YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Riverdale.S02E16.Chapter.Twenty-Nine.Primary.Colors.1080p.(CM).mp4

657.25 MB N/A video/mp4 69 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Last Deal
4.3

The Last Deal (2023) =============== ဗင့်စ်က ဆေးရောင်းတဲ့သူပါ။ စိုက်ပျိုးရေးသမားတွေဆီက ဝယ်လိုက် ပစ္စည်းမှာတဲ့သူတွေဆီ သွားပို့လိုက်နဲ့ အလုပ်ဖြစ် နေတာပေါ့။ ဒါပေမဲ့ ကယ်လီဖိုးနီးယားမှာ ဆေးခြောက်က တရားဝင်ဖြစ်သွားတဲ့အခါ ဗင့်စ်တို့လို အရောင်းအဝယ်သမား တွေ ပြဿနာတက်ပါတော့တယ်။ လုပ်ငန်းလိုင်စင်လည်း မရဘဲ အရာရှိတွေကို လာဘ်ထိုးပြီး ခိုးရောင်းနေရတော့ ဗင့်စ် က သူဒီလုပ်ငန်းကိုကြာကြာလုပ်နိုင်တော့မှာမဟုတ်မှန်း နားလည်သွားပါတယ်။ ဒါကြောင့် နောက်ဆုံးအနေနဲ့ သူ့ဘော်ဒါနဲ့အတူ ပိုက်ဆံချေးပြီး ဆေးဝယ်လိုက်တဲ့အခါ အလိမ်ခံလိုက်ရပြီး ပစ္စည်းတွေပါပါ သွားပါတယ်။ အဲဒီမှာပဲ သူ့အကြွေးရှင်က ဗင့်စ်နဲ့သူ့ဘော်ဒါကို လိုက်ဖမ်းတဲ့အခါ ရဲတိုင်လို့လည်းမရတဲ့ ဗင့်စ်တို့ ဘယ်လိုဖြေ ရှင်းကြမလဲဆိုတာ ကြည့်ရှုရမဲ့ crime thriller ကားလေးဖြစ် ပါတယ်။ အိပ်ရာပေါ်ကအခန်းနဲ့ ဝတ်လစ်စားလစ်အခန်းတချို့ ပါဝင်တာကြောင့် မိသားစုနဲ့ကြည့်ရှုဖို့ မသင့်တော်ပါဘူး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်) File Size..........(1.29 GB) / (540 MB) / (310 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 31Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, Thriller Translator.......EL Encoder..........SWM

Action • Drama • Science Fiction • Thriller
4.3 2023 91 mins
The Last Deal
Killer Ambition
4.1

Killer Ambition ဆိုတဲ့ ဇာတ်ကားကတော့ သည်းထိတ်ရင်ဖိုဒရမ်မာကားတွေကြောင့် နာမည်ကြီးတဲ့ Lifetime Movie Clubကနေတင်ဆက်ပေးထားတဲ့ 2022ခုနှစ်ထွက် IMDB rating 4.1 ရရှိထားတဲ့ dramaဇာတ်ကားတစ်ကား​ဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ အမျိုးသမီးတစ်ယောက် လှေဆိပ်မှာ သေဆုံးနေတာကနေ စဖွင့်ထားပါတယ်။ 15 နှစ်အကြာမှာတော့ သေဆုံးသွားတဲ့သူရဲ့သမီးဖြစ်သူဟာ အောင်မြင်တဲ့ ​ေကကေ်မျက်ရတနာကုမ္ပဏီတစ်ခုရဲ့ ပိုင်ရှင် ရည်မှန်းချက်ကြီးတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်လာပါတော့တယ်။ ဒါပေမယ့် သူ လျို့ဝှက်အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်အသင်းကို ဝင်ပြီးတဲ့နောက်မှာတော့ ထူးဆန်းတာတွေဖြစ်လာပါတော့တယ်။ သူ့ကိုတိုက်ခိုက်နေတာကဘယ်သူလဲ။ သူ့ရဲ့လုပ်ငန်းဒီဇိုင်းတွေကို ခိုးယူနေတာကရော ဘယ်သူလဲ။ သူ့အမေရဲ့လူသတ်တရားခံကရော ဘယ်သူလည်းဆိုတာ ရုပ်ရှင်ကားမှာ ဆက်လက်ရှု့စားရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို plotပိုင်းနဲ့ သရုပ်ဆောင်အပိုင်းကို အရမ်းမျှော်လင့်ပြီးမကြည့်ကြရင်တော့ အကောင်းဆုံးဖြစ်ပါလိမ့်မယ် File size…(1.65GB)  / (772MB) / 434.73MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:25:00 Genre...  Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wallace

Fantasy • Romance
4.1 2022 85 mins
Killer Ambition
Naradan
6.9

ယခုတစ်ခေါက်မှာတော့ IMDb rating 7.4/10 ရရှိထားတဲ့ အိန္ဒိယဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါ့မယ်။ သတင်းမီဒီယာဆိုတာ နိုင်ငံတစ်နိုင်ငံအတွက်အရေးပါသလို အဆိပ်အတောက်ဖြစ်စေတဲ့ သတင်းတစ်ပုဒ်က ဘယ်လောက်အတိုင်းအတာထိ သွားလဲဆိုတာ အားလုံးပဲသိကြမှာပါ။ ဒီဇာတ်ကားလေးထဲမှာတော့ မီဒီယာလောကမှာ နာမည်ကြီးတဲ့ သတင်းတင်ဆက်သူ ချန်ဒရာပရာကစ်ရှ်ဟာ ရုပ်သံလိုင်းကြည့်ရှုသူမြင့်လာဖို့အတွက် သတင်းရှာရေးဖို့ သူဌေးနဲ့ အယ်ဒီတာဆီက အမျိုးမျိုးဖိအားပေးခံနေရသူတစ်ယောက်ပါ။ ဒါပေမယ့် တခြားရုပ်သံလိုင်းမှာ သတင်းတင်ဆက်သူအသစ်ကလေး ပရာဒီဟာသူ့ထက် နှာတစ်ဖျားသာပြီး နာမည်ကြီးသတင်းတစ်ပုဒ်ကိုတင်ဆက်နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ချန်ဒရာတစ်ယောက် သူလက်ကိုင်ထားတဲ့ သတင်းတင်ဆက်သူတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားတွေကို ဖောက်ဖျက်ပြီး လုပ်ကြံဖန်တီးထားတဲ့ အဆိပ်အတောက်သတင်းတွေနဲ့ လူစိတ်ဝင်စားအောင်ရေးသားပါတော့တယ်။ အတ္တ လောဘတရားကိုဆုပ်ကိုင်ထားသူကို ဘယ်သူကမှမတားဆီးနိုင်တော့တဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မလဲ ကြည့်ရှူခံစားပေးကြပါဦး။ File size…1GB / 2.3GB Quality…720p WEB DL / 1080p WEB DL Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko & Yunni & Allena

Action • Drama • History
6.9 2022 150 mins
Naradan
See The Sea
6

အခုတစ်ခေါက် CM ပရိသတ်တွေအတွက် ပင်လယ်စွန့်စားခန်းဇာတ်လမ်းလေးတစ်ပုဒ်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ပင်လယ်မုဆိုးတပ်မှ ဝူချင်နှင့် လျိုလီ၊ တုချန်ဖုန်း၊ လုံရှင်း တိုသည် ပင်လယ်မုဆိုးအဖွဲ ဖွဲလိုက်ပြီး ကွေးရွှးနယ်မြေကို သွားရောက်ကာ မသေခြင်းရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေကြတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းထဲတွင် သေသူကိုပြန်ရှင်ပြီး အရိုးကိုအသားပြည့်စေနိုင်တဲ့ ကွေးရွှးကျောက်ကို ရှာဖွေရန်အတွက် ဝူချင်တိုအဖွဲဟာ အန္တရာယ်တွေနဲ့ ပြည့်နက်နေတဲ့ စွန့်စားရေးခရီးတစ်ခုကို စတင်ခဲ့ကြပါတယ်။ တစ်ဖက်မှာလည်း တခြားလျှိဝှက်အဖွဲတစ်ခုက တိတ်တဆိတ်လှုပ်ရှားနေခဲ့ပါတယ်။ ရတနာကိုလုယူဖိုအတွက် အဖွဲနှစ်ဖွဲ့ဘယ်လို ထိပ်တိုက်တွေ့ကြမလဲ...... စွန့်စားရေးခရီးမှာ အန္တရာယ်တွေကို ဘယ်လိုဖြတ်ကျော်ကြမလဲ...... ဆိုတာကို CM ရဲ့ဘာသာပြန်နဲ့အတူ ကြည့်ရှုခံစားလိုက်ပါဦးနော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Mystery , Fantasy , Adventure Runtime : 1h 16min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team Encoded by LK

Comedy • Crime • Thriller
6 2022
See The Sea
Critical Eleven
7.2

Critical Eleven (2017) ၂၀၁၇ ခုနှစ်တုနးက ထွက်ရှိထားတဲ့ အင်ဒို အချစ်အိမ်ထောင်ရေး ဇာတ်ကားကောင်ုးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းကတော့ လေယာဉ်ပေါ်မှာ ဆုံတဲ့ ဖူးစာ လို့ ပြောရမှာပါပဲ။ အယ်လီဆိုတဲ့အမျိုးသားနဲ့နှင့် အာဉာဏ်လို့ခေါ်တဲ့အမျိုးသမီးတစ်ဦးဟာ Jakarta ကနေ Sydney ကို သွားတဲ့လေယာဉ်ပေါ်မှာပထမဆုံးတွေ့ဆုံကြပါတယ်။ မြင်မြင်ချင်းအချစ်လို့ခေါ်ရမလိုပဲ သူတို့တစ်ယောက်ကိုတစ်ယောက်‌ လေယာဉ်‌ပေါ်မှာတင်ချစ်သွားကြပါတယ်။ အဲဒီနောက်မှာ‌ေတာ့ အိမ်ထောင်ကျပြီး ကိုယ်ဝန်ရှိလာပါတယ်။ ဘ၀ဆိုတာ အမြဲတမ်း‌ေဖြာင့်ဖြူး‌ေနတာမဟုတ်ပါဘူး အချိုးအကွေ့အလှည့က်အ‌ေပြာင်းဆိုတာရှိပါတယ်။ တစ်‌နေ့မှာတော့ သူတို့နှစ်ယောက်ရဲဆက်ဆံရေးကို သွေးတိုးစမ်းတဲ့ ဖြစ်ရပ်ဆိုးတစ်ခု ပေါ်ပေါက်လာပါတာ့တယ်။ အဲဒီ ဖြစ်ရပ်ဆိုးရဲ့ နောက်ကွယ်မှာ ဘာတွေ ဆကဖြစ်မယ် ဆိုတာတော့ …. အညွှန်း နဲ့ ဘာသာပြန်ကတော့ Kyal Sin Yati Ko ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p | 480p File size… 1.75Gb | 982MB | 547MB Format… mp4 Duration…. 2h 15min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Kyal Sin Yati Ko Encoder ….. August

Drama • History • Thriller
7.2 2017
Critical Eleven
Bone Tomahawk
7.1

ဒီဇာတ်ကားက ပြန်ပေးဆွဲခံရတဲ့ လူတစ်စုကိုလိုက်ကယ်ဖို့ ကြိုးပမ်းကြတဲ့ ကောင်းဘွိုင်းတို့ကယ်ဆယ်ရေး အပေါ်ကို ဇာတ်အိမ်တည်ထားပြီး ဒါရိုက်တာ S.Craig Zahler ရိုက်ကူး ပုံပေါ်ထားတဲ့ အကောင်းဆုံးဇာတ်ညွှန်းဆုရ ဇာတ်ကားတစ်ကားဖြစ်ပြီး rating 7.1/10 အထိရရှိထားပါတယ် ဒီဇာတ်ကားမှာ နာမည်ကြီးမင်းသား Patrick Wilson နဲ့ မင်းသမီး Lili Simmonsတို့ ပါ၀င်ကူညီအားဖြည့် သရုပ်ဆောင်ထားပါတယ်.. ဇာတ်လမ်းအစမှာ ခရီးသွားတွေကို ဓါးပြတိုက်သတ်ဖြတ်နေတဲ့ အိမ်ခြေရာမဲ့နှစ်ယောက်က ထွက်ပြေးရင်း လူရိုင်းတွေကြီးစိုးနေတဲ့ Valley of Starving Men ရောက်သွားပါတယ် တစ်ယောက်ကလူရိုင်းတွေ သတ်ဖြတ်စားသောက်တာကို ခံလိုက်ရပြီး ကျန်တစ်ယောက်က Bright Hope မြို့ကိုရောက်လာတဲ့အခါမှာ သူသာမက နောက်က လိုက်လာတဲ့လူရိုင်းတွေပါ Bright Hope မြို့ကို ရောက်လာခဲ့ပါတယ် မြို့ပေါ်မှာ အရာရှိဖရန့်ကလင်း က ရာဇ၀တ်သားကို ခြေထောက်ကို ပစ်ခတ်ဖမ်းစီးလိုက်ရပါတယ် အဲ့နောက် ခြေထောက်ကသေနတ်ဒဏ်ရာကို ဆေးကုဖို့ မစ္စတာအိုဒီ၀ိုင်ယာရဲ့အမျိုးသမီးကို အကူအညီတောင်းခဲ့ပြီး နောက်နေ့မနက်မှာတော့ ဆေးလာကုတဲ့ မစ္စအိုဒီ၀ိုင်ယာရဲ့ဇနီးကော အရာရှိ ဖရန့်ကလင်းရဲ့ ညီနစ်ကော အိမ်ခြေရာမဲ့ရာဇ၀တ်သားကော လူရိုင်းတွေရဲ့ ဖမ်းခေါ်သွားခြင်းကိုခံလိုက်ရပါတယ် အဲ့ဒီနောက် အရာရှိနဲ့မစ္စတာအိုဒီ၀ိုင်ယာ တို့တစ်တွေ လူရိုင်းတွေကြီးစိုးနေတဲ့ Valley of Starving Men တောင်ကြားကိုသွားရောက်ကယ်ဆယ်ဖို့ကြိုးပမ်းကြပါတော့တယ် သူတို့ရဲ့ကယ်ဆယ်ရေး ခရီးစဥ်မှာ မိသားစုလိုက် အင်ဒီးယန်းလူရိုင်းတွေ သတ်တာခံလိုက်ရတဲ့ မစ္စတာဘရူဒါပါ၀င်လာတဲ့အခါမှာကော ဘယ်လို တွေဆက်ဖြစ်ကြမလဲ Valley of Starving Men တောင်ကြားကိုသွားတဲ့ ဦးသူကနိုင်စတမ်းလမ်းခရီးမှာကော ဘယ်လိုအခက်အခဲတွေကိုရင်ဆိုင်ရမလဲ သူတို့ရဲ့ကယ်ဆယ်ရေး အစီအစဥ်ကကော အောင်မြင်ပါ့မလား ဖမ်းခေါ်သွားခံ ရတဲ့သူတွေကရော Valley of Starving Menမှာ အန္တရာယ်ကင်းပါ့မလား သူတို့အားလုံး Valley of Starving Men တောင်ကြားကနေရော အသက်ရှင်ရက်ပြန်လာနိုင်မလားဆိုတာကို ဒီဇာတ်ကားလေးမှာ ရင်သပ်ရှုမောဖွယ်စီးမျောလိုက်ပါဦး ဒီဇာတ်ကားဟာ Action,Horror, Western ဇာတ်ကားတွေကိုမှကြိုက်နှစ်သက်သူတွေအတွက် မလွတ်စတမ်း ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်.. File size…2.15 GB / 987 MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….2h 12m Genre ….. Drama , Horror , Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eh Phaw

7.1 2015 133 mins
Bone Tomahawk
Aśoka Ashoka the Great
6.6

IMDb Rating (6.6) / Rotten Tomatoes (100%) သမိုင်းမှတ်တမ်းဝင်ဘုရင်တွေထဲမှာ အောင်ပွဲရပြီးနောက် စစ်ကိုစွန့်ပယ်ခဲ့တဲ့ တစ်ဦးတည်းသော စစ်ဘုရင်ဖြစ်သလို ဗုဒ္ဓသာသနာတော်ကို ပြန့်ပွားအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ သီရိဓမ္မာသောကမင်းတဖြစ်လဲ အာသောကမင်းကြီး အကြောင်းကိုရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်လမ်းကြီးဖြစ်ပါတယ်။ မင်းသားကြီး ရှာရွတ်ခန်းနဲ့ မင်းသမီး ကာရီနာကပူးတို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ အချိန်က ခရစ်တော်မပေါ်မီ BC 260 ဝန်းကျင်ကာလတွေဖြစ်ပါတယ်။ အာသောကမင်းဟာ ဗိန္ဓုသာရမင်းနဲ့ ဓမ္မာမိဖုရားတို့ရဲ့သားတော်ဖြစ်ပြီး အိန္ဒိယနိုင်ငံသမိုင်းမှာ ပထမဆုံးသောအင်ပါယာ မောရိယနိုင်ငံတော်ကြီးကိုတည်ထောင်နိုင်ခဲ့တဲ့ စန္ဒဂုတ္တမောရိယ၏ မြေးတော်ဖြစ်ပါတယ်။ဘိုးတော်ရဲ့အင်ပါယာမှာ မသိမ်းပိုက်နိုင်ဘဲ ကျန်ရှိခဲ့တဲ့ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းနဲ့ တောင်ပိုင်းတို့ကို သူ့လက်ထက်မှာ ဆက်လက်သိမ်းပိုက်ဖို့ ကြိုးပမ်းအားထုတ်ခဲ့ပါတယ်… တိုက်ပွဲတိုင်းကို အောင်နိုင်ခဲ့ပေမယ့် အိန္ဒိယအရှေ့ဖက်ကမ်းရှိ ကလိင်္ဂတိုင်း(ယခု အိုရစ်ဆာပြည်နယ်)ကိုဝင်ရောက်တိုက်ခိုက်ရာမှာ ကလိင်္ဂကတိုင်းသားတို့က ရဲရဲဝံ့ဝံ့ပြန်လည်ခုခံတာကြောင့် ခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရပြီး လူပေါင်းများစွာ သေကြေပျက်ဆီးပြီးမှ အောင်နိုင်ခဲ့ပါတယ်။အရာအားလုံးပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ အာသောကမင်းကြီးအနေနဲ့ သူ့ရဲ့အောင်နိုင်မှုတွေဟာ လူသေအလောင်းတွေအပေါ်မှာသာရှိတယ်လို့ ကလိင်္ဂကတိုက်ပွဲမှာ ထိတ်လန့်တကြားမြင်တွေ့သွားတဲ့အခါမှာတော့….ချစ်ခြင်းမေတ္တာနဲ့ လူတွေကိုထွေးပွေ့ဖိုအတွက် စစ်ကိုစွန့်လွှတ်ခဲ့ပါတော့တယ်။ ဒီ့နောက်မှာတော့ သူဟာ ဗုဒ္ဓရဲ့ ဓမ္မဖက်မှာပဲ စိတ်ကိုမြုပ်နှံခဲ့ပြီး လူ့လောကကောင်းကျိုးတွေကို တစိုက်မတ်မတ်ဆောင်ရွက်ခဲ့ပါတယ်…. လူမဆန်တဲ့ တင်းကျပ်လွန်းတဲ့ဥပဒေများကို ဖြေလျှော့ပေးခြင်း..တိရိစ္ဆာန်ဘေးမဲ့ဂေဟာများ ဆောက်လုပ်ပေးခြင်း…လမ်းများဖေါက်ပေးခြင်း.. ဆည်မြောင်းတာတမံများ ဆောက်လုပ်ပေးခြင်း စတဲ့ကောင်းမှုတွေကို တိုင်းသူပြည်သားတို့အတွက် ဆောင်ရွက်ပေးခဲ့ပါတယ်… အထူးခြားဆုံးကတော့ တခြားဘာသာများကိုလည်း လွတ်လပ်စွာကိုးကွယ်ခွင့်ပေးခဲ့ခြင်းဖြစ်ပါတယ်။ နိုင်ငံခြားသို့ ဗုဒ္ဓသာသနာပြုများ စေလွှတ်ခဲ့ပြီး သီဟိုဠ်ကျွန်းမှာဆိုရင် ဗုဒ္ဓသာသနာ အထူးပင် စည်ပင်ဖွံ့ဖြိုးခဲ့ပါတယ်။ ဒါကြောင့်လဲ အသောကမင်းကြီးကို ဗုဒ္ဓမှလွဲလျှင် ဗုဒ္ဓသာသနာကို ကမ္ဘာ့ဘာသာကြီးတစ်ခုဖြစ်အောင် အထိရောက်ဆုံးဆောင်ရွက်နိုင်ခဲ့သူလို့ဆိုကြတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားက အာသောကမင်းကြီးရဲ့ဘဝဇာတ်ကြောင်းကိုတင်ဆက်ထားတာမျိုးမဟုတ်ဘဲ သူ့ရဲ့လမ်း သူ့ရဲ့ဓမ္မကိုသာ နှောင်းလူတို့လျှောက်လှမ်းဖို့အတွက် ဖော်ပြတင်ဆက်ထားတာဖြစ်ပါတယ်။ အာသောကမင်းကြီးရဲ့ ဓမ္မဆိုတာကတော့ မန္တန်ရွတ်ဖတ်ပူဇော်ခြင်းနဲ့ ဘာသာရေးဓလေ့ထုံးတမ်းများကို လိုက်နာခြင်းမျိုးထက် လူ့လောက..လူ့အဖွဲ့အစည်းကို မြှင့်တင်ပေးခြင်းနဲ့လူ့လောကကောင်းကျိုးကိုသာ ဆောင်ရွက်ခြင်းမျိုးဖြစ်ပါတယ်…ဒီအယူအဆတွေကို နေရာအနှံ့နှံ့က သူ့ရဲ့ကျောက်စာတွေမှာ ဖော်ကျူးထားခဲ့တာဖြစ်ပါတယ်။ ကဲ..အာသောကမင်းကြီးရဲ့ဖြစ်တည်မှုကို ဒီရုပ်ရှင်လေးနဲ့ခံစားကြည့်ကြပါစို့။

Horror
6.6 2001
Aśoka Ashoka the Great
Shrek
7.9

Shrek (2001) IMDb Rating (7.9) / Rotten Tomatoes (88%) ဇာတ်လမ်းအကျဉ်း Dulocဆိုတဲ့ မြို့တော်ကြီးမှာ အကြင်နာတရားခေါင်းပါးပြီး တရားမမျှတမှုမရှိတဲ့ တရားသူကြီး Farquaadက Fairy Tale(နတ်သမီး ပုံပြင်)တွေကို မနှစ်သက်တဲ့အပြင် သူ့တို့တိုင်းပြည်မှာရှိနေတဲ့ Fairy Taleတွေထဲက သက်ရှိဇာတ်ကောင်တွေ အားလုံးကို တိုင်းပြည်အစွန်ဖျားက ရွှံဗွက်တောကြီးဆီကို နယ်နှင်ဒဏ်ပေးလိုက်ပါတယ်။ အဲ့ဒီမှာလည်း…. Shrek(အစိမ်းရောင် ဘီလူးကြီး)က လူသူကင်းရှင်းစွာနဲ့ ၁ယောက်တည်း ပျော်ရွှင်စွာ နေထိုင်နေပါတယ်။ သူ့နေရာဆီကို နယ်နှင်ဒဏ်ပေးခံရတဲ့သူတွေ အများကြီးလဲ ရောက်လာရော… သူ့ရဲ့ပျော်ရွှင်မှုတွေ ပျက်သွားတဲ့အတွက် တရားသူကြီး Farquaadဆီကို နယ်နှင်ဒဏ် ပြန်ရုတ်သိမ်းပေးဖို့ သူနဲ့အတူ Donkey (ပါးစပ်ပိတ်တာကလွဲလို့ ကျန်တာအကုန်လုပ်မယ့် စကားအရမ်းများတဲ့ မြည်း)က Dulocမြို့ကို လမ်းပြပီး သွားမှာပါ။ တရားသူကြီး Farquaadကလည်း Cookie(စကားပြောတတ်တဲ့ လူပုံစံမုန့်)လေးကို နှိပ်စက်ပီး ကျန်ရှိနေသေးတဲ့ Fairy Taleတွေထဲက ဇာတ်ကောင်တွေရဲ့ နေရာကို မေးနေပါတယ်။ အဲ့ဒီအချိန်မှာ သူတပည့်တွေက သူရှာခိုင်းထားတဲ့ Magic Mirror (Snow Whiteထဲက Evil Queenရဲ့ မှော်မှန်)ကို သယ်လာပါတယ်။ အဲ့မှော်မှန်ကြီးကို “သူ့ရဲ့တိုင်းပြည်က တရားအမျှတဆုံးနဲ့ အေးချမ်းသာယာတဲ့ တိုင်းပြည်ဖြစ်ပီလား”လို့ မေးပါတယ်။ မှော်မှန်ကြီးက “Farquaadက ဘုရင်မှ မဖြစ်သေးပဲနဲ့ (သူက မင်းမျိုးမင်းနွယ်လဲ မဟုတ်တဲ့အတွက်) ဘုရင်ဖြစ်ချင်ရင် မင်းသမီး၁ယောက်ယောက်ကို လက်ထပ်မှရမယ်”ဆိုပီး မင်းသမီး၃ယောက်ကို ဘယ်သူ့ကြိုက်လဲဆိုကာ သူ့မှော်မှန်မှာ ပြသ၍ ရွေးချယ်ခိုင်းပါတယ်။ အဲ့ဒီထဲကမှ Fionaဆိုတဲ့ မင်းသမီးကို ရွေးချယ်လိုက်ပါတယ်။ (သူမက Farawayတိုင်းပြည်မှ ဘုရင့်သမီးဖြစ်ပီးတော့ အစောင့်နဂါးကြီးရှိတဲ့ ရဲတိုက်ကြီးထဲမှာ သူမကို လာကယ်မယ့် သူရဲကောင်းကို စိတ်ကူးယဉ်ရင်း ဖမ်းခံထားရပါတယ်။) “မင်းသမီးက ညမှာဖြစ်တဲ့ကိစ္စလေး၁ခုကပဲ…”ဆိုပီး မှော်မှန်ကြီးက Farquaadကို သတိပေးပြောဆိုဖို့ ကြိုးစားပါသေးတယ်။ Dulocမြို့ကို မကျေနပ်ချက်တွေနဲ့အတူရောက်လာတဲ့ Shrekနဲ့ Donkeyကို Farquaadက ဖမ်းခိုင်းပါတယ်။ သူတို့ကို လာဖမ်းတဲ့ ရဲမက်တွေကို အမိုက်စား Fightingနည်းတွေနဲ့ Smack Downတွေ ကျွေးပါတယ် tongue emoticon ဒါနဲ့နောက်တော့ Fionaမင်းသမီးကို ကယ်ပေးနိုင်ရင် Farquaadက နယ်နှင်ဒဏ်ကို ရုတ်သိမ်းပေးမယ်ဆိုပီး Shrekနဲ့ အပေးအယူလုပ်ပါတယ်။ Shrekကလဲ အပေးအယူကို လက်ခံလိုက်ပါတယ်။ Shrekနဲ့ Donkeyက Fionaမင်းသမီးလေးကို နဂါးကြီး လက်ထဲက ကယ်နိုင်မလား? တကယ်လို့ ကယ်နိုင်ခဲ့ရင် Shrekဆိုတဲ့ဘီလူးကြီးကို မင်းသမီးလေးက သူ့ရဲ့ သူရဲကောင်းအဖြစ် ချစ်နိုင်မလား? Shrekက Fionaကို နယ်နှင်ဒဏ်နဲ့ အလဲလှယ်လုပ်ရင် Farquaadရဲ့ ကြင်ယာအဖြစ် သိမ်းခြင်းကိုပဲ ခံရမလား? ဘာတွေဆက်ဖြစ်မလဲဆိုတာကို… ဒီဇာတ်ကားရဲ့ အောင်မြင်မှုကဆိုရင်ဖြင့် Shrek 2(2004), Shrek the Third (2007), Shrek Forever After (2010)ဆိုတဲ့ နောက်ဆက်တွဲကားတွေကို ဖြစ်ပေါ်လာစေပါတယ်။ Holiday specials ၂ခု Shrek the Halls (2007)နဲ့ Scared Shrekless(2010)လဲ ရှိပါသေးတယ်။ ပီးတော့ ဇာတ်လမ်းအခွဲဖြစ်တဲ့ Puss in Boots(2011)ကဆိုရင်လဲ ပရိသတ် တခဲနက်အားပေးမှုတွေနဲ့ အောင်မြင်ထားပါတယ်။ အညွှန်းကို The biggest Animation Cartoon Fans (MM) https://www.facebook.com/groups/865029533533369/ မှ #Admin Thiha Maungက ရေးပေးထားတာ ဖြစ်ပါတယ်။ File size…(5 GB) / (1.7 GB) / (940 MB) Quality….Blu-Ray 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Adventure, Animation, Comedy Duration….01:30:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Nyi Thanlwin

Drama
7.9 2001
Shrek
Dhoom Dhaam
7.1

Dhoom Dhaam (2024)”မေတ္တာလွန်ကြိုး” ================================ တေလဂူးစကားပြော အချစ်ဟာသ ရုပ်ရှင်လေးတစ်ပုဒ်ကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်လေးဟာဆိုရင် သားနဲ့ အဖေကြားက ၅၂၈ မေတ္တာနဲ့ ချစ်သူနှစ်ဦးကြားက ၁၅၀၀ မေတ္တာတို့ လွန်ဆွဲကြပုံကို ပေါ့ပေါ့ပါးပါး ပုံဖော်ပြထားတာပါ။ ဇာတ်လမ်းကတော့.. သားဖြစ်သူကို အင်မတန်ချစ်တဲ့ ဟိုက်ဒရာဘတ်မြို့က အိမ်ခြံမြေသူဌေးကြီး ရာမာရာဂျူး။ သားဖြစ်သူကို ချစ်လွန်းလို့ ရွှေပေါ်မြတင်ထားပြီး အမြဲတမ်း အတော်ဆုံးဖြစ်နေအောင် သားဖြစ်သူထက် ပိုသာတဲ့သူတွေကို ဘေးမှာမထားတဲ့ထိ အချစ်စိတ်ကြီးတဲ့ ဖခင်တစ်ယောက်။ ငယ်ငယ်ကတည်းက အဖေအလိုလိုက်တာခံရလို့ လက်ညှိုးညွှန်ရာရေဖြစ်ပြီး အဖေကို လေးစားချစ်ခင်ကာ ဘာလုပ်လုပ်အသိပေးတဲ့ သားလိမ္မာ ကာသစ်။ ပြီးတော့ ကာသစ်ဘဝထဲကို ရုတ်တရက် ဝင်လာပြီး အရင်င်က သိပ်ရင်းနှီးခဲ့သလိုမျိုး ကာသစ်အကြောင်းကိုအကုန်သိနေတဲ့ ပဟေဠိဆန်တဲ့ မိန်းမလှလေး ဆူာဟာနာ။ ကာသစ်နဲ့ဆူဟာနာတို့ဟာ အချစ်ရုပ်ရှင်တွေရဲ့ထုံးစံ အချစ်ဇာတ်လမ်းဖြစ်လာခဲ့ပြီး သားအဖနှစ်ယောက်ကြားဝင်လာတဲ့အချိန်မှာတော့ ၁၅၀၀ အချစ်က အနိုင်ရမလား ၅၂၈ မေတ္တာက အနိုင်ရမလား ဘယ်လိုတွေဆက်ဖြစ်မှာလဲဆိုတာတွေကို ဒီရုပ်ရှင်ထဲမှာ လှလှပပမြင်ရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Drama
7.1 2024 142 mins
Dhoom Dhaam
Crows Zero II Kurôzu zero II
7.2

Crows Zero II (2009) IMDb Rating (7.2) / Rotten Tomatoes (77%) ဂျပန်ရဲ့ high school delinquent မန်ဂါတွေရဲ့ စတိုင်ကိုလည်း ဒီနေ့ခေတ် ကိုရီးယားမန်ဟွာတွေ ဇာတ်လမ်းတွဲတွေက ယူသုံးကြ အောင်မြင်ကြတာပဲ။ Crowsကတေ့ high school delinquent မန်ဂါတွေထဲ မန်ဂါ အန်နမဲပရိသတ်တွေကြား တော်တော်အောင်မြင်ခဲ့သလို အဆက်တွေ အတွဲတွေပေါင်းများစွာလည်း ထွက်ခဲ့တယ်။ ရုပ်ရှင်မှာဆိုလည်း High and Low တွေနဲ့ပါ ချိတ်ထားခဲ့သေးတယ်။ ပြီးခဲ့တဲ့လတွေက နာမည်ကြီးခဲ့တဲ့ Study Groupတို့ဆိုလည်း ဒီ Crowsတွေနဲ့ ကျောရိုးတော့ တော်တော်ဆင်တယ်ပြောရမယ်။ Crowsဟာ မန်ဂါအနေနဲ့ တော်တော်အောင်မြင်ခဲ့ပြီး ရုပ်ရှင်အနေနဲ့တော့ Crows Zeros 1, 2 ပြီးတော့ Crows Explode ဆိုပြီး သုံးကားထွက်ခဲ့တယ်။ Crowsရဲ့ ဇာတ်လမ်းမတိုင်ခင် အဓိကဇာတ်ကောင် Bōyaမတိုင်ခင် ဖြစ်ခဲ့တာတွေကို ပြထားတာပါပဲ။ မူရင်းမန်ဂါဇာတ်ကို တိုက်ရိုက် ရိုက်ပြထားတာမဟုတ်ဘူး။ ဒါကြောင့်လည်း Crows: Episode 0 လို့ ပေးထားတာနေမယ်။ ဒီ၂ကားက တော်တော်တော့ ကြမ်းတဲ့ လန်းတဲ့ထဲတော့ ပါတယ်ပြောရမယ်။ လန်းဆို ရိုက်တာကလည်းTakashi Miike။ Auditionလို ကားမျိုးရဲ့ ဒါရိုက်တာကိုး။ ၃ကတော့ သူရိုက်တာမဟုတ်တော့သလို အဓိကဇာတ်ကောင်တောင်မတူတော့ဘူး။ ဒီ၂ကားလောက်လည်း မအောင်မြင်ခဲ့ပါဘူး။ Crows Zero ရဲ့ ဒုတိယကားမှာတော့ ပထမကားမှာ ဆုဇူရန်ကျောင်းရဲ့ ခေါင်းဆောင်နေရာကို သိမ်းလိုက်နိုင်ပြီဖြစ်တဲ့ ဂန်ဂျိရဲ့ ခေါင်းဆောင်မှုအပိုင်း အားသာချက် အားနည်းချက်တွေနဲ့ သူတို့ကျောင်းနဲ့ အတိတ်ကရန်ညှိုးရှိတဲ့ ဟိုစန်ကျောင်းက သူတို့ကျောင်းနဲ့ ပြဿနာထပ်ဖြစ်လာတာကို ပြထားတယ်။ပြောရရင် နယ်တော့ကျယ်သွားတယ်ပေါ့။ ပထမကကျောင်းတွင်း အခုက တခြားကျောင်းနဲ့။ တခြားကျောင်းနဲ့ဖြစ်သွားပေမဲ့ သူတို့ရဲ့ ပြိုင်ဘက်ကို လေးစားစိတ်တွေ မျှတတဲ့တိုက်ပွဲ ဖြစ်ချင်စိတ်တွေကတော့ မပြောင်းဘူးလို့ပြောရမယ်။ ဂန်ဂျိရဲ့ ခေါင်းဆောင်ကောင်းပီသတဲ့စိတ်ကိုတော့ ဒီမှာ ပိုထင်ရှားအောင် ပြသွားသလို သူ့ကိုခေါင်းဆောင်အဖြစ် လက်ခံကြခြင်း လက်မခံကြခြင်းတွေကိုလည်းပြသွားတယ်။ ဇာတ်ကတော့ အများကြီးဆက်လာစရာရှိသေးသလိုလို နောက်မျိုးဆက်သစ်တွေရဲ့ခေတ်ဖြစ်သွားသလိုသလို သိမ်းသွားပြီး အဆက်လာချင်လည်းရ မလာချင်လည်းရတဲ့ ပုံစံနဲ့သိမ်းသွားပေမဲ့ ကြည့်လို့တော့ တော်တော်မဝအောင်လုပ်သွားခဲ့တယ်။ ၃တော့ ဆက်ထွက်ပေမဲ့ အဓိကဇာတ်ကောင်တော့ မတူတော့ပါဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(3.3 GB) / (1.5 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Adventure,Comedy,Crime Duration….02:13:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Comedy
7.2 2009 133 mins
Crows Zero II Kurôzu zero II
The Stone
6.7

The Stone (2014) ****************** ဒီတစ်ခါမှာတော့ CM ပရိတ်သတ်တွေအတွက် “The Sound of Your Heart” ထဲက မင်းသားကြီး Kim Roi-ha နဲ့ မင်းသားချောလေး Cho Dong-in တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ “The Stone” ဆိုတဲ့ Movie ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် .. ဇာတ်လမ်းအညွှန်းကတော့ ******************* မင်ဆူဟာ အရည်အချင်းရှိတဲ့ ဘာဒူ့အပျော်တမ်းကစားသမားတစ်ယောက်ဖြစ်ပြီး လူမိုက်ဂိုဏ်းချုပ်တစ်ယောက်ကို ဘာဒူ့ကစားနည်း သင်ပေးဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ဒီလိုနဲ့ မင်ဆူက လူမိုက်ကြီးရဲ့ လက်အောက် ရောက်ရှိလာခဲ့ပြီး ကြုံခဲ့ရတဲ့ လောကဓံရဲ့ ရိုက်ချက်တွေကြောင့် ဘာဒူ့ကစားနည်းကို ပညာရှင်အဆင့်ဖြစ်ဖို့အတွက် လက်လျော့ကာ လူမိုက်ဂိုဏ်းထဲဝင်ဖို့ စိတ်ကူးပါတော့တယ်။ သူ့လိုမဖြစ်စေချင်တဲ့ လူမိုက်ဂိုဏ်းချုပ်ကြီးကလည်း ဒါကို ဟန့်တားပါတယ်။ ဒီလိုနဲ့ လူမိုက်ဂိုဏ်းရဲ့ နောက်ဆုံးအလုပ်အတွက် ပြင်ဆင်ဖို့ ဖြစ်လာချိန်မှာ မင်ဆူရဲ့ ကာလရှည်ကြာ ပျောက်ဆုံးနေတဲ့ ဘာဒူ့အပေါ်ထားတဲ့ စိတ်ဝင်စားမှုတွေဟာလည်း ပြန်ပေါ်လာခဲ့ပါတယ် ။ မင်ဆူက ဘာဒူ့ကစားနည်းကို ပညာရှင်အဆင့်ထိ ရောက်သွားမလားဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုအားပေးလိုက်ကြပါဦးနော် ။ (အညွှန်းကို Saung Yupar မှ ရေးသားထားပါတယ်) File size…1.17 GB / 534 MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 49m Genre ….. Action, Crime, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Saung Yupar Encoded by AHtet

Thriller • Crime • Horror
6.7 2014 113 mins
The Stone
The Trap
5.7

အသက် ၂၀ ကျော် ၃၅ ဝန်းကျင်တွေကြားထဲ ဖြစ်တတ်တဲ့.. အမြန်အောင်မြင်ချင်သလို အိပ်မက်တွေလည်း လက်မလွှတ်ချင်ဘူးဆိုတဲ့ လက်တွေ့ဘဝမှာ ပိတ်မိနေတဲ့ ကိစ္စကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီကားလေးကို အကျဉ်းမိတ်ဆက်ပေးရမယ်ဆိုရင်တော့… ရွှီကျစ်ဆိုတဲ့ ဒါရိုက်တာအရူးလေးဟာဆိုရင် ကျောင်းပြီးတည်းက ရုပ်ရှင်နဲ့ပတ်သက်တဲ့ စာတွေကို ဖတ်ပြီးတော့ … ရှုတင်မှာပဲ အချိန်ဖြုန်းနေခဲ့တော့တယ်… ဒီလိုနဲ့ပဲ လက်ထောက်ဒါရိုက်တာ ဖြစ်လာခဲ့ပြီးပေမယ့် သူ့အိပ်မက်ကတော့ ဖြစ်မလာသေးဘူးပေါ့… သူ့အိပ်မက်ဖြစ်တဲ့ သူကိုယ်တိုင်ကျေနပ်ပြီး ပရိသတ်ကို ပြချင်တဲ့ စိတ်ကူးထဲက ရုပ်ရှင်ကို ရိုက်နိုင်တဲ့ ဒါရိုက်တာ ဖြစ်လာဖို့ကိုပေါ့… တစ်ဖက်မှာလည်း မင်းသားရူး ကျာအာနဲ့ မိတ်ဆွေဖြစ်နေပြန်တာပေါ့… သူကလည်း ဘဝဇာတ်ခုံပေါ်က ဇာတ်ရုပ်အသီးသီးကို ဖန်သားပြင်ကတစ်ဆင့် သရုပ်ဆောင်ပြီးတော့ ခံစားကြည့်ချင်ပါတယ်တဲ့လေ… ဒါကြောင့်လည်း သရုပ်ဆောင်ဖြစ်ဖို့ကြိုးစားနေပြန်တာပေါ့… ဒီလို လူနှစ်ယောက်က ရှုတင်မှာ အချိုရည်ရောင်းတဲ့ စကားထစ်တဲ့ အစ်ကိုအရူးကြီးကို တွေ့ခဲ့တာပေါ့… ဒီအစ်ကိုအရူးကြီးဟာဆိုရင် တစ်ချိန်က စီးပွားကောင်းလုပ်ခဲ့ပေမယ့် အခုတော့ အရသာမရှိတဲ့ အချိုရည်ကို ရောင်းပြီးတော့ ဘဝရှင်သန်နေတယ်တဲ့… ဒီလိုကနေ တစ်နေ့ ရွှီကျစ် အလုပ်ပြုတ်တာကစလို့… ရွှီကျစ်အားကိုးနဲ့ ဒေလီးကြေးရနေတဲ့ ဖြတ်လျှောက် ကျာအာရော… အချိုရည်ရောင်းတဲ့ အစ်ကိုအရူးကြီးပါ အလုပ်မရှိတော့ဘူးပေါ့… ဒီလိုတစ်ချိန်တည်း အလုပ်လက်မဲ့ ၃ ယောက်က နိုင်ငံခြားကပြန်လာတဲ့ ရုပ်ရှင်ရိုက်ချင်တဲ့ လုပ်ငန်းရှင်ငပေါနဲ့ဆုံပါလေရော… ဒါနဲ့ အတိုချုပ်ပြောရရင် ရွှီကျစ်က သူ့အရင် ဒါရိုက်တာယောင်ဆောင်ပြီးတော့ ဒီအလုပ်ကို လက်ခံလိုက်တာပေါ့… ဒီတော့ကာ သူတို့အလိမ်တွေဘယ်တော့ပေါ်သွားမှာလဲ… အလိမ်တွေကရောပေါ်လာမှာလား… နိုင်ငံခြားက ပြန်လာတဲ့ လုပ်ငန်းရှင်ငပေါကရော တကယ် အလိမ်ခံမိသွားတာလား… သူတို့ကို တစ်ပတ်ရိုက်ဖို့ ပြန်လိမ်နေတာလား… ဒီကားလေးက အလှည့်အပြောင်းအများကြီးနဲ့ စိတ်ဝင်စားဖို့ကောင်းတာမလို့ စိတ်အမောဖြေပြီး ရယ်မောနိုင်ဖို့ ကြည့်ကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်နော်…

Action • Adventure
5.7 2025
The Trap
Baby’s Day Out
6.1

Baby’s Day Out (1994) IMDb Rating (6.2) ၁၉၉၄ ခုနှစ်ဆိုတာ ရုပ်ရှင်လောကအတွက် တကယ့်ဂန္တဝင်ကားတွေ ထွက်တဲ့နှစ်ပါပဲ..Baby’s Day Out ရုပ်ရှင်ကလဲ ၁၉၉၄ နှစ်ထုတ်ကုန်တခုဖြစ်ပြီး အမြဲတမ်းအမှတ်တရ ပြန်ပြန်ကြည့်နေရတဲ့ရုပ်ရှင်တကားပါပဲ။ ကလေးလေးတယောက်နဲ့ လူဆိုး၃ယောက်သာ အဓိကထားရိုက်ပြထားတဲ့ ဒီဟာသကားလေးက ကြည့်ဖူးသူတိုင်းကို အပန်းဖြေရယ်မောစေခဲ့ရသလို ပြန်ပြန်ကြည့်တိုင်းလဲ ကြည်နူးပျော်ရွှင်ရစမြဲပါပဲ အဓိကဇာတ်ကောင် ကလေးလေး Baby Bink အတွက် အမြွှာညီအစ်ကို နှစ်ယောက်ဖြစ်တဲ့ Adam Robert နှင့် Jacob Joseph Worton တို့နှစ်ယောက်စလုံးနဲ့ ရိုက်ကူးခဲ့တာပါ။ Adam နဲ့ Jacob Worton တို့ညီအစ်ကိုရဲ့ တစ်သက်လုံးမှာ တစ်ကားတည်း သရုပ်ဆောင်ဖူးတဲ့ ရုပ်ရှင်ဖြစ်ပြီး သူတို့ဟာ နောက်ထပ် ဘာကားမှ ထပ်မရိုက်ခဲ့ပါဘူး။ Baby’s Day Out ကို အခုချိန်မှာ ဂန္တဝင်ဟာသကားတစ်ကားလို သတ်မှတ်ထားကြပေမယ့် ထွက်ရှိချိန်တုန်းကတော့ ကလေးကို အန္တရာယ်ကြီးမားတဲ့ နေရာတွေ လျှောက်သွားပုံ ရိုက်ထားတဲ့အတွက် ဝေဖန်ခံရပြီး Box Office မှာ အရှုံးပေါ်ခဲ့တယ်။ Box Office ရုံဝင်ငွေ ထင်သလောက် မရခဲ့တာကြောင့် အစက “Baby’s Trip to China” အမည်နဲ့ နောက်ဆက်တွဲ Sequel ဆက်ရိုက်မယ့် အစီအစဉ် ဖျက်လိုက်ရပါတယ်။ မဟုတ်ရင် အနည်းဆုံး Baby’s Day Out နှစ်ကားကြည့်ရမှာ ဖြစ်တယ်။ ဘယ်လိုပဲဖြစ်နေပါစေ ကျွန်တော်တို့ဘဝမှာ ကိုယ်ဖြစ်စေချင်တဲ့ဇာတ်လမ်းလေးတခု တကယ်ပဲကြည့်ခဲ့ရပါတယ်…. အဲ့ဒါကတော့ အလိမ်အညာတွေ၊လူဆိုးတွေပြည့်နေတဲ့ လောကကြီးထဲမှာ ဘာမှနားမလည်တဲ့ ရိုးသားဖြူစင်တဲ့ လူငယ်လေးတယောက်က သူလုပ်ချင်ရာကို စွန့်စွန့်စားစားလုပ်ချသွားပြီး နောက်ဆုံးမှာ ရန်သူတွေကိုယ်တိုင်တောင်မှ မမုန်းရက်တဲ့ဇာတ်လမ်းလေးတခု တကယ်ပဲရှိခဲ့ပါတယ်ပေါ့။

6.1 1994 99 mins
Baby’s Day Out