YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Remember.2015.E01.WEB-DL.720P(CM).mp4

527.44 MB N/A video/mp4 691 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
What If
6.7

“သူငယ်ချင်းလေးပါပဲ သူငယ်ချင်းလေးပဲတဲ့ကွယ် ဒီလိုအကြိမ်ကြိမ်အခါခါ ပြောပါတယ် ချစ်ရသူရယ်” ဘာရယ်မဟုတ်ဘူး ဒီကားလေး ကြည့်မိတော့ အရင်ဆုံးပြေးမြင်မိတာက ဒီသီချင်းလေး ဖြစ်နေလို့။ အကယ်၍များ ခင်ဗျားတို့ တကယ်အဆင်ပြေနေတဲ့လူတစ်ယောက်ကို တွေ့ပြီဆိုပေမယ့် ရှေ့ဆက်တိုးလို့ မဖြစ်နိုင်တော့ရင် ဘယ်လိုတွေဆက်လုပ်ကြမလဲ... လောကဝတ်ကျင့်ထုံးတွေကို လိုက်နာမလား... မျက်စိမှိတ် ခြေစုံဇွတ်ဝင်တိုးပစ်လိုက်ချင်မလား… ဝေခွဲမရဖြစ်မှာ သေချာပါတယ်။ တစ်လောကလုံးမှာ ကိုယ်ဘယ်လောက်ပဲ ကြောင်တောင်တောင်စကားတွေပြော တလွဲတွေလုပ်ပေမယ့် ဒါမျိုး အတူတူလိုက်ပြော/လိုက်လုပ်နိုင်စွမ်းရှိတဲ့ တခြားဆန့်ကျင်ဖက်လိင်တစ်ယောက်ကို တွေ့ရတာကလည်း ကံကောင်းမှုတစ်ခုပေလား ကံဆိုးမှုများပဲလား…။ ကိုယ်က ဒီလူတစ်ယောက်ကို ဆိုးတူကောင်းဖက် တိုင်ပင်လို့ရတယ် ရင်ဖွင့်လို့ရတယ် အထီးကျန်ချိန် အဖော်လုပ်ပေးနိုင်တယ် ဖေးမကူညီတယ် ဒါပေမဲ့ လူ့စည်း ဘီလူစည်းဆိုတာလေးလည်း ရှိနေတော့ အခက်သားမဟုတ်လား…။ သူငယ်ချင်းကလည်းပြောတယ် မင်း Do or Die လုပ်ပေါ့ မပြတ်မသားဆိုတာ ပိုပြီး ခံရခက်စေတယ်တဲ့ တစ်ဖက်ကလည်း ရေရှည်တွဲလာတဲ့ လက်တွဲဖော်ဆိုတာက ရှိတယ် ပြဿနာဖြစ်ဖို့မပြောနဲ့ အစစအရာရာ ပြေလည်နေတဲ့ စုံတွဲဆိုတော့က မျှော်လင့်ချက်မီးက ခပ်မှိန်မှန်သာ… ဘာဆက်လုပ်ရမလဲ…။ ကိုယ့်မှာကလည်း ငယ်ဘဝက ဒဏ်ရာဒဏ်ချက်ရော ကြီးမှရတဲ့ စိတ်ထိခိုက်စရာရောက ဒီကိစ္စနဲ့လာပတ်သက်နေပြီး ဆုပ်လည်းစူး စားလည်းရူးမယ့်ဘဝဖြစ်နေတော့ ဘာလုပ်ရမလဲ ခင်ဗျားတို့သာ အကြံပေးကြပါတော့လားလို့…။ ချစ်သူကဖောက်ပြန် အထီးကျန်တစ်ယောက်တည်းနေရာမှ ကောင်မလေးကိုတွေ့ခဲ့သူက ဟယ်ရီပေါ်တာမင်းသားဖြစ်တဲ့ ဒယ်နီရယ်ရတ်ကလစ်ဖ် သရုပ်ဆောင်ထားတာပါ၊ ဆရာသမားက ဆရာဆိုသလိုပဲ အကောင်းဆုံး သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ ကောင်မလေးနေရာကတော့ မျက်နှာဝိုင်းဝိုင်း ချစ်စရာသရုပ်ဆောင်တတ်လေ့ရှိတဲ့ ဇိုးကာဇန်ပါ Ruby Spark တို့ Big Sick တို့ ကြည့်ဖူးရင် သိပါလိမ့်မယ်။ ဇာတ်ပို့တွေကလည်း အဒမ်ဒရိုက်ဘာတို့လိုမျိုး မခေသူတွေလည်းပါတဲ့ မော်ဒန်အချစ်ဟာသကားကောင်းလေးပါ၊ ငယ်ငယ်တုန်းက တာရာမင်းဝေတို့ မင်းခိုက်စိုးစန်တို့ရေးတဲ့ မော်ဒန်ဝတ္ထုလေးတွေ သဘောကျခဲ့မယ်ဆို အဲဒီလိုမျိုးကိုမှ ရုပ်လုံးကြွလာစေမယ့် ဇာတ်ကားကောင်းလေးဖြစ်ကြောင်း ညွန်းပေးလိုက်ပါရစေဗျာ။ File size…  1.42 GB /  605 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 38m Genre .....  Romance , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

Comedy • Romance
6.7 2013 93 mins
What If
When Winter Comes
6

Little Forest လို အလောင်မပါတဲ့ Healing drama တွေကိုပဲသဘောကျတဲ့သူတွေအတွက် When Winter Comes (2022) ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဆောင်းရာသီအေးအေးလေးမှာ စောင်ထဲကွေးရင်း အေးအေးဆေးဆေးနဲ့ ကြည့်လို့ကောင်းမယ့်ကားတစ်ကားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ လက်ရှိအချိန်မှာ ဘတ်စ်ကားဒရိုင်ဘာလုပ်နေတဲ့ ရုပ်ရှင်ဒါရိုက်တာဟောင်း ဂုံဆော့ဝူနဲ့ ဘတ်စ်ကားဂိတ်က စာရေးမလေး ယန်းယောင်းအယ်တို့ရဲ့ ကြည်နူးဖွယ်ဆက်ဆံရေးလေးကို ရိုက်ကူးပြသထားတာပါ။ ဒရိုင်ဘာဂုံဟာ ဘတ်စ်ကားဂိတ်ထိုင်ခုံပေါ်မှာ ကျန်နေခဲ့တဲ့ MP3 စက်လေးတစ်ခုကို တွေ့ရှိခဲ့ရာကနေ ယောင်းအယ်နဲ့ စတင်တွေ့ဆုံဖို့ဖြစ်လာခဲ့ပြီး သူ့ရဲ့အတိတ်နဲ့ပါ ပြန်လည်ရင်ဆိုင်ရဖို့ ဖြစ်လာခဲ့ပါတယ်။ ယောင်းအယ်ကတော့ အဲဒီ MP3 စက်လေးဟာ ပိုင်ရှင်ကလွှင့်ပစ်သွားခဲ့တာလို့ ယုံကြည်နေပြီး ဒရိုင်ဘာဂုံကတော့ ပိုင်ရှင်ကမေ့ကျန်နေခဲ့တာလို့ တစ်ထစ်ချပြောနေခဲ့တာပါ။ ဒီလိုမျိုးယုံကြည်ချက်ကိုယ်စီနဲ့ MP3 စက်လေးကိုအကြောင်းပြုပြီး စတင်သိကျွမ်းခဲ့ကြတဲ့ဆက်ဆံရေးဟာ အချိန်ကြာလာတဲ့အခါမှာ သံယောဇဉ်တွေပေါက်ဖွားလာကြမလား၊ အဲဒီ MP3 စက်လေးမှာရော ဘာလျှို့ဝှက်ချက်တွေများ ရှိနေမလဲ၊ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးအဆုံးသတ်လေးကရော ဘယ်လိုများဖြစ်သွားမလဲဆိုတဲ့ စိတ်ဝင်စားစရာအချက်တွေကလည်း အပြည့်ပဲမို့ အခုပဲ ကြည့်ရှုခံစားလိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြနကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.4GB | Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hmwe Thet Winn Encoder ..... August

Drama
6 2022 105 mins
When Winter Comes
[21+]Pink Cut: Love Me Hard, Love Me Deep
3.5

Nikkatsu Pink Films တွေထဲက ရှားရှားပါးပါး အချစ်ဟာသပုံစံနဲ့ ကားလေးတစ်ကားပါ။ Mami ဆိုတဲ့ ဆံသဆိုင်ပိုင်ရှင်ကောင်မလေးဟာ ငယ်ရွယ်ပြီးဆွဲဆောင်မှုရှိတဲ့မိန်းကလေးတွေကို ဆိုင်မှာခန့်ထားပြီး ယောက်ျားလေးဖောက်သည်တွေကို ဆွဲဆောင်ပါတယ်။ သူကိုယ်တိုင်လည်း ကောလိပ်ကို ဖြတ်လမ်းကနေ အတန်းမတက်ပဲအောင်ဖို့ ကောလိပ်ဆရာကြီးတစ်ယောက်ကိုဝင်အောင်းထားပါတယ်။ သူ့ဆိုင်မှာလာညှပ်နေတဲ့ ကောလိပ်ကျောင်းသားလေး Akira ကတော့ ချစ်သူနဲ့နီးစပ်ဖို့ အလုပ်ရှာနေပေမယ့်အလုပ်ကံခေလို့ ချစ်သူရဲ့ငြိုငြင်မှုကို ခံနေရသူဖြစ်ပါတယ်။ Akira နဲ့ချစ်သူကောင်မလေး၊ Mami နဲ့ကောလိပ်ဆရာ၊ Mami ရဲ့ဆိုင်ကဆံသဆရာမလေးတွေနဲ့ဖောက်သည်တွေရဲ့ ဇာတ်လမ်းအစုံစုံတို့ကို ဟာသနှောပြီး ကွက်ကွက်ကွင်းကွင်း တင်ဆက်ထားတာပါ။ မြင်နေကျကားတွေမှာလို ကြိုးတုပ်တာတွေ ဖယောင်းစက်ချတာတွေ နှိပ်စက်အဓမ္မတွေမပါဝင်ပဲ အချစ်ဟာသ ဇာတ်ကားလေးတစ်ကားအတိုင်း အရောင်စုံပေါ့ပေါ့ပါးပါး ရှုစားခံစားဖီးတက်ရမယ့် ကားတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.6GB, 620MB Quality - 1080p, 720p IMDb Rating - 5.1/10 Format - mp4 Duration - 1H 8Min Genre - Comedy, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Horror • Mystery
3.5 1983 68 mins
[21+]Pink Cut: Love Me Hard, Love Me Deep
Taipei Story
7.6

Taipei Story ( 1985 ) ————————– IMDb – 7.6 Rotten Tomatoes – 100% Directed By Edward Yang New Taiwenese Cinema ရဲ့ အစောပိုင်းရုပ်ရှင်တွေထဲ တစ်ကားအပါအဝင်ဖြစ်တဲ့ ထိုင်ပေစတိုရီကို ထိုင်ဝမ်ရုပ်ရှင်သစ်ရဲ့ ပဲ့ကိုင်ရှင်တွေထဲက တစ်ယောက်ဖြစ်တဲ့ အတ်ဒဝတ်ယန်းက ရိုက်ကူးထားပါတယ်။ Criterion Collectionကလည်း World CInema Project အတွက် 4k နဲ့ပြန်ထုတ်ခဲ့တဲ့ ထိုင်ဝမ်ရုပ်ရှင်ရဲ့ မှတ်တိုင်တစ်ခုလို့ ပြောလို့ရပါတယ်။ A Brighter Summer Day မှာ ယန်းဟာ ပြည်မနဲ့ထိုင်ဝမ် ခွဲထွက်တဲ့ကာလကို ရိုက်ပြပြီး အဲဒီခေတ်က အခြေအနေတွေကို ထင်ဟင်အောင်ရိုက်ပြခဲ့သလို ဒီရုပ်ရှင်မှာလည်း ယန်းဟာ ဂျပန်နဲ့ အမေရိကန်လွှမ်းမိုးမှုအောက်က ထိုင်ဝမ်စီးပွားရေးအခြေအနေကို သူ့ဟန်အတိုင်း ကာရိုက်တာတွေအများကြီးသုံးပြီး ပုံဖော်ရိုက်ကူးသွားတာပါပဲ။ ရိုးရိုးရှင်းရှင်းဇာတ်ဝင်ခန်းတွေ tragedy တွေ မထင်ရင်မထင်သလို တော်တော်လှလာတတ်တဲ့ စီနီမာတိုတွေကို သုံးပြီး ၁၉၆၉ဝန်းကျင်က ထိုင်ပေမြို့ပြရဲ့ အခြေအနေကို မသိမသာရော သိသိသာသာရော ပြထားတဲ့ ရုပ်ရှင်ပါ။ ဒီကာလဟာ ယန်းလည်း ၂၀ဝန်းကျင်လောက်ပဲ ရှိသေးတဲ့ကာလဖြစ်သလို ဒီရုပ်ရှင်ရဲ့ တရုတ်နာမည်က ငယ်ဘဝရည်းစားကို ရည်ညွှန်းတယ်ဆိုတော့ ဒီရုပ်ရှင်ထဲက ကာရိုက်တာဟာ သူ့အကြောင်း တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မင်းသမီးကတော့ သူနဲ့ယူလိုက်တဲ့ Tsai Chin ကို သုံးထားပြီး မင်းသားက‌တော့ သူ့ရောင်းရင်း ထိုင်ဝမ် new wave ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Hou Hsiao – Hsien ပါ။ ယန်းဟာ တော်တော်တော်တဲ့ ဒါရိုက်ပေမဲ့ That Day on the beach , Taipei Story , Terrorizers , A brighter Summer Day , A Confucian Confusion , MahJong, Yi YI အစရှိသဖြင့် features Film ၇ကားပဲရိုက်ကူးခဲ့ပြီး CMမှာတော့ A Brighter Summer day , Yi Yi နဲ့ အခု ထိုင်ပေစတိုရီ ၃ကားတင်ပြီးပါပြီ။ ယန်းရဲ့ ရုပ်ရှင်တွေဟာ ထိုင်ဝမ်ရဲ့ မာစတာပိစ်တွေအကြောင်း ပြောရင် ဖယ်ထားလို့မရတဲ့ ရုပ်ရှင်တွေပါပဲ။ ထိုင်ပေစတိုရီဟာ ထိုင်ပေမြို့ပြလရောက်တမ်းခြင်းလို့ ပြောရင်လည်း မမှားပါဘူး။ ယန်းရဲ့ A brighter Summer Dayနဲ့တန်းတူ critic rating 100% ရထားတဲ့ ရုပ်ရှင်လည်း ဟုတ်ပါတယ်။ (ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(2.1GB) / (1GB) Quality__1080p, 720p IMDb Rating__7.6/10 Format__mp4 Duration__01:59:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Crime • Drama • Thriller
7.6 1985
Taipei Story
ManSuang
7

မာန်စွမ် စံအိမ်တော်ရဲ့ အရှုပ်တော်ပုံ (၂၀၂၄) အစားကြမ်းတဲ့လူဆိုးလေးKinn Porsche အတွဲကိုမှ လွမ်းလှပါပြီဆိုတဲ့ ပရိသတ်ကြီးအတွက် ဒီCPအတွဲရဲ့ comeback movieလေးကို တင်ဆက်ပေးလိုက်ပါပြီ။ Kinn Porsche နဲ့မတူဘဲ ဒီဇာတ်ကားလေးမှာတော့ ၁၉ ရာစုအလယ် ဘုရင်ခေတ်နောက်ခံဇာတ်လမ်းနဲ့ ကြည့်ရှုခံစားရမှာပါ။ ပက်လျူဆိုတဲ့ရွာလေးကနေ ကချေသည်လုပ်ဖို့ မြို့တက်လာတဲ့ ခမ်နဲ့ဝမ်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက် လူတစ်ယောက် တိုက်ခိုက်ခံနေရတာကို ဝင်ကယ်ရာကနေ လူသတ်သမားအဖြစ် စွပ်စွဲခံရတဲ့ဘဝကို ရောက်သွားပါတော့တယ်။ အသတ်ခံရတဲ့သူက ဖရာယာဘိုဒီဆွန်ရဲ့တူဖြစ်ပြီး အပြစ်ကိုရှောင်လွှဲချင်ရင်တော့ အလဲအလှယ်အနေနဲ့ သက်စွန့်ဆံဖျား တာဝန်တစ်ခုကို ထမ်းဆောင်ဖို့ ကမ်းလှမ်းလိုက်ပါတယ်။ ဒီတာဝန်ကတော့ လက်ရှိဘုရင် နန်းသက်ကုန်ခါနီး ဘုရင်သစ်လည်းမ‌မြှောက်ရသေးတော့ မင်းသားတွေ အချင်းချင်းအားပြိုင်တဲ့ဒီကာလမှာ ပုန်ကန်ချင်တဲ့သူတွေ လက်နက်မှောင်ခိုဝယ်တဲ့သက်သေဖြစ်တဲ့ အရောင်းအဝယ်လျှို့ဝှက်စာချုပ်ကို “မာန်စွမ်” ဆိုတဲ့ ပြဇာတ်အဖွဲ့ရဲ့စံအိမ်တော်ကြီးကနေ ရှာပေးဖို့ပါပဲ။ နဂိုထဲက အကကိုဝါသနာပါတဲ့ ခမ်နဲ့ဝမ်တို့ မာန်စွမ်မှာ‌ ထပ်ဆုံတဲ့ ချာတရာနဲ့အတူ နိုင်ငံရေးအားပြိုင်ပွဲ အာဏာလုပွဲထဲ ဘယ်လိုပတ်သက်မိမလဲဆိုတာ ရှုစားကြပါဦး။ အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary & Char Ou ပဲ ဖြစ်ပါတယ်။ Genre….. Drama, History Quality…. 1080p | 720p File size… 1.2GB | 549MB Format… mp4 Duration…. 2h 8min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary & Char Ou Encoder ….. Aaron

7 2024
ManSuang
My Name Is Loh Kiwan
5.9

My Name is Loh Kiwan (2024) အခုတစ်ခေါက် တင်ဆက်ပေးမယ့်မူဗီလေးကတော့ Song Joong Ki ရဲ့ အသစ်ထွက်ရှိတဲ့ “My Name is Loh Kiwan” ဆိုတဲ့ကားပဲဖြစ်ပါတယ် ဂျွန်ဂီ့ရဲ့ကားတိုင်းဟာ နှစ်ခါမေးစရာမလိုအောင် အနှစ်တွေချည်းပဲဖြစ်တာမို့ ဒီကားလေးကလည်း သေချာပေါက်ကြည့်ရမယ့်ကားလေးပါ ရီုဂီဝမ်ဆိုတဲ့ ကောင်လေးဟာ မြောက်ကိုရီးယားပြည်ပြေးတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာတော့ မထင်မှတ်ထားတဲ့ အဖြစ်အပျက်ဆိုးကြီးဟာ ဂီဝမ်တို့ သားအမိဆီကို ကျရောက်လာစေခဲ့ပါတယ် မြောက်ကိုရီးယားကနေ သူနဲ့ စိမ်းသက်လှတဲ့ ပတ်ဝန်းကျင်ဖြစ်တဲ့ ဘယ်ဂျီယံကို ခက်ခက်ခဲခဲ ပြည်ပြေးလာပြီး နေသားကျဖို့ ခက်ခက်ခဲခဲ ကြိုးစားနေတုန်းမှာ တစ်ချိန်က ကိုရီးယားလူမျိုးဖြစ်ခဲ့ပြီး လက်ရှိမှာတော့ ဘယ်ဂျီယံနိုင်ငံသားခံယူထားတဲ့ မာရီလို့ခေါ်တဲ့ သေနတ်ပစ်သမားဖြစ်ခဲ့ဖူးတဲ့ မိန်းကလေးတစ်ယောက်နဲ့ဆုံစည်းဖို့ဖြစ်လာပါတော့တယ် ဒုက္ခပေါင်းများစွာနဲ့ သူတို့နှစ်ယောက်ကို ဘယ်လိုအရာတွေက ဆုံစည်းစေမှာလဲ သူတို့တွေရော အဆင်ပြေတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ခွင့်ရလာမှာလား မြောက်ကိုရီးယားဆိုတဲ့နိုင်ငံကနေ ဒုက္ခဆင်းရဲပေါင်းများစွာနဲ့ ဘယ်ဂျီယံကို တစ်ဘဝလုံးရင်းပြီးလာခဲ့တဲ့ ဂီဝမ်ဆိုတဲ့ လူငယ်လေးတစ်ယောက် ဘာဆိုဘာမှမရှိတဲ့ သုညဆိုတဲ့ဘဝကနေ ဘယ်လို ရုန်းကန်ရှင်သန်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုနိုင်အောင် ရသပြောင်မြောက်စွာ အပိုအလိုမရှိတဲ့သရုပ်ဆောင်ချက်တွေနဲ့ ရိုက်ကူးထားတာမို့ ဆက်ဆက်ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါရစေရှင် အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin, Cali, Mary, Char Ou ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p File size… 2GB | 678MB Format… mp4 Duration…. 2h 11min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Shin, Cali, Mary, Char Ou Encoder ….. Aaron

5.9 2024
My Name Is Loh Kiwan
[18+] Kabit
6.7

ဒါရိုက်တာ Lawrence Fajardo ဟာကိုယ်တိုင်ပြဇာတ်သရုပ်ဆောင်တစ်ဦးဖြစ်ခဲ့ဖူးသလို၊ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ပွဲတိုးတဲ့ ဆုတွေအများကြီးရခဲ့ဖူးတဲ့သူပါ။ အဲ့ဒီလိုပဲ ကျနော်တို့ပရိသတ်တွေနဲ့ရင်းနှီးပြီးသား Nerisa, Mahjong Nights,Reroute, Scorpio Nights 3 တို့လိုကားတွေ ရဲ့ဖန်တီးရှင်လည်းဖြစ်ပါသေးတယ်။ ဒီဇာတ်ကားမှာတော့ သူအကျွမ်းကျင်ဆုံးဘာသာရပ်ဖြစ်ပုံရတဲ့ ပြဇာတ်လောကကို အခြေခံထားပါတယ်။ နာမည်ကျစပြုနေတဲ့ (သူ့ကိုယ်သူတော့ အနုပညာမှာဆရာတစ်ဆူလို့ထင်နေပုံရတဲ့)ပြဇာတ်ဒါရိုက်တာတစ်ယောက်၊ ငယ်စဉ်ကတည်းက အနုပညာလောကထဲရောက်ခဲ့ပေမယ့် အခုချိန်ထိရှေ့တန်းမရောက်နိုင်တဲ့ မင်းသားငယ်တစ်ဦး ပြီးတော့ သူပါဝင်ခဲ့သမျှရုပ်ရှင် role တွေကို မကျေနပ်ပဲ အခုချိန်မှ ပြဇာတ်လောကကို ခေါင်းဆောင်အနေနဲ့တိုးဝင်မယ့် မျက်နှာသစ်မင်းသမီး အစရှိတဲ့သူတွေဟာ သူတို့အားလုံးအတွက် အောင်မြင်ပေါက်ရောက်စေမယ့် ပြဇာတ်တစ်ခုကိုဖန်တီးကြမှာပါ။ ပြဇာတ်ရဲ့ဇာတ်လမ်းသွားကတော့ ၉၉ ကထွက်ခဲ့တဲ့ Ang kabit ni Mrs. Montero သို့မဟုတ် Lady chatterley’s lover နဲ့ကျောရိုးအတူတူပါပဲ။ အောက်ပိုင်းသေနေတဲ့သူဌေးကြီး၊ သူ့ကိုအားမရတော့တဲ့ ဇနီးနဲ့ သူတို့လယ်တောက အားကောင်းမောင်းသန်သူရင်းငှားလေးတို့ကြားကဇာတ်ရှုပ်ဖြစ်ပါတယ်။ အဲ့ဒီလိုဇာတ်ကို ဇာတ်ခုံပေါ်မှာတင်ဆက် ကပြမှာဖြစ်တဲ့အတွက် public sex ဝါသနာရှင်တွေအတွက်တော့ ရှယ်ပါပဲ။ ဇာတ်လမ်းက ကြောက်စရာကောင်းလောက်အောင်ကိုကြမ်းပါတယ်။ရှုစားကြပါ။ ( အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_( 1.3GB)/( 680MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:00:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

6.7 2024 124 mins
[18+] Kabit
Premalo
7

Premalo (2024) ချစ်ကျွမ်းဝင်ရပါသော အခုတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားကောင်းလေးကတော့ အက်ရှင်ဒရာမာအချစ်ဇာတ်ကားကောင်းလေး ဖြစ်တဲ့ Premalo ပဲ ဖြစ်ပါတယ်။ ဒီကားလေးက IMDb rating 8/10 တောင် ရရှိထားလို့ လက်မလွှတ်တမ်း ကြည့်ရှုအားပေးသင့်တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီကားလေးကိုတော့ Chandu Koduri ရိုက်ကူးပေးထားပြီး သူကိုယ်တိုင်ပဲ ပါဝင်သရုပ်‌ဆောင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ရာဗီနဲ့ပရာရှန်တီတို့ဟာ အရမ်းကိုမှ ချစ်ကြတဲ့ ချစ်သူစုံတွဲလေးပါ ဒါပေမဲ့ တစ်ရက်မှာတော့ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေကြောင့် ရာဗီတစ်ယောက် သူ့သူငယ်ချင်းတွေနဲ့အတူ ပရာရှန်တီကို အဓမ္မပြုကျင့်နေတဲ့ ဗီဒီယိုဖိုင်က ပရာရှန်‌တီ့အဖေဆီ ရောက်သွားတဲ့အခါမှာတော့….. ရာဗီ ဘာလို့ ဒီလိုလုပ်ရတာလဲ… ရာဗီ ပရာရှန်တီကို တကယ်ရော ချစ်ရဲ့လားဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုအားပေးကြပါဦးရှင့် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်ရှင့်

Romance • Comedy
7 2024 128 mins
Premalo
[18+] Unang tikim
6.7

First Taste (2024) Original title: Unang tikim IMDb Rating (6.7) တစ်ချိန်က Vivamax Sweetheart ဖြစ်ခဲ့တဲ့ အမြဲတမ်းခံဘက်က မင်းသမီးလေး အိန်ဂျလီခံ (Angeli Khang) တစ်ယောက်အခု နောက်ပိုင်း ကားရိုက်ကျဲသွားတာ သတိထားမိကြမှာပါ။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ပထမဆုံး Mainstream ဇာတ်ကားဖြစ်လာမယ့် အခုဇာတ်ကားကိုအချိန်ပေးအားစိုက်နေခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ တစ်ခြားသော မင်းသမီးများစွာလိုပဲ ဘယ်လမ်းကြောင်းက ဝင်ဝင်သူတို့ရဲ့အိမ်မက်က Mainstream လောကထဲကိုတိုးဝင်နေရာယူနိုင်ဖို့ပဲဖြစ်ပါလိမ့်မယ်။ ဒီဇာတ်ကားကိုတော့ Vivamax ကပဲအတူနာမည်ကြီးလာတဲ့ Robb Guinto နဲ့အတူမင်းသမီးနှစ်ယောက်အပြိုင်ကြဲထားတဲ့ GL ဇာတ်လမ်းလေးအဖြစ်မြင်ရမှာပါ။ ဘတ်ကာနဲ့ယူနာတို့က တစ်ယောက်နဲ့တစ်ယောက်အသည်းအသန်ချစ်ကြသလို သဝန်လည်းတိုကြ ရန်ဖြစ်လည်းသန်ကြတဲ့ မိန်းမချင်းချစ်သူတွေပါ။ ဘတ်ကာက မိသားစုနောက်ခံတောင့်တင်းပြီး အမေရိကားကို ကျောင်းသွားတက်ဖို့အစီအစဉ်ရှိပေမယ့် အမေဖဲသမား ပထွေးဘိန်းစားနဲ့နေရတဲ့ ယူနာကတော့ ဒီဘ၀က ရုန်းထွက်ဖို့အတွက် သူ့အိမ်မက်က ကျောင်းပြီးအောင်တက်ပြီး ကော်ဖီဆိုင်လေးတစ်ဆိုင်ဖွင့်နိုင်ဖို့ပါပဲ။ အဲ့ဒီအိမ်မက်အတိုင်း ကော်ဖီဆိုင်လေးတစ်ဆိုင်မှာ အလုပ်ဝင်လုပ်ရင်းအတွေ့အကြုံယူချိန်မှာ ကော်ဖီဆိုင်ပိုင်ရှင်က ယူနာကို အသည်းအသန်စွဲလန်းပြီး နဂိုကတည်းက အဆင်မပြေတဲ့ သူတို့ဇာတ်လမ်းထဲကိုတတိယလူအဖြစ်နဲ့ဝင်ရောက်လာချိန်မှာတော့၊ တစ်ချိန်ချိန်မှာလက်ထပ်ကြဖို့အထိ စိတ်ကူးရှိ အချစ်ကြီးချစ်ခဲ့ကြတဲ့ ကောင်မလေးနှစ်ယောက်ပျော်ရွှင်စရာဇာတ်သိမ်းကိုရနိုင်ခွင့်ရှိပါဦးမလားဆိုတာ ဆက်လက်ရှုစားကြပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.2 GB) / (580 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Romance Duration….01:41:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

6.7 2024 99 mins
[18+] Unang tikim
Summer Rain
5

ဒီကားကိုတော့ ဒါရိုက်တာ Josiah David Warren ရိုက်ကူးထားပြီး ဂီတနဲ့အချစ်သံယောဇဉ်ရဲ့ဆက်နွယ်မှုတွေကို လှပတဲ့သံစဉ်လေးတွေ နားဆင်ရင်း ကြည့်ရှုရမှာဖြစ်ပါတယ်။ အန်ဒရီနဲ့ဂျိန်းတို့ဟာ အရမ်းချစ်ကြတဲ့စုံတွဲတွေဖြစ်ပြီး သမီးလေးဂျိန်းမွေးဖွားလာဖို့ကို စောင့်ဆိုင်းနေကြတာပါ။ သူတို့နှစ်ယောက်လုံးက ဂီတပညာရှင်တွေဖြစ်ကြပြီး ငယ်ချစ်စုံတွဲတွေလဲဖြစ်ပါတယ်။ အန်ဒရီခရီးသွားနေတဲ့ချိန် မတော်တဆတစ်ခုကြောင့် ဂျိန်းဟာ ကလေးမွေးရင်းနဲ့ သေဆုံးသွားတဲ့အပြင် အန်ဒရီကလဲကားမတော် တဆမှုဖြစ်ခဲ့ပါတယ်။ မျှော်လင့်ခဲ့ရတဲ့ သမီးလေးဂျိန်းကမွေးဖွားလာခဲ့ပေမဲ့ အန်ဒရီဟာ ဇနီးဖြစ်သူဂျိန်းကို ဆုံးရှုံးခဲ့ရတဲ့အတွက် နာကျင်နေခဲ့ရပြီး သူ့ရဲ့ ဂီတဝိဉာဏ်ကလဲသူမနဲ့အတူသေဆုံးသွားခဲ့ပါတယ်။ ဒီအရှုပ်အထွေးတွေရဲ့ကြား အိမ်ထိန်းအမျိုးသမီးဟန်နာရဲ့ သမီးဖြစ်သူက သူမရဲ့ကလေးနစ်ကိုး နဲ့ကလေးလေးဂျိန်းကို နေရာလဲလိုက်တဲ့အခါ ကလေးနှစ်ယောက်ရဲ့ ကံကြမ္မာတွေဟာလဲ ပြောင်းလဲသွားပါတော့တယ်။ နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် ဂျိန်းတစ်ဖြစ်လဲဒေစီဟာ သူမအမေရင်းလိုပဲ တယောထိုးပညာရှင်ဖြစ်လာခဲ့ပါတယ်။ လမ်းဘေးမှာတယောထိုးရင်း ပိုက်ဆံရှာနေတဲ့ ဒေစီကို ဂီတရဲ့ ဆက်သွယ်မှုကတစ်ဆင့် အန်ဒရီကရှာတွေ့သွားတဲ့အခါ… ဂီတရဲ့ဆက်နွှယ်မှုကနေ အဖေနဲ့သမီးအချင်းချင်း သိသွားနိုင်မလား… နစ်ကိုးတစ်ဖြစ်လဲဂျိန်းကရော သူမရဲ့ပြည့်စုံတဲ့ဘဝမှာ တကယ်ပဲ ပျော်ရွှင်နေရဲ့လား… အန်ဒရီကရော နှစ်တွေကြာပြီးနောက် ဇနီးဖြစ်သူအတွက် ပူဆွေးမှုတွေကိုလွှတ်ချနိုင်ပြီး အချစ်သစ်ကိုထပ်တွေ့မှာလား… ဒါတွေကို ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုရင်းအဖြေရှာရမှာပါ။ အချစ်နဲ့သံယောဇဉ်တွေကို ပေါ်လွင်အောင် ဂီတသံလေးတွေရဲ့ကြား အသေအချာရိုက်ကူးထားတာကြောင့် လက်မလွတ်တမ်းကြည့်ရှုသင့်တဲ့ ကားလေးပါပဲ။ File size… (1.17GB) / (702MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 40m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by K

Documentary
5 2024 99 mins
Summer Rain
It’s Okay!
8.5

It’s Okay! (2025) ****************** IMDb…..8.5 28th Busan Film Festivalမှာ Premier ပြသခဲ့တဲ့ It’s Okay! ဆိုတဲ့ လူငယ်ဇာတ်ကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Castတွေကတော့ Movingထဲက Lee Jung Ha, Castaway Diva ထဲက Lee Re, Friendly Rivalry ထဲက Chung Su Bin My Liberation Noteထဲက Son Suk Ku, Happiness Battleထဲက Jin Seo Yeonတို့ အဓိက ပါဝင်ထားပါတယ်။ -ဇာတ်လမ်းအညွှန်း- ဆိုးလ်အနုပညာအဖွဲ့မှာ အက ပညာကို လေ့လာနေတဲ့ အင်ယောင်း (Lee Re)ဟာ အမြဲတမ်း သွက်သွက်လက်လက် ရှိတဲ့ကောင်မလေး တစ်ယောက်ဖြစ်ပြီး မိခင်ဖြစ်သူ ဆုံးပါးပြီးနောက်မှာတော့ နေစရာ မရှိတဲ့ အတွက် ကျောင်းက လေ့ကျင့်ရေးအခန်းမှာ ပုန်းအောင်းပြီး နေနေခဲ့ပါတယ်။ တစ်ရက်မှာတော့ အနုပညာအဖွဲ့က နည်းပြ တဖြစ်လည်း အေးတိအေးစက် ခပ်ပြတ်ပြတ် ဆက်ဆံတတ်တဲ့ ဆောအာ (Jin Seo Yeon) က လေ့ကျင့်ရေးခန်းထဲမှာ ပုန်းနေတဲ့ အင်ယောင်းကို တွေ့သွားခဲ့ပြီး သူနဲ့အတူ ခဏတဖြုတ် နေဖို့ အိမ်ကို ခေါ်လာခဲ့ပါတယ်။ ရပ်ကွက်ထဲမှာ ဆိုရင်လည်း အင်ယောင်းကို တူမလေး တစ်ယောက်လို သဘောထားပြီး အကြံဉာဏ်တွေ ပေးတတ်တဲ့ ဒုံဝု (Son Suk Ku) ဆိုတဲ့ ဦးလေးကြီးနဲ့ အင်ယောင်းနဲ့ ရွယ်တူ ဒိုယွန်း (Lee Jung Ha) ဆိုတဲ့ ကောင်လေးရှိပြီးတော့ အားလုံးက တစ်ယောက်တစ်မျိုးစီ အင်ယောင်း အတွက် အားဖြစ်စေတဲ့သူတွေပေါ့။ အေးတိအေးစက် ဆက်ဆံတတ်တဲ့ ဆောအာကရော အင်ယောင်းနဲ့ တွေ့ပြီးနောက်မှာ နှလုံးသား နူးညံ့လာမှာလား… ဦးလေးတစ်ယောက်လို အားကိုးရတဲ့ ဒုံဝုကရော အင်ယောင်းဘဝအတွက် ဘယ်လို အားဖြစ်စေမလဲ.. ဆိုတာကို လူငယ်သဘာဝ ဇာတ်ကြောင်းလေးနဲ့ အတူ ဘဝရဲ့ အနှစ်သာရ တစ်စိတ်တစ်ပိုင်းကိုပါ ခံစားနိုင်မဲ့ ပေါ့ပေါ့ပါးပါး ဇာတ်ကားလေး ဖြစ်လို့ ကြည့်ရှုဖို့ ညွှန်းဆိုပေးလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Treasure Htet မှ ရေးသားထားပါတယ်။) File Size : 1.39GB/ 630MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:42:00 Genre : Comedy, Drama, Family Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Wai Oo, Stary & Treasure Htet Encoded by Tiff

Comedy • Horror • Mystery • Music
8.5 2025 102 mins
It’s Okay!
Hell of a Summer
5.9

Hell of a Summer (2025) IMDb Rating (5.9) / Rotten Tomatoes (52%) ဒီရုပ်ရှင်က နွေရာသီမှာ သည်းထိတ်ရင်ဖိုနဲ့ ဟာသရောထားတဲ့ ကားလေးတစ်ကားပါ။ ဒီဇာတ်ကားကို Finn Wolfhard နဲ့ Billy Bryk ဆိုတဲ့ လူငယ်နှစ်ယောက်က ရေးသားရိုက်ကူးထားပြီး သူတို့ပဲ သရုပ်ဆောင်ထားသေးပါတယ်။ ဇာတ်လမ်းက Camp Pineway ဆိုတဲ့ နွေရာသီ ကလေးတွေအပန်းဖြေစခန်းမှာ ဖြစ်ပျက်တာပါ။ ဇာတ်လမ်းစတော့ စခန်းပိုင်ရှင်နှစ်ယောက်ဖြစ်တဲ့ John နဲ့ Kathy တို့ဟာ ညတစ်ညမှာ ရုတ်တရက် နတ်ဆိုးမျက်နှာဖုံးနဲ့ လူသတ်သမားတစ်ယောက်ရဲ့ တိုက်ခိုက်ခြင်းကို ခံလိုက်ရပြီး သေဆုံးသွားရာကနေ အစပြုတယ်။ နောက်နေ့မှာ အသက် ၂၄ နှစ်အရွယ် Jason Hochberg ဆိုတဲ့ စခန်းကြီးကြပ်ရေးမှူးတစ်ယောက်က သူ့ရဲ့ ဆယ်ကျော်သက် လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်မပြေတာကိုပဲ စိတ်ပူနေရင်း စခန်းကို ရောက်လာတယ်။ ဒါပေမယ့် သူမသိတာက ဒီလူသတ်သမားက စခန်းထဲမှာ လှည့်လည်နေပြီး ကြီးကြပ်ရေးမှူးတွေကို တစ်ယောက်ပြီး တစ်ယောက် ရက်ရက်စက်စက် သတ်ဖြတ်နေတာပဲ။ ဒီရုပ်ရှင်က ၁၉၈၀ ခုနှစ်က Friday the 13th လို ဂန္ထဝင်စခန်းအခြေပြု သည်းထိတ်ရင်ဖိုရုပ်ရှင်တွေကို ဂုဏ်ပြုထားတဲ့ ဟာသပါတဲ့ ဇာတ်လမ်းမျိုးပါ။ သတ်ဖြတ်ခန်းတွေကို ရုပ်ရှင်ထဲမှာ သိပ်ပြတာမဟုတ်ဘဲ မျက်နှာဖုံးနဲ့ လူသတ်သမားရဲ့ လှုပ်ရှားမှုတွေကို ခပ်သွက်သွက်နဲ့ ဟာသလေးနှောပြီး ရိုက်ပြထားတယ်။ Jason နဲ့ သူ့ရဲ့ စခန်းက သူငယ်ချင်းတွေက ဒီလူသတ်သမားကို ဘယ်လိုရင်ဆိုင်မလဲ ဘယ်သူက ဒီမျက်နှာဖုံးနောက်က ဖြစ်နိုင်မလဲဆိုတာကို ကြည့်ရှုရတာ တကယ်ကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒီဇာတ်ကားက အရမ်း ကြောက်စရာမဟုတ်ဘူး ဒါပေမယ့် လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး ဟာသတွေနဲ့ စခန်းထဲက ရယ်စရာ အပြန်အလှန်ဆက်ဆံမှုတွေက ကြည့်လို့အတော်ပျော်ဖို့ကောင်းတယ်။ ဂန္ထဝင်သည်းထိတ်ရင်ဖိုကားတွေကို သဘောကျရင် ဒီကားလေးက လက်မလွှတ်သင့်တဲ့ ရွေးချယ်မှုတစ်ခုပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Min Khant ဖြစ်ပါတယ်။) File size… (1.1 GB) / (700 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Horror, Mystery Duration…. 01:28:28 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Min Khant

Thriller • Crime • Drama
5.9 2025 88 mins
Hell of a Summer
Karate Kid: Legends
6.6

Karate Kid: Legends (2025) IMDb Rating (6.6) / Rotten Tomatoes (59%) ( WEB-DL ,4K ကြည်တောက်ရှင်း Update ) ဂျက်ကီချန်းပါဝင်တဲ့ ကရာတေးကောင်လေး ဒုတိယရုပ်ရှင်ဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာတော့ ကရာတေးမင်းသားအသစ်အဖြစ် Ben Wang က ပါဝင်ထားပြီး ဂျက်ကီချန်း အပြင် မူရင်းကရာတေးကစ်မင်းသား Ralph Macchio လည်း ပါဝင်ထားပါတယ်။ Karate ရုပ်ရှင်တွေဟာ 1984 မှာပထမဆုံးစတင်ခဲ့ကတည်းက သိုင်းရုပ်ရှင်တွေရဲ့ icon တစ်ခုဖြစ်ခဲ့ပြီး ဆန်ဆေး မီယာဂီဟာလည်း ကမ္ဘာကျော်ဇာတ်ကောင်တစ်ဦးဖြစ်ခဲ့ပါတယ်။ ဒီရုပ်ရှင်တွေကို အစဉ်လိုက် ကြည့်မယ်ဆိုရင် The Karate Kid (1984) The Karate Kid Part II (1986) The Karate Kid Part III (1989) The Next Karate Kid (1994) The Karate Kid (2010) Cobra Kai Series (2018 – 2025) စဆုံး The Karate Kid (2025) အဖြစ် ကြည့်နိုင်ပါတယ်။ အားလုံး ချန်နယ်မြန်မာ CM website နဲ့ App မှာ ရှိပါတယ်။ ဇာတ်လမ်းအကျဉ်း လီဖောင်ဆိုတဲ့ ကွန်ဖူးသမားလေးဟာ မိခင်နဲ့အတူ နယူးယောက်ကို ပြောင်းလာရပါတယ်။ လီဖောင်ရဲ့ဆရာ ဟန်ရှီးဖူးကတော့ ဘေဂျင်းမှာ ကျန်ခဲ့တာပါ။ လီတစ်ယောက် မိန်းမလေးတစ်ယောက်နဲ့ ရင်းနှီးရာကနေ သူ့အဖေကို လက်ဝှေ့ပြန်ထိုးဖြစ်အောင် ကူညီလိုက်မိပါတယ်။ ဒါပေမဲ့ လက်ဝှေ့ပွဲမှာ ဒဏ်ရာရသွားပြီး သူတို့ရဲ့ ပီဇာဆိုင်ပါ ပိတ်ရမလို ဖြစ်တဲ့အခါ လီလည်း သိုင်းပြိုင်ပွဲကနေ ငွေရှာဖို့ ကြိုးစားရပါတော့တယ်။ ဒါပေမဲ့ နယူးယောက်ရဲ့ အကြမ်းဆုံးကရာတေးပွဲမှာ နိုင်ဖို့ ဆရာဟန်က လိုက်လာကူပေမဲ့ မလုံလောက်မှန်းသိတာမလို့ မိတ်ဆွေဟောင်းကြီး မီယာဂီရဲ့ တပည့်ရင်း လာရူဆိုကို ကရာတေးသင်ပေးဖို့ အကူအညီတောင်းရပါတော့တယ်။ ကွန်ဖူးနဲ့ကရာတေး ပေါင်းစပ်ပြီးတော့ နယူးယောက်ရဲ့ အကြမ်းဆုံးကရာတေးသမားကို ဘယ်လို ရင်ဆိုင်မလဲဆိုတာ ကြည့်ရပါလိမ့်မယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။) File size… ( Coming Soon) / (2.74 GB) / (1.11 GB) Quality…. WEB-DL 4K HEVC /1080p HEVC / 720p Format…. mkv/mp4 Genre…. Action, Drama, Family, Sport Duration…. 01:28:15 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Min Wai , Double K Translated by Mr. Anderson

Animation • Romance • Drama • History
6.6 2025 94 mins
Karate Kid: Legends
Baiyunzhai Strange Tales
5.7

အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် တရုတ်သဲထိတ်ရင်ဖိုရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- ပိုင်ယွင်မြို့ဆိုတဲ့ အေးချမ်းတဲ့ မြို့ငယ်လေးတစ်မြို့မှာ လူတချို့ အဆက်မပြတ် ထူးဆန်းစွာ သေဆုံးသွားကြပါတယ်။ အရင်ဆုံး လျိုမာကျီက ရေခပ်ရင် သေသွားခဲ့ပြီး သူ့နာရေးက အပြန် ဝက်သတ်သမားဟာ မိသားစုဝင်တွေကို ဝက်သတ်သလို သတ်ထားခဲ့ပါတယ်။ အဲဒီနောက်မှာ လျိုယွင်ကျိုင်းဆိုတဲ့ နာရေးပစ္စည်းဆိုင်က ဆိုင်ရှင် အခေါင်းဘုရင်က မကောင်းဆိုးဝါး ဝင်ပူးသလိုဖြစ်ပြီး ရပ်သူရွာသားတွေက ကြောက်လန့်ကြတဲ့အတွက် သူတို့ကို မြို့အပြင်ကို နှင်ထုတ်ခဲ့ပါတယ်။ နောက်ဆုံး တုန်းဖန်းအရက်ဆိုင်က ဆိုင်ရှင် တုန်းဖန်းရှော့ဟာ ထူးဆန်းစွာနဲ့ အရူးတစ်ယောက်လို နေ့ညမနားတမ်း အရက်သောက် အသားစားနေခဲ့ပါတယ်။ ဒီအဖြစ်တွေကြောင့် ခရီးထွက်လာတဲ့ ဆရာကြီးမာစန်းရဲကို ဖြေရှင်းပေးဖို့အကူအညီတောင်းလာခဲ့ပါတယ်။ လောကမှာ တကယ်ပဲ တစ္ဆေသရဲဆိုတာ ရှိသလား…… မြို့ထဲက ထူးဆန်းတဲ့ အဖြစ်တွေက သရဲလုပ်တာလား လူလုပ်တာလား…… မာစန်းရဲကရော ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

5.7 2025
Baiyunzhai Strange Tales