YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Recipe.for.Farewell.S01E08.1080p.CM.mp4

385 MB N/A video/mp4 42 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Imprisoned Love

CM Movie ချစ်ပရိသတ်များအတွက် CM ကနေပြီးတော့ The Imprisoned Love ဆိုတဲ့ ရုပ်ရှင်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးကတော့ Ren Hao Ming က Ruan Qing Tian ရဲ့ အမေဟာ Ren Hao Ming အမေရဲ့ဒီဇိုင်းကို ခိုးသွားပြီးသတ်ပစ်ခဲ့တယ်လို ထင်နေခဲ့တယ်။အဲ့ဒါကြောင့် Ruan Qing Tian ကိုသူ့အမေအကြွေးဆပ်ဖိုတစ်နှစ်စာချုပ်အဖြစ် Ren Hao Ming အိမ်မှာအခိုင်းအစေလုပ်ခိုင်းပြီးအတင်းအကျပ်လက်ထပ်ယူခဲ့တယ်။ အချိန်တွေကြာလာတာနဲ့အမျှ Ren Hao Ming ကတဖြည်းဖြည်းနဲ့ သူ့အမေကိုသတ်တဲ့လူသတ်သမားက တခြားတစ်ယောက်ဖြစ်နေတာသိလိုက်ရတဲ့အချိန်မှာတော့...... ကဲဒီတော့ Ruan Qing Tian တစ်ယောက် Ren Hao Ming အပေါ်ခံစားချက်ရှိလာမလဲ။ သူတိုကြားနားလည်မှုလွဲနေတာတွေကော ဘယ်လိုဖြေရှင်းကြမလဲ။ လူသတ်သမားကကောဘယ်သူဖြစ်မလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးကိုဆက်ကြည့်လိုက်ကြရအောင်နော် Quality : WEB-DL 1080p , 480p Format : mp4 Genres : Romance Runtime : 1h 17 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Chu Chu , Ann Chi , Moon Encoded by LK

History • War
0 2016 877 mins
The Imprisoned Love
Detective Dee and Deadly Fragrance

CM ကနေပြီးတော့ဒီတစ်ခါအမိုက်စားဇာတ်ကားလေးတစ်ကားဖြစ်တဲ့ Detective Dee: Scent of a Killer ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Luoyang မြိုထဲမှာမတရားစွပ်စွဲပြီးခေါင်းဖြတ်ခံရတဲ့ An Yu ဆိုတဲ့မိန်းကလေးတစ်ယောက်ကသရဲအဖြစ်အနေနဲ့ လူတော်တော်များများကို လိုက်လံသတ်ဖြတ်နေတဲ့သတင်းတွေထွက်ပေါ်နေပါတယ်။ အဲ့အချိန်မှာ Dee Ren Jie ကိုနယ်နှင်ဒဏ်ခံရတဲ့အပြစ်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပြီး ဒီအမှုကိုလိုက်လံစုံစမ်းဖိုခွင့်ပြုလိုက်တဲ့အချိန်မှာတင် Dee Ren Jie ကိုမကျေနပ်တဲ့အုပ်စုကသတ်ပစ်ဖိုကြိုးစားပါတော့တယ်။ တချိန်တည်းမှာဘဲ Lv Zhaoyuan ဆိုတဲ့လူကတော့ ပျောက်ဆုံးသွားတဲ့ဇနီးကိုရှာဖို့ မြိုတော်ဆီလာနေရင်းလမ်းမှာလူသတ်သမားတွေကြောင့်ချောက်ကမ်းပါးကနေပြုတ်ကျသွားတဲ့ Dee Ren Jie ကိုကယ်တင်ပေးခဲ့တယ်။ကံမကောင်းစွာနဲ့ Dee Ren Jie ကအတိတ်မေ့သွားခဲ့တယ်။ ဒီလိုနဲ့အကြောင်းရင်းတိုက်ဆိုင်လာတဲ့အချိန်နှစ်ယောက်လုံးလူချင်းလဲလိုက်တဲ့အချိန်မှာတော့.... ကဲဒီတော့ဇနီးပျောက်လိုရှာနေတဲ့ Lv Zhaoyuan က ရူပ်ထွေးလှတဲ့အမှုကြီးမှာဝင်ပါသွားတဲ့အခါဘယ်လိုတွေဆက်ဖြစ်မလဲ? Dee Ren Jie ကတော့သူ့မှတ်ဉာဏ်ပြန်ပေါ်လာမလား? စတဲ့မေးခွန်းပေါင်းများစွာရဲ့ အဖြေတွေကိုသိချင်ရင်တော့ ဒီဇာတ်ကားလေးကိုကြည့်ရူလိုက်ရအောင် Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Mystery , Comedy Runtime : 1h 22 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Chu Chu , Minnie , Nu Mon , Ann Chi Encoded by LK

Action • Adventure • Science Fiction
0 2022 82 mins
Detective Dee and Deadly Fragrance
Young Mother's Friend
1

ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ... ဂျယ်ဝန်းတစ်ယောက် ကျောင်းပြန်တက်ဖို့ သွားတဲ့အခါ နေစရာမရှိတဲ့အတွက် သူ့အမေရဲ့ သူငယ်ချင်းဖြစ်သူ ဟီးဂျယ် အိမ်မှာ နေဖို့ ဖြစ်လာခဲ့ပါတယ်။ ဟီးဂျယ်ရဲ့ သမီး ယွန်းယောင်းလေးကလည်း ရင့်ကျက်တဲ့ မိန်းမပျိုလေးအရွယ်လေးပါ။ တစ်နေ့မှာတော့ ယွန်းယောင်းက ကျောင်းစာမေးပွဲကို အကြောင်းပြပြီး စာကြည့်တိုက်မှာ တစ်ညလုံး အိပ်မယ်လို့ ဆိုပါတယ်။ အဲ့ဒီနေ့မှာပဲ ဂျယ်ဝန်းကလည်း သူ့ရဲ့ ကောင်မလေးနဲ့ စာအတူလုပ်မယ်ဆိုပြီး ကောင်မလေးကို အိမ်ခေါ်လာဖို့ ခွင့်တောင်းပါတယ်။ ညနေ အဒေါ်ဖြစ်သူ ဟီးဂျယ် ပြန်လာတဲ့အခါ ဂျယ်ဝန်းနဲ့ သူ့ကောင်မလေးတို့ စာလုပ်နေတယ်ဆိုတဲ့ အခန်းထဲမှာ တစ်ခုခု ပုံမှန်မဟုတ်တာကို ရိပ်မိပြီး ကြားဝင်ဖို့ ကြိုးစားတဲ့အခါ ... ယွန်းယောင်းက သူ့ကောင်လေးနဲ့ ဘာညာကိစ္စကို ဘဝင်မကျလှပဲ ဂျယ်ဝန်းကို စတွေ့တဲ့အချိန်ကတည်းက ဂျယ်ဝန်းအကြောင်းပဲ အမြဲတွေးနေခဲ့မိရာကနေ ဂျယ်ဝန်းကို ယောက်ျားလေးတစ်ယောက်အဖြစ် မြင်လာတဲ့အခါမှာတော့ ... ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ပုရိသတို့ပဲ ဇာတ်လမ်းထဲမှာ ဆက်လက် ရှုစားကြပါဦးခင်ဗျာ။ File Size          : 2.1GB,  773MB, 322MB Quality            : 1080p WEB-DL, 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 20mins Genre              : Romance, Adult, Asian Translated by Big Boy Encoded by DevilDad

Drama
1 2018 80 mins
Young Mother's Friend
Toy Story 3
7.8

Toy Story ဟာ ကျနော်တို့ မျိုးဆက်အတွက် တော့ ငယ်ဘဝဖြစ်ခဲ့ပါတယ်။ တစ်သက်လုံးလည်း Andy Woody Buzzlight Year တို့ကို မေ့ရနိုင်မယ် မထင်ပါဘူး။ ထွက်ခဲ့တဲ့ သုံးကားလုံးဟာ စိတ်ကြည်နူးဖွယ် ကောင်းပေမယ့် နောက်ဆုံးထွက်ခဲ့တဲ့ Toy Story 3 ကတော့ ရင်ထဲအထိဆုံးပါပဲ။ ဒီကားမှာ Andy ဟာလည်း တော်တော်လေး ကြီးနေပြီဖြစ်ပြီး သူရဲ့ အရုပ်တွေကို မှားပြီးတော့ Day Care centre တစ်ခုကို ပေးခဲ့ပါတယ်။ အဲ့မှာ တော်တော်လေး ဆိုးတဲ့ အရုပ်တွေလက်ကနေရုံးထွက်ခဲ့ရပြီးနောက် နောက်ဆုံးခန်းမှာ Andy ဟာ သူရဲ့အရုပ်တွေကို ကောင်မလေးတစ်ယောက်ကို ပေးခဲ့ပါတယ်။ ပေးပြီးတော့ အဲ့ကောင်မလေးနဲ့ အတူတူ အရုပ်တွေနဲ့ ကစားလိုက်ပါသေးတယ်။ ဒီလိုကစားတာဟာ Andy အတွက် Woody Buzz တို့နဲ့နောက်ဆုံးကစားတာဖြစ်တဲ့ အပြင် ကျနော်ကလေးဘဝရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Toy Story ပြီးဆုံးသွားပြီဆိုတဲ့ အသိကြောင့် မျက်ရည်ကျမိခဲ့ ပါတယ်။ (review credit to datshin) File Size : 808 MB Quality : Bluray 720p Running Time : 1hr 43 minute Format : Mp4 Genre :  Animation, Adventure, Comedy Translator : Ye Man Aung Encoder : Moe Myint Lwin

Action • Thriller
7.8 2010 103 mins
Toy Story 3
Never Say Never
6

CM ကနေဇာတ်ကားတွေထဲမှာတင်ဆက်ပေးချင်တာကတော့ Never say neverဆိုတဲ့ ဇာတ်ကားလေးဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ လက်ဝှေ့ချန်ပီယံဆုရှင်ရှန့်ထိန်ဟွေးက သူများရဲ့ မတရားအကောက်ကြံမှုကြောင့် ထောင်ကျခဲ့ပြီးထောင်ကလွတ်လာတဲ့အချိန် သဲလုပ်ငန်းလုပ်တဲ့ သူဌေးဖြစ်လာခဲ့တယ်။ သူဌေးဆိုပေမဲ့လည်းအကြွေးတွေ နစ်နေတာကြောင့် သူ့သူငယ်ချင်းကနေလက်ဝှေ့သရုပ်ပြပွဲလုပ်ဖို့အတွက် မိဘမဲ့ကလေးတွေကို စုဆောင်းဖို့အကြံပေးခဲ့တယ်။ ဒီလိုနဲ့ရှာတွေ့လာတဲ့ ကလေးတွေက ချို့တဲ့လှတဲ့မြက်ရိုင်းပင်လေးတွေဖြစ်တာကြောင့် မကြာခဏ ပြဿနာတွေဖြစ်လာတာပေါ့။ ဒီလိုနဲ့ရှန့်ထိန်ဟွေးကလက်ဝှေ့သရုပ်ပြဖို့လေ့ကျင့်ပေးရင်း သူ့သူငယ်ချင်းက ဒီကလေးတွေကိုမြေတောင်မြှောက်ပေးဖို့တိုက်တွန်းလာခဲ့အချိန် ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ ဒီကလေးတွေကတော့ဘယ်လိုတွေကြိုးစားရုန်းကန်ကြမလဲ စတာတွေကို ဒီဇာတ်ကားလေးကနေပြသပေးသွားမှာဖြစ်ပါတယ်။

Drama
6 2023
Never Say Never
Tiger Nageswara Rao
6.9

Tiger Nageswara Rao 2023 ( လူဆိုးဗိုလ် ကျားကြီး) ဘောလီးဝုဒ်ပရိသတ်တွေ မျှော်နေကြတဲ့ ဆလူးဘိုင်ရဲ့ မြောက်ပိုင်းတိုက်ဂါးမလာခင်မှာ ဒါကတော့ တောင်ပိုင်းပရိသတ်တွေအကြိုက် မင်းသားကြီး ရာဗီတီဂျာရဲ့ တောင်ပိုင်းကျားကြီးပဲဖြစ်ပါတယ် ရဲမှူးကြီး တိုက်ဂါးကဘယ်လိုလူလဲ?…. သူသာ နိုင်ငံရေးလုပ်ရင် အမတ်ဖြစ်နိုင်တဲ့ ဉာဏ်ရည်ရှိတယ်….. သူသာ အားကစားသမားဆို နိုင်ငံအတွက် ရွှေတံဆိပ်တွေ ပလူပျံနေမှာ… သူသာ စစ်တပ်ထဲဝင်ရင် သူ့သတ္တိနဲ့တင် စစ်ပွဲတွေနိုင်ကုန်မှာ…. ဒါပေမဲ့ ကံဆိုးချင်တော့ သူကရာဇဝတ်သားဖြစ်နေတယ်… မသိဘဲယူတာ သူခိုးတဲ့ လုယူသွားရင် ဓားပြတဲ့ ဒဲ့စိန်ခေါ်ပြီး ယူသွားရင် တိုက်ဂါးပဲ…. ဒီစာသားတွေကို ကြည့်လိုက်ရုံနဲ့ တိုက်ဂါးဘာကောင်လဲဆိုတာ ပရိသတ်ကြီးတို့ ရိပ်စားမိလောက်ပါပြီ လူဆိုးဗိုလ်ကြီး တိုက်ဂါးရဲ့ ကလေးဘဝကနေ လူဆိုးကြီးဖြစ်လာတဲ့ ဘဝအကြောင်းတွေ ရဲတွေကို မလိမ့်တပတ်နဲ့ ကတုံးပေါ်ထိပ်ကွက်ပုံတွေကို ဉာဏ်ချင်းပြိုင်တာတွေကို အက်ရှင်အစုံနဲ့ တောင်ပိုင်းကားပီပီ ဇာတ်အိမ်ကောင်းကောင်းနဲ့ ရိုက်ပြပေးထားတာမို့ တောင်ပိုင်းကျားကြီးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

6.9 2023
Tiger Nageswara Rao
REC .
7.4

အန်ဂျလာနှင့် ပက်ပလိုဟာ ရုပ်သံဌာနတစ်ခုရဲ့ တင်ဆက်သူတွေဖြစ်ကြပါတယ်။ သူတို့ဟာ ပြည်သူ့ဝန်ထမ်းတွေရဲ့ ညဆိုင်းအလုပ်တွေအကြောင်းကို တင်ဆက်ထုတ်လွှင့်ပေးသူများ ဖြစ်ကြပါတယ်။ တညမှာတော့ သူတို့ဟာ မီးသတ်ဌာနကို သွားရောက်လေ့လာခဲ့ကြတယ်။ ထိုစဉ် မီးသတ်ဌာနမှ အရေးပေါ်ဖုန်း ခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိလိုက်တာကြောင့် သူတို့နဲ့အတူ အန်ဂျလာတို့ဟာ အိမ်ယာအဆောင်အအုံတစ်ခုကို အတူ သွားရောက်ဖို့ဖြစ်လာခဲ့ပါတယ်။ ထိုအဆောက်အအုံကို ရောက်တဲ့အခါမှာတော့ ထူးဆန်းတဲ့အဖြစ်အပျက်နဲ့ ရင်ဆိုင်လိုက်ရပြီး ထိုအဆောက်အအုံကိုလည်း ပိတ်ထားလိုက်ပါတော့တယ်။ အဲဒီတော့ သူတို့ အပြင်ကိုရောက်အောင် ဘယ်လိုကြိုးစားကြသလဲဆိုတာ သည်းထိတ်ရင်ဖိုစွာနဲ့ စောင့်စားကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:18:00 Genre…Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Vio La

7.4 2007
REC .
The Last Legion
5.5

၂၀၀၇ ခုနှစ်ကထွက်ရှိခဲ့တဲ့ သမိုင်းနောက်ခံအက်ရှင်စွန့်စားခန်း ရုပ်ရှင်ဖြစ်တဲ့ The Last Region နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာ Doug Lefler က ရိုက်ကူးပေးထားပြီး ၂၀၀၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ Valerio Massimo Manfredi ရဲ့ The Last Region ဝတ္တုကို အခြေခံထားပါတယ်။ Colin Firth ၊ Ben Kingsley နဲ့အိန္ဒိယရုပ်ရှင်မင်းသမီး Aishwarya Rai တို့လိုအကျော်အမော်တွေ ပါဝင်သရုပ်ဆောင် ထားပါတယ်။ အနောက်ရောမအင်ပါယာပြိုလဲခဲ့တဲ့ ၅ ရာစု ဥရောပသမိုင်းကြောင်းကဖြစ်ရပ်တွေကို စိတ်ကူးဉာဏ်ကွန့်မြူးပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ King Arthur ဒဏ္ဍာရီဖြစ်ပေါ်လာစေဖို့ အခြေခံအကြောင်းအရာတွေလည်း ထည့်သွင်းရိုက်ကူးထားတာ မြင်တွေ့ရပါတယ်။ ဇာတ်လမ်းအကျဉ်း **************** ရောမအင်ပါယာပြိုလဲပြီးတဲ့နောက် အသက် ၁၂ နှစ်အရွယ် နောက်ဆုံးဧကရာဇ် Romulus Augustus ဟာ ကာပရီကျွန်းပေါ်မှာ အကျဉ်းသားဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ Romulus ရဲ့ ပညာရှိဆရာဖြစ်တဲ့ Ambrosinus နဲ့တော်ဝင်အစောင့်တပ်မှူး Aurelius တို့ရဲ့ကယ်တင်မှုနဲ့ ကာပရီကျွန်းကနေ လွတ်မြောက်လာခဲ့ပါတယ်။ ရောမကိုသိမ်းပိုက်ခဲ့တဲ့ဂေါ့သ်တွေ လက်ကထွက်ပြေးရင်း Romulus နဲ့သူ့လူတွေဟာ ဒဏ္ဍာရီလာနဂါး တပ်ဖွဲ့ကိုရှာဖွေဖို့ ဘရစ်တားနီးယားကိုရောက်ရှိလာပြီး ဘုရင်အာသာမွေးဖွားလာဖို့အတွက်လည်း အစပျိုးလာခဲ့ပါတော့တယ်။ File size…2.23GB / 1.3GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 41m Genre ….. Action , Adventure , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

5.5 2007 102 mins
The Last Legion
License to Wed
5.3

ဆေဒီ က သူ့ချစ်သူ ဘန်နဲ့သူ့တို့မိသားစု ဘုရားကျောင်းမှာလက်ထပ်ချင်နေတယ် ဒါပေမယ့် ဘုန်းတော်ကြီးဖရန်ခ့်ကတော့ သူ့ရဲ့သင်ရိုးအတိုင်းအောင်မှ ထိမ်းမြားပေးမှာပါ. ဆေဒီနဲ့ဘန် နဲ့က တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိကြတဲ့ အတွဲတွေလို့ထင်ထားကြပေမယ့် ဘုန်းတော်ကြီးဖရန့်ရဲ့ သင်ရိုးတွေအတိုင်းစမ်းသပ်ကြည့်တော့မှ ကတောက်ကဆ ဖြစ်စရာလေးတွေပေါ်လာတာပါ. ဒါကြောင့်သူတို့၂ယောက်ကြားထဲက ဘယ်လိုနားလည်မှုပြန်ယူမလဲဆိုတာ ဟာသဆန်ဆန်ကြည့်ရှုရမယ့် ကားလေးဖြစ်ပါတယ် ( အညွှန်းနဲ့ ဘာသာပြန်ဆိုထားသူကတော့ Andy Baker ပါ ) File size_(1.3GB)/(730MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:331:00 Genre_Comedy, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Andy Baker

Documentary • Crime
5.3 2007 91 mins
License to Wed
Jatt & Juliet
7.5

Jatt And Juliet (2012)”ကနေဒါ ဖူးစာ” ============================== နာမည်ကြီး ပန်ချာပီမင်းသား ဒီလ်ဂျစ်ဒိုဆန်ဂျ်ရဲ့ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟင်ဒီစကားပြော အချစ်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် သူ့ခေတ် သူ့အခါက အောင်မြင်မှုတွေရရှိခဲ့တဲ့အတွက် နောက်ဆက်တွဲ ရုပ်ရှင် နှစ်ကားထိထွက်ရှိထားပြီး IMDb မှာလည်း 7.5 ထိ ရိတ်တင်းရထားပါသေးတယ်။ ဇာတ်လမ်းကတော့.. ဘိုစာကို နကန်းတစ်လုံးမှမသိဘဲ ကနေဒါကိုသွားပြီး ကနေဒါမှ အဖြူမလေးနဲ့ အိမ်ထောင်ပြုအခြေချချင်နေတဲ့ ဖာတယ်ဆင်းဂ်နဲ့ ဖက်ရှင်ဒီဇိုင်နာဖြစ်ချင်လို့ ကနေဒါကို ကျောင်းလာတက်တဲ့ ပူဂျာဆိုတဲ့ အိမ်ထောင်ပြုခါနီးကောင်မလေး။ သူတို့နှစ်ယောက် ကနေဒါမှာ တွေ့ဆုံကြပြီး အစပိုင်းမှာ တစောင်းစေးနဲ့ မျက်ချေးလို အချင်းချင်း ရန်ဆောင်ခဲ့ကြပေမဲ့ တဖြည်းဖြည်းချင်း ငြိတွယ်လာကြပုံကို ပေါ့ပေါ့ပါးပါးနဲ့ ဟာသနှောပြီး တင်ဆက်ထားတဲ့ရုပ်ရှင်လေးဖြစ်လို့ ချ န်နယ်မြန်မာ Bollywood Team ကနေ ညွှန်းဆို ဘာသာပြန်ပြီး တင်ဆက်ပေးလိုက်ပါတယ်…။

7.5 2012
Jatt & Juliet
Hot Frosty
5.8

Christmasမှာ ကြည့်ဖို့ Christmasကားလေးတွေရှာနေရင်တော့ 2024မှာထွက်ထားတဲ့ rating5.8ရှိတဲ့ Hot Frosty ဆိုတဲ့ ကားလေးရှိနေတယ်နော်။ ဒီကားလေးကတော့ Hope Spring မြို့လေးမှာမှော်ဆန်ဆန်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးကိုရိုက်ပြထားတဲ့ကားလည်းဖြစ်ပါတယ်။ Kathy ဆိုတဲ့မိန်းကလေးတစ်ယောက်ကသူရဲ့ယောကျာ်းဆုံးပါး သွားပြီးကတည်းက ကိုယ့်ဟာကိုယ်တောင်ဂရုမစိုက်နိုင်တော့ဘဲ အလုပ်တွေသာဖိလုပ်နေခဲ့ပါတယ်။ တစ်ခုသောညမှာတော့ သူမက ခန္ဓာကိုယ်တောင့်တောင့်တင်းတင်းနဲ့ နှင်းလူသားရုပ်တစ်ရုပ်ကို သူမရဲ့လည်စည်းအနီလေးစည်းပေးပြီးအိမ်ပြန်သွားခဲ့ပါတယ်။ အဲ့ညအချိန်မှာပဲ နှင်းလူသားရုပ်ဟာ မှော်ဆန်ဆန်နဲ့ အသက်ဝင် ရှင်သန်လာခဲ့ပါတယ်။ နောက်တစ်နေ့မနက်မှာ နှင်းလူသားနဲ့ Kathyတို့တွေ့ကြတဲ့အခါ ဘာတွေဆက်ဖြစ်သွားမလဲ…. ဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့ရမလဲ…. နှင်းလူသားကလဲအရည်ပျော်သွားမှာလား…. Hot Spring မြို့ရဲ့ရိုးသားနွေးထွေးမှုတွေရယ် ရဲအရာရှိHunterရဲ့မြို့ကို ကြိုးစားပြီးကာကွယ်ပေးချင်တဲ့စိတ်ထားတွေရယ် အချစ်နဲ့မထိတွေ့ ရတာကြာပြီဖြစ်တဲ့Kathyတို့ရဲ့အကြောင်းတွေကို စောင်ထဲကွေးပြီး ကြည့်လိုကောင်းမဲ့ကားဖြစ်တဲ့အပြင် မိသားစုနဲ့ပါကြည့်လို့ရမယ့် ကားကောင်းလေးဖြစ်ပါတယ်။ File size…(1.48GB) / (801MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 32m Genre …..Comedy , Fantasy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo

5.8 2024 90 mins
Hot Frosty
People I Know
5.4

People I Know (2002) IMDb Rating (5.4) / Rotten Tomatoes (45%) အီလိုင်ဝါးမန်းဟာ ကြော်ငြာပြန်ကြားပေးရတဲ့သူပါ သူဟာအသက်အရွယ်ရလာတာနဲ့အမျှ အလုပ်အကိုင်တွေလည်းပါးလာပါတယ်။ သူ့မှာ ဆီးသွားရင်သွေးပါတတ်တဲ့ရောဂါလည်းရှိပြီး အရက်နဲ့မူးယစ်းဆေးစွဲနေသူပါ ကယ်ရီလော်နာဆိုတာကတော့ အော်စကာဆုရနာမည်ကြီးသရုပ်ဆောင်တစ်ဦးပါ။ ကယ်ရီလော်နာကပဲ အီလိုင့်ဆီကိုအလုပ်အပ်တဲ့ တစ်ဦးတည်းသောအလုပ်ရှင်ပါ ကယ်ရီလော်နာ ရှုပ်ခဲ့သမျှပြဿနာတွေကိုလည်း အကုန်လိုက်ရှင်းပေးရပါတယ်။ တစ်နေ့မှာ ကယ်ရီဟာ သူနဲ့ပက်သက်ခဲ့တဲ့ဂျေလီဟော့ပါဆိုတဲ့မော်ဒယ်တစ်ယောက်အဖမ်းခံရတဲ့ကိစ္စကို အီလိုင့်ကိုတာဝန်ဖြေရှင်းခိုင်းရာက အီလိုင့်ရဲ့ ဆိုးနေတဲ့ဘဝအပေါ် ကြီးမားတဲ့သက်ရောက်မှုကြီးဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Rubyjane ဖြစ်ပါတယ်။) File size…(3.1 GB) / (1.2 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Crime, Drama, Mystery Duration….01:39:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Rubyjane

Family • Adventure • Drama
5.4 2002 100 mins
People I Know
Jim’s Story
6.8

ဒီဇာတ်လမ်းလေးက “ဂျင်မ်ရဲ့ပုံပြင်”လိုအမည်ရတဲ့ ပြင်သစ်ဒရမ်မာကားလေးပါ….။ ဇာတ်လမ်းအကျဥ်းလေးကတော့….. အမ်မရစ်ဟာ ဘဝမှာ သူတစ်ပါးအတွက်သာ ဖြစ်တည် ခဲ့တဲ့လူတစ်ယောက်ဖြစ်ပြီး သူအိမ်ထောင်ကျတော့လည်း ဇနီးဖြစ်သူဘက်မှာ ဂျင်မ်ဆိုတဲ့သားလေးတစ်ယောက် ပါလာတယ်….။ ဒီသားလေးအတွက်သူ့မှာ ဝမ်းနဲ့မလွယ်ရုံတမယ် ဖခင်ရင်းထက်မလျော့တဲ့အချစ်တွေနဲ့အချစ်ပိုခဲ့ရပါတယ်…။ သိုပေမဲ့ တစ်နေ့မှာတော့ ဂျင်မ်လေးရဲ့ ဖခင်ရင်းဖြစ်သူ ပေါ်လာတဲ့အခါမှာတော့…. အမ်မရစ်တစ်ယောက် သားဖြစ်သူဂျင်မ်လေးဘဝ အဆင်ပြေစေဖို ဘယ်လိုတွေအနစ်နာခံချစ်ပြသွားမလဲ….. သွေးသားရင်း မဟုတ်‌သော်ညားလည်း သားတစ်ယောက်နဲ့ ဖခင်ကြားကချစ်မေတ္တာကို နက်နက်ရှိင်းရှိင်းဖော်ပြထားတဲ့ ကားလေးပါပဲ။ File size… (1.45 GB) / (760 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 41m Genre …..Drama , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Horror • Mystery • Thriller
6.8 2024 101 mins
Jim’s Story
The Land Beyond the Starry Sky
6.5

The Land Beyond the Starry Sky (2021) ************************************ IMDb… 6.5 မိုရီ အာကီယိုဆိုတဲ့ကောင်လေးဟာ ထရပ်ကားနဲ့ တိုက်မိမလိုဖြစ်ပြီး နောက်ပိုင်းမှာ ထူးထူးဆန်းဆန်း အိမ်မက်တစ်ခု ညတိုင်းမက်ပါတော့တယ်။ အဲဒါကတော့ အိပ်မက်ထဲမှာ အရမ်းလှတဲ့ကောင်မလေးက အိမ်မက်ထဲမှာ သူ့နာမည်ကို ခေါ်နေတာပါပဲ.. တစ်နေ့ ကျောင်းကအပြန် အဲဒီကောင်မလေးကို အမှတ်မထင်တွေ့လိုက်ရလို့ သူ့နောက်ကို ပြေးလိုက်သွားခဲ့ပေမဲ့လည်း ကောင်မလေးက ရုတ်တရက် ပျောက်သွားပါတော့တယ်… အဲဒါနဲ့ပဲ သူလည်း ဒီအတိုင်း အိမ်ကိုပြန်လာတဲ့ အခါမှာတော့ အိမ်မှာ သူ့ရဲ့နာရေးဓာတ်ပုံကို တွေ့လိုက်ရပြီး သူက သေသွားပြီဆိုတာကိုသိလိုက်ရတဲ့အခါ… ဘာတွေဆက်ဖြစ်မလဲ… အာကီယိုကတကယ်ပဲသေသွားတာလား… တွေ့ခဲ့တဲ့ကောင်မလေးကရော ဘယ်သူလဲ… ဆိုတာကို plot ဆန်းဆန်းလေးနဲ့ ကြည့်ရှုရမဲ့ ကျောင်းသားကားလေးပဲ ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Ji Yeon ပဲ ဖြစ်ပါတယ်။) File Size : 1.17GB/ 640MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…1hr32m Genre : Romance, Youth, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Ji Yeon Encoded by Tiff

6.5 2021
The Land Beyond the Starry Sky