YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Riverdale.S03E18.Chapter.Fifty-Three.Jawbreaker.1080p.(CM).mp4

604.74 MB N/A video/mp4 73 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Finding You
7

Genre - Romance, Drama IMDB – 6.4/10 စိမ်းလန်းတဲ့ရှုခင်းတောတောင်သဘာဝတွေနဲ့ အိုင်းရစ်ရှ်တေးဂီတ တွေနဲ့အတူ ကမ္ဘာမတူတဲ့နှစ်ခုက လူနှစ်ယောက်ရဲ့ အချစ် ဇာတ်လမ်းလေး ကြည့်ကြရအောင်ဗျာ။ ဇာတ်လမ်းလေးကတော့ တယောဂီတ လူရွေးပွဲမဝင်လို စိတ်ပျက်လက်ပျက်နဲ့ နိုင်ငံခြားပရိုဂရမ်ယူပြီး အိုင်ယာလန်ကို အစ်ကိုခြေရာအတိုင်းနင်းပြီး သွားမယ့်ကောင်မလေး တစ်ယောက်။ သွားနေတဲ့လမ်းခရီးမှာတင် ဘတ်ကက်ဆိုတဲ့ နာမည်ကြီး မိန်းကလေးတွေအသည်းစွဲ ဟော့ရှော့မင်းသားနဲ့ တွေ့ခဲ့ပါတယ်၊ တွေ့ကတည်းက ဘုနဲ့ဘောက်ပေါ့။ အိုင်ယာလန် မြိုငယ်လေးကိုရောက်တော့လည်း တည်းတဲ့နေရာမှာ တစ်နေရာတည်းဖြစ်နေကြသောအခါ.... ဘဝကို အပြောင်းအလဲဖြစ်ချင်နေတဲ့ ကောင်မလေးတစ်ယောက် ဒီနေရာသစ်တစ်ခုမှာ ပညာတွေဘယ်လိုယူပြီး တိုးတက်သွားနိုင်မလား... စိတ်ကြီးဝင် အသောက်အစား အပျော်အပါးမက်တဲ့ ရုပ်ရှင် မင်းသားတစ်ယောက်ရဲ့ ဘဝအမှန်တွေ.... တစ်ယောက်ကို တစ်ယောက် စတွေ့တုန်းက ကြည့်မရကြပေမယ့် ဘယ်လိုအဆင်ပြေပြီး အထောက်အပံ့တွေ ပေးနိုင်သွားမယ်... ဆိုတာကို ရိုက်ကူးထားတဲ့ အချစ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ စိမ်းစိုသာယာနေတဲ့ အိုင်ယာလန်ရှုခင်းတွေ မျက်စိအေးအောင် ကြည့်ရမယ်၊ အိုင်ရှစ်ရိုးရာသံစဉ်တွေ ဓလေ့တွေ လူအကျင့်စရိုက်လေးတွေ လေ့လာခွင့်ရမယ်။ ခွင့်လွှတ်ခြင်း၊ မေတ္တာတရား၊ မိသားစု၊ သံယောဇဉ်တွေ ရသအဖုံဖုံ ခံစားရမှာပဲဖြစ်ပါတယ်။ အားလုံးပဲကြည့်ရှုခံစားပြီး ဘဝအမောပြေပျောက်နိုင်ကြပါစေခင်ဗျာ.... (  အညွှန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ပဲ ဖြစ်ပါတယ် ) File size…1.99GB / 797MB Quality…Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….1h 59m Genre ..... Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Mystery • Thriller
7 2021 119 mins
Finding You
The Ghost and the Darkness
6.8

90 born တွေဆို ငယ်ဘဝတုန်းက လူသားတွေနဲ့ ခြင်္သေ့တွေ အသဲတယားယား ဘတပြန်ကျားတပြန် တိုက်ခိုက်ခဲ့တာကို မှတ်မိကြမယ်ထင်ပါတယ်။ ဇာတ်လမ်းအကြောင်းမပြောခင် ဒီဖြစ်ရပ်ကြီးက အပြင်လောကမှာ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ဆိုတာ ပြောပြချင်ပါတယ်... ဇာတ်လမ်းကတော့ လန်ဒန်က တံတားအင်ဂျင်နီယာ ကယ်နယ်တစ်ယောက်ကို အာဖရိကတိုက် ဆာဗိုဆိုတဲ့နေရာမှာ ငါးလအတွင်း တံတားတစ်ခု အပြီးဆောက်ခိုင်းတာပါ။ ဒါပေမဲ့ ကာနယ်ရောက်သွားတဲ့အချိန်မှာ အခက်အခဲပေါင်းစုံ ကြုံတွေ့ရပါတော့တယ် အလုပ်သမားအချင်းချင်း မတည့်တာမျိုး ဆေးရုံကောင်းကောင်းမရှိတာမျိုး စသဖြင့်ပေါ့၊ ဒါပေမဲ့ တကယ်ပြဿနာကြီးကတော့ ခြင်္သေ့တွေ လူလာလာဆွဲတဲ့ကိစ္စပါ။ ပထမပိုင်းတော့ ကာနယ်တစ်ယောက် အပင်ပေါ်ကနေ တစ်ကောင်သတ်ပေးလိုက်တော့ အလုပ်သမားတွေလည်း ပျော်ရွှင်၊ သူလည်း သူရဲကောင်းဖြစ် တံတားထိုးတာလည်း အဆင်ပြေပြေနဲ့ပေါ့၊ နောက်ပိုင်းကျတော့ ခြင်္သေ့တွေက ပိုအတင့်ရဲလာ လူတွေပိုသတ်လာပြီး တံတားလည်းမဆောက်နိုင် ခြင်္သေ့လည်းမသတ်နိုင်နဲ့ ဒုက္ခတွေရောက်လာတဲ့အချိန် အာဖရိကလူမျိုးစုတွေနဲ့အတူ အမဲလိုက်တတ်တဲ့ နာမည်ကျော်မုဆိုးတစ်ယောက် ရောက်ရှိလာခဲ့ပါတော့တယ်။ အဲဒီမှာ ဆိုးသွမ်းနေတဲ့ခြင်္သေ့တွေကို နှစ်ယောက်သား အောင်မြင်စွာသတ်နိုင်ပြီး ကိုယ်စီအိပ်မက်တွေ ပြည့်ဝကြမလားဆိုတာတော့ ဆက်လက်ရှုစားရမှာပါ...။ မင်းသားနှစ်ပါးကတော့ Top Gun မှာ Iceman အဖြစ်လူသိကြမယ့် Val Kilmer ကြီးရယ် Basic Instinct တို့မှာလည်း ပါဝင်ဖူးတဲ့ မင်းသားကြီး Michael Douglas တို့ အပြိုင်ကြမ်းထားကြတာပါ။ ကျွန်တော်ကတော့ ဒီကားကြည့်နေရင်း မြန်မာစကားပုံဖြစ်တဲ့ "ကုလားသိုက် ကျားဝင်ကိုက်" ဆိုတာကို ပြေးတောင်မြင်မိသေးတယ်ဗျာ...။ File size…(3.7GB)  / (1.5GB) / (1.0B) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:50:00 Genre...Adventure / Drama / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thura Aung

Comedy
6.8 1996 109 mins
The Ghost and the Darkness
Ottu
5.6

မင်းသမီးချောလေး Eesha Rebba က အစွမ်းကုန်လှပေးထားတဲ့ ဒီဇာတ်ကားမှာဆိုရင်တော့ အရင်ကကားတွေနဲ့သိပ်မတူပါဘူး မစ်ရှင်တော့မစ်ရှင်ပေမဲ့ မှတ်ဉာဏ်ပြန်ရအောင်လုပ်ပေးရမဲ့မစ်ရှင်ပါ ကီချူးနဲ့ ကလျာနီဆိုတာကစုံတွဲပါ နိုင်ငံရပ်ခြားမှာအခြေချချင်ပေမဲ့ ပိုက်ဆံကမရှိဘူးပေါ့ ဒီလိုနဲ့ပိုက်ဆံရှာဖို့အလုပ်ပေါ်လာပါတယ် ကီချူးဦးလေးရဲ့အဆက်နဲ့ ကီချူးကိုအဖွဲ့တစ်ဖွဲ့ကငှားတာပါ သူကလူတွေနဲ့ဆက်ဆံရာမှာ တကယ်တော်တဲ့လူတစ်ယောက်ဆိုတော့ သူနဲ့ဖော်ရွေမှုကိုသုံးပြီး အတိတ်ပြန်ဖော်ချင်ကြတယ်ပေါ့ သူမှတ်ဉာဏ်ပြန်ဖော်ပေးရမဲ့လူကတော့ တစ်ချိန်တုန်းက ရွှေမှောင်ခိုဂိုဏ်းခေါင်းဆောင်ရဲ့ ညာလက်ရုံးတစ်ယောက်ပါ အက်ဆီးဒင့်ဖြစ်ပြီးအတိတ်မေ့သွားတော့ ရွှေ‌တွေရှိတဲ့နေရာပါမေ့သွားပါတယ် အဲဒီရွှေတွေကလည်းကုဋေ၃၀လောက်တန်တော့ ဒီရွှေတွေကိုရချင်တဲ့လူတစ်သိုက်၊ မှတ်ဉာဏ်ပြန်ရအောင်လုပ်ပေးရမဲ့ ကီချူးတို့နဲ့ အတိတ်မေ့နေတဲ့ဒေးဗစ်တို့ရဲ့ အရှုပ်တော်ပုံတွေကိုကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ် Rating အနေနဲ့လည်း 5.9ထိရထားတဲ့ကားကောင်းဆိုတော့ လက်မလွှတ်သင့်ပါဘူးရှင် File size…1.7GB / 800MB Quality…1080p WEB DL /720p Format…mp4 Duration….2h 6m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~NyeinAye

Drama • Horror • Mystery
5.6 2022 105 mins
Ottu
Olvido y León
6

ဇာတ်ကားနာမည်အတိုင်းပဲ အော်ဗီဒို နဲ့ လီယွန်တို့ မောင်နှမ နှစ်ယောက် အကြောင်းကို အဓိက တင်ဆက် ထားပါတယ်။ မွေးဖွားတဲ့နေ့ရက်တူပေမယ့် ကံကြမ္မာမတူတဲ့ သူတို့နှစ်ယောက်မှာ လီယွန်က Down Syndrome ဝေဒနာသည်လေး အဖြစ် မွေးဖွားလာခဲ့ပါတယ်. အဖေရော အမေပါ ဆုံးသွားပြီးတဲ့နောက် သူတို့နှစ်ယောက် တည်း ကျန်ခဲ့တဲ့အချိန်မှာ ဘယ်သူ့ကိုမှ မျက်နှာသာမပေးတဲ့ လောကဓံတရားကလည်း သူတို့ကို ပြင်းထန်စွာ ရိုက်ခတ် လာပါတော့တယ်။ မိဘမဲ့အနေနဲ့ အစိုးရထောက်ပံ့ကြေး ယူ ထားရင်းနဲ့ပဲ ဝါသနာပါတဲ့ သရုပ်ဆောင် အလုပ်ကိုလည်း လက် မလွှတ်နိုင်ဘဲ အောင်မြင်မှုနဲ့ ဝေးကွာရင်း စိတ်ကျန်းမာရေးပါ ထိခိုက်လာတဲ့ အော်ဗီဒို၊ အစ်မဖြစ်သူရဲ့ အခြေအနေကို အဆုံး စွန်ထိ ကာကွယ်ပြောဆိုရင်း ဉာဏ်ရည်မဖွံ့ဖြိုးပေမယ့် မေတ္တာ တရားများ ဖွံ့ဖြိုးကြီးထွားလာသူ လီယွန်တို့နှစ်ယောက် အခက် အခဲတွေကို ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲ။ ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြိုးစားရလောက်တဲ့အထိ စိတ်ဓာတ် တွေ ကျဆင်းနေသူအတွက် လီယွန်ရဲ့ ရိုးရှင်းစွာအားပေးလိုက်တဲ့ စကားလေးတစ်ခွန်းကိုလည်း ပြောပြချင်ပါတယ်။ “You Can Also Die of Success” (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Sai Sumali ဖြစ်ပါတယ်) File Size..........(1.7 GB) / (650 MB) / (380 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1H 47Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Sai Sumali Encoder..........SWM

Adventure • History
6 2021
Olvido y León
Drishyam 2
8.1

IMDb-8.6/10 ကဲ တောင်းဆိုနေတဲ့ Drishyam 2 CMပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီ ရုံတင်ငွေ ကုဋေ 300ကျော် ရခဲ့တဲ့ အဂျေးရဲ့ 2022 စံချိန်တင်၀င်ငွေရတဲ့ကားပါ ဒီတစ်ခေါက်မှာဗီဂျေးရင်ဆိုင်ရမယ့်လူကတော့ စစ်တုရင်ကိုတောင်စိတ်နဲ့ဆော့ပြီး အနိုင်ယူတဲ့အထိဉာဏ်ပြေးလွန်းတဲ့ ပြည်နယ်ညွှန်ကြားရေးမှူးတစ်ယောက်ပါ ဇာတ်လမ်းအညွှန်းကတော့ Drishyam မှာဖြစ်ပျက်ခဲ့တာတွေအပြီး 7 နှစ်အကြာ ဗီဂျေးဟာ ရုပ်ရှင်ရုံပိုင်ရှင်ဖြစ်လာပြီး သူတို့ဖြစ်ရပ်ကို ပြန်ရိုက်ဖို့အတွက် အိမ်၀န်းရဲ့တစ်စိတ်တစ်ပိုင်းကိုရောင်းပြီး ရင်းနှီးမြှုပ်နှံခဲ့ပါတယ် သို့ပေမယ့် တစ်နှစ်ကြာသည်ထိရုပ်ရှင်ကအကောင်အထည်ပေါ်မလာခဲ့ပါဘူး သူ့ဇာတ်လမ်းကိုလူအများကသဘောကျကြပေမယ့် ဇာတ်သိမ်းကိုတော့ အားမရကြပါဘူး လက်တွေ့ဘ၀မှာလည်း ၇ နှစ်ကြာသည်ထိ သားဖြစ်သူအတွက် အခဲမကျေနိုင်ဖြစ်နေတဲ့ မီရာဟာ အိန္ဒိယကိုပြန်ရောက်နေခဲ့ပါတယ် သူ့သားရဲ့ ဝိဉာဉ်အေးချမ်းဖို့အတွက်အလောင်းနေရာကိုမေးခဲ့ပေမယ့် ဗီဂျေးကမပြောပြခဲ့တော့ ထက်မြတ်တဲ့ရဲအရာရှိဖြစ်ခဲ့ဖူးတဲ့မီရာဟာ သားအတွက် တရားမျှတမှုဘယ်လိုရအောင်ပြန်ရှာမလဲ ဗီဂျေးကရော ဘယ်လိုမျိုးဉာဏ်လျင်လျင်နဲ့ ကျော်လွှားဖြေရှင်းပြဦးမလဲ ဒီတစ်ခါသူ့ရင်ဆိုင်ရမယ့်ဖြစ်ရပ်ကနေရော အများသဘောကျကျေနပ်မယ့် ဇာတ်သိမ်းမျိုးရနိုင်မလား ကြည့်ရှူခံစားကြည့်ပါဦး File size…1.92GB / 847MB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by OeliuJ ~ BpL ~ Yunni ~ Cherry

Comedy • Horror
8.1 2022 142 mins
Drishyam 2
Aquamarine
6.4

ဒီနေ့မှာတော့ CM ပရိသတ်ကြီးတို့ အကျွမ်းတဝင်ဖြစ်နေမဲ့ ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဆံပင်အပြာလေးနဲ့ Aquamarine ဆိုတဲ့ ရေသူ မလေးကို တော်တော်များများ မှတ်မိကြမှာပါ။ ရေသူမကားတွေအကြောင်း ပြောကြရင် Aquamarine က မပါမဖြစ်ပေါ့။ ငယ်ငယ်ကဆို highlight အပြာတွေ အရောင်ပြောင်းတဲ့လက်သည်းတွေ လိုချင်လိုက်ရတာ။ တီရှပ်ကို ဂါဝန်ပြောင်းဝတ်တာကလည်း ကိုယ်တွေအတွက် မျက်လှည့်ပြလိုက်သလို အထူးအဆန်းကြီးကိုဖြစ်လို့ပါပဲ။ ဒါ့အပြင် ဆယ်ကျော်သက်ကောင်မလေး နှစ်ယောက်ရဲ့ crush လိုက်နည်းအဖြာဖြာနဲ့ သူငယ်ချင်းသုံးယောက်ရဲ့ ခင်မင် မှုတွေကလည်း ရင်ထဲကျန်နေရစ်ခဲ့တာပေါ့။ မြှောက်ပြောတတ်တဲ့ ကြယ်ငါး လေးတွေကိုလည်း ချန်ထားခဲ့လို့မရပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ ဟေလီနဲ့ ကလဲရ်ဆိုတဲ့ ဆယ်ကျော်သက်ကောင်မ လေးနှစ်ယောက်က အချစ်ဆုံးသူငယ်ချင်းတွေပါတဲ့။ အဏ္ဏဝါဇီဝဗေဒပညာရှင် ဖြစ်တဲ့ဟေလီ့အမေက သူ့အလုပ်ကြောင့် ဩစတြေးလျကိုပြောင်းရဖို့ဖြစ်လာ ပါတယ်။ ကလဲရ်နဲ့မခွဲချင်တဲ့ဟေလီက သူ့အမေနဲ့ စစ်အေးတိုက်ပွဲဆင်နွှဲနေတာ ပေါ့။ ဒီလိုနဲ့မုန်တိုင်းထန်တဲ့တစ်ညမှာ အဖေဖြစ်သူစီစဉ်ပေးတဲ့ မင်္ဂလာပွဲကိုလက် မခံဘဲ အချစ်ကိုရှာမယ်ဆိုပြီး အိမ်ကထွက်ပြေးလာတဲ့ ရေသူမလေးအကွာမရင်းက လှိုင်းပုတ်ရာကနေ ကလဲရ်တို့ရေကူးကန်ထဲရောက်သွားပါတယ်။ အဲဒီမှာပဲ အကွာ မရင်းက ဟေလီတို့နဲ့ရင်းနှီးသွားပြီး သူ့ကိုကူညီပေးရင် ဆုတောင်းတစ်ခုပြည့်လိမ့် မယ်လို့ပြောပါတယ်။ မခွဲချင်ကြတဲ့ သူငယ်ချင်းနှစ်ယောက်က သူတို့အနှစ်နှစ်အလလလေ့လာထားတဲ့ crush လိုက်နည်းအစုံနဲ့ အကွာမရင်းတစ်ယောက် အချစ်ကိုပိုင်ဆိုင်လာအောင် ကူညီပေးပါတော့တယ်။ ကဲ ငယ်ဘဝက ဇာတ်လမ်းလေးကို ပြန်ကြည့်ရင်း အမှတ် တရတွေ ပြန်လည်ခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်) File Size..........(2.33 GB) / (1.25 GB) Quality............BLU-RAY 1080p / 720p Duration.........1Hr 50Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Family, Fantasy Translator.......EL Encoder..........SWM

Drama • Mystery
6.4 2006 104 mins
Aquamarine
The Witcher: Nightmare of the Wolf
7.6

ဒီ Animationဇာတ်လမ်းက​တော့ The Witcher universeထဲက ဇာတ်လိုက်​ကျော်ကြီး Geralt of Riviaအ​ကြောင်းမဟုတ်ပါဘူး။ သူ့ရဲ့ဆရာ Vesemir : The Nightmare of the Wolfရဲ့ ဘဝဇာတ်​ကြောင်းကို အ​ခြေခံရိုက်ကူးထားတာပါ။ ဒါ​ကြောင့် Live Action season1ရဲ့ timelineထက် ပို​စောပါလိမ့်မယ်။ ဒီAnimationထဲမှာ Vesemirရဲ့ ငယ်ဘဝဇာတ်​ကြောင်း၊ Witcher တစ်​ယောက်ဖြစ်လာဖို့ ​ကျော်ဖြတ်ရတဲ့စမ်းသပ်မှု​တွေ၊ သူ့ရဲ့စွန့်စားခန်း​တွေနဲ့အတူ ​ရှေးအယူအရ သာမန်လူ​တွေရဲ့ witcher​တွေအ​ပေါ် သ​ဘောထားကိုလည်း ​ပေါ်လွင်​အောင်ရိုက်ကူးပေးထားပါတယ် ဒါ့အပြင် Kaedwen တိုင်းပြည်က Madam Tetra Gilcrestကလည်း Witcher​တွေကို ရန်ငြိုးရန်စရှိတဲ့အတွက်​ကြောင့် မ​ကောင်းဆိုးဝါး​​တွေ၊ နတ်ဆိုး​​တွေနဲ့ပူး​ပေါင်းပြီး Vesemirတို့ရဲ့ Witcherတိုင်းပြည်ကြီးကို အပြီးတိုင် အမြစ်ဖြတ်ပစ်ဖို့ ကြိုးစားလာတဲ့အခါမှာ.... Witcher verseရဲ့ထုံးစံအတိုင်း ကြမ်းကြမ်းတမ်းတမ်းအ​ပြောအဆို​တွေ၊ သတ်ခန်းဖြတ်ခန်း​တွေကို ​သွေးသံတရဲရဲနဲ့ ပီပီပြင်ပြင်တင်ဆက်ထားတာ​ကြောင့် R -ratedအဖြစ် သတ်မှတ်လို့ရပါတယ် သိပ်မကြာခင်ထွက်လာ​တော့မယ့် Witcher Season 2မှာလည်း ဒီကားရဲ့ ဇာတ်​ဆောင် Vesemirပြန်လည်ပါဝင်လာမှာမလို့ ဒီ​နေ့ထွက်ဇာတ်ကားအသစ်​လေးနဲ့ သူ့ရဲ့ဘဝဇာတ်​ကြောင်း​ကို animation​ကောင်း​ကောင်း ၊ Actionအရသာအပြည့်နဲ့ ကြည့်ရှုရင်း Witcher Universeထဲကို လိုက်ပါစီး​မြောလိုက်ရ​အောင်ပါ File size…901MB and 1.3GB Quality…720p WEB H264 and 1080p WEB H 264 Format…Mp4 Duration….1h 21min Subtitle….Myanmar Subtilte (Hard Sub) Encoder….YK Translated by Pyi T Nyein & JImX

Crime • Drama
7.6 2021 83 mins
The Witcher: Nightmare of the Wolf
Hustlter vs Scammer
5.8

Hustler vs Scammer (2023) “ကလိမ်စေ့ ငြမ်းဆင်” တို့ “ခေါင်းတုံးပေါ်ထိပ်ကွက်” တို့ စကားလုံးတွေကြားဖူးကြမှာပါ အဲ့လိုစကားလုံးတွေနဲ့ လိုက်ဖက်တဲ့ လူလိမ်ကားမျိုးလေး သဘောကျတတ်ရင်တော့ ဒီကားလေးက မိတ်ဆွေတို့အတွက် အပန်းပြေကြည့်ကို ကြည့်သင့်တဲ့ကားလေးပါပဲ။ ဒါ့အပြင် ကိုယ်တွေနဲ့လဲ ယဉ်ကျေးမှုသိပ်မဝေးတဲ့ ဗီယက်နမ်ကားလေးဆိုတော့ ကြည့်ရတာ တော်တော်လေးကို အဆင်ပြေပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ခိုအာ ဆိုတဲ့ Low Level လူလိမ်လေးတစ်ယောက်ဟာ လမ်းကြိုလမ်းကြားတွေမှာ တစ်ပြားနှစ်ပြားလောက်လိမ်တဲ့ကောင်ပေါ့။ စိတ်ထားလေးကလဲ မဆိုးရှာဘူးလေ။ တစ်နေ့တော့ သူ့ထက်မြင့်တဲ့ Medium Level လူလိမ်တစ်စုနဲ့ ဆုံပြီး လိမ်လည်မှု အတတ်ပညာရပ်တွေ သင်ရင်းက သူတို့သွားမလိမ်သင့်တဲ့ အလှကုန်တွေ ရောင်းတဲ့ မမကြီး တစ်ယောက်ကို သွားလိမ်မိရာကနေ ဘယ်လိုအရှုပ်အရှင်းတွေနဲ့ တွေ့ရပြီး ဘယ်လိုတွေဖြေရှင်းကြမလဲဆိုတာ ဇာတ်လမ်းသွားလှည့်ကွက်လေးတွေနဲ့ စိတ်ဝင်တစားကြည့်ရှုရမဲ့ ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama Quality…. 1080p | 720p | 480p File size… 1.8GB | 976MB | 480MB Format… mp4 Duration…. 2h 15min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

Drama
5.8 2023
Hustlter vs Scammer
Riceboy Sleeps
7.6

Riceboy Sleeps (2022) IMDb – 7.6/10, Rotten Tomatoes – 95% ~ 90 ခုနှစ်တွေမှာ ဇာတ်အိမ်တည်ထားပြီး သားငယ်အတွက် ပိုကောင်းတဲ့ဘဝကိုရည်ရွယ်လို့ ကိုရီးယားကိုစွန့်ကာ ကနေဒါကိုလာခဲ့တဲ့ အာဃ မုဆိုးမလေး ဆိုယွန်းနဲ့ သားလေး ဒုံဟျွန်းတို့ ၂ယောက်အကြောင်းကို ကိုယ်ပိုင်မှတ်ဉာဏ်တွေလိုမျိုး ညှင်ညှင်သာသာလေး ဆွဲခေါ်ပြသွားမယ့် ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ လူမျိုးရေးခွဲခြားမှုတို့ ခွဲခြားဆက်ဆံမှုတို့လို အသုံးအနှုန်းတွေကို ရေရေလည်လည် သုံးတတ်ကြသူတချို့ဟာ ကိုယ်တိုင်က အဲ့ဒီ့လို ပြန်အထောက်ခံရတဲ့အခါ ဆတ်ဆက်ထိမခံဖြစ်တတ်ကြတဲ့သဘာဝကိုလည်း မြင်ရမှာပါ။ နိုင်ငံကြီးသားဆိုတာ နိုင်ငံက “ကြီး” နေတာကို ပြောတာမဟုတ်ဘဲ လူက ကြီးမြတ်တာကို ပြောတာဆိုသလိုပါပဲ “နိုင်ငံကြီး”မှာနေသလောက် “နိုင်ငံကြီးသား” မဟုတ်တဲ့ သူတွေနဲ့ နေ့စဉ်ဘဝမှာ ရင်ဆိုင်ရမယ့် အရှေ့တိုင်းသား သားအမိရဲ့ နိစ္စဓူဝဒုက္ခအဖုံဖုံ…။ အက်ရှင်ကားတို့ ဒရမ်မာ အပြင်းစားတို့ မဟုတ်ပေမယ့်လည်း ကြည့်သူကို ထပ်တူကျလိုက်ခံစားမိစေမယ်ဆိုတာတော့ အာမခံနိုင်ပါတယ်။ ကိုယ်တိုင်လည်း အရှေ့တိုင်းသားဖြစ်တဲ့အလျောက် ဒီထဲက ဆိုယွန်းဟာ ကိုယ့်အမေ မဟုတ်၊ ကိုယ်အမေနဲ့ တစ်စက်မှ မတူသည့်တိုင် အမေ့ကို ပြန်သတိရစေမယ့် ခံစားမှုမျိုးကို ပေးနိုင်တဲ့ သိပ်လှတဲ့ ရုပ်ရှင်တစ်ခုပါ။ ရုပ်ရှင်သမားတွေအတွက်ပြောချင်တာကတော့ ဒီရုပ်ရှင်ဟာ တစ်ကားထဲမှာတင် Aspect Ratio ၂ခု သုံးသွားတယ်ဆိုတာလေးပါ။ ဘယ်နေရာမှာ ဘယ်လိုပြောင်းသွားပြီး ဘာကြောင့်များ ပြောင်းသုံးသလဲဆိုတာ လေ့လာချင်တယ်ဆိုရင်တော့ ဒေါင်းကြည့်လိုက်ရုံပါပဲ။ ရုပ်ရှင်ဖန်တီးသူ Anthony Shim ဟာ သူ့ငယ်ဘဝရဲ့ တမ်းတစရာတချို့တွေကို ဒီရုပ်ရှင်မှာ ဖော်ပြသွားတာ ရင်နှင့်အမျှပါပဲ။ နောက်ပြီး TIFF တို့ Busan တို့လို ပွဲကြီးတွေရဲ့ ဆုတွေအပါအဝင် ဆုပေါင်း ၂၃ ဆုရရှိထားပါသေးတယ်…။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 935MB Quality – 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 1H 57Min Genre – Drama, Family, History Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Comedy • Thriller • Horror
7.6 2022
Riceboy Sleeps
Killer Book Club

ဇာတ်လမ်းအကျဉ်းကတော့ တက္ကသိုလ်တစ်ခုက ကျောင်းသားတစ်စုဟာ ရသစာပေခံစားချက်တွေကို မျှဝေဖို့စာအုပ်အသင်းတစ်ခုဖွဲ့ခဲ့ကြတယ်။ အဲ့မှာတစ်ယောက်က သေမင်းတမန်လူပျက်စာအုပ်အကြောင်းဆွေးနွေးပြီးနောက်ပိုင်း မတော်တဆ လူသတ်မှုတစ်ခုမှာ သူတို့အားလုံးပါဝင်ခဲ့သလိုဖြစ်သွားကြတယ်။ နောက်တော့ အမည်မသိစာရေးဆရာက သူတို့ရဲ့အကြောင်းကို အခြေခံပြီးတော့ လူမှုမီဒီယာအပေါ်မှာ သည်းထိတ်ရင်ဖို အခန်းဆက်ဝတ္တုတစ်ပုဒ်ကိုဖန်တီးပြီး တစ်ပိုင်းမှာတစ်ယောက်ချင်းစီကို သတ်ပစ်မယ်ဆိုပြီး liveလွှင့်ပြီးခြိမ်းခြောက် ပြောဆိုခဲ့တာပေါ့။ သူတို့အဖွဲ့ဟာ တစ်ယောက်နဲ့တစ်ယောက် အယုံအကြည် ကင်းမဲ့နေချိန်မှာ တက္ကသိုလ်ကျောင်းဝင်းအလယ်မှာ ရှင်သန်ဖို့အတွက် ကြိုးပမ်းလာကြပြီး နောက်တစ်ခန်းမှာ ဘယ်သူကသားကောင် ဘယ်သူကလူသတ်သမားဖြစ်သွားမလဲဆိုတာကို horror movie ပီပီ သွေးထွက်သံယို တင်ဆက်မှုကောင်းကောင်းနဲ့ ကြည့်ရှုခံစားကြပါလို့ ညွှန်းဆိုလိုက်ရင်း…. File size…1.13GB / 500MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 29m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zwel Zan Aung

TV Movie • Mystery • Thriller • Drama
0 2023 89 mins
Killer Book Club
Coming Soon
6.1

ဒီရုပ်ရှင် ရဲ့ ပုံစံ ကတော့ ဖြစ်ရပ်မှန် လူသတ်မှု တစ်ခုကို အခြေခံ ပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဟာ ရုံတင်ပြသဖို့ ရုပ်ရှင်ရုံ တစ်ခုကိုရောက်ရှိလာပါတယ် ဖြစ်ရပ်မှန်ကို ပြန်ရိုက်ထားတာမို့ အလွန်နာမည်ကြီးနေပါတယ် ခိုးကူးတွေကလဲ ဖလင်အခန်း က ဝန်ထမ်းဖြစ်တဲ့ ရှန်း ကို ပိုက်ဆံပေး ခိုင်းစေပါတယ် ရှန်း ဟာ မကြာသေးခင်ကမှ လောင်းကစား များ ဆေးသုံးမှု များနဲ့ အကြွေးတင်နေသူ ဖြစ်တာကြောင့် ရုပ်ရှင်ကို ကင်မရာဖြင့် ညဘက် ခိုးရိုက်ထားဖို့ သဘောတူလိုက်ပါတော့တယ်… သို့ပေမယ့် တစ်ခြားဝန်ထမ်းတွေ မသိအောင် ဖလင်ခန်း ဝန်ထမ်း ရှန်း တစ်ယောက် ရုံထဲတွင် ရုပ်ရှင်ကားကို ခိုးရိုက်တဲ့အခါ မမျှော်မှန်းထားတဲ့ အဖြစ်အပျက်တွေ ထိတ်လန့်ချောက်ချားဖွယ်များ စတင်ကြုံတွေ့ရပါတယ် သူ့အတွက် ကံဆိုးမှုတွေကျရောက်တော့မယ်အချိန်ဆိုတာကို သူကိုယ်တိုင် မသိခဲ့သော အခါ…. (ဆက်လက်ကြည့်ရှုပါရန်) File size… 990 MB / 440 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 20m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by.. Wut Mhone

Action • Crime • Thriller • Comedy • Adventure
6.1 2008
Coming Soon
Carousel

CM ပရိသတ်ကြီးကို ဆွီဒင်စကားပြော Horror ရုပ်ရှင်ကောင်း တစ်ကားဖြစ်တဲ့ Carousel (Karusell) နဲ့ မိတ်ဆက်ပေးချင်ပါတယ်…။ ဇာတ်ကြောင်း လစ္စဘတ်အမည်ရ ကစားကွင်း ပန်းခြံကျယ်ကြီးမှာ အလုပ်လုပ်တဲ့ ဖီအိုနာတစ်ယောက် တစ်နေ့မှာ ဟောလိုဝင်းအကြို ဖွင့်ပွဲမတိုင်ခင် အစမ်းကစားခွင့် မဲပေါက်တဲ့ အထူးဧည့်သည်တွေကို ညပိုင်းလိုက်လံ ပြသပို့ဆောင်ပေးဖို့ တာဝန်အပေးခံရပါတယ်။ ဖြစ်ချင်တော့ မဲပေါက်တဲ့ ဧည့်သည်အုပ်စုက ဖီအိုနာရဲ့ အရင်က သူငယ်ချင်းဟောင်းတွေ ဖြစ်နေတာပါ။ အရင်က ပါတီတစ်ခုမှာ အုပ်စုလိုက် အပျော်လွန်ပြီး သူငယ်ချင်းတစ်ယောက် စိတ်ကြွဆေး အသုံးလွန် မတော်တဆမှု ဖြစ်ပြီးတဲ့နောက်ပိုင်း အချင်းချင်း အပြစ်တင် ခွာပြဲပြီး အဆက်အသွယ်ပြတ်ခဲ့ကြတဲ့ သူငယ်ချင်းတွေပါ။ ဆုံးသွားတဲ့ သူငယ်ချင်းရဲ့ သေဆုံးမှု တစ်နှစ်ပြည့်နေ့မှာ တိုက်ဆိုင်စွာနဲ့ သူတို့တွေ အုပ်စုလိုက် ပြန်လည်ဆုံတွေ့မှုမှာ ဘာတွေ ဆက်ဖြစ်လာဦးမလဲ။ ဘယ်လိုထိတ်လန့်ကြောက်ရွံ့စရာတွေ ကြုံကြမလဲဆိုတာ…။ File size…1.37GB / 600MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Horror • Thriller
0 2023 93 mins
Carousel
And Life Goes On
7.9

And Life Goes On (1992) ~ IMDb – 7.9/10, Rotten Tomatoes – 100% ~ ရုပ်ရှင်ရိုက်တာဟာ ကဗျာရေးတာနဲ့ တူနေမလားတော့ ကျွန်တော်မသိဘူး။ တချို့ကဗျာတွေ ခင်ဗျားတို့မြင်ဖူးတယ်မလား။ နိမိတ်ပုံတွေ စကားလုံးအဆန်းအပြားတွေ နိုင်းချင်းထည့်ထားပြီး ဘာခံစားမှုမှမပေးနိုင်တာတွေလည်းရှိတယ်။ ဆရာ့ဆရာကြီးတွေကတော့ ဒီလိုမျိုးတွေကို စကားလုံးနဲ့ မလုံလောက်တဲ့ ခံစားမှုတွေအတွက် သုံးတာလို့တော့ ကျွန်တော်မြင်တယ်။ သူတို့ဆီကနေ သေချာတဲ့ ခံစားချက်တစ်ခု ကျွန်တော်တို့အမြဲရတယ်။ ဒါပေမဲ့ တမင်ကြီးလုပ်ယူရေးထားတာတွေမှာတော့ ကျွန်တော်တို့ကို ဘာခံစားချက်မှ မပေးနိုင်ဘူး။ ကျွန်တော်တို့သာ လုပ်ယူမခံစားရင်ပေါ့။ ဒီလိုပဲ ဆန့်ကျင်ဘက်အနေနဲ့ သိပ်ကိုရိုးရှင်းပြီး ဘာမှမဟုတ်ပါဘူးလို့ ထင်ရပေမဲ့ တော်တော်လှနေတဲ့ ကဗျာတွေလည်းရှိတယ်။ ကဗျာကို မခံစားတတ်ရင်တော့ ကျွန်တော်တို့ တစ်ရာဖိုးသုံးပုဒ်လို့ပြောတဲ့ ကဗျာတွေရဲ့ရိုးရှင်းမှုနဲ့ ဒီကဗျာတွေရဲ့ ရိုးရှင်းမှုကို ကွဲပြားလိမ့်မယ်မထင်ဘူး။ ဒါပေမဲ့ ဒီလိုကဗျာတွေရေးဖို့က ပိုခက်တတ်တယ်။ သီအိုရီနဲ့မှမဟုတ်ပါဘူး ခံစားမှုသက်သက်နဲ့လည်း သိနိုင်တဲ့အရာတွေပဲ။ Abbas ဟာ ရုပ်ရှင်ကို ကဗျာရေးသလိုရိုက်တဲ့လူလို့ပြောရမလားမသိပါဘူး။ သူ့ရုပ်ရှင်တွေကအမြဲ ကျွန်တော်ပြောခဲ့တဲ့ ဒုတိယအမျိုးအစားကဗျာတွေနဲ့ အမြဲတူနေတယ်။ ရုပ်ရှင်နာမည်နဲ့ ရုပ်ရှင် ချိတ်ဆက်ပုံမှာလည်း အမြဲ ကဗျာနဲ့သူ့ခေါင်းစဉ်ကို ပိုင်းခြားမရသလိုဖြစ်အောင် ရုပ်ရှင်နာမည်ကို သူအမြဲပေးနိုင်တယ်။ And Life Goes On (1992) ဟာ Abbas ရဲ့ Koker Trilogy ထဲက ဒုတိယကားဖြစ်သလို တကယ့်ဖြစ်ရပ်မှန်အပေါ်ခြေတည်ပြီး သူတကယ်ကြုံတွေ့ခဲ့ရတာတွေကို အခြေခံပြီး ရိုက်ကူးထားတယ်။ ငလျင်ကြီးလှုပ်ပြီးတဲ့နောက် ငလျင်ဒဏ်ခံဒေသမှာရှိနေတဲ့ Where Is the Friend’s House? ကားထဲက ကလေးသရုပ်ဆောင်လေးကို သူသွားရှာတဲ့ခရီးမှာ ကြုံခဲ့ရတာတွေကို အခြေတည်ရိုက်ကူးထားတယ်။ ဒီကားနာမည်က And Life Goes on… And ကတော့ ရှေ့က ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ကို ရည်ညွှန်းလိမ့်မယ်။ ဘဝကရှေ့ဆက်နေမှာပဲ ရှေ့ဆက်ရမှာပဲပေါ့။ ဒီအကြောင်းအရာကို Abbas က ခရီးတစ်ခုတည်းနဲ့ပဲ ပီပီပြင်ပြင်ပုံဖော်ထားတာကို ကျွန်တော်တို့မြင်ရမှာပါ။ ဒါကို သူပြထားတာက ငလျင်ကြီးတစ်ခုရဲ့နောက်ဆက်တွဲမှာ ရှင်ကျန်ခဲ့တဲ့လူတွေနဲ့ ပြသထားတယ်။ ဇာတ်ကောင်က ငလျင်ဒဏ်ခံထားရတဲ့နေရာတွေထဲက တစ်နေရာဖြစ်တဲ့ ကို့ကာကို သွားဖို့လုပ်ခဲ့တယ်။ လမ်းမှာလည်း ငလျင်ဒဏ်ခံထားရတဲ့ နေရာတွေအများကြီးဖြတ်ခဲ့ရတယ်။ ဒီလမ်းမှာ အဆုံးအရှုံးတွေနဲ့လူတွေကို သူတွေ့ခဲ့ရတယ်။ ပျက်စီးသွားတဲ့ကိုယ့်အိမ်ကို မပျက်စီးပါဘူးလို့ ကိုယ့်ကိုယ်ကိုယ်လိမ်ပြီး ဆက်ရှင်သန်နေတဲ့လူတွေလည်းရှိတယ်။ အပျက်အစီးတွေကြားမှာ ကျန်တာတွေထက် ရေနွေးအိုးကိုအရပြန်ယူနေတဲ့ လက်ဖက်ရည်မသောက်ဘဲ မနေနိုင်တဲ့ အဘွားတစ်ယောက်လည်းရှိတယ်။ ခင်ဗျားပဲ စဉ်းစားကြည့်။ တစ်မိသားစုလုံးသေပြီး ကိုယ့်ဘေးကလူတွေအားလုံး ဒုက္ခတွေပတ်လည်ဝိုင်းနေတုန်း သူက ရေနွေးအိုးလေးကို အပျက်အစီးတွေကြားထဲက မရမကကိုပြန်ယူနေတဲ့မြင်ကွင်းကိုပေါ့။ ဇာတ်ကောင်က ဒါကိုတွေ့တော့ မေးကြည့်တယ်။ ဒါပေမဲ့ အဘွားကြီး ပြန်ဖြေတာက လက်ဖက်ရည်မသောက်ဘဲ ငါသုံးရက်ကျော်ပြီးမနေနိုင်ဘူးတဲ့ ဘဝကရှေ့ဆက်ရမှာပဲတဲ့။ သုံးရက်တော့ သူပူဆွေးခဲ့မယ်ထင်ပါတယ်။ အဲဒီနောက်မှာတော့ သူ့ဘဝဟာ ရှေ့ဆက်ရမှာပဲ။ သူ့ဘဝကို သူအရသာရှိရှိနဲ့ပေါ့။ သေခြင်းနဲ့ပက်ပင်းတွေ့ပြီးတဲ့အခါ ရှင်သန်ခြင်းရဲ့အရသာကို ပိုသိသွားကြတယ်လို့ပြောကြတယ်။ သူ့ဘဝဟာ အရသာ ပိုရှိကောင်းရှိသွားလောက်ပါတယ်။ ဒီလမ်းမှာ သူထပ်တွေ့ခဲ့တဲ့ ကျန်တာတွေလည်းများတယ်။ ကမ္ဘာ့ဖလားပွဲကြည့်ဖို့ ဒီလောက်အပျက်အစီးတွေ ဆုံးရှုံးမှုတွေကြား အင်တာနာရအောင်ထောင်ပြီး ဟေးလေးဝါးလားကြည့်နေခဲ့တဲ့သူတွေကိုလည်း သူတွေ့ခဲ့တယ်။ သူတို့စကားကတော့ ကမ္ဘာ့ဖလားက လေးနှစ်မှတစ်ခါလာတာတဲ့… ဒီလိုပါပဲ ဘဝဟာ‌ ရှေ့ဆက်သွားနေတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 840MB Quality – BluRay 1080p, 720p IMDb Rating – 7.9/10 Format – mp4 Duration – 1H 35Min Genre – Adventure, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.9 1992
And Life Goes On
Tendaberry

ဒီဇာတ်လမ်းလေးကတော့ အသက်နှစ်ဆယ်ကျော်ကောင်မလေးတစ်ယောက်ရဲ့ ဘဝဖြတ်သန်းမှုနဲ့ သူမကြုံတွေ့နေရတဲ့ ပြသာနာတွေကို ယှဥ်ပြရိုက်ကူးထားတဲ့ ဒရာမာဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ဒါကိုတာက နယူးယောက်မြို့ ‌တောင်ပိုင်းဘရွတ်ကလင်းမှာနေထိုင်တဲ့ အသက်နှစ်ဆယ်ကျော်အရွယ် ဒိုမီနစ်ကန် အမေရိကန်ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ သူက ကုန်တိုက်တစ်ခုမှာ အလုပ်လုပ်ရင်း သူမရဲ့ကောင်လေးဖြစ်တဲ့ ယူကရိန်သားလေးယူရီနဲ့ တူတူနေထိုင်ကြပါတယ်။ ဒါပေမဲ့ တစ်ရက်မှာတော့ ယူရီက သူ့အဖေနေမကောင်းတာကြောင့် ယူကရိန်းကိုပြန်သွားခဲ့ပါတယ်။ ယူရီပြန်သွားမှပဲ ရုရှားနဲ့ ယူကရိန်းစစ်ပွဲက စတင်လာပြီး သူနဲ့ အဆက်အသွယ်ပြတ်သွားပါတော့တယ်။ အဲ့နောက်ကစပြီး ဒါကိုတာက သူမကြုံတွေ့နေရတဲ့ပြသာနာတွေကို ရင်ဆိုင်ရပါတော့တယ်။ ဒါကိုတာက ‌၁၉၈၀ပြည့်နှစ်လောက်က နယ်ဆန်ဆူလီဗန်ဆိုတဲ့ လူတစ်ယောက်က သူ့ဘဝကို မှတ်တမ်းတင်ထားတဲ့တိပ်ခွေတွေကိုကြည့်ရတာကြိုက်ပါတယ်။ သူက ဒီတိပ်ခွေအကြောင်းကို ပြောပြရင်းသူမရဲ့ အခက်အခဲတွေနဲ့ ပြသာနာတွေကို ဘယ်လိုရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာကို ကြည့်ရှုခံစားကြရမှာပဲ ဖြစ်ပါတယ်။ File size… (2.3 GB) / (1.3 GB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre… Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Lwin

Drama • Romance
0 2024
Tendaberry