YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Ran Dok Ngiew (2022) Ep.7.mp4

509.13 MB N/A video/mp4 427 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Death of a Fisherman
5.9

မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာမရှိပါဘူး။ အင်မတန်သေးငယ်တဲ့ အပြစ်ပဲဖြစ်ဖြစ်၊ အကြီးဆုံးအပြစ်ပဲဖြစ်ဖြစ် မကောင်းမှုပါပဲ။ ဘယ် လောက်ပဲဖုံးဖိထားထား အချိန်တန်ရင် ဘူးပေါ်သလိုပေါ်ရတာချည်း ပါပဲ။ အခုမိတ်ဆက်ချင်တဲ့ဇာတ်ကားလေးဟာလည်း သင်္ဘောသား တစ်ယောက် အသတ်ခံရပြီး ကမ်းခြေမှာပေါ်လာတာကစပြီး တရားခံ တွေ ဖုံးကွယ်ထားတဲ့အမှုတွေ တစ်ခုပြီးတစ်ခုပေါ်လာတဲ့ စပိန်မှုခင်း ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ပန်ဂျွန်ဆိုတဲ့ ဆိပ်ကမ်းမြို့လေးတစ်မြို့မှာ ကာစတယ်လိုဆိုတဲ့ သင်္ဘော သားရဲ့အလောင်း ပေါ်လာခဲ့ပါတယ်။ ဒီတော့ စုံထောက် လီယိုကယ်လ် ဒက်စ် နဲ့ အရာရှိ ရာဖာအက်စ်တီဗက်စ် တို့ဟာ ဒီအမှုကိုဖော်ထုတ်ဖို့ ရောက်ရှိလာကြပါတယ်။ သူတို့စုံစမ်းရင်း သိလာရတာက ဒီအမှုဟာ သာမာန်လူသတ်မှုတင်မဟုတ်ပဲ လွန်ခဲ့တဲ့နှစ်နှစ်က ပျောက်ဆုံးသွားခဲ့တဲ့ ရေဘက်ကာနီရာ ဆိုတဲ့အမျိုးသမီးရဲ့ အမှုနဲ့ပါဆက်စပ်နေတာကို တွေ့လာ ရပါတယ်။ သူတို့တွေဟာ ကာစတယ်လိုကိုသတ်ခဲ့တာ ဘယ်သူဖြစ်မလဲ၊ ပျောက် ဆုံးနေတဲ့ အမျိုးသမီး ရေဘက်ကာကရော ဘယ်ရောက်နေမလဲ၊ တရားခံ ဘယ်နှယောက်လောက်ရှိနေမလဲ၊ အမှုနှစ်ခုဟာ ဘယ်လိုဆက်စပ်နေမလဲ ဆိုတာကို စုံစမ်းဖော်ထုတ်တာဟာ စိတ်၀င်စားဖို့ကောင်းလွန်းတာကြောင့် မှုခင်းဇာတ်လမ်းကြိုက်သူတွေအနေနဲ့ ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ ညွှန်းလိုက်ချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jaka ဖြစ်ပါတယ်) File Size..........(1.7 GB) / (727 MB) / (423 MB) Quality............WEB-Rip 1080p / 720p / 480p Duration.........1Hr 36Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, Drama, Mystery Translator.......Jaka Encoder..........SWM

Action • Adventure • Crime • Thriller
5.9 2015 105 mins
Death of a Fisherman
The Reader
7.4

IMDb Rating (7.6) မင်းသမီး ကိတ်ဝင်းစလက် အော်စကာဆုရခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဂျာမန်စာရေးဆရာ Bernhard Schlink ရဲ့The Reader ဆိုတဲ့စာအုပ်ကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတဲ့ ဇာတ်ကားပါ။ ဇာတ်လမ်းကတော့ ရသစုံပါတယ်... ပညာပေးဇာတ်ကားလို့ပြောလို့ရသလို အချစ်အလွမ်းဒရမ်မာလဲ အပြည့်ပါပဲ။ ဟန်နာရှမစ်(ကိတ်ဝင်းစလတ်)ဟာ စာမတတ်သူပါ.. သူဟာ နာဇီတွေရဲ့ လူသတ်စခန်းတစ်ခုမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ဂျူးတွေကိုသတ်ဖို့ လူရွေးချယ်ပေးရတဲ့ အလုပ်ကိုလုပ်ခဲ့သူပါ... ဒါပေမယ့် သူရွေးလိုက်တဲ့လူတွေ သတ်ခံရတယ်ဆိုတာတောင် သူသိပုံမရတဲ့အထိ တုံးအတဲ့ စာမတတ်ပေမတတ်လေးပါ။ ဒါပေမယ့် စစ်ကြီးပြီးသွားတဲ့အခါ သူဟာလဲ သူမသိတဲ့ပြစ်မှုတွေအတွက် တာဝန်ရှိစွာ အစစ်ခံရပါတော့တယ်။ ဒီတော့ စာမတတ်တဲ့ဟန်နာတစ်ယောက် တရားရုံးမှာ စာနဲ့ပေနဲ့တကွ ဖြေရှင်းရတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာ....။ စာမတတ်လို့ အမှားကိုအမှားမှန်းမသိ...ပြစ်မှုကိုပြစ်မှုမှန်းမသိပေမယ့် ကျူးလွန်မိရင်တော့ ပြစ်မှုကနေ ရှောင်လွှဲလို့မရဘူး...ဖြေရှင်းဖို့ဉာဏ်လဲမမီဘူးဆိုတာကို ညွှန်းချင်ကြရင် ဒီဇာတ်ကားကို တခုတ်တရညွှန်းဆိုကြပါတယ်။ ကြည့်ကြည့်ကြပါ...တကယ်ကောင်းပါတယ်။ ကိတ်ဝင်းစလတ်နဲ့မင်းသားတို့ရဲ့ အချစ်ခန်းတချို့ကတော့ မိသားစုနဲ့ကြည့်လို့မရပါဘူး။ File size…(2 GB)/(800 MB) Quality….BluRay 1080p/720p Format…mp4 Duration….02:03:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Alexon

Comedy • Drama • Romance
7.4 2008 124 mins
The Reader
Doctor Zhivago
7.5

IMDb (8/10) / Rotten Tomatoes 84% ဂန္တဝင်တို့ရဲ့ဂန္တဝင် ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်ကားကို "ကြီး"ထည့်‌ ပြောရလောက်အောင် တကယ်ပဲ အနုပညာဆန်မှု၊အောင်မြင်မှု၊ကျော်ကြားမှုတွေ အကြီးကြီးတွေ ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်လို့ပါ။ ဒေါက်တာဇီဗားဂိုး လို့ပြောလိုက်ရင် ရုပ်ရှင်ဝါသနာရှင်တွေရော စာပေသမားတွေပါ သိပြီးဖြစ်ကြပါလိမ့်မယ်။ အထူးသဖြင့်တော့ သက်ကြီးပိုင်းပရိသတ်တွေက ပိုသိကြမှာပါ။ ရုပ်ရှင်အကြောင်းမပြောခင် ဒီဇာတ်လမ်းကိုရိုက်ကူးခဲ့တဲ့ ဝတ္ထုနဲ့စာရေးဆရာတို့‌အကြောင်းကို အရင်ပြောပါရ‌စေ။ နောက်ခံသမိုင်းကြောင်းလေး နည်းနည်းသိထားရင်လည်း ကြည့်ရတာ ပိုအရသာရှိမှာဖြစ်လို့ပါပဲ။ တချိန်က ကမ္ဘာပေါ်မှာ ကွန်မြူနစ်ဝါဒဆိုတာ အလွန်ပျံ့နှံ့ရေပန်းစားခဲ့တဲ့ အရာတစ်ခုပါ။ လူတန်းစားမညီမျှမှုတွေကို တိုက်ဖျက်ဖြိုချပြီး ပစ္စည်းမဲ့တွေရဲ့လောကနိဗ္ဗာန်ထူထောင်ရေး ဆိုတဲ့ သဘောတရားပါပဲ။ အလွတ်သဘော အကြမ်းဖျင်းပြောရရင်တော့ ဒုတိယကမ္ဘာစစ်ပြီးချိန်ကစလို့ ၁၉၉၀ခုနှစ်လောက်အထိ ကွန်မြူနစ်ဝါဒ အလွန်အားကောင်းခဲ့ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုလို့ခေါ်ကြတဲ့ USSR (United States of Soviet Russia) ဟာ အမေရိကန်ပြည်ထောင်စု(အရင်းရှင်စနစ်ကျင့်သုံးတဲ့နိုင်ငံ)နဲ့ အားပြိုင်ရင်း စစ်အေးတိုက်ပွဲနွှဲနေခဲ့ကြတဲ့ကာလတွေပါ။ "တပ်နီတော်" တို့ ၊ "အလေးနီ"ပြုပါတယ် တို့ စသဖြင့် ကွန်မြူနစ်ဆိုရင် ရဲရဲနီပါပဲ။ အချင်းချင်းပြောဆိုဆက်ဆံတဲ့အခါမှာလည်း နာမည်/ရာထူးရှေ့မှာ Comrade(ရဲဘော်) လို့ ထည့်ခေါ်ကြတာလည်း ကွန်မြူနစ်တွေရဲ့ ဝိသေသပါပဲ။ ဇာတ်ကားထဲမှာ ဇာတ်ကြောင်းပြောနေတဲ့ ဗိုလ်ချုပ်ကြီးကိုတောင် "ရဲဘော်ဗိုလ်ချုပ်ကြီး"လို့ခေါ်တာ ကြည့်ပါတော့။ သူတို့အထာမသိရင် နားလည်ဖို့အခက်သားပါပဲ။ ၁၉၅၇ ခုနှစ်မှာ ဆိုဗီယက်စာရေးဆရာ ကဗျာဆရာ ဘောရစ်စ် ပက်စတာညက်ဗ် (Boris Pasternak) ရေးသားတဲ့ Doctor Zhivago ဝတ္ထုကို အီတလီနိုင်ငံမှာ ထုတ်ဝေခဲ့ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုမှာ မထုတ်ဘဲ ဘာလို့ အီတလီမှာထုတ်ဝေခဲ့ရလဲဆိုရင်တော့ ဆိုဗီယက်အာဏာပိုင်တွေက ဒီစာရေးဆရာကို မျက်မုန်းကျိုးနေလို့ပါပဲ။ ကွန်မြူနစ်နိုင်ငံတွေမှာ အနုပညာလွတ်လပ်ခွင့်ဆိုတာ ပါတီက ခွင့်ပြုသလောက်ပဲ လွတ်လပ်နိုင်တာပါ။ ဒီဝတ္ထုမှာက ပထမကမ္ဘာစစ်နဲ့ ရုရှပြည်တွင်းစစ်ကို နောက်ခံထားပြီး ဇာဘုရင်ကျဆုံးချိန်၊ ကွန်မြူနစ်နိုင်ငံစတင်တည်ဆောက်ချိန်တွေမှာ ပြည်သူတွေ ဆင်းရဲဒုက္ခရောက်ကြရပုံတွေကို လူသားဆန်တဲ့ ရှုထောင့်ကနေ ပုံဖော်ရေးသားထားတာကြောင့် အာဏာပိုင်တွေက မကြိုက်ကြတာ မဆန်းပါဘူး။ ဒီစာအုပ်ကို ပြည်တွင်းမှာ ဖတ်ရှုခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။ ဒါပေမဲ့ နိုင်ငံတကာမှာတော့ ဒီစာအုပ်ဟာ အလွန်အောင်မြင်ခဲ့ပြီး တော်စတွိုင်းရဲ့ စစ်နှင့်ငြိမ်းချမ်းရေး ဝတ္ထုရှည်ကြီးနဲ့အတူ ဂန္တဝင်စာပေစာရင်း ဝင်သွားခဲ့ပါတယ်။ အဲဒါကြောင့်ပဲ ၁၉၅၈ နိုဘယ်ဆုရသူတွေစာရင်းမှာ ဘောရစ်စ် ပက်စတာညက်ဗ်ကို စာပေဆိုင်ရာနိုဘယ်ဆု ချီးမြှင့်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ကွန်မြူနစ်အာဏာပိုင်တွေရဲ့ ဖိအားပေးမှုကြောင့် စာရေးသူဟာ အဲဒီဆုကို ငြင်းပယ်ခဲ့ရပါသတဲ့။ (၁၉၈၉ ခုနှစ်ရောက်မှ သူ့သားတစ်ယောက်က သူ့ကိုယ်စား ဆုသွားယူခဲ့ရတယ် လို့ ဆိုပါတယ်) မြန်မာဘာသာပြန်ဝတ္ထု အနေနဲ့ကတော့ စာရေးဆရာ ဘုန်းမြင့်(မန္တလေး)က ဘာသာပြန်ဆိုထုတ်ဝေခဲ့ဖူးတယ် လို့ သိရပါတယ်။ ဒီဇာတ်လမ်းမှာ ကွန်မြူနစ်တပ်နီတော်ရဲ့ ဗိုလ်ချုပ်ကြီးတစ်ယောက်က သူ့ရဲ့ အဖေတူအမေကွဲ အစ်ကိုတော်စပ်သူ နာမည်ကျော်ကဗျာဆရာ ဒေါက်တာဇီဗားဂိုးရဲ့ သမီးကို လိုက်လံရှာဖွေရင်း ဇာတ်ကြောင်းပြောဟန်နဲ့ စဖွင့်ထားပါတယ်။ မိဘမဲ့ကောင်လေးဇီဗားဂိုး ကို သူ့မိဘတွေရဲ့မိတ်ဆွေလင်မယားက မွေးစားခဲ့ပါတယ်။ အဲဒီလင်မယားမှာ သမီးလေး တွန်ညာ ဆိုတာရှိပြီး သူမဟာ နောက်တော့ ဇီဗားဂိုးရဲ့ဇနီးဖြစ်လာမယ့်သူပါပဲ။ ဇီဗားဂိုးဟာ ဆေးပညာသင်ယူနေချိန်မှာပဲ ကဗျာဆရာတစ်ယောက်အဖြစ် ကျော်ကြားလာခဲ့ပါတယ်။ တစ်ညမှာတော့ ဆရာဝန်ဖြစ်ခါစ ဒေါက်တာဇီဗားဂိုးဟာ ခရစ္စမတ်အကြိုညပါတီပွဲတစ်ခုမှာ သေနတ်နဲ့အပစ်ခံလိုက်ရတဲ့ ရှေ့နေတစ်ယောက်ကို ပြုစုကုသပေးခဲ့ရတယ်။ ရှေ့နေကြီးရဲ့နာမည်က "ဗစ်တာ အစ်ပိုလီတိုဗစ်ခ်ျ ကိုမာရော့ဗ်စကီ" ပါတဲ့။ (ရုရှားရုပ်ရှင်၊ဝတ္ထုတွေမှာ အဲလို နာမည်ရှည် နာမည်ရှုပ်ကြီးတွေကိုတော့ သည်းခံပေးရလေ့ရှိပါတယ်။) သေနတ်နဲ့ပစ်သူကတော့ လာရီဆာ အန်တီပိုဗာ (ခေါ်) လာရာ ဆိုတဲ့ မိန်းမချောငယ်လေးတစ်ယောက်ပါပဲ။ သူတို့နှစ်ယောက်ကြားက ဇာတ်လမ်းကတော့ ................. ဇာဘုရင်ရဲ့အုပ်စိုးမှုကို ဆန့်ကျင်လိုတဲ့ ခေတ်ကြီးကိုအတင်းပြောင်းချင်ကြတဲ့ အင်အားစုတွေရဲ့ လှုပ်ရှားမှု ဆန္ဒပြမှုတွေ အကြမ်းဖက်နှိမ်နင်းခံရတာကိုလည်း ဖော်ပြထားတာတွေ့ရမှာပါ။ ပထမကမ္ဘာစစ်ကြီးအတွင်းမှာ စစ်တပ်ဆရာဝန်အနေနဲ့တာဝန်ထမ်းဆောင်ခဲ့ရတဲ့ ဒေါက်တာဇီဗားဂိုးဟာ ကမ္ဘာစစ်ကြီးအပြီးမှာ ဆက်ဖြစ်လာတဲ့ ရုရှပြည်တွင်းစစ်ကြောင့် ဇနီးနဲ့သားရှိရာကို မပြန်နိုင်ဘဲ ဆက်လက်စစ်မှုထမ်းနေခဲ့ရတယ်။ အဲဒီအချိန်မှာ စစ်အတွင်းက ပျောက်ဆုံးသွားတဲ့ ခင်ပွန်းသည်ကိုရှာဖွေဖို့ စေတနာ့ဝန်ထမ်းသူနာပြုအနေနဲ့ စစ်မြေပြင်ကိုရောက်လာတဲ့ "လာရာ" နဲ့ ဆုံမိခဲ့ကြပါတယ်။ အတူအလုပ်လုပ်ရင်း သံယောဇဉ်တွယ်မိခဲ့ကြပေမယ့် မစွန်းထင်းမိအောင် နှစ်ယောက်လုံး ချုပ်တည်းနိုင်ခဲ့ကြတယ်။ တပ်ကထွက်ခွင့်ရလို့ မော်စကိုမြို့တော်ကို ဒေါက်တာဇီဗားဂိုး ပြန်လာတဲ့အခါ ခေတ်ကြီးကပြောင်းနေပါပြီ။ သူတို့မိသားစုနေတဲ့ အိမ်ကြီးဟာ စုပေါင်းအိမ်ယာတစ်ခုအဖြစ် ပုံဖော်ခံခဲ့ရပြီးနောက် တခြားမိသားစုတွေနဲ့အတူ ကျဉ်းကျပ်စွာနေထိုင်ရပြီး ကုန်ဝယ်စာအုပ် ၊ ရိက္ခာလက်မှတ် ၊ ပြည်သူတွေကို လုံလောက်အောင် မထောက်ပံ့နိုင်တဲ့ ရာရှင်စနစ် စသဖြင့် ကွန်မြူနစ်နိုင်ငံတော်ကြီး စတင်တည်ဆောက်တဲ့ကာလမှာ ဒုက္ခများစွာနဲ့ ရင်ဆိုင်ဖြတ်သန်းရပါတော့တယ်။ ပိုဆိုးတာက သူ့ရဲ့ကဗျာတွေက ခေတ်နောက်ပြန်ဆွဲနေတယ် စိတ်ကူးယဉ်ဆန်တယ် စသဖြင့် ကွန်မြူနစ်ပါတီခေါင်းဆောင်တွေက သူ့ကိုမကြိုက်ကြတာပါပဲ။ သူက ပါတီကိုလည်းမဝင်ဘူး၊ ပါတီလုပ်သမျှ မျက်စိမှိတ်ထောက်ခံသူလည်း မဟုတ်ဘူးဆိုတော့ ပိုပြီး အညှိုးခံရတာပေါ့။ အဲဒါ‌ကိုသူက သဘောမပေါက်ပေမယ့် သူ့ညီ(ဇာတ်ကြောင်းပြောသူ) သဘောပေါက်တဲ့အတွက်ကြောင့် သူ့ကို မော်စကိုကနေ ဝေးလံတဲ့တနေရာမှာ ဇာတ်မြှုပ်နေထိုင်ဖို့တိုက်တွန်းပါတော့တယ်။ အခုပြောပြီးခဲ့သမျှက ဇာတ်လမ်းတဝက်စာပဲရှိပါသေးတယ်။ ကြည့်ကြတဲ့အခါ ရသမပျက်စေချင်လို့ ဇာတ်လမ်းကို ဒီအထိပဲ ညွှန်းပါရစေ။ ဇာတ်ကားကြာချိန်က (၃)နာရီ နဲ့ (၂၀)မိနစ်ရှိပါတယ်။ ဒါပေမဲ့ ကြည့်တဲ့အခါမှာ ပျင်းတဲ့စိတ်တစ်ကြိမ်မှမပေါ်ဘဲ စီးမျောပါဝင်သွားကြမှာပါ။ အနုပညာအရရော ငွေကြေးအရပါ အောင်မြင်ခဲ့တဲ့ဇာတ်ကားပါပဲ။ ဘတ်ဂျက် ဒေါ်လာ (၁၁)သန်းနဲ့ရိုက်ကူးခဲ့ပြီး တကမ္ဘာလုံးကဝင်ငွေ ဒေါ်လာ(၂၄၈.၂)သန်း ပြန်ရခဲ့တာကိုသာ ကြည့်ပါတော့။ အကယ်ဒမီဆုပေါင်းများစွာလည်းရရှိခဲ့ပါတယ်။ အော်စကာဆု ငါးဆုနဲ့ အခြားဆုပေါင်း (၁၆)ဆုအထိ ရရှိခဲ့တယ်လို့ သိရပါတယ်။ စစ်ပွဲနဲ့သမိုင်းနောက်ခံအချစ်ဇာတ်လမ်းမျိုးကို နှစ်ခြိုက်ကြသူတွေရဲ့ အသည်းစွဲဖြစ်မယ့် ဇာတ်ကားပါပဲ။ ကွန်မြူနစ်လောကနိဗ္ဗာန် ဆိုတာကို တမ်းတခဲ့ကြသူတွေ ရှိနေသေးရင်လည်း ဒီကားထဲက ကွန်မြူနစ်အင်တာနေရှင်နယ် သီချင်းသံကြားရရင် အလွမ်းပြေကြမယ် ထင်ပါရဲ့။ အချစ်ဇာတ်လမ်းသက်သက်ကို ရွေးပြီးခံစားလိုသူတွေအတွက်လည်း ကာမဆန္ဒကိုတပ်မက်တဲ့အချစ်၊ လူသားဆန်တဲ့အချစ် ၊ တိုင်းသူပြည်သားတွေကို သနားစာနာတဲ့အချစ် ၊ ဝါဒတစ်ခုကို ကိုးကွယ်တဲ့အချစ် စသဖြင့် အချစ်မျိုးအထွေထွေကို တွေ့မြင်ခံစားရပါလိမ့်မယ်။ ဘယ်ခေတ်ရောက်ရောက် တို့ကတော့ ပန်းပန်လျက်ပါပဲ ဆိုတဲ့ လူစားမျိုးတွေအကြောင်းလည်း တွေ့ရမှာပါ။ ရှေးခေတ်ကဇာတ်လမ်းဖြစ်ပေမယ့် လူ့သဘာဝနဲ့လောကသဘာဝ ကို ပီပြင်အောင်ဖော်ကျူးထားတာဖြစ်လို့ ခေတ်အဆက်ဆက်မှာ ဘယ်တော့မှ မပျောက်ပျက်သွားမယ့် ဂန္တဝင်ရုပ်ရှင်တစ်ကားဖြစ်ကြောင်း ညွှန်းလိုက်ချင်ပါတယ် ခင်ဗျာ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Thaman Myint မှ ခံစားတင်ဆက်ထားပါတယ်။) File size…(3.6 GB)/(1.3 GB) Quality….BluRay 1080p/720p Format…mp4 Duration….03:20:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Thaman Myint

Romance • Science Fiction
7.5 1965 200 mins
Doctor Zhivago
Roman Holiday
7.9

IMdb 8 အထိ လူ တစ်သိန်းကျော် vote ပေးထားတဲ့ ဂန္ဓဝင် အချစ် ဟာသကားလေး ကြည့်လိုက်ရအောင်။ အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆု၊ အကောင်းဆုံးဇာတ်ညွှန်းဆု၊ အကောင်းဆုံးဝတ်စုံဆု အော်စကာတွေ ရခဲ့ပါတယ်။ ခုခေတ်စကားနဲ့ ပြောရင်တော့ စောင်ကိုက်ရမယ့် ဇာတ်လမ်းလေးပေါ့။ တော်၀င်မင်းသမီးလေးတပါးဖြစ်တဲ့ အန်းဟာ ရောမမြို့ကို လည်ပတ်ရင်းနဲ့ တာ၀န်၀တ္တရားတွေကိုမခံနိုင်တဲ့အတွက် ထွက်ပြေးပါတယ်။အဲဒီမှာ အမေရိကန်သတင်းထောက်ဖြစ်သူ ဂျိူးနဲ့ တွေ့မိရာမှာ မမျှော်လင့်ဘဲ သံယောဇဉ်တွယ်မိပါတယ်။ တော်တော်ရယ်ရပြီး ဇာတ်လမ်းကလည်းကြည်နူးစရာကောင်းပါတယ်။ရောမမြို့ရဲ့အထင်ကရနေရာတွေမှာ ရိုက်ကူထားတာပါ။ ဟောလိဝုဒ်သမိုင်းတစ်လျှောက်အကောင်းဆုံးသရုပ်ဆောင်တွေထဲမှာ ပါ၀င်တဲ့ မင်းသမီးချော Audrey Hepburn ပထမဆုံးအော်စကာရတဲ့ကားဖြစ်ပြီး မင်းသားကြီး Gregory Peck နဲ့အတွဲညီညီ သရုပ်ဆောင်ထားပါတယ်။တကယ်ကောင်းတဲ့ကားလေးမို့လို ကြည့်ကြည့်ဖို့တိုက်တွန်းပါတယ် File size…(1.91 GB)/(1.07 GB)/(573.93 MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:58:00 Genre...Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP

7.9 1953 119 mins
Roman Holiday
The Love Story
5.8

CM ချစ်ပရိသတ်တွေအတွက် ရယ်စရာ မောစရာ ဟာသ ပညာပေးဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… အခုလို တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ live လွှင့်ခြင်း အနုပညာဟာ ရိုးရာတစ်ခုလို ဖြစ်လာပါပြီ ဒီဇာတ်ကားလေးထဲမှာလဲ ဆောက်လုပ်ရေးက နေ့စားသမားလေးဟာဆိုရင် အရက်မူးပြီး သူ့ကို လောင်ကုန်း လောင်ကုန်းခေါ် ချွဲနေတဲ့ အွန်လိုင်းက ချွမ်ရှောင်းကို သူ့ကို သူဌေးက အားလုံးအတွက် ပေးဖို့ ပေးထားတဲ့ အလုပ်လစာ ၂ သိန်းကို မူးမူးနဲ့ လက်ဆောင်တွေ ပေးလိုက်တယ်လေ… အဲ့တာကို ပြန်တောင်းဖို့ကြိုးစားချိန်မှာပဲ ချွမ်ရှောင်းကလည်း သူ့ဆီကို တခြားအကြံတစ်ခုနဲ့ ကပ်လာတာကြောင့် သူတို့ ၂ ဦးသား ခရီးတစ်ခုကို အစီစဉ်မရှိ ရုတ်တရက် ထွက်သွားဖြစ်ခဲ့တာပေါ့… ကဲ ချွမ်ရှောင်းက ဘာအကြံနဲ့ သူ့ဆီချဉ်းကပ်တာလဲ… နောက်ပြီး အကြံစည် အောင်မြင်မှာလား… ဒီခရီးလမ်းက ဘယ်လို ပြီးဆုံးမှာလဲ… ကဲ ဇာတ်ကားလေးကြည့်ရင်း အဖြေဖော်ထုတ်လိုက်ကြရအောင်~

5.8 2022
The Love Story
Halloween Massacre (2023)

1962 မှာဖြစ်ခဲ့တဲ့ ဟောလိုးဝင်းည လူသတ်မှုအကြောင်းကို ရုပ်ရှင်အဖြစ် ပြန်လည်ပုံဖော်ထားတာပါ 1969 မှာ FBI က 1962 ဟောလိုးဝင်းပါတီတစ်ခုက လူ ၇ ယောက်ကိုသတ်ခဲ့တဲ့ လူသတ်သမားရဲ့ မျက်နှာဖုံးကို ရှာတွေ့ခဲ့ပါတယ် မျက်နှာဖုံးနဲ့အတူ အဲဒီလူသတ်မှုဖြစ်စဉ်က ကင်မရာမှတ်တမ်းကိုပါ တွေ့ခဲ့ပေမဲ့ လူသတ်သမားကိုတော့ ဖမ်းမိခဲ့ခြင်းမရှိပါဘူး ဇာတ်လမ်းအကျဉ်းကတော့ သူငယ်ချင်းအုပ်စုတစ်စုက ဟောလိုးဝင်းညတစ်ညမှာ လူသူကင်းမဲ့တဲ့ တောထဲက အိမ်တစ်လုံးကို ခရီးထွက်လာကြပါတယ် မျက်နှာဖုံးဝတ်လူသတ်သမားကို ပါတီကို နောက်ကျမှ ရောက်လာတဲ့ အန်းနက်ရဲ့ကောင်လေးအထင်နဲ့ အိမ်ထဲ ဆွဲသွင်းမိတဲ့နောက် အိပ်မက်ဆိုးသဖွယ်ဖြစ်လာပါတော့တယ် Halloween ရုပ်ရှင်နဲ့ တက္ကဆက် လွှဖြတ်ရုပ်ရှင်တို့လိုမျိုး ရှေးခေတ် အမေရိကန် slasher အငွေ့အသက်ကို ဒီဇာတ်ကားထဲမှာ ခံစားရမှာ ဖြစ်ပါတယ် File size…(1.4 GB)/(706 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

Action • Adventure • Comedy • Drama • Western
0 1962
Halloween Massacre (2023)
Ronal the Barbarian
6.6

Ronal the Barbarian (2011) Original title: Ronal Barbaren Genre – Animation, Action, Adventure, Comedy IMDB – 6.6/10 ၂၀၁၁ ခုနှစ်တုန်းက ထွက်ခဲ့ပြီး တော်တော်ရယ်ရတဲ့ ဒိန်းမတ် Animation ကားလေးပါ။ Conan the Barbarian ကို မျက်နှာပြောင်ထားတဲ့ Ronal ပေါ့။ တည်ထားတဲ့ကမ္ဘာကိုက Metal ဂီတကို ပြောင်ပြီး ပေးထားတဲ့ မက်တယ်လိုနီးယားတဲ့။ ဒီကမ္ဘာမှာ နတ်ဆိုးကြီး ဇာလ်ကို အနိုင်ယူပြီး ကျဆုံးသွားတဲ့ ခရိန်းဆိုတဲ့ သူရဲကောင်းကြီးရဲ့ သွေးတွေကို သောက်သုံးပြီး ခွန်အားကြီးတဲ့ ဘာဘေးရီးယန်းတွေအဖြစ်နဲ့ မျိုးရိုးအဆက်ဆက် နေထိုင်ခဲ့ကြတာပေါ့။ တစ်မျိုးလုံးက အကိတ်ဖြစ်နေတဲ့အချိန် ကျွန်တော်တို့ ဇာတ်လိုက်ကျော် ရော်နယ်က ဂျပိန်လူဖလံလေး အ ားလည်းမရှိ ပရမ်းပတာလေးပေါ့ဗျာ။ သူတို့ လူမျိုးစုကြား အနှိမ်ခံလေးပေါ့။ တစ်ရက်ကျ အင်အားကြီးတဲ့ မင်းသားမော်ကယ်ဇာဆိုတဲ့ စစ်သည်တော်တစ်ယောက်က အောက်လမ်းဆိုင်ရာ အစီအရင်တွေလုပ်ဖို့ ဒီ ခရိန်းသားတော်တွေဖြစ်တဲ့ ဘာဘေးရီးယန်းတွေရဲ့သွေးကို လိုအပ်တာကြောင့် ညကြီးမှာ ရှောင်တခင် ဝင်တိုက်ပါတယ်။ အကုန်လုံး အဖမ်းခံလိုက်ရပြီး ဆရာကြီး ရော်နယ်တစ်ယောက်ပဲ လွတ်မြောက်သွားခဲ့ပါတယ်။ အဲဒီမှာပဲ စိတ်ထဲက သိပ်မပါပေမဲ့ ဦးလေးဖြစ်သူရဲ့ ဇွတ်ပြောသွားတဲ့စကားကြောင့် ရော်နယ်တစ်ယောက် ဂီတစာဆိုအဖော်တစ်ယောက်ရယ် ဖိုက်တာမတစ်ယောက်ရယ် လမ်းပြနတ်သူငယ်တစ်ယောက်ရယ် သူတို့နဲ့အတူ သူ့လူမျိုးတွေကို ကယ်တင်ဖို့ စွန့်စားခန်းကြီး ထွက်ရပါတော့တယ်။ Animation က ဟောလိဝုဒ်က စတူဒီယိုကြီးတွေလောက် မဟုတ်ပေမဲ့လည်း ဇာတ်လမ်းလေးက ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရယ်မောမာ ရှိပါတယ်။ Animation ဆိုလို့ ကလေးမဆန်တဲ့ Dirty Joke တွေလည်း ပါသလို R Rated အဆင့်လောက်ထိလည်း ဆိုးတာမျိုး မပါပါဘူး။ နာမည်ကျော် ဒဏ္ဍာရီဝင်ပုံပြင်ထဲက အကြောင်းအရာလေးတွေနဲ့ ကြည့်ပျော်ရှုပျော်လေး ဟာသလုပ်အဖောက်ရွှန်းထားတဲ့ Animation ကားကောင်းလေးပဲ ဖြစ်ပါတယ်။ File size… 1.5 GB / 769 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 29m Genre ….. Comedy/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

6.6 2011 89 mins
Ronal the Barbarian
Even Lambs Have Teeth

ဒီကားက နည်းနည်းတော့စားတယ်ဗျ။ စလုန်း နဲ့ ကေတီဆိုတဲ့ ကောင်မလေးနှစ်ယောက်ရှိတယ်။ သူတို့က နွေရာသီပိတ်ရက်မှာ နယ်ဘက်က အော်ဂဲနစ်ခြံလေးမှာ အလုပ်လေးဘာလေးလုပ်ဖို့ ထွက်လာကြတာပေါ့။ အဲဒီလိုနဲ့ လမ်းမှာတွေ့တဲ့ ကောင်လေး နှစ်ယောက်နောက်ကို ပါသွားပြီး သူတို့ဘဝက ဇောက်ထိုးမိုးမျှော်တွေ စဖြစ်တော့တာပါပဲ။ သူတို့ကိုနှိပ်စက်နည်းပေါင်းစုံနဲ့ နှိပ်စက်ပြီး တစ်ရက် နှစ်ယောက်သား ထွက်ပြေးလွတ်မြောက်လာကြတဲ့အခါမှာတော့ သူတို့ကို နှိပ်စက်ခဲ့တဲ့သူတွေ တစ်ယောက်ချင်းကို ဘယ်လိုလက်စားချေကြမလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…(1.5 GB)/(765 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:18:00 Genre… Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min

0 2015
Even Lambs Have Teeth
Timeless Romance
5

ဒီတစ်ခေါက်ညွှန်ပေးမဲ့ကားလေးကတော့ 2019ထွက် comedy နဲ့ drama ရောထားတဲ့ timeless Romance ဆိုတဲ့ကားလေးပါပဲ ဇာက်လမ်းအညွှန်းလေးကတော့ Qin Duyi ဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ ဆောက်လုပ်ရေးcompany တစ်ခုမှာ လက်ထောက်မန်နေဂျာတစ်ယောက်ပါ သူက တစ်ယောက်တည်းနေတတ်သူဖြစ်ပြီး နေ့တိုင်း အလုပ်နောက်ကျတာမို့ အမြဲ အဆူခံထိသူပါ တစ်နေ့ သူဟာ ပလုပ်နောက်ကျတာကြောင့် ဆောက်လုပ်ရေးဆိုက်ထဲမှာ အလုပ်သွားလုပ်ဖို့အပြစ်ပေးခံရပါတယ် အဲ့ဒီမှာ ဆွဲကြိုးလေး တစ်ကုံးကောက်ရတဲ့အချိန်မှာတော့ သူ့ဘဝကြီးဟာ ပြောင်းလဲလာပါတော့တယ် သူဟာ ဆွဲကြိုးလေးကို ယူလာပြီး ညမှာတော့ သူ့အိမ်ကို ထူးဆန်းတဲ့ မိန်းမလှလေးလေးယောက်ရောက်လာပါတော့တယ် မိန်းမလှလေးတွေက သူ့ကိုပြောတယ် သူတို့ကိုကူညီပါလို့ သူတို့ဟာ ရှေးခေတ်ကနေ လာခဲ့ပြီး ကိစ္စတစ်ခုကြောင့် ဆွဲကြိုးထဲမှာ ပိတ်မိနေကြတာပါ သူတို့ဟာ သူတို့ရဲ့ဖူးစာရှင်ကို ရှာပြီး သူတို့ကို ချစ်တယ်လို့ပြောမှသာ သူတို့ရဲ့ရှေးခေတ်ကိုပြန်နိုင်မှာဖြစ်ပြီး Qin Duyi ကတေ့ာ သူတို့ရဲ့ ကယ်တင်ရှင် သူတို့က ဝိဉာဉ်တွေ ဖြစ်တာကြောင့် သူမရဲ့ ခန္တာကိုယ်ကို ငှါးဖို့လိုအပ်တာပါလို့ပြောကြပါတယ် အဲ့မိန်းကလေးလေးယောက်ကတော့ Liu Rusi : ရဲရင့်ပြီး ချောမောလှတဲ့ မိန်းမစစ်သူကြီး Chen Zilian: စိတ်ကူးယဉ်ဆန်ပြီး မိန်းမယစ်အိုးလေး Li Mengying: အကလဲတော် ရုပ်လေးလဲလှ ဉာဏ်လဲကောင်းလှတဲ့ အကမယ်လေး Susu : ငွေကိုရေလိုသုံးပြီး စိတ်တိုင်းကျနေသော မိန်းမလှလေး သူတို့လေးယောက်ဟာ သူတို့ရဲ့ဖူးစာရှင်ဆီက ချစ်တယ်ဆိုတဲ့ စကားကိုကြားဖို့ Qin Duyi ရဲ့ ခန္တာကိုယ်ထဲကို ဝင်ပြီးကြိုးစားကြမှာပါ အဲ့ဒီတော့ ကောင်မလေး ငါးယောက်ရဲ့စိတ် ခန္တာကိုယ်က တစ်ခုထဲ ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ ဇာက်ကားလေးကို စောင့်ကြည့်လိုက်ပါအုံးနော်

5 2019
Timeless Romance
The Shaolin Boy
5.7

ဒီတစ်ခါတင်ဆက်ပေးမဲ့ ဇာတ်လမ်းလေးမှာတော့ ဇာတ်ကြောင်းလေးကိုမပြောခင် အရင်ဆုံး ဇာတ်ကောင်လေးတွေနဲ့မိတ်ဆက်ပေးချင်ပါတယ် – ရှောင်လင်ကျောင်းကနေ ကျောင်းပြောင်းလာတဲ့ အသက်ရှစ်နှစ်အရွယ် ကိုရင်လေး ရှောင်ယွီ – အထက်တန်းကျောင်းတိုက်ကွမ်ဒိုပြိုင်ပွဲမှာ အမြဲလိုလိုနိုင်တတ်တဲ့ တိုက်ကွမ်ဒိုအဖွဲ့ခေါင်းဆောင် အသက်၁၅နှစ်အရွယ် ချုံနန် – အထက်တန်းကျောင်းတိုက်ကွမ်ဒိုအဖွဲ့ရဲ့ မန်နေဂျာ အသက်၁၅နှစ်အရွယ် ရှောင်လန် – အသက်၁၀နှစ်အရွယ် ချုံနန်ရဲ့ညီမလေးရှန်းရှန်းနဲ့ ရှောင်လန်ရဲ့မောင်လေးရှောင်ပါး သူတို့ငါးယောက်ရဲ့ တွေ့ဆုံဇာတ်လမ်းစပုံလေးကတော့… ချုံနန်တို့မောင်နှမနှစ်ယောက်နဲ့ ရှောင်လန်တို့ မောင်နှမနှစ်ယောက်ဟာ အရမ်းကိုရင်းနှီးတဲ့ကျောင်းနေဖက်တွေဖြစ်ပြီး ရှောင်ယွီကတော့ ကျောင်းပြောင်းလာကာ ရှောင်လန်တို့အိမ်မှာ တည်းနေတဲ့ဧည့်သည်တစ်ယောက်ပါ ရှောင်ယွီ ရှောင်လန်တို့အိမ်ကိုရောက်လာတဲ့နေ့မှာပဲ ရှောင်လန်ရဲ့အဖေ သိပ္ပံပညာရှင်ကျန်းရှန်းဟာ ထူလင်နံပါတ်ကိုးဆိုတဲ့ပစ္စည်းတစ်ခုကြောင့် လူဆိုးတစ်သိုက်ရဲ့ပြန်ပေးဆွဲခြင်းကို ခံလိုက်ရပါတယ် ဒါတင်မကသေးသူတို့လိုချင်တဲ့ပစ္စည်းက ရှောင်လန်တို့ မေ ာင်နှမနှစ်ယောက်လက်ထဲ ရောက်နေတဲ့အခါမှာ လူဆိုးတွေ နည်းလမ်းမျိုးစုံနဲ့ ယူဖို့ကြိုးစားပါတော့တယ် အဲ့ဒီအချိန်မှာ သူတို့ငါးယောက် လူဆိုးတွေနဲ့ ဘယ်လိုရင်ဆိုင်မလဲဆိုတာကို ဟာသဆန်ဆန်ရိုက်ကူးထားတာမို့လို့ ဒီဇာတ်ကားလေးကို ပေါ့ပေါ့ပါးပါးလေး ကြည့်ကြရမှာပါနော်

5.7 2021
The Shaolin Boy
Great Nobody
5.9

ဒီနေ့မှာတော့ ဖန်သားပြင်ပေါ်မှာ ပျောက်ကွယ်သွားတာကြာပြီဖြစ်တဲ့ Tiny Times ထဲက ကုလီ (Amber Kuo) ရဲ့ ရုပ်ရှင်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်.. ဇာတ်လမ်းလေးကတော့… တိုးတက်နေတဲ့ခေတ်ကြီးမှာ… ဘတ်ထရီတစ်တောင့်ဝယ်တာနဲ့ တစ်သက်လုံးသုံးနိုင်မယ်ဆို စိတ်ဝင်စားကြမလား… ဟုတ်ပါတယ်.. စိတ်ဝင်စားကြလောက်မယ့် စူပါဘတ်ထရီကို လုံထန်လုပ်ငန်းစုက တီထွင်နေတာဖြစ်ပါတယ်… ဈေးကွက်ထဲ မိတ်ဆက်မယ်ဆိုတဲ့နေ့မှာပဲ… ယန်ရှောက်ရှောက်၊ မာလီ၊ ဟုတ်ကျစ် ၃ ယောက်ကို အလုပ်ထုတ်လိုက်ပါတော့တယ်… နောက်ပြီး စီအီးအို လုံပိုင်ချွမ်ကိုယ်တိုင်ကလည်း ကုမ္ပဏီက နှုတ်ထွက်ပြီး ဘတ်ထရီက မအောင်မြင်ဘူးလို့ကြေညာခဲ့တယ်… အဲ့တော့ မတရားအလုပ်ထုတ်ခံလိုက်ရတဲ့ အလုပ်လက်မဲ့ ၃ ယောက်ပေါင်းပြီး…. လုံပိုင်ချွမ်ဘာကြံနေတယ်ဆိုတာကို လိုက်ရှာဖွေတော့တာပါပဲ… ဘဝသမား ၃ ယောက် သူဌေးတွေရဲ့ အကျိုးအမြတ်ပြိုင်ပွဲ ဝဲကရက်ထဲ ဘယ်လို ချာလပတ်လည်မယ်ဆိုတာကို ဟာသလေးနှောပြီးရိုက်ကူးထားတာမို့… ဘဝအမောတွေကို CM နဲ့အတူ ဒီ Great Nobody လေးကြည့်ပြီး ဖြေဖျောက်လိုက်ကြတာပေါ့

Science Fiction • Comedy • Fantasy
5.9 2024
Great Nobody
Better Luck Tomorrow
7

Better Luck Tomorrow (2002) IMDb Rating (7.0) / Rotten Tomatoes (81%) Director Justin Lin ရိုက်ကူးခဲ့ပြီး၊ အတိတ်ကာလက ကျောင်းသားလေးတွေ ရင်ဆိုင်နေရတဲ့ စိတ်အခြေအနေတွေ ရည်မှန်းချက်တွေနဲ့ လက်တွေ့အခြေအနေတွေကို ဖော်ပြတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းမှာ အောင်မြင်မှုအတွက် စိတ်နဲ့ ငြိမ်းချမ်းသော ဘဝမှာ အကြမ်းဖက်မှုတွေကို စတင်ခဲ့တဲ့ အပေါ်လွတ်လပ်ချင်တဲ့ ကျောင်းသား Ben (Parry Shen) ရဲ့ ဘဝအမြင်ကနေကြည့်ရပါမယ် ။ Ben ဟာ သူ့ရဲ့ အဖွဲ့သားတွေအပါအဝင် Virgil (Jason Tobin) နှင့် Steve (Sheng-Wei Liao) တို့ဟာ အကြမ်းဖက်မှုများအတွင်း ဝင်ရောက်ပြီး မကောင်းမှုတွေပိုလုပ်ဖြစ်လာပါတယ်။ ဇာတ်လမ်းက အရင်က ပျော်ရွှင်သော အချိန်များ နဲ့ မတည်တံ့တဲ့ အဖြစ်အပျက်တွေကို ပေါင်းစပ်ပြီး ရုပ်ရှင်ရဲ့ ပြင်းထန်မှုတွေကို ခံစားရစေပါတယ်။ ဒါကအချိန်လွန်ပြီးသွားပေမယ့် ခေတ်မီတဲ့ လူငယ်တွေရဲ့ ကိုယ်ပိုင်အတွေး ယုံကြည်မှုတွေကို လေ့လာရတာတင် မဟုတ်ဘဲ၊ လူတွေကို ပြသတဲ့ စိတ်ကူးကို ပါမြင်ရပါမယ်။ Better Luck Tomorrow ရုပ်ရှင်ကို Justin Lin ရိုက်ကူးထားပြီး Parry Shen ရဲ့ အခန်းကတွေကတော့စိတ်သက်သက်သာသာနဲ့ မိုက်ပါတယ် ။ လူငယ်ဆန်ဆန် အတွေးတွေမြင်ချင်ရင်တော့ကြည့်ကောင်းတဲ့ဇာတ်ကားပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။) File size…(2.8 GB) / (1.4 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Crime,Drama, Romance Duration….01:39:27 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Banyar Aung

7 2002 101 mins
Better Luck Tomorrow
Baida
5.4

Baida (2025) “အမှောင်တစ်ဘက်ခြမ်း” IMDb – 5.5/10 အသစ်ထွက်ရှိလာတဲ့ ထိတ်လန့်သည်းဖို သဘာ၀လွန်ဟင်ဒီရုပ်ရှင်သစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ရမ်ဆိုတဲ့ စပိုင်ဟောင်းတစ်ယောက် ပန်ခတ်တာရွာဆီကို လုပ်ငန်းကိစ္စနဲ့သွားရင်း လမ်းအဆင်မပြေတဲ့အတွက် တောကြီးမျက်မည်းမှာ ခြေလျင်ခရီးနှင်ရပါတယ်။ တစ်နေရာအရောက် မီးလှုံနေတဲ့လူထူးဆန်းတစ်ယောက်ကိုတွေ့လို့ တည်းခိုခန်းမေးတဲ့အချိန် သူ့တဲမှာ တစ်ညနားဖို့ပြောလို့ ရွေးစရာမရှိတဲ့အဆုံး နေလိုက်ရပါတော့တယ်။ တရေးနိုးလာချိန်မှာတော့ ဗြိတိသျှတွေအုပ်စိုးတဲ့ခေတ်ကိုရောက်နေပြီး သူ့ကိုအချုပ်ထဲကထုတ် ကြိုးဆွဲချသတ်ဖို့လုပ်နေတာမို့ ဘာမှမသိနားမလည်ဘဲ အသက်ရှင်ဖို့အရေး ကြိုးစားရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ~ V ~ Alex ပဲဖြစ်ပါတယ်)

Adventure • Action • Science Fiction
5.4 2025
Baida