YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Rabid.1977.1080p.BluRay.(CM).mp4

2.05 GB 1080p video/mp4 126 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Beat

IMDb 7.3ရရှိထားတဲ့ musical dramaလေးဖြစ်ပါတယ် အယ်လီဆိုတဲ့ ကောင်မလေးက ကားအက်စီးဒင့်ကြောင့် နှလုံးအစားထိုးကုသလိုက်ရပြီးတဲ့နောက်မှာတော့ သူမဟာ စန္ဒရားတီးတဲ့နေရာမှာ တစ်ဖက်ကမ်းခတ်အောင် ထူးချွန်သွားပါတယ်။ ဒီလိုနဲ့ သူမရဲ့နေ့စဉ်ဘ၀မှာ တိုက်ဆိုင်မှုတွေရှိလာတိုင်း အိမ်ခြေယာမဲ့လူတစ်ဦးနဲ့ သူမအကြား ဂန္တ၀င်ဂီတကနေတစ်ဆင့် လျှို့ဝှက်ဆန်းကြယ်တဲ့ ဆက်သွယ်မှုတစ်ခုရှိလာတာကို သတိထားမိလာပါတယ်။ ဒီကားလေးက musical filmဆိုတဲ့အတိုင်း အခန်းတိုင်းကို သီချင်းကောင်းကောင်းလေးတွေ စန္ဒရားသံလှလှလေးတွေနဲ့ ကြည့်ရှုသူရင်ထဲကိုထိအောင် လှလှပပ ပုံဖော်ထားပါတယ်။ Newcastle မြို့ရဲ့အလှ‌တရားတွေကိုလည်း နောက်ခံသီချင်းကောင်းကောင်းတွေ လှပတဲ့ဇာတ်၀င်ခန်းတွေနဲ့ ဇာတ်အိမ်ခိုင်ခိုင် ရိုက်ပြထားတာမလို့ ဂီတကိုမြတ်နိုးတဲ့သူတွေအနေနဲ့ ကြည့်ဖို့သင့်တဲ့ကားလေးတစ်ကားပါပဲ။ File size…(1.3 GB)/(600 GB)/(350 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:41:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min khant

Comedy • Drama
0 2022
Beat
Three Thousand Years of Longing
7

ဒီရုပ်ရှင်ကို ရိုက်တဲ့သူက Mad Max ကားတွေရဲ့ ဒါရိုက်တာ စာရေးဆရာဖြစ်တဲ့ George Miller ဖြစ်တဲ့အပြင်ကို အမျိုးအစားကလည်း Fantasy, ပိုစတာကြည့်တော့လည်း မီးခွက်စောင့်ဘီလူးလိုဘဲနဲ့ဆိုတော့ Fantasy / Adventure ဆန်ဆန်ကားဖြစ်မယ် ထင်ခဲ့မိတာပေါ့။ တက်တက်စင်အောင်လွဲပါတယ်။ Before Trilogy နဲ့များ မှားဒေါင်းမိသလားထင်ရတဲ့အထိ အတိတ်မှာ ဂျင် ဖန်ပုလင်းထဲ ဆော်လမုန်ပိတ်တာခံရတဲ့ ရှီဘာဘုရင်မနဲ့ဆော်လမုန်တို့ခေတ်တို့၊ ကွန်စတန်တီနိုပယ်နန်းတော်ထဲရောက်သွားတာတို့၊ ဒါဗင်ချီလိုလို ဂျီးနီးယပ်စ်မနဲ့ ခေတ်သုံးခေတ်ကလွဲ ကျန်တဲ့တစ်ကားလုံး Tilda Swinton ရဲ့ဇာတ်ကောင် အလစ်သီယာနဲ့ အခန်းထဲ စကားတွေထိုင်ပြောရင်းတင် ပြီးသွားပါတယ်။ ရိုလည်းရိုပါတယ်။ စကားတွေက ဒိလည်းဒိပါတယ်။ ဒါကြောင့် Before Trilogy နဲ့များ မှားသွားလား ပြန်မေးယူရတာပါပဲ။ ဇာတ်ကတော့ အလစ်သီယာလို့ ခေါ်တဲ့မိန်းမတစ်ယောက်က ဖန်ပုလင်းတစ်ခု ဝယ်တာကနေ စတာပါပဲ။ အထဲက အာလာဒင်ရဲ့ မီးခွက်စောင့် ဘီလူးလို ဂျင်တစ်ကောင် ထွက်လာပြီး သူ့ကိုဆုတောင်း၃ခုဖြည့်ပေးမယ်ပြောတယ်။ ဒါပေမဲ့ ဆော်လမုန်က ဂျင်ဟာ သူ့ဆန္ဒ ထုတ်ပြမိလို့ ဖန်ပုလင်းထဲ ပိတ်ထားခဲ့တာဆိုတော့ သူဖြည့်ပေးရမယ့်ဆုသုံးခုက ဆုတောင်းတဲ့သူ အသည်းထဲကနေ နှစ်နှစ်ကာကာ တကယ်လိုချင်တဲ့ဆုဖြစ်ရပါမယ်။ အဲဒီလိုဆုမဟုတ်ရင် သူမလွတ်နိုင်ပါဘူး။ ဒီလိုနဲ့ဂျင်နဲ့ အလစ်သီယာဟာ အလစ်သီယာ ဘာလိုချင်တာလဲ သိရဖို့ စကားတွေထိုင်ပြောကြရင်း ဂျင်ကလည်း အလစ်သီယာကို သူ့အခြေအနေကို နားလည်အောင် သူ သုံးကြိမ်သုံးခါပိတ်လှောင်ခံထားခဲ့ရတဲ့ နှစ်ပေါင်းသုံးထောင်အကြောင်း ပြန်ပြောကြရင်း သူတို့၂ယောက်ကြားက ကွက်လပ်ကို အဖြေရှာကြမှာပါ။ ဘယ်လိုဆုမျိုးတောင်းမလဲကတော့ ခင်ဗျားလည်း ထင်မိမှာမဟုတ်ပါဘူး။ တော်တော်လေး စိတ်ဝင်စားစရာကောင်းပါတယ်။ ဇာတ်လမ်းထဲမှာ အလစ်သီယာက ပုံပြင်တွေဇာတ်လမ်းတွေကို လေ့လာတဲ့သူပါ။ သူက ဆုတောင်းတာရဲ့ အန္တရာယ်များတဲ့အကြောင်းတွေ အကုန်လုံးသိထားတယ်။ ဟိုကြားဖူးနေကျ လှေပေါ်သောင်တင်နေရာက ရှေ့ကဆုတောင်းပြီး လစ်သွားတဲ့ ၂ကောင်ကို တတိယကောင်က ကျွန်တော့်သူငယ်ချင်းတွေကို လွမ်းတယ်ဆိုပြီး ပြန်ခေါ်ခိုင်းတဲ့ ဇာတ်လမ်းကိုတောင် ထည့်ပြောထားပါတယ်။ ဆုတောင်းမတော်ရင် ဖြစ်တတ်တဲ့ အကျိုးဆက်တွေကို ကောင်းကောင်းနားလည်ထားတဲ့သူက ဆုကိုသတိထားပြီးတောင်းတာကို ပြထားတာက မိုက်ပါတယ်။ ဒီကားကြည့်ရတာ အာလာဒင်လိုကားမျိုးဖြစ်မလားထင်ခဲ့ပေမဲ့ တက်တက်စင်အောင်လွဲပြီး အနီးစပ်ဆုံးတူတဲ့ ဥပမာပေးရရင် The Man from Earth ကားနဲ့တူပါတယ်။ စကားပဲထိုင်များနေပေမဲ့လည်း သူက သိပ်တော့မပျင်းရအောင် (တကယ်ဆို စကားတွေက ပျင်းစရာလည်းမရှိပါဘူး) ဆော်လမုန်နဲ့ရှီဘာတို့လို စိတ်ဝင်စားစရာ ဒဏ္ဍာရီလာဇာတ်ကြောင်းတွေကို ညှပ်ညှပ်ပြီး စိတ်ကူးယဉ်ဆန်ဆန်လည်း ပြသွားတော့ အပျော်ကြည့်ကားဘက်ကို သိပ်မရောက်ဘဲ ဒိနေပေမဲ့လည်း ကြည့်လည်းပျော်ပါတယ်။ ဒီဇာတ်လမ်းဟာ သူ့နာမည် Three Thousand Years of Longing လို့တဲ့အတိုင်းပဲ ဆန္ဒတွေ အချစ်တွေအကြောင်းကိုပိုဦးတည်ထားတဲ့ ဇာတ်လမ်းပါပဲ။ ဒီဇာတ်လမ်းကို အစအဆုံးကြည့်မိရင် သေချာတာတော့ အဆုံးကျရင် ဒီဇာတ်လမ်းကို ခင်ဗျားချစ်မိမှာပါပဲ။ ကြည့်ဖူးသမျှ မီးခွက်စောင့်ဘီလူးကားထဲတော့ အကောင်းဆုံးကားလို့ပြောလည်း မလွန်တော့မလွန်ပါဘူး။ ကောင်းလည်းကောင်း၊ ဆန်းလည်းဆန်းတဲ့ ကားမျိုးကြည့်ချင်ရင်တော့ ကွက်တိပါပဲ။ ဒီရုပ်ရှင် ဘယ်လိုရုပ်ရှင်မျိုးလဲ ပြောရရင် စိတ်ရောဂါကုဆရာဝန်နဲ့ လူနာစကားပြောနေတာကို ထိုင်ကြည့်နေရသလို ရုပ်ရှင်မျိုးပေါ့။ မတူတာကတော့ အခုဒီမှာ ကျွန်တော်တို့ ကြည့်ရမှာက ရူးနေတဲ့ စိတ်ရောဂါကုဆရာဝန်တွေနှစ်ယောက် စကားထိုင်ပြောတာကို ထိုင်ကြည့်နေရတဲ့ ဖီလင်မျိုးပေးပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 1.3GB, 680MB Quality - 1080p, 720p, 480p IMDb Rating - 6.9/10 Format - mp4 Duration - 1H 48Min Genre - Drama, Fantasy, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Romance
7 2022 108 mins
Three Thousand Years of Longing
My Blue Summer
6

" ကျွန်မဒိုင်ယာရီအထူးကြီးတစ်အုပ်ရေးခဲ့ဖူးတယ်။ ဒိုင်ယာရီထဲကစကားလုံးတိုင်းကဖော်ပြနေခဲ့တာ လူတစ်ယောက်ထဲရဲ့အကြောင်းကိုပဲ။ ဒီကမ္ဘာပေါ်မှာထိန်းသိမ်းဖို့အလွယ်ဆုံးနဲ့ ဖျက်ဆီးဖို့အလွယ်ဆုံးက တစ်ဖက်သတ်အချစ်ပဲ။ ကျွန်မအဆက်မပြတ်အလုပ်တွေရှုပ်အောင်လုပ်နေခဲ့တာ သူနဲ့ အဲဒီတုန်းကအချိန်တွေကိုမေ့ပစ်ဖို့ပဲ။ " (လော့ကျီ) "ငါတို့အတူတူနှစ်သက်ခဲ့တဲ့ မိုးရာသီက ငါ့အတွက်ခက်ခဲတဲ့နေ့ရက်တွေအဖြစ် ပြောင်းသွားခဲ့တယ်။ " (ရှန့်ဟွိုင်နန်) တစ်ခါတုန်းကစာတော်ပြီးထူးချွန်တဲ့ အထက်တန်းကျောင်းသူလေးလော့ကျီက ရှန့်ဟွိုင်နန်ဆိုတဲ့ကောင်လေးတစ်ယောက်ကို တစ်ဖက်သတ်ချစ်နေခဲ့တယ်။ ကောင်လေးကတော့ ဒါတွေကိုမသိခဲ့ပါဘူး။ အထက်တန်းပြီးသွားတော့ သူတို့နှစ်ယောက်က တက္ကသိုလ်တစ်ခုတည်းပဲဆိုတာ လော့ကျီသိလိုက်ရတယ်။ နှစ်ယောက်သားမထင်မှတ်ပဲပြန်ဆုံတွေ့ပြီး ရင်းနီးလာကြခဲ့တယ်။ ရင်ထဲကအချစ်တွေကိုတော့ဖော်မပြရဲခဲ့ပါဘူး၊ ကြီးပြင်းလာရင်း ဘဝရဲ့ဖိအားတွေနဲ့ သူတို့ရဲ့အချစ်တွေက ဘယ်လိုဖြစ်သွားမလဲဆိုတာကို ငယ်ရွယ်တဲ့ကျောင်းသားဘဝကို ပြန်လည်လွမ်းဆွတ်အမှတ်ရရင်း ချိုချိုမြိန်မြိန်ကြည့်လိုက်ပါဦးနော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Romance Runtime : 1h 42min Subtitle : Myanmar Subtitle ( hardsub ) Translated by Chu Chu , Moon , Nu Mon Encoded by LK

Crime • Drama • Mystery
6 2022 102 mins
My Blue Summer
Spider-Man
7.3

ဒီကားကတော့ Spider-Man ကိုသိတဲ့သူတွေရော မသိတဲ့ သူတွေကိုပါ ပထမဆုံးအကြိမ် မိတ်ဆက်ပေးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားလည်းဖြစ်ပါတယ်။ ပထမဆုံး Live Action Spider-Man ဇာတ်ကားက ပရိတ်သတ်ကို စိတ်ကျေနပ်မှုပေးနိုင်ခဲ့ပါတယ်။ အထူးသဖြင့် လူငယ် ပရိတ်သတ်တွေနဲ့ Comic စာအုပ်ပရိတ်သတ်တွေ အားပေးမှုကိုရှိခဲ့ပါတယ်။ ဒီကားက သာမန်အထက်တန်းကျောင်းသား Peter Parker ဘဝကနေ ဆယ်ကျော်သက် စူပါဟီးရိုး ဖြစ်လာပုံနဲ့ ရရှိထားတဲ့ စွမ်းအားတွေကို အဓိပ္ပာယ်ရှိရှိ အသုံးချဖို့ အတွက် တွန်းအားရလာပုံတွေကို အဓိက ရိုက်ကူးထားပါတယ်။ Spider-Man ဖြစ်လာပုံကို အားလုံးသိပြီးသားဖြစ်ပါတယ်။ Oscorp ကုမ္ပဏီက Radioactive Spider အကိုက်ခံရပြီးနောက် စွမ်းအားတွေရလာတာဖြစ်ပါတယ်။ ဒီနေရာမှာ Spider-Man ရဲ့အကြောင်း အနည်းငယ်ပြောပြချင်ပါတယ်။ Spider-Man ကို Marvel က ကာတွန်းဆရာ Stan Lee ကစတင်မိတ်ဆက် ခဲ့တာဖြစ်ပါတယ်။ ပထမဆုံးအကြိမ် သူ့ရဲ့ စိတ်ကူးကို ထုတ်ဝေသူကို ပြောပြချိန်မှာ ထုတ်ဝေသူက လက်မခံခဲ့ပါဘူး။ ဘာလို့လည်းတော့ ပင့်ကူဆိုတာ လူတိုင်း ကြောက်ကြတဲ့ သတ္တဝါဖြစ်သလို၊ ဆယ်ကျော်သက် စွမ်းအားရှင်ဆိုတဲ့ အချက်ကို အဲ့ဒီအချိန်က လူတွေလက်ခံမှာမဟုတ်ဘူးလို့ ထင်ခဲ့ပါတယ်။ ဒါပေမယ့် Stan Lee က အဲ့ဒီအမြင်ကိုလက်မခံပဲ Spider-Man က လူငယ် စာဖတ်ပရိတ်သတ်ကို ဆွဲဆောင်နိုင်မယ်လို့ ယုံကြည်ခဲ့ပြီး၊ တကယ်စာအုပ်ထွက်လာတဲ့အခါမှာတော့ Spider-Man စာအုပ်က အကုန်ရောင်းကုန်ခဲ့ပြီး၊ Marvel ရဲ့ ရောင်းအားအကောင်းဆုံး စာအုပ်စာရင်းဝင်ခဲ့ရာက The Amazing Spider-Man စာအုပ် ထွက်လာခဲ့ပါတယ်။ Peter Parker က ဆက်ကျော်သက် ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်ပြီး၊ သိပ္ပံပညာထူးချွန်သူတစ်ဦးပါ။ သူ့အဖေနဲ့ အမေ က S.H.I.E.L.D အေးဂျင့်တွေဖြစ်ပြီး၊ နှစ်ယောက်လုံးက သိပ္ပံပညာရှင်တွေဖြစ်ပါတယ်။ Peter Parker က Spider-Man ရဲ့ အဓိက လက်နှက်ဖြစ်တဲ့ Web-Shooter ကို သူကိုယ်တိုင် တီထွင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်ဒီကားမှာ ဒါရိုက်တာက အထက်တန်းကျောင်းသားက ဒီလောက်တော်မယ်ဆိုတာ လူတွေ လက်မခံလောက်တာကြောင့် Web တွေကို ကိုယ်ထဲက ထုတ် ပေးတယ်ဆိုပြီး ဇာတ်လမ်းလုပ်ထားပါတယ်။ ဒီကားထဲမှာ Spider-Man ရဲ့ ရန်သူတွေထဲက ကြောက်စရာအကောင်းဆုံး ရန်သူဖြစ်တဲ့ Green Goblin ကို မိတ်ဆက်ထားပြီ၊ ကျွန်တော့်အမြင်ပြောရရင် Green Goblin က ဒီကားမှာ ဒီထက်ပိုပြီး နေရာရသင့်ပါတယ်။ Green Goblin ဆိုတာ Spider-Man ရဲ့ အဓိက ရန်သူဖြစ်ပြီး၊ Batman ရဲ့ Joker လိုပဲ သူလည်း marvel universe မှာ အဆင့်အတန်းရှိတဲ့ Villain ဖြစ်ပါတယ်။ ပထမဆုံး ကားဖြစ်လို့ သိပ်မထူးခြားပေးမယ့် ကျွန်တော်တို့ကို Spider-Man နဲ့ မိတ်ဆက်ပေးခဲ့တဲ့ကားဖြစ်လို့ အခုချိန် အထိ ပြန်ကြည့်မိနေဆဲပါ။ မိသားစုဇာတ်ကားပါ။ #Sololay (ရုပ်ရှင်အညွှန်းကို Movies For Myanmar Page မှ ကူးယူဖော်ပြပါသည်။) မင်သား Tobey Maguire ရဲ့ အော်ရဂျင်နယ် Spider Man ဇာတ်ကားတွေကို DS4K 1080p BluRay Quality နဲ့တင်ဆက်လိုက်ပါတယ်...1080p ဆိုပေမယ့် 4K ရုပ်ထွက်ထက် ပိုကောင်းတဲ့ Regrade Version မို့ DS4K Version ကိုသာ တင်ဆက်လိုက်ပါတယ်။ ဘာသာပြန်လိုအပ်ချက်တွေရော သတ်ပုံတွေရော တတ်နိုင်သမျှပြန်ပြင်ထားတာမို့ အခု Version ကို ပြန်ဒေါင်းသိမ်းသင့်ပါတယ်။ File size…(2.6 GB)/(1.1 GB) Quality….BluRay DS4K HEVC 1080p / 720p Format…mkv/mp4 Duration….02:01:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Thet Oo

Drama
7.3 2002 121 mins
Spider-Man
Batman: The Dark Knight Returns, Part 1
7.7

1986 ခုနှစ်က Frank Miller ရဲ့ Dark Knight Returns Comic ကို 2012 ခုနှစ်မှာ Dark Knight Returns  Part 1 နဲ့ Part 2ရယ်လို့ နှစ်ပိုင်းခွဲပြီး Animated ဇာတ်ကားအဖြစ် ရိုက်ကူးပုံဖော်ခဲ့ပါတယ်။ Dark Knight Return comic ဟာ ကမ္ဘာ့အဆင့်သတ်မှတ်တဲ့ top 10 comic booksတွေ စာရင်းမှာ ထိပ်ဆုံးပိုင်းတစ်နေရာမှာ အမြဲပါနေတတ်တာကသူ့ရဲ့ ခိုင်မာတဲ့ ဇာတ်အိမ်နဲ့ သေသပ်ဆွဲဆောင်မှု ရှိတဲ့ story line ကြောင့်ဖြစ်ပါတယ် ဒီလို Comic ကို ပြန်ပြီး ပုံဖော်ထားတဲ့ Animated ကလည်း Rotten Tomatoesရဲ့ rating မှာ အင်မတန်ရှားပါးလှတဲ့ 100% rating အပြည့်ရရှိထားခဲ့တာကြောင့် ဒီ Animatedကောင်းလားမကောင်းလားဆိုတာ သိပ်ပြီး အငြင်းပွားနေစရာ မလိုလောက်အောင်ပါပဲ ဇာတ်လမ်းအညွှန်းဘက် နည်းနည်းသွားရရင် Gotham မှာ Batman ရယ်လို့ ပျောက်ကွယ်သွားခဲ့တာ ဆယ်စုနှစ်တစ်ခုရှိတဲ့ကာလတစ်ခုကနေဇာတ်အိမ်တည်ထားပါတယ် Bruce Wayne ကိုလည်း တွေ့လေ့တွေ့ထရှိတဲ့ အသက်အရွယ်မဟုတ်ပဲ ဇရာထောင်းလို့ စိတ်ထောင်းကိုယ်ကြေ ဆုံးရှုံးမှုတွေ အများကြီးနဲ့ Batman ဘဝက အနားယူထားတဲ့ အဘိုးကြီးတစ်ယောက်အနေနဲ့ ပုံဖော်ထားတာက မြင်နေကျ Batman နဲ့ ခွဲထွက်ထားတဲ့ကွဲပြားမှုတစ်ခုအဖြစ် မြင်တွေ့ရမှာပါ။ ဒါပေမယ့်လည်း အတိတ်က Batman ရဲ့အရိပ်က Bruce တစ်ယောက်ကို အမြဲတစ်စေ ခြောက်လှန့်နေပြီး... Gotham မြို့ကိုကြီးစိုးချယ်လှယ်နေတဲ့ Mutants ဂိုဏ်းကြီး ဟာတစ်နေ့တစ်ခြား ဆိုးဝါးလာတဲ့ အခါမှာတော့ Bat vigilante ဘဝကို မလွှဲမရှောင်သာ ပြန်လည်  လှုပ်ရှား လာရပါတော့တယ်။ Part ( 1 ) ဟာ Batman နဲ့ Mutants ဂိုဏ်းအကြား အားပြိုင် တိုက်ခိုက်မှုတွေကို စိတ်ဝင်စားစရာ တင်ဆက်ထားတာဖြစ်ပါတယ် Zack Snyderရဲ့ Batman VS Superman ဟာ Dark Knight Returns ရဲ့ကျောရိုးကို အများဆုံးအသုံးပြုထားတာ ဖြစ်ပြီး Ben Affleck ရဲ့ Batmanဟာလည်း DKR ရဲ့ Batman နဲ့ အနီးစပ်ဆုံး တူအောင်ရွေးချယ်ထားတဲ့ Batman Character ဖြစ်ပါတယ်။ Review သပ်သပ်ရေးတာမဟုတ်ပဲ ဇာတ်ကားအတွက်အညွှန်းရေးပေးတာဖြစ်လို့ တစ်ချို့မဆိုင်တာလေးတွေနဲ့ မလိုအပ်တာလေးတွေကို ပယ်ပြီး ဇာတ်ကားကိုလည်း Spoil မဖြစ်အောင် ဒီလောက်ပဲညွှန်းပေးချင်ပါတယ်။ ကြည့်ပြီးသားလူတွေကလည်း ပြန်ကြည့်လည်းမရိုးသွားတော့ ထပ်ပြီးပြန်ကြည့်လို့ရအောင် မကြည့်ရသေးသူတွေအတွက်လည်း Animated ကားကောင်းတစ်ကားကို မကြည့်ဖူးတယ် မဖြစ်ရလေအောင် CM မှ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ (အညွန်းကိုတော့ CM မှ Translator တစ်ဦး ဖြစ်တဲ့ ကို Han Htoo Zaw မှ တင်ဆက် ပေးထားတာဖြစ်ပါတယ်) File Size : (800 MB) Quality : Blu-Ray 720p Running Time : 1h 16min Format : Mp4 Genre : Animation, Action, Adventure Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BRrip.x264.YIFY Encoded by A_Z

Comedy • Drama
7.7 2012 76 mins
Batman: The Dark Knight Returns, Part 1
Babylon 5: The Road Home
6.7

Babylon 5: The Road Home (2023) ~ IMDb – 6.7/10, Rotten Tomatoes – 83% ~ ဒီတစ်​ခေါက် တင်ဆက်​ပေးမှာက​တော့ Warner Bros. ကုမ္ပဏီက ထုတ်​ဝေထားပြီး နာမည်ကြီး Babylon 5 Franchise ရဲ့ ခုနှစ်ကား​မြောက်ဖြစ်တဲ့ Babylon 5: The Road Home ဆိုတဲ့ Animation ​လေးပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ ဂျွန်ရှရီဒန်တစ်​​ယောက် စကြာဝဠာထဲခရီးသွားရင်း တက်ခီရွန်လှိုင်းနဲ့ထိ​တွေ့ပြီး​​နောက် အချိန်စီး​ကြောင်းထဲမှာ ပိတ်မိသွားရင်း မတူညီတဲ့ အချိန် ဘဝ​တွေထဲကို​ရောက်သွားခဲ့ပါတယ်။ အဲဒီလို​ရောက်သွားရင်းပဲ သူဘာ​တွေရင်ဆိုင်ရမလဲ… ဒီအချိန်ပိတ်မိ​နေတာက​နေ လွတ်​မြောက်ဖို့ ဘယ်လို​တွေကြိုးစားခဲ့ရလဲ… ဆိုတာ​တွေကို အခု တစ်​ခေါက်ထွက်ရှိထားတဲ့ ကား​လေးမှာ ရိုက်ကူးပြထား​​ပေးတာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 750MB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 1H 19Min Genre – Animation, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

6.7 2023
Babylon 5: The Road Home
Craig Before the Creek
7.7

2018ထွက် Craig of the Creek ဆိုတဲ့ American Cartoon Seriesက Season 5ခုထွက်ခဲ့ပြီး လူကြိုက်များတဲ့ Comedy seriesတစ်ခုဖြစ်ပါတယ်။ အဲဒီ seriesကိုမှ movie versionအနေနဲ့ “Craig before the Creek 2023 movie” သက်သက် ထွက်ရှိခဲ့ပါတယ်။ ကလေးကြိုက်ကာတွန်းသီးသန့်မဟုတ်ပဲ လူကြီးတွေပါအကြိုက် ရယ်ရပြီးကြည့်လို့ကောင်းတဲ့ကာတွန်းပါနော် ဇာတ်လမ်းအကျဉ်း ခရက်ဆိုတဲ့ ၁၀နှစ်သားကောင်လေးက မိသားစုနဲ့အတူ အိမ်ပြောင်းကျောင်းပြောင်းခဲ့ရလို့ စိတ်ဖိစီးနေတယ်။ အိမ်အသစ်က အရင်အိမ်လောက်မပြည့်စုံ.. သူငယ်ချင်းဖွဲ့ရတာလည်းမလွယ်တော့ အပြောင်းအလဲကိုလက်မခံနိုင်ဖြစ်နေတဲ့ခရက်က တစ်နေ့ အိမ်အသစ်မှာပဲ မြေပုံတစ်ခုကိုရှာတွေ့သွားတယ်။ အဲဒီမြေပုံကတော့ ကလေးတွေအတွက် လိုရာဆုကိုတောင်းလို့ရတဲ့ပစ္စည်းရှိတဲ့ တည်နေရာရဲ့မြေပုံပါ။ ခရက်ရဲ့ဆုတောင်းကတော့ အရင်အိမ်မှာပြန်နေရဖို့ပါပဲ။ ဒါပေမဲ့ အဲဒီပစ္စည်းက ပင်လယ်ဓားပြကလေးတွေလို့ခေါ်တဲ့ ခိုးဆိုးလုယက်ကလေးအဆိုးတွေကျက်စားတဲ့ ချောင်းတက်မှာရှိနေတဲ့အခါ… File size…(1.3 GB)/(739 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Animation, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra

7.7 2023 88 mins
Craig Before the Creek
A Chinese Ghost Story
7.4

ကျွန်တော်ငယ်စဉ်ကတည်းက စွဲလန်းနှစ်ခြိုက်ခဲ့ရတဲ့ဇာတ်လမ်းလေး တစ်ကားဖြစ်သလိုယနေ့တိုင်လည်းဘယ်ချိန်ပြန်ကြည့်ကြည့်မရိုးသေးပါဘူး 18+ ခေါင်းစဉ်တပ်လိုက်ပါမယ်..ဘာကြောင့်လဲဆိုရင် တချို့အခန်းတွေဟာ မိဘတွေနဲ့အတူကြည့်ဖို့မသင့်တော်လို့ပါ..နည်းနည်းပါးပါးပါပဲ A Chinese Ghost Story ကိုတော့တော်တော်များများကြားဖူးကြမယ်ထင်ပါတယ် နောက်ပိုင်းမှလူကြိုက်များလှတဲ့မင်းသမီး Liu Yi Fei ပြန်လည်သရုပ်ဆောင်ခဲ့တဲ့ Chinese Ghost Story ဇာတ်ကားရဲ့ မူရင်း အရင်းအမြစ်ကတော့ 1987 မှာ ပထမဆုံးထွက်ရှိခဲ့တဲ့ဇာတ်ကားပါပဲ အခုချိန်မှာတော့ ဒီဇာတ်ကားထဲက အဓိကမင်းသားဇာတ်ကောင် ဖြစ်တဲ့ Leslie Cheung ဟာ 2003 ခုနှစ် ဧပရယ် ၁ ရက်နေ့မှာ ဟောင်ကောင်မှာရှိတဲ့ Mandarin Oriental Hotel ရဲ့ 24 ထပ်ကနေ ခုန်ချပြီးအဆုံးစီရင်ခဲ့လို့ သေဆုံးပြီးဖြစ်နေပါပြီ မင်းသမီးဖြစ်တဲ့ Joey Wang ကတော့ အခုချိန်မှာ အသက် 57 နှစ်ဖြစ်နေပါပြီ ကျွန်တော့်အမြင်ကိုပြောရရင်တော့ A ChineseGhost Story ထွက်ခဲ့တဲ့ ကားတွေမှာ 1987 မှာထွက်တဲ့ နံပါတ် ၁ နဲ့ 1990 မှာ ထွက်တဲ့ ၂ လောက်ကျန်တာဘယ်ကားမှ သိပ်မကောင်းဘူးလို့ပဲမြင်ပါတယ်..လူသားကောင်လေးတစ်ယောက်နဲ့ တစ္တေမလေးတစ်ယောက်တို့ရဲ့အချစ်ဇာတ်လမ်းကို ဟာသနှောပြီးရယ်မောဖွယ် ကြည်နူးဖွယ်..နဲ့ ရင်နင့်ဖွယ်ရိုက်ကူးတင်ဆက်ထားတဲ့ ဒီဇာတ်ကားဟာလည်း IMDb Rate 7.4 ရရှိခဲ့တာမို့ အများကြီးအထွေအထူးတော့ ပြောနေစရာ မလိုတော့ဘူးလို့ထင်မြင်ပါတယ်.. နင့်ချိုင်ချန်ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ ရပ်ဝေးကနေ နယ်တခုကိုလာပြီးတော့ အကြွေးတောင်းတဲ့သူပါ… လမ်းခရီးသွားလာရတာ ကြမ်းတမ်းပြီး သူခိုးဓါးပြများလည်းပေါများတဲ့အချိန်မို့လို့.. သူ့အရင် လာတဲ့သူတွေအသတ်ခံရတာပေါ့..လမ်းမှာမိုးတွေရွာပြီး အရမ်းစိုရွဲသွားလို့ အကြွေးစာရင်းတွေပါ ပျက်စီးသွားခဲ့တယ်.. အဲ့တော့ အကြွေးကလည်းတောင်းမရ.. လူတွေကလည်း စာရင်းထဲမှာနာမည်မရှိရင် ပိုက်ဆံ မပေးနိုင်ဘူးဆိုပြီး ပြောတော့ သူ့မှာနေစရာ စားစရာလုံးဝမရှိတဲ့ဘဝထိရောက်သွားပါတယ်.. ညဘက် တည်းဖို့ နေရာလိုက်ရှာတော့ ချောက်ချ ချင်တဲ့သူတစ်ယောက်က လန်လော့ဘုရားကျောင်းမှာ တည်းပါလို့ ပြောလိုက်ပါတော့တယ်.. တကယ်တော့ လန်လော့ဘုရားကျောင်းဟာ.. သရဲတစ္ဆေတွေကြီးစိုးရာ နေရာ..ဖြစ်ပါတယ်..ဒါကိုမသိတဲ့ နင့်ချိုင်ချန် တစ်ယောက် အူကြောင်ကြောင်နဲ့ရောက်သွားတဲ့အခါဘာဆက်ဖြစ်မယ် ဆိုတာကိုတော့ ကိုယ်တိုင်ခံစားကြည့်ရှုလိုက်ပါဦး စုစုပေါင်းသုံးကားရှိပြီး ဒီလင့်မှာ၃ကားလုံးစုစည်းထားပါတယ်

7.4 1987 96 mins
A Chinese Ghost Story
Kneecap
7.6

Kneecap (2024) IMDb Rating (7.6) / Rotten Tomatoes (97%) Kneecap ဟာဘယ်လ်ဖတ်စ်အခြေစိုက် အိုင်ယာလန်ဟစ်ပ်ဟော့အဖွဲ့ဖြစ်တဲ့ Kneecap အဖွဲ့ရဲ့ဇာတ်ကြောင်းကိုအခြေခံပြီး သူတို့အဖွဲ့ဝင်တွေကပဲ ကိုယ်တိုင်ပြန်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ထူးထူးခြားခြားအနေနဲ့ Michael Fassbender ကြီးကိုဇာတ်ပို့အဖြစ်မြင်တွေ့ရမှာပါ။ ဒီကားကို Sundance Film Festival မှာပွဲဦးထွက်ပြသခဲ့ပြီး NEXT Audience Award ရရှိခဲ့သလို Galway Film Fleadh မှာလည်းဆုသုံးဆုဆွတ်ခူးခဲ့ပါသေးတယ်။ လာမယ့် အော်စကာမှာလည်း Best International Feature Film အဖြစ်တင်သွင်းထားပါတယ်။ ဇာတ်အစကနေအဆုံးထိ မြူးကြွသွက်လက်တဲ့တင်ဆက်ပုံတွေ၊ ရှယ်လန်းတဲ့ beats တွေ အတည်ပေါက်နဲ့ဖောက်တဲ့ဟာသတွေနဲ့ဆွဲခေါ်သွားနိုင်တဲ့ဇာတ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ပဲဖြစ်ပါတယ်) File size…(1.6 GB) / (860 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:45:40 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

Drama
7.6 2024
Kneecap
Sleeping Princess Princesa Adormecida
4.4

Sleeping Princess (2024) Princesa Adormecida Paula Pimenta ရဲ့ဝတ္ထုကိုအခြေခံထားရိုက်ကူးထားတဲ့ Sleeping Princess ဇာတ်ကားဟာဆိုရင် ခေတ်သစ်တော်ဝင်နွယ်ဖွားကောင်မလေးတစ်ယောက်ရဲ့ဘဝကြောင်းကိုပုံဖော်ထားတဲ့ Fantasy, Romance, Comedy အမျိုးအစား Brazilian Portuguese စကားပြောရုပ်ရှင်ဖြစ်ပါတယ်။ Áurea Bellora ဆိုတဲ့ Lichtenstein နိုင်ငံငယ်လေးက တော်ဝင်နွယ်ဖွားမိန်းကလေးဟာ ငယ်ငယ်က လုပ်ကြံခံရပြီးသေဆုံးသွားခဲ့တယ်လို့ ကမ္ဘာတစ်ဝှမ်းသိရှိခဲ့ကြပါတယ်။ ဒီဇာတ်လမ်းကို အမြဲတမ်းနားထောင်ခဲ့ရတာကတော့ Rosa ဆိုတဲ့ Brazil နိုင်ငံကကောင်မလေးတစ်ယောက်ပေါ့။ တစ်ဖက်မှာတော့ မင်းသမီးလေးရဲ့မိဘတွေဟာ Queen of Disguise အနေနဲ့ Evil Mouth လို့လူသိများတဲ့ Marie Malleville ရဲ့ခြိမ်းခြောက်မှုတွေကို အလူးအလဲခံနေခဲ့ရပါတယ်။ Marie ဆိုတာက မင်းသမီးလေးရဲ့အဖေကို သဘောကျနေခဲ့သူဖြစ်ပြီး တခြားသူနဲ့လက်ထပ်သွားတာကြောင့် လက်‌စားချေဖို့ ကြိုးစားနေသူတစ်ဦးဆိုရင် မမှားပါဘူး။ သူလိုချင်ခဲ့တဲ့ကြင်ယာတော်နေရာကို လုယူသွားလို့ဆိုတဲ့အကြောင်းပြချက်တွေနဲ့ မင်းသမီးလေးတို့မိသားစုရဲ့‌ပျော်ရွှင်မှုဆိတ်သုဉ်းရအောင် မင်းသမီး‌လေးကိုမရမကလုပ်ကြံဖို့ကြိုးစားတတ်တဲ့ Marie က မင်းသမီးလေးအသက်ရှင်နေဆဲဆိုတာသိသွားမှာလား။ မင်းသမီးလေးကရော တကယ်ပဲအသက်ရှင်နေသေးသလား။ Rosa နဲ့ရော ဘယ်လိုပတ်သက်မှုတွေရှိမှာလဲဆိုတာကို ခန့်မှန်းရင်း ရင်ခုန်စရာကောင်းတဲ့ဇာတ်ကားဖြစ်တာကြောင့် ကြည့်ရှုရတာတန်စေမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ T Lone ဖြစ်ပါတယ်။) File size…(1.6 GB) / (910 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Fantasy, Romance Duration….01:21:30 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by T Lone

4.4 2024
Sleeping Princess Princesa Adormecida
Kang Mak from Pee Mak

Kang Mak (2024) **************** Pee Mak ကို remake ပြန်ရိုက်ထားတဲ့ Pee Mak အင်ဒိုနီးရှားဗာရှင်း Kang Mak ကတော့ ထွက်ရှိလို့လာခဲ့ပါပြီ… အင်ဒိုဗားရှင်းမှာရော ဘယ်လိုအခွီတွေနဲ့ ဘယ်လိုတွေ တင်ဆက်သွားဦးမှာလဲဆိုတာကို ရှုစားကြပါဦး… ဇာတ်လမ်းအကျဉ်း ————- ကိုယ်ဝန်ကြီးနဲ့ မိန်းမကို ထားခဲ့ပြီးတော့ တိုင်းပြည်အတွက် စစ်တိုက်ဖို့ ထွက်လာခဲ့ရတဲ့ မက်မူရ်… ကိုယ်ဝန်ကြီးနဲ့ အိမ်မှာ တစ်ယောက်တည်းကျန်ခဲ့တဲ့ ဆာရီ…သူတို့နှစ်ယောက်ဟာ အရမ်းကိုချစ်ကြပြီး… ဒီလို ခွဲခွာနေရပေမယ့် စစ်ထွက်တိုက်နေရတဲ့ ယောက်ျားလုပ်သူကလည်းမိန်းမဆီကို အမြန်ပြန်လာချင်… အိမ်ကမိန်းမကလည်း နေ့တိုင်း ယောက်ျားပြန်လာမှာကို အမြဲ မျှော်နေတဲ့သူပေါ့။ ဒီလိုနဲ့နေလာရင်း… မိန်းမဖြစ်သူဟာ ကိုယ်ဝန်အရင့်အမာကြီးနဲ့ ဆုံးသွားခဲ့ရပါတော့တယ်။ ယောက်ျားဖြစ်သူကို ချစ်လွန်းအားကြီးပြီး… မကျွတ်မလွတ်ဘဝနဲ့ ယောက်ျားပြန်အလာကို စောင့်နေပြီးတော့ သူတို့ရွာမှာတော့ စေတန်ဆာရီဆိုရင်ကို… နာမည်ကြားတာနဲ့ ကြောက်နေကြပြီး ညနေဆို နေမဝင်ခင်မှာတင်ပဲ အကုန် တံခါးပိတ်ပြီး အပြင်မထွက်ရဲလောက်အောင်ထိ… ဖြစ်နေပါတယ်။ ဒီလိုနဲ့ ရက်တွေကြာလာတော့ စစ်ပွဲကြီးလည်း ပြီးဆုံးကာ ယောက်ျားဖြစ်သူ မက်မူရ်တစ်ယောက်… မိန်းမဆီကို သူ့ရဲ့ ရဲဘော်ရဲဘက်တွေနဲ့အတူတူ ပြန်လာခဲ့ပါတော့တယ်… ဘဝခြားနေကြပြီဖြစ်တဲ့ သူတို့နှစ်ယောက် … ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးပါဦး။ ဇာတ်လမ်းအညွှန်းကို Char Ou မှ ရေးသားပေးထားပါတယ် File Size : 1.64GB / 628MB Quality : WEB-DL 1080p 5.1ch / 720p Duration : 2 hr 2min Genre : Comedy, Horror, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Char Ou & Mary Encoded by Heather Oo

Romance • Drama
0 2024 122 mins
Kang Mak from Pee Mak
Turn Me On
5.7

Turn Me On (2024) IMDb Rating (5.7) ဒီရုပ်ရှင်ကတော့ thought-provoking ဖြစ်တဲ့ Dystopian/Indie Drama အမျိုးအစား ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ မဝေးတော့တဲ့ အနာဂတ်ကာလမှာ လူ့အဖွဲ့အစည်းတစ်ခုဟာ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ၊ ချစ်ခြင်းမေတ္တာ၊ အလိုရမ္မက်တွေက လောကကြီးရဲ့ ဒုက္ခနဲ့ နာကျင်မှုတွေရဲ့ ရင်းမြစ်လို့ယူဆပြီး ဒီခံစားချက်တွေကို ချိုးနှိမ်ထားနိုင်တဲ့ ဗိုက်တာမင်ဆေးဝါး တစ်မျိုးကို Our Friends လို့ အမည်ရတဲ့ အဖွဲ့အစည်းတစ်ခုက တီထွင်ခဲ့ပါတယ်။ Joy နဲ့ William တို့ဟာ Our Friends က ဖန်တီးထားတဲ့ လူမှုအဖွဲ့အစည်းတစ်ခုက စုံတွဲဖြစ်ပြီး ဘဝကို ပုံမှန်အတိုင်း ခံစားချက်မရှိ၊ စက်ရုပ်လို ဖြတ်သန်းနေရာမှ တစ်နေ့မှာ Joy ဟာ နေ့စဉ်သောက်နေကျ ဗိုက်တာမင်ဆေးပြားကို တစ်ရက်တာ မသောက်ဖြစ်ဖို့ အကြောင်းဖန်လာပါတယ်။ အဲဒီအခါမှာ ခါတိုင်းနဲ့မတူတဲ့ လူသားတွေရဲ့ ပင်ကိုယ်ခံစားချက်တွေ၊ အချစ်၊ ရမ္မက်နဲ့ ရှုပ်ထွေးတဲ့ စိတ်အခြေအနေတွေကို ရင်ဆိုင်ခံစားမိလာတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်ကုန်မလဲ ဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းသဘောတရားက Matrix နဲ့ အနည်းငယ်ဆင်တူပေမဲ့ ပိုပြီး သဘာဝကျတဲ့ ရှုထောင့်တစ်ရပ်ပို ဦးတည်ထားပြီး ကြည့်ရှုပြီးချိန်မှာ စဥ်းစားစရာ အတွေးစတွေကို ချန်ထားခဲ့နိုင်တဲ့ ရုပ်ရှင်ကောင်းတစ်ခုလည်းဖြစ်ပါတယ်။ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ စိတ်ခံစားချက်တွေ၊ အလိုရမ္မက်တွေ၊ နာကျင်ခံစားရမှုတွေက စစ်ပွဲတွေ၊ ဒုက္ခတရားနဲ့ နာကျင်မှုတွေကို စေ့ဆော်ပေးတယ် ဆိုပေမဲ့လည်း တစ်ချိန်တည်းမှာ ဒီသိမ်မွေ့တဲ့ ခံစားချက်တွေကြောင့်ပဲ လူ့ဘဝမှာ အဓိပ္ပာယ်တစ်စုံတစ်ရာ ရှိလာနိုင်တယ်ဆိုတာကို ပြသထားပါတယ်။ ဒီတင်ပြမှု သဘောတရားကို လက်ခံ၊ မခံ ဆိုတာကတော့ ကြည့်ရှုသူရဲ့ အမြင်နဲ့ပဲ သက်ဆိုင်ပါလိမ့်မယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Wolfenheim ဖြစ်ပါတယ်။) File size… (910 MB) / (530 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Romance, Sci-Fi Duration….01:36:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Wolfenheim

5.7 2024 99 mins
Turn Me On
Bogieville
4

Bogieville (2024) ဟန်နဲ့ဂျိုဒီဆိုတဲ့ အတွဲတစ်တွဲက ‌ခြေဦးတည့်ရာ ထွက်လာကြရင်းနဲ့ လမ်းမှာ တစ်ခုခုကို တိုက်မိသွားတာကြောင့် လူတိုက်မိတယ်ထင်ပြီး လိုက်ရှာကြရင်း နောက်တွဲယာဉ်တွေစုပြီးနေကြတဲ့ လူသူမရှိခြောက်ကပ်နေတဲ့နေရာကို ရောက်သွားကြတယ်။ စွန့်ပစ်ထားတဲ့ ကားအိမ်တွေနဲ့ အသက်ကင်းမဲ့နေတဲ့နေရာမှာ သူတို့လျှောက်သွားကြရင်း ခရော့ဖော့ဒ်ဆိုတဲ့ အဘိုးကြီးတစ်ယောက်နဲ့တွေ့ခဲ့ပြီး သူက ဟန်တို့ကို ဒီနေရာကိုထိန်းသိမ်းပေးဖို့ အလုပ်ကမ်းလှမ်းခဲ့ပါတယ်။ ခြေဦးတည့်ရာသွားနေကြတဲ့ ဟန်တို့ကလည်း ခရီးပန်းလာတာရော ပင်ပန်းနေတာရောနဲ့ လက်ခံလိုက်ကြပါတယ်။ အဘိုးကြီးက သူတို့ကိုနေဖို့လိုက်ပြဖို့ ဒီနေရာမှာ ညတွေအပြင်မထွက်ဖို့နဲ့ အပြင်က လူတွေလာရင် မဖွင့်ပေးဖို့ စည်းကမ်းတွေပြောတော့ သံသယဖြစ်လာတဲ့ဟန်က မေးခွန်းတွေမေးတော့ ဒီနေရာကို သူ့ယောက်ဖမက်ဒီဆန်က ပိုင်တာလို့ အဘိုးကြီးက ပြောပြခဲ့ပါတယ်။ ဟန်က သိချင်ဇောနဲ့ ဆက်မေးခွန်းထုတ်တော့ ဒီနေရာမှာက နေရောင်ကိုကြောက်ပြီး လူသွေးစုပ်ပြီးဆက်ရှင်သန်နေရကာ အမှောင်တွေထဲမှာ ပုန်းကွယ်နေကြတဲ့ အကောင်တွေ နေထိုင်ကြတဲ့ အကြောင်း ပြောပြခဲ့ပါတယ်။ ဖြစ်ချင်တော့ ဒီနေရာရဲ့ ပိုင်ရှင်မက်ဒီဆန်ကပါ အဲဒီအကောင်မျိုးဖြစ်နေခဲ့ပြီး ဟန်တို့ကို သွားခွင့်မပေးတော့တဲ့အခါ အဲဒီနေရာကနေ ဟန်တို့ ဘယ်လိုထွက်ပြေးကြမလဲဆိုတာကိုတော့ ကိုယ်တိုင်ကြည့်လိုက်ကြပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Serenity ဖြစ်ပါတယ်။) File size… (1.4 GB) / (790 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror Duration…. 01:49:51 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Serenity

Family • Adventure • Comedy
4 2024 108 mins
Bogieville