YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

R.U.Next.S01E07.1080p.CM.mp4

1.56 GB N/A video/mp4 60 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Nefarious
6.6

Nefarious (2023) တကယ်လို့ သင်က Mystery အမျိုးအစားကြိုက်တယ်ဆိုရင်တော့ ဒီကားကို လက်လွှတ်မခံဖို့ အကြံပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီရုပ်ရှင်က IMDb rating 6.3 ရရှိထားပေမယ့် Rotten Tomatoes ကတော့ 33% ပဲ ရရှိထားတဲ့ ရုပ်ရှင်ဖြစ်တဲ့အတွက် ဇာတ်လမ်းအရ ကောင်းပေမယ့် တချို့လူတွေ သဘောမတွေ့နိုင်လောက်တဲ့ ရုပ်ရှင်ဖြစ်နေလို့ပါ။ ရုပ်ရှင်မှာလည်း နာမည်ကြီးမင်းသား မင်းသမီးတွေ မပါဝင်သလို Low budget နဲ့ ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ အဲလို ရိုက်ထူးထားတာဆိုပေမယ့်လည်း သူ့အတိုင်းတာနဲ့သူ အောင်မြင်ခဲ့ပြီး Box office မှာ ကန်ဒေါ်လာ ၁.၃ သန်း ပြန်မြတ်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အိုကလာဟိုးမားပြည်နယ်မှာ အဆိုးဆုံးကွင်းဆက် လူသတ်မှုတွေ ကျူးလွန်ခဲ့တဲ့ လူသတ်သမား အက်ဝါ့ဒ်ဝိန်းဘရက်ဒီကို လျှပ်စစ်ကုလားထိုင်နဲ့ သေဒဏ်ပေးဖို့အတွက် ထောင်မှာ သီးသန့်ချုပ်ထားခဲ့ပါတယ်။ ဒါပေမယ့် အပြစ်သားရဲ့ စိတ်အခြေအနေဟာ အရမ်းကို ရူးသွပ်နေတယ်ဆိုရင် ပြည်နယ်ဥပဒေအရ သေဒဏ်ချဖို့ မဖြစ်နိုင်တာကြောင့် သေဒဏ်ချဖို့ကို ရွှေ့ဆိုင်းထားရတာပါ။ သူ့အခြေအနေကို လေ့လာဆန်းစစ်နေတဲ့ စိတ်ရောဂါကုဆရာဝန်တစ်ယောက် သေသွားတာကြောင့် ပြည်နယ်အုပ်ချုပ်ရေးမှူးက ဒေါက်တာ ဂျိမ်းစ်မာတင်ကို သေဒဏ်ချဖို့ အချိန်မတိုင်ခင် ထောင်ဆီ လွှတ်လိုက်ပါတယ်။ ဒီလိုနဲ့ ဂျိမ်းစ်လည်း လူသတ်သမားနဲ့ နှစ်ယောက်တည်း စကားပြောကြည့်တဲ့အခါမှာ အက်ဝါ့ဒ်က သူဟာ လူမသတ်ခဲ့ကြောင်း သူ့ကို နာဖာရီးယားမက်စ်ဆိုတဲ့ နတ်ဆိုးက ပူးကပ်ပြီး လူတွေကို သတ်ခဲ့တာဖြစ်ကြောင်း ပြောလာပါတယ်။ တကယ်ပဲ အက်ဝါ့ဒ်ကို နတ်ဆိုးက ပူးကပ်နေတာလား ဒါမှမဟုတ် ရူးသွပ်နေတဲ့ လူသတ်သမားတစ်ယောက်လားဆိုတာကို ဇာတ်ကားအဆုံးထိ မေးခွန်းတွေ များစွာနဲ့ ရင်တထိတ်ထိတ် ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre..... Horror, Thriller Quality…. 1080p | 720p | 480p File size… 969MB | 456MB | 227MB Format… mp4 Duration…. 1h 37min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Leonard Lin Encoder ..... Aaron

Action • Crime • Drama
6.6 2023 98 mins
Nefarious
Kondraal Paavam

Kondraal Paavm(2023) ဒီတစ်ခါတော့ CM ပရိသတ်ကြီးအတွက် IMDb 8.6/10 ရရှိထားပြီး ဇာတ်အိမ်အခိုင်အမာနဲ့ ကားသစ်လေးတစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။ ကျွန်မတို့ငယ်ငယ်က သင်ရတဲ့ ပုံပြင်တွေထဲ ရေခရားနဲ့ ကျီးကန်းပုံပြင်လေးကို မှတ်မိကြဦးမယ်လို့ထင်ပါတယ်။ ရေခရားထဲကရေကို များများနဲ့ မြန်မြန်လိုချင်လို့ ကျောက်ခဲအသေးစားလေးတွေတစ်လုံးစီ ပစ်ချရမယ့်အစား အဆင်အခြင်မဲ့စွာနဲ့ ကျောက်တုံးကြီးပစ်ချလိုက်မိလို့ ရေခရားလည်းကွဲ ရေလည်းငတ်သွားရတဲ့ ပုံပြင်လေးပါ။ ဒီဇာတ်လမ်းလေးကလည်း အဲ့ဒီ့ပုံပြင်လေးရဲ့သင်ခန်းစာနဲ့ဆင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ကို အခြေခံပြီးရီုက်ထားတာပါ။ ဝမ်းဆွဲသည်အမေနဲ့ အရက်သမားအဖေ၊ အကောင်းမြင်စိတ်ဆို နည်းနည်းလေးမှမရှိအောင်နေတဲ့ သမီးဖြစ်သူတို့အိမ်ကို ကြွယ်ဝခြင်းနတ်ဘုရားက ကြွယ်ဝခြင်းတွေပို့လိုက်ပြီဆိုတဲ့စကားသယ်လာပေးတဲ့ လူတစ်ယောက်ရဲ့စကားအဆုံးမှာ တကယ်ကိုပဲ လူတစ်ယောက်ဟာ ငွေထုပ်ပိုက်ပြီးရောက်လာခဲ့တဲ့အခါမှာတော့ အရာရာဟာပြောင်းလဲလာပါတော့တယ်။ လက်ရှိနဲ့ ပုံပြင်၊ လက်တွေ့နဲ့ ဘာသာရေးအယူအဆတွေကို Mystery ဆန်ဆန်ချိတ်ဆက်ရိုက်ကူးသွားပုံက စိတ်ဝင်စားဖို့ကောင်းတဲ့အပြင် Plot twist ဆန်းဆန်းတွေကို မထင်မှတ်တဲ့နေရာမှာထည့်သွားပုံကလည်း ဒီကားကိုအဆုံးထိ ဇာတ်ရှိန်မကျသွားစေရတဲ့ အကြောင်းအရင်းပဲဖြစ်ပြီး အချိန်ပေးရကျိုးနပ်မယ့်ကားလေးမို့ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။ File size…1.97GB / 735MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 47mins Subtitle….Myanmar Subtitle(Had Sub) Encoder….YK Translated by Aditi ~ Chiclon3~ Thaik San~BpL~Yunni

Drama • Romance
0 2023 108 mins
Kondraal Paavam
The Omen
7.4

~ IMDb - 7.5/10, RT - 86%, Meta - 62% ~ တစ်ချို့ရုပ်ရှင်တွေက ကျိန်စာသင့်နေတတ်ကြတာ အားလုံးပဲ ကြားဖူးကြပါလိမ့်မယ်။ The Omen ဟာ အဲဒီကျိန်စာသင့်ရုပ်ရှင်တွေထဲမှာမှ အဆိုးဆုံးကျိန်စာသင့်နေတဲ့ ရုပ်ရှင်အဖြစ် သတ်မှတ်ခံထားရတဲ့ ရုပ်ရှင်ပါ။ အိုမန်ရိုက်ကွင်းမှာ သေတာတွေရော ဒဏ်ရာရတာတွေရော မိုးကြိုးပစ်တာတွေပါ အစုံဖြစ်ခဲ့ပြီး ဒီရုပ်ရှင်ကိုလုပ်တဲ့သူက အဖွဲ့သားတွေကို ဒီရုပ်ရှင်ရိုက်တာကို စေတန်ကြိုက်မှာမဟုတ်ဘူးလို့တောင် ပြောခဲ့ဖူးပါတယ်။ ဒီရုပ်ရှင်ဟာ ရုပ်ရှင်သမိုင်းမှာ စေတန်ကို စိတ်ဆိုးအောင်လုပ်ခဲ့တဲ့ ရုပ်ရှင်အဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။ သူရိုက်ထားတဲ့အကြောင်းအရာကလည်း ခရစ်တော်ရဲ့ ဆန့်ကျင်ဘက် Antichrist ဖြစ်တဲ့ ယေဝါဖန်ဆင်းတဲ့ နိုင်ငံတော်ကို အရင်းကဖြိုဖို့ စေတန်က လူ့အသွင်နဲ့ လူ့လောကထဲ အကြံကြီးကြံဖို့ လွှတ်ထားတဲ့ ဒေမီယံဆိုတဲ့ စေတန်ရဲ့သားတော် လူ့လောကထဲရောက်လာတဲ့အကြောင်းပါ။ ဒေမီယံဟာ လူ့လောကထဲကကို သွန်းဆိုတဲ့ လူကုံထံတစ်ယောက်ရဲ့သားကို သတ်ပြီး သူ့နေရာအစားဝင်ပြီး သွန်းရဲ့ စည်းစိမ်တွေကို အသုံးချပြီး ဒီလောကကြီးကို စေတန်လိုချင်တဲ့ ပုံစံအတိုင်းဖန်ဆင်းပစ်ဖို့ ရောက်လာခဲ့တာပါ။ ဒီရုပ်ရှင်ဟာ ဒေမီယံရဲ့ နိဒါန်းကိုရိုက်ပြထားတဲ့ ရုပ်ရှင်ပါပဲ။ အိုမန်ဟာ Horror ကားပေမဲ့ ထူးထူးခြားခြား စီနီမာတိုဂရပ်ဖီရော အသံပိုင်းရော အတော်လေးလက်ရာမြောက်ပြီး Best Music Oscar ဆုကိုပါ ရခဲ့ပါတယ်။ ဒီလိုရတယ်ဆိုပေမဲ့ ကြုံနေကျ သရဲကားတွေလို အသံကို ဇွတ်ဆက်တွေ သုံးထားတာမဟုတ်ဘဲ လိုအပ်တဲ့နေရာမှာပဲသုံးပြီး အဲဒီလိုသုံးတဲ့အခါမှာလည်း ကြက်သီးထစရာကောင်းအောင် သုံးခဲ့တာပါ။ ရုပ်ရှင်ရဲ့ Theme Song ဖြစ်တဲ့ Jerry Goldsmith ရေးစပ်ထားတဲ့ "Ave Satani" ဟာလည်း အတော်အောင်မြင်ခဲ့ပါတယ်။ အိုမန်ကို လန်ဒန်မှာအဓိကရိုက်ခဲ့ပြီး ရောမ အီတလီ ဂျေရုဆလင်နဲ့ အစ္စရေးတို့မှာပါ သွားရောက်ရိုက်ကူးခဲ့ပါတယ်။ To Kill A Mockingbird, Roman Holiday, Cape Fear တို့နဲ့ နာမည်ကျော်ခဲ့တဲ့ ဂန္ထဝင်မင်းသားကြီး Gregory Peck ဟာ ဒီကားကို ပိုပြီးထူးခြားစေတဲ့ အကြောင်းအရင်းတစ်ခုဖြစ်ခဲ့သလို သူ့ရဲ့ မိန်းမနေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Lee Remick ဟာလည်း ကောင်းကောင်းကြီး ပံ့ပိုးပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ သူတို့ကာရိုက်တာတွေဟာ ဒေမီယံရဲ့နေရာလောက် မခက်ခဲခဲ့ဘူး။ ဒီကားရဲ့ ဇာတ်သိမ်းပိုင်းမှာ Harvey Spencer Stephens ရဲ့ Damien သရုပ်ဆောင်ပုံဟာ ဒီလိုကျောချမ်းစရာကောင်းလွန်းတဲ့ကားရဲ့ အံ့မခန်း နိဂုံးဖြစ်သလို ရုပ်ရှင်သမိုင်းရဲ့ အကောင်းဆုံး Ending တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ အိုမန်ဟာ Jumpscare တွေကို အလွန်အကျွံမသုံးဘဲ အတိုင်းအတာတစ်ခုလောက်အထိသာ သုံးထားပေမဲ့ သူ့ဇာတ်ဝင်ခန်းတွေက တစ်ခန်းဆိုတစ်ခန်းဆိုသလို ရင်ထိတ်စရာကောင်းတဲ့အပြင်ကို ပဟေဠိတွေချန်ခဲ့နိုင်တဲ့ အတော်ကောင်းတဲ့ Storytelling နဲ့ ချပြထားတာပါ။ အိုမန်ရုပ်ရှင်ရဲ့ ဇာတ်ဝင်ခန်းတွေထဲ တစ်ခန်းဟာလည်း ကြောက်စရာအကောင်းဆုံး ရုပ်ရှင်အခန်းတစ်ရာမှာ နံပါတ် ၁၆ ချိတ်ခဲ့ပါတယ်။ Horror ကားလည်းဖြစ် Horror အငွေ့အသက်စစ်စစ်ကိုလည်းရနေရင်းမှ ဒီလောက်ကောင်းတဲ့ကားဆိုတာ အတော်ရှားပါလိမ့်မယ်။ (ဒီဇာတ်ကားအညွှန်းကို ရေးပေးထားသူကတော့ WiRa Aung ဖြစ်ပြီး ပြန်ဆိုပေးထားသူကတော့ 666 ဖြစ်ပါတယ်) Size - 2.33GB, 1.2GB, 650MB Quality - 1080p, 720p, 480p IMDb Rating - 7.5/10 Format - mp4 Duration - 1H 51Min Genre - Horror, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Drama • Science Fiction
7.4 1976 111 mins
The Omen
The Most Reluctant Convert: The Untold Story of C.S. Lewis
6.1

ဒီရုပ်ရှင်ကတော့ နာနီရာလိုမျိုး ကမ္ဘာကျော်ဝတ္ထုကြီးတွေကိုရေးခဲ့တဲ့ စာရေးဆရာကြီး CS Lewis ရဲ့ ဘဝအကြောင်းကို သူ့အမြင်တွေကနေ ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။ စာရေးဆရာကြီးလူးဝစ်ဟာ နာနီရာဝတ္ထုတွေနဲ့ ကျော်ကြားသလို သူ့ရဲ့မိတ်ဆွေကြီးဖြစ်တဲ့ The Lord of The Rings ရဲ့ စာရေးဆရာကြီး ဂျေအာအာ တိုကင်းန်နဲ့ အလောင်းအစားလုပ်ပြီး သိပ္ပံစိတ်ကူးယဉ်ဝတ္ထုတွေဖြစ်တဲ့ Out of the Silent Planet, Perelandra, and That Hideous Strength ဆိုတဲ့ စာအုပ်တွေကို ရေးခဲ့လို့လည်း ကမ္ဘာကျော်ခဲ့ပါသေးတယ်။ ဂျေအာအာ တိုကင်းန်ကတော့ သိပ္ပံစိတ်ကူးယဉ်စာအုပ်ပြိုင်ရေးဖို့ အလောင်းအစားလုပ်ခဲ့ပေမဲ့ ရေးဖို့ကြိုးစားရင်းကြိုးစားရင်း The Lord of the Rings စာအုပ်တွေ ထွက်ပေါ်လာပြီး ပိုအောင်မြင်သွားခဲ့ပေမဲ့ အလောင်းအစားမှာတော့ရှုံးခဲ့တယ်လို့ပဲပြောရမှာပါပဲ။ ဆရာလူးဝစ်ဟာ အင်္ဂလန်ရဲ့ နာမည်ကျော် စာရေးဆရာကြီးဖြစ်ခဲ့သလို ငယ်စဉ်က အောက်စ်ဖို့မှာ စာပေလေ့လာခဲ့စဉ်မှာ ဘာသာမဲ့အဖြစ်လည်း အခိုင်အမာကျော်ကြားပါတယ်။ သူ့ရဲ့မိတ်ဆွေကြီးဖြစ်တဲ့ The Lord of The Rings ရဲ့ စာရေးဆရာကြီး ဂျေအာအာ တိုကင်းန်ကတော့ ခရစ္စယာန်ဘာသာကို ယုံကြည်တဲ့သူပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ သူ့ရဲ့ငယ်ဘဝကနေ ဘုရားကို မယုံကြည်ခဲ့ပုံတွေဘာလို့ မယုံခဲ့ရလဲဆိုတဲ့အယူအဆတွေနဲ့ စာပေပညာရှင်ဘဝတစ်လျှောက် ငြင်းခုန်ခဲ့ပုံတွေနဲ့ နောက်ဆုံးမှာ ခရစ်တော်ကို ယုံကြည်လာပုံတွေအထိ လေးလေးနက်နက်ရိုက်ကူးပြသထားခဲ့ပါတယ်။ ဇာတ်လမ်းနာမည်ကတော့ ဘုရားကိုယုံကြည်ဖို့အတွန့်ဆုတ်ဆုံး ယုံကြည်သူဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဘာသာတရားနဲ့ ဆက်စပ်တဲ့ အတွေးအခေါ်တွေကို စာပေပညာရှင်ကြီးတွေ ဆွေးနွေးတွေးခေါ်ခဲ့ကြပုံလေးတွေကို အရသာခံကြည့်ချင်ရင်တော့ သင့်တော်ပါတယ်။ စာကြမ်းပိုးတွေ၊ အတွေးအခေါ်သမားတွေအတွက် ရုပ်ရှင်တစ်ကားပါပဲ။ နောက်ပြီးတော့ ဂျေအာအာ တိုကင်းန်အကြောင်းကြည့်ချင်ရင်လည်း ၂၀၁၉ ထွက် ရုပ်ရှင် Tolkien (2019)ကို ချန်နယ်မြန်မာမှာ တင်ပေးထားပါသေးတယ်။ File size…(1.02GB)/(534MB)/(282MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:13:00 Genre...Biography /Drama /History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....Mr.Anderson

Comedy • Drama • Mystery • Romance
6.1 2021 87 mins
The Most Reluctant Convert: The Untold Story of C.S. Lewis
Session 9
6.2

ဂေါ်ဒွန်ဦးဆောင်တဲ့အဖွဲ့ဟာ ကျောက်ဂွမ်းမှုန့် (Asbestos) တွေ ရှင်းလင်းသန့်စင်ပေးတဲ့အဖွဲ့ဖြစ်ပါတယ်... စိတ္တဇဆေးရုံတစ်ခုကိုပြန်လည်ပြုပြင်ရေးပရောဂျက်မှာလေလံဝင်ဆွဲရာကနေ အနည်းဆုံးသုံးပတ်ကြာမဲ့အလုပ်ကိုတစ်ပတ်နဲ့ပြီးစေရပါမယ်ဆိုပြီး လေလံအောင်ခဲ့ပါတယ်... ဂေါ်ဒွန်ကတော့ သူ့မိန်းမဝင်ဒီနဲ့ သူ့သမီးလေးကြောင့် တစ်ခုခုစိတ်ရှုပ်နေရပုံပါ... သူတို့အလုပ်လုပ်နေကြရင်း session 9 ဆိုတဲ့ ခွေကိုဖွင့်ကြည့်ခဲ့မိပါတယ်... အဲဒီမှာတော့ မေရီဆိုတဲ့ စိတ်အထွေထွေကွဲပြားတဲ့ရောဂါသည်လေးကို ဆွေးနွေးမေးမြန်းထားတာပဲဖြစ်ပါတယ်... ဟန့်ကလည်း ငွေပြားတွေရှာတွေ့ပြီးနောက်မှာ ထူးထူးဆန်းဆန်းပျောက်ကွယ်သွားပါတယ်... အဲဒီနောက်မှာတော့ ထူးဆန်းတဲ့ ဖြစ်ရပ်တွေ ဆက်တိုက်ကို ပေါ်လာပါတော့တယ်... ဘာတွေလဲဆိုတာကိုတော့.... Box Office ဝင် Horror မို့ ခံစားကြည့်သင့်ပါကြောင်း... File Size :(1.7GB) (715 MB) and (278MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…01:37:00 Genre : Horror,  Drama, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Poant Encoded by Phyo Pyae

Drama
6.2 2001 100 mins
Session 9
The Saint of Second Chances
7.6

The Saint of Second Chances (2023) ========================== IMDb Rating – 7.6/10 Netflix ကနေ အသစ်ထွက်ထားတဲ့ အပြင်မှာ တကယ်ရှိခဲ့တဲ့လူအကြောင်းနဲ့ ဒုတိယအခွင့်အရေးဆိုတာ ဘာလဲ တင်ဆက်ပေးချင်တဲ့ မှတ်တမ်းပုံစံရုပ်ရှင် ကားလေး ဖြစ်ပါတယ်။ မိုက်ဗက်ဆိုတာ နာမည်ကျော် ဘေ့စ်ဘောအသင်းပိုင် ရှင် ဖခင်ရဲ့ လောင်းရိပ်အောက်ကနေ ရုန်းထွက်ချင်သူတစ်ယောက်ပေါ့။ ဒီလို ရုန်းထွက်ချင်လွန်းလို့လည်း ကြိုးစားပြီး သူများနဲ့မတူတဲ့ အကြံတွေနဲ့ ဘေ့စ် ဘောပွဲကို လူစည်အောင် လုပ်ခဲ့ရာမှာ အမှားတွေ ဖြစ်ခဲ့ပြီး ဖခင်ကိုပါ ဘဝပျက် စေသလို ဖြစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ နှစ်ပေါင်းများစွာ ပူဆွေးနေပြီးတော့ ဒုတိယအခွင့်အရေးတွေ ရလာပြီး ဘယ်လိုမျိုး ပြန်ကြိုးစားခဲ့တာတွေ၊ တခြားလူတွေကိုလည်း ဒုတိယအခွင့်အ ရေးတွေ ပေးခဲ့လို့ ဘယ်လိုမျိုးတွေ ကြုံဆုံရတာတွေ၊ မိသားစုနဲ့ လုပ်ငန်းကြား က ဘယ်အရာက တန်ဖိုးရှိတာတွေဆိုတာကို မိုက်ဗက်ကိုယ်တိုင်က ပြန်ဇာတ် ကြောင်းပြောဆိုထားပြီး ဘေ့စ်ဘောလောကနောက်ခံ အရှုံးမပေးပဲ ဒုတိယ အခွင့်အရေးဆိုတာကို အမိအရ ဖမ်းဆုပ်တတ်ဖို့ ပညာပေးထားတဲ့ မှတ်တမ်း ရုပ်ရှင်လေး ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size……….(2.13 GB) / (724 MB) Quality…………WEB-DL 1080p / 720p Duration……..1Hr 33Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Documentary, Biography, Drama Translator……Thura Aung Encoder……….SWM

7.6 2023
The Saint of Second Chances
The Land Within
6.3

ဒီ Drama/Myetery ကားလေးမှာတော့ မင်းသား Florist Bajgora (Her 2018) နဲ့ မင်းသမီး Luàna Bajrami (Portrait of a Lady on Fire) တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ဒီကားကို ရိုက်တဲ့ဒါရိုက်တာ Fisnik Maxville က အကောင်းဆုံးဒါရိုက်တာဆုနဲ့ ရုပ်ရှင်ဆုအပါအဝင် ဆု ၅ ဆု ရရှိပြီး ဇကာတင် ၅ခု ဝင်ခဲ့တာပါ။ နှစ်အတော်ကြာ တခြားနိုင်ငံမှာ ပြည်ပြေးအဖြစ်နဲ့ ရောက်ရှိနေခဲ့တဲ့ မိဘမဲ့ဖြစ်သူ ရာမိုက ဘယ်လ်ကန်မှာရှိတဲ့ သူ့ငယ်ဘဝရွာလေးကို ပြန်ရောက်လာခဲ့ပါတယ်။ သူ့ကိုမွေးစားခဲ့တဲ့အဖေဖြစ်သူ စကန်ဒါ နေမကောင်းဖြစ်နေလို့ အမြန်ပြန်လာပါဆိုတဲ့ မွေးစားအစ်မဖြစ်သူ အူနာရဲ့အကြောင်းကြားမှုကြောင့် ပြန်ရောက်လာခဲ့တဲ့ ရာမို့ကို ဆီးကြိုနေခဲ့တာတွေကတော့ စစ်အတွင်းကသေဆုံးသွားခဲ့တဲ့ သူတို့ရွာလေးကလူတွေရဲ့ သင်္ချိုင်းဂူ တူးဖော်မှုပါပဲ။ စစ်အတွင်းမှာ သူတို့အမျိုးတွေ၊ မိသားစုဝင်တွေနဲ့ ရွာက လူတော်တော်များများ သေဆုံးခဲ့ပြီး အဲဒီအလောင်းတွေမြှုပ်ထားတဲ့ သင်္ချိုင်းဂူကို သိပ္ပံပညာရှင်အချို့က စစ်ဆေးမှုတစ်ခုအတွက် တူးဖော်ဖို့လိုတယ်လို့ ဆိုတာမို့ မိသားစုဆွေမျိုးတွေ စာရင်းကို အရင်တုန်းက ဓာတ်ပုံတွေကိုကြည့်ကာ နှစ်ယောက်သားရှာဖွေ စာရင်းပြုစုပြီးပေးခဲ့ရင်း မထင်မှတ်ထားတဲ အရာတစ်ခုကို သိခဲ့ရပါတော့တယ်။ အဲဒါကတော့ သူတို့ပြုစုထားတဲ့စာရင်းနဲ့ မူလသန်းခေါင်စာရင်းက ကွဲပြားနေပြီး ပျောက်ဆုံးနေသူတစ်ယောက် ရှိနေခဲ့တာပါပဲ။ ဖက်တီမီရာဆိုတဲ့အမျိုးသမီးက မူလသန်းခေါင်စာရင်းမှာ ရှိခဲ့ပေမဲ့ သူတို့ကအဲဒီအမျိုးသမီးကို မသိခဲ့တာမို့ နားလည်ရခက်စွာ အဖြေရှာရင်းနဲ့ အတိတ်က ဖုံးကွယ်ထားတဲ့အမှန်တရားတွေကို သိလိုက်ရချိန်မှာတော့.. တူးဖော်ခဲ့တဲ့အလောင်းတွေနဲ့အတူ ပေါ်ပေါက်လာခဲ့တဲ့ အတိတ်က အမှန်တရားက ဘာများဖြစ်မလဲ.. စစ်အတွင်းမှာ ရွာက လူတော်တော်များများ သေဆုံးခဲ့ရပေမဲ့ ရာမိုက ဘယ်လိုဖြစ်လို့ ပြည်ပြေးအဖြစ်နဲ့ အသက်ရှင်ကျန်ရစ်ခဲ့တာလဲ.. ဖက်တီမီရာကရော ဘယ်သူလဲ.. ဘာလို့ သူတို့က ဖက်တီမီရာရဲ့အကြောင်းကို မသိခဲ့ရတာလဲ ဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်ပြီး ရှာဖွေကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(1.6 GB)/(808 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:57:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

6.3 2022
The Land Within
Over Drive
5.8

Over Drive (2018) ဒီတစ်ခေါက်ကြည့်ရှုရမယ့် ဇာတ်ကားလေးကတော့ One Piece Live Action မှာ Zoro အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားချောလေးရဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ 2018ခုနှစ်ကထွက်ရှိခဲ့ပြီး ဇာတ်ကားနာမည်ကတော့ Over Driveပဲဖြစ်ပါတယ်။ Hiyama Naozumi က ငယ်ရွယ်ပြီးအရည်အချင်းရှိတဲ့အပြင် ပြဿနာရှာတတ်တဲ့ ပြိုင်ကားမောင်းသူတစ်ယောက်ဖြစ်ပါတယ်။ Hiyama Atsuhiroကတော့ Spica Racing ကုမ္ပဏီရဲ့ ကားပြင်ဆရာတစ်ယောက်ဖြစ်ပြီး Naozumiရဲ့ အစ်ကိုတစ်ယောက်လည်းဖြစ်ပါတယ်။ သူတို့ညီအစ်ကိုနှစ်ယောက်ရဲ့ဆက်ဆံရေးက ကြီးလာတဲ့အခါမှဘာလို့ပြောင်းလဲသွားရတာလဲဆိုတာရယ် Seiko Cup Rally Seriesမှာ ချန်ပီယံဖြစ်ပြီး WRCကို ဝင်ရောက်နိုင်ဖို့အတွက် ညီအစ်ကိုနှစ်ယောက်လုံး ဘယ်လိုအခက်အခဲတွေကိုကျော်ဖြတ်ပြီး အနိုင်ရရှိအောင်ကြိုးစားကြမလဲဆိုတာကိုစောင့်ကြည့်ရင်း စိတ်လှုပ်ရှားစရာကောင်းတဲ့ကားပြိုင်ပွဲတွေကိုပါကြည့်နိုင်မှာမို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Khaing ပဲ ဖြစ်ပါတယ်။ Genre….. Action Quality…. 1080p | 720p File size… 2.2GB } 974MB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ….. Khaing Encoder ….. Aaron

Comedy • Romance
5.8 2018 104 mins
Over Drive
Memory
6.7

Memory (2023) ~ IMDb – 6.7/10, RT – 84%, Meta – 72% ~ လူတွေရဲ့ မှတ်ဉာဏ်ဟာ ယုံစားလို့မရဘူး။ လူတွေက သူတို့မှတ်မိချင်တာကို မှတ်မိနေကြတတ်တယ်။ စာရေးဆရာတစ်ယောက်ရဲ့ သူ့ငယ်ဘဝအကြောင်း သူရေးတဲ့စာအုပ်ထဲမှာတောင် တကယ်တမ်းမဖြစ်ခဲ့တာတွေ ပါကောင်းပါနေနိုင်တဲ့အထိ မှတ်ဉာဏ်ဟာ ယုံစားလို့မရဘူး။ မှတ်ဉာဏ်ဟာ ကျွန်တော်တို့မှတ်မိချင်တာတွေကို မှတ်မိနေတတ်တယ်။ ဆစ်ဂမန်ဖရွိုက်ကတော့ မှတ်ဉာဏ်ဆိုတာ မသိစိတ်အစုအထုံးတစ်ခုလို့ ဆိုတယ်။ Memory ဟာ အဲဒီမှတ်ဉာဏ်တွေရဲ့အကြောင်းလို့ပြောရမယ်။ ဇာတ်ကောင်အားဖြင့် အဓိကတော့ ၂ ယောက်ပါတယ်။ တစ်ယောက်က စိတ်ကျရောဂါရှိနေတယ်။ တစ်ယောက်က အတိတ်မေ့မေ့သွား သတိလွတ်လွတ်သွားတတ်တဲ့ရောဂါရှိနေတယ်။ နောက်တစ်ယောက်တော့ပါသေးတယ်။ သူက အခန်းတော့သိပ်မများဘူး။ ဒါပေမဲ့ သူပါတဲ့အခန်းမှာ လူ့မှတ်ဉာဏ်က မှတ်မိချင်တာတွေကိုပဲ မှတ်မိနေတတ်တယ်ဆိုတာကို ရာနှုန်းပြည့်ပေါ်လွင်စေခဲ့တဲ့ ကားနာမည်အရတော့ သူ့ကိုလည်း အဓိကထဲထည့်ရမှာပဲ။ ဇာတ်လမ်းရဲ့ ဗဟိုချက်မဇာတ်ကောင်က အမျိုးသမီးတစ်ယောက်။ သူ့ဘဝကို သူခက်ခက်ခဲခဲရှင်သန်နေရတဲ့ အမျိုးသမီးတစ်ယောက်။ သူ့အသက်၈နှစ်ကတုန်းက သူ့အဖေရင်းကိုယ်တိုင် ဗလက္ကာရပြုကျင့်တာကို ခံခဲ့ရသလို သူ့အမေကို သွားတိုင်တော့လည်း မယုံခဲ့ဘူး။ သူ့ကို လုပ်ဇာတ်တွေလျှောက်ခင်းနေတယ်ပဲ သတ်မှတ်ခဲ့တယ်။ ဒီလိုနဲ့ကျောင်းတက်လို့ ကျောင်းမှာထပ် မုဒိန်းကျင့်ခံရလို့ သူ့အမေကို သွားတိုင်တော့လည်း သူ့အမေက သူ့ကို လုပ်ဇာတ်တွေခင်းနေတယ်ပဲသတ်မှတ်ပြီး သူ့ကိုပဲ ထပ်အပြစ်တင်ခဲ့တယ်။ ဒီလိုနဲ့ အမေကို အမုန်းကြီးမုန်းလာတဲ့ အဲဒီအမျိုးသမီးဟာ သူ့အမေဆီက အကူအညီမယူဘဲ သူ့ဘဝကို သူခက်ခက်ခဲခဲနဲ့ကျောင်းနေခဲ့တယ်။ သူ့မှာ သမီးလေးတစ်ယောက်ရှိပေမဲ့ အဲဒီသမီးလေးကို သူဘယ်လိုရခဲ့လဲတော့ မပြထားဘူး။ တစ်နေ့ကျ အဲဒီအမျိုးသမီး ကျောင်းတွေ့ဆုံပွဲကနေ အပြန်မှာ ယောက်ျားတစ်ယောက်က တစ်လမ်းလုံး သူ့နောက်လိုက်လာတယ်။ သူလည်း ထရော်မာရှိတဲ့သူဆိုတော့ လန့်သွားတာပေါ့။ သူ့ကို မုဒိန်းကျင့်ခဲ့တဲ့လူတွေထဲကတစ်ယောက်လား ဘာလားလို့ သူထင်လိုက်တယ်။ ဒါပေမဲ့ နောက်မှသိလိုက်ရတာက အဲဒီလူက အတိတ်မေ့ သတိလွတ်လွတ်သွားတတ်တဲ့ရောဂါသည်ဖြစ်နေတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်စလုံးရဲ့ မှတ်ဉာဏ်တွေကို ကျွန်တော်တို့ကို တစ်လွှာချင်းခွာချပြသွားတယ်။ ဒီရုပ်ရှင်ကိုကြည့်တဲ့ ပရိသတ်တွေထဲ တော်တော်ကြိုက်တဲ့လူနဲ့ တော်တော်မကြိုက်တဲ့လူဆိုပြီး ဆိုးဆိုးရွားရွားကို ကွဲပြားနေတယ်။ တစ်ချို့ကတော့ ဇာတ်လမ်းရဲ့ထိခတ်စေနိုင်စွမ်းကို ချီးကျူးကြတယ်။ တစ်ချို့ကတော့ ဇာတ်လမ်းဟာ မပြသွားတာတွေများတော့ မပြည့်စုံဘူးဆိုပြီး သမုတ်ကြသလို အတိတ်မေ့သတိလွတ်နေတဲ့လူနဲ့ ဖြစ်တဲ့အမျိုးသမီးကို အပြစ်တင်ကြတာလည်းရှိတယ်။ ပြောရရင် သတိမရှိတဲ့လူတစ်ယောက်ရဲ့ Consent က မစစ်ဘူးပေါ့။ ဟောလိဝုဒ်က Consent ကို ဂရုမစိုက်ဘူးဆိုတာအထိပြောကြတယ်။ ဘာပြောပြောပါ၊ ၂၀၂၁တုန်းက The Eyes of Tammy Faye နဲ့မင်းသမီးဆုရခဲ့တဲ့ Jessica Chastain နဲ့ Peter Sarsgaard တို့ကတော့ ပြောင်မြောက်အောင် သရုပ်ဆောင်နိုင်ခဲ့ကြတယ်။ သေချာတာတော့ ဒီမှတ်ဉာဏ်ဆိုတဲ့ရုပ်ရှင်ဟာ ဇာတ်လမ်းမပြည့်စုံတာလည်းမဟုတ်သလို ပြချင်တာပြထားတာလည်းမဟုတ်တဲ့ မှတ်ဉာဏ်တွေအကြောင်းပြထားတဲ့ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.55GB, 950MB, 560MB Quality – 4K HEVC, 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 1H 39Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action • Romance
6.7 2023 104 mins
Memory
Shadow of Fire
7

ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးချိန် ဂျပန်တွေ စစ်ရှုံးကာလ ဝန်းကျင်ကို အခြေပြု ရိုက်ကူးထားတဲ့ ဇာတ်ကားလေး တစ်ကားနဲ့ cm ပရိသတ်ကြီးကို မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားဟာ နာမည်ကြီး နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေ ဖြစ်တဲ့ မြူးနစ်ရုပ်ရှင်ပွဲတော်နဲ့ ဗင်းနစ် ရုပ်ရှင်ပွဲတော်တွေမှာ ၂၀၂၃ အကောင်းဆုံးဇာတ်ကားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ စစ်ကြီးအတွင်းမှာ ဂျပန်နိုင်ငံကို မဟာမိတ်တပ်ဖွဲ့တွေ ဗုံးကြဲတိုက်ခိုက်မှုတွေ အများအပြားရှိခဲ့ပြီး နာမည်ကြီး ဟီရိုရှီးမားနဲ့ နာဂါဆာကီ အဏုမြူဗုံးကြဲချမှုတွေအပြင် “အနက်ရောင်ဆီးနှင်းကျတဲ့ည”လို့တင်စားခေါ်ဝေါ်တဲ့ တိုကျိုဗုံးကြဲတိုက်ခိုက်မှုမှာ တစ်ညအတွင်း လူပေါင်း တစ်သိန်းကျော် အသက်ဆုံးရှုံးခဲ့ကြပြီး နိုင်ငံသားအများ အပြား အိုးအိမ်မဲ့ ဖြစ်ခဲ့ကြရတာပါ။ ဇာတ်လမ်းကို မိသားစုတစ်ခုလုံး မီးလောင်ဗုံးကြဲမှုမှာ အသက်ဆုံးရှုံးခဲ့ရပြီး ပြည့်တန်ဆာအဖြစ် အသက်မွေးနေရတဲ့ အမျိုးသမီးလေး တစ်ယောက်၊ အစားအစာတွေကို လစ်သလိုခိုးယူပြီး ရှင်သန်နေရတဲ့ မိဘမဲ့ ကောင်လေး တစ်ယောက်နဲ့ စိတ်ဒဏ်ရာအများအပြား ရရှိထားတဲ့ စစ်ပြန် စစ်သားတစ်ယောက်တို့ အတူတွေ့ဆုံမှုနဲ့ စဖွင့်ထားပါတယ်။ သူတို့တွေ ဆုံးရှုံးခဲ့ရတဲ့ မိသားစုဘဝတွေကို ခဏတာ အစားပြန်ရသလို ပျော်ရွှင်ခဲ့ကြပေမယ့် ရရှိထားကြတဲ့ ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေနဲ့ ပျော်ရွှင်မှုကို ရေရှည် ပိုင်ဆိုင်ခွင့် ရဖို့ဆိုတာ အင်မတန်ခက်ခဲပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်တဲ့ ဇာတ်ကောင်တွေအတွက် မျှော်လင့်ချက် ကင်းမဲ့မှုတွေ၊ ကြေကွဲဝမ်းနည်းမှုတွေနဲ့အတူ အထီးကျန်မှုကိုပါ ထင်ဟပ်ပြသထားပြီး တကယ့်ကို ခံစားမှုရသပေးစွမ်းနိုင်တဲ့ စစ်ပွဲဆန့်ကျင်ရေး ဇာတ်ကားကောင်း တစ်ကားလို့ ဆိုပါရစေ။ File size…1.59GB / 697MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 35m Genre ….. Drama , History , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

7 2023
Shadow of Fire
The Cigarette

ဂျက်စမင်ဆိုတဲ့ ကောင်မလေးက အလုပ်မရှိအကိုင်မရှိ အသုံးအဖြုန်းကလည်းကြီးတာကြောင့် သူ့ရည်းစားက တိုက်ခန်းကနေ မောင်းထုတ်လိုက်ပြီး ခွာသွားပါတယ် နေစရာမရှိလို့ မိဘအိမ်ပြန်လာတော့လည်း လက်မခံတာကြောင့် ကိုယ့်ဘာသာ အလုပ်တစ်ခုရှာဖို့ ကြံဆရင်း ဘားတစ်ခုမှာ စီးကရက်ဘူးတစ်ဘူးကို လာပေးတဲ့ လူတစ်ယောက်နဲ့ ဆုံတယ် အဲဒီလူက အထူးပြုလုပ်ထားတဲ့ စီးကရက်တွေကို လိုက်ဖြန့်ခိုင်းပြီး သောက်သုံးသူအသက်ငယ်လေ ပိုက်ဆံပိုရမယ်လို့ ဆွယ်လာလို့ အဆိုပါ စီးကရက်ကို လိုက်လံဖြန့်ရင်းမှ မထင်မှတ်ထားတဲ့ အိပ်မက်ဆိုးသဖွယ် အဖြစ်ဆိုးတွေ ဖြစ်လာတဲ့အခါမှာတော့ ….. File size…(873 MB) Quality….Webrip 720p Format…mp4 Duration….01:22:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

0 2024
The Cigarette
Silent Bite
5

Xmas လည်းနီးလာပြီဆိုတော့ ခရစ္စမတ်အငွေ့အသက်လေးတွေ ပါတဲ့ Horror ဇာတ်ကားလေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ Horror အမျိုးအစားဆိုပေမယ့် Dry Humor သဘောကျတတ်တဲ့ သူမျိုးတွေ အကြိုက်တွေ့မယ့် ဒိုင်ယာလော့တွေ ပါတာမို့ ပျင်းခြောက် မနေမယ့် ဇာတ်ကားဖြစ်ပါတယ် ဇာတ်ညွှန်းကတော့…. ခရစ္စမတ်အိဗ် အကြိုနေ့ညနေခင်းမှာ ကောင်တီဘဏ်ကို ဓားပြဝင်တိုက်ခဲ့တဲ့ “ဆန်တာဦးထုပ်ဓားပြအဖွဲ့”လို့ အမည်ပေးထားတဲ့ ဓားပြအဖွဲ့ ဘဏ်ဓားပြတိုက်ပြီး ကားမောင်းပြေးနေတာနဲ့ စထားပါတယ်… သူတို့တွေရဲ့ ကနဦးအစီအစဉ်ကတော့ ရဲတွေ မထင်ထားလောက်မယ့် ဘဏ်နဲ့သိပ်မဝေးတဲ့ ချောင်ကျကျ ဟိုတယ်တစ်ခုမှာ ခေတ္တခြေငြိမ်ပြီး ခိုနေပါမယ် အဖွဲ့ထဲက အယောင်ပြ မောင်းပြေးမယ့် သူတစ်ယောက်က သူတို့နဲ့ ဆန့်ကျင်ဘက်ဒေသဘက်ကို အယောင်ပြ မောင်းပြေးပြီး ရဲတွေကို လမ်းလွှဲမယ်… အခြေအနေ ငြိမ်သွားရင် လူပြန်ဆုံပြီး ဝေစုခွဲကြဖို့ပါပဲ…။ သူတို့ မသိလိုက်တဲ့ အချက်တစ်ချက်က ခိုနေဖို့ ရည်ရွယ်ထားတဲ့ ဟိုတယ်မှာ သူတို့တွေ မထင်ထားတဲ့ အန္တရာယ်တွေနဲ့ ပြည့်နေတယ် ဆိုတာပါပဲ…။ ဒီတော့ ဓားပြအဖွဲ့သားတွေ အန္တရာယ်ကနေ ဘယ်လိုမျိုး လွတ်အောင် ပြေးကြမလဲဆိုတာကိုတော့…..။ File size… (1.15GB) / (523MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre …..Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

5 2024 90 mins
Silent Bite
Mystic River
7.9

Mystic River (2003) ********************* IMDb….7.9,,,,Rotten…88% ဒီဇာတ်ကားကတော့ စာအုပ်လည်း ထွက်ထားပါတယ် ….. ဇာတ်လမ်းကလည်း ၂နာရီလောက်ကြာပါတယ် ….. တော်တော်များများရုပ်ရှင်တွေက စာအုပ်ကို မမှီဘူးလို့ ဝေဖန်ခံရလေ့ရှိပါတယ် …. ဒါပေမယ့်ဒီရုပ်ရှင်ကတော့ စာအုပ်ဖတ်ဖူးသူတိုင်းက ရုပ်ရှင်ကပိုကောင်းတယ် ပိုပြီးခံစားရတယ် …. သာမန် Thriller ရုပ်ရှင်တွေထက်ကိုသာလွန်တယ်လို့ review ကောင်းတွေရထားတဲ့ဇာတ်ကားပါ… Thriller fan တွေတကယ်ကို လက်မလွတ်သင့်တဲ့ဇာတ်ကားပါပဲ.. ထောင်ထွက် Jimmy ရဲ့သမီးလေး အသတ်ခံရတော့ သူ့ရဲ့ငယ်သူငယ်ချင်း၂ယောက်ပါ ဒီကိစ္စထဲပါလာတယ်… တစ်ယောက်က Daveက သာမန်အလုပ်သမား ဒါပေမယ့်အတိတ်ဆိုးနဲ့လူ …. သူက Jimmy သမီးကိုမသေခင်နောက်ဆုံးတွေ့ခဲ့တဲ့လူဖြစ်နေတယ်.. နောက်တစ်ယောက်က Sean လူသတ်မှုတွေရဲ့စုံထောက်ပေါ့ သူကဒီအမှုကိုတာဝန်ယူထားရတဲ့လူ… သူငယ်ချင်း၃ယောက်ပြန်ဆုံဖြစ်ကြတယ်ပေါ့ … တဖြည်းဖြည်းနဲ့ အမှုနဲ့ပတ်သက်လို့သိလာရတာတွေရှိလာတော့ Jimmy က Dave ကိုသံသယဝင်လာတယ်… ဘယ်လိုဖြေရှင်းကြတယ် သူငယ်ချင်း၃ယောက်ရဲ့ဇာတ်လမ်းကဘယ်လိုလဲဆိုတာတော့ ဆက်ကြည့်ကြဖို့ပဲတိုက်တွန်းချင်ပါတယ်… ဒါရိုက်တာ Clint Eastwood ရိုက်ကူးထားတာဖြစ်ပြီး နာမည်ကျော်မင်းသားကြီးတွေဖြစ်တဲ့ Sean Penn,Tim Robbins, Kevin Bacon တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်… အညွှန်းနဲ့ဘာသာပြန်သူကတော့ Jthekoala ပဲ ဖြစ်ပါတယ်… File Size : 1.96 GB, 813 MB Quality : Blu-Ray 1080p, 720p Format…mp4 Duration…02:18:00 Genre : Crime, Drama, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Jthekoala Encoded by AHtet

7.9 2003 138 mins
Mystic River
Midnight Cowboy
7.8

ဒီတခါမှာတော့ ပုံမှန်သမီးရည်းစား ချစ်ကြိုက်ကွဲ ဇာတ်လမ်းတွေကနေကွဲထွက်ပြီး မိတ်ဆွေစစ်၊ မိတ်ဆွေကောင်းအကြောင်းကိုရိုက်ကူးထားတဲ့ဒရမ်မာဇာတ်ကားကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ Midnight Cowboy ဆိုတဲ့ကားလေးဟာ IMDbမှာ rating 7.9ရထားပြီး Rotten Tomatoes မှာလည်း 89% reviewရထားတဲ့ဇာတ်ကားလေးပါ။ တက္ကဆက်ပြည်နယ်သားဂျိုးဟာ ကြေးစားလိင်လုပ်သားအဖြစ်နဲ့ နယူးယောက်မြို့ကိုအရဲစွန့်အခြေချပြီးတဲ့နောက်မှာ ရက်စ်တို ဆိုတဲ့လူနဲ့တွေ့ပြီးဘယ်လိုတွေဒုက္ခရောက်မလဲ၊ အလုပ်ရောဘယ်အချိန်အဆင်ပြေမလဲဆိုတာကို အစမှအဆုံးထိဇာတ်ရှိန်မကျဘဲကြည့်ရှုနိုင်မယ့်ဇာတ်ကားကောင်းလေးမို့တင်ဆက်ပေးလိုက်ရပါတယ်။ File size…(2.7 GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:53:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Theint

Action • History • War
7.8 1969 113 mins
Midnight Cowboy