YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Ranjish.Hi.Sahi.S01.EP03.1080p.WEB DL.Hinidi.AA5.1CH(CM).mp4

566.22 MB N/A video/mp4 83 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Notes from a Women Salesman
6.1

~ IMDb rating - 6.3/10 ~ Drama,Thriller type လေးဖြစ်ပြီး နာမည်ကြီး ဝတ္တုကိုပဲ ရုပ်ရှင်ပြန်ရိုက်ထားလို့ ကြည့်ရတာ ပျင်းဖို့မ​ကောင်းပဲ တော်​တော်​လေး စိတ်ဝင်စားဖို့​ကောင်းပါတယ်။ ဇာတ်​ကောင် Bravo ရဲ့အလုပ်က စော်​လေး​တွေကို စားဘဲကြီး​တွေနဲ့ ချိတ်​ပေးရတဲ့ ဝင်​ငွေများတဲ့ အလုပ်ဆို​ပေမယ့် သူ့အလုပ်အခက်အခဲ​တွေအ​ကြောင်းရယ်၊ Carla ဆိုတဲ့ အမျိုးသမီး နဲ့ တွေ့ဆုံပြီး​နောက် ဘယ်လို​​တွေ ဆက်ဖြစ်လဲ... Bravo ငယ်ဘဝက Trauma တွေကဘာ​တွေလဲ... သူ့ကို လူသတ်မှုမှာ အကွက်ချစီစဥ် ချောက်တွန်းတာ ဘယ်သူ​တွေလဲ ဆိုတာ​တွေကို လှည့်ကွက်​ကောင်း​ကောင်းနဲ့ ရိုက်ပြထားထားတာမို့လို့ တစ်ထိုင်တည်းနဲ့ ကြည့်လို့​ကောင်းမယ့်​ကား​လေးပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 990MB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 2H 5Min Genre - Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by DB Encoded by Y

Action • Horror
6.1 2021 125 mins
Notes from a Women Salesman
Angel Heart
7.1

လောကမှာ ဘယ်အရာကိုမှ အလကားမရနိုင်တာမို့ တစ်ခုလိုချင်ရင် တစ်ခုပေးဆပ်ရတတ်တာက သဘာဝပါပဲ။ ဒါပေမယ့် ကိုယ်ရလိုက်တဲ့အရာတစ်ခုက ပေးဆပ်လိုက်ရတာနဲ့ ထိုက်တန်မှု ရှိပါ့မလားဆိုတာကတော့.. IMDB 7.2/10, Rotten Tomatoes 82% ရရှိထားတဲ့ Mysetery/Psychological Horror/Thriller အမျိုးအစား၊ ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုအများအပြားရရှိထားတဲ့ Old but gold ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၁၉၈၀ ပြည့်နှစ်များဆီက နာမည်ကြီး ဒါရိုက်တာကြီး (အခုတော့ ကွယ်လွန်သွားပြီဖြစ်တဲ့) Alan Parker ရဲ့ Mississippi Burningတို့ Birdyတို့လို ပြောင်မြောက်တဲ့လက်ရာတွေထဲက တစ်ခုဆိုရင်လည်း မမှားပါဘူး။ ဇာတ်လမ်းကိုပြောရမယ်ဆိုရင်တော့ အလွတ်စုံထောက်တစ်ယောက်ဖြစ်တဲ့ ဟားရော့ဒ်အိန်ဂျယ့်ဆီကို လူးဝစ်ဆိုင်ဖရာဆိုတဲ့ အမှုသည်တစ်ယောက်က လူပျောက်ရှာပေးဖို့ အမှုလာအပ်ခဲ့တာပါ။ ရှာပေးရမယ့်လူက ဂျွန်နီဖေးဘရစ်ဆိုတဲ့ အဆိုတော်ဖြစ်ပြီး ဓာတ်ပုံလည်းမရှိ နေရပ်လိပ်စာလည်းမသိဘဲ သူ နောက်ဆုံးတက်ခဲ့တဲ့ဆေးရုံလိပ်စာကလွဲလို့ ဘာဆိုဘာမှမသိတာမို့ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရသလိုကနေ စခဲ့ရပါတော့တယ်။ ဇွဲကြီးတဲ့အိန်ဂျယ်တစ်ယောက် သူ့အမှုသည်စိတ်ချမ်းသာဖို့အရေး ဂျွန်နီဖေးဘရစ်နဲ့ သိကျွမ်းခဲ့တဲ့လူတွေကို အင်တာဗျူးရင်း၊ ကြိုးကြိုးစားစား လိုက်လံတွေ့ဆုံရင်းနဲ့ အမှုက ထင်သလို ရိုးရှင်းတဲ့ လူပျောက်မှုမဟုတ်တာကို သိလိုက်ရပါတော့တယ်။ မှော်နက်ပညာလို့ခေါ်တဲ့ စုန်း၊ ကဝေအတတ်တွေနဲ့ ဆက်စပ်နေတဲ့အပြင် မထင်မှတ်ဘဲ သူအင်တာဗျူးခဲ့တဲ့လူတွေက ကြေကွဲဖွယ်အဖြစ်ဆိုးတွေနဲ့ ကြုံခဲ့ရပြီး သူ့ဆီကိုပါ အဲဒီအဖြစ်ဆိုးတွေက တွယ်ငြိယစ်နွယ်လာခဲ့ချိန်မှာတော့.. အဲဒီအဖြစ်ဆိုးတွေက လွတ်အောင် သူ ရုန်းထွက်နိုင်သွားမှာလား.. ဂျွန်နီဖေးဘရစ်ကိုရော ရှာဖွေတွေ့ရှိသွားနိုင်မှာလား.. သူရှာတွေ့ခဲ့တဲ့အမှန်တရားကရော ဘာများဖြစ်မလဲ.. ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ စိတ်ဝင်စားဖွယ် ကြည့်ရှုလိုက်ကြပါဦး။ (ဇာတ်လမ်းရဲ့ အဆုံးနားလောက်မှာ အိန်ဂျယ်ပြောလိုက်တဲ့ မန္တလေးဆိုတာက Road to Mandalay ဆိုတဲ့ကဗျာကို ရည်ညွှန်းတာပါ.. ဟုတ်ပါတယ်..မြန်မာနိုင်ငံက မန္တလေးပါ.. မြန်မာနိုင်ငံကိုရောက်လာခဲ့တဲ့ ဗြိတိသျှစစ်သားတစ်ဦးက မန္တလေးမြို့အကြောင်း ၁၈၉၀ခုနှစ်လောက်က လွမ်းဆွတ်ဖွယ်ရေးဖွဲ့ထားခဲ့တဲ့ ကဗျာပါ.. မြန်မာနိုင်ငံက ချစ်သူကိုရည်ညွှန်းဖွဲ့ဆိုထားတယ်လို့လည်း ဆိုကြပြီးတော့.. သီချင်းလည်း ရှိပါတယ်.. ဇာတ်ကားနဲ့ ကဗျာနဲ့ ဘယ်လိုဆက်စပ်လဲဆိုတာကတော့ ... Spoiler ဖြစ်သွားမှာစိုးလို့ သိချင်ရင် ဇာတ်ကားကိုပဲ ကြည့်ကြည့်လိုက်ကြပါလို့။ ဪ.. သွေးထွက်သံယိုအခန်းတွေနဲ့ အသက်ပြည့်မှ ကြည့်လို့ရမယ့်အခန်းတွေပါတာမို့ ထုံးစံအတိုင်း ကြောက်တတ်ရင်၊ အသက်မပြည့်သေးရင် ပြည့်အောင်ဖြည့်ကြည့်ကြပါလို့) File size…(2.9 GB)/(1.2 GB)/(570 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:53:00 Genre...Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Thriller
7.1 1987 113 mins
Angel Heart
The Real Charlie Chaplin
8

~ IMDb - 7.3/10, RT - 95%, Meta - 66% ~ " ကံအကြောင်းတိုက်ဆိုင်လို့ ချာလီချက်ပလင် ဇာတ်ကားတွေကို ကြည့်ဖြစ်ရင် ဒီအတိုင်းပဲကြည့်ပါ။ တခြားတွေ့ဖူးကြည့်ဖူးထားတဲ့ ချာလီချက်ပလင်တွေနဲ့ ဆက်စပ်ဖို့ မကြိုးစားပါနဲ့။ ချာလီချက်ပလင်တွေ အများကြီးရှိလို့ပါပဲ... " - မက်စ်အိစ်မန်း (စာရေးဆရာ၊ ချာလီချက်ပလင်၏ မိတ်ဆွေတစ်ဦး) ချာလီချက်ပလင်ဆိုတာနဲ့ ဘောင်းဘီအပွကြီးဝတ်ထားပြီး ဦးထုပ်ဝိုင်းလေးဆောင်း တုတ်ကောက်ကိုင်ထားတဲ့ တံမြက်စည်းနှုတ်ခမ်းမွေးနဲ့ လူညှက်ကလေးကို ပြေးမြင်မိကြမှာပါ။ ချက်ပလင်ကပ်ရောဂါလို့ တင်စားရလောက်အောင် ချာလီချက်ပလင်ကို နှစ်သက်သဘောကျ အတုခိုးကြသူတွေ ချက်ပလင်ရောဂါဖြစ်ကြသူတွေ တစ်ကမ္ဘာလုံးအနှံ့မှာရှိခဲ့ဖူးပါတယ်။ ဒီလူပိန်လေးက ဘုရင်တွေ၊ ဘုရင်မတွေ၊ တွေးခေါ်ပညာရှင်တွေ၊ ဘာသာရေးအထင်ကရပုဂ္ဂိုလ်တွေထက် နာမည်ကျော်ကြားခဲ့ပါတယ်။ ဒါပေမဲ့ သူက ချာလီချက်ပလင်မဟုတ်ပါဘူး ချာလီချက်ပလင်သရုပ်ဆောင်တဲ့ Tramp ဆိုတဲ့ ဇာတ်ကောင်လေးပါ။ အဲဒီတော့ ချာလီချက်ပလင်က အစစ်က ဘယ်သူလဲ..... ချာလီက အိမ်ထောင်ပျက် မိသားစုကနေ မွေးဖွားလာခဲ့တဲ့သူဖြစ်ပြီး မိဘတွေလို အနုပညာကို ဝါသနာထုံခဲ့သူပါ။ ဒုက္ခတွေကြားမှာ ဆင်းဆင်းရဲရဲနေခဲ့ရပေမဲ့ ဟာသညာဉ်ကို မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်ခဲ့သူလည်းဟုတ်ပါတယ်။ ဇာတ်ဝင်ခန်းလေးတစ်ခန်းကို ၅၃၄ ရက်ကြာအောင် ရိုက်ခဲ့တဲ့ Perfectionist ပါ။ ရိုက်ကွင်းတစ်ခုလုံးကအလုပ်တွေကို သူတစ်ယောက်တည်း လုပ်နိုင်ရင် လုပ်လောက်တယ်လို့ ရိုက်ကူးရေးအဖွဲ့သားတွေကပြောကြတယ်။ တကယ်လည်း သူကိုယ်တိုင် အကုန်လုံးနီးပါးကို သူ့ခြေသူ့လက်ဖြစ်အောင် လုပ်ခဲ့တာပါပဲ။ ကမ္ဘာကြီးက သူ့ကို ဗဟိုထားပြီးလည်ပတ်နေတယ်လို့ ယူဆရလောက်အောင် အတ္တကြီးတယ်။ အဲဒါကြောင့်ပဲ သူ့ရဲ့ ဇနီးသုံးယောက်က သူ့ကို မကောင်းဆိုးရွားလို့ မြင်ကြတာဖြစ်နိင်ပါတယ်။ သူ့ရဲ့ အတ္တကြောင့် အချစ်ဆုံး ဇနီး Oona O'neil-Chaplin နဲ့ရခဲ့တဲ့ သားသမီးတွေကတောင် သူတို့အဖေနဲ့ ဝေးကွာနေတယ်လို့ ခံစားခဲ့ကြရပါတယ်။ သူက မိန်းမလည်းပွေတယ်။ နောက်ကွယ်ကနေ တိတ်တဆိတ်နဲ့ပါရမီဖြည့်ရတာနဲ့ပဲ ကျေနပ်တဲ့ Oona O'neil နဲ့မှ ကလေး ၈ ယောက်ဖွားမြင်တဲ့အထိ လက်တွဲသွားတာပါ။(အသက်ကလည်း ၅၀ ကျော်ပြီကိုး) အောင်မြင်မှုတွေရခဲ့သလောက် သူ့ရဲ့တစ်စိတ်တစ်ပိုင်းကတော့ ဆင်းရဲမှာကိုကြောက်နေတုန်းပဲ။ အမြဲတမ်းဆာလောင်မွတ်သိပ်နေခဲ့တဲ့သူလို့ ပြောလို့ရတာပေါ့။ ချာလီရဲ့အကြောင်းကိုပြောရင် Tramp က မပါမဖြစ်ပါပဲ။ ချာလီက Tramp ဖြစ်သလို Tramp ကလည်း ချာလီပါပဲ။ ချာလီက Tramp ကိုဖန်တီးခဲ့သလို Tramp ကလည်း ချာလီရဲ့အောင်မြင်မှုတွေကို ဖန်တီးပေးခဲ့တာကိုး။ Tramp က ချာလီ့လိုပဲ စကားလုံးတွေမပါဘဲ အမူအရာနဲ့ ကျယ်ကျယ်လောင်လောင် ပြောတတ်သူပါ။ သူ့ကို တစ်ကမ္ဘာလုံးကလည်း ကြားခဲ့ပါတယ်။ Tramp ကိုကြည့်ရင် ချာလီကို မြင်ရပါလိမ့်မယ်။ The Kid ဇာတ်ကားမှာ ချာလီရဲ့ ထပ်ခိုးထပ်က အိမ်လေးခန်းလေး၊ City Lights မှာ Tramp နဲ့ ပန်းသည်မလေးတွေ့တဲ့နေရာက ချာလီရဲ့အချစ်ဦးနဲ့ ပထမဆုံးချိန်းတွေ့ခဲ့တဲ့ ကင်လင်တန်ပန်းခြံအဝင်ပေါက်၊ The Gold Rush မှာတော့ ချာလီရဲ့ကလေးဘဝက အခက်အခဲတွေ၊ Tramp ကိုကြည့်လိုက်တိုင်း ချာလီကိုတွေ့နေရမှာပါပဲ။ ချာလီကို ကြည့်လိုက်တိုင်းလည်း နှုတ်ခမ်းမွေးမပါတဲ့ Tramp ကိုမြင်ရပါလိမ့်မယ်။ အနီးကပ်ကြည့်ရင် ဘဝဟာ ဝမ်းနည်းစရာဖြစ်ပေမဲ့ အဝေးကကြည့်ရင်တော့ ရယ်စရာပါလို့ ပြောခဲ့တဲ့အတိုင်းပဲ သူ့ရဲ့ ဝမ်းနည်းစရာဘဝအကြောင်းအရာတွေကို Tramp က ရယ်စရာအဖြစ်ပြောင်းပေးခဲ့ပါတယ်။ Tramp ရဲ့ နိဂုံးက ချာလီချက်ပလင်ကို ဘဝတစ်ဆစ်ချိုး ပြောင်းစေခဲ့ပါတယ်။ နာမည်မရှိ၊ နေရာမရှိ၊ အချိန်ကာလမရှိဘဲ အမြဲတမ်း နှုတ်ဆိတ်နေခဲ့တဲ့ Tramp တစ်ယောက် The Great Dicatator ဇာတ်ကားမှာ ပထမဆုံး စပြီးစကားပြောခဲ့ပါတယ်။ ဒါက Tramp ရဲ့ ဂူသင်္ချိုင်းလို့ပြောလို့ရပါတယ်။ တစ်ချိန်လုံး ပရိသတ်ကို ရယ်အောင်ဖျော်ဖြေနေခဲ့တဲ့ Tramp စပြီးစကားပြောတဲ့အချိန်မှာ အဓိပ္ပါယ်ပြည့်ဝလေးနက်တဲ့ စကားတွေပြောခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူက ဟာသသရုပ်ဆောင်ကောင်း မဟုတ်တော့ဘူးလို့ သတ်မှတ်လာကြတဲ့အထိ ဖြစ်လာပါတယ်။ ဒီစကားတွေကြောင့် ချာလီကို ကွန်မြူနစ်လို့ စွပ်စွဲလာကြပါတယ်။ သူကိုယ်တိုင်ကတော့ ကွန်မြူနစ်ပါလို့ သူကိုယ်သူ ဘယ်တုန်းကမှ မသတ်မှတ်ဘူးလို့ ပြောပါတယ်။ တိတ်ဆိတ်ခြင်းကို ချိုးဖျက်ခဲ့တဲ့ သူ့ရဲ့စကားလုံးတွေက ယန္တရားကြီးကိုတော့ အနိုင်မတိုက်နိုင်ခဲ့တာသေချာပါတယ်။ အမေရိကကနေ နယ်နှင်ဒဏ်ကျတဲ့ အခြေအနေထိ ရောက်သွားတယ်လေ။ ဒါပေမဲ့ လူတွေကို ဖျော်ဖြေဖို့ သူ့ရဲ့ကြိုးစားမှုကတော့ ရပ်မသွားခဲ့ပါဘူး။ ချာလီချက်ပလင်က အင်္ဂလန်က ချီးမြှင့်တဲ့ Sir ဘွဲ့ကို ရရှိချိန်မှာ လမ်းမလျှောက်နိုင်တော့ဘဲ ဝှီးချဲစီးနေရတဲ့အချိန် အသက် ၈၅ နှစ်ရှိပါပြီ။ အမေရိကန်က သူ့ကို ကွန်မြူနစ်လို့ စွပ်စွဲထားတဲ့ ကိစ္စမပြီးပြတ်သေးလို့ အနှစ် ၂၀ ကြာအောင် စောင့်ခဲ့ရတာပါ။ ဒူးမထောက်ဘဲ သူရဲကောင်းဘွဲ့ရခဲ့သူလို့ ပြောလို့ရတာပေါ့။ ဘုရင်မကြီးကိုယ်တိုင်က သူ့ရဲ့ဇာတ်ကားတွေအတွက် ကျေးဇူးတင်ခဲ့ပါသေးတယ်။ ချာလီချက်ပလင်(Tramp) ရဲ့ နှုတ်ခမ်းမွေးကို ကြည့်ပြီး တစ်ယောက်ယောက်ကို သွားပြီးသတိရကြမှာပါ။ သူကတော့ ချာလီလို လူချစ်လူခင်ပေါလို့ ကျော်ကြားတာမျိုးမဟုတ်ဘဲ လူပေါင်း ၁၇ သန်းကျော်ကို သတ်ဖြတ်ခဲ့လို့နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ အာဏာရှင် နာဇီပါတီခေါင်းဆောင် ဟစ်တလာပါပဲ။ ချာလီက လူတွေကောင်းဖို့ ပြောသလို ဟစ်တလာက လူတွေသတ်ဖို့လုပ်တယ်။ ဆန့်ကျင်ဖက်ဖြစ်နေပေမဲ့ သူတို့နှစ်ယောက်မှာ တူတာတွေလည်း အများကြီးရှိပါတယ်။ အမြင်သာဆုံးကတော့ နှုတ်ခမ်းမွေးပေါ့။ ဟစ်တလာက ချာလီရဲ့ နှုတ်ခမ်းမွေးကို ကူးချထားတာလို့လည်း မခိုင်လုံတဲ့သတင်းတွေရှိပါသေးတယ်။ ဟစ်တလာကတော့ ချာလီကို ဂျူးလို့ နာမည်တပ်ပြီး ချာလီမုန်းတီးရေးဝါဒပါ ဖြန့်ခဲ့ပါသေးတယ်။ ချာလီကအမြဲတမ်း သရုပ်ဆောင်နေတတ်တဲ့သူလို့ နီးစပ်သူတွေကပြောပါတယ်။ သူ့ရဲ့အတိတ်ကရခဲ့တဲ့ ဒဏ်ရာတွေကြောင့် စိတ်မလုံခြုံမှုဖြစ်ပြီး အမြဲတမ်း သရုပ်ဆောင်နေတတ်တာ ဖြစ်ပါလိမ့်မယ်။ သူက သူကိုယ်သူ ဖျော်ဖြေသူအဖြစ်မွေးလာတာလို့ သတ်မှတ်ထားလို့လည်း ဖြစ်နိုင်ပါတယ်။ ကင်မရာရှေ့မှာရော ကင်မရာမရှိတဲ့အချိန်မှာရော ပရိသတ်ရှိတိုင်း သူက ဖျော်ဖြေနေတတ်ပါတယ်။ သူဟာ ဖျော်ဖြေရေးသမားတစ်ယောက်.... သူဟာ ဟာသသရုပ်ဆောင်တစ်ယောက်... ယန္တရားကို မုန်းခဲ့သူတစ်ယောက်... တစ်ကမ္ဘာလုံးကို စကားတစ်ခွန်းမှမပြောဘဲ ကြီးစိုးခဲ့ဖူးတဲ့သူတစ်ယောက်.... သူက ချာလီချက်ပလင်ပါ... The Real Charlie Chaplin က ချာလီချက်ပလင် ပိတ်ကားနောက်ကွယ်က ချာလီရဲ့အကြောင်းကို ဇာတ်ကားဆန်ဆန်ရိုက်ကူးထားတဲ့ Biography, Documentary ဇာတ်ကားလေးပါ။ ချာလီချက်ပလင်ရဲ့ အကြောင်းတွေကို အကြောင်းအရာဆန်ဆန် သိရတာထက် ချာလီရဲ့ဘဝထဲကို စီးမျောလိုက်ပါနေသလိုခံစားရပါလိမ့်မယ်။ ချာလီချက်ပလင်ကို မသိသေးတဲ့သူတွေအတွက် ဒါမှမဟုတ် သိထားဖူးတဲ့သူတွေ တကယ်ရောသိရဲ့လားဆိုတာ ဒီဇာတ်ကားလေးက ချာလီချက်ပလင်ရဲ့အကြောင်းကို ပြောပြသွားပါလိမ့်မယ်။ ချာလီချက်ပလင်ရဲ့ အမှောင်ဘက်ခြမ်းတချို့ကိုလည်း ဖော်ပြထားပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အစကပြောခဲ့သလိုပဲ တကယ့်ချာလီချက်ပလင်ကို သိပြီလို့တော့ မထင်လိုက်ပါနဲ့... ချာလီချက်ပလင်တွေ အများကြီးရှိပါတယ်။ (ဒီဒိုကူမန်ထရီနဲ့အညွှန်းကို 666 မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.72GB, 1.6GB, 600MB Quality - 1080p, 720p, 480p IMDb Rating - 7.3/10 Format - mp4 Duration - 1H 54Min Genre - Documentary Subtitle - Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Horror
8 2021 114 mins
The Real Charlie Chaplin
The Iron Coffin of Western Xia

မသိမသာ စိတ်ဝင်စားဖို့ကောင်းတဲ့ the mysterious cloths ဆိုတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဒီကားလေးက တစုန့်မင်းကြီးရဲ့ မွေးနေ့ပွဲက စတယ်ဆိုရမလား... ပါးစပ်ရာဇဝင်ထဲက မသေမျိုးနတ်မျိုးနွယ်တို့ရဲ့ မြဝတ်ရုံက စတယ်ဆိုရမလားပဲ... ဘာလို့လဲဆိုတော့ ရှီရှပြည်ထောင်က မသေမျိုးနတ်မျိုးနွယ်တို့ရဲ့ မြဝတ်ရုံကို တစုန့်မင်းကြီး မွေးနေ့ပွဲအတွက် မွေးနေ့လက်ဆောင်မွန်အဖြစ် ဆက်သဖို့ကြိုးစားရာမှာ တစုန့်က လက်ဆောင်လက်ခံသူ လျန်ဝမ်ရယ်ဟာ လက်ဆောင်လက်ခံပြီး ညတွင်းချင်းမှာပဲ ဘဝတစ်ပါးကို အကြောင်းရင်းမဲ့စွာ ပြုံးပြုံးကြီး ကူးပြောင်းသွားပါတယ်... ဟုတ်ပါတယ် ဒဏ္ဏာရီလာ မြဝတ်ရုံကို စမ်းမဝတ်ဘဲ မနေနိုင်တဲ့ လျန်ဝမ်ရယ်ဟာ မြဝတ်ရုံကို စမ်းဝတ်ကြည့်ပြီးနောက် ပြုံးပြုံးကြီးနဲ့  ဘာကြောင့်မှန်းမသိ ဆုံးပါးသွားခဲ့တာပါ... တစ်ဖက်မှာ အလောင်းကို စစ်ဆေးတော့လည်း ခုခံထားဟန်မတွေ့ အဆိပ်မိတဲ့လက္ခဏာကမရှိတဲ့အပြင် ကိုယ့်ကိုယ်ကို သတ်သေဖို့ဆိုတာလည်းမဖြစ်နိုင်တော့ အခက်တွေ့တာပေါ့ ဒါကြောင့်လည်း လက်ဆောင်ဆက်သသူ ရှီရှပြည်ထောင်က ချင်ယွမ်မင်းသားကိုပဲ စစ်ဆေးဖို့ ဖမ်းလိုက်ရတာကြောင့် ၂ ပြည်ထောင် ချစ်ကြည်ရေးတည်ဆောက်ဖို့ ကြိုးစားရာကနေ ဆက်ဆံရေးက အဆိုးဖက်ကို ကူးပြောင်းလာတော့တယ်... ဒါကြောင့် စုန့်စီဆိုတဲ့ ပြည်သူတွေသတ်မှတ်ထားတဲ့ သမာသမတ်ကျသူ တရားသူကြီးမင်းကို စစ်ဆေးစုံစမ်းဖို့ တာဝန်လွှဲအပ်ခဲ့တယ်... ဒီလိုနဲ့ လျန်ဝမ်ရော ရှီရှ လက်ဆောင်ဆက်သသူတို့အပါအဝင် တစုန့်မင်းကြီးမွေးနေ့မင်္ဂလာပွဲ တက်ဖို့ ရောက်လာသူတွေ တည်းခိုတဲ့ တည်းခိုဆောင်ကို ရောက်လာခဲ့တော့တယ်.... စုန့်အမတ်မင်းက တကယ်ပဲ ဒီအမှုကို ရှင်းနိုင်မှာလား... လျန်ဝမ်ကရော ဘာကြောင့်သေသွားတာလဲ... မြဝတ်ရုံရဲ့ တကယ့်ဇစ်မြစ်ကရော ဘာလဲ... ရှီရှပြည်ထောင်နဲ့ လျန်ဝမ်သေဆုံးမှုက တကယ် ပတ်သက်နေတာလား... ဇာတ်လမ်းလေးထဲမှာ အဖြေရှာတွေ့မှာပါ Quality : WEB-DL 1080p , 480p Format : mp4 Genres : Mystery , Action Runtime : 1h 14 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Crime
0 2022 74 mins
The Iron Coffin of Western Xia
League of Gods: Zhou Destruction
6

ယခုတစ်ခေါက် CM က တရုတ်ဒဏ္ဍာရီဇာတ်လမ်းလေးတစ်ပုဒ်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- နွီဝါးမယ်တော်နှင့် နတ်အပေါင်းတို့က နတ်ပိတ်အစီအစဉ်ကို စတင်ပြီး ရှ န်းခေတ်အုပ်ချုပ်ရေးကို ပြင်ဆင်ရန် စီစဉ်နေပါတယ်။ အမြီး ၉ ချောင်းမြေခွေးကို မိန်းမလှလေး သာကျီကိုယ်ထဲ ဝင်ပူးစေပြီး ဘုရင်ကို မြူဆွယ်စေပါတယ်။ ကျို့ဝမ်တိရှင်းဟာ နတ်အမိန့်တော်ကို မနာခံပဲ ကောင်းကင်ကို ဆန့်ကျင်ဖို့ကြိုးစားပြီး ကျိုင်ရှင်းလုံကို ဆောက်ပြီး ကောင်းကင်တက်ပြီးတော့ နတ်ကို ဆန့်ကျင်ဖို့ လုပ်နေပါတယ်။ ခက်ခဲလှတဲ့ နေ့ရက်တွေမှာ ကျို့ဝမ်ဟာ တဖြည်းဖြည်းနဲ့ သာကျီအပေါ် မေတ္တာနက်နဲလာခဲ့ပြီး ရှန်းကုန်းပေါက်ရဲ့ ကုန်းချောမှုတွေကို နားယောင်ပြီး သစ္စာရှိအမတ်တွေကို သတ်ဖြတ်ခဲ့တယ်။ ပီကန်းလည်း နှလုံးသားကို ထုတ်ပေးပြီး သစ္စာရှိကြောင်းထုတ်ဖော်ပြသခဲ့ပါတယ်။ ရှုပ်ထွေးမှုတွေကြားမှာ ပြည်သူတွေဒုက္ခတွင်းနက်ခဲ့ပါတယ်။ ကျန်းကျီယာဟာ အရပ် ၄ မျက်နှာက မြို့စားမင်းတွေနဲ့ ပူးပေါင်းပြီး ကျောင်းကောကို စစ်ထွက်ခဲ့ပါတယ်။ ကျို့ဝမ်နှင့် မြေခွေးမိစ္ဆာသာကျီတို့ အတူတကွ ကံကြမ္မာကို ဆန့်ကျင်ခဲ့ပါတယ်။ လူသား၊ နတ်နှင့် မိစ္ဆာ လောက ၃ ပါးတို့ ပါဝင်နေတဲ့ စစ်ပွဲကြီးမှာ ဘယ်သူကအမှန် ဘယ်သူကအမှား ဘယ်သူကနိုင်ပြီး ဘယ်သူက ရှုံးမလဲဆိုတာကို ရုပ်ရှင်ထဲမှာပဲ အဖြေရှာလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Fantasy Runtime : 1h 39 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by LK

6 2023 99 mins
League of Gods: Zhou Destruction
Sorry to Bother You
6.8

Rating မြင့် Comedy/Fantasy ဇာတ်ကားဖြစ်ပြီး အပြောင်အပျက်တွေနဲ့ ရယ်ရယ်မောမောကြည့်ရမယ့်ဇာတ်ကားပဲဖြစ်ပါတယ်။ ဖုန်းနဲ့ပစ္စည်းအရောင်းဝန်ထမ်းတစ်ယောက်ရဲ့ အလွဲအကွဲတွေကိုပေါ့ပေါ့ပါးပါးရိုက်ကူးထားတာပါ။ အလုပ်မှာသိပ်အဆင်မပြေရာမှာ အောင်မြင်နိုင်မယ့် Magic Key တစ်ခုတွေ့ရှိသွားပြီးနောက် ဘယ်လိုတွေထူးခြားလာမလဲ၊ ဘယ်လိုတွေအောင်မြင်ပြီး ဟာသတွေလုပ်မလဲဆိုတာတော့ ရုံးပိတ်ရက်တွင်းပေါ့ပေါ့ပါးပါးနားရင်းကြည့်လိုက်စေချင်ပါတယ်။ IMDb rating အနေနဲ့လည်း 7.2 အထိရရှိထားပါတယ်။ (ဘာသာပြန်ပေးထားသူကတော့ Zaya Phyoe  ဖြစ်ပါတယ်) File Size : (900 MB) and (400 MB) Quality : Blu-Ray 720p Running Time : 1hr 51min Format : Mp4 Genre : Comedy , Fantasy , Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-DRONES Translated by Zaya Phyoe Encoded by Thanhtike Zaw

6.8 2018 112 mins
Sorry to Bother You
Nightshift
6.1

Nightshift (2020) 2020 က ထွက်ရှိထားတဲ့ Nightshift (Phillipines) ဇာတ်ကားလေးဟာ Horror အမျိုးအစားဖြစ်ပြီး ရင်ခဲွရုံတစ်ခုကို အခြေတည်ထားတဲ့အတွက် ထိတ်လန့်စရာတွေ Jumpscare တွေနဲ့ ပြည့်နေပါတယ်။ မုန်တိုင်းထန်တဲ့ ညတစ်ညမှာ ရင်ခဲွရုံမှာတာ၀န်ကျတာ တစ်ပတ်ပဲရှိသေးတဲ့ လက်ထောက် Jessie တစ်ယောက်ဟာ လူသေအလောင်းတွေကြား နေသားမကျသေးဘဲ ဖြစ်ရိုးဖြစ်စဥ္ တွေကအစ ထိတ်လန့်တတ်သူပါ။ Jessie ကို တာ၀န်ကျတဲ့ အလောင်းခဲွစိတ်ဆရာ၀န်က လေ့လာမှတ်သားသင့်တာတွေကို ရှင်းပြတတ်ပါတယ်။ ဒါပေမယ့်လည်း အလောင်းတွေက ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ထက် ပိုမိုတဲ့ အပြုအမူတွေကို စတင်လာတဲ့အခါမှာတော့ Jessie တစ်ယောက် ဆက်ပြီး နေနိုင်ပါ့မလား၊ သဘာ၀ဖြစ်ရိုးဖြစ်စဥ်ရော ဟုတ်ရဲ့လား ဆိုတာကို ဒီ ၁နာရီ ၃၅မိနစ်ကြာမြင့်တဲ့ ဖိလစ်ပိုင် Horrr ဇာတ်ကားက ပြောပြပေးသွားမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Naung Naung ပဲ ဖြစ်ပါတယ်။ Genre….. Horror Quality…. 1080p | 720p File size… 1GB | 491MB Format… mp4 Duration…. 1h 35min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Sai Naung Naung Encoder ….. Aaron

Drama • Romance • Comedy
6.1 2020 95 mins
Nightshift
The Exam

ဘယ်သူ့ဆီကမှ ကိုယ်မလုပ်ချင်တဲ့အရာကိုတိုက်တွန်းတာမခံနဲ့ ” ဒီလိုပဲ ဘဝမှာ ကိုယ်မလုပ်ချင်တဲ့အရာတွေဆိုတာ ဘယ်သူမဆို အမြဲလိုလိုကြုံတွေ့ရတတ်ပါတယ်။ တခါတစ်လေ လက်ခံလိုက်ရတဲ့အခါတွေရှိသလို တခါတစ်လေ တွန်းလှန်နိုင်သွားတဲ့အခါမျိုးတွေလည်းရှိပါတယ်။ ဘဝမှာကိုယ်မလုပ်ချင်တဲ့အရာတွေနဲ့ကြုံလာရင် ဘယ်လိုနည်းနဲ့ဖြေရှင်းသင့်လဲ…ရွေးချယ်စရာတွေမရှိတော့တဲ့အခါ ရွေးချယ်စရာ(option)ကို ကိုယ်တိုင်ဖန်တီးယူရပါတယ်။ ဒါပေမဲ့တချို့တွေကတော့ ကိုယ်ပိုင်optionကိုမဖန်တီးနိုင်ခင်မှာပဲ ပင်ပန်းသွားကြတယ်။ ဒီဇာတ်လမ်းထဲမှာတော့ ရှီလန်နဲ့ ရိုဂျင် ညီအစ်မနှစ်ယောက်မှာ အ​ဖေဖြစ်သူက သမီးအငယ်ဖြစ်တဲ့ရိုဂျင့်ကို စာမေးပွဲမအောင်ရင် အိမ်ထောင်ချပေးဖို့အမိန့်ချထားခဲ့တယ်။ ဒါကြောင့်ပဲ အစ်မဖြစ်တဲ့ရှီလန်က နည်းမျိုးစုံသုံးပြီး ရိုဂျင့်ကိုကယ်တင်ဖို့ကြိုးစားတယ်။ သူမကိုယ်တိုင်အိမ်ထောင်ရေးမှာစိတ်မချမ်းသာရတဲ့အတွက် သူမရဲ့ညီမရိုဂျင်ကိုလည်း သူမနဲ့ထပ်တူညီတဲ့ကံကြမ္မာမျိုးမခံစားရစေချင်တာပါ။ ဒါပေမဲ့… တကယ်ပဲ ညီအစ်မနှစ်ယောက်ရဲ့ကံကြမ္မာကထပ်တူမကျဘူးလား နောက်ဆုံးမှာ ကျရာကံကြမ္မာကိုလက်ခံလိုက်ရမလား တွန်းလှန်နိုင်သွားမလားဆိုတာကို ဇာတ်လမ်းထဲမှာ ကြည့်ရှုရမှာပါ။ ပတ်ဝန်းကျင်မှာမမြင်ဖူးမကြားဖူးရင်တောင် တကယ်ဖြစ်လေ့ရှိတတ်မှန်းတော့သိနိုင်တဲ့ဇာတ်လမ်းမျိုးနဲ့ ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်တစ်ကားပါ။ File size…(1.3 GB)/(741 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

Horror • Thriller
0 2021
The Exam
This Is Me…Now

ဒီဇာတ်လမ်းကတော့ JLo တစ်ယောက် သူ့ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ This is Me… Now album ကို ပရိုမိုရှင်းဆင်းဖို့ ရိုက်ကူးရင်း ပျိုမဒီလေးတွေကို ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့ မီးမောင်းထိုးပြထားတဲ့ Musical ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်း အသွားအလာက စိတ်ကူးယဉ်ဆန်ပြီး ရှင်တို့ကျွန်မတို့ အကြိုက် Zodiac Sign တွေပါတဲ့အပြင် Zodiacal Council ဆိုပြီး လတ်တလောကမှ ဂရမ်မီမှာ MC လုပ်ထားသူ Trevor Noah, Kim Pertras, Post Malone, Keke Palmer, Jenifer Lewis တို့က ရာသီခွင် နတ်ဘုရားတွေအဖြစ်ပါ ပါဝင် အားဖြည့်ထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်းကတော့ JLo တစ်ယောက် ရည်းစားတွေ ထည်လဲတွဲလိုက် ယောင်္ကျားတွေ တစ်ယောက်ပြီးတစ်ယောက်ယူလိုက် အဆင်မပြေလို့ Therapy ဝင်လိုက်နဲ့ ဘဝကို ဖြတ်သန်းနေခဲ့ပါတယ်။ သူ့ရဲ့ မူလ ခံယူချက်ကတော့ လက်တွဲဖော်တစ်‌ယောက်နဲ့ ဘဝကို ဖြတ်သန်းချင်တာ ဘာများ မှားလို့လဲ ဆိုတာပါပဲ။ ဒီလိုနဲ့ JLo ဟာ သူများကို ချစ်ရင်း ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ မေ့နေခဲ့ပါတယ်။ ဒီလိုနဲ့ ဘယ် Sign ပို့ပေးပေး အဆင်မပြေတဲ့ မ JLo ကို ရာသီခွင်နတ်ဘုရားကြီးများက selflove lesson လေး ပို့ချပေးတဲ့အကြောင်းကို သူ့ရဲ့ album အသစ်ထဲက သီချင်းလေးတွေနဲ့ ရောကာယှက်ကာ တင်ဆက်ထားခြင်း ဖြစ်ပါတယ်။ ဇာတ်လမ်းလေးက တစ်မျိုးလေး entertaining ဖြစ်ပြီး စိတ်အပန်းပြေစေလို့ ကြည့်ရှုကြဖို့ တိုက်တွန်းပါတယ်။ File size…(1.7 GB)/(922 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:06:00 Genre…Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Act Moley

0 2024
This Is Me…Now
Kuroneko
7.7

Kuroneko (1968) ~ IMDb – 7.7/10, Rotten Tomatoes – 96% ~ Kuroneko ခေါ် The Black Cat ဟာ တိုဟိုက ထုတ်ခဲ့တဲ့ တိုဟိုကို ဂုဏ်တင်ပေးခဲ့တဲ့ ရုပ်ရှင်တွေထဲ ပါခဲ့တယ်။ အဖြူအမဲကားကိုမှ တိုဟိုစကုတ်ဖော်မတ်နဲ့ ရိုက်ထားတယ်။ အဖြူအမဲကားဆိုပေမဲ့ မြင်ကွင်းအပြည့်ရတဲ့ ဖရိန်နဲ့ပဲ ရိုက်ထားတယ်။ ကာလာနဲ့ကားတွေလည်း ဂျပန်မှာရှိနေတာ ဆယ်စုနှစ်နှစ်ခုလောက်ကြာပြီဖြစ်တဲ့ ကာလပေမဲ့ အဖြူအမည်းနဲ့ပဲ ချထားတယ်။ ကောင်းတော့လည်းကောင်းပါတယ်။ သူ့အပြတွေဟာ အဖြူအမည်းနဲ့မှာ Composition နဲ့ Tone က အသေကြည့်ကောင်းတယ်။ ကူရိုဆာဝါရဲ့ Rashomon ကထက် အပြတွေက ကြည့်ကောင်းခဲ့တယ်။ ဇာတ်ကတော့ ဂျပန်မြေရှင်ပဒေသရာဇ်ခေတ်မှာ ဇာတ်အိမ်တည်ထားတယ်။ စစ်နယ်ရှင်တွေ တိုက်ပွဲတွေကြမ်းနေခဲ့တဲ့ ခေတ်ပဲ။ ဆာမူရိုင်းတွေ ကြီးစိုးခဲ့တဲ့ ခေတ်ပေါ့။ ဒီကာလမှာ ဆာမူရိုင်းတွေက တော်တော်လေး အာဏာကြီးခဲ့သလို ဘာလုပ်လုပ်တင့်တယ်နေခဲ့တယ်။ စစ်အတွက် လယ်သမားတွေကို အတင်းစစ်ထဲခေါ်ကြတာတွေလည်းရှိခဲ့တယ်။ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်တွေက ဝါးတောအုပ်နားမှာ အိမ်လေးတစ်အိမ်ဆောက်ပြီးနေ အဲဒီနားမှာ လယ်စိုက်ယာစိုက်နေနေရင်း အေးအေးချမ်းချမ်းနေခဲ့တဲ့ မိသားစုတစ်စု။ အမေရယ် သားရယ် ချွေးမရယ် အတူတူနေကြတယ်။ တစ်နေ့မှာ သား ယာလုပ်နေတုန်း တပ်သားတွေရောက်လာပြီး လက်ကထည်တုံးမချရသေးခင်ပဲ တိုက်ပွဲထဲဝင်ဖို့ အတင်းဆွဲခေါ်သွားခဲ့တယ်။ မိန်းမနဲ့မအေကို ပြန်တွေ့ချင်တဲ့စိတ်နဲ့ တိုက်ပွဲမှာ အသက်မဆုံးချင်တဲ့စိတ်နဲ့ ကျားကုတ်ကျားခဲတိုက်ရင်းခိုက်ရင်း အသေအကြေများတဲ့ တိုက်ပွဲကြီးတစ်ပွဲကနေ တစ်ယောက်တည်းသောရှင်ကျန်သူအဖြစ် သူပြန်လာခဲ့တယ်။ ဆာမူရိုင်းခေါင်းဆောင်က သူ့ကို ဆာမူရိုင်းအဖြစ်ချီးမြောက်ပြီး ဘွဲ့တွေပါပေးခဲ့တဲ့နောက် သားရွှေထီးဆောင်းပြီး အိမ်ကိုပြန်လာခဲ့တယ်။ ဒါပေမဲ့ ဝါးတောတစ်ဖက်က သူ့အိမ်လေးဆီ သူရောက်တဲ့အခါ ပြာပုံအတိပဲ ကျန်ခဲ့တာ သူတွေ့လိုက်ရတယ်။ သူ့မိန်းမနဲ့ အမေ ဘယ်ရောက်လို့ ဘယ်ပေါက်သွားမှန်း သူမသိရတော့ဘူး။ ဒီလိုနဲ့ မြို့ကို ပြန်လာတဲ့အခါ ဆာမူရိုင်းခေါင်းဆောင်က သူ့ကို သူအိမ်ရှိခဲ့တဲ့ဝါးတောနေရာမှာ မိစ္ဆာတစ်ကောင်သောင်းကျန်းနေကြောင်း။ အဲဒီနားကဖြတ်လာတဲ့ ဆာမူရိုင်းတွေ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံနေရကြောင်း ဧကရာဇ်က ဒီကိစ္စကိုဖြေရှင်းခိုင်းနေကြောင်းပြောပြီး သူ့ကို အဲဒီမိစ္ဆာကို သုတ်သင်ဖို့ လွှတ်လိုက်တယ်။ ဝါးတောထဲက မိစ္ဆာကို သူသုတ်သင်နိုင်မလား… သူ့အမေနဲ့ မိန်းမကိုရော ဒီမိစ္ဆာကပဲ တစ်ခုခုလုပ်လိုက်တာလား… ဆက်မြင်ရလိမ့်မယ်။ ကလပ်စစ်ဟော်ရာစာရင်းဝင်ရုပ်ရှင်ပေမဲ့ ဒီရုပ်ရှင်ရဲ့ ကြောက်ဖို့ကောင်းခြင်းမကောင်းခြင်းဆိုတာထက် ဇာတ်ရဲ့ ဆွဲဆောင်မှုနဲ့ စီနီမာတိုလှပမှုကိုပဲ ပိုအားထားရမယ့် ကားလို့ပဲ မှတ်ရလိမ့်မယ်။ ဘာပြောပြော Kuroneko ဟာ ဂျပန်ရိုးရာသရဲဇာတ်လမ်းတစ်ခုကို လှလှပပ အသက်သွင်းနိုင်ခဲ့ပါတယ်။ နှောင်းပိုင်း တရုတ်တို့ဘာတို့မှာလည်း ဒီလိုဇာတ်မျိုးတွေကို အသက်သွင်းခဲ့ကြသေးပေမဲ့ Kuroneko ကတော့ ခေတ်ရဲ့တိုက်စားမှုကို ခံနိုင်ခဲ့တဲ့ ရုပ်ရှင်တစ်ကားအဖြစ် မှတ်ကျောက်တင်နိုင်ခဲ့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 735MB Quality – 1080p, 720p IMDb Rating – 7.7/10 Format – mp4 Duration – 1H 39Min Genre – Drama, Horror Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.7 1968
Kuroneko
JLA Adventures: Trapped in Time
5.7

JLA Adventures: Trapped in Time(2014) IMDb: 5.7/10 Rotten Tomatoes: 74% Genre: Animation/Action/Sci-Fi JLA Adventures: Trapped in Time ဟာ DC Animation မှဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ဇာတ်ညွှန်း လက်ရှိ ၂၁ ရာစုမှာ လက်စ်လူသာဟာ ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်ပြီး “Legion of Doom” ရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ ထုံးစံအတိုင်း ကမ္ဘာကြီးကိုအုပ်စိုးဖို့အကြံနဲ့ လုပ်ကိုင်နေတုန်းမှာ “Justice League” ရဲ့တားဆီးခြင်းကိုခံလိုက်ရပါတယ်။ ပိုပြီးဆိုးတာက လက်စ်လူသာ ဟာရေခဲထဲမှာ ပိတ်မိသွားပါတယ်။ ဘယ်လောက်ထိပိတ်မိသွားလဲဆိုရင် ၃၁ ရာစုမှာမှပြန်လည်တူးဖော်တွေ့ရှိခဲ့ပါတယ်။ ဒါတောင်မှ ရှာလို့တွေ့တာမဟုတ်ပဲ ကမ္ဘာကြီး ဒုတိယအကြိမ်ပူနွေးလာပြီး ရေခဲတွေအရည်ပျော်ကျလာလို့ ဖြစ်ပါတယ်။ ၃၁ ရာစုရောက်တဲ့အချိန်မှာတော့ စူပါမန်းနဲ့ “Justice League” တို့ဟာ ပြတိုက်ထဲမှာ ဂုဏ်ပြုတဲ့အနေနဲ့ပြသထားပြီး “Legion of Doom” အဖွဲ့ကိုလည်းပြသထားပါတယ်။ အဲထဲမှာ ရေခဲထဲပိတ်မိနေတဲ့ လက်စ်လူသာလည်းပါပါတယ်။ “Dawnstar” နဲ့ “Karate Kid” တို့နှစ်ယောက်ဟာ ၃၁ ရာစု မှ စူပါဟီးရီုးအဖွဲ့ကိုဝင်ချင်နေတဲ့ ဟီးရိုးပေါက်စလေးနှစ်ယောက်ဖြစ်ပါတယ်။ “Karate Kid” ဟာခေါင်းခပ်မာမာဖြစ်ပြီး သူ့ရဲ့ ခေါင်းမာမှုကြောင့်ပဲ လက်စ်လူသာတစ်ယောက် အချိန်ထိန်းသိမ်းသူကိုပါဖမ်းခေါ်သွားပြီး အတိတ်နှစ် ၁၀၀၀ ကိုနောက်ပြန်သွားခဲ့ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ “Justice League” အဖွဲ့ကို ထာဝရ အချိန်ဖြစ်တည်မှုကနေပျောက်ကွယ်သွားအောင်ပြုလုပ်ဖို့ပဲဖြစ်ပါတယ်။ တကယ်ပဲ လက်စ်လူသာတစ်ယောက်တားနိုင်မှာလား။ သူ့ရဲ့ အကြံကဘာလဲ။ အချိန်တွေကိုထိန်းချုပ်နိုင်တဲ့ အချိန်ထိန်းသိမ်းသူကိုဖမ်းခေါ်ထားတဲ့ လက်စ်လူသာတစ်ယောက် ဘယ်လိုမျိုးကြံစည်ထားတာလဲ… File size… 1 GB / 559 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 52 min Genre ….. Animation/Action/Sci-Fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by LuciferMaximoff

Thriller • Horror
5.7 2014 52 mins
JLA Adventures: Trapped in Time
Three Kingdoms: Resurrection of the Dragon
6.1

ဒီတစ်ခေါက်ကတော့ တော်တော်များများသိကြမယ့် တရုတ်သမိုင်းက ဝေ့၊ဝူ၊ရှူဆိုတဲ့ သုံးနိုင်ငံအကြောင်းပါ။ ဒီ Movie ကတော့ သုံးရာစုက တရုတ်သမိုင်းပညာရှင်ချန်ရှို့ရေးသားခဲ့တဲ့ သုံးနိုင်ငံမှတ်တမ်းကို အခြေခံထားတဲ့ နာမည်ကြီးသုံးနိုင်ငံဇာတ်လမ်း၀တ္ထုကို မှီငြမ်းထားပါတယ်။ ဟန်မင်းဆက်ပြိုကွဲအပြီးမှာ တရုတ်ပြည်ကြီးဟာ ဝေ့ ၊ ဝူ ၊ ရှူဆိုပြီး သုံးနိုင်ငံကွဲထွက်သွားခဲ့ပါတယ်။ စစ်တပ်တွေကို ဝေ့ဘက်က စစ်ဘုရင်ချောင်ချောင်း၊ ရှူဘက်က စစ်ဘုရင်လျှိုပေ့နဲ့ ဝူဘက်က စစ်ဘုရင်စွန်းချွမ်တို့အသီးသီးက ဦးဆောင်ကြပါတယ်။ဒီလိုဖရိုဖရဲကာလမျိုးမှာ လျှိုနိုင်ငံကနေ ကျောင့်ကျစ်လုံဆိုတဲ့ သူရဲကောင်းတစ်ဦးပေါ်ထွန်းလာခဲ့ပါတယ်။ ချန်ရှန်းက သာမန်လူငယ်လေးအဖြစ်ကနေ မရေတွက်နိုင်တဲ့စစ်ပွဲများစွာကိုအောင်နိုင်ခဲ့ပြီး နာမည်ကျော် ကျားစစ်သူကြီးငါးယောက်ထဲက တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ရှူဘက်က စစ်ဘုရင်လျှိုပေ့ဆီမှာ ချောင်စစ်တပ်ကြောင့် ဇာမဏီအဟုန်ဆီ တပ်ဆုတ်ရတော့ လျှိုပေ့ရဲ့မွေးကင်းစသားလေးကိုကယ်တင်နိုင်ခဲ့တာကြောင့် အသိအမှတ်ပြုခံခဲ့ရပြီး နာမည်စတင်ကျော်ကြားလာခဲ့ပါတယ်။ နောက်ပိုင်း နိုင်ငံသုံးနိုင်ငံကို စစ်ဘုရင်သုံးပါးအုပ်စိုးခဲ့ပြီး လျှိုပေ့သေဆုံးပြီး သားတော်နန်းတက်တော့ ကျစ်လုံက အသက်ကြီးရင့်နေပါပြီ။ အမတ်မင်းကျူးကဲ့က ဧကရာဇ်ငယ်ကို ရန်သူတော်ဝေ့နိုင်ငံကို တိုက်ဖို့တိုက်တွန်းတော့ နောက်ဆုံးသောစစ်ပွဲကိုတိုက်ဖို့ စစ်မြေပြင်ကို ကျောင့်ကျစ်လုံ ပြန်ချီတက်လာတဲ့အခါ မဟာရန်သူတော်ချောင်ချောင်းရဲ့ မြေးမလေးချောင်ယင်နဲ့ ဇာမဏီအဟုန်မှာ တစ်ဖန်ပြန်ဆုံတွေ့ဖို့ဖြစ်လာပါတော့တယ်။ အဖိုးလောက်နီးနီးဉာဏ်များတဲ့ ချောင်ယင်နဲ့ တစ်မိုးအောက်တစ်ယောက်အရှုံးမရှိစစ်သူကြီးကျောင့်ကျစ်လုံ ဘယ်လိုရင်ဆိုင်သွားမလဲ ရှုစားကြည့်လိုက်ကြပါရှင့်။ ဒီဇာတ်လမ်းကို ဟောင်ကောင်၊တရုတ်ပင်မနဲ့ တောင်ကိုရီးယားတို့က ပူးပေါင်းထုတ်လုပ်ခဲ့ပြီး Cast တွေအနေနဲ့ ကျောင့်ကျစ်လုံအဖြစ် Andy Lau , ဖင်အန်းအဖြစ် Sammo Hung နဲ့ ချောင်ယင်အဖြစ် Maggie Q တို့က ပါ၀င်ထားပါတယ်။ သုံးနိုင်ငံအကြောင်းစိတ်၀င်စားတယ်ဆိုရင်တော့ လက်မလွှတ်သင့်ပါဘူး။ Old but gold movie တစ်ခုပါပဲ။ File size…(2.1 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:41:00 Genre… Action, Drama, History, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Phu Thet Khin

6.1 2008 101 mins
Three Kingdoms: Resurrection of the Dragon
A Vilã das Nove
6.7

A.Vila.Das.Nove 2024ကားလေးကတော့ rating 6.7 ရရှိထားတဲ့ ဘရာဇီးကားလေးပဲ ဖြစ်ပါတယ်။ ဒီကားလေးမှာတော့ Eugeniaဆိုတဲ့အမျိုးသမီးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျခဲ့ပြီး သူ့အိမ်ထောင်ရေး ဘဝကိုမကျေမနပ်ဖြစ်ကာ အမြဲတမ်းလိုလို အရာအားလုံးကို စိတ်မကျေမနပ်ဖြစ်နေတဲ့သူဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူဟာ သူဘဝကိုအဆုံးသတ်ပြီးဘဝအသစ် စဖို့အတွက် သူ့သမီးနဲ့ယောကျာ်းကိုထားခဲ့ပြီးထွက်ပြေး သွားပါတော့တယ်။ အရွယ်ငယ်သေးတဲ့သူ့သမီးလေးဟာ စိတ်ဒဏ်ရာများနဲ့သာ ကြီးပြင်းခဲ့ရပါတယ်။ မိခင်မေတ္တာငတ်နေတဲ့သမီးလေးက သူ့အမေကိုမုန်းတီးပြီးကြီးလာတဲ့အခါမှာတော့ သူဘဝ ဇာတ်ကြောင်းကို ဇာတ်ညွှန်းရေးဆရာနဲ့ပေါင်းပြီး ရုပ်ရှင် ဇာတ်လမ်းတွဲတစ်ခုကိုရေးကာထုတ်လွင့်ပါတော့တယ်။ အဲ့ဒီနောက်မှာ သူ့အမေက ဇာတ်လမ်းတွဲကိုကြည့်မိပြီး ဘာတွေဆက်ဖြစ်သွားမှာလဲ………………. သူသမီးကိုပြန်သွားရှာမှာလား…………. ဘယ်လိုပြဿနာတွေနဲ့ကြုံတွေ့ရမလဲဆိုတာတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်မဲ့ကားလေးပဲ ဖြစ်ပါတယ်။ ဒီကားလေးမှာတော့ မိခင်တစ်ယောက်ရဲ့စိတ်ကျဥ်းကြပ်မှုတွေ ကလေးတွေရဲ့စိတ်ဒဏ်ရာတွေနဲ့ မိသားစုဘဝပြဿနာတွေကို ကောင်းကောင်းကြီးရိုက်ပြသွားတာမို့ သင်တို့က ဘရားဇီး ကားတွေကြိုက်တဲ့သူဆိုရင်တော့ဒီကားလေးကမလွတ်တန်း ကြည့်သင့်တဲ့ကားလေးပဲ ဖြစ်ပါတယ်နော်။ File size… (1.92 GB) / (950 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 43m Genre …..Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo

Animation • Comedy • Family • Adventure
6.7 2024 103 mins
A Vilã das Nove
A Bloody Aria
6.4

A Bloody Aria (2006) ********************** Memoir Of A Murderer ရုပ်ရှင်ကို ရိုက်ကူးဖန်တီးခဲ့တဲ့ ဒါရိုက်တာကြီး Won Shin Yun ရဲ့ IMDb 6.4 ရှိတဲ့ ဇာတ်ကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင်…။ ဒါရိုက်တာ Won Shin Yun ရဲ့ ပုံစံအတိုင်း ဇာတ်လမ်းအမျိုးအစားကလည်း Thriller, Black Comedy ပုံစံမျိုးဖြစ်ပြီး ဒါရိုက်တာကိုယ်တိုင်ပဲ ဇာတ်လမ်းကို ရေးသားခဲ့တာပါ…။ ပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ ဒေါက်တာဂင်(ဂင်ဆာဘူ)အနေနဲ့ လူသိများကြတဲ့ Dr. Romantic စီးရီးထဲက သရုပ်ဆောင် Han Suk Kyu ၊ ကိုရီးယားကား ကြည့်တဲ့သူတိုင်း တစ်ကားကားမှာတော့ မြင်ဖူးနိုင်တဲ့ ဇာတ်ပို့သရုပ်ဆောင်တွေဖြစ်တဲ့ Lee Moon Sik နဲ့ Oh Dal Su တို့အပြင် အမျိုးသမီးဇာတ်ဆောင်အနေနဲ့ Battle For Happiness , Glamorous Temptation စီးရီးတွေမှာ ပါဝင်ခဲ့တဲ့ Cha Ye Ryun တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအစမှာတော့ တက်သစ်စ Opera အဆိုရှင်မလေး အင်ဂျောင်က သူ့ရဲ့ ပါမောက္ခနဲ့အတူ ကျေးလက်ဒေသတစ်ခုကို ခရီးထွက်ခဲ့ပါတယ်။ အင်ဂျောင်က လာမယ့် Opera ဖျော်ဖြေပွဲမှာ လူရွေးပွဲဝင်ခဲ့တော့ လူရွေးပွဲမှာ သူအရွေးခံရနိုင်လားဆိုတာ သိချင်တဲ့အတွက် ပါမောက္ခကို ကပ်နေတဲ့ သဘောပေါ့။ ဒါပေမဲ့ သူ့အစီအစဉ်တိုင်း မဖြစ်ခဲ့ဘဲ ပါမောက္ခက သူ့ကို လူသူမရှိတဲ့ မြစ်ကမ်းဘေးတစ်နေရာကို ခေါ်သွားခဲ့တယ်။ အဲဒီနေရာမှာ လူရွေးပွဲအကြောင်းပြောမဲ့အစား ပါမောက္ခကြီးက အင်ဂျောင်ကို အဓမ္မပြုကျင့်ဖို့ကြံပါတော့တယ်။ အဲဒါနဲ့ အင်ဂျောင်ကလည်း ကားထဲက ထွက်ပြေးတော့တာပေါ့။ ပါမောက္ခကြီးလည်း မြစ်ကမ်းဘေး ကားထဲမှာ တစ်ယောက်တည်း ကျန်ခဲ့ရော။ အဲဒီမှာ ရိုင်းစိုင်းကြမ်းတမ်းတဲ့ ဒေသခံ လူမိုက် ၃ယောက်က မြစ်ကမ်းဘေးမှာ ရပ်ထားတဲ့ ပါမောက္ခကြီးရဲ့ကားကို တွေ့သွားရာကနေ ဇာတ်လမ်းစတော့တာပါပဲ။ အဲဒါအပြင် အင်ဂျောင်ကလည်း ထွက်ပြေးသွားတဲ့နေရာမှာ လူတစ်ယောက်ကို တွေ့လိုက်တော့ သူ့ကို ဆိုးလ်ပြန်လို့ရအောင် ကားဂိတ်ကို ပို့ဖို့ အဲဒီလူကို ပြောလိုက်မိပါတယ်…။ ဒါပေမဲ့ နောက်မှ သိလိုက်ရတာ အဲဒီလူကလည်း လူကောင်းတစ်ယောက်ဟုတ်မနေခဲ့ဘဲ အင်ဂျောင်ကို ကားဂိတ်ခေါ်သွားမယ့်အစား အခြားတစ်နေရာကို ခေါ်သွားပါတယ်။ အဲဒီ လူသူမရှိတဲ့ ကျေးလက်ဒေသ မြစ်ကမ်းဘေးမှာ ဘာတွေဆက်ဖြစ်ကြမလဲ။ Han Suk Kyu ပါဝင်သရုပ်ဆောင်ထားတဲ့ မွန်းဂျယ်ဆိုတဲ့ ရဲဇာတ်ကောင်ကရော ဘယ်လိုနေရာကနေ ဇာတ်လမ်းထဲ ပါဝင်လာမလဲ .. ဒါရိုက်တာကြီးရဲ့ ပုံစံအတိုင်း ဇာတ်လမ်းတစ်လျှောက် ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမှာမို့လို့ ကြည့်ရှု ခံစားကြည့်ပါဦးနော် .. (အညွှန်းကို M မှ ရေးသားထားပါတယ်) File size…2.4GB / 1GB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 55 min. Genre ….. Thriller, Comedy, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by M Encoded by AHtet

6.4 2006 115 mins
A Bloody Aria