YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Ripe Town E03 720p WEB-DL CM.mp4

367.57 MB N/A video/mp4 298 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Days of Heaven
7.5

Days of Heavenဟာ Terrence Malickရဲ့ ဒုတိယကားပါ။ Terrence Malickပီသစွာပဲ အစက ကားတွေမှာတောင် narrative တွေ ရင်သပ်ရှုမောလောက်အောင် လှတဲ့ စီနီမာတိုဂရပ်ဖီတွေနဲ့ ပုံဖော်ထားတဲ့ ကားပါပဲ။ ဒါပေမဲ့ narrativeတွေဟာ သူ့နှောင်းပိုင်းကားတွေ အရမ်းကြီးတော့ fragmentation မဆန်သေးပါဘူး။ ဒီရုပ်ရှင်ရဲ့အခန်းအများစုကို Golden hour လို့ခေါ်တဲ့ စီနီမာတိုဂရပ်ဖာတွေက "magic hour " လို့ ခေါ်ကြတဲ့ အချိန်တွေမှာ ရိုက်ကူးခဲ့တာပါ။ အကျဉ်းဖြဉ်းအားဖြင့်တော့ နေထွက်ပြီးစနဲ့ နေမဝင်ခင် ကောင်းကင်နီဆွေးလှပနေတဲ့ အချိန်တွေကိုခေါ်တာပါ။ Days of Heavenဟာ အော်စကာဆုပေးပွဲမှာ Academy Award for Best Cinematography ဆုရခဲ့ပြီး 1979 Cannes Film Festival မှာ Best Director ဆုလည်းရရှိခဲ့ပါတယ်။ ရစ်ချက်ဂီရိလို တစ်ချိန်က နာမည်ကျော်မင်းသားကြီးကို သုံးထားပြီး ဒီထဲမှာ သူတော်တော်နုသေးတာကြောင့် တစ်ချိန်က လူကြိုုက်များ ခဲ့တဲ့ သူ့ရုပ်သွင်ကိုလည်း မြင်ရမှာပါ။ Terrence Malickရဲ့ ရုပ်ရှင်တွေဟာ ဇာတ် အိမ်တွေ ဒိုင်ယာလော့တွေထက် ကြည့်ရှုသူကို နိဗ္ဗာန်ကို အလည်တစ်ခေါက် ရောက်သွားသလို မျက်စိအာရုံဖမ်းစားနိုင်တဲ့အလှအပတွေနဲ့ ပိုဆွဲဆောင်တတ်တဲ့ ရုပ်ရှင်တွေဖြစ်ပြီး။ ရုပ်ရှင်ဆိုတာ ဘာမက်ဆေ့မှ ယူဖို့မဟုတ်ဘဲ ဒီတိုင်း ကြည့်ကောင်း လို့ ထိုင်ကြည့်ချင်သူတွေ အကြိုက်တွေ့မယ် ရုပ်ရှင်ပါပဲ။ ရုပ်ရှင်ရဲ့နာမည် Days of Heavenနဲ့ ရုပ်ရှင်ရဲ့ဇာတ်အိမ်က ဆန့်ကျင်ဘက်ဖြစ်နေပေမဲ့လည်း အပြတွေကတော့ Days of Heavenဆီ ခင်ဗျားကို တကယ်ခေါ်ဆောင်သွားနိုင်မှာပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size..........(2.71 GB) / (1.07 GB) / (624 MB) Quality............BluRay 1080p, 720p, 480p Duration.........1h 34mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance Translator.......WiRa Aung Encoder..........SWM

Horror • Thriller
7.5 1978 94 mins
Days of Heaven
Against the Ice
6.8

IMDb Rating - 7.8/10 ကဲ ဖြစ်ရပ်မှန်ရုပ်ရှင်လေး တစ်ခုလောက် ကြည့်လိုက်ရအောင်။ အာတိတ် မြောက်ဝင်ရိုးစွန်းမှာ အမေရိကန်နဲ့ ဒိန်းမတ်တွေ နယ်မြေသစ်တွေကို ရှာဖွေ နေကြတဲ့ခေတ်ပေါ့။ ဂရင်းလန်းရဲ့ အနောက်မြောက်ပိုင်းကို အမေရိကန်ဟာ သူတို့တွေ့ရှိထားပြီး နယ်နိမိတ်ပိုင်းခြားထားတဲ့ ရေမြောင်းကြီးတစ်ခု ရှိပါတယ် ဆိုပြီး အဆိုပြုလာပါတယ်။ ဒါကို ဒိန်းမတ်နယ်မြေသစ်ရှာဖွေရေး လူစွန့်စား အဖွဲ့တစ်ဖွဲ့က မဟုတ်မမှန်ကြောင်း သက်သေပြဖို့ ကြိုးစားရင် ပျောက်ဆုံးသွား ခဲ့တယ်။ ဆိုးရွားလွန်းတဲ့ ရေခဲပြင်ရာသီဥတုနဲ့ အသက်ရှင်ဖို့ ခက်လွန်းတဲ့ ဒီနယ်မြေတွေထဲမှာ ပျောက်ဆုံးသွားတဲ့ အဖွဲ့ကိုရှာဖွေရင်း ဒိန်းမတ်ရဲ့မြေကို အမေရိကန်မပိုင်ဆိုင်စေဖို့ သက်သေပြဖို့ ကြိုးစားခဲ့တဲ့ လူစွန့်စားနှစ်ဦးရဲ့ စိတ်ဓာတ်၊ စွန့်စားမှု၊ သူငယ်ချင်းသံယောဇဉ်တွေကို ရိုက်ကူးပြသထားတာပဲ ဖြစ်ပါတယ်။ သူတို့နေရာကနေ ဝင်ခံစားရင် ရင်တဖိုဖိုကြည့်ရမှာမို့ အားပေး လိုက်ပါဦး။ ဒီကားမှာ Game of Throne ထဲက Jaime Lannister က အဓိကဇာတ်ကောင် နေရာကနေ သရုပ်ဆောင်ထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size - (1.17 GB) / (560 MB) / (362 MB) Quality – WebDL 1080p / 720p/480p Duration - 1h 42mins Subtitle – Myanmar Hardsub Format – MP4 Genre : Adventure, Drama, History Translator – Mr.Anderson Encoder – SWM

Drama • Fantasy
6.8 2022 101 mins
Against the Ice
Tiku Weds Sheru
3.7

Tiku Weds Sheru (2023) IMDb-3.7/10 ဘောလီးဝုဒ်လောကမှာ ပွဲရှာတာနာမည်ကြီးတဲ့ မင်းသမီးကန်ဂနားထုတ်ပေးခဲ့ပြီး Cameoပါဝင်ထားတဲ့ နဝါးဇ်ရဲ့ရှားရှားပါးပါး Drama/Romanceကားလေးပါ။ ဇာတ်လမ်းလေးကလည်း မဲပြာပုဆိုးတွေက ကွဲထွက်နေတဲ့ ပိုးပုဆိုးလေးလို ထူးထူးခြားခြားဇာတ်လမ်းဇာတ်ကွက် အလန်းလေးမို့ အားလုံးပဲ သဘောကျလိမ့်မယ်လို့ ထင်ပါတယ် မင်းသားကြီးနဝါးဇ်ကဒီကားထဲမှာ ဒါရိုက်တာ ဇာတ်ညွှန်း သရုပ်ဆောင်ရူး ပြောရရင် ကိုယ်ပိုင်ဇာတ်ကားရိုက်ချင်နေတဲ့ သရုပ်ဆောင်ရူးလေးပါ ..အကြွေးတွေကလဲတပုံတပင်နဲ့ ဘာမဆို စိတ်နှစ်ပြီးလုပ်တတ်တယ်ဆိုတဲ့ ဆရာကြီးရဲ့တကယ့်အလုပ်ကတော့ ရွှေကြာချိတ်ဆက်ရေးပါ.. ရုပ်ရှင်တွေထဲမှာ ဖြတ်လျောက်လည်းလုပ်တယ်..လုပ်တိုင်းလည်း ခိုင်းသလိုငြိမ်ငြိမ်မနေပဲ တောင်ပြောဝင်ပြောလုပ်လို့ ကန်ထုတ်ခံရပါတယ် အဲ့အချိန်မှာအိမ်ကပေးစားတဲ့ |ရှော်တီလေးကို ပိုက်ဆံလဲရမိန်းမချောချောလေးရဆိုပြီး သပိတ်ဝင်အိတ်ဝင်လက်ထပ်လိုက်ပါတယ် မွမ်ဘိုင်းမြို့ကြီးက အိမ်မက်မြို့တော်လို့ တင်စားခေါ်ဝေါ်ကြတယ် ညတွင်းချင်းတောင် ဘဝတစ်ခုကို ပြောင်းလဲတိုးတက်စေနိုင်တယ်တဲ့ တီကူးတစ်ယောက် သူ့အိမ်မက်တွေ ပြည့်ဝနိုင်ဖို့ ချစ်ရသူကိုမျှော်ကိုးရင်း စောင့်နေခဲ့တာ ကြာပါပြီ ‌တစ်နေ့မှာ မွမ်ဘိုင်းသားကြီးက အိမ်ကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့အခါ အိမ်မက်တွေ အကောင်အထည်ဖော်ဖို့ မွမ်ဘိုင်းမြို့ကြီးကို လိုက်ရဖို့ကြံပြီး ကိုနဝါးဇ်(ရှယ်ရူး)နဲ့လက်ထပ်ဖို့ ခေါင်းညိတ်လိုက်ပါတယ် ဇာတ်လမ်းနာမည်အတိုင်း တီကူးနဲ့ရှယ်ရူးတို့ညားကြလေသည်ပေါ့ တယောက်နဲ့တယောက်အကြောင်း သေချာမသိဘဲယူလိုက်ကြတဲ့နှစ်ယောက် တယောက်အရှုပ်အထုပ်တွေကို တယောက်ကသိပြီး အချင်းချင်းဘယ်လိုညှိနှိုင်းအဖြေရှာကြမလဲဆိုတာတော့….။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Saii~BpL~V~ThaikSanတို့ပဲဖြစ်သည်)

Adventure • Family
3.7 2023
Tiku Weds Sheru
Lover for a Day
6.7

Lover for a Day (2017) ~ IMDb – 6.7/10, Rotten Tomatoes – 82% ~ ပြင်သစ်ဆန်ဆန် အချစ်အကြောင်းလေးတစ်ပုဒ်။ ဓားရာကိုယ်စီနဲ့ ချစ်ဝေဒနာသည်တွေအတွက် အိုအေစစ်တစ်ခု။ အဖြူအမည်း၊ ဝတ်လစ်စလစ်အခန်းတွေ၊ စီးကရက်သောက်နေတဲ့လူတွေ၊ ရုတ်တရက်ထပြီး ဒဿနဆန်ပစ်တဲ့ ဒိုင်ယာလော့ခ်တွေနဲ့ နောက်ခံစကားပြော။ ဒါက ပြင်သစ်ရုပ်ရှင်စစ်စစ်ပါပဲ။ ပြင်သစ်အထာဆိုတာ ဒါ လို့ ကိုယ့်မျက်နှာရှေ့ ကပ်မပြောရုံတမယ်ပါ။ ပြင်သစ်ဒါရိုက်တာ Philippe Garrel ဟာ မှတ်ကျောက်တစ်ခုအနေနဲ့ Garrel’s Trilogy of Love ဆိုပြီး အချစ်အကြောင်း အဖြူအမည်း ရုပ်ရှင်သုံးခု ရိုက်ထားပါတယ်။ ဒါကတော့ အဲဒီ ၃ ကားထဲက နောက်ဆုံးတစ်ခုပေါ့။ အချစ်ဆိုတာ ဘာလဲ။ ဒီမေးခွန်းကို ခေတ်အဆက်ဆက်မေးခဲ့ကြတယ်။ ခေတ်အဆက်ဆက်အဖြေထုတ်(ဖို့ကြိုးစား)ခဲ့ကြတယ်။ အချစ်ဟာ အချစ်ပါပဲ။ အချစ်ကို ဘာနဲ့ဖွဲ့စည်းထားတာပါလို့ ဓာတုဗေဒမဆန်ကြရအောင်လေ။ အချစ်ဆိုတာ ရေလို့ပဲသတ်မှတ်တာပေါ့။ ပုံသဏ္ဍာန်အတည်တကျမရှိ။ မရှိတဲ့နည်းတူ ‌ပုံသဏ္ဍာန်ပေါင်းစုံလည်း ရှိနေနိုင်ပြန်တယ်။ ထွက်မသွားစေချင်တာလည်းအချစ်၊ လွှတ်မပေးချင်တာလည်းအချစ်၊ ကောင်းစားစေချင်တာလည်းအချစ်၊ ဘေးဒုက္ခတွေမရောက်စေချင်တာလည်းအချစ်… ဒီလို ဒီလိုတွေပေါ့။ ဒီရုပ်ရှင်ထဲက အချစ်ကလည်း သဏ္ဍာန်မဲ့တယ်။ မေတ္တာလား ချစ်ခြင်းလား ဆုံးရှုံးရမှာကြောက်လို့ ဒူးထောက်ထားခြင်းလား။ ဒီရုပ်ရှင်ထဲမှာ အဓိကအနေနဲ့ ၃ ယောက်ပါတယ်။ အဖေ(ဂျီးလ်)ရယ် ‌အဖေ့ရည်းစား(အေရီယန်)ရယ် သူ့သမီး(ဂျန်း) ရယ်။ တစ်နေ့မှာ ဂျန်းက သူ့သတို့သားလောင်းနဲ့ရန်ဖြစ်ပြီး သူ့အဖေဆီကို ပြန်လာခဲ့တယ်။ သူ့အဖေကလည်း သူ့သမီးနဲ့ရွယ်တူ ကျောင်းသူလေးတစ်ယောက်နဲ့တွဲနေတယ်။ အဲဒီမှာ သူတို့ သုံးယောက်ကြား မချည်တဲ့ကြိုးတွေ ထုံးကြတယ်။ အတူနေရာက ပြဿနာတွေ၊ အသက်အရွယ်ကွာဟမှုကြား ညှိလို့မရတာတွေ၊ ချစ်ခြင်းကို အဓိပ္ပာယ်ဖွင့်ပုံခြင်းမတူညီမှုတွေ ဒါတွေအားလုံးကို ရောသမမွှေ ချပြထားပါတယ်။ ဇာတ်ကောင်တွေကို တည်ဆောက်ပုံက လှတယ်။ ပြင်သစ်မလေး ၂ယောက်ကို ဆေးခြယ်ထားပုံများ… ဒီရုပ်ရှင်ပြီးတာတောင် မြန်တယ်ထင်ရတယ်။ ချစ်ခြင်းရဲ့ပုံသဏ္ဍာန်တစ်ခု နဲ့ လူတွေကြား လစ်ဟာနေတဲ့ကွက်လပ်တစ်ခု။ ဒီကွက်လပ်တစ်ခုကို ဒါရိုက်တာ Phillippe က မီးမောင်းထိုးပြဖို့ကြိုးစားခဲ့တယ်။ “မင်းတို့မှာ ဒီလိုလစ်ဟာမှုတစ်ခုရှိနေတယ်” ပေါ့။ ဖြည့်တာမဖြည့်တာ ကျွန်တော်တို့အပိုင်း။ ဆုတွေအနေနဲ့ဆိုရင် ဆု ၂ ခုရထားပြီး ဆန်ကာတင် စာရင်းမှာ ၃ခုပါထားပါတယ်။ ခံစားချက်တွေအကြောင်းရုပ်ရှင်တစ်ခုဖြစ်တာကြောင့် ဘာမှမတွေးဘဲ ခံစားကြည့်လိုက်ပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.5GB, 610MB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 1H 16Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

6.7 2017 76 mins
Lover for a Day
It Follows
6.8

It Follows (2014) Horror, Mystery . — Storyline — It Follows က ကျွန်တော်ကြည့်ဖူးတဲ့ Horror ကား‌တွေထဲကမှ ကြောက်ဖို့အကောင်းဆုံးကားတွေထဲက ပါပါတယ်။ တခြားကားတွေလို audience မကြောက်ကြောက်အောင် ဖြဲခြောက်တာမျိုးမဟုတ်ဘဲ ကိုယ့်အတွေးနဲ့ကိုယ် ကိုယ့်အမြင်နဲ့ကိုယ် သူ့ဟာသူရူးသွပ်နေအောင် လုပ်ထားတဲ့ကားပါ။ . Teenager ကောင်မလေးတစ်ယောက် တစ်ညမှာ သူ့ဘဲနဲ့ ကားထဲ ဇာတ်လမ်းတွေဖြစ်သွားတယ်။ ဒါက သူတို့ဆီမှာ ဘာမှမထူးဆန်းပါဘူး။ ဘာသွားဖြစ်လဲဆိုတော့ ကောင်လေးဆီက ကျိန်စာ curse လိုမျိုးတစ်ခုက ကောင်မလေးဆီရောက်လာတယ်။ အဲဒီမှာ လူနဲ့တူတဲ့ သရဲ/အကောင် ဘာမှန်းညာမှန်းမသိတဲ့ လူတစ်ယောက်က ကောင်မလေးနောက်လိုက် follow လုပ်ပါတယ်။ အစက ကောင်လေးဆီလိုက်ပေမဲ့ နှစ်ယောက်သား sex လုပ်လိုက်တဲ့အတွက် ကောင်မလေးနောက် လိုက်လာတာပါ။ အဲဒီ လိုက်တဲ့အကောင်ကို အလိုက်ခံရတဲ့လူတွေပဲမြင်ရပါတယ်။ Follow လုပ်တယ်ဆိုပေမဲ့လည်း လမ်းလျှောက်တဲ့ speed က zombie လောက်ပဲရှိတယ်။ အရမ်းနှေးလို့ ရှောင်ပြေးလို့တော့လွယ်ပေမဲ့ ဘယ်နေရာသွားသွား ရောက်အောင်လိုက်ပါတယ်။ မိရင် အသတ်ခံရမှာဖြစ်ပြီးတော့ အသတ်ခံခဲ့ရင် အရင် ဟိုကောင်လေးဆီလိုက်မှာပါ။ အဲဒီအတွက် ဒီဟာကိုရှောင်ပြေးနိုင်ဖို့ဆိုရင် ကောင်မလေးဟာ တစ်ခြားတစ်ယောက်နဲ့ အိပ်ပြီး အဲဒီတစ်ယောက်ကို ဒီ curse လွှဲပေးလိုက်ဖို့ပါ။ ပြီးရင် အဲကောင်ကလည်း တစ်ခြားတစ်ယောက်နဲ့ ဆက်လုပ် ဆက်လုပ်နဲ့ မပြီးတော့မဲ့ပုံပါပဲ။ ဒါကိုကောင်မလေး လွတ်အောင် ရုန်းရတဲ့ ဇာတ်လမ်းပါ။ . — Review — Story က ကြည့်လိုက်ရင် တော်တော်အူကြောင်ကြောင်နိုင်ပါတယ်။ Sex အသားပေးကားလို့ထင်ရတယ်။ ဒါပေမဲ့မဟုတ်ပါဘူး။ အဲကိစ္စတွေက ပါတယ်ဆိုရုံလောက် သဘောလောက်ပဲပါပါတယ်။ ဇာတ်လမ်းက သေချာစဉ်းစားကြည့်ရင် တော်တော်ကြမ်းပါတယ်။ ကိုယ့်နောက်ကို လူတစ်ယောက်က ကိုယ့်ကိုမမိမချင်း လိုက်နေတယ်။ ဘယ်သူနဲ့တူမှန်းလည်း မသိဘူး။ ဘယ်အချိန်ရောက်လာမယ်မှန်းလဲမသိဘူး။ ဥပမာ ကိုယ်တစ်ယောက်ယောက်နဲ့စကားပြောနေတုန်း နောက်ကရောက်လာရင်ဘယ်လိုလုပ်မလဲ။ သူများတွေလဲမြင်ရတာမဟုတ်။ ညအိပ်နေတုန်း ရောက်လာရင်ရော။ ကိုယ်နောက်တစ်ယောက်နဲ့အိပ်လိုက်လို့လည်း ဒီကိစ္စက အေးသွားတာမဟုတ်ပါဘူး။ တကယ်လို့ အဲလူကိုမိသွားရင် ကိုယ့်ဆီပြန်လာနိုင်တယ်။ တွေးစရာတွေ တော်တော်များပါတယ်။ . ဒီကားက တစ်ကားလုံးမှ ဒေါ်လာ (၂)သန်း budget နဲ့ရိုက်ထားတဲ့ကားပါ။ ရိုက်သွားတာ တော်တော်မိုက်ပါတယ်။ ဇာတ်လမ်းအရ သရဲ/အကောင်က မှောင်မှ လိုက်သတ်တဲ့ တခြားကားထဲက သရဲမဟုတ်လို့ ညဘက်ကြီး မီးရုတ်တရက် ပြတ်သွားတာမျိုးမရှိဘူး။ ချောင်းကြည့်ပြီး ကြောက်အောင် ခြောက်နေတာမျိုးလည်း မပါဘူး။ Follow လုပ်ပြီး မိရင်သတ်တယ်ဆိုလို့ နေ့ခင်းကြောင်တောင်ကြီး လူတစ်ယောက် ဖြေးဖြေး ပုံမှန်နဲ့ လမ်းတည့်တည့်ကြီးလျှောက်လာတာတွေ့ရရင်ကို ကြည့်တဲ့ကောင်က ကြက်သီးထနေပြီ။ တီးလုံးကလည်း instrumental လိုမျိုးမဟုတ်ဘဲ Ex Machina ထဲကလိုမျိုး Electro လိုမျိုးတွေ သွားထားတယ်။ တော်တော်လည်း ကျောချမ်းဖို့ကောင်းတယ် တီးထားတာ။ . It Follows က low budget film တစ်ကားပါ။ နာမည်ကြီး ဒါရိုက်တာ မင်းသားမင်းသမီးတွေမဟုတ်ဘဲ ရိုက်ထားတယ်ဆိုပေမဲ့ တော်တော်ကြီးကို ကောင်းတဲ့ကားပါ။ နာမည်လည်းမကြားဘူး၊ cove ကြည့်တော့လည်း ဘာလိုလို ညာလိုလိုထင်ရတယ်။ International rating တွေကြည့်လိုက်တော့မှ တော်တော်ကြမ်းမှန်းသိရတယ်။ Horror ကားကောင်းကောင်း ကြိုက်တဲ့လူတွေ ကြည့်သင့်တယ်။ ကြည့်ပြီးတဲ့ပိတ်သတ်တွေရှိရင်လဲ ဒီဇာတ်ကားလေးအပေါ် အမြင်လေးတွေမန့်သွားကြပါဦး။ ? . — Info — Director : David Robert Mitchell Starring : Maika Monroe , Keir Gilchrist , Daniel Zovatto , Jake Weary , Olivia Luccardi , Lili Sepe Production company : Northern Lights Films , Animal Kingdom , Two Flints Running time : 100 minutes Box office : $20.6 million . — Ratings — Datshin: 4/5 IMDB: 6.9/10 Rotten Tomatoes: 96% Admin KPK (ရုပ်ရှင်အညွှန်းကို DatShin Facebook Page မှ ကူးယူဖော်ပြပါသည်။)

Drama • History
6.8 2014 101 mins
It Follows
Ring of Desire
4.1

Ring of Desire (2021) ================= Horror လို ဆိုပေမဲ့ အထွေအထူးကြောက်စရာလန့်စရာမျိုးတော့ မပါပါဘူး။ ရှေးဟောင်း မှော်၀င်လက်စွပ်တစ်ကွင်းကို အခြေတည်ပြီး ဇာတ်လမ်းကို စိတ် ၀င်စားစရာ ပုံဖော်ထားတာပါ။ ဇာတ်လမ်းအကျဉ်း – ဟိုးရှေးရှေးတုန်းက‌ စုန်းမနှစ်ယောက် မှော်လက်စွပ်တစ်ကွင်းကိုလုရင်း တိုက် ခိုက်ကြရာက ဇာတ်လမ်းစပါတယ်။ နောင်နှစ်ပေါင်းရာချီအကြာမှာ အဲဒီ‌‌မှော် လက်စွပ်ဟာ တိုနီနဲ့မာရီယာတို့ လင်မယားဆီ မထင်မှတ်ဘဲ ရောက်ရှိလာပါ တယ်။ တစ်နေ့မှာ တိုနီနဲ့မာရီယာဟာ လင်မယားပြန်အဆင်ပြေဖို့ တောအုပ်ထဲ က အိမ်လေးဆီ ဒုတိယမြောက်ဟန်နီးမွန်းဆန်ဆန် ခရီးထွက်လာကြပါတယ်။ ဖြစ်ချင်တော့ တိုနီ့ညီမဖြစ်သူဂျန်နီဖာနဲ့ သူ့ရည်စားမလေးဟော်လီတိုလည်း အဲဒီအိမ်ကို တိုက်တိုက်ဆိုင်ဆိုင် ရောက်လာခဲ့ပါတယ်။ အဲဒီမှာ သူတို့လေးယောက်လက်ထဲကို ရမ္မက်လက်စွပ်လို လူသိများတဲ့ မှော်လက် စွပ်ရောက်လာတဲ့အခါ… ဘာတွေဆက်ဖြစ်လာမလဲ၊ လက်စွပ်က ဘယ်လိုတွေ ပတ်မွှေမလဲဆိုတာကို ကြည့်ကြရမှာပါ။ (ဒီနေရာမှာ 18+ ဆန်ဆန်ဇာတ်၀င်ခန်းတွေ ပါ၀င်တဲ့အကြောင်း ကြိုသတိပေးထားပါရစေနော်။) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.26 GB) / (448 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 25Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Thriller Translator…….C’mon Encoder……….SWM

Adventure • Comedy • Drama
4.1 2021 85 mins
Ring of Desire
Alvin and the Chipmunks: The Road Chip

ဒီဇာတ်ကားက Chipmunk​တွေရဲ့ ​နောက်ဆုံးထွက်ရှိထားခဲ့တဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ ချစ်ပက်တ်​​​တွေက ဂီတ​​လောကမှာနေရာရ​နေပြီဖြစ်သလို ​ ဒေ့ဗ်ကလည်း ဆမန်သာဆိုတဲ့ ဆရာဝန် တစ်​ယောက်နဲ့ နီးစပ်​နေတဲ့အချိန်ဖြစ်လို့ အယ်ဗင်တို့သုံး​ကောင် အထီးကျန်​နေရတဲ့ ကာလ​တွေ​ပေါ့။ ဆမန်သာမှာ မိုင်းစ်ဆိုတဲ့သားတစ်​ယောက်ရှိပြီး သူတို့နဲ့စ​တွေ့ကတည်းက ကမ္ဘာ့ရန်​တွေဖြစ်​နေခဲ့တာပါ။ အဲဒီလိုနဲ့ ​ဒေ့ဗ်နဲ့ ဆမန်သာတို့ နှစ်​ယောက်တည်း မိုင်ယာမီကို ခရီးထွက်ဖို့ဖြစ်လာတဲ့အခါ ​ဒေ့ဗ်တစ်​ယောက် လက်ထပ်ခွင့် ​တောင်း​တော့မယ်လို့ ထင်သွားကြပြီး ကိုယ့်ရန်သူနဲ့ မိသားစု မဖြစ််ချင်တဲ့ မိုင်းစ်နဲ့ ရှဉ့်သုံး​ကောင်တို့ ပန်းတိုင်တူ မိတ်​ဆွေ ​တွေအ​နေနဲ့ ​ဟောလီးဝုဒ်က​နေ မိုင်ယာမီအထိ လိုက်သွားပြီး ​ဒေ့ဗ် လက်ထပ်ခွင့်​တောင်းမယ့် အစီအစဉ်ကို လိုက်ဖျက်ဖို့ ကြိုးစားပါ​တော့တယ်။ သူတို့ရဲ့ ဖျက်လိုဖျက်ဆီး ခရီးစဉ်မှာ ဘယ်လိုတလွဲ​တွေ လုပ်ဦးမလဲ၊ သူတို့ရဲ့ရည်မှန်းချက်ကြီးကို ​အောင်မြင်စွာ အ​ကောင်အထည် ဖော်နိုင်မလား၊ ဒါမှမဟုတ် ကျရှုံးသွားမလားဆိုတာ ကြည့်ရှုရမှာပါ။ File size… 2.6 GB / 665 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 32m Genre ….. Comedy/Music Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX

Horror • Science Fiction
0 1900
Alvin and the Chipmunks: The Road Chip
The Housemaid
6.4

2010ခုနှစ်မှာထွက်ရှိခဲ့ပြီး ကိုရီယားထိပ်တန်းသရုပ်ဆောင်တွေပါဝင်ထားကြတဲ့ The Housemaid ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာ အင်ဆန်းဆူ ရဲ့လက်ရာဖြစ်ပြီး 1960 ပြည့်နှစ်လောက်က ထွက်ရှိခဲ့တဲ့ရုပ်ရှင်ကိုပြန်လည်ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်။ ငွေကြေးဥစ္စာပြည့်စုံတဲ့ ဓနရှင်တွေဟာ အောက်ခြေလူတန်းစားများကို အနိုင်ကျင့်ဖိနှိပ်တတ်ကြပုံကို ပေါ်လွင်အောင်ရိုက်ကူးပြထားတဲ့ ဒီကားလေးမှာ ကလေးထိန်းအဖြစ်သွားရောက်လုပ်ကိုင်တဲ့ အမျိုးသမီးလေးဟာ အိမ်ပိုင်ရှင်သူဌေးရဲ့ အသုံးတော်ခံအဖြစ်ဖြည့်ဆည်းရပြီး နောက်ဆက်တွဲပြဿနာတွေရှိလာတဲ့အချိန်မှာလည်း အဖက်ဖက်ကညှင်းပန်းခံရတဲ့အတွက် သူ့နည်းသူ့ဟန်နဲ့ လက်စားချေပုံကို ဇာတ်လမ်းဖွဲ့ထားခြင်းဖြစ်ပါတယ်။ ထူးခြားတဲ့ တင်ဆက်ပုံနဲ့ သရုပ်ဆောင်တွေရဲ့စွမ်းရည်ကိုပေါင်းစပ်ထားတဲ့အတွက် ရုပ်ရှင်ပွဲတော်တွေမှာ ပြသခြင်းခံရပြီး sequel movie တွေ ရိုက်ရ‌လောက်သည်အထိ ဖြစ်ခဲ့ပါတယ်။ အဲဒီအထဲက တစ်ကားဖြစ်တဲ့ The Taste of money ဆိုတဲ့ ကားကိုလည်း CM မှာတင်ပေးဖူးပါတယ်။ IMDb rating 6.4 ရရှိထားပြီး ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုတွေကိုလည်းရရှိခဲ့တဲ့ ဒီဇာတ်ကားလေးဟာ အိမ်ထောင်ရေးဖောက်ပြန်မှုဇာတ်လမ်းဖြစ်သည့်အတွက် မိသားစုနဲ့ အတူမကြည့်သင့်တဲ့ ဇာတ်ဝင်ခန်းလေး အနည်းငယ်ပါဝင်ပါတယ်လို့ ကြိုပြီးသတိပေးလိုက်ပါတယ်။ File size… 1.4 GB / 652MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 47m Genre ….. Drama/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sophie

6.4 2010 107 mins
The Housemaid
Hands of Hell

ဒီ “Hands of Hell” ဆိုတဲ့ ဇာတ်ကားကတော့ အမေရိကန်နိုင်ငံရဲ့ Texas မြို့အရှေ့ဘက်မှာ ဇာတ်လမ်းတည်ထားပါတယ်။ စိတ်ကျန်းမာရေးဆေးရုံကနေ စိတ္တဇလူသတ်သမားနှစ်ဦးလွတ်လာတဲ့အခါ Texas မြို့ လူသူနဲ့ အလှမ်းဝေးတဲ့နေရာတစ်ခုမှာ အပန်းဖြေခရီး ထွက်လာကြတဲ့ လူငယ်တစ်စုနဲ့ ထိုလူသတ်သမားနှစ်ဦး တွေ့ကြတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ။ ဒီလူငယ်တစ်စုက ဘယ်လိုလွတ်မြောက်အောင် ကြိုးစားကြမလဲ။ လူသတ်သမားနှစ်ဦးကဘဲ အနိုင်ရသွားမလား။ ဒီလူငယ်တစ်စုပဲ လွတ်မြောက်သွားမလား စိတ်လှုပ်ရှားစရာ ကြည့်ရမယ့်ဇာတ်ကားမျိုးဘဲဖြစ်ပါတယ်။ Horror film ပုံစံမျိုးဖြစ်တဲ့အတွက် Weekend လိုမျိုးမှာ ကြည့်ဖို့သင့်တော်တဲ့ movie တစ်ခုပဲဖြစ်ပါတယ်။ File size…(1.3 GB)/(530 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:18:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Phoo Phoo

0 2023
Hands of Hell
Pelikan Blue Kék Pelikan
8.1

Pelikan Blue (2024) Original title: Kék Pelikan IMDb Rating (8.1) ဒီ Animation Documentary လေးကတော့ တကယ့်ဖြစ်ရပ်မှန်ကိုအခြေခံတင်ဆက်ထားတဲ့ ဟန်ဂေရီ Animation ရုပ်ရှင်ကားလေးဖြစ်ပါတယ်။ ဟန်ဂေရီနိုင်ငံဟာ ဆိုဗီယက်အုပ်ချုပ်ရေးလက်အောက်မှလွတ်မြောက်သွားပြီးနောက် ၁၉၉၀ ခုနှစ်ကာလများမှာ လွတ်လပ်စွာခရီးသွားလာခွင့်တွေရရှိခဲ့ပေမယ့် လက်မှတ်ခတွေ အလွန်ဈေးကြီးတာကြောင့် ခရီးသွားဖို့မတတ်နိုင်ခဲ့ကြပါဘူး။ ဒါကြောင့် လူငယ်များ နိုင်ငံပြင်ပ လောကကြီးအကြောင်းလေ့လာနိုင်စေဖို့ ဘူတာပတ်စ်မြို့က Ákos, Laci နဲ့ Petya ဆိုတဲ့ လူငယ်လေးသုံးယောက်ဟာ လက်မှတ်တုတွေလုပ်ပြီး ခရီးသွားကြဖို့ ကြိုးပမ်းကြပုံကို စိတ်ဝင်စားဖွယ် သမိုင်းဗဟုသုတအနေဖြင့်ကြည့်ရှုကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Zaw Mee ပဲဖြစ်ပါတယ်) File size…(1.4 GB) / (480 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:19:20 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Zaw Mee

Adventure • Fantasy
8.1 2024 80 mins
Pelikan Blue Kék Pelikan
Family Gbese
3.4

Family Gbese (2024) IMDb Rating (3.4) Family Gbese က ဒါရိုက်တာ Michelle Bello ရိုက်ကူးပြီး Chinaza Onuzo ရေးသားခဲ့တဲ့ Nigerian ဟာသဇာတ်လမ်းပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းက မိသားစုအပေါ် သစ္စာရှိမှု၊ ရည်မှန်းချက်နဲ့ ကိုယ်ရဲ့ဆန္ဒနဲ့ မိသားစုဝတ္တရားနှစ်ခု ဆန့်ကျင်လာတဲ့အခါ ပေါ်ပေါက်လာတဲ့ ကိုယ်ကျင့်တရားအကျပ်ရိုက်မှုတွေကို ပေါ်လွင်အောင် ရိုက်ကူးထားပါတယ်။ Plot summary: အောင်မြင်နေတဲ့ လူငယ်တစ်ဦးဖြစ်တဲ့ Nnamdi Nwagba ရဲ့ ဘဝက လောင်းကစားစွဲနေတဲ့ သူ့အစ်ကို Gozie ရဲ့ အကြွေးတွေကြောင့် နှောင့်ယှက်မှုကိုခံခဲ့ရတယ်။ အန္တရာယ်များတဲ့ လူဆိုးဂိုဏ်းမှာတင်နေတဲ့ Gozieရဲ့ အကြွေးတွေကြောင့် Nnamdi သူ့မိသားစုကို ကာကွယ်ဖို့နဲ့ သူနဲ့စေ့စပ်ထားတဲ့ အစိုးရဘက်ကချစ်သူနဲ့ ဆက်ဆံရေးကိုထိန်းသိမ်းဖို့ကြား အကျပ်ရိုက်ခံရပါတော့တယ်။ ​ မိသားစုရှုပ်ထွေးမှုတွေနဲ့ သစ္စာရှိမှုကြောင့် စတေးရမဲ့အရာတွေပေါ်ပေါက်လာပြီး Nnamdi ဘယ်အရာတွေကို ရွေးချယ်ကာကွယ်သွားမလဲဆိုတာ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ “Family Gbese” က mixed reviews တွေ ရထားပြီး Imdb မှာတော့ 3.9 out of 10 ရထားပါတယ်။ Critics တွေက ဒီဇာတ်လမ်းဟာ Nigerian ယဥ်ကျေးမှုအတွင်းက ဆက်စပ်မှုရှိတဲ့အကြောင်းအရာတွေကို ရိုက်ကူးထားပေမဲ့ မှန်းဆရလွယ်တယ်လို့ မှတ်ချက်ချထားပါတယ်။ NollyCritic က ဒီဇာတ်လမ်းမှာ Technical flaws လေးတွေ အနည်းငယ်ရှိပြီး ဇာတ်လမ်းက comedy ဘက်သွားမလား serious ဘက်သွားမလား တစ်သမတ်တည်းမရှိဘူးလို့ ဝေဖန်ထားပါတယ်။ ​ဒီလို mixed reviews တွေရထားပေမဲ့ “Family Gbese” က commercial အရတော့ အတော်လေးအောင်မြင်ခဲ့ပါတယ်။ ရုပ်ရှင်စထွက်တဲ့ ပထမနှစ်ပတ်မှာပဲ ₦28 million ( $36,000 ဝန်းကျင်) ကျော်ရထားပြီး ပရိသတ်စိတ်ဝင်စားမှုကို အများအပြားရထားပါတယ်။ စာရေးသူအနေနဲ့တော့ ​Nigerian တွေရဲ့ လူမှုစံနှုန်းတွေကြားက မိသားစုပြဿနာကို ​အခွီတွေနဲ့ရိုက်ကူးထားတဲ့ ကြည့်ပျော်စရာ ဟာသဇာတ်လမ်းကောင်းတစ်ပုဒ်လို့ မြင်မိပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.8 GB) / (750 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama Duration….01:28:41 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Drama • Romance
3.4 2024 89 mins
Family Gbese
Fast Five Fast and Furious 5
7.3

Fast and Furious ရုပ်ရှင်ကားတွေအကုန်လုံးကို 4K DD.5.1 Quality နဲ့ Extended Version တွေချည်း တင်ဆက်လိုက်ပါတယ်… ဒီမှာ https://www.channelmyanmar.to/category/special-package/fast-and-furious/ ကြည့်ပါ။ +++++++++++++++++++ Fast Five (2011) IMDb Rating (7.3) / Rotten Tomatoes (78%) ရုပ်ရှင်မိတ်ဆက် ဒီတစ်ခါတော့ လူငယ်တွေကို ပြိုင်ကားတွေနဲ့ ရင်းနှီးစေခဲ့တဲ့ Fast & Furious ဇာတ်လမ်းတွဲတွေထဲက အကောင်းဆုံးလို့ ပြောလို့ရတဲ့ Fast Five နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီတစ်ခါ Review ကတော့ ထူးထူးခြားခြား ပရိတ်သတ်အားလုံးကို အမှတ်တရဖြစ်နေမှာပါ။ Fast & Furious ဇာတ်ကားတွေရဲ့ အဓိကမင်းသားအဖြစ် Vin Diesel နဲ့အတူ တွဲဖက်သရုပ်ဆောင် ခဲ့တဲ့ Paul Walker (Brian O’Conner) က နိုဝင်ဘာလ ၃၀ ရက်နေ့ ၂၀၁၃ ခုနှစ်မှာ Santa Clarita, California မှာ ကား အက်ဆီးဒင့် ဖြစ်ပြီး သေဆုံးသွားပြီဖြစ်ပါတယ်။ သူ သေဆုံးချိန်မှာ အသက် ၄၀ ပဲရှိသေးပြီး သူငယ်ချင်းနဲ့ အတူ ဖီလစ်ပိုင်မုန်တိုင်း အတွက် Charity Event ကနေပြန်အလာမှာ ကားအက်ဆီးဒင့် ဖြစ်တာဖြစ်ပါတယ်။ ကားက သူနဲ့အတူ သွားတဲ့ သူ့သူငယ်ချင်း ကမောင်းတာဖြစ်ပြီး ဖြစ်တဲ့နေရာက Valencia ရပ်ကွက်ရဲ့ Street Race လုပ်တာများတဲ့ လမ်းပေါ်မှာဖြစ်ပါတယ်။ Fast Five အကြောင်းကိုပြောရရင် ဒီကားက Fast & Furious လို့ခေါ်တဲ့ စတုတ္ထမြောက်ကားရဲ့ အဆက် ဖြစ်ပြီး O’Conner နဲ့ Dominic တို့ ဘရာဇီးနိုင်ငံ Rio De Jeneiro မှာ အဲ့ဒီမြို့က လူဆိုး ခေါင်းဆောင် Hernan Reyes နဲ့ပြသ၁နာဖြစ်ကြ သလို၊ လူဆိုးအဖွဲ့နဲ့ အလုပ်တူတူ လုပ်နေတုန်း လူဆိုးတွေက DEA အေးဂျင့်တွေကို သတ်လိုက်တာကိုလည်း သူတို့နှစ်ယောက်အပေါ်ပုံချခံရပါတယ်။ ဒါနဲ့ပဲ DEA က The Rock နဲ့အဖွဲကို လွှတ်ပြီး ဖမ်းခိုင်းပါခဲ့တယ်။ အဲ့ဒီမှာ Dominic နဲ့ Brian က Reyes က ဘိန်းအရောင်းအဝယ်နဲ့ ချမ်းသာနေတာဖြစ်ပြီး ဒေါ်လာသန်း ၁၀၀ ကျော် ရှိတယ်ဆိုတာ သိသွားတဲ့နောက် Reyes ကို ဓါးပြတိုက်ဖို့ ကြံစည်ကြပါတယ်။ ဒီလို အစီအစဉ်ဆွဲ ရာမှာ သူတို့ ရဲ့ မိတ်ဆွေတွေကို သူတို့နဲ့အတူ ပါဝင်စေခဲ့ပါတယ်။ Brian က 2 Fast 2Furious ထဲက Roman Pearce (Tyrese Gibson, Paul Walker ရဲ့ အမှတ်တရ ပွဲကို မျက်ရည်စက်လက်နဲ့ တက်ရောက်ခဲ့ပါတယ်) နဲ့ Tej တို့ကို ခေါ်ခဲ့ပြီး Dominic က Fast & Furious ကားထဲက Han (Sung Kang), Gisele, Tego နဲ့ Don Omar တို့ပြန်ခေါ်ခဲ့ပါတယ်။ ဒီကားမှာ ရှေ့ ထွက်ပြီးသမျှ Fast & Furious ကားတွေထဲက သရုပ်ဆောင်တွေ အကုန် လုံးနီးပါပြန်ပါ ခဲ့ပါတယ်။ (Tokyo Drift က Fast & Furious 7 မတိုင်ခင်ထိ ဇာတ်လမ်းတွေရဲ့နောက်ဆုံးကားဖြစ်ပြီး အစဉ်လိုက် စီရရင် The Fast and the Furious, 2 Fast 2 Furious, Fast & Furious, Fast Five, Fast & Furious 6, Tokyo Drift and Fast & Furious 7 ဖြစ်ပါတယ်။) ဇာတ်လမ်းတစ်ဝက်လောက်က အစီအစဉ်ချတာနဲ့တင် အချိန်ကုန်နေပြီး ဇာတ်လမ်း တစ်ဝက်လောက်မှာစပြီး ဇာတ်ရှိန်တက်လာတာဖြစ်ပါတယ်။ သရုပ်ဆောင်တွေ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ နားလည် မှု အပြည့်အဝနဲ့ သရုပ်ဆောင်ထားတာ တွေ့ရမှာဖြစ်သလို ထူးထူးခြားခြား ဓါးပြတိုက်တဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။ ပြိုင်ကားနဲ့ ဇာတ်လမ်းကောင်း မျိုး မရှိနိုင်ဘူးလို့ ပြောနေတဲ့ သူတွေကို ပါးစပ်ပိတ် သွားစေတဲ့ကားဖြစ်ပါတယ်။ ပြိုင်ကား ပရိတ်သတ်တွေ ကြည့်သင့်တဲ့ ဇာတ်ကားပါ။ မိသားစု တူတူကြည့်သင့်တဲ့ကားမျိုးတော့ မဟုတ်ပါဘူး။ No Nudity ပေမယ့် Street Race ဇာတ်လမ်းဖြစ်လို့ Half Naked, Bikini ဝတ် မော်ဒယ်တွေ အများပြား ပါဝင်တာကိုတွေ့ရမှာဖြစ်ပါတယ်။ #Sololay (အညွှန်းကိုရုပ်ရှင်မိတ်ဆက်မှကူးယူဖော်ပြပါသည်။) File Size : (10 GB) /(2.4 GB) / (1.3 GB) Quality : BluRay Extended4K HEVC/ 1080p HEVC/ 720p Running Time : 2hr 10 min Format : Mkv/Mp4 Genre :Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Zuel Zan Aung Encoded by Phyo Pyae/Ka Naung

Drama
7.3 2011 131 mins
Fast Five Fast and Furious 5
Friendship
7.4

IMDb 7.4 , Rotten Tomatoes 88% ရရှိထားတဲ့ ဒီဇာတ်ကားမှာဆိုရင် Tim Robinson အတူ နာမည်ကြီးမင်းသားကြီး Paul Rudd ကပါဝင်သရုပ်ဆောင်ပေးထားပါတယ်.. ဇာတ်လမ်းအကျဉ်း ++++++++++ ခရစ်ချ်ဝါးတားမန်းဆိုသူက ကင်ဆာပျောက်ကင်းခါစ မိန်းမဖြစ်သူ၊ ဆယ်ကျော်သက်သားငယ်တို့နဲ့ အတူနေထိုင်တဲ့ မားကတ်တင်းပိုင်းလုပ်တဲ့ ကုမ္ပဏီ၀န်ထမ်းတစ်ဦးပေါ့ ။ နေတဲ့အိမ်ကိုရောင်းပြီး ပြောင်းရွှေ့ဖို့ပြင်ကာမှ သူတို့အိမ်နားကို လူသစ်တစ်ဦးပြောင်းလာတယ် ။ စာပို့သမားကောင်းမှုကြောင့် ခရစ်ခ်ျက အော်စတင်မည်တဲ့ အဲ့လူသစ်ကို မြန်မြန်ဆန်ပဲ ခင်မင်သွားခဲ့ပြီး လူမှူဆက်ဆံရေးမှာ သိပ်ညံ့တဲ့ ခရစ်ခ်ျနဲ့ပြောင်းပြန် လူချစ်လူခင်ပေါအောင်နေတတ်တဲ့လူသစ်ကြောင့် ခရစ်ခ်ျက သူ့ကို အတော်သဘောကျသွားတယ် ။ ပြိုပျက်မလိုဖြစ်နေတဲ့ သူ့အိမ်ထောင်ရေးအပြင် အလုပ်ဆက်ဆံရေးမှာပါ အော်စတင်ကို အတုယူပြီး ခရစ်ခ်ျအတွက် အဆင်ပြေစပြုလာတယ် ။ ဒါပေမဲ့ တစ်နေ့ကျ ကိစ္စတစ်ခုဖြစ်သွားပြီးနောက်မှာ ရှေ့တင်ရော နောက်ကွယ်မှာပါ အော်စတင်က သူ့ကိုရှောင်တော့တာပဲ ။ ဒါကိုလက်မခံနိုင်တဲ့ အစွဲအလမ်းသိပ်ကြီးတဲ့ ခရစ်ခ်ျကလည်းထူးထူးဆန်းဆန်းတွေစလုပ်လာချိန်မှာ ပြန်ကောင်းမလိုဖြစ်နေခဲ့တဲ့ သူ့မိန်းမနဲ့ကြား အိမ်ထောင်ရေးက ပိုပြီးတောင် ယိုယွင်းသွားခဲ့တာကပဲ ခရစ်ခ်ျကို အဆုံးစွန်ထိဖြစ်အောင် တွန်းပို့သလိုဖြစ်သွားတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာတော့ ဆက်ကြည့်ရှု့လိုက်ကြပါနော် ။ ဒီကားလေးက cringe comedy ဖြစ်သလိုပဲ ပုံမှန်လူနေမှုဘ၀က မျက်မှောက်ခေတ်လူတစ်ဦးရဲ့ အထီးကျန်ဆန်မှုတွေကိုပါ ကွက်ကွက်ကင်းကင်းပြသ‌ပေးထားတယ် ။ အားကျမှုကနေတစ်ဆင့်ပြောင်းလာတဲ့ စွဲလမ်းမှုတွေက လူတစ်ဦးကို ဘယ်လောက်ထိအစွန်းရောက်‌စေလဲ‌ဆိုတာကို ဖော်ကျူးထားခြင်းပါပဲ ။ File Size… (2.19 GB) / ( 856 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 40m Genre …..Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phu Thet Khin

Comedy • Drama
7.4 2025 100 mins
Friendship