YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Return of Condor Heroes (1-8).zip

4.72 GB N/A application/x-zip-compressed 2579 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
National Treasure
6.6

National Treasure Franchise ကို မကြည့်ဖူးတဲ့သူဆိုတာလည်း မရှိလောက်တော့ပါဘူး။ ဟိုးအခွေငှားဆိုင်ခေတ်ကတည်းက နာမည်ကျော်လာခဲ့တဲ့ ကားပဲမလား။ Art Film ဆန်တဲ့ကားတွေကနေ အက်ရှင်ဆန်ဆန်ကားတွေဘက်ကို နစ်ကေ့ကြီးကူးပြီး နာမည်တဟုန်ထိုးတက်ခဲ့တဲ့ကာလတွေမှာ ရိုက်ခဲ့တဲ့ကားဆိုလည်း ဟုတ်တယ်။ ဒါပေမဲ့လည်း ဒီကာလဝန်းကျင်မှာတော့ နစ်ကေ့ကြီးဟာ အက်ရှင်ကားတွေအရိုက်များခဲ့ပေမဲ့လည်း ကားကောင်းတွေချည်းပါပဲ။ National Treasure Franchise ဟာ နစ်ကေ့ရဲ့ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ကားတွေဆိုလည်း မမှားဘူး။ ပထမကားဆို ရုံဝင်ငွေတော်တော်လေးကို ကောင်းခဲ့တယ်။ National Treasure ကားတွေဟာ နစ်ကေ့အတွက်တော့ ဂျွန်နီဒတ်နဲ့ ကာရေဘီယမ်ပင်လယ်ဓားပြကို ခွဲမရသလို၊ ဟယ်ရစ်ဆင်ဖို့ဒ်နဲ့ အင်ဒီယာနာဂျုံးစ်ကိုခွဲပစ်လို့မရသလို ကားတွေလို့ ပြောရင်လည်း မမှားဘူး။ ဘန်ဂိတ်စ်ဇာတ်ကောင်ဟာ နစ်ကေ့နဲ့ အံဝင်ခွင်ကျဖြစ်နေခဲ့တယ်။ ကျွန်တော်တို့အတွက်လည်း National Treasure ဟာ Nostalgia ဖြစ်စေတဲ့ကားတစ်ကားလို့ပြောလည်းမမှားဘူး။ သူထွက်ပြီး သိပ်မကြာခင်ကာလအတွင်းမှာ ကြီးပြင်းလာတဲ့သူတွေအတွက်တော့ ဒီကားဟာ ဘာ Fact မှ ရှာဖတ်မရသေးတဲ့ ခေတ်မှာတောင် တော်တော် စိတ်ဝင်စားစရာကောင်းတဲ့ ကားဖြစ်ခဲ့တယ်။ ဘာလို့ဆို အဲဒီခေတ်က တော်တော်များများ ပုတက်တို့ ကစ်ဇုန်တို့လို ကာတွန်းဂျာနယ်တွေကို ဖတ်ခဲ့ကြတာကိုး။ ပုတက်ဆို သူ့ရဲ့ အချပ်ပိုသုတစွယ်စုံစာအုပ်လေးမှာ ကမ္ဘာပေါ်က အကျော်အမော်တွေအကြောင်းတွေ အမြဲထည့်ပေးလေ့ရှိတယ်။ National Treasure ရဲ့ Trade Mark လိုဖြစ်နေတဲ့ အမေရိကန်ရဲ့ Founding Fathers တွေတဖြစ်လဲ ဒီကားတွေမှာ သုံးထားတဲ့သမိုင်းဝင်ပုဂ္ဂိုလ်တွေဖြစ်တဲ့ လင်ကွန်း၊ ဘင်ဂျမင်ဖရန်ကလင် နဲ့ ဖရန်ကလင် ဒီရုစဗဲ့တို့လို သမ္မတတွေ၊ မောင့်ရပ်ချ်မိုးလိုနေရာတွေကို အဲဒီသုတစွယ်စုံစာအုပ်တွေကနေ အားလုံးရင်းနှီးပြီးသားဖြစ်နေတော့ ဒီကားထဲကအချက်တွေဟာ အားလုံးအတွက် စိတ်ဝင်စားစရာဖြစ်သွားခဲ့တာလည်း ပါတာပါပဲ။ ဖရီးမေဆင်ဘာညာကတော့ မင်းသိင်္ခလို စာရေးဆရာတွေလက်ချက်နဲ့ ရင်းနှီးပြီးသားဆိုတော့ ဒီကားက အစကတည်းက ရင်းနှီးပြီးသားကားလို ဖြစ်သွားခဲ့တာကြောင့်လည်း တော်တော်လူကြိုက်များသွားခဲ့တယ်လို့‌ ပြောလို့ရပါတယ်။ သိမှကြည့်ရမယ်တော့မဟုတ်ပေမဲ့ ဒီလူတွေကို ဒီအရာတွေကို ကြိုမသိဘဲကြည့်တဲ့အရသာနဲ့ ကြိုသိပြီးမှ ကြည့်တဲ့ အရသာကတော့ ကွာတာပေါ့။ National Treasure ဆိုတဲ့ နာမည်နဲ့လိုက်အောင်ပဲ ဒီ၂ကားလုံးက ရတနာသိုက်တွေ ဖော်တာတွေကို နိုင်ငံ့တည်ထောင်သူဖခင်ကြီးတွေ၊ သမ္မတတွေ၊ နိုင်ငံ့ရေးရာတွေနဲ့ မကင်းတာတွေနဲ့ ပုံဖော်သွားတယ်။ ဒီကားရဲ့ကောင်းကွက်တွေအကြောင်းပြောရင် သရုပ်ဆောင်တွေကိုလည်း ချန်ခဲ့လို့မရပြန်ဘူး။ သရုပ်ဆောင်တွေ သရုပ်ဆောင်ကောင်းတာတင်မဟုတ်ဘဲ တခြားရတနာရှာတဲ့ကားတော်တော်များများမှာ ကျွန်တော်တို့ မတွေ့ရနိုင်တဲ့အချက်တစ်ချက်ကို National Treasure က ပိုင်ဆိုင်ထားတယ်။ ဇာတ်ကောင်တွေရဲ့ Chemistry ပေါ့။ ဒီထဲက ဇာတ်ကောင်တွေရဲ့ Chemsitry မိချက်မျိုးကို တော်တန်ရုံ ရတနာသိုက်ရှာတဲ့ ကားမျိုးမှာ တွေ့ရမှာတော့မဟုတ်ဘူး။ နစ်ကေ့ရဲ့ ခပ်တည်တည်နဲ့ မသိမသာဘဝမြင့်တတ်တဲ့ဇာတ်ကောင်အပြင် နောက် ခွီခနဲဖြစ်ရမယ့်ဟာသမျိုးတွေပြောတတ်တဲ့ ဂျက်စတင်ရဲ့ဇာတ်ကောင်ရယ်၊ ခရူဂါရဲ့ ယန်ဓာတ်အားပြုတဲ့ဇာတ်ကောင်ရယ်က နစ်ကေ့ရဲ့ဇာတ်ကောင်ကို ပိုပေါ်အောင် အားဖြည့်ပေးထားတဲ့ ဇာတ်ကောင်တွေပေမဲ့ သူတို့ရဲ့ Chemistry သိပ်ကောင်းနေတာကလည်း ဒီကားကို သာမန်ရတနာရှာတဲ့ကားဆိုတာထက် တစ်ဆင့်တက်သွားစေတဲ့အချက်လို့ပြောလို့ရတယ်။ National Treasure ဖန်တွေအတွက်တော့ ဒီဇာတ်ကောင်တွေကို တခြားလူတွေနဲ့ အစားထိုးလို့မရလောက်ပါဘူး။ ဒီလိုနဲ့ပဲ National Treasure ဟာ တော်တော်‌လေးအောင်မြင်တဲ့ Franchise တစ်ခုဖြစ်လာခဲ့သလို စာအုပ်တစ်ချို့လည်းထွက်ရှိခဲ့ပါတယ်။ ၃ကားမြောက်ကို ၂ပြီးကတည်းက ရိုက်ဖို့စီစဉ်လာတာ အထမမြောက်သေးသလို တော်တော်လည်း ကြာနေခဲ့ပေမဲ့ ဒီနှစ်မှာတော့ သူ့ထဲက တစ်ချို့ဇာတ်ကောင်တွေပြန်ပါလာတဲ့ စီးရီးတစ်ခုတော့ထွက်လာခဲ့ပြီဖြစ်သလို ၃ကလည်း ထွက်လာဖို့ လုံးဝသေချာနေပါပြီ။ ဒီကြားထဲ မကောင်းမကန်းကားပေါင်းစုံ ရိုက်ပြီး တဟုန်ထိုးကျဆင်းလာခဲ့တဲ့ နစ်ကေ့ရဲ့ နာမည်ကလည်း Pig တို့ The Unbearable Weight of Massive Talent တို့နဲ့ ပြန်တက်စပြုလာတော့ ရှေ့နှစ်တွေဟာ NT 3 ရိုက်ဖို့ အချိန်ကောင်းဖြစ်လာမယ်တော့ ထင်ရတာပါပဲ။ ရှေ့နှစ်မှာ သူထွက်မယ့်ကားတွေက နည်းနည်းတော့များနေတော့ တစ်ထစ်ချတော့ပြောမရပေမဲ့ Renfield ဆိုတဲ့ကားသစ်ကိုတော့ တော်တော်များများ Hype နေကြတာပါပဲ။ ဘာနေနေပါ... ဇာတ်ညွှန်းမူကြမ်းပြီးတာ ၁၀စုနှစ်ကျော်နေပြီဖြစ်တဲ့ National Treasure 3 ကို လက်ရှိ Disney ကနေလွှင့်နေတဲ့ ဇာတ်လမ်းတွဲကိုကြည့်ရင်း ဒီကနဦးကား၂ကားကို ပြန်ကြည့်ပြီး Nostalgia ပြန်ဖြစ်ရင်း စောင့်စားလိုက်ကြတာပေါ့။ ----- ဇာတ်လမ်းအကျဉ်း ----- ဘန်ဂိတ်စ်လို့ခေါ်တဲ့ လူတစ်ယောက်ရှိတယ်။ ဒီလူက မျိုးနဲ့ရိုးနဲ့ကို အမေရိကန်သမိုင်းနဲ့ မကင်းတဲ့လူ။ ဂိတ်စ်တွေဟာ ဘိုးဘေးဘီဘင်ခေတ်ကတည်းကကို ဝှက်စာဖော်တာတွေ ရတနာသိုက်ရှာတာတွေ လုပ်ခဲ့ကြတဲ့သူတွေပေါ့။ မရှိဘူးလို့ ထင်ကြတဲ့ ရတနာသိုက်ကို ရှာရင်း လူတွေက အရူးလို့ သမုတ်တာခံထားရတဲ့လူတွေဆိုလည်း မမှားဘူး။ ဘန်ဂိတ်စ်လက်ထက်မှာတော့ သူတို့မျိုးရိုးရဲ့ ဒီအလှောင်ခံရသမှုကို ချေဖျက်ဖို့ ရတနာသိုက်ကို အရရှာဖို့လုပ်ခဲ့တယ်။ ဒီလိုနဲ့ ရတနာသိုက်ရဲ့ သဲလွန်စနောက်ကို လိုက်ရင်း အမေရိကန်တည်ထောင်သူဖခင်ကြီးတွေ၊ လွတ်လပ်ရေးကြေညာစာတမ်းတွေ အစရှိသဖြင့် အမေရိကန်သမိုင်းရဲ့ အထင်ကရအရာတွေနဲ့ ဆက်စပ်လာခဲ့တယ်။ ဖရီးမေဆင်တွေရဲ့ လျှို့ဝှက်ချက်တွေကိုလည်း ဖော်ရဖို့ဖြစ်လာတယ်။ ဒီလိုဖော်ရင်း သူ့သူငယ်ချင်းတစ်ယောက် သစ္စာဖောက်တာခံလိုက်ရပေမဲ့ ဒီအမွေအနှစ်တွေကိုချစ်တဲ့ အဘီဂေးလ်လို့ ခေါ်တဲ့ ‌မော်ကွန်းတိုက်မှူးလေးရယ်၊ နည်းပညာကျွမ်းကျင်တဲ့ သူ့သူငယ်ချင်း ရိုင်လေရယ်ရဲ့ အကူအညီနဲ့ လွတ်လပ်ရေးကြေညာစာတမ်းကြီးကို ခိုးပြီး ရတနာသိုက်ရှာဖို့ ကြိုးစားရာက FBI ကရော လူဆိုးတွေကရော လိုက်နေတဲ့ကြားက နှစ်ပေါင်းများစွာ ဘယ်သူမှ ရှာမတွေ့ခဲ့တဲ့ ရတနာသိုက်ကို ရှာတွေ့နိုင်ဖို့ ကြိုးပမ်းကြရတော့တယ်။ (ဒီဇာတ်ကားကို ဘာသာပြန်ပေးသူကတော့ Ye Khant Min ပဲဖြစ်ပါတယ်။) Size - 2.4GB, 1.2GB, 772MB Quality - 1080p, 720p, 480p IMDb Rating - 6.9/10 Format - mp4 Duration - 2H 11Min Genre - Action, Adventure, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by Ye Khant Min

Drama
6.6 2004 131 mins
National Treasure
Pil's Adventures
6.7

တိုင်းပြည်တစ်ပြည်ရဲ့မင်းကြီးနတ်ရွာလားသွားပြီးတဲ့နောက် အဲဒီတိုင်းပြည်က မင်းသားလေးအရွယ်မရောက်ခင်အထိ မှော်ဆရာတစ်ယောက်က ရင်ခွင်ပိုက်အုပ်ချုပ်ခဲ့ပါတယ်။ မင်းသားလေးအရွယ်ရောက်လို့ ထီးနန်းလွှဲပေးရမယ့်အချိန်ဟာာ မှော်ဆရာဟာ အရင်မင်းကြီးကို အဆိပ်ခတ်လုပ်ကြံခဲ့သလို မင်းသားလေးကို သတ်ဖို့ကြံပါတယ်။ အဲဒီအချိန်မှာ Pil ဟာ အဆိပ်ဖော်တဲ့နေရာကို ခိုးဝင်လာပြီး ဆေးတွေကို ဗြောင်းဆန်အောင်လုပ်ပစ်တာမို့ မင်းသားလေးဟာ ဆေးသောက်မိတဲ့နောက် မသေသွားဘဲ ကြက်ကြောင်ဖြစ်သွားပါတယ်။ ကြက်ခေါင်း ကြောင်ကိုယ်နဲ့ ကြက်ကြောင်ပါ။ ကြက်ကြောင်ဖြစ်သွားတဲ့မင်းသားလေးကို Pil က မှော်ဆရာရဲ့  Maleficient ဆန်ဆန် မွေးစားအမေ‌နေတဲ့ ကျိန်စာသင့်တောအုပ်ကြီးထဲ ခေါ်သွားပြီး ဖြေဆေးရအောင်ကူညီပေးပါတယ်။ အပြန်အလှန်အနေနဲ့ပေးရမှာကတော့ အရင်မင်းကြီးချန်ထားခဲ့တဲ့ ရတနာသိုက်ကြီးပါ။ ဒီလိုနဲ့ ကူကယ်ရာမဲ့ ကချော်ကချွတ်ဖြစ်နေတဲ့ ကြက်ကြောင်ကြီးဟာ ကြောင်တိကြောင်တောင်အစောင့်ရယ် ကိုယ့်အားကိုယ်ကိုး နေနေရတဲ့ ကလေးမလေးရယ် ၊ ကက်ကက်လန်အောင် ကန့်လန့်ဖီလာတိုက် ကန်းမစကားဆိုနေတဲ့ ရုပ်သေးရုပ်ရယ်။ ကိုရိုးကားရား ကိုးလိုးကန့်လန့် အကောင်လေး၃ကောင်နဲ့အတူ ကျိန်စာကျိန်ချက်မိနေတဲ့ ကြီးကြီးမားမား တောအုပ်ကြီးထဲ ကောင်းကောင်းကန်းကန်း ပြန်ဖြစ်အောင်လုပ်ပေးမယ့် စုန်းမကြီးဆီ ကတ်သီးကတ်သတ် ကတ်ဖိုးကတ်ဖဲ့ ကုတ်ကုတ်ကျစ်ကျစ်သွားကြပါတယ်။ သူတို့နောက်ကို မှော်ဆရာက လွှတ်သတ်ခိုင်းထားတဲ့ ကြေးစားလူသတ်သမားတွေရော ယူနီကွန်းကိုမှ ဗလကောင်းကောင်းယူနီကွန်းတွေရော ခွေးပျံကြီးနဲ့ရော ရင်ဆိုင်ကြရမှာပါ။ မက်ဆေ့လိုချင်သူတွေအတွက်လည်း ဖရန့်ရှစ် မေတ္တာ အုပ်ချုပ်ရေး မက်ဆေ့အကုန်ပေးနိုင်သလို ရုပ်ရှင်ကို ရုပ်ရှင်လိုပဲ စိတ်ကျေနပ်ရုံကြည့်ချင်တဲ့သူတွေအတွက်လည်း ဇာတ်လမ်းက တော်တော်ကြည့်ပျော်ပါတယ်၊။ ရယ်လည်းရယ်ရပါတယ်။ ကယောင်ကချောင်နဲ့ ကမောက်ကမဖြစ်နေတဲ့ ကြောင်တိကြောင်တောင်ခေတ်ကြီးမှာ တစ်ခါငိုပြီးတိုင်း တစ်ခါပြန်ပြုံးနိုင်ဖို့ ကြည့်ထားသင့်တဲ့ ချစ်စရာဟာသကာတွန်းရုပ်ရှင်လေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.6GB, 830MB, 604MB Quality - 1080p, 720p, 480p IMDb Rating - 6.2/10 Format - mp4 Duration - 1H 29Min Genre - Animation, Adventure, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Comedy
6.7 2021 89 mins
Pil's Adventures
Welcome to Dongmakgol
7.5

ဒီတစ်ခါမှာတော့ 2005ခုနှစ်က ထွက်ရှိခဲ့တဲ့ ကားလေးနဲ့မိတ်ဆက်ပေးပါ့မယ်။ ဒီကားလေးကတော့ 1950ခုနှစ် တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံကြား စစ်ပွဲကာလကို အခြေတည်ပြီး ရိုက်ကူးထားတာပါ။ ဝေးလံခေါင်းပါးတဲ့ တောင်ပေါ်‌‌‌မှာ လက်ရှိခေတ်အခြေအနေနဲ့ ဝေးကွာနေတဲ့ ဒုန်မာဂ်ဂိုလ်ဆိုတဲ့ ရွာလေးရှိပါတယ်။ လေယာဉ်ပျက်ကျပြီး ဘာသာစကားမတူညီ လူမျိုးမတူညီတဲ့ ရွာလေးကိုရောက်လာတဲ့ အမေရိကန်လေတပ်က ကပ္ပတိန်တစ်ဦးရယ်.... စစ်ပွဲကြောင့် တောထဲလမ်းပျောက်နေကြတဲ့ တောင်ပိုင်းက စစ်သား၂ယောက်နဲ့ မြောက်ပိုင်းက စစ်သား၃ယောက်ရယ်.... ဒုန်မာဂ်ဂိုလ်ဆိုတဲ့ ရွာလေးမှာ ရေစက်လာစုံကြပါတော့တယ်။ တစ်ဖက်က လူမျိုးမတူတဲ့ လေတပ်ကကပ္ပတိန်.... နောက်တစ်ဖက်မှာက တကယ့်ရန်သူတော်ကြီးတွေ.... ကြားထဲမှာကတော့ ဘာဆိုဘာမှမသိတဲ့ ရိုးသားတဲ့ ရွာသူရွာသားတွေ သူတို့ကြားထဲက အလွဲလေးတွေကို ဟာသနှောရိုက်ကူးထားပေမယ့် ထည့်ထားတဲ့အနှစ်သာရတွေကတော့ အချစ်၊အမုန်း၊သံယောဇဉ် စသဖြင့် အစုံအလင်ပါပဲ။ ရယ်လည်းရယ်ချင်တယ် နွေးထွေးပြီး အရသာ‌ကောင်းတာလေးလည်း ကြည့်ချင်တယ်ဆိုရင်တော့ ဒီကားလေးကိုကြည့်ဖို့ အကြံပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Milkeux ပဲ ဖြစ်ပါတယ်။ Genre.....Comedy, Drama, War Quality….WEB-DL 1080p and 720p and 360MB File size…2.1GB and 1.1GB and 350MB Format…mp4 Duration….2h 13min Subtitle….Myanmar Subtitle (Hardsub) Translator ..... Milkeux Encoder ..... August

Crime • Drama • Thriller
7.5 2005 133 mins
Welcome to Dongmakgol
Seetharam Benoy
6

ခုတစ်ခေါက် CMကနေ တင်ဆက်ပေးမယ့်ကားလေးကတော့ ၂၀၂၁မှာထွက်ရှိထားတဲ့ " Seetharaam Benoy: Case Number 18" လို့ခေါ်တဲ့ မှုခင်းကားလေးပဲဖြစ်ပါတယ်။ ရဲအရာရှိတစ်ဦးဖြစ်တဲ့ Seetharaam ဟာ ဝေးလံခေါင်ဖျားတဲ့ဒေသတစ်ခုကို ပြောင်းရွေ့တာဝန်ချခံခဲ့ရပြီး သူစပြောင်းတဲ့နေ့မှာပဲ အိမ်တွင်းလုယက်မှုတစ်ခုကို ကိုယ်တိုင်ကြုံခဲ့ရပါတယ်။ မိန်းမဖြစ်သူ‌ရဲရွှေငွေတွေအခိုးခံလိုက်ရတဲ့အပြင် ရဲအရာရှိတစ်ဦးရဲ့ဂုဏ်သိက္ခာကို စော်ကားလိုက်သလိုဖြစ်နေတာကြောင့် Seetharaam တစ်ယောက် စုံစမ်းခန်းဖွင့်ပါတော့တယ်။ သူခိုးဖြစ်နိုင်ချေရှိသူကို သူခန့်မှန်းနိုင်ပေမယ့် သက်သေရှာဖို့ရာအတွက်က စိန်ခေါ်မှုတစ်ရပ်ကြီးဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီခိုးယက်မှုကနေ လူသတ်မှုဖြစ်တဲ့ အမှုနံပါတ် (၁၈)နဲ့ဆက်စပ်မှုရှိသွားတဲ့အချိန်မှာတော့ ဇာတ်လမ်းလေးက အလှည့်ပြောင်းဖြစ်သွားပြီး Seetharaam အနေနဲ့ ဘယ်လိုဖြေရှင်းဖော်ထုတ်မလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရမယ့်ကားလေးပဲဖြစ်ပါတယ် File size…1.05GB  /  2.35GB Quality…720p / 1080p HEVC AAC 5.1CH  Format…mp4 / mkv Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Allena & Go-O

Action • Adventure • Drama • History • Romance • War
6 2021 125 mins
Seetharam Benoy
God Bless America
7.1

ဒီတစ်ခါမှာတော့ IMDb 7.1 ရရှိထားတဲ့ Comedy/Crime ဇာတ်ကားလေးတစ်ခုတင်ဆက်ပေးပါ့မယ် Social media လွှမ်းမိုးလာတာနဲ့အမျှ လူတွေဟာလည်း နေ့ရှိသရွေ့ Cele အကြောင်းတွေ အတင်းတွေ နိုင်ငံရေးအယူအဆတွေ ဝက်ဆိုဒ်ပေါ်မှာတွေ့တာတွေကို ပြောကြဆိုကြရင်း အချိန်ကုန်လာကြပါတယ် အဲ့ဒီလို Social Media လွှမ်းမိုးမှုကို မကြိုက်တဲ့ ဖရန်ခ့်တစ်ယောက်ကတော့ လူ့ဂွစာကြီးဖြစ်နေတာပေါ့ဗျာ ပြီးတော့ ဖရန်ခ့်ဟာ ယဉ်ကျေးမှုပြောင်းလဲလာတာတွေကိုလည်း သဘောကျသူမဟုတ်ပါဘူး ဒီလိုနဲ့ လူ့ဂွစာကြီး ဖရန့်ခ့်ဟာ တစ်ရက်မှာတော့ အလုပ်ပြုတ်သွားပါတော့တယ် အလုပ်ပြုတ်ပြီးပြီးချင်းမှာပဲ သူရဲ့ဦးနှောက်မှာ အကြိတ်တည်နေတာကို ပါ ထပ်သိလိုက်ရပါသေးတယ် ကျန်းမာရေးလည်းမကောင်း အလုပ်လည်းပြုတ် အိမ်ထောင်လည်းကွဲထားတဲ့ ဖရန်ခ့်တစ်ယောက် သူ့ကိုသူ အဆုံးစီရင်ဖို့ကြံစည်ပါတော့တယ် ထိုအချိန်မှာပဲ တီဗီရှိုးတစ်ခုမှာလာတဲ့ ကလိုအီဆိုတဲ့ လူကြီးကို လူကြီးလို မထင်တဲ့ နာမည်ကြီး ကောင်မလေးတစ်ယောက်ဟာ ဖရန်ခ့်အတွက် မျက်စိစပါးမွှေးစူးစရာဖြစ်နေတာပေါ့ ဒီလိုနဲ့သူဟာ သူ့ကိုယ်သူ အဆုံးမစီရင်ဘဲ ကလိုအီကို သွားသတ်ပါတော့တယ် ဒီလိုနဲ့ သူဟာ လွတ်လပ်စွာပြောဆိုနိုင်ခွင့်ကို လက်ကိုင်ထားပြီး သူများအတွက် ငဲ့ညှာမကြည့်တဲ့ ယဉ်ကျေးမှုမရှိတဲ့သူတွေကို လိုက်သတ်ပါတော့တယ် သူနဲ့ အတူ အမြင်တူတဲ့ ကလိုအီတို့ ကျောင်းက ကောင်မလေးတစ်ယောက်လည်း ပါလာပါသေးတယ် သူတို့နှစ်ယောက်ရဲ့ သူများနဲ့ မတူတဲ့အမြင်တွေနဲ့ သူတို့ဘာတွေဆက်လုပ်ပြီး ဘယ်လိုများ အဆုံးသတ်ကြမှာလဲဆိုတာကိုတော့ ကြည့်ရှုပေးကြပါဦးဗျာ File size…(1.7 GB)/(915 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre…Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban

7.1 2012
God Bless America
Boy in the Walls

မိသားစုလေးတစ်ခုက မြို့နဲ့ ၄၅မိနစ်လောက်ဝေးတဲ့ မြို့ပြင်းနားလေးတစ်နေရာမှာရှိတဲ့ အိမ်ကြီးဆီကို ပြောင်းလာတာကနေ ဇာတ်လမ်းလေးကို အစပြုထားတာပါ။ အဲဒီအိမ်ကြီးမှာ မိန်းမကြီးတစ်ယောက်ကသေသွားခဲ့ဖူးပါတယ်။ ပြောင်းလာတဲ့မိသားစုမှာ ယောကျာ်းက သူ့အရင်ဇနီး ကင်ဆာနဲ့ဆုံးသွားလို့ နောက်ဇနီးယူထားပြီး အရင်ဇနီးနဲ့ ရတဲ့ ကလေး၂ယောက်ပါ ပါတယ်။ ကလေးတွေက မိထွေးကိုတော့ သိပ်ကြည့်တဲ့ပုံမပေါ်ပါဘူး။ မိထွေးကလည်း ကလေးတွေနဲ့ အဆင်ပြေအောင်ကြိုးစား ကလေးတွေကလည်း မိထွေးဆို ကလန်ကဆန်လုပ်နေရင်းကနေ ယောကျာ်းက အလုပ်ကိစ္စနဲ့ ခရီးခန ခန သွားရတော့ အိမ်မှာသူတို့ပဲကျန်တာက များပါတယ်။ ဒီလိုနဲ့ အိမ်ထဲမှာ ပစ္စည်းတွေပျောက် မူမမှန်တာတွေဖြစ်လာတော့ အချင်းချင်းအပြစ်တင်ကြရာကနေ ဘာတွေဆက်ဖြစ်ကြမလဲ မိထွေးနဲ့ ကလေးတွေရော အဆင်ပြေသွားပါ့မလား ပစ္စည်းတွေက ဘာလို့ပျောက်နေရတာလဲ ဘာတွေမူမမှန်ဖြစ်နေရတာလဲဆိုတာကို ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(700 Mb) Quality….Webrip 720p Format…mp4 Duration….01:27:00 Genre…Drama, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Translated & Encoded by Garfield

0 2023 87 mins
Boy in the Walls
Beast Master
5.6

ဒီတစ်ခေါက် CM ကတင်ဆက်ပေးမှာကတော့ ရှေးခေတ်လူသားနဲ့ မကောင်းဆိုးဝါးရဲ့ အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဒီရုပ်ရှင်ဇာတ်လမ်းထဲမှာတော့ ရှေးဟောင်းနတ်သားရဲဖြစ်တဲ့ ပိုင်ဖေးလျန်က နှစ်တစ်ထောင် ကောင်းကင်အတိဒုက္ခကို ကျော်ဖြတ်နိုင်ဖို့အတွက် မတတ်သာပဲ မိန်းကလေးအများကြီးကိုဖမ်းခေါ်ပြီး အချစ်စစ်ရှာဖွေတဲ့ပုံပြင်လေးပါ လူသားမိန်းကလေးဖြစ်တဲ့ရှီးရှက ငယ်ဘဝတုန်းက လူ့ပြည်မှာဒဏ်ရာရနေတဲ့ပိုင်ဖေးလျန်ကို မထင်မှတ်ပဲကယ်တင်ခဲ့ပြီး ဆယ်နှစ်ကြာပြီးနောက် ပိုင်ဖေးလျန်က ကျေးဇူးဆပ်ဖို့အတွက် ရှီးရှမင်္ဂလာဆောင်တဲ့ရက်မှာပဲ အချစ်ရှာတောင်ကြားသို့ခေါ်သွားခဲ့လေတယ် နောက်တော့ ပိုင်ဖေးလျန်ရဲ့သူငယ်ချင်းကောင်းဖြစ်တဲ့ ချူးချီးက ကောင်းကင်အတိဒုက္ခဖြတ်သန်းပြီး နတ်အဆင့်တက်နိုင်ဖို့အတွက် နတ်သွေးကျောက်နဲ့ပိုင်ဖေးလျန်ရဲ့အမြုတေကိုလုဖို့ကြိုးစားရာက သူငယ်ချင်းနှစ်ယောက် ရန်သူတွေဖြစ်သွားရလေတယ် နောက်ဆုံးသေရေးရှင်ရေးအခြေအနေမှာ မိသားစုသံယောဇဉ် သူငယ်ချင်းသံယောဇဉ် အချစ်သံယောဇဉ်တို့က ကောင်းကင်အတိဒုက္ခဖြတ်သန်းနိုင်အောင် ကူညီပေးနိုင်မလားဆိုတာ ဆက်လက်စောင့်မျှော်ကြည့်ရှုကြပါစို့

Thriller • Horror
5.6 2024
Beast Master
The Djinn’s Curse

The Djinn’s Curse (2023) ယခုတစ်ခါမှာတော့ Horror movie ပရိသတ်တွေအတွက် ဂျင်အောက်လမ်းနဲ့ဆိုင်တဲ့ Horror ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းရဲ့အစမှာ ဝင်းတို့မိသားစုဟာ ဘန်ကောက်ကနေ နာရာသီဝပ်ကို အကြောင်းကိစ္စတစ်ခုကြောင့် ပြောင်းရွှေ့လာခဲ့ရပါတယ်။ သူတို့ နာရာသီဝပ်မှာ နေဖို့အတွက် အိမ်ကိုရောက်တဲ့အချိန်မှာ အဲဒီအိမ်ကြီးကို ပစ္စည်းတွေရှင်းရင်း ဂျင်နဲ့ပတ်သတ်တဲ့ စာအုပ်တွေအများကြီးရှိနေတာကို တွေ့ရပါတယ်။ ပြီးတော့ အဲဒီဒေသမှာ မကောင်းဆိုးဝါးပူးကပ်မှုတွေကိုလည်း မကြာခဏမြင်တွေ့နေရပါတယ်။ ဒီလိုနဲ့ အဲဒီအိမ်ကြီးမှာ နေလာရင်း မီနာနဲ့လင်းညီအစ်မနှစ်ယောက် ဘယ်လိုကြောက်စရာကိစ္စတွေနဲ့ ကြုံတွေ့ရမလဲ ….. သူတို့မိသားစုကရော ဘယ်လိုပြဿနာတွေကြောင့် ဒီကိုပြောင်းရွှေ့လာခဲ့ရတာလဲ ….. သူတို့မိသားစုအပေါ်မှာရော ဂျင်အောက်လမ်းတွေက ဘယ်လိုတွေသက်ရောက်လာမလဲ… ဆိုတာတွေကို နောက်ခံအသံကောင်းကောင်းနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အညွှန်းကိုတော့ Char Ou က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary Christ & Char Ou တို့ပဲ ဖြစ်ပါတယ်။ Genre….. Horror Quality…. 1080p | 720p File size… 857MB | 435MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ & Char Ou Encoder ….. Aaron

Drama
0 2023
The Djinn’s Curse
The Greatest Hits
6.2

တစ်စုံတစ်ယောက်ကို သတိရစေတဲ့ သီချင်းတွေနားထောင်မိတိုင်း အချိန်တွေနောက်ပြန်လှည့်လို့ရရင်ဆိုတဲ့ အတွေးက ကပ်ပါလာလေ့ရှိပါတယ်။ အကယ်၍ တကယ်နောက်ပြန်လှည့်လို့ရခဲ့ရင်ရော? ဇာတ်လမ်းအကျဉ်း အဖြစ်ဆိုးတစ်ခုကြောင့် ဆုံးပါးသွားရတဲ့ ရည်းစားဖြစ်သူကို မေ့မပစ်နိုင်တဲ့၊ မေ့မပစ်နိုင်အောင်လည်း ခိုင်လုံတဲ့ အကြောင်းအရင်းရှိတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ သီချင်းတွေရဲ့ လွှမ်းမိုးနိုင်စွမ်းရှိမှုနဲ့ အချိန်ခရီးသွားခြင်းအယူအဆပေါ် အခြေခံ ဇာတ်အိမ်တည်ရိုက်ကူးထားပါတယ်။ File size…(1.4 GB)/(780 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre…Drama, Music, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Bonsai

Romance • Comedy • Drama
6.2 2024 94 mins
The Greatest Hits
The Biggest Fan/ Jadore Ce Que Vous Faites

ပြင်သစ်နိုင်ငံကျော်ရုပ်ရှင်မင်းသား”ဂျရက်လန်ဗင်း”ဟာ နာမည်ကျော်သရုပ်ဆောင်တွေအများကြီးပါတဲ့အမေရိကန်ရုပ်ရှင်မှာပါဝင်ဖို့ကမ်းလှမ်းခံရပြီး အဲ့ရုပ်ရှင်ကိုရိုက်ကူးဖို့လက်ခံခဲ့ပါတယ် ရုပ်ရှင်ကို ပြင်သစ်နိုင်ငံတောင်ပိုင်းမှာရိုက်ကူးပါတယ် အဲ့မြို့မှာပဲ ဂျရက်ဟာ သူခေတ္တတည်းရတဲ့အိမ်ကရေကူးကန်ကိုလာပြုပြင်ပေးတဲ့ မိုမိုဇာပါရေတိုဆိုတဲ့လူနဲ့တွေ့ဆုံခဲ့ရပါတယ် သူကဂျရက်ရဲ့အမာခံပရိတ်သတ်တစ်ယောက်ပါ မိုမိုဟာသူအရမ်းသဘောကျလေးစားရတဲ့အိုင်ဒေါကိုအပြင်မှာမြင်တွေ့လိုက်ရတဲ့အခါ ခင်မင်ရင်းနှီးမှုရအောင်ကြိုးစားပါတယ် ဂျရက်ရဲ့ရိုက်ကွင်းကိုပါလာခွင့်တောင်းပြီး နောက်ပိုင်းမှာဂျရက်ကိုမျက်စိအောက်ကအပျောက်မခံလောက်တဲ့အထိ ကော်လိုကပ်နေခဲ့ပါတယ် မိုမိုအတွက်ကတော့ သူအရမ်းကြိုက်ရတဲ့ရုပ်ရှင်မင်းသားမလို့ အရမ်းတွယ်ကပ်နေတာပေမဲ့ တစ်ဖက်ကဂျရက်အတွက်တော့ စိတ်အနှောင့်အယှက်ဖြစ်လာပြီး မိုမိုကိုတွေ့ရတာကအိပ်မက်ဆိုးတစ်ခုလိုပါဖြစ်လာပါတော့တယ် File size…(1.5 GB)/(757 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane

0 2022
The Biggest Fan/ Jadore Ce Que Vous Faites
Blood and Chocolate
5.3

Blood and Chocolate (2007) သမန်းဝံပုလွေအမဖြစ်တဲ့ Vivian က သူတိုဝံပုလွေရိုးရာအရ မကြာခင်မှာ ဝံပုလွေခေါင်းဆောင်ရဲ့ ဇနီးအသစ်အဖြစ် အရွေးခံရမဲ့ ဆယ်ကျော်သက်ကောင်မလေးဖြစ်တယ်။ ဒါပေမဲ့ တစ်နေ့မှာ ဒဏ္ဍာရီဝတ္ထုတွေကိုရေးတဲ့ ခပ်ချောချော ပန်းချီဆရာ လူသားကောင်လေး Aiden နဲ့ ဘုရားကျောင်းမှာ ဆုံတွေ့ခဲ့တယ်။ ဝံပုလွေဒဏ္ဍာရီတွေကို စိတ်ဝင်စားတဲ့ Aiden က ဝံပုလွေတွေအကြောင်း ကျွမ်းကျွမ်းကျင်ကျင်သိနေတဲ့ Vivian ကို ​သာမန်လူလိုပဲထင်ပြီး ချစ်မိသွားချိန်မှာတော့ Vivian တစ်ယောက် အချစ်နဲ့ သူ့မိသားစုကိုကာကွယ်ဖိုကြား ဘယ်လိုအခက်အခဲတွေကြုံရမလဲ ၊ Aiden နဲ့ Vivian တိုရဲ့ မဖြစ်နိုင်တဲ့အချစ်ခရီးလမ်းကြောင်းက ဘယ်လိုအန္တရာယ်တွေရင်ဆိုင်ရမလဲဆိုတာကိုစိတ်ဝင်စားစွာကြည့်ရှုရမဲ့ လူသားနဲ့ ဝံပုလွေကောင်မလေးတိုရဲ့ Romance ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ ) File size_(1.6GB)/(730MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Fantasy, Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin

5.3 2007 98 mins
Blood and Chocolate
Lampir
6.2

Lampir (2024) IMDb Rating (6.2) အင်ဒိုနီးရှားဟော်ရာကားတွေ တော်တော်ကြမ်းတာ အားလုံးသိကြမှာပါ။ ဒီနှစ်အသစ်ထွက်တဲ့ အင်ဒိုနီးရှား သဘာဝလွန်ဟော်ရာကားကလည်း ဒီစံချိန်ကို မဖျက်ဆီးခဲ့ဘူးလို့ ပြောရပါမယ်။ သူတို့ရိုးရာက တစ္ဆေတွေကိုသုံးပြီး စိတ်ဝင်စားစရာကောင်းအောင် ရိုက်ပြနိုင်ခဲ့တဲ့ အင်ဒိုနီးရှားပြာ ဒီတစ်ခါဟာ လမ်ပြာဆိုတဲ့ သူတို့ရိုးရာက သရဲတစ်ကောင်ကိုသုံးပြီး ခပ်လန်းလန်း သရဲကားတစ်ကားထပ်ရိုက်ပြလိုက်ပြန်ပါပြီ။ ဇာတ်ကတော့ ၁၉၀၀ပြည့်နှစ်ဝန်းကျင်လောက်က စံအိမ်ကြီးတစ်ခုမှာစတယ်။ အင်မတန်ကုံလုံကြွယ်ဝတဲ့ ဒီအိမ်ကြီးရဲ့အရှင်ရဲ့ အိမ်သူကလည်း အိမ်ကြီးနဲ့လိုက်ဖက်အောင် သိပ်လှတဲ့အမျိုးသမီးပေါ့။ ဒီအမျိုးသမီးကို သူ့ယောက်ျားနဲ့ လူတစ်အုပ်က မီးရှို့ပြီးသတ်ဖို့လုပ်ကြတယ်။ မီးရှို့လိုက်တဲ့အချိန်မှာ အိမ်ကြီးရှင်သိလိုက်ရတာက ဒီအမျိုးသမီးဟာ သူ့မိန်းမမဟုတ်တော့ဘဲ သူ့မိန်းမကိုယ်ထဲဝင်နေတဲ့ လမ်ပြာဆိုတဲ့ နတ်ဆိုးတစ်ကောင်ဖြစ်နေတယ်ဆိုတာပါပဲ။ ဒါပေမဲ့ သူတို့ဒီနတ်ဆိုးကို မနှိမ်နှင်းခဲ့ပါဘူး။ ဒီနောက် ဒီဘက်ခေတ်က သိပ်လှတဲ့ မိန်းကလေးတစ်ယောက်ရဲ့ မင်္ဂလာပွဲမှာ ဒီဇာတ်ကို ပြန်စထားတယ်။ ဘာတွေဆက်ဖြစ်မလဲက အားလုံးအတွက် သိသာသလိုလို မသိသာသလိုလိုပဲမဟုတ်လား။ ဒါပေမဲ့လည်း အဆုံးထိစိတ်ဝင်စားစရာကောင်းတုန်းပါပဲ။ ဒါကိုကလည်း အင်ဒိုသရဲဟော်ရာကားတွေရဲ့အထာပါပဲ။ ကြည့်ကောင်းကြမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1 GB) / (510 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Thriller Duration….01:37:25 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by W

6.2 2024 97 mins
Lampir
Malam Pertobatan

Malam Pertobatan (2024) ဆာမာရန်ဆိုတဲ့မြို့လေးမှာ ထူးဆန်းတဲ့အမှုတစ်ခုဖြစ်နေပါတယ် ဒါကတော့ အိတ်တွေထဲထည့်ပြီးစွန့်ပစ်ထားတဲ့ လူမိုက်တွေအလောင်းကို အစုလိုက်အပြုံလိုက်တွေ တွေ့ရလို့ပါပဲ သတင်းစာတွေထဲမှာပါ ပါလာရတဲ့ဒီသတင်းကို အများစုကတော့ လူမိုက်ဂိုဏ်းအချင်းချင်းရန်ဖြစ်လို့လုပ်တယ်ထင်ကြတာပေါ့ သူတို့ထင်နေကြသလို ဒီကိစ္စကရိုးရှင်းပါ့မလား… ဘာရွန်.. လောကမှာအကြောက်တရားဆိုတာကိုမသိတဲ့လူ ဈေးထဲမှာအနိုင်ကျင့် အကုန်ကြောက်ရပါတယ်ဆိုတဲ့လူမိုက်တွေတောင် တစ်ယောက်တည်းအနိုင်ယူလာတဲ့လူ ဒါပေမဲ့လူပေါင်းမှားတော့ လူမိုက်ဖြစ်လာပြီး ထောင်ကျတဲ့အထိဖြစ်လာခဲ့တယ် ထောင်ကလွတ်လာပြီး ကောင်မလေးရဲ့လမ်းပြမှုနဲ့ အတတ်နိုင်ဆုံးလမ်းမှန်လျှောက်ခဲ့ပေမဲ့ ဘော်ဒါတွေပါထောင်ကလွတ်လာပြီးတဲ့နောက်တော့ ပြဿနာတွေထဲ ပါခဲ့ရပြန်တယ် ဘော်ဒါတွေကောင်းမှုနဲ့ နာမည်ကြီးလူသတ်မှုထဲ သူတို့ဘယ်လိုပတ်သက်သွားမလဲ အသက်ကိုရင်းရတဲ့ကစားပွဲထဲ ဘယ်သူတွေသေပြီး ဘယ်သူတွေရှင်ကျန်ရစ်မယ်ဆိုတာကိုတော့… ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ ToMo တို့ပဲဖြစ်ပါတယ် )

0 2024 82 mins
Malam Pertobatan
Black Swan
8

Black Swan ( 2010 ) IMDb Rating (8.0) / Rotten Tomatoes (85 %) Black Swanရဲ့ ဒါရိုက်တာ Darren Aronofsky ဟာ Requiem for a Dream, The Whale , The Wrestler , Pi , Motherတို့လို အနုပညာအရ တော်တော်လေးအောင်မြင်ခဲ့တဲ့ ရုပ်ရှင်တွေကို ရိုက်ခဲ့တဲ့သူပါ။ Black Swanဟာလည်း သူ့ရဲ့ အရေးပါတဲ့ မိုင်တိုင်တစ်ခုဖြစ်ခဲ့ပါတယ်။ Best Picture, Best Director, Best Actress, Best Cinematography နဲ့ Best Film Editing စသဖြင့် အော်စကာငါးဆုဆန်ခါတင်ဝင်ခဲ့ပြီး အဓိကဇာတ်ဆောင်ဖြစ်တဲ့ နာတာလီပို့မန်း Best Actress ဆုကိုရသွားခဲ့ပါတယ်။ ပို့မန်းအတွက်လည်း Black Swan ဟာ အရေးကြီးတဲ့ မိုင်တိုင်တစ်ခုဖြစ်ခဲ့တယ်။ Black Swan ဟာ ဘဲလေးအကကို အဓိကဇာတ်အိမ်တည်ပြီး ရိုက်ပြထားတဲ့ ကချေသည်တွေ ပြဇာတ်ဒါရိုက်တာတွေရဲ့ သူတို့အနုပညာအပေါ် သူတို့ခံယူချက်နဲ့ ကချေသည်ရဲ့ သူ့အနုပညာကို တင်ဆက်ပုံအကြောင်းရိုက်ပြထားတဲ့ psychological horror ကားပါ။ ဘဲလေးအကကိုရူးသွပ်ပြီး ငန်းဘုရင်မဖြစ်ချင်ခဲ့တဲ့ ကချေသည်မလေးတစ်ယောက် သူ့အိပ်မက်နောက်လိုက်ရင်း အတိုက်အခိုက်တွေ အခက်အခဲတွေကြား တစ်စစီပြိုလဲရပုံကို ရိုက်ပြထားတယ်လို့ပြောလို့ရပါတယ်။ Darren Aronofsky ဟာ ဒီကချေသည်မလေးအကြောင်းကို ပဟေဠိဆန်ဆန် ရင်ဖိုစရာကောင်းအောင် ပုံဖော်ထားခဲ့ပါတယ်။ သူ့ဇာတ်လမ်းက မဆိုးပေမဲ့ သရုပ်ဆောင်တွေသိပ်ကောင်းနေတာက ဒီဇာတ်ကို ဒီလောက်အထိ ခရီးပေါက်စေခဲ့ပုံပါပဲ။ ဒီကားမှာ မှော်အောင်ခဲ့တဲ့ Natalie Portman အပြင် Vincent Cassel ကလည်း သူ့အပြိုင်ဇာတ်ကောင်အဖြစ် ခြောက်ပြစ်ကင်းအောင်သရုပ်ဖော်နိုင်ခဲ့တာကြောင့် ဒီဇာတ်လမ်းက အသက်ဝင်သွားပုံပါပဲ။ ဒီရုပ်ရှင်ကားနဲ့ ပက်သက်ပြီး ညွှန်းရမယ်ဆိုရင် စကားလုံးတလုံးပဲရှိမယ်။ ” အနုပညာ မှော်ဝင်စားမှု” ဘဲလေးအကပညာထဲပဲ စိတ်ကို စုံလုံးနှစ်ထားတဲ့ Nina ဆိုတဲ့ကချေသည်မလေးတစ်ယောက် Swan Lake ပြဇာတ်ကို ကဖို့ လူဝင် အရွေးခံရာက ဒီဇာတ်လမ်းလေး ဖြစ်လာခဲ့တယ်…။ Swan Lake ပြဇာတ်ရဲ့ ငန်းဖြူနေရာနဲ့ အသင့်တော်ဆုံး သူ ဖြစ်ပေမဲ့… ငန်းနက်နေရာအတွက်တော့ သူ့ စရိုက်နဲ့ ကွဲပြားလွန်းနေခဲ့တယ်….။ ငန်းနက်ရဲ့ တဏှာများ ကြမ်းတမ်းတဲ့စရိုက်နဲ့ သူမရဲ့ ပျော့ညံ့တဲ့ စိတ်နဲ့ကြား.. သူ့ အသက် သူ့ဘဝ ဖြစ်တဲ့ အက အနုပညာရဲ့ မှော်ဝင်စားမှုနဲ့…သူ့ရဲ့ အမှောင်ဘက်အခြမ်း ထွက်လာတဲ့အခါ….။ က ကွက်တွေ….တေးဂီတတွေနဲ့ ဒီဇာတ်လမ်းလေးက တာရာမင်းဝေ ရဲ့ နာမည်ကြီးဝတ္ထုစာအုပ်ဖြစ်တဲ့ “အရှေ့မြို့ရိုးက မိုးရေစက်များ” နဲ့ အတော်လေး ထပ်တူညီတဲ့ ရသတစ်ခုကိုခံစားမိစေပါတယ်။ Black Swan ကို အကောင်းဆုံး ရုပ်ရှင်တွေထဲက တစ်ကားလို့ သတ်မှတ်ကြသလို Black Swanရဲ့ အခုထိ မတင်မကျဖြစ်နေသလိုလို ဖြစ်နေတဲ့ ကိစ္စတစ်ခုလည်းရှိပါတယ်။ Aronofsky က‌တော့ Black Swan မှာ All About Eve (1950), Roman Polanski’s The Tenant (1976) နဲ့ ဒေါ့တိုယက်စကီးရဲ့ The Double ဝတ္တုကနေ သူ့ဇာတ်လမ်းအတွက် ပါဝင်ပစ္စည်းတွေရခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဝေဖန်ရေးသမာတွေကတော့ စတိုရှိခွန်ရဲ့ Perfect Blue ( 1997)နဲ့ အဓိကအခန်းတွေမှာ တော်တော်လေးတူနေတာကို ထောက်ပြခဲ့ကြပါတယ်။ Aronofsky ကိုယ်တိုင်ကလည်း ဒီ၂ကား ဆင်တတွေရှိနေတာကို လက်ခံထားပေမဲ့ Perfect Blueကို မှီးထားတယ်ဆိုတဲ့အချက်ကိုတော့ လုံးဝငြင်းခဲ့ပါတယ်။ စတိုရှိခွန်ကတော့ Aronofsky နဲ့ သူ ၂၀၀၁မှာ တွေ့ခဲ့တဲ့အကြောင်း သူ့ဘလော့မှာ မှတ်တမ်းတင်ထားခဲ့တယ်။ ဘယ်လိုပဲမဟုတ်ပါဘူးပြောပြော တစ်ပုံစံတည်းနီးပါးဖြစ်နေတဲ့ တစ်ချို့အခန်းတွေကို Perfect Blueက မဟုတ်ပါဘူးလို့တော့ ယုံနိုင်စရာမရှိပါဘူး။ Aronofsky အနေနဲ့ Perfect Blueကို ကူးလိုက်တာက ဒါဦးဆုံးလည်း မဟုတ်တော့ပါဘူး Requiem for a Dream( 2000 )မှာတင် Perfect Blueနဲ့ တစ်ပုံစံတည်းဖြစ်နေတဲ့ ဇာတ်ဝင်ခန်းတွေ ပါခဲ့ဖူးပါတယ်။ ဒါကိုဝန်မခံလို့ ဒါရိုက်တာဟာ တော်တော်လေး အမြင်ကတ်စရာကောင်းနေတာကလွဲ Black Swan ကတော့ ရုပ်ရှင်ကားကောင်းတစ်ကားအဖြစ်ရပ်တည်နိုင်တုန်းပါပဲ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Wira Aung မှ တင်ဆက်ထားပါတယ်။)

8 2010 109 mins
Black Swan