YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Resident.Evil.The.Final.Chapter.2016 1080p Bluray 5.1 H {CM} TSK.mp4

1.67 GB N/A video/mp4 1526 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Natural City
5.4

Natural City (2003) မဝေးတော့တဲ့ အနာဂတ်ကာလတစ်ခုမှာ လူသားတွေဟာ လူ့အဖွဲ့အစည်းကို ထိန်းသိမ်းဖို့အတွက် စက်ရုပ်တွေကို မှီခိုလာကြပါတယ်။ လူသားတွေနဲ့ စွမ်းဆောင်ရည်တူအောင် ထုတ်လုပ်ထားတဲ့ အဆိုပါ ဆိုင်ဘော့ စက်ရုပ်တွေဟာ သုံးနှစ်သာ သက်တမ်းရှိကြပြီး သက်တမ်းပြည့်တဲ့အခါ ဖျက်ဆီးစွန့်ပစ်ရုံကို ပို့ဆောင်ခံရမှာပါ။ ဒါပေမဲ့ စမ်းသပ်ပေါင်းစည်းသူ ပညာရှင်တွေဟာ လူသားတွေနဲ့ ဆိုက်ဘော့စက်ရုပ်တွေရဲ့ စိတ်ဝိညာဉ်ကို ပေါင်းစည်းနိုင်တဲ့ လုပ်ငန်းစဉ်ကို တီထွင်ခဲ့တဲ့အခါ တင်းကျပ်စွာ ခွဲခြားထားတဲ့ လူ့အဖွဲ့အစည်းမှာ အပျက်အစီးတွေ စတင်ဖြစ်ပေါ်လာပါတယ်။ တိုက်ခိုက်ရေး ဆိုက်ဘော့တွေဟာ သူတို့ရဲ့ သုံးနှစ်တာသက်တမ်းကို ရှည်ကြာစေမယ်လို့ ယူဆရတဲ့ DNA နမူနာကို ရှာဖွေဖို့ ပင်မဓာတ်ခွဲခန်းကို ဝင်ရောက်စီးနင်းလာတဲ့အခါမှာတော့ ... အဆိုပါ ပုန်ကန်မှုကို နှိမ်နင်းဖို့အတွက် ရဲအရာရှိတွေဖြစ်ကြတဲ့ R နဲ့ Noma တို့က ဘယ်လိုအခက်အခဲတွေကို ဖြတ်ကျော်ရမလဲ? အဆုံးသတ်မှာရော လူသားတွေနဲ့ ဆိုင်ဘော့ကြားမှာ ဘယ်သူက အနိုင်ရသွားနိုင်မလဲ? ဒီရုပ်ရှင်ဟာ Blade Runner နဲ့ Ghost in the shell အစရှိတဲ့ ရုပ်ရှင်တွေနဲ့ ဆင်တူပြီး Sci-Fi ကြိုက်သူ‌တွေအတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ ကားလေးတစ်ကားဖြစ်လို့ ကြည့်ရှုအားပေးကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Hazel ပါ။) File Size          : 2.9GB, 982MB, 490MB Quality            : 1080p Blu-ray, 720p Blu-ray, 480p Format            : mp4 Duration         : 1hr 54mins Genre              : Action, Drama, Scifi Translated by Hazel Encoded by Kinnov

Drama
5.4 2003 114 mins
Natural City
Little Forest: Summer/Autumn
7.6

အချိန်တိုင်းလိုလို ကားသံလူသံဆူညံညံနဲ့ မွန်းကျပ်တဲ့မြို့ပြလူနေမှုကနေ ပြေးထွက်ပြီး "ခိုမိုရိ"ဆိုတဲ့တောအုပ်ငယ်လေးကို အလည်သွားကြရအောင်။ အပေါ်ယံဟန်ဆောင်မျက်နှာဖုံးတွေမတပ်ဘဲ ရိုးသားကြိုးစားကြတဲ့ရွာသူရွာသားတွေ၊ မျက်စိတစ်ဆုံး စိမ်းစိုလှပနေတဲ့ယာခင်းတွေ၊ ဆောင်းနံနက်ခင်းတွေဆို မြူနှင်းတွေအုံ့မှိုင်းနေတတ်တဲ့တောင်တန်းတွေ၊ ရာသီအလိုက်ပွင့်ဖူးတတ်တဲ့ ထူးဆန်းတဲ့ပန်းလေးတွေ၊ မြင်တွေ့နေကျမဟုတ်တဲ့ အသီးအနှံမျိုးစုံနဲ့ ညညဆိုမဖိတ်ခေါ်ဘဲရောက်လာပြီး အဖော်ပြုပေးတတ်တဲ့ အကောင်ပလောင်လေးတွေ၊ ဒီလိုမျိုး သဘာဝတရားကြီးကို အလှအပကို အပြည့်အဝခံစားလို့ရနိုင်တဲ့ "ခိုမိုရိ" ဇာတ်လမ်းလေးကတော့ ရိုးရှင်းပါတယ်။ မြို့ပေါ်မှာနေရတာ မွန်းကျပ်လာတဲ့ကောင်မလေးတစ်ယောက် သူ့ဇာတိရွာလေးကို ပြန်လာပြီးနေထိုင်စားသောက်ပုံကိုရိုက်ပြထားတာပါ။ နောက်ခံတီးလုံးငြိမ့်ငြိမ့်လေးနဲ့ ချက်ပြုတ်စားသောက်ပြမယ်။ ကျေးလက်ဒေသရဲ့အလှအပနဲ့ဓလေ့တွေကိုရှင်းပြမယ်။ စားပင်သီးပင်တွေ အမျိုးမျိုးစိုက်ပျိုးပြမယ်။ ဒါကြောင့် ဇာတ်အေးအေးလေးနဲ့ အကြည်ဓာတ်ရတဲ့ "Only Yesterday"လိုကားမျိုးကြိုက်တတ်တဲ့သူဆို ဒီ "Komori" ကိုလည်းသေချာပေါက်သဘောကျမယ်လို့ထင်ပါတယ်။ စိတ်ပင်ပန်းနွမ်းနယ်နေတဲ့သူတွေလည်း ဒီ Healing Drama လေးကြည့်ပြီး ခဏတဖြုတ်ပဲဖြစ်ဖြစ် စိတ်သက်သာရာရသွားရင် ဘာသာပြန်ရကျိုးနပ်ပါပြီ။ (*အဘိဓာန်ထဲမှာမရှိတဲ့ ပန်းနာမည်တစ်ချို့နဲ့ အစားအစာတွေကို လက်လှမ်းမီသလောက်ရှာဖွေပြီး ဆီလျော်အောင် ဘာသာပြန်ဆိုထားရတာဖြစ်လို့ အချို့နေရာတွေမှာ လွဲချော်မှုများရှိခဲ့ရင် နားလည်ခွင့်လွှတ်ပေးကြပါလို့ ကြိုတောင်းပန်ထားပါရစေ) အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… Format… mp4 Duration…. 1h 51min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moe Pwint Phyu Encoder ..... August

Crime • Drama
7.6 2014 111 mins
Little Forest: Summer/Autumn
I Give My First Love to You
7.4

~ IMDb rating - 7.1/10 ~ ကြည့်ကိုကြည့်သင့်တဲ့ ဂျပန်ရိုမန့်ရုပ်ရှင်‌တွေ စာရင်းထဲမှာ ထိပ်ဆုံးက အမြဲတမ်းပါလေ့ရှိတဲ့ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဂျပန်ရုပ်ရှင်ချစ်သူအားလုံးနီးပါးကြည့်ဖူးကြပြီး ကြိုက်နှစ်သက်ခဲ့ရတဲ့ ကျောင်းသားကားတစ်ကားဆိုလည်း မမှားပါဘူး။ တကုမ-ခခိနိုအုချိဆိုတဲ့ ကောင်လေးက မွေးရာပါနှလုံးရောဂါအခံရှိတာကြောင့် ဆေးရုံခဏခဏတက်နေရတဲ့ကောင်လေးပါ။ ဆရာဝန်ကြီးက သူ့ရောဂါဟာ အဲဒီခေတ်အခါနဲ့ ကုသလို့မရတဲ့ရောဂါဖြစ်ကြောင်းပြောနေတာကို မထင်မှတ်ဘဲ သိခဲ့ရပါတယ်။ သူ့နှလုံးက အသက်၂၀ထိပဲအသက်ရှင်နိုင်မှာမို့ အစားရှောင် အနေဆင်ခြင်နေခဲ့ရပါတယ်။ ဆရာဝန်ကြီးရဲ့သမီးဖြစ်သူ မယု-တနဲဒကတော့ ဆေးရုံကိုလာကစားရင်း တကုမနဲ့ကစားဖော်ဖြစ်လာတဲ့ကောင်မလေးပါ။ ကလေးတွေဆိုပေမဲ့ သာမန်ထက်ပိုတဲ့အချစ်ဦးတွေဖြစ်ကြပြီး ကျန်တဲ့သူတွေက ကလေးလင်မယားဆိုပြီး ချစ်စနိုးစကြတဲ့အထိ တပူးပူး တတွဲတွဲ ရှိနေခဲ့ကြပါတယ်။ ၁၆နှစ်အရွယ်ရောက်ကြတော့လည်း မယုက တကုမကိုဆက်ချစ်နေဆဲဖြစ်ပြီး ငယ်ငယ်တုန်းက ကတိအတိုင်းလက်ထပ်ချင်နေခဲ့ပါတယ်။ တကုမကတော့ သူက အချိန်တန်ရင်ထွက်သွားရမဲ့သူမို့ ချစ်ပေမဲ့လမ်းခွဲဖို့ကြိုးစားပါတယ်။ ဒီအချိန်မှာတော့ နှလုံးအစားထိုးကုသမှု ပေါ်နေပါပြီ။ တကုမနဲ့ ကိုက်ညီတဲ့သူကိုတွေ့ပြီး နှလုံးအစားထိုးနိုင်ဖို့စောင့်ဆိုင်းနေတဲ့အချိန်ပါ။ တကုမနဲ့မယုတို့ဆက်ဆံရေးဖြောင့်ဖြူးနေတဲ့အချိန်မှာ ဒီကံကြမ္မာကအကြီးအကျယ်စပြောင်းလဲပါတော့တယ်။ မတော်တဆမှုကြောင့် ဦးနှောက်သေသွားတဲ့ကျောင်းသားလေးဆီက နှလုံးကိုအစားထိုးဖို့ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီကောင်လေးက တကုမတို့ရဲ့ သူငယ်ချင်း ဖြစ်နေတဲ့အခါ..... သူငယ်ချင်းရဲ့နှလုံးကိုယူပြီး အသက်ရှင်ဖို့ စိတ်မသန့်တဲ့တကုမရယ်... ငယ်ငယ်ကမျှော်လင့်ခဲ့တဲ့မိသားစုဘဝလေးကိုလိုချင်တဲ့မယုရယ်... သူတို့ဘာတွေဆက်ဖြစ်မလဲဆိုတာ ကိုယ်တိုင်သာ ဖီးလ်ရင်း ခံစားကြည့်လိုက်ကြပါတော့.....။ (ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.83GB, 832MB Quality - 1080p, 720p IMDb Rating - 7.1/10 Format - mp4 Duration - 2H 2Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Y

7.4 2009 122 mins
I Give My First Love to You
I Don’t Fire Myself
7

ဘတ်ဂျောင်အွန်းဟာ ရုံးချုပ်ကနေ လက်အောက်ခွဲကုမ္ပဏီတစ်ခုကို ၁ နှစ် ရွှေ့ပြောင်းခြင်းခံရလိုက်ပါတယ် ပတ်ဝန်းကျင်အသစ်မှာ အလုပ်သစ်ရဲ့ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရပြီးတော့ တကယ့်လက်တွေ့မှာတော့ အောက်ခြေ ဝန်ထမ်းတွေရဲ့ဘဝက ထင်သလောက် မလွယ်ဘူးဆိုတာ သိခဲ့ရပါတယ် "သေရမှာထက် အလုပ်ပြုတ်မှာကို ကြောက်ကြတယ်" နေထိုင်စားသောက်ရဖို့အတွက် ရတဲ့လစာကိုအရပ်မခံနိုင်ကြတဲ့ ဝန်ထမ်းတွေရဲ့ အလုပ်မပြုတ်အောင် ရုန်းကန်၊သည်းခံကြပုံတွေနဲ့ ကုမ္ပဏီရဲ့ ပေါ့ပေါ့တန်တန်ဆက်ဆံပုံတွေကို ရိုက်ကူးထားပါတယ် တာဝါတိုင်ပြုပြင်ထိန်းသိမ်းရတဲ့ အလုပ်ကို သက်စွန့်ဆံဖျားအလုပ်လုပ်ကြတဲ့ ဝန်ထမ်းတွေနဲ့ နယ်ပြောင်းအသစ်ရောက်လာတဲ့ ဘတ်ဂျောင်အွန်းတို့ ဘယ်လိုတွေဆက်ဖြစ်သွားကြမလဲဆိုတာကို ကြည့်ရှုပေးကြပါဦးနော် ဘတ်ဂျောင်အွန်းအဖြစ် မင်းသမီးယူဒါအင်းမှ ပါဝင်သရုပ်ဆောင်ထားပြီးတော့ ဝန်ထမ်းအဖွဲ့ရဲ့ အငယ်ဆုံးအဖြစ် အားလုံးနဲ့မစိမ်းတဲ့ မင်းသားကြီးအိုဂျောင်းဆယ်က သရုပ်ဆောင်ထားပါတယ် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thuu Thuu ပါ ) File Size__(2GB) / (1GB) Quality__WebDL_1080p, 720p IMDb Rating__6.0/10 Format__mp4 Duration__01:50:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Thuu Thuu Encoded by Naing Aung Latt

Thriller
7 2021 111 mins
I Don’t Fire Myself
Uncle Nine:  The Curious Case of the Ancient Coffin

တရုတ်တစ္ဆေ ခုန်စွခုန်စွ ဖုတ်ကောင်ကားသစ်လေးလာပါပြီ ဇာတ်လမ်းအကျဉ်းကတော့ဦးလေး၉ဟာ ဘိုးဘေးလုပ်ငန်းဖြစ်တဲ့ ဖုန်းရွှေဆရာအလုပ်ကိုမလုပ်ပဲ ဆေးဆရာအဖြစ်အသက်မွေးဝမ်းကျောင်းနေပါတယ်။ နေကြတ်တဲ့နေ့တစ်နေ့ အပုပ်ချိန်မှာ ရှေးဟောင်းအလောင်းစာပိုးကောင်တွေထကြွပြီး အခေါင်းစောင့်မြွေကြီးကလဲ လူတွေကိုထွက်စားနေပါတယ်။ ဦးလေး၉နဲ့တပည့်တွေဟာ ဖုတ်ကောင်အုပ်စုတိုက်ခိုက်ခြင်းကိုခံရပြီး မြို့ငယ်လေးမှာကံဆိုးစွာ မကောင်းတဲ့ဖြစ်ရပ်တွေတစ်ခုပြီးတစ်ခုဖြစ်လာပါတယ်။ ထူးဆန်းတဲ့သေဆုံးမှုတွေကြောင့်ရဲအရာရှိတွေနဲ့ ဦးလေး၉ နဲ့ အတူအမှုကိုအပြင်းအထန်စစ်ဆေးကြပါတယ်။ နစ်နာသူပြည်သူတွေရဲ့ကိုယ်ပေါ်မှာအလောင်းဆိပ်မိနေပါတယ်။ ဦးလေး ၉ ဟာ တိတ်တဆိတ်စုံစမ်းရင်း ဂျပန်တွေရဲ့ဆေးကုသဖို့ ဖိတ်ကြားမှုကိုခံရပြီး ဂျပန်တပ်သားတွေရဲ့သင်္ချိုင်းဖောက်တဲ့ အကြံအစည်ကိုသိသွားတော့ ဂျပန်တွေရဲ့ကွပ်မျက်ခံရလုဆဲဆဲအခြေနေကိုရောက်သွားပါတယ်။ ဓားသွားပေါ်ကအခြေအနေမှာရောက်နေတဲ့ ဦးလေး၉ ဟာ ဘယ်လိုအသက်လွတ်အောင်လုပ်ပြီး တစ္ဆေနှိမ်နင်းကာ နိုင်ငံရတနာတွေကိုဘယ်လိုစောင့်ရှောက်မလဲ။ ပြီးတော့ ဂျပန်သင်္ချိုင်းဖောက်ထွင်းအဖွဲ့ကရောဘာတွေနဲ့ပတ်သက်နေမလဲ ဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရမှာဖြစ်ပါတယ်။ ဟောင်ကောင်ကား Mr Vampire (၁၉၈၅) ပုံစံအတိုင်းပဲဟာသလေးတွေနှောပြီး ပြန်ရိုက်ထားတာဖြစ်တဲ့အတွက် ငယ်ဘဝကိုပြန်အမှတ်ရသွားမှာသေချာပါတယ်။ ပေါ့ပေါ့ပါးပါး ဖုတ်ကောင်ကားလေးကိုအားပေးကြပါဦးနော်။ Quality : WEB-DL 1080p Format : mp4 Genres : Action , Mystery , Fantasy During : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Nu Mon Encoded by LK

Action • Fantasy • Romance
0 2021 87 mins
Uncle Nine: The Curious Case of the Ancient Coffin
The Texas Chain Saw Massacre
7.3

~ IMDb - 7.4/10, Rotten Tomatoes - 89% ~ သိကြတယ်မလား... ကျွန်တော်တို့ငယ်ငယ်က ကြည့်ခဲ့ရတဲ့ လူသတ်ကားတွေ သရဲကားတွေ။ ဟိုအရင် ကလေးဘဝကတော့ စောင်ထဲမှာ ဖင်ဗူးတောင်းထောင်ပြီး တီဗီဖန်သားပြင်ကို ခိုးခိုးကြည့်ရတာမျိုးပေါ့ဗျာ။ ပြီးရင် နောက်ဖေးသွားကြတဲ့အခါ မောင်နှမတွေ အတန်းလိုက်ကြီး။ အဲဒီအချိန်ဆို သိပ်စည်းလုံးတာ။ ရန်ဖြစ်ထားရင်တောင် အဲဒီအချိန်ဆို ပြန်တည့်ကြရော။ သရဲဆိုတာ တကယ်မရှိဘူးကွလို့ ပြောတဲ့လူကြီး‌တွေက‌တောင် ကျွန်တော်တို့ကို နောက်ဖေးလိုက်ပို့သလိုလိုနဲ့ ဟိုကြည့်ဒီကြည့်လုပ် အိမ်သာလုတက်ကြတာမျိုး။ ကဲဗျာ ငယ်ငယ်က အရောင်စုံခဲ့တဲ့ ပျော်စရာလေးတွေ ပြန်ခံစားမယ်ဆိုပြီး ရှေးရှေး Horror ကားတွေကို ပြန်ခံစားကြည့်တယ်။ ငယ်ငယ်က နားမလည်ဘဲ ကြည့်ခဲ့ရပေမဲ့ အခုတော့ ငါကိုယ်တိုင် ဘာသာပြန်နိုင်နေပြီ။ ကျန်တဲ့သူတွေ အေးဆေးသက်သာကြည့်နိုင်အောင် လုပ်ပေးမယ်ဆိုပြီး ဂရုထဲမှာတောင်းထားတဲ့ကားလေးကို ဖောင်ဒါကြီးရဲ့ လမ်းညွှန်ချက်နဲ့အညီ လုပ်ပေးခဲ့ပါတယ်။ သောက်ကျိုးနည်း ကောင်းလိုက်တာဗျာ။ သိတယ်မလား။ အဲဒီခေတ် Horror တွေရဲ့ စတိုင်တွေ။ လူသတ်သမားရဲ့ ကိုယ်အလေးချိန်က ပေါင် (၃၀၀) နီးပါးလောက်ရှိမယ်။ လေးလုံးခြောက်ဖက်ကြီး။ ရှေ့ကပြေးတဲ့ လေဒီမမက (၁၂၅) ပေါင်လောက်လေး။ ဒါကို လွတ်အောင်မပြေးနိုင်ဘူး။ သောက်ကောင်မက ခြေတောက်ကို ထူးခတ်ပြီး သံတုံးဆွဲထားသလိုပြေးတာလေ။ ဒီကြားထဲ ခေါက်ဆွဲစားတဲ့ တူလောက်ပဲတုတ်တဲ့ သစ်ကိုင်းခြောက်ကို ခလုတ်တိုက်ပြီး လဲသေးတာဗျာ။ ပြန်ထရင် စခရင်တိုင်းမ် လေးမိနစ်လောက်ကြာတယ်။ ပြေးရင်လည်း အိမ်ထဲကိုဝင်ပြေးတာ။ အိမ်ထဲကနေပြီး နောက်ကလိုက်လာတဲ့ကောင်ကို တူတူရေ ဝါး လုပ်ချင်လို့လားမသိပါဘူး။ ပြီးရင် စားပွဲကိုပတ်ပြေး၊ အခန်းတောင့်ကိုကပ်။ နောက်တော့သေပါလေရော။ အားရလိုက်တာဆိုတာများ။ အေးတာပဲ။ အကူအညီသွားခေါ်မယ်ဆိုရင်လည်း လက်မခံ။ တစ်ယောက်တည်းသွားမယ်လုပ်။ ကိုယ်နဲ့ပါလာတဲ့သူကို လူသတ်သမားကသတ်နေရင် ဘေးကနေ ခြေကားယား လက်ကားယားကြီးလုပ်ပြီး အသေထိုင်အော်နေတာ။ ဘေးနားရှိတဲ့ဟာ တခုခုနဲ့ ကောက်ရိုက်ရင်တောင် လူသတ်သမား ချီးထွက်လောက်တယ်။ အခုက ပြေးလည်းမပြေး၊ ကူလည်းမကူ၊ ဘေးကထိုင်အော်တာ အာသီးတောင် လှမ်းမြင်ရတယ်။ ကဲ ကဲ အခုတင်ဆက်ပေးမယ့်ကားကတော့ The Taxes Chainsaw Massacre ပါတဲ့။ ကျွန်တော်တို့ရဲ့ စက်လွှသမား လူသတ်ကားတွေရဲ့ ပထမဆုံး အစပြုရာ ဇာတ်ကားပေါ့။ ဒီဇာတ်ကား‌ကြောင့်ပဲ သားရေမျက်နှာနဲ့ စက်လွှလူသတ်သမားကြီးဆိုတဲ့ ဇာတ်ရုပ်ပေါ်လာတာပေါ့။ အပေါ်က ကျွန်တော် အသည်းပေါက်လို့ရေးထားတာတွေဖတ်ပြီး အချဉ်တော့ မထင်နဲ့ဗျ။ ဇာတ်ကားရဲ့ သမိုင်းကြောင်းက တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းပါ။ တကယ်တော့ ဖြစ်ရပ်မှန်ကို အခြေခံတယ်ဆိုတာက ရုပ်ရှင်ရုံကို လူဝင်များအောင် ဆွတဲ့သဘောပါ။ ဖြစ်ရပ်မှန်ကို အလေးထားလွန်းလို့တော့မဟုတ်ဘူး။ ပြီးတော့ ဒီဇာတ်ကားထွက်တဲ့အချိန်က ဗီယက်နမ်စစ်ပွဲနဲ့ပတ်သက်ပြီး အန်ကယ်ဆမ်တို့ဆီမှာ ဆူပွက်နေလို့ လူတွေကို ရုပ်ရှင်ရုံထဲ မောင်းသွင်းလိုက်တာပါ။ နိုင်ငံရေးအာရုံလွှဲတဲ့ ဇာတ်ကားပေါ့နော်။ သူတို့ အောင်မြင်ပါတယ်။ ကြိတ်ကြိတ်တိုး အားပေးကြတယ်။ နိုင်ငံတော်တော်များများကတော့ ပြသခွင့်ပိတ်ခဲ့တယ်ဗျ။ သတ်ခန်း ဖြတ်ခန်းတွေ ကြမ်းတမ်းလွန်းလို့တဲ့။ အဲဒီခေတ်ကမလို့ ကြမ်းတယ်ထင်ရတာပါ။ ဒီဘက်‌‌ခေတ် ကားတွေနဲ့စာလိုက်ရင်တော့ ရင်တုန်ရုံလောက်ပါပဲ။ ဇာတ်ကားအတွက် ရထားတဲ့ ဘက်ဂျက်က သိပ်နည်းလွန်းတော့ ရက်နည်းနည်းနဲ့ တနေကုန် တညလုံး ရိုက်ခဲ့တဲ့ကားပါပဲ။ ဝင်ငွေကတော့ သောက်သောက်လဲပဲဗျို့။ ဒေါ်လာ ရှစ်သိန်းနဲ့ လုပ်စားလိုက်တာ သန်း (၃၀) ကျော် ပြန်ရတယ်နော်။ ဒီဘက်ခေတ်ဆိုရင် သန်း (၁၅၀) ကျော်ပဲ။ ဇာတ်လမ်းအကျဉ်းကိုတော့ မညွှန်းတော့ပါဘူး။ ဇာတ်ကားအစမှာတင် သူတို့ကိုယ်တိုင် စာတန်းထိုးပေးတာပါတယ်။ ကဲ ပြောနေတာကြာပါတယ်ဗျာ။ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါတော့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.13GB, 690MB Quality - 1080p, 720p IMDb Rating - 7.4/10 Format - mp4 Duration - 1H 23Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Action • Comedy
7.3 1974 83 mins
The Texas Chain Saw Massacre
[18+] The Pursuit of Happiness
5.8

The Pursuit of Happiness (1988) ယူဆူကီးနဲ့ ဝါကာကိုတို့ဟာ သက်လတ်ပိုင်းဇနီးမောင်နှံဖြစ်ပြီး ဆယ်ကျော်သက်သားနဲ့သမီးတို့လည်းရှိတဲ့ ပျော်စရာမိသားစုလေးကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့လည်း နေ့တိုင်းစားနေကျဟင်းလျာကို ငြီးငွေ့လာသလိုမျိုး သူ့ဇနီးချောကိုရိုးအီလာတဲ့ ယူဆူကီးက အိမ်ထောင်ပြင်ပမှာအပျော်ရှာချင်လာပြီး ချာကိုဆိုတဲ့ မိန်းမပျိုလေးတစ်ယောက်နဲ့ဇာတ်လမ်းရှုပ်ဖို့ပြင်လာပါတယ်။ ချာကိုဟာ ကြေးစားမိန်းကလေးမဟုတ်ဘဲ အပိုဝင်ငွေရှာချင်တဲ့ ကျောင်းသူလေးတစ်ယောက်သာဖြစ်ပြီး ချွဲတတ်နွဲ့တတ်ခရာတတ်သူမို့ လူရိုးကြီး ယူဆူကီးဟာ အကြွေကြီးကြွေဆင်းလာတဲ့နောက် အိမ်ထောင်ရေးနဲ့အလုပ်ကိုပါထိခိုက်မလိုဖြစ်လာတဲ့အချိန်မှာတော့…။ ခေါင်းစဉ်ကိုကြည့်ပြီး Will Smith ရဲ့ The Pursuit of Happyness နဲ့မမှားစေလိုပါ။ ဒီဇာတ်ကားကတော့ Pink Film မဆန်တဲ့ Pink Film တစ်ကားပဲဖြစ်ပြီး Mainstream ဇာတ်ကားတွေလိုမျိုး သဘာဝကျတဲ့ဇာတ်လမ်းဇာတ်ကွက် အလွမ်းအသောလေးတွေနဲ့ခံစားရမှာဖြစ်ပါတယ်။ မင်းသမီးနှစ်ယောက်လုံးကလည်း ရှယ်မိုက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 735MB Quality – 1080p, 720p IMDb Rating – 5.8/10 Format – mp4 Duration – 1H 29Min Genre – Comedy Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Comedy
5.8 1988 89 mins
[18+] The Pursuit of Happiness
Terminator Salvation
6.5

Terminator ဇာတ်ကားတွေထဲက key word တွေ ရှာကြည့်ရမယ်ဆိုရင်တော့ သတ်ဖြတ်ရေးမုဆိုး၊ တီ ၁၀၀၀၊ ဘာညာ အဲဒါတွေ ကြားထဲကမှ အခုပြောမယ့် key word ကတော့ စိမ့်ဝင်ပူးတွဲနေထိုင်ခြင်းတဲ့။ ဟုတ်ပါတယ်။ စက်တွေက လူသားနဲ့ သိပ်ကိုနီးနီးစပ်စပ်တူတဲ့ စက်ရုပ်တွေကို လူတွေထဲစိမ့်ဝင်၊ အလစ်အငိုက်ဖမ်းပြီး သတ်ဖြတ်တတ်ကြတယ်။ ဒါပေမဲ့ လူတွေက တစ်နည်းမဟုတ် တစ်နည်းနဲ့ အဲဒီစက်ရုပ်တွေကို ခွဲခြားနိုင်ခဲ့ပါတယ်။ ဒီတော့ စကိုင်းနက်ရဲ့ စိမ့်ဝင်ရောနှောလုပ်ကြံရေး လုပ်ဆောင်မှုတွေအားလုံး မအောင်မမြင် ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းမှာတော့ စကိုင်းနက်က သူမတူအောင် ထူးချွန်ပြီး လူသားတွေ လုံးဝမရိပ်မိနိုင်တဲ့၊ အစွမ်းအထက်ဆုံး စိမ့်ဝင်ရောနှောရေးစက်ရုပ်တစ်ရုပ်ကို လွှတ်လိုက်ပါတယ်။ သူ့ရဲ့တာဝန်ကတော့ ဂျွန် ကော်နာ ဆိုတာ ဖြစ်မလာရေးအတွက် သူ့ရဲ့ဖခင် ကိုင်းလ် ရိစ် ကို လုပ်ကြံရေးပါပဲ။ အသိဉာဏ် သိပ်ကိုထက်မြက်နေပြီး လူသားစိတ်ပညာကို ကျွမ်းကျင်တဲ့ စကိုင်းနက်က လူသားတွေအပေါ် mind game ကစားလို့ တော်လှန်ရေးအဖွဲ့တစ်ခုလုံး မျိုးပြုတ်စေရေး အစီအစဉ်ဆွဲလာတယ်။ လူသားတွေဘက်ကလည်း စကိုင်းနက်ပြုတ်ကျစေရေး အကောင်းဆုံးလက်နက်ကို ရှာဖွေတွေ့ရှိလို့ အပြီးတိုင် ချုပ်ငြိမ်းစေရေး ချီတက်လာကြတယ်။ ဒီလိုနဲ့ ဂျွန် ကော်နာ နဲ့ ကိုင်းလ် ရိစ် ရဲ့ကြားမှာ မထင်မရှား သေဒဏ်ကျ အကျဉ်းသားတစ်ယောက် အမှတ်မထင် ပါဝင်လာရတဲ့အခါမှာ ဖြစ်ပုံပျက်ပုံအစုံစုံကို ရှုစားကြရပါမယ်။ မင်းသားကြီး အာနိုး မပါတော့ပေမယ့် Terminator ဇာတ်ကားအရသာတော့ မပျက်သေးတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါကြောင်း။ File size…(2.3 GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:55:00 Genre…Action, Adventure, Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Arr Khun Winchester

6.5 2009
Terminator Salvation
Snooker Man

ဒီရုပ်ရှင်ကတော့ စနူကာချန်ပီယံတစ်ဦးဖြစ်တဲ့ ရိုနီအိုဆူလီဗန်နဲ့ ရုပ်ချင်းဆင်တဲ့ အတုဝိဇ္ဇာတစ်ဦးအဖြစ် လုပ်ကိုင်သူ စနူကာမန်းလို့သမုတ်ကြတဲ့ ဂျော်နီဘိုနာလို့အမည်ရတဲ့သူအကြောင်းကိုရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ပါ။ ဇာတ်လမ်းအကျဉ်းကတော့ ရိုနီအိုဆူလီဗန်ရဲ့ UK ရဲ့ အဆင့် ၁၇ မြောက် ပုံစံတူ အတုဝိဇ္ဇာတစ်ဦးဖြစ်တဲ့ ဂျော်နီဟာ UK ရဲ့ အဆင့်အနိမ့်ဆုံး အတုဝိဇ္ဇာအေဂျင်စီတစ်ခုမှာအလုပ်လုပ်ပါတယ်။ ဂျော်နီဟာ သူ့ရဲ့ပင်ကိုအရည်အချင်းအစစ်အမှန်ကိုပြသဖို့အတွက် ကမ္ဘာ့အဆင့် အသေးစားစနူကာပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်တဲ့နောက်မှာတော့ စနူကာမန်း ဂျော်နီရဲ့ နောက်ကြောင်း၊ အတုဝိဇ္ဇာ သရုပ်ဆောင်လောကအကြောင်း၊ အသေးစားစနူကာ အားကစားအကြောင်းတွေကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…(1.4 GB)/(773MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2024
Snooker Man
Angrezi Medium
7.6

Angrezi Medium (2020) IMDb Rating (7.2/1) ဘောလိဝုဒ်ဖန်တွေအတွက် သဘာဝမင်းသားကြီး Irrfan Khan ရဲ့ Angrezi Medium (2020) ရုပ်ရှင်ကို တင်ဆက်လိုက်ပါတယ်။ Hindi Medium (2017) နဲ့ဆက်စပ်မှုတော့မရှိပေမယ့် Theme တူပါတယ်။ မိသားစု ဒရာမာ ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့်မိသားစုတွေနဲ့အတူ ရယ်ရယ်မောမောနဲ့ ခံစားလိုက်ကြပါဦး ဇာတ်လမ်းကတော့ အိန္ဒိယမုန့်အချိုဆိုင်ပိုင်ရှင် လူလတ်တန်းစားတစ်ယောက်ဖြစ်တဲ့ ချမ်ပက်ဟာသမီးတစ်ယောက်နဲ့ မုဆိုးဖိုးတစ်ယောက်ဖြစ်ပါတယ် ငယ်စဉ်ကတည်းက မိခင်ဖြစ်သူဆုံးပါးသွားတဲ့အတွက် သူ့သမီးကို အဖေလိုရော အမေလိုပါ လိုလေသည့်မရှိရအောင် ပြုစုပျိုးထောင်ပေးခဲ့ပါတယ် ဒါပေမဲ့ သူ့သမီးဖြစ်သူ တာရူးဆီမှာတော့ ငယ်ငယ်ကတည်းက နိုင်ငံခြားသွားချင်တဲ့အိပ်မက်တစ်ခုရှိပါတယ် ဒီလိုနဲ သူ့သမီးအရွယ်ရောက်လာတဲ့အခါ အထက်တန်းကျောင်းပြီးတော့လန်ဒန်မှာ တက္ကသိုလ်ဆက်တက်ချင်တဲ့ အိပ်မက်ကို လူလတ်တန်းစားချမ်ပက်တစ်ယောက် ဘယ်လိုကြိုးစားအကောင်အထည်ဖေါ်ပေးမလဲဆိုတာ……။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Zaw Htoo မှ တင်ဆက်ထားပါတယ်။)

7.6 2020
Angrezi Medium
The Second Act aka Le Deuxième Acts
6.7

The Second Act aka Le Deuxième Acts(2024) ဘဝအသစ်စတင်ခြင်း အချစ်ဟာသကားလေးကိုမှကြိုက်တယ်ဆိုတဲ့လူတွေအတွက် ၂၀၂၄ ထွက် ပြင်သစ်ဟာသကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးက IMDB – 6.7/10 ရရှိထားတဲ့အပြင် ၂၀၂၄ ခုနှစ်၊ မေလကကျင်းပခဲ့တဲ့ ကိန်းရုပ်ရှင်ပွဲတော်ရဲ့ အဖွင့်ရုပ်ရှင်အဖြစ်ပြသခြင်းခံထားရတဲ့ ကားလေးတစ်ကားပဲဖြစ်ပါတယ်။ မိန်းမကျမ်းကြေပြီး မိန်းမတစ်ကာကိုထည်လဲတွဲနေတဲ့ ရုပ်ချောရေလျှံ ဒေးဗစ်တစ်ယောက်.. သူ့ကိုတမ်းတမ်းစွဲချစ်ပြီး ဖခင်ဖြစ်သူနဲ့ပါ မိတ်ဆက်ပေးဖို့လုပ်နေတဲ့ ဖလောရန့်ကို အဆက်အသွယ်ဖြတ်ဖို့လုပ်ပေမယ့် မအောင်မြင်လို့ သူငယ်ချင်းဖြစ်သူ ဝီလီကိုအကူအညီတောင်းခဲ့ပါတယ်။ ဝီလီက ဒေးဗစ်လိုရုပ်ချောရေလျှံတစ်ယောက်တော့မဟုတ်ပေမယ့် သူငယ်ချင်းဖြစ်သူကအကူအညီတောင်းလာတာကြောင့် အကူအညီပေးဖို့လက်ခံခဲ့ပါတော့တယ်။ အဆက်အသွယ်ဖြတ်ဖို့ကြိုးစားနေတဲ့ ဒေးဗစ်နဲ့ ဖခင်ဖြစ်သူနဲ့ပါမိတ်ဆက်ပေးဖို့လုပ်နေတဲ့ ဖလောရန့်ရဲ့ကြားမှာ ဝီလီတစ်ယောက် ဘယ်လိုဆက်ဖြစ်ပြီး ဘယ်လိုအလွဲတွေကြုံရမလဲဆိုတာကိုရိုက်ကူးထားတဲ့ ပြင်သစ်ဟာသကားလေးတစ်ကားဖြစ်လို့ ကြည်ရှုအားပေးကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကိုတော့ CM Team က ရေးသားပေးထားတာပဲဖြစ်ပါတယ်)

Drama
6.7 2024 80 mins
The Second Act aka Le Deuxième Acts
Alien Apocalypse
3.3

Alien Apocalypse (2023) သိပ္ပံစိတ်ကူးယဥ်ရုပ်ရှင်ကားတစ်မျိုးပါ။ Proxima B ကနေ ပြန်လာတဲ့ယာဥ်ပေါ်မှာ ဂြိုလ်သားနမူနာ ပါလာပါတယ်။ ဒါကို စမ်းသပ်ချင်စောနဲ့ သိပ္ပံပညာရှင်စီလက်စ်က ယူစမ်းလိုက်တဲ့အခါမှာ သက်ရှိနေတဲ့စက်ရုပ်ဂြိုလ်သားဖြစ်နေတာကို သွားတွေ့ပါတယ်။ စမ်းသပ်နေရင်းနဲ့မှ အမှားတစ်ခုဖြစ်သွားပြီးတော့ ဒီဂြိုလ်သားဟာ ကမ္ဘာ့အော်ဂဲနစ်နဲ့ ထိတွေ့နိုင်သွားတဲ့အခါမှာတော့..။ ဓာတ်ခွဲခန်းက သိပ္ပံပညာရှင်တွေအနေနဲ့ ဒီဂြိုလ်သားကို ရသမျှနည်းလမ်းနဲ့ တားဆီးကြရပါတော့တယ်။ ဒီရုပ်ရှင်ကို ဒါရိုက်တာ Adrain Avila က စီစဥ်ရိုက်ကူးခဲ့ပြီး IMDb rating 3.3 ရရှိထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thy Santa ဖြစ်ပါတယ်။) File size…(1.4 GB) / (820 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Sci-Fi Duration….01:28:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thy Santa

Romance • Drama
3.3 2023
Alien Apocalypse
Drama Special Season 15: When You Turn the Corner

When You Turn The Corner (2024) ********************************* ဒီတစ်ခေါက်မှာတော့ KBS2 Drama Special Season 15 ထဲက… When You Turn The Corner ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ The Secret Romantic Guesthouse ရဲ့ အချောလေး ၃ ယောက်ထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ Jung Gun Joo နဲ့… The Impossible Heir နဲ့ Strong Girl Namsoon တို့မှာ အပီအပြင်ဇာတ်ပို့ပြီး ပရိသတ်ရင်ထဲနေရာယူသွားခဲ့တဲ့ Choi Hee Jin တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ————– ဝန်ဆောအူက သဘာဝရှုခင်းရိုက်ကူးရေးအဖွဲ့သားတစ်ယောက်ပါ… အွန်းနာကတော့ ဆေးဝါးကျွမ်းကျင်တစ်ယောက်ဖြစ်ပြီး ဆေးဆိုင်မှာအလုပ်လုပ်ပါတယ်။ အွန်းနာမှာ မွေးစားအဖေတစ်ယောက်ရှိပြီး သူမရဲ့အဖေက ရုတ်တရက်ပျောက်ဆုံးသွားခဲ့ပါတယ်။ အဲဒီနောက် ပျောက်သွားတဲ့မွေးစားဖခင်ကို လိုက်ရှာရင်း ဆောအူနဲ့ အွန်းနာတို့ အမှတ်မထင်ဆုံခဲ့ကြပါတယ်… ဆောအူက အွန်းနာအခက်အခဲကို ကူညီပေးရင်း သူ့ရဲ့ အခက်အခဲတွေကိုလည်း ဖြေရှင်းဖို့ကြိုးစားခဲ့ပါတယ်…. အဲဒီလိုနဲ့ တစ်ယောက်ကို တစ်ယောက် ကူညီခွန်အားပေးရင်း သူတို့ရဲ့ အချစ်ပန်းလေးက… ဘယ်လိုပုံစံနဲ့ ဖူးပွင့်လာမလဲဆိုတာကို ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါရှင်… File Size : 892MB / 329MB Quality : WEB-DL 1080p / 720p Duration : 60 min. Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by AThinn & Phyu Phyu Thein Encoded by Heather Oo

Crime • Drama • Romance
0 2024
Drama Special Season 15: When You Turn the Corner
I Want to Live on Mars
6.2

I want to live on Mars (2023) ယခုအခါတင်ဆက်ပေးလိုက်တာကတော့ သူငယ်ချင်းနှစ်ယောက်အကြောင်းရိုက်ထားတဲ့ ဒရာမာဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်…. ပစ်ကယ်စ်ဆိုတဲ့ကောင်မလေးက Centralia ဆိုတဲ့ မြို့ပျက်တစ်ခုမှာနေထိုင်တဲ့သူပါ… (Centralia ဆိုတာကတော့ ၁၉၆၂ ခုနှစ်ထဲက မြို့အောက်မှာကျောက်မီးသွေးတွေလောင်ကျွမ်းနေလို့ ၂၀၂၀ ခုနှစ်ထဲကလူဦးရေငါးယောာက်ပဲရှိတော့တဲ့မြို့ပျက်တစ်ခုပါ)…. ဒီမြို့ပျက်ကိုဘရီဇီနဲ့သူ့အမေနန်စီရောက်ရှိလာခဲ့ပါတယ်… ဘရီဇီနဲ့သူ့အမေကအဆင်မပြေတာတွေရှိနေခဲ့ပြီး ဘရီဇီကပစ်ကယ်စ်ဆီသွားနေခဲ့ပါတယ်…. ဒီလိုနဲ့ပုံစံမတူတဲ့သူငယ်ချင်းနှစ်ယောက် မြိုပျက်ကအဆင်မပြေမှုတွေကိုကျောခိုင်းပြီး အတူတူထွက်သွားကြတဲ့အကြောင်းလေးကိုရိုက်ပြထားတာပဲဖြစ်ပါတယ် File size… 1.2 GB / 550 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 20m Genre ….. Drama / Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Akm

6.2 2023 80 mins
I Want to Live on Mars
The Grapes of Wrath
8.1

The Grapes of Wrath (1940) IMDb Rating (8.1) / Rotten Tomatoes (100%) ဂျွန်စတိုင်းဘတ်ရဲ့ ၁၉၃၉ထွက် The Grapes of Wrathဝတ္တုကို ဂျွန်ဖို့ဒ်ရိုက်ထားတဲ့ The Grapes of Wrath ( 1940 )ဟာ အော်စကာ၆ဆု ဆန်ခါတင်ဝင်ခဲ့ပြီး ဂျွန်ဖို့ဒ်က ဒါရိုက်တာဆု , ဇာတ်ဆောင်ရဲ့အမေနေရာက သရုပ်ဆောင်ခဲ့တဲ့ Jane Darwellက ဇာတ်ပို့မင်းသမီးဆု ရခဲ့တယ်။ ဟင်နရီဖွန်ဒါလည်း မင်းသားဆု ဆန်ခါတင် ဝင်ခဲ့ပေမဲ့ ရတော့မရခဲ့ဘူး။ ဒီရုပ်ရှင်ကို one of the greatest films of all timeလို့တော့ သတ်မှတ်ထားကြတယ်။ ဒါပေမဲ့ သိပ်မကြိုက်လှတဲ့လူတွေလည်းရှိပါတယ်။ စာအုပ်ကို အရင်သွားဖတ်မိတဲ့လူတွေပေါ့။ ဒီစာအုပ်ကို မောင်ထွန်းသူက ဒေါသမာန်ဆိုတဲ့ နာမည်နဲ့ ဘာသာပြန်ပေးထားတယ်။ ဇာတ်လမ်းကတော့ ၁၉၃၀မှာ ဇာတ်အိမ်တည်ထားတယ်။ တစ်ကမ္ဘာလုံး စီးပွားပျက်ကပ်နဲ့ ကြုံနေရတဲ့ကာလ Great Depression ကာလပေါ့။ အဲဒီကာလမှာ အိုကလာဟိုမာက လယ်သမားတွေဟာ လူအားနဲ့ လယ်ထွန်ယက်စိုက်ပျိုးနေတဲ့ လူတွေနေရာမှာ ထွန်စက်တွေကို အစားထိုးခံလိုက်ရလို့ အိုးမဲ့အိမ်မဲ့ဖြစ်ကြရင်း ဘဝတွေပျက်ကြတာကို ပုံဖော်ထားတယ်။ အိုကလာဟိုမာမှာ အိမ်အဖျက်ခံရမယ့် ညမှာ အလုပ်တွေပေါတယ်ဆိုတဲ့ ကယ်လီဖိုးနီးယားအထိ ကားစုတ်ကြီးနဲ့ မိသားစုလုံးကျွတ် ခရီးနှင်လာခဲ့ပြီးတဲ့နောက် အိမ်ပျက်ရာကနေ အိပ်မက်တွေဆက်ပျက်ရတဲ့အကြောင်းတွေပေါ့။ အဆိုးတွေကြားမှာ ဇာတ်အိမ်ကို သရုပ်ဖော်ထားပေမဲ့ အကောင်းတွေလည်း ရောပြွန်းနေတဲ့ ဇာတ်လမ်းလို့ပြောလို့ရတယ်။ ရုပ်ရှင်ကတော့ အဆုံးနားကို နည်းနည်းလှည့်လိုက်ပြီး ဝတ္တုရဲ့မာစတာပိစ်ဖြစ်လှတဲ့ ဇာတ်သိမ်းခန်းအထိ မပြခဲ့တာကလွဲ စတိုင်းဘတ်ရဲ့ ဝတ္တုအတိုင်းပဲ အတိအကျ ပုံဖော်ထားတယ်။ ခုနပြောခဲ့သလို စာအုပ်ကို အရင်ဖတ်မိတဲ့လူတွေ ဒီကားကို အားမရတဲ့ပြဿနာတော့ရှိတယ်။ ဘာလို့ဆို ဂျွန်စတိုင်းဘတ်ရဲ့ အရေးအသားက‌ တော်တော်လေး အသေးစိတ်ကျတဲ့ အရေးအသားဖြစ်နေလို့ပဲ။ သူ့ အဓိကဇာတ်အိမ်က ခုနမိသားစုရဲ့ခရီးရှည်ကြီးသက်သက်ပဲ ပြောရရင် ဒီကားမှာပြထားသမျှက အဓိကကျောရိုးအကုန်ပဲ။ ပြောရရင် ကာလတောင် အဲဒီလောက်မရှည်လှတဲ့အချိန်မှာပဲ ဇာတ်အိမ်တည်ထားတာ။ ဒါပေမဲ့ စတိုင်းဘတ်က ဇာတ်အိမ်ထက် ပုံဖော်မှုကို ပိုအသားပေးထားတယ်။ သူက ဇာတ်ကောင်တစ်ကောင်ရဲ့ ဒီကာလအတွင်းက အတွေ့အကြုံ လုပ်ရပ်တွေကို သေးသေးလေးကအစ သေချာထင်ရှားအောင်ပုံဖော်ထားသလို အဓိကကျောရိုးကို တစ်ခန်းနှစ်ခန်းရေးပြီးတာနဲ့ သူဇာတ်အိမ်တည်ထားတဲ့ ခေတ်ကြီးတစ်ခုလုံး စာဖတ်သူမျက်စိထဲ ကွက်ကွက်ကွင်းကွင်းပေါ်လာအောင် ကြားဖြတ်အခန်းလေးတွေလည်း အဆုံးအထိ ဖြတ်ဖြတ်ရေးသွားတယ်။ ဒါတွေကို ဂျွန်ဝိန်းက မထည့်သွားသလောက်ပဲ သူထိသွားပုံရတဲ့တစ်ခုတော့ ထည့်ထားတယ်။ ပြောရရင် ထည့်လို့လည်းမပြေပါဘူး။ ခေတ်ကြီးတစ်ခုလုံးကို ထင်ဟပ်နေတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ၂နာရီစာ ဇာတ်ကားထဲထည့်ဖို့ဆို မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ဂျွန်ဝိန်းက သူရတဲ့၂နာရီစာဆိုတဲ့ အချိန်အတွင်းတော့ ဖြုတ်သင့်ဖြုတ် ပေါင်းသင့်တာပေါင်းပြီး အသပ်ရပ်ဆုံး ပုံဖော်သွားခဲ့တာကိုတော့ အာမခံလို့ရတယ်။ ဒီကားရဲ့ အဓိကပြဿနာက Run Time အရမ်းနည်းနေတာပါပဲ။ အဲဒီခေတ်ပရိသတ်ကလည်း ဒီ၂နာရီစာဆိုတဲ့ အချိန်လောက်ကိုပဲ လက်သင့်ခံကြတာကလည်း တစ်ပိုင်းပါတယ်။ ဒီလိုဆိုလို့ သူ့အရင် ထွက်တဲ့ Gone With The Windကျ ၄နာရီစာဖြစ်နေတဲ့အချက်ကိုတော့ ထောက်ပြစရာရှိမယ်။ လေရူးသုန်သုန်ရုပ်ရှင်က ၄နာရီကြာတာမှန်သလို အဲဒီခေတ်ပရိသတ်က ၂နာရီပဲ အများစုလက်ခံကြတာလည်းအမှန်ပါပဲ။ လေရူးသုန်သုန်က Civil War-era epic ဇာတ်အိမ်မျိုးရှိပေမဲ့ ဒေါသမာန်ကတော့ သူ့မျက်မှောက်ခေတ်နဲ့ သိပ်မကွာလှတာလည်းပါလိမ့်မယ်။ စတိုင်းဘတ်ကိုယ်တိုင် စာအုပ်မှာ တစ်ချို့လူတွေ ဖောင်းထုတာ ခံခဲ့ရတဲ့အပိုင်းကြောင့်လည်း ပါကောင်းပါမယ်။ ထုတ်လုပ်ရေးပိုင်းကြောင်းလည်းပါတယ်။ ဒေါသမာန်ကိုတော့ စတူဒီယိုက သာမန်လျှံကာပဲ ထုတ်ခဲ့ပေမဲ့ လေရူးသုန်သုန်ကိုတော့ စတူဒီယိုက prestige blockbuster ဖြစ်လာဖို့ ရည်ရွယ်ပြီး ထုတ်ခဲ့တယ်။ ဆိုတော့ ခေတ်အရရော ရုပ်ရှင်နဲ့စာအုပ်ရဲ့ ကွာခြားချက်အရရောကြောင့် ဒီကားကို အားမရတဲ့လူတွေ အားမရပေမဲ့လည်း ရုပ်ရှင်ကောင်းတော့ ဖြစ်နေတုန်းပါပဲ။ ဇာတ်ဝင်ခန်းတစ်ခန်းမှာပေါ့။ အဘိုးကြီးတစ်ယောက်က ကားလမ်းဘေးက စားသောက်ဆိုင်ကလေးထဲ ဝင်လာတယ်။ ဆိုင်ထဲမှာ ကားဒရိုင်ဘာတစ်ယောက်နဲ့ စကားပြောနေတဲ့ စားပွဲထိုးမကတော့ ဒီအဆင် ဒီအဆင်တွေဟာ အကျိုးပေးမယ်မှန်းမသိတော့ ခပ်ချေချေပေါ့။ အဘိုးကြီးက ဝင်လာတာနဲ့ ” ကျုပ်တို့ကို ပေါင်မုန့်လေးတစ်လုံးလောက် ရောင်းပေးနိုင်မလား”လို့ပြောတော့ စားပွဲထိုးမက ငါထင်သလိုပဲဆိုတဲ့ မျက်နှာပေးမျိုးနဲ့ ” ဒါကုန်စုံဆိုင်မဟုတ်ဘူး ကျွန်မတို့မှာ ဆန်းဒဝစ်လုပ်ဖို့ပဲ ရှိတယ်”လို့ ပြန်ပြောတာပေါ့။ အဘိုးကြီးက မျက်နှာလေးအိုအိုနဲ့ ” သိပါတယ် မဒမ်ရာ အမေကြီးအတွက်မို့ပါ။ သူကသွားမရှိဘူးလေ ရေနဲ့နှူးပြီး ကျွေးမှ ဝါးနိုင်တာ သူဗိုက်ဆာနေလို့ပါ”လို့ပါ တောင်းပန်တယ်။ မလျှော့တဲ့ စားပွဲထိုးမက “ဆန်းဒဝစ်ပဲဝယ်လိုက်ပါလား ကျွန်မတို့ဆီက ဆန်းဒဝစ်တွေက သိပ်ကောင်းတာ”လို့ ခွန်းတုံ့ပြန်ပြန်ရော။ ဇီးရွက်လောက်ပဲ ကျန်တော့တဲ့ မျက်နှာနဲ့ အဘိုးကြီးကတော့ ထပ်ရှင်းပြရှာတယ်။ “ဟုတ်ကဲ့ ကျွန်တော်လည်း ဝယ်ချင်ပေမဲ့ မဒမ်ရယ်… ကျွန်တော်တို့မှာ ပေါင်မုန့်ဖိုးက၁၀ဆင့်ပဲရှိတာ အဲဒါမှခရီးအတွက်လောက်မှာမို့ပါ”လို့ပေါ့။ ဒါပေမဲ့လည်း စားပွဲထိုးမက မလျှော့ပြန်ပါဘူး “၁၀ဆင့်နဲ့ ဘာပေါင်မုန့်မှမရဘူး ပေါင်မုန့်တစ်လုံးကို အနည်းဆုံး၁၅ဆင့်တန်ပဲရှိတယ်”လို့ ပြောပြန်တယ်။ စားဖိုမှူးက ပေးလိုက်စမ်းပါကွာလို့ပြောတော့လည်း စားပွဲထိုးမက ပေါင်မုန့်ကားမလာခင် ပေါင်မုန့်ကုန်သွားရင် ဘယ်လိုလုပ်ကြမလဲလို့ စောဒကတက်ပြန်တာပါပဲ။ စိတ်မရှည်တော့တဲ့ စားဖိုမှူးက ” အေး ကုန်တော့လည်းကုန်ပါစေ ကုန်ပါစေပေါ့”လို့ပြောပြီး ဘုတောလိုက်မှ စားပွဲထိုးမက ပေါင်မုန့်သွားယူလာပြီး အဘိုးကြီးကို ရောင်းပေးတော့တယ်။ ဒါလည်း ချိုချိုသာသာမဟုတ်ပါဘူး။ ဆောင့်ကြီးအောင့်ကြီးနဲ့ပဲ။ စားပွဲထိုးမပေါင်မုန့်သွားယူနေတဲ့အချိန်မှာ ကလေးလေး၂ယောက်က အဘိုးကြီးနောက်ကို လိုက်လာပြီး ဆိုင်ထဲဝင်လာခဲ့တယ်။ ငွေရှင်းတဲ့ကောင်တာနားက ချိုချဉ်တွေကို တွေ့သွားတဲ့အချိန် သူတို့အခြေအနေကိုလည်း သူတို့သိနေတော့ ဘာမှမပူဆာဘဲ မျက်လုံးအဝိုင်းသားလေးနဲ့ ကြည့်နေခဲ့ကြတယ်။ အဘိုးကြီးလည်း မနေသာတော့ ” ဟိုးက ချိုချဉ်တွေက တစ်ဆင့်တန်တွေလား”လို့ စားပွဲမကိုမေးလိုက်တယ်။ စားပွဲထိုးမက…” မဟုတ်ဘူး”လို့ ပြောပြီးမှ သူ့ကောင်တာရှေ့တည့်တည့်က ကလေးလေး၂ယောက်ရဲ့ မျက်လုံးကို မြင်သွားပြီး ဆောင့်ကြီးအောင့်ကြီးဖြစ်နေခဲ့တဲ့ သူ့မျက်နှာပေါ်ဝမ်းနည်းရိပ်သန်းလာခဲ့တယ်။ ” အာ မဟုတ်ဘူး ၂ချောင်းတစ်ဆင့်”လို့ ပြာပြာသလဲဖြေလိုက်တယ်။ အဘိုးကြီးကလည်း တစ်ဆင့်ပေးပြီး ကလေးနှစ်ယောက်ကို ချိုချဉ်တစ်ယောက်တစ်ခု ဝယ်ကျွေးနိုင်ခဲ့တယ်။ အဘိုးကြီးတို့ ထွက်သွားပြီးတော့ ခုန စားပွဲထိုးမနဲ့ စကားပြောနေတဲ့ ကားဒရိုင်ဘာက ” အဲဒါတွေက နှစ်ချောင်းတစ်ဆင့်တန်မဟုတ်ဘူးလေ တစ်ခုကို ၅ဆင့်မလား”လို့ မချိုမချဉ်မျက်နှာပေးနဲ့ စားပွဲထိုးမကို လှမ်းပြောလိုက်တာပေါ့။ စားပွဲထိုးမကတော့ ” ရှင့်အပူပါလို့လား”လို့ပဲ ပြန်ပြောခဲ့တယ်။ ခဏနေတော့ ကားဒရိုင်ဘာ ငွေရှင်းဖို့ ထလာတယ်။ ပိုက်ဆံပေးပြီးတဲ့နောက် တံခါးဝဆီတန်းသွားခဲ့တယ်။ စားပွဲထိုးမက ” နေပါဦး ပြန်အမ်းငွေယူသွားဦးလေ”လို့ ပြောတော့ ဒရိုင်ဘာကလည်း တစ်ခွန်းပဲ ပြန်ပြောခဲ့တယ်။ ” မင်းအပူပါလို့လား”တဲ့။ ဂျွန်ဖို့ဒ် နည်းနည်းပြင်ရိုက်ထားတဲ့ ဒီဇာတ်ဝင်ခန်းလေးကိုပဲ ဂျွန်စတိုင်းဘတ်က သူ့စာအုပ်ထဲ ပုံဖော်ထားတာက စာမျက်နှာ၂၀နီးနီးရှိတယ်။ စတိုင်းဘတ်က အဲဒီလောက် အသေးစိတ်ကျကျ ရေးတဲ့လူဆိုတော့ ဂျွန်ဖို့ဒ် ဒီလောက်ထိလုပ်ပြနိုင်တာပဲ ဟုတ်တော့ဟုတ်နေတဲ့ သဘောပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(3.8 GB) / (2.3 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….02:09:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

Animation • Adventure • Family • Comedy
8.1 1940 129 mins
The Grapes of Wrath