YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Queendom - Episode 5.720p(CM).mp4

1.04 GB 720p video/mp4 633 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Jackal
6.3

Bruce Willis  နဲ့ Richard Gere  တို့အပြိုင်ကျဲထားပါတယ်.. အမေရိကန် FBI အဖွဲ့ဟာ ရရှားဗိုလ်ကြီးခိုစလိုဗာနဲ့အတူ ရရှားမူးယစ်ရာဇာဂိုဏ်းတစ်ခုကို ဝင်စီးရင်း ထိတ်ထိတ်ကြဲ မာဖီးယားခေါင်းဆောင် တဲရက်ရဲ့ ညီကို မတော်တဆ ပစ်သတ်ခဲ့မိပါတယ်။ အဲဒီမှာ ဒေါသထွက်သွားတဲ့ တဲရက်ဟာ အမေရိကန်တွေကို ကလဲ့စားပြန်ချေဖို့ FBI အဖွဲ့ဒါရိုက်တာဘရောင်းကို လုပ်ကြံမယ်ဆိုပြီး လုပ်ကြံသတ်ဖြတ်ရာမှာ တဖက်ကမ်းခတ်နေတဲ့ ဝံပုလွေငယ်ဆိုတဲ့ကြေးစားကို ငှါးရမ်းခဲ့ပါတော့တယ်။ အဲဒီဝံပုလွေငယ်ဆိုသူဟာ လုပ်ကြံသတ်ဖြတ်မှုပေါင်း မနည်းမနောလုပ်ခဲ့ဖူးတဲ့လူဖြစ်ပေမယ့် ဖမ်းမိဖို့ဝေးစွ သူ့ပုံပန်းသဏ္ဍာန်ကို မြင်ဖူးတဲ့သူတောင် လက်ချိုးရေလို့ရပါသတဲ့။ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့..... File Size :(2.1GB)(878 MB) and (224 MB) Quality : Blu-Ray 1080p,720p Format…mp4 Duration…02:04:00 Genre : Action,Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae

Horror
6.3 1997 124 mins
The Jackal
Maggie Moore(s)
5.8

Maggie Moores (2023) ဒီ Maggie Moores ဆိုတဲ့ ဇာတ်လမ်းဟာ ဖြစ်ရပ်မှန်ကိုအခြေခံပြီး ဒါရိုက်တာ John Slattery ကရိုက်ကူးထားတာပါ။ 2000 ခုနှစ် အောက်တိုဘာလ 12 ရက်နေ့မှာ Mary Morris အမည်ရှိ အမျိုးသမီးတစ်ဦး အသတ်ခံခဲ့ရပါတယ်။ အောက်တိုဘာလ 16 ရက်နေ့မှာ နာမည်တူ Mary Morris အမည်ရှိ အမျိုးသမီးတစ်ဦးထပ်အသတ်ခံရပြန်တယ်။ နှစ်ဦးစလုံးအသတ်ခံရတာဟာ လူတစ်ဦးတစ်ယောက်တည်းရဲ့လက်ချက်ဆိုတာပါပဲ။ ပထမလူကို မှားသတ်မိလို့ ဒုတိယလူကိုထပ်သတ်တာလား ဒါမှမဟုတ် ပထမအမှုကို ရှုပ်ထွေးအောင် ဒုတိယလူကို ထပ်သတ်လိုက်တာလားကတော့ ယနေ့ထိတိုင်အငြင်းပွားနေကြဆဲပါ။ အားလုံးလည်း ပဟေဠိလေးတွေ ဖြစ်သွားမလား ဆိုတာတော့ ဇာတ်လမ်းကြည့်ရင်း အတွေးပွားလိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Pyae Phyo Min ပဲ ဖြစ်ပါတယ်။

Action
5.8 2023 99 mins
Maggie Moore(s)
Furious 7
7.2

Review မလုပ်ခင် တစ်ခုပြောချင်တာက ဒီကားက ၂ပတ်အတွင်းမှာတင် US မှာ သန်း ၂၆၀ ကျော်သွားပြီဖြစ်သလို၊ World Wide မှာ အပို သန်း ၇၀၀ နဲ့ စုစုပေါင်း သန်း ၁ထောင်ကျော်သွားပါပြီ။ ၂ပတ်အတွင်းမှာ မှာတင် All Time ဝင်ငွေအကောင်းဆုံးစာရင်းမှာ နံပါတ် ၂၀ ဖြစ်သွားပြီး၊ ဒီအတိုင်း ဆက်သွားရင် ထိပ်ဆုံး ၅ ကားစာရင်းဝင်မှာဖြစ်ပါတယ်။ ဒီကားက မင်းသား Paul Walker ရဲ့ နောက်ဆုံး ဇာတ်ကား ဖြစ်ပြီး၊ Fast & Furious ဇာတ်လမ်းတွဲရဲ့ ၇ကားမြောက်ဖြစ်ပါတယ်။ ဒီစီးရီးက Fast 5 ကနေစပြီး ဇာတ်လမ်း ပုံစံပြောင်းလိုက် ပြီးတဲ့နောက်မှာမှ လူတွေပိုစိတ်ဝင်စားလာတာ တွေ့ရပါတယ်။ ပထမသုံးကားက ကားပြိုင်တဲ့ ဇာတ်လမ်းတွေပဲဖြစ်ပြီး နံပါတ်လေးမှာ Tokyo Drift ဒါရိုက်တာ Justin Lin က နေ လူစိတ်ဝင်စားလာအောင် ပုံစံပြောင်း ရိုက်ကူးခဲ့ပြီး Fast Five က ဒီစီးရီးရဲ့ အကောင်းဆုံး ဇာတ်ကား အဖြစ် ပရိတ်သတ်တွေ လက်ခံထားကြပါတယ်။ ဒီ Fast & Furious ကားတွေ က Birdman တို့ American Sniper တို့လို ဇာတ်လမ်းပိုင်း ကောင်းမကောင်း ဝေဖန်ဖို့ မလွယ်ပါဘူး။ ဘာလို့လည်းဆိုတော့ ဒီကားက ဇာတ်လမ်းကောင်းလို့ပြောဖို့ထက်၊ Action ကားကောင်းလို့ပဲ ပြောလို့ရပါ တယ်။ အခု Furious 7 ကလည်း အက်ရှင်တွေ၊ ပြိုင်ကားတွေ၊ သေနတ်၊ ဗုံး စတာတွေ အများအပြားပါသလို၊ ကြည့်လို့လည်း ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒါပေမယ့် Visual Effect နဲ့ Action ကိုပဲ အားကိုးထားတာတော့မဟုတ်ပါဘူး။ သူ့မှာ စိတ်ဝင်စားစရာ ဇာတ်ကွက်၊ လူရှိန်လောက်တဲ့ ဗီလိန် တွေပါသလို ဗီလိန်တွေရဲ့ ဇာတ်ကောင်ကလည်း အဓိပ္ပာယ်ရှိပါတယ်။ Transformer ကားတွေလို လုံးဝယုတ္တိမရှိတာမျိုးမဟုတ်ပါဘူး။ ဇာတ်လမ်းမပြောခင် Fast & Furious ဇာတ်ကားတွေရဲ့ အစီစဉ်က The Fast & the Furious, 2 Fast 2 Furious, Fast & Furious (2009) နံပါတ်လေးကားမြောက်ပါ ပြီးတော့မှ Fast Five, Fast & Furious 6, Tokyo Drift (2003), နဲ့ အခု Furious 7 တို့ဖြစ်ပါတယ်။ နံပါတ်ခြောက်မှာ သူတို့ နှိမ်နင်းပေးခဲ့တဲ့ Owen Shaw ရဲ့ အကို Deckard Shaw (Jason Statham) က သူ့ညီအတွက် လက်စားချေဖို့ သူတို့အဖွဲကို တစ်ယောက်ပြီးတစ်ယောက် လိုက် နှိမ်နင်းပါတယ်။ ပထမဆုံးအနေနဲ့ Han ကို Tokyo မှာ သတ်လိုက်ပြီးနောက် Dom ရဲ့ အိမ်ကို ဗုံးခွဲခဲ့ပါတယ်။ ဒါကြောင့် Dom က Deckard Shaw ကို လက်တုန့်ပြန်ရမှာဖြစ်သလို သူတို့ ကို လိုက်သတ်နေတာကိုလည်း ကာကွယ်ရမှာဖြစ်ပါတယ်။ Deckard Shaw က British Special Forces က Black Ops Assassin တစ်ဦးဖြစ်ပါတယ်။ သူ့ကို အစိုးရကလည်း လိုချင်နေပြီး အခုထိရှာလို့မတွေ့သေးပါဘူး။ ဒီနေရာမှာ U.S အစိုးရဘက်က လူတစ်ယောက် (Kurt Russell)က Dom ကို အလုပ်တစ်ခု ခိုင်းလာပါတယ်။ British Hacker တစ်ယောက်က တစ်ကမ္ဘာလုံးမှာ ရှိသမျှ ကင်မရာ ဆဲလ်ဖုန်းတွေ ကို ဟက်လုပ်နိုင်တဲ့ Chipset လေးတစ်ခု ထွင်ထားပြီး အဲ့ဒီ ဟက်ကာကို လူဆိုးလက်က ပြန်ကယ်ပေးရမှာ ဖြစ်ပါတယ်။ တကယ်လို့ ကယ်နိုင်ရင် Shaw ကို ဒီ Chipset ရဲ့ အကူအညီနဲ့ ရှာပေးမှာဖြစ်တယ်လို့ ကတိပေးပါတယ်။ ဇာတ်လမ်းက တော့ ထုံးစံအတိုင်း ကားတွေ၊ ထွေလာထဲမှာပါသလို စတန့်တွေနဲ့ ပဲ ပြီးသွားတာဖြစ်ပါတယ်။ Action Scene တွေက ကောင်းပေမယ့် ဇာတ်လမ်းက တော့ Fast Five လောက်မကောင်းလှပါဘူး။ တစ်ခု ထူးထူးခြားခြားကောင်းတာက၊ ဇာတ်လမ်းအစကတည်းက Brian (Paul Walker) က မိသားစုဘ၀ ကို ပျင်းရိနေတဲ့ ပုံစံပြထားသလို၊ ဇာတ်လမ်းတစ်လျှောက်မှာလည်း မိန်းမနဲ့ ခွဲသွားရတော့ မယ်ဆိုတဲ့ အရိပ်အယောင်လေးတွေပြထားပါတယ်။ ဒီနေရာမှာ ဒါရိုက်တာ James Wan နဲ့ Justin Lin ကွဲသွားတာ သိသာပါတယ်။ Justin Lin က အက်ရှင်ကို ဦးစားပေး ပြီး အက်ရှင်ကားကောင်းတွေ နဲ့ လိုက်ဖက်တဲ့ ဇာတ်လမ်း မျိုးရွေးချယ်ပေမယ့်၊ James Wan ကတော့ ဒီကားမတိုင်ခင်အထိမှာ Horror ကားတွေပဲ ရိုက်ကူးထားပါတယ်။ Saw, Conjuring, Insidious စတဲ့ ဇာတ်ကားကောင်းတွေ ရိုက်ကူးထားဖူးလို့ ဇာတ်ကားမှာ ဗီလိန်ကောင်းကောင်း ကို ဇာတ်လမ်းနဲ့ကိုက်အောင် အသုံးချတတ်ပါတယ်။ ဒီကားမှာပါတဲ့ Vin Diesel နဲ့ The Rock တို့ လို ဇာတ်ကောင်မျိုးတွေ အတွက် လောက်လောက်လားလား ဗီလိန် ဆိုတာရှားပါးလှပါတယ်။ သူတို့နှစ်ယောက်ကို ယှဉ်ပြီး ချနိုင်ဖို့ ဒုက္ခပေးနိုင်ဖို့ အတွက် အဓိက ဗီလိန် Jason Statham ကို ရွေးထားတာ မှန်ကန်ပြီး ဇာတ်လမ်းအရလည်း အံဝင်ပါတယ်။ Jason ကလည်း ဒီလို ဇာတ်ရုပ်မျိုးတွေပဲ သရုပ်ဆောင် လေ့ရှိတာဖြစ်ပြီး၊ သူရဲ့ Martial Art Skill ကို သူနဲ့တွဲရိုက်သမျှထဲမှာ ယှဉ်နိုင်တာ Jet Li တစ်ယောက်ပဲရှိပါတယ်။ ဒီကားမှာဆိုလည်း သူက Vin Diesel တို့ The Rock တို့ ကိုအသာလေး အနိုင်ယူနိုင်ပေမယ့်၊ ဇာတ်လမ်းအရ သူက တော်တော်နှေးပေးထားရပါတယ်။ နောက်ထပ်တစ်ဦးဖြစ်တဲ့ Ong Bak မင်းသား Tony Jaa ကတော့ ဇာတ်လမ်းမှာသိပ်မပါရပေမယ့် ပါရတဲ့အခန်းမှာတော့ သရုပ်ဆောင်မဆိုးဘူးလို့ဆိုရပါမယ်။ ဇာတ်လမ်းက သာမန်ပဲဖြစ်ပေမယ့် ဇာတ်လမ်း တစ်ခုလုံးမှာ နောက်ဆုံး Scene လေးက ပရိတ်သတ်ရင်ကို ထိမှန်စေတဲ့ အခန်းလေး တစ်ခန်းပါပြီး၊ ဒီတစ်ခန်းထဲနဲ့တင် ဇာတ်ကားရဲ့ ဟာကွက်တွေကို ခွင့်လွှတ်ပေးလို့ရပါတယ်။ ဒီဇာတ်ဝင်ခန်းအကြောင်း ပြောရင်တော့ Spoiler လို့ပြောလို့ရပေမယ့်၊ ရုပ်ရှင် မထွက်ခင်ကတည်းက ဒါရိုက်တာ James Wan က Paul Walker ရဲ့ ဇာတ်ကောင်ကို ဇာတ်လမ်းထဲမှာ သေခိုင်းမှာ မဟုတ်ဘူးလို့ဆိုထားပါတယ်။ Studio က ဇာတ်လမ်းထဲမှာပါ ဇာတ်ကောင်ကို သေခိုင်းဖို့ လုပ်ထားပေမယ့်၊ James Wan ရဲ့ ဇာတ်သိမ်းလေးက ပိုကောင်းပါတယ်။ ဟုတ်ပါတယ် Brian O'Conner (Paul Walker) က နောက်ဆုံးမှာ မိသားစုနဲ့အတူ ကမ်းစပ်မှာ ရေကစားနေပြီး၊ သူတို့နှစ်ယောက်ကို Dom (Vin Diesel), Letty (Michelle Rodriguez), Roman (Tyrese Gibson), Tej (Ludacris) နဲ့ Ramsy တို့က နောက်ကနေ ကြည့်နေကြပြီး၊ ဒါနောက်ဆုံးပဲဆိုတဲ့ ခံစားချက်တွေ သူတို့မျက်နှာ်မှာပေါ်လွင်ပါတယ်။ အပြင်မှာ တကယ်သေသွားပြီဖြစ်တဲ့ Paul က နောက်ထပ်ဇာတ်ကားတွေမှာ ပါဝင်နိုင်တော့မှာမဟုတ်သလို၊ ဒီ ဇာတ်ဝင်ခန်းလေးက သူတို့ နောက်ဆုံး နုတ်ဆက်တဲ့ဇာတ်ဝင် ခန်းလေးဖြစ်တာနဲ့အညီ Vin Diesel နဲ့ Tyrese Gibson တို့ရဲ့ မျက်နှာ်မှာ ဝမ်းနည်းနေတာ၊ အရမ်းသိတာသလို၊ တကယ့် ဝမ်းနည်းဖို့လည်းကောင်းပါတယ်။ ကျွန်တော်ပြောတာနဲ့တင်မလုံလောက်ပဲ ဇာတ်ကားကို ရုံမှာသွားကြည့်သင့်ပါတယ်။ No Sex, No Nudity ဆိုပေမယ့် ထုံးစံအတိုင်း ဘီကီနီ နဲ့မိန်းကလေးတွေ တော့ ပါပါတယ်။ မိသားစုတူတူ ကြည့်နိုင်ပါတယ်။ ဒီကားထဲမှာ နောက်ဆုံး ဇာတ်ဝင်ခန်းက အကောင်းဆုံး လို့ပြောလို့ရသလို၊ ပထမဆုံး Jason Statham နဲ့ The Rock ရဲ့ Fight Scene ကလည်း တစ်ကားလုံးမှာ အကောင်းဆုံး Fight Scene လို့ပြောလို့ရပါတယ်။ အဲ့ဒီအခန်းမှာ The Rock က Jason ကို Smack Down သုံးပြီး ချတာ လည်းပါပြီး၊ ရုံမှာကြည့်ရတာပိုမိုက်ပါတယ်။ (ရုပ်ရှင်အညွှန်းကို Movies For Myanmar ရုပ်ရှင်မိတ်ဆက် Facebook Page မှ ကူးယူတင်ပြပါသည်) File Size : (2.6 GB) / (1.4 GB) Quality : BluRay 1080p / 720p 5.1CH Running Time : 2hr 17min Format : MKV Genre :Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p BluRay x264-SPARKS Translated by Thar Htet Encoded by Thanhtike Zaw

Crime • Drama
7.2 2015 137 mins
Furious 7
The Killer
6

အသက်ရှင်နေထိုင်ဖို့ခက်ခဲလွန်းတဲ့ သဲကန္တာရမှာ လူဆိုးလူမိုက်တွေဟာ အဖွဲ့ဖွဲ့ပြီးတော့ သာမန်ပြည်သူတွေဆီကနေ လုယူသတ်ဖြတ်ပြီး ပိုင်ဆိုင်မှုတွေကိုအပိုင်သိမ်းကြပြီး ဒီအဖွဲ့ကို ပိုင်ဆိုင်တဲ့သူက ပြင်သစ်ကြီး မွန်ဆီယာဘလန်ရှောဖြစ်ပါတယ်။ ပြင်သစ်ကြီးဟာ မြို့မျက်နှာဖုံးဖြစ်ပြီး သူလိုချင်တဲ့မြေနေရာတွေကို မရောင်းတဲ့သူတွေ သူ့ကိုအန္တရာယ်ဖြစ်အောင် လုပ်တဲ့သူတွေကို လူသတ်သမားတွေငှားပြီးသတ်ခိုင်း လေ့ရှိပါတယ်။ မြို့မှာ မန်ကီးလို့ခေါ်တဲ့ တရားဥပဒေစိုးမိုးရေး ရဲတပ်ဖွဲ့ဆိုတာရှိတယ်ဆိုပေမယ့် ထင်သလောက် ဆောင်ရွက်နိုင်မှုမရှိပါဘူး။ အကြောင်းကတော့ ရဲတွေနဲ့ ပက်သက်သူမှန်သမျှကိုသတင်းပေးသတ်ဖြတ်နိုင်အောင် ပြင်သစ်ကြီးက အတွင်းလူသူလျှိုထားထားပါတယ်။ ဥပဒေမဲ့မြို့ကို ရှက်ဂီဆိုတဲ့ လူမိုက်လေး ရောက်လာပါတယ်။ ရှက်ဂီဟာမြို့ကိုမ‌‌ရောက်ခင်မှာ မြို့နဲ့အရမ်းအလှမ်းဝေးတဲ့ သဲကန္တာရမှာနေထိုင်ခဲ့တာပါ။ရှက်ဂီကို ဆဲဗင်းအီးယားစ်ဆိုတဲ့ လူသတ်သမား ကကျွေးမွေးပြုစုခဲ့ပြီး အမဲလိုက်နည်း သေနတ်ပစ်နည်း သားသတ်နည်း မျိုးစုံကို ကျွမ်းကျင့်အဆင့်ဖြစ်အောင်သင်ပေးခဲ့တာပါ။ တစ်နေ့ မြို့ကိုသွားရင်းနဲ့ ဆဲဗင်းအီးယားစ်က ပြန်မလာတော့ပါဘူး။ နှစ်များစွာကြာတော့ ရှက်ဂီဟာ ဆဲဗင်းအီးယားစ်ကိုမြို့မှာလိုက်ရှာရင်းနဲ့ ပြင်သစ်ကြီးဆီမှာ အလုပ်လုပ်နေလိုက်တယ်။ ဘာဆိုဘာမှမရှိတဲ့နေရာက လာတဲ့ ရှက်ဂီဟာ လိုချင်တာမှန်သမျှရလာပြီး လောဘတွေတက်လာတဲ့အခါမှာတော့…… File size…1.76GB / 753MB Quality…NF WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 39m Genre ….. Action , Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

6 2017 99 mins
The Killer
The Sea Inside
8

ဇာတ်ကားကြည့်တဲ့ မိတ်ဆွေတွေထဲမှာ အငြိမ်လေးနဲ့ တွေးဆရတဲ့၊ ခံစားရတဲ့ဇာတ်ကားမျိုး ကြည့်ချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားကို ညွှန်းပါရစေ။ စပိန်ဒါရိုက်တာ Alejandro Amenábar ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ လေဖြတ်ပြီး မလှုပ်နိုင်မရှားနိုင်တဲ့ လူတစ်ယောက်ရဲ့ အဖြစ်သနစ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီအထဲမှာ ဥပဒေရေးရာ ကိစ္စရပ်တစ်ခုဖြစ်တဲ့ Euthanasia လို့ခေါ်တဲ့ “ဆန္ဒအလျောက် ညင်သာစွာဇီဝိန်ခြွေပေးခြင်း” ဆိုတဲ့ ကိစ္စရပ်တစ်ခု အကြောင်းကို အဲ့လိုမျိုး သေးဆုံးဖို့ ဆန္ဒရှိသူ ရေမွန် ဆိုတဲ့ လေဖြတ်ဝေဒနာသည်၊ သူ့ရဲ့မိသားစု၊ သူ့မိတ်ဆွေတွေ၊ လူမှုအသိုင်းအဝိုင်းနဲ့ တရားဥ‌ပဒေရေရာ ပညာရှင်တို့ရဲ့ အမြင်သတွေကို မြင်သာအောင် ရိုက်ပြထားတဲ့ Biography ဆန်ဆန်၊ Drama ဆန်ဆန် ဇာတ်ကားမျိုးဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ရေမွန် ဆမ်ဖရီဒိုရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုလို့လည်း သိရပါတယ်။ ၂၀၀၅ ခုနှစ်မှာ ရွေကမ္ဘာလုံးရုပ်ရှင်ဆုပေးပွဲမှာ The Best Foreign Language Film ဆုကိုရရှိခဲ့တဲအပြင် အခြားသော ဆုပေါင်းများသွာကိုလည်း သိမ်းပိုက်ထားပါသေးတယ်။ File size…(2.2 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:06:00 Genre…Biography, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Luca

8 2004 125 mins
The Sea Inside
Joshua Tree (aka) Army of One
5.7

ပြစ်မှုကျူးလွန်သူအဖြစ် မှားယွင်းစွပ်စွဲ ထောင်ချခံရတဲ့ ဆန်တီဟာ အကျဉ်းထောင်ကူးပြောင်းနေတဲ့ လမ်းခုလတ်မှာပဲ ထွက်‌ပြေးခဲ့ပြီး မရက်ခ်အမည်ရှိတဲ့ အမျိုးသမီးတစ်ဦးကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားခဲ့ပါတယ်။ အဲဒီအမျိုးသမီးဟာ သမာသမတ်ကျတဲ့ ဒုလက်ထောက်ရဲအရာရှိဖြစ်တာကြောင့် ဒီအခြေအနေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ၊ ဆန်တီကရော ဘာအကြောင်းကြောင့်စွပ်စွဲခံရလဲ၊ နောက်ကွယ်က လက်မည်းကြီးက ဘယ်သူဖြစ်မလဲဆိုတာကို တစ်ဆင့်ချင်းခံစားကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ခုပါ။ File size…(2.1 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:46:00 Genre… Action, Adventure, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Tina

Action • Thriller
5.7 1993
Joshua Tree (aka) Army of One
[18+] Boso

[18+] Boso (2005)==============ဂျိတ်ခ်ကတိုက်ခန်းတွဲတစ်ခုမှာအစောင့်တာဝန်ယူထားပြီး သူ့ရဲ့အကြီးမားဆုံးဝါသနာနဲ့အပန်းဖြေမှုကတော့ချောင်းကြည့်ခြင်းပါပဲ။သူ့တာဝန်အရ မျက်နှာကျက်ပေါ်ကို တရားဝင် ဝင်ထွက်ခွင့်ရထားတဲ့အတွက် အဲ့ဒီအခန်းတိုင်းရဲ့အမိုးပေါ်မှာအပေါက်ဖောက်ထားပြီး တိုက်ခန်းနေထိုင်သူတွေရဲ့နေစဉ်ဘ၀ကိုချောင်းမြောင်းကြည့်ရှုလေ့ရှိပါတယ်။အပြင်မှာသိပ်ပြီး ရင်းနှီးကျွမ်းဝင်မရှိပေမယ့် တိုက်ခန်းတွဲနေထိုင်သူအားလုံးရဲ့အမှောင်မိုက်ဆုံးလျှို့ဝှက်ချက်တွေကိုသူကထဲထဲဝင်ဝင်သိနေပြီးသားပါ။ တစ်နေ့တော့ သူတို့တိုက်ခန်းကို ဒင်းနဲ့စီစီလျာဆိုတဲ့ ညားကာစစုံတွဲတစ်တွဲပြောင်းလာခဲ့ပြီး အဲ့ဒီ စီစီလျာကိုမှ ဂျိတ်ခ်တစ်ယောက် မြင်မြင်ချင်း ကြွေကျသွားခဲ့တဲ့နောက်မှာတော့..။သူ့ရဲ့အချောင်းဝါသနာ၊ စီစီလျာနဲ့ဒင်း၊ တိုက်ခန်းတွဲနေပုဂ္ဂိုလ်တွေရဲ့ဘ၀တွေ ဘယ်လိုရောထွေးယှက်တင်လာမလဲဆိုတာကို ဆက်လက်ရှုစားကြပါ။ အခုချိန်ထိခေါင်းဆောင်တန်းဝင်နေဆဲဖြစ်တဲ့ Katya Santos တို့ Gwen Garci တို့လို အလှပဂေးမမကြီးတွေရဲ့ငယ်ဘ၀အလှအပတွေကိုတစ်၀ကြီးမြင်တွေ့ရမှာပါ။( ဘာသာပြန််ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(3.5GB)/(1.8GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:39:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias Download Nulled Scripts and Plugins Download Nulled Scripts and Plugins.generalmenu { font-size:0; }

Drama • Thriller • Crime
0 2005
[18+] Boso
Only the River Flows
6.7

ဒီရုပ်ရှင်က ယုဟွာရဲ့ Mistakes by the Riverဆိုတဲ့ ဝတ္တုတိုကို ဝေရှုကျန်က ပြန်ရိုက်ထားတာ။ ၁၉၉၀ခုနှစ်တွေတုန်းက ကျန်းရိမူက ဒီဝတ္တုတိုကို ပြန်ရိုက်ချင်ခဲ့တယ်။ ယုဟွာစကားအရတော့ ကျန်းရိမူတို့က အချိန်တော်တော်ယူပြီး ဇာတ်ညွှန်းရေးကြည့်ခဲ့ကြပေမဲ့ ဘယ်လိုရိုက်ရမလဲ တွေးမရခဲ့ကြဘူးတဲ့။ ဒီအချိန်မှာ ယုဟွာက ကျန်းရိမူကို တခြားဇာတ်လမ်းတစ်ပုဒ် အစားပေးလိုက်တယ်။ အဲဒီဇာတ်လမ်းက To Live။ ကျန်းရိမူ ရိုက်ဖို့တွေးမရခဲ့တာက ဆန်းလည်းမဆန်းဘူး။ ဒီဇာတ်ရဲ့ အသွားအလာအရ ကျန်းရိမူဟန်နဲ့တော့ ပြေမယ်မထင်ဘူး။ နောက် ဒီဇာတ်က ခိရိုရှိကူရိုဆာဝါရဲ့ Cure (1997) အငွေ့အသက်ရနေတယ်။ Cureနဲ့ ဆင်တယ်ပြောရင်ပိုမှန်တယ်။ ဇာတ်ရှိန်အမြင့်ဆုံးအပိုင်းပါ သွားဆင်တယ်။ ဒါပေမဲ့ ဝတ္တုတိုနဲ့ အဲဒီဇာတ်အပိတ်က နည်းနည်းမှမတူဘူး။ Cureနဲ့ပဲ သွားတူနေတယ်။ ဇာတ်လမ်းအမျိုးအစားက neo-noir art film လည်းဟုတ် Psychological Thrillerလည်း ဟုတ်နေတော့ ဒီလိုင်းရဲ့ ဂုရုဖြစ်တဲ့ ခိရိုရှိအငွေ့မကင်းဘူးတာလည်း မဆန်းလောက်ဘူး။ ပုဂ္ဂလိက အမြင်အရတော့ ကျန်းရိမူမရိုက်နိုင်ခဲ့တဲ့ကားကို ဝေရှုကျန်က ပြန်ရိုက်နိုင်ခဲ့ပေမဲ့ ဒါကလည်း သူ့ရှေ့ခေတ်အဆက်ဆက်ရဲ့ကျေးဇူးနဲ့တော့ မကင်းလောက်ဘူး။ ဆိုပေမဲ့လည်း ဒီလိုကားကို ပိုင်နိုင်အောင် ရိုက်နိုင်ခဲ့တဲ့ ဝေရှုကျန်ကလည်း နောက်ကားသစ်တွေကို စောင့်မျှော်ရမယ့် ပြည်မရုပ်ရှင်ရဲ့ မျိုးဆက်သစ်တစ်ယောက်ဆိုတာတော့ သေချာတယ်။ ဒီရုပ်ရှင်က သူ့တတိယကားဖြစ်သလို ကိန်းမှာ ပွဲဦးထွက်ပြခဲ့တဲ့ ကားလည်းဟုတ်တယ်။ ဆုရွေးချယ်ဖို့လည်း ဆန်ခါတင်ဝင်ခဲ့တယ်။ ဇာတ်ကိုက ၁၉၉၀ဝန်းကျင်မှာ တည်ထားတယ်။ အဓိကဇာတ်ကောင်က ရဲစခန်းက အင်စပက်တာမော်စီ။ ဒီဇာတ်လမ်းတစ်ခုလုံးရဲ့အခရာကသူပဲ။ ဝတ္တုအရမော်စီရဲ့ စိတ်အခြေအနေကို ရုပ်ရှင်မှာ တင်ပြဖို့က တော်တော်ခက်ခဲတယ်။ ဒါကို ဝေရှုကျန်က သူ့စိတ်အခြေအနေကို တင်ပြဖို့ သုံးခြမ်းခွဲလိုက်တယ်။ သူ့မိန်းမနဲ့ သူ့ကြားကအခြေအနေ, စခန်းကအခြေအနေ, နောက်တစ်ချက်က သူ့ရဲ့ထင်ယောင်ထင်မှားတွေ။ နောက် သူ့အခြေအနေကို ပိုတင်ပြနိုင်ဖို့ပဲ ဝတ္တုမှာ ကိုယ်ဝန်မရှိခဲ့တဲ့ သူ့မိန်းမကို ကိုယ်ဝန်လွယ်ခိုင်းပြီး အဲဒါကိုလည်းပြဿနာတစ်ခုအဖြစ်ထည့်သွင်းခဲ့တယ်။ ပြောရရင် ရုပ်ရှင်မှာ အပိုထပ်ဖြည့်ထားတာတွေက မော်စီရဲ့ စိတ်အခြေအနေကို ထင်ဟပ်နိုင်အောင် ဖြည့်ထားတာပဲ။ နောက် သူတို့မြို့ကလေးမှာ လူသတ်မှုတစ်ခုဖြစ်လာတယ်။ အဲဒီအမှုကို မော်စီက ဦးဆောင်ပြီးစုံစမ်းရတယ်။ ဒါကိုရိုက်ပြတဲ့ပုံက ခက်ခက်ခဲခဲမပါဘဲ လက်တွေ့ကျကျပဲရိုက်ပြသွားတယ်။ သဲလွန်စတစ်ခုနောက်လိုက်လိုက် အဲဒီသဲလွန်စကပျောက်လိုက် နောက်သဲလွန်စတစ်ခုနောက်လိုက်နဲ့ ခနော်နီခနော်နဲ့သွားနေရတဲ့ စုံစမ်းရေးပေါ့။ အစပေါ်လိုက်ပျောက်လိုက်ဖြစ်နေတဲ့ ဒီအမှုကိုလိုက်ရင်း ဒီအမှုက သူ့စိတ်အခြေအနေကိုပါ ဘယ်လိုရိုက်ခတ်သွားလဲ ဆက်ပြသွားတယ်။ တစ်ခုရှိတာ မော်စီနေရာမှာ သရုပ်ဆောင်တဲ့ မင်းသား Yilong Zhu က အခက်အခဲဆုံး အပိုင်းက သူ့ကာရိုက်တာက ဘယ်လိုပုံစံမျိုးဖြစ်နေရမလဲ အဖြေရှာရတဲ့အပိုင်းပဲတဲ့။ သူဘယ်လိုမှ အဖြေရှာမရခဲ့ဘူး။ နောက်ဆုံး ယုဟွာရဲ့ ဓာတ်ပုံတစ်ပုံကို သူမြင်မှပဲ အဖြေရသွားခဲ့တယ်။ ယုဟွာက အဲဒီဓာတ်ပုံထဲမှာ ဆံပင်ရှည်ကြီးနဲ့ မုတ်ဆိတ်ငုတ်တိုတွေနဲ့ နှင်းတွေကြားရပ်နေတယ်။ အဲဒီပုံစံကို ကြည့်ပြီး သူ့ကာရိုက်တာကို သူဖန်တီးခဲ့တယ်။ ဒီကာရိုက်တာနဲ့လိုက်အောင် ဝိတ်တက်အောင်လုပ်ပြီး ဇာတ်ကားရိုက်ခဲ့တဲ့ ၄၅ရက်အတွင်း ကာရိုက်တာရဲ့ စိတ်ကျသွားတဲ့ပုံစံအတိုင်း ၅၅ပေါင်ပြန်ကျအောင် ထပ်လုပ်ခဲ့တဲ့အထိ Yilong Zhuဟာ မော်စီကာရိုက်တာကို သေချာစိတ်နှစ်ထားခဲ့ပါတယ်။ Only the River Flowsဟာ အနုပညာအရအောင်မြင်ခဲ့သလို ရုံဝင်ငွေအရလည်းအောင်မြင်ခဲ့ပါတယ်။ ပြည်မရဲ့ highest-grossing independent films စာရင်းမှာ ဝင်ခဲ့ပါတယ်။ ကိန်းမှာပြခဲ့တဲ့ ရုပ်ရှင်တွေထဲက အကောင်းဆုံးရုပ်ရှင်တွေဆိုပြီး ၆ကားစာရင်းလုပ်ထားတဲ့ စာရင်းတစ်ခုမှာ The Zone of Interest (2023)တို့ Anatomy of a Fall (2023)တို့နဲ့အတူတူ စာရင်းသွင်းခံခဲ့ရတဲ့ ရုပ်ရှင်လည်းဟုတ်တယ်။ File size… 2 GB / 788 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 41m Genre ….. Crime/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung

6.7 2023 102 mins
Only the River Flows
Playtime
4.2

Playtime (2024) မကြာခင်မှာ လက်ထပ်ထိမ်းမြားတော့မယ့် ရိုနီ၊ ရည်းစားဖြစ်သူနဲ့ လောလောလတ်လတ်လေးတင် လမ်းခွဲပြီး ဆင်ဂယ်လ်ပြန်ဖြစ်နေတဲ့ ပက်ထရစ်ရှာနဲ့ နာမည်ကြီးအင်ဖလူယန်ဆာ အာလီဆန်ဆိုတဲ့ မိန်းကလေးသုံးယောက်ဟာ လူးကပ်စ်ဆိုတဲ့လူစိမ်းတစ်ယောက်ကို မမျှော်လင့်ဘဲ တွေ့ဆုံမိပြီး ယုံကြည်သွားခဲ့ကြရာကနေ ချက်ချင်းလက်ငင်းကိုပဲ အန္တရာယ်များတဲ့ကစားနည်းထဲက သားကောင်ငယ်လေးတွေ ဖြစ်လို့လာခဲ့ပါတယ်။ ဒီတော့ ဒီလူးကပ်စ်ဆိုတဲ့သူဟာ ဘာအကြောင်းကြောင့် သူတို့ကိုဖမ်းဆီးခဲ့တာလဲ၊ အန္တရာယ်များတဲ့ ကစားနည်းဆိုတာကရော ဘာလဲ၊ သူတို့မိန်းကလေးသုံးယောက်ကရော နောက်ဆုံးမှာ လွတ်မြောက်သွားနိုင်မှာလားဆိုတဲ့ မေးခွန်းများစွာရဲ့အဖြေတွေကိုတော့ ဒီ “Playtime” ဆိုတဲ့ ဇာတ်ကားကို ဆက်လက်ကြည့်ရှုပြီးတော့ပဲ အဖြေရှာကြည့်ကြရအောင်ပါနော်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Fiona Gillen ဖြစ်ပါတယ်။) File size…(2 GB) / (870 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:42:46 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Fiona Gillen

4.2 2024
Playtime
Un/Happy for You
5.9

Un/Happy for You (2024) IMDb Rating (5.9) ခံစားချက်တွေ အပြည့်နဲ့ ပရိသတ်တွေရင်ထဲကို နွေးထွေးစေမယ့် ရုပ်ရှင်တစ်ခုပါ။ ဒါရိုက်တာ Petersen Vargas ရဲ့ လက်ရာဖြစ်ပြီး Joshua Garcia နဲ့ Julia Barretto တို့ရဲ့ ရိုက်ချက်တွေအပြည့်အဝ နဲ့ ပေါင်းစပ်ထားတဲ့ ဇာတ်လမ်းက အရင်အတိတ်ကအမှတ်တရတွေကို ပြန်လည်သတိရစေမှာပါ။ ဇာတ်လမ်းဟာ Juancho (Joshua Garcia) ဆိုတဲ့ စားဖိုမှူးနဲ့ Zy (Julia Barretto) ဆိုတဲ့ စာရေးဆရာမလေးတို့ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကို သူတို့ရဲ့ နောက်ဆုံးမှာတော့ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာဆက်လက်ကြည့်ရှု့လိုက်ပါတော့။ ဇာတ်လမ်းထဲမှာ အရသာအရှိဆုံးကတော့ အချစ်နဲ့ လွမ်းဆွတ်မှု့တွေကို ယှဉ်ပြီးတော့ရိုက်ထားတာပါပဲ။ Joshua နဲ့ Julia တို့ရဲ့ စိတ်စွဲလန်းမှုကြောင့် ဇာတ်လမ်းက ပိုပြီး တော့ ကြည့်ကောင်းစေပြီးတော့ ပရိသတ်တွေရဲ့ နှလုံးသားကို တိုက်ရိုက်တိုးတာပါပဲ။ lighting တွေရဲ့ သုံးတာကအစ ဇာတ်ကောင်တွေရဲ့ စိတ်ဆန္ဒကဘာဖြစ်ချင်နေလဲဆိုတာဖော်ပြနေတာပါပဲ။ မင်းသမီး Zy’s ဘဝအိပ်မက်တွေကို နည်းနည်းပဲ ဖော်ပြထားခဲ့တာကြောင့် သူ့အတွက် root ဖြစ်တဲ့ ဆန္ဒမပြည့်သွားပေမယ့် ဇာတ်လမ်းရဲ့အဓိကသရုပ်ဆောင်ဖြစ်တဲ့စာဖိုမှုးလေးကတော့ ပရိသတ်ရဲ့ရင်ထဲကိုလုံးဝတိုးဝင်သွားပါတော့တယ်။ Un/Happy for You ဟာ ချစ်ခြင်းမုန်းခြင်းစွဲလန်းခြင်းတွေနဲ့ အတိတ်ကို ပြန်လည်အမှတ်ရစေပြီး ဘဝကို ပြန်လည်အဆင်ပြေလာစေတဲ့ အကြောင်းတွေကိုသေချာကို ပြသခဲ့ပါတယ်။ ဒီဇာတ်လမ်းကတော့ ပရိသတ်တွေကိုအချစ်အတွက်ရင်ဆိုင်မယ်၊ ပြန်လည်ချစ်ခြင်းတွေပြန်လာတာတွေနဲ့ နာကျင်မှုကြားကနေချစ်ခဲ့မိတာတွေကို အမြဲအမှတ်ရနေစေမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။) File size…(1.6 GB) / (930 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Romance Duration….01:51:09 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Banyar Aung

5.9 2024 110 mins
Un/Happy for You
Sunset Boulevard
8.4

Sunset Boulevard ဆိုတာ ဟောလိဝုမှာ ရှိတဲ့ လမ်းတစ်ခုရဲ့နာမည်ဖြစ်ပါတယ်။ ဒီဇာတ်ကားက အဲဒီလမ်းနာမည်ကိုပဲ ယူထားတာပါ။ ဒီကားကို နာမည်ကြီး ဇာတ်ညွှန်းရေးဆရာ ဒါရိုက်တာ Billy Wilder က ရိုက်ကူးခဲ့တာဖြစ်ပြီး သူ့ရဲ့အကောင်းဆုံး ဇာတ်ကားတွေထဲက တစ်ကားလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင် သူ့ရဲ့ story telling တွေ ထိုခေတ်အခါက ဆန်းသစ်တဲ့ ရိုက်ချက်တွေကြောင့်Film School တွေမှာပါ ပြန်လည်သင်ကြားပေးခြင်းခံရတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ရုန်းကန်နေရတဲ့ ဇာတ်ညွှန်းရေးဆရာဖြစ်သူ ဂျိုး ဂေးလစ် ဟာ အသံတိတ်ခေတ်က လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ မင်းသမီး နော်မာ ဒက်စမွန် နဲ့ သွားပါတ်သတ်မိပါတော့တယ်။ နော်မာဟာ ရုပ်ရှင်လောက ထဲကိုပြန်ဝင်ဖို့ အမြဲစိတ်ကူးယဉ်နေသူလည်းဖြစ်ပါတယ်။ ဂျိုး နဲ့ နော်မာ တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ စွဲလမ်းမှုတွေ လိမ်လည် လှည့်ဖျားမှုတွေ ကြိုးကိုင်ခြယ်လှယ်မှုတွေ နဲ့ ပြည့်နေခဲ့ပါတယ်။ သူတို့နှစ်ယောက်သား ဘယ်လိုတွေ စခန်းသွားကြမလဲ။ နော်မာကရော သူ့ရဲ့ အိပ်မက်ကို ဘယ်လို အကောင်အထည် ပြန်ဖော်မလဲဆိုတာကို ဒီကားလေးထဲမှာ ကြည့်ရှုနိုင်မှာပါ။ File size…(1.9 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:50:00 Genre… Film Noir, Drama, Tragedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro

8.4 1950 110 mins
Sunset Boulevard
Trapped
6

CM ချစ်ပရိသတ်တို့ကို… အစ်ကိုကြီးတစ်ယောက်အကြောင်းကိုပြောပြမယ် သူကလုယက်မှုကြီးကို ဦးဆောင်ပြီးတော့ ရဲရဲဝံဝံ ထောင်ထဲဝင်သွားပြီးတော့ ၃ နှစ်အကြာမှာတော့ နေမကောင်းသလိုလို ဘာလိုလိုနဲ့ ဂယောင်ပုံဖမ်းပြီးတော့..ထောင်ကပြေးခဲ့တယ်… အစ်ကိုကြီး ပြေးလာတော့ မဟေသီ မရီးဆီပြေးမယ်ထင်လား… နိုးနော် အစ်ကိုကြီးထက်ဦးတာက တခြားလူတွေပဲ… ဘာလို့လဲဆိုတော့အစ်ကိုကြီးက သေချင်ယောင်ဆောင်ပြီး ထွက်ပြေးလာရင် ဆေး ၁ ဆ အစား ၂ ဆ ပေးမိလို့ ဇာတ်မြောနဲ့ မေ့နေလေရဲ့…. ဒီလိုနဲ့ပဲ မရီးမှာ အစ်ကိုကြီးထားခဲ့တဲ့ စာရင်းစာအုပ်နဲ့အတူ အစ်ကိုကြီးဝှက်ခဲ့တဲ့ငွေတွေကို မက်မောပြီးလာတဲ့ ဒုစရိုက်လူရမ်းကားတွေရဲ့ ရန်ကို လှလှကြီးခံရတာပေါ့… တစ်ဖက်မှာလည်း တစ်ဖွဲ့တည်းအတူတူ တိုက်ပွဲဝင်ခဲ့ပြီးတော့ အဖွဲ့ဝင်တွေရဲ့ သေသတင်းကို ပြန်ပို့ခဲ့ရတဲ့ စစ်သည်ဟောင်းကြီး ရှရန်ကလည်း ဒီမြို့ပျက်ကြီးမှာ ရဲအရာရှိဖြစ်နေလေရဲ့… အရင်ဒဏ်ရာမသက်သာတဲ့ကြားမှာ ဒီလိုမျိုး တည်ငြိမ်ပြီး လူသူနည်းတဲ့ မြို့ပျက်ကြီးမှာနေကာမှ… မရီးကလည်း ဒီမှာလာပုန်းနေပြီး အစ်ကိုကြီးဆိုသူပြန်လာတဲ့အတွက် ဘယ်လိုတွေ ဂယက်ထကုန်မလဲ… သူ့ရဲ့ မကျက်သေးတဲ့အနာက ဒဏ်ရာသစ်ပြန်ကြုံရမှာလား… ဒီအစ်ကိုကြီးကရော တကယ်မေ့နေတာလား… မရီးကရော ဘာလို့ ဇာတ်မြှုပ်နေရတာလဲ… စိတ်ဝင်စားဖို့ကောင်းတဲ့ အလှည့်အပြောင်းတွေနဲ့မလို့ ကြည့်ဖြစ်အောင်ကြည့်ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါနော် 4K & 1080p Quality >> Only On CM App ( www.cmapp.tv )

Thriller • Action
6 2025
Trapped
The Gingerbread Man

IMDb – 5.7/10 RT – 60% ဇ ာတ်လမ်းအကျဉ်းကို ပြောပြရရင် အောင်မြင်နေတဲ့ ရှေ့နေတစ်ယောက်ဖြစ်တဲ့ ရစ်ခ် မက်ဂရူဒါ (Kenneth Branagh) ဟာ ဇနီးသည် လီယန် (Famke Janssen)နဲ့ ကွာရှင်းထားရသလို လုပ်ဖော်ကိုင်ဖက်တွေနဲ့ပါမကျန် ဇာတ်ရှုပ်ချင်သူဖြစ်ပါတယ်။ တစ်ညမှာတော့ စားပွဲထိုးမလေး မယ်လိုရီ (Embeth Davidtz) ကို အိမ်ပြန်လိုက်ပို့ပေးရင်း ငြိသွားကြပါတယ်။ နောက်ပိုင်းမှာတော့ မယ်လိုရီကို သူမရဲ့အဖေ ဒစ်ဆင် (Robert Duvall)က လိုက်နှောက်ယှက်ပြီး စိတ်ဒုက္ခပေးနေတာကို သိရတော့ ဒစ်ဆင်ကို စိတ်ကျန်းမာရေးဆေးရုံရောက်အောင် သူတတ်နိုင်တဲ့နည်းနဲ့ လုပ်လိုက်ပါတယ်။ ဒါပေမယ့် ခေသူမဟုတ်တဲ့ ဒစ်ဆင်ကလည်း ဆေးရုံကနေ ထွက်ပြေးလာပြီး ရစ်ခ်နဲ့ သူနဲ့ပတ်သတ်သူတွေကို အန္တရာယ်ပြုပါတော့တယ်။ သူခေတ်သူ့အခါက နာမည်ကျော် သရုပ်ဆောင်တွေ ဖြစ်တဲ့ ဆာဘွဲ့ရ Kenneth Branagh ၊ စနိုက်ပါ မင်းသားကြီး Tom Berenger ၊ Daryl Hannah ၊ Embeth Davidtz ၊ Robert Duvall တို့အပြင် MCU ရဲ့ သခင်ကြီး RDJ ရဲ့ ငယ်နုစဉ်က သရုပ်ဆောင်ပုံတွေကိုပါ ရှုစားရမှာပါ။ အဖော်အချွတ်အချို့ပါလို့ R-rated ပါ။ ဇာတ်ညွှန်း‌ရေးသားသူ John Grisham နဲ့ Clyde Hayes ဖြစ်ပြီး ဒါရိုက်တာ Robert Altman ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူ Thompson ဖြစ်ပါတယ်။ File size…(2.8 GB)/(1.5 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Thompson

TV Movie • Drama • Thriller
0 1998
The Gingerbread Man