YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Rashmi Rocket (2021) Hindi TRUE WEB-DL - 1080p HEVC {CM}.mp4

1.59 GB N/A video/mp4 2171 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Beverly Hills Chihuahua 2
5.9

ဒီတစ်ခါ Beverly Hills 2 မှာတော့ မကြီးကျယ်လေးခလိုဝီတစ်ယောက် LA ကိုပြန်ရောက်ပြီး သခင်နဲ့လည်းပြန်တွေ့ရ လင်လည်းရဆိုသလို ပါပီနဲ့လက်ထပ်လိုက်ပြီး ခွေးလေး၅ကောင်ပါမွေးလာခဲ့ပါတယ်။ ပါပီ့သခင်ဆမ့်အိမ်ကို သွားလည်ကြတဲ့နေ့မှာတော့ ဆမ့်မိဘတွေမပြေမလည်ဖြစ်လို့ အိမ်ကိုဘဏ်မှာပေါင်ထားရပြီး အကြွေးမဆပ်နိုင်ဖြစ်နေတာကိုသိခဲ့ရပါတယ်။ လမ်းဘေးခွေးလေးဘဝကနေ အိမ်ပေါ်ခေါ်တင်ပေးထားတဲ့သခင်တွေကြောင့် နေစရာအိမ်ဆိုပြီးရှိလာခဲ့တဲ့ပါပီကတော့ သခင်တွေရဲ့ကျေးဇူးကိုပြန်ဆပ်ဖို့ကြိုးစားပေမယ့် ပိုသာဆိုးသွားခဲ့ပါတယ်။ ပါပီတို့အမှားကြောင့် အချိန်၃ပတ်လေးတောင်မရတော့ဘဲ အိမ်ပေါ်ကနေချက်ချင်းဆင်းပေးလိုက်ရတဲ့ ဆမ်တို့မိသားစုလည်း အဝေးကြီးကိုပြောင်းသွားရဖို့ဖြစ်လာတဲ့အခါမှာ ...... ဘဏ်ဓားပြတိုက်မှုကြောင့် ဘယ်လိုအပြောင်းအလဲတွေဖြစ်လာမလဲဆိုတာကို အလှည့်အပြောင်းတွေနဲ့အတူကြည့်ရှုရမှာပါ....။ ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Hnin Wut Yi ပါ ) File Size__(1.7GB) / (950MB) Quality__WEB-DL_1080p, 720p IMDb Rating__5/10 Format__mp4 Duration__01:37:00 Type__Adventure Subtitle__Myanmar Subtitle (Hardsub) Translated by Hnin Wut Yi Encoded by Naing Aung Latt

Drama • Romance
5.9 2011 84 mins
Beverly Hills Chihuahua 2
The Addams Family
7

~ IMDb - 6.9/10, Rotten Tomatoes - 67% ~ Addams Family ဟာ အမေရိကန်ကာတွန်းဆရာ Charles Addams ဖန်တီးခဲ့တဲ့ Fictional Family တစ်ခုဖြစ်ပြီး The New Yorker မဂ္ဂဇင်းမှာ 1938 ကတည်းက စတင်ပုံနှိပ်ဖော်ပြခံခဲ့ရတဲ့ နှစ်၁၀၀နီးပါး သက်တမ်းရှိပြီဖြစ်တဲ့ ကာတွန်းဇာတ်ကောင်တွေပါပဲ။ Tom & Jerry ထက်‌တောင် နှစ်နှစ်စောပေါ်ခဲ့တဲ့ ဇာတ်ကောင်တွေ‌ပေါ့။ 1964 မှာ The Addams Family ဆိုပြီး TV series အနေနဲ့ စအသက်သွင်းခဲ့ပြီး Addams Family franchise ကြီးစတင်ခဲ့ပါတယ်။ ခုထိဆို တီဗီစီးရီး ၇ခု ထွက်ပြီးပါပြီ။ 1991-1999အတွင်းမှာတော့ ရုပ်ရှင်သုံးကားထွက်ရှိခဲ့ပြီး 2019 နဲ့ 2021 မှာတော့ အန်နီမေးရှင်း၂ကားထပ်ထွက်ခဲ့ပါတယ်။ 2022 မှာတော့ တင်ဘာတန်ရဲ့လက်ရာနဲ့ Wednesday ထွက်လာခဲ့ပါတယ်။ Addams တွေဟာ ၂၀ရာစု အမေရိကန်မိသားစုတွေရဲ့ စံအတွေးအမြင်တွေကို သရော်ထားတဲ့ ဇာတ်ကောင်တွေဖြစ်ခဲ့ပြီး ၁၉၆၄ဇာတ်လမ်းတွဲမှာမှ ဇာတ်ကောင်နာမည်တွေ စပေးခဲ့တာပါ။ ဒီဇာတ်လမ်းတွေဟာ Pop Culture တစ်ခုဖြစ်လာခဲ့ပြီး Video game တွေ Academic Book တွေအထိထွက်ခဲ့သလို အမေရိကန် Comics, Cinema နဲ့ Television တွေအပေါ် လွှမ်းမိုးမှုကြီးခဲ့ပြီး Goth Subculture နဲ့ Fashion တွေကိုလည်း မြစ်ဖျားခံစေခဲ့ပါတယ်။ တင်ဘာတန်ရဲ့ Gothic ဟန်ဟာလည်း Addams တွေနဲ့ မကင်းလောက်ပါဘူး။ အခုမှာတော့ ပထမဆုံးထွက်ခဲ့တဲ့ Addams Family ရုပ်ရှင်နှစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ Classic လို့ ပြောလည်းမမှားတဲ့ကားတွေပေါ့။ ဟန်ဆောင်မှုကင်းစွာ ယုတ်မာတတ်ကြသလို သဘောရိုးနဲ့လည်း ခြေထိုးခံတတ်ကြပြီး လူ့ဘောင်ကျင့်ဝတ်တွေနဲ့ လုံးလုံးလျားလျားလွဲနေတဲ့ သူတို့ရဲ့စံတွေကြောင့် ပတ်ဝန်းကျင်ရဲ့ အမြင်မကြည်မှု၊ မြင်မှန်းတန်းမိသူတွေဆီက နားလည်ရခက်တဲ့ အကြည့်တွေနဲ့ကြည့်ခံရပေမဲ့ သဘောချင်းတူတဲ့ အမျိုးအဆွေတွေဆီကနေတော့ လေးစားချစ်ခင်မှုကို ရရှိထားကြတဲ့ မိသားစုတစ်သိုက်ဖြစ်တဲ့ Addams Family အကြောင်းကို အားလုံးသိပြီးသားဆိုတော့ အထွေအထူးတော့ ပြောစရာမလိုပါဘူး။ တင်ဘာတန်ကြီးဖန်တွေရော Addams Family ဖန်တွေရော ကြည့်သင့်တဲ့ကားလို့ပဲ ပြောစရာရှိပါတယ်။ Dark Comedy Film တွေရဲ့ ထုံးစံအတိုင်း ဒီသောက်တလွဲလောကကြီးကို ဟားတိုက်ပစ်ချင်ရင်လည်း ကြည့်သင့်တဲ့ကားတွေပါပဲ။ ----------------------------------ဇာတ်လမ်းအကျဉ်း---------------------------------- သာမန်အချိန်တွေမှာ သူတို့နည်းသူတို့ဟန်နဲ့ စိတ်ချမ်းသာမှုအပြည့် ရှိနေတတ်ကြတဲ့ အက်ဒမ်စ်တို့အတွက် တစ်နှစ်တာမှာ တစ်ခုသောအချိန်ကတော့ စိတ်မချမ်းမြေ့စရာ ဖြစ်လေ့ရှိတယ်။ အဲဒါကတော့ အိမ်ကထွက်သွားပြီးတဲ့နောက် အသက်ဆုံးသွားပြီလို့ အားလုံးယူဆထားကြတဲ့ မိသားစုဦးစီးဂိုမက်ဇ်ရဲ့အစ်ကို ဖက်စတာအက်ဒမ်စ်ကို ဝိညာဉ်ပြန်ခေါ်ဖို့ ကြိုးစားကြတဲ့ညပဲ။ ဒါပေမဲ့ ဖက်စတာပျောက်သွားပြီးတဲ့နောက် ၂၄ နှစ်တိုင်အောင် ကြိုးစားလာခဲ့ပေမဲ့ ဘာမှမထူးခြားခဲ့တဲ့ ဒီဝိညာဉ်ခေါ်ပွဲတွေဟာ ၂၅ နှစ်မြောက်တဲ့ညမှာတော့ တစ္ဆေအနေနဲ့မဟုတ်ဘဲ အကောင်အထည်လိုက် ပြန်ပေါက်ချလာတဲ့ ဖက်စတာကြောင့်မို့ အံ့သြဝမ်းသာစရာ ဖြစ်သွားရတယ်။ ဒါပေမဲ့လည်း မသင်္ကာစရာတွေ ဆက်တိုက်ဖြစ်လာတဲ့နောက်မှာ အမျှော်လင့်ကြီး မျှော်လင့်ခဲ့ပြီးနောက် ပြန်ပေါ်လာတဲ့ သူ့အစ်ကိုဆိုသူဟာ တကယ်ပဲ ဖက်စတာဟုတ်ရဲ့လားလို့ ဂိုမက်ဇ်တစ်ယောက် သံသယဝင်လာချိန်မှာ ဖက်စတာအဖြစ်နဲ့ ဟန်ဆောင်ပြီးတော့ အက်ဒမ်စ်မိသားစုကို လှည့်ဖျားဖို့ကြံနေတဲ့ ဂေါ်ဒွန်ဟာလည်း သူ့ရဲ့တကယ့်မိသားစုက ဘယ်သူဆိုတာ တဖြည်းဖြည်းနဲ့ ဝေခွဲမရဖြစ်လာတော့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Costanza မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.4GB, 1.2GB, 560MB Quality - Extended 1080p, 720p, 480p IMDb Rating - 6.9/10 Format - mp4 Duration - 1H 39Min Genre - Comedy, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Constanza Encoded by Y

Thriller
7 1991 102 mins
The Addams Family

Love You Ram ( 2023 ) ===================== IMDb 8.4/10 ‌ဒေဗီယာဆိုတဲ့ ကောင်မလေးဟာ မိသားစုအဆင်မပြေမှုတွေကြောင့် လူတောမတိုးရဲသူပါ။ ဒါပေမဲ့ တစ်နေ့မှာ သူဟာ ရမ်ဆိုတဲ့ ကောင်လေးတစ်ယောက်ရဲ့စကားကြောင့် သတ္တိတွေရှိသွားခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပြန်ရလာတဲ့အပြင် ရမ့်ကိုလည်း တိတ်တခိုးချစ်မိသွားခဲ့ပါတယ်။ ဒီလိုနဲ့ အရွယ်တွေရောက်လာပြီး ပြန်ဆုံတွေ့ကြတဲ့အခါ ဒေဗီယာဟာ ရမ်ရဲ့စကားအတိုင်း တစ်သက်လုံးနေခဲ့ပေမဲ့ ရမ်ကတော့ အပြောတစ်မျိုး အလုပ်တစ်မျိုး လုပ်တတ်တဲ့ ကြောင်သူတော် စီးပွားရေးသမား တစ်ယောက်ဖြစ်နေတဲ့အခါမှာတော့...။ ပရိသတ်တွေ အချိန်ပေးရတာ တန်စေမဲ့ ၂ ရာရီစာ တေလေဂူးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်...။ ( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni, Cherry, Moon, V နဲ့ Zwe Yan တို့ပဲဖြစ်ကြပါတယ်။ ) File size…1.9GB/ 924MB Quality…1080p WEB DL /720p Format…mp4 Duration….1h 58m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~ Cherry~  Moon~ V ~ Zwe Yan

Adventure • Drama • Romance
0 2023
Love You Ram
Love Is in the Air
5.6

Love is in the air (2023) Love is in the air ဆိုတဲ့ Australian romantic, comedy ဇာတ်ကားလေးကို တင်ဆက်ပေးပါ့မယ်။ Dana က မိခင်ဆုံးသွားပြီးတဲ့နောက်ပိုင်း သူ့အမေအရမ်းချစ်မြတ်နိုးတဲ့ မိသားစုပိုင်လေကြောင်းလိုင်းကို အဖေနဲ့အတူတူ ဦးစီးလုပ်ကိုင်နေတဲ့သူပါ။ သူတို့လေကြောင်းလိုင်းက မြို့နဲ့ဝေးတဲ့နေရာက ကမ်းခြေတွေ၊ ကျွန်းတွေဆီကို စာတွေ၊ ပစ္စည်းတွေပို့ပေးပြီး အရေးပေါ်ကိစ္စကူညီတာတွေကို အဓိကလုပ်ပေးနေတော့ လုပ်ငန်းရဲ့ ဘဏ္ဍာရေးအခြေအနေက ချွတ်ခြုံကျလာရော။ William ကတော့ ချမ်းသာတဲ့မိသားစုရဲ့ အမွေဆက်ခံသူ သားတစ်ယောက်ဖြစ်ပြီးတော့ ဖခင်စိတ်ကျေနပ်အောင် အမြဲကြိုးစားပေးနေတဲ့သူပေါ့။ တစ်နေ့ သူတို့လုပ်ငန်းလက်အောက်မှာရှိတဲ့ Dana တို့မိသားစုပိုင် လေကြောင်းလိုင်းကို အမြတ်အစွန်းမရလို့ဆိုပြီး အပြီးပိတ်ပစ်ဖို့လုပ်ပါတော့တယ်။ အဲဒါနဲ့ ဩစတေးလျကိုသွားပြီး လုပ်ငန်းအခြေအနေကို စစ်ဆေးဖို့ William ကို သူ့အဖေက လွှတ်လိုက်တဲ့အခါမှာတော့ Dana တစ်ယောက် သူ့အမေချန်ခဲ့တဲ့ တစ်ခုတည်းသောအရာကို ဆက်ပြီး ကာကွယ်သွားနိုင်ပါ့မလားဆိုတာကို ဇာတ်ကားထဲမှာပဲ ဆက်ကြည့်လိုက်ရအောင်နော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre…..Comedy, Romance, Drama Quality…. 1080p | 720p File size…1.5GB | 748MB Format… mp4 Duration….1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Moh Moh Encoder ….. Aaron

5.6 2023
Love Is in the Air
Babylon 5: The Road Home
6.7

Babylon 5: The Road Home (2023) ~ IMDb – 6.7/10, Rotten Tomatoes – 83% ~ ဒီတစ်​ခေါက် တင်ဆက်​ပေးမှာက​တော့ Warner Bros. ကုမ္ပဏီက ထုတ်​ဝေထားပြီး နာမည်ကြီး Babylon 5 Franchise ရဲ့ ခုနှစ်ကား​မြောက်ဖြစ်တဲ့ Babylon 5: The Road Home ဆိုတဲ့ Animation ​လေးပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ ဂျွန်ရှရီဒန်တစ်​​ယောက် စကြာဝဠာထဲခရီးသွားရင်း တက်ခီရွန်လှိုင်းနဲ့ထိ​တွေ့ပြီး​​နောက် အချိန်စီး​ကြောင်းထဲမှာ ပိတ်မိသွားရင်း မတူညီတဲ့ အချိန် ဘဝ​တွေထဲကို​ရောက်သွားခဲ့ပါတယ်။ အဲဒီလို​ရောက်သွားရင်းပဲ သူဘာ​တွေရင်ဆိုင်ရမလဲ… ဒီအချိန်ပိတ်မိ​နေတာက​နေ လွတ်​မြောက်ဖို့ ဘယ်လို​တွေကြိုးစားခဲ့ရလဲ… ဆိုတာ​တွေကို အခု တစ်​ခေါက်ထွက်ရှိထားတဲ့ ကား​လေးမှာ ရိုက်ကူးပြထား​​ပေးတာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 750MB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 1H 19Min Genre – Animation, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

6.7 2023
Babylon 5: The Road Home
Guilty
5.4

Guilty 2023 – မပျော်ရတဲ့ဗယ်လင်တိုင်းည IMDb-5.4/10 မင်းသမီးချောလေးကီယာရာနဲ့ အကိတ်လေး Akansha Ranjan Kapoor တို့နှစ်ယောက်အပြိုင်ကျဲထားတဲ့ ကျောင်းသားတွေကြားက thriller/ drama ဇာတ်လမ်းတစ်ပုဒ် ကျောင်းသားအရွယ်တွေမှာ ဗယ်လင်တိုင်းဆိုတာ ပျော်ရတဲ့နေ့တွေထဲကတစ်ရက်ပဲလေ ဒီကားထဲမှာတော့ ကျောင်းသားဘဝအပျော်တွေခဏရပ်ပြီး လိင်အကြမ်းဖက်မှုတစ်ခုကြောင့် အားလုံးအစစ်ဆေးခံသံသယတွေဝင်နဲ့နေကြရတာတွေရဲ့အစက ဗယ်လင်တိုင်းညမှာဖြစ်ခဲ့တာမို့ပါပဲ ဗီဂျေးဆိုတာလူချစ်လူခင်များ ပျိုတိုင်းကြိုက်နှင်းဆီလေးတစ်ယောက် ၊ နန်ကီကတော့သူမတူအောင်တော်တဲ့တေးရေးဆရာမလေး ဗီဂျေးရဲ့ချစ်သူ၊ တာနူဆိုတဲ့ မိန်းမလှလေးက ခု‌မှကျောင်းပြောင်းလာတဲ့အသစ်လေး ဗီဂျေးကိုကြိတ်သဘောကျနေတဲ့သူ၊ ကျောင်းသားတွေ ပြဇာတ်အတူက concert တွေအတူတက်ကြရင်း 2018 ဗယ်လင်တိုင်းညမှာ Twitter မှာ #MeToo နဲ့ တာနူတစ်ယောက် rape ခံရတယ်ဆိုတဲ့သတင်းတက်လာတယ် လိင်အကြမ်းဖက်သူလို့ စွပ်စွဲခံရသူကဗီဂျေး… အားလုံးမူးရူးကွဲပြဲနေတဲ့ ဗယ်လင်တိုင်းညအဖြစ်အပျက်တွေကိုလည်း ဘယ်သူမှမမှတ်မိနေတော့ ကျောင်းစရောက်တည်းက အသွက်လွန်အလန်းလေးကို လူတိုင်းအချစ်တော် သဘောမနောကောင်းဗီဂျေးက ကျူးလွန်တယ်ဆိုတာ ဘယ်သူကမှမယုံကြည်နေလေတော့… ရဲစုံထောက်တွေ သတင်းမီဒီယာတွေ ဆိုရှယ်မီဒီယာတွေမှာပါ ဟိုးလေးတကျော်ကျော်ဖြစ်နေတဲ့ဒီအမှုကို တစ်ယောက်ချင်းမေးမြန်းအဖြေရှာရင်း တရားခံကဘယ်သူဖြစ်မလဲဆိုတာတော့…. အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Alex ~ Zwe Yan ~ KKKZ တို့ပဲဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

5.4 2020 119 mins
Guilty
The Painter

The Painter (2024) ဒီကားကို “The Painter” လို့ ခေါင်းစဉ်တပ်ထားပေမဲ့ တကယ့် ပန်းချီဆရာမဟုတ်ဘဲ ပန်းချီဆရာလို့တင်စားခံရလောက်အောင် လုပ်ကြံသတ်ဖြတ်တဲ့နေရာမှာ ထူးချွန်ပြောင်မြောက်လှတဲ့ လူတစ်ယောက်အကြောင်းဖြစ်ပါတယ်။ ပီတာဘယ်ရက်ဆိုတဲ့လူဟာ ငယ်စဉ်ဘဝ အက်ဆီးဒင့်တစ်ခုဖြစ်ကတည်းက သူ့ရဲ့အကြားအာရုံတွေဟာ ပုံမှန်လိုမဟုတ်တော့ဘဲ အလွန်အမင်းအားကောင်းလာခဲ့ပါတယ်။ မိဘတွေဆုံးပါးသွားတဲ့ပီတာလေးကို သူ့မိဘတွေရဲ့ သူငယ်ချင်းလည်းဖြစ် စီအိုင်အေဝန်ထမ်းတစ်ယောက်လည်းဖြစ်တဲ့ ဘန်းဆိုတဲ့သူက ပီတာ့ကိုမွေးစားပြီး အထူးအေးဂျင့်တစ်ယောက်ဖြစ်အောင် လေ့ကျင့်ပေးခဲ့ပါတယ်။ ပီတာကြီးလာတော့လည်း စီအိုင်အေက အေးဂျင့်တစ်ယောက်နဲ့ ချစ်ကျွမ်းဝင်ခဲ့ပါတယ်။ ပီတာ့မိန်းမဟာ ကိုယ်ဝန်တစ်ဖက်နဲ့ ထောက်လှမ်းရေးလုပ်နေသလို ပီတာကလည်းသူ့စစ်ဆင်ရေးနဲ့သူနဲ့ပေါ့။ ဒီလိုနဲ့ ပီတာတစ်ယောက် စစ်ဆင်ရေးအရောက် သူ့ပစ်မှတ်ကို လုပ်ကြံလုဆဲဆဲမှာပဲ တစ်ဖက်ကနေ ပီတာ့ပစ်မှတ်ကိုဖမ်းဖို့လုပ်နေတဲ့ သူ့မိန်းမကရောက်လာခဲ့ပါတယ်။ အဲဒီအခါ ရုတ်တရက်ဆိုလို ပစ်မှတ်ဘက်ကနေတုံ့ပြန်မှုကြောင့် ပီတာ့မိန်းမဒဏ်ရာရပြီး ရေမွှာပေါက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ ဆေးရုံအပြေးရောက်သွားခဲ့ပေမယ့် ပီတာနဲ့အယ်လီနာတို့ရဲ့ကလေးဟာ မွေးမွေးချင်းဆုံးသွားလို့ လင်မယားနှစ်ယောက်စိတ်ဒဏ်ရာရပြီး ကွဲသွားပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ ပီတာ့ကို ကလေးတစ်ယောက်လာရှာပါတယ်။ သူ့ရဲ့သမီးလို့အမည်ခံပြီး သူ့မိန်းမအကြောင်းပြောလာတဲ့အခါမှာ ပီတာတစ်ယောက်မခံမရပ်နိုင်ဖြစ်ပြီး အကြောင်းစုံကို လိုက်ရှာပါတော့တယ်။ ဒီလိုနဲ့ပဲ ပီတာတစ်ယောက် ဘယ်လိုအမှန်တရားတွေကို ရှာတွေ့သွားမလဲ… ပီတာ့ကလေးမွေးတဲ့အခါမှာ ဘယ်လိုဒုစရိုက်တွေဖြစ်သွားခဲ့လဲ… ဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.3GB, 600MB Quality – 1080p, 720p Format – mp4 Duration – 1H 38Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Action • Comedy
0 2024 100 mins
The Painter
Terminator 2: Judgment Day
8.6

လူသားတွေကို မျိုးဖြုတ်မယ့် ဉာဏ်ရည်တုကွန်ပျူတာစနစ်ဆိုတာက တစ်ခုမဟုတ် တစ်ခု ရှိနေတာမျိုးပဲ။ ဆိုက်ဘာဒိုင်း၊ စကိုင်းနက် အစရှိသဖြင့်ပေါ့လေ။ ဆာရာ ကော်နာ နဲ့ ကိုင်းလ် ရိစ် တို့ လက်တွဲရင်ဆိုင်ပြီး အနာဂတ်ကလာတဲ့ မော်ဒယ် ၁၀၁ ကို အဆုံးသတ်နိုင်ခဲ့ပေမဲ့ ကမ္ဘာကို ကပ်ပါးပိုးတစ်ခုလိုတွယ်ကပ်နေတဲ့ ဉာဏ်ရည်မြင့်စက်တွေကတော့ ထင်းခွေမကြုံ ရေခပ်အကြုံကို စောင့်နေကြဆဲပါပဲ။ ပထမဇာတ်ကား သိပ်ကိုအောင်မြင်သွားတော့ ဒုတိယကားထွက်ဖို့ စိုင်းပြင်းကြတဲ့အချိန်မှာ ဇာတ်လမ်းတွေ တော်တော်ရှုပ်ခဲ့ပါတယ်။ ထုတ်လုပ်သူပြောင်းချင်လို့ မူပိုင်ခွင့်ပြန်ဝယ်တဲ့ကိစ္စတွေ၊ ကွန်ပျူတာ အထူးပြုလုပ်ချက်ကို အထူးရှယ်လုပ်ရင်းနဲ့ အချိန်လွန်ကုန်တာတွေ။ ဒါပေမဲ့ ပထမကားထက် ပိုပြီးတော့ ဝေဝေဆာဆာ လှလှပပ အောင်အောင်မြင်မြင်ထွက်ရှိလာခဲ့တယ်။ ကန်မရွန်း ရဲ့ ဩဇာသိပ်ကြီးလာသလို အာနိုး ရဲ့ အခန်းကဏ္ဍကလည်း မြင့်လာတော့ သူ့ကို ဇာတ်ဆောင်မင်းသားနေရာ ပို့ပေးလိုက်ရတာပေါ့။ ဒီလိုနဲ့ ပရိသတ်အကြိုက်ဖြစ်သွားတော့ ဟုန်းဟုန်းတောက် အောင်မြင်သွားပြန်တယ်။ ၁၉၉၁ ရဲ့ ဝင်ငွေအကြမ်းဆုံးဇာတ်ကား၊ အဲဒီခေတ်ရဲ့ တတိယ ဝင်ငွေအကောင်းဆုံးဇာတ်ကားဖြစ်သွားသလို ဟောလိဝုဒ်ရုပ်ရှင်မှတ်တမ်းမှာ အကောင်းဆုံး ဒုတိယအဆက်ကားအဖြစ် ဝင်သွားတာပဲ။ ထိန်းသိမ်းထားရမယ့် ဇာတ်ကားစာရင်းကို ၂၀၂၃ မှာ ထည့်ထားလိုက်ကြတယ်။ ဒီဇာတ်ကားမှာတော့ လူသားတို့ရဲ့ အဓိပတိခေါင်းဆောင် ဂျွန် ကော်နာ ကလေးငယ်ဘဝ မှာ နောက်ထပ်စက်ရုပ်တစ်ခု ရောက်လာခဲ့တယ်။ မော်ဒယ် ၁၀၁ ကြီးပါပဲ။ ထူးခြားတာက အဲဒီစက်ရုပ်ကို လူသားတွေကဖမ်းဆီးပြီး အစီအစဉ်ပြန်လည်ရေးဆွဲထည့်သွင်းလို့ ဂျွန်‌ ကော်နာ ကို ကာကွယ်ဖို့ လွှတ်လိုက်တာပဲ။ စက်တွေဘက်ကလည်း တီ ၁၀၀၀ သတ္တုရည် အသွင်ပြောင်းစက်ရုပ်ကို လွှတ်လိုက်တယ်။ ဒီလိုနဲ့ စက်ရုပ်နှစ်ရုပ် မြေကမ္ဘာပေါ်မှာ ထင်တိုင်းကြဲ တိုက်ကြခိုက်ကြတော့တာပဲပေါ့။ ဒီတော့ မိခင်ဖြစ်သူ ဆာရာ ကော်နာ ရယ်၊ ဂျွန် ကော်နာ ရယ် မော်ဒယ် ၁၀၁ ကြီးရယ် ပူးပေါင်းပြီးတော့ လူသားတို့ အဓွန့်ရှည်စေရေး ရုန်းကန်တိုက်ခိုက်ကြပုံတွေကို ရှုစားရမှာပါ။ ကျွန်တော်တို့ငယ်ငယ်ကတော့ အရည်ပျော်စက်ရုပ်ကားလို့ ခေါ်တာပေါ့လေ။ သူက ဗီလိန်သာပြောတာ ရုပ်ချောချော၊ အစွမ်းအစကလည်း အမိုက်စားဆိုတော့ ကလေးဘဝ ကစားရရင် အရည်ပျော်စက်ရုပ်နေရာ လုကြရတယ်။ ဒီတော့ လူကြီးမင်းတို့အနေနဲ့ ကလေးဘဝ အမှတ်တရလေးကို CM လက်ရာနဲ့ ပြန်လည်ခံစားလိုက်ကြပါဦး။ File size…(3.3 GB)/(1.9 GB) Quality….Blu-Ray Extended 1080p / 720p Format…mp4 Duration….01:17:00 Genre…Action, Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Arrkun Winchester

Drama • Comedy • Thriller
8.6 1991
Terminator 2: Judgment Day
Mercy Falls

Thriller suspense vibeအပြည့်နဲ့ တောနက်ထဲလမ်းပျောက်တဲ့ လူသတ်ကားမျိုး ကြည့်ချင်သူတွေအတွက် Mercy Falls ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ထုံးစံအတိုင်းပဲ လူသူမရှိတဲ့တောအုပ်ထဲကို စပ်စပ်စုစုနဲ့သွားမယ့် သူငယ်ချင်းတစ်စုနဲ့ ဇာတ်လမ်းလေးကို အစပျိုးထားပါတယ်။ တစ်ချိန်ကဖြစ်ရပ်တစ်ခုကြောင့် အဖေနဲ့ဝေးကွာခဲ့ရတဲ့ ရိုနာဆီကို ရောက်လာတာကတော့ အဖေကအမွေပေးခဲ့တယ်ဆိုတဲ့ မာစီရေတံခွန်ရှိတဲ့ တောထဲက သစ်လုံးအိမ်တစ်လုံး၊ အဖေနဲ့ပတ်သက်တဲ့အမှတ်တရတွေရှိခဲ့တဲ့ တောအုပ်လေးလည်းဖြစ်၊ အဖေ့ရဲ့တစ်ခုတည်းသောအမွေလေးဆိုတော့ ရိုနာတစ်ယောက် ဒီသစ်လုံးအိမ်လေးကို သွားကြည့်ချင်စိတ်တွေ တဖွားဖွားပေါ့။ ဒီလိုနဲ့ပဲ ရိုနာတို့သူငယ်ချင်းတစ်စု မာစီရေတံခွန်နဲ့ မိုင် ၂၀ အကွာ တောအုပ်ထဲက သစ်လုံးအိမ်ကိုရှာဖို့ ခရီးစထွက်ဖြစ်ကြတာပေါ့။ ဒါပေမဲ့ ရိုနာတစ်ယောက် ဒီတောအုပ်လေးကိုစွန့်ခွာခဲ့တာ နှစ်တွေကြာပြီဆိုတော့ သစ်လုံးအိမ်ဆီမရောက်ဘဲ ထုံးစံအတိုင်းပဲ တောထဲလမ်းပျောက်ကြပါတော့တယ်။ ဒီလိုဒုက္ခရောက်နေချိန်မှာ ကယ်တင်ရှင်ကာလာဆိုတဲ့မိန်းကလေးပေါ်လာပြီး သူတို့ကို သစ်လုံးအိမ်ကို လမ်းပြခေါ်ဆောင်ပေးမယ်လို့ ပြောလာပါတယ်။ ဘယ်နေရာမှန်းမသိတဲ့နေရာမှာပေါ်လာတဲ့ ဘယ်သူမှန်းမသိတဲ့သူဖြစ်ပေမဲ့ လမ်းပျောက်နေတဲ့သူတစ်စုအတွက်တော့ ကန္တာရထဲ တံလျှပ်ပေါ်သလို အပျော်ကြီးပျော်ကြတာပေါ့။ ဒါပေမဲ့ ပြဿနာကိုယ်စီနဲ့ အချိတ်အကောက်လေးတွေနဲ့ ဘုရားစူးသူငယ်ချင်းလေးတွေဆိုတော့ ကတောက်ကဆဖြစ်ရင်း စတော့တ်တစ်ယောက် အန်ဒီကို ပြင်းပြင်းထန်ထန်ဒဏ်ရာရအောင် လုပ်မိသွားတဲ့အခါ… အကူအညီလည်းတောင်းမရ ဖုန်းလိုင်းကမမိ ဘယ်ရောက်လို့ရောက်နေမှန်းမသိရတဲ့ထဲ မချိမဆံ့ဝေဒနာခံစားနေရတဲ့အန်ဒီကို ကာလာတစ်ယောက် ဘယ်သူမှမထင်ထားတဲ့လုပ်ရပ်တစ်ခု လုပ်ချလိုက်တဲ့အခါမှာတော့…. အတော်လေးနောက်ကျမှပဲ သံသယဝင်ဖို့သတိရသွားတဲ့ ဒီလူတစ်စု ယုံမှားလို့ပုံအပ်မိတဲ့တန်ကြေးကို ဘယ်လိုပေးဆပ်ရမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။ File size…(1.7 GB)/(825 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre…Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Darcy

0 2023
Mercy Falls
Bangkok Breaking: Heaven and Hell
6.8

Bangkok Breaking: Heaven and Hell (2024) IMDb Rating (6.8 ) Weirနဲ့ Aom Sushar ရဲ့ နာမည်ကြီးဇာတ်လမ်းတွဲဖြစ်တဲ့ Bangkok Breaking ရဲ့ sequel ဖြစ်တဲ့ Bangkok Breaking: Heaven and Hell ထွက်ရှိလို့လာပါပြီ။ ဒီတစ်ခါမှာလည်း ကယ်ဆယ်ရေးသမားလေး ဝမ်ချိုင်တစ်ယောက် ဘယ်ဇာတ်ရှုပ်ထဲပါသွားဦးမလဲ ရှုစားကြပါဦး။ မထင်မှတ်ထားတဲ့ဖြစ်ရပ်တစ်ခုကြောင့် ကယ်ဆယ်ရေးအဖွဲ့ကနေ ကန်ထုတ်ခံလိုက်ရတဲ့ဝမ်ချိုင်တစ်ယောက် အရှုပ်မတွေ့ရမနေနိုင်ဆိုတဲ့အတိုင်းပဲ ကလေးမလေးတစ်ယောက်ကို ပြန်ပေးဆွဲတဲ့အမှုမှာ ပါဝင်ပတ်သက်မိပြန်တော့တာပေါ့။ ဒါပေမဲ့ ဒီကလေးမလေးက ဩဇာညောင်းတဲ့သူဌေးတစ်ယောက်ရဲ့သမီးဖြစ်နေပြီး သာမန်ပြန်ပေးမှုလေးမဟုတ်ဘဲ ဂိုဏ်းတွေရဲ့အရှုပ်အရှင်းတွေအပြင် အိမ်ရာစီမံကိန်းကြီးတစ်ခုနဲ့ အာဏာပြိုင်ဆိုင်မှုတွေပါဝင်ပတ်သက်နေတဲ့အခါ… အပြစ်ရှိတဲ့စိတ်တွေနဲ့ ရှင်သန်နေတဲ့ကယ်ဆယ်ရေးသမားလေးဝမ်ချိုင်နဲ့ သူနာပြုလက်သစ်လေးမယ်ဂျီတို့ အရှုပ်အထွေးတွေကြားက ကလေးမလေးကို ဘယ်လိုကယ်ဆယ်မလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mary Christ, Su Myat, Dao Phyo တို့မှ တင်ဆက်ထားပါတယ်။)

6.8 2024 147 mins
Bangkok Breaking: Heaven and Hell
Hercules
6

Hercules (2014) IMDb Rating (6.0) ဒီကားကတော့ The Rock (Dwayne Johnson) နဲ့လိုက်ဖက်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်သလို၊ Hercules ရဲ့ ဇာတ်လမ်းကို မထင်မှတ်ထားတဲ့ ရှုထောင့်ကနေတင်ဆက် ပေးထားတာဖြစ်ပါတယ်။ ရှေးပုံပြင်တွေမှာ Hercules က Demi-God ဖြစ်ပြီး Zeus ရဲ့ သားဖြစ်တယ်လို့အာလုံး က လက်ခံထားကြသလို၊ Hercules ကာတွန်းကားကလည်း ဒီအတိုင်းပဲ သရုပ်ဖော်ထားခဲ့ပါတယ်။ ဒီကားကတော့ Hercules ရဲ့ ဂုဏ်သတင်း နဲ့ အားလုံးသိထားတဲ့ ပုံပြင်တွေ၊ စွန့်စားခန်းတွေ က တကယ်တော့ လူတွေ လုပ်ကြံပြောဆိုတာပါဆိုပြီး ရိုက်ကူးခဲ့ပါတယ်။ ဇာတ်လမ်းမှာ Hercules ရဲ့ တူဖြစ်သူက ခရီးလှည့်လည်သွားလာရင်းနဲ့ ရောက်လေရာမှာ သူ့ဦးလေးရဲ့ အကြောင်းကို လူတွေ အထင်ကြီး လေးစားလာအောင် ရန်သူတွေ ကြောက်ရွံ့ အောင် ပြောဆိုလေ့ရှိပါတယ်။ Hercules က ခေါင်းသုံးနဲ့ နဂါးကြီးကို ဘယ်လို ရင်ဆိုင်ခဲ့တာ၊ တောဝက်ကြီးကို ဘယ်လို နှိမ်နင်းခဲ့တာ၊ ခြေင်္သေ့ကြီးကို ဘယ်လို ရင်ဆိုင်ခဲ့တာ စသဖြင့် ပုံပြင်တွေ လုပ်ပြီး ပြောပြရာကနေ Hercules ရဲ့ ဂုဏ်သတင်းက ပြန့်နှံ့ခဲ့ပါတယ်။ တကယ်လည်း Hercules က ဒီသတ္တဝါတွေကို နှိမ်နင်းခဲ့တာဖြစ်ပေမယ့် သူတစ်ယောက်တည်း မဟုတ်ပါဘူး။ Hercules မှာ သူ့ ကိုလေးစားချစ်ခင်ပြီး သူ့နောက်က အမြဲလိုက်နေတဲ့ မိတ်ဆွေတွေရှိပြီး သူတို့အဖွဲ့က နှိမ်နင်းခဲ့တာဖြစ်ပါတယ်။ တနေ့တော့ သူ့တို့အဖွဲ့ဆီကို အာဂျင်နီးယားဆိုတဲ့ မိန်းမလှလေးတစ်ယောက်ရောက်ရှိလာပြီး သူတို့တိုင်းပြည်ကိုကျူးကျော်ဖို့ကြိုးစားနေတဲ့ စစ်ဘုရင်/မှော်ဆရာ ရီးဆပ်စ်ရဲ့အန္တရာယ်က ကာကွယ်ပေးဖို့ရွှေတွေ ပုံပေးပြီး ကမ်းလှမ်းလာခဲ့ပါတယ်။ အဲ့ဒီကမ်းလှမ်းချက်ကို သူတို့အဖွဲ့လက်ခံလိုက်ချိန်မှာတော့ သူတို့ဟာ ကြိုတင်မခန့်မှန်းနိုင်တဲ့ လှည့်ကွက်တွေ ပရိယာယ်တွေ သစ္စာဖောက်မှုတွေ အစုံစုံနဲ့တကွ ကြုံဖူးသမျှမှာ အကြီးမားဆုံးစွန့်စားခန်းကြီးရှည်ကြီးနဲ့ အတိတ်ကရန်ကြွေးတွေကိုပါ ဖြေရှင်းရင်ဆိုင်ဖို့ဖြစ်လာပါတော့တယ်။ ဇာတ်ကားက Hercules ကို ပုံပြင်တွေထဲကလို စွမ်းအားရှင်၊ အဖြစ် ပုံမပေါ်ထားဘဲ၊ သာမန်လူတစ်ယောက် ကနေ၊ သာမန်လူတွေထက် အင်အားပိုသန်သလို၊ နည်းပရိယာယ်ကြွယ်ဝတဲ့ လူစွမ်းကောင်း တစ်ယောက်အဖြစ် သဘာဝကျကျ ရိုက်ကူးတင်ဆက်ထားပါတယ်။ ဒီအချက်တစ်ချက်တည်းနဲ့ တင် ပရိတ်သတ်ကိုကြည့်ဖို့ ကျွန်တော် တိုက်တွန်းလိုပြီး၊ သရုပ်ဆောင်၊ ဇာတ်လမ်း၊ ဒါရိုက်တာ ဇာတ်ရှိန်အတက်အကျ ကောင်းမွန်ပါတယ်။ထွက်ရှိခဲ့စဉ်ကလဲ BO မှာအောင်မြင်ခဲ့သလို ဝေဖန်သူတွေကြားမှာလည်းမျက်နှာပန်းလှခဲ့တဲ့ ရုပ်ရှင်ကားကြီးပါ။ ဟာကျူလီကို ပုံဖော်ကြတဲ့ ရောမခေတ်ကားတွေထဲမှာ တမျိုးတဘာသာ အရသာပေးစွမ်းထားပါတယ်။

6 2014 98 mins
Hercules
Kemba
6.3

Kemba (2024) ဒီဇာတ်လမ်းက Kemba Smith ရဲ့ တကယ့်ဖြစ်ရမှန်ဇာတ်လမ်းကို အခြေခံပြီးတော့ အမေရိကန်ရဲ့ တရားစီရင်ရေးစနစ်အတွင်း လူမျိုးရေးနဲ့ လူမှုရေးမညီမျှမှုတွေကို ထောက်ပြထားတဲ့ ဒရမ်မာဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ Kemba ဆိုတဲ့ မိကောင်းဖခင် အမျိုးသမီးလေးက မှောင်ခို မူးယစ်ဆေးဝါးရောင်းဝယ်သမားဖြစ်တဲ့ Khalif နဲ့ ချစ်ကြိုက်မိပြီး သူ့ရဲ့ဘဝတစ်ခုလုံး ပျက်စီးသွားခဲ့ရတယ်။ Khalif ရဲ့ အကြမ်းဖက်မှု‌၊ စိတ်ဒဏ်ရာတွေပေးပြီး လှည့်စားခံရပေမဲ့ အချစ်ဆိုတဲ့ မိုက်မဲမှုအောက်မှာ Kemba မယုံထွက်နိုင်ဘဲ ဆက်နေဖိုအတွက် ဆုံးဖြတ်ချက်အမှားတွေလုပ်မိလာတယ်။ အကျိုးဆက်အနေနဲ့ Khalif အပစ်ခံရပြီး သေဆုံးသွားတာကြောင့် Kemba တစ်ယောက် သူ မကျူးလွန်ခဲ့တဲ့ Khalif ရဲ့ပြစ်မှုတွေအတွက် ထောင်ဒဏ် 24 နှစ်ခွဲ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ တရားမျှတမှုမရှိတဲ့ “အနိမ့်ဆုံးအပြစ်ဒဏ် သက်မှတ်မှု” ကတိကိုချိုးဖောက်ခဲ့တဲ့ အမေရိကန်အစိုးရရဲ့ လူမျိုးရေးဘက်လိုက်တဲ့ ဥပဒေစနစ်ကြီးကို Kemba တင်မကဘဲ Kemba ရဲ့ မိဘတွေ၊ NAACP Legal Defense Fund အဖွဲအစည်းက လူတွေနဲ့ Kemba လွတ်ငြိမ်းခွင့်ရဖို အားပေးထောက်ခံကြတဲ့ ပြည်သူပေါင်းများစွာရဲ့ ကြိုးစားမှုတွေနဲ့ သမ္မတ Clinton ဆီက Kemba ရဲ့ လွတ်ငြိမ်းခွင့်ကို ဘယ်လိုတိုက်ပွဲဝင်ကြမလဲဆိုတာကတော့ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size… (1.5 GB) / (750 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:48:40 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Thwal Htoo Zin

Romance • Comedy • Drama
6.3 2024 118 mins
Kemba
Sweet and Lowdown

IMDb Rating – 7.2 Director – Woody Allen Cast – Sean Penn • Samantha Morton • Woody Allen ဒီဇာတ်ကားလေးကတော့ Emmet Ray လို့ခေါ်တဲ့ ဂစ်တာသမားတစ်ယောက်ရဲ့အကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သူဟာ Belgian Guitarist တစ်ယောက်ဖြစ်တဲ့ Django Reinhardt ကိုအရမ်းရူးရူးမူးမူးနှစ်သက်သူဖြစ်ပြီး သူကိုယ်တိုင်ဟာလည်း Django နောက်အကောင်းဆုံးဂစ်တာသမားအဖြစ်မှတ်ကျောက်တင်ခံခဲ့ရပါတယ်။ တစ်ကိုယ်ကောင်းဆန်တဲ့ Emmet ဟာ ဘဝကိုပေါ့ပျက်ပျက်ပဲဖြတ်သန်းလေ့ရှိပြီးမိန်းမတိုင်းကိုလည်း လေးလေးနက်နက်မရှိတတ်သူပါ။ တစ်နေ့မှာတော့ Emmet တစ်ယောက် စကားမပြောတတ်တဲ့ Hattie ဆိုတဲ့ကောင်မလေးကိုချစ်မိသွားခဲ့ပြီးဘာတွေဆက်ဖြစ်ကြမလဲ… ဒီဇာတ်ကားလေးဟာ 1930s လောက်မှာအခြေတည်ရိုက်ကူးထားတာဖြစ်ပြီး ဇာတ်လမ်းထဲမှာ အတ္တအရမ်းကြီးတဲ့ Talented Guitarist တစ်ယောက်ဖြစ်တဲ့ Emmet Ray ရဲ့နေရာကို Sean Penn တစ်ယောက်ဘယ်လိုအကောင်းဆုံးပုံဖော်သွားမလဲဆိုတာ ကြည့်ရှု့ခံစားရမှာပဲဖြစ်ပါတယ် File size… (544 MB) Quality…. 720p Format…. mp4 Duration….01:48:00 Genre…Comedy, Drama, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by S4L

0 1999
Sweet and Lowdown
Codename: Devil Diabel
5.1

Codename: Devil (2024) Diabel ပိုလန်စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်တဲ့ Maks ( မာ့ခ်စ်) က သူ့အဖေဆုံးသွားပြီး အသုဘပွဲကိုတက်ရောက်ဖိုအတွက် ထွက်သွားခဲ့တာ ၂၅ နှစ်ကြာပြီးဖြစ်တဲ့ ဇာတိမြိုကို ပြန်လာခဲ့တယ်။ ဒါပေမဲ့ Maks က သူ့အဖေဆုံးသွားခဲ့ရတဲ့နောက်ကွယ်က မိသားစုရဲ့ မှောင်မိုက်တဲ့လျှိဝှက်ချက်တွေကို သိလာရပြီး အန္တရာယ်များတဲ့ အခြေအနေတစ်ခုထဲ ရောက်နေမှန်း သဘောပေါက်လာတဲ့အခါ.. သူ့ရဲ့ စစ်တုန်းက အတွေ့အကြုံတွေလိုမျိုး နောက်ထပ်ဆိုးရွားတဲ့ အကြမ်းဖက်မှုတွေနဲ့ အစိုးရအကြီးအကဲတွေအချိုရဲ့ ခြစားမှုဒုစရိုက်‌တွေကို ဘယ်လိုအမှုမှန်ဖော် ကယ်တင်သွားမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size… (1.4 GB) / (820 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Action Duration…. 01:46:07 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Thwal Htoo Zin

5.1 2024 110 mins
Codename: Devil Diabel
Otryad Svetlyachkov
6.8

Otryad Svetlyachkov (2025) *************************** ကျွန်တော်တို့ကျောင်းမှာ ကျန်တဲ့ဘာသာတွေဆို စိတ်မဝင်စားသလောက် သမိုင်းဘာသာရပ်ဆိုရင်တော့… အင်မတန်ကောင်းကြတာပါ၊ ဘာကောင်းလဲဆိုတော့ အိပ်လို့ကောင်းတာပါ .. အီဗန်လေးကလည်း ကျွန်တော်တို့လို မထူးမခြားနားတဲ့ စာသင်ခန်းထဲက ငပျင်းလေးတစ်ယောက်။ ဒါပေမဲ့ သူကတော့ သမိုင်းချိန်ဆို အိပ်တာမဟုတ်ဘဲ စစ်တိုက်တဲ့ဂိမ်းတွေ ခိုးခိုးနှိပ်တာပါ။ ဒီတော့ သူကဖုန်းနှိပ်သလို သမိုင်းဆရာမကလည်း သူ့ကို ကောင်းကောင်းနှိပ်တော့တာပေါ့။ အဲဒါနဲ့ပဲ ဆရာမကို တစ်ခွန်းမကျန် ပြန်ခံပက်တဲ့ အီဗန်ကောင်းမှုကြောင့် တစ်တန်းလုံး စစ်ရေးပြတိုက်ကို လေ့လာရေးခရီးထွက်ရပြီး စာမေးပွဲဖြေရဖို့ ဖြစ်သွားတော့တာပေါ့။ ဒီလိုနဲ့အီဗန်တစ်ယောက် ပြတိုက်ထဲလျှောက်ပြေးရင်း အချိန်ခရီးသွားစက်ကို ကလိကောင်းရာကနေ လွန်ခဲ့တဲ့ နှစ် ၈၀ အကြာက မဟာမျိုးချစ်စစ်ပွဲ (သို့) ရုရှား-ဂျာမန် စစ်ပွဲကာလတွင်းကို ရောက်ရှိသွားချိန်မှာတော့… (အညွှန်းကို Mary Christ မှ ရေးသားထားပါတယ်) File size…1.68GB / 862MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 51m Genre ….. Adventure, SciFi, War, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Mary Christ, Char Ou & Dao Phyo Encoded by AHtet

Comedy • Romance • Drama
6.8 2025
Otryad Svetlyachkov