YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Rak Thae Saep Lai (2023) (Ep15)_720p.mp4

447.92 MB N/A video/mp4 95 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Last Christmas
7.2

ဒီရုပ်ရှင်လေးက ရုံတင်ကတည်းက အတော်လူကြိုက်များခဲ့ပါတယ်။ Romance ကား ကောင်းကောင်းလေးပါပဲ။ ပျော်ဖို့ကောင်းတယ် ချစ်စရာကောင်းတယ် မထင်ထားတဲ့ ဇာတ်လမ်းမျိုးလေးဖြစ်နေတယ်ပေါ့။ နောက်ခံသီချင်းလှလှလေးတွေသုံးထားတယ်။ ကျွန်တော်ကတော့ မင်းသမီး အမ်မလီယာကလာ့ခ်ရဲ့ ဖန်မို့ ပိုကြိုက်မိပါတယ်။ မစ်ချဲယိုကလည်း ဇာတ်ပို့အဖြစ် အားဖြည့်ပေးထားပါတယ်။ ဇာတ်လမ်းကတော့ Last Christmas သီချင်းကို အဓိက ဇာတ်အိမ်တည်ထားတာပေါ့။ ကတ်ထရီးနား ခေါ် ကိတ် ဟာ အမေ နဲ့ရော အစ်မနဲ့ရော မတည့်တဲ့ ဂျစ်ကန်ကန်ကောင်မလေး၊ ဘဝကို အရက်တွေ ယောကျာ်းတွေနဲ့ ဖြစ်သလိုဖြတ်သန်းနေတဲ့သူပေါ့။ တစ်ရက်မှာတော့ ထူးဆန်းပြီး လူတွေကို ကူညီတတ်တဲ့ တွမ် ဆိုတဲ့ ကောင်လေးနဲ့ စမိချိန်မှာ…..။ File size…(2 GB) and (1 GB) Quality…Blu-Ray 1080p & 720p (HEVC Encode) Format…mkv Duration….01:43:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Little Neo

Action • Comedy • Crime • Thriller
7.2 2019 102 mins
Last Christmas
Nobody’s Fool

ဇာတ်လမ်းအကျဥ်းကတော့ Donald Sullivan(Sully) ဆိုတဲ့အဘိုးကြီးက သူ့သူငယ်ချင်းRubအတူ Carl Roebuckရဲ့ဆောက်လုပ်ရေးလုပ်ငန်းမှာအလုပ်လုပ်ပါတယ်။ အလုပ်လုပ်တုန်းကရခဲ့တဲ့ဒူးဒဏ်ရာအတွက်တရားရုံးကတစ်ဆင့်Carlဆီကလျော်ကြေးကိုလည်းခြေထောက်တစ်ဖက်ပဲရှိတဲ့ရှေ့နေသူငယ်ချင်းနဲ့တောင်းကြတာငြင်းခံရတယ်။ သူ့ရဲ့သားPeterတို့မိသားစုကိုပြန်တွေ့တော့ သူ့မိန်းမနဲ့သားကိုထားခဲ့တဲ့Sullyအတွက် မထင်မှတ်ထားတဲ့တာဝန်တွေကိုကြုံလာရပါတော့တယ်။ အဲ့တစ်ချိန်ထဲမှာပဲ သူ့အိမ်ရှင်အမျိုးသမီးBerylရဲ့သားကSullyကိုအိမ်မှာဆက်မထားဖို့ သူ့အမေကိုတွန်းအားပေးတဲ့အခါ Sullyဘယ်လိုဖြေရှင်းမလဲ Carlရဲ့မိန်းမကိုကြုံရင်ကြုံသလိုအီစီကလီလုပ်ရင်း Carlနဲ့တစ်ယောက်တစ်လှည့်ဘယ်လိုအနိုင်ယူကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ကြည့်ရမယ့်ကားလေးပါ ဒီကားလေးကအော်စကာနှစ်ဆုအပြင်တခြားဆုပေါင်းများစွာအတွက်လည်းNominationဝင်ထားပါတယ် ဒီဇာတ်ကားရဲ့Directorနဲ့Screenplayကတော့ Kramer vs. Kramer(1979)နဲ့ ScreenplayရောDirectorရော အော်စကာရခဲ့တဲ့Robert Bentonပါ။ ဒါ့အပြင်Bonnie and Clyde(1967)နဲ့Superman(1978)အတွက်ရောတွဲဖက်ရေးပေးခဲ့ပါသေးတယ်။ Sully အနေနဲ့ကတော့အော်စကာဆုရှင်မင်းသားကြီးPaul Newmanနဲ့ Berylနေရာမှာတော့အော်စကာဆုရှင်မင်းသမီးကြီးJessica Tandy၊ Carlအနေနဲ့ကတော့လူတိုင်းသိတဲ့Bruce Willisကသရုပ်ဆောင်ထားပေးပါတယ်။ Sullyရဲ့သားPeterနေရာမှာတော့Superman & Lois မှာ Sam Laneအနေနဲ့သရုပ်ဆောင်တဲ့ Dylan Walshပါ။ File size…(1.9 GB)/(1.1 GB)/(580 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:52:00 Genre…Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Soe Thiha

Horror • Crime • Thriller
0 1994
Nobody’s Fool
Clouds of Chernobyl
5.8

1986ခုနှစ် ရိုမေးနီးယားမှာ ကွန်မြူနစ်အစိုးရအုပ်ချုပ်ခဲ့တုန်းက နျူကလီးယားဓာတ်ပေါင်းဖို ပေါက်ကွဲခဲ့တဲ့ဖြစ်ရပ်ကို နောက်ခံထားရိုက်ထားတဲ့ မိသားစုဇာတ်ကားဖြစ်ပါတယ်။ဓာတ်ပေါင်းဖိုကနေယိုစိမ့်လာတဲ့ ရေဒီယိုဓာတ် ရောင်ခြည်တွေက လေကနေတဆင့် ချာနိုဘယ်မြို့ရဲ့ တိမ်တွေထဲမှာစုနေပါတယ်။ ပြည်သူပြည်သားတွေက ကွန်မြူနစ်အစိုးရကြောင့်ဒုက္ခရောက်ကြရတဲ့အထဲ အဆိပ်သင့်ဓာတ်ငွေ့တွေကိုလေကတဆင့်ရှူမိကြလို့ ကျန်းမာရေးပြဿနာတွေ ဖြစ်ကြပါတယ်။ ဒီနျူကလီးယားဓာတ်ပေါင်းဖိုပေါက်ကွဲတဲ့ဖြစ်ရပ်ဟာ သမိုင်းမှာရှိတဲ့ဟီရိုရှီးမား ဗုံးပေါက်ကွဲမှုပြီးရင်အထင်ရှားဆုံးဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာ အီရီနာဆိုတဲ့ အမျိုးသမီးဟာ ခေတ်ပျက်ထဲမှာ ကိုယ်ဝန်ရသွားပြီး ဖိအားတွေကြားထဲကနေ အသက်ရှင်ဖို့ရုန်းကန်ရပုံကိုကြည့်ရမှာပါ။ ဇာတ်လမ်းစစချင်း ဇာတ်လမ်းအေးမယ်လို့ ထင်ရနိုင်ပေမယ့် တစိမ့်စိမ့်နဲ့အရှိန်တက်ပြီးကြည့်လို့ကောင်းတဲ့ကားမျိုးဖြစ်ပါတယ်။ မိဘမေတ္တာနဲ့အဲဒီခေတ်က victimတွေအတွက်ရည်ရွယ်ရိုက်ကူးထားတဲ့ကားဖြစ်လို့ political drama ကောင်းကောင်းကြည့်ချင်နေသူတွေအတွက် ကွက်တိပါပဲ။ File size…(1.2 GB)/(679 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:16:00 Genre…Drama, History, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hsu Hlyann Ni

Romance • Drama • History
5.8 2022
Clouds of Chernobyl
Molli and Max in the Future

ဒီရုပ်ရှင်ကတော့ အရင်နှစ်ကမှထွက်ထားတဲ့ Sci-fi, Drama, Comedy သုံးမျိုးကို ရောသမမွှေထားတဲ့ရုပ်ရှင်လေးပါ။ ဒီရုပ်ရှင်က အာကာသထဲက သူငယ်ချင်းနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးအကြောင်းကို ရိုက်ထားတာပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ မက်စ် နဲ့ မော်လီက အနာဂတ်က အာကာသထဲက ဂြိုဟ်တွေမှာနေကြပါတယ်။ အဲဒီအနာဂတ်မှာက ကမ္ဘာကြီးကတော့ လူသားတွေလုပ်လို့ပျက်သွားပါပြီတဲ့။ တစ်ရက်မှာ မော်လီ နဲ့ မက်စ်က အာကာသတစ်နေရာမှာဆုံရင်းကနေ သူငယ်ချင်းတွေဖြစ်သွားကြတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်က အကျင့်စရိုက်ရော ကိုယ်ရည်ကိုယ်သွေးတွေပါ မတူကြတဲ့သူနှစ်ဦး။ ဒီလိုနဲ့ သူတို့နှစ်ဦးက သူငယ်ချင်းအဆင့်ကနေမတက်ခင်မှာ အကြောင်းတခုကြောင့်ခွဲလိုက်ရတယ်ပေါ့။ ဒါပေမဲ့ နောက်နှစ်အနည်းငယ်အကြာမှာ ဂလက််ဆီရဲ့တနေရာမှာ ကံမကုန်ဘဲ ပြန်ဆုံကြပြန်ပါတယ်။ အဲဒီအခါမှာလည်း သူတို့က တစ်ယောက်နဲ့တစ်ယောက် သူငယ်ချင်းကောင်းတွေအဖြစ် ရှိပေးပြီးတော့ အချိန်အတူကုန်ဆုံးကြပြန်တယ်။ ဒီလိုနဲ့ မော်လီနဲ့မက်စ်တို့က ဘ၀အတွက်လက်တွဲဖော်ရှာကြဖို့အချိန်ရောက်လာတဲ့အခါမှာတော့ သူတို့နှစ်ဦးလုံးအတွက် ဖူးစာဖက်တွေကိုရှာကြတဲ့နေရာမှာ သင့်တော်တဲ့သူမတွေ့ဘဲ နောက်ဆုံးမှာ သူတို့အတွက်အကောင်းဆုံးဖြစ်တဲ့သူက သူတို့နှစ်ယောက် အချင်းချင်းပဲဖြစ်နေတာကို သိလိုက်ကြရတယ်ပေါ့။ ဒါပေမဲ့ ရွေးချယ်မယ့်လမ်းတွေ၊ ပင်ကိုယ်စရိုက်တွေမတူညီနေတဲ့သူတို့နှစ်ဦးဟာ ရှေ့ဆက်တိုးလိုက်ရင် ကြုံတွေ့လာရမယ့်အခက်အခဲတွေကို ကြောက်ရွံ့ပြီး ဖရန့်ဇုန်ထဲကနေရုန်းထွက်ဖို့ရာကို ခါးခါးသီးသီးကိုငြင်းဆန်နေကြတဲ့နောက်မှာတော့ ဇာတ်မြောကြီးဖြစ်သွားပြီး သူတို့တွေ ဝေးကွာသွားကြမလား၊ နောက်ဆုံးမှာပေါင်းဖက်နိုင်သွားကြမလားဆိုတာကို‌တော့ ဂလက်ဆီထဲက အချစ်ဇာတ်လမ်းလေးကို ရင်ခုန်စိတ်လှုပ်ရှားစရာ ထူးခြားဆန်းပြားရိုက်ချက်တွေနဲ့အတူ ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(1.4 GB)/(654 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre…Comedy, Romance, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

Action • Drama
0 2024
Molli and Max in the Future
Visul
7.2

Visul (2023) ၂၀၂၃ ခုနှစ်တုန်းကထွက်ရှိထားတဲ့ ပြင်သစ် Comedy ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ IMDb 7 အထိရရှိထားပြီးတော့ ရှိတ်စပီးယားရဲ့ အိုင်ဒီယာဖြစ်တဲ့ Behind The Bar ဆိုတာကိုရိုက်ပြထားတဲ့ ရုပ်ရှင်ပါ။ အကျဉ်းသားတွေကို နိုင်ငံတိုင်းက ပြန်လည်ပြုပြင်ရေးနဲ့ ပြန်လည်ရပ်တည်နိုင်ရေးတို့အတွက်ဆိုပြီး ပညာသင်ကြားခွင့် အသက်မွေးဝမ်းကြောင်းပညာရပ်တွေ သင်ကြားခွင့်တွေပေးထားကြပါတယ်။ ဒီလိုပညာရေးဘက်တွင်သာမက အားကစားပိုင်းမှာလဲ အကျဉ်းသားများကို အမျိုးမျိုးသောအားကစားတွေ ဝါသနာပါရာ စာရေးစာဖတ်အမျိုးမျိုးတို့ကို လေ့လာသင်ကြားခွင့်တွေပေးထားကြပါတယ်။ ဒါ့အပြင် ရှိတ်စပီးယားက အကျဉ်းသားတွေအတွက် ပြဇာတ်ကိုလဲကြည့်ရှု ကပြခြင်းဖြင့် လူ့လောကကြီးနဲ့ အဆက်သွယ်မပြတ်ပဲ လူ့ဘောင်ထဲပြန်ဝင်ရောက်နိုင်မယ်လို့ယုံကြည်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ပြင်သစ်အကျဉ်းဦးစီးကနေ ဦးစီးပြီးတော့ အကျဉ်းသားများရဲ့ပြဇာတ် အစီစဉ်ကိုအကောင်ထည်ဖော်ထားပါတယ်။ ဇာတ်လမ်းလေးကလဲ ဒီအကျဉ်းသားပြဇာတ်ကိုဦးတည်ပြီး ဟာသလေးနှောရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အဲလက်စ်ဆိုတဲ့ ပြဇာတ်သရုပ်ဆောင်အရံလူအနေနဲ့ပဲ အနှပညာလောကထဲမှာကျင်လည်နေရတဲ့သူပါ။ ပြောရရင်တော့ ပြဇာတ်လောကမှာ သူ့အတွက် နေရာမရှိသလို သူ့ရဲ့ကြိုးစားမှုတွေကိုလဲ အသိမှတ်ပြုမဲ့သူမရှိပါဘူး။ ပြောရရင် သူနဲ့အတူတွဲနေတဲ့ကောင်မလေးကတောင်ဇာတ်ကားတစ်ကားမှာပါခွင့်ရပြီး ကော်ဇော်နီလျှောက်နေရပြီ သူကတော့ ပြဇာတ်ရုံတစ်ခုမှာခိုကပ်ပြီး ရှေ့မထွက်ရတဲ့ အရံမင်းသားပေါ့။ အိမ်ငှားခကအစ ကောင်မလေးကပဲရှင်းပေးနေရတာ။ ဒီလိုနဲ့ စိတ်ကူးပေါက်ရာလုပ်ရင်း အကျဉ်းသားတွေအတွက် ပြဇာတ်လုပ်ပေးဖို့ ဗော်လန်တီယာအဖြစ်ပါဝင်လိုက်ပြီးတော့ ဒီပြဇာတ်ရုံတောင်မရောက်ဖူးတဲ့ ရာဇဝတ်သားတွေကို ဘယ်လိုသရုပ်ဆောင်တတ်အောင် သင်ပေးရမလဲ ပြဇာတ်ကကောချောချောမွေ့မွေ့ဖြစ်ပါ့မလားဆိုတာ ရယ်စရာမောစရာလေးတွေနဲ့ကြည့်ရှုအားပေးလိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 1080p | 720p File size… 1.7GB | 875MB Format… mp4 Duration…. 2h 15min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

7.2 2023
Visul
Mad Fate
6.4

Mad Fate (2023) ============ “ကံလမ်းကြောင်းက ခင်းပြီးသားပေမဲ့ လျှောက်လှမ်းမဲ့ပုံစံကို ရွေးချယ်လို့ရတယ်” လူငယ်လေးတစ်ယောက်ရဲ့ဇာတာကိုကြည့်ပြီးနောက် လူသတ်‌ပြီး‌ထောင်ကျကိန်းရှိနိုင်တဲ့အတွက် ‌ဗေဒင်ဆရာကအရမ်းထိတ်လန့်သွားပြီး ကူညီပေးချင်စိတ်တွေပေါ်သွားတယ်။ အကြောင်းကတော့ အဲ့လူငယ်လေးက မကောင်းတဲ့နက္ခတ်တွေနဲ့ယှဉ်ပြီးမွေးဖွားလာတဲ့အတွက် လူသတ်ချင်စိတ်တွေအမြဲဖြစ်ပေါ်လေ့ရှိပြီး ကံအညံ့တွေနဲ့ပဲကြုံရမှာပဲဖြစ်တယ်။‌ အစက‌တော့ ဒါတွေကိုမယုံသလိုလိုနဲ့ ဂျစ်ကန်ကန်ဖြစ်ခဲ့ပေမဲ့ ထောင်မကျချင်တဲ့ဆန္ဒလေးတစ်ခုကြောင့် ဗေဒင်ဆရာဖြစ်သူကိုအကူအညီတောင်းလာပါတော့တယ်။ သူတို့နှစ်ယောက် ကံကြမ္မာကိုဘယ်လိုပြောင်းလဲကြမလဲ ပြောင်းလဲလို့ရောရပါ့မလားဆိုတာကြည့်ရှုရမဲ့ ဟောင်ကောင်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Khant Sett Naing ပါ ) File size_(1.6GB)/(750MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:49:00 Genre_Mystery, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Khant Sett Naing

6.4 2023 108 mins
Mad Fate
No Time to Spy: A Loud House Movie

IMDb 6.5 / RT 85% ရထားတဲ့ ကာတွန်းကားလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည်အတိုင်းပဲ ဒီကားလေးက စပိုင်ကာတွန်းကားလေးပါ။ လင်ကွန်းဆိုတဲ့ကောင်ကလေးက စပိုင်ကာတွန်းတွေကိုကြိုက်တဲ့သူဖြစ်ပြီး စပိုင်တစ်ယောက်ဖြစ်ချင်နေတဲ့ကောင်လေးပါ။ လင်ကွန်းရဲ့အဖိုးက စပိုင်အေးဂျင့်တစ်ဦးဖြစ်တဲ့ မာတယ်လ်ဆိုတဲ့အမျိုးသမီးကြီးနဲ့ ကျွန်းလေးတစ်ခုပေါ်မှာ မင်္ဂလာပွဲသွားလုပ်ဖို့ရှိနေပါတယ်။ ဒီလိုနဲ့ လင်ကွန်းနဲ့ အမျိုးအဆွေ ကလေးတစ်သိုက်လည်း အဖိုးအဖွားနှစ်ယောက်နဲ့အတူ မင်္ဂလာပွဲခရီးစဉ်ကိုလိုက်ပါလာခဲ့ပါတယ်။ ဒါပေမဲ့ ခရီးစဉ်မှာ မထင်မှတ်ထားခဲ့တဲ့အရာတစ်ခုဖြစ်လာပါတယ်။ ဒါကတော့ လင်ကွန်းရဲ့ အဖွားတော်စပ်လာတော့မယ့် မာတယ်လ်ရဲ့ ဟိုးအရင်ကရန်သူဟောင်းကြီးတစ်ယောက်ဟာ လက်စားချေဖို့ရာပြန်ရောက်လာခဲ့တာပါ။ ဒီလိုနဲ့ စပိုင်ဖြစ်ချင်တဲ့လင်ကွန်းနဲ့ အဖွားဖြစ်သူမာတယ်လ်တို့ဟာ ဗီလိန်ကြီးကို အားလုံးရဲ့အကူအညီနဲ့ အတူလက်တွဲနှိမ်နင်းဖို့ရာအကြောင်းဖန်လာပါတော့တယ်။ ကာတွန်းကားပေမဲ့ ဇာတ်လမ်းဇာတ်ကွက်တွေက စပိုင်ရုပ်ရှင်တွေထဲကလိုဖြစ်ပြီး စိတ်၀င်စားစရာလည်းကောင်း ရယ်စရာ‌လည်းကောင်းတာကြောင့် ကာတွန်းကားကြည့်ပြီးအပန်းဖြေချင်နေတဲ့သူတွေအတွက်ကတော့ ကွက်တိပါပဲ။ File size…(1.5 GB)/(846 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre… Action, Animation, Adventure, Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT

0 2024
No Time to Spy: A Loud House Movie
Violett
5.5

Horror ပရိသတ်ကြီးကို ဒီတစ်ခါ မိတ်ဆက်ပေးချင်တာက Violett ဆိုတဲ့ ဇာတ်ကားလေးပါ။ ဒီကားက တခြား Horror ကားတွေလို ပြူးပြူးပြဲပြဲ ခြောက်ပြတာမျိုး မဟုတ်ဘဲ ခြောက်ခြားစရာ ကောင်းတဲ့ ဆက်တင်၊ အလင်းအမှောင်နဲ့ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်ချက်တွေက creepy ဖြစ်တဲ့ဘက်ကို ပိုသွားတဲ့ ကားမျိုးပါ။ ဇာတ်ကားအဆုံးမှာ တချို့ Horror type တွေလို cliff hanger မဟုတ်ဘဲ Good Closure ဖြစ်လို့ ပြီးဆုံးချိန်မှာ ဇာတ်ကားကို နားလည်သွားတဲ့ ခံစားချက်မျိုး ရမှာပါ။ ဇာတ်ကားကို ကြည့်နေရင်း ဒီဇာတ်ဝင်ခန်းပြီးရင် ဘာဆက်ဖြစ်မှာလဲဆိုတဲ့ မွန်းကြပ်တဲ့ ခံစားချက်မျိုးကို ပေးနိုင်တဲ့ ဇာတ်ကားဆိုရင်လည်း မမှားပါဘူး။ ဇာတ်လမ်းက မြို့ငယ်လေး တစ်မြို့မှာ ကလေးတွေ ပျောက်ဆုံးမှုတွေ ဆက်တိုက်ဖြစ်လာတဲ့အခါမှာ စိတ်ရောဂါရှင် မိခင်တစ်ယောက်ဖြစ်တဲ့ ဆွန်ညာအနေနဲ့ သူ့ရဲ့ ၁၁ အရွယ် သမီးလေးကို ဘယ်အချိန်မှာ ဘယ်အရာက လာခေါ်မလဲဆိုပြီး ကြောက်ရွံ့နေမှုကနေ စပါတယ်။ သူ့အနေနဲ့ တခြားသူတွေ မမြင်တဲ့အရာတွေကို မြင်တဲ့အခါ အမှန်တကယ် ဖြစ်နေတာလား… သူ့ရဲ့ စိတ်ကူးယဉ် စိတ်ကူးထဲက အရာတွေပဲလားဆိုတာ သူကိုယ်တိုင် ဝေခွဲမရ ဖြစ်နေပြီးတော့ သူ့ရဲ့ ခင်ပွန်း ဆရာဝန်ကိုယ်တိုင်ကတောင် သူ့ကို မကူညီနိုင်တဲ့အခါ… ဘယ်လိုအရာတွေကို သူတွေ့ရမလဲ။ သူ့ရဲ့ သမီးငယ်လေးကရော ဘယ်လို အန္တရာယ်မျိုး ကြုံဆုံခဲ့ရတာလဲဆိုတာ…။ File size…1.69GB / 819MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 42m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

5.5 2024
Violett
Close-Up
8.2

Close-Up (1990) ~ IMDb – 8.2/10, Rotten Tomatoes – 89% ~ အီရန်နယူးဝေ့ဟာ ၁၉၆၄မှာ Hajir Darioush ရဲ့ Serpent’s Skin နဲ့ စခဲ့တယ်။ ၆၅မှာပဲ သူက Social Documentaries နှစ်ကား ထပ်ရိုက်ခဲ့ပြီး Face 75 ကို ရိုက်ခဲ့တယ်။ ဒီရုပ်ရှင်တွေက အီရန်နယူးဝေ့ရဲ့ အုတ်မြစ်တွေလို့ အားလုံးလက်ခံထားကြတယ်။ နောက် Davoud Mollapour ရဲ့ Shohare Ahoo Khanoom ထွက်ပြီး ၁၉၆၉မှာ Dariush Mehrju က The Cow ကို ရိုက်ခဲ့တယ်။ အဲဒီမှာ အီရန်နယူးဝေ့က ခိုင်မာလာခဲ့တယ်။ ၁၉၇၀မှာတော့ Abbas Kiarostami က သူ့ရဲ့ပထမဆုံး ရုပ်ရှင်တို The Bread and Alley ကို ရိုက်ခဲ့တယ်။ အဲဒီနောက်ပိုင်း The Experience (1973), The Traveler (1974) အပါအဝင် တခြားရုပ်ရှင်ပေါင်းစုံ ဆက်တိုက်ဆိုသလို ဆက်ရိုက်ခဲ့တယ်။ ဒါပေမဲ့ Where is the Friend’s Home? (1987) ထွက်ပြီးနောက်ပိုင်းမှပဲ သူ့ကို နိုင်ငံတကာ ပရိသတ်က စလက်ခံခဲ့ကြတယ်။ အဲဒါနဲ့ခပ်ဆင်ဆင် Homework (1989) ဆိုတဲ့ ဒိုကူမန်ထရီတစ်ကားကိုရိုက်ခဲ့တယ်။ Close-Up (1990) ကလည်း ဒိုကူမန်ထရီလိုဖြစ်နေတော့ ဒီကာလမှာ သူ ဒိုကူမန်ထရီ ၂ကားဆက်တိုက်ရိုက်ခဲ့တယ်လို့ပြောရမယ်။ နောက် And Life Goes On (1992) နဲ့ Through the Olive Trees (1994) ကို ဆက်ရိုက်ခဲ့တယ်။ ဒီ၂ကားနဲ့ Where Is the Friend’s Home? (1987) က သူ့ရဲ့နာမည်ကျော် Koker Trilogy ဖြစ်လာခဲ့တယ်။ ဒီ Trilogy က ပြင်သစ်နဲ့ ဥရောပနိုင်ငံတွေမှာ အောင်မြင်ခဲ့တယ်။ နောက်ပိုင်း Taste of Cherry နဲ့ The Wind Will Carry Us တို့လို သူ့မာစတာပိစ်တွေကို ဆက်ရိုက်ခဲ့တယ်။ နောက် Ten (2002) နဲ့ Shirin (2008)… Certified Copy (2010) နဲ့ Like Someone in Love (2012) ကိုတော့ အီရန်ပြင်ပမှာ ရိုက်ခဲ့တယ်။ ၂၀၁၆မှာတော့ ဆုံးပါးသွားခဲ့ပြီး ၂၀၁၇မှာ သူ့ရဲ့နောက်ဆုံးရုပ်ရှင် 24 Frames ထွက်လာခဲ့တယ်။ ဒါက အီရန်နယူးဝေ့အစကနေ စရိုက်ခဲ့သလို အီရန်စီနီမာရဲ့ အခရာတစ်ယောက်ဖြစ်တဲ့ Abbas Kiarostami ရဲ့ ဒစ္စကိုဂရပ်ဖီပါပဲ။ Close-Up (1990) က တကယ့်အဖြစ်အပျက်ကို အဲဒီတကယ့်အဖြစ်အပျက်ထဲက လူတွေနဲ့ ဒိုကူမန်ထရီရိုက်ထားသလိုဖြစ်နေတဲ့ ဒိုကူမန်ထရီမကျ ဖစ်ရှင်မကျ ဒိုကူဖစ်ရှင် ရုပ်ရှင်အမျိုးအစားပဲ။ နာမည်ကျော် ရုပ်ရှင်ဒါရိုက်တာအယောင်ဆောင်ပြီး မိသားစုတစ်ခုကို လိမ်လည်ခဲ့တဲ့ လူတစ်ယောက်ရဲ့ လုပ်ရပ်ကို ခြေရာကောက်တဲ့အကြောင်း ရိုက်ပြထားတယ်။ ဒါပေမဲ့ ဒီလိုဖြစ်ရပ်ကို Abbas က စိတ်ဝင်စားစရာကောင်းအောင် Rashomon Effect သုံးပြီး တင်ပြသလို တင်ပြမှုမျိုးနဲ့ တင်ပြသွားခဲ့တယ်။ Abbas အတွက် ဒီကိစ္စက သိပ်တော့မဆန်းလှဘူး။ ကျွန်တော့်အမြင်အရတော့ သူရိုက်ခဲ့တဲ့ ရုပ်ရှင်တွေဟာ ဒိုကူမန်ထရီတွေသာ မဖြစ်နေမယ်။ ရုပ်ရှင်တစ်ခုကိုတင်ပြပုံထက် တကယ့်ဘဝကို တင်ပြပုံနဲ့ အမြဲတူနေလို့ပါပဲ။ တခြားအီရန်ဒါရိုက်တာတွေနဲ့ သူကွဲထွက်နေတဲ့ အဓိကအချက်ကလည်း ဒီအချက်လို့ပဲ မြင်တယ်။ ဒုက္ခကို ဇာတ်နာအောင် တင်ပြမှုများတတ်တဲ့ အီရန်ရုပ်ရှင်တွေထဲ Abbas ကတော့ ဒုက္ခကို တင်ပြပေမဲ့ ဇာတ်ကြောင်းပြောသူတစ်ယောက်အနေနဲ့မဟုတ်ဘဲ ဒီအဖြစ်ကို လိုက်ကြည့်နေတဲ့သူတစ်ယောက်အနေနဲ့ပဲ တင်ပြနေကျပဲ။ ပြောရရင် Abbas ဟာ လောကဓံတွေကို တင်ပြပေမဲ့ ဘယ်တော့မှ အဆိုးသက်သက်နဲ့ အဆုံးမသတ်သွားဘူး။ဒါကိုကလည်း ကမ္ဘာကြီးဆန်နေတာပါပဲ။ 24 Frames လို ရုပ်ရှင်ဟာ သူ့ရဲ့နောက်ဆုံးအဆင့်ဆိုရင် Abbas ဟာ ဒီတစ်လျှောက်လုံးမှာလည်း ရုပ်ရှင်ဟာ သေသပ်လှပစွာတည်ဆောက်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ သူမမြင်သွားဘူးထင်ပါတယ်။ Close-Up (1990)ကလည်း လိမ်လည်မှုတစ်ခု တရားခွင်တစ်ခုကို တင်ဆက်ထားပေမဲ့ အဆိုးအကောင်းတွေအတွက် ဇာတ်ကြောင်းပြောသူဘက်က အကဲဖြတ်ခြင်းကို အတတ်နိုင်ဆုံးရှောင်ထားတဲ့ ဇာတ်လမ်းမဟုတ်တဲ့ ဇာတ်လမ်း ရုပ်ရှင်မဟုတ်တဲ့ ရုပ်ရှင်လို့ ပြောလို့ရတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 875MB Quality – BluRay 1080p, 720p IMDb Rating – 8.2/10 Format – mp4 Duration – 1H 38Min Genre – Docudrama, Biography, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

8.2 1990 98 mins
Close-Up
YMCA Baseball Team
6.3

YMCA Baseball Team (2002) ************************** ဒီကားလေးကတော့ Parasite ထဲကမင်းသားကြီး Song Kang Ho , Under the Queen’s Umbrella ထဲကမင်းသမီးကြီး Kim Hye Soo နဲ့ Believer ထဲကမင်းသားကြီး Kim Joo Hyuk တို့က အဓိကသရုပ်ဆောင်တွေ အနေနဲ့ ပါဝင်ထားပြီး ဒါရိုက်တာ Kim Hyeon Seok ရိုက်ကူးပြသထားတဲ့ Comedy , Drama , Sports ကားလေးပါ .. ဇာတ်လမ်းအကျဉ်း **************** ဂျပန်လက်အောက်ကျရောက်နေတဲ့ ဂျိုဆွန်းခေတ်က စာသင်သားလေးအီဟိုချန်းဟာ သံတမန်ဖြစ်ချင်တဲ့ သူ့ရဲ့မူလပန်းတိုင်ပျောက်ဆုံးသွားပြီးတဲ့နောက် တစ်နေ့မှာတော့ အမေရိကန်သားတွေ ဘေ့စ်ဘောကစားနေတာကိုတွေ့ရာက ဘေ့စ်ဘောရဲ့တည်ရှိမှုကို စိတ်ဝင်စားသွားခဲ့ပါတယ် .. အီဟိုချန်းဟာ သူ့အဖေကျောင်းအုပ်ဖြစ်သူရဲ့ဆန္ဒအတိုင်း အဖေဖြစ်သူနေရာကိုဆက်ခံမလား .. ဟိုချန်းရဲ့ပန်းတိုင်အသစ်ဖြစ်တဲ့ ဂျိုဆွန်းရဲ့ပထမဆုံးနဲ့အကောင်းဆုံးဘေ့စ်ဘောအသင်းရဲ့ ဘေ့စ်ဘောကစားသမားဘဝကိုရွေးချယ်မလား ဆိုတာကို ဟာသလေးနှောပြီး အဲဒီခေတ်က ဂျပန်လူမျိုးတွေနဲ့ ဂျိုဆွန်းပြည်သူတွေရဲ့အရှုပ်တော်ပုံတွေ၊ မျိုးချစ်စိတ်တွေကို ရသမျိုးစုံနဲ့ ခံစားကြည့်ရှုရမှာဖြစ်ပါတယ် .. (အညွှန်းကို Lucien မှ ရေးသားထားပါတယ်) File size…1.68GB / 775MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 44 min. Genre ….. Historical, Comedy, Drama, Sports Subtitle….Myanmar Subtitle (Hard Sub) Translated by Lucien Encoded by AHtet

Comedy • Romance
6.3 2002 104 mins
YMCA Baseball Team
The Last House on the Left
5.8

(လိင်မှုဆိုင်ရာ အကြမ်းဖက်မြင်ကွင်းများ၊ ပွင့်လင်းမြင်သာသော ပြကွက်များ ပါဝင်သောကြောင့် မိသားစုနှင့် ကြည့်ရှုရန် မသင့်တော်ပါ) ဒေါက်တာကြီး ဂျွန်တို့ရဲ့ သမီးတော်ကလေး မယ်ရီ ၁၇ နှစ် ပြည့်လေပြီ။ မြီးကောက်ပေါက် ဆယ်ကျော်သက်ဖြစ်သူပီပီ မြို့ထဲကို ရှိုးပွဲသွားကြည့်ချင်နေတော့ လွှတ်လိုက်ရတာပေါ့။ သိတဲ့အတိုင်း မယ်ရီနဲ့အတူတူ ပေါင်းသင်းနေတဲ့ကလေးမလေးက အသွက်တစ်လိုင်းဖြစ်ပြီး နေတာလည်း မြို့ဆင်ခြေဖုံးရပ်ကွက်ဆိုတော့ ရှိုးပွဲမကြည့်ခင်လေး ဆေးခြောက်သောက်ချင်ရာကနေ လိုက်ရှာကြရော။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ တကယ့်အာဂ လူသတ်သမား လူဆိုးလူမိုက်ကြီး ၂ ယောက်ကို ခပ်ငယ်ငယ်လူရွယ်လေးရယ် အမျိုးသမီးတစ်ဦးရယ်က ထောင်ဖောက်ပြေးတာ ကူညီပေးပြီး လွတ်မြောက်နေတဲ့အချိန်။ ဆယ်ကျော်သက်သမီးပျိုလေး နှစ်ယောက်ရယ် ဒီ ဝရမ်းပြေးတွေရယ် ဘယ်လို ဆုံတွေ့ကြမလဲ မိဘနှစ်ပါးကရော ဘယ်လိုအရေးကြီးတဲ့နေရာကနေ ပါဝင်လာမလဲ ရဲတွေကရော ဘာလုပ်မလဲ စသဖြင့် တင်ဆက်ထားတဲ့ ခေတ်ဟောင်းရုပ်ရှင်ကားလေး ဖြစ်ပါတယ်။ File Size : 6.9 GB, 2.3 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 24min Format : Mp4 Genre : Crime, Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : Thura Aung Encode by : Thit San Khant

5.8 1972 84 mins
The Last House on the Left
Babah

ဒီနေ့ကျွန်တော်ပြောပြပေးချင်တာက “Babah” (2024) ဆိုတဲ့ မလေးရှားဇာတ်ကားလေးအကြောင်းပါ ဒီဇာတ်ကားက မလေးရှားရဲ့ ဒရာမာကားတစ်ကားဖြစ်ပြီး ဒါရိုက်တာ Mohd Shah Faizul Ibrahim က ရိုက်ကူးထားတာပါ ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာ ၅ ရက်နေ့ကစလို့ မလေးရှားရဲ့ ရုပ်ရှင်ရုံတွေမှာ ပြသခဲ့တာဆိုတော့ လောလောလတ်လတ်ကားလေးတစ်ကားပေါ့ ဒီဇာတ်ကားထဲမှာ ဇာတ်လမ်းက အရမ်းကိုရိုးရှင်းပြီး နှလုံးသားကို ထိတဲ့အကြောင်းအရာလေးပါ အဓိကဇာတ်ကောင်ကတော့ Isyak ဆိုတဲ့ ဖခင်တစ်ယောက်ဖြစ်ပြီး Qi Razali က သရုပ်ဆောင်ထားပါတယ် သူ့သမီးလေး Maya (Sweet Qismina သရုပ်ဆောင်) ကို မွေးကတည်းက ကြီးတဲ့အထိ ဂရုစိုက်ပြီး ပြုစုပျိုးထောင်တဲ့ ဖခင်တစ်ယောက်ရဲ့ ဘဝခရီးလမ်းကို ပြသထားတာပါ ဒီဇာတ်လမ်းမှာ မိသားစုရဲ့ချစ်ခြင်းမေတ္တာ အခက်အခဲတွေကို အတူဖြတ်ကျော်နိုင်တဲ့ စွမ်းအား ပြီးတော့ ဘဝရဲ့အတက်အကျတွေကို ထိထိမိမိ ဖော်ပြထားပါတယ် ဇာတ်အိမ်ကတော့ ဒီလိုပါ Isyak ဆိုတဲ့ ဖခင်ကြီးက သူ့သမီး Maya ကို အရမ်းချစ်တယ် ဒါပေမယ့် ဘဝက သူတို့ကို အမြဲတမ်း ချောချောမွေ့မွေ့ မဖြတ်သန်းစေပါဘူး Isyak တစ်ယောက် အလုပ်ပြုတ်သွားတာနားမကြားတော့တာတွေကို ကြုံရတယ် အဲဒီအချိန်မှာ Maya လည်း အိမ်ထောင်ကျပြီး မမျှော်လင့်ဘဲ Guillain-Barré Syndrome ဆိုတဲ့ အာရုံကြောဆိုင်ရာ ရောဂါတစ်ခုကို ခံစားရတယ် ဒီလိုနဲ့ သမီးဖြစ်သူရဲ့ ဘဝမှာ ထပ်ပြီး အားကိုးအားထားရတဲ့ ဖခင်တစ်ယောက်အနေနဲ့ Isyak က ပြန်ပါဝင်လာရပါတယ် ဒီလိုနဲ့ သူတို့ သားအဖနှစ်ယောက်ရဲ့ ဆက်နွယ်မှုက ဘယ်လောက်တောင် ခိုင်မြဲပြီး ချစ်ခြင်းမေတ္တာနဲ့ ပြည့်နှက်နေလဲဆိုတာကို တွေ့ရမှာပါ ဒီဇာတ်ကားက ကြည့်ရင်း မျက်ရည်ဝဲလာနိုင်တယ်လို့ ပြောရမယ် အထူးသဖြင့် မိဘနဲ့ သားသမီးဆက်ဆံရေး ဒါမှမဟုတ် ဘဝမှာ အခက်အခဲတွေ ဖြတ်ကျော်နေရတဲ့ သူတွေဆိုရင် ဒီကားက ရင်ထဲထိမှာသေချာတယ် သရုပ်ဆောင်တွေဖြစ်တဲ့ Qi Razali၊ Sweet Qismina တို့အပြင် Cristina Suzanne (Hayati အဖြစ် မိခင်နေရာ) တို့ကလည်း သူတို့ရဲ့ ဇာတ်ကောင်တွေကို အသက်ဝင်အောင် သရုပ်ဆောင်ပေးထားတာမို့ ကြည့်ရတာ ပိုပြီး ခံစားရတယ် ဒါကြောင့် သူငယ်ချင်းတို့လည်း ဒီဇာတ်ကားလေးကို အခွင့်ရရင် ကြည့်ကြည့်ပါ ရိုးရှင်းပေမယ့် နှလုံးသားကို ထိတဲ့ မိသားစုဇာတ်လမ်းလေးတစ်ခုကို ခံစားရမှာပါ ကျွန်တော်တော့ ဒီကားကို အကြိုက်ဆုံး မလေးရှားကားစာရင်းထဲ ထည့်ထားလိုက်ပါပြီ File size…(1.8 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Min Khant

Comedy
0 2024
Babah
Smile as You Kill
4.5

ကျွန်တော်တို့လို 90’ Born တွေအတွက် ကြော်ငြာဆိုတာ အပန်းဖြေအစီအစဉ်တစ်ခုထဲမှာပါပါတယ်။ ညနေ ၇ နာရီ ၊ ၉ နာရီ ဇာတ်လမ်းတွဲတွေ မလာခင် တန်းစီပြတတ်တဲ့ ကြော်ငြာတွေကို တမေ့တမောစောင့်ကြည့်ရတာလည်း အလုပ်တစ်ခုပါပဲ။ ကြော်ငြာဆိုတာကလည်း (အမြဲတမ်းတော့မဟုတ်ပေမယ့်) ကျော်အောင် ညာရတာတွေ ရှိပါတယ်။ ဒီ ၂၀၂၃ ခုနှစ်ထွက်ရုပ်ရှင်မှာတော့ ကြော်ငြာတစ်ခုအရင်းပြုပြီး ပြန်ပေးဆွဲခံရသူတစ်ယောက်အကြောင်းကို Plot Twist တွေနဲ့ ရှုစားရမှာပါ။ ဇာတ်လမ်းကတော့ ရီကို (Rey Goyos)ဆိုတဲ့ နောက်ဆုံးအဆင့်ရောဂါသည်တစ်ယောက်ဟာ အသက်ဆက်ဖို့ ဆေးဖိုးဝါးခမတတ်နိုင်တော့တဲ့အဆုံး ကြံမိကြံရာလုပ်ရင် း စုပေါင်းအလှူရန်ပုံငွေ(Crowdfunding) ရဖို့ ကြိုးစားပါတော့တယ်။ သူကြံစည်ပုံက အောင်မြင်နေတဲ့ ဆုရကြော်ငြာဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ တယ်ရီ (Micheal Teh) ကို ပြန်ပေးဆွဲပြီး သူ့အတွက်အကောင်းဆုံးအလှူရန်ပုံငွေကြော်ငြာလုပ်ခိုင်းတာပါ။ တယ်ရီကရော ရီကိုလိုအပ်နေတဲ့ ငွေသိန်းချီတဲ့ရန်ပုံငွေကိုရှာပေးနိုင်ပါ့မလား၊ ရီကိုကရော ငွေတွေရပြီး အသက်ဆက်နိုင်ပါ့မလား ဆိုတာကို ရှုစားကြည့်ပါ။ သရုပ်ဆောင်ကောင်း မင်းသားနှစ်ယောက်တည်းကိုတည်ပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ နိုင်ငံတကာရုပ်ရှင်ပွဲတော် ၇ခုမှာ ဆုပေါင်း ၉ခုနဲ့ Nominee ၃ခု ဝင်ခဲ့ပါတယ်။ ဆုအများစုကိုတော့ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာဖြစ်သူ Micheal Sarrow က သိမ်းကြုံးရယူသွားပြီး မင်းသားနှစ်ယောက်လုံးလည်း ဆုချီးမြှင့်ခံရပါတယ်။ အကြမ်းဖက်မှု၊ သွေးထွက်သံယို နဲ့ ဆဲရေးတိုင်းထွာတာတွေပါဝင်လို့ ကြည့်ရှုသူများ ဆင်ခြင်သင့်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန် Thompson ဖြစ်ပါတယ်။ File size… 1.19 GB / 637 MB Quality… BluRay 1080p / 720p Format… mp4 Audio… AAC Duration…. 1h 27m Genre ….. Dark Comedy/Thriller/Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Thompson

Action • Thriller
4.5 2023 87 mins
Smile as You Kill