YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Ranjish.Hi.Sahi.S01.EP01.720p.WEB DL.Hinidi.AAC2.0CH(CM).mp4

248.44 MB 720p video/mp4 129 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Scorpion King
5.6

The Scorpion King(ကင်းမြီးကောက်ဘုရင်ကြီး) ဇာတ်ကားဟာ Dwayne Johnson(The Rock) အဓိကဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ပထမဦးဆုံးဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမတိုင်ခင်က The Rock ကြီးဟာ The Mummy Returns ဇာတ်ကားမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပါသေးတယ်။တကယ်တော့ ကင်းမြီးကောက်ဘုရင်ကြီးဇာတ်ရုပ်ဟာ The Mummy Returns ထဲမှ ဇာတ်ရုပ်ကို ခွဲထုတ်ရိုက်ကူးထားခြင်းလည်းဖြစ်ပါတယ်။ The Mummy Returns ဇာတ်ကားထဲမှာတော့ ကင်းမြီးကောက်ဘုရင်ကြီးဟာ တိုက်ပွဲများစွာကို အောင်နိုင်ခဲ့တဲ့ စစ်ဘုရင်ကြီးဖြစ်ပါတယ်။စစ်ဘုရင်တို့ထုံးစံအတိုင်း နောက်ဆုံးမှာတော့ တိုက်ပွဲတစ်ခုမှာစစ်ရှုံးခဲ့ပြီး လက်ကျန်စစ်သည်အနည်းငယ်နဲ့အတူ အာမ်ရှိုင်းယားသဲကန္တာရကြီးကိုဖြတ်သန်း ပြန်လာခဲ့ကြပါတယ်။အာမ်ရှိုင်းယားသဲကန္တာရအလယ်မှာ အစာပြတ်ရေငတ် ဖြစ်ပြီး နောက်ဆုံးမှာတော့ ကင်းမြီးကောက်ဘုရင်ကြီး တစ်ဦးသာ ကျန်ခဲ့ပါတော့တယ်။ကင်းမြီးကောက်ဘုရင်ကြီးသေဆုံးခါနီးမှာ အမှောင်နတ်ဘုရား အနူးဘစ်နဲ့ အပေးအယူလုပ်ပြီး အသက်ရှင်သန်ခွင့်ရခဲ့ရုံသာမက အနူးဘစ်ရဲ့ စစ်တပ်ကြီးကိုဦးဆောင်ကာ ပိုလို့ရက်စက်ကြမ်းကြုတ်တဲ့ စစ်ဘုရင်ကြီးဖြစ်လာခဲ့ပါတယ်။ The Scorpion King ဇာတ်ကားမှာတော့ ကင်းမြီးကောက်ဘုရင်ကြီးရဲ့ ငယ်ရွယ်နုပျိုစဉ်အချိန်ကာလကို ရိုက်ကူးထားတာပါ။ မားသရပ်စ် အမည်နဲ့ လူငယ်လေးဘဝမှ ကင်မြီးကောက်ဘုရင်ကြီးဆိုပြီး အမည်တွင်လာခဲ့ရတဲ့ အကြောင်းရင်းကို ဒီဇာတ်ကားမှာ ကြည့်ရှုကြရမှာပါ။Non-Stop Action ဇာတ်ကားတစ်ကားဖြစ်ပြီး အက်ရှင်ကြိုက်နှစ်သက်သူတွေ သေချာပေါက်ကြည့်ရှုသင့်ပါတယ်။ File size…(2.8 GB) /(950 MB) Quality….BluRay Regrade DS4K HEVC/720p Format…mkv/mp4 Duration….01:31:25 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung

Action • Adventure • Comedy • Family • Science Fiction
5.6 2002 92 mins
The Scorpion King
Resident Evil: Welcome to Raccoon City
6

ဒီရုပ်ရှင်ကတော့ အရင်ထွက်ခဲ့တဲ့ ရက်စီဒန့်အီဗယ် ရုပ်ရှင်တွေနဲ့ သိပ်မဆက်စပ်ထားဘဲနဲ့ ဒါရိုက်တာက မူရင်း ဟော်ရာဗီဒီယိုဂိမ်းကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ ငယ်ငယ်က ဂိမ်းကစားခဲ့ဖူးတဲ့လူတွေတော့ ရင်းနှီးနေမှာပါ။ ဇာတ်ကောင်တွေကလည်း လီရွန်၊ ကလယ်ရာတို့ကိုပဲ ပြန်သုံးထားတာပါ။ ဒီတော့ ဟော်ရာအရသာနဲ့ ဇွန်ဘီးဆိုတာ ဘာလည်းမသိသေးခင် အချိန်ကို ကြည့်ရမှာပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ရက်ကွန်းမြို့က မိဘမဲ့ဂေဟာတစ်ခုမှာ ခရစ် နဲ့ ကလယ်ရာ ဆိုတဲ့ မောင်နှမနှစ်ယောက်ရှိတယ်။ ကလယ်ရာက ဂေဟာကနေ ထွက်ပြေးသွားခဲ့ပြီး ခရစ်ကတော့ ရက်ကွန်းမြို့မှာ ကျန်ခဲ့တာပေါ့။ ရက်ကွန်းမြို့ဟာ ကမ္ဘာအကြီးဆုံးဆေးဝါးကုမ္ပဏီကြီး အမ်ဘရဲလား အခြေစိုက်ခဲ့တဲ့နေရာဖြစ်ပေမဲ့ အခုတော့ အမ်ဘရဲလားက ပြောင်းရွှေ့သွားပြီဖြစ်လို့ လူနည်းစုလေးပဲ ကျန်ခဲ့တဲ့ စွန့်ပစ်မြို့ဖြစ်နေပါပြီ။ တစ်နေ့တော့ အိမ်ပြေးဖြစ်နေတဲ့ ကလယ်ရာဟာ အမ်ဘရဲလားရဲ့မူမမှန်တဲ့စမ်းသပ်ချက်တွေနဲ့ ပတ်သတ်တဲ့ကိစ္စတစ်ခုကြောင့် သူ့အစ်ကိုဆီကို ပြန်လာချိန်မှာ ဇွန်ဘီးတွေပေါ်ထွက်လာလို့ မြို့ထဲမှာ ပိတ်မိသွားပြီး ဇွန်ဘီးတွေလက်ထဲကနေ လွတ်အောင်ရုန်းရတော့မယ်အခြေအနေ ဖြစ်လာတဲ့အခါ... File size… 250MB / 1Gb / 1.3GB Quality…720p HEVC Small Size / 720p WEB RIP / 1080p AAC 5.1CH Format…mkv Duration….1h 47mins Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant & YK Translated by Mr.Anderson

Drama • Sci-Fi & Fantasy
6 2021 107 mins
Resident Evil: Welcome to Raccoon City
Lost Girls
6.1

မာရီဂီးလ်ဘတ်သည် သမီး ၃ယောက်အတွက် ရုန်းကန်နေရသော မုဆိုးမတစ်ယောက် ဖြစ်သည်။ အငယ်ဆုံးသမီးမှာ စိတ်ကျန်းမာရေး ချို့ယွင်းချက်ရှိပြီး အကြီးဆုံးသမီးမှာ တခြားမြို့တွင်အလုပ်လုပ် နေသည်။ တစ်ရက်တွင် သမီးကြီး ဖြစ်သူ ပျောက်နေကြောင်း ကြားသိလာရသောကြောင့် သမီးကြီး အပေါင်းအသင်းများထံ သွားမေးမိသည်။ ထိုအခါမှ သမီးကြီး ပျောက်ဆုံးမှုမှာ သွေးရိုးသားရိုး မဟုတ်သည့် အပြင် မိန်းကလေး တချို့လည်း ထူးထူးဆန်းဆန်း ပျောက်ဆုံးကြောင်း သိလာရသည်။ သမီးပျောက်မှုအတွက် သက်ဆိုင်ရာကို အကြောင်းကြားပေမယ့်လည်း လုံလောက်တဲ့သက်သေမရှိတဲ့အပြင် စောင့်ဆိုင်းဆဲကာလဆိုတဲ့အကြောင်းပြချက် ကြောင့် မာရီဂီးလ်ဘတ်အတွက် သမီးဇောနဲ့ အရူးတစ်ပိုင်းဖြစ်ရပါတယ်... ဒါပေမယ့် သမီးအတွက် သူမဟာ ပူဆွေးနေမယ့်အစား အစွမ်းကုန်ရှာဖွေဖို့ ကြိုးစား ပါတော့တယ်..... သမီးလေးကို ရှာတွေ့နိုင်ပါ့မလား.... ထူးဆန်းစွာပျောက်ဆုံးနေကြရတဲ့နောက်ကွယ်မှာ ဘယ်လောက်ကြောက်စရာကောင်းတဲ့အဖွဲ့အစည်းတွေများရှိနေမလဲ...... လျှို့ဝှက်သည်းဖို ဇာတ်လမ်း နှစ်သက်သူများ အကြိုက်တွေ့မည့် ဇာတ်ကားဖြစ်သည်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ko Myo ပဲဖြစ်ပါတယ်..... File Size : (900 MB) and (341 MB) Quality : WEB-DL 720p Format…mp4 Duration…01:35:00 Genre : Mystery , Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo Encoded by Phyo Pyae

Comedy • Drama
6.1 2020 95 mins
Lost Girls
Other Monsters
4.6

စစ်ထွက် လူပေလူတေကြီးတစ်ယောက် ပိုက်ဆံမရှိ နေစရာမရှိ အလုပ်မရှိ လျှောက်သွား တောင်းစား အရက်ကိုမိုးမလင်းသောက် ဘဝရဲ့ အလင်းရောင် ပျောက်နေရှာသူကြီး…. အဲဒီလူကြီးကို သေဘေးကနေ ကယ်တင်ပေးလိုက်တဲ့ ပြည့်တန်ဆာမလေးတစ်ယောက် နေစရာပေး ပိုက်ဆံပေး အလုပ်ခန့် လစာပေး ခန္ဓာကိုယ်ပါပေး နောက်ဆုံး အချစ်တွေပါ ပေးလိုက်ပါသတဲ့ အဲဒီပြည့်တန်ဆာမလေးကို လူတစ်အုပ်က အနိုင်ကျင့်သတ်ဖြတ်ပြီး စစ်သားထွက်ကြီးကို လူသတ်တရားခံ မုဒိမ်းကောင်အဖြစ် အကွက်ဆင်ထားခဲ့ပြီး နံရံတွေနောက် ၁၄ နှစ် ရောက်သွားရတဲ့ ကံဆိုးသူမောင်ရှင်…. သူထွက်လာတဲ့တစ်နေ့မှာ အဲဒီနေ့က လူတစ်အုပ်ကို တစ်ယောက်ချင်း ရှာဖွေလို့ ပြန်လှန်လက်စားချေတဲ့အခါမှာတော့… စစ်သားအိုကြီး နံရံတွေနောက်ကထွက်လာ ‌ေြခတုန်လက်တုန်နဲ့ သေနတ်ကိုင် လက်စားချေခရီးကြမ်းကို အပြီးထိလှမ်းနိုင်ပါ့မလား… ဒီဇာတ်ကားမှာ အပေါ်ပိုင်းဗလာကျင်းတာတွေ လိင်အသားပေးစကားတွေ အဆဲအဆိုတွေကြောင့် မိသားစုနဲ့ အတူတော့ မကြည့်သင့်ပါဘူး ။ File Size__(1.1GB) / (550MB) Quality__WEB-DL_1080p, 720p IMDb Rating__4.6/10 Format__mp4 Duration__01:32:00 Type__Crime , Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Naing Aung Latt

Action • Adventure • Science Fiction
4.6 2022 93 mins
Other Monsters
Eat Drink Man Woman
7.8

Eat Drink Man Woman (1994) ~ IMDb – 7.8/10, Rotten Tomatoes – 88% ~ Directed by “ Ang Lee ” ” Taiwanese Cinema “ ပြည်မ၊ ဟောင်ကောင်၊ ထိုင်ဝမ် တရုတ်သုံးခြမ်းက ရုပ်ရှင်တွေထဲ ကျွန်တော်တို့ဆီ လူကြည့်အနည်းဆုံးက ထိုင်ဝမ်ပဲဖြစ်မယ်လို့ထင်ပါတယ်။ ဘာလို့ဆို ပြည်မက ခုနောက်ပိုင်း သိုင်းကားတွေ လော်ဘီကားတွေ ဘတ်ဂျက်ကောင်းကောင်းနဲ့ လှိုင်လှိုင်ထုတ်နေသလို ကောင်းသည်မကောင်းသည်က တကဏ္ဍထား၊ ကြည့်တဲ့ပရိသတ်အင်အားကတော့ မနည်းပါဘူး။ ကြည့်ပြီးမှသာ ဆဲချင်ဆဲပါလိမ့်မယ်။ ဟောင်ကောင်ကတော့ သူ့ရွှေခေတ်တုန်းက Mainstream ဆန်ဆန်လိုင်းမှာ John Woo, Johnnie To, Andrew Lau, Tsui Hark, Ringo Lam, Gordon Chan, ချောင်ကားတွေရဲ့ ဒါရိုက်တာတွေဖြစ်တဲ့ Jeffrey Lau တို့၊ Wong Jing တို့နဲ့ တော်တော်ပေါက်ရောက်ခဲ့သလို ကျွန်တော်တို့အားလုံးလည်း ငယ်ငယ်ကတည်းက ဟောင်ကောင်ကားတွေနဲ့ပဲ ကြီးလာကြတာမို့လား။ နှစ်ခုလုံးမှာလည်း Art Film သမားတွေ ရှိပေမဲ့ အခုက အများစုနဲ့ ရင်းနှီးခြင်းမရင်းနှီးခြင်းအကြောင်းကိုပြောနေတာဆိုတော့ သူတို့ကို ခဏတော့ဖယ်ထားလိုက်ပါမယ်။ ထိုင်ဝမ်ကားတွေက ကျွန်တော်တို့အကြည့်အနည်းဆုံးထဲပါပါလိမ့်မယ်။ ဒါပေမဲ့ သိပ်မသိခဲ့ရင်တောင် ကျွန်တော်တို့အရင်ခေတ်မှာတော့ ကင်းဟူရဲ့ ထိုင်ဝမ် သိုင်းကားတွေ Wuxia ကားတွေက ပေါက်ခဲ့တယ်ပြောရမယ်။ ဒီနေ့ထိ King Hu ကို မသိတဲ့လူမရှိသလို သူ့ထိုင်ဝမ်ကား Dragon Gate Inn ဟာလည်း ဒီနေ့ထက်ထိ ဂန္တဝင်ကားဖြစ်နေတုန်းပါပဲ။ဒါပေမဲ့ ကင်းဟူဟာ ဒီမတိုင်ခင်က ရှောဘရားသားနဲ့ နာမည်ကျော်ကားတွေအများကြီးရိုက်ခဲ့ပြီး ၁၉၆၆မှ ရှောဘရားသားက ထွက်ပြီး ထိုင်ဝမ်မှာ သွားရိုက်ခဲ့တာဆိုတော့ သူ့ကို ထိုင်ဝမ်ဒါရိုက်တာစစ်စစ်လို့ ပြောလို့မရပေမဲ့ ထိုင်ဝမ်စီနီမာအပေါ်ကျေးဇူးကြီးခဲ့တဲ့သူပါပဲ။ အန်းလီရဲ့ အော်စကာတွေရထားတဲ့ Crouching Tiger, Hidden Dragon ဆိုလည်း ကင်းဟူရဲ့ ထိုင်ဝမ်မှာ ပထမဆုံးရိုက်ခဲ့တဲ့ မာစတာပိစ်ကား Dragon Inn ကနေ Inspiration ရထားတဲ့ ရုပ်ရှင်ပါပဲ။ Tsai Ming-liang ဆိုလည်း Goodbye, Dragon Inn ဆိုပြီး Dragon Inn ကားပြတဲ့ရုံတစ်ရုံနဲ့ ကြည့်တဲ့လူတွေအကြောင်းသက်သက်နဲ့ကို ဇာတ်ကားကောင်းတစ်ကားရိုက်ထားခဲ့တာပါပဲ။ New Taiwanese Cinema ခေါ် ထိုင်ဝမ် New Wave ခေတ်မှာတော့ Edward Yang နဲ့ Te-Chen Tao တို့နဲ့အတူ In Our Time (1982) နဲ့ ထိုင်ဝမ်စီနီမာလှိုင်းသစ်စခဲ့ပြီး Hou Hsiao-Hsien ကလည်း 83မှာ A Summer at Grandpa တို့လိုကားမျိုးတွေ ရိုက်ခဲ့ပါတယ်။ အတ်ဒဝတ်ယန်းလည်း နောက်ပိုင်းဆက်တိုက်ရိုက်ပါတယ်။ A City of Sadness နဲ့ A Brighter Summer Day တို့ကတော့ သူတို့ရဲ့အကျော်ကြားဆုံးကားတွေ ဖြစ်ပါလိမ့်မယ်။ တခြား ဒါရိုက်တာတစ်ချို့လည်းရှိသေးပေမဲ့ သူတို့ကတော့နာမည်အကျော်ဆုံးတွေပါပဲ။ Second New Wave မှာတော့ Tsai Ming-liang တို့ Ang Lee တို့ ရဲ့ကားတွေကလည်း ကိန်းတို့ဘာတို့ထိ ပေါက်ရောက်ခဲ့သလို အော်စကာဆန်ခါတင်တွေလည်းဖြစ်ခဲ့ပါတယ်။ အန်းလီကတော့ ဟောလိဝုဒ်ကားတွေပဲ အရိုက်များသွားပါတယ်။ Mainstream မဆန်နေတဲ့ သူတို့ရိုက်တဲ့ပုံစံတွေကြောင့်လားတော့မသိ အဲဒီကာလတွေမှာ ဟောလိဝုဒ်ဘလော့ဘတ်စတာကားတွေကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ဘဲ ထိုင်ဝမ်ကားတွေဟာ တော်တော်တိုင်ပတ်ခဲ့ပေမဲ့ ၂၀၁၀နှောင်းပိုင်းမှာတော့ ပေါက်ကားတစ်ချို့နဲ့အတူ မျှော်လင့်ချက်ပြန်ရှိလာခဲ့တယ်ပြောကြပါတယ်။ သူ့ပြည်မှာတောင် သူ့ဘာသာပရိသတ်နည်းနေတဲ့ ထိုင်ဝမ်ကားတွေက ဒီမှာလည်း ပရိသတ်နည်းတာ အံ့ဩစရာတော့မရှိပါဘူး။ ဒါပေမဲ့ ထိုင်ဝမ်နယူးဝေ့တွေကို စခဲ့တဲ့ အကျော်အမော်ဒါရိုက်တာတွေထဲက ထင်ရှားတဲ့လူတွေရဲ့ကားတွေကို ကျွန်တော်ကြည့်ဖူးသလောက်ကတော့ အကုန်လုံး အနပညာအရအဆင့်မြင့်တဲ့ကားတွေများပါတယ်။ ကြည့်စမရှိရင် ပျင်းဖို့တော့နည်းနည်းကောင်းနေမှာဖြစ်လို့လည်း လူကြည့်သိပ်မများခဲ့တာပဲနေပါမယ်။ Channel Myanmar မှာတော့ Yang ၃ကား၊ Hou ၅ကားလောက်၊ Tsai Ming-liang ၅ကားလောက်နဲ့ Ang Lee ကားတော်တော်များများရှိပါတယ်။ ဒါပေမဲ့ အန်းလီဟာ အင်တာမှာ ပေါက်ရောက်နှုန်းနဲ့ ဆုရနှုန်းအရတော့ ဒီအုပ်ထဲက အပေါက်မြောက်ဆုံးလူလို့ပြောရပါမယ်။ ကျွန်တော်တို့ဆီမှာ သူ့ဟောလိဝုဒ်ကားအကုန်နီးပါးရှိပြီး တရုတ်ကားထဲကတော့ ၅ကားထဲက ၂ကားရှိပါမယ်။ ဒီတစ်ကားနဲ့ဆို ၃ကားပေါ့။ အန်းလီအကြောင်းနဲ့ သူ့ပထမဆုံး ရုပ်ရှင်၃ကားဖြစ်တဲ့ ” Father Knows Best Trilogy ” အကြောင်းကိုတော့ အောက်မှာ ဆက်ဖတ်နိုင်ပါတယ်။ ~~~~~~~~~~~~~~ ” Ang Lee “ အန်းလီဟာ ထိုင်ဝမ် Second New Wave Cinema ဒါရိုက်တာတွေထဲ နာမည်အကျော်ဆုံးလို့ ပြောလည်းရပါတယ်။ ” Father Knows Best ” Trilogy နဲ့ Second Wave မှာ ဒါရိုက်တာဘဝအစပြုခဲ့ပြီး ဒီသုံးကားလုံးဟာ ထိုင်ဝမ်ပြည်တွင်းတင်မက နိုင်ငံတကာမှာပါ အနုပညာအရရော အောင်မြင်ခဲ့သလို သူ့ပထမဆုံးသုံးကားဖြစ်တဲ့ ဒီ Trilogy ဟာ သူ့အတွက်မှတ်ကျောက်ကောင်းကောင်းတင်နိုင်ခဲ့တဲ့ကားတွေလည်း ဖြစ်ခဲ့ပါတယ်။ ဒီသုံးကားရိုက်ပြီးနောက်မှာတင် သူ Sense and Sensibility (1995) ကို Emma Thompson တို့ Kate Winslet တို့ Hugh Grant တို့နဲ့ ရိုက်နိုင်နေပါပြီ။ သူ့ပထမဆုံး ဟောလိဝုဒ်ကားမှာတင် Oscar မှာ Emma Thompson က Best Writing ဆုရခဲ့ပါတယ်။ Golden Globe Award for Best Motion Picture – Drama ဆုလည်း ရခဲ့ပါတယ်။ နောက် ၉၇နဲ့ ၉၉မှာ တိုဘီမက်ဂွိုင်းယားနဲ့အတူ The Ice Storm နဲ့ Ride with the Devil ဆက်ရိုက်ပါတယ်။ နှစ်ကားလုံးအလိုက်အထိုက် အောင်မြင်ခဲ့တယ်။ ၂၀၀၀မှာတော့ သူ့ရဲ့နာမည်အကြီးဆုံး တရုတ်အခြေစိုက်ကားလို့ ပြောရမယ့် Crouching Tiger, Hidden Dragon ကို ရိုက်ခဲ့ပါတယ်။ ထိုင်ဝမ်တရုတ်ကားပေမဲ့လည်း Best Picture အပါအဝင် အော်စကာ၁၀ခု ဆန်ခါတင်ဝင်ခဲ့ပြီး Best Cinematography, Best Music , Best Art Direction နဲ့ Best Foreign Language Film လေးဆုရခဲ့ပါတယ်။ အဲဒီနောက် Hulk (2003) ရိုက်ပါတယ်။ ဒါတော့မျက်နှာပျက်ချင်စရာကောင်းပေမဲ့ နောက်တစ်ကားမှာ မာစတာပိစ် ထပ်ထုတ်လိုက်ပါတယ်။ Brokeback Mountain (2005) ပါ။ ထိတ်ထိတ်ကြဲသရုပ်ဆောင်တွေနဲ့ ထိတ်ထိတ်ကြဲစာအုပ်ကို ပြန်ရိုက်တဲ့ကားပါပဲ။ တော်တော်လည်းအောင်မြင်ခဲ့ပါတယ်။ တော်တော်လည်းကောင်းခဲ့ပါတယ်။ ဒါရိုက်တာအနေနဲ့ အော်စကာရခဲ့သလို ရွှေကမ္ဘာလုံးမှာလည်း ဒါရိုက်တာအနေနဲ့ရော BP ရော ရခဲ့ပါတယ်။ အော်စကာဆန်ခါတင်၈ဆုဝင်ပြီး ၃ဆုရခဲ့တယ်။ Lust, Caution (2007) ကိုတော့ တရုတ်မှာပြန်ရိုက်ခဲ့ပြီး ထိုင်ဝမ်ဒါရိုက်တာဟာ ဟောင်ကောင်မင်းသားနဲ့ တရုတ်မင်းသမီးကို သုံးပြီး ရိုက်ခဲ့ပါတယ်။ ထျန်းဝေအတွက် ကံကောင်းတယ်လို့ပြောရမလား ကံဆိုးတယ်လို့ပြောရမလားမသိတဲ့ရုပ်ရှင်ပေါ့။ ၂၀၁၂မှာတော့ Life of Pi ကို ထပ်ရိုက်ခဲ့ပြီး ဆန်ခါတင် ၁၂ဆုဝင်ပြီး ၄ဆုရခဲ့ပါတယ်။ ဒါရိုက်တာဆုလည်းပါပါတယ်။ အော်စကာမှာတင် Best Director ၂ခါရထားပြီး ကိန်းနဲ့ ရွှေကမ္ဘာလုံးမှာလည်းရဖူးပါတယ်။ အန်းလီဟာ ၉၀နောက်ပိုင်း တရုတ်ဒါရိုက်တာတွေထဲတော့ ဟောလိဝုဒ်မှာ အပေါက်မြောက်ဆုံး အော်စကာမှာ အပေါက်အမြောက်ဆုံး ဒါရိုက်တာလို့ ပြောရပါမယ်။ ဂျွန်ဝူးလို ဟောလိဝုဒ်အက်ရှင်ကားတွေကို သွားလွှမ်းမိုးနိုင်တာမျိုးတော့ မဟုတ်ဘူးပေါ့။ နောက်ဆုံး ၂ကားကတော့ Billy Lynn’s Long Halftime Walk (2016) နဲ့ Gemini Man (2019) ပါ။ ဒီ၂ကားနဲ့ Hulk (2003) ကလွဲ သူဟာ တခြား တရုတ်ကားနဲ့ပေါက်ပြီးမှ ကန်ကားသွားရိုက်တဲ့ ဒါရိုက်တာတွေလို ဘာမှမဆိုင်လောက်အောင် ကွာလတီမကျသွားခဲ့ပါဘူး။ မာစတာပိစ်တွေချည်းလို့တောင် ပြောလို့ရပါတယ်။ ဝေါင်ကာဝေးတို့ ဂျွန်ဝူးတို့ နောက် ကိုရီးယားက ဆရာပတ်တို့တောင် ဟောလိဝုဒ်ကားသွားရိုက်ရင် ရေမြေမတူတာကြောင့် ဘာမှမဆိုင်လောက်အောင် ကွာလတီကွာခြားသွားတတ်ပေမဲ့ သူကတော့ ဟောလိဝုဒ်မှာပါ အောင်မြင်ခဲ့ပါတယ်။ လက်ရှိမှာတော့ သူ့သား မေဆန်လီနဲ့ ဘရုစ်လီဘိုင်အိုကား ရိုက်မယ်လို့ ကြေညာထားပါတယ်။ ဘယ်လိုထွက်လာမလဲတော့ စောင့်ကြည့်ရမှာပါပဲ။ ~~~~~~~~~~~~~~ ” Father Knows Best Trilogy “ အန်းလီမှာ တရုတ်ကား၅ကားပဲရှိပြီး သူ့ပွဲဦးထွက် ၃ကားကိုပဲ သူကိုယ်တိုင်ဇာတ်ညွှန်းရေးထားခဲ့တာပါ။ အဲဒီသုံးကားကိုတော့ ‘Father Knows Best’ Trilogy လို့ခေါ်ပါတယ်။ အန်းလီရဲ့ ‘Father Knows Best’ Trilogy ထဲမှာ Pushing Hands (1991) နဲ့ The Wedding Banquet (1993) နဲ့ Eat Drink Man Woman (1994) ဆိုတဲ့ သုံးကားပါပြီး ရှေ့နှစ်ကားကတော့ အမေရိကန်တရုတ်တွေရဲ့ အခြေအနေကိုပုံဖော်ထားတာဖြစ်ပြီး တတိယကား Eat Drink Man Woman ကတော့ ထိုင်ဝမ်မှာချည်း ရိုက်ခဲ့တဲ့ သူ့ရဲ့တစ်ကားတည်းသောကားလည်းဟုတ်ပါတယ်။ ‘Father Knows Best’ ဟာ အဖေတစ်ယောက်နဲ့ သားသမီးတွေကြားက ခေတ်ဟောင်းနဲ့ခေတ်သစ်၊ ရိုးရာနဲ့ တိုးတက်မှု၊ အရှေ့နဲ့အနောက်ယဉ်ကျေးမှု ပဋိပက္ခတွေကို ပုံဖော်ထားတဲ့ ဇာတ်လမ်းတွေဖြစ်ပြီး မိသားစုဒရာမာကားတွေလို့ ပြောလည်းမမှားပါဘူး။ ~~~~~~~~~~~~~~ ” Eat Drink Man Woman (1994) “ သူ့နာမည်ကတော့ ကွန်ဖြူးရှပ်ဝါဒ ဂန္ထဝင်စာအုပ်တွေထဲက တစ်အုပ်မှာပါတဲ့ လူတွေရှောင်လွှဲလို့မရနိုင်တဲ့ လူ့သဘာဝ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ စား သောက် ကာမဆိုတဲ့ အချက်တွေကို ဆိုလိုတာပါ။ အန်းလီကတော့ ပိုဖျော့အောင်လို့လား ကာမသက်သက်မဟုတ်ဘဲ ချစ်ခြင်းကိုပါသက်ရောက်စေချင်လို့လားတော့မသိ Man Woman ဆိုပြီး သုံးသွားပါတယ်။ ပြောရရင် ဒီတစ်ဇာတ်လုံးဟာ အဖေတစ်ယောက်နဲ့သမီး၃ယောက်ကို အခြေတည်ပြီး သူတို့ရဲ့ စားသောက်နေထိုင်ခြင်းတွေ၊ အိမ်ထောင်ရေး အချစ်ရေးတွေ၊ သူတို့ကြားက ဆက်ဆံရေးတွေအကြောင်း ပုံဖော်ရိုက်ကူးထားတဲ့ ကားသက်သက်ပါပဲ။ ပြောရရင် လူတွေတစ်ယောက်နဲ့တစ်ယောက်ကြားက ချစ်ခြင်းတွေဟာ ဖြစ်တည်မှုရဲ့ အဓိပ္ပာယ်၊ ဘဝရဲ့ အဓိပ္ပာယ်အဖြစ်ဆောင်နေတဲ့အကြောင်း သွယ်ဝိုက်ရိုက်ပြထားတယ်ပေါ့။ အန်းလီရဲ့ ‘Father Knows Best’ Trilogy သုံးကားလုံးမှာ အဖေအဖြစ်သရုပ်ဆောင်ထားတဲ့ ထိုင်ဝမ်ဂန္တဝင်မင်းသား Sihung Lung ကပဲ အဖေအဖြစ်သရုပ်ဆောင်ထားတယ်။ အန်းလီငယ်ငယ်ကတည်းက သူ့ကားတွေကို သဘောကျခဲ့လို့ သုံးထားတယ်လို့ဆိုတယ်။ မင်းသမီးတွေကတော့ ထိုင်ဝမ်မင်းသမီးတွေချည်းဆိုတော့ ဟောင်ကောင်ပရိသတ်တွေ ရင်းနှီးလောက်မှာ တစ်ယောက်တော့ပါတယ်။ Wu Chien Lien ပါ။ ဘန်နီချန်းရိုက်ပြီး အန်ဒီလောင်နဲ့သူ တွဲဖက်သရုပ်ဆောင်ထားတဲ့ A Moment of Romance ကြည့်ဖူးရင် သူ့ကို မချစ်မိဘဲမနေလောက်ပါဘူး။ နှစ်သိပ်မကွာလှပေမဲ့ ဒီထဲတော့ A Moment of Romance ထဲကလို အင်နိုးဆန့်ပုံစံနဲ့ အရမ်းငယ်တဲ့ဟန်မရှိတော့ဘဲ သူ့ဇာတ်ကောင်နဲ့လိုက်ဖက်စွာဘဲ ရင့်ကျက်တဲ့ပုံစံဘက်ရောက်သွားပါတယ်။ နောက်နှစ်ယောက်ကိုတော့ ထိုင်ဝမ်ဒါရိုက်တာ Tsai Ming-liang ဖန်တွေသိပါလိမ့်မယ်။ Rebels of the Neon God နဲ့ Vive L’Amour ထဲက အဓိကမင်းသမီးတွေကို သုံးထားတာပါ။ အန်းလီဟာ ထိုင်၀မ်ဒါရိုက်တာပေမဲ့ အန်းလီရဲ့ ထိုင်၀မ်ကားစစ်စစ်ကို ပြပါဆိုလည်း ဒီတစ်ကားပဲပြစရာရှိပါတယ်။ အန်းလီရဲ့ Timeless Masterpiece ထိုင်၀မ်ကားစစ်စစ်ကိုမှ ရင်းနီးပြီးသား မင်းသမီးတွေနဲ့ဆိုတော့ ကြည့်ရလည်းမစိမ်းသလို Edward Yang တို့ Hou Hsiao-hsien တို့ရဲ့ New Taiwanese Cinema အလွန်မှာ ထိုင်ဝမ် Second New Wave ရုပ်ရှင်တွေ ဘယ်လိုအသွင်ပြောင်းလာလဲ ကြည့်ကြည့်ချင်တဲ့လူတွေအတွက်လည်း အဆင်ပြေပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 980MB Quality – 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 2H 4Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.8 1994 123 mins
Eat Drink Man Woman
Angels of Vengeance 2
5.9

နည်းပညာတွေ တိုးတတ်နေတဲ့ ခေတ်ကြီးအတွင်းမှာ ဘယ်အရာမဆို အွန်လိုင်းကနေပြီး စီမံလုပ်ကိုင်လို့ ရနေခဲ့ပါတယ် ။ အဲဒီအထဲမှာ အွန်လိုင်းချေးငွေလုပ်ငန်းတွေကလဲ အပါအဝင်ပါပဲ ။ အာမခံချက် လုံလုံလောက်လောက်မရှိပဲနဲ့ ကိုယ်လိုချင်တဲ့ ငွေပမာဏကို ချေးယူနိုင်တဲ့ အွန်လိုင်းငွေချေးလုပ်ငန်းတွေဟာ တရုတ်နိုင်ငံရဲ့ ဟန်ကျန်းမြို့ကြီးအတွင်းမှာ ပျံ့နှံ့လို့နေခဲ့ပါတယ် ။ ဒီလိုမျိုး လုပ်ငန်းတွေ ခေတ်စားလာခဲ့သလို မြို့အတွင်းမှာ အမျိုးသမီးလူငယ်လေးတွေ အစုလိုက် အပြုံလိုက်ပျောက်ဆုံးမှုတွေဟာလဲ ထူးထူးဆန်းဆန်း ဖြစ်ပေါ်ခဲ့ပြန်ပါတယ် ။ ဒီအမှုကို အထူးရဲတပ်ဖွဲ့ အဖွဲ့ခေါင်းဆောင် ရှိီးယွီ ဦးဆောင်တဲ့ အမျိုးသမီးငယ်လေးများဟာ စတင် စုံစမ်းခဲ့ကြပါတော့တယ် ။ စုံစမ်းပြီးတဲ့နောက်မှာတော့ အမျိုးသမီးလူငယ်လေးတွေ အစုလိုက် အပြုံလိုက်ပျောက်ဆုံးမှုတွေဟာ အွန်လိုင်းချေးငွေလုပ်ငန်းနဲ့ ပတ်သတ် ဆက်နွယ်နေတဲ့ အကြောင်းသိရှိသွားခဲ့တဲ့အပြင် ချေးငွေပြန်မဆပ်နိုင်တဲ့ မိန်းမပျိုလေးတွေဟာ လိင်ကျွန်အဖြစ် သူများနိုင်ငံကို ရောင်းစားခံတယ်ဆိုတဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ သဲလွန်တစ်ခုကိုပါ ရလိုက်တဲ့အခါမှာ ….? ရှီးယွီ ဦးဆောင်တဲ့ အမျိုးသမီးအထူးရဲတပ်ဖွဲ့ဟာ အမှန်တရားနောက်ကို လိုက်ပြီး အမှောင်ထုထဲမှာ ပိတ်မိနေတဲ့ အမျိုးသမီးငယ်လေးတွေကို ကယ်တင်နိုင်ပါ့မလားဆိုတာကတော့ ? သည်းထိတ်ရင်ဖို စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်ရှင် ။ ဒီတော့ အထူးရဲတပ်ဖွဲ့ဝင် အမျိုးသမီးငယ်လေးများရဲ့ စွန့်စားခန်းကို အခုပဲကြည့်ရှုလိုက်ရအောင်ပါနော် ။

Drama • Crime
5.9 2023
Angels of Vengeance 2
Sawah
5.5

Sawah (2019) ========== မိတ်​ဆွေတို့​ ကိုယ်လုပ်ချင်တဲ့အရာထက် လုပ်သင့်တဲ့အရာကို​ ရွေးချယ်ခဲ့ကြဖူးလား ဘယ်အရာကိုပဲဖြစ်ဖြစ် ကိုယ်လုပ်ချင် တာလုပ်ရမှ ​ကျေနပ်ကြတဲ့သူ​တွေရှိသလို အ​​ခြေအ​နေအချိန် အခါကိုလိုက်ပြီး အလိုက်တသိဖြစ်သင့်တာကို​ရွေးချယ်သွား ကြတဲ့သူ​တွေလည်း ဒုနဲ့​​ဒေးပါပဲ။ ဘယ်အရာကိုပဲလုပ်လုပ် တာ ဝန်ယူမှုတာဝန်ခံမှုဆိုတာ ရှိသင့်ပါတယ်။ ကိုယ်လိုချင်တဲ့အရာ ကို အရယူနိုင်ဖို့ မဆုတ်မနစ်ကြိုးစားကြရမှာပါ။ မလုပ်နိုင်ဘူး၊ မလုပ်ချင်ဘူးဆိုတာ ဆင်​ခြေတစ်ခုပါပဲ ဒါက ခင်ဗျား မလိုချင် တဲ့အရာဖြစ်​နေလို့ပါ။ ​ အောင်မြင်မှုကို ဆာ​လောင်တဲ့ စကာရတ်ဖ်က ပြည်တွင်း DJ ပြိုင်ပွဲမှာ အနိုင်ရပြီး ဘရပ်ဆဲလ်မှာလုပ်တဲ့ DJ World Champion မှာယှဥ်ပြိုင်ဖို့ အ​​ရွေးခံလိုက်ရပါတယ်။ ဖြစ်ချင်​တော့ သူတို့ တိုင်းပြည်မှာ ဆန္ဒပြုမှု၊သပိတ်​မှောက်မှုနဲ့ရုန်းရင်းဆန်ခတ်မှု​တွေ ဖြစ်​နေတဲ့ကာလပါ စကာရတ်ဖ်က တိုင်းပြည်ကအ​ခြေအ​​နေကို မငဲ့ဘဲ ပြည်ပထွက်ပြီး​အောင်မြင်မှုကို အရယူချင်​နေတာပါ။ ချစ်သူ ကလည်း ဒီလိုအ​ခြေအ​နေ​တွေမှာ အတူမသွားနိုင်တာ​ကြောင့် စကာရတ်ဖ်တစ်​ယောက် ဘယ်လ်ဂျီယံကို တစ်ကိုယ်​တော်ခရီး သွားထွက်လာခဲ့တယ်။ ကံဆိုးစွာနဲ့ ခရီးစဥ်မှာ ရဲဖမ်းခံလိုက်ရ တယ်။ သူ​အဖမ်းခံလိုက်ရတဲ့​နေရာကလည်း လူဇင်ဘတ်မှာ ဖြစ်​ နေတယ် သွားချင်တာ တစ်​နေရာ၊ ​​ရောက်သွားတာ တစ်​နေရာ ဖြစ်​နေ​တော့ စကာရတ်ဖ် ဘာ​တွေဆက်လုပ်မလဲဆိုတာ ကိုယ် တိုင်ပဲကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်) File Size……….(1.36 GB) / (605 MB) / (345 MB) Quality…………BLU-RAY 1080p / 720p / 480p Duration………1Hr 26Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Thriller Translator…….ZWT Encoder……….SWM

Horror
5.5 2019
Sawah
Mob Land
5.5

Mob Land (2023) မင်းသားကြီး John Travolta ပါဝင်ထားပြီး မူးယစ်ဆေးစွဲသူတွေ ဆေးရောင်းတဲ့ လူဆိုးဂိုဏ်းတွေနဲ့ မသမာသူတွေ ကြီးစိုးနေတဲ့ မြို့အကြောင်းအခြေတည်ထားတဲ့ Action ရုပ်ရှင်သစ်တစ်ကားပါ။ ယခင်က ပြိုင်ကားမောင်းသမားဖြစ်ခဲ့တဲ့ ရှယ်ဘီဟာ ဇနီး သမီးလေးနဲ့အတူ မြို့ငယ်လေးမှာ အခြေချခဲ့ပါတယ်။ သူ့အလုပ်က မြို့လေးနဲ့မအပ်စပ်တဲ့အတွက် သူတို့မိသားစုက အဆင်ပြေလှတယ်ရယ်တော့မဟုတ်ပါဘူး။ ယောက်ဖဖြစ်သူ ထရေးနဲ့ အသိ ရဲမှူးဘိုဒီတို့ကလည်း မကြာခဏလာလည်ကြပါတယ်။ ဇနီးနဲ့သမီးလေး ဆွေမျိုးတွေဆီခဏသွားတဲ့အခါ ထရေးက ဆေးရောင်းသမားတွေဆီက ငွေကို ဓားပြတိုက်ဖို့ လာဆွယ်ပါတယ်။ ရှယ်ဘီက မလုပ်ချင်ပေမယ့် ငွေလိုနေတာရော ထရေးအဆွယ်ကောင်းတာကြောင့်ရော သဘောတူလိုက်ပါတယ်။ အစီအစဉ်ဆွဲတုန်းကတော့ အဆင်ချောပေမဲ့ လက်တွေ့မှာ ထင်သလိုမဖြစ်လာဘဲ ထရေးက လူသတ်မိတဲ့အခါ… သူတို့ဓားပြတိုက်မိတာက မာဖီးယားဂိုဏ်းက ငွေတွေဖြစ်ပြီး အရှုပ်တွေဆက်တိုက်ဖြစ်လာတဲ့အခါ… ထရေးတို့ကို လက်စားချေဖို့ မာဖီးယားဂိုဏ်းက လူ လိုက်လာတဲ့အခါ… ရှယ်ဘီကရော ဘယ်လို ပြစ်မှုတွေ ဆက်လုပ်ရဦးမလဲ သူတို့ကျူးလွန်ခဲ့တဲ့အပြစ်အတွက် ဘာတွေပြန်ပေးဆပ်ရမလဲဆိုတာ စိတ်၀င်စားဖွယ် အားပေးရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 695MB Quality – 1080p, 720p IMDb Rating – 5.5/10 Format – mp4 Duration – 1H 51Min Genre – Action, Crime, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

5.5 2023
Mob Land
Gremlins
7.3

Gremlins (1984) ============ IMDb Rating — 7.3/10 တရုတ်တန်းက စတင်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ် သူ့ခေတ် သူ့အခါမှာတော့ Rating 7 ကျော်ရရှိခဲ့ပါတယ်။ တီထွင်ဖန်တီးရှင် တစ်ဦးဟာ သူလက်ဆော့ထားတဲ့ ပစ္စည်းရောင်းဖို့သွားရင်း သား အတွက် ခရစ္စမတ်လက်ဆောင်ကို တရုတ်တန်းမှာ တွေ့ရှိခဲ့ပါတယ်။ အဲဒါကတော့ ချစ်စရာ မှင်စာလေးတစ်ကောင်ပါပဲ။ မွေးရတာ တာဝန်ကြီးတယ် မရောင်းဘူး ပြောပေမယ့် ဆိုင်ရှင်ရဲ့ မြေးလုပ်သူက ခိုးရောင်းပေးလိုက်ပါတယ်။ မှင်စာလေးကိုမွေးမယ် ဆိုရင် စည်းကမ်း(၃)ခုတော့ရှိတယ် – – နေမထိရ – ရေမထိရ – ည၁၂ကျော်ရင် အစာမကျွေးရ ဆိုတာပါပဲ။ (၃)ခုလေးဆိုပေမဲ့ အဲစည်းကမ်းတွေကိုမလိုက်နာနိုင်ဘဲ ချိုးဖောက် မိတဲ့အခါမှာတော့ . . . (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mugiwara Ya ဖြစ်ပါတယ်) File Size……….(3.94 GB) / (1.02 GB) Quality…………WEB-DL 1080p / 720p Duration………1Hr 46Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Fantasy, Sci-Fi Translator……Mugiwara Ya Encoder……….SWM

7.3 1984
Gremlins
Somewhere Quiet

Somewhere Quiet (2023) ~ Rotten Tomatoes – 91% ~ ဒီတစ်ခါမှာတော့ ၂၀၂၃ ကမှ ထွက်ထားတဲ့ အမေရိကန် ဆိုက်ကိုသည်းထိတ်ရင်ဖိုကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လိုက်ကတော့ မဂ်လို့ခေါ်တဲ့ ဆွီဒင်နိုင်ငံသူ ကိုရီးယားအမျိုးသမီးတစ်ယောက် ဖြစ်ပြီး သူဟာ ပြန်ပေးဆွဲနှိပ်စက်ခံခဲ့ရတဲ့အတိတ်ကနေ စိတ်ပိုင်းဆိုင်ရာအရ ပြန်လည်ထူထောင်ဖို့ ကြိုးပမ်းနေတဲ့သူပဲ ဖြစ်ပါတယ်။ ပျောက်ဆုံးပြီး ရှာမတွေ့တဲ့ တခြားသော အမျိုးသမီးတွေ အများကြီး ရှိခဲ့ပေမယ့် မဂ်ကတော့ သူ့ကို အားလုံးက သေပြီလို့ ယူဆလိုက်တဲ့အချိန်မှာမှ အသက်ရှင်လျက်ပြန်ပေါ်လာခဲ့တဲ့ တစ်ယောက်တည်းသောသူ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ လွတ်မြောက်ပြီပြောပြော စိတ်ဒဏ်ရာဆိုတာ ကုစားရ အင်မတန်ခက်ပါတယ်။ ကံကောင်းထောက်မတာကတော့ မဂ်မှာ ဘေးကနေ အရိပ်တကြည့်ကြည့် ဖေးမ ကြင်နာတတ်တဲ့ စကော့်ထ်ကို ခင်ပွန်းတော်ထားရတာပါပဲ။ တစ်ရက်တော့ စကော့ထ်ဟာ သူ့ရဲ့ မိသားစုစဉ်ဆက်ပိုင်ဆိုင်လာတဲ့ သီးသန့်ကျွန်းပေါ်က အိမ်ကြီးဆီ မဂ်ကို ခေါ်ခဲ့ပါတယ်။ ရည်ရွယ်ရင်းကတော့ လင်မယား၂ယောက် စိတ်အေးလက်အေး သွားနေကြမယ်ပေါ့။ ဒါပေမဲ့ သည်းထိတ်ရင်ဖိုကားဆိုတော့လည်း ဖြစ်ရပျက်ရမှာတွေက ဒီကစဖြစ်မှာမို့ ဒီကစပြီး ဆက်ပြောလို့မရတော့ပါဘူး။ သိပ်ထူးပြီးကောင်းနေတဲ့ ဇာတ်ကားတော့ မဟုတ်ပေမဲ့ ဦးနှောက်မသုံးရဘဲ ငြိမ့်ငြိမ့်လေး အချိန်ဖြုန်းချင်ရင် ဟန်ကျမယ့် ကားမျိုးပါပဲ။ ဒါမှမဟုတ် အချိန်သိပ်မရပေမဲ့ ရုပ်ရှင်တကားတော့ အမြန်ပြီးအောင်ကြည့်ချင်တယ်ဆိုလည်း ဖြည်းဖြည်းချင်းရစ်ကြည့်လည်း ဇာတ်ရှိန်မပျက်လောက်မယ့် ကားမျိုးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.15GB, 985MB Quality – 1080p, 720p Format – mp4 Duration – 1H 42Min Genre – Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

0 2023
Somewhere Quiet
Hummus Full Trailer

အားလုံးပဲ မင်္ဂလာပါ ဒီတစ်ခါမှာတော့ အရင်ကကားတွေနဲ့မတူတဲ့ရသပေးနိုင်တဲ့ကားသစ်လေးတစ်ကားတင်ဆက်သွားမှာပါ ဒီကားလေးကို ဒါရိုက်တာ Adam Kobrovskyနဲ့ Nimrod Reshef ဒါရိုက်တာနှစ်ယောက်က ရိုက်ကူးထားတာပဲ ဖြစ်ပြီး IMDb 7ရရှိထားတဲ့ ကားကောင်းလေးတစ်ကားပါ ဒီကားက ဇာတ်လမ်းအကျဉ်းလေးကတော့ အစ္စရေးကိုခိုးဝင်တဲ့ နောက်တွဲယာဉ်သုံးတွဲမှားသွားတဲ့ အခါမှာ ဖြစ်ပေါ်လာတဲ့ ကိစ္စတွေကို ဟာသနှောတင်ပြထားတာပဲဖြစ်ပါတယ် မင်္ဂလာဆောင်တော့မဲ့ မာဖီးယားဂျူးလူမျိုးရယ် ဂေးစုံတွဲရယ် ဒုစရိုက်လောကဆရာမကြီးရှင်းရစ်ရယ် သုံးဖွဲ့သား အလွှဲတွေနဲ့ ဘယ်လိုခရီးဆက်ကြမလဲ ဒီယာဉ်သုံးတွဲမှာ ဘာပစ္စည်းတွေပါလာမှာလဲ ဘယ်လိုလူတွေနဲ့ တွေ့ကြံုရမလဲဆိုတာကို ဇာတ်အလှည့်အပြောင်းများစွာနဲ့ စိတ်ဝင်တစား ကြည့်ရှုနိုင်မဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် ဟာသအက်ရှင်ကားကြိုက်တဲ့ ပရိသတ်​ကြီးအတွက် ညွှန်းပေးလိုက်ပါတယ်နော် ဇာတ်လမ်းအကျဉ်းရေးသားသူ April Snow File size…(1 GB) Quality….Webrip 720p Format…mp4 Duration….01:32:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by April Snow

Horror • Comedy
0 2022
Hummus Full Trailer
4th Republic
6.5

အခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Nigeria နိုင်ငံရေး thriller ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာဆိုရင် Mabel King လို့ခေါ်တဲ့ အမျိုးသမီး နိုင်ငံရေး ခေါင်းဆောင်ဟာ အကြမ်းဖက်ခံ အခြိမ်းခြောက်ခံ အကျင့်ပျက်ချစားခံရပြီးတော့ ရွေးကောက်ပွဲကို ရှုံးသွားခဲ့ပါတယ်။ ဒီလို မတော်မတရား ရှုံးနိမ့်မှုကို လက်မခံနိုင်တဲ့ Mabel King ဟာ တရားခွင်ဝင်ပြီးတော့ ပြန်လည်တိုက်ခိုက်ပါတော့တယ်။ လာဘ်ပေး‌ လာဘ်ယူမှုတွေ သစ္စာဖောက်မှုတွေ ကို ကြံ့ကြံ့ခံပြီး တရားခွင်မှာ ကြာလာတာနဲ့ အမျှ လျှို့ဝှက်ချက်တွေ ပေါ်ပေါက်လာပါတော့တယ်။ Mabel King ရဲ့တိုက်ပွဲဟာ အာဏာအတွက်တင်မကပဲ နိုင်ငံရဲ့ စစ်မှန်တဲ့ Democracy ရေးအတွက်ပါ ဖြစ်လာပါတော့တယ်။ ဒီဇာတ်လမ်းဟာ လူကြီးမင်းတို့ကို အတွေးအမြင်အသစ်တွေ ပေးပြီးတော့ Nigeria ရဲ့ နိုင်ငံရေးတွေ၊ တရားမျှတမှု၊ ကျားမ ခွဲခြားမှုနှင့် ယိုယွင်းနေတဲ့ စနစ်ကြီးအကြောင်းကို တင်ဆက်ပြသပေးသွားမှာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ Nigeria နိုင်ငံရဲ့ ခက်ခဲခဲ့တဲ့ Democracy လမ်းကြောင်းကို မီးမောင်းထိုးရိုက်ပြထားတာဖြစ်လို့ ကြည့်ရတန်စေမှာပါ ခင်ဗျာ။ File Size : 1.5 GB / 770 MB Quality : WEB_DL 1080p / 720p Running Time : 1hr 59min Format :Mp4 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : Moe Zac Encode by : Thit San Khant

6.5 2019
4th Republic
Holiday in the Vineyards
6.2

Holiday in the Vineyards (2023) IMDb Rating (6.2) နာမည်းကြီး၀ိုင်ထုတ်လုပ်တဲ့ Baldwyn Wines လုပ်ငန်းဟာ သူတို့မပိုင်သေးတဲ့ Los Santos ကို စပျစ်ခြံတစ်ခုကို၀ယ်ယူဖို့ကြိုစားနေပါတယ်။ ဒီခြံဟာ လေလံတင်ထားတာကြောင့် ပိုင်ရှင်ဖြစ်တဲ့ Margo Baldwyn က သူ့သားဖြစ်တဲ့ Carter ကို စေလွှတ်ပြီး တိတ်တဆိတ်သတင်းတွေ နှိုက်ဖို့စေလွှတ်ခဲ့ပါတယ်။ ဒီတော့ Carter လည်း Los Santos ကိုရောက်ရှိသွားခဲ့ပြီး သူ့အလုပ်ကို အတွင်းလူအဖြစ်စတင်လှုပ်ရှားပါတော့တယ်။ သူကတော့ Val လို့ခေါ်တဲ့ အိမ်ခြံမြေအကျိုးဆောင်အေဂျင့်ရဲ့အိမ်မှာ လက်သမားဆရာအဖြစ်၀င်ရောက်လုပ်ကိုင်ပြီး သူတို့နဲ့ရင်းနှီးမှုယူခဲ့ပါတယ်။ Los Santos ရောက်တော့ Carter ဟာ ဒီလူအဖွဲ့အစည်းရဲ့ ၀ိုင်အပေါ်ကိုထားရှိတဲ့ စိတ်အားထက်သန်မှုတွေ, ကောင်းမွန်တဲ့၀ိုင်ထုတ်လုပ်မှုတွေကို တွေ့ရှိပြီးတဲ့နောက်မှာ စိတ်ပြောင်းလာပါတယ်။ Baldwyn Wines လုပ်ငန်းဟာ နာမည်သာရှိပြီး ကောင်းတဲ့၀ိုင်တွေမထုတ်လုပ်နိုင်ပါဘူး။ အဲဒါကြောင့်ဒီအကြံဟာ မသင့်တော်မှန်းအမြင်မှန်ရပြီးတဲ့နောက်မှာ သူအမေရဲ့အကြံကိုဆန့်ကျင်လာပါတော့တယ်။ စီပွားရေးကို စိတ်အားထက်သန်တဲ့သူ့အမေကို Carter နဲ့ Los Santos က ၀ိုင်ထုတ်လုပ်သူတွေက Baldwyn Wines လုပ်ငန်းကို ဘယ်လိုတွန်းလှန်မလဲဆိုတာ ကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Son Gohan ဖြစ်ပါတယ်။) File size…(2.1 GB) / (890 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:49:19 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Son Gohan

6.2 2023 107 mins
Holiday in the Vineyards