YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Remp-it.2.2022.720p.AMZN.WEB-DL.DDP5.1.CM.mp4

969.88 MB 720p video/mp4 355 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Nymphomaniac: Vol. II
6.8

Rating အမြင့်တွေ၊ ဝေဖန်ချက်ကောင်းတွေချည် းရထားတဲ့ Adult Art flim တစ်ခု ဖြစ်ပြီး နာမည်ကျော်ဒါရိုက်တာ Lars Von Trier ရဲ့ အကောင်းဆုံး လက်ရာ‌တွေထဲက တစ်ကားဖြစ်ပြီး ရှည်လွန်းလို့ နှစ်ကား ခွဲထားရတဲ့ Nymphomaniac Vol-1 ပထမကားရဲ့ အဆက် Volume 2 ပါ။ Volume 1 နောက်ဆုံးမှာ လိင်ပိုင်းဆိုင်ရာ အာရုံခံစားမှုတွေ ပျောက်သွားတဲ့ ကာမစိတ်လွန်ကဲနေတဲ့ ဂျိုးတစ်ယောက် သူ့ရဲ့ ကာမခံစားမှုတွေနဲ့ orgasm ကို ပြန်ရဖို့အတွက် အားသွန်ခွန်စိုက် ကြိုးစားရင်း ဖြစ်လာခဲ့တဲ့ စိတ်ဝင်စားဖွယ်ရာ ဖြစ်ရပ်တွေ၊ ခံစားချက်တွေကို အဘိုးကြီးကို ပြန်ပြောင်းပြောရင်း ရင်ဖွင့်လိုက်ပါတယ်။ သိုင်းချတဲ့အခန်းတွေတော့ အများကြီးမပါတော့ပေမဲ့ ဇာတ်လမ်းကတော့ အရမ်းကိုကောင်းသထက်ကောင်းရင်း ပြီးသွားတဲ့အထိကို ဇာတ်ရှိန်ကျမသွားတဲ့ တကယ်ကိုကောင်းမွန်တဲ့ Art Film တစ်ခုပါပဲ။ ဂျိုးနဲ့အဘိုးကြီးရဲ့စကားဝိုင်းကလည်း တချိန်လုံးနီးပါး စကားလုံးအမြင့်တွေကိုပဲ သုံးထားပြီး လူ့အသိုင်းအဝိုင်းက သတ်မှတ်ထားတဲ့ စံတွေကို ချိုးဖောက်တဲ့ အယူအဆတွေ၊ ရှုထောင့်တွေကို သေသေသပ်သပ် ထည့်သွင်းနိုင်တာကလည်း ဇာတ်လမ်းကို ပိုတောင်ကြွသွားစေပါတယ်။ နာမည်ကျော်မင်းသားကြီး William Dafoe တောင်မှ scene နှစ်ခုလောက် ပါဝင်အားဖြည့်ထားပါတယ်။ ခံစားချက်အမျိုးမျိုးကို ပေးစွမ်းနိုင်တဲ့ သိပ်ကောင်းတဲ့ 21+ကားလေးကိုတော့ လက်လွှတ်မခံဘဲကြည့်ရှုလိုက်ပါတော့။ File Size          : 4.3GB, 1.2GB,495MB Quality            : 1080p Blu-ray AC3 5.1CH, 720p Blu-ray, 480p Format            : mp4, mkv Duration         : 2hr & 4mins Genre              : Adult, Drama Translated by 333 Encoded by DevilDad

Drama • Romance
6.8 2013 124 mins
Nymphomaniac: Vol. II
The Little Things
6.3

စိတ္တဇလူသတ်သမား တစ်ယောက်ကို အတူတူလိုက်ရှာလိုက်ကြပါစို့။ ဒန်ဇယ်ဝါရှင်တန်ရဲ့ ဝါရင့် သွေးအေး စုံထောက် ဟောင်းကြီးစတိုင်၊ ရာမီမာလက်ရဲ့ ထက်မြက်တဲ့ လူငယ်စုံထောက်စတိုင်၊ ဂျာရက်လယ်တိုရဲ့ အေးစက်စက် နဲ့ တရားခံ လိုလို တရားမခံလိုလို ပဟေဠိတွေနဲ့ ငြိမ့်ငြိမ့်လေး ကြည့်ရမယ့် ရုပ်ရှင်ပါပဲ။ ဒိခ် ဒီကန်ဟာ နာမည်ကျော်စုံထောက်ကြီး ဘဝကနေ နယ်မြို့လေးက ရဲအဖြစ် ပြောင်းသွားခဲ့တဲ့သူ၊ သူ့နေရာကို ဝင်လာတဲ့ ဂျင်မီကတော့ ထက်မြက်ပြီး လူကြိုက် များတဲ့ စုံထောက်တစ်ယောက်၊ သူတို့ ၂ ယောက်ရဲ့ အမှုတွေဟာ လူတစ်ယောက်ထဲက ကျူးလွန်သလို တိုက်ဆိုင်နေတဲ့အခါ၊ ဘာသဲလွန်စမှ ရှာမရဘဲ မိန်းကလေးငယ် ၆ ယောက်လောက် ဆက်တိုက် သေဆုံးလာတဲ့အခါ စုံထောက်ဟောင်းနဲ့စုံထောက် သစ်တို့ပေါင်းပြီး တရားခံကို ခြေရာကောက်ကြတာကို စိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းပါ။ (ဒီဇာတ်လမ်းရဲ့ အညွှန်း နဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Littleneo ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip Duration - 2h 7min Subtitle – Myanmar Hardsub Format – Mp4 Genre : Crime, Drama, Thriller Source : 1080p.WebRip Translator – Littleneo Encoder – SWM

Comedy • Drama • Romance
6.3 2021 128 mins
The Little Things
The Lodge
6.1

ဟော်ရာ ရုပ်ရှင်အသစ်လေး ကြည့်ရအောင်။ IT ရုပ်ရှင်ထဲက ကလေးသရုပ်ဆောင်လေးလည်း ပါပါတယ်။ ဇာတ်လမ်းအကျဉ်း - သားတစ်ယောက် သမီး ၁ ယောက် ရှိတဲ့ လင်မယား ၂ ယောက်ဟာ ကွာရှင်းဖို့အကြောင်းဖန်လာပါတယ်။ ခင်ပွန်းဖြစ်သူက နောက်မိန်းမလည်း ယူတော့မယ့် အခြေအနေမှာ မိန်းမဖြစ်သူဟာ သူ့ကိုယ်သူ သတ်သေသွားခဲ့တယ်။ နောက်မိန်းမကလည်း ငယ်ငယ်တုန်းက တစ်မိသားစုလုံး ဘာသာရေးအစွန်းရောက်ပြီး သတ်သေသွားခဲ့တဲ့ မိသားစုရဲ့ တစ်ဦးတည်းကျန်ခဲ့တဲ့သူပါ။ အဲဒီနောက်မှာတော့ ခရစ္စမတ်အတွက် တောင်ကုန်းတွေပေါ်က အိမ်ကလေးတစ်လုံးမှာ ကလေး ၂ ယောက်ရယ် မိထွေးလောင်းရယ် အချိန်အတူကုန်ဆုံးဖို့ ကြုံလာခဲ့တယ်။ အဲဒီနောက်မှာတော့ သရဲလေလား၊ လူလေလား၊ ဘယ်သူက သေပြီးဘယ်သူက ရှင်နေတာလဲဆိုတော့ ပဟေဠိတွေနဲ့ ကြောက်စရာတွေ ကြုံလာရပါတော့တယ်။ File Size : ( 1 GB , 314 MB) Quality : WEBRip 720p Running Time : 1 hr 48 min Format : Mp4 Genre : Drama , Horror , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Little Neo Encoded by Moe Myint Lwin

Comedy • Drama
6.1 2020 108 mins
The Lodge
She’s Dating the Gangster
7

She is Dating the Gangster IMDb 7/10 Romance and Drama “ကျွန်တော်သာ သင်္ဘောတစ်စင်းဆို သူမက ကျွန်တော်ရဲ့ကျောက်စူးလေးပါပဲ” လို့ပြောခဲ့တဲ့ ဒန်နီရယ်နဲ့ သူအရမ်းချစ်ရတဲ့အမျိုးသမီးလေး ကတ်သရင်းတို့ကို လူတိုင်းသိကြမယ်ထင်ပါတယ်။ နာမည်ကျော်ဖိလစ်ပိုင်အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ သူတို့အတွဲလေးဟာ ယခုဆိုရင် ရည်းစားသက်တမ်း ၁၀ နှစ်ကျော်ထဲကို ရောက်ရှိနေခဲ့ပြီဖြစ်ကာ အရှေ့တောင်အာရှကလူတိုင်း ချစ်ခင်နှစ်သက်ကြတဲ့ နာမည်ကျော်အနုပညာရှင်စုံတွဲလေးဖြစ်ပါတယ်။ သူတို့စုံတွဲလေးဟာ အလွန်အောင်မြင်တဲ့ စီးရီးနဲ့ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို အတူတူတွဲရိုက်ကူးခဲ့ပြီး သရုပ်ဆောင်ကောင်းသလို အရိုခန်း အငိုခန်းတွေမှာ လိုက်ဖက်လွန်းတာကြောင့် လူကြိုက်များခဲ့ပါတယ်။ ယခုတင်ဆက်ပေးသွားမှာကတော့ ၂၀၁၄ ခုနှစ်မှာထွက်ရှိခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့အချစ်ဒရမ်မာဇာတ်ကားလေး She’s Dating the Gangster ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့… မိခင်ဆုံးပါးသွားတည်းက ဖခင်ဖြစ်သူကို စိတ်နာနေတဲ့ ကန်းနက်ဆိုတဲ့ကောင်လေးဟာ သူ့မိခင်ရဲ့သေဆုံးမှုဟာ သူ့ဖခင်ရဲ့စနက်မကင်းဘူးလို့ထင်မြင်နေတာလည်းဖြစ်ပါတယ်။ သူ့မိခင်နဲ့ဖခင်တို့ အတိတ်သမိုင်းကြောင်းကို သိချင်လို့ပြန်လည်တူးဖော်ရင်း ဘယ်လိုအခြေအနေမျိုး၊ ဘယ်လိုအကြောင်းအရာမျိုးတွေ သိရှိလာမယ်၊ သူ့အဖေက ဘာလို့ရယ်ရယ်ပြုံးပြုံးမရှိတော့တာလဲဆိုတာရယ်၊ ဘာကြောင့် သူ့အမေဆုံးပါးသွားရတာတွေကို သူ့အဖေကြောင့်လို့ သူထင်နေလဲ၊ သူ့အဖေကရော ဘာတွေမှားခဲ့တာလဲဆိုတာကို ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းလေးနဲ့ ငြိမ့်ငြိမ့်လေးကြည့်ရှုရမယ့် ဖိလစ်ပိုင်အချစ်ဒရမ်မာဇာတ်လမ်းလေးဖြစ်ပါတယ်။ Tele Link ကနေပဲကြည့်တတ်တယ်ဆိုရင် https://t.me/Myname2021hakak/42 မှာဝင်ကြည့်ပါ။720p HD ကို တင်ပေးထားပါတယ်။ File size…(3.2 GB)/(1.2 GB) Quality…WEB-DL AMZ 1080p / 720p Format…mp4 Duration….01:53:22 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by San Thu Aung

Action • Drama
7 2014
She’s Dating the Gangster
Of Mice and Men
7.5

Of Mice and Men (1992) ~ IMDb – 7.5/10, Rotten Tomatoes – 97% ~ အမေရိကန်စာရေးဆရာကြီး ဂျွန်စတိုင်းဘတ် (John Steinbeck) ရဲ့ ကမ္ဘာကျော်ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ Of Mice and Men ကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ ရှေးတစ်ခေတ်က အမေရိကန်ကျောမွဲလယ်လုပ်သားတွေရဲ့ဘဝကို ပုံဖော်ထင်ဟပ်ထားတဲ့ဇာတ်လမ်းပါပဲ။ ကျွန်တော်တို့ဆီမှာလည်း လယ်ပိုင်နွားပိုင်မရှိတဲ့ စာရင်းငှား(သူရင်းငှား) လယ်ကူလီလို့ခေါ်ကြတဲ့ လူတန်းစား ရှိတာပါပဲ။ ၁၉၂၀ ဝန်းကျင်လောက်က အမေရိကန်နိုင်ငံမှာလည်း ကိုယ်ပိုင်မြေမရှိ၊ အနာဂတ်မရှိ လယ်တောခြံတစ်ခုကနေတစ်ခု ပြောင်းရွှေ့ပြီး အလုပ်လုပ်ကြရတဲ့ လယ်လုပ်သားတွေ ရှိခဲ့ပါတယ်။ ဂျော့ နဲ့ လန်နီ တို့ဟာ အဲဒီလို ရွှေ့ပြောင်းလယ်လုပ်သားနှစ်ယောက်ပါ။ ဂျော့ က ပညာမတတ်ပေမယ့် ထက်ထက်မြက်မြက်ရှိသူတစ်ယောက်။ လန်နီကတော့… လန်နီကတော့ ထွားကျိုင်းသန်စွမ်းလှတဲ့သူဖြစ်ပေမယ့် ပြောရရင် ဦးနှောက်ဖွံ့ဖြိုးမှုအားနည်းတယ် လို့ ဆိုရမလား၊ ကျပ်မပြည့်ဘူးလို့ပဲ မညှာမတာပြောရမလား အဲလိုလူတစ်ယောက်ပါ။ လန်နီဟာ ပင်ကိုယ်စိတ်ရင်းက ကလေးတစ်ယောက်လို အလွန်နူးညံ့ပါတယ်။ လှလှပပ ချောချောမွေ့မွေ့အရာလေးတွေ ဥပမာ – ကတ္တီပါစလိုဟာလေးတွေ၊ အဝတ်လှလှလေးတွေ၊ ကြောင်ကလေး ခွေးကလေးတွေရဲ့ အမွေးလေးတွေကိုတွေ့ရင် သူက ယုယုယယ ပွတ်သပ်ပေးနေချင်တာ။ ဒါပေမဲ့ သူ့ခွန်အားကို သူက မထိန်းသိမ်းတတ်တော့ ဘာကောင်မှ သူ့လက်ထဲကြာကြာမခံဘူး။ အဲဒီအကျင့်ကြောင့်လည်း ဘယ်အလုပ်ထဲမှာမှ မမြဲဘဲ ပြေးခဲ့ကြရပေါင်းလည်း များလှပြီ။ ( ဥပမာ – ကောင်မလေးတစ်ယောက် ဝတ်ထားတဲ့ ဝတ်စုံလှလှလေးကို သွားပြီး ကိုင်ကြည့်မိလို့ ကောင်မလေးက သူ့ကို မုဒိန်းကျင့်ဖို့ကြံစည်တယ်ထင်ပြီးအော်ပါလေရော။ လူတွေက လိုက်ဖမ်းကြတော့ သူတို့နှစ်ယောက် အသက်လုပြီး ထွက်ပြေးရတာမျိုးပေါ့ ) နောက်ပြီး သူက မှတ်ဉာဏ်ကလည်း မကောင်းတော့ ဘာပဲဖြစ်ဖြစ် အကုန်မေ့သွားတာပဲ။ သူမမေ့တာဆိုလို့ တစ်ခုပဲရှိတယ်။ အဲဒါက ဘာလဲဆိုတော့… လန်နီ နဲ့ ဂျော့တို့မှာ အိပ်မက်တစ်ခုရှိတယ်။ တစ်နေ့ကျရင် သူတို့နှစ်ယောက် ကိုယ်ပိုင်မြေတစ်ကွက် ဝယ်ကြမယ်။ အဲဒီမြေပေါ်မှာ သူတို့ နေမယ့်အိမ်ကလေးတစ်လုံးရှိမယ်။ နွားတွေ ဝက်တွေ ကြက်တွေ မွေးကြမယ်။ လန်နီကတော့ ယုန်လေးတွေမွေးမယ် တဲ့။ ယုန်လေးတွေကို သူပဲ ထိန်းမှာတဲ့။ အဲဒီအကြောင်းတွေကို ဂျော့က လန်နီ့ကို အိပ်ယာဝင်ပုံပြင်လို မကြာခဏပြောပြရလေ့ရှိပါတယ်။ သူ မပြောချင်လည်း လန်နီက သတိရတိုင်းပြောခိုင်းတာပဲ။ ဒီဇာတ်ကားကိုရိုက်ကူးခဲ့တဲ့ မူရင်းဝတ္ထု ထွက်ရှိခဲ့တဲ့ အချိန်တုန်းက ဝတ္ထုထဲမှာ စကားလုံးအသုံးအနှုန်းတွေက ကြမ်းတမ်းလို့၊ လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းတွေပါလို့ဆိုပြီး အမေရိကန်နိုင်ငံက စာကြည့်တိုက်တွေ ကျောင်းတွေမှာ ပိတ်ပင်ခံခဲ့ရပါသတဲ့။ ဆင်ဆာအထိဆုံးစာအုပ်တစ်ရာ စာရင်းတွေထဲမှာလည်း မကြာခဏ ပါနေခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ တကယ်တော့ စာရေးဆရာက အမေရိကန်ကျေးလက်လူတန်းစားရဲ့ အငွေ့အသက်ကို အရှိအတိုင်း ပုံဖော်ထားတဲ့အတွက် အဲဒီလိုစကားလုံးတွေ ပါနေတာလို့ပဲ ယူဆပါတယ်။ ဇာတ်ကားထဲမှာလည်း အဲဒီစရိုက်က ပီပြင်ပါတယ်။ ဘာပဲပြောပြော အဆဲကလေးနဲ့ပြောတာမျိုး၊ သဒ္ဒါမမှန်တဲ့ စကားပြောတွေ၊ အနှိမ်ခံရတဲ့ လူမည်းတစ်ယောက်ရဲ့ ရင်ပွင့်စကား(ရင်ဖွင့်မဟုတ်)တွေ စသဖြင့်…။ ဒီဝတ္ထုကို ကျွန်တော်တို့ဆီက စာရေးဆရာ၊ ကဗျာဆရာ # ပိုင်သ က “တို့ပိုင်တဲ့မြေ” ဆိုတဲ့နာမည်နဲ့ ဘာသာပြန်ဖူးကြောင်း သိရပါတယ်။ ဗီဒီယိုရိုက်ဖို့လည်း ကြိုးစားဖူးပါသတဲ့။ ဆင်ဆာအဖွဲ့က ဒီဇာတ်လမ်းကို ရိုက်ခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။ ဝတ္ထုတစ်ပုဒ်ကို ရုပ်ရှင်ရိုက်တဲ့အခါ ပျက်သွားတာများပါတယ်။ ဒီတစ်ခုကတော့ ဝတ္ထုနဲ့ရုပ်ရှင်နှစ်ခုလုံးက ပေးစွမ်းနိုင်တဲ့ ခံစားမှု အရသာချင်း ထပ်တူနီးပါး ရနိုင်မှာပါ။ ဝေဖန်ရေးဆရာတွေရော ပရိသတ်တွေကပါ အားပေးချီးကျူးမှုများစွာ ရခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါကြောင်း။ (ဒီဇာတ်ကားနဲ့အညွှန်းကို Thaman Myint မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 880MB Quality – 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 55Min Genre – Drama, Western Subtitle – Myanmar Subtitle (Hardsub) Translated by Thaman Myint Encoded by Y

Drama
7.5 1992
Of Mice and Men
Balada Si Roy
7.4

Balada Si Roy (2023) ******************* လောကဓံရဲ့အနိမ့်အမြင့်အခက်အခဲတွေကို အလူးအလဲခံနေရပေမဲ့ မလျော့သောစိတ်ဓာတ်ခွန်အားတွေနဲ့အတူ မတရားဘက်တော်သားတွေကို မကြောက်မရွံ့ပြန်တိုက်ခိုက်ရဲတဲ့ ရွိုက် (Roy) ဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ဘဝကို ပုံဖော်ရိုက်ကူးတာတဲ့ အင်ဒိုနီးရှားဇာတ်ကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်.. ရွိုက် (Roy) ဟာ ဘဝကို ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်စွာဖြတ်သန်းနေတဲ့ ဆယ်ကျော်သက်ကျောင်းသားလေးတစ်ယောက်ဖြစ်ပြီး သူ့မှာ အရမ်းချစ်ရတဲ့ဆိုးတူကောင်းဖက်ရှိနေပေးတဲ့ ဂျိုး (Joe) လို့ခေါ်တဲ့ခွေးလေးတစ်ကောင်ရှိပါတယ် … နိုင်ငံရေးလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ သူ့အဖေဆုံးသွားပြီးနောက်ပိုင်းမှာ ရွိုက် (Roy) နဲ့သူ့အမေဟာ ဆန်ရန်ဆိုတဲ့မြို့ကို ပြောင်းရွေ့လာခဲ့ပါတယ်.. ဆန်ရန်အထက်တန်းကျောင်းမှာသာမက ဆန်ရန်မြို့မှာပါ ဗိုလ်ကျနေတဲ့ အကြီးအကဲတစ်ဦးရဲ့သား ဒူလန် (Dullah) နဲ့ ရွိုက် (Roy) တို့ဟာ ပြဿနာတစ်ခုဖြစ်ပွါးရာမှ ရွိုက် (Roy) ဟာ သူ့အချစ်ဆုံးခွေးလေး ဂျိူး (Joe) ကို ဆုံးရှုံးခဲ့ရပါတယ်.. မိသားစုရဲ့အုတ်တံတိုင်းဖြစ်တဲ့ဖခင်ကိုဆုံးရှုံးထားရတဲ့အပြင် ဆိုးတူကောင်းဖက်ခွေးလေးကိုပါ လက်လွှတ်လိုက်ရတဲ့ ရွိုက်(Roy) တစ်ယောက် ဘယ်လိုနာကျည်းချက်တွေနဲ့ ပြန်လည်တုံ့ပြန်မလဲ…… သူ့အဖေကရော ဘာအတွက်ကြောင့် အသက်ဆုံးရှုံးခဲ့ရသလဲ…… ဆန်ရန်မြို့ရဲ့ နောက်ကွယ်မှာရော ဘယ်လိုအကြောင်းတရားတွေရှိနေသလဲ……. .ဆိုတာကို ဇာတ်ကားထဲမှာ ရှာဖွေကြည့်လိုက်ရအောင်နော်…. File Size : 2.2GB, 921MB Quality : WEB-DL 1080p, 720p Format : mp4 Duration : 1hr 49mins Genre : Romance, Drama , Action Translated by Thinn Thinzar Encoded by Phyo Pyae

7.4 2023 109 mins
Balada Si Roy
Liverleaf
6.2

Liverleaf (2018) ~ Sound Error FIXED!!! ~ ကျောင်းတွင်းအနိုင်ကျင့်မှုတွေကို ပြန်ကလဲ့စားချေတဲ့ ဇာတ်ကားကို ကြည့်ဖို့ရှာနေတယ်ဆိုရင်တော့ ဒီကားကို မြည်းစမ်းကြည့်သင့်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့… “နိုဇကိ ဟရုက”ဆိုတဲ့ ကျောင်းသူလေးက သူ့အဖေရဲ့အလုပ်ကြောင့် တိုကျိုကနေ အရမ်းအေးတဲ့ နယ်မြို့တစ်မြို့ကို ရွှေ့ပြောင်းလာခဲ့ရပါတယ်။ မကြာခင်မှာ အလယ်တန်းအောင်တော့မှာဖြစ်ပြီး သူလည်းကြိုးစားနေထိုင်နေပါတယ်။ ဒါပေမဲ့ ကလေးအချင်းချင်းကြား အထင်လွဲမှုတွေဖြစ်ပြီး အတန်းတွင်းလူဆိုးအုပ်စုရဲ့ ပစ်မှတ်က သူဖြစ်လာပါတယ်။ ကျောင်းပြီးချင်စိတ်နဲ့ သည်းခံလာခဲ့ပေမဲ့ တစ်နေ့မှာ နိုဇကိရဲ့အိမ်ကို Bully ကောင်တွေက ဓာတ်ဆီလောင်းပြီးတော့ပါ မီးရှို့လိုက်ကြပါတယ်။ ဒီဖြစ်ရပ်ကြောင့် ဟရုကရဲ့ မိဘနှစ်ပါးလုံး အရှင်လတ်လတ် မီးလောင်သေဆုံးသွားရပြီး ညီမလေးဖြစ်သူကလည်း တစ်ကိုယ်လုံး မီးလောင်ဒဏ်ရာနဲ့ အမြဲဆေးကုသနေရပါတယ်။ အမြဲသည်းခံလာခဲ့တဲ့ ဟရုကတစ်ယောက် ပြင်းထန်တဲ့ရိုက်ခတ်မှုတွေအပြီးမှာ သူ့မိသားစုကို သတ်ခဲ့ကြတဲ့လူတွေကို ဘယ်လိုပြန်ပြီး ကလဲ့စားချေ တုန့်ပြန်သတ်ဖြတ်မလဲဆိုတာကို ဒီ Psychological, Thriller, Murder ဇာတ်ကားထဲမှာ ကြည့်ရှုရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 970MB Quality – 1080p, 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 54Min Genre – Horror Subtitle – Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Y

6.2 2018 114 mins
Liverleaf
Perfume: The Story of a Murderer
7.5

Paddington၊ Skyfall၊ No time to die၊ Layler Cake၊The Hollow Crown၊ In the Heart of the Seaတို့ရဲ့မင်းသား Ben Whishaw ကို main character ထားပြီး ဇာတ်လမ်းကို Thriller/Fantasy ပုံစံလေး သွားထားပါတယ်။ ဒါ့အပြင် Harry Potterထဲက Professor Severus Snape ဖြစ်တဲ့ Alan Rickman ကပါ ဇာတ်လမ်းကို ပဲ့ထိန်းမောင်းနှင်ထားပါတယ်။ ဒါတင်မကသေးပါဘူး Dustin Hoffmanနဲ့ Karoline Herfurthတို့နှင့် တခြားသော သရုပ်ဆောင်ပေါင်းများစွာနဲ့ ဇာတ်ကောင်တွေဖြင့် ပြည့်ပြည့်စုံစုံ ဇာတ်အိမ်တည်ထားပါတယ်။ ကျွန်တော်တို့ Horror ရုပ်ရှင်တွေကို ကြည့်ကြည့်မယ်ဆိုရင် လူတွေကို သတ်ပြီး ဖယောင်းသွင်းတာ ရှိမယ်၊လူ ၃ယောက်ကို ဆက်ပြီး ကင်းခြေများ လုပ်တာ ရှိတယ်၊ လူသားကို ပေါက်စီထဲ ထည့်ပြီး စားတာ ရှိမယ်၊ steak အဖြစ်နဲ့ medium rare လေး ချက်စားကြတာမျိုး ရုပ်ရှင်တွေ ရှိပါတယ်။ ဒါပေမယ့် လူတွေကိုသတ်ဖြတ်ပြီး ရေမွှေးလုပ်တာတော့ မရှိသေးပါဘူး။ ဒီအတွက်ကြောင့် ဦးဦးဖျားဖျားလေးဖြစ်အောင် လူသတ်ပြီး ရေမွှေးလုပ်ဆွတ်တဲ့ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးကို ပဲရစ်မြို့ ၁၇၃၈-၁၇၆၇ ကာလကို ဇာတ်အိမ်တည်ထားပါတယ်။ ဂျင်းဗတ္တိစ်ဂရန်နျူရီက ပဲရစ်မြို့ ငါးစိမ်းတန်းမှာ မွေးဖွားခဲ့တဲ့ အနံ့ခံကောင်းတဲ့ ပါရမီရှင်လေးပါ။ သူ့ရဲ့ပါရမီက ဘုရားက အပ်နှင်းတဲ့ လက်ဆောင်လို့ပဲဆိုရမလား ကျိန်စာလို့ပဲဆိုရမလား၊ သူရဲ့ အနံ့ခံပါရမီကြောင့် မွေးမွေးချင်းမှာတင် သူ့အမေက ကြိုးစင်ပေါ်တက်လိုက်ရပါတယ်။ ဒီလိုနဲ့ မိဘမဲ့ဂေဟာ ရောက်သွားပြီး ထိုကနေမှတဆင့် စက်ရုံတစ်ခုမှာ ကျွန်အဖြစ်ရောင်းစားခံလိုက်ရပါတယ်။ ဂရင်းမဲ သားရေသန့်စင်စက်ရုံမှာ အလုပ်လုပ်ရင်း မြို့ထဲမှာ ပစ္စည်းသွားပို့နေတုန်း အလွန်တရာကို ထူးခြားတဲ့ အနံတစ်ခုကို ရလိုက်ပါတော့တယ်။ ထိုအနံ့ကတော့ မိန်းကလေး တစ်ယောက်ကို သတ်လိုက်ပြီး ထွက်ပေါ်လာတဲ့ အနံ့ပဲဖြစ်ပါတယ်။ ဒီလိုနဲ့ မိန်းကလေးတွေကို သတ်ပြီး ရတဲ့အနံ့ကို အလွန်စွဲလန်းသွားပြီး ရေမွှေးလုပ်ဆွတ်ဖို့အတွက် ကြိုးစားပါတော့တယ်။ သူ ဘယ်လို မိန်းကလေးတွေကို သတ်မလဲ၊ ရေမွှေးကို ဘယ်လိုဖန်တီးမလဲ၊ သူရဲ့ ရက်စက်လှတဲ့ လူသတ်မှုတွေကနေ မိန်းကလေးတွေ လွတ်မြောက်နိုင်ပါ့မလား၊ သူရဲ့လုပ်ရပ်အတွက်ရော သူအပြစ်ပေးခံရမှာလားဆိုတာကို ရင်တထိပ်ထိပ်နဲ့ ဇာတ်လမ်းဦးစားပေးအနေနဲ့ကြည့်ရှု့ရမှာ ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(2.3 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:27:00 Genre…Crime, Fantasy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

7.5 2006
Perfume: The Story of a Murderer
Babu
6.7

Babu (2024) “ဘာဘူ” မာရသီစကားပြော ရိုမန့်တစ် အက်ရှင်ဇာတ်လမ်းလေးကို တင်ဆက်လိုက်ပါတယ် တစ်ခါတုန်းက နယ်တစ်နယ်မှာ တရားမဝင်လုပ်ငန်းတွေခွင့်ပြုတဲ့ ခရိုင်မှူးတစ်ယောက်ရှိပြီး သူ့ကိုဆန့်ကျင်တဲ့လူတွေထဲမှာ ချာရူဆိုတဲ့ ရဲရင့်လှပတဲ့ ကောင်မလေးလည်း အပါအဝင်ပါ ခရိုင်မှူးရဲ့သားက သတ္တိခဲမလေး ချာရူကိုမှ သဘောကျသွားခဲ့ပြီး အချစ်ဇာတ်လမ်းတစ်ခု ဖြစ်လာခဲ့တယ် ခရိုင်မှူးကို ထောက်ခံတဲ့လူတစ်ယောက်က သတင်းပေးလိုက်တဲ့အခါမှာတော့ ခရိုင်မှူးက သူ့သားနဲ့ ချာရူတိုရဲ့ ချစ်ခြင်းကိုခွဲခဲ့ပြီး ချာရူရဲ့အဖေကလည်း ထူးဆန်းစွာနဲ့ သေဆုံးသွားတဲ့အခါမှာ ဘယ်လို လက်စားချေဇာတ်လမ်းတစ်ပုဒ် ဖြစ်လာမှာလဲ ခံစားကြည့်ရှုလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Drama • Comedy
6.7 2024 139 mins
Babu
Unknown Soldier

Unknown Soldier (2017) ************************ IMDb….7.7 Hacksaw Ridge နောက်ပိုင်း စစ်ကားကောင်းတွေ မထွက်တာတော့ စစ်ကားကြိုက်ပရိတ်သတ်တွေအတွက် ဝမ်းနည်းစရာပါပဲ.. သို့ပေမဲ့ ဝမ်းသာစရာကောင်းတာ က ဒီဇာတ်ကားဟာ စစ်ကားကောင်းစာရင်းထဲပါသလို အကောင်းဆုံးမင်းသားဆု၊တည်းဖြတ်ဆု၊ အသံတည်းဖြတ်ဆုနဲ့ မိတ်ကပ်ဆုလည်း ရခဲ့တဲ့အပြင် အခြားဆု (၆) ဆုလည်း ဆန်ကာတင်စာရင်းထဲဝင်ခဲ့ပါတယ်…. ဖင်လန်နိုင်ငံရဲ့ နာမည်ကြီးအရောင်းရဆုံးဝတ္တုကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်…. ဇာတ်လမ်းအကျဉ်းကတော့ ၁၉၄၁ ဂျွန်လလောက်တွင် ဖင်လန်နိုင်ငံဟာ နာဇီဂျာမန်နဲ့ မဟာမိတ်ဖွဲ့ခဲ့ရတယ်.. ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ရုရှားဆိုဗီယက်တို့ရဲ့ နယ်မြေသိမ်းတိုက်ခိုက်မှုတွေနဲ့ အပြင်းအထန် ကြုံတွေ့ခဲ့ကြရတယ်.. ၁၉၃၉ ခုနှစ်တုန်းက ဆောင်းတွင်းတိုက်ပွဲမှာဆုံးရှုံးသွားတဲ့ ကာရီးလီးယားနယ်မြေကို ရုရှားတို့ဟာ ပြန်လည်သိမ်းပိုက်ဖို့အတွက် ချီတက်ခဲ့ကြပြီး တိုက်ပွဲအကြီးအကျယ်ဖြစ်ခဲ့ပါတယ်… စစ်ပွဲကာလ အတောအတွင်းမှာ ဖင်လန်ရဲဘော်တွေ စစ်ပွဲနဲ့ပတ်သက်ပြီး ဖြစ်ပျက်မှုတွေကိုအဓိကထားပြီးရိုက်ကူးထားတာပါ… ဒီကားက ပေးချင်တဲ့ Message လေးတွေအရမ်းကောင်းတယ်… ဇာတ်ကားက စဆုံးကို တိုက်ပွဲတွေပြည့်နှက်လို့နေပါတယ်….. စစ်ကားကြိုက်သူတွေအတွက် ကြည့်သင့်တဲ့ကားကောင်းတစ်ကားလို့ ညွှန်းဆိုပါရစေ…. (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwel Zan Aung ဖြစ်ပါတယ်..) File Size : 3.50GB/ 1.64GB Quality : Blu-Ray 1080p 5.1 CH/720p Format…mp4 Duration…03:00:00 Genre : Drama, War Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded by Tiff

0 2017 179 mins
Unknown Soldier
Everybody Loves Touda
6.5

Everybody Loves Touda (2024) IMDb Rating (6.5) / Rotten Tomatoes (100%) မော်ရိုကိုမြေပြန့်ဒေသက ”ရှီးခတ်”လို့ကျော်ကြားကြတဲ့ ရိုးရာတေးဆိုကြတဲ့ အဆိုတော်လူမျိုးတွေကနေဆင်းသက်လာတဲ့”တူဒါ” ဆိုတဲ့ အမျိုးသမီး။ အသက်မွေးကြောင်းအရ ဘားတွေမှာ တင်လှုပ်ရင်လှုပ် ထိကပါးရိကပါးခံပြီး သီချင်းဆိုဖျော်ဖြေရပေမဲ့ သူ့ရဲ့အိပ်မက်က သူတို့ရိုးရာ ”အိုက်တာ”သီချင်းနဲ့ကျော်ကြားတဲ့စတားတစ်ယောက်ဖြစ်လာဖို့ ။ သူ့ဘဝကို ဘားအဆိုမယ်အဖြစ်နဲ့မ​​ပျော်ပိုက်တဲ့ မာနခဲပေါ့။ ရိုးရာတေးတွေကိုနေရာမပေးကြတော့တဲ့ခေတ်မှာ အရည်အချင်းရှိပေမဲ့ အသိအမှတ်မပြုခံရတော့ သူဟာမြို့ကြီးကိုတက်ပြီး နေရာရဖို့ ကြိုးစားပါတော့တယ်။ သူကိုယ်တိုင်စာမတတ်တော့ သူ့ရဲ့ဆွံ့အနားမကြားသားလေးကို စာတတ်​အောင်သင်ရမယ်ဆိုတဲ့စိတ်နဲ့ ခေါင်းမာပြီးရည်မှန်းချက်ကြီးတဲ့အမျိုးသမီးပေါ့.. ဒီဇာတ်ကားက သူမရဲ့ဘဝကြမ်းတမ်းပုံတွေ ရုန်းကန်ရပုံတွေကို ရိုးရိုးလေးနဲ့ရိုက်ပြထားပြီး သရုပ်ဆောင်မင်းသမီးရဲ့ ကာရိုက်တာကိုပုံဖော်တဲ့နေရာမှာ အမူအရာကအစ အတော့်ကိုသဘာဝကျကျ သရုပ်ဆောင်ထားတာကိုမြင်ရမှာပါ။ ခံစားတတ်တဲ့သူတွေအတွက် ကြည့်ရတာတန်မဲ့ကားကောင်းလေးတစ်ကားပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Shwe Eain Si ဖြစ်ပါတယ်။) File size… (2 GB) / (1 GB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:42:32 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Shwe Eain Si

Comedy • Romance
6.5 2024 102 mins
Everybody Loves Touda
Centaur Kentavr
6.9

Centaur (2024) IMDb Rating (6.9) / Rotten Tomatoes (97%) ထရန်စပေါ်တာလိုမျိုး ကားပေါ်က ခွာလို့မရတဲ့လူတစ်ယောက်အကြောင်းကို မှုခင်းနဲ့ အက်ရှင်နဲ့ တွဲပြီး ရိုက်ပြထားတဲ့ ရုပ်ရှင်ပါ။ ထရန်စပေါ်တာနဲ့ မတူတာက သူက ကားထဲက ထွက်ရင် ဗုံးကွဲမှာတို့ ဘာတို့တော့ မဟုတ်ဘူး။ နည်းနည်းလေး ပိုယုတ္တိရှိတယ်။ ခြေထောက်မသန်လို့ ကားပေါ်က သိပ်ဆင်းမရတဲ့လူမျိုးပေါ့။ ထရန်စပေါ်တာနဲ့ထပ်တူတာက သူ့ကားကို လိုက်စီးတဲ့ ကောင်မလေးတစ်ယောက်နဲ့ သူနဲ့ကတစ်ဘက် သူတို့ကို လိုက်သတ်နေတဲ့လူတွေက တစ်ဘက်ဖြစ်နေတာပေါ့။ အစကတော့ ဒီလူက ညဘက်သီးသန့်တက္ကစီမောင်းတဲ့ တက္ကစီသမားသက်သက်ပါပဲ။ ညငှက်မလေးကို သူ့ဖောက်သည်တွေရှိတဲ့နေရာကို လိုက်မောင်းပို့ပေးရာကနေ ဘယ်လိုလူတွေနဲ့ကြုံပြီး ဒီလိုအခြေအနေဆိုက်သွားလဲဆိုတာက စိတ်ဝင်စားကောင်းပါတယ်။ ကြည့်ကောင်းတဲ့ သည်းထိတ်ရင်ဖိုကားပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.7 GB) / (770 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Crime,Drama,Thriller Duration….01:41:29 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Action • Crime • Thriller
6.9 2024 101 mins
Centaur Kentavr
Tootsie
7.4

မိုက်ကယ် ဒေါ်ဆီ ဆိုတာက အနုပညာကို အရမ်းအလေးထားတဲ့ သရုပ်ဆောင်မင်းသားတစ်ယောက်ပေါ့။ ဒီလိုနဲ့ပဲ သူ့အမြင်မှာ မကောင်းဘူးလို့ ယူဆတဲ့ ဇာတ်ဝင်ခန်းတွေနဲ့ ကြုံလာရင် ငြင်းတတ် ခုန်တတ် အလုပ်ထွက်သွားတတ်လို့ နောက်ပိုင်းမှာ သူ့ကို ဘယ်သူမှ အလုပ်မခေါ်ချင်ဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ သူနဲ့ သူ့သူငယ်ချင်းတို့ရဲ့ ကိုယ်ပိုင် ပြဇာတ်ကို ကပြချင်လာတော့ ပိုက်ဆံက လိုလာတယ်။ အဲဒါနဲ့ပဲ အလုပ်ရအောင် ဆိုပြီး ရှိုးတစ်ခုမှာ မိန်းမ ပုံစံနဲ့ သွားပြီး ဝင်အရွေးခံတော့တယ်။ အဲဒီမှာ အရွေးခံလိုက်ရပြီး သူဟာ ယောင်္ကျားလေးတစ်ယောက်ဆိုတာကို ဘယ်သူမှမသိအောင်နေရင်း အလုပ်လုပ်တဲ့ပုံကို ဟာသစွက်ပြီး ဒီဇာတ်ကားထဲမှာ တွေ့မြင်ရမှာပါ။ အလုပ်လုပ်ရင်းကနေ လုပ်ဖော်ကိုင်ဖက် ကောင်မလေး ကိုလည်း ကြိုက်သွားမိပြီး မိုက်ကယ်တစ်ယောက် မိန်းမဘဝနဲ့ နေရတာကို ဘယ်လို ကိုင်တွယ်သွားမလဲဆိုတာ ကြည့်ရှုပေးကြပါဦး။ File size…(5.8 GB)/(2.5 GB)/(950 Mb) Quality….Blu-Ray 4KHEVC/1080p / 720p Format… mp4 Duration…. 01:56:00 Genre… Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro

Romance • Comedy • Drama
7.4 1982 116 mins
Tootsie