YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Red Like The Sky 2006 720p BluRay (CM).mp4

1.13 GB 720p video/mp4 103 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Center Stage
7.3

တရုတ်အကယ်ဒီမီကစာရင်းလုပ်ခဲ့တဲ့ တရုတ်ပြည်သုံးခြမ်းလုံးမှာ ထွက်ခဲ့တဲ့သမျှ အကောင်းဆုံးကားတစ်ရာထဲ နံပါတ်၄၄နေရာယူထားတဲ့ ရုပ်ရှင်ပါ။ ဒါရိုက်တာကတော့ Rouge (1987)ကားကို ရိုက်ခဲ့တဲ့ Stanley Kwanပါပဲ။ Center Stage ဟာ ၁၉၃၀ပြည့်နှစ်တွေတုန်းက နာမည်ကျော်ခဲ့တဲ့ မင်းသမီးရွမ်လင်းယုအကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပြီး။ ဒိုကူမန်ထရီလိုလိုတစ်ခြမ်း ဇာတ်အိမ်ဆင်ရိုက်ပြတာတစ်ခြမ်း နှစ်ခြမ်းကို တစ်လှည့်စီပြနေတဲ့ရုပ်ရှင်ပါပဲ။ ပြောရရင် ဒီရုပ်ရှင်မှာ ပါဝင်နေသမျှ ဒါရိုက်တာအဆုံး မင်းသားမင်းသမီးတွေအကုန်လုံးဟာ ၁၉၆၀နဲ့ အနီးတစ်ဝိုက်မှာ မွေးခဲ့တဲ့သူတွေဖြစ်ပြီး သူတို့မမွေးခင် နှစ်၃၀လောက်က နာမည်ကျော်ခဲ့တဲ့ မင်းသမီးအကြောင်းကို ၁၉၉၀လောက်မှာ ခြေရာပြန်ကောက်ကြ ဆွေးနွေးကြတာကိုလည်း တစ်လှည့်ရိုက်ပြထားပါတယ်။ ဒီရုပ်ရှင်ထဲ သူတို့ရိုက်ပြထားတဲ့ မင်းသမီးက ၁၉၃၀ဝန်းကျင် အသံတိတ်ခေတ်လောက်က မင်းသမီး ရွမ်လင်းယုပါ။ သူဟာ အသက်၂၄နှစ်မှာတင် အောင်မြင်နေတုန်းမှာတင် သက်သေခဲ့ပေမဲ့ တရုတ်ရုပ်ရှင်လောကရဲ့ အမှတ်သညာတစ်ခု ဖြစ်လာခဲ့တဲ့သူပါ။ သူဟာ ၁၉၂၇မှာ မင်းသမီးစလုပ်ခဲ့ပြီး ၁၉၃၅မှာ သတ်သေခဲ့ပါတယ်။ ၈နှစ်ကာလအတွင်း ရုပ်ရှင်၃၀ကျော်ရိုက်ကူးခဲ့ပြီး သရုပ်ဆောင်စွမ်းရည်လည်း တော်တော်ကောင်းခဲ့တဲ့သူပါ။ သူ့လက်တွေ့ဘဝမှာတော့ သူဟာ သူ့အပြစ်လို့ပြောမရတဲ့ အိမ်ထောင်ရေးအရှုပ်အရှင်းတွေ များခဲ့တဲ့သူဖြစ်ပြီး လူတကာရဲ့အမြင်မှာတော့ ဒီအရှုပ်အရှင်းတွေဟာ သူ့အပြစ်လိုလိုဖြစ်နေခဲ့ပါတယ်။ လူတွေရဲ့ကြောက်စရာကောင်းတဲ့ အတင်းအဖျင်းတွေကို သေရမှာထက်ပိုကြောက်ခဲ့တဲ့ ရွမ်လင်းယုဟာ သူ့ရဲ့အောင်မြင်နေတဲ့ဘဝကို ကျောခိုင်းပြီး သတ်သေသွားခဲ့ပါတယ်။ ဒီရုပ်ရှင်မှာတော့ သူ့အကြောင်းတွေ သူတို့ခေတ်က မင်းသမီးတွေ ဒါရိုက်တာတွေအကြောင်းတွေကို ဒီရုပ်ရှင်ရဲ့ ဝိုင်းတော်သားတွေက ဝိုင်းဆွေးနွေးခဲ့ကြသလို ဇာတ်အိမ်မှာလည်း ၁၉၃၀ဝန်းကျင်က တရုတ်ပြည်ရုပ်ရှင်လောကက အခြေအနေတွေ လူတွေ ရုပ်ရှင်တွေအကြောင်း ပြထားခဲ့ပါတယ်။ Center Stageဟာ မက်ဂီချောင်ရဲ့ အလှည့်အပြောင်းအတွက် အရေးပါတဲ့ ရုပ်ရှင်လည်းဖြစ်ခဲ့ပါတယ်။ မက်ဂီကိုယ်တိုင်ကလည်း ဒီရုပ်ရှင်ထဲရွမ်လင်းယုနဲ့ သူက ကံကြမ္မာချင်းတောင် ဆင်တယ်ပြောလို့ရတယ်ပြောပါတယ်။ ဘာလို့ဆို ရွမ်လင်းယုဟာ နည်းနည်းနှောင်းပြီးမှ ဇာတ်ကောင်းဇာတ်လေးတွေရခဲ့သလို မက်ဂီကိုယ်တိုင်လည်း ဝေါင်ကာဝေးကား၂ကားနဲ့ ဒီကားမတိုင်ခင် အစောပိုင်းကာလတွေမှာ ပေါ့ပေါ့ပါးပါးကားတွေပဲ ရိုက်ခဲ့တာ ဖြစ်လို့ပါပဲ။ As tears go by နဲ့ Days of Being Wild ဝေါင်ကာဝေးကား၂ကားက သူ့ဇာတ်ကောင်တွေကလည်း အရမ်းဝန်ပိတဲ့ဇာတ်ကောင်တွေမဟုတ်ခဲ့တာမို့ ပြောချင်ရင် ဒီကားကနေမှ သူ သူ့သရုပ်ဆောင်အစွမ်းကို ပေါ်လွင့်မယ့် ဇာတ်ကောင်းစရခဲ့တယ်လို့ပြောရင်လည်း မမှားလောက်ပါဘူး။ ဒီရုပ်ရှင်နဲ့ မက်ဂီချောင်ဟာ ဘာလင်အပါအဝင် တခြားရုပ်ရှင်ပွဲတော်တွေမှာ သရုပ်ဆောင်ဆုရခဲ့ပါတယ်။ တခြားလူသိများတဲ့ မင်းသားတွေအနေနဲ့ ဘစ်တိုနီလို့ ဟောင်ကောင်ရုပ်ရှင်လောကမှာ လူသိများတဲ့ တိုနီလျောင်ခဖိုင်နဲ့ တိုနီလျောင်ချူဝေရဲ့မိန်းမ ကာရီနာလောင်တို့ပါပါတယ်။ တိုနီလျောင်နှစ်ယောက်ဖြစ်နေလို့ ခဖိုင်ကို ဘစ်တိုနီလို့ နာမည်ပေးထားကြတာပါပဲ။ ရုပ်ရှင်ပွဲတော်အများစုမှာ best actress ဆုတွေရခဲ့ပြီး ရုပ်ရှင်ပွဲတော် ၂ခုမှာတော့ Best Cinematography ,Best Art Direction , Best Original Film Score ,Best Original Film Song ဆုတွေရခဲ့ပါတယ်။ နာမည်ကျော်ဝေဖန်ရေးဆရာတစ်ယောက်ဆို ၁၉၉၀ခုနှစ်ရဲ့ တစ်ကမ္ဘာလုံးမှာ ထွက်ခဲ့သမျှထဲ သူ့အကြိုက်ဆုံးကားလို့ ဆိုခဲ့ဖူးပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(1.5GB) Quality__720p IMDb Rating__7.5/10 Format__mp4 Duration__02:06:00 Type__Biography, Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Fantasy • Mystery • Thriller
7.3 1991 154 mins
Center Stage
Little Forest: Summer/Autumn
7.6

အချိန်တိုင်းလိုလို ကားသံလူသံဆူညံညံနဲ့ မွန်းကျပ်တဲ့မြို့ပြလူနေမှုကနေ ပြေးထွက်ပြီး "ခိုမိုရိ"ဆိုတဲ့တောအုပ်ငယ်လေးကို အလည်သွားကြရအောင်။ အပေါ်ယံဟန်ဆောင်မျက်နှာဖုံးတွေမတပ်ဘဲ ရိုးသားကြိုးစားကြတဲ့ရွာသူရွာသားတွေ၊ မျက်စိတစ်ဆုံး စိမ်းစိုလှပနေတဲ့ယာခင်းတွေ၊ ဆောင်းနံနက်ခင်းတွေဆို မြူနှင်းတွေအုံ့မှိုင်းနေတတ်တဲ့တောင်တန်းတွေ၊ ရာသီအလိုက်ပွင့်ဖူးတတ်တဲ့ ထူးဆန်းတဲ့ပန်းလေးတွေ၊ မြင်တွေ့နေကျမဟုတ်တဲ့ အသီးအနှံမျိုးစုံနဲ့ ညညဆိုမဖိတ်ခေါ်ဘဲရောက်လာပြီး အဖော်ပြုပေးတတ်တဲ့ အကောင်ပလောင်လေးတွေ၊ ဒီလိုမျိုး သဘာဝတရားကြီးကို အလှအပကို အပြည့်အဝခံစားလို့ရနိုင်တဲ့ "ခိုမိုရိ" ဇာတ်လမ်းလေးကတော့ ရိုးရှင်းပါတယ်။ မြို့ပေါ်မှာနေရတာ မွန်းကျပ်လာတဲ့ကောင်မလေးတစ်ယောက် သူ့ဇာတိရွာလေးကို ပြန်လာပြီးနေထိုင်စားသောက်ပုံကိုရိုက်ပြထားတာပါ။ နောက်ခံတီးလုံးငြိမ့်ငြိမ့်လေးနဲ့ ချက်ပြုတ်စားသောက်ပြမယ်။ ကျေးလက်ဒေသရဲ့အလှအပနဲ့ဓလေ့တွေကိုရှင်းပြမယ်။ စားပင်သီးပင်တွေ အမျိုးမျိုးစိုက်ပျိုးပြမယ်။ ဒါကြောင့် ဇာတ်အေးအေးလေးနဲ့ အကြည်ဓာတ်ရတဲ့ "Only Yesterday"လိုကားမျိုးကြိုက်တတ်တဲ့သူဆို ဒီ "Komori" ကိုလည်းသေချာပေါက်သဘောကျမယ်လို့ထင်ပါတယ်။ စိတ်ပင်ပန်းနွမ်းနယ်နေတဲ့သူတွေလည်း ဒီ Healing Drama လေးကြည့်ပြီး ခဏတဖြုတ်ပဲဖြစ်ဖြစ် စိတ်သက်သာရာရသွားရင် ဘာသာပြန်ရကျိုးနပ်ပါပြီ။ (*အဘိဓာန်ထဲမှာမရှိတဲ့ ပန်းနာမည်တစ်ချို့နဲ့ အစားအစာတွေကို လက်လှမ်းမီသလောက်ရှာဖွေပြီး ဆီလျော်အောင် ဘာသာပြန်ဆိုထားရတာဖြစ်လို့ အချို့နေရာတွေမှာ လွဲချော်မှုများရှိခဲ့ရင် နားလည်ခွင့်လွှတ်ပေးကြပါလို့ ကြိုတောင်းပန်ထားပါရစေ) အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… Format… mp4 Duration…. 1h 51min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moe Pwint Phyu Encoder ..... August

Crime • Drama
7.6 2014 111 mins
Little Forest: Summer/Autumn
Plan A Plan B
6.1

အခုတစ်ခါထွက်ရှိထားတဲ့ ကားလေးကတော့ မင်းသားရီတေရှ်ဒေရှ်မွခ်နဲ့ မင်းသမီးချောလေး တမန်နားဘာတီယားတို့ရဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်... တစ်ယောက်က ကွာရှင်းပြတ်စဲပေးတဲ့ ရှေ့နေလေး ကော်စီ... နောက်တစ်ယောက်က အောင်သွယ်တော်လုပ်ပေးတဲ့ အိမ်ထောင်ရေးအေဂျင်စီမလေး နီရာလီ... ကော်စီက အတ္တကြီးပြီးတစ်ကိုယ်ကောင်းဆန်တယ် လက်ရှိအိမ်ထောင်ရေးအဆင်မပြေဘူး နီရာလီကတော့ ညှင်သာနူးညံ့လွန်းပြီး သူ့ကိုဖြတ်သွားတဲ့ ရည်းစားကို မမေ့နိုင်သေးတဲ့ ကောင်မလေး... အလုပ်မတူ စာရိတ္တချင်းမတူ စိတ်ဓါတ်မချင်းမတူတဲ့ ဒီလူနှစ်ယောက်ဟာ အဆောက်အဦးတစ်ခုထဲက ဘေးချင်းကပ်အခန်းမှာ ရုံးခန်းကိုယ်စီထိုင်ဖြစ်ကြတဲ့အခါ... သူတို့တွေ ကြောင်နဲ့ကြွက်လိုမျိုး ဘယ်လိုရန်ဖြစ်ကြမလဲ... တလွဲဟာသလေးတွေနဲ့ ဘယ်လိုတွေခွီရမလဲဆိုတာကို ဆက်လက်မြင်တွေ့ရမှာပဲဖြစ်ပါတယ်... အချစ်ဆိုတာက ဆန်းကြယ်တယ်လို့ ပြောစမှတ်တွင်ခဲ့ကြသလိုမျိုးပဲ သူတို့နှစ်ဦးကိုယ်စီကြားမှာ သံယောဇဉ်တွေ ရှိလာနိုင်မလားဆိုတာကို ဇာတ်ကားထဲမှာ ရှုစားပေးကြပါဦးနော် File size…1.8GB /  841MB Quality…1080p NF WEBDL AAC5.1CH / 720p Format…mp4 Duration….1h 45m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Shwe Pyae & BpL & Taylor

Action • Adventure • Thriller
6.1 2022 106 mins
Plan A Plan B
The Huntsman: Winter's War
6.3

IMDb rating 6.1/10 ပဲ လက်ရှိမှာရထားသေးပေမယ့် ပရိတ်သက်တော်တော်များများကြိုက်နှစ်သက်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ . . . ပါဝင်ထားတဲ့မင်းသားက ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကြီး Thor မင်းသား Chris Hemsworth က Huntsman အဖြစ်သရုပ်ဆောင်ထားပါတယ်။ တကယ်တော့ ဒီဇာတ်ကားဟာ 2012 ခုနှစ်ကထွက်ခဲ့တဲ့ Snow White and the Huntsman ရဲ့ အဓိက ဇာတ်အိမ်တစ်ခုလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအစောပိုင်းမှာ စုန်းမ၂ယောက်ဖြစ်တဲ့ ရဗန်နာ နဲ့သူ့ ညီမ ဖရယ်ယာတို့နဲ့စတင်ထားပါတယ်။ ရဗန်နာဟာ snowwhite ကားထဲက စုန်းမဖြစ်ပြီး သူ့ညီမရဲ့ချစ်ခြင်းကိုပါ ဖျက်ဆီးခဲ့တယ်။ ဒါကြောင့်အကြီးအကျယ်ဒေါသထွက်ခဲ့တဲ့ ဖရယ်ယာ တစ်ယောက်သူ့ရဲ့ အင်ပါယာကိုစတင်တည်ထောင်မှုကနေ Huntsman ရဲ့ ဇာတ်လမ်းပါပေါ်ထွက်လာခဲ့ပါတယ်။ ဒီဇာတ်ကားဟာ Snow White ကားမစတင်ခင်ကအဖြစ်အပျက်တွေနဲ့ Snow White ကားပြီးတော့ ထပ်မံဖြစ်ပေါ်လာတဲ့ အချိန်ကာလနှစ်ခုကို ပြန်လည်ဆက်စပ်ပေးထားတဲ့ ဇာတ်ကားဆိုလည်းမမှားပါဘူး။ Snow White ရဲ့လက်ချက်နဲ့သေဆုံးခဲ့တဲ့ ရဗန်နာက ဒီဇာတ်လမ်းမှာပြန်လည်ရှင်သန်လာတာလည်း တွေ့ရပြီး . သူ့ရဲ့မှော်ကြေးမုံဟာ ဒီဇာတ်ကားမှာ အဓိကနေရာကပါဝင်တဲ့ပစ္စည်းတစ်ခုဖြစ်လာပါတယ်။ ကဲ ဇာတ်လမ်းကောင်းကောင်းကို spoiler မဖြစ်စေဖို့ ဒီလောက်ပဲညွှန်းပါရစေ Snow White ကားမကြည့် ရသေးသူကလည်း ပြန်လည်ကြည့်ရှုသင့်ပါတယ်။ အဲ့ဒါဆိုရင် ဇာတ်အိမ်တစ်ခုလုံးကိုပိုပြီးနားလည်လာပါ လိမ့်မယ်။ တရုတ်စာတွေတွဲလျှက်ပါနေပေမယ့် ရုပ်ထွက်က HD ဖြစ်နေတာကြောင့်အတတ်နိုင်ဆုံး အဆင် ပြေအောင်တင်ဆက်ပေးထားပါတယ်။ (ဒီဇာတ်လမ်းကိုဘာသာပြန်ရေးသားပေးသူကတော့ ညီလေး Wai Yan M ပဲဖြစ်ပါတယ်။) File Size - 1 GB Translated By Wai Yan M Encoded By San Win Maung

Action • Crime • Horror • Thriller
6.3 2016 114 mins
The Huntsman: Winter's War
The Battery
6.3

ယခုအခါမှာတော့ Rotten 80% နဲ့ IMDb 6.3အထိ ရရှိခဲ့တဲ့ ၂၀၁၂ခုနှစ်ထွက် ဇွန်ဘီကားကောင်းတစ်ကားကို ချပြလိုက်ပါတယ် မြန်မာရုပ်ရှင်ပရိသတ်တွေဟာ ဇွန်ဘီ (Zombie) ကားလို့ဆိုလိုက်ရင် ဖန်တရာတေနေတဲ့ ဇာတ်လမ်းကြီးပဲလို့ တွေးမိပါလိမ့်မယ်။ ဇွန်ဘီကားဆိုရင် ဇွန်ဘီတွေတစ်အုပ်ကြီး နောက်ကလိုက် မင်းသားတို့အုပ်စုကထွက်ပြေး၊ လွတ်အောင်လုပ်၊ ဇွန်ဘီတွေကိုတိုက်ခိုက်နဲ့ မျိုးစုံအောင်ကြည့်ဖူးခဲ့ကြတာ နှစ်ပေါင်း၂၀လောက်ရှိနေလောက်ပါပြီ အခုဒီ The Battery ဆိုတဲ့ ဇွန်ဘီကားကတော့ ထူးခြားပါတယ်။ တခြားဘယ်ဇွန်ဘီကားမှာမှ မမြင်ခဲ့ရတဲ့ ဇာတ်လမ်းကိုကြည့်လိုက်ရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဘေ့စ်ဘောကစားသမား ၂ ယောက်ဟာ ဇွန်ဘီမြေမှာ ဟိုဟိုဒီဒီလျှောက်သွားပြီး သောင်တင်နေတဲ့ ဇာတ်လမ်းပါ။ သူတို့ဟာ ဦးတည်ချက်မဲ့ပြီး လမ်းမှာတွေ့ကရာ အိမ်ပျက်ကြီးတွေက စားစရာတွေရှာဖွေ ခိုးယူရင်း လျှောက်သွားလို့ နေခဲ့ပါတယ် ဒါပေမဲ့ တစ်ရက်မှာတော့ ဇွန်ဘီတွေဖျက်ဆီးလိုက်လို့ ပျက်စီးနေတဲ့ ကမ္ဘာကြီးမှာ သူတို့ ၂ ယောက်တည်းမဟုတ်ဘူးဆိုတာ စကားပြောစက်ကနေတဆင့် သိလိုက်ရတယ်။ အဲဒီအချိန်ကစပြီး ဘာမှမယ်မယ်ရရ စွဲလန်းစရာမရှိခဲ့တဲ့ သူတို့ ၂ ယောက်ရဲ့ကမ္ဘာဟာ မျှော်လင့်ချက်တွေသန်းလာ၊ စွဲလန်းစိတ်တွေများလာပါတော့တယ်။ ဒီတော့ သူတို့ ၂ ယောက်ရဲ့ မျှော်လင့်ချက်ရောင်ခြည်ဆီသွားနိုင်မလား? သူတို့ကို မျှော်လင့်ချက်ပေးခဲ့တဲ့အရာ၊ ဘယ်သူက ပေးခဲ့တာလဲ? ဇွန်ဘီတွေပြည့်နှက်နေတဲ့ကမ္ဘာမှာ နေ့စဉ်ရက်ဆက်သူတို့ဘယ်လိုဖြတ်သန်းရမလဲဆိုတာကို ဟာသဆန်ဆန်၊ ဒရာမာဆန်ဆန်၊ ဇွန်​ဘီကားဆန်ဆန်ကြည့်ရမှာဖြစ်တဲ့အကြောင်း ညွှန်းလိုက်ပါရစေ… File size…(1.85GB)/(1009.9MB)/(516MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:41:00 Genre… Adventure / Drama / Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mugiwara Ya

Drama • History • War
6.3 2012
The Battery
Shotgun Wedding
5.8

Shotgun Wedding (2023) ဂျနီဖာလိုပက်ရဲ့ အက်ရှင်ဟာသအချစ်ကားအသစ် ထွက်လာပါပြီ။ ဇာတ်ကားနာမည် Shotgun Wedding ဆိုတာ တိုက်ရိုက်ဘာသာပြန်ရင်တော့ နှလုံးပြူးသေနတ်မင်္ဂလာဆောင်ပေါ့။ ဒါပေမဲ့ တကယ့်အဓိပ္ပါယ်က အလောသုံးဆယ်ဆောင်ရတဲ့မင်္ဂလာဆောင်မျိုးကို ပြောတာပါ။ တစ်ခါတလေ သတို့သမီးကိုယ်ဝန်ရှိသွားလို့ ထဆောင်လိုက်ရတာမျိုးပေါ့။ ဒီရုပ်ရှင်ထဲမှာတော့ နာမည်နဲ့လိုက်အောင် ဂျေလိုကြီး နှလုံးပြူးနဲ့ ပစ်ပြပါလိမ့်မယ်။ မင်းသားကတော့ ထရန်စဖော်ကားထဲက ဗိုလ်ကြီး Josh Duhamel ပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဖိလစ်ပိုင်က ကျွန်းတစ်ကျွန်းမှာ မင်္ဂလာဆောင်လုပ်တာကနေ စပါတယ်။ မင်းသမီးက ချမ်းသာတယ်။ မင်းသားက ဘေ့စ်ဘောကစားသမားကိုမှ အသင်းကထုတ်ခံထားရပြီး အလုပ်လက်မဲ့။ အဲဒီကျွန်းမှာ နှစ်ဘက်မိသားစုတွေ အကုန်စုံပြီး တလွဲဖြစ်နေတဲ့အချိန်မှာမှ ပင်လယ်ဓားပြတွေက ဓားပြဝင်တိုက်တဲ့အခါ ဟိုအတန်းမီးလောင်သလို ပွဲတွေဖြစ်ကြတဲ့ ဇာတ်ကားမျိုးပါပဲ။ သတို့သားနဲ့သတို့သမီး ရန်တွေဖြစ်ရင် ပင်လယ်ဓားပြတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ…. အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre….. Action, Comedy, Romance Quality…. 1080p | 720p | 480p File size… 1.8GB | 1.1GB | 503MB Format… mp4 Duration…. 1b 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mr.Anderson Encoder ….. August

5.8 2023
Shotgun Wedding
Devil’s Peak
5.5

မြောက်ကာရိုလိုင်းနားက ဂျက်ဆင်ကောင်တီမှာ မက်ဂ်နီးလီ ဆိုတဲ့ မိသားစုက မူးယစ်ဆေးတွေ မှောင်ခိုရောင်းဝယ်တာမလို့ မျိုးနဲ့ရိုးနဲ့ကို နာမည်ကြီးပါတယ်။ ခေတ်အဆက်ဆက် လူမိုက်လုပ်လာကြတဲ့အလျောက် ချာလီ မက်ဂ်နီးလီ လက်ထက်မှာလည်း ရာဇဝင်မရိုင်းရလေအောင် မူးယစ်ဆေးဝါးလုပ်ငန်းကို ဆက်ပြီးထိန်းသိမ်းထားပါတယ်။ သူထိန်းသိမ်းထားသလို ဆက်ပြီးလုပ်သွားနိုင်ဖို့ သားဖြစ်သူ ဂျေကော့ဘ် မက်ဂ်နီးလီကလည်း ချာလီ့လက်အောက်မှာ အလုပ်ဝင်လုပ်ရင်း ပညာတွေသင်ယူနေရတာပေါ့။ ဖြစ်ချင်တော့ ဂျေကော့ဘ်က သူချစ်ရတဲ့ ကောင်မလေး မက်ဂီ ဂျန်းနင်းစ်နဲ့ နီးစပ်ပြီး သူ(မ)ရဲ့အိပ်မက်တွေကို အတူအကောင်အထည်ဖော်ပေးချင်ပေမဲ့ ကောင်မလေးအဖေက သူ့အဖေလုံးဝကြည့်မရတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးဖြစ်နေလေတော့ လူငယ်တွေရဲ့ အချစ်ရေးက ကံအကြောင်းမလှဘူးပေါ့ လုပ်ငန်းကျယ်ပြန့်ရင် ကျယ်ပြန့်သလို ဒုစရိုက်မှုတွေပဲများလာလို့ စိတ်မအေးချမ်းဖြစ်နေရတဲ့ ဂျေကော့ဘ်က ချာလီရဲ့ မျိုးရိုးစဉ်ဆက်နဲ့ချီပြီး ပြောပြောနေတဲ့ lecture တွေနဲ့ brainwash လုပ်မှုတွေအပြင် ကောင်မလေးဘက်က ပြဿနာတွေနဲ့ပါ ရင်ဆိုင်ရတော့ ဘယ်ဘက်ကိုရွေးပြီး ဘယ်လိုဖြေရှင်းမလဲဆိုတာကို ကြည့်ရှုရမယ့်ဇာတ်ကားလေးဖြစ်ပါတယ်… File size…1.31GB / 535MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 37m Genre ….. Crime, Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt

5.5 2023 98 mins
Devil’s Peak
Tabu: Mengusik Gerbang Iblis
5.5

Tabu: Mengusik Gerbang Iblis (2019) အခုနောက်ပိုင်းမှာ အင်ဒိုသရဲကားလေးတွေက အတော်လေးလက်စွမ်းပြလာကြတာဆိုတော့ ဒီနေ့မှာလည်း IMDb 5.5ရထားတဲ့ Indo horrorလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သရဲကား မိနစ် 90 စာ ကြည့်ရင် 113 ကယ်လိုရီကျစေနိုင်တယ်ဆိုတော့ ပင်ပင်ပန်းပန်း လေ့ကျင့်ခန်းမလုပ်ဘဲ သရဲကားအဝကြည့်ပါလို့ အကြံပြုရင်း… ဇာတ်လမ်းအစမှာတော့ သရဲကားထုံးစံအတိုင်းပဲ အရာရာကို စူးစမ်းစမ်းသပ်ချင်တဲ့ သူငယ်ချင်းတစ်စုဟာ ပိတ်ရက်တိုင်းမှာ သရဲခြောက်တဲ့နေရာတွေကိုသွားပြီး စပ်စုစိန်လုပ်လေ့ရှိတယ်။ ဒီတစ်ခါမှာတော့ ပုံမှန်နေရာတွေထက်ပိုကြမ်းတဲ့ လျူဝန်ဟီဂျိုဆိုတဲ့နေရာကို ရွေးပြီးတော့ ထုံးစံအတိုင်းပဲ ကားတစ်စီးနဲ့ ထွက်လာကြတာပေါ့။ တောနက်ထဲအရောက်မှာ သူငယ်ချင်းတစ်စု အိမ်သာသွားရင်းနဲ့ သူတို့အဖွဲ့ထဲက ဒီယက်ဇ်တစ်ယောက် ရုတ်တရက်ပျောက်သွားပြီးတော့ တောထဲက ဘယ်ကမှန်းမသိတဲ့ စကားမပြောတတ်တဲ့ကလေးတစ်ယောက်ကို ကူရှာခိုင်းဖို့ ဖြစ်လာပါတော့တယ်။ ဒီယက်ဇ်ကိုတွေ့တဲ့အချိန်မှာ သရဲပူးပြီး ရုန်းရင်းဆန်ခတ်ဖြစ်နေပေမဲ့ ဒီကလေးကိုမြင်တော့ ထူးထူးဆန်းဆန်း ငြိမ်ကျသွားတာကြောင့် သရဲခြောက်တဲ့တောထဲကနေ ဘယ်ကမှန်းမသိတဲ့ကလေးကိုပါခေါ်ခဲ့ဖို့ မိုက်ရူးရဲစွာနဲ့ ဆုံးဖြတ်လိုက်တဲ့အခါ… တောထဲကနေထွက်လာပြီး ကိစ္စပြတ်ပြီလို့ထင်နေပေမဲ့ သူတို့ထင်သလောက်မရိုးရှင်းနေတဲ့အခါမှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲ။ တောထဲကနေခေါ်လာတဲ့ကလေးကရော ဘာလျှို့ဝှက်ချက်တွေရှိနေမလဲဆိုတာ အားလုံးအတူ ကြည့်ရှုလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 1.5GB | 757MB Format… mp4 Duration…. 2h 2min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron

5.5 2019
Tabu: Mengusik Gerbang Iblis
Our Secret Diary
7.5

Our Secret Diary (2023) ~ IMDb – 7.5/10, MyDramaList – 8.2/10 ~ ဟိုတလောက နာမည်ကြီးသွားတဲ့ Videoထဲက Anime Voice Actor လေး တဖြစ်လဲ မင်းသား Fumiya Takahashi ရဲ့ အသစ်စက်စက်ရုပ်ရှင်လေး ထွက်ရှိလာပါပြီ။ ကျောင်းရဲ့စားပွဲခုံပေါ်မှာ စာအပြန်အလှန်ရေးရာက စတဲ့ဇာတ်လမ်းလေးဖြစ်တာမို့ Highschool Movie တွေကြိုက်တဲ့သူတွေအဖို့ သေချာပေါက် ရင်ခုန်စွာနဲ့ လိပ်ပြာတွေပျံရင်း ကြည့်ရှုရမှာပါ။ ဇာတ်လမ်းကိုတော့ ဘောလုံးကစားတာကို နားရတော့မဲ့ ကောင်လေး “ဆဲတိုရာမ”က စာရေးစားပွဲပေါ်မှာ သူလက်မလျှော့ချင်တဲ့အကြောင်း ရေးထားခဲ့တာကနေ စထားပါတယ်။ အတန်းတွေချိန်းကြတဲ့အခါ အဲဒီခုံနေရာမှာထိုင်မိတဲ့ “ခုရိုဒ”ဆိုတဲ့ကောင်မလေးက သူ့စာရဲ့အောက်မှာ အရှုံးမပေးဖို့အတွက် အားပေးစကားလေး ရေးထားခဲ့ပါတယ်။ ဒီစာကြောင့်ပဲ ဆဲတိုရာမတစ်ယောက် မိုတီတွေရသွားခဲ့ပြီးတော့ စာရေးခဲ့တဲ့ကောင်မလေးကို လိုက်ရှာနေခဲ့ပါတယ်။ ခုံပေါ်မှာ စာလေးတွေသွားထားရင်းနဲ့ သူတို့နှစ်ယောက်က စာပေးစာယူကနေတဆင့် စကားပြောဖြစ်လာပါတယ်။ ဒီလိုနဲ့ တစ်ယောက်အကြောင်း တစ်ယောက်သိအောင်လုပ်ဖို့ ဒိုင်ယာရီစာအုပ်လေးတစ်ခုကို ကျောင်းရဲ့တစ်နေရာမှာထားပြီး အပြန်အလှန် ရေးဖြစ်လာကြပါတယ်။ ဒါပေမဲ့ ဆဲတိုရာမ ရှာနေတဲ့သူက စာအတူရေးနေတဲ့ကောင်မလေးမဟုတ်ဘဲ သူ့ရဲ့သူငယ်ချင်းမလေးရဲ့နာမည်ဖြစ်နေတဲ့အခါ… တစ်ဖက်မှာလည်း ခုရိုဒရဲ့ ရည်းစားဟောင်းဖြစ်သူက ခုရိုဒကို ပြန်ပြီး ချဉ်းကပ်လာတဲ့အခါမှာတော့… သူတို့ကြားက Romance, ဂရုစိုက်ပေးတာလေးတွေ အထင်လွဲမှုတွေနဲ့ သူငယ်ချင်းတွေကြားက ချစ်စရာကောင်းလောက်အောင်နားလည်မှုရှိတဲ့အကြောင်းတွေက ဘယ်လိုဆက်ပြီးဖြစ်သွားမှာလဲဆိုတာကို သူတို့နှစ်ယောက်ရဲ့ Secret Diary လေးထဲမှာ ဆက်လက် ဖတ်ရှုလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 950MB Quality – 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 51Min Genre – Romance Subtitle – Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Y

7.5 2023
Our Secret Diary
I Heard the Bells
7.1

I Heard the Bells (2022) ================= ဒီကားလေးကတော့ သာမာန်ခရစ်စမတ်ကားလေးတွေနဲ့မတူပဲ ဖြစ်ရပ်မှန်ကားလေးကို Documentary ဆန်ဆန်ပြန်ရိုက်ထားတဲ့ ကားလေးဖြစ်ပါတယ်.. ဇာတ်လမ်းအကျဉ်းအနေနဲ့ ခရစ်စမတ်နဲ့ပတ်သတ်ပြီး ခရစ်ယာန်ဘာသာကလွဲပြီး လူသိနည်းတဲ့ တစ်ချက်ကတော့ ကျွန်တော်တို့ newyear တို့လို ည၁၂ ကျော်တာနဲ့ ခရစ်စမတ်နေ့ကိုရောက်တာမျိုးမဟုတ်ပဲ church ကျောင်းက ခေါင်း လောင်းထိုးမှသာ ခရစ်စမတ်နေ့ကိုရောက်တာဖြစ်ပါတယ်။ ဇာတ်ကား နာမည် I Heard The Bells ဆိုတာက ဒါကိုဆိုလိုထားခြင်းဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းအရာအနေနဲ့ကတော့ ခရစ်စမတ်နေ့မှာ သီဆိုရတဲ့ ခရစ်စမတ်သီချင်းတွေထဲက တစ်ပုဒ်ကို ရေးသားခဲ့တဲ့သူကတော့1800 ပြည့်နှစ်တွေရဲ့ ကမ္ဘာကျော် ကဗျာဆရာတစ်ယောက်ဖြစ်တဲ့ ဆရာကြီး Longfellow ပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာတော့ ဒီခရစ်စမတ်သီချင်းကို ဆရာကြီး Longfellow ဘယ်ဘယ်လိုခံစားချက်တွေကြောင့် ဖန်တီးဖြစ်ခဲ့သလဲဆိုတဲ့ အကြောင်း အရာကို ဖြစ်ရပ်မှန်အနေနဲ့ရိုက်ကူးပြသထားပေးတာပဲဖြစ်ပါတယ်။ သာမာန် ခရစ်စမတ်ကားတွေနဲ့ကွဲထွက်နေတဲ့အပြင် အနှစ်သာရရှိလှတဲ့ ဆရာကြီး Longfellow ရဲ့လက်ရာကဗျာလေးတွေကိုပါ တစိတ်တပိုင်း ထိတွေ့ခွင့်ရ မယ့်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(1.49 GB) / (618 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 50Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Thetti Tun Encoder……….SWM

Horror
7.1 2022 106 mins
I Heard the Bells
Nemesis the Movie: Mystery of Golden Spiral
5

Eiga Nemesis : Ougon Rasen no Nazo (2023) ======================================= (2021)ခုနှစ်ကထွက်ရှိခဲ့တဲ့ ဂျပန်စုံထောက်စီးရီး Nemesis ရဲ့နောက်ဆက်တွဲရုပ်ရှင်ဖြစ်ပါတယ်။ ဒါပေမဲ့ ဇာတ်သွားပြန်ရှင်းပြထားပြီး ပါဝင်တဲ့အကြောင်းအရာတွေက အရမ်းကြီးဆက်စပ်မနေတာမို့ စီးရီးကိုမကြည့်ဖူးလည်း အခုမူဗီကိုကြည့်လို့ရပါတယ်။ 99.9 Criminal Lawyer လိုမျိုး စိတ်ဝင်စားစရာကောင်းတဲ့ ဂျပန်စုံထောက်ကားဖြစ်ပါတယ်။ အောက်မှာဇာတ်ညွှန်းလာပါပြီ။ ကမ္ဘာ့ပထမဆုံးမျိုးဗီဇပြောင်းကလေးငယ်သုတေသနကို အောင်မြင်သွားတဲ့ သိပ္ပံပညာရှင်တာချိဘနဟာဂျိမဲ အသတ်ခံရပြီးတဲ့နောက် ကမ္ဘာပေါ်မှာ သူ့အမွေဆိုလို့ သူ့သမီးတဖြစ်လဲ ကမ္ဘာ့ပထမဆုံးမျိုးဗီဇပြောင်းကလေးငယ် မီခမိအန်နာနဲ့ လည်ဆွဲထဲက သုတေသနဒေတာတွေပဲ ကျန်ခဲ့ပါတယ်။ အဲဒီဒေတာတွေကိုလိုချင်နေတဲ့ မသမာသူလူချမ်းသာတစ်စုက အန်နာ့နောက်ကို လိုက်ကြနေတာပေါ့။ အန်နာ့မှာ သူမတူတဲ့စွမ်းရည်တွေရှိပြီး Nemesis စုံထောက်အေဂျင်စီမှာ သူ့ဒုတိယအဖေတို့၊ သူငယ်ချင်းတွေတို့နဲ့အတူ အလုပ်လုပ်နေပါတယ်။ ဒါပေမဲ့ Nemesis ခမျာ နှစ်လလုံးလုံး အမှုအပ်သူမရှိတာကြောင့် မွဲကိန်းဆိုက်ပြီး ရုံးခန်းပါပြောင်းလိုက်ရပါတယ်။ တစ်ချိန်တည်းမှာပဲ အန်နာဟာ ဒေတာတွေကိုလက်လွှဲမပေးရင် သူတန်ဖိုးထားရတဲ့သူတွေတစ်ယောက်ပြီးတစ်ယောက် အသတ်ခံရတဲ့ အိပ်မက်ဆိုးကို ညတိုင်းထပ်ခါထပ်ခါမက်နေရပါတယ်။ အဲလိုနဲ့ အန်နာတို့တွေ အိပ်မက်ဆိုးတွေကိုအဖြေရှာရင်း သုတေသနဒေတာတွေကို ဘယ်လိုကာကွယ်သွားမလဲဆိုတာ Plot ကောင်းကောင်းနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ngwe Zin Thikeပါ ) File size_(1.4GB)/(780MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Mystery Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Ngwe Zin Thike

Action • Crime • Drama
5 2023
Nemesis the Movie: Mystery of Golden Spiral
[18+] Sound of the Sea Son de mar
6

Sound of the Sea(2001) Son De Mar IMDb Rating (6.0) Rotten Tomatoes (68%) Sound of the Sea (2001) ရုပ်ရှင်ဟာ စပိန်စကားပြော Romance/Drama ရုပ်ရှင်ကားဖြစ်ပါတယ်။ 18+ အခန်းတချို့ပါတာမလို့ မိသားစုနဲ့အတူကြည့်လို့တော့မရပါဘူး။ ဇာတ်သိမ်းမှာ ရင်ထဲတစ်မျိုးဖြစ်သွားစေမယ့် ရုပ်ရှင်တစ်ခုလည်းဖြစ်ပါတယ်။ ဇာတ်လမ်းကတော့…. အူလိဆက်စ်ဟာ မြို့ကိုအသစ်ပြောင်းလာတဲ့ ကျောင်းဆရာအသစ်ဖြစ်ပါတယ်။ မာတီနာကတော့ မြို့ခံဆိုင်တစ်ခုက ပိုင်ရှင်ရဲ့သမီးဖြစ်ပါတယ်။ လိုတိုရှင်းပြောရရင် မာတီနာမှာ ကိုယ်ဝန်ရှိလာတော့ နှစ်ယောက်သားလက်ထပ်လိုက်ကြပါတယ်…. သာမန်အပေါ်ယံကြည့်ရင်တော့ သူတို့ချစ်သူနှစ်ဦးဘဝလေးဟာပျော်ရွှင်ကြည်နူးအတိနဲ့ပေါ့…. ဒါပေမယ့် တကယ်ပဲပျော်ဖို့ကောင်းခဲ့သလားဆိုတာ…..။ စပိန်ရုပ်ရှင်အထိအတွေ့နဲ့ ဆွဲဆောင်မှုရှိတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ (Dark Side Production မှ တင်ဆက်သည်။)

Drama • Comedy • Horror
6 2001 95 mins
[18+] Sound of the Sea Son de mar
Avenging Angelo

(IMDb 5.1/10) Director ကြီး Martyn Burke ရိုက်ကူးထားတဲ့ Action/Comedy/Crimeဇာတ်ကားကောင်းလေးပါ မင်းသားကြီး Sylvester Stallone နဲ့ မင်းသမီးကြီး Medeleine Stowe တို့အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်ကားလေးကတော့ ဖရန်ကီ ဆိုတဲ့ သစ္စာရှိသက်တော်စောင့်ကောင်လေးဟာ အန်ဂျလို ဆိုတဲ့မာဖီးယား ဂိုဏ်ခေါင်းဆောင်ကြီးရဲ့လက်စွဲတော်ပေါ့ဖအေနဲ့သားလိုဆက်ဆံမှုမျိုးရှိကြတာပေါ့…..ဒီလိုနဲ့တစ်နေ့မှာ အန်ဂျလို ဟာသူသေတော့မှာကိုသိနေတဲ့အတိုင်း ဗီဒီယိုမှတ်တမ်းနဲ့သူ့ကိုအဖေမှန်းတောင်မသိတဲ့ သူ့ရဲ့သမီးကိုအမှာစကားထားခဲ့ပါတယ်…..အန်ဂျလို လုပ်ကြံခံရပြီးသေသွားတော့ ဖရန်ကီ ဟာသူ့သမီးရှိရာကိုသွားပြီးဖြစ်ကြောင်းကုန်စင်ပြောပြပြီး…… နှစ်ယောက်ပေါင်းပြီး ပြန်လက်စားခြေမယ့်အစီအစဉ််တွေကိုဘယ်လိုလုပ်ကြမလဲ…..မသိနိုင်တဲ့နောက်ကွယ်ရိုမန့်တစ်ဆန်တဲ့ ဇာတ်လမ်းလေးကရောဘယ်လိုများလဲဆိုတာကိုတော့….. ဒီဇာတ်ကားလေးကို အညွှန်းရေးပြီးဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ် File size…(933 MB)/(748 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Leo

0 2002
Avenging Angelo
U-571
6.6

U-571 (2000) ************************ IMDb…6.6,,,Rotten ….68% ဒီကားက ဒုတိယ ကမ္ဘာစစ်တုန်းက မဟာမိတ် စစ်သင်္ဘောတွေကို တဒိန်းဒိန်းပစ်ခေတ်ပြီး ရေအောက်ကို နှစ်မြှုတ်ခဲ့တဲ့ ဂျမာန် u-571 စစ်သင်္ဘောအကြောင်းကို အဓိက ထားရိုက်ပြထားပါတယ်… ဂျာမန်စစ်သင်္ဘောတွေရဲ့ ပစ်ခတ်ဖျက်ဆီးခြင်းကို ဖွဲအိတ်ကြီးလို ခံနေရတဲ့ အဓိက အကြောင်းရင်းက Enigma ဆိုတဲ့ ဝှက်စာကြောင့်ပါ… ဒီကားအညွှန်းကို မပြောခင် အရေးကြီးဆုံးအကြောင်းအရာဖြစ်တဲ့ Enigma ဆိုတဲ့ ဝှက်စာ အကြောင်းကိုပြောပြပါ့မယ်… ဒါတွေမသိလည်း ကြည့်လို့ကောင်းတဲ့ စစ်ကားကြီးဖြစ်ပေမဲ့ သိသွားတဲ့အခါမှာ ဗဟုသုတလည်းရတဲ့အပြင် ကြည့်ရတာ ဇာတ်ရှန်အမြင့်ဆုံးကိုရောက်သွားစေနိုင်တာကြောင့်ပါ.. Enigma ဆိုတာက ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်ကြားကာလမှာ ဂျာမန်တွေတီထွင်ခဲ့တဲ့ ဝှက်စာ စက်ဖြစ်ပါတယ်။ Mechanical နဲ့ electrical ကို ပေါင်းထားတဲ့ စက်ဖြစ်ပြီး U boat နဲ့ ဂျာမန်စစ်သင်္ဘောတွေက ပင်နယံ ၄ ဆင့်နဲ့ အထက်ပါတဲ့ Enigma ကို သုံးခဲ့ပါတယ်။ ပင်နယံဝိုင်းတွေမျှားလေ ပိုလုံခြုံလေမို့ နောက်ပိုင်းမှာ ပင်နယံဝိုင်း ၈ ဆင့်အထိသုံးခဲ့ပါတယ်။ Enigma ဟာ လက်နှိပ်စက်လိုဖြစ်ပြီး ဝှက်စာစနစ်ထည့်သွင်းထားတဲ့အတွက် ခလုပ်တွေကို ရိုက်လိုက်ချိန်မှာ မူလ အက္ခရာမပေါ်ဘဲ ဝှက်စာသွင်းထားတဲ့ အက္ခရာသာ ပေါ်တာ ဖြစ်ပါတယ်။ ပင်နယံတွေကို စီစဉ်ထားသိုတာရယ်၊ ဝှက်စာထည့်သွင်းတာရယ်ပေါ်မူတည်ပြီး ဝှက်စာခက်ခဲမှုပြောင်းလဲပါတယ်။ ဝှက်စာဖော်တဲ့အခါမှာလည်း Enigma စက်ကထွက်လာတဲ့ code တွေကို ပြန်ရိုက်ပြီးဖော်ရတာ ဖြစ်ပါတယ်။ ယေဘူယျအားဖြင့် ပင်နယံဝိုင်း ၄ဝိုင်းပါတဲ့ Enigma စက်မှာဆိုရင် အက္ခရာတစ်လုံး မှန်ကန်စွာခန့်မှန်းနိုင်ဖို့ အကြိမ်ပါင်း ၄၅၆၉၇၆ ကြိမ် လိုပါတယ်။ ဒါဟာ “A” ဆိုတဲ့ အက္ခရာလိုမျိုး alphabet တစ်ခုအတွက်ဖြစ်ပါတယ်။ ဝါကျတစ်ကြောင်းအတွက်ခန့်မှန်းရပါက ဘယ်လောက်ခက်မည့်အကြောင်းပြောဖွယ်ရာမလိုတော့ပေ… ဒါကြောင့် codeဖော်တဲ့စက်ကို မရရင် ဖော်ဖို့ အရမ်းခကိပါတယ်။ ဒီ Enigma ကုတ်ကြောင့်ပဲ မဟာမိတ်တွေဟာ ဂျာမန်ကိုလုံးဝမယှဉ်နိုင်ခဲ့တာပါ… ဇာတ်ကားအကြောင်းကိုဆက်ပြောရမယ်ဆိုရင် ပစိဖိတ်ရေပြင်မှာ U-571 ဟာ ဗြိတိန်ရေတပ်ရဲ့ ရေမြှုပ်မိုင်းဒဏ်ထိပြီး အင်ဂျင်တွေသုံးမရ စက်ဆရာတွေကသေကုန်လို့ ရေထဲမျောနေရင်း တပ်ကူရေယာဉ်ကိုစောင့်နေရတဲ့အခြေအနေကို အမေရိကန်တွေသိသွားတယ်… ဒီတော့ အမေရိကန်ရဲ့ အစီအစဉ်က U-751 ကို နာဇီယူဘုတ်ပုံစံပြောင်းပြီး ဝင်စီးမယ် …Engima ကုတ်ဖော်စက်ကို ယူမယ် … U-751 ကို အစဖျောက်မယ်… ဒီစက်ရရင် ဂျာမန်ကို စစ်နိုင်ဖို့အဓိကအကြောင်းရင်းဖြစ်နေတာကိုးး…. သူတို့ရဲ့ အစီအစဉ်က တကယ့်ကိုခက်ခဲပါတယ်… အမေရိကန်တွေအောင်မြင်မလားဆိုတာကိုတော့ စစ်ကားကြိုက်တဲ့သူတွေအဖို့ နင်းကန်ကြည့်သင့်တယ်… ခင်ဗျားဟာ သမိုင်းနောက်ခံဇာတ်လမ်းမျိုးကိုကြိုက်တယ် ..အချက်အလက်တွေနဲ့ ရိုက်ကူးပုံတွေကလည်း Realism ဆန်တာမျိုးဖြစ်ရမယ် ..အပစ်အခတ်နဲ့ စစ်ကားမျိုးလည်းကြိုက်တယ်.. Rating တွေလည်း ကောင်းရမယ် ဆုတွေလည်းရတဲ့ကားမျိုးမှကြိုက်တော့ ဆိုရင်တော့ ခံစားကြည့်သင့်တယ်… File Size : 2.23GB/ 1.05GB Quality : Blu-Ray 4K HEVC/1080p 5.1 CH/720p Format…mp4 Duration…01:57:00 Genre : Action, War Subtitle : Myanmar Subtitle (Hard Sub) Translated by Chan Myae Thu Aung Encoded by Tiff

6.6 2000 116 mins
U-571
Fréwaka
6.2

Creepy ဖြစ်တဲ့ ဟော်ရာကားမျိုးကိုမှ ကြည့်ချင် ပါတယ်ဆိုတဲ့ သူတွေအတွက် ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါ့မယ်။ ဇာတ်ကားရဲ့ အလင်းအမှောင်အနေအထား၊ အသံ၊ ရိုက်ကွင်းရိုက်ကွက်တွေက Horror ဇာတ်ကား ကောင်းတစ်ခု ပီသပြီးတော့ တစ်ရာဖိုး သုံးပုဒ် ခပ်ပေါပေါ ဇာတ်ကားမျိုး မဟုတ်ပါဘူး။ ငယ်ဘဝ ထရာမာ စိတ်ဒဏ်ရာတွေ … ဘာသာရေး အမှောင်ကျမှုတွေကို ဖော်ညွှန်းထားတဲ့ ဒီဇာတ်ကားက အိုင်ယာလန်နိုင်ငံမှာ ရိုက်ကူးထားတဲ့ အိုင်းရစ်စကားပြော ဇာတ်လမ်းပါ။ ဇာတ်ကားရဲ့ နာမည်က အိုင်ယာလန် ဘာသာစကားနဲ့ ဖြစ်ပြီး “ဇစ်မြစ်/အမြစ်”ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ ဒီဇာတ်ကားမှာ သက်ကြီးရွယ်အို ကူညီစောင့်ရှောက်ရေး အေဂျင်စီမှာ လုပ်ကိုင်တဲ့ “သျှူဘန်း (ခ) သျှူး” ဆိုတဲ့ အမျိုးသမီး တစ်ယောက်ဟာ သူမရဲ့ မိခင် သူ့ကိုယ်သူ ဆွဲကြိုးချ သေဆုံးပြီးနောက် ကျန်ရစ်ခဲ့တဲ့ အခန်းကို ရှင်းလင်းရေး လုပ်ဖို့ သူမရဲ့ ဇနီး မီလာနဲ့အတူ ရောက်လာခဲ့ပါတယ်။ လေဖြတ်သွားတဲ့ သက်ကြီး ရွယ်အို တစ်ဦးကို ကူညီစောင့်ရှောက်ပေးဖို့အတွက် အလုပ်မက်ဆေ့က ရောက်လာခဲ့လို့ ရှင်းလင်းရေး မပြီးခင်မှာပဲ သွားခဲ့ပါတယ်။ တစ်ကယ်တမ်းကျတော့ သျှူးရဲ့ အေဂျင်စီက သူမကို မိသားစုနာရေးရှိလို့ ခွင့်ရက်ပေးထားပြီးတော့ လုံးဝ အလုပ်အပ်ခဲ့တာ မဟုတ်ပါဘူး။ ဟိုကိုရောက်တဲ့အခါမှာ သူကြည့်ရှု ပေးရမယ့် အဖွားကြီးဟာ အိမ်မှာ တစ်ယောက်တည်း နေထိုင်ပြီးတော့ လေဖြတ်ရုံတင်မက သူငယ်ပြန်ချင် သလို ဖြစ်နေပြီး စကားတွေ တောင်စဉ် ရေရာမရ ပြောတဲ့သူ ဖြစ်နေတာပါ။ အဖွားကြီးရဲ့ နောက်ကြောင်းနဲ့ ဒီအိမ်ကြီးရဲ့ ခြောက်ခြားဖွယ် သမိုင်းကြောင်းတွေက ဘယ်လိုဆက်စပ်မှု ရှိနေလဲ… သူမကို အေဂျင်စီ အယောင်ဆောင်ပြီး အလုပ်ပေးခဲ့တဲ့ သူတွေကရော ဘယ်သူတွေလဲ…။ သျှူးနဲ့ ဒီအိမ်က ဘယ်လိုတွေ ပတ်သတ်မှုရှိနေလို့ ရောက်လာခဲ့တာလဲ ဆိုတာကိုတော့…..။ ( ဒီကားအကြောင်းနဲ့ ဆက်စပ်ပြီး အိုင်ယာလန်နိုင်ငံရဲ့ သမိုင်းကြောင်း တစ်ချို့ကို ပြောပြချင်ပါတယ်။ အိုင်ယာလန်နိုင်ငံမှာ ကတ်သလစ်ဘာသာဟာ နိုင်ငံရေး နယ်ပယ်မှာပါ အကြီးအကျယ် လွှမ်းမိုး ချုပ်ကိုင် ပါဝင်ပတ်သတ်ခဲ့တဲ့ အချိန်တုန်းက မဂ္ဂဒလန် အဝတ်လျှော်ရုံတွေဖွင့်ပြီး နိုင်ငံတွင်းက “Fallen Women” လို့ ခေါ်ဆိုခဲ့ကြတဲ့ ပြည့်တန်ဆာ လုပ်ဖူးတဲ့အမျိုးသမီး ငယ်တွေ..လင်ကောင်မပေါ်ဘဲ ကလေးမွေးခဲ့တဲ့ အမျိုး သမီးတွေ..ဒုက္ခိတ မသန်စွမ်း စိတ်မနှံ့သူ အမျိုးသမီးတွေ… ရာဇဝတ်မှု ကျူးလွန်ခဲ့ဖူးသူ အမျိုးသမီးတွေ… စသူတို့ကို လုပ်ကိုင်စေခဲ့ပါတယ်။ ကြီးကြပ်တွေ အနေနဲ့ ဘုရားကျောင်းတွေက စစ်စတာတွေ လုပ်ကိုင်ခဲ့တာပါ။ ကနဦးက ဒီလုပ်ငန်းကို အမျိုးသမီးငယ်တွေ ပြန်လည် ထူထောင်ရေး ခုံလှုံရာ နေရာအဖြစ် စတည်ထောင်ခဲ့ ပေမယ့် နောက်ပိုင်းမှာ အဓမ္မ ဖိအားပေး ခိုင်းစေမှုတွေ.. လုပ်ခလစာ မရတဲ့အပြင် ဘာသာရေး ခေါင်းစဉ် ဗန်းပြပြီး ဖိနှိပ်ချုပ်ချယ်မှုတွေ လုပ်ရုံတင်မက ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေကြောင့် အိုင်ယာလန် နိုင်ငံရဲ့ ကတ်သလစ် ဘာသာရေး သမိုင်းကြောင်းမှာ အမည်းစက် ထင်ကျန်နေခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ ဒတ်ဘလင်မြို့တော်က နောက်ဆုံး အဝတ်လျှော်ရုံဟာ ၁၉၉၆ ကမှ ပိတ်သိမ်းခဲ့တာပါ။ ) (အညွှန်းနဲ့ ဘာသာပြန်ကတော့ Aoi ဖြစ်ပါတယ်) File size… (1.04 GB) / (626 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 43m Genre …..Horro Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Adventure • Drama • War
6.2 2024 103 mins
Fréwaka