YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Replacing.Chef.Chico.S01E05.1080p.NF.WEB-DL.YK(CM).mp4

658.39 MB 1080p video/mp4 98 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ford v Ferrari
8

ပြိုင်ကားထုတ်လုပ်သူတွေအတွက်တော့ ပြင်သစ်နိုင်ငံရဲ့ နာမည်ကျော် လမန်းစ် ကားပြိုင်ပွဲဟာ အရေးအကြီးဆုံး မှတ်ကျောက်တင်ခံရတဲ့ ပွဲပါပဲ။၂၄ နာရီတိတိ ပတ်လမ်းတွေထဲမှ ာ တစ်နာရီကို မိုင် ၂၀၀ နှုန်းလောက်နဲ့ တစ်ပတ်ပြီး တစ်ပတ် ပတ်နေရတဲ့ ပြိုင်ပွဲပါပဲ။ ကားတစ်စီးရဲ့ အမြန်နှုန်း၊ ခံနိုင်ရည်၊ စိတ်ချယုံကြည်ရမှု ကို အကောင်းဆုံး စမ်းသပ်တဲ့နေရာဖြစ်ပြီး အသက်ဘေးလည်း နီးတယ်လို့ ပြောလို့ရပါတယ်။ ဒီလို ပြိုင်ပွဲမျိုးမှာ ဖရာရီကားကုမ္ပဏီက ၆ နှစ်ဆက်တိုက် ဗိုလ်စွဲထားခဲ့တဲ့အတွက် ပြိုင်ကားလောကမှာတော့ အဲဒီခေတ်မှာ ဖရာရီဟာ ပြိုင်ဘက်ကင်းပါပဲ။ ဒီ ဖရာရီအီတလီကားကုမ္ပဏီကို ဖို့ဒ်က ဝယ်ဖို့ကြိုးစားလာတဲ့အခါ ဖရာရီကားကုမ္ပဏီပိုင်ရှင် အန်ဇိုက ဖို့ဒ်ကို စော်ကားမော်ကား ပြောပြီး ငြင်းဆိုခဲ့တဲ့အတွက် ဒုတိယမြောက်ဟင်နရီဖို့ဒ်ဟာ ငွေတွေပုံအောသုံးပြီး အကောင်းဆုံးလူတွေနဲ့ ပြိုင်ကားတည်ဆောက်၊ လမန်းစ်ပြိုင်ပွဲမှာ ဖရာရီကို အနိုင်ယူဖို့ ကြိုးစားလာပါတော့တယ်။ ဒီလို ဖြစ်နိုင်ချေနည်းလွန်းတဲ့ အလုပ်အတွက် လမန်းစ်မှာ အနိုင်ရဖူးသူ ကယ်ရိုးရှဲလ်ဘီ နဲ့ သူ့ရဲ့ မိတ်ဆွေကောင်း လူ့ဂွစာ ကင်မိုင်းစ် တို့ဟာ ဖို့ဒ်ပြိုင်ကားကို ကိုယ်တိုင်တည်ဆောက်ပြီး လမန်းစ်မှာ ဖရာရီကို နောက်ကောက်ချဖို့ ကြိုးစားကြပါတော့တယ်။ ပါဝင်တဲ့ သရုပ်ဆောင် ၂ ယောက်ကိုတော့ လူတိုင်းနီးပါး သိပြီးသားဖြစ်မှာပါ။ မက်ဒေမွန်ကတော့ ခရစ်ရှန်ဘေးနဲ့ တွဲလုပ်ရမှာမို့ ဒီဇာတ်ကားကို အားရဝမ်းသာ လက်ခံခဲ့တယ်လို့ ပြောထားပါတယ်။ ခရစ်ရှန်ဘေးကတော့ ထုံးစံအတိုင်း ဇာတ်ကောင်အတွက် ပေါင် ၇၀ ချပြီး အလိုက်ဖက်ဆုံး သရုပ်ဆောင်သွားတာပါပဲ။ ဒီရုပ်ရှင်ကတော့ အတော်လေး ကြည့်လို့ကောင်းပြီး လူတိုင်း ကြိုက်မယ့်အမျိုးအစားမှာ ပါမယ်ထင်ပါတယ်။ (ဒီဇာတ်ကားရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Littleneo ပဲဖြစ်ပါတယ်။) File Size – 2 GB Quality – 1080p.BluRay 5.1CH Duration – 2 hrs 32 mins Subtitle – Myanmar Hardsub Format – Mp4 Genre : Action, Biography, Drama Source : 1080p.BluRay 5.1CH Translator – Littleneo Encoder – San Win Maung

Action
8 2019 153 mins
Ford v Ferrari
Pothanur Thabal Nilayam
6.5

ဒီတစ်ခါမှာတော့ အကတွေ အိုဗာတင်းတွေမပါတဲ့ စိတ်ဝင်စားစရာ ၂၀၂၂ ခုနှစ်ထွက် တောင်ပိုင်း ကားလေးတစ်ကားနဲ့မိတ်ဆက်ချင်ပါတယ် ဇာတ်လမ်းအစအဆုံး ရိုးသားမှုနဲ့ မရိုးသားမှု အားပြိုင်တဲ့ဇာတ်ကွက်လေးတွေရဲ့ရိုက်ထားတာမို့ ကြည့်ပျော်တဲ့ရုပ်ရှင်တကားပဲဖြစ်ပါတယ်... ဇာတ်လမ်းအကျဉ်း... ကိုအင်ဘာတိုး ပိုတာနာက စာတိုက်ရုံးရဲ့ ရုံးအုပ်ကြီး ဗန်ကတ်ဟာ ရိုးသားပြီးစည်းကမ်းကြီးတဲ့ သူတစ်ယောက်ပါ။ သူ့ရဲ့သားဟာ စွန့်ဦးတည်ထွင်သူအဖြစ် ကွန်ပျူတာဆော့ဝဲလ် လုပ်ငန်းကို အိန္ဒိယမှာလုပ်ချင်နေသူပါ။ အဲ့ဒီအတွက်ဘဏ်ချေးငွေ လျှောက်ဖို့ပြင်ဆင်နေတဲ့သူပါ.. ရိုးသားလှတဲ့ ဗန်ကတ်နဲ့ သူ့ရဲ့သားတို့ ဘ၀လမ်းကို အေးဆေးစွာဖြတ်သန်းရင်း ဘ၀က သူတို့ထင်သလို မလွယ်ပဲ စာတိုက်ကငွေတွေ ပျောက်သွားပြီး နှစ်ရက်အတွင်းပြန်ထားရမယ့်အချိန်မှာတော့... သူတို့ပဲ ငွေတွေပြန်ကိုရှာလို့တွေ့မလား... ငွေတွေကိုဘယ်သူခိုးတာလဲ နှစ်ရက်အတွင်းပြန်ထားနိုင်မလားဆိုတာတော့ ဇာတ်လမ်းထဲမှာပဲ လိုက်ပါစီးမျောလိုက်ပါ... အိုဗာအိုက်တင်မပါ အကမပါပဲ စုံထောက်ဆန်ဆန်ဇာတ်လမ်းကြိုက်သူတွေ အကြိုက်တွေ့မယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်... အညွန်းနဲ့ ဘာသာပြန်ကတော့ Lwin Htoo Aung ပဲဖြစ်ပါတယ် File size…1.6GB / 800MB Quality…1080p WEB DLAAC5.1Ch / 720p Format…mp4 Duration….2h 6mins Subtitle….Myanmar Subt Encoder….YK Translated by Lwin Htoo Aung

Comedy • Drama
6.5 2022 126 mins
Pothanur Thabal Nilayam
Falling Down
7.4

နာမည်ကျော်မင်းသားကြီး မိုက်ကယ်ဒေါက်ကလပ်ရဲ့ Gold but Old Crime/ Action ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပြီး မင်းသားကြီးကိုယ်တိုင်က သူသရုပ်ဆောင်ခဲ့သမျှထဲမှာ အကြိုက်ဆုံးလို့ ဆိုထားပါတယ်။ ဝီလီယံဖော်စတာဟာ လောလောလတ်လတ်အလုပ်ထုတ်ခံလိုက်ရတဲ့ ဒုံးကျည်အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှုတွေ၊ ညစ်ပတ်နေတဲ့လမ်းတွေ၊ ရိုင်းစိုင်းတဲ့လူတွေ၊ ကွဲအက်နေတဲ့ ပလက်ဖောင်းတွေက သူ့ရဲ့ မျှခြေမညီတဲ့ အတွေးအခေါ်တွေ၊ခံပြင်းဒေါသတွေနဲ့ ခါးသီးမှုတွေကို ပေါက်ကွဲစေတဲ့ တွန်းအားတွေဖြစ်လာတဲ့အခါ ဝီလီယံတစ်ယောက် ပြစ်မှုတွေကို ဆက်တိုက်ကျူးလွန်မိပုံနဲ့ ထိုခေတ်ထိုအခါက ခေတ်စနစ်ကို ပေါ်လွင်အောင် ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ File Size :(2.1GB)(711MB) and (217MB) Quality : Blu-Ray1080P5.1CH, 720p Format…mp4 Duration…01:53:00 Genre : Action,Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae

Action • Comedy • Fantasy
7.4 1993 113 mins
Falling Down
Moon-young
6.7

စကားမပြောတတ်တဲ့ ကောင်‌မလေး "မွန်ယောင်း" ဟာ မိခင်ဖြစ်သူရဲ့စွန့်ပစ်ခြင်းခံရပြီး အမြဲအရက်မူးနေတဲ့ ဖခင်နဲ့ နေထိုင်နေရသူပါ ။ သူမဟာ လက်ထဲမှာ Camera Recorder လေးတစ်ခုကို အမြဲတမ်းကိုင်ထားပြီး လူတွေရဲ့ မျက်နှာ‌တွေကို တိတ်တဆိတ်မှတ်တမ်းတင်ထားလေ့ရှိတယ် ။ ဖခင်ရဲ့ အရက်မူးသွေးဆိုးမှုတွေကို မခံနိုင်တော့တဲ့အဆုံးမှာတော့ မွန်ယောင်းတစ်ယောက် အိမ်ကနေ ထွက်ပြေးသွားခဲ့ပြီး ကောင်လေးနဲ့လမ်းခွဲခဲ့ရလို့ အသည်းကွဲနေတဲ့ ဂျန်ဟီဆူး ဆိုတဲ့ကောင်မလေးနဲ့ တွေ့ဆုံခဲ့တဲ့အခါ သူတို့နှစ်ယောက် ဘယ်လိုပတ်သက်မှုတွေရှိလာမလဲ? မွန်ယောင်းက ဘယ်လိုအကြောင်းတွေကြောင့်များ လူတွေရဲ့မျက်နှာကို မှတ်တမ်းတင်နေခဲ့ရတာလဲ? ဆိုတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေအပြင် အသက် ၁၀ နှစ်ကွာတဲ့ ကောင်မလေးနှစ်ယောက်ကြားက ပတ်သက်မှုလေးကိုပါ ခံစားကြည့်ရှုနိုင်မှာ ဖြစ်ပါတယ် ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်။ Genre.....Drama, Short Quality….WEB-DL 1080p and 720p File size…955MB and 495MB Format…mp4 Duration….1h 5min Subtitle….Myanmar Subtitle (Hardsub) Translator ..... Hmwe Thet Winn Encoder ..... August

Action • Adventure • Mystery
6.7 2017 64 mins
Moon-young
The Lost City of Z
6.4

လောလောလတ်လတ်ပူပူနွေးနွေးထွက်ထားတဲ့ရုံတင်ကားလေးတကားမိတ်ဆက်ပေးချင်ပါတယ်။ နာမည်ကြီးမင်းသားတွေဖြစ်တဲ့Robert Pattinson, Charlie Junnamတို့အပြင် ကျွန်တော်တို့ရဲ့Spider ManလေးTom Hollandလည်းပါဝင်တဲ့Advanture/Dramaကားလေးတကားဖြစ်ပါတယ်။ ဒီကားလေးဟာ၂၀ရာစုနှစ်အစောပိုင်း၁၉၀၆ခုနှစ်ဗြိတိသျှစူးစမ်းရှာဖွေသူတဦးဖြစ်တဲ့Percy Fawcettဆိုတဲ့သူရဲ့တကယ့်အဖြစ်အပျက်ကိုရိုက်ကူးထားခြင်းဖြစ်ပါတယ်။ Percy Fawcettဆိုတာကဗြိသျှတပ်မတော်ကအရာရှိတဦးဖြစ်တဲ့အပြင်ရှေးဟောင်းသုတေတနပညာရှင်၊ပထဝီပညာရှင်တဦးဖြစ်ပါတယ်။ ၁၈၆၇ခုနှစ်ဖွားအင်္ဂလန်နိုင်ငံသားတဦးပါ။သူ့ဖခင်ဖြစ်သူဟာလည်းRoyal Geographical Society(RGS)အဖွဲ့ဝင်တဦးဖြစ်ပါတယ်။ နောက်ပိုင်းသူဟာလည်းအဲဒီအဖွဲ့ဝင်ဖြစ်လာခဲ့ပြီးတောင်အေမေရိကတိုက် အမေဇုံဒေသကိုနိုင်ငံရေးကိစ္စကြားဝင်စေ့စပ်မှုတခုအတွက်စေလွှတ်ခြင်းခံရသူဖြစ်ပါတယ်။ အဲဒီမှာနယ်မြေတိုင်းတာမှုတွေစစ်တမ်းကောက်ရင်းအမှတ်မထင်တောကြီးမျက်မည်းထဲမှာရှေးလူ့အသုံးအဆောင်ပစ္စည်းတွေကိုတွေ့ရှိခဲ့ပါတယ်။ အဲဒီကစပြီးအဲဒီဒေသမှာပျောက်ဆုံးကွယ်ပျောက်နေတဲ့သူကိုယ်တိုင်Zလို့နာမည်ပေးထားတဲ့ရှေးဟောင်းမြို့ကြီးတမြို့ရှိလိမ့်မယ်လို့ယုံကြည်ခဲ့ပါတယ်။ သူဟာ၁၉၀၆ခုနှစ်ကနေ ၁၉၂၄ခုနှစ်အတွင်းစူးစမ်းရှာဖွေမှု၇ကြိမ်တိုင်တိုင်ကြိုးစားခဲ့ပါတယ်။ တျောက်လျောက်သူလိုချက်တဲ့ရည်မှန်းချက်မအောင်မြင်ခဲ့ပေမယ့်သူလုံးဝစိတ်မပျက်ခဲ့ပါဘူး။ဒါပေမယ့်သက်သေအထောက်အထားတွေတော့ပြနိုင်ခဲ့ပါတယ်။ နောက်ဆုံးတခေါက်၁၉၂၅ခုနှစ်မှာသူ့သားဖြစ်သူJack Percy Fawcettနဲ့အတူတူသွားခဲ့ပြီးတဲ့နောက်မှာတော့သတင်းအစအနပျောက်သွားပါတယ်။ သူတို့ကိုအဲဒီအချိန်ကစပြီးနောက်ထပ်မတွေ့ရတော့ပါဘူး။အဲဒီကိစ္စဟာပဟေဠိတခုလိုဖြစ်နေခဲ့ပါတယ်။ သူတို့အဲဒီမြို့ကိုတွေ့ခဲ့ကြသလား။ဘာတွေဖြစ်ခဲ့ကြလဲဆိုတာတော့သူတို့ကိုယ်တိုင်ပဲသိနိုင်မှာပါ။ ဒီကားလေးဟာလည်း၁၉၀၅ခုနှစ်ကနေစပြီးသူ့ရဲ့ကြိုးစားခဲ့မှုတွေအမေဇုံလိုတောကြီးမျက်မည်းထဲမှာအန္တာရာယ်အမျိုးမျိုးရဲ့ကြားရုန်းကန်ခဲ့ရမှုတွေကိုရိုက်ပြထားတဲ့ကားကောင်းလေးတကားဖြစ်ပါတယ်။ လူတယောက်ရဲ့ဇွဲလုံလ၊အဲဒီခေတ်အခါကရူးသွပ်မှုတွေစွန့်စားမှုတွေကိုမြင်တွေ့ရမှာပါ။ တကယ့်ဖြစ်ရပ်မှန်ဇာတ်ကားအနေနဲ့ဇာတ်ရှိန်အေးအေးလေးနဲ့ဆွဲခေါ်သွားမယ့်ကားလေးဖြစ်ပါတယ်။အေးအေးဆေးဆေးနားနားနေနေကြည့်သင့်တဲ့ကားလေးဖြစ်ပါတယ်။Ratingအနေနဲ့လည်း  6.6/10 ထိရထားတဲ့ကားလေးဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ. ဘာသာပြန်သူကတော့ Thura Zarni Aung ပဲဖြစ်ပါတယ်)

Action • Adventure • Horror • Science Fiction
6.4 2017 141 mins
The Lost City of Z
0.1% World
6.4

0.1% World (2022) 2022 February 14 ရက်နေ့ မှာထွက်ရှိခဲ့တဲ့ တရုတ် Romance ဇာတ်ကားလေးကို နီးကပ်လာပြီဖြစ်တဲ့ Valentine’s Day အတွက် ကြည့်ရှုခံစားလို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကြောင်းအရာကတော့ ကိုယ့်ဘဝထဲက လူတွေအားလုံးရဲ့ 0.1 ရာခိုင်နှုန်းကသာ ကိုယ့်ကို အမှန်တကယ် အလေးအနက်ထားလေ့ရှိတယ် ဆိုတဲ့ အယူအဆအပေါ် ရိုက်ကူးထားတဲ့ ရိုမန့်ဇာတ်ကားလေးပါ။ “အန်းရိ” ဆိုတဲ့ကောင်မလေးက လက်ထောက် Architect တစ်ယောက်ဖြစ်ပြီးတော့ အလုပ်မှာအောင်မြင်မှု မရသေးတဲ့ကောင်မလေးပါ။ အလုပ်ထဲက စီနီယာဖြစ်တဲ့ အစ်ကိုချန်ကို သဘောကျနေပေမဲ့ ဖွင့်မပြောရဲသေးပါဘူး။ တစ်နေ့မှာတော့ ဆိုက်ထဲကိုသွားရင်းနဲ့ မတော်တဆဖြစ်ပြီး ခေါင်းကို ပြင်းပြင်းထန်ထန် ခိုက်မိသွားပါတယ်။ ပြန်နိုးလာတဲ့အခါမှာတော့ သူဟာ မိုင်ပေါင်းများစွာဝေးကွာတဲ့ ဂျာမနီက “ကောင်းအန်း”ဆိုတဲ့ကောင်လေးနဲ့ စိတ်ချင်းဆက်သွားပါတယ်။ သူတို့၂ယောက်က တစ်ချိန်လုံး တစ်ယောက်ပြောတဲ့စကားကို တစ်ယောက်က ကြားနေရပါတယ်။ ဒါ့အပြင် တစ်ယောက်က နှလုံးခုန်နှုန်း အကြိမ်၁၀၀ထက်ကျော်သွားရင်လည်း တစ်ဖက်လူရဲ့ လှုပ်ရှားမှုကိုပါ ထိန်းချုပ်နိုင်ပါတယ်။ အချိန်ကွာခြားချက်ရှိပြီး အသံကိုကြားနေတဲ့ သူတို့နှစ်ယောက်ရဲ့ ကမောက်ကမတွေနဲ့ အတူနေ့နေ့ညညဖြတ်သန်းရာကနေ ချစ်စရာကောင်းပြီး နူးညံ့တဲ့ရိုမန့်တစ် ဇာတ်လမ်းလေးအကြောင်းကို ကြည့်ရှုရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 800MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 1H 28Min Genre – Romance Subtitle – Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Y

6.4 2022
0.1% World
Nobody’s Fool

ဇာတ်လမ်းအကျဥ်းကတော့ Donald Sullivan(Sully) ဆိုတဲ့အဘိုးကြီးက သူ့သူငယ်ချင်းRubအတူ Carl Roebuckရဲ့ဆောက်လုပ်ရေးလုပ်ငန်းမှာအလုပ်လုပ်ပါတယ်။ အလုပ်လုပ်တုန်းကရခဲ့တဲ့ဒူးဒဏ်ရာအတွက်တရားရုံးကတစ်ဆင့်Carlဆီကလျော်ကြေးကိုလည်းခြေထောက်တစ်ဖက်ပဲရှိတဲ့ရှေ့နေသူငယ်ချင်းနဲ့တောင်းကြတာငြင်းခံရတယ်။ သူ့ရဲ့သားPeterတို့မိသားစုကိုပြန်တွေ့တော့ သူ့မိန်းမနဲ့သားကိုထားခဲ့တဲ့Sullyအတွက် မထင်မှတ်ထားတဲ့တာဝန်တွေကိုကြုံလာရပါတော့တယ်။ အဲ့တစ်ချိန်ထဲမှာပဲ သူ့အိမ်ရှင်အမျိုးသမီးBerylရဲ့သားကSullyကိုအိမ်မှာဆက်မထားဖို့ သူ့အမေကိုတွန်းအားပေးတဲ့အခါ Sullyဘယ်လိုဖြေရှင်းမလဲ Carlရဲ့မိန်းမကိုကြုံရင်ကြုံသလိုအီစီကလီလုပ်ရင်း Carlနဲ့တစ်ယောက်တစ်လှည့်ဘယ်လိုအနိုင်ယူကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ကြည့်ရမယ့်ကားလေးပါ ဒီကားလေးကအော်စကာနှစ်ဆုအပြင်တခြားဆုပေါင်းများစွာအတွက်လည်းNominationဝင်ထားပါတယ် ဒီဇာတ်ကားရဲ့Directorနဲ့Screenplayကတော့ Kramer vs. Kramer(1979)နဲ့ ScreenplayရောDirectorရော အော်စကာရခဲ့တဲ့Robert Bentonပါ။ ဒါ့အပြင်Bonnie and Clyde(1967)နဲ့Superman(1978)အတွက်ရောတွဲဖက်ရေးပေးခဲ့ပါသေးတယ်။ Sully အနေနဲ့ကတော့အော်စကာဆုရှင်မင်းသားကြီးPaul Newmanနဲ့ Berylနေရာမှာတော့အော်စကာဆုရှင်မင်းသမီးကြီးJessica Tandy၊ Carlအနေနဲ့ကတော့လူတိုင်းသိတဲ့Bruce Willisကသရုပ်ဆောင်ထားပေးပါတယ်။ Sullyရဲ့သားPeterနေရာမှာတော့Superman & Lois မှာ Sam Laneအနေနဲ့သရုပ်ဆောင်တဲ့ Dylan Walshပါ။ File size…(1.9 GB)/(1.1 GB)/(580 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:52:00 Genre…Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Soe Thiha

Horror • Crime • Thriller
0 1994
Nobody’s Fool
Beans
6.9

Beans (2020) ========== IMDb Rating – 6.9/10 “ကမ္ဘာပေါ်မှာ မျိုးနွယ်တစ်ခုပဲရှိတယ် လူသားမျိုးနွယ်ပါ” တဲ့။ ဒီဇာတ်ကားက တကယ့်သမိုင်းဝင်အဖြစ်အပျက်ပေါ် အခြေခံ ပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းပါ။ ၁၉၉၀ခုနှစ်မှာ Oka မြို့က သူတို့ဂေါက်ကွင်းကိုချဲ့ဖို့အတွက် Mohawk တိုင်းရင်းသားတွေ အထွတ်အမြတ်ထားတဲ့မြေကို ထိဖို့ကြိုးစားပါတယ်။ အဲဒီမှာပဲ ၇၈ရက်ကြာ အရေးအခင်း ဖြစ်ပွားခဲ့တာပါ။ အဲဒီအချိန်တုန်းက ဒီဇာတ်ကားရဲ့ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေး ဆရာဖြစ်တဲ့ Tracey Deer က ၁၂နှစ်အရွယ် Mohawk သူ လေးပါ။ Tracey Deer က ဒီဇာတ်လမ်းကို Meredith Vuch- nich နဲ့အတူ ၂၀၁၂မှာ စရေးခဲ့ပေမဲ့ အရေးအခင်းကာလရဲ့အချိန် တွေကို ပြန်စဉ်းစားရတာက သူ့အတွက် ခက်ခဲလို့ ၇နှစ်တိတိ ကြာပြီးမှ ဒီဇာတ်လမ်းကိုအဆုံးသတ်နိုင်သွားတာပါတဲ့။ ပင်ပန်း ခဲ့ရတာနဲ့တန်အောင်ပဲ ဒီဇာတ်ကားက ဆုပေါင်း၁၅ဆုရရှိထား ပါတယ်။ Oka အရေးအခင်းကာလ အဖြစ်အပျက်တွေ၊ Mohawk တွေရဲ့ တိုက်ပွဲ နဲ့ ဇာတ်လိုက်ဖြစ်တဲ့ ဘင်းစ်ဆိုတဲ့ ဆယ်ကျော်သက်ကောင် မလေးရဲ့ စိတ်ထား၊အကျင့်စရိုက်ပြောင်းလဲမှုတွေကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်) File Size……….(1.52 GB) / (640 MB) / (365 MB) Quality…………WEB-DL 1080p / 720p / 480p Duration………1Hr 32Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….EL Encoder……….SWM

6.9 2020 92 mins
Beans
Choyleefut: Speed of Light
5

တရုတ်ပြည်မှာ ကိုယ်ခံသိုင်းပညာရပ်တွေ အများကြီးရှိတဲ့အထဲကမှ ချွိုင်လီဖတ်ဆိုတဲ့ ကိုယ်ခံပညာအကြောင်းကို ရိုက်ပြထားတာပဲဖြစ်ပါတယ်။ ဒီသိုင်းပညာဟာ တရုတ်ပြည်မှာ အအောင်မြင်ဆုံးဖြစ်ပြီး ကမ္ဘာမှာပါ လူသိများတဲ့ကွန်ဖူးပညာ တစ်ရပ်လည်းဖြစ်ပါတယ်။ ချွိုင်လီဖတ်အကျော်အမော်ညီနောင်နှစ်ပါးထဲက အစ်ကိုဖြစ်သူချန်တိန်းလိုင်ဟာ ကမ္ဘာတစ်လွှားမှာကျောင်းပေါင်းများစွာ ဖွင့်လှစ်ပြီး သိုင်းပညာကို ဖြန့်ဝေလျက်ရှိပါတယ်။ ဒီလိုနဲ့ တရုတ်ပြည်က ပင်မကျောင်းတော်ကြီးကို နိုင်ငံခြားကုမ္ပဏီတစ်ခုက အုပ်စိုးဖို့ကြိုးစားလာပါတော့တယ်။ ဒီမှာတင် အစ်ကိုဖြစ်သူက သဘောတူထားပြီးပေမယ့် သူရဲ့သား ဂီက လက်သင့်မခံဘဲ ပြန်လှန်တွန်းလှန်ဖို့ ကြိုးစားရင်းက ကျောင်းတော်ကြီးရဲ့ကံကြမ္မာကို ပြိုင်ပွဲအဆုံးအဖြတ်နဲ့ စီရင်ဖို့ ဖြစ်လာရပါတော့တယ်…. ကျောင်းကို စီးပွားရေး ကုမ္ပဏီကြီးကပဲ အုပ်စိုးသွားမလား… ဂီနဲ့အတူ အပေါင်းအပါတွေကပဲ ကယ်တင်သွားနိုင်မလား ရှုစားရမှာပဲဖြစ်ပါတယ် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ ) File Size__(2GB) / (1GB) Quality__BluRay_1080p, 720p IMDb Rating__5.0/10 Format__mp4 Duration__01:33:00 Type__Action, Comedy, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt

5 2011
Choyleefut: Speed of Light
Kushi
6.2

Kushi(2023) ဒီနေ့တင်ဆက်ပေးမှာကတော့ အသစ်စက်စက်ထွက်ရှိထားပြီး IMDb 6.2/10 ရရှိထားတဲ့ အချစ်ကားလေးပဲဖြစ်ပြီး မင်းသားနဲ့မင်းသမီးကလည်း နာမည်ကြီးတွေဖြစ်တဲ့ ဗီဂျေးနဲ့ ဆမန်သာတို့ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ဘာသာမဲ့မိသားစုက မွေးဖွားလာတဲ့ သူဌေးသားလေးနဲ့ ဘာသာရေးကိုင်းရှိုင်းတဲ့မိသားစုကမင်းသမီးတို့ရဲ့ အချစ်ဇာတ်လမ်းလေးပါပဲ။ ဇာတ်လမ်းအစမှာ ငွေကြေးပြည့်စုံတဲ့ မင်းသားတစ်ယောက် အတွေ့အကြုံလိုချင်တာသက်သက်နဲ့ နယ်မြေကြမ်းတဲ့ ကတ်ရှ်မီးယားဒေသကို ပြောင်း‌ရွှေ့ပြီး တာဝန်ထမ်းဆောင်ရာက ခရီးရောက်မဆိုက်က်တိုက်ပွဲနဲ့တိုးပြီး ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းခံရပါတော့တယ်။ ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက် ဒုက္ခမျိုးစုံကြားနေနေရင်းက မင်းသမီးကိုတွေ့ပြီး အကြွေကြီးကြွေသွားပါလေရော။ အချစ်ကြီးချစ်မိနေတဲ့ မင်းသားတစ်ယောက် မင်းသမီးနားနေရဖို့ နည်းလမ်းမရွေးကြိုးစားလာရင်း အကြမ်းဖက်တွေလက်ထဲကလည်း ပြေးရ၊ ကလေးတွေလည်းရှာရနဲ့ နှင်းတောင်ပေါ်က အချစ်သူရဲကောင်းကြီးဖြစ်လာတော့တာပါပဲ။ နောက်ဆုံးမှာတော့ တောင်တွေအထပ်ထပ်ကျော်လို့ အတားအဆီးအမျိုးမျိုးဖြတ်လာအပြီးမှာ သူတို့တကယ်တမ်းကျော်ရမယ့်တောင်နှစ်လုံးနဲ့ နဖူးတွေ့ ဒူးတွေ့ တွေ့ရပါတော့တယ်။ အဲ့ဒါကတော့ သူတို့ရဲ့ အဖေတွေပါပဲ။ ဘာသာမဲ့အဖွဲ့အစည်းခေါင်းဆောင်နဲ့ အိန္ဒိယဘာသာရေးခေါင်းဆောင်ဖခင်နှစ်ယောက်ရဲ့ သားသမီးတွေဖြစ်တဲ့ သူတို့ ပန်းသီးပေါတဲ့ဒေသမှာ ပေါက်ဖွားလာတဲ့ အချစ်ပန်းသီးလေးကို ဆက်ထိန်းသိမ်းပြီး ဒီတောင်ကို ကျော်နိုင်မှာလားဆိုတာကိုတော့ ရယ်ရင်းမောရင်း၊ ကတ်ရှ်မီးယားရဲ့အလှတွေကို ခံစားရင်း ကြည့်ရှုနိုင်ဖို့ အညွှန်းကိုတော့ Aditi မှ ရေးသားပြီး CM Bollywood Team မှ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။

Adventure • Horror • Comedy • Family
6.2 2023
Kushi
Nebraska
7.7

သင်အိုမင်းလာပြီး ဇရာထောင်းလာတဲ့အချိန်မှာ သင့်ကိုယ်သင် ဘယ်လိုဖြစ်နေမယ်လို့ထင်ပါသလဲ။ ဒီဇာတ်ကားကတော့ အမေရိကန်မြောက်ပိုင်းဒေသမှာ အသက်အရွယ်ရလာပြီး စိတ်သွားတိုင်းကိုယ်မပါတော့တဲ့ တစ်ယောက်တည်းအထီးကျန် မေတ္တာမပေးတတ်တဲ့ ဘောက်ဆတ်ဆတ်အဖိုးကြီးတစ်ယောက်နေရာကနေ စီးမြောခံစားရမှာပါ။ ဝူဒီဂရန့်ဆိုတဲ့ အဖိုးကြီးဟာ နေထိုင်လာတဲ့တစ်လျှောက်မှာ သားနှစ်ယောက်နဲ့ ဇနီးအပေါ် လင်ဝတ္တရား ဖခင်ဝတ္တရား မကျေပွန်တဲ့ အရက်ဂျိုး ယစ်ထုပ်တစ်ယောက်ပါ။ တစ်နေ့မှာတော့ သူဟာ မဂ္ဂဇင်းစာအုပ်တစ်အုပ်ကနေ သင်ဟာ ဆုကြေးငွေကို ကံထူးပါတယ် ဆိုတဲ့လက်မှတ်တစ်စောင်ကို တွေ့ရှိခဲ့ပြီး အသက်ကြီးပြီး အတိတ်မေ့ချင်ချင်ဖြစ်နေတဲ့ ဝူဒီဟာ သူ့ကိုယ်သူ ဒေါ်လာတစ်သန်းပေါက်တယ်ဆိုပြီး ခံယူလိုက်ပါတော့တယ်။ သူဟာ မိသားစုက ဒေါ်လာတစ်သန်းပေါက်တာ မဟုတ်ကြောင်း ဘယ်လိုပဲရှင်းပြရှင်းပြ ဒီစာရွက်ကိုယူပြီး မွန်တားနားပြည်နယ်ကနေ နဲဗရာစကာပြည်နယ်အထိ ခြေကျင်သွားပြီး ဆုကြေးငွေသွားထုတ်ဖို့ တာဆူနေပါတော့တယ်။ တားမရတဲ့နောက်ဆုံး သားငယ်ဖြစ်သူ ဒေးဗစ်ဟာ အဖေစိတ်ချမ်းသာပါစေဆိုပြီး ကားနဲ့လိုက်ပို့ပါတော့တယ်။ ဒီလိုနဲ့ နဲဗရာစကာသွားတဲ့လမ်းမှာ ဝူဒီငယ်မြို့လေးကို လမ်းကြုံနေတာနဲ့ ဝင်လည်ပါတော့တယ်။ ဒီအချိန်မှာ ဝူဒီတစ်ယောက် ငယ်တုန်းက ဘော်ဒါတစ်ယောက်ဖြစ်တဲ့ ပီဂရင်းကို ဒေါ်လာတစ်သန်း ပေါက်ကြောင်းပြောပြလိုက်တဲ့အချိန်မှာ ဒီသတင်းက တစ်မြို့လုံးကို ပျံ့သွားပါတော့တယ်။ ဒီအချိန်မှာ အသိခေါက်ခက်အဝင်နက်တဲ့ ဝူဒီတစ်ယောက် ဒေါ်လာတစ်သန်း တစ်ကယ်ပေါက်တာမဟုတ်ဘဲ နာမည်ကြီးထမင်းငတ်ဖြစ်နေတဲ့အမှန်တရားကို ဘယ်လိုလက်သင့်ခံရမလဲ၊ သူ့ရဲ့ဆွေမျိုးသားချင်းတွေက ဒေါ်လာတစ်သန်းပေါက်တယ်မှတ်ပြီး သူ့ဆီက ငွေဘယ်လိုတောင်းကြမလဲ၊ သားဖြစ်သူဒေးဗစ်တစ်ယောက် ဒီအချိန်မှာ ယစ်ထုပ်အရှုံးသမားဖြစ်နေတဲ့ ဘယ်တော့မှ မေတ္တာမပေးတဲ့ သူ့အဖေရဲ့ငယ်ရွယ်စဉ်ဘဝကို တဖြည်းဖြည်းနဲ့ သိရှိလာပြီး သားအဖနှစ်ယောက်ကြား ဘယ်လိုနားလည်လာမလဲဆိုတာကို ဆွတ်ပျံ့လွမ်းမောဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.6 GB)/(740 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:55:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

7.7 2013 115 mins
Nebraska
And Yet, You Are So Sweet
6.6

And Yet, You Are So Sweet (2023) ~ IMDb – 6.6/10, MyDramaList – 7.6/10 ~ အထက်တန်းကျောင်း ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်ပြီးတော့ တစ်ဖက်သတ်အချစ်ရှိသူတွေ၊ ဒီလိုဇာတ်လမ်းကို သဘောကျတဲ့သူတွေ ကြည့်သင့်တဲ့ ၂၀၂၃ထွက် ဂျပန်ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ မာယာဆိုတဲ့ ကျောင်းသူလေးက သူသဘောကျနေရတဲ့ Crush ကို ဖွင့်ပြောခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလူက ငကြောင်တစ်ကောင် ဖြစ်နေခဲ့ပြီးတော့ မာယာ့ကို ဆိုးဆိုးရွားရွားငြင်းတဲ့အပြင် SNS မှာပါ ရုပ်ဆိုးမလို့ စာရေးတင်ပြီး အရှက်ခွဲခဲ့ပါတယ်။ ဒီလိုတွေဖြစ်ပြီး နောက်ရက်မှာတော့ ကျောင်းအလာ ရထားပေါ်မှာ သူတို့အတန်းရဲ့ ပျိုတိုင်းကြိုက် ခန့်ချောလေး ချိဂိရနဲ့ဆုံခဲ့ပါတယ်။ ချိဂိရက သူ့ကိုလာကြိုက်တဲ့မိန်းကလေးတွေအပေါ် အေးတိအေးစက်နဲ့ အမြဲငြင်းတတ်တဲ့ကောင်လေးပါ။ အခုအချိန်မှာ မာယာက အသည်းကွဲနေတာမို့ သူ့ကို ချစ်ဟန်ဆောင်ပြီး တစ်ဖက်သတ်အချစ်ဂိမ်းကို ကစားရင်း အရင် Crush ကို မေ့ပစ်ကြည့်ဖို့ ကမ်းလှမ်းလာပါတယ်။ အရင်လူကိုမေ့ဖို့ နောက်လူကို ဟန်ဆောင်အစားထိုးချစ်မဲ့ သူတို့ရဲ့ အချစ်ဂိမ်းက ဘယ်လိုတွေဆက်ဖြစ်သွားမလဲ…။ အချေလေး ချိဂိရကရော ကြေကွဲလူငယ်လေး မာယာကိုမှ ဘာဖြစ်လို့ ဒီလိုလုပ်စေချင်ရတာလဲဆိုတာကိုတော့ ဒီချစ်စရာဇာတ်လမ်းလေးထဲမှာ ဆက်ပြီးကြည့်ရှုနိုင်ပါပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 880MB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 38Min Genre – Romance Subtitle – Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Y

Science Fiction • Drama • Mystery
6.6 2023
And Yet, You Are So Sweet
Aśoka Ashoka the Great
6.6

IMDb Rating (6.6) / Rotten Tomatoes (100%) သမိုင်းမှတ်တမ်းဝင်ဘုရင်တွေထဲမှာ အောင်ပွဲရပြီးနောက် စစ်ကိုစွန့်ပယ်ခဲ့တဲ့ တစ်ဦးတည်းသော စစ်ဘုရင်ဖြစ်သလို ဗုဒ္ဓသာသနာတော်ကို ပြန့်ပွားအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ သီရိဓမ္မာသောကမင်းတဖြစ်လဲ အာသောကမင်းကြီး အကြောင်းကိုရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်လမ်းကြီးဖြစ်ပါတယ်။ မင်းသားကြီး ရှာရွတ်ခန်းနဲ့ မင်းသမီး ကာရီနာကပူးတို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ အချိန်က ခရစ်တော်မပေါ်မီ BC 260 ဝန်းကျင်ကာလတွေဖြစ်ပါတယ်။ အာသောကမင်းဟာ ဗိန္ဓုသာရမင်းနဲ့ ဓမ္မာမိဖုရားတို့ရဲ့သားတော်ဖြစ်ပြီး အိန္ဒိယနိုင်ငံသမိုင်းမှာ ပထမဆုံးသောအင်ပါယာ မောရိယနိုင်ငံတော်ကြီးကိုတည်ထောင်နိုင်ခဲ့တဲ့ စန္ဒဂုတ္တမောရိယ၏ မြေးတော်ဖြစ်ပါတယ်။ဘိုးတော်ရဲ့အင်ပါယာမှာ မသိမ်းပိုက်နိုင်ဘဲ ကျန်ရှိခဲ့တဲ့ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းနဲ့ တောင်ပိုင်းတို့ကို သူ့လက်ထက်မှာ ဆက်လက်သိမ်းပိုက်ဖို့ ကြိုးပမ်းအားထုတ်ခဲ့ပါတယ်… တိုက်ပွဲတိုင်းကို အောင်နိုင်ခဲ့ပေမယ့် အိန္ဒိယအရှေ့ဖက်ကမ်းရှိ ကလိင်္ဂတိုင်း(ယခု အိုရစ်ဆာပြည်နယ်)ကိုဝင်ရောက်တိုက်ခိုက်ရာမှာ ကလိင်္ဂကတိုင်းသားတို့က ရဲရဲဝံ့ဝံ့ပြန်လည်ခုခံတာကြောင့် ခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရပြီး လူပေါင်းများစွာ သေကြေပျက်ဆီးပြီးမှ အောင်နိုင်ခဲ့ပါတယ်။အရာအားလုံးပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ အာသောကမင်းကြီးအနေနဲ့ သူ့ရဲ့အောင်နိုင်မှုတွေဟာ လူသေအလောင်းတွေအပေါ်မှာသာရှိတယ်လို့ ကလိင်္ဂကတိုက်ပွဲမှာ ထိတ်လန့်တကြားမြင်တွေ့သွားတဲ့အခါမှာတော့….ချစ်ခြင်းမေတ္တာနဲ့ လူတွေကိုထွေးပွေ့ဖိုအတွက် စစ်ကိုစွန့်လွှတ်ခဲ့ပါတော့တယ်။ ဒီ့နောက်မှာတော့ သူဟာ ဗုဒ္ဓရဲ့ ဓမ္မဖက်မှာပဲ စိတ်ကိုမြုပ်နှံခဲ့ပြီး လူ့လောကကောင်းကျိုးတွေကို တစိုက်မတ်မတ်ဆောင်ရွက်ခဲ့ပါတယ်…. လူမဆန်တဲ့ တင်းကျပ်လွန်းတဲ့ဥပဒေများကို ဖြေလျှော့ပေးခြင်း..တိရိစ္ဆာန်ဘေးမဲ့ဂေဟာများ ဆောက်လုပ်ပေးခြင်း…လမ်းများဖေါက်ပေးခြင်း.. ဆည်မြောင်းတာတမံများ ဆောက်လုပ်ပေးခြင်း စတဲ့ကောင်းမှုတွေကို တိုင်းသူပြည်သားတို့အတွက် ဆောင်ရွက်ပေးခဲ့ပါတယ်… အထူးခြားဆုံးကတော့ တခြားဘာသာများကိုလည်း လွတ်လပ်စွာကိုးကွယ်ခွင့်ပေးခဲ့ခြင်းဖြစ်ပါတယ်။ နိုင်ငံခြားသို့ ဗုဒ္ဓသာသနာပြုများ စေလွှတ်ခဲ့ပြီး သီဟိုဠ်ကျွန်းမှာဆိုရင် ဗုဒ္ဓသာသနာ အထူးပင် စည်ပင်ဖွံ့ဖြိုးခဲ့ပါတယ်။ ဒါကြောင့်လဲ အသောကမင်းကြီးကို ဗုဒ္ဓမှလွဲလျှင် ဗုဒ္ဓသာသနာကို ကမ္ဘာ့ဘာသာကြီးတစ်ခုဖြစ်အောင် အထိရောက်ဆုံးဆောင်ရွက်နိုင်ခဲ့သူလို့ဆိုကြတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားက အာသောကမင်းကြီးရဲ့ဘဝဇာတ်ကြောင်းကိုတင်ဆက်ထားတာမျိုးမဟုတ်ဘဲ သူ့ရဲ့လမ်း သူ့ရဲ့ဓမ္မကိုသာ နှောင်းလူတို့လျှောက်လှမ်းဖို့အတွက် ဖော်ပြတင်ဆက်ထားတာဖြစ်ပါတယ်။ အာသောကမင်းကြီးရဲ့ ဓမ္မဆိုတာကတော့ မန္တန်ရွတ်ဖတ်ပူဇော်ခြင်းနဲ့ ဘာသာရေးဓလေ့ထုံးတမ်းများကို လိုက်နာခြင်းမျိုးထက် လူ့လောက..လူ့အဖွဲ့အစည်းကို မြှင့်တင်ပေးခြင်းနဲ့လူ့လောကကောင်းကျိုးကိုသာ ဆောင်ရွက်ခြင်းမျိုးဖြစ်ပါတယ်…ဒီအယူအဆတွေကို နေရာအနှံ့နှံ့က သူ့ရဲ့ကျောက်စာတွေမှာ ဖော်ကျူးထားခဲ့တာဖြစ်ပါတယ်။ ကဲ..အာသောကမင်းကြီးရဲ့ဖြစ်တည်မှုကို ဒီရုပ်ရှင်လေးနဲ့ခံစားကြည့်ကြပါစို့။

Horror
6.6 2001
Aśoka Ashoka the Great
Cruel Encounters

ဒီဇာတ်ကားကတော့ မိသားစုအမွေအရှုပ်အရှင်းတွေနဲ့ တစ်ယောက်ကိုတစ်ယောက် ဒုက္ခပေးလိုက် ပြန်ခံရလိုက်နဲ့ လုံးချာလည်နေတဲ့မိသားစုကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းကတော့ ဒေါ်လာဘီလီယံနဲ့ချီပြီးတန်ကြေးရှိတဲ့ကုမ္ပဏီကြီးရဲ့ပိုင်ရှင်ဟာ ကိုယ်ပိုင်လေယာဉ်နဲ့ခရီးသွားတုန်း လေယာဉ်ပျက်ကျပြီး သေဆုံးသွားခဲ့ပါတယ်။ ဒီတော့လဲ ကျန်ခဲ့တဲ့မိသားစုဝင်တွေက ကျန်ခဲ့တာတွေမှန်သမျှကိုမောင်ပိုင်စီးဖို့ကြိုးစားတော့တာပေါ့။ ဒီလိုနဲ့တစ်ယောက်ကိုတစ်ယောက်ချောက်ချလိုက် အရှက်ခွဲလိုက်နဲ့အလုပ်ရှုပ်နေတုန်းမှာ သူတို့မသိသေးတာက လေယာဉ်ပျက်ကျတာက သွေးရိုးသားရိုးမဟုတ်ဘဲ တစ်စုံတစ်ဦးရဲ့ပယောဂကြောင့်ဖြစ်နေတာပါ။ ဒီလိုနဲ့ ထိုသို့လေယာဉ်ပျက်ကျအောင် ဘယ်သူလုပ်ခဲ့တာလဲ, ဘယ်လိုလှည့်ကွက်တွေနဲ့ နောက်ဆုံးမှာ ကုမ္ပဏီကို ဘယ်သူကရသွားမှာလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ကြပါဦး။ File size…(1.5 GB)/(690 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre… Thriller, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero

0 2023
Cruel Encounters
Hard Times
7.2

1975 ခုနှစ်က ထွက်ထားတဲ့ ဟောင်းပေမယ့်ကောင်းနေဆဲ Action/Sport အမျိုးအစားဇာတ်ကားတစ်ကားပါ ဘယ်ကလာပြီး ဘယ်ကိုသွားမယ်မှန်းမသိရတဲ့ လူထူးဆန်းတစ်ယောက်နဲ့ လမ်းဘေး Boxing ပွဲတွေမှာ ဖျံကျပြီး အသက်မွေးဝမ်းကြောင်းပြုနေတဲ့ လောင်းကစားသမားတစ်ယောက်တွေ့ပြီး ဘာတွေဆက်ဖြစ်မလဲကြည့်ရမှာပါ အပိုအလိုလည်းမရှိ Brutal လည်းဖြစ်တဲ့ fighting scence တွေက ဒီဇာတ်ကားကိုပိုပြီး ထူးခြားစေတဲ့အပြင် အရင်ခေါတ်က မင်းသားကြီးတွေရဲ့ ကောင်းမွန်တဲ့သရုပ်ဆောင်မှုတွေကလည်း အံ့မခန်းပါပဲ Fighting ကားလည်းကြိုက်တယ် ဘောလိဝုဒ်ကားတွေလို အလွန်အကျွံကြီးလည်းမကြိုက်ဘူး သဘာဝကျကျလေးလည်းကြည့်ချင်တယ်ဆိုရင် ဒီကားကသေချာပေါက်လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ File size… 2 GB / 649 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Crime, Drama, Sport Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Aries

Horror • Thriller
7.2 1975 93 mins
Hard Times