YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Raisinghani vs Raisinghani S01 E31 WebRip 1080p YK(CM).mp4

335.68 MB 1080p video/mp4 56 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Super Mario Bros. Movie
7.8

စူပါမာရီယိုဟာ သမိုင်းတလျှောက်ရောင်းအားအကောင်းဆုံး ဂိမ်းပဲဖြစ်ပါတယ်။ ဂိမ်းအမျိုးအစားနဲ့ ပလက်ဖောင်းများလွန်းလို့ လူသန်းပေါင်းဘယ်လောက်ကစားဖူးလဲတောင် ပြောရခက်ပါတယ်။ အခုတခေါက်ကတော့ ဒီဂိမ်းကို ကာတွန်းအဖြစ်အသက်သွင်းထားတာပါပဲ။ မာရီယိုအဖြစ် ခရစ်ပရက်၊ မင်းသမီးလေးအဖြစ် အာညာတေလာဂျွိုင်း၊ လူဝီးဂျီအဖြစ် ချာလီဒေး နဲ့ လိပ်ကြီးဘောင်ဆာအဖြစ် ဂျက်ဘလက်တို့လို နာမည်ကျော်တွေ သရုပ်ဆောင်ထားပါတယ်။ ထွက်ခဲ့ဖူးတဲ့ မာရီယိုဂိမ်းမျိုးစုံထဲက ကာရိုက်တာတွေ၊ လက်နက်တွေ၊ တီးလုံးတွေ၊ နေရာတွေကို သူ့နေရာနဲ့သူ ပြန်သုံးပေးထားပါတယ်။ ကြည့်ရတာ အပန်းပြေတဲ့ ကာတွန်းကားလေးပါပဲ။ ဇာတ်လမ်းအကျဉ်း မာရီယိုနဲ့လူဝီးဂျီတို့ ညီအစ်ကိုဟာ လူတိုင်းက အထင်သေးရတဲ့ ဘရွတ်ကလင်းရဲ့ ရေပိုက်ပြင်သမားညီအစ်ကိုနှစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ရေပိုက်တစ်ခုကနေ မှော်တိုင်းပြည်ထဲကို‌ရောက်သွားပါတော့တယ်။ လူဆိုးဘုရင်ကြီး ဘောင်ဆာဟာ စူပါကြယ်ကြီးကို ပိုင်ဆိုင်ပြီး သူတို့ရဲ့ မှော်လောကထဲကို တိုင်းပြည်အားလုံးကို သိမ်းပိုက်ဖို့ ကြံစည်ထားတဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ သူက မှိုတိုင်းပြည်က မင်းသမီးလေးမက်မွန်သီးကို အရမ်းချစ်နေတာမို့ သူနဲ့အတူ ကမ္ဘာကြီးကိုသိမ်းပိုက်ဖို့ မင်းသမီးလေးကို လက်ထပ်ခွင့်တောင်းဖို့လာခဲ့ပါတယ်။ မင်းသမီးက လက်မခံခဲ့ရင်တော့ မှိုတိုင်းပြည်ကိုဖျက်ဆီးပစ်မှာပါပဲ။ ဒါကိုသိတဲ့ မင်းသမီးလေးဟာ မာရီယိုနဲ့ပူးပေါင်းပြီး ဒန်းကီးကောင်တို့ရဲ့တိုင်းပြည်ကိုစစ်ကူသွားတောင်းခဲ့ပါတယ်။ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ကာတွန်းထဲမှာ ရှုစားလိုက်ပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre..... Action, Adventure, Comedy Quality…. 4k HEVC | 1080p | 720p | 480p Webrip File size…3.7GB |  1.9GB | 1GB | 500MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... Aaron. Thit San Khant

Horror • Romance • Science Fiction
7.8 2023 93 mins
The Super Mario Bros. Movie
Heathers: The Musical
8.3

Heathers: The Musical (2022) ဟာဆိုရင်တော့ ၁၉၈၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Heathers ဆိုတဲ့ Comedy, Drama ဇာတ်ကားကို musical အဖြစ် ပြန်လည်ဆန်းသစ်ထားတာဖြစ်ပါတယ်။ Heathers (1988) ဇာတ်ကားကတော့ IMDb Rating 7.2, Rotten Tomatoes 93% အထိ ရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီလို ဇာတ်လမ်းကောင်းပြီး ဇာတ်အိမ်ခိုင်မာတဲ့ ဇာတ်ကားကို ပြန်လည်စမ်းသစ်ထားတဲ့ Musical ဟာဆိုရင်လည်း Musical ကြိုက်သူများအတွက်တော့ တကယ့်ကို ရွှေပါပဲ။ အိုဟိုင်းရိုး ရှားဝုဒ်မှာရှိတဲ့ ဝက်စတာဘာ့ဂ် အထက်တန်းကျောင်းမှာ ဟယ်သာဆိုတဲ့ အဖွဲ့တစ်ဖွဲ့ရှိပါတယ်။ ထိုအဖွဲ့ကိုတော့ နာမည်တူ သုံးယောက်ဖြစ်တဲ့ ဟယ်သာ ချန်ဒလာ၊ ဟယ်သာ မက်နမဲရာ၊ ဟယ်သာ ဒု့ခ် တို့နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ထိုအဖွဲ့ဟာ နာမည်ကြီးပြီးတော့ တခြားကျောင်းသူကျောင်းသားတွေကို အနိုင်ကျင့်တတ်ပါတယ်။ ဗရော်နီကာဟာဆိုရင် အနိုင်ကျင့်ခံနေရတဲ့ ကျောင်းသူတစ်ယောက်ပါ။ သူဟာ အနိုင်ကျင့်ခံရတဲ့ ဘဝကို စိတ်ပျက်နေပြီး ဟယ်သာအဖွဲ့ထဲကို ဝင်ဖို့ ကြိုးစားနေပါတော့တယ်။ တစ်နေ့မှာ ဟယ်သာအဖွဲ့ကို ကူညီပေးလိုက်ရာမှ ဟယ်သာအဖွဲ့ဝင်ဖြစ်သွားပါတယ်။ ဗရော်နီကာဟာ လက်ရေးအတု၊ စာရွက်စာတမ်းအတု လုပ်ရာမှာ ကျွမ်းကျင်တာမို့ အဖွဲ့ခေါင်းဆောင် ဟယ်သာ ချန်ဒလာက အဖွဲ့ထဲမှာ လက်ခံလိုက်တာပါ။ ကျောင်းကို အသစ်ပြောင်းလာတဲ့ ဂျေဆန်ဒင်းဆိုတဲ့ ကောင်လေးနဲ့ ကြိုက်မိရာမှ ဗရော်နီကာ့ဘဝမှာ အလှည့်အပြောင်း ဖြစ်လာပါတော့တယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre..... Comdey, Musical Quality…. 1080p | 720p | 480p File size… 2.9GB | 1.4Gb | 629MB Format… mp4 Duration…. 2h 15min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Leonard Lin Encoder ..... August

Crime • Drama • Thriller
8.3 2023 135 mins
Heathers: The Musical
Fantastic Beasts: The Secrets of Dumbledore
6.7

IMDb Rating - 6.5/10 Fantastic Beasts ရုပ်ရှင်တွေရဲ့ ၃ ကားမြောက် ရုပ်ရှင်လာပါပြီ။ အားလုံးသိထားတဲ့အတိုင်း ဒုတိယရုပ်ရှင်မှာ ခရီးဒန့်စ်ရဲ့ ဘဝအမှန် ပေါ်လာခဲ့တယ်။ ဒန်ဘယ်ဒေါ နဲ့ ဂရင်ဒီဝေါတို့လည်း ထိပ်တိုက်ရင်ဆိုင်ရဖို့ ကြုံလာခဲ့တယ်။ နျူတို့တွေလည်း ကွင်နီကိုပါ လက်လွှတ်လိုက်ရပြီး မနည်းလွတ်အောင်ပြေးလာခဲ့ရတယ်။ ဒီအပိုင်းမှာတော့ ဒမ်ဘယ်ဒေါဟာ ဂရင်ဒီဝေါကိုတားဆီးဖို့ နျူ့ထ်တို့ ညီအစ်ကိုရယ်၊ ဂျေကော့ရယ်နဲ့ မှော်ဝင်သတ္တဝါဆန်းတွေရယ်နဲ့အတူ ဘယ်လို ကြိုးစားကြမလဲဆိုတာ ဆက်ပြီး ကြည့်ရဦးမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာတော့ ဂရင်ဒီဝေါသရုပ်ဆောင်ဟောင်းဖြစ်တဲ့ ဂျွန်နီဒက်ပ် တစ်ယောက် အမ်ဘာနဲ့အမှုကြောင့် ထုတ်ပယ်ခံရပြီး သူ့နေရာမှာ မက်ဒ် မစ်ကယ်ဆန် ပြောင်းလဲပါဝင်လာပါတယ်။ ဒါပေမဲ့ မက်ဒ်နဲ့လည်း အတော်ကိုလိုက်ဖက်တဲ့အတွက် အရသာမပျက်သွားဘဲတော့ ဆက်ပြီး ကြည့်ရှုနိုင်မှာပါ။ အားပေးလိုက်ကြပါဦး.... (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်။) File Size.............(2.71 GB) / (1.45 GB) / (761 MB) / (516 MB) Quality...............WEB-DL 4K / 1080p / 720p / 480p Duration............2Hr 22Mins Subtitle..............Myanmar Hardsub Format...............MKV / MP4 Genre.................Adventure, Fantasy Translator..........Mr.Anderson Encoder..............SWM / Nyein Saeya Aung

Drama
6.7 2022 142 mins
Fantastic Beasts: The Secrets of Dumbledore
(21+) 9 Songs
5.7

ဒီကားက Music Romance ဖြစ်ပြီး ဆုတွေလည်းရထားပေမဲ့ စိတ်မကောင်းချင်စရာကောင်းတာက အထဲမှာပါတဲ့ အချစ်ကိုဖော်ပြတဲ့အခန်းအတော်များများဟာ 21+ အဆင့်ဖြစ်နေတာပါပဲ.. Music ,Romance ကြိုက်တဲ့ သူတွေအတွက် စိတ်မကောင်းချင်းများစွာနဲ့ ဒီကားကိုဒေါင်းရမှာ ဖြစ်ပါတယ်... ဘဝတစ်ကွေ့မှာ ဆုံတွေ့ခဲ့ပြီး၊ ကိုယ့်ရင်ခွင်ထဲ ခဏ၀င်နားကာ ပြန်ထွက်ခွာသွားတဲ့သူမျိုးကတော့ လူတိုင်းဆီမှာရှိကျစမြဲပါပဲ။ လန်ဒန်မှာ အလုပ်လာလုပ်ပြီး သူ့ရင်ခွင်ထဲခိုလှုံကာ မွေးရပ်မြေကိုပြန်သွားတဲ့ အမေရိကန်သူလေး လီဆာကို အင်္ဂလန်သားလေး မတ်တစ်ယောက် သတိရ‌နေပြီး အတူရှိခဲ့စဉ်က နှစ်ယောက်သား  ရဲ့ ချစ်ပုံရိပ်တွေကို သီချင်းကိုးပုဒ်တို့ဖြင့်  ခမ်းနားထည်ဝါစွာဖော်ပြထားပါတယ်.. File Size : (1.5GB) (885 MB) and (207MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:11:00 Genre : Music, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Y Encoded by X

Action • Adventure • Horror • Science Fiction
5.7 2004 69 mins
(21+) 9 Songs
Christopher Robin
7.3

Trailerတွေထွက်ကတည်းက အားလုံးစိတ်ဝင်စားစွာ စောင့်မျှော်ခဲ့ရတဲ့ ဇာတ်ကားသစ်လေးတစ်ကားကို Channel Myanmarပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးကတော့ အားလုံးရဲ့အချစ်တော် Winnie the Pooh နဲ့ သူ့ရဲ့သူငယ်ချင်းလေး Christopher Robin တို့အကြောင်းရိုက်ကူးထားတဲ့ Christopher Robin (2018) ပါ။ ကာတွန်းဇာတ်ကောင်ကိုရိုက်ထားတာက ဘာများအထွေအထူးကောင်းစရာရှိမလဲလို့ မေးချင်မေးပါလိမ့်မယ်။ ဒါပေမယ့် ဒီကားလေးက ဇာတ်လမ်းအရရော ဇာတ်ဆောင်အရရော သူပေးချင်တဲ့ Theme အရရော တော်တော်လေးအဓိပ္ပါယ်ရှိပြီး မပျင်းမရိကြည့်လို့ရတဲ့ကားလေးတစ်ကားပါ။ Imdb Rating 7.7/10 Rotten Tomatoes 71%တောင်ရရှိထားတာမို့ ဒီလိုညွှန်းထားတာပိုရာမကျပါဘူး။ ဇာတ်လမ်းအကျဉ်းလေးကိုလဲ အနည်းငယ်လောက်တင်ဆက်ပေးလိုပါသေးတယ်။ အားလုံးပဲသိကြတဲ့အတိုင်း Winnie the Poohနဲ့ ခရစ္စတိုဖာရော်ဘင်တို့ဟာ အတူသွားအတူကစားရင်းအရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ ဒါပေမယ့် လောကရဲ့ထုံးစံအတိုင်း ဆော့ကစားနေရုံနဲ့ပြီးမသွားတဲ့ အတွက် ခရစ္စတိုဖာရော်ဘင်တစ်ယောက် တောထဲကသူ့သူငယ်ချင်းတွေနဲ့ခွဲကာ လန်ဒန်မှာကျောင်းသွားတက်ရပါတော့တယ်။ အဲဒီလိုနဲ့ အလုပ်တွေအရမ်းကြိုးစားကာ မက်ဒီလင်းန်ဆိုတဲ့သမီးလေးတောင်ရရှိနေတဲ့ အရွယ်ရောက်လာပါပြီ။ ကလေးဘဝကသူအရမ်းချစ်ရတဲ့သူငယ်ချင်းတွေကိုလဲ မေ့ပစ်လိုက်ပါပြီ။ တစ်နေ့မှာတော့ Poohတစ်ယောက် သူ့သူငယ်ချင်းတွေအကုန်လုံးတောထဲမှာပျောက်သွားလို့လိုက်ရှာရင်း ခရစ္စတိုဖာရော်ဘင်ဆီကိုဆန်းကြယ်စွာရောက်ရှိလာပါတော့တယ်။ Poohကတော့သူအရမ်းချစ်ရတဲ့ ခရစ္စတိုဖာရော်ဘင် နဲ့တွေ့ရပါပြီ။ ခရစ္စတိုဖာရော်ဘင်ကရော... ကလေးမဟုတ်တော့တဲ့ လူကြီးတစ်ယောက်ရဲ့တာဝန်ဝတ္တရားတွေအလုပ်တွေနဲ့ ဘယ်လိုဆက်စခန်းသွားကြမှာလဲ? စတဲ့မေးခွန်းတွေနဲ့ အဆုံးထိမပျင်းမရိကြည့်ရှူရမှာပါ။ ဒီဇာတ်ကားလေးကိုကြည့်ရင်း ငယ်ငယ်ကကြည့်ခဲ့ဖူးတဲ့ ကလေးဘဝအချိန်တွေကို တစ်ဖန်ပြန်လည်ရှာဖွေလိုက်ရအောင်လား... File Size : (904 MB) and (326 MB) Quality : BluRay 720p Running Time : 1hr 44min Format : Mp4 Genre : Action , Adventure , Comedy Subtitle : Myanmar Subtitle (Hard Sub) Source : BluRay 1080p Translated by Aye Mon Kyaw & Hin Kyi Thar Oo Encoded by Moe Myint Lwin

Action & Adventure • Drama
7.3 2018 104 mins
Christopher Robin
The Road to Galena
5.6

The Road to Galena(2022) ဝါရှင်တန် အထက်တန်းလွှာမှာ ဝင်ဆံ့တဲ့သူတစ်ယောက် ဖြစ်တဲ့ ကိုးလ်ဘဲရပ်တ်ဟာ အလားအလာရှိပြီး အောင်မြင်တဲ့ရှေ့နေတစ်ယောက် ဖြစ်ပြီး လှပပြီးထက်မြက်တဲ့ ဇနီးသည်၊ ကားအလန်းစား အိမ်အမိုက်စားနဲ့ ပြီးပြည့်စုံတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ထားသူပါ ဒါပေမဲ့ ဒီလို ပြီးပြည့်စုံတဲ့ ဘဝဟာ ကိုးလ် အမှန်တကယ် လိုလားတောင့်တခဲ့တဲ့ ဘဝ ဟုတ်ပါရဲ့လား တစ်ချိန်က ကိုးလ်ရဲ့ အိပ်မက်က ငယ်ချစ်ဦးနဲ့ အတူ ဂယ်လီနာက မြေမှာ အောင်မြင်တဲ့ စိုက်ပျိုးရေးသမားတစ်ယောက် ဖြစ်လာဖို့ပါ ဒါပေမဲ့လည်း ဖြစ်ချင်တာတွေထက် မဖြစ်ချင်တာတွေပဲ ပိုဖြစ်လေ့ရှိတဲ့ လောကသဘာဝအတိုင်း စိုက်ပျိုးရေးသမား ဖြစ်ချင်တဲ့ ကိုးလ်ဟာ ရှေ့နေတစ်ယောက်ဖြစ်လာပြီး ငယ်ချစ်ဦးနဲ့ လွဲခဲ့ရပါတယ် ဇနီးချောနဲ့ တိုက်နဲ့ ကားနဲ့ အထက်တန်းကျကျ နေနိုင်နေပြီဖြစ်တဲ့ ကိုးလ်ရဲ့ ဘဝထဲကို ဖုန်းတစ်ကောလ် ဝင်လာပြီးတဲ့နောက် ကိုးလ်ရဲ့ ငယ်ဘဝ အိပ်မက်တွေ ပြန်လည် လှုပ်ရှား အသက်ဝင်လာပါတော့တယ် အဲဲဒီနောက်မှာတော့ အောင်မြင်တဲ့ဘဝကိုပဲ ဆက်ပြီး လျှောက်လှမ်းမလား ငယ်ဘဝ အိပ်မက်ကို အကောင်အထည်ဖော်မလား ကိုးလ် ဘာကို ရွေးချယ်မလဲ ကိုးလ်နဲ့အတူ သူ့ရဲ့တစ်ချိန်က ငယ်ချစ်ဦးနဲ့ ငယ်ဘဝအိပ်မက်တွေကို လိုက်ပါခံစားရင်း လမ်းလျှောက်ရင်း လမ်းပျောက်သွားတဲ့ လူတစ်ယောက်အကြောင်းကို ကြည့်ရှုကြရမှာပါ IMDb – 5.6/10, Rotten Tomatoes – 95% ရရှိထားတဲ့ ဒရာမာကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p | 480p File size…1.17GB | 597MB | 285MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Roman NoX Encoder ….. August

Drama
5.6 2022 110 mins
The Road to Galena
[18+] Alapaap
7.3

Alapaap (2022) ~ IMDb rating – 7.3/10 ~ အဲရစ်ဦးဆောင်တဲ့ သူငယ်ချင်းအုပ်စုဟာ အခုချိန်မှာ ရုပ်ရှင်ကျောင်းဆင်းတစ်ယောက်ဖြစ်တဲ့ အဲရစ်ရဲ့ Thesis အတွက် မှတ်တမ်းရုပ်ရှင်တစ်ခုဖြစ်မြောက်ရေးကို ဝိုင်းဝန်းကူညီနေကြပါတယ်။ အားလုံးဟာ လူချမ်းသာ အသိုင်းအဝိုင်းကြီးတွေက မွေးဖွားဆင်းသက်လာတဲ့ ဘဝအပေါ်ရှုမြင်တွေးခေါ်ပုံတွေကအစ အစဉ်အလာနဲ့ဖောက်ထွက်ဆန့်ကျင်ကြတဲ့ လူငယ်ပညာတတ်တွေဖြစ်ပြီး K တွေ E တွေကို ပဲကြီးလှော်လိုသုံးစွဲ လိင်မှုကိစ္စအရာမှာလဲ ပွင့်လင်းလွတ်လပ်အစွန်းရောက်လွန်းပြီး Orgy တွေ သီရိစံတွေ ဘာညာဆိုတာ သူတို့ဘဝမှာနေ့စဉ်ထမင်းစားရေသောက်ပါ။ အားလုံးဟာ အတိတ်စိတ်ဒဏ်ရာတွေ အမှောင်ကိုယ်စီရှိတဲ့လူတွေဖြစ်ပေမယ့် လက်ရှိဘဝမှာတော့ အားလုံးကိုမေ့ထားပြီး ပေါ့ပေါ့ပါးပါးနေထိုင်ကြပါတယ်။ အဲရစ်ရဲ့မှတ်တမ်းရုပ်ရှင်ဟာ ဖိလစ်ပိုင်အစွန်အဖျားက ဘန်ယန်ဆိုတဲ့ ရှေးဟောင်းတိုင်းရင်းမျိုးနွယ်စုတစ်ခုအကြောင်းဖြစ်တဲ့အတွက် အဲ့ဒီနေရာကို ကုန်းတစ်တန်ရေတစ်တန်နဲ့ ခရီးသွားဖို့ဖြစ်လာတဲ့နောက်မှာတော့ အဲ့ဒီခရီးဟာ သူတို့ဘဝတွေကို တစ်ဆစ်ချိုးပြောင်းလဲစေမယ့် တစ်သက်မမေ့နိုင်စရာ ခရီးတစ်ခုဖြစ်လာပါတော့တယ်။ အဖော်အချွတ်တွေ လိင်ဆက်ဆံခန်းတွေ ပုံမှန်ထက်ပိုကြမ်းတမ်းတဲ့အပြင် သွေးထွက်သံယိုတွေ၊ ရက်စက်တဲ့ပြကွက်တွေလဲ အများကြီးပါဝင်တဲ့အတွက် စိတ်မထိန်းနိုင်တဲ့သူတွေ အသည်းငယ်တဲ့သူတွေကြည့်ဖို့မသင့်တော်ပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.91GB, 950MB Quality – 1080p, 720p Format – mp4 Duration – 2H 10Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Animation • Comedy • Family
7.3 2022 130 mins
[18+] Alapaap
Dark Harvest
5.4

ဟောလိုးဝင်းညတိုင်း တစ်ရွာလုံးက ရအောင်လိုက်သတ်ရမဲ့ မကောင်းဆိုးရွား အကြောင်း ဟော်ရာဇာတ်လမ်းပါပဲ။ ဒီဟောရာရုပ်ရှင်အသစ်က ပဟေဠိဆန်ဆန်နဲ့ ကြောက်စရာကောင်းအောင် ရိုက်ပြထားတာပါ။ ဟော်ရာကြည့်နေကျသူတွေဆို နည်းနည်းခန့်မှန်းမိနိုင်ပေမဲ့ ဘာဖြစ်မလဲ ဆက်ကြည့်ချင်စိတ်နဲ့ ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်မျိုးပါ။ ဇာတ်လမ်းအကျဉ်း ရွာကလေးတစ်ခုမှာ ဓလေ့တစ်ခုရှိတယ်။ ဟောလိုးဝင်းညတိုင်း ပြောင်းခင်းထဲကနေ မကောင်းဆိုးရွားတစ်ကောင်ထလာပြီး ရွာထဲက ဘုရားကျောင်းထဲကို သန်းခေါင်မတိုင်ခင် ရအောင်ဝင်တယ်။ အဲဒီမကောင်းဆိုးရွား ဝင်နိုင်သွားပြီဆိုရင် တစ်ရွာလုံး မုန်တိုင်းတွေကျ သီးနှံတွေ ပျက်စီးပြီး တစ်နှစ်လုံး ဒုက္ခရောက်ကြတယ်လို့ အယူရှိပါတယ်။ ဒါကြောင့် ဟောလိုးဝင်းရောက်တိုင်း ရွာရဲ့ ၁၈ ပြည့်ကောင်လေးတွေအကုန် အဲဒီမကောင်းဆိုးရွားကို သန်းခေါင်မတိုင်ခင် လိုက်ရှာသတ်ကြရပါတယ်။ အဲဒီကောင်လေးတွေထဲက မကောင်းဆိုးရွားကို သတ်နိုင်လိုက်တဲ့ ကောင်လေးဟာ ရွာကနေ မြို့တက်ဖို့ ငွေအလုံအလောက်နဲ့ ကာဒီလက်ကားအသစ်တစ်စီးတဲ့အပြင်၊ ကောင်လေးရဲ့မိဘတွေကိုလည်း အိမ်အကြီးကြီးအသစ်တစ်လုံး ဆုချလေ့ရှိတာမို့ ယောကျာ်းလေးတွေ အပြိုင်အဆိုင် အမဲလိုက်ကြတဲ့ပွဲပါပဲ။ အခုရောက်လာတော့မဲ့ ဟောလိုးဝင်းမှာလည်း အဲဒီလို အမဲလိုက်ဖို့ ပြင်ဆင်နေကြတဲ့ထဲက ကောင်လေးတစ်ယောက်ကတော့ အဲဒီညကြီးရဲ့ ကြောက်စရာအမှန်တရားတစ်ခုကို သိလိုက်ရတဲ့အခါ… File size… 4.97 GB / 1.53 GB / 644 MB Quality… Web-Dl 4k /1080p / 720p Format… mp4 Duration…. 1h 33m Genre ….. Horror, Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Ka Naung , Thit San Khant Translated by Mr.Anderson

Drama • Family • Music • Romance
5.4 2023
Dark Harvest
Humming
6.2

လူဆိုတာကတော့ အမြဲတမ်းရနေတဲ့အရာဆိုရင် ပေါပေါပဲပဲလို့မှတ်ယူသွားပြီး တန်ဖိုးမထားတတ်ကြတာချည်းပါပဲ။ အချစ်မှာလည်း ဘယ်သူ့ဘက်ကစချစ်သည်ဖြစ်စေ အမြဲအလိုလိုက်ခံရ အချစ်ခံရသူဘက်က ငြီးငွေ့သွားတတ်ကြပါတယ်။ သူချစ်ကိုယ်ချစ်နဲ့ အပြန်အလှန် နားလည်ပေးမှ ညီမျှပေမှာပေါ့။ ယခုဇာတ်လမ်းမှာလည်း သိပ္ပံပညာရှင်ပေါက်စ ဂျွန်စောဟာ ၆နှစ်တာအချစ်ရေးကို စိတ်ကုန်လျက်ရှိပါတယ်။ ဒါကြောင့် ချစ်သူနဲ့ဝေးလို့ဝေးငြား တောင်ဝင်ရိုးစွန်း သုတေသနခရီးကို လိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ အင်တာဗျူးမအောင်ခင်မှာပဲ ချစ်သူဟာ အက်ဆီးဒင့်ကြောင့် ကိုမာဝင်သွားပါတယ်။ ကိုယ့်ဘေးမှာ အမြဲရှိခဲ့တဲ့ချစ်သူဟာ ကိုယ့်အနားကနေပျောက်ကွယ်လုမတက် အသက်အန္တရာယ်ကြုံရတဲ့အခါ ဘယ်လိုအလှည့်အပြောင်းတွေဖြစ်မလဲ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။ File size…1.52GB / 771MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 36m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane

Crime • Drama
6.2 2008
Humming
Rest Stop
4.5

Rest Stop (2006) ============= ဂျက်စ်နဲ့နစ်ကိုးလ်တို့ဟာ ပုန်ကန်ချင်တဲ့၊ စွန့်စားချင်တဲ့ ချစ်သူနဲ့ ဘဝသစ်ကိုထူထောင်ချင်တဲ့ ဆယ်ကျော်သက်လူငယ်တွေပါ။ အဲ့ဒီစိတ်ကူးယဉ်အိမ်မက်တွေနောက်ကိုလိုက်ဖို့တစ်နေ့မှာတော့ ဂျက်စ်ရဲ့အမိုးဖွင့်ကားလေးနဲ့အတူ မိဘတွေကိုအသိမပေးပဲ ဟော လိဝုဒ်ကိုဦးတည်ပြီး ခိုးထွက်လာခဲ့ကြပါတယ်။လမ်းတစ်နေရာမှာ တော့ အပေါ့သွားချင်လာတဲ့ နစ်ကိုးလ်ကြောင့် လမ်းဘေး အိမ် သာလေးတစ်ခုကိုဝင်မိရာကနေပြန်အထွက်မှာ ဂျက်စ်တစ်ယောက် ပျောက်ချင်းမလှပျောက်နေတာကိုမြင်တွေ့ခဲ့ရပါတယ်။ နီးစပ်ရာမှာ အကူအညီတောင်းဖို့ကြိုးစားရင်း လူနေကားတစ်စီးကို တွေ့မိလို့ ခဏလိုက်ပါမိရာကနေ ကြက်သီးထဖွယ်ကားပိုင်ရှင်မိသား စုကြောင့် ပြန်ဆင်းလာခဲ့ရပြီး လမ်းဘေးအိမ်သာဆီပြန်ရောက်လာခဲ့ ပါတယ်။ အဲ့ဒီလမ်းဘေးအိမ်သာမှာတော့ သူ့ကိုပိုပြီးခြောက်ခြားဖွယ် အဖြစ်အပျက်တွေက စောင့်ကြိုနေတာကို နစ်ကိုးလ်တစ်ယောက်အသိ နောက်ကျခဲ့ရပါတယ်။ ဒီကားလမ်းမပေါ်မှာ ထရပ်ကားနဲ့လူတစ်ယောက်လိုက်ဒုက္ခပေးနေ ကြောင်းရေးထားတဲ့ အိမ်သာနံရံက ခြောက်ခြားဖွယ်စာတွေ ၊Rolling stones ဂီတဖျော်ဖြေပွဲကိုသွားရင်း လူတစ်ယောက်ဖမ်းထားပြီးနှိပ်စက် ရာကနေထွက်ပြေးလာတယ်ဆိုတဲ့ မိန်းကလေးတစ်ယောက်၊ တကယ် တမ်းတော့ အဲ့ဒီမိန်းကလေးဟာ ၁၉၇၁ ထဲကပျောက်ဆုံးနေခဲ့တာဆိုတာ သူသိလိုက်ရချိန်၊ အခြေအနေတွေ အဖြစ်အပျက်တွေကို သူ ဆက်စပ်မိ လာချိန်မှာတော့..။ Wrong Turn တို့၊ The hills have eyes တို့လို မျက်စိလည်လမ်းမှားရာ ကနေ သွေးပျက်စရာလူသတ်သမားတွေရဲ့ပစ်မှတ်ထားခံရတဲ့ ပရိသတ် တွေအကြိုက်တွေ့မယ့် Franchise နောက်တစ်ခုပါပဲ။ အဲ့ဒီကားတွေထက် မလျော့တဲ့ ကြမ်းတမ်းရက်စက်တဲ့ သတ်ဖြတ်ခန်းတွေ၊ သွေးထွက်သံယို တွေ၊ အဖော်အချွတ်တွေပါဝင်တဲ့အတွက်၊ Genre ပရိသတ်တွေကျေနပ် နှစ်သိမ့်ကြမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(731 MB) Quality…………WEB-DL 720p Duration………1Hr 44Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Thriller Translator…….Alias Encoder……….SWM

Action • Crime • Thriller
4.5 2006 85 mins
Rest Stop
A Greek Recipe for Romance
6.5

နယူးယောက်မှာ ဟိုတယ်မန်နေဂျာအဖြစ် ရာထူးတိုးဖို့ မျှော်လင့်ထားတဲ့ အက်ဘီတစ်ယောက် ဝန်ထမ်းလျှော့တဲ့အထဲပါသွားပြီးနောက် သူ့အမေရှိတဲ့ ဂရိကိုသွားလည်ခဲ့တယ် ဂရိမှာလဲ သီရိုတစ်ယောက် ၂ပတ်အတွင်း စားသောက်ဆိုင်မဖွင့်ရင် အမေဖြစ်သူရဲ့ဆိုင် အသိမ်းခံရတော့မှာကြောင့် အပူတပြင်းဖြစ်နေပြီး သူငယ်ချင်းတစ်ယောက်မိတ်ဆက်ပေးရာကနေ အက်ဘီနဲ့ အချင်းချင်းသိသွားပြီး နှစ်ယောက်သား စားသောက်ဆိုင်ကိုဖွင့်တာ အဆင်ပြေသွားကြမှာလား သီရိုရဲ့ ဘဝလမ်းကြောင်း ရွေးချယ်မှုအပေါ် သဘောမကျဖြစ်နေတဲ့ အဖေကရော စားသောက်ဆိုင်မဖွင့်ဖြစ်အောင် ဘယ်လိုတွေတားဆီးနှောက်ယှက်မလဲဆိုတာကိုတော့ A Greek Recipe for Romance ဆိုတဲ့ ကားလေးကို ကြည့်ရှုပေးကြပါဦး File size…(1.4 GB)/(730 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:24:00 Genre… Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Morana

6.5 2024
A Greek Recipe for Romance
Stealing Harvard
5.1

Stealing Harvard (2002) ကြမ်းကျွံသော်နုတ်ရ စကားကျွံသော်နုတ်မရဆိုတဲ့အတိုင်းပဲ ဂျွန်တစ်ယောက် သူ့ရဲ့တူမလေးကို ရုတ်တရက်ပြောမိတဲ့စကားကြောင့် သူ့ရဲ့သာမန်လက်လုပ်လက်စားဘဝကနေ လတော်တော်ကြာစကားမပြောဖြစ်တဲ့ သူ့ရဲ့အချစ်တော် သူငယ်ချင်းဒက်ဖ်နဲ့ပြန်ပေါင်းထုပ်မိပြီး တစ်လွဲတွေစတင်လာပါတော့တယ်။ Comedy Movieဖြစ်လို့ jokesတွေက မပေါ့တဲ့အပြင် plot twistတွေကလည်းမိုက်တဲ့အတွက်ကြောင့် Underrated ဖြစ်သော်ငြားလည်း ကြည့်ပျော်တယ်လို့ ပြောလို့ရတဲ့အတွက်ကြောင့် တစ်ခါလောက်တော့tryကြည့်သင့်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Yamone ဖြစ်ပါတယ်။) File size…(2.1 GB) / (1.1 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Comedy, Crime, Drama Duration….01:25:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Myat Noe Yamone

5.1 2002 85 mins
Stealing Harvard
State and Main
6.7

State and Main (2000) IMDb Rating (6.7) / Rotten Tomatoes (85%) ဒါရိုက်တာ David Mamet မှ ရိုက်ကူးထားတဲ့ ဟာသဒရာမာဇာတ်ကားဖြစ်ပါတယ်။ ရုပ်ရှင်ရိုက်ကူးဖို့အတွက် မြို့ငယ်လေးတစ်မြို့ကို ရောက်လာခဲ့တယ် ရုပ်ရှင်အဖွဲ့သားတစ်ဦးက ဒေသခံတွေ နှင့် သူတို့ရဲ့ ထူးဆန်းတဲ့ ပြဿနာတွေကြားမှာ နှောက်ယှက်တဲ့ ဇာတ်လမ်းဖြစ်ပါတယ် ။ ဒီဇာတ်ကားက ရယ်စရာ ဒိုင်ယာလော့တွေနဲ့ ပြည့်နေတာပါပဲ။ ဒီဇာတ်ကားမှာ William H. Macy၊ Alec Baldwin နဲ့ Philip Seymour Hoffman တို့ ပါဝင်ပါတယ်။ သူတို့အားလုံးဟာ ဖျော်ဖြေမှုကောင်းကောင်းနဲ့တင်ဆက်နိုင်ပါတယ်၊ Macy က ရုန်းကန်နေရတဲ့ ဒါရိုက်တာအဖြစ် သရုပ်ဆောင်ထားပြီး Baldwin က ထင်ရှားကျော်ကြားသော သရုပ်ဆောင်တစ်ဦးဖြစ်ပြီး Hoffman သည် ပြည်တွင်းပြဇာတ်ရေးဆရာအဖြစ် သရုပ်ဆောင်ထားကြတယ်။ ဒီဇာတ်ကားက ဟောလိဝုဒ်မှာ ရယ်စရာကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး ရုပ်ရှင်ဖန်တီးမှုနောက်ကွယ်က ရူးသွပ်မှုတွေကို ပြသထားပါတယ်။ ရုပ်ရှင်လုပ်ငန်းနဲ့ မြို့ငယ်လေးအကြောင်း စိတ်ဝင်စားစရာကောင်းတဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ ဟာသတွေ ရောစပ်ထားပါတယ်။ ယေဘူယျအားဖြင့်၊ State and Main သည် စာရေးကောင်းပြီး အရမ်းကောင်းတဲ့ သရုပ်ဆောင်မှုတွေနဲ့အရမ်းကြိုက်ချင်စရာဖြစ်နေတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ရုပ်ရှင်နောက်ကွယ်အရာတွေကို ကြည့်ရတာ ပျော်စရာကောင်းတဲ့အတွက်စိတ်အပန်းဖြေဖို့အတွက်ဆိုကြည့်သင့်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။) File size…(2.2 GB) / (1.2 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama Duration….01:45:53 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Banyar Aung

Action • Drama
6.7 2000 106 mins
State and Main
Chungking Express
8.1

Chungking Express (1994) IMDb Rating (7.9) / Rotten Tomatoes (89%) ဝမ်ကာဝေက သူရိုက်ခဲ့ဖူးသမျှရုပ်ရှင်တွေထဲမှာ အချိန်အပေးရဆုံးနဲ့ အခက်ခဲဆုံးဖြစ်တဲ့ Ashes of Time (1994) ရဲ့ နောက်ဆုံးအဆင့် Post Production တွေလုပ်ကိုင်နေဆဲမှာ သူ့ Production အတွက်၊ သူ စိတ်ပြေလက်ပျောက်ဖြစ်ဖို့အတွက်ဆိုပြီး Chungking Express ရုပ်ရှင်ကားကို ၃ လအတွင်းအပြီးသတ်ရိုက်ကူးပြသခဲ့တယ်။ “ကျွန်တော် Ashes of Time ရဲ့ Post Production တွေကနေ ခဏအနားယူချင်ခဲ့တယ်၊ အဲ့ဒါနဲ့ ဒီ Chungking Express ကိုရိုက်ဖြစ်သွားတာပဲ။ ဒီရုပ်ရှင်မှာ ဇာတ်ညွန်းလည်းအတည်တကျမရှိပါဘူးဗျာ….ရိုက်ကွင်းမစခင်ည ဒါမှမဟုတ် ရိုက်မယ့်မနက်မှ လက်တန်းချရေးပြီး ရိုက်လိုက်တာပဲဗျ။” – ဝမ်ကာဝေ ဒီရုပ်ရှင်ရဲ့ Theme က ပြောရခက်တယ်။ နီယွန်မီးရောင်တွေနဲ့ အတုအယောင်တွေပြည့်နှက်နေတဲ့ ဟောင်ကောင်မြို့ပြညအချိန်တွေကို အခြေခံတဲ့ ပထမဇာတ်လမ်းနဲ့ Chungking Mansion ရဲ့ နေ့ဖက်အချိန် နိစ္စဒူဝအလုပ်လုပ်ကြတဲ့အခိုက်အတန့်တွေကို အခြေခံထားတဲ့ ဒုတိယဇာတ်လမ်းကြားမှာ ဒီရုပ်ရှင်ဟာ လွန်ဆွဲနေတာပါပဲ။ ကိုယ်ချစ်တဲ့သူပြန်လာမယ်ဆိုတဲ့မျှော်လင့်ချက်သင်္ကေတတစ်ခုအဖြစ် မေလ ၁ ရက်နေ့ သက်တမ်းကုန်မယ့် နာနတ်သီးစည်သွပ်ဘူးတွေကို တစ်နေ့တစ်ဘူးဝယ်ရင်း မေလ ၁ ရက်နေ့ရောက်လာမှာကို စောင့်မျှော်နေတဲ့ ရဲနံပါတ် ၂၂၃ နဲ့ ချစ်သူပြန်လာတိုင်း အသုပ်စုံဝယ်ဝယေ်ပးတတ်ပြီး ဆိုင်ရှင်မြှောက်ပေးရာကနေ အစားအသောက်ရွေးချယ်စရာတွေကနေ လူရွေးချယ်ခွင့်ပါ ပေးမိသွားခဲ့တဲ့ ရဲနံပါတ် ၆၆၃ တို့ရဲ့ ဘဝထဲကို လူသစ်တစ်ယောက်စီက နည်းတစ်မျိုးစီနဲ့ ရောက်လာကြတဲ့အခါ သူတို့ဘယ်လိုတုံ့ပြန်ခဲ့ကြသလဲ။ သူတို့ရဲ့အတိတ်ကို ဘယ်လိုမေ့ဖျောက်ကြသလဲ။ အထီးကျန်တဲ့အချိန်တွေကို ဘယ်လိုဖြတ်ကျော်ကြသလဲ။ ဒီရုပ်ရှင်ကိုကြည့်ပြီး လူဆိုတာ အသိုင်းအဝိုင်းနဲ့နေထိုင်တဲ့၊ ပေါင်းဆင်းဆက်ဆံရေးလုပ်တဲ့သက်ရှိလို့ဆိုကြပေမယ့် တကယ်တမ်းတော့ လူတွေက လူ့အသိုင်းအဝိုင်းကနေ တစ်နည်းမဟုတ်တစ်နည်းနဲ့ ရှောင်ထွက်ကြပြီး အထီးကျန်မှုကို ရွေးချယ်နေကြတယ်ဆိုတာ သိလာတယ်။ လူတစ်ယောက် ပျော်တယ်၊ မပျော်ဘူး၊ အထီးကျန်တယ်၊ မကျန်ဘူးဆိုတာလည်း အဲ့ဒီလူတစ်ယောက်အပေါ်မှာပဲ မူတည်နေတယ်ဆိုတာသိလာတယ်။ အချစ်ဆိုတာ ချစ်နေရုံနဲ့လည်းမပြီးသွားပြန်ဘူး၊ ချစ်တာကို ပြတတ်ဖို့လည်းလိုအပ်တယ်ဆိုတာကို Hong Kong ရဲ့ မက်ဒေါနားလေး Faye Wong ကလည်း ပြသွားပြန်တယ်။ သူ့ရဲ့ပထမဆုံးရုပ်ရှင်မှာတင် Faye Wong က စီနီယာကြီးတွေကြားမှာ ထင်ပေါ်သွားခဲ့တယ်။ Hollywood ရဲ့ အကောင်းဆုံးဒါရိုက်တာတစ်ယောက်၊ Pulp Fiction, Inglourious Basterds ရုပ်ရှင်တွေရဲ့ပဲ့ကိုင်ရှင်ဖြစ်တဲ့ Quentin Taratino ကတောင် ဒီရုပ်ရှင်ကို ကြည့်ဖို့ ကိုယ်တိုင်ကိုယ်ကျ တိုက်တွန်းခဲ့ဖူးတယ်။ “California Dreaming ကို ကျွန်တော် နောက်တစ်ကြိမ်နားမထောင်ဖြစ်လောက်တော့ဘူးထင်ပါရဲ့…..နားထောင်ဖြစ်ရင်လည်း Faye Wong ရဲ့ မြူးကြွတဲ့ ကကွက်လေးတွေကိုပဲ အမြဲမြင်ယောင်မိနေလိမ့်မယ်ဗျာ” ဟုတ်ပါတယ်၊ ဒီရုပ်ရှင်ရဲ့အလှတရားတွေထဲမှာ Faye Wong ကတော့ ထိပ်ဆုံးကပါ။ California Dreaming သီချင်း အပြင် သူကိုယ်တိုင် cover ပြန်သီဆိုထားတဲ့ The Cranberries အဖွဲ့ရဲ့ Dream သီချင်းလေးက ဒီရုပ်ရှင်ကို ပိုပြီးမြူးကြွချိုမြိန်စေခဲ့ပါတယ်။ ရဲနံပါတ် ၆၆၃ ရဲ့ တိုက်ခန်းထဲမှာ ပျော်မြူးနေတဲ့ Faye Wong ရဲ့ပုံရိပ်တွေက Chungking Express ကြည့်ရှုသူတိုင်းကို ဖမ်းစားနိုင်ခဲ့တာအမှန်ပါပဲ။ ပြီးတော့ ဝမ်ကာဝေရဲ့ ထုံးစံအတိုင်း မတင်မကျဇာတ်သိမ်းလေးက Romance ရုပ်ရှင်မျိုးဆိုတာ ဒီလိုလေးလည်း ကြည့်ကောင်းပါလားလို့တောင် တွေးမိစေခဲ့တယ်။ အချိန်တိုအတွင်းမှာရိုက်ကူးပြီးစီးခဲ့ပေမယ့် ဒီရုပ်ရှင်မှာ ဒါရိုက်တာဝမ်ကာဝေရဲ့ အတွေးအပိုင်းအစတွေအများကြီးပါဝင်ခဲ့ပြီး ချစ်သူရည်းစားတွေ ပြတ်စဲပြီးနောက်မှာ ဘာတွေဆက်ဖြစ်ကြသလဲဆိုတာလေးကို အလှပဆုံးပုံဖော်သွားတဲ့ အဖိုးတန် Romance ကားတစ်ကားပါ။ ဝမ်ကာဝေဟာ ဘာမှမဟုတ်ဘူးထင်ရတဲ့ လူ့ဘဝအခိုက်အတန့်လေးတွေကို ရုပ်ရှင်အဖြစ်ပြောင်းလဲဖန်တီးတဲ့နေရာမှာတော့ ဆရာတစ်ပါးပဲဆိုတာ သေချာပါတယ်။ သူ့ရဲ့လက်ရာအများစုကလည်း လူတွေနဲ့အနီးစပ်ဆုံးကိစ္စတွေဖြစ်လို့ ရင်ထဲရောက်အောင် ဆွဲဆောင်နိုင်တာပါ။ Hong Kong new wave 1st generation ကစလို့ ဟောင်ကောင်ရုပ်ရှင်တွေဟာ သာမန်ဖျော်ဖြေရေးရုပ်ရှင်တွေထက် အိမ်တွင်းရေး၊ လူမှုရေးနဲ့ ပြည်သူတွေ သတိမပြုမိတဲ့အခိုက်အတန့်လေးတွေကို ဇာတ်အိမ်ဖွဲ့ရိုက်ကူးတဲ့ new wave ရုပ်ရှင်တွေပေါ်ထွက်လာခဲ့တယ်။ ဝမ်ကာဝေတို့ ဂျွန်ဝူးတို့ ခေတ်အရောက်မှာတော့ ဟောင်ကောင်ရုပ်ရှင်တွေဟာ အဆင့်အတန်းတစ်ခုကိုရောက်လာခဲ့ပြီး အာရှရုပ်ရှင်လောကမှာ သူတို့ရဲ့ ကိုယ်ပိုင်ဟန် ကိုယ်ပိုင်ဇာတ်လမ်းသွားပုံစံတွေနဲ့ နေရာတစ်နေရာ အခိုင်အမာရရှိခဲ့ပါတယ်။ Chungking Express ကလည်း ဟောင်ကောင်ရုပ်ရှင်လောကမှာ စံထားရတဲ့ရုပ်ရှင်ကားတွေထဲက တစ်ကားအပါအဝင်ပါ။ ရုပ်ရှင်ရဲ့ Color တွေ၊ အဝတ်အစားရွေးချယ်ပုံတွေနဲ့ ဟောင်ကောင်က Chungking Mansion ကြီးထဲက လူမျိုးပေါင်းစုံ၊ သာမန်လူတန်းစားအသိုင်းအဝိုင်းကို ထောက်တိုင်ပြုထားတဲ့ ဇာတ်အိမ်နှစ်ခုအပြင် ဒီရုပ်ရှင်ရဲ့ အထင်ရှားဆုံး၊ ချီးကျူးအခံရဆုံးအချက်ဖြစ်တဲ့ Slow Motion, Blur Motion Shot တွေကြောင့် Chungking Express ဟာ ဝမ်ကာဝေရဲ့ အကောင်းဆုံးလက်ရာလို့ပြောကြတဲ့ In the Mood for Love ထက်မသာရင်တောင် မလျော့တဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ကျွန်တော့်အတွက်တော့ Romance Genre မှာ Chungking Express က ချစ်စရာအကောင်းဆုံးနဲ့ သဘာဝအကျဆုံးကားတစ်ကားဖြစ်သွားခဲ့ပါပြီ။ “ဘယ်အချိန်ကစပြီး အရာအားလုံးမှာ သက်တမ်းကုန်ဆုံးရက်တွေ ရှိသွားတာလဲ” “ငါးသေတ္တာဘူးတွေ သက်တမ်းကုန်တယ်၊ ဆော့စ်တွေ သက်တမ်းကုန်တယ်၊ ပလက်စတစ်အိတ်တွေတောင် သက်တမ်းကုန်တယ်။” “ကျွန်တော်တွေးမိတယ်…..ကမ္ဘာပေါ်မှာ သက်တမ်းမကုန်တဲ့အရာရှိသေးရဲ့လား” (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Arkar Phyo မှ တင်ဆက်ထားပါတယ်။)

8.1 1994 103 mins
Chungking Express