YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

requiem.for.the.american.dream.2015.1080p.bluray {CM}.mp4

1.6 GB N/A video/mp4 300 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Fresh
7

IMDb Rating (6.7) / Rotten Tomatoes (81%) Horror/ Thriller ကားကောင်းတွေရှားလာတဲ့ခေတ်မှာ ဒီလို နိုင်ငံတကာ Rating မြင့်တဲ့ ကားမျိုးကို Horror/Thriller ပရိတ်သတ်တွေ လက်လွတ်မခံသင့်ပါ..ဒီထဲက မင်းသား Sebastian Stan ကိုတော့ Captain America ဇာတ်ကားထဲက Winter Soldier အဖြစ် လူသိများကြပါတယ်။ ဇာတ်ကားကစကြည့်တည်းက စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတဲ့ဇာတ်အိမ်မျိုးဖြစ်ပြီး တောက်လျှောက် သိချင်စိတ်အပြည့်နဲ့ ရင်တုန်ပြီးကြည့်ရမယ့်ကားမျိုးပါ။ ဒီဇာတ်ကားဟာ လူသတ်ကားဖြစ်တဲ့အပြင် Hannibal လိုမျိုး လူသားစားတဲ့ဓလေ့ Cannibalism လည်းပါတဲ့ကားပါ။ ရှယ်ကြည့်လို့ကောင်းတဲ့ကားကောင်းလေးပါ။ ဇာတ်လမ်းအကျဉ်းလေးကို ပြောရမယ်ဆိုရင်... နိုရာဆိုတဲ့ကောင်မလေးဟာ တစ်ကိုယ်ရေ တစ်ကာယ တစ်ယောက်တည်းနေရတဲ့သူလေးပါ။ ဒီတော့ ဒိတ်တွေခဏခဏဒိတ်ပြီး လက်တွဲဖော်ကောင်းကောင်းလေးကို လိုက်ရှာနေပေမဲ့ သူနဲ့သဟဇာတဖြစ်တဲ့သူကို တစ်ခါမှမတွေ့ရသလို၊ ဒိတ်ရတာတွေကိုလည်း မုန်းနေတဲ့ကောင်မလေးပါ။ အချစ်ဆုံးသူငယ်ချင်း မော်လီနဲ့ သူဒိတ်ခဲ့ရတဲ့ ဒိတ်တွေအကြောင်း‌ ပြန်ပြောင်းပြောပြလေ့ရှိပြီး တစ်နေ့မှာတော့ စီစဉ်ပြီး ဒိတ်တဲ့ ဘလိုင်းဒိတ်ကနေမဟုတ်ဘဲ ကုန်တိုက်တစ်ခုကနေ စတိဗ်ဆိုတဲ့ကောင်‌ချောလေး‌ကိုတွေ့ပြီးအဆင်ပြေနေသွားခဲ့ပါတော့တယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ကြား ဘယ်လိုကြမ္မာဆိုး ဝင်မွှေမလဲ၊ သူ့သူငယ်ချင်းမော်လီကရော ဘယ်လိုအခန်းကဏ္ဍကနေပါဝင်မလဲ၊ လူသတ်သမားကရော ဘယ်လောက်ဆိုးပဲ့ယုတ်မာနေမလဲဆိုတာကို Fresh ဆိုတဲ့ကားထဲမှာ ရှုစားရင်တုန်ပေးကြပါဦး။ File size…(1.6 GB)/(540 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:54:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by San Thu Aung

Drama • Romance
7 2022 114 mins
Fresh
The Kid
8.2

အသံတိတ်ရုပ်ရှင်တွေဘက်ကို ခဏလောက် ပြန်လှည့်ရအောင်ပါ CM ပရိသတ်ကြီးရေ... အသံတိတ်ရုပ်ရှင်ဆိုတာနဲ့ ကျွန်တော်တို့ မျက်လုံးထဲမှာ အရင်ဆုံး ပြေးမြင်မိတာ အင်္ဂလိပ်လူမျိုး ဟာသဇာတ်ဆောင်နဲ့ ရုပ်ရှင်ဖန်တီးသူ Charlie Chaplin ပါပဲ။ ဘာစကားမှ မပြောဘဲ လူတွေကို ရယ်အောင်လုပ်နိုင်တဲ့ အရည်အချင်းဆိုတာ တော်ရုံ ပါရမီရှိရုံနဲ့ မရပါဘူး။ ဒါပေမဲ့ ဂုရုကြီး Charlie Chaplin ကိုတော့ မြင်လိုက်တာနဲ့ အလိုလိုရယ်ချင်ပြီး သဘောကျကြပါတယ်။ ဒါကြောင့်လည်း အခုချိန်ထိတိုင် ပရိသတ်ရင်ထဲမှာ စွဲကျန်နေဆဲဖြစ်နေခြင်းပါ။ ဒီတော့ ကျွန်တော်တို့ CM ကနေ တစ်ခါက နာမည်ကြီးခဲ့တဲ့ The Kid, Modern Times နဲ့ City Lights အသံတိတ်ရုပ်ရှင် သုံးကားကို Charlie Chaplin အလွမ်းပြေအနေနဲ့ရော ပရိသတ်ကြီးလည်း ရယ်‌မောပျော်ရွှင် စိတ်အပန်းပြေနိုင်စေဖို့ တင်ဆက်ပေးလိုက်ရပါတယ် File size…4GB / 1.4GB Quality…1080p BluRayx264 / 720p Format…mp4 Duration….1h 8mins Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Yoon Sandi Aung

Drama • Mystery • Thriller
8.2 1921 68 mins
The Kid
God Is a Bullet
6.4

God Is a Bullet (2023) ဖြစ်ရပ်မှန်တွေကို အခြေခံထားပြီး Teran Boston ရဲ့ အရောင်းရဆုံးဝတ္ထုဖြစ်ခဲ့တဲ့ "God Is a Bullet" ကို ရုပ်ရှင်အနေနဲ့အသက်သွင်းထားတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စုံထောက်ဘော့ဘ်က သူ့မိန်းမဖြစ်သူနဲ့ ကွာရှင်းထားပြီး သမီးဖြစ်တဲ့ဂါဘီနဲ့ ခွဲနေနေရတာပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ သူတို့အိမ်ကို စေတန်ဂိုဏ်းတစ်ခုက‌ ဝင်စီးပြီး မိန်းမနဲ့ သူ့ရဲ့နောက်ယောက်ျားကို ဘဝပြောင်းပေးသွားတဲ့အပြင် သမီးဖြစ်တဲ့ဂါဘီကိုပါ ပြန်ပေးဆွဲသွားပါတယ်။ ဘယ်ကဘယ်လို စလိုက်လို့လိုက်ရမှန်းမသိတဲ့အချိန်မှာ ‌‌တစ်ချိန်က စေတန်ဂိုဏ်းဝင်ဖြစ်ခဲ့ပြီး ‌ထွက်ပြေးလာခဲ့တဲ့ ကေ့စ်က စေတန်ဂိုဏ်းလက်ချက်ဆိုတာကို သိပြီး ဘော့ဘ်ကိုကူညီဖို့ကမ်းလှမ်းခဲ့ပါတယ်။ အဲဒီမှာ သူတို့နှစ်ယောက်ပေါင်းပြီး စေတန်ဂိုဏ်းကိုခြေရာခံရင်း ဂါဘီကို ကယ်တင်ဖို့ကြိုးစားကြပါတော့တယ်။ ဇာတ်လမ်းက ဒီအပေါ်ကိုအခြေခံထားပေမဲ့ စေတန်ဂိုဏ်းနဲ့မတွေ့ခင်ကြားထဲတင် ပေအတော်ရှည်တယ်ပြောရမယ်။ ဇာတ်ကောင်တွေကို စိတ်ဝင်စားစရာကောင်းအောင် တဖြည်းဖြည်းတည်ဆောက်သွားပြီးမှ လူဆိုးကြီးနဲ့ပေးတွေ့တာမျိုးပေါ့။ ဘော့ဘ်က အမြဲတမ်းစားပွဲခုံထိုင်တဲ့ လူရိုးလူအေးကြီးဖြစ်ခဲ့ပေမဲ့ သမီးဇောနဲ့ တက်တူးတွေထိုး ဂန်းတွေပါကိုင်ပြီး စေတန်ဂိုဏ်းသားတွေကို အမဲလိုက်တဲ့ မုဆိုးအဖြစ်အသွင်ပြောင်းသွားတယ်။ ဇာတ်ကောင်တစ်ကောင်ကို လူပုံစံပါကွဲသွားလောက်တဲ့ထိ အချိုးအကွေ့ကြီးတစ်ခုနဲ့ ‌တိုက်မိစေလိုက်တာပါပဲ။ ကေ့စ်နေရာက Maika Monroe ကလည်း ဆေးဖြတ်ခါစ စိတ်ကျန်းမာရေးသိပ်မကောင်းတဲ့ ကောင်မလေးနေရာကနေ အကောင်းဆုံးသရုပ်ဆောင်ထားနိုင်ပါတယ်။ Nicolaj Coster- Waldau ကလည်း GOT တုန်းက Jaime Lannister ဇာတ်ရုပ်နဲ့ ကွဲထွက်တဲ့ ဇာတ်ကောင်မျိုးနေရာကနေ Facial Expression ကောင်းကောင်းသရုပ်ဆောင်ထားပါတယ်။ Jamie Foxx ကတော့ Jamie Foxx အထာနဲ့ပဲ ပါဝင်လာပါတယ်။ Cast တွေကိုတော့ အပြစ်ရှာစရာသိပ်မရှိပေမဲ့ ဇာတ်လမ်းက အစမှာအေးပြီး ရုတ်တရက်ထပူသလို အပူအအေး သိပ်မမျှဘူးလို့ ပြောနိုင်ပါတယ်။ စေတန်ဂိုဏ်းဘက်ကို ပိုပိုသာသာလေး ဇွတ်လူမိုက်လုပ်ခိုင်းထားပြီး ကြမ်းပြခိုင်းတာကတော့ သိပ်အားမရစရာအချက်ပါ။ ပစ်တာခတ်တာတွေ နဲ့ အက်ရှင်ခန်းတွေပီပြင်တာကတော့ ဒီရုပ်ရှင်ရဲ့ကောင်းကွက်တစ်ခုထဲအပါအဝင်ဖြစ်ပါတယ်။‌ ဒီရုပ်ရှင်ကိုကြည့်မယ်ဆိုရင်တော့ ဇာတ်ဝင်သီချင်းတွေကို သေချာလေး နားထောင် ခံစားကြည့်ပါလို့အကြံပေးချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.75GB, 620MB Quality - 1080p, 720p IMDb Rating - 5.5/10 Format - mp4 Duration - 2H 36Min Genre - Action, Crime, Horror Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama
6.4 2023 155 mins
God Is a Bullet
Coraline
7.7

သည်းထိတ်ရင်ဖို လျှို့ဝှက်ဆန်းကြယ် ကာတွန်းကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ… လူကြီးမင်းတို့ရဲ့ မျက်လုံးကိုဖယ်ထုတ်ပြီး ကြယ်သီးတွေအစားထိုးတပ်ခံထားရတဲ့ ခံစားချက်မျိုး ခံစားဖူးပါသလား ? မခံစားဖူးရင် ဇာတ်လမ်းအကျဉ်းချုပ်လေးဆီသွားရအောင် တကယ်တော့ ဒီဇာတ်ကားလေးဟာ ကျွန်တော်တို့ရဲ့ ငယ်ဘဝမှာ ရင်ထဲထိအမြဲတမ်းစွဲကျန်စေခဲ့တဲ့ ကာတွန်းရုပ်ရှင်ကားလေးတစ်ကားလည်းဖြစ်ပါတယ်… ဒီဇာတ်ကားလေးမှာ ကိုရာလိုင်း (Coraline) ဆိုတဲ့ကလေးမလေးက အဓိကသရုပ်ဆောင်ထားပါတယ်… စူးစမ်းလိုစိတ်အပြည့်နဲ့ သတ္တိရှိတဲ့ ကောင်မလေးတစ်ယောက်အဖြစ်နဲ့ပေါ့… သူမရဲ့မိဘတွေနဲ့ကတော့ အဆင်မပြေပါဘူး အလုပ်ကိုသာလုပ်နေကြတဲ့ ကိုရာလိုင်းရဲ့မိဘတွေဟာ သားသမီးကို ဂရုမစိုက်နိုင်တဲ့အတွက် သူတို့ကြားမှာ အဆင်မပြေမှုလေးတွေရှိနေခဲ့ပါတယ်… တစ်နေ့သူတို့မိသားစုဟာ အိမ်အသစ်ဆီကိုပြောင်းရွှေ့လာခဲ့ရပါတယ်… ထုံးစံအတိုင်း ကိုရာလိုင်း ကတော့ တစ်ယောက်တည်းပဲပေါ့… ဒီလိုနဲ့ တစ်နေ့မှာ အိမ်ရဲ့တစ်နေရာက မှော်ဝင်တံခါးပေါက်တစ်ခုကို တွေ့သွားခဲ့တဲ့အချိန်ကစပြီး ဇာတ်လမ်းစပါပြီ… ဒီမှော်ဝင်တံခါးပေါက်ရဲ့တစ်ဖက်မှာ ဘာတွေရှိနေမလဲ ?? စူးစမ်းတတ်ပြီး သတ္တိရှိတဲ့ ကိုရာလိုင်းတစ်ယောက် ဘာတွေဖြစ်လာမှာလဲ ?? ဆိုတာတွေကိုတော့ စိတ်ဝင်တစားနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်… IMDb rating 7.7/10 ထိ ရရှိထားတဲ့ ဒီကာတွန်းရုပ်ရှင်လေးဟာ ဘယ်လောက်ထိကောင်းတယ်ဆိုတာကိုတော့ အထူးတလည်ညွှန်းစရာ မလိုတော့ဘူး ထင်ပါတယ်.. အော်စကာဆုအတွက် ဆန်ခါတင်စာရင်းမှာပါခဲ့တဲ့အပြင် ဆုတော်တော်များများကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်… မိဘနဲ့သားသမီးတွေရဲ့ကြားက လိုအပ်ချက်လေးတွေကို ဘယ်လိုဖြည့်ဆည်းရမယ်ဆိုတာကိုလည်း ဒီဇာတ်ကားလေးက ညွှန်ပြပေးသွားပါတယ်… လက်မလွတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး လေကြောရှည်နေပြီ ဖြစ်တဲ့အတွက် အားပေးခံစားကြည့်ရှုပေးကြပါဦး…

7.7 2009
Coraline
Rustin
6.6

Rustin (2023) ~ IMDb – 6.6/10, Rotten Tomatoes – 85% ~ Bayard Rustin… အမေရိကန်လူ့အခွင့်အရေးလှုပ်ရှားမှုကြီးရဲ့ သမိုင်းဝင် ပုဂ္ဂိုလ်တယောက်… Martin Luther King Jr. ရဲ့ အကြံပေးပုဂ္ဂိုလ်… သမိုင်းဝင် ဝါရှင်တန်ချီတက်ပွဲကြီးရဲ့ ပဲ့ကိုင်ရှင်… အမေရိကန်သမိုင်းတလျှောက် လူ့အခွင့်အရေးလှုပ်ရှားသူတွေအများကြီးထွက်ပေါ်ခဲ့တယ်။ သက်ရောက်မှုအကြီးဆုံးဖြစ်ခဲ့တာကတော့ ပြီးပြည့်စုံတဲ့ ဆန့်ကျင်ဘက်လို့ဆိုကြတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်သမား Martin Luther King နဲ့ တိုက်ယူမယ်ဆိုတဲ့ Malcolm X တို့ပေါ့။ သူတို့ ၂ ယောက်ကလည်းခေတ်ပြိုင်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ သူတို့နောက်ကွယ်က ပံ့ပိုးခဲ့တဲ့လူတွေကတော့ သိပ်ပြီးနာမည်ထွက်လေ့မရှိဘူး။ အဲဒီလိုလူတွေထဲ မာတင် လူသာကင်းရဲ့ မိတ်ဆွေ၊ အကြံပေး၊ ရှေ့ဆောင်လမ်းပြ ဖြစ်တဲ့ Bayard Rustin လည်းပါဝင်တယ်။ Rustin ဘဝကတော့ အတော်ကို ခက်ခဲကြမ်းတမ်းတယ်။ Quaker (ကွိတ်ကာ) ဆိုတာကတော့ သူ့ကိုပျိုးထောင်ခဲ့တဲ့ ဘာသာရေးအဖွဲ့ပေါ့။ ရိုးရိုးပြောရရင် “မိတ်ဆွေများအသင်း” လို့အဓိပ္ပာယ်ရတယ်။ ပရိုတက်တင့် ခရစ်ယာန်လိုင်းခွဲတစ်ခုပေါ့။ အဲဒီလိုနေရာကနေ ကြီးပြင်းလာတဲ့ လူမည်းတယောက်အနေနဲ့ လူမျိုးရေးခွဲခြားမှုပေါင်းမနည်း ခံစားခဲ့ရတယ်။ အဲဒီအချိန်ကစလို့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်မယ်လို့ သူဆုံးဖြတ်ခဲ့တယ်။ သူက လူမျိုးရေးခွဲခြားကြတဲ့ခေတ်မှာ လူမည်းဖြစ်ရုံတင်မကဘဲ လိင်ခွဲခြားမှုများနေတဲ့အချိန်မှာ ဂေးနေတဲ့အပြင် စစ်အေးကာလမှာလည်း ကွန်မြူနစ်ဟောင်းဆိုတဲ့နာမည်ရှိနေပြန်တယ်။ သူ့အတွက် လုပ်ရကိုင်ရတာ သိပ်ကျပ်စေမယ့်အခြေအနေတွေ စုပြုံခဲ့တာပဲ။ ဒါပေမဲ့ သူနောက်ဆုတ်သလား၊ နောက်မဆုတ်ခဲ့ဘူး။ လူသားအားလုံးအတွက် တန်းတူတရားမျှတမှုအတွက် ကြုံလာသမျှရင်ဆိုင်ခဲ့တယ်။ သူ့ကို အပုပ်ချတာတွေ၊ နှိပ်ကွပ်တာတွေ ခွဲခြားတာတွေ အများကြီးရှိခဲ့တယ်။ သူ့ရဲ့ဖြစ်တည်မှုက လှုပ်ရှားမှုကြီးမှာ အနှောက်အယှက်ဖြစ်မှာစိုးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တော်ရုံကိစ္စတွေမှာတောင် သူ ‌လူရှေ့မထွက်ခဲ့ဘူး။ တနည်းအားဖြင့် နာမည်ဝင်ယူတဲ့အလုပ်မျိုး မလုပ်ခဲ့ဘူးပေါ့။ ဝါရှင်တန်ချီတက်ပွဲကြီးအပြီးမှာလည်း လိင်တန်းတူညီမျှရေးအတွက် ဆက်ပြီးတိုက်ပွဲဝင်ခဲ့တယ်။ သူက ဂန္ဓီရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကိုလည်း သက်ဝင်ယုံကြည်တဲ့လူတယောက်။ “ဂန္ဓီကြီးက အကြမ်းမဖက်တဲ့နည်းလမ်းနဲ့ အင်ပါယာကြီးကို ဒူးထောက်စေခဲ့တယ်” လို့သူမကြာခဏပြောလေ့ရှိတယ်။ မာတင်လူသာကင်းရဲ့ ငြိမ်းချမ်းရေးဝါဒဟာလည်း သူ့ဆီကနေ တစိတ်တပိုင်း‌မြစ်ဖျားခံခဲ့တယ်။ မာတင်လူသာကင်းရဲ့ “ကျုပ်မှာ အိပ်မက်တစ်ခုရှိတယ်” ဆိုတဲ့ သမိုင်းဝင်မိန့်ခွန်းကြီးကလည်း Rustin ကြောင့်သာမဟုတ်ရင် ရှိလာမှာမဟုတ်ဘူးလို့ မာတင်လူသာကင်းက ပြောခဲ့တယ်။ ဒီလိုလူတယောက်အနေနဲ့ အမေရိကန်သမိုင်းမှာ အချိုးအကွေ့ကြီးတခုဖြစ်စေမယ့် ဝါရှင်တန်ချီတက်ပွဲကြီးကို ပဲ့ကိုင်ခဲ့တယ်။ ဒီချီတက်ပွဲအပြီးမှာ သမ္မတကနေဒီရဲ့ လူ့အခွင့်အရေးမူကြမ်းကို တင်သွင်းနိုင်ခဲ့ပြီး လူမျိုးရေးတန်းတူညီမျှမှုတိုက်ပွဲမှာ ခြေလှမ်းကျယ်ကျယ်လှမ်းနိုင်ခဲ့တယ်။ ဒီရုပ်ရှင်ကတော့ Rustin လို့ပေးထားပေမဲ့ သူ့ရဲ့ ဘဝတလျှောက်လုံးကို ချပြထားတာမဟုတ်ဘဲ ဝါရှင်တန်ချီတက်ပွဲကို ကြိုးစားကြတဲ့ ဘဝတစိတ်တပိုင်းကို ချပြထားတယ်။ အခက်အခဲပေါင်းစုံကြုံရတဲ့အပြင် စိတ်သဘောထားမတိုက်ဆိုင်မှုပေါင်းစုံနဲ့ အောင်မြင်ပါ့မလားမသေချာတဲ့ ပွဲကြီးကို မျှော်လင့်ချက်တခုတည်းကိုင်ပြီး အကောင်အထည်ဖော်ခဲ့ကြပုံကို ရိုက်ကူးထားတာပါ။ Cast တွေအနေနဲ့ Rustin နေရာက Coleman Domingo နဲ့ NAACP ရဲ့ ဥက္ကဋ္ဌ Roy Wilson နေရာမှာ Chris Rock အပြင် တခြား Cast တွေကလည်း လက်တွေ့ဘဝကလူတွေနဲ့ အနီးစပ်ဆုံးတူညီအောင် ရှာသုံးထားတာတွေ့ရတယ်။ Coleman Domingo ကတော့ မျှော်လင့်ထားသလိုပါပဲ၊ သူ့ရဲ့အကောင်းဆုံးမဟုတ်ရင်တောင် ဒီရုပ်ရှင်ကို အတော်လေး ဆွဲခေါ်သွားနိုင်တာတွေ့ရတယ်။ Chris Rock ကိုတော့ ဘုကလန့်လုပ်တဲ့ ဘိုးတော်ကြီးအနေနဲ့ မြင်ရတာ ရယ်ချင်သလိုလိုဖြစ်နေတာတော့ရှိတာပေါ့လေ။ ခြုံပြောရရင်တော့ Cast တွေရွေးထားတာ အတော်အဆင်ပြေပါတယ်။ ဒီထဲမှာ အရေးပါတဲ့အဖွဲ့အစည်းတွေအနေနဲ့ NAACP ဆိုတာကတော့ လူမည်းအခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့အစည်းတစ်ခု၊ ဩဇာအကြီးဆုံးဆိုရင်လည်းမှန်တယ်။ SNCC ကတော့ ကျောင်းသားများ အကြမ်းမဖက် ညှိနှိုင်းရေးအဖွဲ့ဖြစ်ပြီး ၂၀ ရာစုအလယ်ပိုင်းက လူ့အခွင့်အရေးတိုက်ပွဲတွေမှာ ပါဝင်ခဲ့တယ်။ UAW ကတော့ ကားလုပ်သားများ ယူနီယံပါ။ ဝါရှင်တန်ချီတက်ပွဲမပြောပါနဲ့၊ အဲဒီခေတ်တုန်းကဖြစ်သမျှ လူ့အခွင့်အရေးလှုပ်ရှားမှုအားလုံးလိုလိုမှာ သူတို့တက်တက်ကြွကြွပါဝင်ခဲ့တယ်။ ဒီရုပ်ရှင်က မပျင်းရဘဲဆွဲခေါ်သွားနိုင်တဲ့အပြင် တကယ်ပြောခဲ့တဲ့ စကားတွေကိုပါ ထည့်သုံးထားတယ်ဆိုတော့ ကြည့်လို့လည်းကောင်း ဗဟုသုတလည်းရ ဆိုတဲ့ သမိုင်းရုပ်ရှင်မျိုးပါပဲ။ (ဒီမှတ်တမ်းရုပ်ရှင်နဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.2GB, 575MB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 46Min Genre – Biography, Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Horror • Fantasy • Mystery
6.6 2023
Rustin
Gurren Lagann the Movie: The Lights in the Sky Are Stars
8

Gurren Lagann the Movie: The Lights in the Sky Are Stars (2009) =============================================== Gurren Lagann The Movie ဒုတိယပိုင်းဖြစ်တဲ့ ” The Lights in the Sky are Stars ” ဟာ ပထမ Movie ထက် Rating ပိုများပြီး IMDb 8.0 အထိ ရရှိခဲ့တဲ့ Anime ရုပ်ရှင် ကားကောင်းတစ်ခုဖြစ်ခဲ့တဲ့ အချက်ကနေ စပြောချင်ပါတယ်။ ” အမြင့်မှန်းတဲ့ လူသားအရိုင်းအစိုင်းတွေ သောင်းကျန်းလာရင် စန္ဒာလကတောင် ငရဲတမန် ဖြစ်လာပြီး Spiral ကမ္ဘာကို ချေမှုန်းလိမ့်မယ်။ ” …… အကြီးမားဆုံးရန်သူကို နှိမ်နင်းပြီးတဲ့ အခါမှာတော့ လူသားတွေအားလုံး မြေအောက်ထဲမှာသာအခြေချဖို့ အတင်းအဓမ္မဖိနှိပ်ခံရာ ကနေ လွတ်မြောက်ခဲ့ပါပြီ။ Spiral King ရဲ့ နောက်ဆုံးစကားကို မေ့မေ့ပျောက်ပျောက်ဖြစ် ပြီး မြို့ပြရပ်ကွက်တွေနဲ့စည်ကားနေတဲ့ Kamina City ကတော့ နေ့နေ့ညည အသက်ဝင်လို့ နေပါတယ်။ လွတ်လပ်ရေးဆောင်ကျဉ်းသူ Dai-Gurren အဖွဲ့ဝင်တွေထဲမှာ မြို့သစ်၊ ပြည် သစ်ရဲ့ အစိုးရအဖွဲ့သားတွေဖြစ်လာကြသူတွေရှိသလို သာမန်ဘဝလေးကို ရွေးချယ်သွားကြ သူတွေလည်း ရှိကြတာပေါ့။ Kamina မရှိတော့တဲ့နောက်မှာ အစိုးရအဖွဲ့အသစ်ကို ဦးဆောင်ရတာကတော့ Simon ပါပဲ။ တစ်မြို့လုံးရဲ့ အားပေးထောက်ခံမှု၊ ချစ်ခင်လေးစားမှုကို ရရှိထားတဲ့ Dai Gurren အဖွဲ့သား တွေရဲ့ တစ်ချိန်က တိုက်ပွဲဝင်ဖော်ဝင်ဖက် Gunmen တွေလည်း ငြိမ်းချမ်းတဲ့ကာလရဲ့ အရိပ် အောက်မှာ အနားယူနေဆဲပေါ့။ ဒီလိုအပူအပင်ကင်းတဲ့ ခေတ်ကာလမှာ Gunmen တွေ မြေ ပြင်ပေါ်ပြန်ရောက်မယ့် အရေးကိစ္စကြီးတစ်ခု ဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှထင်မထားခဲ့ကြ ပါဘူး။ ဒီလိုနဲ့ Spiral King ရဲ့ သတိပေးချက် အမှန်ဖြစ်လာမယ့်‌ တစ်နေ့မှာတော့ …. ” လက် ထပ်ရအောင် နိယ ” ရယ်လို့ Simon ရဲ့ အရဲစွန့်ခွင့်ပန်စကားလေး အဖြေကြားလိုက်ရချင်းမှာ တင် ရုတ်တရက်ပြောင်းလဲသွားတဲ့ နိယရဲ့ ထူးဆန်းတဲ့အပြုအမူတွေကြောင့် …. Happy ending နဲ့ စခဲ့တဲ့ဇာတ်လမ်းဟာ ဘယ်လိုအလှည့်အပြောင်းတွေ ဖြစ်လာမလဲဆိုတာကိုတော့ Rating ကောင်းတွေကိုယုံပြီး ဆက်လက်ကြည့်ရှုလိုက်ကြပါလို့ပဲ Suggest လုပ်ချင်ပါတယ်။ Part 1 မကြည့်ရသေးသူများက ဒီလင့်ကနေ ကြည့်ရှုနိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Hnin Wut Yi မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူ များကတော့ Hnin Wut Yi, Ngwe Zin တို့ ဖြစ်ပါတယ်) File Size……….(2.71 GB) / (1.21 GB) Quality…………BLU-RAY 1080p / 720p Duration………2Hr 06Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Action, Drama Translator…….Hnin Wut Yi, Ngwe Zin Encoder……….SWM

Action • Comedy
8 2009 126 mins
Gurren Lagann the Movie: The Lights in the Sky Are Stars
Rudy
7.5

Rudy 1993 ဟာ sport/family အမျိုးအစားဖြစ်ပြီးတော့ iMDB 7.5 ရရှိထားတဲ့ ကား‌ကောင်းတစ်ခုလည်းဖြစ်ပါတယ်။ Rotten Tomatoes ကလည်း 77% တောင်ရှိတာဆိုတော့ ရုပ်ရှင်ပရိသတ်တွေလုံးဝ လက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းတစ်ပုဒ်လို့ပြောရမယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရူဒီဆိုတဲ့ကောင်လေးတစ်ယောက်ဟာ နော်ထရီဒိန်းမှာဘောလုံးကစားသမား ဖြစ်ချင်ပေမယ့် ကျူရှင်ဖိုးမတတ်နိုင် စာတော်တဲ့အထဲလည်းမပါ‌တော့ သူ့အနေနဲ့ အိပ်မက်ကို အကောင်ထည်ဖော်နိုင်ဖို့ ဘယ်လိုကြိုးစားမလဲ၊ အခက်ခဲတွေကို ဘယ်လိုကျော်လွှားမလဲဆိုတာကို မြင်တွေ့ရမှာပါ။ ဇာတ်လမ်း ဇာတ်ကွက်လည်း ကောင်းပြီး ပရိသတ်တွေကို motivation ကောင်းကောင်းပေးနိုင်မယ့် ရုပ်ရှင်တစ်ပုဒ်လို့လည်း ပြောလို့ရတယ်။ ရူဒီဇာတ်ကောင်ရဲ့ မလျှော့သော ဇွဲ၊ စိတ်အားထက်သန်မှု၊ ရလိုစိတ်ပြင်းပြမှုတွေနဲ့အတူ ပျင်းဖို့အချိန်မရှိရလောက်အောင် ဇာတ်ရှိန်ကိုဆွဲခေါ်နိုင်တဲ့ကားမို့ ပရိသတ်တို့အကြိုက်တွေ့မှာသေချာပါတယ်။ File size… 3.7 GB / 1.5 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 54m Genre ….. Biography/Drama/Sport Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Paing Zay Phyo

Horror • Science Fiction
7.5 1993 114 mins
Rudy
Hijack ’93
5

လေယာဉ်အနုကြမ်းစီးတယ်ဆိုတာ တော်ရုံတန်ရုံမလွယ်ကူတဲ့အတွက် အဲ့လိုလုပ်တဲ့လူတွေနည်းသလို ထွက်ရှိထားတဲ့ရုပ်ရှင်တွေကလည်း နည်းပါးပါတယ်။အဲ့ဒီနည်းပါးတဲ့ထဲကမှ ၁၉၉၃ ခုနှစ် နိုက်ဂျီးရီးယား နိုင်ငံမှာဖြစ်ခဲ့တဲ့လေယာဥ်အနုကြမ်းစီးမှုကို အခြေခံပြီးပြန်လည် ရိုက်ကူးထားတဲ့ Hijack ’93 လို့ခေါ်တဲ့ဖြစ်ရပ်မှန်နိုက်ဂျီးရီးယား ဇာတ်ကားတစ်ကားကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ နိုက်ဂျီးရီးယားတွေကသိတဲ့အတိုင်း တစ်ခါတစ်လေမှာနိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ဇာတ်ကားတွေရိုက်ကူးနိုင်တဲ့အတွက် ဒီကားလည်းနိုင်ငံတကာအဆင့်မှီလား ကောင်းလားဆိုတာကိုတော့ ကြည့်ရှုသူပရိသတ်တွေပဲ ဆုံးဖြတ်သင့်ပါတယ်။ ဒီ ၁၉၉၃ ခုနှစ်မှာဖြစ်ခဲ့တဲ့လေယာဉ်အနုကြမ်းစီးမှု ဘယ်ကနေ စတာလဲပြောရရင်တော့ အခုထက်ထိမပြီးဆုံးသေးတဲ့စစ်အာဏာရှင် အစိုးရရဲ့ဖိနှိပ်အနိုင်ကျင့်မှုတွေအောက်မှာ မခံမရပ်နိုင်ဖြစ်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကနေစတာပါပဲ။ တစ်နိုင်ငံလုံးဖြစ်ချင်ရာဖြစ် လူနည်းစုကောင်းစားရေးပဲလုပ်နေတဲ့ အစိုးရကိုဖြုတ်ချပြီး ဒီမိုကရေစီစနစ်နဲ့ရွေးချယ်ထားတဲ့သမ္မတကို အာဏာပြန်ပေးဖို့တောင်းဆိုဖို့အတွက် နိုက်ဂျီးရီးယားနိုင်ငံသား လူငယ် ၄ ယောက်က လေယာဉ်တစ်စီးကိုအနုကြမ်းစီးခဲ့ပါ တော့တယ်။အစီအစဉ်တွေကတော့ကောင်းကောင်းချထားပေမဲ့ တကယ်တမ်းအကောင်အထည်ဖော်တဲ့အခါမှာအခက်အခဲတွေ ရှိလာတဲ့အခါမှာတော့ ခရီးသည်တွေအပြည့်ဓားစာခံအနေနဲ့ အဖမ်းခံထားရတဲ့လေယာဉ်တစ်စီး တော်လှန်ရေးလူငယ် ၄ ယောက်နဲ့ နိုက်ဂျီးရီးယားအစိုးရတို့ကြားမှာ ဘယ်လိုညှိနှိုင်းမှုတွေ လုပ်ဆောင်မှုတွေ လုပ်ကြမလဲဆိုတဲ့စိတ်ဝင်စားစရာအဖြစ်အပျက်တွေကို ရုပ်ရှင်အနေနဲ့ ပြန်လည်ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size… (1.50GB) / (746MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 27m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Drama
5 2024 86 mins
Hijack ’93
Anyone But Her Todas menos tú
4.9

Anyone But Her (2024) ရိုမန်တစ်ကော်မတီတွေဟာ ကြည့်ရှုသူတိုင်းအတွက် entertain အဖြစ်ဆုံး genre တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ သမာရိုးကျ မင်းသားနဲ့မင်းသမီးတင်မဟုတ်ဘဲ ဇာတ်ကွက်ထဲမှာ သူငယ်ချင်းတွေပါ ပါလာပြီဆိုရင်တော့ ဘယ်လိုထင်သွားကြမလဲပေါ့။ ဒီဇာတ်ကားတော့ Romance အပြင် Comedy ကိုပါ ဆန်းပြားတဲ့နည်းလမ်းနဲ့ ထည့်သွင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်း ဆန်ဒရာ၊ လူးဝစ်၊ ဂါဘီ၊ ရောဘတ်တို၊ နော်မာ နဲ့ ဖာဘီယန်တို့ဟာ တက္ကသိုလ်ကျောင်းသားဘဝကတည်းက အရမ်းခင်ကြတဲ့သူတွေပါ။ ဘယ်လောက်ထိခင်ကြလဲဆိုရင် သက်ထက်ဆုံးလက်တွဲဖော်ရရင်တောင်မှ သေကွဲပဲကွဲမယ်ဆိုပြီးတော့ တစ်အိမ်ထဲမှာ သွေးနှောတဲ့မိသားစုသဖွယ်နေကြတဲ့သူတွေပါ။ ဖြစ်ချင်တော့ ဆန်ဒရာနဲ့ လူးဝစ်တို့က အရင်က ချိတ်ဟောင်းရှိခဲ့ပါတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးနဲ့ပြတ်သွားပြီး လူးဝစ်က သူငယ်ချင်းတွေနေရာအိမ်နဲ့ ခဏလောက်ဝေးသွားပါတယ်။ ဒီလိုနဲ့ တစ်ညမှာ သူငယ်တွေအားလုံးမိတ်ဆုံစားဖို့ ချိန်းထားကြတဲ့အချိန်မှာ လူးဝစ်ပါပြန်ရောက်နေတာကို ဆန်ဒရာတစ်ယောက်တွေ့လိုက်ရပါတယ်။ ex ကို ရင်ပြန်ခုန်ချင်သလိုဖြစ်သွားတဲ့ ဆန်ဒရာတစ်ယောက် သူငယ်ချင်းတွေမြှောက်ပေးမှုနဲ့ လူးဝစ်နဲ့ ပြန်ချိန်ဖို့လုပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ကံဆိုးချင်ပြန်တော့ အဲဒီလိုပြောတော့မယ့်အချိန်ကျခါမှ လူးဝစ်က သူ့ရဲ့လက်ရှိကောင်မလေးနဲ့ လက်ထပ်တော့မယ်ဆိုပြီးဖြစ်လာပါတယ်။ ဒါ့အပြင် သူငယ်ချင်းတွေသစ္စာဆိုထားတဲ့ သေတူရှင်မကွဲဆိုတာကို ဥပေက္ခာပြုတဲ့သဘောမျိုးဖြစ်သွားတဲ့ လူးဝစ်ရဲ့မင်္ဂလာပွဲကို ဆန်ဒရာရော တခြားသူငယ်ချင်းတွေကပါ မကူချင်ကူချင်နဲ့ ကူရပါတော့တယ်။ ဒီလိုနဲ့ ဇာတ်လမ်းတစ်လျှောက် ဘယ်လိုဟာသတွေ အဖျက်အမှောက်တွေဖြစ်လာမလဲဆိုတာကို ရသဆန်ဆန်ကြည့်ရှရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(1.8 GB) / (820 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Romance Duration….01:32:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

History • Drama
4.9 2024
Anyone But Her Todas menos tú
Desert Fiends
5.2

Desert Fiends (2024) ဒီကားက Horror vibe နဲ့ Crime vibe ကို ကြိုက်တတ်တဲ့ လူတွေအတွက်တော့ မိုက်မယ်ထင်ပါတယ်။ သွေးထွက်သံရဲတွေအများကြီးပါတာမို့ စိတ်ခိုင်မှကြည့်ဖို့ ပြောချင်ပါတယ်။ 18+ ဆိုပေမယ့် ကျွန်တော်ကတော့ 21+လို့တောင် ထားချင်ပါတယ်။ ဆဲဆိုတာတွေလည်းအများကြီးပါတော့ ကလေးတွေကြည့်လို့မသင့်တော်ပါဘူး။ ဇာတ်ကားအကျဉ်း Scottဆိုတဲ့ကောင်လေးရယ် သူ့ကောင်မလေးရယ် သူ့ကောင်မလေးသူငယ်ချင်းတွေရယ်က ကန္တာရထဲက Music Festival ကို သွားကြပါတယ်။ ကံဆိုးစွာနဲ့ပဲ အဲ့ကန္တာရထဲ Psychoလိုလို Zombie လိုလို မိသားစုတစုနေထိုင်ပြီး လိုက်မကိုက်ပဲ လိုက်သတ်စားတာပါ။ သူတို့ကရော ဘာလို့လိုက်သတ်နေကြတာလဲ။ သူတို့တွေရော လွတ်မြောက်လာကြမလား။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phyu Thwe Zaw ဖြစ်ပါတယ်။) File size… (1.9 GB) / (930 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Horror Duration…. 01:47:07 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Phyu Thwe Zaw

5.2 2024 106 mins
Desert Fiends
Beloved

ဒီဇာတ်ကားက Toni Morrison ရဲ့ Pulitzer ဆုရထားတဲ့ ဝတ္ထုကို အခြေခံထားပြီး၊ ဒါရိုက်တာ Jonathan Demme က ရိုက်ကူးထားတဲ့ ဒရာမာနဲ့ သည်းထိတ်ရင်ဖိုမှုတွေ ပါဝင်တဲ့ ရုပ်ရှင်တစ်ခုပါ။ ၁၉ ရာစုနှစ် အမေရိကန်ပြည်တွင်းစစ်ပြီးခေတ် အိုဟိုင်းယိုးပြည်နယ် (Ohio) မှာ ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းက Sethe (Oprah Winfrey) ဆိုတဲ့ အာဖရိက-အမေရိကန် အမျိုးသမီးတစ်ယောက်အကြောင်းပါ။ သူမဟာ ကျွန်စနစ်ရဲ့ ရက်စက်မှုကနေ လွတ်မြောက်လာခဲ့ပြီး၊ သမီးဖြစ်သူ Denver (Kimberly Elise) နဲ့အတူ ဘဝသစ်တစ်ခုကို တည်ဆောက်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် သူတို့ရဲ့အိမ်မှာ ထူးဆန်းတဲ့ ဝိညာဉ်တစ်ခုရဲ့ ခြောက်လှန့်မှုတွေ ရှိနေပြီး Sethe ရဲ့ အတိတ်က သေဆုံးခဲ့တဲ့ သမီးဖြစ်သူနဲ့ ဆက်စပ်နေတယ်လို့ ယုံကြည်ထားပါတယ်။ တစ်နေ့မှာ Beloved (Thandiwe Newton) ဆိုတဲ့ ထူးဆန်းတဲ့ မိန်းမပျိုတစ်ယောက် သူတို့အိမ်ကို ရောက်လာပြီး Sethe နဲ့ Denver ရဲ့ဘဝထဲကို ဝင်ရောက်လာပါတယ်။ Beloved ရဲ့ ရောက်လာမှုက Sethe ရဲ့ အတိတ်က အကြမ်းဖက်မှုတွေ၊ ဆုံးရှုံးမှုတွေနဲ့ သူမရဲ့ သားသမီးတွေကို ကာကွယ်ဖို့ လုပ်ခဲ့ရတဲ့ နာကျင်ဖွယ် ဆုံးဖြတ်ချက်တွေကို ပြန်လည်အမှတ်ရစေပါတယ်။ Paul D (Danny Glover) ဆိုတဲ့ Sethe ရဲ့ အတိတ်က သူငယ်ချင်းတစ်ယောက်လည်း ဇာတ်လမ်းထဲမှာ ပါဝင်လာပြီး ထူးဆန်းတဲ့ ဖြစ်ရပ်တွေကို ရင်ဆိုင်ကြရပါတယ်။ ဒီဇာတ်ကားက ကျွန်စနစ်ရဲ့ ရက်စက်မှု၊ မိသားစုရဲ့ ချစ်ခြင်းမေတ္တာ၊ စိတ်ဒဏ်ရာတွေကို ကျော်လွှားခြင်းနဲ့ လွတ်မြောက်မှုရဲ့ အဓိပ္ပါယ်ကို နက်ရှိုင်းစွာ စူးစမ်းထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ Oprah Winfrey နဲ့ Thandiwe Newton တို့ရဲ့ သရုပ်ဆောင်မှုတွေက ဇာတ်ကားရဲ့ အားသာချက်တစ်ခုဖြစ်ပြီး လူ့စိတ်နဲ့ သမိုင်းရဲ့ နာကျင်ဖွယ်အမှန်တရားတွေကို ပုံဖော်ထားပါတယ်။ အဓိက သရုပ်ဆောင်များ: Oprah Winfrey, Thandiwe Newton, Danny Glover, Kimberly Elise File size…(3.4 GB)/(2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Peter Tulot

Comedy • Drama • Romance
0 1998
Beloved