YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Respati.2024.1080p.NF.WEB-DL.HEVC.(CM).mkv

1.57 GB N/A video/x-matroska 373 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Troll Hunter
6.7

Trollတွေဆိုတာကတော့ နော်ဝေကလူတော်တော်များများက တည်ရှိကြတယ်လို့ယုံကြည်ကြတဲ့ နော်ဝေနိုင်ငံရဲ့ဒဏ္ဍာရီလာ ဘီလူးတွေဖြစ်ပါတယ်။ တချို့ကလည်း သူတို့တွေကို တစ်ယောက်တည်း ဒါမှမဟုတ် အစုအဖွဲ့နဲ့ အေးအေးဆေးဆေး နေတတ်ကြတဲ့အကောင်တွေလို့ဆိုကြပြီး တချို့ကလည်း သူတို့ကို မကောင်းဆိုးဝါးဘီလူးကောင်ကြီးတွေလို့ဆိုကြပါတယ်။ ဒီရုပ်ရှင်ကတော့ Horrorပုံစံကြည့်ရတာကြိုက်တဲ့လူတွေအတွက် ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်တစ်ခုပါ။ ဆုပေါင်း၁၂ဆုတိတိတောင် ဆုခူးထားတဲ့Horrorဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် ၂၀၀၈ အောက်တိုဘာ ၁၃ရက်နေ့မှာ ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့က ၂၈၃မိနစ်စာပါဝင်တဲ့ မှတ်တမ်းတင်ရုပ်ရှင်တစ်ခုပါဝင်တဲ့ အထုပ်တစ်ထုပ်ကိုလက်ခံရရှိခဲ့ပါတယ်။ ဒီရုပ်ရှင်ကတော့ သူတို့လက်ခံရရှိထားတဲ့ မူရင်းဖိုင်လိုက်ကြီးပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်က base on trueလား ဘာလားဆိုတာတော့ ရုပ်ရှင်ကိုကြည့်ကြည့်လိုက်ပါ သောမတ်စ်တို့ကျောင်းသားအုပ်စုတစ်စုက ကျောင်းပရောဂျက်အတွက် ဝက်ဝံတွေအကောင်လိုက် ခနခနအသတ်ခံနေရတယ်လို့ သတင်းရတဲ့နေရာမှာ ရိုက်ကူးရေးလုပ်ဖို့ရောက်ရှိလာခဲ့ပါတယ်။ ရိုက်ကူးရေးလုပ်တဲ့အချိန်မှာ သူတို့မှတ်တမ်းတင်နေတဲ့အရာက သာမန်ဝက်ဝံတွေ သေဆုံးမှုမဟုတ်ဘဲ ဒီထက်ပိုပြီး ခက်ခဲနက်နဲခြောက်ခြားစရာကောင်းတဲ့အရာတွေဖြစ်နေပါတော့တယ်။ ဒီလိုနဲ့ သူတို့နဲ့တွေ့ဆုံမိတဲ့ ထူးဆန်းထွေလာ မုဆိုးတစ်ယောက်ရဲ့ နောက်ကိုလိုက်ရင်း ဘာတွေကိုတွေ့ရှိသွားမှာလဲ၊ Trollတွေဟာ ခရစ်ယာန်တွေကိုမကြိုက်ပဲရန်ပြုတတ်တဲ့သဘာဝရှိပါတယ်၊ ကျောင်းသားတွေအဖွဲ့ထဲမှာ ခရစ်ယာန်တစ်ယောက်ပါလာတဲ့အခါ ဘာတွေဖြစ်လာကြမလဲ၊ အသက်ဘေးအန္တရယ်တွေကိုရော ဘယ်လိုကျော်လွှားကြမလဲဆိုတာ အသည်းတအေးအေးကြည့်ရှုရမှာဖြစ်ပါတယ်။ ကြည့်ပြီးသွားတဲ့အချိန်မှာ ကျွန်တော်ပထမဆုံးလုပ်မိတာကတော့ googleပြေးခေါက်တာပါပဲ၊ Horrorအပြင် တွေးစရာအတွေးတွေတစ်ပုံကြီးလည်းပေးသွားပါသေးတယ်။ 2010ကားမို့လို့ ရုပ်ထွက်ပိုင်းလည်းစိတ်ပူနေစရာမလိုဘဲ ကြည့်လို့တော်တော်လေးအဆင်ပြေပါတယ်။ မှတ်တမ်းတင်ပုံစံမျိုးဖြစ်ပင်မယ့် ခေါင်းမူးတတ်တဲ့ ကျွန်တော်တောင် ကြည့်လို့အဆင်ပြေပါတယ်။ Horrorကားကြိုက်တဲ့လူတွေအပြင် Koreaအချစ်ဒရမ်မာတွေပဲကြည့်လ်ို့ပျင်းနေပြီ ကြောက်လန့်တကြားဖြစ်ရတဲ့ ရုပ်ရှင်လေးတွေပြောင်းပြီးကြည့်ချင်တဲ့လူတွေအတွက် ကြည့်သင့်တဲ့ရုပ်ရှင်ကောင်းတစ်ခုဖြစ်ပါတယ်။ File size…(2.86GB)  / (1.38GB) / (708MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:24:00 Genre...Drama / Fantasy / Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

Drama
6.7 2010 103 mins
Troll Hunter
Kung Fu Zohra
5.2

Kung Fu Zohra (2022) ================ Action/ Drama တကယ့်ကားပဲ‌ဆိုပါတော့ဗျာ။ ကားနာမည်ကိုကြည့်လိုက်တာနဲ့ ကွန်ဖူးကားမှန်းသိကြမယ်ထင်ပါတယ်။ ဒါပေမဲ့ အဲဇိုရာဆိုတဲ့ တစ်ယောက်က မင်းသားမဟုတ်ဘဲ မင်းသမီးဖြစ်နေတာပါပဲ။ ဒီမင်းသမီး ကွန်ဖူးတတ်လာပုံကလည်း တကယ့်ကို အဆန်းကြီးပါ။ အဓိကညွှန်းရမယ်‌ဆိုရင်တော့ ဒရာမာပါတဲ့ကွန်ဖူးကားလေးဆိုတဲ့ အတိုင်း လူ့သရုပ်ကို ပီပြင်နေကြတာပါပဲ။ ပြီးတော့ တ-ရုတ်နိုင်ငံက မဟုတ်ဘဲ ပြင်သစ်နိုင်ငံက ရိုက်ကူးတဲ့ တ-ရုတ်သိုင်းကားပါ။ အခုခေတ်တ-ရုတ်သိုင်းကားတွေကလည်း ပေါနေကြတာများ တာတော့ လူတိုင်းလည်း သိမယ်ထင်ပါတယ်။ ဒီရုပ်ရှင်လေးဟာ ကွန်ဖူးကားကိုမှ အသွင်သဏ္ဍာန်တစ်မျိုးနဲ့ ချဉ်းကပ်တာမို့ တကယ့်ကို ကြည့်ပျော်ရှုပျော်ရှိတာပါ။ ကွန်ဖူကားကောင်းလေးတွေ ငတ်နေတာ လည်း ကြာပြီ၊ ကွန်ဖူးကားလေးတွေကို ဒီနေ့ခတ်မှာ ပြန်ခံစားချင်တယ် ဆိုရင်တော့ ဟောဒီ Kung Fu Zohra ဆိုတဲ့ ရုပ်ရှင်ကားလေးကို ခံစား ရင်ခုန်ပေးကြပါဦးခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ San Thu Aung ဖြစ်ပါတယ်)

Comedy
5.2 2022 100 mins
Kung Fu Zohra
Little Fish
6.9

Little Fish (2020) ~ IMDb – 6.9/10, Rotten Tomatoes – 91% ~ House of the Dragon ထဲမှာ Alicent Hightower အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မမအိုလီဗီယာလေးက တိကုဆရာဝန်မလေးနေရာက ပါဝင်ထားပြီး ဒရာမာ၊ အချစ်၊ သိပ္ပံ အမျိုးအစားစုံတာမို့ အရသာစုံတဲ့ ထမင်းဝိုင်းလိုကားလေးပါ။ ရုပ်ရှင်ဝါသနာအိုးတွေအနေနဲ့လည်း Timeline ကစားထားတာတွေကို လေ့လာလို့ရမယ့်ကားလေးပေါ့။ အမှတ်တရဆိုတာက လူသားတွေရဲ့ဇာတ်လမ်းကို ပြန်ပြောင်း ပြောပြဖို့အတွက် အရေးကြီးတဲ့ အထူးအခိုက်အတန့်လေးတွေပါတဲ့…။ အကယ်၍များ ဒီလို အမှတ်တရတွေ သိုမှီးထားတဲ့ မှတ်ဉာဏ်တွေ ပျောက်ကွယ်သွားခဲ့မယ်ဆိုရင်ရော… NIA လို့ခေါ်တဲ့ မှတ်ဉာဏ်တွေကို ပျောက်ကွယ်သွားစေတဲ့ ရောဂါတစ်မျိုးဟာ ကမ္ဘာမှာ ပျံ့နှံ့လို့နေပါတယ်။ ကုရာနတ္ထိ ဆေးမရှိသေးတဲ့အပြင် မှတ်ဉာဏ်ပျောက်ဆုံးသွားသူတွေရဲ့ သံသယက သူတို့ကို ချစ်ခင်သူတွေကို စည်းတားသလိုဖြစ်သွားတာတွေ ဒုနဲ့ဒေးပါ။ ဒီလိုအခြေအနေ အရပ်ရပ်တွေကို ဓါတ်ပုံဆရာလေးနဲ့ တိကုဆရာဝန်မလေးတို့ စုံတွဲ ဘယ်လိုတွေ ကျော်လွှားကြမလဲဆိုတာကိုတော့ ရုပ်ရှင်ထဲမှာပဲ ဆက်ပြီးကြည့်လိုက်ကြပါနော်… (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.2GB, 645MB Quality – 1080p, 720p IMDb Rating – 6.9/10 Format – mp4 Duration – 1H 41Min Genre – Drama, Romance, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Drama
6.9 2020 101 mins
Little Fish
The Unfair (a.k.a) Minority Opinion
6.4

The Unfair (a.k.a) Minority Opinion (2015) တောင်ကိုရီးယားနိုင်ငံမှာ ၂၀၀၉ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပြည်သူ ၅ ဦးနဲ့ ရဲဝန်ထမ်းတစ်ဦး သေဆုံးခဲ့တဲ့ ‘YONGSAN TRAGEDY’ ဖြစ်ရပ်တစ်ခုရှိခဲ့ပါတယ်။ The Unfair ဆိုတဲ့ ဇာတ်လမ်းက ဒီအကြောင်းကို Inspire ယူပြီး ရေးသားထားတဲ့ ‘SoSooUiGyeong’ ဝတ္ထုကို ပြန်လည်ရိုက်ကူးပုံဖော်ခဲ့တာပဲဖြစ်ပါတယ်။ နိုင်ငံရဲ့ခရိုနီတွေနဲ့ တချို့သောအာဏာရှိအထက်လူကြီးတွေကြောင့် ပြည်သူတွေခံစားရတဲ့ မမျှတမှုတွေကို ပုံဖော်ရိုက်ကူးပြထားတဲ့ ဇာတ်လမ်းကောင်လေး တစ်ကားဖြစ်တာကြောင့် လက်မလွှတ်တမ်းကြည့်ရှုလိုက်ကြပါဦး။ ဇာတ်လမ်းအကျဉ်း … မြို့ပြပြန်လည်ဖွံ့ဖြိုးရေးပရောဂျက်ကြောင့် နေထိုင်သူတွေဟာ သူတို့ရပ်ကွက်ကနေ မတရားနှင်ထုတ်ခံရပါတယ်။ ဒီဖြစ်ရပ်ကို လက်မခံနိုင်တဲ့ ပြည်သူတွေဟာ နေအိမ်တွေကို ဖယ်မပေးဘဲ တစ်နှစ်ကျော်ကြာသည်အထိ ဆန္ဒပြခဲ့ကြတယ်။ တစ်ရက်မှာတော့ ရဲအရာရှိအင်အားကို အသုံးပြုပြီး ဆန္ဒပြပြည်သူတွေကို အပြီးတိုင်ဖြိုခွဲမှုလုပ်ခဲ့ပါတယ်။ ဒီဖြိုခွဲမှုဖြစ်စဉ်မှာ ဆန္ဒပြပြည်သူတစ်ဦးရဲ့ သားဖြစ်သူ ဘတ်ရှင်းအူနဲ့ ရဲအရာရှိတစ်ဦး သေဆုံးတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်အပြီးမှာတော့ ဘတ်ဂျယ်ဟိုဟာ မတော်တဆလူသေစေမှုနဲ့ တရားစွဲခံရပြီးတော့ ဘတ်ရှင်းအူကို သတ်တဲ့တရားခံဟာလည်း အစစ်အမှန်မပေါ်ခဲ့ပါဘူး။ အဲဒီအတွက် ပြည်သူ့ရှေ့နေယွန်ဂျင်ဝန်၊ ရှေ့နေအီဒယ်ဆော့နဲ့ သတင်းထောက်ဂုံဆူဂယောင်းတို့က ဘတ်ဂျယ်ဟိုနဲ့ဘတ်ရှင်းအူတို့ရဲ့အမှုတွေမှာ တရားမျှတမှုရှိစေဖို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။ သူတို့ရဲ့ လုပ်ဆောင်မှုတွေ အောင်မြင်နိုင်မှာလား? ဘတ်ဂျယ်ဟိုအတွက် တရားမျှတမှုရှာဖွေနိုင်မလား? ဆိုတာကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုရင်း အဖြေရှာလိုက်ရအောင်နော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Hay Thar Oo ပါ။) File Size : 2GB, 745MB, 393MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 2hr 7mins Genre : Drama Translated by Hay Thar Oo Encoded by Kinnov

Action • Comedy • Fantasy
6.4 2015 127 mins
The Unfair (a.k.a) Minority Opinion
The Legend of Jade Sword
7

ဒီတစ်ခါ CM ကနေ တင်ဆက်ပေးမှာကတော့ ကျိယိချွမ်းအနေနဲ့ မင်းသား(Jiang Qi Lin) ၊ ယွိချီရွှယ်အနေနဲ့ မင်းသမီး(Tang Jing Mei) တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ The Legend of Jade Sword (2020)ဆိုတဲ့ Movieလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ သုံးလောကဘုံမှာ ရက်စက်ကြမ်းတမ်းနေတဲ့ နတ်ဧရာဇ်ကြီးဝူကျန့်ကို နွီဝါးမယ်တော်က ချိတ်စည်းပိတ်ထိန်းသိမ်းလိုက်ပြီး ကျိမျိုးနွယ်နဲ့ ယွိချီမျိုးနွယ်ကို စောင့်ကြည့်ထားစေခဲ့တယ်။ ဒါပေမဲ့ နတ်ဧရာဇ်ရဲ့ မျိုးဆက်ဖြစ်တဲ့ ရှောက်ယန်ဘုရင်က ချိတ်စည်းကို ဖယ်ရှားဖို့ကြိုးပမ်းနေခဲ့ပြီး မျိုးနွယ်စုကြား ပဋိပက္ခတွေလည်း ထိန်းမရနိုင်အောင်ဖြစ်ခဲ့တယ်… ကျိမျိုးနွယ်စုဝင်ဖြစ်တဲ့ ကျိယိချွမ်းက မျိုးနွယ်စုအတွက် မကောင်းဆိုးဝါးကို ဖမ်းပေးပြီးရင် ဆရာတူညီမလေးဖြစ်တဲ့ ယွိချီရွှယ်နဲ့ လွတ်လပ်တဲ့ကောင်းကင်ဘုံရတနာမြေဆီ ထွက်ခွာဖို့လုပ်ခဲ့ကြတယ်…မကောင်းဆိုးဝါးဖမ်းဆီးရာကနေ သူတို့တွေ ဘယ်လိုအဖြစ်အပျက်တွေကြုံတွေ့>ရမလဲ … သူတို့တွေ ကောင်းကင်ဘုံရတနာမြေဆီသွားတဲ့ခရီးလမ်းမှာ ဘယ်တွေဖြစ်ကြဦးမလဲ….နတ်ဧကရာဇ်ကြီးရဲ့ မျိုးဆက်ရဲ့ အကြံအစည်ကရော ဘာများဖြစ်နေမလဲ စစ်မှန်တဲ့လွတ်လပ်မှုနဲ့ တရားမျှတမှုကို ရရှိဖို့အတွက် သူတို့အပေါင်းအဖော်တွေ နွီဝါးလောကကို ပြန်သွားတဲ့အခါမှာ ဘယ်လိုတိုက်ပွဲတွေဖြစ်လာဦးမလဲဆိုတာကိုတော့ CMကနေ ကြည့်ရှုအားပေးကြပါဦးနော်~

7 2020
The Legend of Jade Sword
Pride and Prejudice and Zombies
6

ယခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Cinderella (2015)ထဲက မင်းသမီးချော Lily James နဲ့ Maleficent ဇာတ်ကားတွေထဲမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသား Sam Riley တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဇွန်ဘီကားလေးပဲဖြစ်ပါတယ်။ ဒီဇွန်ဘီကားဟာ 19 ရာစုမှာအ‌ခြေတည်ထားပြီး ထူးဆန်းတဲ့ ဇွန်ဘီပလိပ်ရောဂါကြောင့် အင်္ဂလန်နိုင်ငံဟာ စစ်တလင်းဖြစ်ခဲ့ရပုံကိုပြသထားပါတယ်။ ဒီဇာတ်ကားထဲက ဇွန်ဘီတွေက သာမာန်ဇွန်ဘီကားတွေထဲကလို တွေ့ကရာအကုန်လိုက်ကိုက်နေတာမျိုးမဟုတ်ပဲ သူတို့မှာလည်း ဦးနှောက်ရှိတဲ့အတွက် ဉာဏ်ပြေးကြပါတယ်။ ဝူးရှူးဝါးတွေမလုပ်ပဲ လူ့ ဦးနှောက်စားရဖို့အတွက် ထောင်ခြောက်လည်းဆင်တတ်သလို လူတွေကြားထဲလည်း သွားလာတတ်ကြပါသေးတယ်။ ဒီလိုဉာဏ်ကောင်းတာကြောင့်ပဲ ဇွန်ဘီတွေက တ‌ဖြေးဖြေးနဲ့အင်အားကောင်းလာတာမို့ လူသားမျိုးနွယ်တွေအတွက် ခြိမ်း‌ခြောက်မှု ကြီးတစ်ရပ်ဖြစ်လာပါတော့တယ်။ ဒီလိုတွေကြားထဲမှာမှ လူသဘောလူ့သဘာဝ လူမှုရေး ချစ်ရေးကြိုက်ရေး နိုင်ငံရေး ဒါမျိုးတွေကိုရောထည့်ပေါင်းစပ်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။ ဇွန်ဘီကားကြိုက်တဲ့ ပရိတ်သတ်တွေအတွက်ကတော့ အမြင်တစ်မျိုးထူးခြားနေမှာဖြစ်လို့ ကြည့်သင့်တဲ့ဇာတ်ကားဖြစ်တယ်လို့ညွှန်းလိုက်ပါရစေ။ File size…1.59 GB / 750MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 48m Genre ….. Action , Comedy , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

6 2016
Pride and Prejudice and Zombies
Alibi.com
6.5

ဟာသကားတွေစောင့်မျှော်နေသူတွေအတွက် ပြင်သစ်ဟာသကားလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ ဂရက်ဆိုတဲ့သူဟာ သူငယ်ချင်းတစ်ယောက်နဲ့အလီဘိုင်ဆိုတဲ့ကုမ္ပဏီတည်ထောင်ထားပါတယ်။သူတို့အလုပ်က နောက်မီးလင်း အရှုပ်ထုပ်ပေါင်းစုံကို လိုက်လံဖုံးဖိကူညီပေးတာပါ။တစ်ရက်မှာတော့ အချစ်ကိုအယုံအကြည်မရှိတဲ့ဂရက်က ဖလိုလို့ခေါ်တဲ့ ရှေ့နေကောင်မလေးနဲ့ ပန်းခြံမှာခွေးကိုလွှတ်ပေးလိုက်လို့ ကားတိုက်ခံရတာကစပြီး ရင်းနှီးသွားပါတယ်။နောက်တော့ သူတို့နှစ်ဉီးချစ်သူတွေဖြစ်လာကြပြီး ကောင်မလေးအိမ်လိုက်သွားရင်းက ဖလိုရဲ့အဖေက အလီဘိုင်ကုမ္ပဏီရဲ့ဖောက်သည်တစ်ဉီးဖြစ်နေတာကို သိလိုက်ရပါတယ်။ ဖလိုက လိမ်လည်တာကိုသိပ်မုန်းတာကြောင့် ဂရက်ကသူ့လုပ်ငန်းကိုလည်းမပြောပြရဲသလို သူ့အဖေကိုလုပ်ပေးရမဲ့ ပြဿနာကလည်း သူ့ကောင်မလေးကိုသူ့သရုပ်မှန်ပေါ်လာဖို့ တဖြည်းဖြည်းလမ်းဆီကိုရောက်လာပါတယ်။ဂရက်တစ်ယောက် ဖလို့အဖေရဲ့ပြဿနာတွေဖြေရှင်းပေးရင်း ဘယ်လိုအလွဲတွေနဲ့ကြုံရမလဲ ၊ဖလို့အဖေရဲ့လျှို့ဝှက်ချက် သူ့ရဲ့လျှို့ဝှက်ချက်ကိုဆက်လက်ထိန်းသိမ်းနိုင်ပါမလား။သူတို့နှစ်ယောက်ရဲ့အချစ်ရေးကရော ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ကြည့်ရှုလိုက်ကြပါဉီး။ သရုပ်ဆောင်တွေအဖြစ်နဲ့ Philippe Lacheau ၊ Élodie Fontan ၊ Didier Bourdon တို့ကပါဝင်သရုပ်ဆောင်ထားပြီး မင်းသားကိုယ်တိုင်ကပဲရိုက်ကူးတင်ဆက်ထားတဲ့ ပြင်သစ် Comedy ကားလေးဖြစ်ပါတယ်။ File size…1.96GB / 826.5MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 29m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Nwe Hnin Thazin

6.5 2016 90 mins
Alibi.com
The Crime Is Mine
6.6

The Crime is Mine (2023) ၂၀၂၃ မှာ ထွက်ရှိလာတဲ့ Drama/ Comedy အမျိုးအစား ပြင်သစ်ရုပ်ရှင်ကားကောင်းလေး တင်ဆက်ပေးချင်ပါတယ်။ IMDb rating 6.6 နဲ့ Rotten Tomatoes 100% ရရှိထားတာပါ။ တကယ်လည်း ရယ်ရသလို၊ တော်တော်လည်း ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်လေးမို့လို့ အချိန်ပေးရကျိုးနပ်မှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ပေါ်လင်းနဲ့ မက်ဒလိန်းတို့ဟာ ဘဝကို ရုန်းကန်နေရတဲ့ သူငယ်ချင်း နှစ်ယောက်ပါ။ တိုက်ခန်းကျဉ်းကျဉ်းလေး ငှားနေရင် ငှားခလည်းမပေးနိုင်၊ အကြွေးတွေလည်း တင်နေတာမို့ အကြွေးရှင်တွေကလည်း ပတ်ပတ်လည်ဝိုင်းနေပါတယ်။ မက်ဒလိန်းကတော့ နာမည်မကြီးတဲ့ သရုပ်ဆောင် မင်းသမီးတစ်ယောက်ပါ၊ ပေါ်လင်းကတော့ ရှေ့နေမလေးပါ။ မက်ဒလိန်းကို နာမည်ကြီး ထုတ်လုပ်သူ တစ်ယောက်ဖြစ်တဲ့ မွန်ဖဲအ်ဟုန်က ပြဇာတ်မှာ ဇာတ်ကောင်တစ်နေရာ ပေးမယ်ဆိုပြီး သူ့အိမ်ကိုခေါ်ကာ မတော်တရားလုပ်ဖို့ ကြံပါတာမို့ မက်ဒလိန်းလည်း ထွက်ပြေးခဲ့ရပါတယ်။ နောက်တစ်နေ့မှာ မက်ဒလိန်း ထွက်ပြေးပြီးမကြာခင် မွန်ဖဲအ်ဟုန် အသတ်ခံလိုက်ရကြောင်း သူတို့ သိသွားခဲ့ပါတယ်။ နာမည်ကြီးအောင်လို့ သူငယ်ချင်း ၂ ယောက်ပေါင်းပြီး မွန်ဖဲအ်ဟုန်ကို သတ်လိုက်တာ မက်ဒလိန်းဖြစ်ကြောင်း ဝန်ခံလိုက်ပါတယ်။ အဲလိုကနေ သူတို့ ၂ ယောက် ဘဝတွေပြောင်းလဲမယ့် အချိုးအကွေ့ ဖြစ်လာပါတော့တယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Crime Quality…. 1080p | 720p File size… 1.6GB | 778MB Format… mp4 Duration…. 1h 42min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

6.6 2023
The Crime Is Mine
Tabu: Mengusik Gerbang Iblis
5.5

Tabu: Mengusik Gerbang Iblis (2019) အခုနောက်ပိုင်းမှာ အင်ဒိုသရဲကားလေးတွေက အတော်လေးလက်စွမ်းပြလာကြတာဆိုတော့ ဒီနေ့မှာလည်း IMDb 5.5ရထားတဲ့ Indo horrorလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သရဲကား မိနစ် 90 စာ ကြည့်ရင် 113 ကယ်လိုရီကျစေနိုင်တယ်ဆိုတော့ ပင်ပင်ပန်းပန်း လေ့ကျင့်ခန်းမလုပ်ဘဲ သရဲကားအဝကြည့်ပါလို့ အကြံပြုရင်း… ဇာတ်လမ်းအစမှာတော့ သရဲကားထုံးစံအတိုင်းပဲ အရာရာကို စူးစမ်းစမ်းသပ်ချင်တဲ့ သူငယ်ချင်းတစ်စုဟာ ပိတ်ရက်တိုင်းမှာ သရဲခြောက်တဲ့နေရာတွေကိုသွားပြီး စပ်စုစိန်လုပ်လေ့ရှိတယ်။ ဒီတစ်ခါမှာတော့ ပုံမှန်နေရာတွေထက်ပိုကြမ်းတဲ့ လျူဝန်ဟီဂျိုဆိုတဲ့နေရာကို ရွေးပြီးတော့ ထုံးစံအတိုင်းပဲ ကားတစ်စီးနဲ့ ထွက်လာကြတာပေါ့။ တောနက်ထဲအရောက်မှာ သူငယ်ချင်းတစ်စု အိမ်သာသွားရင်းနဲ့ သူတို့အဖွဲ့ထဲက ဒီယက်ဇ်တစ်ယောက် ရုတ်တရက်ပျောက်သွားပြီးတော့ တောထဲက ဘယ်ကမှန်းမသိတဲ့ စကားမပြောတတ်တဲ့ကလေးတစ်ယောက်ကို ကူရှာခိုင်းဖို့ ဖြစ်လာပါတော့တယ်။ ဒီယက်ဇ်ကိုတွေ့တဲ့အချိန်မှာ သရဲပူးပြီး ရုန်းရင်းဆန်ခတ်ဖြစ်နေပေမဲ့ ဒီကလေးကိုမြင်တော့ ထူးထူးဆန်းဆန်း ငြိမ်ကျသွားတာကြောင့် သရဲခြောက်တဲ့တောထဲကနေ ဘယ်ကမှန်းမသိတဲ့ကလေးကိုပါခေါ်ခဲ့ဖို့ မိုက်ရူးရဲစွာနဲ့ ဆုံးဖြတ်လိုက်တဲ့အခါ… တောထဲကနေထွက်လာပြီး ကိစ္စပြတ်ပြီလို့ထင်နေပေမဲ့ သူတို့ထင်သလောက်မရိုးရှင်းနေတဲ့အခါမှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲ။ တောထဲကနေခေါ်လာတဲ့ကလေးကရော ဘာလျှို့ဝှက်ချက်တွေရှိနေမလဲဆိုတာ အားလုံးအတူ ကြည့်ရှုလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 1.5GB | 757MB Format… mp4 Duration…. 2h 2min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron

5.5 2019
Tabu: Mengusik Gerbang Iblis
The Forbidden Door
6.6

IMDB – 6.6 ဒီဇာတ်ကားလေးက ဘန်ကောက်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ nomination 2 ကြိမ်ဝင်တဲ့ဇာတ်ကားလေးဖြစ်သလို ၂၀၁၀ အင်ဒိုနီးရှားနိုင်ငံရဲ့ အကောင်းဆုံးရုပ်ရှင်ဆုကိုရထားတာဖြစ်ပါတယ်။ စုံတွဲတွေမှာ သေချာအစီအစဉ်ဆွဲပြီး ကလေးယူကြသူတွေရှိသလို ကိုယ်တိုင်က မလိုချင်ဘဲကလေးရသွားတဲ့အခါ ကလေးအပေါ် သဘောထားတွေက negative ဆန်တာတွေရှိနေမှာပါ။ တစ်ချို့က ကိုယ်ဝန်ဖျက်ပစ်တယ်။ တစ်ချို့တစ်ပါးသူလက်ထဲကိုထည့်လိုက်တယ်။ ဒါပေမယ့် တစ်ချို့ကျတော့ အညှင်းဆဲခံ ။ စိတ်အဖြေအဖျောက်ခံသက်သက် ကလေးကိုမွေးထားကြပါတယ်။ ဒီကလေးမွေးလာတာကိုက ဂြိုလ်ဆိုးသဖွယ် ခံယူထားတဲ့မိဘတွေလည်းရှိကြတယ်။ အကျိုးရလာဒ်အနေနဲ့ကတော့ စိတ်ဒဏ်ရာပေါင်းများစွာနဲ့ ဒီကလေးဟာကြီးပြင်း လာခဲ့ရတာပဲ။ ဒီလိုအဖြစ်အပျက်တွေက ရာခိုင်နှုန်းနည်းတယ်ဆိုပေမယ့် လောကကြီးထဲမှာရှိနေသေးတယ်ဆိုတာကို တစ်နည်းတစ်ဖုံရိုက်ပြထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂမ်ဘီယာက အနုပညာရှင်တစ်ယောက်ဖြစ်ပြီး သူထုလုပ်ထားတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးရုပ်ထုတွေဟာ လူတကာကြိုက်လောက်အောင် အသက်ဝင်လွန်းတဲ့အတွက် နာမည်ကြီးလှပါတယ်။ သူ့မှာဇနီးချောလေးတစ်ယောက်ရှိပြီး အချစ်ဆုံးသူငယ်ချင်း နှစ်ယောက်လည်းရှိတယ်။ သူ့ရုပ်ထုတွေကို ပြခန်းမှာပွဲလုပ်ပြီး ဂမ်ဘီယာနဲ့ အရမ်းရင်းနှီးတဲ့ အစ်ကိုဂျင်မီက ရောင်းချပေးတယ်။ ဂမ်ဘီယာရဲ့အမေကတော့ သူတို့ကိုကလေးယူဖို့အမြဲတိုက်တွန်းနေတယ်၊ တစ်နေ့မှာ ဂမ်ဘီယာဆီကို ကယ်ပါဦး ဆိုတဲ့စာသားကိုသူတို့အိမ်ရှေ့မှာလာရေးသွားတယ်။ ဒီအတိုင်းကလေးတွေလက်ဆော့ပြီးရေးတယ်လို့ပဲထင်သွားတယ်။ နောက်တော့ သူငယ်ချင်းတွေနဲ့တွေ့လည်း ဒီစာသား ဒီစကားသံတွေကို တစ်နည်းမဟုတ်တစ်နည်း မြင်ရကြားလာရတဲ့အခါဂမ်ဘီယာလည်း အဖြေစရှာပါတော့တယ်…. File size…2.35GB / 1.12GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 55m Genre ….. Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

6.6 2009 115 mins
The Forbidden Door
Moon Maidens

Moon Maidens (2023) ================ အညွှန်းမစခင် ဇာတ်ကားမှာပါဝင်တဲ့လူကြီးပြကွက်တချို့ကြောင့် ကလေးသူငယ်တွေ၊မိသားစုတွေနဲ့ အတူကြည့်ရှုလို့ကောင်းတဲ့ ဇာတ်ကားမျိုးမဟုတ်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။ ဇာတ်လမ်းအဖွင့်မှာတော့ မက်စ်တစ်ယောက် အိမ်နီးချင်းမိန်းမနဲ့ ကုတင်ပေါ်ရောက်နေတာကို အလုပ်ခရီးကနေ စောပြန်လာတဲ့ မိန်းမက လက်ပူးလက်ကြပ်သွားတာနဲ့အစပြုထားပါတယ်။ ပြဿနာအကြီးအကျယ်တက်မလို့ရှိသေး၊ သူတို့အိမ်နားမှာ ကျ လာတဲ့ဥက္ကာခဲအပိုင်းအစကို သူ့မိန်းမက ကောက်ကိုင်လိုက်ရာ ကနေ အခြေအနေတွေပြောင်းပြန်ဖြစ်သွားတော့တာပါပဲ။ ဖောက်ပြန်လို့စိတ်ဆိုးရမဲ့အစား သူ့မိန်းမက အရမ်းတွေအလိုက် သိပြီး လင်ထိပ်ထားစံပုံစံမျိုးဖြစ်သွားပါတယ်။ ဒါ့အပြင် အဲ့ဥက္ကာခဲ အပိုင်းအစကို ဆွဲကြိုးလုပ်ပြီး တခြားမိန်းကလေးတွေကိုပါ လိုက် ဝတ်ခိုင်းရင်း အဲ့မိန်းကလေးတွေပါ ထူးထူးဆန်းဆန်းပြောင်းလဲကုန် တော့တာပါပဲ။ တစ်ဖက်မှာတော့ မက်စ်လုပ်နေတဲ့ ဂြိုဟ်တုစီမံကိန်း ကို ခိုးဖို့ကြံနေတဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေလည်း ရှိပါသေးတယ်။ ဆက်လက်ပြီး ဇာတ်သိမ်းနဲ့အဖြေကိုသိရအောင် ဇာတ်ကားကိုကြည့် ရှုခံစားလိုက်ကြပါဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(720 MB) / (300 MB) Quality…………WEB-DL 1080p / 720p Duration………1Hr Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Sci-Fi Translator…….Ngwe Zin Encoder……….SWM

Thriller
0 2023
Moon Maidens
Once Upon A Time In Sham Tan
5.7

မင်းသမီး လှလှလေးတွေနဲ့ စိတ်ဝင်စားစရာ ဇာတ်ကားကောင်းလေးတစ်ကားကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- မေထန်မြို့မှ ပြဇာတ်မင်းသမီးလေး မေလင်ဟာ အနိုင်ကျင့်မှုတွေ ကြားထဲက ကြီးပျင်းလာခဲ့ရပြီး ကံကြမ္မာကို ပြောင်းလဲဖို့ ကြိုးစားနေပါတယ်။ အကြိမ်ကြိမ် စစ်ရှုံးနေတဲ့ ဗိုလ်မှူးလေးဟာ မိန်းမလှကန်ရဲ့ ဒဏ္ဍာရီပုံပြင်ကို ကြားပြီးနောက်မှာတော့ ဆုတောင်းပြည့်ပူဇော်ပွဲလုပ်ဖို့ မေထန်မြို့ကို ရောက်လာခဲ့ပါတယ်။ သူက မေလင်ကို လိမ်လည်ခေါ်ဆောင်သွားပြီး မိန်းမလှကန်ထဲကို ပစ်ချခဲ့ပေမဲ့လဲ မေလင်က ကံကောင်းစွာနဲ့ မသေမြက်အဆိပ်မိသွားပြီးနောက်မှာ သွေးဆာတတ်တဲ့ မကောင်းဆိုးဝါးတစ်ကောင် ဖြစ်သွားခဲ့ပါတယ်။ သူက သူ့အပေါ် အကြံယုတ်မာတဲ့ ယောကျာ်းတွေကို ဆွဲဆောင်ပြီး စားသုံးခဲ့ပါတယ်။ မေလင်ရဲ့ သူငယ်ချင်းကောင်းဖြစ်သူ ယင်ရှင့်ဟာ မေလင်းရဲ့ ပြောင်းလဲမှုကို သတိထားမိသွားပါတယ်။ မေလင်ရဲ့ရောဂါဟာလည်း တဖြည်းဖြည်းပြင်းထန်လာပြီး ရက် ၂၀ ကြာရင် မသေတတ်တဲ့ မကောင်းဆိုးဝါးကြီး လုံးဝ ဖြစ်သွားတော့မယ်ဆိုတာ သိလိုက်ရပါတယ်။ အကြောင်းအရင်းတွေ သိရပြီးနောက် ယင်ရှင့်နဲ့ မေလင်တို့ ဒီအခက်အခဲကို ဘယ်လို ကျော်ဖြတ်ကြမလဲ…… လူယုတ်မာတွေကရော ဘယ်လို အကြံအစည်တွေ ရှိကြမလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။

Action • Adventure • Animation • Fantasy • Comedy • Science Fiction
5.7 2023
Once Upon A Time In Sham Tan
The Silence
7

၂၀၁၀ တုန်းကထွက်ရှိထားတဲ့ Das Letzte Schweigen (The Silence) ရုပ်ရှင်ဟာ IMDB 7.0 ရရှိထားတဲ့ ဂျာမန်စကားပြော Crime, Drama, Thriller အမျိုးအစားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဂျာမဏီရုပ်ရှင်ဒါရိုက်တာ ဆုတစ်ခု ဆွတ်ခူးထားပြီး အခြားရုပ်ရှင်ဆုလေးဆု ဆန်ခါတင်စာရင်းဝင်ထားပါတယ်။ ဆယ်ကျော်သက်အရွယ်မိန်းကလေးတစ်ယောက်ဖြစ်တဲ့ ပီယာဟာ လယ်ကွင်းထဲမှာအသတ်ခံလိုက်ရပေမယ့် တရားခံလက်သည်မပေါ်ခဲ့ပါဘူး။ ပီယာအသတ်ခံရပြီး ၂၃ နှစ်တိတိကြာတဲ့အခါ အဲဒီရက်စွဲမှာပဲ နောက်ထပ် ဆယ်ကျော်သက်မိန်းကလေးတစ်ဦး မူလအခင်းဖြစ်ပွားရာနေရာမှာပဲ တစ်ပုံစံတည်း ပျောက်ဆုံးသွားပါတော့တယ်။ အခင်းဖြစ်ပွားမှုတစ်ပုံစံတည်း တူနေပြီး ရက်စွဲကအစ ၂၃ နှစ်ခြားပြီးတစ်ရက်တည်းဖြစ်နေတာကြောင့် ရဲတပ်ဖွဲ့ဟာ တရားခံတစ်ဦးတည်းဖြစ်ရမယ်လို့ တထစ်ချမှတ်ယူပြီး ရေဆုံးမြေဆုံး လိုက်လံစစ်ဆေးပါတော့တယ်။ ပထမမှုခင်းတုန်းက မတွေ့ခဲ့တဲ့ သဲလွန်စတွေဟာ ဒုတိယမှုခင်းဖြစ်တဲ့အချိန်မှာ တဖြည်းဖြည်း ပေါ်လွင်လာပြီး ကျူးလွန်သူကိုမိလုမိခင် အနေအထားရောက်ရှိလာတဲ့အခါ ဇာတ်လမ်းဟာတစ်မျိုးတစ်ဖုံပြောင်းလဲသွားပါတော့တယ်။ ဆယ်ကျော်သက်လူသတ်မှုကျူးလွန်သူဟာ ဘာကြောင့် ၂၃ နှစ်ခြားပြီး တစ်ရက်တည်းမှာ လူသတ်မှုနှစ်ကြိမ်ကျူးလွန်ခဲ့ရသလဲ.. ဘာကြောင့် ဆယ်ကျော်သက်မိန်းကလေးတွေကိုမှ ရွေးပြီးသတ်ရတာလဲ မှုခင်းနှစ်ခုကို တစ်ပုံစံတည်း တစ်နေရာတည်းမှာ ကျူးလွန်ခြင်းအားဖြင့် တရားခံကိုဖမ်းမိနိုင်ချေပိုများလာတာ သိလျက်နဲ့ ဘာလို့ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့တာလဲဆိုတာ ဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်။ File size…2.26 GB/ 1.02 GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 58m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Miyamoto

Thriller • Drama
7 2010
The Silence
Mudo Kannu
4.6

Mudo Kannu (2024) “သွေးပျက်စရာ မှုခင်း” တေလဂူး မှုခင်းရုပ်ရှင်ဇာတ်လမ်းလေးတစ်ပုဒ်ပါ ဇာတ်လမ်းအစမှာ သတင်းသမားတစ်ယောက်က အငြိမ်းစားရဲအရာရှိကို အင်တာဗျူးရာကနေ စထားပါတယ် ရဲအရာရှိကြီးရဲ့ ရဲလုပ်သက်တစ်လျှောက်လုံးမှာ မမေ့နိုင်တဲ့ မှုခင်းဖြစ်ရပ်တွေရှိနေပါတယ် အဲဒီထဲကတစ်ခုကတော့ ကလေးနှစ်ယောက်ကို သတ်ပြီး အလောင်းနဲ့ထွက်ပြေးသွားတဲ့ ဖခင်တစ်ယောက်အမှုပါပဲ ဒီဖြစ်စဉ်မှာ အိမ်မွေးခွေးလေးတစ်ကောင် ကလေးနှစ်ယောက်ကို ကိုက်မိတာကနေစလို့ ဘယ်လိုအခြေအနေထိ ရောက်သွားခဲ့လဲ ရက်ရက်စက်စက် လူသတ်မှုကရော ဘယ်လိုအကြောင်းရင်းကြောင့်များလဲ…။ နောက်ထပ် ရာဇဝတ်မှုခင်းတွေကရော ဘာတွေလဲဆိုတာ ကြည့်ရှုအားပေးကြပါဦး။ အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ V ~ Yunni တို့မှ ဖြစ်ပါတယ်

Drama • Comedy
4.6 2024 99 mins
Mudo Kannu