဲ့စားချေမလဲဆိုတာတော့ ဇာတ်လမ်းလေးထဲ ဆက်လက်ကြည့်လိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Kit ပါ။) File Size          : 1.1GB, 470MB, 254MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 30mins Genre              : Action, Crime, Drama Translated by Kit Encoded by Kinnov

Horror • Thriller
6.8 2022 90 mins
My Name Is Vendetta
The Admiral
7

The Admiral (2015) ============== IMDb Rating – 7.0/10 ဒီဇာတ်ကားကို စ​ရေးမယ့်အချိန် ပိုစတာကိုမြင်​တော့ နည်းနည်း​လေး အင်တင်တင်ဖြစ်သွားမိတာ အမှန်ပါ။ ဒီဇိုင်းကာလာ အ​နေအထားက ဒီဘက်​ခေတ်ထွက် ​​ပေါ​ပေါပဲပဲစတိုင် ဖြစ်​နေတာမဟုတ်လား။ ဒီလိုနဲ့ Google​ ​ပြေး​ခေါက်၊ စာ​လေးဘာ​လေး​ပြေးရှာ​တော့ တို့များဖန်​တွေ အ​​ပေးများတယ်ဆိုတဲ့ IMDbက 7၊ Review ဆရာကြီးများ ရှိ​နေတဲ့ ခရမ်းချဉ်သီးပုပ်က67%ဆို​တော့ နည်းနည်းစိတ်ဝင်စားသွားမိတယ်။ နယ်သာလန်ကားဆို​တော့ မြင်​တွေ့​နေကျ အ​နောက်တိုင်းရုပ်ရှင်တွေ၊ အ​တွေ့နည်းတယ်ဆိုတဲ့ ပြင်သစ် တူရကီစသဖြင့်ထက် ရှား​တဲ့အပြင် ဆု၂ဆုနဲ့ nomi ၄ခုထိ စာရင်းဝင်ထား​တော့ သူများဂျင်းမထည့်ခင် ကိုယ်အရင်အထည့်ခံရမှာလန့်ရင်း ​စ​ရေးတယ်​​ပေါ့။ ဇာတ်လမ်းက ၁၇ရာစုနှစ်ကို အ​ခြေခံထားပြီး နယ်သာလန်​​ရေတပ်ရဲ့ ဗိုလ်ချုပ်ဖြစ်တဲ့ မီခယ်ဒီရိုက်တာကို အသား​ပေးရိုက်ကူးထားတာပါ။ ပ​ဒေသရာဇ်​​တွေကြီးစိုး​နေ​​သေးတဲ့ အချိန်မျိုးမှာ ရီပတ်ဘလစ်စနစ် စတင်အ​ကောင်အထည်​ပေါ်​​နေပြီဖြစ်တဲ့ နယ်သာလန်​ပြည်ကြောင့်ပဲ ဒီဇာတ်ကားထဲက အရှုပ်ထုတ်​တွေ စဖြစ်ခဲ့တယ်လို့ ဆိုရမှာပါပဲ။ သက်ဦးဆံပိုင်စနစ်ဘက်က မင်းမျိုးမင်းနွယ် ​​Prince of Orangeနဲ့ ပါတီနိုင်ငံ​ရေးစနစ်ဘက်က ရီပတ်ဘလစ်ကန်​တွေ ပွတ်တိုက်လာမှုရဲ့ အကျိုးဆက်အဖြစ် ပြည်တွင်းစစ်မီးက ​တောက်လုဆဲဆဲ ဖြစ်သလို တစ်ဖက်မှာလည်း ​ဟော်လန်ရဲ့ ​ရေ​ကြောင်းကုန်သွယ်​ရေးလုပ်ငန်းနဲ့ လွတ်လပ်တဲ့ ရီပတ်ဘလစ်စနစ်ကို မျက်မုန်းကျိုး​နေတဲ့ အင်္ဂလိပ်နဲ့ ပြင်သစ်​တွေက ​ရေ​ကြောင်းထိုးစစ်​တွေနဲ့ ကျူး​ကျော်​နေတာ​ကြောင့် ပြည်ပရန်ကိုလည်း တပြိုင်တည်းရင်ဆိုင်​​နေရတယ်လို့ ​ပြောရမှာပါ။ ဒီအချိန်မှာ ပြည်တွင်း​ရေးကို ဝန်ကြီးချုပ် ယိုဟန်ဒီဗစ်က ထိန်းကာ ပြည်ပရန်ကို​တော့ ​ရေ​ကြောင်းတိုက်ပွဲများစွာ ဆင်နွှဲခဲ့ဖူး ​နိုင်ခဲ့ဖူးတဲ့ မီခယ်ဒီရိုက်တာကို ​ရေတပ်ဗိုလ်ချုပ်အဖြစ်ခန့်အပ်ပြီး ကာကွယ်ခိုင်း ခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာ ဒီရိုက်တာရဲ့ စစ်​သေနင်္ကဗျူဟာ​တွေ၊ သင်္ဘောတိုက်ပွဲအမိုက်စားကြီး​တွေ ကြည့်ရှုရမှာဖြစ်သလို တစ်ဖက် ပြည်တွင်း​ရေးမှာ ရီပတ်ဘလစ်ဝန်ကြီးချုပ်နဲ့ အောရိန့်မင်းသားတို့ရဲ့ အာဏာအားပြိုင်မှု​​တွေကိုလည်း မြင်​တွေ့ရမှာဖြစ်ပါတယ်။ ဒတ်ချ် ဇာတ်ကားဆို​ပေမယ့် ဇာတ်လမ်းအသွားအလာက ခပ်သွက်သွက်နဲ့ တမျိုးကြည့်​ကောင်းပါတယ်။​ ​သင်္ဘောတိုက်ပွဲ​​တွေလည်း ခဏခဏ ဖြစ်​နေတာ​ကြောင့် ပြည်တွင်းပြည်ပ အ​ရေး၂ခုက Non-stopဇာတ် ပုံစံ ဇာတ်ရှိန်က ​တောက်​လျောက်တက်​​​နေတာပါ။ ပ​ဒေသရာဇ်​ခေတ်ပုံစံလည်း ဖြစ်ရမယ်၊ နိုင်ငံ​ရေးအားပြိုင်မှု​တွေကို စိတ်ဝင်စားတယ်။ ​ရေ​တိုက်ပွဲ​တွေကိုလည်း သ​ဘောကျတယ်ဆိုရင် ဒီဇာတ်ကားက ရထားတဲ့ rating​တွေနဲ့ သူ့အိုးနဲ့သူဆန် တန်တယ်လို့ ​ပြောနိုင်ပါတယ်။ ကြာချိန်ကလည်း ၂နာရီခွဲနီးပါးရှိပြီး ဇာတ်အိမ်က ခိုင်လို့ အကြိုက်​တွေ့တဲ့သူ​တွေ ရှိမယ့်ဇာတ်ကားပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ JimX ဖြစ်ပါတယ်)

Crime • Documentary • Drama
7 2015 128 mins
The Admiral
The Sacrifice Zone
5.5

ခေတ်လူကြီးတွေပြောလေ့ရှိပါတယ် “နိုင်ငံရေးမှာ မတော်တဆဖြစ်တာဆိုတာ” မရှိဘူးတဲ့။ ဒီလိုပါပဲ ၁၉၇၃ခုနစ် ဝင်ဒီနီးပုန်ကန်မှုအရေးမှာ ဌာနေအမေရိကန်တွေဖြစ်ကြတဲ့ မာဗင်နဲ့ဘက်တို့၂ယောက်ဟာ အဖမ်းခံလိုက်ရပါတယ်။ ဗာမင်တို့၂ယောက် အဖမ်းမခံရခင် ၁၀လလောက်အလိုမှာ မာဗင်ရဲ့ဇနီးဖြစ်သူ အန်နာ က ယာဥ်မတော်တဆမှုနဲ့ ဆုံးပါးသွားခဲ့ပါတယ်။ မာဗင်ကတော့ သူ့ဇနီးသေဆုံးသွားတာကို အသတ်ခံရတာဆိုပြီး တထစ်ချယုံကြည်နေခဲ့ပါတယ်။ သူ့ဇနီးသေဆုံးမှုဟာ သာမန် သွေးရိုးသားရိုးသေဆုံးသွားခဲ့ရတာလား ဒါမှမဟုတ် မာဗင်ယုံကြည်နေသလို သူ့ဇနီးက အသတ်ခံလိုက်ရတာလား၊ ပုန်ကန်မှုတွေ အန်နာရဲ့သေဆုံးမှုတွေမှာ အစိုးရက ဘယ်လိုပါဝင်ပတ်သက်နေမလဲဆိုတာကို နိုင်ငံရေးလှည့်ကွက်တွေကြားမှာ အချစ်၊ အလွမ်း၊ မေတ္တာ၊ Dramaတွေကို တစည်းတလုံးထဲ ဒီရုပ်ရှင်မှာ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ ဖိနှိပ်ခံခဲ့ရတဲ့ အင်ဒီယန်တွေရဲ့ဘဝကိုထင်ထင်ရှားရှားရိုက်ကူးပြသွားနိုင်ခဲ့သလို အမေရိကန်တွေရဲ့ လူသိမခံစေချင်တဲ့dark secretသမိုင်းတွေကိုလည်းတစ်ပါတည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ File size…(2.1GB) / (785MB) / (359MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:29:00 Genre… Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

Adventure • Comedy • Romance
5.5 2022 87 mins
The Sacrifice Zone
Uncle’s Paradise
4.7

Uncle’s Paradise (2006) Haruoဆိုတဲ့ကောင်လေးမှာ Takashiဆိုတဲ့ဦးလေးတစ်ယောက်ရှိတယ် Takashiက အိပ်ပျော်သွားတာနဲ့အိပ်မက်ဆိုးတွေမက်လွန်းလို့ သူဟာအိပ်ရမှာကိုကြောက်နေတဲ့သူတစ်ယောက်ပေါ့ (သူ့မှာမအိပ်ရရင်hornyအရမ်းဖြစ်တယ်ဆိုတဲ့ရောဂါလည်းရှိတယ်တမျိုးလေးနော်သူ့ရောဂါကကျ) Haruoကတော့ တနေ့မှာပြည်ကြီးငါးအကောင်ကြီးကိုဖမ်းနိုင်ရမယ်ဆိုပြီး ဆုံးဖြတ်ချက်ချထားတဲ့သူ တရက် Takashiက Haruoရဲ့အိမ်မှာနေဖို့ရောက်လာခဲ့တယ် သူ့အိပ်မက်တွေကိုဘယ်လိုတိုက်ခိုက်မလဲ Haruoကကော အိပ်မက်တွေကြားမှာရောပြီးပိတ်မိနေမလားဆိုတာကတော့ ဆက်လက်ကြည့်ရှုလိုက်ပါဦး File Size__(450MB) Quality__720p IMDb Rating__5/10 Format__mp4 Duration__01:05:00 Type__Adult Subtitle__Myanmar Subtitle (Hardsub) Translated by Dark Group Encoded by Dark Devil

Drama • Romance
4.7 2006
Uncle’s Paradise
High & Low The Worst
6.7

High and Low ပရိသတ် တွေအားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ဒီ High and Low:The Worst ဟာ High & Low movieတွဲတွေထဲမှာ (၆)ကားမြောက်ဖြစ်ပြီး timeline အားဖြင့် Final Mission အပြီး ခရူးယုဂိုဏ်းရှုံးနိမ့်သွားချိန်မှာ ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်ကြောင်းကို နည်းနည်း ပြောပြရရင် Final Mission အပြီးမှာ ခရူးယုဂိုဏ်း ၊သံသယဂိုဏ်းတို့နဲ့ အတူ ပျောက်ကွယ်သွားတဲ့ ရတ်ဒရမ်မူးယစ်ဆေးတွေဟာ SWORD ရဲ့ လမ်းမတွေပေါ်မှာ တစ်စတစ်စနဲ့ ပြန်ပေါ်လာပါတော့တယ်။ဆေးရောင်းချမှုတွေဟာ တဖြည်းဖြည်းနဲ့ ပမာဏများလာပြီး မူရာယာမတို့ရဲ့ အိုယာအထက်တန်းကျောင်းအထိ ပြန့်နှံ့ရောက်ရှိလာပါတယ်။အဲ့ဒီအချိန်မှာ အိုယာအထက်တန်းကျောင်းဂိုဏ်းမှာလည်း ပြဿနာတွေတက်နေပြီး ပုဂ္ဂိုလ်စွဲတွေနဲ့ ဂိုဏ်းခွဲတွေ အများကြီး ကွဲလာပါတော့တယ်။ ဒီလိုအတွင်းရေး ပြဿနာတွေကြားထဲမှာ အိုယာဂိုဏ်းသားတွေဟာ ရတ်ဒရမ်ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ၊သူတို့ကြားထဲမှာရော ဘယ်လိုကိစ္စတွေကြောင့် ပြဿနာတွေတက်နေရတာလဲ၊အိုယာကျောင်းဂိုဏ်းမှာရော ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာမလဲဆိုတာတော့ ဒီဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အရင် High & Low ဇာတ်ကားတွေထဲက မူရာယာမတို့ တိုဒိုရိုကီတို့လို ဇာတ်ကောင်အဟောင်းတွေလည်း ပြန်ပါပြီး ဇာတ်ကောင်အသစ်တွေနဲ့ ဇာတ်လမ်းအသစ်တွေကိုလည်း မြင်ရမှာမို့ High & Low ပရိတ်သတ်တွေအနေနဲ့ အလွမ်းလဲပြေရမှာ ဖြစ်သလို နောက်ဆက်မယ့် ဇာတ်ကားတွေအတွက်အချိတ်အဆက်တွေလည်း မြင်တွေ့ရပါလိမ့်မယ်။ ဒါကြောင့်မို့ အရင် High and Low ဇာတ်ကားတွေကို ကြိုက်နှစ်သက်တယ်ဆို ဒီ High and Low: The Worst ကိုလည်း ဆက်ဆက်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်ခင်ဗျ။ File size…2.34GB / 1.19GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 5m Genre ….. Action , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Damien

Drama • Comedy
6.7 2019
High & Low The Worst
Amma I Love You (2018) Siddhu The Warrior
7.4

Amma I Love You (2018) Siddhu The Warrior “မိခင်တစ်ယောက်က ကျွန်တော်တို့အတွက် တံမြက်စည်းလှည်းသမား…သန့်ရှင်းရေး…စားဖိုမှုး..စားပွဲထိုး…ဆရာမလည်း ဖြစ်တယ်… ပွဲစီစဉ်သူ …အလှဆင်တဲ့သူ….ပုံပြင်ပြောတဲ့သူ.. အဆိုတော်..သရုပ်ဆောင် ပြီးတော့ ဘာသာပြန်ပေးသူ ဆိုလည်းဟုတ်တယ် စျေးဆစ်တတ်တဲ့သူ….ငွေကိုင်…စီးပွားရေးအကြံပေး…ထောက်ပံ့ပေးတဲ့သူ… စိတ်ခွန်အားပေးတဲ့သူဆိုလည်း ဟုတ်တယ် ကျွန်တော်တို့ပစ္စည်းတွေ မေ့ကျန်ခဲ့ရင်လည်း သူက သတိပေးတတ်တယ် ကျွန်တော်တို့ဟာ ကျွန်တော်တို့မိခင်တွေကို အရာအားလုံးအတွက် လိုအပ်တယ် ဖခင်တစ်ယောက်ကို အချိန်ခဏပဲ လိုအပ်ပေမယ့် မိခင်ကို‌တော့ ကျွန်တော်တို့တစ်ဘ၀လုံး လိုအပ်တယ်” ဒီလိုအဖွင့်စကားလုံးတွေနဲ့ Amma I Love You ဆိုတဲ့ ဒီဇာတ်ကားက အမေချစ်တတ်တဲ့လူသားတွေအတွက် ဟက်ထိစေမယ့် အိန္ဒိယတောင်ပိုင်းဇာတ်ကားလေးပါ…. ဆစ်ဒူ ဆိုတာ အိန္ဒိယရဲ့ ထိတ်ထိတ်ကြဲကုမ္ပဏီကြီးတစ်ခုကို အမွေဆက်ခံမယ့် သူဌေးသားလေးပါ… တစ်နေ့မှာတော့ ကုမ္ပဏီကိုဦးစီးပြီးအမွေဆက်ခံဖို့အတွက် သူ့အမေက သူ့ကို အိန္ဒိယကိုပြန်ခေါ်လိုက်ပါတယ်…. အမေကလဲသူ့ကိုဆို အသေးစိတ်ကအစ ဂရုစိုက်တတ်သလို သူကလဲ အမေ့စကားဆို မြေဝယ်မကျနားထောင်တတ်တဲ့ သားလိမ္မာလေးပါ။ သိပ်ချစ်ကြတဲ့သူတို့သားအမိကြားကို တစ်နေ့မှာတော့ ကံကြမ္မာဆိုးက ဝင်ရောက်လာပါတယ်… မတော်တဆမှုတစ်ခုကနေ သူ့အမေထိခိုက်ဒဏ်ရာရပြီး ဆေးရုံမှာ သတိမလည်ဘဲ ကိုမာဝင်တဲ့အဆင့်ထိရောက်သွားပါတယ်… ဘာနဲ့ကုကု သတိပြန်မလည်တော့တာကြောင့် ကူကယ်ရာမဲ့သွားတဲ့ ဆစ်ဒူတစ်ယောက် ဘာလုပ်ရမှန်းမသိတဲ့အချိန်မှာ ကံကောင်းချင်တော့ အကြားအမြင်ဆရာတစ်ယောက်နဲ့ ဆုံတွေ့လိုက်မိပါတယ်။ ကံဆိုးချင်တော့ သူ့အမေပြန်ကောင်းလာဖို့ဆိုရင် သူ့အနေနဲ့ သူတောင်းစားအဖြစ် ၄၈ ရက်တိတိနေထိုင်ရမယ်လို့ ရှေ့ဖြစ်ဟောခံရပါတယ်။ အမေ့အတွက်ဆို မြင့်မိုရ်တောင်ပါဖြိုချမယ့်သား ဆစ်ဒူကတော့ သူတောင်းစားလုပ်ဖို့လက်မတွန့်ခဲ့ပါဘူး… ဒီလိုနဲ့ သူတောင်းစားလုပ်နေစဉ်မှာပဲ လူသားတို့သဘောတွေ အလိုလောဘတွေအကြောင်းတွေကို သိမြင်လာရသလို သူရင်ခုန်ရတဲ့ကောင်မလေးကိုတွေ့ရှိသွားတဲ့အပြင် သူ့ကုမ္ပဏီကိုလုမယ့် ရန်သူတွေပါ သူ့နောက်ကိုလိုက်လာတဲ့အခါမှာတော့….။ ဆစ်ဒူတစ်ယောက် အမေ့အတွက် အခက်အခဲတွေတပြုံကြီးကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်သွားမလဲဆိုတာ….။ IMDb Rating (7.4) ထိရရှိထားတာမလို့ အက်ရှင်ဒရမ်မာကြိုက်တတ်တဲ့ တောင်ပိုင်းပရိတ်သတ်တွေ လက်လွတ်မခံသင့်တဲ့ဇာတ်ကားဖြစ်ပါကြောင်း။

Romance • Comedy
7.4 1900
Amma I Love You (2018) Siddhu The Warrior
I’m Not There
6.8

တကယ့်ဟောလီးဝုဒ် ဒိတ်ဒိတ်ကြဲတွေဖြစ်တဲ့ Heath Ledger, Christian Bale, Cate Blanchett နှင့် အခြားသောနာမည်ကြီးသရုပ်ဆောင်များ မြိုင်မြိုင်ဆိုင်ဆိုင်ပါဝင်ထားပြီး အမေရိကန်သီချင်းရေးဆရာ အဆိုတော် Bob Dylan အကြောင်းကို ကျောရိုးယူရိုက်ကူးထားတဲ့ ဒါရိုက်တာ Todd Haynes ရဲ့ Experimental Biographical Film လေးဖြစ်ပြီး IMDb Rating 6.8/10 ရရှိထားပါတယ်။ ဒီဇာတ်ကားကို ကြည့်ရင်းနဲ့ အမေရိကန်ပြည်ထောင်စုရဲ့အလှကို ရင်သပ်ရှုမောဖွယ်ကြည့်ရတဲ့ Nomadland ဆိုတဲ့ဇာတ်ကားလေးကို သွားပြန်သတိရပြီး တော်တော်လေး melancholy ဖြစ်တဲ့ဇာတ်ကားလေးမို့ Filmphile တို့ကို မဖြစ်မနေ ကြည့်စေချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း ———————– အမေရိကန် ဖောခ့်တေးဂီတအဆိုတော် ဂျက်ရိုလန်ရဲ့ ဘဝအကြောင်း၊ အနုပညာလမ်းကြောင်းတစ်လျှောက် အနိမ့်အမြင့်ဘဝဇာတ်ခုံအကြောင်းကို ဂျက်ရိုလန်အကြောင်းကို ပြန်ရိုက်ထားတဲ့ရုပ်ရှင်မှာပါဝင်ထားတဲ့ ရော်ဘီကလာခ့်၊ နာမည်တစ်လုံးနဲ့ လက်ဦးဖော့ခ်ဂီတအဆိုတော် ဂျုဒ်ကွင်းန်၊ ရစ်ဒယ်ဆိုတဲ့မြို့ငယ်လေးမှာ လာရောက်ပုန်းခိုနေတဲ့ ဝရမ်းပြေး ဘီလီမက်ကာတီ၊ ဂီတာလေးတစ်လက်နဲ့ အမေရိကန်ပြည်ထောင်စုကို ကြုံသလိုလေလွင့်နေတဲ့ ဝူဒီဂတ်သရီဆိုတဲ့ ကောင်လေး အစရှိတဲ့ ဇာတ်ကောင်ငါးကောင်ကို အလှည့်ကျစီ ရှုထောင့်အမျိုးမျိုးက အချိတ်အဆက်မိမိ ရိုက်ကူးတင်ဆက်ထားတဲ့ Musical Drama Film လေးဖြစ်ပါတယ်။ File size…(3 GB)/(1.6 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:15:00 Genre…Drama, Biography, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

Mystery • Crime
6.8 2007
I’m Not There
I Am Dragon
6.8

I am Dragon (2015) နဂါးလေးကိုမှ ချစ်မိနေပါပြီဆိုတဲ့ CMပရိသတ်တို့အတွက် Animationကောင်းကောင်းနဲ့ Positive review တွေပိုင်ဆိုင်ထားတဲ့ IMDb-6.8ရ ရုရှားနဂါးကားလေး တင်ဆက်ပေးချင်ပါတယ်။ တောင့်တောင့်ဖြောင့်ဖြောင့် six pack နဲ့ နဂါးလေးရယ် လှရက်လွန်းလှတဲ့ မင်းသမီးလေးရယ်ကို ငမ်းရတာနဲ့တင် အတော်တန်တဲ့ ရုပ်ရှင်လေးဆိုတော့ ရုရှားအဆင်‌လေး ပြောင်းကြိုက်ချင်သူတွေအတွက်တော့ ကြည့်သင့်တဲ့ရုပ်ရှင်လေးဖြစ်ပါကြောင်း…. တစ်ချိန်က နဂါးတွေကြီးစိုးနေစဉ်ကာလမှာ မြို့ငယ်လေးတစ်မြို့က လူတွေက ရွာကအပျိုချောတွေကို နဂါးကြီးကို ဆက်သရပါသတဲ့။ ဒီမိန်းကလေးတွေကို နဂါးစာအဖြစ် ဆက်သနေရတာဟာ ဒီမြို့လေးအတွက်တော့ ဓလေ့ထုံးစံတစ်ခုလိုဖြစ်လာခဲ့ပါတယ်။ သိပ်ချစ်တတ်တဲ့ လူငယ်တစ်ယောက် မပေါ်လာခင်ပါပဲ။ ဒီလူငယ်လေးကတော့ နဂါးကိုဆက်သရတော့မယ့်ချစ်သူမိန်းကလေးကို အရပြန်လုဖို့ စိတ်ပိုင်းဖြတ်ခဲ့ပေမဲ့ အလာကောင်းပေမဲ့ အခါနှောင်းသွားခဲ့ရပါတယ်။ ချစ်သူကို ကယ်ဖို့မမီလိုက်တဲ့ ဒေါသဇောနဲ့ပဲ အချစ်ကြီးတဲ့လူငယ်လေးက နဂါးကြီးကို လှံနဲ့ပစ်ခွင်းအနိုင်ယူပြီး နဂါးသတ်သမားဘွဲ့ကို ခံယူလိုက်ပါတော့တယ်။ နှစ်တွေကြာတော့ နဂါးဆိုတာ တကယ်ရှိတယ်တောင်မထင်ရတော့တဲ့အထိ ဒဏ္ဍာရီတစ်ပုဒ်သာသာဖြစ်လာတာပေါ့။ အခုလက်ရှိမှာတော့ ဒီနဂါးသတ်သမားရဲ့မျိုးဆက်ဖြစ်တဲ့ အီဂါဆိုတဲ့လူငယ်လေးဟာ မြို့ကိုအုပ်စိုးတဲ့မင်းသားကြီးရဲ့ သမီးထွေးနဲ့ လက်ဆက်ဖို့ပြင်နေပါတယ်။ ငယ်ရွယ်ပြီး မရင့်ကျက်သေးတဲ့ နဂါးတွေ နတ်သမီးပုံပြင်တွေကြားမှာ မွေ့လျော်နေတဲ့သမီးဖြစ်သူကို သူရဲကောင်းမျိုးဆက်လက်အပ်ချင်တဲ့မင်းသားကြီးနဲ့ တစ်ဖက်က သူရဲကောင်းအဘိုးရဲ့အရှိန်အဝါနဲ့ ဂုဏ်မောက်နေတဲ့အီဂါတို့ကြား နေရကြပ်နေတဲ့ မီယိုဆာလ်ဗာမင်းသမီးလေးတစ်ယောက် လက်ထပ်ပွဲမှာ နဂါးခေါ်သီချင်းဆိုပြီးနောက်မှာ နဂါးကြီးက ဂူကြီးတစ်ခုထဲကို ခေါ်သွားတာခံလိုက်ရတဲ့အခါ… ကျင်းထဲမှာ မီယာနဲ့တွေ့တဲ့ အမည်မသိကောင်လေးက ဘယ်သူလဲ။ မီယာကိုခေါ်လာတဲ့နဂါးကြီးကရော ဘယ်ရောက်သွားလဲ။ နဂါးသတ်သမားမျိုးဆက်ဆိုပြီး လက်စွမ်းပြချင်တဲ့အီဂါတစ်ယောက်ကရော မီယာကိုကယ်တင်ဖို့ ဘယ်လိုကြိုးစားသွားမလဲဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mary Christ ပဲဖြစ်ပါတယ်) Genre….. Adventure, Fantasy, Romance Quality…. 1080p | 720p File size… 1.6GB | 805MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron

6.8 2015
I Am Dragon
Strange Tales from a Chinese Studio: Pupil’s Language
5.7

တစ်ခါက ယုံအန်းမှာ ပန်းချီဆွဲတော်တဲ့ ဖန်းသုန်းလို့ခေါ်တဲ့ သခင်လေးတစ်ပါးရှိပါတယ် ။ သူက အိမ်ကအလုပ်တွေကိုကူညီလုပ်ပေးလေ့မရှိဘဲ အမြဲတမ်းဆောင်ကြာမြိုင်ပဲသွားသွားနေပြီး ဖခင်ဖြစ်သူဆီက အမြဲလိုလိုလိုက်အရိုက်ခံနေရတဲ့သူတစ်ယောက်ပေါ့ ။ တကယ်တော့ သူဆောင်ကြာမြိုင်ကိုသွားတာကလည်း အကြောင်းအရင်းရှိပါတယ် ဆောင်ကြာမြိုင်က မိန်းကလေးလင်အာကို စောင်းတီးခိုင်းပြီး သူကပန်းချီဆွဲဖို့ပါ ။ ဒါပေမဲ့ တစ်နေ့ကျ မိန်းကလေးလင်အာက သူ့ပုံတူပန်းချီကို မျက်စံမခြယ်ဖို့တားမြစ်ခဲ့ပါတယ် ။ ဒါပေမဲ့ သခင်လေးဖန်းသုန်း အိမ်ပြန်ရောက်လာတဲ့ အခါမှာ သိချင်စိတ်နဲ့ မျက်စံကိုခြယ်သလိုက်ချိန်မှာတော့ မထင်မှတ်ထားပဲ နေရာမှာတင် မေ့လဲသွားခဲ့ပါတယ် ။ သခင်လေးဖန်းသုန်းမေ့လဲသွားတာက မိန်းကလေးလင်အာနဲ့သက်ဆိုင်နေမလား ? ယုံအန်းကလူပျောက်မှုတွေကတော့ ဘယ်သူနဲ့သက်ဆိုင်နေလဲ ? သခင်လေးဖန်းသုန်းရဲ့အိမ်က မွေးစားညီမလေးကရော သူ့အစ်ကိုရောဂါကုဖို့ ဘယ်လိုတွေစတေးသွားမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါအုံးရှင် ။

5.7 2024
Strange Tales from a Chinese Studio: Pupil’s Language
A Journey
6.1

ဒရာမာအဆွေး ဇာတ်ကားကောင်းကောင်းလေးတွေကို ကြိုက်နှစ်သက်သူတွေအတွက် A Journey ဆိုတဲ့ ဖိလစ်ပိုင်ဒရာမာကား ကောင်းကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဖိလစ်ပိုင်ဆိုပေမဲ့ Netflix တန်းဝင်ဖြစ်ပြီး IMDb Rating ကလည်းလက်ရှိ 6.1 အထိရရှိထားတဲ့အတွက်ပေးရတဲ့အချိန်နဲ့တန်စေမဲ့ Feeling မျိုးကိုပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ချစ်သူနှစ်ဦး ကတကယ်တမ်းအရမ်းချစ်လာကြပြီး အဆင်ပြေနေကြပြီဆိုရင် လောကကြီးကမတရားတာများ ပါတယ်။ချစ်လျက်နဲ့ သေကွဲကွဲရသူတွေ ရှင်ကွဲကွဲရသူတွေ ကိုလည်းရေတွက်လို့တောင် မကုန်နိုင်ပါဘူး။ဒီဇာတ်ကား လေးထဲမှာလည်း ဘရိုင်ယန်နဲ့ ရှိန်းဆိုတဲ့အရမ်းချစ်တဲ့ ငယ်ချစ် လင်မယားရဲ့ ဘဝကိုကံကြမ္မာဆိုးက ဝင်မွှေပုံကိုစတင် တွေ့ရမှာဖြစ်ပါတယ်။ရှိန်းက ရင်သားကင်ဆာရှိသူ တစ်ယောက် ဖြစ်ပြီး သိပ်မကြာသေးခင်ကပဲ ကုသမှုတွေခံယူပြီး ကင်ဆာကို ကျော်ဖြတ်နိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် ကံကြမ္မာကမျက်နှာသာ မပေးတဲ့အခါမှာတော့ ဒုတိယ တစ်ခေါက်ပြန်ဖြစ်လာခဲ့ပြီး အရင်ထက်တောင်ပို ဆိုးလာပါတော့တယ်။ ဒီလိုနဲ့ ရှိန်းလည်း ကိုယ်ချစ်တဲ့သူကို ထပ်မနာကျင်စေချင်တဲ့ အတွက်ဆေးမကုသပဲနဲ့ သူမသေခင် ဖြစ်ချင်တဲ့ဆန္ဒတွေကို စာရင်းတစ်ခုနဲ့ချရေးပြီး အဲ့ဒါတွေကို လိုက်လုပ်ဖို့ပဲ ဆုံးဖြတ်ခဲ့ပါတော့တယ်။ဘရိုင်ယန် ကလည်း ရှိန်းကို ဆေးကုသဖို့နားချလို့ မရတဲ့အတွက် သူ့ရဲ့စာရင်းထဲက ဟာတွေကို ပြီးမြောက်အောင်လိုက်ကူညီပေးဖို့ပဲ ဆုံးဖြတ်ခဲ့ပါ တော့တယ်။ဒါပေမယ့် အဲ့ဒါကိုသူတို့နှစ်ယောက်တည်း လုပ်မှာမဟုတ်ပဲ သူတို့နှစ်ယောက်နဲ့ ငယ်ငယ်ကတည်းက ပေါင်းလာတဲ့ အခုအချိန်မှာမင်းသားဖြစ်နေတဲ့ သူငယ်ချင်း တူပဲကပါ အတူတူလိုက်လံကူညီပေးပါတော့တယ်။ ဒီလိုနဲ့ သူတို့ သူငယ်ချင်းသုံးယောက်ရှိန်းဖြစ်ချင်တဲ့ ဆန္ဒတွေကို အချိန်မှီ ပြီးမြောက်အောင်လုပ်ပေးနိုင်ပါ့မလား.. လင်မယားနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကရော ဇာတ်သိမ်းမှာ ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာတွေကို လိုက်ပါစီးမြောပြီး ကြည့်ရှုရမဲ့ဒရာမာဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ File size…1.47GB / 697MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 55m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Animation • Family • Fantasy
6.1 2024 115 mins
A Journey
The Supremes at Earl’s All-You-Can-Eat

အားလ်ရဲ့ အဝစားဆိုင်ကနေ The Supremes ဆိုပြီး နာမည်တွင်လာခဲ့တဲ့ အိုဒက်၊ ကလာရိစ်နဲ့ ဘာဘရာ ဂျင်းဆိုတဲ့ အချစ်ဆုံးသူငယ်ချင်းသုံးယောက်အဖွဲ့ရဲ့ ဆယ်ကျော်သက်ဘဝမှာ ကြုံတွေ့ခဲ့ရတာတွေစပြီး နောက်လာမဲ့ ဆယ်စုနှစ်သုံးခုအကြာမှာ ကြုံတွေ့ကြရမဲ့ အိမ်ထောင်ရေး၊ မိသားစုဘဝ၊ လူမှုရေးနဲ့ ကိုယ်ပိုင်ဘဝတွေကို ပျော်ရွှင်မှု ၊ ဝမ်းနည်းမှု၊ ပူဆွေးမှုစတဲ့ ရသမျိုးစုံနဲ့ ကြည့်ရှုကြရမှာပါ။ လက်တွေ့ဘဝမှာ ကြုံကြိုက်တတ်တာလေးတွေကို ဖော်ပြတင်ဆက်ထားတာမို့ တိုက်ဆိုင်မှုလေးတွေပါလို့ ကြည့်ရှုရကျေနပ်စေမှာပါ….. File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:00:00 Genre… Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT

0 2024
The Supremes at Earl’s All-You-Can-Eat
Let’s Start a Cult

ဒီရုပ်ရှင်က နာမည်အတိုင်းပဲ cult တစ်ခုထောင်ဖို့ ကြိုးစားကြတဲ့ လူနှစ်ယောက်အကြောင်းကို ဟာသတွေနဲ့ ရောယှက်ပြီး ရိုက်ကူးထားတာပါ။ William က The Cosmic Dynasty ဆိုတဲ့ cult ရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ Chip ကတော့ cult ထဲက ဘယ်သူမှ သဘောမကျတဲ့ အပယ်ခံ ဖက်တီးလေးတစ်ယောက်ပေါ့။ သူတို့ cultက နောက်ဆုံးမှာ ဘုံဘဝကူးပြောင်းခြင်းဆိုပြီး မိမိကိုယ်ကို အဆုံးစီရင်ကြရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း William က သူတို့အားလုံး ဘုံမကူးပြောင်းခင် Chip ကို တိပ်ခွေတစ်ခွေပေးပြီး စာတိုက်ပုံးကို သွားပို့ခိုင်းပါတယ်။ ဘာလုပ်လုပ် တလွဲဖြစ်လာတဲ့ Chip က တိပ်ခွေမပို့ရသေးခင် စာအိတ်ပျက်စီးသွားတဲ့အတွက် ပြန်လာခဲ့ပါတယ်။ ဒါပေမယ့်လည်းအားလုံးသေနေကြပြီးဆိုတော့ သူ့ပစ္စည်းတွေ အကုန်မီးရှို့ပြီး အိမ်ကိုပဲ ပြန်သွားခဲ့ပါတယ်။ အိမ်ကလူတွေနဲ့လည်း အဆင်မပြေပဲ တစ်နေ့ သတင်းထဲမှာ သူတို့ cult အကြောင်းပါလာခဲ့ပါတယ်။ သတင်းကနေ Williamတစ်ယောက် မသေသေးဘဲ ထွက်ပြေးနေမှန်း သိလိုက်ရပြီး လိုက်ရှာခဲ့ပါတယ်။ William နဲ့ တွေ့တဲ့အချိန်မှာ ဒေါသထွက်နေတဲ့ Chip ကို စိတ်ပြေအောင် သူဟာ Chip မပါဘဲ ဘုံမကူးပြောင်းနိုင်လို့ သူ့ကို သေရာကနေ အသက်ပြန်ရှင်အောင် လုပ်ပေးခဲ့တာလို့ လိမ်ခဲ့ပါတယ်။ အယုံလွယ်တဲ့ Chip က William ရဲ့ အလိမ်အညာတွေကို ယုံသွားပြီး ဒီတစ်ခါ အမှန်တကယ် cult တစ်ခု အတူတူ တည်ထောင်ကြဖို့ ပြောလာပါတယ်။ ဒီလိုနဲ့ သူတို့ cult ထဲ တစ်ယောက်စ နှစ်ယောက်စ ဝင်ရင်း ဘာတွေ ဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုရမှာပါ။ File size…(1.6 GB)/(936 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Leonie

Drama • Romance
0 2024
Let’s Start a Cult
Murder at the Lighthouse
5.5

ဒီတစ်ခေါက် တင်ဆက်ပေးလိုက်တာကတော့ Murder at the lighthouse လို့ အမည်ရတဲ့ Psychological Thriller အမျိုးအစားရုပ်ရှင် တစ်ခုပဲဖြစ်ပါတယ် ။ ဇာတ်လမ်းကတော့ နှိပ်စက်အနိုင်ကျင့်တဲ့ ခင်ပွန်းဖြစ်သူ ဆီကနေ ထွက်ပြေးလာတဲ့ ဂျက်စီကာဗစ်ကားစ်ကို အဓိက ထားရိုက်ကူးထားတာဖြစ်ပါတယ် ။ ခင်ပွန်းဖြစ်သူဆီကနေ ထွက်ပြေးလာတဲ့ ဂျက်စီကာဟာ မုန်တိုင်းထန်တဲ့ ည တစ်ညမှာ သူငယ်ချင်းဖြစ်သူ ရိုရီရဲ့ အကူအညီနဲ့ ပင်လယ် ပြင်ကို ဖြတ်ပြီး ကနေဒါကို ထွက်ပြေးလာခဲ့ပါတယ် ။ မုန်တိုင်းကြောင့် လှိုင်းကြီးလာတဲ့အခါ သူတို့လှေကလည်း လှိုင်းဒဏ်ကို မခံနိုင်ဘဲ မှောက်သွားရပြီးတဲ့နောက် ကံကောင်း ပြီး အသက်မသေတဲ့ဂျက်စီကာဟာ ကမ်းတစ်ခုမှာ သွားတင် နေခဲ့ပါတယ် ။ အဲဒီကမ်းခြေမှာ တစ်ယောက်တည်းနေတဲ့ အက်ဒလိုင်း လို့ ခေါ်တဲ့ အမျိုးသမီးတစ်ယောက်က ဂျက်စီကာကို ကယ်ထား ပေးပြီး အနိုင်ကျင့်တဲ့ခင်ပွန်း လာလိုက်ရှာတာကနေပါ ကာကွယ်ပေးထားပေမဲ့ အဲဒီအမျိုးသမီးမှာလည်း လျှို့ဝှက် ချက်တွေရှိနေတယ်ဆိုတာကို ဂျက်စီကာ သိလိုက်ရပါ တော့တယ် ။ လူသူ အရောက်အပေါက်နည်းတဲ့ ကမ်းခြေမှာ တစ်ယောက် တည်း နေတဲ့ အက်ဒလိုင်းမှာ ဘာလျှို့ဝှက်ချက်တွေရှိနေတာလဲ ပြီးတော့ ဂျက်စီကာကရော ဘယ်လိုဆက်လုပ်မှာလဲ သူ့ယောကျ်ားဆီကနေရော လွတ်အောင်ပြေးနိုင်သွားမှာ လားဆိုတာကို Murder At the Lighthouse ရုပ်ရှင်မှာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမှာဖြစ်ပါတယ် ။ File size… (1.19 GB) / (616 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 26m Genre …..Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Hazelle

Thriller • Mystery
5.5 2025
Murder at the Lighthouse
Ziam
7.5

Ziam (2025) ************ ကိုကိုMark Prinတို့ အမှန်အကန်ကြမ်းမယ့် နောက်ဆုံးထွက် ထိုင်းဇွန်ဘီးကားလေးကို ခုပဲ စီအမ်ပရိသတ်တို့အတွက် တင်ဆက်ပေးလိုက်ပါပြီ… မင်းသမီးကလည်း ပြည်သူ့အချစ်တော်လေးNychaaဆိုတော့ castတစ်ပေါက်နဲ့တင် ကြည့်ရတန်စေမှာပါ… ဒီကားလေးကတော့ ကမ္ဘာကြီးပူနွေးလာပြီး ကပ်ဘေးဆိုက်နေတဲ့ကာလကြီးထဲက ‌ဒေါက်တာမလေးနဲ့ မွေထိုင်းလက်ဝှေ့ကျော်လေးတို့ရဲ့ ဇာတ်လမ်းလေးပါ… ဇာတ်လမ်းအကျဉ်း ——————– မွေထိုင်းလက်ဝှေ့ကျော် ဆင်းတစ်ယောက် အလုပ်ကနေ ထွက်ပြီး… ချစ်သူလေးရင်ရဲ့ ဆန္ဒအတိုင်း ထိုင်းနိုင်ငံမြောက်ပိုင်းချင်းဒေါင်မှာ အခြေချနိုင်ဖို့အရေး သင်္ဘောလိုက်ပြီး ငွေစုဖို့လုပ်ပါတယ်… သူ့ချစ်သူ ‘ရင်’ကတော့ အန္တရာယ်များတဲ့အလုပ်ဖြစ်လို့ ဒါကို သဘောမကျလှပါဘူး… အသားဆိုတာ ရွှေပေးဝယ်လို့မရလောက်တဲ့ ရှားပါးကာလဖြစ်လို့ ငါးဟင်းနဲ့ သူဌေးတစ်သိုက် အောင်ပွဲခံနေတုန်း… ငါးဟင်းစားမိတဲ့သူတစ်ယောက် ရုတ်တရက်လဲကျပြီး ‘ရင်’တို့ဆေးရုံကို ရောက်လာပါတော့တယ်… ကံဆိုးချင်တော့ ဒီငါးက ဇွန်ဘီးဗိုင်းရပ်စ် ကူးစက်ခံနေရတာဖြစ်ပြီး ‘ရင်’တို့ဆေးရုံတစ်ရုံလုံး zombie outbreak ဖြစ်နေတာကို ဆင်းသိလိုက်ရချိန်မှာတော့… ဆင်းတစ်ယောက် ထိုင်းနိုင်ငံရဲ့ကမ္ဘာကျော် မွေထိုင်းလက်ဝှေ့အစွမ်းနဲ့ ဇွန်ဘီးတွေကို ဘယ်လိုအမှန်အကန်တီးပြီး ချစ်သူကို ကယ်ထုတ်မလဲဆိုတာ ရှုစားကြပါဦး… File Size…. 1.85GB / 839MB Quality…. WEB-DL 1080p AAC5.1 / 720p Format…. mp4 Duration…. 1h 36m Genre…. Action, Thriller, Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Heather Oo Translated by Mary, CharOu, Kim, Reddy & Firefly

7.5 2025 96 mins
Ziam