YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Red Shoes.2021.EP1.mp4

342.72 MB N/A video/mp4 2546 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Kisi Ka Bhai... Kisi Ki Jaan
5.9

Kisi Ka Bhai Kisi Ki Jaan (2023) ****************************************** ယခုတစ်ခါ ပရိသတ်ကြီးအတွက် တင်ဆက်ပေးမှာကတော့ 2023 ခုနှစ်ထွက် ရုံ‌တင်ငွေ 182 ကုဋေထိရခဲ့တဲ့ ဆလူးဘိုင်လို့ ချစ်စနိုးခေါ်ကြတဲ့ စလ်မာန်ခန်းက ဘိုင်ဂျန်း(အကိုကြီး)နေရာက ဦးဆောင်ပါဝင်ထားပြီး ဆလူးရည်းစားသစ်လေး ပူဂျား၊ အာသောကမင်းသားဆစ်ဒါးသ်နီဂဟမ်နဲ့ မင်းသမီး‌ချောလေး ဝရ်နာလီ ဘတ်နာဂရ်အပြင် တမီးလ်သရုပ်ဆောင်ကြီး ဂျဂါပသီဘာဘူကလည်း ကိုဒါသီ နာဂေးရှ်ဝရ်အဖြစ်နဲ့ အားဖြည့်ပါဝင်လာတဲ့ အက်ရှင်ဒရာမာ ရုံတင်ဇာတ်ကားသစ်လေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အကိုကြီးဂျန်းဆိုတဲ့ ဆလူးဘိုင်နဲ့ ညီသုံးယောက်ရှိပါတယ် သွေးမတော်သားမစပ် မိဘမဲ့ဂေဟာကပါ သူတို့ကို အကိုကြီးဂျန်းက မိဘမဲ့ဂေဟာမီးလောင်တော့ မွေးစားခဲ့ပြီး သူ့ညီသုံးယောက်နဲ့သူရဲ့ သံယောဇဉ်ကို အပြတ်မခံနိုင်လို့ အိမ်ထောင်မပြုပဲ လူပျိုကြီးလုပ်နေပါတယ် (အပြင်မှာကတော့ ကျန်ရစ်ဂေါ်မစွံပါ) ဒါပေမဲ့ သူ့ညီသုံးယောက်ကတော့ အကိုကြီးလို အိမ်ထောင်ရေးကို ရန်ငါမပြတ်ပဲ ရည်းစားလေးတွေ ကိုယ်စီခိုးထားထားပါတယ် အကိုကြီးကိုလည်း အရမ်းချစ် ရည်းစားလေး‌တွေကိုလည်းမခွဲနိုင်တော့ အကိုကြီး လူပျိုကြီးကိုပဲ အစွံထုတ်ပေးဖို့ သူတို့အကိုကြီးရဲ့ ex ကို မွမ်ဘိုင်းထိသွားရှာပြီး ခေါ်မလို့လုပ်ခဲ့ပေမဲ့ အကိုကြီးရဲ့ ex ကတော့ သူများရင်ခွင်ထဲရောက် လင်ရလို့ ကလေးတစ်ယောက်ပါ မွေးနေပြီမို့ အကိုကြီးကို သူ့ ex နဲ့နာမည်တူအမကြီးတစ်ယောက် ခေါ်လာပေးပြီး ဂျင်းထည့် ဝိုင်းအောင်သွယ်ပေးတဲ့အခါမှာ ဘာဆက်ဖြစ်လာမလဲ  ညီအကိုတွေ ဘယ်လိုလွဲကြဦးမလဲ စသဖြင့် အက်ရှင် အချစ် ဒရမ်မာ စုံလင်နေအောင် ကြည့်ရှုရမဲ့ကားဖြစ်ပါတယ် လူပျိုကြီး ဆလူးဘိုင်တစ်ယောက် အပြင်က သူ့အချစ်ဇာတ်လမ်းနဲ့တောင်ဆင်နေတဲ့ ကျန်ရစ်ဇာတ်လမ်းလေးနဲ့အတူ သီချင်းလေးတွေဝေဝေဆာဆာနဲ့ ဘယ်လိုကြမ်းရမ်းပြမလဲဆိုတာကို ပရိသတ်တို့ အားပေးကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ် အညွှန်းရေးသားသူကတော့ Sai ဖြစ်ပြီး ဘာသာပြန်သူတွေကတော့ Sai ~ chiclon3 ~ BpL ~ Thaik San ~ Moon ~ Aditi တို့ပဲဖြစ်ပါတယ်။ File size…9.2GB / 3.5GB / 1.7GB Quality…4k WEB DL HEVC  / 1080p WEB DL  / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai ~ chiclon3 ~ BpL ~ Thaik San ~ Moon ~ Aditi

Action • Drama • Mystery • Thriller
5.9 2023 144 mins
Kisi Ka Bhai... Kisi Ki Jaan
Seven Sundays
8.1

သာမန် အာရှဆန်ဆန် family drama ဖိလစ်ပိုင်ကားတွေကနေ ကွဲထွက်ခဲ့ပြီလို့ review တွေ‌ပေးထားကြပြီး 2017 မှာ ဆုပေါင်းများစွာရရှိထားတဲ့ ဒီဇာတ်ကားလေးဟာ Box Office မှာ 271 Millions ရရှိထားပါသေးတယ်။ မြန်မာပရိသတ်တွေနှစ်သက်သဘောကျပြီးသားဖြစ်တဲ့ မင်းသားကြီး Dingdong Dantes နဲ့ မင်းသားချော Enrique Gil တို့လိုနာမည်ကြီးသရုပ်ဆောင်တွေနဲ့သိုက်သိုက်ဝန်းဝန်းရိုက်ကူးထားတဲ့ Drama ဇာတ်ကားလေးပါ။ လူ့ဘောင်လောကမှာ လူတိုင်းဟာကြိုးစားရုန်းကန်လှုပ်ရှားကြရင်း အခက်အခဲပေါင်းများစွာ၊ ဘဝရဲ့ရိုက်ခတ်မှုများစွာနဲ့ ငယ်ဘဝ နှလုံးသားဒဏ်ရာများစွာ ရှိနေကြမှာပါပဲ။ ပြီးပြည့်စုံခြင်းဆိုတာ ဘာပါလဲ။ ငွေကြေးချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ ပျော်ရွှင်မှု၊ အထီးကျန်မှု၊ စည်းလုံးမှုတွေ ကို တစ်ခုချင်းဆီ portray ထားတဲ့ ဒီဇာတ်ကားလေးဟာ သင့်ကို ဝမ်းသာ၊ ဝမ်းနည်း၊ ကြည်နူး၊ ပျော်ရွှင်၊ သနား စတဲ့ ရသမျိုးစုံခံစားရ‌အောင် ပေးစွမ်းပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်း ချစ်ရတဲ့မိန်းမ ကွယ်လွန်သွားပြီဖြစ်တဲ့ Captain Manuel Bonifacio ဆိုတဲ့ ရပ်ရွာရဲ့လူကြီးလူကောင်း အဖိုးကြီးတစ်ယောက်ဟာ သားသမီးလေးယောက်၊ မြေးတွေများစွာရှိပါလျက်နဲ့ အိမ်မှာ တူဖြစ်သူ Jun နဲ့ နှစ်ဦးထဲ နေရသူပါ။ သူ့ရဲ့ ၆၉ နှစ်ပြည့်မွေးနေ့မှာ လာဖို့ သားသမီးတွေကိုခေါ်ပေမယ့် ဘယ်သူမှမအားဘူးဆိုတဲ့အကြောင်းပြချက်တွေနဲ့အတူ ဒီမွေးနေ့မှာ မိသားစုသိုက်သိုက်ဝန်းဝန်းမရှိပဲ ဖြတ်သန်းလိုက်ရပါတယ်။ ဒါပေမယ့် အဲဒီညမှာပဲ နောက်ဆုံးဧည့်သည်က ဆရာဝန်ဖြစ်နေပြီး သူဟာ အဆုတ်ကင်ဆာရှိနေတာကြောင့် ၂လပဲ နေရတော့မယ်ဆိုတာကို သိလိုက်ရပါတယ်။ ဒီအခါမှာ သားသမီးတွေကို ဆက်သွယ်ပြီး နှစ်လတာကာလအတွင်းက တနင်္ဂနွေခုနှစ်ရက် (Seven Sundays) ဇာတ်လမ်းကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ တနင်္ဂနွေ ခုနှစ်ရက် အတွင်းမှာ ဒီဖခင်နဲ့ ညီကိုမောင်နှမလေးယောက် ဘာ‌တွေဘယ်လိုဆက်ဖြစ်ကြမယ်ဆိုတာကိုတော့ ရသမျိုးစုံခံစားရင်း ကြည့်လိုက်ကြပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Nyan Hlyan Chit မှတင်ဆက်ထားပါတယ်။) Tele Link ကနေပဲကြည့်တတ်တယ်ဆိုရင် https://t.me/Myname2021hakak/85  မှာဝင်ကြည့်ပါ။720p HD ကို တင်ပေးထားပါတယ်။ File size…(3.9 GB)/(1.1 GB) Quality…WEB-DL 1080p / 720p Format…mp4 Duration….02:08:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Nyan Hlyan Chit

Drama
8.1 2017 128 mins
Seven Sundays
End of Days
6

ငယ်စဉ်တောင်ကျေး ကလေးဘဝက အထိတ်တလန့်ကြီး ကြားလိုက်ရတယ်။ ကမ္ဘာပျက်မယ်တဲ့။ ဟင် ဘာလား။ ပျော်စရာကြီး။ ကမ္ဘာပျက်ရင် သူငယ်ချင်းတွေနဲ့ အတူတူထိုင်ကြည့်မယ်ပေါ့။ တိုင်ပင်ကြ။ ပြင်ဆင်ကြ။ မုန့်တွေ သစ်သီးတွေ စုဆောင်းသိမ်းဆည်းကြ။ အချိုလေးတည်းရင်း ကြည့်ရရင် သိပ်ဇိမ်ရှိမှာကိုးဗျ။ ဒါပေမဲ့ လူကြီးသူမတွေရဲ့မျက်နှာက သိပ်မကောင်းကြဘူး။ လက်ဖက်ရည်ဆိုင်တွေ အိမ်က လက်ဖက်ရည်ကြမ်းဝိုင်းတွေမှာ တိုးတိုး တိုးတိုးနဲ့ ငြင်းခုန်ကြ တိုင်ပင်ကြ။ ကလေးပေမဲ့လို့ သိတတ်တဲ့အရွယ်ဆိုတော့ ကမ္ဘာပျက်မယ့်ကိစ္စက ပျော်စရာမဟုတ်မှန်းသိပြီလေ။ ကိုယ်ဖတ်ရတဲ့ ကာတွန်းလေးတွေ မဂ္ဂဇင်းတွေထဲမှာလည်း အဲဒီအကြောင်း မမြင်ချင်မှအဆုံး။ လူတိုင်း လူတိုင်း ကမ္ဘာသူကမ္ဘာသားတိုင်းက ပူပင်သောကတွေနဲ့ ရင်ဆိုင်ကျော်ဖြတ်ဖို့ ပြင်ဆင်နေရချိန်ပေါ့လေ။ မျောက်မူးလဲအောင် ဆော့တတ်တဲ့ကိုယ်တွေတောင် လူကြီးတွေမျက်နှာကိုငေးမောပြီး ငြိမ်ငြိမ်လေး ထိုင်နေတတ်လာတယ်။ လူကြီးမင်းတို့ မီတဲ့သူတွေ မီကြမှာပါ။ Y2K တဲ့။ ဘာလဲဟ ဝိုင်တူးကေ။ လူကြီးတွေပြောစကားနားထောင် လက်လှမ်းမီသလောက် စာလေးတွေဖတ်ပြီးသိလာပါတယ်။ Y က year၊ 2K က 2000။ အပြည့်အစုံပြောရရင် သက္ကရာဇ် ၂၀၀၀ ပေါ့ဗျာ။ သက္ကရာဇ် ၂၀၀၀ မှာ ကမ္ဘာပျက်မယ်ဆိုတဲ့ကိစ္စက ၂၀၁၂ ကမ္ဘာပျက်မယ့်ကိစ္စထက် ပိုပြီးကျယ်ကျယ်လောင်လောင်ဖြစ်ခဲ့တယ်။ ပိုပြီး လက်တွေ့ဆန်တဲ့ သီအိုရီတွေရှိခဲ့တယ်။ ဇာတ်ကားအကြောင်းမပြောခင် နည်းနည်းလေပေါဦးမယ်ဗျာ။ သက္ကရာဇ် ၂၀၀၀ ဟာ သိပ္ပံနည်းကျ လက်တွေ့သဘောအရ လူသားတွေ ရင်ဆိုင်ရမယ့် ကပ်ဘေးကြီးနှစ်ခုရှိပါတယ်။ ငွေကြေးဖောင်းပွခြင်းနဲ့ ငွေကြေးတန်ဖိုးမငြိမ်ခြင်း တပြိုင်နက်တည်းဖြစ်ခဲ့တာမလို့ စီးပွားရေးလုပ်ငန်းတွေရဲ့ သင်္ချိုင်းကုန်းကြီးဖြစ်ခဲ့တာပါ။ ကုန်ပစ္စည်းသိုလှောင်ရောင်းချခြင်းနဲ့ လည်ပတ်တဲ့စီးပွားရေးက မတည်ငြိမ်တဲ့ ငွေတန်ဖိုးကြောင့် ဘာမှဆက်လုပ်လို့မရဘဲ ထိုးရပ်သွားတယ်။ နောက်တစ်ခုကတော့ ကွန်ပျူတာတွေပါပဲ။ မောင်းနှင်ထားတဲ့စနစ်က ၁၉၉၉ ခုနှစ်အထိပဲ ကွန်ပျူတာတွေက သိမှာမလို့ သက္ကရာဇ် ၂၀၀၀ အရောက်မှာ ကွန်ပျူတာတွေက ၂၀၀၀ ကိုမသိတော့ဘဲ ၁၉၀၀ ကိုပဲ ဖတ်တော့မှာမလို့ နှစ်တစ်ရာ နောက်ပြန်ရောက်သွားတဲ့အဖြစ်ပေါ့။ အဲဒီအတွက် ပြင်ဆင်နိုင်ဖို့ အသည်းအသန်ကြိုးစားကြပေမဲ့ ၁၉၉၉ နှစ်ကုန်ကာနီးအထိ ဘယ်သူမှ စနစ်သစ်ကို Launch မလုပ်နိုင်သေးလို့ ရုံးသုံးကွန်ပျူတာတွေ ရပ်ဆိုင်းမယ်လို့ သတင်းဌာနတွေကနေ တစ်မိနစ်ကို အကြိမ်တစ်ရာလောက် မြိန်ရေယှက်ရေ ပြောခဲ့ကြချိန်ပေါ့ဗျာ။ ကဲ အဲဒါကတော့ ဝိုင်တူးကေရဲ့ သိပ္ပံနည်းကျ ကမ္ဘာပျက်ခြင်းပေါ့လေ။ အခု ဇာတ်ကားအကြောင်းပြောပါတော့မယ်။ လူစီဖာ ဆိုတဲ့ ဘုရားသခင်ရဲ့ ဒုတိယသားဦး ကောင်းကင်တမန်နတ်က စေတန် ဆိုတဲ့နာမည်နဲ့ အဆိုးဘက်ကို ကူးပြောင်းသွားပြီး ငရဲပြည်မှာ ငရဲမင်းသားအဖြစ် စိုးစံနေတာကို သိကြမှာပါ။ အဲဒီနောက် ကမ္ဘာကိုဖျက်မယ့် အတွေးဆိုးတွေကြောင့် ငရဲရဲ့ အကျဉ်းထောင်ထဲမှာ အကျဉ်းချခံခဲ့ရပါတယ်။ ထောင်စုနှစ်တစ်ခုရဲ့အဆုံးမှာ စေတန်ဟာ အကျဉ်းထောင်ကနေလွတ်မြောက်လာပြီး ကမ္ဘာပေါ်ကိုတက် ကမ္ဘာပျက်နေ့ ကို ယူဆောင်လာမယ်တဲ့။ သမ္မာကျမ်းစာ အခန်း ၂၀ အပိုဒ်ငယ် ၇ မှာ အတိအလင်း ပါပါတယ်။ ကဲ မခက်လားဗျာ။ ကမ္ဘာကိုက ပျက်ချင်နေတာလားမသိပါဘူးနော်။ ဒီတော့ ၁၉၉၉ ခုနှစ်ရဲ့ နှစ်သစ်ကူးအကြိုည။ ကမ္ဘာပျက်မပျက် ငြင်းခုန်ကြတာတွေ ဘေးဖယ်ထား။ လူတွေစိတ်အဝင်စားဆုံးညမလို့ နယူးယောက်မြို့ရဲ့ ညဘက်လမ်းမတွေပေါ်မှာ ကြက်ပျံမကျ စည်ကားနေချိန်ပေါ့ဗျာ။ လူစီဖာက ကမ္ဘာပေါ်ကိုတက်လာမယ်။ ရွေးချယ်ခံမိန်းကလေးကိုရှာဖွေပြီး ကိုယ်လက်နှီးနှောရမယ်။ သူ့ရဲ့မျိုးစေ့ကို ချန်ခဲ့ရမယ်။ ငရဲတံခါးကိုဖွင့်လို့ ကမ္ဘာပျက်နေ့ကိုယူဆောင်လာရမယ်။ အဲဒီအချိန်မှာပဲ မင်းသားကြီးအာနိုး တာဝန်ယူစောင့်ရှောက်ရမယ့် လုပ်ငန်းရှင်ကိုယ်ထဲကို လူစီဖာ ဝင်ပူးသွားတယ်။ အဖြစ်တွေ ဆင့်ကဲဖြစ်လာရင်းနဲ့ ရွေးချယ်ခံမိန်းကလေးကို မင်းသားကြီးကစောင့်ရှောက်ပေးဖို့လိုအပ်တဲ့အဖြစ်ကိုရောက်လာပြီး မိန်းကလေးအနား လူစီဖာ မရောက်နိုင်ဖို့ ပြေးလွှားရှောင်တိမ်းကြရတဲ့အကြောင်းတွေပါ။ လူသားနဲ့ စေတန် နတ်ဆိုးရဲ့ တိုက်ပွဲကြီးပေါ့။ Oldie but Goodie လေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.3GB, 1.3GB, 670MB Quality - 1080p, 720p, 480p IMDb Rating - 5.8/10 Format - mp4 Duration - 2H 2Min Genre - Action, Fantasy, Horror Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Action
6 1999 121 mins
End of Days
Jayeshbhai Jordaar
5.9

ဒီဇာတ်ကားလေးကတော့ အိန္ဒိယနိုင်ငံရဲ့ ဖိုဝါဒ အလေးပေးမှု၊ အမျိုးသမီးတွေကို နှိမ်ချမှု တို့ကို မီးမောင်းထိုးပြထားတဲ့ စိတ်ဝင်စားစရာ ဇာတ်ကားကောင်းလေးတစ်ခုပါပဲ။ ဂျက်ရှ်ဟာ Pravingadh မှာ ဘိုးဘေးစဉ်ဆက် အုပ်ချုပ်လာတဲ့ မိသားစုရဲ့ သားတစ်ယောက်။ သူက မူဒရာဆိုတဲ့ အမျိုးသမီးလေးနဲ့ အိမ်ထောင်သက် ၉ နှစ်ရှိပြီး သမီးလေးတစ်ယောက်မွေးထားတယ်။ ဂျက်ရှ်တို့ မိသားစုမှာ ဆက်ခံဖို့အတွက် သားမွေးပေးရမှာက မူဒရာ ရဲ့တာဝန်ပေါ့။ အိမ်ထောင်သက်တစ်လျှောက်လုံးမှာ ကိုယ်ဝန်ဆောင်ပြီး မိန်းကလေးမှန်း သိရတဲ့အချိန်တိုင်း ကလေးကို ဖျက်ချခဲ့ရတာ ၆ ကြိမ်ရှိပြီ။ ဒီတစ်ဗိုက်မှာတော့ မူဒရာ‌တစ်ယောက် သားလေး မွေးပေးနိုင်ဖို့ကို တစ်မိသားစုလုံးက မျှော်လင့်ထားကြတယ်။ ဂျက်ရှ်ကတော့ စိတ်နှလုံးသား နူးညံ့တဲ့ ခင်ပွန်းပါပဲ။ မူဒရာရဲ့ ဗိုက်ထဲက ကလေးဟာ မိန်းကလေးမှန်း သိပြီးတဲ့နောက် ဂျက်ရှ်တစ်‌ယောက် ရင်သွေးကို ထပ်ပြီး အဆုံးရှုံးမခံနိုင်တော့ဘဲ သူ့မိဘတွေ ရှေးရိုးစွဲတာတွေကို ဘယ်လို ပုန်ကန်နိုင်မလဲ? သူ့ဇနီးသည်နဲ့ အတူ ဘယ်လိုကျော်ဖြတ်သွားမလဲ? ဆိုတာ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုရမှာပါ။ အခုခေတ်အချိန်ထိ ကျွန်မတို့ နိုင်ငံမှာလည်း ဖိုဝါ‌ဒကြီးစိုးတဲ့ ရှေးရိုးစွဲ အမြင်တွေကို စွဲကိုင်ထားကြသူတွေရှိပါသေးတယ်။ လူဟာ လူပဲဆိုတာကို မြင်နိုင်တဲ့တစ်နေ့ လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံမှုတွေ နည်းပါးသွားမှာ သေချာပါတယ်။ ဒီဇာတ်ကားလေးကို ကြည့်ပြီး တစ်ခုခု ရသွားမယ်လို့ မျှော်လင့်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Kit နဲ့ Hae Areum က ရေးထားတာပါ။) File Size : 2.2GB, 1GB, 505MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 2hr & 1min Genre : Comedy, Drama Translated by Kit & Hae Areum Encoded by Kinnov

Animation
5.9 2022 124 mins
Jayeshbhai Jordaar
Royal Warriors
7

မြန်မာပြည်မှာ ဟောင်ကောင်ဂျက်မလို့ လူသိများကြတဲ့ ဇာတ်ကားတွေကို ပြန်လည်တင်ဆက်သွားပါ့မယ် ဟောင်ကောင်ဂျက်မဆိုတာက အဲ့ချိန်တုန်းကမြင်ရခဲတဲ့ ဆံပင်တိုတိုနဲ့ ဟောင်ကောင်ရဲမေစုံထောက် ကွန်ဖူးဖိုက်တာတွေကို ဆိုလိုတာပါ… ဇာတ်ကားအများစုကို မီရှဲယိုနဲ့ Cynthia Khan တို့အဓိက သရုပ်ဆောင်ခဲ့ကြပါတယ်။ ဂျက်မ Franchise အဖြစ် နာမည်ကြီးကြတာတော့ In The Line of Duty ဆိုတဲ့ဇာတ်ကားတွေပါပဲ။ ဟောင်ကောင်ရဲ့ ရုပ်ရှင်ရွှေခေတ်မှာ နာမည်ကြီးခဲ့ကြတဲ့ မင်းသားမင်းသမီးအကုန်နီးပါး ဒီ Franchise ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့ကြပါတယ်။ ၁၉၉၀ ခုနှစ်လောက်က ဇာတ်ကားတွေဆိုပေမယ့် အခုချိန်ထိ ခေတ်မီနေပြီး သွက်လက်တဲ့ Action တွေကို ခံစားရမှာပါ။ ဂျက်ကီချန်းရဲ့ဇာတ်ကားတွေလိုပဲ Action,Comedy,Drama Theme တွေကို လှလှပပ ကူးသန်းချိတ်ဆက်ထားပါတယ်။ အခုဒုတိယကားအနေနဲ့တင်ဆက်လိုက်တဲ့ Royal Warriors (1986) ဇာတ်ကားကတော့ In The Line of Duty-1 လို့လဲ ခေါ်ဆိုကြပါတယ်။ မင်းသမီးမီရှဲယိုအဓိကပါဝင်ထားပြီး IMDb Rating(6.9) ထိ ရရှိထားမလို့ Action ပရိတ်သတ်တွေ လက်လွတ်မခံသင့်ကြောင်း ညွှန်းဆိုပါရစေ။ ဟောင်ကောင်ဂျက်မဇာတ်ကားတွေကို ဒီမှာ https://channelmyanmar.org/?s=in+the+line+of+duty  ကြည့်လို့ရပါတယ်။ File size…(2.8 GB)/(999 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:36:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Murphy

Horror • Mystery • Thriller
7 1986 96 mins
Royal Warriors
The Christmas Chronicles
7.2

CM ပရိတ်သတ်တွေအတွက် ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ "The Christmas Chronicles" ဆိုတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်... ဒီဇာတ်လမ်းကိုတော့ Nextflix မှဖြန့်ချီထားပြီး Rating 7.6 ရရှိထားကာ ကြည့်ရှုသူများရဲ့ positive feedback များစွာကို ပိုင်ဆိုင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်.. အညွှန်း- မက်ချူးဆက်မှာ နေထိုင်တဲ့ ပီယာစ်မိသားစုတစ်ခု... ဒီမိသားစုမှာ ဖေဖေ ဒေါ့ပီယာစ် မေမေ ကလဲယာပီယာစ် ကိုကြီး တက်ဒီပီယာစ်နဲ့ ညီမလေး ကိတ်တီပီယာစ်ဆိုပြီး မိသားစုလေးယောက်ရှိပါတယ်.. သူတို့မိသားစုဟာ ခရစ်စမတ်ရောက်တိုင်း နှစ်တိုင်း မိသားစုဗီဒီယိုလေးတွေရိုက်ရင်း ခရစ်စမတ်ကိုကြိုဆိုတတ်ကြပါတယ်... ဒေါ့ပီယာစ်ဟာ မီးသတ်သမားတစ်ယောက်ဖြစ်ပါတယ်... ဒီမိသားစုအတွက် ကံဆိုးခဲ့တာကတော့ ဒေါ့ပီယာစ် မီးလောင်သူတွေကို ကယ်ရင်း မီးလောင်သေဆုံးခဲ့တာပါ.. တက်ဒီဟာ အဖေမရှိတော့တဲ့နောက်ဂျစ်ကန်ကန်ပဲ နေထိုင်ခဲ့ပါတယ်... ညီမဖြစ်သူ ကိတ်တီနဲ့လည်း မကြာခဏရန်ဖြစ်တတ်ပါတယ်... တစ်နေ့ မထင်မှတ်တာတစ်ခု ဖြစ်လာခဲ့တယ်... ဒါကတော့ ကိတ်တီဟာ အဖေနဲ့အတူရိုက်ကူးထားတဲ့ ခရစ်စမတ် အမှတ်တရဗီဒီယိုတွေကိုကြည့်ရင်း စန်တာကလော့စ်ကို တွေ့ခဲ့တာပါ... သူဟာ စန်တာကလော့စ်ကို အပြင်မှာတွေ့ချင်တဲ့ ရည်ရွယ်ချက်နဲ့ အကိုဖြစ်သူတက်ဒီနဲ့ တိုင်ပင်ခဲ့ပါတယ်... သူတို့ရဲ့ စန်တာနဲ့ တွေ့ချင်တဲ့စိတ်ကူးက အမှန်တကယ်ဖြစ်ခဲ့ပါတယ်... ကောင်းသောတွေ့ခြင်းတော့ မဟုတ်ပါဘူး... စန်တာကလော့စ်ရဲ့ စွတ်ဖားလှည်းနောက် သူတို့နှစ်ယောက်ခိုးလိုက်ခဲ့တာပါ... စန်တာတစ်ယောက် သူတို့နှစ်ယောက်ကို တွေ့ပြီး အလန့်တကြားနဲ့ လက်ဆောင်ထုပ်တွေ အကုန်ပြုတ်ကျပါတော့တယ်... တက်ဒီနဲ့ ကိတ်တီဟာ သူတို့နှစ်ယောက်ကြောင့် ခရစ်စမတ်မပျက်စီးအောင် စန်တာကလော့စ်ကို ကူညီပေးရပါတော့တယ်... ခရစ်စမတ်မရောက်ခင် လက်ဆောင်ထုပ်တွေကို ရှာပြီး အမှီပို့နိုင်ပါ့မလား... အောင်မြင်ပါ့မလား စတာတွေကို စိတ်ဝင်တစားကြည့်ရှုရမှာပါ... File Size : (978MB) and (302 MB) Quality : Web DL 720p Running Time :1hr 44min Format : Mp4 Genre : Adventures , Comedy , Family Subtitle : Myanmar Subtitle (Hard Sub) Translated by May Haruko Encoded by Moe Myint Lwin

Drama • Sci-Fi & Fantasy
7.2 2018 104 mins
The Christmas Chronicles
Wish You Were The One
6.3

Wish You Were The One (2023) ~ IMDb – 6.3/10, MyDramaList – 7.5/10 ~ လိုက်ကာနဲ့ယူနီဖောင်းချုပ်တဲ့ ကိုယ်ပိုင်စီးပွား‌ရေးလုပ်ငန်းအသေးလေးရဲ့ ပိုင်ရှင်ဖြစ်သူ “အက်စရွတ်” ဆိုတဲ့မိန်းမချောလေးဟာ ငယ်ရွယ်စဉ်ကလေးဘဝက ရရှိခဲ့တဲ့စိတ်ဒဏ်ရာတွေကြောင့် ဘဝမှာမြင့်သထက် အမြင့်ရောက်အောင် အမြဲကြိုးစားနေသူတစ်ဦးဖြစ်ပါတယ်။ အက်စရွတ်ရဲ့ရာဇဝင်ကို အတိုချုံ့ပြောရရင် သူငယ်စဥ်မှာပဲ သူ့ရဲ့အမေဟာ ယောက်ျားကဖောဖောသီသီမထားပေးနိုင်တဲ့ဘဝကို စိတ်ကုန်သွားလို့ သမီးနဲ့လင်ယောက်ျားကိုကျော်ပြီး သူ့ကိုယ်သူ တစ်ကိုယ်ကောင်းဆန်ဆန်ရွေးချယ် အိမ်ကထွက်သွားခဲ့တာကြောင့် အဲဒီအမေကို တစ်သက်လုံးမုန်းတီးနေခဲ့ပါတယ်။ ဒီလိုစိတ်ဒဏ်ရာကြီးရခဲ့တဲ့ အက်စရွတ်အဖို့ သူကိုယ်တိုင်လည်းအလားတူအဖြစ်နဲ့ကြုံရမှာကို အတော်လေး ကြောက်နေမိတာကြောင့် ပုံမှန်ဝင်ငွေရှိပြီး ကောင်းကောင်းမွန်မွန်နေထိုင်နိုင်ဖို့က သူ့ရဲ့မဆုံးသောပန်းတိုင်ဖြစ်နေခဲ့ပါတယ်။ “အဲလစ်”ဆိုတဲ့ ဥယျာဉ်ခင်းကျင်းသူကောင်လေးဟာလည်း သူ့ရဲ့အထက်တန်းလွှာလူကုံထံရည်းစားအချောအလှ‌လေးရဲ့မျက်လုံးထဲမှာ လိုအပ်ချက်တွေအများကြီးရှိနေတဲ့ယောက်ျားတစ်ယောက်လို ခံစားနေရသူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ အဲလစ် စေ့စပ်ခွင့်တောင်းတာကို‌ အငြင်းခံလိုက်တဲ့ညဟာ သူနဲ့အက်စရွတ်တို့ဆုံတွေ့ဖို့ ဇာတ်လမ်းအစလေးဖြစ်လာပါတော့တယ်။ အဲဒီနေ့ညဟာ အက်စရွတ်တစ်ယောက် သူ့ရည်းစားစားဖိုမှူးကို ကိတ်တစ်လုံးနဲ့ မွေးနေ့စပရိုက်လုပ်ဖို့ အသွားမှာ ဖောက်ပြန်နေတာကို ပက်ပင်းမိခဲ့တဲ့နေ့လည်းဖြစ်ပါတယ်။ အက်စရွတ် စိတ်ပျက်ပျက်နဲ့ ခုံတန်းပေါ်မှာ အတိုင်းသားချန်ထားခဲ့တဲ့ ကိတ်မုန့်ကိုကြိတ်လိုက်တဲ့သူ‌ကတော့ အခြားသူမဟုတ်ပဲ စေ့စပ်ခွင့်တောင်းတာကိုငြင်းခံလိုက်ရတဲ့ “အဲလစ်”ပါပဲ။ ကံကြမ္မာရယ် ဆန်းကြယ်ပုံကိုပြောရရင် “အဲလစ်” ဒေါကန်ပြီး လွှင့်ပစ်လိုက်တဲ့ စေ့စပ်လက်စွပ်ကိုကောက်ရသွားတဲ့သူဟာလည်း “အက်စရွတ်”ဖြစ်နေခဲ့တာပါပဲ။ ကမ္ဘာကြီးရဲ့ကျဉ်းပုံများကတော့ သူတို့အချင်းချင်းတောင်မသိလိုက်ဘဲ လောကကြီးရဲ့ချည်နှောင်ပေးခြင်းကိုခံလိုက်ရတဲ့ သူတို့၂ဦးဟာ သူငယ်ချင်းမင်္ဂလာဆောင်မှာ နှစ်ဖက်ရည်းစားဟောင်းအစုံအလင်နဲ့ တစ်ဖန်ပြန်လည်ဆုံတွေ့ရဖို့ဖြစ်လာခဲ့ပြန်တာပါပဲ။ သူတို့နှစ်ယောက် အတိတ်ကလူတွေကိုယ်စီနဲ့ ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ… သူတို့နှစ်ဦးရဲ့ဇာတ်ထုပ်ကရော ဘယ်လိုဖြေချဦးမှာလဲ… ဆိုတာကိုတော့ လက်မလွှတ်တမ်း စိတ်ဝင်စားဖွယ် စောင့်မျှော်ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Jina မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.25GB, 625MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 1H 49Min Genre – Romance Subtitle – Myanmar Subtitle (Hardsub) Translated by Jina Encoded by Y

6.3 2023 109 mins
Wish You Were The One
Frogman

ဒါးလက်စ်ကိုင်းလ်ဆိုတဲ့10 နှစ်သားလေးဟာ ဗွီဒီယိုရိုက်ရတာဝါသနာပါသူဖြစ်ပြီး သွားလေရာကို ကင်မရာတစ်လုံးကိုင်မှတ်တမ်းတင်တတ်သူပါ. ဒါးလက်စ်တို့ မိသားစုခရီးထွက်ရင်း လမ်းမှာ Loveland ဆိုတဲ့ မြို့ကိုရောက်တော့ ​ကားခဏရပ်ချိန်မှာ ဒါးလက်စ်ဟာ ထူးဆန်းတဲ့သတ္တဝါ​ကြီးကို​ရိုက်ကူးနိုင်လိုက်ပါတယ်.. အဲဒါကြီးကတော့ အဲဒီဒေသရဲ့နာမည်ကျော် ဖားလူသားကြီးပါပဲ ဒီဗွီဒီယိုကလစ်ဟာ ပျံ့သွားပြီးနောက် နှစ်ပေါင်း​20ကျော် အကြာမှာတော့ ဒါးလက်စ်ရိုက်မိခဲ့တာဟာ အတုကြီးပါ လုပ်ကြံဖန်တီးထားတဲ့ကလစ်ပါဆိုပြီး လူပြောများလာပါတော့တယ်.. ဒါကိုမခံချင်တဲ့ ဒါးလက်စ်ဟာ​သူမြင်ခဲ့တာဟာ အစစ်အမှန် ဖြစ်ကြောင်းသက်သေပြဖို့ကြိုးစားလာပါတော့တယ်.. နောက်တနေ့မှာတော့ဒါးလက်စ်ဟာသူငယ်ချင်းနှစ်ယောက်နဲ့အတူ Loveland ကိုပြန်သွားပြီး သက်သေရှာဖို့ကြိုးစားကြပါတယ်. ဒေသခံလူတွေကို လိုက်မေးမြန်းစုံစမ်းရင်း ဖားလူသားနဲ့ ပတ်သက်တဲ့အကြောင်းတွေကို အမျိုးမျိုးကြားသိခဲ့ရပြီး ဖားလူသားက ဘာလဲဆိုတာ​ ဒါးလက်စ်တို့ရှာပုံတော်ဖွင့်ပါတော့တယ်.. သူတို့ရဲ့​စွန့်စားခန်းမှာဘာတွေကြုံတွေ့ရမလဲ.. ဖားလူသားဆိုတာကရောတကယ်ရှိလား… သူကဘာလဲ နတ်ဆိုးလား​ဂြိုလ်​သားလား လူတွေလုပ်ကြံဖန်တီးထားတာ သက်သက်ပဲလားဆိုတာကိုတော့…………. File size…2.22GB / 1.07GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 17m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg

0 2023
Frogman
Handling the Undead

နော်ဝေအမျိုးသမီးလူငယ်ဒါရိုက်တာ Thea Hvistendahlရဲ့ လက်ရာကောင်းအဖြစ် သတ်မှတ်ခံရတဲ့ နော်ဝေဟော်ရာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ အော့စလိုမြို့ထဲမှာ ဘာအကြောင်းအရင်းမှ ရေရေရာရာမှမရှိဘဲ လျှပ်စစ်မီးတွေ မှိတ်တုတ် မှိတ်တုတ်ဖြစ်ပြီး ငှက်တွေအုပ်လိုက်ကြီး ဆူညံစွာနဲ့ ဦးတည်ရာမဲ့ ပျံသန်းနေကြတယ်။ နောက်ရက်မှာပဲ မိသားစုသုံးခုစီက သေဆုံးသွားပြီးသား ချစ်ခင်ရသူတွေတစ်ယောက်စီ ထူးဆန်းစွာနဲ့ ပြန်လည်နိုးထလာခဲ့ကြတယ်။ ဘာကြောင့် သူတို့တွေ ပြန်နိုးထလာခဲ့ကြတာလဲ။ ပုံမှန်လူသားအတိုင်း သူတို့ရှင်သန်မှာလားဆိုတာ ကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre… Drama, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo

0 2024
Handling the Undead
Above Suspicion
5.8

ရဲတွေ FBI တွေရာဇဝတ်မှုတစ်ခု နောက်ကိုလိုက်တဲ့အခါမှာ သူတို့အတွက် တန်ဖိုးအရှိဆုံးအရာကတော့ သူတို့လိုချင်နေတဲ့ သတင်းတွေကို အသေးစိတ်ပြောပြပေးနိုင်မဲ့သတင်းပေးတွေပါပဲ။ အဲ့ဒီသတင်းပေးတွေကြောင့်ပဲ ဖော်ထုတ်နိုင်ခဲ့တဲ့ရက်စက် ကြမ်းကြုတ်တဲ့ ဒုစရိုက်မှုတွေဆိုတာလည်းမနည်းပါဘူး။ သတင်းပေးတွေက ရဲတွေကိုသတင်းပေးရာမှာ လျှို့ဝှက် သတင်းပေးရတာလည်းရှိသလို တရားရုံးမှာသက်သေထွက်ဆို ပေးရတဲ့အထိ လုပ်ပေးရတာတွေလည်းရှိပါတယ်။ သတင်းပေးတွေဖက်က အဲ့လိုသတင်းပေးရတဲ့ အကြောင်း ပြချက်တွေကလည်း မျိုးစုံရှိကြပါတယ်။အခုတင်ဆက်ပေးမဲ့ Above Suspicion ဆိုတဲ့အပြင်လောကက ဖြစ်ရပ်မှန်အကြောင်း အရာတစ်ခုကို အခြေခံပြီးရိုက်ကူးထားတဲ့ ဇာတ်ကားထဲမှာ အထက်မှာပြောခဲ့သလိုသတင်းပေးနဲ့ FBI အေးဂျင့်တစ်ယောက်ရဲ့ ကြားမှာ ဖြစ်ခဲ့တဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကို တွေ့ရ မှာပဲဖြစ်ပါတယ်။ ငယ်စဉ်ကတည်းကနေ အခုအချိန်အထိ ပိုက်ဗေးလ်မြို့မှာ နေထိုင်ခဲ့တဲ့ ဆူဇန်ဆိုတဲ့အမျိုးသမီးတစ်ယောက်က ယိုယွင်းပျက်စီးနေတဲ့ ပိုက်ဗေးလ်မြို့ရဲ့စီးပွားရေးအကြပ် အတည်းတွေကို အံကြိတ်ပြီး ရှင်သန်နေရတဲ့ကွာရှင်းထားတဲ့ ကလေးအမေတစ်ယောက်ပဲဖြစ်ပါတယ်။သူတို့မြို့က ဘယ်လောက် ပျက်စီးနေလဲဆိုရင် ပိုက်ဆံရှာဖို့ အသုဘလုပ်ငန်းနဲ့ မူးယစ်ဆေး ရောင်းဝယ်တဲ့လုပ်ငန်း ၂ ခုပဲရှိတော့တဲ့အထိကိုဆိုးဝါးနေခဲ့တာပါ။ အဲ့ဒါတွေကြောင့်ပဲ ဒီမြို့ကနေထွက်သွားချင်တဲ့ သူ့ရဲ့ရည်မှန်းချက်က ဘယ်တုန်းကမှ မပြည့်၀ခဲ့သလို အရာရာပြည့်စုံတဲ့ယောက်ျား တစ်ယောက်နဲ့ ပျော်ရွှင်စရာကောင်းတဲ့အိမ်ထောင်ရေးတစ်ခုကို ပိုင်ဆိုင်ချင်တာကတော့ သူ့ရဲ့အိပ်မက်ကြီးတစ်ခုပါပဲ။အဲ့ဒီ အိပ်မက်တွေအားလုံးက တစ်နေ့မှာတော့သူတို့မြို့ကို FBI အေးဂျင့်မာ့ခ်ရောက်လာတဲ့အခါမှာ ပြည့်၀သွားသလိုခံစား လိုက်ရပါတယ်။အေးဂျင့်မာ့ခ်မှာ သားနဲ့မယားနဲ့ဆိုပေမဲ့ အဖက်ဖက်က ပြည့်စုံနေတဲ့ ယောက်ျားတစ်ယောက်မျိုးဖြစ်တဲ့ အတွက် ဆူဇန်အတွက်ရေငတ်နေချိန်ဝိုင်ချိုတွေ့လိုက်ရသလို အေးဂျင့်မာ့ခ်ကို တမ်းတမ်းစွဲဖြစ်ပြီး သတင်းပေးအနေနဲ့ ချဉ်းကပ်ခဲ့ပြီးတဲ့နောက်မှာတော့ သူတို့နှစ်ယောက်ကြားမှာ ဘယ်လို စိတ်ဝင်စားစရာကောင်းတဲ့ အဖြစ်အပျက်တွေ ဆက်ဖြစ်လာမယ်ဆိုတာကို ရိုက်ကူးပြသထားတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.55GB / 660MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ….. Action , Biography , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.8 2019 104 mins
Above Suspicion
Penalty Loop
6.8

Penalty Loop (2024) IMDb Rating (6.8) CM ချစ်ပရိတ်သတ်တို့အတွက် စိတ်ဝင်စားဖို့ကောင်းပြီး ထူးခြားဆန်းပြားတဲ့ ဇာတ်အိမ်နဲ့ ဂျပန်ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းအကျဉ်းလေးကို မိတ်မဆက်ပေးခင်မှာ… တစ်နေ့ ကိုယ်ချစ်ရတဲ့သူ ရုတ်တရက်အသတ်ခံရပြီ… အဲ့ လုပ်ကြံသူကို အကြိမ်ကြိမ်ပြန်သတ်ဖို့ အခွင့်အရေးရမယ်ဆို… ကျေနပ်နိုင်မှာလား… လုပ်ကြံသူကို ကိုယ်တိုင်စီရင်ဖို့ ကြိုးစားမှာလား… ဒီဇာတ်ကားလေးထဲက အီဝါမိုရီကတော့ ဒီအခွင့်အရေးကို လိုချင်ခဲ့သူပါ… ဘာလို့လဲဆိုတော့ သူချစ်ရတဲ့ ချစ်သူမိန်းကလေးက အလုပ်ကို ပျော်ပျော်ရွှင်ရွှင်မနက်က ထွက်သွားပြီး… အိမ်ပြန်လာချိန်မျှော်နေခဲ့ပေမယ့် သူ့ဆီပြန်ရောက်လာခဲ့တာက… သူ့အလောင်းကို အတည်ပြုပေးဖို့ လာခေါ်တဲ့ ရဲတွေဖြစ်နေပါတယ်… ဒါကြောင့်လည်း သူ့ချစ်သူကို သတ်ခဲ့သူကို သိချိန်မှာတော့ VR အစွမ်းအကူအညီနဲ့ လုပ်ကြံသူကို အကြိမ်ကြိမ်သတ်ဖို့ ကြိုးစားမယ်လို့ လက်ခံခဲ့ပါတယ်.. ဒါပေမယ့် ဒီ VR အစွမ်းရဲ့နောက်မှာ မထင်မှတ်တာတွေ ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာ…။ Sci-Fi ဆန်ဆန် ထူးခြားတဲ့ဇာတ်အိမ်နဲ့ နက်နဲသက်ဝင်တဲ့သရုပ်ဆောင်မှုတွေကြောင့် ဒီရုပ်ရှင်က ဝေဖန်သူတချို့ကြား အကြိုက်တွေ့နေတာမလို့ ဂျပန်ဘာသာကနေ တိုက်ရိုက်ဘာသာပြန်တင်ဆက်လိုက်ရပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Chu Chu မှ တင်ဆက်ထားပါတယ်။)

6.8 2024
Penalty Loop
[21+] Erotic Passion
4.2

Erotic Passion (1981) Erotiko pathos ဒယ်လာဆိုတဲ့ ဆယ်ကျော်သက်မိန်းမလှလေးဟာ အမွေပုံကြီးပေါ်ထိုင်နေတဲ့ သူဌေးသမီးလေးဖြစ်ပေမယ့် သူ့အမွေတွေကို လောဘကြီး တဏှာကြီးတဲ့ အဒေါ်ဖြစ်သူ မာရှာက လက်ဝါးကြီးအုပ်ထားတဲ့အတွက် မကျေမနပ်ဖြစ်နေပါတယ်။ သူ့မိဘတွေ မာရှာ့အပေါ် အပ်နှင်းခဲ့တဲ့လုပ်ပိုင်ခွင့်တွေအရ သူအိမ်ထောင်ပြုမှသာ အမွေတွေကိုဆက်ဆံခွင့်ရမှာဖြစ်ပြီး၊ အဲ့ဒါကိုသိတဲ့ မာရှာက အိမ်ထောင်ကျပြီးတဲ့အထိ သူခြယ်လှယ်လို့ရအောင် သူပိုင်နိုင်တဲ့ သူတစ်ယောက်နဲ့ ဒယ်လာကိုလက်ထပ်ပေးဖို့စီစဉ်ထားပါတယ်။ ဒါတွေကိုအကြောင်းသိနေတဲ့ ဒယ်လာဟာ အိမ်ပေါ်ကနေဆင်းလာပြီး သူငယ်ချင်းဖြစ်သူရဲ့အိမ်မှာနေထိုင်ဖို့ရောက်လာခဲ့ပေမယ့် အဲ့ဒီအိမ်မှာ သူငယ်ချင်းအစား သူ့အစ်ကိုဝမ်းကွဲနဲ့ပဲဆုံခဲ့ပါတယ်။ သူ့အစ်ကိုဝမ်းကွဲဖြစ်သူဆိုတဲ့တစ်ယောက်ဟာလည်း တစ်စုံတစ်ရာဆီက ရှောင်ပုန်းနေတဲ့လူဖြစ်ပြီး ရိုးဖြောင့်မှုမရှိတာ သိသာနေပေမယ့် အကြံဆိုးတွေရှိနေတဲ့ ဒယ်လာကလည်း ဖင်ပေးပေါင်းပြီး အပိုင်ကိုင်ကာ သူလိုရာစေခိုင်းဖို့ကြံစည်ပါတော့တယ်။ Erotic thriller တွေရဲ့ထုံးစံ တစ်ယောက်နဲ့တစ်ယောက် လှည့်ပတ်၊ချောက်တွန်း အကောက်ကြံကြပုံတွေကို ဝတ်လစ်စလစ် ဇာတ်ဝင်ခန်းတွေအများကြီးနဲ့ရှုစားရမှာဖြစ်ပြီး ဥရောပဇာတ်ကားပီပီအပြတွေ ကြမ်းတမ်းပီပြင်တဲ့ erotic thriller စစ်စစ်ဇာတ်ကားတစ်ကားပါ။ (Dark Side Production မှ တင်ဆက်သည်။) File Size : (2.5 GB) & (1.2 GB) Quality : BluRay Dubbed 1080p & 720p Running Time : 01:36:00 Format : mkv/mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by ALS Encoded by RGB

Fantasy • Horror • Action
4.2 1981 96 mins
[21+] Erotic Passion
Hagen
6.2

Hagen (2024) IMDb Rating (6.2) ဒီဇာတ်ကားလေးကတော့ Nibelung ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်ကို ပြန်လည်ပြင်ဆင်ရေးသားရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း လူသားတွေနဲ့ ရှေးဟောင်းဒဏ္ဍာရီလာသတ္တဝါတွေရောနှောတည်ရှိနေကြချိန် ဟေဂန်ဆိုတဲ့စစ်သည်တစ်ဦးရဲ့ တိုက်ပွဲတွေကြားထဲမှာရှင်သန်ရင်း သူငယ်ချင်းသံယောဇဉ် သစ္စာစောင့်သိမှု ဆုံးဖြတ်ရခက်တဲ့ရွေးချယ်မှု၊ သစ္စာဖောက်မှု ရှုပ်ထွေးပွေလီလှတဲ့ အချစ်ခံစားချက်တွေအကြောင်းကို ရှေးဟောင်းအလယ်ခေတ်အပြင်အဆင်တွေနဲ့ ခံစားကြည့်ရှုရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့ ဟေဂန်ဟာ သူ့ရဲ့တိုင်းပြည်နဲ့သခင်တွေအပေါ်မှာ သစ္စာရှိရှိကာကွယ်စောင့်ရှောက်ခစားနေရင်း အမှတ်မထင်ပဲ သူတို့ဆီကို စိဖရစ်လို့ခေါ်တဲ့ နဂါးသတ်သူရဲကောင်းတစ်ယောက်ရောက်ရှိလာချိန်မှာ သူတို့ကြိုးစားပမ်းစားထိန်းသိမ်းစောင့်ရှောက်ထားတဲ့ တိုင်းပြည်ငြိမ်းချမ်းရေးအပေါ်ဘယ်လိုတွေသက်ရောက်မှုရှိလာမှာလဲ? တစ်ချိန်ထဲမှာ ကျူးကျော်စစ်တွေစတင်ခံရပြီး မဟာမိတ်လိုနေချိန်မှာ တာဝန်ဝတ္တရားတွေနဲ့ ချစ်ခြင်းမေတ္တာဘယ်အရာတွေကိုဦးစားပေးမှာလဲ? စွမ်းအားကြီးလွန်းလှတဲ့ ဒဏ္ဍာရီလာသတ္တဝါတွေဖြစ်တဲ့ နဂါးတွေ နတ်သူငယ်တွေ ဗယ်လ်ကာရီတွေရဲ့လွှမ်းမိုးမှုအပေါ်မှာရော လူသားတွေဘယ်လိုရင်ဆိုင်တုံ့ပြန်ကြမလဲဆိုတာတွေ ရှုပ်ထွေးပွေလီလှတဲ့အချစ်ဇာတ်လမ်းတွေနဲ့ ရောယှက်တင်ဆက်ထားပုံကို ဇာတ်လမ်းလေးထဲမှာကြည့်ရှုခံစားကြည့်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Usa-Chan ဖြစ်ပါတယ်။) File size… (2.3 GB) / (1.2 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Drama, Fantasy Duration….02:19:14 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Usa-Chan

Crime • Drama • Mystery
6.2 2024 135 mins
Hagen
Nesippaya
7.9

Nesippaya (2025) “ချစ်သူသည်သာ…” ဒီတစ်ခါတော့ အချစ်-အလွမ်း-အကြမ်း-ဒရာမာ ရသစုံကြည့်ရှုခံစားရမဲ့ တမီလ်စကားပြော အချစ်-အက်ရှင် ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အာဂျွန်ဆိုတဲ့ကောင်လေးဟာ ဒီယာဆိုတဲ့ကောင်မလေးကို မြင်မြင်ချင်းမှာပဲ အရူးအမူးချစ်မိသွားပါတယ်။ ဒီယာကစစချင်းငြင်းပေမဲ့ အာဂျွန်ရဲ့ဇွဲကြောင့် ချစ်သူဘ၀ရောက်ရှိခဲ့ကြပါတယ်။ ဒါပေမဲ့ အကြောင်းကြောင့် နှစ်ဦးသားကွဲကွာသွားခဲ့ပြီး အလုပ်ကိုယ်စီနဲ့ တစ်ယောက်တစ်နိုင်ငံဆီ ကွာဝေးခဲ့ကြပါတယ်။ နှစ်တွေ‌အတော်တော်ကြာတော့မှ ပြဿနာအကြီးကြီးတစ်ခုကြောင့် နှစ်ယောက်သားပြန်ဆုံရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အဲဒီပြဿနာကတော့ ဒီယာတစ်ယောက် လူသတ်မှုတစ်ခုနဲ့ ပတ်သက်နေခဲ့တာပါပဲ။ နှစ်တွေဘယ်လောက်ကြာကြာ ကျောင်းတော်ကအချစ်ဟောင်းကိုမမေ့နိုင်သေးတဲ့ အာဂျွန်တစ်ယောက် ဒီယာရဲ့ပြဿနာထဲ ဘယ်လို၀င်ပါလာမလဲ…၊ ဒီယာရော စွပ်စွဲခံနေရတဲ့အမှုက လွတ်မြောက်ပါ့မလား၊ နောက်ဆုံးမှာ သူတို့နှစ်ဦးအတွက် ပျော်စရာဇာတ်သိမ်းခန်းလေးရှိပါ့မလားဆိုတာ… ဆက်လက်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။)

Action • Adventure • Fantasy • War
7.9 2025 144 mins
Nesippaya