YoteShin Drive is below this article. Scroll down to view.

5G connectivity in India

Author: Anonymous Published on: 12 Aug 2022

Indian Prime Minister Nandra Mosman announced that it has provided 5G communication at the 6th Indian Mobile Congress in New Delhi. The 5G network is first available in 22 cities, and includes Ahmedabad, Hydeabad, Gandigai, Gurugrah, Gurugrah, Jamnagar, Kolkata, Siliguri and Varanasi. PM @narendamodi launches 5G Services in India 🔹5g Technology Will Provide Seamless Coverage, High Data Rate, Low Low Low Lenncy, and Highly Reliable Communications. 🔹it Will Increase Efficiency and Network Efficiency and Network Efficiency. & mdash; Ministry of Information and Broadcasting (@mib_india) October 1, 2022 5G Services Reliance Joio, Reliance Joi, Reliance Jo, and Reliance Jo. Airtel and Vodafone-IDA will be provided in India. Airtel's users are now using 5G networks in some cities. India Mobile Congress 2022: & quot; Service Providers Will Roll Out 5g by 2024 & AMP; 75% Indian Citizens Will AVAIL 5G Services. & Quot; Shri Devusinh Chauhan, Hon'ble Minister of State for Communications, Government of India Register Now: https://t.co/rk0e6c4OJ#MC2022 # IMC5GLAUNCH & mdash; India Mobile Congress (@Exploreimc) October 1, 2022 Airtel's 5G connection is available in Bengaluru, Chennai, Hyderabad, Hyderabad, Kolkata, Mumba, Mumba, Siliguri and Varanasi will be provided by the country in March 2024. Reliance Jobs will provide 5G connection in Chennai, Delkata and Mumbai by Diwali, and in December 2023 in December 2013 in December 2013 VI has not yet been told that the 5G network will be provided. The BSNL will provide 5G network on August 15 next year. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Road Home E13 CM.mp4

306.62 MB N/A video/mp4 133 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Bones of Crows
7.9

Bones of Corws (2022) (RT 94% , IMDb 6.6 ) ကနေဒါ‌‌မြေဟာ လူဖြူတွေမကြီးစိုးခင် ကနေဒါနိုင်ငံရယ်လို့ မဖြစ်လာခင်ကတည်းက ဌာနေတိုင်းရင်းသားတွေက နေထိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဥရောပသားတွေ ရောက်ရှိလာပြီး နောက်မှာတော့ ဥရောပပုံစံ ဖြစ်လာအောင်၊ သူတို့အုပ်ချုပ်မှုအောက်ထဲ ခိုဝင်လာအောင် လူဖြူတွေက မျိုးစုံကြံစည်ခဲ့ကြတာ အများအသိပါ။ ဒါတွေဟာ လွန်ခဲ့တဲ့ နှစ် 200၊ 300လောက်က ဖြစ်ခဲ့တာလို့ ထင်ရင် မှားပါမယ်။ ကနေဒါမှာ ဒီလို လူမျိုးစုတွေအပေါ် ဥပဒေကို အသုံးပြုပြီး နိုင်ထက်စီးနင်းပြုလုပ်ခဲ့မှုတွေဟာ 1990ဝန်းကျင်အထိ ရှိခဲ့ပါတယ်။ Bones of Crowsက‌‌ေတာ့ ဒီနည်းတွေထဲက တစ်ခုအပေါ် အခြေခံလို့ ရိုက်ကူးထားပါတယ်။ တိုင်းရင်းသားကလေးငယ်လေးတွေကို မူကြိုကျောင်းနေအရွယ်ကစလို့ မိဘရင်ခွင်ထဲကနေ ဥပဒေအရ ဆွဲခေါ်ပြီး ခရစ်ယာန်ဘုန်းတော်ကြီးတွေ ဦးစီးတဲ့ အဆောင်နေကျောင်းတွေဆီသို့ ပို့ဆောင်ပစ်ခဲ့ကြပါတယ်။ ကျောင်းကိုဦးစီးတဲ့ ဘုန်းကြီး သီလရှင်တွေဟာ ကလေးသူငယ်များကို ရည်ရွယ်ချက်ရှိရှိ အစာအာဟာရ မပြည့်ဝအောင် ကျွေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ထိလက်ရောက်အပြင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအထိ လုပ်ဆောင်ခဲ့ကြပြီး ဒါမျိုးဟာ တစ်ကျောင်း နှစ်ကျောင်း မဟုတ် တစ်နိုင်ငံလုံးမှာ ဖြစ်ပွားခဲ့တာပါ။ ဒီထက်ပိုဆိုးတာကတော့ အဆောင်နေကျောင်းစနစ်‌ေကြာင့် ကလေးငယ်ပေါင်း ထောင်ပေါင်းများစွာ သေဆုံးခဲ့ရတဲ့အတွက် Genocide လို့ ခေါင်းစဉ်တပ်ရလောက်တဲ့ထိကို ဖြစ်ပျက်ခဲ့ပါတယ်။ ဇာတ်လမ်းထဲမှာ အယ်လင်းဟာ အဓိကဇာတ်ကောင်ဖြစ်ပြီး သူကြုံတွေ့ခဲ့ရတဲ့ တစ်ဘဝစာခွဲခြားနှိမ့်ချမှုများကို ပြသသွားမှာပဲ ဖြစ်ပါတယ်။ အမှန်တရားဟာ တနေ့‌ေန့တချိန်ချိန်မှာ ပေါ်ထွန်းအောင်မြင်စမြဲပါ... ကနေဒါက အင်ဒီးယန်းလူမျိုးစုတွေကရော အဆောင်နေကျောင်းစနစ်ကြီးက ပေါ်ပေါက်လာတဲ့ အဖြစ်ဆိုးတွေကို ကမ္ဘာသိအောင် ဘယ်လိုလုပ်ခဲ့လဲ... ဖိနှိပ်ခံ တိုင်းရင်းသားတွေဟာ လက်တွေ့ဘဝမှာ ဘယ်လောက်ဆိုးရွားစွာ ခါးစည်းခံခဲ့ကြရသလဲ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်... အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်

Crime • Documentary
7.9 2023 122 mins
Bones of Crows
Nomadland
7.2

IMDb Rating- 7.7/10 Rotten Tomatoes- 96% ဖန်တီးမှုလက်ရာကောင်းတစ်ခုဟာ ပြောပြချင်တာတွေများလာတဲ့အခါ ဖြစ်တည်လာတော့တာပါပဲ။ ဝေါင်ကာဝေးရုပ်ရှင်အများစုရဲ့ Cinematographyသမား ခရစ္စတိုဖာဒွိုင်းက ရုပ်ရှင်ရိုက်ကူးရေးနဲ့ ပက်သက်ပြီး ပြောဖူးတာတစ်ခုရှိတယ်။ " ကမ္ဘာကြီးကို မြင်အောင်ကြည့်၊ ထောင်ထဲသုံးလေးခါနေကြည့်၊ ခင်ဗျားအတွေ့အကြုံတွေစုဆောင်းမိမယ်။ စုဆောင်းမိလာတာနဲ့ ခင်ဗျား ပြောချင်တာတွေရှိလာမယ်။ ခင်ဗျားပြောချင်တာဘာမှမရှိရင်တော့ ရုပ်ရှင်မရိုက်သင့်ဘူး"တဲ့ Nomadlandဟာ ပြောစရာ သိပ်များတဲ့လူတွေအတူဖန်တီးထားတဲ့ လက်ရာတစ်ခုလို့ဆိုရမယ်။ ညနေစောင်းလို့ တိမ်တောက်တဲ့အခါ မြင်ရတဲ့ နေ၀င်ချိန်တိမ်ပွင့်အမျောကလေးကို ကြည့်ပြီး ပြောစရာသိပ်များတဲ့လူတွေ၊ ရှင်သန်မှုဆိုတဲ့စကားလုံးကလေးနဲ့ ပက်သက်ပြီး‌ ပြောစရာသိပ်များတဲ့လူတွေပေါ့။ ဒီတော့ ဒီရုပ်ရှင်မှာ ရှင်သန်မှုနဲ့ ပက်သက်ပြီး အများကြီးတွေ့ရလိမ့်မယ်။ Nomadဆိုတာ အိမ်ခြေအတည်မရှိ လေလွင့်နေသူတွေ ခြေသလုံးအိမ်တိုင်တွေကိုပြောတာ ၊Nomadlandဆိုတာကို ပြန်ဆိုရရင်တော့ လေလွင့်သူတို့ကွန်းလို့ ဆိုရမယ်။ အိမ်ခြေရာမဲ့လို့တော့ မဆိုချင်ဘူး။ သူတို့မှာ houseဆိုတဲ့အိမ်မရှိပေမဲ့ homeဆိုတဲ့ အိမ်တော့ရှိကြတာကိုး။ ရုပ်၀တ္တုအဆောက်အဦးတွေပေါ်မှာ အမှတ်ရစရာတွေက မတည်ကြဘူးတဲ့ ရုပ်ခန္ဓာထင်ရှားမရှိတော့တဲ့ သူတို့ချစ်ခဲ့တဲ့လူတွေကို အမှတ်ရစေဖို့ သူတို့နည်းသူတို့ဟန်နဲ့ ကြိုးစားနေကြတဲ့ ဒီရုပ်ရှင်ထဲက Nomadတွေနဲ့ သူတို့ရဲ့ ဘ၀နေထိုင်နေမှုဟာ တစ်ချို့အတွက်တော့ ဒုက္ခလို့ ဆိုလို့ရပေမဲ့ ကျွန်တော်တော့ သိပ်ချစ်စရာကောင်းတယ်လို့ပဲ ဆိုချင်တယ်။ ခွဲခွာခဲ့ရတဲ့သူတွေကို တစ်နေ့မှာ အနာဂတ်ရဲ့လမ်းခုလတ်မှာ ပြန်တွေ့ရမယ်လို့ မျှော်ရည်ယုံကြည်ရင်း သူတို့ရှင်သန်ကြတယ်။ အဆုံးသတ်ရန်တစ်နေရာမှာတော့ အားလုံးဟာ အဆုံးသတ်ကြရတာပါပဲ အဲ့ဒီနေ့မရောက်သေးသမျှတော့ ‌မျှော်လင့်ချက်တွေကို လိုအပ်ကြတယ် မဟုတ်လား။ Nomadlandဟာ ဒီမျှော်လင့်ချက်တွေအကြောင်းပါပဲ။ ဒီဇာတ်ကားရဲ့ ထူးခြားချက်ကတော့ ဇာတ်ကားမှာပါဝင်တဲ့ဇာတ်ကောင်တိုင်းရဲ့ နာမည်တွေက သရုပ်ဆောင်တွေရဲ့ နာမည်အတိုကောက်ပါပဲ Castအပိုင်းမှာတော့ အော်စကာနှစ်ဆုရှင် Frances McDormandပါရင် သရုပ်ဆောင်ထားပြီး တတိယမြောက်အော်စကားရရှိဖို့ တစ်ပြေးနေပါတယ် တစ်ချို့ကတော့ ဒီနှစ်ရဲ့အော်စကာ Best Pictureရနိုင်ခြေအများဆုံး ရုပ်ရှင်လို့ဆိုကြတယ်။ Cineamatographyကလည်း Landscape viewနဲ့ရိုက်ပြထားပြီး အတော်ခမ်းနားတယ်။ ဘာပဲဖြစ်ဖြစ် ဒီနှစ်ရဲ့ အကောင်းဆုံးရုပ်ရှင် ဆယ်ကားကိုပြောပါဆိုရင် Nomadlandက ထိပ်ကပါနေမှာပါ။ ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ (အညွှန်းရေးသားပေးထားသူကတော့ WiRa Aungပါ) Translated by Daniel Lawwai Encoded by : YK Quality : 1080p WEBSCR and 720p File  Size : 1.5GB and 800MB Subtitles : Myanmar(Hardsub) Duration : 1h 48mins

Drama • Mystery • Sci-Fi & Fantasy
7.2 2021 108 mins
Nomadland
Run Hide Fight
6.8

ဒီတစ်ခါတော့ CM ပရိသတ်တွေအကြိုက်တွေ့စေမယ့် action and thriller ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ ဇီုအီဟာ အသက် ၁၇ နှစ်အရွယ် ကောင်မလေးတစ်ယောက််ဖြစ်ပြီး အများနဲ့မတူ ဘောက်ဆတ်ဆတ်နိုင်တဲ့သူပါ။ သူနဲ့ သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်း လူး၀စ်ဆိုတဲ့ ကောင်လေးတို့ဟာ ဗာနွန် အထက်ကျောင်းက ကျောင်းသားတွေပဲဖြစ်ကြပါတယ်။ အမေရိကန်အထက်ကျောင်းတွေရဲ့ သဘာ၀ ကပွဲတို့ ပျော်ပွဲရွှင်ပွဲတို့ စတဲ့အထိမ်းအမှတ်ပွဲတွေ မကြာခဏ ကျင်းပတာဟာသဘာ၀ပါပဲ ။ ဒီလို event တွေထဲမှာ Senior Prank ဆိုတဲ့ အစီအစဉ်လေးအပါအ၀င်ပါပဲ။ Senior Prank Day မှာ ကျောင်းသားတွေအားလုံး ဆရာဆရာမတွေအပါအ၀င် တစ်ယောက်နဲ့တစ်ယောက် စကြနောက်ကြပါတယ်။ ဥပမာ- စာသင်ခန်းတစ်ခန်းလုံး ပူပေါင်းတွေအပြည့် ထည့်ခဲ့တာမျိုးပေါ့။ ဒါပေမယ့် ဒီဇာတ်လမ်းထဲက ဗာနွန်အထက်တန်းကျောင်းသားတွေရဲ့ Prank Day ကတော့ ပျော်စရာမကောင်း ခဲ့ပါဘူး။ စနောက်ကြတဲ့ နေ့ကို အသုံးချပြီး ဆိုးသွမ်းတဲ့ ကျောင်းသားတစ်စုက ကျောင်းကန်တင်းကို လက်နက်တွေနဲ့ ၀င်လာပြီး လူသတ် ခြိမ်းခြောက်မှုတွေလုပ်ပါတော့တယ် .... ဒါကို သိသွားတဲ့ ဇိုအီဟာ မသိသေးတဲ့ ကျောင်းသား တွေကို သတိပေးနိုင်အောင် သူကိုယ်တိုင်လည်း မသမာသူတွေလက်က လွတ်အောင် ကြိုးစားရပါတော့တယ် .... (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Yoon Sandi Aung မှရေးသားပေးပြီး။ ဘာသာပြန်ရေးသားပေးသူများကတော့ Yoon Sandi Aung , August တို့ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip Duration - 1h 50min Subtitle – Myanmar Hardsub Format – Mp4 Genre : Action, Thriller Source : 1080p.WebRip Translator – Yoon Sandi Aung, August Encoder – SWM

Drama • Sci-Fi & Fantasy
6.8 2021 109 mins
Run Hide Fight
One Day
7

One Day (2011) ~ IMDb rating – 7/10 ~ One Day ကို တော်တော်ရိုမန့်တစ်ဆန်တဲ့ရုပ်ရှင်လို့ ပြောရင် ယုံချင်မှလည်း ယုံကြမယ်။ ဘယ်နားက ရိုမန့်တစ်ဆန်နေတာလဲလို့ ထမေးချင်စရာလည်း ဖြစ်ကောင်းဖြစ်သွားမယ်။ One Day ကိုယ်တိုင်ကလည်း ရိုမန့်တစ်ကို မရမကဖော်ကျူးထားတဲ့ ရိုမန့်တစ်ကားမျိုးမဟုတ်ဘူး။ ဘဝနှစ်ခုရဲ့ အစ အနိမ့် အမြင့်အတက်အကျတွေကြားက လူ၂ယောက်ရဲ့ ဆက်ဆံရေးကိုပဲ ပိုအသားပေးပြသွားတယ်။ ဒါကြောင့်ပဲ One Day ဟာ ပိုရိုမန့်တစ်ဆန်သွားခဲ့တာပဲ။ ဘာလို့ဆို One Day ဟာ လက်တွေ့နဲ့အနီးစပ်ဆုံး ရိုမန့်တစ်ကားမို့ပါပဲ။ ပါရီမှာ လက်ထပ်ခွင့်တောင်းတဲ့ ရိုမန့်ခန်းမျိုး ခင်ဗျားဘဝမှာ ကြုံလာရဖို့ မရှိနိုင်ပေမဲ့ လွဲချော်မှုများစွာ ဝေးကွာခြင်းတွေနဲ့ အချစ်တွေကတော့ ကျိန်းသေပေါက်ရှိနေခဲ့မှာပဲ။ One Day ဟာ ထိုနည်း၎င်း အချစ်တွေအကြောင်းပေါ့။ သက္ကရာဇ် နှစ်လတွေမှာ မြင်နိုင်ဆဲအချစ်တွေဟာ အိပ်မက်တစ်ခုထဲ ချဉ်းနင်းဝင်သွားခဲ့တယ်။ အိပ်မက်တို့ရဲ့ အတ္ထုပ္ပတ္တိကို ကျွန်တော်ပြန်ကြည့်တဲ့အခါ တစ်ခုတည်းသောအဖြေဟာ မနိုးထချင်သူဟာ မမက်မိဖို့သာပဲ။ “အချစ်ဆိုတာ အကြောင်းတရားလား။ အကျိုးတရားလား။ အကြောင်းတရားဆိုရင် အကျိုးသက်ရောက်မှုရှိရမယ်။ အကျိုးတရားဆိုရင်လည်း အကြောင်းဘက်က အရင်းခံရှိရမယ်။ နှစ်ခုလုံးမရှိတဲ့ အချစ်ဟာ အဲဒီနှစ်ခုလုံး မဟုတ်တော့ဘူး…” ဒါကိုကောင်းကောင်းနားမလည်သေးရင်လည်း အဖြေမရှာမကြည့်ကြနဲ့ပေါ့။ ဇော်ဇော်အောင်ပြောခဲ့သလိုပဲ ရင့်ကျက်လာတဲ့တစ်နေ့တော့ ခင်ဗျားသိလာလိမ့်မှာပဲ။ အဲဒီအချိန်မှာ တစ်ဦးတစ်ယောက်ကို ကျေးဇူးတင်လာရခြင်းတွေကလည်း ချစ်ခြင်းများဖြစ်လာလိမ့်မယ်။ လူတစ်လုံးသူတစ်လုံးဖြစ်အောင် ကျွန်တော်တို့ဘဝကို ပုံသွင်းသွားခဲ့တဲ့ သိပ်ချစ်ရသော မနှစ်သက်နိုင်တော့သော ချစ်ခြင်းတွေဟာလည်း ကျေးဇူးတရားများ ဖြစ်လာလိမ့်မှာပဲ။ မှားယွင်းမှုများစွာ… ချစ်ခြင်းများစွာ… ကျေးဇူးများစွာ… အဲဒီအိပ်မက်ထဲမှာ စီးဝင်နေကြတယ်။ မရှိတော့ပြီဖြစ်သော အိပ်မက်များကို အရှိလုပ်တတ်လာခြင်းဟာလည်း ချစ်ခြင်းရဲ့ချစ်ခြင်းများပါပဲ။ မမြင်သာ မခင်သာသူတို့ကြားလည်း မထင်သာ မမြင်သာနိုင်လည်း တစ်နည်းတစ်လမ်းနဲ့တော့ ရှိနေလိမ့်ဦးမယ်။ မဟောင်းတော့ပြီဖြစ်သော ဒဏ္ဍာရီလာ ခွဲခွာခြင်းများစွာမှာ… ဘယ်တော့မှ မနာကျင်နိုင်ခဲ့တဲ့ ဒဏ်ရာတွေကို ချစ်တတ်လာအောင်လည်း အချစ်တို့ကပဲ သင်ပေးသွားလိမ့်မယ်။ ဒီလိုနဲ့ပဲ… “ငါနဲ့ ငါ့အနာဟောင်းကလည်း ဘဝတစ်ခုဖြစ်ခဲ့တယ်…” Goodbye ကမ္ဘာရဲ့အတွင်းထဲ နစ်ဝင်သွားသလို သိပ်ရင်းနီးဖူးသော ဘဝကို နှစ်ဦးသားရဲ့တစ်ရံတခါဆီမှာ အမှားတွေဟာလည်း လွမ်းစရာရယ်လို့ ဒီလိုတိုင်းသာဆို… ငါဟာ မင်းအမှားဖြစ်နေခဲ့တာ ရှေးလွန်လေခဲ့ပြီးသော ဘဝများစွာ။ Ref – ” ” – ကတ္တီပါလွမ်းချင်းမှ ” ” – မေမြို့မိုးမှ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 630MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 47Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7 2011 107 mins
One Day
One Way Trip(Or) Glory Day
6.7

One Way Trip(Or) Glory Day(2016) ******************************** ၂၀၁၆ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် ရုံတင်ပြသခဲ့သည့် One Way Trip or Glory Day ရုပ်ရှင်ဇာတ်ကားတွင် နာမည်ကြီးတက်သစ်စမင်းသားများဖြစ်သည့် ဂျီဆူ (Ji Soo)၊ ရူဂျွန်ယော ( Ryoo Joon Yeol) နှင့် နာမည်ကြီး ကေပေါ့ပ် EXO အဖွဲ့ဝင်ဖြစ်သည့် ဆူဟို (Suho) နှင့် ဂင်ဟီချန်း (Kim Hee Chan)တို့က ပါဝင်အားဖြည့်ထားပါသည်။ သူငယ်ချင်းလေးယောက်ဖြစ်သည့် ယုံးဘီ၊ ဆန်းဝူ၊ ဂျီဂုံးနှင့် ဒိုမန်တို့သည် အသက် ၂၀ အရွယ်ကောင်လေးများဖြစ်ကြပါသည်။ သူတို့သည် ဆန်းဝူ စစ်မှုထမ်းဖို့ကိုလိုက်ပို့ရန် ဖိုဟန်ကို တစ်ညအိပ်နှစ်ရက်ခရီးထွက်ခဲ့ကြပါသည်။ တစ်ညတွင် ပင်လယ်ကြီးရဲ့ညရှုခင်းကိုကြည့်ပြီး ကမ်းခြေတွင် အရက်သောက်ခဲ့ရာမှ လူတစ်ယောက်က မိန်းကလေးကို ထိုးနှက်ရိုက်နေသည်ကို မြင်တွေ့ခဲ့ပါသည်။ အဲဒီနောက် မိန်းကလေးကို ကယ်ဖို့ သွားရာက သူတို့သူငယ်ချင်းလေးယောက် ပြဿနာမျိုးစုံကိုကြုံတွေ့ရပါတော့တယ်.. File Size :1.3GB& 557MB Quality : WEB-DL1080p,720p Format…mp4 Duration…01:33:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌May Thet Htar Encoded by Phyo Pyae

6.7 2016 93 mins
One Way Trip(Or) Glory Day
Boyz 4
6.8

Boyz 4 (2023) “ကျွတ်ပလွတ် တသိုက်” IMDb- 7.2/10 Boyz franchiseရဲ့ လေးကားမြောက်ထွက်ရှိလာပါပြီ။ ငရှုပ်ကောင်တွေ ဒီထဲမှာလည်း လူငယ်သဘာ၀ ဘယ်လိုတွေမွှေကြမလဲဆိုတာ ရိုက်ကူးတင်ဆက်ထားပါတယ်။ တစ်နှစ်ပတ်လုံး စာတကုပ်ကုပ်ကြိုးစားခဲ့တဲ့ ကဘီးရ်တစ်ယောက် စာမေးပွဲအောင်စာရင်းထွက်လာတော့ ဘာစာမှမလုပ်တဲ့ ဒွန်ဂါနဲ့ ဒိုင်ယာဆိုတဲ့ငမွေထိုးနှစ်ကောင်ရဲ့နောက်မှာရောက်နေရော။ ဘာမှကောင်းကျိုးမပေးတဲ့ကောင်တွေဆိုပြီး သူငယ်ချင်းအဖြစ်ကရပ်စဲပြီး လန်ဒန်ကိုထွက်သွားတယ်။ ဒွန်ဂါနဲ့ ဒိုင်ယာကလည်း တက်မရှိလက်နဲ့လှော်မယ်ဆိုတဲ့ကောင်တွေ။ မရ ရတဲ့နည်းနဲ့ လန်ဒန်ကို လိုက်သွားကြတယ်။ ကဘီးရ်တစ်ယောက် လန်ဒန်မှာ ကူနယ်လ်ဆိုတဲ့ကောလိပ်ကလူဆိုးဗိုလ်နဲ့ ဘော်ဒါတွေဖြစ်နေပြီး ကူနယ်လ်ဆိုတဲ့ကောင်ကလည်း သူ့ကိုယ်သူ အိန္ဒိယသားဖြစ်နေတာကြီးကို မုန်းတဲ့ကောင်။ ဖြစ်ချင်တော့ မမြင်ချင် မခင်ချင်လို့မှ ထွက်သွားတဲ့ ကဘီးရ်တစ်ယောက် ဒွန်ဂါနဲ့ဒိုင်ယာဆိုတဲ့ ငရှုပ်နှစ်ကောင်နဲ့ တစ်ကျောင်းထဲ အတူတူတက်ရတဲ့အခါ…။ ဒွန်ဂါနဲ့ ဒိုင်ယာကလည်း ကူနယ်လ်နဲ့ဘော်ဒါတွေဖြစ်သွားပြီး ကူနယ်လ်က သူတို့သုံးကောင်ကို သူ့ရှော်တီလေး ဂရေ့စ်နဲ့မိတ်ဆက်ပေးတဲ့အခါမှာတော့ အဲဒီဂရေ့စ်ဆိုတဲ့ ဆော်လေးက ကဘီးရ်ရဲ့ အချစ်ဦးဖြစ်နေခဲ့တဲ့အခါ…။ ကျောင်းတော်ကြီးမှာ ဘယ်လိုတွေမွှေကြနှောက်ကြ ပြဿနာတွေရှာကြမလဲဆိုတာကို ကြည့်ရှုကြပါဦးစို့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

6.8 2023 134 mins
Boyz 4
Jaws 2
5.8

တစ်မှာ ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့ Jawsကို ၂မှာတော့ စတီဗင်စပီးဘာ့ခ်က ဆက်မကိုင်တော့ပါဘူး။ ကိုင်စရာလည်း မလိုတော့ဘူးကိုး။ ဆက်ရိုက်ပြစရာတော့ ရှိမနေတော့ဘူးလို့ ဆိုရမှာပဲ။ ပသို့ပဲဆိုဆို ရိုက်ပြချင်တဲ့ ရေရှာချင်တဲ့သူတွေကတော့ ရိုက်ပြဦးမှာပါပဲ။ ဆက်လည်း ရိုက်ခဲ့ကြပါတယ်။ ဒီလိုနဲ့ Jaws ဟာ လေးကားပါရှိတဲ့ Frachiseဖြစ်လာခဲ့တယ်။ ကျန်တဲ့ကားတွေလည်း ရှိတော့ရှိပေမဲ့ ဒီစာရင်းထဲတော့မ ဝင်ခဲ့ပါဘူး။ Jaws 2 ဟာ Jaws 1 လောက်တော့ ရင်ဖိုစရာမကောင်းလှပေမဲ့ သူ့နည်းသူ့ဟန်နဲ့တော့ မဆိုးတဲ့ကားဖြစ်နေပါသေးတယ်။ ပထမကားက သရုပ်ဆောင်တော်တော်များများကိုလည်း ပြန်သုံးထားသေးသလို ပထမကားက အဓိကမင်းသားကပဲ သရုပ်ဆောင်ထားပါတယ်။ သူလည်း ၃ရိုက်ဖို့ ထပ်ခေါ်တဲ့အချိန် ထပ်ရိုက်ဖို့မလိုတော့ဘူးထင်လို့ မရိုက်ခဲ့ပြန်ပါဘူး။ဘာပြောပြော Jaws 2 ဟာ jawsရဲ့ အငွေ့အသက်တွေ ကျန်နေသေးတာမို့ အင်တာတိန်းဖြစ်တဲ့ ရုပ်ရှင်တစ်ကားအဖြစ် ရှိနေပါသေးတယ်။ ပရိုဂျူဆာတွေကတော့ jawsက ပရိုဂျူဆာတွေဖြစ်တဲ့ Richard D. Zanuck နဲ့ David Brown တို့ပါပဲ။ ယူနီဗာဆယ်က jaws ရဲ့ အောင်မြင်မှုကြောင့် အဆက်ရိုက်စေချင်နေတဲ့အချိန် သူတို့လည်း သူတို့မလုပ်လည်း သူများလုပ်သွားတော့မှာပဲ သူတို့ကိုင်လိုက်တာ ပိုအဆင်ပြေပါတယ်လေဆိုပြီး ပရိုဂျူဆာဆက်လုပ်ခဲ့ကြတာပါပဲ။ စပီးဘာ့ခ်ကတော့ ခါးခါးသီးသီးကိုပြောခဲ့ပါတယ်။ ဆက်ရိုက်ရင် ယူနီဗာဆယ်နဲ့ အလုပ်မလုပ်တော့ဘူးလို့ပြောတဲ့အထိကိုပါ ပြောခဲ့ပါတယ်။ ဇာတ်ကတော့ ပထမကားရဲ့တည်နေရာ အာမစ်တီကျွန်းမှာပါပဲ။ ရဲမှူးဘရိုဒီလည်း ထုံးစံအတိုင်း သူ့တာဝန်သူကျေအောင်လုပ်ရင်း ငါးမန်းရှိနေတာကိုသိလို့ မြို့လူကြီးတွေကို ပြောပေမဲ့ အကုန်လုံးက သူ့ကို အကြောက်လွန်နေတာပါဆိုပြီး ရဲမှူးရာထူးကပါ ချပစ်လိုက်တယ်။ ဒါပေမဲ့ အာမစ်တီကျွန်းရဲ့ရေစပ်မှာ တကယ်ငါးမန်းရှိနေပြီး အဲဒီငါးမန်းက သူ့ကလေးတွေကို အန္တရာယ်ပြုဖို့ကြံလာတဲ့အခါ ဘရိုဒီကိုယ်တိုင် ရေထဲဆင်းပြီး ငါးမန်းနောက် လိုက်ဖို့လုပ်ရပါတော့တယ်။ ၂မှာတော့ ငါးမန်းနဲ့ရင်ဆိုင်ပုံဟာ တစ်နဲ့တော့ တော်တော်ကွဲပြားသွားသလို တစ်လောက်လည်း မပီပြင်တော့ပေမဲ့ ငါးမန်းရုပ်ရှင်အနေနဲ့တော့ ကောင်းတဲ့စာရင်းထဲတော့ ဝင်နေပါသေးတယ်။ ကြည့်ရကျိုးနပ်မှာပါ။ File size… 4.2 GB / 1.6 GB Quality… BluRay Remastered 1080p / 720p Format… mp4 Duration…. 1h 56m Genre ….. Adventure/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung

5.8 1978 117 mins
Jaws 2
Fights Break Sphere 3
5.9

CM ရဲ့ ပရိသတ်တွေအတွက် Anime ဇာတ်လမ်းကို Live Action ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးထားတဲ့ Fight Break Sphere 3 ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ အရှေ့မှာ ၂ ကားရှိပြီး CM ကနေတင်ဆက်ပီးသားပဲဖြစ်ပါတယ် အရှေ့ ၂ကားကိုဒီမှာကြည့်ပါ ဇာတ်လမ်းအကျဉ်းလေးကတော့ ရှောင်းယန်ဟာ ဆေးဆရာကြီးနဲ့အတူ မြွေမျိုးနွယ်နဲ့ လူသားမျိုးနွယ်တို့တိုက်ပွဲကို ဖြေရှင်းပေးပြီးနောက် ချင်းလင်နဲ့ လော်ပုနဲ့အတူ ခရီးနှင်ခဲ့ပါတယ်။ လမ်းတစ်လျှောက် ကျင့်ကြံပြီး အစွမ်းမြင့်တင်ဖို့ လုပ်ခဲ့ပါတယ်။ အဲ့နောက်မှာတော့ ယွင်လန်ဂိုဏ်း တပည့်ကြီးရဲ့ ၃ နှစ်တာ ကတိပြုချက်ကို ရရှိခဲ့ပါတယ်။ ထာကာအာကန္တာရကို ရောက်တဲ့အချိန်မှာတော့ ချင်းလင် အဖမ်းခံလိုက်ရပါတယ်။ ချင်းလင်ကို ရှာဖို့အတွက် ရှောင်းယန်တို့အဖွဲ့ဟာ အရင်က နာမည်ကြီးခဲ့သူ ရေခဲဘုရင် ဟိုင်ပေါတုံးနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ချစ်ယန်မြို့ကို သွားခဲ့ပါတယ်။ ရှုပ်ထွေးနေတဲ့ စည်ကားလှတဲ့ မြို့ထဲမှာ နောက်ကွယ်က လက်မည်းကြီးတစ်စုံဟာ တစ်ဖြည်းဖြည်းပေါ်ထွက်လာပြီး သူတို့ကို ဖမ်းဆီးတိုက်ခိုက်ဖို့ စောင့်နေပါတယ်။ ရှောင်းယန်ဟာလည်း ငယ်စဉ်က အမေ့ရဲ့သေဆုံးခြင်းအမှန်တရားကို ရှာတွေ့သွားပါတော့တယ်။ ရှောင်းယန်တို့အဖွဲ့ ချင်းလင်ကို ကယ်တင်နိုင်ပါ့မလား …… နောက်ကွယ်က လက်မည်းကြီးတစ်စုံက ဘယ်သူဖြစ်နေမလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှု ခံစားလိုက်ရအောင်နော်။

5.9 2024
Fights Break Sphere 3
Legend
6.3

Legend (1985) IMDB: 6.3/10 Rotten Tomatoes: 41% Metacritic: 30% Genre: Dark Fantasy Legend (1985) ရုပ်ရှင်ဟာ Gladiator, The Martian, Alien တို့လို နာမည်ကြီးကားတွေကို ရိုက်ကူးခဲ့တဲ့ နာမည်ကြီး ဒါရိုက်တာ Ridley Scott ရဲ့ လက်ရာတစ်ပုဒ်ဖြစ်ပါတယ်။ ဒါတင်မကသေးပဲ မင်းသားကလည်း အချစ်တော် Tom Cruise ဖြစ်တာကြောင့်ကြည့်ရတာ တန်မှာဖြစ်ပါတယ်။ ဇာတ်ညွှန်း အမှောင်သခင်ကြီးမှာ ရည်ရွယ်ချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ နေကိုထာဝရပျောက်ကွယ်သွားအောင် ပြုလုပ်ပြီး အမှောင်ထုနဲ့ ကမ္ဘာကြီးကိုကြီးစိုးဖို့ဖြစ်ပါတယ်။ နေကိုထာဝရ ဝင်စေချင်ရင် ကမ္ဘာပေါ်မှာ ကျက်စားနေတဲ့ ယူနီကွန်းမှောင်နှံကိုသတ်မှပဲရမှာပါ။ ပြဿနာက သူဟာ နေရောင်နဲ့ထိတွေ့လို့မရပါဘူး။ ဒါ့ကြောင့် သူ့ရဲ့လက်ပါးစေထဲမှာမှ အမုန်းတရားတွေနဲ့ပြည့်နှက်နေတဲ့ ဘလစ်ဇ် ဆိုတဲ့မှင်စာတစ်ကောင်ကို ခေါ်ပြီး ယူနီကွန်းနှစ်ကောင်ကိုသတ်ဖို့ ကမ္ဘာမြေပေါ်ကိုလွှတ်လိုက်ပါတော့တယ်။ လီလီဆိုတာ တိုင်းပြည်တစ်ခုရဲ့ အိမ်ရှေ့မင်းသမီးလေးတစ်ပါးဖြစ်ပါတယ်။ ငယ်ရွယ်တယ်၊ အပြစ်ကင်းစင်တယ်၊ ချစ်ဖို့ကောင်းတယ်၊ ဟန်ဆောင်မှုမရှိဘူး။ ဂျက်ခ်ဟာတောထဲမှာနေထိုင်တဲ့ ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ ဂျက်ခ် ဟာလီလီကို ယူနီကွန်းတွေကိုတွေ့ရဖို့ခေါ်သွားခဲ့ပေမယ့် လီလီက မထင်မှတ်ထားတာကိုလုပ်ခဲ့ပြီး ယူနီကွန်းတစ်ကောင်ကိုလက်နဲ့ထိလိုက်ပါတယ်။ ကံမကောင်းစွာနဲ့ မှင်စာပစ်လိုက်တဲ့အဆိပ်မြားကလည်း ယူနီကွန်းအထီးကိုထိခဲ့ပါတယ်။ ကမ္ဘာကြီးတစ်ခုလုံးရေတွေခဲသွားပြီး အမှောင်ထုကြီးကကြီးစိုးသွားပါတော့တယ်။ မင်းသမီးလေး လီလီနဲ့ ဂျက်ခ်တို့နှစ်ယောက်လည်း လမ်းကွဲသွားခဲ့ပါတယ်။ ဂျက်ခ်တစ်ယောက် ဘယ်လိုများဒီကိစ္စကြီးကိုပြန်ပြင်မှာလဲ။ ဂျက်ခ်အဖြစ် မင်းသားချော Tom Cruise လီလီ အဖြစ် မင်းသမီးချော Mira Sara တို့မှသရုပ်ဆောင်ထားပါတယ်။ File size… 4.1 GB / 1.5 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 34m Genre ….. Adventure/Fantasy/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Lucifer Maximoff

Action • Drama • Crime • Thriller
6.3 1985
Legend
Jedna noc
6.8

IMDb Rating (6.8) (ပွင့်လင်းမြင်သာသော အဖော်အချွတ် ဇာတ်ဝင်ခန်းများ ပါဝင်သောကြောင့် ကလေးသူငယ်/မိသားစုနှင့် ကြည့်ရန်မသင့်ကြောင်းပါ) အာဒမ်ဆိုတာက တစ်ချိန်တုန်းက အောင်မြင်တဲ့ တီးဝိုင်းတစ်ခုက ရှေ့ထွက်အဆိုတော်တစ်ယောက်။ ကောင်မလေးတွေဆိုတာလည်း ဒီလိုဘဝမှာ အပေါအသောပဲပေါ့။ ဒါပေမဲ့ လူကတော့ အိမ်ထောင်သည်တစ်ယောက်ပါ။ ဒီလိုနဲ့ တစ်ညမှာတော့ ဖျော်ဖြေပွဲအပြီး ပွဲကြည့်လာတဲ့ မိန်းကလေးတစ်ယောက်နဲ့ အပြန်လမ်းမှာ သတိမမူ ဂူမမြင်ဆိုသလို အမှားတွေ ကျူးလွန်ပြီး ကားတိမ်းမှောက်ခဲ့ရာကနေ တစ်ဖက်မိန်းကလေးလည်း သေဆုံးပြီး အာဒမ်လည်း ထောင်ကျခဲ့တယ်။ ပြန်ထွက်လာချိန် မိန်းမဖြစ်သူလည်း ကလေးတစ်ဖက်နဲ့ Only Fan လို ဗီဒီယို ပြစားရင်း ငွေရှာနေရတယ်။ ပြစ်မှု မှတ်တမ်းဝင်သွားတဲ့ အာဒမ့်အတွက်လည်း အလုပ်အကိုင်က အခြေအနေမကောင်း။ အဲဒီမှာ တိုက်ခန်းလေးကလည်း နှင်ထုတ်တဲ့အချိန်မှာတော့….။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်) File size…(990 MB) / (470 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:29:25 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thura Aung

6.8 2024
Jedna noc
Tom and Jerry: Willy Wonka and the Chocolate Factory
4.3

ဒီဇာတ်ကားက နာမည်‌ကျော်ဇာတ်ကားကြီး တစ်ခုဖြစ်တဲ့ Willy Wonka and the Chocolate Factoryကို မှီငြမ်းပြီးရိုက်ကူးထားတဲ့ Tom & Jerry ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအသွားအလာကတော့ ရုပ်ရှင်အတိုင်း ဖြစ်ပြီး နာမည်ကျော် ဝန်ကာချောကလက်စက်ရုံက တစ်သက်စာ ချောကလက်တွေကို ရွှေလက်မှတ်ရှာတွေ့တဲ့ ကံထူးရှင် ငါးယောက်ကို ပေးသွားမယ်ဆိုတဲ့ ကြေညာချက်နဲ့ အတူ ရွှေလက်မှတ်တွေကို ချောကလက်ချောင်းထဲ ထည့်ပေး လိုက်တာကြောင့် ကလေးလူကြီးမရွေး ချောကလက်လုပွဲတစ်ခုဖြစ်သွားခဲ့ပါတယ်။ ရွှေလက်မှတ်ပိုင်ရှင်တွေထဲမှာ ချာလီလေးလည်း တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။ တွမ်နဲ့ဂျယ်ရီတို့ကတော့ ချာလီလေးရဲ့ မိတ်ဆွေတွေပေါ့။ အဲဒီလိုနဲ့ ချာလီတို့အဖွဲ့ ဝန်ကာရဲ့ချောကလက်စက်ရုံထဲကို အလည်အပတ်ရောက်သွားခဲ့ကြပါတယ်။ စက်ရုံထဲမှာ ဝန်ကာတီထွင်ထားတဲ့ ထူးဆန်းတဲ့သွားရည်စာတွေနဲ့အတူ မထင်တားတဲ့ အန္တရာယ်တွေလည်း ရှိနေတာကို ချာလီတို့ သိလာခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဝန်ကာရဲ့စက်ရုံကြီး ဒေဝါလီခံရအောင် ကြိုးစားနေတဲ့ ဆလက်ဂ်ဝေါ့ရှ်ဆိုတဲ့စီးပွားပြိုင်ဖက်တစ်ယောက်ရဲ့ အန္တရာယ်လည်း ရှိတာမို့ ချာလီနဲ့ တွမ် ဂျယ်ရီတို့ အဲဒီပြဿနာတွေကို ဖြေရှင်းပုံကိုကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ File size… 1.6 GB / 828 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 19m Genre ….. Adventure / Animation / Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by JimX

Drama
4.3 2017
Tom and Jerry: Willy Wonka and the Chocolate Factory
Chilli Chicken
7.2

Chilli Chicken (2024) “ပူစပ်စပ် ဘ၀ခါးခါး” အိန္ဒိယနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေရဲ့ဘ၀ကို စိတ်၀င်စားစရာကောင်းအောင် ရိုက်ကူးထားတဲ့ ဒရာမာဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ “Chilli Chicken” ဆိုတာ အိန္ဒိယမှာတော့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အိန္ဒိယနဲ့တရုတ်ဟင်းကို ပေါင်းစပ်ထားတဲ့ စားစရာတစ်မျိုးပါ။ အဲဒါကြောင့် ဒီဇာတ်လမ်းနာမည်ဟာ ရွှေ့ပြောင်းလုပ်သားတွေရဲ့ဘ၀ကို အဲဒီလို မတူညီတဲ့အရာ‌တွေ ပေါင်းစပ်မှုအဖြစ် တင်စားမှည့်ခေါ်ထားတာ ဖြစ်ပါတယ်။ ‌ဇာတ်လမ်းကတော့ ဒေသခံတစ်ယောက်ပိုင်တဲ့ စားသောက်ဆိုင်လေးတစ်ခုမှာ အလုပ်လုပ်ကြတဲ့ အိန္ဒိယရွှေ့ပြောင်းလုပ်သားတွေရဲ့ ဘ၀အဖုံဖုံ၊ နေ့စဉ်ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေ၊ ဘာသာစကားအခက်အခဲတွေနဲ့ လူမျိုးရေးခွဲခြားဆက်ဆံမှုတွေကို အခြေခံရိုက်ကူးထားတာပါ။ လုပ်သားတွေရဲ့ဘ၀ ခက်ခဲရတဲ့ကြားထဲ သူတို့လုပ်နေတဲ့ဆိုင်ကလည်း အခြေအနေသိပ်ကောင်းလှတာမဟုတ်ပါဘူး။ ရှေ့ဆက်ဖို့ အတော်လေးရုန်းကန်နေရတဲ့ အနေအထားပါ။ အဲဒါကြောင့် အခက်အခဲကြားကနေ ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ကြမလဲ၊ ဘယ်လိုအလှည့်အပြောင်းတွေ ကြုံရဦးမလဲဆိုတာကို ဆက်လက်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ အလှည့်အ‌ပြောင်းတွေနဲ့ ဒရာမာဇာတ်လမ်းဆိုပေမဲ့ ဟာသလေးတွေပါ နှောထားတာမို့ ပျင်းစရာမဟုတ်ဘဲ ခပ်မြူးမြူးလေး ကြည့်ရှုရမှာပါ။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)

Drama • Romance
7.2 2024
Chilli Chicken
You Are the Apple of My Eye
7.4

You Are the Apple of My Eye (2025) ********************************** IMDb… 7.4 နောက်ဆုံးတော့ TWICE အဖွဲ့ဝင် Dahyun ရဲ့ Acting Debut Movie လေး ထွက်ရှိလာပါပြီ။ တွဲဖက်မင်းသားအနေနဲ့လည်း အားလုံးသိပြီးသား မင်းသား Jinyoung က ပါဝင် သရုပ်ဆောင်ထားပါတယ်။ – ဇာတ်လမ်းအကျဉ်း – ဂူဂျင်အူ (Jinyoung) ကတော့ အိပ်မက်လည်းမရှိ စာလည်းမလုပ်ဘဲ အပျော်အပါးပဲမက်နေတဲ့ ကျောင်းသားလေးပါ။ အိုဆွန်းအာ (Dahyun) ကတော့ စံပြကျောင်းသူလေးဖြစ်ပြီး လှပချောမောတဲ့ ရုပ်ရည်ကြောင့်လည်း ကျောင်းသားအများစုရဲ့ ဝိုင်းသဘောကျခြင်းကို ခံနေရသူ‌လေးပေါ့။ တစ်နေ့မှာ ဂျင်အူက အတန်းချိန်အတွင်း သူငယ်ချင်းကို လိုက်စနေရင်းက ဆရာမိသွားလို့ ပြစ်ဒဏ်ပေးခံလိုက်ရပါတယ်။ အဲဒီပြစ်ဒဏ်ကတော့ တခြားမဟုတ်ဘဲ စံပြကျောင်းသူ ဆွန်းအာရဲ့ ရှေ့ခုံကို ပြောင်းထိုင်ပြီး စာကြိုးကြိုးစားစားလုပ်ဖို့ပါပဲ။ ဒီလိုနဲ့ဆွန်းအာက ဂျင်အူကို စာလုပ်ဖို့ ကူညီပေးရင်း အကျင့်စရိုက်ရော ကျောင်းအဆင့်ပါ ပြောင်းပြန်ဖြစ်ကြတဲ့ သူတို့နှစ်ယောက်ရဲ့ ဆက်‌ဆံရေးက တဖြည်းဖြည်းချင်း နီးစပ်လာတဲ့အခါမှာတော့… ၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကြီး ထိုင်ဝမ်ရုပ်ရှင်ကို remake ရိုက်ကူးထားတာဖြစ်ပြီး နူးနူးညံ့ညံ့ လှလှပပ အချစ်ဦးဇာတ်လမ်းလေးတွေကို ကြိုက်နှစ်သက်သူများအတွက် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်ရှင်။ (ဇာတ်လမ်းအညွှန်းကိုတော့ Hnin Wai Oo မှ ရေးသားထားပေးပါတယ်။) File Size : 1.26GB/ 700MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:41:58 Genre : Romance, Youth, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Miri, Hnin Wai Oo, Treasure Htet & Stary Encoded by Tiff

Horror
7.4 2025 102 mins
You Are the Apple of My Eye
Empty Eyes
5.5

ဒီကားလေးကတော့ လိုက်ဖ်လွှင့်ခြင်းက စီးပွားတစ်ခု အလုပ်တစ်ခုလိုဖြစ်နေတာကြောင့်… ဘွဲ့ရပြီးစ ကျောင်းသူလေးက ဒီအသက်မွေးလမ်းကြောင်းရွေးပြီးတော့ တစ်လကို သောင်းနဲ့ချီပြီး အပြိုင်အဆိုင်ငှားနေတဲ့ ရပ်ကွက်ထဲ ထူးထူးခြားခြား တစ်လကို ၅ ထောင်နဲ့ ငှားတဲ့ အိမ်ကြီးကို ရွေးခဲ့ပါတယ်… အသက်ပင်သေသေ အာဂလူသား ငါဖန် ၁ သိန်းရရမယ်ဟဲ့ဆိုပြီးတော့ ကြိုးစားခဲ့တာပေါ့… ဒီလိုနဲ့ သူနေနေတဲ့အိမ်ဟာ လူသေဖူးတဲ့အိမ်ဖြစ်ကြောင်းကို သက်သေပြရင်း သက်သေပြရင်းနဲ့… အွန်လိုင်းက လူသေမှုတစ်ခုနဲ့ သူနေနေတဲ့အိမ်က အတော်လေး ဆင်တူနေတာကို သတိထားမိခဲ့တယ်… သူရှာဖွေရင်းနဲ့လည်း သူ့အကောင့်လည်း ဖန်တရွေ့ရွေ့နဲ့တိုးလာတာပေါ့… လူသေဖူးတဲ့အိမ်ဖြစ်ကြောင်း သက်သေပြနိုင်လာလေလေ ဖန်တွေတိုးလာလေလေ သူလည်း ပိုပြီးကြောက်လာလေလေ… ကဲ ဘာဆက်ဖြစ်မယ်ဆိုတာတော့ ဇာတ်ကားလေးသာ ကြည့်လိုက်ကြတော့ 4K & 1080p Quality >> Only On CM App ( www.cmapp.tv )

Drama
5.5 2025
Empty Eyes