YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Revenge (2022)Ep.9.mp4

1.17 GB N/A video/mp4 307 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Pollen
3.7

Pollen (2023) ========== ကျွန်တော်တို့တွေရဲ့ နေ့စဉ်ဘဝမှာ မသိမသာရော သိသိသာသာပါ abuse လုပ်ခံရတဲ့ အချိန်တွေ ရှိနေတတ်ပါတယ်။ ကျူးလွန်တဲ့သူ ဘက်ကတော့ မဖြစ်စလောက်လေးဆိုပေမဲ့ ကျူးလွန်ခံလိုက်ရတဲ့သူ အတွက်ကတော့ တစ်ဘဝလုံးစာပါပဲ။ ဟုတ်ပါတယ်။ ဒီဇာတ်လမ်းက ရုံးတွင်းအနိုင်ကျင့်မှုတွေကို ခံခဲ့ရတဲ့ ဟယ်ရာဆိုတဲ့ ကောင် မလေးတစ်ယောက်အကြောင်းပါ။ ဟယ်ရာက အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်ပြီး ရည်မှန်းချက်အရောင် တလက်လက်တောက်နေတဲ့ မျက်လုံးလေးတွေနဲ့ပေါ့။ သူ့ရဲ့အလုပ်မှာ အမြင့်ဆုံးရာထူးထိရောက်အောင် တက်လှမ်းမယ်ဆိုတဲ့ ခံယူချက်နဲ့ ကြိုးစားတဲ့သူလေးပါ။ ဒါပေမဲ့ သူ့အိပ်မက်တွေကို ဖျက်ဆီးပစ်ကြတာ ကတော့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေပါပဲ။ အထက်လူကြီးတစ်ယောက်ရဲ့ rape လုပ်တာကို ခံခဲ့ရပြီး အဲဒီလူ လက်ဆောင်ပေးခဲ့တဲ့ ပန်းပင်လေး ကနေ မကောင်းဆိုးဝါးတစ်ကောင် ကပ်ပါလာခဲ့တယ်။ လုပ်ငန်းခွင် အဆင်မပြေမှုတွေအပြင် အဲဒီမကောင်းဆိုးဝါးကပါ သူ့ရဲ့အိပ်မက်တွေ ထိ လိုက်နှောင့်ယှက်လာတဲ့အခါ ဟယ်ရာတစ်ယောက် ဘယ်လိုရင်ဆိုင် သွားမလဲဆိုတာကို ကြည့်ရှု့ခံစားလိုက်ကြရအောင်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size..........(1.0 GB) / (360 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 26Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Mystery, Thriller Translator.......May Thet Khine Soe Encoder..........SWM

Horror • Mystery
3.7 2023 86 mins
Pollen
Darkness Falls
5.5

ဒါကတော့ ၂၀၀၃ ခုနှစ်က ထွက်ခဲ့တဲ့ ဟော်ရာရုပ်ရှင်ကောင်းတစ်ခုပါပဲ ဇာတ်ကားလေးရဲ့ နာမည်အတိုင်းပဲ "Darkness Fall"ဆိုတဲ့ မြို့လေးမှာ မတ်တေလ်ဒါဆိုတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်.သူမကို ကလေးတွေအားလုံးချစ်ခင်ကြတယ်.ဒါပေမဲ့ တစ်နေ့တော့ သုူ့အိမ်မီးလောင်တဲ့ အချိန် သူ့မျက်နှာပါ မီးလောင်ဒဏ်ရာ ရသွားတယ်.တစ်နေ့ မြို့မှာ ကလေးနှစ်ယောက်ပျောက်သွားတော့ မြို့က သူတွေက သူ့ကို ကလေးတွေ သတ်တယ်ဆိုပြီး မှားယွင်းစွပ်စွဲ သတ်ပစ်လိုက်ကြတယ်.မတ်တေလ်ဒါက သူမသေခင်မြို့လေးကို "သူမ မျက်နှာကို မြင်တဲ့ ဘယ်သူကိုမဆို လက်စားချေမယ်" ဆိုပြီး ကျိန်စာတိုက်ခဲ့တယ်.နှစ်တွေအများကြီး ကြာပြီးတော့ ကိုင်းလ်ဆိုတဲ့ ကလေးလေးနဲ့ ကျိန်စာဟာ ပြန်အသက်ဝင်လာခဲ့တယ်.ကိုင်းလ်ကရော ကျိန်စာကို ဘယ်လိုရင်ဆိုင်မလဲ. ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာ ဇာတ်ကားကြည့်ရင်း အဖြေရှာလိုက်ပါ File size…(1.7 GB)/(779MB)/(362MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:26:00 Genre...Fantasy, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hein Zayar Kyaw

5.5 2003 86 mins
Darkness Falls
Ages of Love (2011) Manuale d’am3re
5.9

Ages of Love (2011) The Manual of Love 3(or) Manuale d’am3re အချစ်ကျမ်းစာ (Manual of Love) လို့အမည်ရတဲ့ အီတလီဇာတ်ကားဟာ စုစုပေါင်း ၃ ကားထွက်ရှိခဲ့ပြီး ဒါကတော့ နောက်ဆုံးဇာတ်ကားဖြစ်ပါတယ်။ Manual of Love 2 တုန်းက ပါဝင်ပွဲကြမ်းသွားတဲ့ ပုရိသတို့အသည်းစွဲ မင်းသမီးကြီး Monica Bellucci လဲထပ်မံပါဝင်ထားခဲ့ပြီးတော့ တခြားဇာတ်ဆောင်တွေနဲ့ မတူညီတဲ့ဇာတ်လမ်းတွေကို ပေါင်းစပ်တင်ဆက်ထားပါတယ်။ ဇာတ်လမ်းကတော့ မြှားနတ်မောင်ဇာတ်လမ်းပါ…မြင်နေကျ မြှားနတ်မောင်ဇာတ်လမ်းတွေနဲ့မတူတာက ဒီထဲမှာပါတဲ့ မြှားနတ်မောင်ကတော့ သောက်တလွဲပဲ ပစ်တတ်တဲ့ကောင်ပါ။ ဒီကောင်ပစ်လိုက်တာနဲ့ သောက်ပြသနာတသီကြီးတက်ပြီလို့ပြောရလောက်အောင် ချောက်ချတတ်တဲ့မြှားနတ်မောင်ပါ။ ရင့်ကျက်တည်ငြိမ်သူတွေတောင်မှ လဗြောင်းသတ်သွားတတ်တဲ့ မြှားနတ်မောင်ရဲ့မြှားသုံးချောင်းအကြောင်းကို ခံစားကြည့်ကြပါဦး။ Manual of Love ဇာတ်ကား ၃ ကားစလုံးကို channelmyanmar.to/?s=manual+of+love မှာကြည့်ပါ။ File size…(900 MB) Quality…BluRay 720p Format…mp4 Duration….02:07:00 Subtitle….Myanmar Subtitle (Hardsub) Encoder….RGB Translated by BaBa Yaga

Action • Drama • History • Thriller
5.9 1900 125 mins
Ages of Love (2011) Manuale d’am3re
Nayola
7

Nayola (2022) ~ IMDb rating – 7/10 ~ ဒီရုပ်ရှင်မှာ အာဖရိက တောင်အလယ်ပိုင်းက အန်ဂိုလာလို့ခေါ်တဲ့ နိုင်ငံလေးက မျိုးဆက်သုံးဆက်သော အမျိုးသမီးတွေကို ဇာတ်ကောင်ပြုထားတယ်။ အန်ဂိုလာက ၁၆ရာစုကနေ ၁၉၇၅အထိ ပေါ်တူဂီကိုလိုနီ နိုင်ငံဖြစ်ခဲ့ဖူးသလို လွတ်လပ်ရေးရပြီး ၁၉၇၅ကနေ ၂၀၀၂အထိ ပြည်တွင်းစစ်ဖြစ်ခဲ့တယ်။ ပြည်တွင်းစစ်က ပြီးသွားပေမဲ့ အဲဒီ၂၀၀၂နောက်ပိုင်း ငြိမ်းသွားကြသလားဆိုတော့ မငြိမ်းဘူး။ သူ့ပြည်နယ်တစ်ခုဖြစ်တဲ့ ကဗင်ဒါမှာ ခွဲထွက်ရေးလုပ်ဖို့လုပ်နေတဲ့ တော်လှန်သူတွေရှိနေတုန်းပဲ။ ၂၀၀၆မှာတော့ ကဗင်ဒါပြည်လွတ်မြောက်ရေးတပ်ဦးနဲ့ ငြိမ်းချမ်းရေး စာချုပ်ချုပ်ခဲ့တယ်။ ဒါပေမဲ့လည်း ကဗင်ဒါခွဲထွက်ရေးပြောက်ကျားတပ်ဖွဲ့တစ်ဖွဲ့က ဒီနေ့ထက်ထိ တော်လှန်နေဆဲပဲ။ ဆိုတော့ အစဉ်မငြိမ်းချမ်းခဲ့တဲ့ နိုင်ငံက မျိုးဆက်သုံးဆက်သောအမျိုးသမီးတွေကို ဇာတ်ကောင်ပြုထားတဲ့ ဒီရုပ်ရှင်မှာ ဒီစစ်အဆက်ဆက်ရဲ့ ဒဏ်ကို တိုင်းသူပြည်သားတွေကို ခံစားခဲ့ရပုံကို ပြထားတယ်။ ဒါပေမဲ့ အဓိကဇာတ်ကောင်တွေက အမျိုးသမီးတွေဆိုတော့ အမျိုးသမီးတွေဘက်ကို ပိုအလေးကဲတယ်။ လွတ်လပ်ရေးတိုက်ပွဲမှာ လင်သေသွားတဲ့ အဘွားကြီးရယ်… ပြည်တွင်းစစ်မှာ ယောက်ျားပျောက်သွားခဲ့တဲ့သူ့သမီးရယ်… အမေရောအဖေရောပျောက်သွားတဲ့ သူ့မြေးရယ်ရဲ့ ဇာတ်လမ်းတွေကို အပြိုင်တင်ပြထားတယ်။ ဒါပေမဲ့ အရမ်းရိုးရိုးရှင်းရှင်းကြီးတော့မဟုတ်ဘူး… ယောက်ျားပျောက်သွားလို့ လိုက်ရှာတဲ့သူ့သမီးက အခရာလို့ပြောလို့ရတယ်။ သူ့ဇာတ်မှာ နိမိတ်ပုံဆန်ဆန် ပုံဖော်မှုတွေတော်တော်များသလို သူဟာ အဲဒီတော်လှန်ရေးမသေသေးတဲ့ ပြယုဂ်တစ်ခုအဖြစ်လည်း ထင်ကျန်နေတယ်။ မြေးမလေးကတော့ Rap သီချင်းတွေနဲ့ တိုင်းပြည်ကို တော်လှန်နေတဲ့သူလို့ပြောရမယ်။ သူ့အဖေအမေနဲ့ တော်လှန်ပုံတော်လှန်နည်းတော့ မတူခဲ့ဘူးပေါ့။ ဒီဇာတ်လမ်းမှာ စစ်ကြီးပြီးတာကြာပြီလို့ ပြောကြတဲ့သူတွေလည်းရှိပေမဲ့ အိမ်ပြန်လာစေချင်ကြသူတွေလည်းရှိပေမဲ့ သမီးဇာတ်ကောင်ပြောသွားတဲ့ “စစ်ပွဲကနေ ဘယ်သူမှပြန်မလာနိုင်ကြဘူး အမေ” ဆိုတဲ့ စကားအတိုင်းပဲ မပြီးဆုံးသူတွေအတွက်တော့ မပြီးဆုံးခဲ့ဘူး။ လွယ်လွယ်လေးပြောရရင် ဒီဇာတ်လမ်းဟာ ပြီးဆုံးတယ်ဆိုတာ တကယ်တမ်း စကားလုံးပဲရှိတဲ့အရာ ဆိုတဲ့အကြောင်းပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 635MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 30Min Genre – Action, Drama, Fantasy Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

TV Movie • Mystery • Thriller • Drama
7 2022
Nayola
Walk the Line
7.8

Walk the Line (2005) ~ IMDb – 7.8/10, Rotten Tomatoes – 82% ~ ကန်းထရီးအဆိုတော် ဂျွန်နီကတ်ရှ်ရဲ့ I Walk the Line သီချင်းဟာ ရိုးလင်းစတုန်းမဂ္ဂဇင်းရဲ့ သမိုင်းတစ်လျှောက်အကျော်ကြားဆုံးသီချင်းငါးရာ စာရင်းမှာ နံပါတ်၃၀ချိတ်ဖူးသလို ၂၀၁၄မှာ စာရင်းလုပ်ခဲ့တဲ့ အကောင်းဆုံးကန်းထရီးသီချင်းတစ်ရာစာရင်းမှာ နံပါတ်တစ်ချိတ်ခဲ့ဖူးတယ်။ ဂျွန်နီကတ်ရှ်ရဲ့တချို့အယ်လ်ဘမ်တွေဆိုရင်လည်း The Beatles တွေထက်တောင် ရောင်းအားကောင်းခဲ့ဖူးတယ်။ ခု Walk the Line ကတော့ သူ့ ဘိုင်အိုဂရပ်ဖီရုပ်ရှင်ပေါ့။ Walk the Line မှာ ဂျွန်နီကတ်ရှ်ပေါက်စနလေးဘဝကနေ ဘာမှပြစရာမရှိတော့တဲ့အထိ ဂျွန်နီကတ်ရှ်အကြောင်း အကုန်ပြထားတယ်။ ဂျွန်နီကတ်ရှ်ရဲ့ ဘိုင်အိုဖြစ်တဲ့ ဒီကားက ကြည့်ဖူးတဲ့ ဘိုင်အိုဂရပ်ဖီကားတွေထဲတော့ တော်တော်ဒရာမာများတဲ့ ရုပ်ရှင်လို့ပြောရမယ်။ ဘိုင်အိုကားလို့ကို ထင်စရာမရှိနေဘူး။ မရှိဆို James Mangold ရဲ့ အသက်သွင်းပုံကလည်း လှသကိုး။ ဂျိမ်းစ်မန်းဂိုးဒ်ရဲ့ သမိုင်းတစ်လျှောက် ဒီနှစ်ထွက်ခဲ့တဲ့ Indiana Jones and the Dial of Destiny တစ်ကားကလွဲ Cop Land ကနေ Ford v Ferrari အထိ ပယ်စရာကားမရှိဘူးဆိုတော့ သူ့တင်ဆက်ပုံ သိပ်ကောင်းတာတော့ ပြောစရာမလိုဘူး။ ဒီရုပ်ရှင်ကိုလည်း သူကိုယ်တိုင် ကတ်ရှ်ရဲ့ ဘိုင်အိုစာအုပ်နှစ်အုပ်ကနေ အချက်အလက်တွေယူပြီး သူ့ဘာသာဇာတ်ညွှန်းရေးခဲ့တာပဲ။ ဂျွန်နီကတ်ရှ်အကြောင်းကို သူက ဟိုးပေါက်စနလေးကတည်းကနေ ပြတာဆိုတော့ ကတ်ရှ်ရဲ့ ငယ်ဘဝထရော်မာတွေကနေ စသိရလိမ့်မယ်။ အာကန်ဆက်စ် ကျေးလက်ဘက်က မိသားစုတစ်ခုက အချစ်မခံခဲ့ရတဲ့ ကလေးတစ်ယောက်ရဲ့ဘဝကို မြင်ရလိမ့်မယ်။ ဒါလည်းလိုအပ်လို့ပါပဲ။ ခဏအတွင်းမှာပဲ ကတ်ရှ် စစ်မှုထမ်းခဲ့ရတဲ့ကာလတွေဆီ ရောက်သွားတယ်။ မန်းဂိုးဒ် ဒီလိုပြတာမှာ ကတ်ရှ်ရဲ့သီချင်းတွေ ဖြစ်လာတဲ့အချိန်တွေကို အသားပေးပြထားတယ်။ ကတ်ရှ်ဟာ သူကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုတာများတဲ့ ကန်းထရီးအဆိုတော်ဆိုတော့ သူ့သီချင်းအားလုံးနီးပါးက သူ့ဘဝကို ထင်ဟပ်နေတယ်။ ဒီလို သူ့ဘဝကို ထင်ဟပ်နေတဲ့အကြောင်းလည်း ထည့်ပြောသွားတယ်။ တပ်ထဲကနေ ထွက်လာပြီးတဲ့နောက် မိန်းမယူထားပြီ။ ကတ်ရှ်မှာ သူရေးထားတဲ့သီချင်းတွေလည်းရှိနေပြီ… တီးဝိုင်းလေးဖွဲ့ပြီး သီချင်းဆိုဖို့လည်း ကြိုးစားနေပြီ။ သူ့အိပ်မက်နောက် သူလိုက်နေပြီပေါ့။ ဒါပေမဲ့ လက်တွေ့ဘဝမှာတော့ သူမအောင်မြင်ခဲ့ဘူး။ ဒီလိုနဲ့ သူ့တီးဝိုင်းရှိတဲ့မြို့လေးးကနေ သူပြောင်းရဖို့အကြောင်းဖန်လာတယ်။ ဒီမှာ ကတ်ရှ်က နောက်ဆုံးအခွင့်အရေးအနေနဲ့ Sun Records ကို သွားပြီး အော်ဒီးရှင်းဝင်ခဲ့တယ်။ ဒီ Sun Records က တော်တော်နာမည်ကြီးတယ်။ ပရက်စလေတို့ ဂျယ်ရီလီလူးဝစ်တို့နဲ့ အလုပ်လုပ်နေတဲ့ တေးသံသွင်းပေါ့။ ဒီလိုနဲ့ သူအဆိုတော်ဖြစ်ဖို့ လမ်းကြောင်းပေါ် စရောက်သွားရာကနေ သူ့သီချင်းကလည်း ဝက်ဝက်ကွဲ အောင်မြင်သွားခဲ့တယ်။ ဒီတော့ သူနယ်လှည့်ပွဲတွေမှာ လိုက်ဆိုတာတွေတော်တော်လုပ်လာရတယ်။ ဒီမှာ သူ June Carter နဲ့ စတွေ့တယ်။ June က မျိုးနဲ့ရိုးနဲ့ အနုပညာမျိုးရိုးက ဆင်းသက်လာတဲ့သူဖြစ်သလို ဆွဲဆောင်မှုလည်း‌တော်တော်ရှိတော့ ကတ်ရှ်က သဘောကျသွားတယ်။ ဒီနောက် သူငယ်ချင်းတွေဖြစ်လာရင်း ချစ်မိသွားတယ်။ တခြား ဂီတသမားတွေအကြောင်း ရိုက်ပြထားတဲ့ ဘိုင်အိုတွေနဲ့မတူမှာက ဒီထဲ ကတ်ရှ်ရဲ့ နယ်လှည့်ပွဲတွေကို ပြတဲ့အချိန် သူနဲ့အတူတူတွဲဖက် သီဆိုရတဲ့ တခြားနာမည်ကျော်ဂီတသမားတွေကိုလည်း ပြတယ်။ သူတို့နဲ့ကတ်ရှ်ကြားက ခင်မင်မှုတွေ။ အကုန်ပေါင်းပြီး ဗရုတ်ကျကြတာတွေကိုပြတယ်။ တော်တော်လေးကြည့်လို့ကောင်းတယ်။ အဲဒီလိုအပေါင်းအသင်းကောင်းရင်း နာမည်ကြီးလာရင်းနဲ့ပဲ ကတ်ရှ်က မူးယစ်ဆေးပြဿနာလည်းရှိလာတယ်။ လုပ်ချင်တာတွေလည်း အကုန်လျှောက်လုပ်လာတယ်။ ဒီမှာကတ်ရှ်ရဲ့အကျပိုင်း စရောက်လာတာပဲ။ June ကလည်း နောက်အိမ်ထောင်တစ်ဆက်ပြောင်းသွားပြန်တော့ ကတ်ရှ်လည်းကြေကွဲပြီး လုပ်မိလုပ်ရာတွေ လျှောက်လုပ်ရာကနေ သူ့အိမ်ထောင်ပြိုကွဲတဲ့အထိပါဖြစ်လာတယ်။ ဒီလိုနဲ့ ဆေးသုံးတာပါမိပြီး ခြူးတစ်ပြားမှမရှိတော့တဲ့ ဘဝအထိပါရောက်တယ်။ သဘောကျစရာကောင်းတာက ဒီမှာ ကတ်ရှ်က တဇောက်ကန်းလုပ်ချင်တာလုပ်တဲ့ကောင်ဆို‌တော့ တစ်ပြားမှမရှိ စီးစရာကားတောင်မရှိတော့တာတောင် တစ်မျှော်တခေါ်ဆီက June အိမ်ကို လမ်းလျှောက်ပြီး ရောက်အောင်သွားခဲ့တယ်။ တကယ့်ကို ကမှူးရှုးထိုးလုပ်ချင်တာလုပ်တဲ့လူပေါ့။ အဲဒီလိုလူနေရာမှာ Joaquin Phoenix က ပိုင်ပိုင်နိုင်နိုင်ကြီး သရုပ်ဆောင်နိုင်ခဲ့တယ်။ တော်တော်လည်းကြိုးစားခဲ့ပါတယ်။ ကတ်ရှ်သီချင်းတွေကို သူဆိုတဲ့ပုံက ကတ်ရှ်ရဲ့ဟန်နဲ့ ထပ်တူညီအောင်ဆိုနိုင်ခဲ့တယ်။ June နဲ့ ကတ်ရှ် အတူတူဖျော်ဖြေတဲ့ပွဲတွေမှာ June ကိုကြည့်တဲ့ Joaquin ရဲ့အကြည့်တွေက တော်တော်လေး အသက်ဝင်ခဲ့သလို သူနဲ့ June နေရာမှာ သရုပ်ဆောင်တဲ့ Reese Witherspoon တို့ စုံတွဲသီချင်းတွေဆိုတဲ့အခန်းတွေဆိုလည်း မူရင်းဗီဒီယိုထက်တောင် ဆွဲဆောင်မှုတော်တော်လေးပိုရှိနေတယ်။ အသံတွေအထိပါ သေချာလေ့ကျင့်ခဲ့ကြတယ်။ ဒီလိုသရုပ်ဆောင်ကောင်းကြလို့ပဲ နှစ်ယောက်စလုံး အော်စကာတွေရော ရွှေကမ္ဘာလုံးတွေရော ဆန်ခါတင်ဝင်ပြီး Joaquin က ရွှေကမ္ဘာလုံး၊ Witherspoon က အော်စကာ စသဖြင့် သရုပ်ဆောင်ဆုတွေ အသီးသီးရခဲ့ကြတယ်။ ဇာတ်ကားကလည်း Golden Globe Award for Best Motion Picture ရခဲ့သလို Best Actress, Best Actor, Best Sound, Best Costume Design နဲ့ Best Film Editing စတာတွေမှာ အော်စကာဆန်ခါတင်ဝင်ခဲ့တယ်။ ဘိုင်အိုဂရပ်ဖီကားလို့ မထင်ရလောက်အောင်လည်း ကားက ဆွဲဆောင်မှုရှိနေပြီး ဒရာမာခန်းတွေမှာလည်း ဖီလင်အပြည့်ရတော့ ဒီလောက်တော့ဖြစ်သင့်တာပါပဲ။ နောင်ဆယ်နှစ်အကြာမှာထွက်လာတဲ့ Straight Outta Compton မတိုင်ခင်အထိ Music Biopic တွေထဲ ရုံဝင်ငွေအကောင်းဆုံး ရုပ်ရှင်လည်းဖြစ်ခဲ့ပါတယ်။ မန်းဂိုးဒ် ဒီလိုရိုက်ပြနိုင်လောက်အောင်လည်း ဂျွန်နီကတ်ရှ်ဟာ သီချင်းတွေတင် ဇာတ်နာတာမဟုတ်ဘဲ ဘဝပါဇာတ်နာခဲ့တဲ့ အတက်အကျတွေ မထင်မှတ်ထားတာတွေအပြည့်နဲ့ ဘဝမျိုးရှိခဲ့တာကိုး။ ဂျွန်နီကတ်ရှ်ဟာ ထင်ရာအကုန်စိုင်းပြီး လုပ်ချင်တာလုပ်ခဲ့တဲ့သူဟုတ်သလို သူ့ဘဝနဲ့ရင်းပြီးကို သူ့အချစ်ကို ချစ်ခဲ့တဲ့သူလည်းဟုတ်တယ်။ June ကိုပဲ သူသေသည်အထိချစ်သွားခဲ့တယ်။ June မရှိတော့တဲ့နောက်လည်း သူ့နောက်လိုက်သွားခဲ့တယ်။ Walk the Line ဟာ သူ့ခံစားချက်တွေအကြောင်း သူဆိုတဲ့ ဂျွန်နီကတ်ရှ်ရဲ့ ဘဝကို ထပ်ဟပ်နေတဲ့သီချင်းတွေနဲ့ ဂျွန်နီကတ်ရှ်ရဲ့ဘဝကို တွဲဖက်ခံစားရစေမယ့် ရုပ်ရှင်တစ်ကားပေါ့။ သီချင်းတွေကလည်း နားဝင်လွယ်တဲ့ ကန်းထရီးသီချင်းတွေဆိုတော့ သူ့သီချင်းတွေ နားမထောင်ဖူးတောင် ကြည့်ရင်းနားထောင်ရင်း အကြိုက်တွေ့သွားကြမှာပါပဲ။ ဂျွန်နီကတ်ရှ်ရဲ့အကြောင်းဟာ လူကောင်းတစ်ယောက်အကြောင်းမဟုတ်သလို လူယုတ်မာတစ်ယောက်အကြောင်းလည်း မဟုတ်ပါဘူး။ ဂျွန်နီကတ်ရှ်အကြောင်းဟာ သူချစ်ချင်တာကိုချစ်ပြီး သူလုပ်ချင်တာကို လျှောက်လုပ်နေတဲ့ အနုပညာသမားတစ်ယောက်အကြောင်းပါပဲ။ ” I wear this crown of thorns Upon my liar’s chair Full of broken thoughts I cannot repair… “ ~ Hurt by Johnny Cash (1932 – 2003) (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.3GB, 1.25GB Quality – 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 2H 16Min Genre – Biography, Drama, Music Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
7.8 2005 136 mins
Walk the Line
Extra Ordinary Man
7.3

Extra Ordinary Man (2023) “တမူထူးတဲ့ ဘူလူ” ===================================== အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် IMDb 7.3 ရရှိထားတဲ့ တေလဂူးစကားပြော အက်ရှင်ဒရာမာရုပ်ရှင်လေး တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်မှာ Vikram Vedha ထဲက ရီသိက်လိုလို ပွတ်ရှ်ပါထဲက အာလူးအာဂျွန်လိုလိုဒီဇိုင်းကာလာနဲ့မင်းသားက ဇာတ်လိုက်ဇာတ်ကောင် အာဘီနေးအဖြစ် သရုပ်ဆောင်ထားတာပါ။ အာဘီနေးဆိုတဲ့ တက်သစ်စအနုပညာသမားလေးဟာ ငယ်ငယ်ကတည်းက ဇာတ်လိုက်မင်းသားဖြစ်ချင်ခဲ့ပေမဲ့ တချို့ရုပ်ရှင်ကားကြီးတွေရဲ့ ဘက်ဂရောင်းတွေမှာသာ မထင်မရှားပါဝင်ရင်း မင်းသားဖြစ်ဖို့ အခွင့်အရေးကို စောင့်စားနေသူပါ။ သူဟာ ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ ကြိုးစားနေရင်း တစ်နေ့မှာ သူဌေးမတစ်ယောက်က သူ့ကိုသဘောကျသွားပြီး ဇာတ်လိုက်ဖြစ်ဖို့ အခွင့်အရေးရခါမှ မမျှော်လင့်တာတွေဖြစ်ပျက်ရင်း ဘဝတဆစ်ချိုး ပြောင်းလဲသွားပါတော့တယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Drama
7.3 2023 155 mins
Extra Ordinary Man
Sunshine

အာကာသခရီးသွား ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ရုပ်ရှင်ဒါရိုက်တာကို ရှာကြည့်တဲ့အခါမှာ 28 Days Later, Slumdog Millionaire, Yesterday စသဖြင့် ပရိသတ်ကြိုက်ကားတွေကို ရိုက်ဖူးတဲ့ Danny Boyle ဆိုသူ ဖြစ်နေတယ့်အပြင် သရုပ်ဆောင်တွေအနေနဲ့လည်း လက်ရှိအော်စကာရထားတဲ့ Cillian Murphy အပါအဝင် မြန်မာနိုင်ငံသားတိုင်းသိကြတဲ့ The Lady က မီရှဲလ်ယို၊ Chris Evans, Benedict Wong စသဖြင့် စုံစုံလင်လင် အားဖြည့်ထားတာကို တွေ့ရပါတယ် ဇာတ်လမ်းကို ၂၀၅၇ မှာ တည်ထားပြီး နေမင်းဟာ ပျက်စီးလုဆဲဆဲ ကမ္ဘာမြေအေးခဲပြီး လူသားမျိုးနွယ်ပျက်သုဥ်းမယ့် အရေးကို ကြုံနေရပါတယ် သိပ္ပံပညာရှင်တစ်သိုက်က Icarus 1 ကို မောင်းနှင်ပြီး နေကို အနုမြူဗုံးဖောက်ခွဲ အသက်သွင်းဖို့ လုပ်ဆောင်ခဲ့ပေမယ့် မအောင်မြင်ခဲ့လို့ ၇ နှစ်အကြာမှာ အဖွဲ့ဝင် ၈ ယောက်ပါ Icarus အမှတ် 2 နဲ့ နောက်တစ်ကြိမ် နေကို အသက်သွင်းဖို့ ကြိုးစားကြပါတယ် အာကာသကားဆိုတော့ ထုံးစံအတိုင်း ခရီးစဥ်မှာ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေ၊ စွန့်လွှတ်အနစ်နာခံရမှုတွေ၊ ပဋိပက္ခတွေ စသဖြင့် ကြုံရတာပေါ့ဗျာ သိပ္ပံဇာတ်လမ်းချည်းမဟုတ်ပဲ Drama ပိုင်းကိုလည်း သေချာ လေးနက်အောင် ရိုက်ကူးထားတဲ့ ကားလေးမို့ ဒေါင်းကြည့်လိုက်ပါဦး File size…(1.7 GB)/(883 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre…Drama, Science Fiction, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

Drama • Thriller
0 2007
Sunshine
Breaking Point

ဒီဇာတ်ကားလေးကတော့ BreakDanceကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီးမှာယှဥ်ပြိုင်ရဖို့အတွက်ကြိုးစားခဲ့ရတဲ့”ထရေးနဲ့ဘန်ဂျီ”တို့ညီအစ်ကိုနှစ်ယောက်အကြောင်းကိုအဓိကထားရိုက်ကူးထားတာပါ ဒီဇာတ်ကားမှာ Hannah John Kamen နဲ့ Emily Carey တို့လည်းပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဥ်းလေးကတော့ ငယ်စဥ်ကတည်းက Breakdanceအကကို ဝါသနာရော ပါရမီပါ,ပါတဲ့ ထရေးနဲ့ဘန်ဂျီတို့ညီအစ်ကိုနှစ်ယောက်ဟာ သူတို့ရဲ့အမေသေဆုံးသွားပြီး​နောက်ပိုင်းမှာ မသင့်မမြတ်ဖြစ်ခဲ့ကြပါတယ် တစ်နေ့မှာ သူတို့နှစ်ယောက်လုံးဆီကို ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီးမှာ ဗြိတိန်ကိုယ်စားပြုယှဥ်ပြိုင်သူတွေကိုရွေးချယ်ဖို့ လူရွေးပွဲလာပြိုင်ခိုင်းတဲ့ကမ်းလှမ်းမှုကိုရရှိခဲ့ပါတယ် သူတို့နှစ်ယောက်လူရွေးပွဲမှာအရွေးခံရပြီး ဗြိတိန်ကိုယ်စားပြုတွေအနေနဲ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီးမှာ အခြားနိုင်ငံတွေနဲ့ယှဥ်ပြိုင်ရတဲ့အခါ…… မသင့်မမြတ်ဖြစ်နေကြတဲ့ညီအစ်ကိုနှစ်ယောက်ပြန်လည်းသင့်မြတ်သွားပါ့မလား သူတို့ရောအဖွဲ့ရော ပြိုင်ပွဲမှာအနိုင်ရနိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာပါ File size…(2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane

Horror
0 2023
Breaking Point
The Face Reader
6.8

အရာအားလုံးကဖြစ်ဖို့ကံပါလာရင် ဘယ်အရာကမှတားဆီးလို့မရပါဘူး။ ကင်နမ့်ဂျောင်းဟာ လူတစ်ယောက်ရဲ့မျက်နှာကိုကြည့်လိုက်တာနဲ့ အဲ့လူတစ်ယောက်ရဲ့စိတ်အခြေအနေတွေ အမူအကျင့်တွေအနာဂတ်မှာဖြစ်နိုင်တာတွေကို ပြောနိုင်တဲ့ Face Reader ကြီးပါ။ လူသတ်မှုတစ်ခုကိုဖော်ထုတ်ပေးရာကနေ ဘုရင်ကခေါ်တွေ့ပြီး ထီးနန်းလုနိုင်တဲ့လူတွေကိုမျက်နှာကိုဖတ်ပြီးဖော်ထုတ်ခိုင်းပါတော့တယ်။ ကင် ဘယ်လိုအခက်အခဲတွေတွေ့မယ်။ သြဇာအာဏာကြီးတဲ့လူနှစ်ယောက်ဖြစ်တဲ့ ကင်ဂျောင်ဆိုနဲ့ မင်းသားဆုရန်းကြားမှာဘယ်လိုတွေဆုံးဖြတ်မလဲဆိုတာတော့ ဇာတ်လမ်းထဲမှာကြည့်ပေါ့ဗျာ။ ဝင်ငွေအရအောင်မြင်ခဲ့တဲ့ဇာတ်ကားဆိုလည်းမမှားပါဘူး။ IMDb rating လည်း 6.8/10 ရရှိထားပါတယ်။ အကောင်းဆုံးဇာတ်ကားဆု၊ အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံးသရုပ်ဆောင်ဆုတွေနဲ့အတူဆုပေါင်း ၅ဆုကို အကြိမ် ၅၀မြောက် Grand Bell Awards မှာရရှိထားတာဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Saw Wuua ပါ) File size… 1.9 GB / 1 GB Quality… WEB-DL 1080p / 720p Format… mkv / mp4 Duration…. 2h 22m Genre ….. History / Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Saw Wunna

6.8 2013 140 mins
The Face Reader
That They May Face the Rising Sun

IMDb – 7.3/10 အိုင်ယာလန်အမျိုးသားစာ​ပေဆုရခဲ့တဲ့ စာရေးဆရာကြီး John McGahernရဲ့ ခြောက်အုပ်မြောက်လည်းဖြစ် နောက်ဆုံးလည်းဖြစ်တဲ့ ၀တ္ထုရှည်ကြီးကို ပုံဖော်တင်ဆက်ရိုက်ကူးထားခဲ့တဲ့ဇာတ်လမ်း။ အို၊ နာ၊ သေဆိုတဲ့အတိုင်းပါပဲ အိုကြနာကြသေကြရတဲ့ ဖြစ်စဉ်မှာ အိုမင်းချိန်ရောက်လို့ နာမကျန်းဖြစ်နေကြတဲ့ လူအိုမောင်နှမတွေကြားကချစ်ခြင်းမေတ္တာသံယောဇဉ်နဲ့ ပဋိပက္ခတွေအကြောင်းတင်ပြထားတဲ့ဇာတ်လမ်း။ လန်ဒန်မြို့ကြီးကနေထွက်ခွာလာပြီး ဘ၀ကို တစ်နေ့တာချင်းဆီ ရှင်သန်ဖြတ်သန်းရင်း ဘ၀ကိုရိုးရှင်းစွာနေကြတဲ့ ဂျိုးနဲ့ ကိတ်တို့ အနုပညာရှင်ဇနီးမောင်နှံနှစ်ဦးနဲ့ လူအိုကြီးတွေပတ်သက်ကြပုံ။ ကျေးလက်ဒေသက ရေကန်ကြီးဘေးမှာ ဖြစ်ပျက်သဘောတရားတွေကိုရှုမြင်ရင်း စာရေးဖို့ကြိုးစားနေတဲ့ ဂျိုးတစ်ယောက် လူအိုကြီးတွေနဲ့အတွေးအခေါ်၊ အပြုအမူ၊ အနေအထိုင်အပြောအဆိုတွေကိုသင်ယူမှတ်သားရင်း သူ့ရဲ့၀တ္ထုရှည်ကို အဆုံးသတ်ဖို့ ကြိုးစားပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.9 GB)/(932 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thaw Ko Ko Zin

0 2023
That They May Face the Rising Sun
Meanwhile on Earth
6.1

IMDb Rating – 6.1/10 ဒီကားလေးက ဒါရိုက်တာ Jeremy Clapin ရိုက်ကူးထားပြီး မင်းသမီး Megan Northam က အဓိကပါဝင်သရုပ်ဆောင်ထားတာပါ။ ကိုယ်ချစ်တဲ့သူတစ်ယောက်ကို ကယ်တင်နိုင်ဖို့ တစ်ခြားသူတွေကို ပျောက်ကွယ်သွားအောင်လုပ်ရမယ်ဆို ဘာကိုရွေးကြမှာလဲ။ ကာတွန်းဇာတ်ကောင်တွေကိုဖန်တီးပြီး ဇာတ်လမ်းလေးတွေရေးတတ်တဲ့ အယ်ဇာမှာ အာကာသယာဉ်မှူး ဖရန့်ခ်ဆိုတဲ့အကိုတစ်ယောက်ရှိပါတယ်။ အယ်ဇာနဲ့ဖရန့်ခ်ကငယ်ငယ်ထဲက အာကာသထဲခရီးထွက်ဖို့ အိပ်မက်မက်ခဲ့ကြတယ်။ အိပ်မက်တွေကို ပြည့်ဝအောင်လုပ်နိုင်ဖို့ အချင်းချင်းကတိတွေထားခဲ့ကြတယ်။ ဖရန့်ခ်ကအာကာသယာဉ်မှူးဖြစ်လာခဲ့ပြီး အာကာသထဲကိုခရီး ထွက်သွားတဲ့နောက် သဲလွန်စရှာမရပဲနဲ့ ပျောက်ဆုံးသွားခဲ့ပြီး သေဆုံးသွားပြီလို့ သတ်မှတ်ခဲ့ကြပါတယ်။ ရည်မှန်းချက်တွေမရှိတော့တဲ့ အယ်ဇာတစ်ယောက် အဘိုးအဘွားတွေကို စောင့်ရှောက်တဲ့သူလုပ်ရင်း တစ်နေ့မှာ ဖရန့်ခ်ရဲ့အသံကို ပြန်ကြားခဲ့ရပါတယ်. အစေ့တစ်စေ့ကနေ ဆက်သွယ်မှုအရ အမည်မသိတည်ရှိမှုတစ်ခုက ဖရန့်ခ်ကိုပြန်ခေါ်လာပေးဖို့ အပေးအယူလုပ်လာခဲ့ပါတယ်။ အယ်ဇာ့ရဲ့ခေါင်းထဲကိုဝင်နေတဲ့ အမည်မသိတည်ရှိမှုက သူတို့ကို ကမ္ဘာမြေပေါ်ခေါ်ပေးမှ ဖရန့်ခ်ကိုပြန်ခေါ်နိုင်မယ်ပြောလာတဲ့အခါ… ဖရန့်ခ်ကိုပြန်ခေါ်နိုင်ဖို့ လူငါးယောက်က ကမ္ဘာပေါ်က ပျောက်ကွယ်ပေးရမဲ့အခါ… အယ်ဇာက ဘာကိုရွေးချယ်မလဲ…ဖရန့်ခ်လား…သူစိမ်းငါးယောက်လား…. နောက်ဆုံးအယ်ဇာက ဖရန့်ခ်ကိုပြန်ခေါ်နိုင်မလားဆိုတာကိုတော့ ဒီစိတ်လှုပ်ရှားစရာ ပြင်သစ်သိပ္ပံကားကောင်းလေးမှာ ဆက်လက် ကြည့်ရှုလိုက်ပါ။ File size… (1.12GB) / (629MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 29m Genre ….. Adventure , Drama , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by K

6.1 2024
Meanwhile on Earth
Purgatory Station
5

ရှေ့နေဂျိုး တစ်ယောက် ဘာတွေဘယ်လိုဖြစ်သွားတယ်မသိ… နိုးလာတော့ မဲမှောင်နေတဲ့ ကွန်တိန်နာကြီးထဲမှာ တစ်ယောက်တည်း ပြန်ပေးဆွဲခံထားရတယ်ဆိုတာ သူ့ကိုယ်သူသိလိုက်ရတယ်… ပြန်ပေးသမားက ငွေလိုချင်လို့မဟုတ်ဘဲနဲ့ ဂျိုးကူညီပေးနေတဲ့ စီးပွားရေးလုပ်ငန်းစုနဲ့ ရန်ကြွေးရှိတဲ့သူဖြစ်နေတယ်… ဒီလုပ်ငန်းနဲ့ဆက်မလုပ်ဘဲနဲ့ ဖော်ကောင်လုပ်ပေးဖို့ သူ့ကိုအချိန် ၈ နာရီပေးတယ်… မလုပ်ပေးနိုင်ရင် ချစ်တဲ့သူတွေအကုန် အသတ်ခံရမယ့်အခြေအနေမှာ ဂျိုးတစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားမလဲ… ချစ်တဲ့သူတွေကို ကယ်တင်ပြီး သူကိုယ်တိုင်ရော အမှန်တကယ် လွတ်မြောက်နိုင်ပါ့မလား… ပြန်ပေးသမားအစစ်အမှန်ကရောဘယ်သူဖြစ်မလဲ… File size… (1.49GB) / (731MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 49m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mona

5 2024 108 mins
Purgatory Station
Test
5

Test (2025) “ဘ၀လက်ရည်စမ်းပွဲ” ဒီတစ်ခါတော့ CM Bollywood ပရိသတ်ကြီးအတွက် တမီလ်စကားပြော အားကစား-ဒရာမာဇာတ်လမ်းတစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ 3 Idiots ဇာတ်လမ်းထဲမှာဖာဟန်အဖြစ်ပါ၀င်ခဲ့ဖူးတဲ့ မင်းသားကြီး R. Madhavan ခေါင်းဆောင်ပါ၀င်ထားပါတယ်။ ခရစ်ကတ်အားကစားကိုနောက်ခံထားပြီး မတူညီတဲ့ဘ၀နဲ့ လူသုံးယောက်ရဲ့ဘ၀အခက်အခဲတွေကို ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ အာဂျွန်ဆိုတာ တစ်ချိန်ကအရမ်းလက်စွမ်းထက်ခဲ့တဲ့ နိုင်ငံ့လက်ရွေးစင် နာမည်ကြီးခရစ်ကတ်ကစားသမားတစ်ယောက်ပါ။ လက်ရှိမှာ‌တော့ အရွယ်တစ်ခုရောက်ပြီး ငွေကြေးပြည့်စုံပေမဲ့ အကျဘက်ရောက်လာတဲ့ သူ့ရဲ့အားကစားသမားဘ၀ကို ဆက်လက်ရပ်တည်နိုင်ဖို့ ရုန်းကန်နေရသူပေါ့…။ ‌‌ဆာရာဗန်နန်ကတော့ စက်တွေတီထွင်ရတာကိုရူးသွပ်လွန်းသူမို့ သိပ္ပံပညာရှင်ကြီးရယ်လို့ နာမည်ပြောင်ရထားသူပါ။ ဒါပေမဲ့ အိမ်ထောင်သည် လူလတ်တန်းစားတစ်ယောက်ပီပီ သူ့အိပ်မက်တစ်ခုဖြစ်မြောက်ဖို့အရေးတောင် အကြွေးတွေပတ်လည်ဝိုင်းရင်း ဘ၀ကိုရုန်းကန်နေရသူ ဖြစ်ပါတယ်။ ဆာရာဗန်နန်ကတော့ စက်တွေတီထွင်ရတာကိုရူးသွပ်လွန်းသူမို့ သိပ္ပံပညာရှင်ကြီးရယ်လို့ နာမည်ပြောင်ရထားသူပါ။ ဒါပေမဲ့ အိမ်ထောင်သည် လူလတ်တန်းစားတစ်ယောက်ပီပီ သူ့အိပ်မက်တစ်ခုဖြစ်မြောက်ဖို့အရေးတောင် အကြွေးတွေပတ်လည်ဝိုင်းရင်း ဘ၀ကိုရုန်းကန်နေရသူ ဖြစ်ပါတယ်။ နောက်တစ်နောက်ကတော့ ဆာရာရဲ့မိန်းမဖြစ်သူ ကျောင်းဆရာမလေးကူမူဒါပါ။ ကူမူဒါဟာ မိန်းကလေးဖြစ်ပေမဲ့ ခရစ်ကတ်အားကစားကိုရူးသွပ်သူဖြစ်ပြီး သူ့ဖခင်ကလည်း ခရစ်ကတ်နည်းပြဟောင်းကြီး ဖြစ်ပါတယ်။ သူဟာ အာဂျွန်ရဲ့အမာခံပရိသတ်ဖြစ်သလို့ အာဂျွန့်သားဖြစ်သူရဲ့ ကျောင်းဆရာမလည်း ဖြစ်နေပြန်ပါတယ်။ သူကတော့ ကလေးအရမ်းလိုချင်သူဖြစ်ပြီး ကလေးရဖို့ နည်းမျိုးစုံကြိုးစားနေသူပါ။ ဒီလိုနဲ့ သူ့နည်းသူ့ဟန်နဲ့ ဘ၀ကိုကြိုးစားရုန်းကန်နေကြတဲ့ သူတို့သုံးဦးရဲ့ကံကြမ္မာဟာ ရှေ့ဆက် ဘာတွေဖြစ်လာမလဲဆိုတာ စိတ်၀င်စားစရာကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Cym~KKKZ~ZweYan~Yunni ပါ။)

Thriller • Drama
5 2025 146 mins
Test
Conclave
7.4

IMDb 7.4/10 နဲ့ RT 93% အထိတောင် ရရှိထားတဲ့ စိတ်ဝင်စားဖို့လည်းကောင်း ဗဟုသုတလည်း ရမဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ ရွှေကမ္ဘာလုံးဆုအတွက်လည်း ဆန်ကာတင် ပူပူနွေးနွေး ဝင်သွားပါပြီ။ ရိုမန်ကက်သလစ်ဘုရားကျောင်းရဲ့ ပုပ်ရဟန်းမင်းကြီးတစ်ပါး ပျံလွန်တော်မူသွားတဲ့အခါ နောက်ထပ် ပုပ်ရဟန်းမင်းကြီးတစ်ပါး တင်မြှောက်ဖို့ ပြုလုပ်ရတဲ့ သီးသန့်ဆွေးနွေးပွဲ သို့မဟုတ် ပုပ်ရဟန်းမင်းကြီးအသစ် ရွေးကောက်တင်မြှောက်ပွဲကို အသေးစိတ်အဆင့်ဆင့် ရိုက်ပြထားပါတယ်။ ဒီရွေးကောက်တင်မြှောက်ပွဲမှာ ဘုန်းတော်ကြီးတွေဟာ တံခါးပိတ်ဆွေးနွေးပွဲတစ်ခု လုပ်ပြီး ပုပ်ရဟန်းမင်းကြီး တင်မြှောက်ဖို့အတွက် မဲတွေပေးရပါတယ်။ မဲရဲ့ သုံးပုံနှစ်ပုံကို ရမှသာ ပုပ်ရဟန်းမင်းကြီး ဖြစ်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒီအရေအတွက်မရမချင်း ပါဝင်ရွေးကောက်ခံတဲ့ ဘုန်းတော်ကြီးတွေနဲ့ သူတို့ရဲ့ နောက်လိုက်တွေဟာ ထပ်ခါတလဲလဲ ‌မဲပြန်ပေးရပါတယ်။ မဲအဆုံးအဖြတ်မပေါ်မချင်း သူတို့ဟာ ဒီတံခါးပိတ်ဆွေးနွေးပွဲကနေ ထွက်ခွင့်မရပါဘူး။ ဒီဇာတ်လမ်းမှာလည်း ဒီလိုပဲ ပုပ်ရဟန်းမင်းကြီးအသစ်တင်မြှောက်ဖို့ တံခါးပိတ်သီးသန့်ဆွေးနွေးပွဲ လုပ်ကြပါတယ်။ ဒါပေမဲ့ ဒီရွေးကောက်ပွဲမှာ သဘောထားကွဲလွဲမှုတွေ ပြဿနာတွေ အမျိုးမျိုး ပေါ်လာပြီး အဖြေမပေါ်တဲ့ အခြေအနေတွေ ဖြစ်လာခဲ့ပါတယ်။ ဒီပြဿနာတွေကို ဆွေးနွေးပွဲဦးဆောင်သူ ဘုန်းတော်ကြီး သောမတ်စ်က ဘယ်လိုတွေ အဖြေရှာ ဖော်ထုတ်မလဲဆိုတာ စိတ်ဝင်စားဖွယ် မြင်ရမှာမလို့ ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ရပါတယ် File size… (3.48) / (996MB) / (562MB ) Quality… WEB-DL 4K HEVC 1080p / 720p Format…mkv / mp4 Duration….2h Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai , Thit San Khant Translated by Act Molemy

Thriller • Romance
7.4 2024 120 mins
Conclave