YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Riverdale.US.S01E11.1080p.(CM).mp4

1019.23 MB N/A video/mp4 86 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Psycho Beach Party
5.9

၂၀၀၀ ၀န်းကျင်လောက်က ဇာတ်ကားတွေကို သိပ်သဘောကျမိတယ်။ အခုခေတ်လို CGI ကောင်းကောင်း မရှိသေးပေမယ့် စိတ်ကူးအသစ် အဆန်းတွေနဲ့ ဇာတ်ကားတစ်ကားနဲ့တစ်ကား မထပ်ရအောင် ဖန်တီး ရိုက်ကူးပြီး ရုပ်ရှင်လောကရဲ့ခေတ်တစ်ခေတ်ဖြစ်ခဲ့တယ်လို့ တစ်ဦးတစ်‌ယောက်တည်း အမြင်အရ ပြောချင်ပါတယ်။ အထူးသဖြင့် Psychological ဇာတ်ကားတွေဟာ အဲဒီနှစ်ပိုင်းတွေမှာ အများဆုံး ရိုက်ကူးခဲ့ပြီး အခုချိန်အထိ ပြောစမတ်တွင်နေကြတဲ့ထိ လက်စွမ်းပြ ရိုက်ကူးနိုင်ခဲ့ကြပါတယ်။ အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားဟာလည်း ၂၀၀၀ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ခေါင်းစဉ်ထဲကအတိုင်း ကမ်းခြေက ပါတီ တစ်ခုမှာ စိတ္တဇတစ်ယောက်ရဲ့ လူသတ်မှုအကြောင်းကို ရိုက်ကူး ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ၁၇နှစ်သမီး ဖလော်ရန့်စ် ဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာ သူနဲ့ရွယ်တူကောင်မလေးတွေ လူကြီးစိတ်၀င်‌လာကြတာကို စိတ်ပျက်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့တော့ ကမ်းခြေမှာ ရေလွှာလျှောစီးနေတဲ့သူတွေကို တွေ့လိုက်ပြီး သူကိုယ်တိုင်ပါ ရေလွှာလျှောစီးချင်လာပါတယ်။ ဒီလိုနဲ့ ရေလွှာလျှောစီးတဲ့ ကောင်လေးတွေက သူ့ကို ကြက်ပေါက်လို့အမည်ပေးလိုက်ရာကစပြီး သူ့နာမည်က ကြက်ပေါက်ဖြစ်သွားပါတယ်။ ကြက်ပေါက်မှာ personality disorder ဆိုတဲ့ စိတ်ရောဂါတစ်မျိုးရှိနေပြီး တခါတလေမှာ အန်နီဘိုးမန်း ဆိုတဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲသွားတတ်ပါတယ်။ တိုက်တိုက် ဆိုင်ဆိုင်ပဲ ကမ်းခြေမှာ လူသတ်မှုတွေ တစ်ယောက်ပြီးတစ်ယောက် ဖြစ်လာတဲ့အခါမှာ လူသတ်သမားက အသိစိတ်လွတ်နေတဲ့ ကြက်ပေါက် ဖြစ်နေမလား ဒါမှမဟုတ် တခြားတစ်ယောက်ယောက် ရှိနေဦးမလား ဆိုတာ စိတ်၀င်စားစရာကောင်းပါတယ်။ စိတ္တဇဇာတ်ကားဖြစ်ပေမယ့် ဟာသဆန်ဆန် ရိုက်ကူးထားတာကြောင့် horrorကြိုက်သူရော comdey ကြိုက်သူတွေပါ ကြိုက်နှစ်သက်မယ့် ဇာတ်ကားကောင်းလေး တစ်ကားဖြစ်တဲ့အတွက် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ ညွှန်းလိုက်ချင်ပါတယ်။ File size…2.21GB / 1.03GB Quality…Blu-Ray 1080P 5.1CH  / 720p Format…mp4 Duration….1h 35m Genre ..... Comedy , Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

Comedy • Family • Fantasy • TV Movie
5.9 2000 95 mins
Psycho Beach Party
JugJugg Jeeyo
5.6

Comedy, Drama, Family IMDb 7.7/10 (29K) ဒီဇာတ်ကားလေးကတော့ လတ်တလောထွက်ရှိထားတဲ့ အိန္ဒိယကားတွေနဲ့ မတူဘဲ အေးအေးလေးနဲ့ ဇာတ်ကို ဆွဲခေါ်သွားမယ့် မိသားစုကားလေးပဲ ဖြစ်ပါတယ်.. အဲ..မိသားစုကားဆိုပြီး ကြည့်ကောင်းမှာမဟုတ်ဘူးလို့ စိတ်မပူနေကြနဲ့နော်..ဟာသလေးနှောထားလို့ မြူးမြူးကြွကြွလေးနဲ့ ထိုင်ရယ်နေရမှာနော်... မင်းသားအနေနဲ့ကလည်း ပရိသတ်အချစ်တော် မင်းသားလေး ဗာရွန်းဆိုတော့ သူ့ရဲ့သရုပ်ဆောင်မှုအပိုင်းကိုတော့ ထွေထွေထူးထူး ညွှန်းနေစရာမလိုတော့ပါဘူး မင်းသမီးလေးက ကီယာရာလေးဆိုတော့ သူမရဲ့လှပတဲ့ ရူပါအဆင်းကိုပါ ဆွဲငြိခံစားရမှာဖြစ်ပါတယ်... မင်းသားကြီးအနီလ်ကပူးလည်း ပါဝင်သရုပ်ဆောင်ထားလို့ ဇာတ်က ပိုလို့ကြည့်ကောင်းခဲ့ပါတယ်... ဇာတ်လမ်းကိုပြောရမယ်ဆိုရင် အိမ်ထောင်ရေးကို စိတ်ကုန်နေတဲ့ ပြည်ပရောက်ဇနီးမောင်နှံဟာ တစ်ယောက်နဲ့တစ်ယောက် ခံစားချက် မရှိတော့လို့ ကွာရှင်းဖို့ဖြစ်လာပါတယ်... အမိမြေမှာ လင်ယောက်ျားရဲ့ညီမဖြစ်သူ မင်္ဂလာပွဲရှိတော့ မင်္ဂလာပွဲပြီးတဲ့အထိ သူတို့ကွာရှင်းမှာကို လူကြီးတွေကို အသိမပေးဘဲ နေခဲ့ကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်... ဖြည်းဖြည်းချင်း ညှိနှိုင်းကြမယ်ပေါ့ လူကြီးတွေလည်း စိတ်မညစ်ရအောင် စီစဉ်ကြမယ်ပေါ့...ဒါပေမဲ့ သူတို့ထင်မထားခဲ့မိတာက လင်ယောက်ျားရဲ့ ဖခင်ဖြစ်သူကပါ တိတ်တိတ်ပုန်းလေး ရည်းစားထားပြီး မင်္ဂလာပွဲပြီးတာနဲ့ မိန်းမဖြစ်သူကိုကွာရှင်းပြီး သူ့ရည်းစားနဲ့ လက်ထပ်ဖို့ ကြံနေလေတဲ့အခါ... ကိုယ့်ကိစ္စ သူမသိ..သူ့ကိစ္စကိုယ်ဖြေရှင်းရင်း အခက်အခဲလေးတွေကို ဘယ်လိုရင်ဆိုင်ကြမလဲ... ဖြစ်လာမယ့်အလွဲလေးတွေကို ပါးစပ်မပိတ်တမ်း ရယ်ရမယ့်အပြင် နောက်ဆုံးပိုင်းလေးတွေမှာလည်း ခံစားချက်တွေ တပြုံကြီးနဲ့ ရသတွေပေးသွားမှာမို့ ရယ်လည်းရယ်ရ ငိုလည်းငိုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်... လင်နဲ့မယား လျှာနဲ့သွား ဆိုတဲ့အတိုင်း အိမ်ထောင်တစ်ခုမှာ စကားများရန်ဖြစ်ကြတာရှိမယ် အဆင်မပြေမှုတွေများစွာရှိလိမ့်မယ်.. အဲ့ဒီအခက်အခဲတွေကို ကျော်လွှားနိုင်မှ သာယာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ရမယ်ဆိုတာကိုလည်း ဒီဇာတ်ကားလေးက မီးမောင်းထိုးပြခဲ့ပေးလို့ ကြည့်ရကျိုးနပ်စေမှာ အမှန်ပဲဖြစ်ပါတယ်ရှင်... File size…2.39GB / 1.2GB Quality…1080p HQ HD RIP / 720p Format…mp4 Duration….2h 28m Subtitle….Myanmar Subtitle ( Hard Sub) Encoder….YK  Translated by T.A.Y.L.O.R

Comedy
5.6 2022 148 mins
JugJugg Jeeyo
Epic
6.5

2013 ခု‌နှစ်ကထွက်ရှိထားတဲ့ Epic ဆိုတဲ့ Animation ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားက နာမည်နဲ့လိုက်အောင် တကယ့်ကို epic ဖြစ်တဲ့အတွေးအခေါ်‌တွေ၊ epic ဖြစ်တဲ့ယူဆချက်တွေနဲ့ ဇာတ်အိမ်ကိုတည်ဆောက်ထားတာပါ။ ဇာတ်ကားမှာ မယ်ရီကက်သရင်း ဆိုတဲ့ကောင်မလေးက သူ့‌အမေဆုံးပါးသွားလို့ တောထဲမှာ သုတေသနလုပ်နေတဲ့ အဖေ့ဆီလာနေဖို့ ရောက်လာခဲ့ပါတယ်။ သူ့အဖေက တောထဲမှာ လူအသေးလေးတွေရှိတယ်ဆိုတဲ့အကြောင်းကို အရူးအမူးကိုယုံကြည်နေခဲ့ပြီး သူ့ယုံကြည်ချက်မှန်ကြောင်း သက်သေပြဖို့ကြိုးစားနေတာလည်းဖြစ်ပါတယ်။ ဒါကို မယ်ရီကက်သရင်းက အဓိပ္ပါယ်မရှိဘူးဆိုပြီး မယုံကြည်ဖြစ်နေရာက သူကိုယ်တိုင် လူအသေးလေးတွေနဲ့တွေ့ကြုံလိုက်ရတဲ့အခါမှာ | ဘယ်လိုစွန့်စားခန်းတွေ ဘယ်လိုပြဿနာတွေရင်ဆိုင်ရမလဲဆိုတာကို စိတ်၀င်စားဖွယ်ကြည့်ရှုရမှာပါ။ သိပ်ကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်တာမို့ အညွှန်းတွေများပြီး အရသာပျက်မှာစိုးတာကြောင့် လူအသေးလေးတွေကဘာလုပ်ကြတာလဲ၊ မယ်ရီနဲ့လူအသေးလေးတွေဘယ်လိုဆက်စပ်မှုရှိတာလဲ၊ သူတို့ဘာကိုရင်ဆိုင်နေကြရတာလဲ ဆိုတာကို ကိုယ်တိုင်ပဲ ကြည့်ရှုခံစားကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ File size…1.7GB /  900MB Quality…1080p BluRay /  720p Format…mp4 Duration….1h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Jaka

Mystery • Romance • Thriller
6.5 2013 102 mins
Epic
All the Moons
7.6

IMDb Rating - 6.7/10 ၁၉ ရာစုအပြီး စပိန်နိုင်ငံမှာ တတိယ ကာလစ်စစ်ပွဲဖြစ်နေတဲ့အချိန်မှာပေါ့ ဒီဇာတ်ကားရဲ့ အဓိက ဇာတ်လိုက်ကောင်မလေးနေတဲ့ မိဘမဲ့ဂေဟာအပေါ်ကို ဗုံးတစ်လုံးကျသွားခဲ့ပြီး အကုန်အနိစ္စရောက်သွားခဲ့တယ်။ သူသတိပြန်ရလို့ ကြည့်လိုက်တော့ ဂေဟာကလူတွေ တစ်ယောက်မှအသက်မရှိတော့ဘူး။ သူကိုယ်တိုင်လည်း သေအံ့ဆဲဆဲဖြစ်နေပြီ။ အဲ့အချိန်မှာ ထူးဆန်းတဲ့ အမျိုးသမီး ကြီးတစ်ယောက်က သူ့ကိုခေါ် ပြီးဆေးကု‌ပေးလိုက်တယ်။ ကောင်မလေး ပြန်နိုးလာတော့ ဒဏ်ရာတွေက ယူပစ်လိုက်သလိုပျောက်သွားပြီး နာကျင်မှု ဆိုတာလည်းမရှိတော့ဘူး။ ဘယ်လိုကုပေးလိုက်လဲလို့မေးလိုက်တော့လည်း "အနမ်းတစ်ပွင့်" နဲ့ ကုလိုက်တယ်လို့ပဲပြန်ဖြေတယ်။ နောက်သူထပ်ပြီးသိလိုက်ရတာ အဲ့အမျိုးသမီးကြီးတင်မဟုတ် သူနဲ့အတူ အခြားလူတွေပါရှိ‌သေးတယ်ဆိုတာပဲ၊ အားလုံးက စစ်သားတွေဆီကနေပုန်းပြီး နေနေကြတယ်။ နောက်နေ့ရောက်တော့ စစ်သားတွေက သူတို့ပုန်းတဲ့နေရာ သိသွားလို့ ဝင်စီးခံရတဲ့အခါ အမျိုးသမီးကြီးနဲ့ကောင်မလေးတို့ နှစ်ယောက်က အတူတူထွက်ပြေးကြတာပေါ့။ ပြေးရင်းပြေးရင်း ချောက်ကမ်းပါး‌နားရောက်သွားတဲ့ အခါမှာ အမျိုးသမီးကြီးက သေနတ်နဲ့ အပစ်ခံလိုက်ရပြီး ကောင်မလေးက ချောက်ထဲကျရော။ အထက်မှာပြောသွားတာတွေက ဇာတ်လမ်းရဲ့ အစပိုင်းအဖြစ်အပျက်တွေလောက် ပါပဲ။ တကယ့်နောက်ဆက်တွဲတွေကတော့ Horror ဆန်ဆန်ဆက်ကြည့်ရမယ့် အခန်းတွေအများကြီးကျန်ပါသေးတယ် . ဇာတ်လမ်းက ဇာတ်ရှိန်အေးအေးနဲ့ Horror ကား ကြိုက်တဲ့သူတွေအတွက်ကြည့်လို့ကောင်းမယ့် ကားမျိုးပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size - (1.2 GB) / (540 MB) / (340 MB) Quality – Web-Rip 1080p/ 720p / 480p Duration - 1Hr 42mins Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Fantasy, Horror Translator – Khant Sett Naing Encoder – SWM

Drama • History • Romance
7.6 2020 102 mins
All the Moons
Little Women
7.9

ဒီတစ်ခါတော့ စူပါဟီးရိုးတွေ၊ ဆန်းပြားတဲ့အချစ်ဇာတ်လမ်းတွေ၊ လှည့်ကွက်တွေဆိုတာတွေကို မေ့ပြီး အရိုးရှင်းဆုံး အလှပဆုံးလေး ခံစားကြည့်ရအောင်။ Little women ဆိုတာက ၁၈၆၈ နဲ့ ၁၈၆၉ မှာ အမေရိကန် စာရေးဆရာမကြီး လူဝီဆာ မေ အဲကော့ က ၂ ပိုင်းခွဲပြီး ရေးသားခဲ့တဲ့ တကယ့် ဂန္ဓဝင်လက်ရာပါပဲ။ မာ့ချ် မိသားစုရဲ့ ညီအစ်မလေးယောက် ( မက်ဂ်၊ ဂျို၊ ဘက်သ် နဲ့ အေမီ) တို့ရဲ့ ကလေးဘဝကနေ အရွယ်ရောက်လာတဲ့အထိ ဇာတ်လမ်းကို ရေးဖွဲ့ထားတာပါပဲ။ စာရေးသူနဲ့ သူ့ရဲ့ ညီအစ်မ ၃ ယောက်အပေါ်ကို အခြေခံထားတာမို့ Semi-autobiography လို့လည်း ပြောလို့ရပါတယ်။ ဇတ်လမ်းကတော့ လေရူးသုန်သုန် တို့ စစ်နဲ့ငြိမ်းချမ်းရေးတို့လို လူဘဝတွေအကြောင်းကို အေးအေးဆေးဆေး လှလှပပလေး ဖော်ကျူးထားတာပါပဲ။ မိသားစုတွေ၊ လူငယ်တွေကြားက အချစ်တွေ၊ ရုန်းကန်မှုတွေ၊ ဘဝအပြောင်းအလဲတွေအကြောင်းပါပဲ။ တကယ်ကို ပျော်ဝင်သွားပြီး ခံစားချက်အစုံရမယ့် ဇာတ်လမ်းမျိုးလေးပါ။ Saoirse Ronan, Emma Watson, Florence Pugh, Eliza Scanlen, Laura Dern, Timothee Chalamet, Meryl Streep နဲ့ အခြား ဆရာ့ဆရာကြီးတွေပါဝင်ထားပါတယ်။ cast နာမည်နဲ့တင် ဖျားလောက်စရာကောင်းသလို အော်စကာ ၆ ဆု ဆန်ကာတင်တာလည်းလွန်တယ်မထင်ပါဘူး။ ဒါလေး ဘာသာပြန်တင်ပေးခွင့်ရတာ ဝမ်းသာပါတယ်။ ကြိုက်တတ်တဲ့သူတွေ အားပေးနိုင်ပါပြီ။ File Size : ( 1 GB , 368 MB ) Quality : WEB-DL 720p Running Time : 2 hr 15 min Format : Mp4 Genre : Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Little Neo Encoded by Moe Myint Lwin

Drama
7.9 2019 135 mins
Little Women
Junkyard Dogs
5.4

Junkyard Dogs (2022) ================ Dog person တို့ အကြိုက်တွေ့စေမယ့် ပါပီလေးတို့ဇာတ်လမ်းလေး လာပါပြီ။ဟူဒီနီ ဆိုတဲ့ ခြံစောင့်ခွေးလေးက ပိတ်ထားတဲ့တံခါးတွေ မှန်သမျှကို ရအောင်ဖွင့်တတ်တဲ့ ဆူဘီဗန်အိမ်က ဆရာကြီးတစ်ကောင်ပေါ့။ သူ့မိတ်ဆွေတွေကတော့ အိုင်းစတိုင်း လို့ခေါ်တဲ့ ဉာဏ်ပြေးပြီး အနံ့ခံ ကောင်းတဲ့ ခွေးမလေးတစ်ကောင်ရယ်၊ ဂျက်ပေါ့ လို့ခေါ်တဲ့ အကောင် ကြီးကြီး ခွေးတစ်ကောင်ရယ်ပါ။ ပျော်စရာလိန်းရပ်ကွက်လေးကို စောင့်ရှောက်နေကြတဲ့ ခွေးလေးတွေ ဖြစ်ပြီး၊ သူတို့ ရပ်ကွက်ကို သိပ်ချစ်ကြတဲ့ကောင်လေးတွေဖြစ်ပါတယ်။ တစ်နေ့မှာ ထောင်ကထွက်လာတဲ့ ဂျင်မီ နဲ့ ခရက်ရှာတို့နှစ်ယောက် စာပို့ သမား အယောင်ဆောင်ပြီး ဟူဒီနီတို့ ရပ်ကွက်ကို ဓားပြတိုက်ဖို့ ကြံစည် လာကြတယ်။ ဒါတွေကို မထင်မှတ်ဘဲ သိသွားတဲ့ ဟူဒီနီက သူ့သခင်ဖြစ်တဲ့ မိုနီကာကို သတိပေးပေမယ့် မိုနီကာက မင်္ဂလာပွဲနဲ့ အလုပ်ရှုပ်နေပြီး သတိ မထားမိခဲ့ပါဘူး။ ဟူးမန်းမကို ပြောမရတဲ့အခါမှာ ရပ်ကွက်ကို ကယ်တင်ဖို့ ဟူဒီနီတို့ အုပ်စု ဉာဏ်နီဉာဏ်နက်တွေ ထုတ်ကြပါတော့တယ်။ ထောင်ထွက်လူဆိုးတွေနဲ့ ဂျလည်ခွေးတစ်သိုက် ဉာဏ်ချင်းပြိုင်သုံးရတဲ့ ဇာတ်လမ်းလေးဖြစ်ပြီး ဟူးမန်းတွေ အနိုင်ရမလား အာဝုတို့ အနိုင်ရမလား စောင့်ကြည့်ရမယ့် မိသားစုဟာသကားလေးဖြစ်တာမို့ ကြည့်ရှူ့သူတို့ကို အကြိုက်တွေ့စေဦးမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)

Drama • Horror • Thriller
5.4 2022 89 mins
Junkyard Dogs
Detective Dee And Thunder Fire
6

ဒီတစ်ခေါက်မှာတော့ အမှုစစ်ဒီးရန်ကျယ်ရဲ့အမှုတွဲတွေထဲက နောက်ဆုံးထွက်ထားတဲ့ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဥ်း… ဘုရင်မ အုပ်စိုးနေတဲ့ ရှန့်ယွမ်ပထမနှစ်မှာ သဘာဝဘေးအန္တရာယ်ဆိုး တွေ ကျရောက်လာတာကြောင့် တိုင်းပြည်မှာ ပြည်သူတွေရဲ့ အပြစ်တင်မှုတွေဖြစ်ပေါ်လာခဲ့တယ် ဘုရင်မဟာ ပြည်သူတွေရဲ့အပြစ်တင်သံတွေကို လျစ်လျူရှူခဲ့ပြီး နန်းတွင်း ဆရာကြီးရဲ့ အဆိုမိန့်အတိုင်းနန်းဆောင်ကို ဆောက်လုပ်ပြီး နတ်နဂါးကို ခေါ်ဆောင်ဖို့ပြုလုပ်ခဲ့ပါတယ် ဒါပေမယ့် နတ်နဂါးကြီး သက်ဝင်လှုပ်ရှားလာတဲ့အခါမှာတော့ နတ်နဂါးကြောင့် နန်းဆောင်ကြီး မီးလောင်သွားပြီး အနီးအနားကလူတွေအပြင် အမှုစစ်တွေကပါ သဘာဝလွန် ထူးဆန်းစွာ သေဆုံးလာကြတဲ့အခါ….. ဒီထူးခြားဆန်းကြယ်တဲ့ အမှုကြီးကိုဖြေရှင်းဖို ပြောင်းရွှေ့မိန့်ကျလာတဲ့ ဒီးရန်ကျယ် အတွက် ဘယ်လိုဖြေရှင်းချက်တွေပြုလုပ်လာမလဲဆိုတာကို ထုံးစံအတိုင်းဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်

6 2023
Detective Dee And Thunder Fire
The Resident
7.8

ဂျူလိယက်ဟာ သူမရဲ့ရည်းစားဖြစ်သူကို တခြားကောင်မလေးနဲ့။ သူမရဲ့အိပ်ရာပေါ်မှာ ဖောက်ပြန်နေတာကို မိပြီးတဲ့နောက်မှာ သူမရဲ့ရည်းစားနဲ့ လမ်းခွဲလိုက်ပြီး သူမရဲ့ဘဝကို အသစ်စတင်ချင်တာကြောင့် နေရာအသစ်လိုက်ရှာနေတဲ့ အရေးပေါ်ဆရာဝန်တစ်ယောက်ပါ။ အိမ်ခန်းလိုက်ရှာရင်းနဲ့ သူမဟာ နေရာကျယ်ဝန်းပြီး ရှုခင်းကောင်းတဲ့တိုက်ခန်းတစ်ခုကို တွေ့သွားပြီး ထိုတိုက်ခန်းရဲ့ပိုင်ရှင်က ဈေးသက်သက်သာသာနဲ့ ငှားပေးတဲ့အခါမှာ နှစ်ခါမတွေးဘဲ ပြောင်းနေလိုက်ပါတော့တယ်၊ သူမဟာ ရည်းစားဟောင်းကြောင့် စိတ်က ဇဝေဇဝါဖြစ်နေပြီ အိမ်ပိုင်ရှင်ကို နမ်းလိုက်မိပါတော့တယ်၊ အဲကနေစပြီး သူမဟာ မနက် မနက်ဆို အိပ်ရာထနောက်ကျပြီး အမြဲလိုလို ပင်ပန်းနွမ်းနယ်ကာ အလုပ်တွေနောက်ကျလာပါတော့တယ်၊ အကြောင်းအရင်းကို သိရဖို့ CCTV တပ်ဆင်ထားလိုက်တဲ့အခါမှာတော့ အကြောင်းအရင်းက ဘာဖြစ်မလဲ ဒီအကြောင်းအရင်းကိုရော သူဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.3 GB)/(632 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

Comedy
7.8 2011
The Resident
Armour of God
7.1

အခုတစ်ခါတော့ အဟောင်းထဲက အကောင်းလေး တစ်ခုဖြစ်တဲ့ ဂျက်ကီချန်းရဲ့ ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါပြီ 1986 ခုနှစ်မှာ ထွက်ခဲ့တဲ့ Armour of God ပထမဆုံးဇာတ်ကားလေးပါ ဇာတ်လမ်းအကျဉ်းလေးနဲ့ အနည်းငယ် မိတ်ဆက်ပေးချင်ပါတယ် ခရစ်တော်မပေါ်မီ‌ တစ်ချိန်က မကောင်းဆိုးဝါးဂိုဏ်းတွေ လောကကြီးကို ကြီးစိုးဖို့ ကြိုးစားကြပါတယ် သူရဲ‌ကောင်းတွေက ဒီလိုမကောင်းဆိုးဝါးတွေကို တိုက်ပွဲဆင်နွှဲပြီး နောက်ဆုံးမှာ အနိုင်ယူခဲ့ပါတယ် အဲလိုတိုက်ပွဲမှာ သုံးခဲ့တဲ့ ဓားကို နတ်ဓားလို့ ခေါ်ဝေါ်ကြပါတယ် ကမ္ဘာ‌ပေါ်မှာ နတ်ဓားစုစုပေါင်း ၅ ချောင်း ရှိနေပါတယ် ဂျက်ကီချန်းက ၃ ချောင်းကို ရှာဖွေတွေ့ရှိပြီး ရောင်းစားထားပါတယ် အဲအချိန်မှာမကောင်းဆိုးဝါးဂိုဏ်းတစ်ခု ပေါ်ပေါက်နေပါတယ် ဒီဓားတွေကို အရယူပြီး ဖျက်စီးလိုက်နိုင်ရင် သူတို့ဘာသာသာသနာဟာ တည်တံ့ခိုင်မြဲပြီး သာယာဝပြောလိမ့်မယ်လို့ ယုံကြည်နေကြပါတယ် ဒါကြောင့် နတ်ဓားတွေကို ရအောင်ယူနိုင်မယ့် ဂျက်ကီချန်းကို ပိုက်ဆံမပေးဘဲ ခိုင်းနိုင်ဖို့ရာ ဂျက်ကီ့ရဲ့ ငယ်ချစ်ဟောင်း လော်ရာကို ပြန်ပေးဆွဲကြပါတယ် ဂျက်ကီ့သူငယ်ချင်း အယ်လန်ဟာ လော်ရာ့အချစ်ကို ပိုင်ဆိုင်ထားပေမဲ့ ဒီကိစ္စမျိုးမှာတော့ ဂျက်ကီ့အကူအညီ လိုလာပါတော့တယ် ဂျက်ကီဟာ သူ့သူငယ်ချင်း ဒုက္ခရောက်မယ့်အရေးကို မျက်ကွယ်မပြုနိုင်တာကြောင့် ရောင်းပြီးသား နတ်ဓား ၃ ချောင်းကို ပြန်ရအောင် ယူပေးရပါတော့တယ် သူတို့ လော်ရာ့ကို ကယ်ဖို့ ဘယ်လိုကြိုးစားကြလဲဆိုတာကို ဂျက်ကီချန်းရဲ့ ထုံးစံအတိုင်း ဟာသလေးတွေ ရိုက်ပြထားလို့ ခပ်သွက်သွက်ကွန်ဖူးကားကောင်းတစ်ကားကို ကြည့်ရှုရမှာ ဖြစ်ပါတယ် ဒီဇာတ်ကားရဲ့ အဆက် Armour of God II: Operation Condor (1991) ကိုလဲ တင်ဆက်ပေးထားပါတယ်…။

Comedy • Romance • Drama
7.1 1986
Armour of God
The Squad
4

The Squad (2023) ============= ဂျီနာ ဘယ်လာ နဲ့ ဒါနီတို့ဟာ မိဘမဲ့တွေဖြစ်ပြီး ငယ်ရွယ်စဉ်ကတည်းက မွေးစားမိဘတွေရဲ့အိမ်ကနေ ပြန်ပေးဆွဲခံရပြီးပျောက်ကွယ်သွားခဲ့ပါတယ်။ သူတို့ကိုပြန်ပေးဆွဲသွားသူက အယ်လ်ဖာလို့ခေါ်တဲ့အမျိုးသမီးတစ်ဦး ဖြစ်ပြီး မူးယစ်ဆေးအရောင်းအဝယ်လုပ်ငန်းတွေမှာ ကျွမ်းကျင်အဆင့် ဖြစ်အောင်လေ့ကျင့်သင်ကြားပေးခဲ့ရာကနေ the squad ဆိုတဲ့နာမည်နဲ့ သူတို့သုံးယောက်အဖွဲ့က မြေအောက်လောကမှာနာမည်ကြီးလာခဲ့ပါတယ်။ တစ်နေ့မှာတော့ သူတို့ရဲ့မွေးစားမိခင်လိုဖြစ်နေတဲ့ အယ်လ်ဖာအသတ်ခံခဲ့ ရတဲ့နောက် ကလဲ့စားချေဖို့စုံစမ်းကြရင်း သူတို့ထက် အဆပေါင်းများစွာ အင်အားသာလွန်တဲ့ ရန်သူတွေနဲ့အပြိုင်ကြဲဖို့ဖြစ်လာပါတော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.3 GB) / (444 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 18Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action Translator…….Alias Encoder……….SWM

4 2023
The Squad
All Eyes Off Me
5.7

All Eyes Off Me (2021) Genre – Drama, Comedy (ပွင့်လင်းမြင်သာသော လိင်ပိုင်းဆိုင်ရာ ပြကွက်များနှင့် အသုံးအနှုန်းများ ပါဝင်သောကြောင့် ကြည့်ရှုသူများအနေဖြင့် သတိပြုစေလိုပါသည်) ၂၀၂၁ ခုနှစ်က ဂရိစကားပြော ဒရမ်မာကားလေး ဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ သုံးပိုင်းခွဲပြီး တင်ဆက်ထားသလိုမျိုးပါ။ ပထမပိုင်း – ဒန်နီဆိုတဲ့ကောင်မလေးတစ်ယောက် ဘာလင်မှာ ကြုံဆုံခဲ့ရပြီး တစ်ညတာ ရင်းနှီးမှုကနေ ကိုယ်ဝန်ရလာတဲ့အထိ ဖြစ်ခဲ့လို့ ဒီကောင်လေးကို ပါတီတစ်ခုမှာ လာရှာတဲ့အကြောင်းအရာလေးပါ။ ဒုတိယပိုင်း – မက်စ်ဆိုတဲ့ကောင်လေးနဲ့ သူ့ကောင်မလေး၊ ဒီ စုံတွဲလေးဟာ သာမန်အတိုင်း လိင်ဆက်ဆံတာတွေမကပဲ ကောင်မလေးဖြစ်သူရဲ့ စိတ်ကူးယဉ်ဆန်ဆန် လိင်ပိုင်းဆိုင်ရာ ကာမဂုဏ်အာရုံတွေကို မက်စ်က ဖြည့်စည်းပေးရတဲ့အကြောင်း။ တတိယပိုင်း – အာဗီရှက်ဗ်ဆိုတဲ့ကောင်မလေးဟာ အိမ်နီးနားချင်း ဘိုးတော်ကြီးရဲ့ ခွေးတွေကို ထိန်းကျောင်းပေးရင်း ဒီဘိုးတော်ကြီးကို ဘယ်လို စွဲလမ်းသွားလဲဆိုတဲ့ အကြောင်းအရာတွေကို စကားပြောဦးစားပေးနဲ့ တင်ဆက်ထားတာပဲ ဖြစ်ပါတယ်။ File size… 1.6 GB / 690 MB Quality… WEB-Rip 1080p / 720p Format… mp4 Duration…. 1h 28m Genre ….. Comedy/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Thura Aung

5.7 2021 88 mins
All Eyes Off Me
Swan Song

IMDb – 7.6/10 Swan Lakeဆိုတာ ရုရှားဂီတစာဆိုကြီး Pyotr Ilyich Tchaikovskyရဲ့ ဘဲလေးပြဇာတ်တစ်ပုဒ်ပေါ့။ ဘဲလေးအကမှာတော့ ထင်ရှားတဲ့ပြဇာတ်တွေထဲက တစ်ခုအဖြစ် အမျိုးမျိုးဖျော်ဖြေကပြကြတာပေါ့။ ဒီရုပ်ရှင်ကတော့ ကနေဒါရဲ့ နာမည်အကျော်ကြားဆုံး ဘဲလေးအကမယ်ဟောင်း Karen Kainတာဝန်ယူဦးစီးပြီး အဓိကဘဲလေးမယ်အဖြစ် ရုရှား-လစ်သူယေးနီးယားဘဲလေးမယ် Jurgita Droninaကပြခဲ့တဲ့ ကမ္ဘာ့အဆင့်ဖျော်ဖြေတဲ့ပွဲရဲ့ Swan Lakeပြဇာတ်မှာ နောက်ကွယ်က ဖြစ်ရပ်တွေကိုရိုက်ကူးပုံဖော်ထားတဲ့ မှတ်တမ်းရုပ်ရှင်တစ်ပုဒ်ပါပဲ။ ကမ္ဘာ့အဆင့်ပွဲတစ်ခုဖြစ်တဲ့အတွက် သူတို့တွေ ခက်ခက်ခဲခဲကြိုးစားကြပုံတွေ၊ အဲဒီခေတ်အနေအထားမှာ ဘဲလေးအကမယ်တွေကြားက လူမျိုးရေးခွဲခြားမှုနဲ့ အဆင်မပြေမှုတွေ၊ တစ်မူထူးခြားစွာတင်ဆက်ပြချင်တဲ့အတွက် ဘဲလေးအကအစဉ်အလာတွေကနေ ဖောက်ထွက်ဖို့ကြိုးစားကြပုံတွေကို ခံစားကြည့်ရှုကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(2.2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre… Drama, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane

0 2024
Swan Song
Under the Sand
7

Under the Sand (2000) ~ IMDb – 7/10, Rotten Tomatoes – 93% ~ “ကျွန်မထပ်ပြီး ရူးသွားတော့မယ်ထင်တယ်။ ကျွန်မခေါင်းထဲမှာ အသံတွေကြားနေရတယ်။ အလုပ်ကို အာရုံစိုက်လို့မရတော့ဘူး။ ကျွန်မ တိုက်ခိုက်ဖို့ ကြိုးစားချင်ပေမဲ့ ကျွန်မဆက်ပြီး အားတင်းမထားနိုင်တော့ဘူး။ ကျွန်မဘဝရဲ့ ပျော်ရွှင်မှုတွေ အားလုံးက ရှင့်ကျေးဇူးကြောင့်ပါပဲ။ ရှင်က ကျွန်မအတွက်တော့ အပြည့်အဝကောင်းတဲ့သူပါ။ ကျွန်မရှင့်ဘဝကို မဖျက်စီးချင်တော့ဘူး…” စိတ်အတက်အကျ ပြင်းထန်တဲ့ရောဂါဖြစ်နေတဲ့ နာမည်ကျော်စာရေးဆရာမကြီး ဗာဂျီးနီးယားဝုဖ် ကိုယ့်ကိုယ်ကိုယ်သတ်မသေခင် သူ့အမျိုးသားအတွက်ရေးထားခဲ့တဲ့စာကို ဇာတ်ကားထဲမှာ ကိုးကားထားတဲ့အတိုင်း ရေးထားတာပါ။ မူရင်းကပိုပြီး ခြောက်ခြားဖွယ်လှပနေတာကို တွေ့ရမှာပါ။ ဒီဇာတ်ကားကလည်း ဗာဂျီးနီးယားဝုဖ်ရဲ့ သေတမ်းစာလိုပဲ စိတ်ကို ညစ်ညူးစေပေမဲ့ လှပနေတဲ့ ဇာတ်ကားမျိုးပါ။ မူရင်းခေါင်းစဉ်က Sous le sable ဖြစ်ပြီး ပြင်သစ်နိုင်ငံရဲ့ ၂၇ ကြိမ်မြောက် César Awards ရုပ်ရှင်ဆုချီးမြှင့်ပွဲမှာ ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ ဇာတ်ဆောင်အမျိုးသမီးဆု ဆန်ခါတင်စာရင်းအများကြီးဝင်ခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ ဆုမရခဲ့ပါဘူး။ ဒါပေမဲ့လည်း ရုပ်ရှင်ဇာတ်ကားတစ်ကားကောင်းမကောင်းဆိုတာ ကြည့်တဲ့သူရဲ့ နှလုံးသားပေါ်ပဲ မူတည်တာမဟုတ်လား။ ဒီဇာတ်ကားက ဆုမရပေမဲ့ နှလုံးသားတွေကိုတော့ ထိခတ်အောင်လုပ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ အိမ်ထောင်သက် ၂၅ နှစ်ကျော်ပေါင်းသင်းလာတဲ့ အချစ်ရဆုံးသူ ခင်ပွန်းသည် ပျောက်သွားတဲ့ ဇနီးသည်တစ်ယောက်ရဲ့ ခံစားချက်နဲ့ အတွေးတွေကို ထင်ထင်ရှားရှားနဲ့ မြင်သာလာအောင် ပြပေးထားပါတယ်။ ကိုယ်ချစ်ရတဲ့သူတစ်ယောက် သေသွားတာနဲ့ ပျောက်သွားတာ ဘယ်ဟာကပိုပြီး ခံရခက်ပါသလဲ။ ကျွန်တော့်အမြင်ကတော့ သေသွားပြီဆိုရင် တစ်ခါတည်း အပြီးပိုင်လက်လွှတ်ရပေမဲ့ ပျောက်သွားတာဆိုရင် ပြန်တွေ့လေမလားမျှော်နေရင်း ပြန်မတွေ့ရလို့ ဝမ်းနည်းနေရသလို တစ်နေရာရာမှာ ဒုက္ခရောက်နေမှာကို တွေးရင်း စိတ်ပူရင်းဝမ်းနည်းရပြန်လို့ ပျောက်တာက သေတာထက် ပိုဆိုးတယ်ထင်ပါတယ်။ အဲဒါကြောင့် ဒီဇာတ်ကားကိုကြည့်ပြီး အကြောင်းအမျိုးမျိုးကြောင့် ချစ်ရခင်ရတဲ့သူတွေနဲ့ ဝေးကွာနေရတဲ့သူတွေရှိရင် စိတ်ပူပင်နေတာတွေ ပျောက်သွားအောင် ဖုန်းတစ်ချက်ဆက်လိုက်ဖို့ တိုက်တွန်းချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.75GB, 800MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 32Min Genre – Drama, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Drama • Family
7 2000
Under the Sand
Ready to Rumble

Ready to Rumble ဆိုတဲ့ “လုံးသတ်ဖို့အသင့်ပဲ” လို့အဓိပ္ပါယ်ရတဲ့ဒီဇာတ်ကားက Professional wrestling အတွင်းမှာ ပရိသတ်ရဲ့ စိတ်အားထက်သန်မှုနဲ့ အားကစားချစ်သူတို့ရဲ့ ခံစားချက်များကို ပြသဖို့ ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ ဂေါ်ဒီနဲ့ ရှန်တို့နှစ်ယောက် နပမ်းသမားလောကမှာ သူတို့စံ,ထားရတဲ့ ဂျင်မီကင်းဟာ ပွဲတစ်ပွဲမှာ မမျှမတ ရှုံးနိမ့်သွားတာကြောင့် ပွဲစဥ်ကနေ တသက်တာအနားယူခဲ့ရပါတယ်။ ဇာတ်လမ်းထဲမှာ ပရိသတ်များက သူတို့နှစ်သက်ရာ နပမ်းသမား ကို အောင်မြင်စေဖို့ အားပေးကြပြီး နောက်တန်းထွက်ကစားသမားများ, ကမ္ဘာ့စံချိန်ပြိုင်ဆိုင်မှုများနဲ့ စိတ်လှုပ်ရှားဖွယ် အတွေ့အကြုံများကို ဖော်ပြထားပါတယ်။ ဟာသကားဖြစ်တာနဲ့အညီ ဇာတ်ကောင်တွေရဲ့ မတူညီတဲ့စွမ်းရည် ဟာသဉာဏ်ကွန့်မြူးမှုတို့ကို တစိမ့်စိမ့်ခံစားရင်း ကြည့်ရှုရမှာပါ။ အနားယူခံရတဲ့ ဂျင်မီကို သိမ်းသွင်းပြီး နပမ်းသမားလောကကို ပြန်ရောက်အောင် ဘယ်လိုဖြောင်းဖြသွားမလဲဆိုတာ…… File size…(2.5 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Action, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Karmt

0 2000
Ready to Rumble